ချစ်တယ်ဟူသည့် စကားကို အရှက်သည်းစွာ ပြောပြီး ဆရာ့အခန်းထဲက ထွက်ပြေးလာခဲ့ရသော်လည်း နေရာကိုပြန်ရောက်သည်အထိ ရင်ခုန်သံတို့က အရှိန်မပြယ်သေးပေ။စည်းချက်မဲ့စွာဖြင့် ရင်ကို တဒုန်းဒုန်းလာဆောင့်နေသည်။
မသက်ကတော့ အက္ခရာကို ဘာဖြစ်တာလဲဟူသည့် အကြည့်ဖြင့် မျက်တောင်မခတ်အကဲခတ်ကြည့်နေသည်။ အက္ခရာ ဖာသိဖာသာနေလိုက်ချင်သော်လည်း မရပြန်။ အရမ်းစပ်စုတတ်သည့် မသက်ကပင်စ၍ စကားဆိုလာလေသည်။
"အက္ခရာလေး ဆရာက ဘာတဲ့လဲ။ ဒီတစ်ခါရော ဆူခံလိုက်ရပြန်ပြီလား"
"မဟုတ်ပါဘူး မသက်ရယ်"
"ဒါဆို ဘာဖြစ်လို့ မျက်နှာကြီးက ဒီလောက် နီနေရတာလဲ"
"ဟင် ဟုတ်လား"ဟုဆိုကာ မျက်နှာကိုပင် ယောင်ယမ်းကာ ပြန်စမ်းလိုက်မိပါသည်။ ဆရာရှေ့မှာရော ကျွန်တော့်မျက်နှာထက်မှာ ရှက်သွေးတွေဖြာနေခဲ့တာလား..။ ရှက်စရာကောင်းလိုက်တာ။
"အက္ခရာလေးနော် မသက်ကိုတော့ ဘာမှလျိုထားမယ်မကြံနဲ့"
"အင်းပါ မသက်ရယ်..အက္ခရာ့မှာ ဘာလျိုစရာ ကိစ္စရှိရမှာလဲ"ဟုဖြင့် မှင်သေသေနှင့် ဖြေလိုက်ရလေသည်။ မသက်မှူးခင်က ယုံဟန်မတူပါ။
"ဒါဆို ဆရာက ဘာပြောလိုက်လဲ မသက်ကိုပြောပြ။ တစ်ခုခုတော့ ထူးတယ်ဆိုတာတော့ သေချာနေတယ်နော် ဟွန့်။ ဘာလဲ ပြောပြ"
မေးခွန်းတွေ တန်းစီကာမေးနေသော မသက်ကြောင့် အက္ခရာ စိတ်အိုက်လာရသည်။မသက်မေးခွန်းများအကြား ဘယ်လိုရှောင်ထွက်ရမလဲ မသိဖြစ်နေသည်။ အရှိန်မပြယ်ခဲ့သေးသော ရင်ခုန်သံတို့သည် မသက်၏ မေးခွန်းများအကြား အရှိန်ပျက်သွားရသည်။
"ဘာကိစ္စမှမထူးပါဘူး။ မေးစရာရှိတာ နောက်နေ့မှမေး။ ခုတော့ အလုပ်တွေဝန်ပိနေလို့ လုပ်လိုက်ဦးမယ်နော်"ဟု တိတိကျကျအဖြေမပေးဘဲ အလုပ်ရှုပ်နေဟန်ပြလိုက်ရသည်။ မေးချင်နေသည့် မေးခွန်းတွေ တန်းစီရှိနေသည့် မသက်ကတော့ မကျေမချမ်းမျက်နှာဖြစ်သွားရသည်။
ပြီးနောက် နှစ်ယောက်လုံး အလုပ်ထဲမှာ အာရုံလွှဲထားလိုက်ကြရသည်။
အလုပ်ကို အာရုံလွှဲဖို့ ကြိုးစားသော်လည်း
မရပါ။ သူ့အတွေးစိတ်တို့ထဲ ပေါ်လာသည်က ဆရာနှင့် သူ့အကြောင်းများချည်းသားပင်။ ဆရာက သူ့ကို ချစ်သတဲ့လေ။
ဆရာ့ကို သူ တိတ်တခိုးချစ်နေမိခဲ့သည်မှာ ကြာခဲ့ပြီဆိုပေမယ့် အချိန်ဆွဲပြီး စဉ်းစားဖို့ကြံခဲ့လည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။
မကြာသေးသည့် နာရီပိုင်းကလေးအတွင်းမှာပင် ပူပူနွေးနွေး ချစ်သူတွေဖြစ်သွားခဲ့ကြပြီ....။
ချစ်တယ်။
ဆရာ့ကို သူ ချစ်သည်။
အင်း ဆရာ့ကို ဆရာလို့ပဲ ခေါ်ရမလား။
ကိုကိုလား...ဦးလား။
အသက်အရွယ် ထက်ဝက်မျှကွာဟနေသည့် ဆရာ့ကို ဆရာလို့ပဲ ခေါ်ရမည်လား မတွေးတတ်တော့။ တဒင်္ဂအတွေးတွေကြောင့်
ရင်တွေ တဖျတ်ဖျတ်ခုန်လာရပြန်သည်။
"ချာတိတ် ကိုယ်တို့ဆိုက်ထဲသွားရမယ်"
ဟင်။ ဒါက ဆရာ့အသံ။
နှစ်ခါပြန်စဉ်းစားစရာမလိုအောင် နှလုံးသားထဲ ကမ္ဗည်းတင်ထားရတော့မည့်အသံပင်။
အက္ခရာ အလုပ်စားပွဲမှာ ခေါင်းစိုက်ထားရာမှ မော့ကြည့်လိုက်တော့ သူ့အနားမှာရှိနေသည့်က ဆရာပင်ဖြစ်သည်။ ဆရာ့မျက်နှာချောချောလေးကြောင့် သူ့ရင်ခုန်သံတို့ အတိုင်းအဆမဲ့စွာ ခုန်ပေါက်သွားရသည်။ ရင်ခုန်သံအကျယ်ကြီးကို ဆရာကြားသွား
မလားတောင် စိုးရိမ်နေမိသည်။
"အက္ခရာလေး ဘာတွေထိုင်စဉ်းစားနေတာလဲ..ဟိုမှာ ဆရာထွက်သွားပြီ တော်ကြာ မလာနိုင်လို့ စိတ်ဆိုးနေလိမ့်ဦးမယ် မြန်မြန်လိုက်ဖို့ပြင်"။
မသက်စကားကြောင့်ပင် အက္ခရာ ယောင်အမ်းအမ်းဖြင့် ဖိုင်တစ်ချို့ကို လက်မှာပွေ့ကာ ထသွားဖို့ပြင်ရလေသည်။ ကားပါကင်ရောက်သည်နှင့် ကားအရှေ့ခန်းတံခါး အသင့်ဖွင့်ကာ စောင့်နေသည့် ဆရာ့ကို တွေ့ရလေသည်။
"ချာတိတ် တက်လေ သွားကြရအောင်"
"ဟုတ်"
သူ ကားပေါ်ရောက်သည်နှင့် ကားလေးသည် နေရာမှထွက်သွားလေသည်။
တငြိမ့်ငြိမ့်မောင်းနှင်လာသည့်
ကားလေးထဲရှိ လူနှစ်ယောက်ထံမှ စကားသံတို့ ပကတိတိတ်ဆိတ်နေသည်။
"ချာတိတ်"
"ဗျာ"
"ကိုယ်တို့ ကော်ဖီဆိုင် ခဏထိုင်ရအောင်နော်"
"ဗျာ ဆိုက်ထဲကို သွားရမှာဆို"
အက္ခရာ ဟန်မဆောင်နိုင်စွာပင် မေးလိုက်မိသည်။
"အင်း ဒီနေ့ မသွားတော့ဘူး။
ဆိုက်ဘက်မလာနိုင်သေးဘူးလို့လည်း ကိုတောက်ထိန်ကို ပြောပြီးသွားပြီ..."
"ခင်ဗျာ"
ဆရာ့စကားကို ပြန်လည်တွန်းလှန်ဖို့ စကားရှာမတွေ့ခဲ့ပါ။ ကော်ဖီဆိုင်ထိုင်ရမည်တဲ့ ..။ ခုခေတ်စကားနဲ့ပြောရရင် ဒိတ်လုပ်တာပေါ့လေ။ ဆရာနဲ့နှစ်ယောက်တည်း ကော်ဖီဆိုင်ထိုင်ဖို့ စိတ်မရဲသေးပါ။ လောလောလတ်လတ်အချိန်ကမှ ချစ်သူဖြစ်သွားရသည့် ဒီလူကြီးနဲ့ ကော်ဖီဆိုင် အတူထိုင်ရမတဲ့လား။ ဟင့်အင်း သူ့ရင်ခုန်သံတွေ ဆရာကြားသွားမှာစိုးတယ်...။ အက္ခရာ မထိုင်ရဲပါဘူးလေ...။
"ဟိတ် ဘာတွေစဉ်းစားနေတာလဲ ဆင်းလေ"
"ဗျာ ဟုတ်ကဲ့"
ပုတ်သင်ညိုလေးတစ်ကောင်လို
ခေါင်းတညိတ်ညိတ်လုပ်ရင်း ကားပေါ်မှ ဆင်းလာခဲ့ရလေသည်။
ကော်ဖီဆိုင်လေးသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် သပ်သပ်ရပ်ရပ်ရှိလှသည်။ ခင်းကျင်းထားသည့် ဒီဇိုင်းမှာလည်း စိတ်ဝင်စားဖို့ကောင်းသည်။ မြန်မာလက်မှုပညာရပ်များချည်းသာ အသုံးပြုထားသည်။ နံရံတွင်လည်း ရုပ်သေးရုပ်များ၊ ပန်းချီကားများအား ပုံသဏ္ဍာန်မျိုးစုံ ချိတ်ဆွဲအလှဆင်ထားသည်။
ဆရာဦးဆောင်ခေါ်သွားသည့် ထောင့်စွန်းဝိုင်းရှိ စားပွဲလေး၌မှာသာ နေရာယူကာ ထိုင်မိကြလေသည်။
"ချာတိတ်"
"ဗျာ"
"ဘာသောက်မလဲ"
"ဆရာ အရင်မှာပါ"
"ချာတိတ်ပဲ အရင်မှာပါ။ ကိုယ်က ချာတိတ်မှာတဲ့အရာပဲ သောက်ချင်လို့"
"ဟင်"
ထိုစကားဟာ ရင်ကို ဒီလောက်နွေးထွေးသွားစေမှန်း မသိခဲ့ပါ။ ဆရာ့စကားသံသဲ့သဲ့ဟာ သူ့ဝဲဘက်ရင်အုံကို တဒုတ်ဒုတ်နေခုန်စေခဲ့မိသည်။ ချစ်ရည်ရွှန်းလဲ့သည့် မျက်လုံးအစုံဖြင့် စိုက်ကြည့်ခံနေရသည်ကို ကြာတော့ မနေတတ်တော့ပါ။ ထို့ကြောင့် သိပ်ပြီးစဉ်းစားမနေတော့ဘဲ ကော်ဖီခါးခါး၂ခွက်မှာလိုက်လေသည်။
မကြာပါ။
မှာထားသည့် ကော်ဖီနှစ်ခွက် သူတို့နှစ်ယောက် ရှေ့မှောက်ရှိ စားပွဲပေါ်သို့ ရောက်လာသည်။
အငွေ့ထနေသည့် ပူနွေးနွေး ကော်ဖီခွက်နှစ်ခွက်..။
"ချာတိတ်"
"ဗျာ"
"ကိုယ့်ကိုလက်ခံပေးလို့ ကျေးဇူးတင်ပါတယ်နော်"
အက္ခရာမျက်နှာတစ်ခုလုံး ရေနွေးပူနဲ့
ပက်ခံရသလို ပူနွေးသွားရသည်။ တည့်တိုးပြောလာသည့် ဆရာ့စကားတွေကြားမှာ ကြာလာရင် အက္ခရာ မျက်နှာထူအမ်းအမ်းဖြစ်လာမှာ အသေအချာပင်။ အက္ခရာ မျက်နှာမထားတတ်လောက်အောင် ဖြစ်နေမိသည်။
"ဆရာ"
"အင်းပြောလေ ကိုယ်နားထောင်နေပါတယ်"
သူ့ကို စိုက်ကြည့်ရင်းပြောနေသည့် ဆရာ့ပုံစံက တကယ့်ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်လိုပင် တက်ကြွဟန်ရှိနေသည်။
"ဆရာ့မှာ အရင်တုန်းက
ရည်းစားဘယ်နှယောက်ရှိခဲ့လဲ"
"ရည်းစား"
"အင်း"
"ချာတိတ်က ဘာလို့ သိချင်ရတာလဲ ကိုယ့်ကိုပြောပါဦး"
ကိုယ့်မေးခွန်းက ကိုယ့်ကို ပြန်လာရစ်နေပြန်တာကြောင့် အက္ခရာ အဖြေရခက်သွားသည်။ ခက်တော့လည်း အခက်သားပင်။ သူကိုယ်တိုင်လည်း ဘာကြောင့် ထိုမေးခွန်းကို မေးလိုက်မိမှန်း မစဉ်းစားတတ်။ ဘာအဖြေပေးရမှန်း မသိတာကြောင့် အက္ခရာ ကော်ဖီကိုသာ ငုံ့သောက်နေလိုက်မိသည်။
"ကိုယ့်မှာ ချစ်သူရည်းစားရှိခဲ့တယ်လို့လည်း ပြောလို့ရသလို၊ မရှိခဲ့ဘူးလို့ ပြောရင်လည်း ရတယ်"
ဆရာ့စကားကို အက္ခရာနားမလည်ပါ။
ထို့ကြောင့် ဘာမှပြန်မပြောမိဘဲ ငြိမ်သက်၍သာ နားထောင်နေလိုက်မိသည်။
"ကိုယ် Stateကျောင်းသားဘဝတုန်းက တိတ်တခိုးချစ်ခဲ့ရတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ်..။ ကိုယ် သူ့ကို တိတ်တခိုးချစ်နေခဲ့မိတယ်။ သူ့ဘက်ကလည်း ကိုယ့်ကို ချစ်နေခဲ့တယ်။ ဒါပေမယ့် ကိုယ်တို့တစ်ယောက်ကို တစ်ယောက်
ချစ်တဲ့အကြောင်း ဖွင့်ဟမပြောဖြစ်ခဲ့ကြဘူး။သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်းလေး ပျက်ပြယ်သွားမှာဆိုးလို့လေ..."
"အခုဆို ဆရာ့သူငယ်ချင်း အိမ်ထောင်ရက်သားကျပြီး သားသမီး
တွေနဲ့ ဖြစ်နေရောပေါ့"အက္ခရာထင်မြင်ချက်ဖြင့် ကောက်ချက်ချကာ စကားထောက်ပေးလိုက်မိသည်။
ဆရာက သက်ပြင်းတစ်ချက်ခိုးချပြီး
"သူ့အဲ့လိုဖြစ်သွားခဲ့ရင်ေတာင် ကိုယ်ကျေနပ်နိုင်ပါသေးတယ်...။သူ ဒီလောကကြီးထဲမှာ မရှိတော့ဘူး။ အတိမကျပြောရင် လူ့လောကထဲက ထွက်ခွါသွားတာ နှစ်ပေါင်း ၂၀ကျော်ကြာပြီပေါ့"ဟုဆိုကာ ပြတင်းပေါက်ဘက်သို့ တွေတွေဝေဝေနှင့် ငေးစိုက်ကြည်နေလေသည်။ ဆရာ့မျက်နှာဟာ ရှိရင်းစွဲအသက်ထက် အိုကျသွားသည်ပင် ထင်မိသည်။ဆရာ့မျက်ဝန်းတွေမှာ ဝမ်းနည်းရိပ်၊ လွမ်းဆွေးရိပ်တို့ပြေးနေသည်။သူပဲ အမြင်မှားလေသလား မသေချာ။ ထိုမေးခွန်းကို မေးလိုက်မိတာ မှားသွားခဲ့ပြီလားဟုသည့် အသိကြောင့် အားနာနေမိသည်။
"ဆော ဆောရီးပါဆရာ။ အက္ခရာတောင်းပန်ပါတယ်"
"မဟုတ်တာ ချာတိတ်ရယ်။ ချာတိတ်က
မမေးရင်တောင် ကိုယ်က ပြောပြထားဖို့ စိတ်ကူးပြီးသားပါ။"
ထိုစကားကြောင့် ဆရာ့ကို ပိုလေးစားသွားရပြန်ပါသည်။ ချစ်သူအချင်းချင်းမှာ နားလည်မှု၊ ပွင့်လင်းမှုက အဓိက လိုအပ်တယ်လို့ သူ ကိုယ်တိုင်လည်း လက်ခံထားတာ ဖြစ်၍ဖြစ်သည်။
"ခဲမှန်ဖူးတဲ့ စာသူငယ်လိုပဲ။ နောင်တရမှာ ကိုယ်သိပ်ကြောက်တယ်။ ဒါ့ကြောင့် ကိုယ် ချာတိတ်ကို ချစ်တဲ့အကြောင်း တွေဝေမနေဘဲ ဖွင့်ပြောပြခဲ့တာပေါ့...ကိုယ်လေ ကိုယ့်ရဲ့လက်ကျန်ဘဝ၊ လူဖြစ်တဲ့ဘဝအခိုက်အတန့်လေးမှာ ကိုယ်ကချစ်ရတဲ့သူတွေကို ချစ်ပါတယ်လို့ ဖွင့်မပြောပြလိုက်ရမှာ သိပ်စိုးတာပဲကွယ်...ဒါကြောင့်မို့ ချာတိတ်ကို ချစ်တယ်ဆိုတဲ့အကြောင်း ဖွင့်ပြောခဲ့တာပေါ့။ ကိုယ်ဖွင့်ပြောခဲ့တာ စောရင်စောနေပါလိမ့်မယ်။ ကိုယ် ချာတိတ်ကို တကယ်ချစ်တယ်ဆိုတာတော့ ယုံပေးပါနော်"
စားပွဲပေါ်တင်ထားသည့် သူ့လက်ကလေးများအား ခပ်ဖွဖွဆုပ်ကိုင်ရင်း ထိုစကားများ ဆိုလေသည်။ ဆရာပြောသမျှစကားတွေသည် ကဗျာမဆန်ပေမယ့် ရင်ထဲက လာကြောင်း ဆရာ့မျက်ဝန်းတွေက သက်သေခံ နေခဲ့ပါသည်။ ရင်တွေ တသိမ့်သိမ့်တုန်ကာ ကြည်နူးခြင်းတို့ ထုံလွှမ်းနေတော့သည်။
ထိုနေ့က အလုပ်ကို မသွားဖြစ်သလို ရုံးသို့လည်း မပြန်ဖြစ်ခဲ့ကြပါ။ ကော်ဖီဆိုင်တွင်သာ အတန်ကြာအောင်ထိုင်ခဲ့ပြီးမှ အိမ်ပြန်လိုက်ပို့ခဲ့သည်။ဒီနေ့ကား ပျော်ရွှင်ကြည်နူးမှုတို့ဖြင့် အက္ခရာ ရုံးစောစောဆင်းရသည့်နေ့လည်း ဖြစ်ခဲ့သည်။
အိမ်ပြန်ရောက်ပေမယ့်လည်း အက္ခရာ
ဂနာမငြိမ်ဖြစ်နေသည်။ရင်ထဲကြည်နူးမှုတို့ လှိုက်တက်ကာ ဆရာ့ကိုပဲ သတိရနေပြန်သည်။
ခဏလောက်နားပြီးသည်နှင့် ရေချိုးအဝတ်အစားလဲကာ အခန်းထဲမှာ စာဖတ်နေလိုက်သည်။ စာမျက်နှာပေါ်က စာလုံးတွေ ဝေဝါးပျောက်ကွယ်ကုန်ကာ
ဆရာ့မျက်နှာချောချောက နေရာယူထားပြန်သည်။ ခက်ပါရောလားကွယ်...။
ပိုပိုဟေသာရဲ့ ချစ်တဲ့စိတ်တောင်
ကိုယ်လောက် အခြေအနေဆိုးပါ့မလား
မသိဘူး။
အိမ်ပြန်ရောက်ကတည်းက ဆရာ့အကြောင်းတွေပဲ စဉ်းစားနေမိသည်။
ဆရာက ရုံးကို ပြန်သွားသည်ဆိုေတာ့
ဒီအချိန်ဆို ဆရာ အလုပ်များနေမလား။
ဆရာ့ကို သတိရနေတယ်လို့ ဖုန်းဆက်
ပြောလိုက်ရမလား..။
ဟင့်အင်း မဖြစ်သေးပါဘူးလေ...။
ပူပူနွေးနွေး ချစ်သူဖြစ်ထားတဲ့အတွက် နည်းနည်းအကဲပိုလွန်းသည်ဟု ကိုယ့်ကိုကိုယ် ထင်မိသည်။ သတိရခြင်းရောဂါဟာ အလွန်ဆိုးကြောင်း ကိုယ်တိုင်ကြုံမှ
သိခဲ့ရပါပြီ...။
အိပ်ယာထဲမှာ လူးလိမ့်ရင်း အတွေးတွေက တောင်စဉ်ရေမရဖြစ်နေသည်။ အခန်းထဲက ထွက်ကာ အောက်ကို ရေဆင်းသောက်သည်။ ပြီးနောက် အပေါ်ပြန်တက်လာသည်။ နေရထိုင်ရတာလည်း အဆင်မပြေလှ။ ဧည့်ခန်းထဲမှာ TVဖွင့်ကာ ဟိုလိုင်း ဒီလိုင်းပြောင်းကာ အာရုံလွှဲလိုက်သည်။ မရပြန်။ အခန်းထဲပြန်လာပြီး တစ်မှေး မှေးရန်ကြိုးစားကြည့်သော်လည်း မအောင်မြင်ပါ။ စားပွဲပေါ်က တုန်ခါမှုရှိမလာသေးသည့် ဖုန်းကိုသာ အာရုံရောက်နေမိပြန်သည်။
ဟွန့် အသက်ကြီးတဲ့လူကြီးကို ချစ်မိတာ
မမိုက်ပါဘူးဗျာ။ သတိရကြောင်း လွမ်းဆွတ်ကြောင်း စာလေးတစ်စောင်၊ဖုန်းလေးတစ်ကောလ်ဖြင့်တောင် အချိန်ပေးချင်ပုံမရ...။
တစ်ယောက်တည်း စိတ်ကောက်ကာ
အခန်းထဲမှထွက်ပြီး အိမ်မှုကိစ္စများဖြင့် အလုပ်ရှုပ်နေသော မေသက်အပါးသို့ သွားရှုပ်မိလေသည်။
"သားငယ် အိမ်ပြန်ရောက်ကတည်းက ဘာဖြစ်နေတာလဲ ပြောပါဦး။ ဂနာကိုမငြိမ်ဘူး အပေါ်တက် အောက်ဆင်း ဟိုလုပ်ဒီလုပ်နဲ့"
သူ ဘာမှမပြောရသေးခင်မှာပင် အရိပ်တကြည့်ကြည့်နှင့် အမြဲကြည့်နေတတ်သော မေသက်က တစ်ခုခုရိပ်စားမိဟန်ဖြင့် စကားစလာလေသည်။
"ဘာမှမဖြစ်ပါဘူး မေသက်ရယ်..သားက ဘာဖြစ်ရမှာလဲ"
အနီးရှိ ထိုင်ခုံတစ်ခုအား ဆွဲယူကာ ထိုင်ရင်း ပြောလိုက်သည်။ ပြီးနောက် မေသက်ရှေ့မှ ချဉ်ပေါင်ရွက်ထည့်ထားသည့် တောင်းကလေးအားယူကာ ချွေနေလိုက်သည်။
"သားငယ်"
"ဗျာ မေသက်"
"ဘာကိစ္စတွေပဲရှိလာရှိလား သားဖေဖေ့ကို ပြောမပြချင်ရင်တောင် မေသက်ကို သူငယ်ချင်းတစ်ယောက်လို နောက်ပြီး မိခင်ရင်းတစ်ယောက်လို တိုင်ပင်ဆွေးနွေးလို့ရပါတယ်ကွယ်..."
အက္ခရာ စိတ်နှလုံးတို့အနည်းငယ် နွမ်းလျသွားရသည်။ မေသက်ဟာ မိခင်ရင်းမဟုတ်ဘူးလို့ပဲဆိုဆို သူ့စိတ်ထဲမှာ မိခင်ရင်းတစ်ယောက်လို ချစ်သည်။ တွယ်တာသည်။ မေသက်ကလည်း သူ့ကို သားရင်းတစ်ယောက်လို ချစ်မြတ်နိုးသည်ဆိုတာ။သူ့စိတ်အစဉ်မှာ ခံစားမိပါသည်။
"စိတ်ချပါ မေသက်"ဟု ခပ်တိုးတိုးဆိုလိုက်မိသည်။ သူနှင့် မေသက်ကြားတွင် တဒင်္ဂမျှ တိတ်ဆိတ်မှုတို့ကြီးစိုးသွားရသည်။ မကြာပါ။
"သားငယ် အလုပ်မှာရော အဆင်ပြေရဲ့လား။ မနက်က အလုပ်ရောမှီရဲ့လား"
"ဟုတ် မှီပါတယ် မေသက်ရဲ့"
"ကဲပါ သွား။ နားနားနေနေ နေပါကွယ်။
ဒါတွေကမေသက်လုပ်နေကြတွေပါ မေသက်ပဲ လုပ်ပါ့မယ်"
မေသက်က ခြွေလက်စ ချဉ်ပေါင်ရွက်ခြင်းအား ဆွဲယူရင်းပြောလေသည်။
"မေသက်"
မေသက်က ပြန်မထူးပါ။ ဘာလဲဟူသည့် အကြည့်ဖြင့် ခပ်ပြုံးပြုံးပြန်ကြည့်ရင်း နားစွင့်နေလေသည်။
သူ မေးသင့်သလား၊မမေးသင့်သလား မသိပေမယ့် စိတ်ထဲ အလွန်သိချင်နေသည့်အရာတစ်ခုကို မေးဖို့ အတော်လေး အားယူလိုက်ရသည်။
"ကိုယ့်ထက် အသက်ကြီးတဲ့သူကို ချစ်မိတာ ကောင်းသလားဟင် မေသက်။ ဟိုလေ သားက ဒီအတိုင်းသိချင်လို့ မေးကြည့်တာပါ"
မေးပြီးမှ မျက်နှာပူလာတာမို့ ဒီအတိုင်းလျှောချလိုက်ရသည်။မေသက်က မျက်စောင်းလှလှလေး ထိုးကာ ပြုံးစစဖြင့်ကြည့်ရင်း "ဒီကောင်လေးနော် မရိုးတော့ဘူး"ဟုပြောလေသည်။ အက္ခရာ မျက်နှာပူလာတာမို့ မီးဖိုထဲမှ အမြန်ဆုံး ထွက်ပြေးခဲ့ရသည်။
မေသက်ရဲ့ အဖြေစကားကိုလည်း သူ
နားမထောင်ရဲတော့ပါ။
လက်ထဲမှာ ကိုင်ထားသည့် ဖုန်းမျက်နှာပြင်လေး လင်းလာပြီးနောက် တုန်ခါမှုနှင့်အတူ သတိပေးသံလေးထွက်လာသည်။ ထို့နောက် ဖုန်းမျက်နှာပြင်ထက်တွင် နေရာယူထားသည့် စာလေးတစ်ကြောင်း...။
"ချာတိတ် လွမ်းတယ်"
ဖုန်းမျက်နှာပြင်ပေါ်မှ စာတန်းလေးကြောင့် အက္ခရာပြုံးမိသွားသည်။ သူ ဘယ်လောက်တောင် မျှော်လင့်နေခဲ့ရတာပါလဲ။ စာပြန်ရင် ကောင်းမလား၊ မပြန်ဘဲ ထားလိုက်ရမလား တွေဝေနေစဉ် နောက်ထပ်ဝင်လာသည့် စာတစ်စောင်ကြောင့် သူ့ရင်ထဲ ကုလားဘုရားပွဲလှည့်သလို ဗြောင်းဆန်သွားရသည်။
"အိမ်အပြင် ခဏထွက်ခဲ့ပါလား"တဲ့လေ။
ဆရာက ခြံပြင်မှာရောက်နေတာလား။ ဒါလုံးဝ မဖြစ်နိုင်ပါ။ဆရာ့ကို တစ်ခါမှ အိမ်မခေါ်ခဲ့ဖူးတာေကြာင့်ပင်။ ဒါဆို ဘာလို့ ဒီစာကို ပို့ရတာလဲ တမင်တကာ စနောက်ခြင်း၍လား။ မဖြစ်နိုင်။ ဆရာ့လိုလူကြီးတစ်ယောက်က ဒီလိုစနောက်တာမျိုး လုပ်မည်မထင်။ သူ့စိတ်အာရုံတို့က ချီတုံချတုံဖြစ်နေသော်လည်း ခြေလှမ်းများက ခြံအပြင်သို့ ဦးတည်နေလေပြီ။ စိတ်၏ခေါ်ဆောင်ရာသို့ လိုက်ပါခဲ့ပြီးနောက် ခြံအပြင်မှာ ရပ်ထားသည့် ဆရာ့ကားလေးကိုတွေ့ရသည်။
သူ့ကို မြင်သည်နှင့် ကားပေါ်မှဆင်းလာသော ဆရာ့ပုံရိပ်...။ အိမ်မက်များ မက်နေတာလားဟု ထင်မှားမိသည်။ မဟုတ်။ သူကိုယ်တိုင် ဆရာ့ရှိရာဆီ ခြေလှမ်းများ လှမ်းနေမိသည်။
ကားနားရောက်သည်နှင့်
"ချာတိတ် ကားပေါ်တက်"
"ဟင် ဘယ်သွားမလို့လဲ"
"ဘယ်မှခေါ်မသွားပါဘူးဗျာ။ ကားပေါ်မှာပဲ စကားပြောရအောင်လို့ပါ ဒီအတိုင်းရပ်ပြောနေတော့ ချာတိတ်တို့ ပတ်ဝန်းကျင်မှာ ချာတိတ်အတွက် မကောင်းဖြစ်လာမှာဆိုးလို့ပါ"
ကိုယ့်အတွက် စဉ်းစားပေးသည်ဟူသည့် အသိကြောင့် ရင်တစ်ခုလုံး နွေးထွေးသွားရပြန်ပါသည်။ အက္ခရာ မငြင်းတော့ဘဲ အသင့်ဖွင့်ပေးထားသည့် ကားတံခါးမှတစ်ဆင့် ကားပေါ်သို့ ဝင်ထိုင်လိုက်သည်။
သူကားထဲရောက်သည်နှင့် ဆရာက ဘေးချင်းကပ်ရက်ခုံမှာ နေရာယူသည်။ နီးကပ်သွားသည့်အသိကြောင့် မျက်နှာကလေးပင် ထူအမ်းအမ်းဖြစ်လာရသည်။
"ချာတိတ် အိမ်မှာဘာတွေလုပ်နေလဲ"
"ဟင့်အင်း ဘာမှမလုပ်ပါဘူး"
"ကိုယ်ဘာဖြစ်လို့ ဒီကိုရောက်လာလဲ မမေးတော့ဘူးလား"
သူ့မျက်နှာအား တစိမ့်စိမ့်ကြည့်ကာ ဆိုလာသည့် စကားတွေက ရင်ကို လှိုက်ခါစေပါသည်။
"ကိုယ် ချာတိတ်ကို လွမ်းလို့"
မမေးလိုက်ရပေမယ့် ဖြေလာသည့် အဖြေစကားတစ်ခုဟာ ကြည်နူးမှုတို့ အတိဖြစ်စေသည်။ ကျွန်တော်လည်း ဆရာ့ကို လွမ်းနေတာပါဟု ပြန်ဖြေချင်သော်လည်း နှုတ်ခမ်းတို့က ဖွင့်ဟမလာ...။လည်ချောင်းဝတွင် စို့တစ်ကာ ပြောမထွက်ခဲ့ပါ။
"ဆရာ ကျွန်တော့်အိမ်လိပ်စာကို ဘယ်လိုသိသလဲ"
"ကိုယ့်ဝန်ထမ်းတစ်ယောက်ရဲ့ လိပ်စာကိုသိဖို့က ဘာတွေများ ဒီလောက်ခက်ခဲနေမှာလဲ ချာတိတ်ရ"ဟုဆိုကာ သူခေါင်းကို ခပ်ဖွဖွပွတ်ရင်း ဆိုလာသည်။
အင်းလေ ဟုတ်သားပဲ။
ဒီအချက်ကို သူ မစဉ်းစားခဲ့မိ။
"ချာတိတ်"
"ဗျာ"
"ဘာလို့တိတ်နေတာလဲ ကိုယ့်ကို ကြောက်လို့လား"
"မကြောက်ပါဘူး"
"ဒါဆို ဘာဖြစ်လို့လဲ"
"ရင်တွေအရမ်းခုန်နေလို့"
ရုတ်တရက် ပါးပြင်ထက်က ပူနွေးနွေး ထိတွေ့ခံစားမှု... နောက် ဝင်လာသည့် အသိ။ သူ တားချိန်ပင်မရလိုက်ပါ။ အံ့ဩမှုတို့ဖြင့်သာ ယောင်နနဖြစ်ကာ "ဟာ"ဟူ၍သာ စကားဆိုနိုင်ခဲ့သည်။
"ချာတိတ်ပုံစံလေးက အသည်းယားစရာကောင်းလို့"ဟုဆိုကာ ပါးပြင်ထက်ဝယ် အနမ်းတံဆိပ် ခတ်နှိပ်ပေးလိုက်သော ဆရာ့ကြောင့် အက္ခရာ မျက်နှာတစ်ခုလုံး ပန်းရောင်လွှမ်းသွားသည်ထင့်။
ဒီည အိမ်မက်လေးကတော့ လှပနေတော့မှာပဲ လူကြီးရယ်...။ညကျရင် အိမ်မက်ထဲမှာ ပြန်တွေ့မယ်။ နောက်ပြီး အပြင်မှာ
မပေးရဲသေးတဲ့ ပထမဆုံးအနမ်းကို အိမ်မက်ထဲမှာ ပေးမယ်။
ချစ်တယ် လူကြီးရယ်...။
Zawgyi Version
ခ်စ္တယ္ဟူသည့္ စကားကို အရွက္သည္းစြာ ေျပာၿပီး ဆရာ့အခန္းထဲက ထြက္ေျပးလာခဲ့ရေသာ္လည္း ေနရာကိုျပန္ေရာက္သည္အထိ ရင္ခုန္သံတို႔က အရွိန္မျပယ္ေသးေပ။စည္းခ်က္မဲ့စြာျဖင့္ ရင္ကို တဒုန္းဒုန္းလာေဆာင့္ေနသည္။
မသက္ကေတာ့ အကၡရာကို ဘာျဖစ္တာလဲဟူသည့္ အၾကည့္ျဖင့္ မ်က္ေတာင္မခတ္အကဲခတ္ၾကည့္ေနသည္။ အကၡရာ ဖာသိဖာသာေနလိုက္ခ်င္ေသာ္လည္း မရျပန္။ အရမ္းစပ္စုတတ္သည့္ မသက္ကပင္စ၍ စကားဆိုလာေလသည္။
"အကၡရာေလး ဆရာက ဘာတဲ့လဲ။ ဒီတစ္ခါေရာ ဆူခံလိုက္ရျပန္ၿပီလား"
"မဟုတ္ပါဘူး မသက္ရယ္"
"ဒါဆို ဘာျဖစ္လို႔ မ်က္ႏွာႀကီးက ဒီေလာက္ နီေနရတာလဲ"
"ဟင္ ဟုတ္လား"ဟုဆိုကာ မ်က္ႏွာကိုပင္ ေယာင္ယမ္းကာ ျပန္စမ္းလိုက္မိပါသည္။ ဆရာေရွ႕မွာေရာ ကြၽန္ေတာ့္မ်က္ႏွာထက္မွာ ရွက္ေသြးေတြျဖာေနခဲ့တာလား..။ ရွက္စရာေကာင္းလိုက္တာ။
"အကၡရာေလးေနာ္ မသက္ကိုေတာ့ ဘာမွလ်ိဳထားမယ္မႀကံနဲ႕"
"အင္းပါ မသက္ရယ္..အကၡရာ့မွာ ဘာလ်ိဳစရာ ကိစၥရွိရမွာလဲ"ဟုျဖင့္ မွင္ေသေသႏွင့္ ေျဖလိုက္ရေလသည္။ မသက္မႉးခင္က ယုံဟန္မတူပါ။
"ဒါဆို ဆရာက ဘာေျပာလိုက္လဲ မသက္ကိုေျပာျပ။ တစ္ခုခုေတာ့ ထူးတယ္ဆိုတာေတာ့ ေသခ်ာေနတယ္ေနာ္ ဟြန႔္။ ဘာလဲ ေျပာျပ"
ေမးခြန္းေတြ တန္းစီကာေမးေနေသာ မသက္ေၾကာင့္ အကၡရာ စိတ္အိုက္လာရသည္။မသက္ေမးခြန္းမ်ားအၾကား ဘယ္လိုေရွာင္ထြက္ရမလဲ မသိျဖစ္ေနသည္။ အရွိန္မျပယ္ခဲ့ေသးေသာ ရင္ခုန္သံတို႔သည္ မသက္၏ ေမးခြန္းမ်ားအၾကား အရွိန္ပ်က္သြားရသည္။
"ဘာကိစၥမွမထူးပါဘူး။ ေမးစရာရွိတာ ေနာက္ေန႕မွေမး။ ခုေတာ့ အလုပ္ေတြဝန္ပိေနလို႔ လုပ္လိုက္ဦးမယ္ေနာ္"ဟု တိတိက်က်အေျဖမေပးဘဲ အလုပ္ရႈပ္ေနဟန္ျပလိုက္ရသည္။ ေမးခ်င္ေနသည့္ ေမးခြန္းေတြ တန္းစီရွိေနသည့္ မသက္ကေတာ့ မေက်မခ်မ္းမ်က္ႏွာျဖစ္သြားရသည္။
ၿပီးေနာက္ ႏွစ္ေယာက္လုံး အလုပ္ထဲမွာ အာ႐ုံလႊဲထားလိုက္ၾကရသည္။
အလုပ္ကို အာ႐ုံလႊဲဖို႔ ႀကိဳးစားေသာ္လည္း
မရပါ။ သူ႕အေတြးစိတ္တို႔ထဲ ေပၚလာသည္က ဆရာႏွင့္ သူ႕အေၾကာင္းမ်ားခ်ည္းသားပင္။ ဆရာက သူ႕ကို ခ်စ္သတဲ့ေလ။
ဆရာ့ကို သူ တိတ္တခိုးခ်စ္ေနမိခဲ့သည္မွာ ၾကာခဲ့ၿပီဆိုေပမယ့္ အခ်ိန္ဆြဲၿပီး စဥ္းစားဖို႔ႀကံခဲ့လည္း လက္ေတြ႕မွာ ျဖစ္မလာခဲ့ေပ။
မၾကာေသးသည့္ နာရီပိုင္းကေလးအတြင္းမွာပင္ ပူပူႏြေးႏြေး ခ်စ္သူေတြျဖစ္သြားခဲ့ၾကၿပီ....။
ခ်စ္တယ္။
ဆရာ့ကို သူ ခ်စ္သည္။
အင္း ဆရာ့ကို ဆရာလို႔ပဲ ေခၚရမလား။
ကိုကိုလား...ဦးလား။
အသက္အ႐ြယ္ ထက္ဝက္မွ်ကြာဟေနသည့္ ဆရာ့ကို ဆရာလို႔ပဲ ေခၚရမည္လား မေတြးတတ္ေတာ့။ တဒဂၤအေတြးေတြေၾကာင့္
ရင္ေတြ တဖ်တ္ဖ်တ္ခုန္လာရျပန္သည္။
"ခ်ာတိတ္ ကိုယ္တို႔ဆိုက္ထဲသြားရမယ္"
ဟင္။ ဒါက ဆရာ့အသံ။
ႏွစ္ခါျပန္စဥ္းစားစရာမလိုေအာင္ ႏွလုံးသားထဲ ကမၺည္းတင္ထားရေတာ့မည့္အသံပင္။
အကၡရာ အလုပ္စားပြဲမွာ ေခါင္းစိုက္ထားရာမွ ေမာ့ၾကည့္လိုက္ေတာ့ သူ႕အနားမွာရွိေနသည့္က ဆရာပင္ျဖစ္သည္။ ဆရာ့မ်က္ႏွာေခ်ာေခ်ာေလးေၾကာင့္ သူ႕ရင္ခုန္သံတို႔ အတိုင္းအဆမဲ့စြာ ခုန္ေပါက္သြားရသည္။ ရင္ခုန္သံအက်ယ္ႀကီးကို ဆရာၾကားသြား
မလားေတာင္ စိုးရိမ္ေနမိသည္။
"အကၡရာေလး ဘာေတြထိုင္စဥ္းစားေနတာလဲ..ဟိုမွာ ဆရာထြက္သြားၿပီ ေတာ္ၾကာ မလာနိုင္လို႔ စိတ္ဆိုးေနလိမ့္ဦးမယ္ ျမန္ျမန္လိုက္ဖို႔ျပင္"။
မသက္စကားေၾကာင့္ပင္ အကၡရာ ေယာင္အမ္းအမ္းျဖင့္ ဖိုင္တစ္ခ်ိဳ႕ကို လက္မွာေပြ႕ကာ ထသြားဖို႔ျပင္ရေလသည္။ ကားပါကင္ေရာက္သည္ႏွင့္ ကားအေရွ႕ခန္းတံခါး အသင့္ဖြင့္ကာ ေစာင့္ေနသည့္ ဆရာ့ကို ေတြ႕ရေလသည္။
"ခ်ာတိတ္ တက္ေလ သြားၾကရေအာင္"
"ဟုတ္"
သူ ကားေပၚေရာက္သည္ႏွင့္ ကားေလးသည္ ေနရာမွထြက္သြားေလသည္။
တၿငိမ့္ၿငိမ့္ေမာင္းႏွင္လာသည့္
ကားေလးထဲရွိ လူႏွစ္ေယာက္ထံမွ စကားသံတို႔ ပကတိတိတ္ဆိတ္ေနသည္။
"ခ်ာတိတ္"
"ဗ်ာ"
"ကိုယ္တို႔ ေကာ္ဖီဆိုင္ ခဏထိုင္ရေအာင္ေနာ္"
"ဗ်ာ ဆိုက္ထဲကို သြားရမွာဆို"
အကၡရာ ဟန္မေဆာင္နိုင္စြာပင္ ေမးလိုက္မိသည္။
"အင္း ဒီေန႕ မသြားေတာ့ဘူး။
ဆိုက္ဘက္မလာနိုင္ေသးဘူးလို႔လည္း ကိုေတာက္ထိန္ကို ေျပာၿပီးသြားၿပီ..."
"ခင္ဗ်ာ"
ဆရာ့စကားကို ျပန္လည္တြန္းလွန္ဖို႔ စကားရွာမေတြ႕ခဲ့ပါ။ ေကာ္ဖီဆိုင္ထိုင္ရမည္တဲ့ ..။ ခုေခတ္စကားနဲ႕ေျပာရရင္ ဒိတ္လုပ္တာေပါ့ေလ။ ဆရာနဲ႕ႏွစ္ေယာက္တည္း ေကာ္ဖီဆိုင္ထိုင္ဖို႔ စိတ္မရဲေသးပါ။ ေလာေလာလတ္လတ္အခ်ိန္ကမွ ခ်စ္သူျဖစ္သြားရသည့္ ဒီလူႀကီးနဲ႕ ေကာ္ဖီဆိုင္ အတူထိုင္ရမတဲ့လား။ ဟင့္အင္း သူ႕ရင္ခုန္သံေတြ ဆရာၾကားသြားမွာစိုးတယ္...။ အကၡရာ မထိုင္ရဲပါဘူးေလ...။
"ဟိတ္ ဘာေတြစဥ္းစားေနတာလဲ ဆင္းေလ"
"ဗ်ာ ဟုတ္ကဲ့"
ပုတ္သင္ညိုေလးတစ္ေကာင္လို
ေခါင္းတညိတ္ညိတ္လုပ္ရင္း ကားေပၚမွ ဆင္းလာခဲ့ရေလသည္။
ေကာ္ဖီဆိုင္ေလးသည္ တိတ္တိတ္ဆိတ္ဆိတ္ႏွင့္ သပ္သပ္ရပ္ရပ္ရွိလွသည္။ ခင္းက်င္းထားသည့္ ဒီဇိုင္းမွာလည္း စိတ္ဝင္စားဖို႔ေကာင္းသည္။ ျမန္မာလက္မႈပညာရပ္မ်ားခ်ည္းသာ အသုံးျပဳထားသည္။ နံရံတြင္လည္း ႐ုပ္ေသး႐ုပ္မ်ား၊ ပန္းခ်ီကားမ်ားအား ပုံသ႑ာန္မ်ိဳးစုံ ခ်ိတ္ဆြဲအလွဆင္ထားသည္။
ဆရာဦးေဆာင္ေခၚသြားသည့္ ေထာင့္စြန္းဝိုင္းရွိ စားပြဲေလး၌မွာသာ ေနရာယူကာ ထိုင္မိၾကေလသည္။
"ခ်ာတိတ္"
"ဗ်ာ"
"ဘာေသာက္မလဲ"
"ဆရာ အရင္မွာပါ"
"ခ်ာတိတ္ပဲ အရင္မွာပါ။ ကိုယ္က ခ်ာတိတ္မွာတဲ့အရာပဲ ေသာက္ခ်င္လို႔"
"ဟင္"
ထိုစကားဟာ ရင္ကို ဒီေလာက္ႏြေးေထြးသြားေစမွန္း မသိခဲ့ပါ။ ဆရာ့စကားသံသဲ့သဲ့ဟာ သူ႕ဝဲဘက္ရင္အုံကို တဒုတ္ဒုတ္ေနခုန္ေစခဲ့မိသည္။ ခ်စ္ရည္႐ႊန္းလဲ့သည့္ မ်က္လုံးအစုံျဖင့္ စိုက္ၾကည့္ခံေနရသည္ကို ၾကာေတာ့ မေနတတ္ေတာ့ပါ။ ထို႔ေၾကာင့္ သိပ္ၿပီးစဥ္းစားမေနေတာ့ဘဲ ေကာ္ဖီခါးခါး၂ခြက္မွာလိုက္ေလသည္။
မၾကာပါ။
မွာထားသည့္ ေကာ္ဖီႏွစ္ခြက္ သူတို႔ႏွစ္ေယာက္ ေရွ႕ေမွာက္ရွိ စားပြဲေပၚသို႔ ေရာက္လာသည္။
အေငြ႕ထေနသည့္ ပူႏြေးႏြေး ေကာ္ဖီခြက္ႏွစ္ခြက္..။
"ခ်ာတိတ္"
"ဗ်ာ"
"ကိုယ့္ကိုလက္ခံေပးလို႔ ေက်းဇူးတင္ပါတယ္ေနာ္"
အကၡရာမ်က္ႏွာတစ္ခုလုံး ေရႏြေးပူနဲ႕
ပက္ခံရသလို ပူႏြေးသြားရသည္။ တည့္တိုးေျပာလာသည့္ ဆရာ့စကားေတြၾကားမွာ ၾကာလာရင္ အကၡရာ မ်က္ႏွာထူအမ္းအမ္းျဖစ္လာမွာ အေသအခ်ာပင္။ အကၡရာ မ်က္ႏွာမထားတတ္ေလာက္ေအာင္ ျဖစ္ေနမိသည္။
"ဆရာ"
"အင္းေျပာေလ ကိုယ္နားေထာင္ေနပါတယ္"
သူ႕ကို စိုက္ၾကည့္ရင္းေျပာေနသည့္ ဆရာ့ပုံစံက တကယ့္ဆယ္ေက်ာ္သက္လူငယ္ေလးတစ္ေယာက္လိုပင္ တက္ႂကြဟန္ရွိေနသည္။
"ဆရာ့မွာ အရင္တုန္းက
ရည္းစားဘယ္ႏွေယာက္ရွိခဲ့လဲ"
"ရည္းစား"
"အင္း"
"ခ်ာတိတ္က ဘာလို႔ သိခ်င္ရတာလဲ ကိုယ့္ကိုေျပာပါဦး"
ကိုယ့္ေမးခြန္းက ကိုယ့္ကို ျပန္လာရစ္ေနျပန္တာေၾကာင့္ အကၡရာ အေျဖရခက္သြားသည္။ ခက္ေတာ့လည္း အခက္သားပင္။ သူကိုယ္တိုင္လည္း ဘာေၾကာင့္ ထိုေမးခြန္းကို ေမးလိုက္မိမွန္း မစဥ္းစားတတ္။ ဘာအေျဖေပးရမွန္း မသိတာေၾကာင့္ အကၡရာ ေကာ္ဖီကိုသာ ငုံ႕ေသာက္ေနလိုက္မိသည္။
"ကိုယ့္မွာ ခ်စ္သူရည္းစားရွိခဲ့တယ္လို႔လည္း ေျပာလို႔ရသလို၊ မရွိခဲ့ဘူးလို႔ ေျပာရင္လည္း ရတယ္"
ဆရာ့စကားကို အကၡရာနားမလည္ပါ။
ထို႔ေၾကာင့္ ဘာမွျပန္မေျပာမိဘဲ ၿငိမ္သက္၍သာ နားေထာင္ေနလိုက္မိသည္။
"ကိုယ္ Stateေက်ာင္းသားဘဝတုန္းက တိတ္တခိုးခ်စ္ခဲ့ရတဲ့ သူငယ္ခ်င္းေကာင္ေလးတစ္ေယာက္ရွိခဲ့ဖူးတယ္..။ ကိုယ္ သူ႕ကို တိတ္တခိုးခ်စ္ေနခဲ့မိတယ္။ သူ႕ဘက္ကလည္း ကိုယ့္ကို ခ်စ္ေနခဲ့တယ္။ ဒါေပမယ့္ ကိုယ္တို႔တစ္ေယာက္ကို တစ္ေယာက္
ခ်စ္တဲ့အေၾကာင္း ဖြင့္ဟမေျပာျဖစ္ခဲ့ၾကဘူး။သူငယ္ခ်င္းဆိုတဲ့ အျဖဴေရာင္စည္းေလး ပ်က္ျပယ္သြားမွာဆိုးလို႔ေလ..."
"အခုဆို ဆရာ့သူငယ္ခ်င္း အိမ္ေထာင္ရက္သားက်ၿပီး သားသမီး
ေတြနဲ႕ ျဖစ္ေနေရာေပါ့"အကၡရာထင္ျမင္ခ်က္ျဖင့္ ေကာက္ခ်က္ခ်ကာ စကားေထာက္ေပးလိုက္မိသည္။
ဆရာက သက္ျပင္းတစ္ခ်က္ခိုးခ်ၿပီး
"သူ႕အဲ့လိုျဖစ္သြားခဲ့ရင္ေတာင် ကိုယ္ေက်နပ္နိုင္ပါေသးတယ္...။သူ ဒီေလာကႀကီးထဲမွာ မရွိေတာ့ဘူး။ အတိမက်ေျပာရင္ လူ႕ေလာကထဲက ထြက္ခြါသြားတာ ႏွစ္ေပါင္း ၂၀ေက်ာ္ၾကာၿပီေပါ့"ဟုဆိုကာ ျပတင္းေပါက္ဘက္သို႔ ေတြေတြေဝေဝႏွင့္ ေငးစိုက္ၾကည္ေနေလသည္။ ဆရာ့မ်က္ႏွာဟာ ရွိရင္းစြဲအသက္ထက္ အိုက်သြားသည္ပင္ ထင္မိသည္။ဆရာ့မ်က္ဝန္းေတြမွာ ဝမ္းနည္းရိပ္၊ လြမ္းေဆြးရိပ္တို႔ေျပးေနသည္။သူပဲ အျမင္မွားေလသလား မေသခ်ာ။ ထိုေမးခြန္းကို ေမးလိုက္မိတာ မွားသြားခဲ့ၿပီလားဟုသည့္ အသိေၾကာင့္ အားနာေနမိသည္။
"ေဆာ ေဆာရီးပါဆရာ။ အကၡရာေတာင္းပန္ပါတယ္"
"မဟုတ္တာ ခ်ာတိတ္ရယ္။ ခ်ာတိတ္က
မေမးရင္ေတာင္ ကိုယ္က ေျပာျပထားဖို႔ စိတ္ကူးၿပီးသားပါ။"
ထိုစကားေၾကာင့္ ဆရာ့ကို ပိုေလးစားသြားရျပန္ပါသည္။ ခ်စ္သူအခ်င္းခ်င္းမွာ နားလည္မႈ၊ ပြင့္လင္းမႈက အဓိက လိုအပ္တယ္လို႔ သူ ကိုယ္တိုင္လည္း လက္ခံထားတာ ျဖစ္၍ျဖစ္သည္။
"ခဲမွန္ဖူးတဲ့ စာသူငယ္လိုပဲ။ ေနာင္တရမွာ ကိုယ္သိပ္ေၾကာက္တယ္။ ဒါ့ေၾကာင့္ ကိုယ္ ခ်ာတိတ္ကို ခ်စ္တဲ့အေၾကာင္း ေတြေဝမေနဘဲ ဖြင့္ေျပာျပခဲ့တာေပါ့...ကိုယ္ေလ ကိုယ့္ရဲ႕လက္က်န္ဘဝ၊ လူျဖစ္တဲ့ဘဝအခိုက္အတန႔္ေလးမွာ ကိုယ္ကခ်စ္ရတဲ့သူေတြကို ခ်စ္ပါတယ္လို႔ ဖြင့္မေျပာျပလိုက္ရမွာ သိပ္စိုးတာပဲကြယ္...ဒါေၾကာင့္မို႔ ခ်ာတိတ္ကို ခ်စ္တယ္ဆိုတဲ့အေၾကာင္း ဖြင့္ေျပာခဲ့တာေပါ့။ ကိုယ္ဖြင့္ေျပာခဲ့တာ ေစာရင္ေစာေနပါလိမ့္မယ္။ ကိုယ္ ခ်ာတိတ္ကို တကယ္ခ်စ္တယ္ဆိုတာေတာ့ ယုံေပးပါေနာ္"
စားပြဲေပၚတင္ထားသည့္ သူ႕လက္ကေလးမ်ားအား ခပ္ဖြဖြဆုပ္ကိုင္ရင္း ထိုစကားမ်ား ဆိုေလသည္။ ဆရာေျပာသမွ်စကားေတြသည္ ကဗ်ာမဆန္ေပမယ့္ ရင္ထဲက လာေၾကာင္း ဆရာ့မ်က္ဝန္းေတြက သက္ေသခံ ေနခဲ့ပါသည္။ ရင္ေတြ တသိမ့္သိမ့္တုန္ကာ ၾကည္ႏူးျခင္းတို႔ ထုံလႊမ္းေနေတာ့သည္။
ထိုေန႕က အလုပ္ကို မသြားျဖစ္သလို ႐ုံးသို႔လည္း မျပန္ျဖစ္ခဲ့ၾကပါ။ ေကာ္ဖီဆိုင္တြင္သာ အတန္ၾကာေအာင္ထိုင္ခဲ့ၿပီးမွ အိမ္ျပန္လိုက္ပို႔ခဲ့သည္။ဒီေန႕ကား ေပ်ာ္႐ႊင္ၾကည္ႏူးမႈတို႔ျဖင့္ အကၡရာ ႐ုံးေစာေစာဆင္းရသည့္ေန႕လည္း ျဖစ္ခဲ့သည္။
အိမ္ျပန္ေရာက္ေပမယ့္လည္း အကၡရာ
ဂနာမၿငိမ္ျဖစ္ေနသည္။ရင္ထဲၾကည္ႏူးမႈတို႔ လွိုက္တက္ကာ ဆရာ့ကိုပဲ သတိရေနျပန္သည္။
ခဏေလာက္နားၿပီးသည္ႏွင့္ ေရခ်ိဳးအဝတ္အစားလဲကာ အခန္းထဲမွာ စာဖတ္ေနလိုက္သည္။ စာမ်က္ႏွာေပၚက စာလုံးေတြ ေဝဝါးေပ်ာက္ကြယ္ကုန္ကာ
ဆရာ့မ်က္ႏွာေခ်ာေခ်ာက ေနရာယူထားျပန္သည္။ ခက္ပါေရာလားကြယ္...။
ပိုပိုေဟသာရဲ႕ ခ်စ္တဲ့စိတ္ေတာင္
ကိုယ္ေလာက္ အေျခအေနဆိုးပါ့မလား
မသိဘူး။
အိမ္ျပန္ေရာက္ကတည္းက ဆရာ့အေၾကာင္းေတြပဲ စဥ္းစားေနမိသည္။
ဆရာက ႐ုံးကို ျပန္သြားသည္ဆိုေတာ့
ဒီအခ်ိန္ဆို ဆရာ အလုပ္မ်ားေနမလား။
ဆရာ့ကို သတိရေနတယ္လို႔ ဖုန္းဆက္
ေျပာလိုက္ရမလား..။
ဟင့္အင္း မျဖစ္ေသးပါဘူးေလ...။
ပူပူႏြေးႏြေး ခ်စ္သူျဖစ္ထားတဲ့အတြက္ နည္းနည္းအကဲပိုလြန္းသည္ဟု ကိုယ့္ကိုကိုယ္ ထင္မိသည္။ သတိရျခင္းေရာဂါဟာ အလြန္ဆိုးေၾကာင္း ကိုယ္တိုင္ႀကဳံမွ
သိခဲ့ရပါၿပီ...။
အိပ္ယာထဲမွာ လူးလိမ့္ရင္း အေတြးေတြက ေတာင္စဥ္ေရမရျဖစ္ေနသည္။ အခန္းထဲက ထြက္ကာ ေအာက္ကို ေရဆင္းေသာက္သည္။ ၿပီးေနာက္ အေပၚျပန္တက္လာသည္။ ေနရထိုင္ရတာလည္း အဆင္မေျပလွ။ ဧည့္ခန္းထဲမွာ TVဖြင့္ကာ ဟိုလိုင္း ဒီလိုင္းေျပာင္းကာ အာ႐ုံလႊဲလိုက္သည္။ မရျပန္။ အခန္းထဲျပန္လာၿပီး တစ္ေမွး ေမွးရန္ႀကိဳးစားၾကည့္ေသာ္လည္း မေအာင္ျမင္ပါ။ စားပြဲေပၚက တုန္ခါမႈရွိမလာေသးသည့္ ဖုန္းကိုသာ အာ႐ုံေရာက္ေနမိျပန္သည္။
ဟြန႔္ အသက္ႀကီးတဲ့လူႀကီးကို ခ်စ္မိတာ
မမိုက္ပါဘူးဗ်ာ။ သတိရေၾကာင္း လြမ္းဆြတ္ေၾကာင္း စာေလးတစ္ေစာင္၊ဖုန္းေလးတစ္ေကာလ္ျဖင့္ေတာင္ အခ်ိန္ေပးခ်င္ပုံမရ...။
တစ္ေယာက္တည္း စိတ္ေကာက္ကာ
အခန္းထဲမွထြက္ၿပီး အိမ္မႈကိစၥမ်ားျဖင့္ အလုပ္ရႈပ္ေနေသာ ေမသက္အပါးသို႔ သြားရႈပ္မိေလသည္။
"သားငယ္ အိမ္ျပန္ေရာက္ကတည္းက ဘာျဖစ္ေနတာလဲ ေျပာပါဦး။ ဂနာကိုမၿငိမ္ဘူး အေပၚတက္ ေအာက္ဆင္း ဟိုလုပ္ဒီလုပ္နဲ႕"
သူ ဘာမွမေျပာရေသးခင္မွာပင္ အရိပ္တၾကည့္ၾကည့္ႏွင့္ အၿမဲၾကည့္ေနတတ္ေသာ ေမသက္က တစ္ခုခုရိပ္စားမိဟန္ျဖင့္ စကားစလာေလသည္။
"ဘာမွမျဖစ္ပါဘူး ေမသက္ရယ္..သားက ဘာျဖစ္ရမွာလဲ"
အနီးရွိ ထိုင္ခုံတစ္ခုအား ဆြဲယူကာ ထိုင္ရင္း ေျပာလိုက္သည္။ ၿပီးေနာက္ ေမသက္ေရွ႕မွ ခ်ဥ္ေပါင္႐ြက္ထည့္ထားသည့္ ေတာင္းကေလးအားယူကာ ေခြၽေနလိုက္သည္။
"သားငယ္"
"ဗ်ာ ေမသက္"
"ဘာကိစၥေတြပဲရွိလာရွိလား သားေဖေဖ့ကို ေျပာမျပခ်င္ရင္ေတာင္ ေမသက္ကို သူငယ္ခ်င္းတစ္ေယာက္လို ေနာက္ၿပီး မိခင္ရင္းတစ္ေယာက္လို တိုင္ပင္ေဆြးႏြေးလို႔ရပါတယ္ကြယ္..."
အကၡရာ စိတ္ႏွလုံးတို႔အနည္းငယ္ ႏြမ္းလ်သြားရသည္။ ေမသက္ဟာ မိခင္ရင္းမဟုတ္ဘူးလို႔ပဲဆိုဆို သူ႕စိတ္ထဲမွာ မိခင္ရင္းတစ္ေယာက္လို ခ်စ္သည္။ တြယ္တာသည္။ ေမသက္ကလည္း သူ႕ကို သားရင္းတစ္ေယာက္လို ခ်စ္ျမတ္နိုးသည္ဆိုတာ။သူ႕စိတ္အစဥ္မွာ ခံစားမိပါသည္။
"စိတ္ခ်ပါ ေမသက္"ဟု ခပ္တိုးတိုးဆိုလိုက္မိသည္။ သူႏွင့္ ေမသက္ၾကားတြင္ တဒဂၤမွ် တိတ္ဆိတ္မႈတို႔ႀကီးစိုးသြားရသည္။ မၾကာပါ။
"သားငယ္ အလုပ္မွာေရာ အဆင္ေျပရဲ႕လား။ မနက္က အလုပ္ေရာမွီရဲ႕လား"
"ဟုတ္ မွီပါတယ္ ေမသက္ရဲ႕"
"ကဲပါ သြား။ နားနားေနေန ေနပါကြယ္။
ဒါေတြကေမသက္လုပ္ေနၾကေတြပါ ေမသက္ပဲ လုပ္ပါ့မယ္"
ေမသက္က ေႁခြလက္စ ခ်ဥ္ေပါင္႐ြက္ျခင္းအား ဆြဲယူရင္းေျပာေလသည္။
"ေမသက္"
ေမသက္က ျပန္မထူးပါ။ ဘာလဲဟူသည့္ အၾကည့္ျဖင့္ ခပ္ၿပဳံးၿပဳံးျပန္ၾကည့္ရင္း နားစြင့္ေနေလသည္။
သူ ေမးသင့္သလား၊မေမးသင့္သလား မသိေပမယ့္ စိတ္ထဲ အလြန္သိခ်င္ေနသည့္အရာတစ္ခုကို ေမးဖို႔ အေတာ္ေလး အားယူလိုက္ရသည္။
"ကိုယ့္ထက္ အသက္ႀကီးတဲ့သူကို ခ်စ္မိတာ ေကာင္းသလားဟင္ ေမသက္။ ဟိုေလ သားက ဒီအတိုင္းသိခ်င္လို႔ ေမးၾကည့္တာပါ"
ေမးၿပီးမွ မ်က္ႏွာပူလာတာမို႔ ဒီအတိုင္းေလွ်ာခ်လိဳက္ရသည္။ေမသက္က မ်က္ေစာင္းလွလွေလး ထိုးကာ ၿပဳံးစစျဖင့္ၾကည့္ရင္း "ဒီေကာင္ေလးေနာ္ မရိုးေတာ့ဘူး"ဟုေျပာေလသည္။ အကၡရာ မ်က္ႏွာပူလာတာမို႔ မီးဖိုထဲမွ အျမန္ဆုံး ထြက္ေျပးခဲ့ရသည္။
ေမသက္ရဲ႕ အေျဖစကားကိုလည္း သူ
နားမေထာင္ရဲေတာ့ပါ။
လက္ထဲမွာ ကိုင္ထားသည့္ ဖုန္းမ်က္ႏွာျပင္ေလး လင္းလာၿပီးေနာက္ တုန္ခါမႈႏွင့္အတူ သတိေပးသံေလးထြက္လာသည္။ ထို႔ေနာက္ ဖုန္းမ်က္ႏွာျပင္ထက္တြင္ ေနရာယူထားသည့္ စာေလးတစ္ေၾကာင္း...။
"ခ်ာတိတ္ လြမ္းတယ္"
ဖုန္းမ်က္ႏွာျပင္ေပၚမွ စာတန္းေလးေၾကာင့္ အကၡရာၿပဳံးမိသြားသည္။ သူ ဘယ္ေလာက္ေတာင္ ေမွ်ာ္လင့္ေနခဲ့ရတာပါလဲ။ စာျပန္ရင္ ေကာင္းမလား၊ မျပန္ဘဲ ထားလိုက္ရမလား ေတြေဝေနစဥ္ ေနာက္ထပ္ဝင္လာသည့္ စာတစ္ေစာင္ေၾကာင့္ သူ႕ရင္ထဲ ကုလားဘုရားပြဲလွည့္သလို ေျဗာင္းဆန္သြားရသည္။
"အိမ္အျပင္ ခဏထြက္ခဲ့ပါလား"တဲ့ေလ။
ဆရာက ၿခံျပင္မွာေရာက္ေနတာလား။ ဒါလုံးဝ မျဖစ္နိုင္ပါ။ဆရာ့ကို တစ္ခါမွ အိမ္မေခၚခဲ့ဖူးတာေကြာင့်ပင်။ ဒါဆို ဘာလို႔ ဒီစာကို ပို႔ရတာလဲ တမင္တကာ စေနာက္ျခင္း၍လား။ မျဖစ္နိုင္။ ဆရာ့လိုလူႀကီးတစ္ေယာက္က ဒီလိုစေနာက္တာမ်ိဳး လုပ္မည္မထင္။ သူ႕စိတ္အာ႐ုံတို႔က ခ်ီတုံခ်တဳံျဖစ္ေနေသာ္လည္း ေျခလွမ္းမ်ားက ၿခံအျပင္သို႔ ဦးတည္ေနေလၿပီ။ စိတ္၏ေခၚေဆာင္ရာသို႔ လိုက္ပါခဲ့ၿပီးေနာက္ ၿခံအျပင္မွာ ရပ္ထားသည့္ ဆရာ့ကားေလးကိုေတြ႕ရသည္။
သူ႕ကို ျမင္သည္ႏွင့္ ကားေပၚမွဆင္းလာေသာ ဆရာ့ပုံရိပ္...။ အိမ္မက္မ်ား မက္ေနတာလားဟု ထင္မွားမိသည္။ မဟုတ္။ သူကိုယ္တိုင္ ဆရာ့ရွိရာဆီ ေျခလွမ္းမ်ား လွမ္းေနမိသည္။
ကားနားေရာက္သည္ႏွင့္
"ခ်ာတိတ္ ကားေပၚတက္"
"ဟင္ ဘယ္သြားမလို႔လဲ"
"ဘယ္မွေခၚမသြားပါဘူးဗ်ာ။ ကားေပၚမွာပဲ စကားေျပာရေအာင္လို႔ပါ ဒီအတိုင္းရပ္ေျပာေနေတာ့ ခ်ာတိတ္တို႔ ပတ္ဝန္းက်င္မွာ ခ်ာတိတ္အတြက္ မေကာင္းျဖစ္လာမွာဆိုးလို႔ပါ"
ကိုယ့္အတြက္ စဥ္းစားေပးသည္ဟူသည့္ အသိေၾကာင့္ ရင္တစ္ခုလုံး ႏြေးေထြးသြားရျပန္ပါသည္။ အကၡရာ မျငင္းေတာ့ဘဲ အသင့္ဖြင့္ေပးထားသည့္ ကားတံခါးမွတစ္ဆင့္ ကားေပၚသို႔ ဝင္ထိုင္လိုက္သည္။
သူကားထဲေရာက္သည္ႏွင့္ ဆရာက ေဘးခ်င္းကပ္ရက္ခုံမွာ ေနရာယူသည္။ နီးကပ္သြားသည့္အသိေၾကာင့္ မ်က္ႏွာကေလးပင္ ထူအမ္းအမ္းျဖစ္လာရသည္။
"ခ်ာတိတ္ အိမ္မွာဘာေတြလုပ္ေနလဲ"
"ဟင့္အင္း ဘာမွမလုပ္ပါဘူး"
"ကိုယ္ဘာျဖစ္လို႔ ဒီကိုေရာက္လာလဲ မေမးေတာ့ဘူးလား"
သူ႕မ်က္ႏွာအား တစိမ့္စိမ့္ၾကည့္ကာ ဆိုလာသည့္ စကားေတြက ရင္ကို လွိုက္ခါေစပါသည္။
"ကိုယ္ ခ်ာတိတ္ကို လြမ္းလို႔"
မေမးလိုက္ရေပမယ့္ ေျဖလာသည့္ အေျဖစကားတစ္ခုဟာ ၾကည္ႏူးမႈတို႔ အတိျဖစ္ေစသည္။ ကြၽန္ေတာ္လည္း ဆရာ့ကို လြမ္းေနတာပါဟု ျပန္ေျဖခ်င္ေသာ္လည္း ႏႈတ္ခမ္းတို႔က ဖြင့္ဟမလာ...။လည္ေခ်ာင္းဝတြင္ စို႔တစ္ကာ ေျပာမထြက္ခဲ့ပါ။
"ဆရာ ကြၽန္ေတာ့္အိမ္လိပ္စာကို ဘယ္လိုသိသလဲ"
"ကိုယ့္ဝန္ထမ္းတစ္ေယာက္ရဲ႕ လိပ္စာကိုသိဖို႔က ဘာေတြမ်ား ဒီေလာက္ခက္ခဲေနမွာလဲ ခ်ာတိတ္ရ"ဟုဆိုကာ သူေခါင္းကို ခပ္ဖြဖြပြတ္ရင္း ဆိုလာသည္။
အင္းေလ ဟုတ္သားပဲ။
ဒီအခ်က္ကို သူ မစဥ္းစားခဲ့မိ။
"ခ်ာတိတ္"
"ဗ်ာ"
"ဘာလို႔တိတ္ေနတာလဲ ကိုယ့္ကို ေၾကာက္လို႔လား"
"မေၾကာက္ပါဘူး"
"ဒါဆို ဘာျဖစ္လို႔လဲ"
"ရင္ေတြအရမ္းခုန္ေနလို႔"
႐ုတ္တရက္ ပါးျပင္ထက္က ပူႏြေးႏြေး ထိေတြ႕ခံစားမႈ... ေနာက္ ဝင္လာသည့္ အသိ။ သူ တားခ်ိန္ပင္မရလိုက္ပါ။ အံ့ဩမႈတို႔ျဖင့္သာ ေယာင္နနျဖစ္ကာ "ဟာ"ဟူ၍သာ စကားဆိုနိုင္ခဲ့သည္။
"ခ်ာတိတ္ပုံစံေလးက အသည္းယားစရာေကာင္းလို႔"ဟုဆိုကာ ပါးျပင္ထက္ဝယ္ အနမ္းတံဆိပ္ ခတ္ႏွိပ္ေပးလိုက္ေသာ ဆရာ့ေၾကာင့္ အကၡရာ မ်က္ႏွာတစ္ခုလုံး ပန္းေရာင္လႊမ္းသြားသည္ထင့္။
ဒီည အိမ္မက္ေလးကေတာ့ လွပေနေတာ့မွာပဲ လူႀကီးရယ္...။ညက်ရင္ အိမ္မက္ထဲမွာ ျပန္ေတြ႕မယ္။ ေနာက္ၿပီး အျပင္မွာ
မေပးရဲေသးတဲ့ ပထမဆုံးအနမ္းကို အိမ္မက္ထဲမွာ ေပးမယ္။
ခ်စ္တယ္ လူႀကီးရယ္...။