[Complete]ပေါင့်ပေါင့်ဝေါသ အိ...

Від Kyiphyuswe

456K 55.9K 947

''Hug my Omega '' ကို မြန်မာပြန်မလို့ပါ။ အပိုင်း - 48+ 2 extras original author - lion cub English translato... Більше

Announcement
အကျဥ်းချုပ်
အပိုင်း 1.1
အပိုင်း 1.2
အပိုင်း 1.3
အပိုင်း (2.1)
အပိုင်း(2.2)
အပိုင်း ( 2.3)
အပိုင်း (3.1)
အပိုင်း(3.2)
အပိုင်း(3.3)
အပိုင်း ( 3.4)
အပိုင်း (4.1)
အပိုင်း (4.2)
အပိုင်း (4. 3)
အပိုင်း (5.1)
အပိုင်း (5.2)
အပိုင်း (5.3)
အပိုင်း (6.1)
အပိုင်း (6.2)
အပိုင်း (6.3)
အပိုင်း (6.4)
အပိုင်း (7.1)
အပိုင်း (7.2)
အပိုင်း (7.3)
အပိုင်း (8)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (9.3)
အပိုင်း (10.1)
အပိုင်း (10.2)
အပိုင်း(10.3)
အပိုင်း (11.1)
အပိုင်း (11.2)
အပိုင်း (11.3)
အပိုင်း (11.4)
အပိုင်း (12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (19)
အပိုင်း (20)
အပိုင်း (21.1(1) )
အပိုင်း (21.1(2) )
အပိုင်း (21.1(3) )
အပိုင်း (21.1(4) )
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (22.3)
အပိုင်း (22.4)
အပိုင်း (22.5)
အပိုင်း (22.6)
အပိုင်း (22.7)
အပိုင်း (22.8)
အပိုင်း (23.1)
အပိုင်း (23.2)
အပိုင်း (24.1)
အပိုင်း ( 24.2)
အပိုင်း(25.1)
အပိုင်း (25.2)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း (27.1)
အပိုင်း [ 27.2 ]
အပိုင်း (28. 1)
အပိုင်း (28.2)
အပိုင်း ( 29. 1)
အပိုင်း (29. 2)
အပိုင်း (30.1)
အပိုင်း (30. 2)
အပိုင်း (31. 1)
အပိုင်း (31 .2)
အပိုင်း (32. 1)
အပိုင်း ( 32. 2)
အပိုင်း (33.1)
အပိုင်း (33.2)
အပိုင်း (34. 1 )
အပိုင်း (34.2)
အပိုင်း ( 35.1)
အပိုင်း (35. 2)
အပိုင်း ( 36. 1)
အပိုင်း( 36. 2)
အပိုင်း (37. 1)
အပိုင်း ( 37. 2)
အပိုင်း (38. 1)
အပိုင်း (38. 2)
အပိုင်း (39. 1)
အပိုင်း ( 39. 2)
အပိုင်း (40.1)
အပိုင်း( 40.2)
အပိုင်း ( 42. 1)
အပိုင်း (42. 2)
အပိုင်း (43)
အပိုင်း (44)
အပိုင်း (45.1)
အပိုင်း (45. 2)
အပိုင်း (46 .1)
အပိုင်း ( 46. 2)
အပိုင်း (47)
အပိုင်း ( 48.1) [ ဇာတ်သိမ်း]
အပိုင်း ( 48. 2) [final]
အပိုင်း (48. 3) [Final]
အပိုင်း (49.1) [Extra 1]
အပိုင်း (49.2)
အပိုင်း (50) Extra 2

အပိုင်း(18)

3.4K 462 9
Від Kyiphyuswe

[Unicode] (18)

အန်းမူ စကားပြောတာ ရပ်သွားတဲ့ အခါမှာတော့ ကားထဲက လေထုက တိတ်ဆိတ်သွားကာ ကို့ယို့ကားယား နိုင်သွားတော့တယ်။ ဟန်ကျွမ်းချွမ်က ကားစတီရာရင် ကို မသက်မသာနဲ့ တင်းကြပ်စွာ ဆုပ်ကိုင်ထား ရင်းမေးလိုက်တယ်။

" ဒီနေ့ ပရော်ဖက်ဆာ ပေါ်လန်နဲ့ အတူတူ ကျောင်းကြီးကို သွားလည်ခဲ့ရတာ မင်းဘယ်လိုခံစားရသလဲ''

ဟန်ကျွမ်းချွမ် က သူ့ရဲ့ ပါးစပ်ကိုဘအလုပ်ပေး လိုက်တဲ့အခါကျတော့မှပဲ ခေါင်းငုံ့ထားပြီးတော့ လက်တွေကိုလိမ်ယှက်နေတဲ့ အန်းမူတစ်ယောက် သူ့မျက်လုံးလေးတွေကို မြင့်ကာ ပြုံးရင်းနဲ့ ပြန်ပြောလာတယ်။

" အဲ့ကျောင်းက အရမ်းကြီးတာပဲ ပြီးတော့ အထဲမှာအရမ်းလည်း လှတယ်ရော''

အိုမီဂါလေးရဲ့ စိတ်အခြေအနေပြန်ကောင်း လာတာကို တွေ့လိုက်ရတော့မှပဲ ဟန်ကျွမ်းချွမ် တစ်ယောက် လျှို့ဝှက်စွာနဲ့ သက်ပြင်းချ လိုက်တော့တယ် ။

" ပရော်ဖက်ဆာ ပေါ်လန်က တစ်ခြား ဘာတွေပြောသေးလဲ?''

" ပရော်ဖက်ဆာ ပြောတာကတော့ ပထမဆုံး အကြိမ်ဖြစ်တာကြောင့် ကျွန်တော် က သူ့နောက်ကို စည်းချက်ကျကျလေး လိုက်ပေးဖို့ပဲ လိုတယ်တဲ့။ ''

အန်းမူက ရပ်သွားပြီးတော့မှ ဆက်ပြောလာတယ်။

" ကျွန်တော့်ရဲ့ နားရက်ကလွဲလို့ တက္ကသိုလ် မှာပဲနေရမယ်လို့လဲ ပြောသေးတယ် ''

" ပိုပြီးများများ သင်ယူပေါ့ကွာ။ မင်းကို ထိခိုက်နာကျင်စေမယ့် အရာတွေအဲ့မှာ မရှိပါဘူး''

ဟန်ကျွမ်းချွမ် က ကားကို ပါကင်ထိုး ရပ်ပြီးတော့ မှ အန်းမူဘက်ကိုလှည့်ကာ ပြောလိုက်တယ် ။

" ပရော်ဖက်ဆာ ပေါ်လန်နောက်ကို လိုက်ပါ။ သူ့မှာအဖိုးမဖြတ်နိုင်တဲ့ အရည်အချင်း တွေရှိတယ် ''

အန်းမူဟာ ပရော်ဖက်ဆာပေါ်လန် ရဲ့ထူးချွန်မှုတွေ အကြောင်းကို သိပါတယ် ။ ဒါပေမယ့် သူ့အယ်ဖာ ရဲ့ပါးစပ်ကနေ တစ်ခြား အိုမီဂါ ကို ချီးကျူးတဲ့ အသံကိုကြားလိုက် ရတဲ့အချိန် မှာတော့ သူ့စိတ်ထဲ မှာ ကောင်းကောင်း ဖုံးကွယ်ထား တဲ့ ပိုင်ဆိုင်လိုမှုက ချက်ချင်း ပေါက်ကွဲထွက်လာကာ မပြောပြနိုင်လောက်အောင် ဝမ်းနည်း သွား လေတယ် ။

သူ့စိတ်အခြေအနေက စကားဆက်ပြောဖို့ရာ လောက်ထိမကောင်း တော့တာကြောင့် ခေါင်းပဲငြိမ့်ပြကာ ​ခြောက်သွေ့စွာနဲ့ ​ပြန်ဖြေလိုက်တယ်။

ပြီးတော့ သူ့အိုမီဂါလေး ရဲ့ စိတ်အခြေအနေကို နှောင့်ယှက်လိုက်တဲ့ အယ်ဖာ ခမျာမှာတော့ သူ့စကား ကြောင့် အန်းမူ ဝမ်းနည်း သွားတာကို သဘောမပေါက် လိုက်ပဲ ကားတံခါး ကိုဖွင်ပီး တော့ကားအပြင် ဘက်ကိုထွက်လိုက်တော့တယ်။

အန်းမူက မပျော်မရွှင် ဖြစ်နေပေမယ့် ကြာရှည်လှတဲ့ အထီးကျန် ဆန်မှုကြီးကိုပါ သူ့နှလုံးသားထဲ ကောင်းကောင်းသိုဝှက် လိုက်ပြီးတော့ ခံစားချက်တွေကို ဖုံးကွယ်ထား ကာ ဘာမှမဖြစ်ခဲ့ သလိုမျိုးပဲ ဟန်ကျွမ်းချွမ် နောက်ကို လိုက်သွား ခဲ့တော့တယ်။

လူတွေက လုံခြုံတဲ့နေရာကို ပြန်ရောက် လာတဲ့အခါမှ ပတ်ဝန်းကျင် ကြီးက ဘယ်လောက်တောင် အန္တရာယ်များ လိုက်သလဲဆိုတာကို ပြန်သတိရကြလေတယ်။ အန်းမူကလည်း ဆေးကြောပြီးတော့ စောင်ထဲမှာကိုယ့်ကိုယ်ကို နစ်မြှုပ်ထားရင်းနဲ့ ဒီနေ့ဖြစ်ခဲ့တာတွေကို ပြန်မြင်ယောင်မိလေတယ်။

သူအိပ်ပျော်သွားပြီးတဲ့နောက် သိပ်မကြာခင်မှာ ပဲ အလန့်တကြား နဲ့နိုးလာခဲ့တယ်။ ဘာလို့လဲ ဆိုတော့ သူ့အိမ်မက် ထဲမှာ ထိုဗုံးကြီးက တကယ်ကြီး ပေါက်ကွဲသွား လို့ပဲဖြစ်လေတယ်။

အိမ်မက်ထဲ မှာ အန်းမူက ဟန်ကျွမ်းချွမ် ရဲ့ ကာကွယ်ပေးမှုကို ခံခဲ့ရပြီးတော့ ဗုံးပေါက်ကွဲမှုရဲ့ ဒဏ်အများစုကို ရှောင်ရှားနိုင်ခဲ့တယ်။ ဒါပေမယ့် သူ့အယ်ဖာ ကတော့ မြေပြင်ပေါ် ပြုတ်ကျသွား ကာ သွေးအိုင်ထဲလှဲနေပြီးတော့ အန်းမူဘယ်လောက်ပဲ လှုပ်လှုပ် ဘယ်လောက်ပဲ အော်ငိုနေပါစေ လုံးဝကိုနိုးမလာခဲ့တော့ပေ။

ကြီးမားတဲ့ အကြောက်တရားကြီးက အိုမီဂါလေးကို အိမ်မက်ထဲ ကနေ ဆွဲထုတ်ပေးခဲ့တယ်။ သူနိုးလာတဲ့အခါ အကြောင်း တစ်ချို့ကြောင့် မျက်နှာပေါ်မှာ မျက်ရည် တွေစီးကျနေခဲ့လေတယ်။

ရုတ်တရက်ကြီး ပဲ အန်းမူတစ်ယောက် နံရံလေးသာခြားတဲ့ ဟန်ကျွမ်းချွမ်ကို တွေ့ချင်မိသွားတယ်။ ညလယ်ခေါင်မှာ တစ်စုံတစ်ယောက် ရဲ့အခန်းတံခါးကို ခေါက်တာ ရိုင်းစိုင်း တဲ့အပြုအမူမှန်း သိနေပေမယ့် သူ့ကိုယ်သူ မထိန်းနိုင် တော့ပေ။

ဟန်ကျွမ်းချွမ် က အိပ်မပျော်ခဲ့ပေ။ ဒုတိယအိပ်ခန်းရဲ့ ပြတင်းပေါက် ကိုဖွင့်လိုက်တဲ့အခါ နွေရာသီ ညများရဲ့လေရူးတွေက ပြတင်းပေါက် ကနေ အခန်းထဲကို တိုးဝင်လာခဲ့တယ်။ အမျိုးသား ဟာ ပြတင်းပေါက် ကို မှီထားပြီးတော့ လက်ထဲမှာ လည်း စီးကရက်တစ်လိပ်ကို ကိုင်ထားလေတယ်။

တကယ်လို့ မင်းသာ သေချာအနီးကပ် ကြည့်မယ်ဆိုရင် ပြတင်းပေါက် တစ်ဝိုက်တွင် ဆေးလိပ်အတိုတွေ အများကြီး ရှိနေတာကို တွေ့ရလိမ့်မယ်။ သေချာထပ်ကြည့်ပါက ပြတင်းပေါက် ခုံနားလေးမှာ စီးကရက်ပြာတွေကို အပုံလိုက်ရှိနေတာတွေ့ရမှာပါ။

ကမ္ဘာကြီး ရဲ့ လားရာက မပြောင်းလဲသွားပေမယ့် အသေးစိတ်ကျတဲ့အရာလေးတွေ အများကြီး ကြောင့် ဟန်ကျွမ်းချွမ် တစ်ယောက် ခုခံဖို့ရာ မတက်နိုင်ခဲ့ပေ။ နောက်ဆုံးတစ်ခေါက် က ဆေးပေးခန်း ပေါက်ကွဲမှုနဲ့ ဒီနေ့အစည်းအဝေးပွဲ ဖြစ်ရပ်လိုမျိုး ကိစ္စ တွေကြောင့်ပေါ့။

အတွေးထဲနက်ရှိုင်းစွာ နစ်နေတဲ့ ဟန်ကျွမ်းချွမ် တစ်ယောက် သူ့နားက သာသာလေးလှုပ်ခက် သွားကာ တစ်စုံတစ်ယောက်က သူ့ဆီကိုလာနေတာမှန်း သိလိုက်တယ် ။

အဲ့အချိန် မှာပဲ တံခါးဆီမှ တံခါးခေါက်သံ ပေါ်လာခဲ့တယ်။

ဟန်ကျွမ်းချွမ် က တံခါးဆီကို တိတ်ဆိတ်စွာ စိုက်ကြည့် နေရင်းနဲ့ သူ့မျက်နှာ တစ်ဝက်ကတော့ မီးခိုးတွေ နဲ့ပြည့်နေခဲ့တယ်လေ။ အပြင်ဘက်က လူကဘယ်သူလဲဆိုတာကို ဟန်ကျွမ်းချွမ်သိပါတယ်။ ဒါပေမယ့် သူအခုတော့ စကားမပြောချင်ပေ။ ဒါကြောင့် အဲ့အိုမီဂါဟာ သူ့ဘာသာသူ ပြန်သွားတာကို လိုချင်ခဲ့တယ်လေ။

" ဗိုလ်မှုး ခများအိပ်ပြီလားဟင်။ ကျွန်တော် ခများကိုတွေ့ချင်နေလို့ပါ''

ဟန်ကျွမ်းချွမ်က သူသာပြန်မ​ဖြေရင် အိုမီဂါ လေးထွက်သွား လိမ့်မယ်လို့ပေါ့လေ။ ဒါပေမယ့် ဘယ်သူသိမှာလဲ ကလစ်ဆိုတဲ့ အသံတစ်ခုနဲ့အတူ တံခါးကပွင့်သွားပြီးတော့ အိုမီဂါ လေးရဲ့ ခေါင်းပိစိလေးက တံခါးရဲ့ ဟကြားသေးသေးလေးထဲကနေ အထဲကိုဝင်လာခဲ့လေတယ်။

ဟန်ကျွမ်းချွမ်ရဲ့ လက်ထဲမှာ စီးကရက် က လောင်ကျွမ်းနေဆဲ ဖြစ်တာကြောင့် အခိုးအငွေ့တွေထွက်ဆဲ ဖြစ်ကာ ဟန်ကျွမ်းချွမ် ရဲ့ အမြင်က ပထမဆုံး အကြိမ်အနေနဲ့ ဝေဝါးနေခဲ့တယ်။ သူမမျှော်လင့်မိတာက အမြဲနာခံတက်တဲ့ သူ့အိုမီဂါလေးက အခုလိုမျိုး အထဲကိုချောင်းကြည့် လိမ့်မယ်ဆိုတာကိုပါပဲ။

ဒီအကြောင်း ကို တွေးမိတော့မှ ဒါကပထမဆုံး အကြိမ်မဟုတ်တာကို သတိရမိတယ် ။ အရင်တစ်ခေါက်က ဆို သူ့အဝတ်တွေကို ထိုကောင်လေး ဝတ်ထားပြီးတော့ သူ့အိပ်ယာပေါ် မှာတောင် အိပ်နေခဲ့တာမဟုတ်လား။ အန်းမူက သူ့ဘာသာဘာလို့ကြောက်စိတ် များနေမှန်းမသိတော့ပေ။ ထိုကောင်လေး ရဲ့အမြင်မှာ သူကအဲ့လောက်ထိ ကြောက်ဖို့ကောင်း နေလို့လား။

သူ့အယ်ဖာ က သူ့ကို ပြန်မဖြေ ဘူး လို့တော့ အိုမီဂါလေးက မျှော်လင့်ထားပေ။ ဟန်ကျွမ်းချွမ် တစ်ယောက် ပြတင်းပေါက် ကိုမှီထားတာကို တွေ့လိုက်ရတော့ အန်းမူလည်း အခန်းတံခါးကိုကျယ်ကျယ်ဖွင့်ကာ အမှားလုပ်မိတဲ့ ကလေးတစ်ယောက် လိုမျိုး ရပ်နေမိတယ်။

" ဗိုလ်မှူး ခများက မအိပ်သေးဘူး ပဲ''

ဟန်ကျွမ်းချွမ်က ဆေးလိပ်အများကြီး သောက်ထားတာကြောင့် ဆေးလိပ်ငွေ့တွေက တံခါးဖွင့်လိုက်တဲ့အခါ တိုက်ခန်းတစ်ခုလုံးဆီ ပျံ့သွားခဲ့တော့တယ်။ သူ့ကိုယ်ပေါ်မှာ ဆေးလိပ်ငွေ့တွေ ဆွဲကပ်နေမှန်းသိလို့ ဟန်ကျွမ်းချွမ်က အန်းမူနားကိုမကပ်သွားခဲ့ပေ။

" ဘာကိစ္စဖြစ်လို့လဲ ''

ပြတင်းပေါက် ကိုဖွင့် ထားပြီးသားဖြစ်ပေမယ့် ဆေးရွက်ကြီးအနံ့တွေက ရှိနေဆဲပဲ။ အန်းမူရဲ့ မျက်လုံး တွေက အနည်းငယ် အံ့သြ သွားလေတယ်။ ဆေးလိပ်မြူတွေ ထူနေလို့ ဟန်ကျွမ်းချွမ် ရဲ့ မျက်နှာ ကို သူကောင်းကောင်း မမြင်ရပေ။ ဒါကြောင့်မို့ သူ့သတ္တိတွေ စုဆောင်းကာ ဟန်ကျွမ်းချွမ်နားကို ကပ်လာခဲ့တယ်။

သူက ဆေးလိပ်နံ့ကို မခံနိုင်တဲ့ အိုမီဂါတစ်​ယောက်ဖြစ်ပေမယ့် ဟန်ကျွမ်းချွမ် သာ ဆေးလိပ် သောက်လို့ကတော့ နည်းနည်း လောက် သည်းမခံနိုင်စရာအကြောင်း မရှိပါပေ။

" ခများ ဆေးလိပ်​သောက် နေတာပဲ''

ဟန်ကျွမ်းချွမ် နဲ့ နေခဲ့တဲ့ ၅ နှစ်အတွင်း မှာ သူ့အယ်ဖာ က ဆေးလိပ်သောက် တက်တဲ့အကျင့်နဲ့ တံခါးခေါက်ရင် ဧည်သည်တွေ ကို အခုလိုမျိုးတံခါး ဖွင့်မပေးချင်တဲ့အကျင့်မျိုး ရှိနေတာကို သူတကယ်မသိခဲ့ပေ။

ဟန်ကျွမ်းချွမ် က ပြတင်းပေါက် ကိုပိတ်ကာ အထဲကလန့်ကိုချလိုက်တယ်။ အိုမီဂါလေး ထပ်တိုးမလာခင် သူကထွက်ခွာလိုက်ပြီးတော့ ရေချိုးခန်းထဲဝင်ကာပြောလိုက်တယ်။

" ကိုယ်စိတ်ပျက် နေတဲ့အခါကျရင် ဆေးလိပ်သောက် တက်တယ်''

အန်းမူကတော့ ထိုနေရာမှာ တင်ရပ်နေကာ ပိတ်သွားတဲ့ရေချိူးခန်း တံခါးကို စိုက်ကြည့်နေ ရင်းနဲ့မျက်လုံးတွေက အောက်ငိုက်သွား တော့တယ် ။

ဟန်ကျွမ်းချွမ် က ရေချိုးခန်းထဲ ဝင်ကာ ပါးစပ်ကိုဆေး​ကြောလိုက်တယ်။ နောက်တော့ သူပြန်ထွက်မလာခင် ပါးစပ်က သွားတိုက်ဆေးနံ့ကလွဲလို့ တစ်ခြားအနံ့မရအောင် ထပ်ကာထပ်ကာ  ​သေချာစစ်ဆေးခဲ့သေးတယ်။

အပြင်ထွက်လာတဲ့ အခါအိပ်ခန်းက အလွတ်ကြီးဖြစ်နေခဲ့တယ်။ ဒါပေမယ့် ပြတင်းပေါက် ခုံနားမှာရှိတဲ့ ပြာတွေနဲ့စီးကရက် ဖင်ဆီခံတွေကတော့ မရှိတော့ပဲ သန့်ရှင်း သွားတဲ့အပြင် အိုမီဂါလေးပါ ထွက်သွား ပြီပဲ ဖြစ်လေတယ် ။

ရုတ်တရက် သူ့ကိုယ်သူ အနည်းငယ် ရယ်ချင်သွားလေတယ်။ သူ့အိုမီဂါ က အခန်းထဲဝင်လာရုံပဲ ရှိသေးတယ် ဘာကြောင့် များ သူက တစ်စုံတစ်ခု လုပ်မယ်ဆိုတဲ့ပုံစံမျိုးကြီးနဲ့ ရေချိုးခန်းထဲဝင်ပြီး သွားဝင်တိုက်မိနေမှန်း မသိတော့ပါပေ။

မနက်ခင်း အိပ်ယာနိုးတဲ့အချိန်မှာတော့ သန့်ရှင်း ကြော့မော့စွာဝတ်ထားတဲ့ အိုမီဂါလေးက ဆိုဖာပေါ်မှာ ထိုင်နေတာကို ဟန်ကျွမ်းချွမ် တွေ့လိုက်ရ တယ်။ ကောင်လေးကတော့ လက်ကဆက်သွယ်ရေးစက်ကိုပဲ အချိန်တိုင်းကြည့်နေလေတယ်။

ဟန်ကျွမ်းချွမ်ရဲ့ မျက်လုံး တွေက ကောင်လေးရဲ့ ခေါင်းနောက်ကို ရောက်သွား လေတယ်။ ဘယ်အရာကများ အိုမီဂါလေးရဲ့ အာရုံတွေကိုဆွဲဆောင်ထားမှန်း သူမသိခဲ့ပေ။ သူအခန်းထဲ က ထွက်လာတဲ့အချိန်ထိ ထိုကောင်လေးက သူ့ကို သတိမပြုမိသေးပေ။

ဟန်ကျွမ်းချွမ် တစ်ယောက် ရေခဲသေတ္တာဆီသွားပြီးတော့ ရေယူကာ ပုံမှန်အတိုင်း သောက်လိုက်တယ်။ ရေခဲသေတ္တာ တံခါးပိတ် သံကြီးကတော့ ခါတိုင်း ထက်ကိုပိုကျယ်သွားတာ ပေါ့လေ။

ထိုအရာကပဲ အန်းမူရဲ့ အာရုံကိုပြန်ရသွားစေပြီးတော့ ထိုကောင်လေးက သူ့ကိုမြင်တဲ့အခါ ချက်ချင်းပဲ ပြောလာတယ်။

" ဗိုလ်မှုးရေ ကျွန်တော့်ကို ဒီနေ့ကစပြီးလာခေါ်မယ်လို့ ပရော်ဖက်ဆာ ပေါ်လန်ကပြောတယ်''

" ကောင်း​တာပေါ့''

ဟန်ကျွမ်းချွမ်ရဲ့ စိတ်အခြေနေ က ပြန်ကောင်းသွားပေမယ့် သူ့မျက်နှာ ကတော့ အေးစက်ဆဲပါပဲ။

" ဒါဆို ပရော်ဖက်ဆာ ပေါ်လန်ရဲ့စကားကိုလည်း သေချာနားထောင် ''

........................................

သူက ဘာကိုပြောလိုက်မိမှန်း မသိပေမယ့် အန်းမူရဲ့စိတ်အခြေအနေက ရုတ်တရက်ကြီး ထိုးကျသွားတော့ ဟန်ကျွမ်းချွမ်ကြောင် သွားတယ် ။

အိုမီဂါ တွေရဲ့ စိတ်အခြေနေ က ဒီလောက်တောင် အတက်အကျမြန်ရသလား??

ဆက်သွယ်ရေးစက်ကနေ သူ့ကို အချိန်အတော် ကြာကတည်းက မဆက်သွယ် တဲ့ချောင်ရှောင်ပိုင်က သူ့ကိုဆက်သွယ်လာခဲ့တယ်။ ပြီးတော့ ဓာတ်ခွဲခန်း ဆီကိုလည်း သွားခိုင်းနေလေတယ်။

တစ်ခြားအလုပ်ကိစ္စတွေ ရှိလာပြီမို့ ဟန်ကျွမ်းချွမ် လည်း အန်းမူအကြောင်း ကို ဆက်မတွေးတော့ပဲ သူ့အပေါ်ဝတ်ကုတ်ကို ယူကာ ကားမောင်းပြီး ထွက်လာခဲ့တော့တယ်။

သူလည်း ဓာတ်ခွဲခန်း ကိုရောက်တဲ့ အခါမှာတော့ စွမ်းအင်စမ်းသပ်တဲ့ ကိရိယာ ကနေ ဓာတ်ငွေ့တွေ များစွာထွက်လာနေတာကို တွေ့လိုက်တယ် ။ ယန်ဟဲကတော့ အဖြူရောင် ကုတ်ကိုဝတ်ထားကာ ချောင်ရှောင်ပိုင် နားမှာရပ်နေပြီးတော့ စွမ်းအင်ကျောက်တုံးထည့်ထားတဲ့ ဖန်ပြွန်ကိုပဲ စိုက်ကြည့်နေခဲ့တယ်။

စက်ဆီကနေ အလန်းသံ အကျယ်ကြီး ထွက်ပေါ် လာတဲ့အချိန်မှာတော့ လူတိုင်း စိတ်ဓာတ်ကျသွားကြကာ ချက်ချင်း ပဲအရေးပေါ် အစီအစဉ် ကိုဆောင်ရွက်ကြလေတယ်။ ချောင်ရှောင်ပိုင်ရဲ့ မျက်နှာမှာလည်း ပြိုကွဲသွား သလိုမျိုး ကို ဖြစ်နေလေတယ်။

" ကျုပ်က ဒီတစ်ခုတော့ အောင်မြင်တော့မယ် ထင်နေတာ။ ဒါကြောင့် ဗိုလ်မှူးကို လှမ်းခေါ်လိုက်ရတာပါ''

အခုကျရှုံးသွားတဲ့ ကျောက်တုံးက နေရာတိုင်းမှာ တွေ့ရများတဲ့ စွမ်းအင်ကျောက်တုံးမျိုးပါပဲ။ တကယ်လို့သာ ဒီလောက် လွယ်ကူစွာနဲ့ အောင်မြင်နေမယ် ဆိုလို့ကတော့ သိပ္ပံ ပညာရှင်တွေကို သုတေသနလုပ်ခိုင်းဖို့ ဘယ်လိုလုပ်လိုအပ်ပါတော့မလဲ။

ဒါပေမယ့် ဟန်ကျွမ်းချွမ် ကို ပိုပြီးအံ့သြ သွားစေတဲ့ အရာကတော့ ယန်ဟဲဟာသူ့ရဲ့သေစေနိုင်လောက်တဲ့ စကားတွေသုံးပြီးတော့ ချောင်ရှောင်ပိုင် ကို တကယ်ကြီး နှစ်သိမ့်ပေး နေတာကိုပဲ။ နှစ်သိမ့် ပေးတဲ့ စကားတွေက ဝတ္ထုတွေထဲကလောက် မကောင်းပေမယ့် လွယ်ကူ စွာစိတ်ပြန်တက်ကြွ တက်တဲ့လူငယ် ချောင်ရှောင်ပိုင်ကိုတော့ လုံးဝချီးမြှောက်ဖို့ရာအတွက် လုံလောက် နေပါပြီ။

နောက်ဆုံး တစ်ခေါက် သူတို့ဆုံတဲ့ အချိန်ကို ဟန်ကျွမ်းချွမ် မှတ်မိပါသေးတယ်။ အဲ့အချိန်မှာ တုံးက ယန်ဟဲအတွက် အိုမီဂါတစ်ယောက် နဲ့ ဘီတာတစ်ယောက်က ဘာမှမကွဲပြားဘူးဆိုတဲ့ ပုံစံနဲ့ပါ။ ဒီလောက် အချိန်တိုလေးအတွင်းမှာ ယန်ဟဲလိုလူတောင် အားနည်းတက်တဲ့ အိုမီဂါကို ချော့ရကောင်းမှန်း သိသွားပြီပေါ့လေ။

" ဗိုလ်မှူး ကျွန်တော် တို့ ဘယ်အချိန်မှာ စကြဝဠာ ထဲကိုပြန်သွား ကြမလဲ။ ဓာတ်ခွဲခန်းထဲမှာ စွမ်းအင် ကျောက်တုံး တွေက ကုန်သလောက် ဖြစ်နေပြီ''

ချောင်ရှောင်ပိုင် ကပြောလိုက်တယ်။

...

ပထမတော့ သူတွေးမိတာက ဒီလိုမျိုး အထူးအခြေအနေကို ကျော်ဖြတ်သွားပြီးတော့ တဲ့အချိန်ကျမှပဲ သူတို့၃ ယောက်ထဲ စကြဝဌာထဲကို နောက်တစ်ကြိမ် ပြန်သွားခွင့်ရမယ်လို့ပေါ့လေ။ ဒါပေမယ့် ပေါက်ကွဲမှုတွေက ခဏခဏ နီးပါးဖြစ်လာတာကြောင့် စွမ်းအင်ကျောက်တုံး ရှာထွက်ဖို့ကို အကြိမ်ကြိမ် ပယ်ချခဲ့ရတယ်။

တကယ်လို့သာ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် စမ်းသပ်ခန်းမှာ လေ့လာဆန်းစစ်ဖို့ ကျောက်တုံးတွေလုံးဝ မရှိတော့မှာကို စိုးရိမ်မိလေတယ်။

" ဒီစစ်ဆေးရေး အချိန်ကိုကျော်ဖြတ် ပြီးသွားတဲ့အထိ ခဏလောက် တော့စောင့်လိုက်ပါအုံး''

ဟန်ကျွမ်းချွမ်က ပြောလိုက် တယ်။

ချောင်ရှောင်ပိုင်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားကာ မယုံသင်္ကာနဲ့ ပြောလာခဲ့တယ်။

" ဗိုလ်မှုး ခများကဘာကြောင့် ထပ်ပြီး စစ်ဆေးခံရမှာတဲ့လဲ?''

ဟန်ကျွမ်းချွမ် က ပုခုံးတွန့်ပြလိုက်ကာ ထိုအရာတွေကို သူ့ဘာသာသူ သူ့ဆီကိုယူလာမိ​ကြောင်းကိုသာ ပြောနိုင်တော့ လေတယ်။

စစ်တပ် က ဒီတစ်ကြိမ်မှာတော့ ဟန်ကျွမ်းချွမ် ကို စစ်ဆေးမေးမြန်းဖို့ တိုက်ရိုက် မခေါ်ခဲ့ပေမယ့် ဟန်ကျွမ်းချွမ်ကတော့ ထိုလူကြီးတွေရဲ့ သံသယတွေကို ဖြေရှင်းဖို့ရာ စစ်ဆေးရေးခန်းထဲကို ကိုယ့်ဘာသာကိုယ် သွားလိုက်ပါတော့တယ်။ ဒီတစ်ခါ စစ်ဆေးတဲ့သူကတော့ ကိုလိုနယ်မားကတ်စ် မဟုတ်တော့ပါပေ။

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဒုတိယ ဗိုလ်ချူပ်ကြီး အစ်ရှဟက သူ့အင်္ကျီ လက်မှ ရွှေကြယ်သီးတွေကို ပွတ်နေခဲ့တယ်။ မျက်နှာပေါ်မှာလည်း စစ်ဦးထုတ်ရဲ့ အရိပ်က တစ်ဝက်လောက်ကို နေရာယူထားပြီးတော့ ဟန်ကျွမ်းချွမ်ကို ကစားလိုတဲ့အပြုံးမျိုးနဲ့ ပြုံးကာကြည့်နေလေတယ်။

" စကားပြောကြစို့ အသေးစိတ်ပြောရင် ပိုတောင်ကောင်း သေးတယ်။ဒါဆိုရင် အနာဂတ်မှာဒီကို လာတဲ့ ဒုက္ခလျော့သွားတာပေါ့လေ''

ဟန်ကျွမ်းချွမ်က ဒုတိယ ဗိုလ်ချုပ် ကြီး အစ်ရှ်ဟကို သူ့မျက်လုံးတွေ ပင့်ကာကြည့်လိုက်တယ်။ ဒီဒုတိယ ဗိုလ်ချုပ် ကြီးက သူ့အပေါ်မှာ ဆိုးဝါးတဲ့ထင်မြင်ချက်တွေ ပေးနေလေတယ်။ ပြန်လည်မမွေးဖွား ခင်အချိန်တုံးက ထိုလူကို စစ်တပ်မိတ်ဆုံစားပွဲမှာ တစ်ကြိမ်လောက် တွေ့ဖို့ ဟန်ကျွမ်းချွမ် တစ်ယောက် အခွင့်အရေးရခဲ့ပေမယ့် အဝေးမှနေပြီး လူအုပ်ကြီး ထဲကနေ တစ်ယောက် ကိုတစ်ယောက် ဖျက်ခနဲသာမြင်လိုက်ကြ ရပြီးတော့ စကားပြောဖို့အခွင့်အရေးတော့ မရခဲ့ပါပေ။

သူမမျှော်လင့်တာက ဒီဘဝမှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး အစ်ရှ်ဟနဲ့ တွေ့ဆုံရမယ်ဆိုတာ ကိုပါပဲ။

အဲ့အကြောင်း ကိုတွေးကြည့်တော့ သူ့မှာ ဘာမှတော့ပြောစရာမရှိခဲ့ပါပေ။ ဟန်ကျွမ်းချွမ် ဟာ ဒီမတော်တဆမှု တစ်ခုလုံးမှာ အန်းမူပါဝင်တဲ့အကြောင်းကို လျစ်လျူ ရှုထားလိုက်ပါတယ်။ သူစိတ်ပူတာကတော့ စစ်တပ်ဟာ လောင်ရှင်းဟုန်ရဲ့ အသွင်အပြင်ကို သေသေချာချာ နားလည်သဘောမပေါက်မှာကိုပဲ ဖြစ်လေတယ်။ ဒါကြောင့်မို့ သူက စာရွက်နဲ့ဖောင်တိန်ကို အထူးသီးသန့်တောင်းဆို လိုက်ကာ လောင်ဟီတုန်ရဲ့ပုံအသေးစိတ်ကို နေရာမှာတင်ချဆွဲလိုက်လေတယ်။

" ဒီပုံကို ကော်ပီကူးပြီးတော့ အင်ပါယာထဲက လူတွေရဲ့အသွင်အပြင်တွေနဲ့ တိုက်ပြီးစစ်ဆေးကြည့်ပါ။ တကယ်လို့အဲ့လူကို ခများတွေ့ရင် ချက်ချင်း ဖမ်းဆီးသင့်ပါတယ်။ ပြီးတော့ လိုအပ်လာရင်နေရာမှာတင် ပစ်သတ်လိုက်သင့်ပါတယ်''

ဟန်ကျွမ်းချွမ်က လောင်ဟီတုန် ရဲ့ စွမ်းအား ကို အတော်လေးကောင်းမွန်စွာ နားလည်ပါတယ် ။ ဒါကြောင့်မို့ သူ့ကို ဖမ်းချင်ရင်တော့ ပေးဆပ်ရမယ့်တန်ဖိုး တစ်ခုရှိတယ်ဆိုတာကို ဟန်ကျွမ်းချွမ် နားလည်တယ်။

"  ပြီးတော့ ခများအနေနဲ့ သူ့ရဲ့ပုံတူတွေကို တစ်ခြားဂြိုဟ်တွေဆီကို ဆက်သွယ်ပြီးတော့ တစ်ခြားဘုရင်တွေနဲ့ သမ္မတတွေဆီကို ပို့နိုင်တယ်....''

ဟန်ကျွမ်းချွမ် တစ်ယောက် စကားကိုပြီးအောင်တောင် မပြောရသေးပါဘူး ။ မျက်နှာကြီးမဲမှောင်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အစ်ရှဟရဲ့ ရိုင်းပြစွာနှောင့်ယှက် ခြင်းကိုခံလိုက်ရပါတော့တယ်။

" ဗိုလ်မှူး ဟန်ကျွမ်းချွမ် က ကျုပ်ကို ဘာလုပ်ပါ ညာလုပ်ပါဆိုပြီး လာသင်ပေးနေတာလား''

အင်ပါယာတစ်ခုလုံးရဲ့ စစ်ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တဲ့ ဟန်ကျွမ်းချွမ်တစ်ယောက် နင်သွားလေတယ်။ သူက အသေးစိတ်ကအစ သေချာအမိန့်ပေး တက်တာက အကျင့်တစ်ခုဖြစ်နေခဲ့လေတယ်။ ဒါကြောင့်မို့ သူဟာအခုအချိန်မှာ ဗိုလ်မှူးလေး တစ်ယောက် ပဲဆိုတာကို မေ့သွားတာပဲ ဖြစ်လေတယ်။

" မလုပ်ရဲပါဘူး ။ ခများရဲ့ ဆုံးဖြတ်ချက် အတိုင်း ပါပဲ''

ဟန်ကျွမ်းချွမ်က ပြောလိုက် တယ်။

" ဗိုလ်မှူး ဟန်ကျွမ်းချွမ်  မင်းသွားလို့ရပြီ''

ဒုတိယ ဗိုလ်ချုပ်ကြီး အစ်ရှ်ဟ ကပြောပြီးတာနဲ့ ပေါ့ပေါ့ပါးပါး ထရပ်လိုက်ကာ ဟန်ကျွမ်းချွမ် ရဲ့အရှေ့မှာပိတ်ရပ်လိုက်တယ်။

သူ့ရှေ့က ထွက်သွားတဲ့ အစ်ရှ်ဟကိုကြည့်ပြီးတော့ ဟန်ကျွမ်းချွမ် မျက်မှောင်ကြုတ် မိသွားတယ် ။ ဒီဒုတိယ ဗိုလ်ချုပ်ကြီး ကိုကြည့်ရတာ အတော်လေးကို မူမမှန်ဟန်ပဲ။

အခုမှ အစောပိုင်း ပဲရှိသေးတာကြောင့် ဟန်ကျွမ်းချွမ်လည်း ကိုလိုနယ်မားကတ်စ်ဆီကို သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ကိုလိုနယ်မားကတ်စ်က လောင်ဟီတုန် နဲ့တိုက်ရိုက် မတိုက်ခိုက် ခဲ့ရတာကြောင့် သူ့လိုမျိူးစစ်ဆေးရေးခန်းထဲကို ဝင်စရာမလိုခဲ့ပါပေ။

ရုံးခန်းထဲမှာတော့ ကိုလိုနယ် စာအပြန်အလှန်ပို့နေခဲ့ ပြီးတော့ ဟန်ကျွမ်းချွမ် ဝင်လာတာကိုလည်း တွေ့ရော သူ့ဆီကို ပုံတစ်ခုကို ပို့ပေးလိုက်တယ် ။ ထိုဟာက ပရော်ဖက်ဆာ ပေါ်လန်နဲ့ အန်းမူပါဝင်တဲ့ ဓာတ်ပုံလေးပဲဖြစ်တယ်။

အိုမီဂါလေးတွေဟာ ပန်းခင်းထဲမှာရှိနေပြီးတော့ ရှက်နေတဲ့အမူအရာလေးနဲ့အတူ ပြုံးကာ ကင်မရာကိုကြည့်နေခဲ့လေတယ်။ ရွှေရောင်လိုမျိူး နေရောင်ခြည်က အန်းမူရဲ့မျက်နှာပေါ်ကို ဖြာကျနေတာကြောင့် အရာရာတိုင်းက လှပနေတယ်လို့ ဟန်ကျွမ်းချွမ်မြင်မိတယ်။

" ပေါ်လန်မှာ မင်းရဲ့ ဆက်သွယ်ရေးနံပါတ် မရှိဘူး လေ။ ဒီတော့ငါ့ဆီကို အရင်ပို့ပေးပြီးတော့ မင်းဆီကို ငါကနေတစ်ဆင့် ပြန်ပို့ခိုင်းတာပဲကွ''

ကိုလိုနယ် မားကတ်စ်က သူ့အိုမီဂါ ခိုင်းတာကို ဆောင်ရွက်ပြီးသွားတဲ့အခါ မှာတော့ သူတို့တွေဆွေးနွေးမယ့် အကြောင်းက စစ်တပ်ဘက်ကို ပြန်လှည့် သွားလေတယ်။

" စစ်ဆေးရေးလုပ်ကောင်တွေက ဘာပြဿနာမှမရှာတာကို မင်းကအိမ်မှာ ကောင်းကောင်းနားမနေပဲနဲ့ စစ်တပ်အထက်ပိုင်းလူကြီးတွေနဲ့ ဘာလို့သွားတွေ့ရတာလဲ''

" ချောင်ရှောင်ပိုင် က ကျွန်တော်ကို ခေါ်ခဲ့တယ်လေ။ ဒါ​ကြောင့် တစ်ခါတည်း စစ်ဆေးရေးအခန်းထဲကို သွားခဲ့တာ''

ဟန်ကျွမ်းချွမ်က ခုံကိုဆွဲထုတ်ကာ ထိုင်လိုက်ပြီးတော့ ကိုလိုနယ်မားကတ်စ်ကို ကြည့်လိုက် တယ်။ ကိုလိုနယ်မားကတ်စ်က သူ့ကိုပြန်ကြည့်နေတာကို တွေ့လိုက်ရ တဲ့အခါ စိတ်ထဲမှာ အနည်းငယ် ရှုပ်ထွေးသွားတယ်။

" ခများက ကျွန်တော့်ကို ဘာလို့ဒီလိုကြီး လာကြည့်နေရတာလဲ''

" ငါစကားပြောတဲ့အချိန်မှာ ငါ့လက်အောက်ငယ်သားကို သတိထားပြီး စကားပြောနေရတယ်လို့ ခံစားရရင် ငါ့အထက်လူကြီးဆီတိုင်ကြားခွင့် များရှိသလားလို့လေ''

ဟန်ကျွမ်းချွမ်ရဲ့ ပြောပုံဆိုပုံတွေကို ကြည့်ပြီးတော့ သူ့ဘဝတစ်လျောက်လုံးမှာ မပူပန်ဘူးခဲ့တဲ့ ကိုလိုနယ်ခမျာ သူ့တပည့်ကို တစ်ခြားသူက ဆွဲစိသွားမှာကို တိတ်တိတ်လေး စိုးရိမ်နေရလေတယ်။ ပြောရရင် ဟန်ကျွမ်းချွမ် က ငယ်သေးတယ်လေ။ ပြီးတော့ မကောင်းတဲ့အရာတစ်စုံ တစ်ခုဖြစ်လာရင် မသင်ပြပေးတဲ့သူ့အမှားကြောင့်ပဲ ဖြစ်လိမ့်မယ် ။

" တိုင်လို့ရတယ်လို့တော့ ကျွန်တော်ထင်တယ်။ ''

ဟန်ကျွမ်းချွမ်က ပြောလိုက် တယ်။

ကိုလိုနယ်က သူ့ပါးစပ် ကို ပိတ်ကာ ဆုံးဖြတ်ချက် တစ်ခု ကို ပြတ်ပြတ်သားသား ချလိုက် တယ်။ တကယ်လို့နောက်တစ်ကြိမ် ဟန်ကျွမ်းချွမ်ကို မေးခွန်းတွေမေးတဲ့အခါ အခုလိုမျိုး တိုက်ရိုက်မမေးတော့ဘူးလို့ပေါ့။

( ဆရာတောင် ဆလံသသွားခဲ့ပြီပဲ)

" အလုပ်ဆင်းရင် သွားသောက် ကြမလားဗျ''

" ဟင့်အင်း ငါသွားလို့မရဘူး။ ပေါ်လန်ကိုလာကြိုပြီးတော့ ဂျပန်စားသောက်ဆိုင်မှာ ကျွေးမယ်လို့ ငါကတိပေးထားတယ်ကွ''

ကိုလိုနယ်က ဆက်ပြောတယ် ။

" အိုး ဒါနဲ့ ငါ ပေါ်လန်ကို သွားကြိုရင် အဲ့မှာအန်းမူလည်း ရှိနေမှာပဲ မင်းရောမလိုက်လာတော့ဘူးလား''

" ........ ''

___________

ပရော်ဖက်ဆာ ပေါ်လန်က အန်းမူ ကို လမ်းတစ်ဖက်ဆီ ဆွဲခေါ်လာတာကြောင့် အန်းမူက အရှက်သည်းစွာပြောလိုက်တယ်။

" ပရော်ဖက်ဆာရယ် ကိုလိုနယ်က လာကြိုမှာမဟုတ်လား ဒါကြောင့်မို့ ကျွန်တော် ဘာသာ အငှားကားတားဆီး ပြီးတော့ပြန်လိုက်ပါ့မယ်''

" မရဘူး။ မင်းတစ်ယောက် ထဲပြန်ဖို့ကို ငါခွင့်မပြုနိုင်ဘူး''

ပေါ်လန်တစ်​​ယောက် ဒီလို လိမ်မာယဥ်ကျေး တဲ့ကလေးကို တကယ်ကြီး သဘောကျတယ် ။ ပြီးတော့ ဒီနေ့ပြောခဲ့တဲ့စကားဝိုင်းကို ပြန်တွေးကြည့်ရင် ထိုကလေးက သူပို့ပေးခဲ့တဲ့ စာအုပ်တွေကို လေးလေးနက်နက် ဖက်ထားတယ်ဆိုတာကို သူသိလေတယ်။

ထိုအကြောင်း ကြောင့်ပဲ အန်းမူအပေါ်ထားတဲ့ ပရော်ဖက်ဆာပေါ်လန်ရဲ့ ချစ်ခင်နှစ်သက်မှုဟာ ပိုပြီးတော့ တိုးသွား ခဲ့ပါတယ် ။ ပရော်ဖက်ဆာ ပေါ်လန် က ခေါ်တယ်ဆိုရင်တောင်မှပဲ အန်းမူရဲ့ စိတ်ထဲမှာမလွယ်ကူဘူးလို့ ခံစားရတယ် ။ ဘာလို့တုံးဆိုတော့ ကိုလိုနယ် က သူ့အယ်ဖာရဲ့ အထက်လူကြီးဖြစ်နေလို့လေ။

ထိုနေရာကို ကားတစ်စီးထက်ပိုပြီး ရောက်လာခဲ့တယ်။ ရင်းနှီးနေတဲ့ကားလိုင်စင် နံပါတ်ပြားကို မြင်လိုက်ရ တဲ့အခါမှာ တော့ အန်းမူရဲ့မျက်လုံးလေးတွေက ပြူးကျယ်သွားလေတယ်။ ဟန်ကျွမ်းချွမ် က ကားထဲကနေထွက်မလာခင်အထိ တိုင်အောင် အန်းမူတစ်ယောက် သူ့အယ်ဖာက သူ့ကိုလာကြိုတယ်ဆိုတာကို မယုံနိုင်သေးပါပေ။

" ပရော်ဖက်ဆာပေါ်လန် ''

ဟန်ကျွမ်းချွမ်က နှုတ်ဆက်လိုက် တယ်။

ပရော်ဖက်ဆာ ပေါ်လန်က လည်းသူ့ကိုပြန်နောက် လိုက်တယ် ။

" မားကတ်စ်က မင်းဆီကို အန်းမူရဲ့ပုံလေး ပို့ပေးတယ် ဟုတ်''

" ဟုတ်ကဲ့ ။ အဲ့တာက သိပ်လှပါတယ်''

ဟန်ကျွမ်းချွမ် ဘေးနားမှာရပ်ကာ သူတို့ဘာသာ အမေးအဖြေလုပ်နေကြတာကို နားထောင်နေတဲ့ အန်းမူခမျာ ဘာတွေပြောနေကြသလဲ ဆိုတာကိုနားမလည်တော့ပါပေ။

သူထင်တာက ပရော်ဖက်ဆာပေါ်လန် ဟာ သူ့ကိုဒီအတိုင်းသာ ဓာတ်ပုံ လေးရိုက်ပေးခဲ့တာလို့ပေါ့။ အဲ့ပုံကို တကယ်ကြီးဗိုလ်မှူးဆီ ပို့ပေးမယ် လို့မထင်ထားခဲ့ဘူးလေ။

" ကားထဲကိုဝင် သွားစားကြစို့''

ကိုလိုနယ်က ကားပြတင်းပေါက် ကို နိမ့်ကာ ပရော်ဖက်ဆာ ပေါ်လန်ဆီကို နူးနူးညံ့ညံ့လေး ပြုံးပြလိုက်တယ်။

ပရော်ဖက်ဆာပေါ်လန်က လည်း တက်ကြွစွာနဲ့ လောဘကြီးဟန်ဆောင်လိုက်ကာ ပြောလိုက် တယ်။

" အများကြီး အတူတူသွားစားကြစို့''

( ပေါ်လန်တို့အတွဲကို တကယ်အားကျတယ်)

..............

Продовжити читання

Вам також сподобається

5.3M 714K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
599K 43.1K 44
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
18.5K 1.7K 17
လူကြိုက်များတဲ့ကြက်ကြော်ကလေးကျန်းရှီးမင်အား စားသောက်ခြင်း BL Harem ပါနော် 1 by 5 or maybe 6 🤭 Author -shut paann start -23,12,2023 end-
58.7K 10.4K 11
လူသားတစ်ယောက်နှင့် သရဲလေးတစ်ကောင်၏ အကြောင်း။ ​ရှေးခေတ် တရုတ်ပြည်နောက်ခံနဲ့ ဘာသာပြန် ဝတ္ထုတိုလေးပါ။ အရှုပ်အထွေးသိပ်မရှိဘဲ ပေါ့ပေါ့ပါးပါးလေး စိတ်ချမ်း...