Wild Rose(complete)

By LahPhan_85

2.3M 201K 29.3K

"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" ... More

Intro
part1(Unicode)
part1(Zawgyi)
part 2(Unicode)
part2(zawgyi)
part3(Unicode)
part3(Zawgyi)
part4(Unicode)
part4(Zawgyi)
part5(Unicode)
part5(Zawgyi)
part6(Unicode)
part6(Zawgyi)
part7(Unicode)
part7(Zawgyi)
part8(Unicode)
part8(Zawgyi)
part9(Unicode)
part9(Zawgyi)
part10(Unicode)
part10(Zawgyi)
part11(Unicode)
part11(Zawgyi)
part12(Unicode)
part12(Zawgyi)
part13(Unicode)
part13(Zawgyi)
part14(Unicode)
part14(Zawgyi)
part15(Unicode)
part15(zawgyi)
part16(Unicode)
part16(Zawgyi)
part17(Unicode)
part17(Zawgyi)
part18(Unicode)
part18(Zawgyi)
part19(Unicode)
part19(zawgyi)
part20(Unicode)
part20(Zawgyi)
part21(Unicode)
part21(Zawgyi)
part22(Unicode)
part22(Zawgyi)
part23(Unicode)
Part23(Zawgyi)
part24(Unicode)
Part24(Zawgyi)
part25(Unicode)
Part25(Zawgyi)
part26(Unicode)
part27(Unicode)
part27(Zawgyi)
part28(Unicode)
part28(Zawgyi)
part29(Unicode)
part29(Zawgyi)
part30(Unicode)
part30(Zawgyi)
part31(Unicode)
part31(zawgyi)
part32(Unicode)
part32(zawgyi)
part33(Unicode)
part33(zawgyi)
part34(unicode)
part34(zawgyi)
part35(Unicode)
part35(Zawgyi)
part36(Unicode)
Part36(Zawgyi)
Part37(Unicode)
Part37(Zawgyi)
Part38(Unicode)
Part38(Zawgyi)
Part39(Unicode)
Part39(Zawgyi)
Part40(Unicode)
Part40(Zawgyi)
part41(Unicode)
part41(Zawgyi)
part42(Unicode)
part42(Zawgyi)
part43(Unicode)
Part43(Zawgyi)
part44(Unicode)
Part44(Zawgyi)
Part 45(Unicode)
Part45(Zawgyi)
Part 46(Unicode)
Part46(Zawgyi)
❤🌹
part 47(Unicode)
part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Final(unicode)
Final(zawgyi)
Extra
Extra(Zawgyi)
Announce📍📍📍

part26(Zawgyi)

9K 410 8
By LahPhan_85

တစ်ညလုံး အိပ်ရေးပျက်ထားရတာမို့ ကုတင်ပေါ်ကျောချလိုက်တာနှင့် ဟန်မဆောင်နိုင်ပဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွား၏။ပြန်နိုး‌‌လာတော့ မနက်အတော်လင်းနေပြီဖြစ်သည်။သူ့ဘေးနေရာကတော့ လစ်လပ်နေကာ ဆိုင်းလော့ဒ်ရှိမနေချေ။ကိုယ့်ဘေးက လူတစ်ယောက်လုံး ထထွက်သွားတာကို မသိလိုက်သည့်အထိ သူနှစ်နှစ်ခြိုက်အိပ်‌ပျော်နေခဲ့၏။ဆေးရုံကုတင်ပေါ် ကိုယ့်အိမ်ကိုယ့်ယာနှယ် သတိလက်လွတ် အိပ်‌ပျော်သွားမိတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း သူ လှဲနေရာမှ ကမန်းကတမ်း ကုန်းထမိ၏။ကိုယ်ပေါ်ရှိ လွှာထားသော စောင်အားဖယ်ထုတ်ပြီးမှ....

"ဆိုင်းလော့ဒ် ဆိုင်းလော့ဒ်...."

‌သန့်စင်ခန်းများ ဝင်နေတာလားဟု သူအသံပြုမိပေမဲ့ အထဲမှတုံ့ပြန် မလာချေ။သန့်စင်ခန်းတံခါးအား အသာတွန်းဖွင့်ကြည့်တော့လည်း အထဲ၌ ဘယ်သူမှမရှိ‌ချေ။

"ဘယ်များ‌ထွက်သွားတာလဲ..."

သူ သန့်စင်ခန်းရှေ့ ယောင်နနဖြင့်ရပ်ကာ ဆိုင်းလော့ဒ် ဘယ်ကိုများ ထွက်သွားလိုက်တာလဲလို့ တွေးနေမိဆဲ အခန်းတံခါးက ချပ်ကနဲ ပွင့်လာလေသည်။လက်ထဲမှာလည်း အထုပ်တချို့ဖြင့် ဆိုင်းလော့ဒ်က ဆေးရုံခန်းထဲသို့ ပြန်ဝင်လာ၏။

"နိုးပြီလား...."

ခေါင်းနှင့်လက်မှာ ပတ်တီးအဖွေးသားဖြင့် ညတုန်းက သတိမေ့သွားတဲ့လူလို့တောင် ထင်ရက်စရာမရှိပဲ လူကလန်းဆန်းနေလေသည်။ခေါင်းမှာ ဒဏ်ရာကြီးနဲ့ကို လူနာက လူနာလိုမနေပဲ လမ်းသလားနေရတယ်လို့။ဒီကောင်လေးကတာ့ ပေတေလိုက်တာ။သူ စိတ်ထဲကနေ အလိုမကျစွာ တွေးနေရင်းဖြင့်...

"ဘယ်တွေလျှောက်သွားနေတာလဲ ခေါင်းမှာ ဒဏ်ရာကြီးနဲ့ကို နားနားနေနေမနေပဲနဲ့ မူးမေ့လဲနေမှ...."

သူပြောတော့ ဆိုင်းလော့ဒ်က အခန်းထဲသို့ ဝင်လာရင်းဖြင့် စားပွဲပေါ်သို့ လက်ထဲမှ အထုပ်တချို့အား တင်လိုက်လေသည်။

"ဒီဒဏ်ရာလောက်က ဘာဖြစ်မှာလဲ...."

သူ့ထုံးစံအတိုင်း မျက်ခုံးတွေတွန့်၍ မှုန်ကုပ်ကုပ်ပြောကာ ဆေးလိပ်အား နှုတ်ခမ်းနားတေ့လိုက်တာမို့ သူ ဆိုင်းလော့ဒ်၏နံဘေးသို့ တိုးကပ်သွားရပြီး ဆေးလိပ်အားဆွဲယူလိုက်ရခြင်းသို့ရောက်သည်။ဆိုင်းလော့ဒ်က ဘာလဲဆိုသော သဘောဖြင့် မျက်ခုံးတွန့်ကြည့်လာလေသည်။

"ဆေးရုံမှာလေ...."

သူခပ်ကျိတ်ကျိတ်ပြောတော့မှ တစ်ဖက်သို့လှည့်ထွက်ရင်းဖြင့်....

"အဲ့ဒါမို့ ညထဲကပြန်မယ် ပြောတာကို ဘာမှလည်းမဟုတ်ပဲနဲ့...."

သူ့ဖာသာ‌ပဲပြောနေသလိုလို ကိုယ့်ကိုပဲ ပြောနေသလိုလိုဖြင့် ပွစိပွစိဖြင့် ပြောနေလေသည်။

"ဘာမှမဟုတ်စရာလား မင်း သတိတောင်မေ့သွားတယ် မဟုတ်ဘူးလား..."

သူပြောတော့ ဆိုင်းလော့ဒ်က ခုံတန်းပေါ်ကျောမှီ ထိုင်ချပြီးမှ....

"စကားတွေများမနေနဲ့ မျက်နှာသစ်ပြီးရင် ပြန်မယ် အဲ့မှာ အင်္ကျီဝယ်ခဲ့ပေးတယ် မြန်မြန်လဲလိုက်...."

ဆိုင်းလော့ဒ်က စားပွဲပေါ်မှ အထုပ်အားမေးဆတ်ရင်းပြောသည်။ဒဏ်ရာကြီးနဲ့ မနေနိုင်မထိုင်နိုင် အောက်အထိဆင်းပြီး အင်္ကျီသွားဝယ်တာတဲ့လား။သတိရလာတော့လည်း တန်းမေးတာ ဒီအင်္ကျီကိစ္စ။bathrobeနဲ့ အောက်ကဘောင်းဘီရှည် ဝတ်ထားတဲ့ သူပုံစံကဘယ်နေရာများ အနုတ်စုတ်ဂုတ်စုတ်ဖြစ်နေလို့ ဒီအင်္ကျီကိုပဲ ခလုတ်လာတိုက်နေရသလဲ မသိတော့ချေ။

ရှင်းခန့်တွေးရင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မတက် ဖြစ်သွားရပြီးမှ....

"ဒီအင်္ကျီကိစ္စပဲ ဘာလို့ရေးကြီးခွင်ကျယ် လာလုပ်နေရတာလဲ ကိုယ့်ပုံစံက တော်တော်လေး ကြည့်ရဆိုးနေလို့လား..."

ရှင်းခန့်​ပြောတော့ ဆိုင်းလော့ဒ်က ခါးစည်းကြိုးပြေကျနေ၍ အတိုင်းသားမြင်နေရပါသော ရင်ဘတ်ဖြူဖြူလေးများဆီသို့ အကြည့်တို့ဝေ့တက်လာပြီးမှ....

"မဆိုးဘူးထင်လည်း မလဲသွားနဲ့ပေါ့...."

"....."

ဒဲ့တိုးဆန်။မနူးညံ့။ကြမ်းတမ်း။စိတ်မရှည် စသည့် စသည့်ဖြင့် ရမ်ဆိုင်းလော့ဒ်ဆိုတဲ့လူဆီမှာ အတိတ်ကံကောင်း၍ ရုပ်လေးချောနေတာကလွဲပြီး ကျန်တာဘာတစ်ခုမှ မက်လောက်စရာမရှိပေ။ဘာဖြစ်ဖြစ် သူတို့တွေဟာ ရင်းနှီးသင့်သလောက် ရင်းနှီးနေကြပြီပဲ။သူ့ကို နည်းနည်းလောက် ပျော့ပျော့ပြောင်းပြောင်းလေး ဆက်ဆံသင့်တယ်မဟုတ်ဘူးလား။အကျင့်စရိုက်က ဒီအတိုင်းပဲမို့ဆိုရင်တောင်မှ သူ့ကိုတော့ နည်းနည်းလေး ပြောင်းလဲပေးသင့်တယ် မဟုတ်လား။သူ မကျေမလည်တွေးရင်းဖြင့်...

"အမြင်မတော်ရအောင် ညဝတ်အင်္ကျီပဲလေ ဘာဖြစ်နေလို့လဲ..."

ရှင်းခန့်က ကန့်လန့်တိုက်ချင်သလို လေသံဖြင့် အထွန့်တက်တော့ ဆိုင်းလော့ဒ်၏ မျက်ခုံးတန်းတို့ ပို၍တွေ့ကွေးသွားရကာဖြင့် ခပ်စိုက်စိုက် ကြည့်လာပြီးမှ....

"မလဲနဲ့တော့...."

ခပ်ပြတ်ပြတ်ပြော၍ စားပွဲပေါ်မှ အင်္ကျီထုပ်အားဆွဲယူကာ နေရာမှထရပ်၏။ပြီးတော့ အခန်းထောင့်ရှိ အမှိုက်ပုံးအားခြေနင်းဖွင့်၍ အထုပ်ကိုပစ်ထည့်လိုက်တာကြောင့် သူ့မျက်လုံးပြူးသွားရကာ အနားသို့ချက်ချင်းရောက်သွားရသည်။

"ဘာလုပ်တာလဲ အင်္ကျီအကောင်းကြီးကို..."

သူပြောရင်းဖြင့် အားပါသွားကာ လက်မောင်းကိုပါ ဖြန်းကနဲ ရိုက်မိသည့်အထိ။ဆိုင်းလော့ဒ်က ခပ်စောင်းစောင်း ပြန်ကြည့်လာပြီး...

"ကောင်းတော့ ဘာဖြစ်လဲ ခင်ဗျားမဝတ်ဘူးမှတ်လား ကျုပ်အင်္ကျီ ကျုပ်ဘာလုပ်လုပ်ပေါ့..."

ဆိုင်းလော့ဒ်က ဘုတောတောပြီး စိတ်ဆိုးကြောင်းပြသည်။တကယ်ဆို ဘာမှလည်း စိတ်တိုစိတ်ဆတ်နေစရာ အကြောင်းမရှိပဲနဲ့။ဆေးရုံခန်းမို့လို့ တစ်နေ့တစ်ခါလဲလှယ်ထားသော အမှိုက်ပုံးစွပ်သည့်အိတ်က သန့်ရှင်းနေသေးသည်။သူ အမှိုက်ပုံးထဲသို့ တချက်လည်ပင်းရှည်ကြည့်ပြီးမှ အထုပ်အား ပြန်ကောက်လိုက်ပြီး....

"ဘာမှလည်း စိတ်တိုစရာမပါပဲနဲ့ လူကရှည်သလောက် စိတ်ကမရှည်ဘူး နေရာတကာစိတ်ချည်းပဲ...."

မျက်ခုံတန်းလေးတွေ တွန့်၍ နှုတ်ခမ်လေးအား လုံးချွန်ကာဖြင့် ခပ်တိုးတိုးပြောနေပါသော ရှင်းခန့်၏ပုံစံက မကျေမနပ်ဖြစ်နေတာတောင်မှ စိတ်ဆိုးနေတာနှင့်လည်း မတူချေ။မရင်းနှီးကြတုန်းကတော့ အေးတိအေးစက်ဖြင့် အထက်စီးဆန်ဆန်။အခုတော့ဒီလူက ပိုရင်းနှီးလာလေ ပိုပြီးကလေးဆန်လာလေဖြစ်နေသည်။ရှင်းခန့်မောင်ဟာ သူ့အတွက်တော့ တစ်ခါတစ်ရံမှာ လက်သည်းချွန်တွေကို ဝှက်ထားပြီး ခေါင်းဝှေ့ချွဲတက်တဲ့ ကြောင်ပေါက်လေးလိုမျိုး။တစ်ခါတစ်ရံမှာလည်း လက်သည်းချွန်တြွေဖင့် ကုတ်ဆွဲထိုးဆိတ်ကာ ရန်စတက်တဲ့ ကြောင်ဖြူရိုင်းလေးလိုမျိုး။

မကျေမနပ်ဖြင့် အနည်းငယ်စူထော်နေသော နှုတ်ခမ်းလေးနှင့် အောက်နှုတ်ခမ်းထောင့်နားက မှဲ့နက်လေးအား ခပ်စိုက်စိုက်ကြည့်နေမိရင်း သူ့စိတ်တွေ ရုတ်တရက်ထွေးပြား ကုန်ရသည်။ကိုယ်တိုင်တောင် သတိမထားမိလိုက်ပဲ ရှင်းခန့်၏ လည်တိုင်လေးအား ဆွဲယူမိပြီး နှုတ်ခမ်းလွှာလေးအား ဖိကပ်နမ်းရှိုက်ကာဖြင့် ရုတ်တရက်ထိုးစစ်ဆင်မိသည်။ရုတ်တရက်မို့ ရှင်းခန့်သည်လည်း အံ့သြမှင်သက်စွာဖြင့် ငြိမ်သက်နေလေသည်။ဆိုင်းလော့ဒ်က နှုတ်ခမ်းလေးအား အသံမြည်အောင် တချက်နမ်းပြီးမှ ပြန်ဖယ်ခွာသည်။သို့သော် ရီဝေသောမျက်ဝန်း အကြည့်တို့ဖြင့် သူ့အား ကျောက်ရုပ်ဖြစ်အောင် ညှို့ထားဆဲဖြစ်သည်။ပြီးတော့ မျက်နှာက ထပ်မံငုံ့ကျလာပြန်ကာ အပေါ်နှုတ်ခမ်းလွှာလေးနှင့် အောက်နှုတ်ခမ်းလွှာလေးအား ခပ်ဖိဖိစုပ်ယူနမ်းရှိုက်နေတာ တရှိုက်မက်မက်ဖြင့်။

နူးညံ့မှုလေးများထဲ လူကမျောလွင့်လိုက်ပါလုနီးပါး။ဂျယ်လီတုံးလေးတွေကို စုပ်ယူအရသာခံနေရသလိုမျိုး အိထွေးနေတဲ့ နှုတ်ခမ်းလေးတွေဟာ အခုမှပဲ အရသာပိုရှိနေသလိုမျိုး။သူ အသားငမ်းငမ်းဖြင့် ရှိုက်နမ်းနေမိတာ နှုတ်ခမ်းနှစ်ခုကြား ကြားလေသွေးလို့တောင် မရတော့ချေ။

ရုတ်တရက်မထင်မှတ်ပဲ အလစ်အငိုက်ဖမ်းခံလိုက်ရတာမို့ ရှင်းခန့် အသက်ရှုမဝဖြစ်လာတော့မှ ဆိုင်းလော့ဒ်၏ ရင်ဘတ်အား အနည်းငယ်တွန်းမိတော့သည်။ထိုအခါမှလည်း ဆိုင်းလော့ဒ်လည်း သတိဝင်လာကာ နှုတ်ခမ်းလေးအား လွတ်မြောက်ခွင့်ကိုပေးသည်။သတိလွတ်ကာ ထြွေပားသွားရသော ကိုယ့်ကိုယ်ကိုယ်လည်း မကျေမနပ်ဖြစ်သွားရသည်။ရှင်းခန့်ကတော့ သူ့ရှေ့မှာ မျက်နှာနီနီလေးဖြင့် ရှိနေလေသည်။အခုလေးပဲ ရမ်းကားခြင်းကို ခံလိုက်ရတဲ့နှုတ်ခမ်းလေးတွေကလည်း အနည်းငယ်ထူအမ်းစိုအိနေလေသည်။နှုတ်ခမ်းလေးတွေကို ကြည့်နေရင်း သူ့ရင်တွေတလှပ်လှပ် ဖြစ်လာရတာက တဏှာရာဂစိတ်သက်သက်ဖြင့် မဟုတ်ချေ။

"သွားတိုက်လိုက်အုံး..."

ပါးစပ်မှ ဘာပြောလို့ပြောမိလိုက်မှန်း မသိပါပဲ ပြောပြီးတာနှင့် အရင်ဉီးအောင် နေရာမှချာကနဲလှည့်ထွက်မိသည်။အခန်းအပြင် ပြေးထွက်ခဲ့ရင်း ရင်ဘတ်ထဲမှ တဒုန်းဒုန်းဖြင့် ဆူညံသံများအား ပြန်ကြားနေရတာမို့ သူ့စိတ်တွေ ခြောက်ခြားလာရသည်။ဒီလူ့ကို မထိတွေ့ဖူးတာလည်း မဟုတ်ပဲနဲ့ ဘာလို့များ သတိလက်လွတ်ဖြစ်သွားရတာလဲ။အခု သူ့စိတ်ဆန္ဒတွေ ထန်နေတာလည်းမဟုတ်ပါပဲ အနမ်းသန့်သန့်လေးဖြင့် ရင်ခုန်လှုပ်ရှားချင်နေတာဖြစ်သည်။လူပျိုဖော်ဝင်စတုန်းကလိုမျိုး ရင်ခုန်သံတွေဟာ အရိုင်းဆန်စွာ ခုန်ပေါက်နေသည်။ထိုအချင်းအရာကို သတိပြုမိရင်း သူရူးသွပ်ချင်လာရတော့လေသည်။

ဆိုင်းလော့ဒ် လှည့်ထွက်သွားတာနှင့် သူလည်း နေရာမှာချာကနဲ လှည့်​ထွက်ခဲ့မိတာ သန့်စင်ခန်းထဲသို့ ရောက်သည့်အထိပင်။တံခါးကိုကျောမှီထားရင်းဖြင့် ရင်တွေတဒိုင်းဒိုင်း ခုန်လှုပ်နေတာကို တည်ငြိမ်အောင် ထိန်းချုပ်နေရသည်။ပါးပြင်တစ်ခုလုံးလည်း ပူထူပြီးရှက်သွေးဖြာနေမိတာ ဆယ်ကျော်သက်အရွယ် ရည်းစားထားကာစ လူပျိုရိုင်းလေးအတိုင်း။သူတို့နှစ်ယောက်ဟာ ဒီထက်မက နက်ရှိုင်းစွာထိတွေ့ ပတ်သတ်ခဲ့ဖူးသည်ဆိုသော်ငြားလည်း သွေးသားဆန္ဒကိုသာ ရှေ့တန်းတင်ခဲ့ကြတာမဟုတ်လား။သွေးသားတောင်းဆိုမှုများကိုသာ ဖြည့်တင်းရင်းသာယာမှုရှာခဲ့ကြတာမျိုး။အခုလိုမျိုး ရင်တခုန်ခုန်ဖြင့် ကြည်နူးလှိုက်ဖြာခဲ့ရတာမျိုးတော့ မရှိခဲ့ချေ။ဆိုင်းလော့ဒ်ဆီမှ ဒီလိုမျိုး ရမ္မက်မပါတဲ့ အနမ်းသန့်သန့်ကိုတော့ မရရှိခဲ့ဖူးချေ။

!ထိုသို့တွေးမိတော့ ရင်ဘတ်ထဲမှ တအုံနွေးနွေးရင်ခုန်သံတွေဟာ ပျားရည်အိုးထဲ ပြုတ်ကျသွားရသလို ချိုမြလာရတော့လေသည်!

                 -----

"အင်းကြီးက အကျယ်ကြီးပဲနော်...."

"ဟုတ်တယ် ဟိုဖက်ကမ်းမှာ ရွာတွေအများကြီးရှိတာတဲ့..."

ရှင်းခန့်အား ပြောပြနေရင်းဖြင့် တံတားပေါ်၌ ခြေလှမ်းတို့အား တရွေ့ရွေ့လှမ်းနေမိသည်။နှစ်ယောက်သား တောင်သမန်အင်းသို့ လာဖို့လည်းအစီအစဉ်မရှိကြပါ။ဒီအတိုင်း ရှင်းခန့်က မြို့ထဲမှာ ဆိုင်ကယ်လိုက်စီးချင်သည်ဟု ဆိုတာကြောင့် ကိုမျိုးမင်းဆီမှ ဆိုင်ကယ်ငှားပြီးထွက်ခဲ့ကြတာဖြစ်သည်။လမ်းမပေါ်ရောက်မှ အချိန်ကလည်း ညနေစောင်းနေပြီမို့ တောင်သမာန်အင်းထဲ နေဝင်ဆည်းဆာသွားကြည့်ဖို့ စိတ်ကူးရတာဖြစ်လေသည်။ပိတ်ရက်မဟုတ်ပဲ ကြားရက်ဖြစ်နေတာကြောင့် အရမ်းကြီးလူများမနေပေ။မိုးတွင်းကာလမို့ အင်းထဲမှာရေအပြည့် ဖြစ်နေသည်။နေကလုံးဝကို ကျသွားပြီဖြစ်ကာ လှိုင်းကြက်ခွပ်လေးများ ပြေးနေသော အင်းရေပြင်ကျယ်ကြီးအား ပုစွန်ဆီရောင်ကောင်းကင်ကြီး အုံ့မိုးထားပုံက ရှုးမငြီးသည့် ပန်းချီကားတချပ်နှယ်။

"မင်း အရင်ကရောက်ဖူးတာလား.."

"အင်း အိမ်ထောင်ကျခါစက ရောက်ဖူးတာ..."

"သြော်..."

စကားတွေပြောနေရင်းဖြင့် တံတားအလယ်နား မရောက်တရောက်မှာ ရှင်းခန့်က ခြေလှမ်းအားရပ်လိုက်လေသည်။ပြီးတော့ တိုင်လုံးကြီးပေါ် လက်တင်၍ အင်းရေပြင်အား ဖြတ်တိုက်လာပါသော လေနုအေးအား မျက်စိမှိတ် ခံစားနေလေသည်။ထုံးစံအတိုင်း အဖြူရောင်ပြောင်ဝမ်းဆက်ဖြင့် ဆံပင်တွေတလွင့်လွင့် ဖြစ်နေပုံက သက်ရှိအရုပ်လေးချထားသည့်အလားပင်။အကျည်းတန်တောင် လှသည့် ဒီလိုအချိန်မျိုးဟာ ရှင်းခန့်မောင်လိုမျိုး ပြီးပြည့်စုံသည့် အလှတရားအတွက်တော့ ဆိုဖွယ်ရာမရှိတော့ချေ။တောင်သမာန်ရဲ့ ညနေဆည်းဆာဟာ ဒီသက်ရှိအရုပ်လေးကြောင့် ပိုပြီးရုပ်လုံးကြွသွားသလိုပင်။သူ သတိလက်လွတ် ငေးနေမိပြီးမှ ဖုန်းအားထုတ်ကာ ဖြတ်ကနဲရိုက်လိုက်တော့ ရှင်းခန့်က လှည့်ကြည့်လာလေသည်။ပြုံးယောင်ယောင် မျက်နှာထားကြည်ကြည်လေးဖြင့် မျက်ခုံးလေးပင့်လာပြီး...

"ဘာလုပ်တာလဲ..."

လှမ်းမေးလာတော့ သူ ဘာပြန်ဖြေရမှန်းမသိ။ကိုယ်တိုင်လည်း ဘာလို့ ဓာတ်ပုံလှမ်းရိုက်မိလိုက်မှန်း မသိချေ။တကယ်ဆို တစ်ခါမှာ ဘဝမှာဓာတ်ပုံရိုက်ရတာကို ဝါသနာပါခဲ့သည်သူမျိုးလည်းမဟုတ်။

"အဟမ်း!"

ဘာပြန်ပြောရမှန်း မသိပဲ လည်ချောင်းတချက်ရှင်းပြီးမှ...

"လျှောက်လည်တာပဲ ဓာတ်ပုံလေးဘာလေး ရိုက်ရမှာပေါ့..."

ဆိုင်း​လော့ဒ် ရုပ်တည်ကြီးဖြင့် ပြောလိုက်တော့ ရှင်းခန့်က ပြုံးစစ မျက်နှာထားလေးဖြင့် ဘာမြှပန်မပြောတော့ပဲ တဖက်သို့ ပြန်လှည့်သွားလေသည်။ခဏကြာတော့ ဆိုင်းလော့ဒ် ရပ်နေပါသော ခုံတန်းလေးအနီးသို့ လျှောက်လာပြီး ထိုင်ချလေသည်။ပြီးတော့ သူ့ဘေးနေရာအား လက်ဖြင့်ပုတ်ပြပြီး...

"ဒီမှာ လာထိုင်..."

လာထိုင်ဆိုတော့လည်း ဆိုင်းလော့ဒ်က ဘာမြှပန်မပြောပဲ လာထိုင်၏။ဆိုင်းလော့ဒ် သူ့ဘေးဝင်ထိုင်ပြီးတော့မှ ရှင်းခန့်က ဖုန်းအားဆွဲထုတ်ကာ ဆယ်ဖီလ်ရိုက်ဖို့ ပြင်လေသည်။

"လာ ဒီနားတိုး...."

ရှင်းခန့်က ပြောတော့ ဆိုင်းလော့ဒ် တွန့်သွားရပြီး....

"ဟာ ကိုယ့်ဖာသာရိုက်ပါ...."

"နှစ်ယောက်အတူလာတာ နှစ်ယောက်လုံးရိုက်ရမှာပေါ့ လာစမ်းပါ..."

ရှင်းခန့်က ပြောပြောဆိုဆိုဖြင့် လက်မောင်းအားဆွဲလာတာမို့ ဆိုင်းလော့ဒ် ငြင်းမနေတော့ပဲ အလိုက်သင့်လိုက်ပါပေးရပြန်သည်။

"မင်း ပြုံးပြုံးလေးနေလေ.."

ကင်မရာကိုချိန်နေရင်း ပြောလာတာမို့ ခပ်တည်တည်ဖြစ်နေသော မျက်နှာကြောကို လျှော့ချရပြန်သည်။ကင်မရာထဲ တဖျတ်ဖျတ်ပါသွားသမျှ ဆိုင်းလော့ဒ်၏ အပြုံးကြီးတွေက တောင့်တောင့်တင်းတင်းကြီးသာ ဖြစ်နေသည်။သို့သော် မြင်တက်မည် ဆိုလျှင်တော့ မျက်ဝန်းတွေက သက်ဝင်လှုပ်ရှားနေတာကို သတိပြုမိနိုင်လေသည်။နှစ်ယောက်သာ ခုံတန်းလေး၌ ကျောမှီထိုင်နေရင်း လေညှင်းခံ၍ အမောဖြေနေလိုက်ကြသည်။

"တံတားကလည်း အရှည်ကြီးပဲ.."

တံတားအဆုံးဖက်သို့ မျှော်ကြည့်ရင်း ရှင်းခန့်က ပြောလာတာမို့ သူငဲ့ကြည့်မိတော့ နှာခေါင်းထိပ်ဖျားမှာ ချွေးစလေးတွေ စို့နေတာကို သတိပြုမိလိုက်သည်။နုနုနယ်နယ် ရွှေမင်းသားမို့ လေးဆယ့်ငါးမိနစ်စာခန့် လမ်းလျှောက်ရမည့်အဖြစ်ကို မောပန်းနေပြီထင်သည်။

"မောနေပြီလား မလျှောက်နိုင်ရင် ဆက်မသွားနဲ့တော့လေ ခဏထိုင်ပြီး ဒီကနေပဲ ပြန်ကြတာပေါ့...."

သူပြောတော့ ရှင်းခန့်က လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး...

"သွားမယ်လေ လာမှတော့ တံတားအဆုံးထိသွားကြတာပေါ့...."

"အင်း အဲ့ဒါဆိုလည်း သွားလေ ကျွန်တော်လည်း တံတားအလယ်အထိပဲ ရောက်ဖူးတာ ကျွန်တော်တို့လာတုန်းက တံတားတစ်ဝက်ကနေ မလျှောက်နိုင်လို့ လှည့်ပြန်ခဲ့ကြတာ..."

"သြော်...."

ရှင်းခန့်က အာမေဋိတ်သံ တိုးတိုးလေးသာ ရေရွတ်ပြီးတိတ်သွားတာမို့ ဆိုင်းလော့ဒ် နေရာမှာ ထရပ်လိုက်လေသည်။

"အမောပြေပြီဆိုလည်း ဆက်လျှောက်မယ် ထ..."

"အင်း..."

နှစ်ယောက်သား စကားထပ်မဆိုကြတော့ပဲ တိတ်တဆိတ်ပဲ ဘေးချင်းယှဉ်လျှောက်ဖြစ်ခဲ့ကြသည်။ညနေကစောင်းသည်ထက်စောင်းကာ မှောင်ရိပ်သမ်းလာပြီဖြစ်သည်။တံတားပေါ်မှာ လူလည်းအတော်လေး ရှင်းသွားပြီး သူ့လိုကိုယ့်လို တစ်ယောက်စနှစ်ယောက်စသာ ကျန်တော့သည်။ဘေးနားကနေ တလှုပ်လှုပ်လိုက်ပါနေပါသော ရှင်းခန့်အား ခဏခဏ ငဲ့ကြည့်နေမိပေမဲ့ ရှင်းခန့်ကတော့ ရေပြင်ကျယ်ကြီးကိုသာ ခပ်ငေးငေးကြည့်နေရင်း လိုက်ပါလာ၏။နှစ်ယောက်သား ယှဉ်လျှက်လျှောက်နေကြရင်း ပူနွေးသော လက်ဖဝါးတို့ မတော်တဆ ထိခတ်မိတော့ မျက်ဝန်းအကြည့်တို့ ဆုံမိကြပြန်သည်။ထုံးစံအတိုင်းပဲ အဲ့ဒီအကြည်ရောင်မျက်ဝန်းတွေကို အကြည့်လွှဲမိပေမဲ့ ဒီတစ်ခါတော့ ဘာရယ်ကြောင့်မှန်း မသိပါပဲ နူးညံ့သော လက်ဖဝါးနွေးနွေးအား ထွေးဆုပ်မိလေသည်။

ရုတ်တရက် လှမ်းဆုပ်ကိုင်လာပါသော ကြမ်းရှသည့်လက်ဖဝါး၏ အထိအတွေ့ကြောင့် ရှင်းခန့်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရ၏။ဘာလို့များ ဆိုင်းလော့ဒ်ရဲ့ အပြူအမူတိုင်းဟာ အနည်းငယ်နူးညံ့နွေးထွေးလာတယ်လို့ ခံစားနေရမှန်းမသိတော့ချေ။ထိုသို့တွေးမိတော့ နှုတ်ခမ်းလွှာတို့ ပြုံးယောင်သမ်းသွားရသည်။ပြီးတော့ ထွေးဆုပ်ထားတာကို မရုန်းဖယ်မိပဲ ထိုလက်တို့၏ ခေါ်ဆောင်ရာအတိုင်း လိုက်ပါမိလေတော့သည်။တံတားဆုံးသည့်အထိ လက်ချင်းချိတ် လျှောက်လာခဲ့ရင်း ခြေလှမ်းတို့ကို ရပ်တန့်လိုက်သော်လည်း တွဲလက်တို့ကိုတော့ မဖြုတ်မိချေ။တစ်ယောက်ကလည်း မရုန်းဖယ်သလို တစ်ယောက်ကလည်း လွှတ်ပေးလိုက်ဖို့ကို သတိမရတော့။ 

"ဆိုင်းလော့ဒ်..."

"အင်း...."

ရှင်းခန့် ခေါ်တော့ ဆိုင်းလော့ဒ်က လှည့်မကြည့်ပဲ ထူးလာ၏။

"တောင်သမန်မှာ ဆိုရိုးစကားတစ်ခုရှိတယ် သိလား..."

"ဟင်အင်း..."

"ကိုယ်ကြားဖူးတာတော့ ချစ်သူတွေဟာ ဒီတံတားအဆုံးထိ အတူလျှောက်နိုင်ရင် ဘဝခရီးကိုလည်း အဆုံးအထိအတူတူလျှောက်နိုင်လိမ့်မယ်တဲ့...."

ရှင်းခန့်၏စကားကြောင့် မှောင်ရိပ်သမ်းနေပါသော အင်းရေပြင်အား ငေးနေရာမှ ဆိုင်းလော့ဒ်က တဖြည်းဖြည်းစောင်းငဲ့ကြည့်၍လာ၏။ရှင်းခန့်ကလည်း ခပ်ငေးငေးကြည့်နေတာမို့ မျက်ဝန်းအကြည့်ချင်း ဆုံမိကြပြန်လေသည်။

"မင်း ယုံလား...."

ရှင်းခန့်က ထပ်မေးပေမဲ့ သူပြန်မဖြေနိုင်။အားနည်းနေသော အလင်းဖျော့ဖျော့ကြားမှ မြင်နေရသည် အကြည်ရောင်မျက်ဝန်းတို့ဖြင့် မျက်နှာနုနုလေးကိုသာ သူခပ်ငေးငေး ကြည့်နေမိသည်။စပါးကြီး မြွေတစ်ကောင်၏ ညှို့ချက်မိထားသည့်သူလိုမျိုး သူ့မျက်ဝန်းအကြည့်တို့ကို တချက်မှ မရွေ့နိုင်ပေ။တစ်ယောက်ရဲ့ မျက်ဝန်းနက်တွေထဲ တစ်ယောက်ကို ရှာဖွေရင်း မျက်နှာနှစ်ခုဟာ တဖြည်းဖြည်းချင်း နီးကပ်စွာ ငုံ့ကျလို့လာ၏။နှုတ်ခမ်းလွှာတို့ နှစ်ကိုယ်တူကြည်ဖြူစွာ ထပ်တူကျသည့်အချိန်မှာတော့ တောင်သမန်လေညှင်းလေးက ရှက်သွေးဖြာစွာ ခပ်ကြမ်းကြမ်းဝှေ့ခတ်လေသည်။

တံတားပေါ်မှာ လူနှစ်ဉီးကတော့ တောင်သမန်ညအလှကိုလည်း သတိမရတော့သလိုမျိုး နှစ်ယောက်တည်သော ကိုယ်ကမ္ဘာပိုင်ထဲ အနမ်းတို့ကို မမောနိုင်မပမ်းနိုင် ပုံဖော်နေကြလေတော့သည်။သူတို့၏ ကမ္ဘာမှာ သူတို့သာ ရှိနေကြတော့သလိုမျိုး။

                 -----

"လိုက်တာက လိုက်လို့ရတယ် ဟိုရောက်ရင် ခင်ဗျားကြောင်နေမှာပဲ စိုးတာ.."

"ကြောင်ရအောင် ကိုယ်က ကလေးမှမဟုတ်တာ...."

ရှင်းခန့်က ရှပ်အင်္ကျီကြယ်စေ့အား တပ်နေရင်းဖြင့် ပြောသည်။ဘာလိုလိုဖြင့် ရှင်းခန့် မန္တလေးရောက်နေတာ တစ်ပတ်လောက်ရှိပြီ။သူလည်း အလုပ်ပြီးပြီမို့ အတူတူပဲရန်ကုန်ပြန်ကြမည်ဟု ပြောထားကြတာဖြစ်သည်။အခုလည်း သူ ဧည့်သည်နှင့် ချိန်းထားတာကို ဇွတ်လိုက်တွေ့မယ် တကဲကဲဖြစ်နေတာ ဖြစ်လေသည်။

"ဘာလို့ သူ့အိမ်မှာ သွားတွေ့ရမှာလဲ အပြင်ဆိုင်မှာ ချိန်းပြီးရောကို..."

"သြော် အလုပ်ကိစ္စပါဆို..."

ဆိုင်း​လော့ဒ်ပြောတော့ ရှင်းခန့်၏ စိတ်ဝင်တစား မျက်လုံးလေးတွေ ဝင့်တက်လာပြီး...

"အလုပ်ကို ဘယ်နှခုတောင် လုပ်နေတာလဲ ကမ္ဘာပေါ်မှာ မင်းမလုပ်တဲ့ အလုပ်ရောရှိသေးရဲ့လား..."

သူပြောတော့ ဆိုင်းလော့ဒ်က ဖိနပ်ကိုငုံ့စီးနေရင်းဖြင့်...

"ခင်ဗျားလို သူဌေးမှမဟုတ်တာ အဲ့လောက်လုပ်နေတာတောင်မှ အကြွေးပတ်ချာလည် ဝိုင်းပြီး အလျဉ်မမှီဘူး.."

ဆိုင်းလော့ဒ်၏ စကားကြောင့် သူ့စိတ်ထဲ တမျိုးလေးဖြစ်သွားရပြီးမှ...

"ကိုယ် မင်းကို အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှမပြောဘူးနော် မင်း အဲ့ဒါကို ဝန်ပိနေစရာမလိုဘူး..."

"အင်း...ခင်ဗျားမပြောလည်း ခေါင်းထဲထည့်ထားရမဲ့ ကိစ္စပဲလေ ကျွန်တော် ဘာလုပ်သင့်လဲ ကျွန်တော်သိပါတယ်..."

ငွေရေးကြေးရေးနှင့် ပတ်သတ်လာလျှင် ဆိုင်းလော့ဒ်ဟာ ဘယ်လောက်အထိ မာနကြီးသလဲဆိုတာ သူ အသိဆုံးမို့ ဘာမှထပ်မပြောမိတော့ချေ။ဒီပိုက်ဆံကို လျှော်ပေးမယ်ဆိုရင်တောင်မှ ဆိုင်းလော့ဒ်လိုမျိုးဟာ ဘယ်တော့မှ လက်ခံမည့်သူမဟုတ်။သူ့တစ်ဘဝလုံးရင်း၍ ကြေအောင်ဆပ်ပေလိမ့်မည်။

"အဲ့ဒါ ထားပါ အခုက ဘာလုပ်နေတာလဲ ပြောပြ.."

စကားလမ်းကြောင်း လွှဲသလိုမျိုး စပ်စပ်စုစုမေးလိုက်တော့ ဆိုင်းလော့ဒ် ရယ်ဟဟဖြင့် ကြည့်လာပြီးမှ....

"ဘာလို့ပြောပြရမှာလဲ..."

"ဘာလို့မပြောပြနိုင်တာလဲ..."

ရှင်းခန့်က ဂျစ်တူးတူး မျက်ဝန်းလေးများဖြင့် စက္ကန့်မဆိုင်းမေးခွန်းထုတ်၏။ထိုမျက်နှာပေးဖြင့် ပုံစံလေးကြောင့် သူ့ရင်ထဲ ယားကျိကျိဖြစ်သွားရပြီးမှ....

"ကျွန်တော် အဖေရဲ့ တပည့်တစ်ယောက်ဆီမှာ..."

"အင်း ဘာလုပ်တာလဲ..."

"ကျောက်လုပ်ငန်းပါပဲ... သူကအလုပ်ကိစ္စမှားသွားလို့ အထဲမှာအောင်းလိုက်ရတာလေ အခုမှ အထဲကပြန်ထွက်လာပြီး အလုပ်တြွေပန်စနေတာလေ အဲ့ဒါ အဆက်သွယ် ပြန်ရလို့..."

ဆိုင်းလော့ဒ်၏ စကားကြောင့် ရှင်းခန့်၏ မျက်ခုံးတို့ တွန့်ကုတ်သွားရပြီး...

"ထောင်ထဲက ထွက်လာတာလား..."

"အင်း လွတ်ငြိမ်းနဲ့ ပါလာတာ..."

"...."

"သွားမယ် နောက်ကျနေပြီ မြန်မြန်လာ..."

ဆိုင်းလော့ဒ် အပြင်ထွက်သွားသည့်အထိ သူ့ခြေလှမ်းတို့ကို နေရာမှာ မရွေ့နိုင်သေးပေ။ကျောက်လုပ်ငန်းကို ဘယ်လိုမှားယွင်းပြီးလုပ်တာမို့ ထောင်ကျရတာလဲ။

!ဒီကောင်လေး ဘယ်လိုလူနဲ့ ဘာတွေများလျှောက်လုပ်နေတာလဲ...!

သူ အတွေးများစွာဖြင့် နေရာ၌သာ မလှုပ်မယှက် ရပ်နေမိလေတော့သည်။

                  -----

AN.rvလေးတွေ တစ်ခုနှစ်ခုတွေ့ရပါတယ်။ဈေးဗန်းလေးဝိုင်းခင်းတာ ကျေးဇူးပါနော်။ဈေးဗန်းလေးတွေ တွေ့တော့ ရေးရတာ ဒီစာရေးသူက တအားလက်သွက်နေပါရော။







Continue Reading

You'll Also Like

995K 64K 81
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်...
89K 7.6K 21
ချစ်မိလေတော့.... ရူးခဲ့ပြီ....။ အသာဖွဖွ ခူးဆွတ်ခဲ့တာ မင်း ကြွေစေချင်တာ မဟုတ်.... တစ်ဘဝစာအတွက်... မြတ်နိုးစွာ... နမ်းရှိုက်ချင်လို့....။ ချစ်မိလေတော့...
5.2M 710K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
169K 4.5K 64
ပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020