ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...

By OpalHawthorn28

547K 78.1K 5.6K

ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ More

Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.1)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH (57)
CH 58
Ch 59
CH 60
CH 61
CH 62
CH 63
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 71
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 77
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83

CH. 56

4K 540 64
By OpalHawthorn28


........ဒီနေ့အတွက် update ကတော့ ကျယ်မကို ဘယ်တော့မှ ပြန်မကြိုက်သော crush ကြီးအတွက်ပါ....မွေးနေ့မှာပျော်ရွှင်ပါစေ Crushရေ.......အယ်မက ကျားကိုက်မှာကြောက်လို့ ပြန်မချစ်ပေမယ့် ကျယ်မကတော့ လင်ရသွားသည့်တိုင် အချစ်မပျက်ပါဘူးရှင်....💃💃💃💃 FB မှာဆေးထိုးလို့မရလို့ WP မှာ ဆေးလာထိုးတာ  😁😁😁😁......

ရှဲ့ဟယ်တစ်ယောက် ချင်နန်းတော်ထဲမှာထိုင်နေတယ်.... သူက စစ်တုရင်ခုံတစ်ခုံကို ထုတ်လိုက်ပြီး အဖြူနဲ့ အနက် စစ်တုရင်ရုပ်တွေကို လက်တစ်ဖက်ဆီမှာ ကိုင်ထားပြီး တစ်ယောက်တည်း စစ်တုရင် ကစားနေတယ်.....ရှဲ့ဟယ် အေးဆေးသက်သာစွာတည်ငြိမ်နေပြီး စစ်တုရင်ကစားပွဲဆီအာရုံရောက်နေပေမယ့် ဘေးနားက အစောင့်တွေကတော့ ရှဲ့ဟယ်ထက်တောင် ပိုပြီး စ်တ်လှုပ်ရှားနေကြတယ်......

[444: Host တာ့တာ့ရေ ချူရှင်းက ဒီလောက်ထိ သတ်မယ် ဖြတ်မယ် ကြိမ်းဝါးထားတာတောင် နည်းနည်းမှစိတ်မပူဘူးလား...]

[ရှဲ့ဟယ်: ဘေဘီရေ....မင်းကတော့အခုထိ လူသားတွေရဲ့ စိတ်ကို နားမလည်သေးပါလားကွာ....]

[444: ဟမ်? ???]

[ ရှဲ့ဟယ်: တစ်စုံတစ်ယောက်ကို တူးတူးခါးခါး မုန်းလာပြီဆို အဲ့လူ နာကျင်နေတာ နောင်တရနေတာမျိုးကိုပဲ မြင်ချင်ကြတော့တယ်....ဒီလူ ငါ့ကို ကြောက်အောင် ခြောက်နေတာ....ငါသာ မကြောက်ရင် ဒီခြိမ်းခြောက်မှုက ဘာမှ အဓိပ္ပါယ်မရှိဘူး...သူ ငါ့ကို  သတ်လိုက်လို့လဲ ထူးပြီး ပျော်မနေဘူး...]

[444:. .......]

[ ရှဲ့ဟယ်:  လတ်တလောမှာ ချူရှင်းက ချန်ချုန်းကို ဆင့်ခေါ်ပြီး ညှိနှိုင်းဖို့ ပြင်ဆင်နေတယ်.....အခုချိန်မှာ စီရင်ချက်ချဖို့ သိပ်စော လွန်းနေတယ်....အခုကိစ္စက ရုတ်တရက်ဖြစ်သွားတာမို့ သိတဲ့လူ သိပ်မရှိဘူး...အခု သူတို့ရဲ့လုပ်ရပ်က ငါ့ကို ခွင့်လွှတ်ပေးနေတယ်လို့ ထင်ရပေမယ့် အတိတ်တုန်းကတော့ ဒီလို ဘယ်ဟုတ်လိမ့်မလဲ.....ငါ့နေရာကို အစားထိုးဖို့ ဘယ်လွယ်လိမ့်မလဲ...ငါ့ကို သတ်ဖို့လွယ်ပေမယ့် ငါသေရင် ပုလ္လင်ပေါ် ဘယ်သူထိုင်မှာလဲ.....ဟားးး လူဆိုတဲ့အမျိုးက သိပ်ကိုလောဘကြီးကြတယ်ကွ.... နှိမ့်ချပြီး နေရကောင်းမှန်း မသိကြဘူး....ချူရှင်းလို လူစားမျိုးက သူတစ်ပါးကြိုးဆွဲရာလိုက်ကမယ့်လူစားမျိုးမှမဟုတ်တာ....အခုချိန်မှာ ငါသေသွားတာထက် အသက်ရှင်နေတာက ပိုအသုံးဝင်တယ်ကွ.......သတင်းပေါက်ကြားတာတွေကို ထိန်းချုပ်ဖို့တဖြည်းဖြည်းချင်းစီစဉ်ကြပြီး ငါ့ဘာသာငါ သေကြောင်းကြံသွားမယ့် အချိန်ကို စောင့်နေကြလိမ့်မယ်...ဟုတ်တယ်...အခုချိန်မှာ သူ့လက်ထဲမှာ စစ်တပ်ရဲ့အာဏာရှိနေတဲ့အတွက်သူ့ရဲ့ ဂုဏ်သိက္ခာကိုမထောက်တော့ဘဲ ငါ့ကို သတ်ရင်လဲ သတ်ပစ်လောက်မယ်....အခုချိန်မှာ ငါလုပ်သင့်တာ​က ငါ့ကို မသတ်ဘဲထားတာပိုကောင်းကြောင်း သိအောင် လုပ်ပေးရမယ်...ဒါ့အပြင် ငါ​​သေသွားရုံနဲ့တင် သူ့ရဲ့ ဒေါသတွေ မပြေနိုင်လောက်မှန်း သိအောင်လဲ လုပ်ပေးရမယ်....]

[ ရှဲ့ဟယ်:  ငါသာ သေရမှာကြောက်လို့ ဒူးထောက်ပြီး အသနားခံမယ်ဆို သူငါ့ကို သတ်ပစ်လောက်ပြီ....ငါက သေရမှာမကြောက်တဲ့ပုံစံမျိုးပြလိုက်တော့ သူ့ခင်မျာ အသက်မရှုနိုင်လောက်အောင် ဒေါသပုန်ထနေပြီကွ....]

[444:. .......]

[ ရှဲ့ဟယ်: ဒါ့ကြောင့်ပြောတာပေါ့ ဒီလူနဲ့ အပေးအယူလုပ်ဖို့ သိပ်လွယ်တာပဲလို့.....မသေချင်သေးရင် သေချင်ယောင်ဆောင်ရမယ်.....ညှင်းပန်းနှိပ်ဆက်ခံရမှာ ကြောက်ရင် စွကြောတင်းပြရမယ်.....ငါမလိုချင်တဲ့အရာတွေပဲ ငါ့ကိုပေးအောင် ဟန်ဆောင်ပြရမယ်....လူသားတိုင်းမှာ ပုန်ကန်ချင်စိတ်လေးတွေ ရှိတယ်ကွ.....😀]

[444: အိုးးးး သူတို့ရောက်လာကြပြီ....]

[ရှဲ့ဟယ်...ဘေဘီရေ...ငါ့ကို မနာကျင်အောင် အကာကွယ်လုပ်ပေးထားပါဉီး...]

အခန်းတံခါးပွင့်လာပေမယ့်လဲ ရှဲ့ဟယ်က တစ်ချက်လေးမှ လှည့်မကြည့်ဘဲ လက်ထဲက စစ်တုရင်ရုပ်လေးကို စစ်တုရင်ခုံပေါ် နေရာချလိုက်တယ်.....

အခန်းထဲကို ဝင်လာတဲ့ ချန်ချုန်က ရှဲ့ဟယ်ကို မြင်တာနဲ့ မျက်သားတွေ နီရဲလာတယ်....သူ့ညီလေးကို သတိရလာတယ်....ငယ်ငယ်ကတည်း ကျန်းမာရေးချူချာသူ ဒီကလေးကို မိသားစုတစ်ခုလုံးက ရတနာတပါးသဖွယ်ဖူးဖူးမှုတ် အလိုလိုက် ချစ်ခင်ပေးခဲ့ကြတယ်လေ......စစ်ပွဲကနေ အသက်လုပြီး ပြည်တော်ပြန်လာချိန်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ညီငယ်လေးရဲ့ အလောင်းကိုသာတွေ့မြင်ခဲ့ရတယ်....သနားစရာကောင်းတဲ့ဒီကလေးလေး မသေခင်မှာ ဘယ်လောင်တောင် နာကျင်ခဲ့သလဲ......

ဒီယုတ်ညံ့တဲ့ဘုရင်ကြောင့်ပေါ့....ဒီယုတ်ညံတဲ့ဘုရင်ကြောင့်........

ချန်ချုန် စစ်တုရင်ခုံကို ဆွဲမှောက်ပစ်လိုက်တာကြောင့် စစ်တုရင်နယ်ရုပ်တွေ ကြမ်းပြင်ပေါ်ပြန့်ကြဲကုန်တယ်......

နဂိုကတည်းမှ ဒေါသပုန်ထနေသူ ချန်ချုန်က လက်တစ်ဖက်တည်းနဲ့ ရှဲ့ဟယ်ရဲ့လည်မျိုကို ဖမ်းဆုပ်လိုက်ပြီး အမုန်းတရားပြည့်လွှမ်းနေသာလေသံနဲ့........

"မင်းအတွက် ဒီလိုနေ့မျိုးရောက်လာမယ်မှန်း ဘယ်တုန်းကမှမထင်ခဲ့မိဘူးမလား..ယုတ်ညံ့တဲ့ဘုရင်....."

ရှဲ့ဟယ်ကလည်း မထီမဲ့မြင် အကြည့်တစ်ချက် အပြုံးတစ်ပွင့်နဲ့ ......

"မင်းငါ့ကို သတ်ချင်နေရင် သတ်ပစ်လိုက်...အပိုစကားတွေ လျှောက်ပြောမနေစမ်းနဲ့......"

ရှဲ့ဟယ်ရဲ့ လည်မျိုကို ဖမ်းဆုပ်ထားတဲ့ ချန်ချုန်ရဲ့ လက်တွေတင်းကြပ်လာတာကြောင့် ရှဲ့ဟယ် နာကျင်လွန်းလို့ မျက်နှာတစ်ခုလုံးနီရဲနေပြီ.....သို့ပေမယ့်လဲ မျက်ဝန်းတွေထဲမှာ မည့်သည့်အကြောက်တရား မုန်းတီးမှုတစ်စွန်းတစသော်မျှမတွေ့ရဘဲ ရေပြင်တစ်ခုတာ်ငြိမ်လွန်းနေတယ်....သူဟာ လွတ်မြောက်မယ့်အချိန်ကိုစောင့်မျှော်နေသလိုပါပဲ......

ချန်ချုန်တစ်ယောက် ရှဲ့ဟယ်ရဲ့ အမူအရာကိုသတိပြုလိုက်မိချိန်မှာ ပူလောင်ပြင်းပြနေတဲ့ သူ့ဒေါသတွေကို ရေအေးတစ်ပုံနဲ့လောင်းချခံလိုက်ရသလို ခံစားလိုက်ရတယ်.....ဖော်ပြရခက်ခဲတဲ့ တုန်လှုပ်ခြောက်ခြားမှုနဲ့ လေးလံမှုအချို့ကိုလဲ ခံစားနေရပြန်တယ်.....

ယုတ်ညံ့တဲ့ဒီဘုရင်က ဘာကြောင့်များ သေရမှာ မကြောက်တာလဲ....အသတ်ခံရဖို့များ စောင့်မျှော်နေလေသလား.........

ချန်ချုန်သူ့ရဲ့ အေးစက်နေတဲ့ လက်ချောင်းတွေကို ဖြေလျှော့လိုက်တယ်....သူ့ညီလေးကများစွာသောနာကျင်မှုတွေနဲ့ သေဆုံးခဲ့ရတယ်....ဒီဘုရင်ကို လွယ်လွယ်သတ်ပစ်လိုက်ရင် သိပ်ကို သက်ညှာလွန်းရာရောက်နေမှာပေါ့.........

ချုရှင်းကတော့ ဘေးနားမှာ ငြိမ်သက်စွာ ရပ်ကြည့်နေတယ်........ယုတ်ညံ့တဲ့ဒီဘုရင်ကို သူကိုယ်တိုင် မုန်းတီးနေတာကြောင့် ချန်ချုန်ရဲ့ခံစားချက်တွေကို နားလည်ပေးနိူင်တယ်လေ.......

ဒါ့ကြောင့်လဲ ဒီဘုရင်ကို ချန်ချုန့်ရဲ့လက်ထဲအပ်ခဲ့တာပေါ့.......ချန်ချုန် ဒီဘုရင်ကို သတ်သည်ဖြစ်စေ လွှတ်ပေးလိုက်သည်ဖြစ်စေ ချုရှင်း ချန်ချုန်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားနေမှာပါ.......

ချန်ချုန်က အေးစက်နေတဲ့အကြည့်တွေနဲ့ ရှဲ့ဟယ်ကို ရွံ့ရှာစက်ဆုပ်စရာတစ်ခုသဖွယ် စူးစူးရဲရဲ စိုက်ကြည့်နေရာကနေ အတွေးတစ်ခုရလာတာကြောင့် အေးစက်စွာပြုံးလိုက်ပြီး.....

"အခုနေ မင်းကို သတ်ပစ်လိုက်ရင် သိပ်ကိုလွယ်နေမှာပေါ့.....မင်းက မင်းရဲ့အိမ်မွေးတိရိစ္ဆာန်အထီးလေးတွေနဲ့ ကစားရတာသိပ်ကြိုက်တယ်မလား....သူတို့တွေနာနာကျင်ကျင် ငိုကြွေးနေတာမျို့ကို သိပ်ကြိုက်တယ်မလား....မင်းကြီးရော သူတို့နေရာမှာ ဝင်မကစားချင်ဘူးလား...သိပ်ကိုပျော်စရာကောင်းနေမယ်မဟုတ်လား...."

ရှဲ့ဟယ်ရဲ့ အမူအရာတွေ တမဟုတ်ချင်းအေးခဲသွားလေပြီ.......

ဒီထိတ်လန့်မှုကို ချန်ချုန်ရော ချူရှင်းပါသတိပြုမိလိုက်ကြတယ်.....ချန်ချုန်ရဲ့ဆုံးဖြတ်ချက်တွေ ခိုင်မာလာပြီလေ......

"စိတ်မလောပါနဲ့....ရှောင်ယန် ခံစားခဲ့ရတဲ့အတိုင်း မင်းကို ပြန်ခံစားခိုင်းမှာပါ...."

ရှဲ့ဟယ် ဘယ်လိုမှ သည်းမခံနိုင်တော့တာကြောင့် ခက်ထန်စွာအော်ဟစ်လိုက်လေပြီ.....

" လုပ်ဝံသလား! !!!"

ချန်ချုန်က အလွန်တရာပျော်ရွှင်နေငေါလေသံနဲ့.......

"ဘာကြောင့် မလုပ်ဝံ့ရမှာလဲ? ??"

ဒီဘုရင် နာကျင်နေတာကိုသာ မြင်နေရမယ်ဆို ဘယ်အရာကိုမဆို လုပ်ဝံ့တာပေါ့....

သနားစိတ် တစ်စက်မျှမရှိဘဲ ငြိမ်သက်စွာရပ်ကြည့်နေတဲ့ ချုရှင်းက ရှဲ့ဟယ် ဆဲဆိုနေသံကြားတာနဲ့ ရဲမက်တွေကိုခေါ်ပြီး ရှဲ့ဟယ်ကို ကြမ်းပြင်ပေါ် ဆွဲချခိုင်းလိုက်တယ်......

ရှဲ့ဟယ် မတည်ငြိမ်နိုင်တော့ပေ....အော်ဟစ်ရုန်းကန်ပြီး လွတ်မြောက်ဖို့ကြိုးစားနေရင်းကနေ ချူရှင်းနဲ့ ချန်ချုန်ကို အမုန်းတရားအပြည့်နဲ့ အော်ဟစ်ကြိမ်းမောင်းလိုက်တယ်..

"အနှေးနဲ့ အမြန် ငါကိုယ်တော် မင်းကို သတ်မယ် !!!!!"

ချူရှင်းက အေးစက်နေတဲ့ အပြုံးတစ်ခုနဲ့.....

"မင်းကြီး ကိုယ့်ကိုကိုယ် စိတ်ပူသင့်တယ်နော်...."

ရှဲ့ဟယ်တစ်ယောက် အေးစက်နေတဲ့ ကြမ်းပြင်တစ်ခုပေါ် တွန်းချခံလိုက်ရတယ်....အခန်းထဲကို ဝင်လာကြတဲ့  မိန်းမစိုးနှစ်ယောက်ကလည်း ရှဲ့ဟယ်ကို ကြောက်ရွံထိတ်လန့်စွာနဲ့ ကြည့်နေကြတယ်.....

ချုရှင်းက မိန်းမစိုးနှစ်ယောက်ကို စိတ်ရှည်လက်ရှည်လေသံနဲ့ရှင်းပြနေတယ်.......

"မင်းတို့ကို သူက အိမ်မွေးတိရစ္ဆာန်အထီးလေးတွေကို ဆက်ဆံခဲ့တယ်မလား...အေး..မင်းတို့လဲ သူလုပ်ခဲ့တဲ့အတိုင်း ပြန်လုပ်လိုက်ကြ....ကောင်းကောင်းစွမ်းဆောင်နိုင်မယ်ဆို ငါတို့ မင်းတို့ကို အသက်ချမ်းသာပေးမယ်..."

ဒီခြေနေရောက်နေသည့်တိုင် ကျင်းကျောက်ရဲ့ နိုင်လိုမင်းထက်ရက်စပ်မှုတွေက မိန်းမစိုးနှစ်ယောက်ရဲ့ရင်ထဲမှာ အမြစ်တွယ်နေခဲ့ပြီလေ...ဒါ့ကြောင့် မိန်းမစိုးနှစ်ယောက်ခင်မျာ တုပ်တုပ်မျှမလှုပ်ရဲဘဲ ကြောက်ရွံ့စွာဒူးထောက်နေကြတယ်........

ချူရှင်း သူတို့ကို ဖြောင်းဖျမနေတော့ဘဲ ရဲမက်တွေကို အမိန့်လှမ်းပေးလိုက်တယ်....

"လာကြစမ်း ဒီသစ္စာရှိတဲ့ အစေအပါးနှစ်ယောက်ကို အရင်ပို့ပေးလိုက်ကြစမ်း "

မိန်းမစိုးနှစ်ယောက်ကို ဆွဲခေါ်ဖို့ရဲမက်တွေ ချက်ချင်းရောက်လာပြီး ထိုနေရာမှာတင် ခေါင်းဖြတ်ကွပ်မျက်လိုက်ကြတယ်...ပြီးတာနဲ့ နောက်ထပ်မိန်းမစိုးတွေ ထပ်ရောက်လာပြန်တယ်....ဒီဖြစ်စဉ်က အကြိမ်ရေအတော်များများ ထပ်တလဲလဲဖြစ်ပွားနေတယ်....

နောက်ဆုံးသော မိန်းမစိုးနှစ်ယောက်အလှည့်မှာတော့ ချူရှင်းတောင် ဘာမှမပြောရသေးခင်.....

"ဒီအစေခံ ဆန္ဒရှိပါတယ်...ဒီအစေခံ ခိုင်းတဲ့အတိုင်းလုပ်ဖို့ ဆန္ဒရှိပါတယ်...... "

ချူရှင်းက ထိုလူနှစ်ယောက်ကို ကြည်သာတဲ့မျက်နှာပေးနဲ့ စိုက်ကြည့်လိုက်ပြီး....

" ဒါဆို စတော့....မင်းတို့ဘက်က သူ့ကို နည်းနည်းလောက် သက်ညှာပြလိုက်မယ်ဆို အရင်လူတွေနောက်ကို လိုက်သွားဖို့သာပြင်ထားတော့...."

မိန်းမစိုးနှစ်ယောက်ခင်မျာ သွေးသံတရွှဲရွှဲနဲ့ ခေါင်းပြတ်တွေကို ပြန်မြင်ယောင်လာတာကြောင့် တုန်တုန်ရီရီနဲ့.......

"ဒီအစေခံ အမိန့်ကို မလွန်ဆန်ဝံ့ပါဘူး...."

မိန်းမစိုးနှစ်ယောက်ခင်မျာ အံကြိတ်ကာအားတင်းလိုက်ပြီး ရှဲ့ဟယ်ဘက်ကိုလှည့်ကာ...

"အရှင်မင်းကြီး ကျွန်တော်မျိုးတို့တောင်းပန်ပါတယ်...."

ရှဲ့ဟယ်က အချုပ်ထားတဲ့ကြားကနေ လွတ်အောင်ရုန်းပြီး မ်ိန်းမစိုးတစ်ယောက်ကို ပါးရိုက်ပစ်လိုက်ပြီး အေးစက်နေတဲ့လေသံနဲ့.......

"အမှိုက်လိုကောင်ကများ ရာရာစစ ငါကိုယ်တော့်ကို လက်တင်ဝံ့တယ်ပေါ့...."

မိန်းမစိုးခင်မျာ အရိုက်ထံလိုက်ရတာကြောင့် ကြောင်အသွားပြီး မျက်ဝန်းတွေထဲမှာလဲ အကြောက်တရားတွေ တရိပ်ရိပ် ထွက်ပေါ်လာရှာတယ်.......

ဒါကိုမြင်တော့ ချူရှင်းက တင်းမာခက်ထန်တဲ့လေသံနဲ့........

"မင်းတို့မလုပ်နိုင်ရင် လုပ်နိုင်တဲ့တခြားသူကို ခေါ်လိုက်တော့မယ်...."

ထိုမိန်းမစိုး တုန်လှုပ်ခြောက်ခြားသွားရှာတယ်....ပြီးတာနဲ့ အံကြိတ်ပြီး သတ္တိမွေးကာ ကြိုးတစ်ချောင်းနဲ့ ရှဲ့ဟယ်ရဲ့ လက်တွေကို အတင်းအကြပ်ချည်နှောင်လိုက်ကြတယ်....

ဒီမိန်းမစိုးနှစ်ယောက်က ဟိုအရင်တုန်းကတည်းက ရှဲ့ဟယ်ရဲ့ ကြံရာပါတွေ ဖြစ်ခဲ့တော့ ဒီလို ကြိုးချည်တာမျိုးကို အထူးကျွမ်းကျင်နေကြတယ်...သူတို့လက်ကနေ လွတ်အောင်ပြေးနိုင်သူဆိုတာလဲ ခပ်ရှားရှားရယ်....

တခဏအတွင်းမှာတင် ရှဲ့ဟယ်တစ်ယောက် ကြိုးတုပ်ခံလိုက်ရလေပြီ.....

ရှဲ့ဟယ်ရဲ့ ရှည်လျားတဲ့ ဆံနွယ်တွေက ဖြူဖျော့နေတဲ့ မျက်နှာ့ပြင်ထက်မှာ ဖရိုဖရဲ ကျဆင်းနေတယ်.....အခုချိန်မှာတော့တမျိုးတဖုံ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာလေးမှာ မုန်းတီးမှုတွေ အရှက်ရခြင်းတွေသာ ထင်ဟပ်နေလေတယ်.....

" မင်းမှာ သတ္တိရှိတယ်ဆို ငါကိုယ်တော်ကို သတ်ပစ်လိုက်....မဟုတ်ရင် ငါကိုယ်တော် မောင်မင်းရဲ့ ဆွေစဉ်မျိုးဆက်အကုန်လုံးကို သတ်ပစ်မယ်....မောင်မင်းရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်...လျှာဖြတ်ပစ်မယ်! !!!!!!"

ချူရှင်း ရှဲ့ဟယ်ကို စိုက်ကြည့်နေခဲ့တယ်....ဒီလူက အခုချိန်မှာ အကျဉ်းသားတစ်ယောက်ဖြစ်နေပေမယ့် တစ်ချိန်တခါတုန်းကတော့ လက်လှမ်းမမှီလောက်အောင်မြင့်မားတဲ့ ဧကရာဇ်တစ်ပါးဖြစ်ခဲ့သူပါ.......

ဖြူဖျော့နေတဲ့ အသားအရည်၊ ရှည်လျားလှတဲ့ မဟူရာဆံနွယ်တွေ၊ နီးဆွေးနေတဲ့ နှုတ်ခမ်းပါးတစ်စုံ ၊ ဖြောင့်စင်းနေတဲ့ နှာတံ၊ ဖီးနစ်မျက်ဝန်းသဏ္ဍာန် မျက်ဝန်းတစ်စုံ.........

ချူရှင်း ရုတ်တရက် ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားလိုက်ရပြီ......

တခဏတွင်းမှာ ချူရှင်းရဲ့အမူအရာတွေအေးစက်လာတယ်........

ဒါဟာ စစ်တပ်ထဲမှာ အနေများလို့ မိန်းမသားတွေနဲ့ ဝေးကွာနေတာကြောင့်ဖြစ်ပါလိမ့်မယ်....ဒီဘုရင်ဆိုးရဲ့ ကြည့်ကောင်းလှတဲ့ နှစ်လိုဖွယ်ရုပ်ရည်ကို ဘေးဖယ်ထားလိုက်ရင် သူရင်ခုန်ရခြင်းအတွက် အကြောင်းပြချက် က အထက်ပါအကြောင်းပြချက်တစ်ခုကိုသာ သူ စဉ်းစားနိုင်ခဲ့လေတယ်.....

ရှဲ့ဟယ်ရဲ့ ဒေါသတွေ အရှက်ကွဲမှုတွေကို ကြည့်ပြီး ချန်ချုန်ရဲ့ မျက်ဝန်းတွေထဲမှာ ကြည်နူးမှုတွေ ဖြစ်ပေါ်လာတယ်......ဒီထက်မကကို ဒုက္ခရောက်စေချင်သေးတာကြောင့်....

"စကြတော့လေ...ဘာကိုစောင့်နေကြတာလဲ..."

မိန်းမစိုးနှစ်ယောက် တုန်တုန်ရီရီနဲ့ ဒူးထောက်နေရင်းကနေ.....

"အရှင်မင်းကြီးအတွက် ဘာကို အရင်သုံးရမလဲ မေးလို့ရမလား..."

ရှဲ့ဟယ်ရဲ့ အခန်းထဲမှာ ပစ္စည်း ပစ္စယတွေ အများကြီးရှိတာကြောင့် မိန်းမစိုးနှစ်ယောက်ခင်မျာ သူတို့စိတ်ကြိုက်မပြုမူရဲဘူးဖြစ်နေတယ်........

ချန်ချုန်တစ်ယောက် စိတ်မရှည်တော့ဘူး.....

"ငါက ဘယ်လိုလုပ်သိမှာလဲ....မင်းတို့လုပ်နေကျအတိုင်းလုပ်ကျပေါ့....ဒါကအစလိုက်သင်ပေးနေရမှာလား ????"

" ဟုတ်...ဟုတ်ကဲ့....."

မိန်းမစိုးနှစ်ယောက် ခေါင်းကို ပြုတ်ထွက်တော့မတတ် ငြိမ့်ပြနေရင်းကနေ အခန်းထောင့်ကနေ သေတ္တာတစ်လုံးဆွဲထုတ်လာကြတယ်.....

"ပုံမှန်အတိုင်းဆို ဒါတွေနဲ့အရင်စကြတာပါ...."

ချန်ချုန်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး....

" သုံးလိုက်...."

ထိုအချိန်မှာ  တစ်စုံတစ်ယောက်ကအခန်းတံခါးကို လာခေါက်ပြီး.......

"ယင်းဂေါင်မြို့စားစံအိမ်တော်ကနေ ဟာတစ်စောင်ရောက်လာပါတယ် ချန်လူကြီးမင်း...."

ဒီသတင်းပို့သံကို ကြားတာနဲ့ ချန်ချုန်တစ်ယောက် ရှဲ့ဟယ်ကို ဂရုမစိုက်အားတော့ဘဲ အလျင်အမြန်ထွင်ခွာသွားလေတော့တယ်....

သူနဲ့ ချူရှင်းမြို့တော်ကို ပြန်ရောက်ကတည်းက ကိစ္စမျိုးစုံကို ကိုင်တွယ်ဖြေရှင်းနေရတာကြောင့် အိမ်ကိုတောင် မပြန်ဖြစ်ကြသေးဘူး...ဒါ့အပြင် ဆိုးယုတ်တဲ့ဘုရင်ရဲ့အကြံအစည်တွေကိုလဲ ထိပ်တိုက်ရင်ဆိုင်နေရသေးတယ်လေ....အခုတော့ အိမ်ကနေ စာလွှာပါးလာလေပြီ.....အရေးကြီးတဲ့ အကြောင်းအရာပဲဖြစ်ရမယ်....ဒီလိုမှ မဟုတ်ရင် ဒီလို အရေးတကြီးသူ့ကို လာရှာမှာမဟုတ်လောက်ဘူး....

အခန်းပြင်ကို ရောက်တာနဲ့ စာကို လက်လွှဲယူပြီး ဖတ်ကြည့်လိုက်တော့ အမေဖြစ်သူရဲ့ ရောဂါအခြေနေဆိုးဝါးနေပြီး နောက်တုံးအချိန်ကိုရောက်နေပြီဖြစ်တာကြောင့် အမြန်ဆုံးအိမ်ပြန်လာခဲ့ဖို့ အစ်မလတ်က စာထဲမှာရေးသားထားတယ်.....

ဒါကိုမြင်တော့ ချူရှင်းက......

"မင်း အမြန်ဆုံး အိမ်ပြန်လိုက်ပါ...ငါ နန်းတွင်းထဲမှာ နေခဲ့လိုက်မယ်...ဒီဘုရင် ငါ့လက်ထဲကနေ ပြေးမလွတ်နိုင်ပါဘူးကွာ...."

ချန်ချုန်က ခေါင်းတချက်ညိတ်ပြလိုက်ပြီး ချူရှင်းကို ကျေးဇူးတင်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်တယ်......

"ဒါဆို ငါမင်းကိုပဲ အပူကပ်ရတော့မှာပဲ....မင်းသူ့ကို သေချင်စိတ်ပေါက်လာတဲ့အထိ နှိပ်စက်ရမယ်နော်...."

[TN/ ဆုတောင်းလေ သားရယ်...သခင်ကြီးရှဲ့ကိုများ နင်မို့လို့ဟယ် .မင်းကံကောင်းပါစေ( မေဆွိ လေသံဖြင့် )😏😏😏]

ချူရှင်းတစ်ယောက် အခန်းထဲမှာရှိနေတဲ့ ရှဲ့ဟယ်ရဲ့ အသွင်အပြင်ကို တွေးကြည့်မိလိုက်တာနဲ့ မျက်ဝန်းတွေ မှောင်မိုက်လာတယ်....

"စိတ်ချထားစမ်းပါ...."

ချန်ချုန်အလျင်စလိုထွင်ခွာသွားတာကို ကြည့်ပြီးတာနဲ့ ချူရှင်းအခန်းထဲကို ပြန်ဝင်လာခဲ့တယ်.....

ရှဲ့ဟယ်တစ်ယောက် ချူရှင်းကို မြင်တာနဲ့ ကျယ်လောင်စွယ အော်ဟစ် ကျိန်ဆဲတော့တာများ တဖြည်းဖြည်းနဲ့ လည်ချောင်းတွေ အက်ကွဲပြီး အသံတွေပြာလာတဲ့အထိပဲ....

မိန်းမစိုးနှစ်ယောက် သူ့ကိုယ်ပေါ် လက်တင်တော့မယ့်အချိန်မှာ ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ စိတ်ပျက်အားငယ်မှုတွေ ကြီးစိုးလာတယ်....သို့ပေမယ့်လဲ မျက်နှာထားကိုတော့ အတတ်နိုင်ဆုံးတည်ငြိမ်အောင် ထိန်းထားဆဲပင်.....

သူက တစ်စထက်တစ်စ မှောင်မိုက်လေသေယ အကြည့်တွေနဲ့ ချူရှင်းကို စိုက်ကြည့်လိုက်ပြီး.....

" ထွက်သွားစမ်း...!!!!"

ဒီအရာကို မရှောင်လွှဲနိုင်မှတော့ သူ့ကို မိန်းမစိုးတွေနဲ့ပဲ စိတ်ကြိုက်ဆော့ကစားနေလိုက်တော့မယ်....ဒီသူပုန်ကောင် သစ္စာဖောက်ကောင်ကိုတော့သူ့ရဲ့ အရှက်ရစရာတစ်ဖက်ခြမ်းကို မမြင်စေချင်ဘူး....

ရှဲ့ဟယ်ရဲ့ အမူအရာကို တစ်ချိန်လုံးအကဒခတ်နေတဲ့ ချူရှင်းက ရှဲ့ဟယ် အမူအရာတစ်ချက်ပြောင်းသွားတာနဲ့ သဘောပေါက်နားလည်လိုက်ပြီလေ.......

အစကတော့ သူ ထွက်သွားမလို့ပါပဲ...ဒါပေမယ့် ဒီဘုရင်ဆိုးရဲ့ စိတ်ပျက်အားငယ်နေပုံကို မြင်လိုက်တာနဲ့ အတွေးပြောင်းလိုက်ပြီပေါ့.....

ဒီကမ္ဘာမှာ သူ့ကိုယ်သူ ဂုဏ်သိက္ခာအရှိဆုံးဆိုပဲ....ဟမ့်...သစ္စာဖောက်ကောင် သူပုန်ကောင်ကသာသူ့ကို ထိတွေ့လိုက်မယ်ဆို ဒီဘုရင် သေချာပေါက် သေချင်စိတ်ပေါက်တဲ့အထိ စိတ်ဒုက္ခရောက်နေမှာပဲ.....

ချူရှင်း ရုတ်တရက် ရှေ့ကိုတိုးလိုက်ပြီး ရှဲ့ဟယ်ရဲ့ဆံပင်ကိုဆောင့်ဆွဲလိုက်ပြီး ခေါင်းကိုဆွဲမော့လိုက်တယ်...ချူရှင်းရဲ့ စူးရှထက်မြနေတဲ့အကြည့်တွေက ရှဲ့ဟယ်ရဲ့ မျက်နှာပေါ်မှာသာ ကပ်ညှိနေလေရဲ့.....

အေးစက်မှုတွေ ခက်ထန်မှုတွေကိုသာဖယ်ထုတ်ထားမယ်ဆို ဒီဘုရင်ဆိုးရဲ့မျက်နှာက တကယ်ကိုကြည့်ကောင်းတာပဲ....အထူးသဖြင့် မျက်လုံး မျက်ခုံးတွေပေါ့...အနီးကပ်ကြည့်လိုက်တော့မှ  မြင်သူတကာကို အကြည့်မလွှဲနိုင်အောင် ကျော့ရှင်းလှပလွန်းတယ်...ဒီဘုရင်ဆိုးရဲ့ အသားရည်ကလဲ ထိပ်တန်းအဆင့်ကျောက်စိမ်းတွေလို ဖြူဖွေးချောမွေ့နေတယ်လေ....ဒီလောက်အနီးကပ်ကြည့်နေတာတောင် အပြစ်အနာဆာတစ်ချက်လေးမှရှာမတွေ့ဘူး......အလှတရားပေါင်းစုံကို မြင်ဖူးခဲ့သူ ချူရှင်းအတွက်တောင် ဒီဘုရင်ရဲ့လှပမှုက တူနှိုင်းမဲ့နေခဲ့တယ်........

ချူရှင်း ရှဲ့ဟယ်ရဲ့မျက်နှာလေးကို ရုတ်တရက်ထိတွေ့ ပွတ်သပ်လိုက်မိတယ်....ဒီခံစားချက်...ဒီအထိအတွေ့က သူ့အတွက် လက်လွှတ်ပေးဖို့ဝန်လေးနေစေတယ်......

ရှဲ့ဟယ် ဒီလူ့ဆီကနေ ပြင်းထန်တဲ့ဖိအားကို ခံစားနေရတာကြောင့် မျက်နှာတစ်ခုလုံးဖြူဖျော့လာတယ်......

"ငါကိုယ်တော်ကို လွှတ်စမ်း! !!"

ချူရှင်း လက်ကိုပြန်ရုတ်လိုက်ပေမယ့်လဲ ထွက်မသွားနိုင်ခဲ့ဘူး...ဒါ့အပြင် ရှဲ့ဟယ်ကို လေးလေးနက်နက်ကြီးစိုက်ကြည့်နေတယ်.....

ရှဲ့ဟယ် စိတ်လျှော့လိုက်ပေမယ့် အသံတွေ​အက်ကွဲတဲ့အထိ အော်ဟစ်လိုက်တယ်.....

"ထွက်သွားစမ်း! !!!"

ချူရှင်းက မျက်ခုံးတစ်ချက်ပင့်ပြီး မထီမဲ့မြင်အမူအရာနဲ့ ဘေးနားက မိန်းမစိုးနှစ်ယောက်ကို အမိန့်ပေးလိုက်တယ်.....

" မင်းတို့ ထွက်သွားကြတော့.."

လွတ်ငြိမ်းချမ်းသာခွင့်ရသွားတဲ့ မိန်းမစိုးနှစ်ယောက်က လက်ထဲက ပစ္စည်းတွေကို ချူရှင်းဆီ လွှဲပေးပြီးတာနဲ့ တချိုးတည်း ပြေးကုန်ကြပါလေရော.....

ဒါကိုမြင်တော့ ရှဲ့ဟယ်ရဲ့ အမူအရာတွေပြောင်းကုန်ပြီး ချူရှင်းကို မယုံနိုင်လောက်တဲ့အကြည့်တွေနဲ့ ငေးကြည့်နေခဲ့တယ်.....

" မင်း....!!!"

ချူရှင်းရဲ့ နှုတ်ခမ်းဖျားထက်မှာ ခက်ထန်တဲ့အပြုံးတစ်ပွင့် ပေါ်ထွက်လာတယ်.....

"မင်းကြီး....မင်းကြီးရဲ့ ခန္ဓာကိုယ်က လေးစားစရာကောင်းတယ်လို့ ထင်မိနေတယ်....ကျုပ်ကိုယ်တိုင် မင်းကြီးရဲ့ ခန္ဓာကိုယ်ကို ထိတွေ့တာပိုမကောင်းဘူးလား....ဒီနည်းလမ်းနဲ့ဆို မင်းကြီး အတွက် ပိုပျော်ဖို့ကောင်းမယ်ထင်တယ်...."

ချူရှင်းရဲ့ စကားမဆုံးမှီကတည်းက ရှဲ့ဟယ်ရဲ့ ရုန်းကန်မှုတွေ ငြိမ်သက်နေခဲ့ပါပြီ......

ချူရှင်း ရှဲ့ဟယ်ကို မေးစေ့ကနေ ဆွဲမော့လိုက်တော့ ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းတွေ တင်းကြပ်စွာပိတ်ထားပြီး နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျနေတယ်....

ချူရှင်း ဒေါသထောင်းကနဲ ထွက်လာပြီး ရှဲ့ဟယ်ရဲ့ ခန္ဓာကိုယ်ကို ဆွဲလှုပ်ကာ...

"ပါးစပ်ဖွင့်စမ်း! !!"

ရှဲ့ဟယ်က ပါးစပ်လုံဝမဖွင့်ဘဲ မျက်ခုံးတစ်ဖက်ပင့်ကြည့်လိုက်တယ်....မျက်ဝန်းအိမ်အောက်နားက မျက်ရည်ခံမှဲ့လေးလဲ လှုပ်ခတ်သွားတယ်....သူ့မျက်ဝန်းတွေထဲမှာ အေးစက်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို မြင်နေရတယ်.....ရှဲ့ဟယ်ရဲ့ လက်ရှိအသွင်သဏ္ဍာန်က ကြေကွဲဖွယ်ရာအလှတရားတစ်ခုလိုပါပဲ.......

ချူရှင်း အသက်ပြင်းပြင်းရှုလိုက်ပြီး .......

"မင်းက အခုလို လွယ်လွယ်သေလို့ရမယ်ထင်နေတာလား...."

ချူရှင်း အနီအနားကို လှည့်ပတ်ကြည့်လိုက်တော့ စားပွဲပေါ်မှာတင်ထားတဲ့ ရွှေဘောလုံးပါးစပ်အစို့လေးတစ်ခုကို တွေ့လိုက်တယ်

ချူရှင်းလက်တစ်ဖက်နဲ့ ရှဲ့ဟယ်ရဲ့ ပါးနှစ်ဖက်ကို ညှစ်ပြီး ပါးစပ်ပွင့်အောင်လုပ်နေတယ်....ရှဲ့ဟယ်ရဲ့ ပါးစပ်ပွင့်လာချိန်မှာ သွေးတွေကလဲ ကြမ်းပြင်ပေါ် စီးကျကုန်တယ်....ချူရှင်းက အစို့ကို ရှဲ့ဟယ်ပါးစပ်ထဲရောက်အောင်ထည့်လိုက်ပြီး အစို့နဲ့တွဲရက်ပါနေတဲ့ ကြိုးတွေကို ရှဲ့ဟယ်ရဲ့ဉီးခေါင်းမှာ ချည်နှောင်ပေးလိုက်တယ်....ပါးစပ်စိမရတော့တာကြောင့် ရှဲ့ဟယ် သူ့ကိုယ်သူနာကျင်အောင်လုပ်လို့မရတော့ဘူး......

ချူရှင်းက သရော်တော်တော်လေသံနဲ့.....

"အရှင်မင်းကြီး နေသာသလို နေပါ...ဒီငယ်သားက အရှင့်ကို နေလို့ထိုင်လို့ကောင်းအောင် ထားပါ့မယ်..."

ချူရှင်း လွှတ်ပေးလိုက်တာနဲ့ ရှဲ့ဟယ်တစ်ယောက် ခွန်အားမဲ့စွာ ကြမ်းပြင်ပေါ်ပစ်စလက်ခတ်လဲကျသွားတယ်....လက်ကောက်ဝတ်တစ်လုံးကလဲ ပွတ်တိုက်မှုတွေကြောင့် သွေးတွေထွက်နေပြီ.....ရှဲ့ဟယ် ကြမ်းပြင်ပေါ် ခေါင်းငိုက်စိုက်ကျသွားလေပြီ......

ချူရှင်းက ရှဲ့ဟယ်ကို သတို့သမီးပွေ့ချီနည်းနဲ့ပွေ့ချီပြီး အခန်းတံခါးကိုတွန်းဖွင့်ပြီး ထွက်ခွာဖို့ပြင်နေတုန်းမှာ ချူရှင်း ရုတ်တရပ် အေးခဲသွားတယ်......

သူငုံ့ကြည့်လိုက်ပြီး ရှဲ့ဟယ်ရဲ့ခန္ဓာကိုယ်ပေါ်က နီရဲနေတဲ့အမှတ်အသားတွေကို ငေးကြည့်နေတယ်.....ဒါတွေအားလုံးက သူလုပ်ထားခဲ့တဲ့အမှတ်အသားတွေ......

ချူရှင်း မျက်မှောင်ကြုံလိုက်မိတယ်....ဒီဘုရင်ရဲ့ ခန္ဓာကိုယ်ကို တခြားတွေကို ပေးမမြင်ချင်တဲ့ စိတ်တွေ ရုတ်တရက်ကြီးပေါ်ထွက်လာတယ်.....ဒါ့ကြောင့်သူ့ရဲ့အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီးရှဲ့ဟယ်ရဲ့ ခန္ဓာကိုယ်ပေါ်လွှမ်းခြုံပေးပြီးမှသာ အခန်းပြင်ကို ထွက်လာခဲ့လေတော့တယ်............

[TN/ gold gag.... ပုံထည့်ပေးထားတယ်နော် သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေကြတဲ့သူတွေအတွက်ပါ...😏😏😏]

Zawgyi





[444: ဟမ်? ???]


[444:. .......]



[444:. .......]












ရှဲ့ဟယ်ရဲ့ လည်မျိုကို ဖမ်းဆုပ်ထားတဲ့ ချန်ချုန်ရဲ့ လက်တွေတင်းကြပ်လာတာကြောင့် ရှဲ့ဟယ် နာကျင်လွန်းလို့ မျက်နှာတစ်ခုလုံးနီရဲနေပြီ.....သို့ပေမယ့်လဲ မျက်ဝန်းတွေထဲမှာ မည့်သည့်အကြောက်တရား မုန်းတီးမှုတစ်စွန်းတစသော်မျှမတွေ့ရဘဲ ရေပြင်တစ်ခုတ်ာငြိမ်လွန်းနေတယ်....သူဟာ လွတ်မြောက်မယ့်အချိန်ကိုစောင့်မျှော်နေသလိုပါပဲ......




ချုရှင်းကတော့ ဘေးနားမှာ ငြိမ်သက်စွာ ရပ်ကြည့်နေတယ်........ယုတ်ညံ့တဲ့ဒီဘုရင်ကို သူကိုယ်တိုင် မုန်းတီးနေတာကြောင့် ချန်ချုန်ရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်တယ်လေ.......








" လုပ်ဝံသလား! !!!"
























ရှဲ့ဟယ်က အချုပ်ထားတဲ့ကြားကနေ လွတ်အောင်ရုန်းပြီး မိန်းမစိုးတစ်ယောက်ကို ပါးရိုက်ပစ်လိုက်ပြီး အေးစက်နေတဲ့လေသံနဲ့.......






















" ဟုတ်...ဟုတ်ကဲ့....."




" သုံးလိုက်...."












"စိတ်ချထားစမ်းပါ...."





" ထွက်သွားစမ်း...!!!!"












"ထွက်သွားစမ်း! !!!"





" မင်း....!!!"






"ပါးစပ်ဖွင့်စမ်း! !!"













Continue Reading

You'll Also Like

399K 29.6K 33
PDF file available! including Extra 1+2 စိန်ပန်းတွေပွင့်တဲ့ နွေတစ်နေ့မှာ နှလုံးသားထဲ မြတ်နိုးမှုတို့ စတင်အမြစ်တွယ်ခဲ့ကြတယ်... အချစ်အကြောင်း‌ကောင်းကော...
195K 11.5K 95
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
288K 15.5K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
84.3K 8.5K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...