ကိုကိုဘာလို့မချစ်တာလဲ|| Beggi...

By _asteriaHWA

114K 12.1K 956

ကိုကို ဘာလို့ မချစ်တာလဲ... More

1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
16.
17.
18.
Special Chapter 0805
20.
21.
22.
23.
24.
25.
26.
27.
28.
29.
30. Final
Special Chapter 1005

19.

3.6K 369 11
By _asteriaHWA

မိုးရေတွေစိုရွှဲကာ ခေါက်ဆွဲဆိုင်ရောက်သွားသည့် ရိပေါ်ကို အားရီဝေက ဆူချင်သော်လည်း ငိုထားသည့် မျက်နှာကို တွေ့လိုက်ခြင်းကြောင့် မဆူဖြစ်တော့။

"ရော့ တဘက်...  သုတ်လိုက်ဦး ။ ညစာဘာစားပြီးပြီလဲ"

"ဟင့်အင်း"

မိုးရေတွေရွှဲကာ ကြွက်စုတ်လေးလိုဖြစ်နေသည့် ရိပေါ်က နှာခေါင်းထိပ်လေးခပ်ရဲရဲ မျက်လုံးလေးတွေ ခပ်ရဲရဲဖြစ်လို့နေ၏။

တနည်း အိမ်က အရိုက်ခံရလို့ ထွက်ပြေးလာသည့် ဂျစ်တစ်တစ် မူကြိုကျောင်းသားလေးနှင့်တူသည်။

"ငါ အသားပေါင်းခေါက်ဆွဲလုပ်ပေးမယ်... စားလိုက် ပြီးရင် ဆေးသောက်"

တဘက်ကို ခေါင်းပေါ်တင်ကာ ခေါင်းတဆတ်ဆတ်ညိတ်၏။ ပြီးနောက်တော့ တဘက်အကွယ်က မျက်လုံးလေးဟာ ထပ်မံပြီး အရည်လဲ့လာတော့သည်။

ဝမ်းနည်းရင်း ဝမ်းနည်းလာသည့် ရိပေါ်မှာ ထွေးပွေ့မည့်သူမရှိ။ ဘာရယ်တော့ မသိပေမယ့် မာမားကို လွမ်းလာပါသည်။

ရှိုက်သံ တစ်စွန်းတစ်စကြားသည့်အခါ အခန်းရှေ့ကနေ၍ အားရီဝေက လှမ်းအော်သည်။

"မြန်မြန်လုပ်...  အသားပေါင်းခေါက်ဆွဲဖိုးက လစာထဲက မဖြတ်ဘူး"

ရိပေါ်က စိုရွှဲနေသည့် ဆံပင်တွေကို သုတ်ရင်းနှင့် အဝတ်အစားလဲပြီးသည့်နောက်တော့ အားရီဝေချက်ထားပေးသည့် ခေါက်ဆွဲကို ဆိုင်ထဲက စားပွဲတစ်လူံးပေါ်မှာ ချကာ စားနေသည်။

မိုးချုပ်ခါနီးပြီမို့ ဆိုင်ပိတ်ချိန်လည်းရောက်နေပြီဖြစ်တာကြောင့် စားသုံးသူမရှိတော့။ ရိပေါ် ခေါက်ဆွဲကိုသာ ငုံ့ပြီး စားသည်။

"ကိုလာ သောက်ချင်လား"

ခေါက်ဆွဲအမျှင်တွေကို တန်းလန်းကိုက်ရင်းနှင့် မျက်လူံးလေးပြူးကာ မော့ကြည့်လိုက်သည်။

"ဟင့်အင်း"

"ဘာသောက်မလဲ Green tea သောက်မလား... လစာထဲက မဖြတ်ပါဘူး"

"မသောက်ချင်လို့ပါ"

"အင်း... အဲ့ဒါဆို ငါ အိမ်ပြန်တော့မယ် ဆိုင်တံခါးသေချာပိတ်နော်။ မနက်ပြန်မယ်ဆိုလည်း သော့ကို အောက်က ကုန်စုံဆိုင်မှာ ထားခဲ့ပေး"

"မပြန်တော့ဘူး အားရီ"

"အာ... အဲ့ဒါဆိုလည်း စောစောနားတော့... ဆေးလည်း သောက်ဦး... ဖျားလည်း ငါကခိုင်းမှာနော် ရိပေါ်"

ရိပေါ်က အသားပေါင်းခေါက်ဆွဲကို ကောင်းကောင်းစားသည်။ ငိုထားပေမယ့် အစားကတော့ မပျက်။ အားရီဝေက ဆိုင်နဲ့ မနီးမနားက ကုန်စုံဆိုင်ဖွင့်ထားသည့် တိုက်၏ တတိယအလွှာမှာ နေထိုင်သည်။

အားရီဝေထွက်သွားသည်နှင့် ရိပေါ်က ဆိုင်ခန်းတံခါးကို ဆွဲပိတ်လိုက်သည်။

ရှောင်းကျန့် မိုးရေအစိုလိုက်ကြီးနှင့် ကားထဲမှာပဲ ထိုင်နေသည်။

ရိဟွာက မလာသေး၍ ဖုန်းဆက်သော်လည်း အရေးပေါ်ကိစ္စတစ်ခုကြောင့် မလာနိုင်ကြောင်း ပြောပြကာ ချိန်းဆိုမှုကို ဖျက်လိုက်သည်။

အဖြစ်အပျက်က မြန်ဆန်လွန်းတာကြောင့် ရှောင်းကျန့် အတွေးတွေများကာ စိတ်တွေရှုပ်ထွေးနေ၏။

"ကျွန်တော် ကိုကို့ကိုချစ်တယ်"

"ကျစ်"

ရှုပ်ထွေးနေသည့် အတွေးတွေကြောင့် ခေါင်းက ဆံပင်တွေကို လက်နှင့်ထိုးဖွလိုက်သည်။ စတီယာရင်ပေါ်ကို ခေါင်းမှောက်ချရင်း လေပူတွေ မှုတ်ထုတ်ပစ်လိုက်၏။

တအောင့်ကြာသည်နှင့် ရှောင်းကျန့်ကားကို စက်နိုးကာ တရကြမ်း မောင်းနှင်လိုက်၏။

​မီးလင်းနေသော ခေါက်ဆွဲဆိုင်လေးထဲတွင် တဘက်ကလေး ခေါင်းပေါ်တင်ထားသည့် တစ်စုံတစ်ယောက်က တစ်ခုခုထိုင်စားနေပုံပေါ်၏။

ဆိုင်ပိုင်ရှင် အားရီဝေ ထွက်သွားသည်နှင့် ရှောင်းကျန့်က ကားထဲမှ ထွက်ဖို့ ပြင်လိုက်ချိန်တွင် ရိပေါ်က ဆိုင်တံခါးကို ဆွဲပိတ်လိုက်သည်။

ပြေးသွားသည့် ခြေလှမ်းတွေမှာမမှီတော့။ ပိတ်ကျသွားသည့် တံခါးရှေ့မှာပဲ ရပ်ကျန်ခဲ့သည်။ရိပေါ် စိတ်ကစားနေသလားဆိုသည့် မေးခွန်း၏ အဖြေကို ရှင်းလင်းစွာ သိချင်၏။

ရှောင်းကျန့် စိတ်တွေ အတော်လေး ထွေပြားနေခဲ့ပါသည်။

"ရိပေါ်လေး ပြန်မလာဘူးလား ညက"

"ဟဲ့ ဘယ်လိုဖြစ်နေတာလဲ မိုးမိလာတာလားညက"

မာမားက အိမ်ရှေ့ခန်းမှာ ငုတ်တုတ်ကြီးထိုင်နေသည့် ရှောင်းကျန့်ကို တွေ့လိုက်တာကြောင့် အလန့်တကြားထအော်သည်။

ရှောင်းကျန့်၏ပုံစံမှာ ခြောက်သွေ့သွားသော အဝတ်အစားတွေနှင့် ခြောက်သွေ့သွားသော အသားပေါ်က ရေတွေကြောင့် ဖြူဖြူစုတ်စုတ်ဖြစ်ကာ ရှုပ်ပွေနေ၏။

"ကားနဲ့သွားပြီး မိုးမိလာတာလား"

မာမားက ခပ်ဖန့်ဖန့်ကျန်နေသော သူ့အဝတ်တွေကို ကိုင်ကြည့်ကာ ရေရွတ်သည်။

"တညလုံးကြီးဒီတိုင်းထိုင်နေတာလား သားရယ်...  ဖျားဦးမယ် နင်"

မာမားက အဝတ်အစားလဲဖို့ အတင်းတိုက်တွန်းတာကြောင့် ရှောင်းကျန့်တစ်ယောက် အခန်းထဲကို ယက်ကန်ကန်နှင့် ရောက်လာသည်။

"ရိဟွာနဲ့ ရန်ဖြစ်လာတာလား"

အဝတ်အစားလဲပြီးသည်နှင့် မာမားက နွားနို့ပူပူတစ်ခွက်နှင့် ပေါင်မုန့် အဖြူထည်သုံးချပ်လောက်ယူကာ အခန်းထဲ ဝင်လာသည်။

သူ့သား၏ ပုံပန်းသဏ္ဍာန်မှာ လောလောလတ်လတ် အသည်းကွဲထားသည့် ကောင်လေးတစ်ယောက်၏ အဆွေးခန်းလိုပင်။ စိတ်နှင့်ကိုယ်နှင့်လည်း မကပ်ဟန်။

နွားနို့ခွက်တွေကို အနားက စားပွဲခုံပေါ် ချပြီးနောက်တော့ ကုတင်ပေါ် ငုတ်တုတ်ထိုင်ကာ မှိုင်တွေနေသည့် ရှောင်းကျန့်​၏ နဖူးပေါ်သို့ လက်ဖမိုးတင်ကာ စမ်းကြည့်လိုက်သည်။

"ကိုယ်နွေးနေပြီ...  ဒါလေးစားပြီးဆေးသောက်လိုက်... "

"မာမား"

"အင်း... "

"လိင်တူ အချစ်ကို ဘယ်လိုမြင်လဲ"

ရှောင်းမာမားက မတွေဝေပဲပြန်ဖြေသည်။

"ဘယ်လိုမြင်ရမလဲ... လူ့သဘာဝတစ်ခုကို ဘာအမြင်တွေ ထားရဦးမလဲ"

"ယောက်ျားချင်းသဘောကျတာ မှားတယ်လို့ မာမားမြင်လား..."

"မာမား ပြောပြမယ်... ကျန့်ကျန့်ရဲ့ ။ လူတစ်ယောက်ရဲ့ နှလုံးသားက အမှန်တိုင်း ချစ်မိပြီဆို ဦးနှောက်က သူ့ကို အရှုံးပေးရတယ်။ ဒါက လူအများစုပေါ့။ စိတ်ကို ထိန်းလိုက်နိုင်လို့ နှလုံးသားကို အရှုံးပေးခိုင်းလိုက်တယ်ဆိုတဲ့ လူတွေကတော့ တော်တော်အသည်းမာကြလို့ပဲ... "

မာမား ပေးလာသည့် နွားနို့ခွက်ကို လိမ်လိမ်မာမာနဲ့ယူသောက်လိုက်ရင်းက ဆက်ပြီးနားထောင်နေသည်။

"ယောက်ျားချင်းပဲဖြစ်ဖြစ် ၊ မိန်းမချင်းပဲဖြစ်ဖြစ် ၊ ကြီးသည်ငယ်သည် အသက်ကွာသည် ဘာပဲဖြစ်ဖြစ် တကယ်ချစ်လာရင် ဘယ်အရာကမှ မမှားဘူး။ လူတွေကသာ အတ္တနဲ့ ယှဉ်ပြီး ဝေဖန်ကြမှာပေါ့... အဲ့ဒီ့ယုတ်ညံ့တဲ့ အတွေးတွေကို ကိုယ့်ကိုယ်ထဲကို မထည့်လိုက်ရင် ဘယ်အရာကမှ မမှားပါဘူး... မာမားကတော့ လိင်တူအချစ်လည်း သဘာဝပဲလို့မြင်တယ်...။"

"ကျန့်ကျန့်က ဘာလို့ အဲ့ဒါမေးတာလဲ... "

မာမားက သူ့ခေါင်းအနောက်ကို လက်ဖဝါးလေးနှင့် အသာပွတ်ပေးရင်း မေးတယ်။

"ကျွန်တော်လေ...  ယောက်ျားလေးတစ်ယောက်ကို သဘောကျနေတဲ့ ယောက်ျားလေးတစ်ယောက်ကို အများကြီး ချိုးချိုးနှိမ်နှိမ်ပြောလိုက်မိတယ်"

"ဟင်း..."

မာမားရဲ့ သက်ပျင်းချသံသဲ့သဲ့နဲ့အတူ နားလည်ပါတယ်ဆိုသည့် အပြုံးကို တွေ့လိုက်ရသည်။

"တောင်းပန်ရမှာပေါ့... သဘောကျတတ်တဲ့ တိမ်းညွတ်မှုကို စော်ကားမိတဲ့ အတွက် မာမားကလေးလေးက တောင်းပန်ရမှာ"

ရှောင်းကျန့်ရဲ့ နားရွက်ကလေးကို ခပ်ဖွဖွလေးဆွဲသွားသည်။ ပြီးတော့ ဆေးတစ်လုံးလက်ထဲထည့်ကာ ရေဘူးဖွင့်ခြင်းကို ဇယ်ဆက်သလိုလုပ်ပြီး ကုန်သွားသည့် ခွက်နှင့်ပန်းကန်ကို ယူကာ အခန်းပြင်သို့ထွက်သွားသည်။

အသက်တွေတဖြည်းဖြည်းကြီးလာခဲ့သော်လည်း မာမားက သူ့အတွက်တော့ ပုဂ္ဂိုလ်ရေးအတွက် တိုင်ပင်လို့ကောင်းသည့် သူငယ်ချင်းတစ်ယောက်ဖြစ်နေတုန်းပင်။

ဟုတ်သည်။ သူတောင်းပန်ရမည်။ ရိပေါ် သူ့အပေါ်ထားသည့် သဘောထားကိုသာမက ရိပေါ်၏ နှလုံးသားကိုပါ နာကျင်စေသည့် အတွက် တောင်းပန်ရမည်သာ။

ရှောင်းကျန့် မေ့မှန်းမသိ မေ့လျော့နေသည်က မိမိချစ်သူ ရိဟွာကိုပင်။

"ရိပေါ်...  "

ပန်းကန်ဆေးနေရင်းနှင့် ခေါ်သံကြောင့် ရေဘုံမိုင်က ရေကို ပိတ်လိုက်သည်။

"ဟုတ်"

"ရှောင်းကျန့်လာတယ်"

​ရိပေါ်က ခဏတော့ မျက်ဝန်းတွေကဏာမငြိမ်ဖြစ်သွားသည်။

"အဲ့ဒါ ခဏ ထားခဲ့ပြီး လာတွေ့လိုက်ဦး"

"ဟုတ်"

လက်အိတ်ကို ချွတ်ကာ ဆိုင်ရှေ့ထွက်လာတော့ အိမ်နေရင်း ဟူဒီအပွကြီးနှင့် ဘောင်းဘီရှည် အဖြူအမည်းအကွက် ဖလံထည်ကို ဝတ်ထားသည့် ကိုကို။

"ကိုယ်တို့ စကားပြောရအောင်"

"ဟုတ်"

"ဟိုဘက်က အအေးဆိုင်သွားမလား"

"အအေးမသောက်ချင်ဘူး..."

"လက်က သက်သာသွားပြီလား"

"ဟုတ်"

"အအေးမသောက်ချင်ရင် မြေခွေးလေးကို လိုက်ခဲ့...  ကိုယ်ပြောစရာရှိတယ်"

​ကိုကိုက သူ့ကို ဒါပဲပြောပြီး ထွက်သွားသည်။ ရိပေါ်ကတော့ ကိုကို့နောက်ကိုပဲ လိုက်ရတာပင်။ အားရီဝေကို လှည့်ကြည့်တော့ နောက်ကတော့ မေးငေါ့ကာ လိုက်သွားဖို့ ခွင့်ပြုနေသည်။

မြေခွေးလေးကိုရောက်တော့ ဆိုင်က ပိတ်ထားသည်ကြောင့် ငါးကန်တွေဆီက မီးအုပ်စောင်းကလွဲလို့ တဆိုင်လုံး မီးမထွန်းထား။

"ရိပေါ်"

"ကိုယ်... အများကြီး တောင်းပန်ပါတယ်"

​ရိပေါ်က ကိုယ့်နှုတ်ခမ်းကိုယ် ကိုက်လို့ ကိုယ့်ဖိနပ်ထိပ်ကိုပဲ ကိုယ်ငုံ့ကြည့်နေမိသည်။

"စိတ်အများကြီးထိခိုက်စေတယ်မလား"

ရိပေါ်က နှုတ်ခမ်းလေးကိုပိုလို့ ဖိကိုက်လိုက်သည်။

"အိမ်ပြန်တော့မှာ"

ရိပေါ်က ခပ်တိုးတိုးပြောလိုက်သည်နှင့်ရှောင်းကျန့်ခြေလှမ်းတွေက ခပ်မြန်မြန်ရှေ့တိုးလာသည်။

"လော့ရန် အိမ်ကို ပြန်တော့မှာ"

"ရိပေါ်..."

ကိုကို့ချောင်းဆိုးသံက တချက်တချက်ထွက်လာသည်။

"ကိုကို့ကို ဖွင့်ပြောလိုက်မိပြီးတော့ ကိုကို့ရှေ့မှာ ကျွန်တော် မနေရဲဘူး"

မချင့်မရဲရေရွတ်သည့် စကားဟာ တိုးတလှည့်ကျယ်တလှည့်။

"ကျွန်တော်က ရှက်စရာကောင်းတဲ့ကောင်ပါ"

"မဟုတ်ဘူး...  အဲ့လိုမတွေးပါနဲ့ ရိပေါ်ရယ်"

ရိပေါ်ရဲ့ လက်မောင်းကလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

"ကိုကို ဖျားနေတာလား"

"အင်း"

"ဂရုစိုက်ဦး ကိုကို...  ကျွန်တော် အချိန်မရလို့ ပြန်တော့မယ်"

"ရိပေါ်..."

ဖျားနေတဲ့အကြောင်းမေးတော့ မျက်နှာလေးပျက်ယွင်းသွားပေမယ့် ချက်ချင်းပင် နှုတ်ဆက်ပြီး ထွက်သွားတာကြောင့် ရှောင်းကျန့် မြေခွေးလေးမှာပဲ တိတ်တဆိတ်ကျန်ခဲ့ရသည်။

တချို့သော တောင်းပန်ခြင်းတွေဟာ နာကျင်ရမှုတွေကို ချေဖျက်နိုင်ဖို့ မလုံလောက်ပေ။

"ကိုယ်တို့ ခဏလောက်ပဲဖြစ်ဖြစ် မဆက်သွယ်ပဲ နေကြတာပေါ့"

စာတစ်စောင်ရိုက်လိုက်သည်။ မကြာခင်က ဝင်ထားသည့် စာတစ်စောင်ကလည်း အဆိပ်အတောက်ဖြစ်စေသည့် ဆက်ဆံရေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိသည့် လမ်းခွဲမည့်ဆိုသည့် အကြောင်းကိုရိဟွာဖက်က ပို့ထားချင်းပင်။

ရှောင်းကျန့် ပင်ပန်းနေသည့် စိတ်တွေကြောင့် မြေခွေးလေးရဲ့ ဧည့်ခန်းမှာရှိသည့် Bean bed ပေါ် ပစ်စလက်ခတ်စွာ လဲချလိုက်သည်။
••••••
a/n - Update ကလေ ရေးပြီးတာနဲ့ ပေးတာပါ။ ရည်ရွယ်ချက်ရှိရှိ ပစ်ထားတာမျိုးလည်းမဟုတ်ပါဘူးလို့်။  မျက်လုံးကလည်းဂရုစိုက်ရသေးလို့ပါ။

•••••

Zawgyi

မိုးေရေတြစို႐ႊဲကာ ေခါက္ဆြဲဆိုင္ေရာက္သြားသည့္ ရိေပၚကို အားရီေဝက ဆူခ်င္ေသာ္လည္း ငိုထားသည့္ မ်က္ႏွာကို ေတြ႕လိုက္ျခင္းေၾကာင့္ မဆူျဖစ္ေတာ့။

"ေရာ့ တဘက္...  သုတ္လိုက္ဦး ။ ညစာဘာစားၿပီးၿပီလဲ"

"ဟင့္အင္း"

မိုးေရေတြ႐ႊဲကာ ႂကြက္စုတ္ေလးလိုျဖစ္ေနသည့္ ရိေပၚက ႏွာေခါင္းထိပ္ေလးခပ္ရဲရဲ မ်က္လုံးေလးေတြ ခပ္ရဲရဲျဖစ္လို႔ေန၏။

တနည္း အိမ္က အ႐ိုက္ခံရလို႔ ထြက္ေျပးလာသည့္ ဂ်စ္တစ္တစ္ မူႀကိဳေက်ာင္းသားေလးႏွင့္တူသည္။

"ငါ အသားေပါင္းေခါက္ဆြဲလုပ္ေပးမယ္... စားလိုက္ ၿပီးရင္ ေဆးေသာက္"

တဘက္ကို ေခါင္းေပၚတင္ကာ ေခါင္းတဆတ္ဆတ္ညိတ္၏။ ၿပီးေနာက္ေတာ့ တဘက္အကြယ္က မ်က္လုံးေလးဟာ ထပ္မံၿပီး အရည္လဲ့လာေတာ့သည္။

ဝမ္းနည္းရင္း ဝမ္းနည္းလာသည့္ ရိေပၚမွာ ေထြးေပြ႕မည့္သူမရွိ။ ဘာရယ္ေတာ့ မသိေပမယ့္ မာမားကို လြမ္းလာပါသည္။

ရႈိက္သံ တစ္စြန္းတစ္စၾကားသည့္အခါ အခန္းေရွ႕ကေန၍ အားရီေဝက လွမ္းေအာ္သည္။

"ျမန္ျမန္လုပ္...  အသားေပါင္းေခါက္ဆြဲဖိုးက လစာထဲက မျဖတ္ဘူး"

ရိေပၚက စို႐ႊဲေနသည့္ ဆံပင္ေတြကို သုတ္ရင္းႏွင့္ အဝတ္အစားလဲၿပီးသည့္ေနာက္ေတာ့ အားရီေဝခ်က္ထားေပးသည့္ ေခါက္ဆြဲကို ဆိုင္ထဲက စားပြဲတစ္လူံးေပၚမွာ ခ်ကာ စားေနသည္။

မိုးခ်ဳပ္ခါနီးၿပီမို႔ ဆိုင္ပိတ္ခ်ိန္လည္းေရာက္ေနၿပီျဖစ္တာေၾကာင့္ စားသုံးသူမရွိေတာ့။ ရိေပၚ ေခါက္ဆြဲကိုသာ ငုံ႔ၿပီး စားသည္။

"ကိုလာ ေသာက္ခ်င္လား"

ေခါက္ဆြဲအမွ်င္ေတြကို တန္းလန္းကိုက္ရင္းႏွင့္ မ်က္လူံးေလးျပဴးကာ ေမာ့ၾကည့္လိုက္သည္။

"ဟင့္အင္း"

"ဘာေသာက္မလဲ Green tea ေသာက္မလား... လစာထဲက မျဖတ္ပါဘူး"

"မေသာက္ခ်င္လို႔ပါ"

"အင္း... အဲ့ဒါဆို ငါ အိမ္ျပန္ေတာ့မယ္ ဆိုင္တံခါးေသခ်ာပိတ္ေနာ္။ မနက္ျပန္မယ္ဆိုလည္း ေသာ့ကို ေအာက္က ကုန္စုံဆိုင္မွာ ထားခဲ့ေပး"

"မျပန္ေတာ့ဘူး အားရီ"

"အာ... အဲ့ဒါဆိုလည္း ေစာေစာနားေတာ့... ေဆးလည္း ေသာက္ဦး... ဖ်ားလည္း ငါကခိုင္းမွာေနာ္ ရိေပၚ"

ရိေပၚက အသားေပါင္းေခါက္ဆြဲကို ေကာင္းေကာင္းစားသည္။ ငိုထားေပမယ့္ အစားကေတာ့ မပ်က္။ အားရီေဝက ဆိုင္နဲ႔ မနီးမနားက ကုန္စုံဆိုင္ဖြင့္ထားသည့္ တိုက္၏ တတိယအလႊာမွာ ေနထိုင္သည္။

အားရီေဝထြက္သြားသည္ႏွင့္ ရိေပၚက ဆိုင္ခန္းတံခါးကို ဆြဲပိတ္လိုက္သည္။

ေရွာင္းက်န႔္ မိုးေရအစိုလိုက္ႀကီးႏွင့္ ကားထဲမွာပဲ ထိုင္ေနသည္။

ရိဟြာက မလာေသး၍ ဖုန္းဆက္ေသာ္လည္း အေရးေပၚကိစၥတစ္ခုေၾကာင့္ မလာႏိုင္ေၾကာင္း ေျပာျပကာ ခ်ိန္းဆိုမႈကို ဖ်က္လိုက္သည္။

အျဖစ္အပ်က္က ျမန္ဆန္လြန္းတာေၾကာင့္ ေရွာင္းက်န႔္ အေတြးေတြမ်ားကာ စိတ္ေတြရႈပ္ေထြးေန၏။

"ကြၽန္ေတာ္ ကိုကို႔ကိုခ်စ္တယ္"

"က်စ္"

ရႈပ္ေထြးေနသည့္ အေတြးေတြေၾကာင့္ ေခါင္းက ဆံပင္ေတြကို လက္ႏွင့္ထိုးဖြလိုက္သည္။ စတီယာရင္ေပၚကို ေခါင္းေမွာက္ခ်ရင္း ေလပူေတြ မႈတ္ထုတ္ပစ္လိုက္၏။

တေအာင့္ၾကာသည္ႏွင့္ ေရွာင္းက်န႔္ကားကို စက္ႏိုးကာ တရၾကမ္း ေမာင္းႏွင္လိုက္၏။

​မီးလင္းေနေသာ ေခါက္ဆြဲဆိုင္ေလးထဲတြင္ တဘက္ကေလး ေခါင္းေပၚတင္ထားသည့္ တစ္စုံတစ္ေယာက္က တစ္ခုခုထိုင္စားေနပုံေပၚ၏။

ဆိုင္ပိုင္ရွင္ အားရီေဝ ထြက္သြားသည္ႏွင့္ ေရွာင္းက်န႔္က ကားထဲမွ ထြက္ဖို႔ ျပင္လိုက္ခ်ိန္တြင္ ရိေပၚက ဆိုင္တံခါးကို ဆြဲပိတ္လိုက္သည္။

ေျပးသြားသည့္ ေျခလွမ္းေတြမွာမမွီေတာ့။ ပိတ္က်သြားသည့္ တံခါးေရွ႕မွာပဲ ရပ္က်န္ခဲ့သည္။ရိေပၚ စိတ္ကစားေနသလားဆိုသည့္ ေမးခြန္း၏ အေျဖကို ရွင္းလင္းစြာ သိခ်င္၏။

ေရွာင္းက်န႔္ စိတ္ေတြ အေတာ္ေလး ေထြျပားေနခဲ့ပါသည္။

"ရိေပၚေလး ျပန္မလာဘူးလား ညက"

"ဟဲ့ ဘယ္လိုျဖစ္ေနတာလဲ မိုးမိလာတာလားညက"

မာမားက အိမ္ေရွ႕ခန္းမွာ ငုတ္တုတ္ႀကီးထိုင္ေနသည့္ ေရွာင္းက်န႔္ကို ေတြ႕လိုက္တာေၾကာင့္ အလန႔္တၾကားထေအာ္သည္။

ေရွာင္းက်န႔္၏ပုံစံမွာ ေျခာက္ေသြ႕သြားေသာ အဝတ္အစားေတြႏွင့္ ေျခာက္ေသြ႕သြားေသာ အသားေပၚက ေရေတြေၾကာင့္ ျဖဴျဖဴစုတ္စုတ္ျဖစ္ကာ ရႈပ္ေပြေန၏။

"ကားနဲ႔သြားၿပီး မိုးမိလာတာလား"

မာမားက ခပ္ဖန႔္ဖန႔္က်န္ေနေသာ သူ႔အဝတ္ေတြကို ကိုင္ၾကည့္ကာ ေရ႐ြတ္သည္။

"တညလုံးႀကီးဒီတိုင္းထိုင္ေနတာလား သားရယ္...  ဖ်ားဦးမယ္ နင္"

မာမားက အဝတ္အစားလဲဖို႔ အတင္းတိုက္တြန္းတာေၾကာင့္ ေရွာင္းက်န႔္တစ္ေယာက္ အခန္းထဲကို ယက္ကန္ကန္ႏွင့္ ေရာက္လာသည္။

"ရိဟြာနဲ႔ ရန္ျဖစ္လာတာလား"

အဝတ္အစားလဲၿပီးသည္ႏွင့္ မာမားက ႏြားႏို႔ပူပူတစ္ခြက္ႏွင့္ ေပါင္မုန႔္ အျဖဴထည္သုံးခ်ပ္ေလာက္ယူကာ အခန္းထဲ ဝင္လာသည္။

သူ႔သား၏ ပုံပန္းသ႑ာန္မွာ ေလာေလာလတ္လတ္ အသည္းကြဲထားသည့္ ေကာင္ေလးတစ္ေယာက္၏ အေဆြးခန္းလိုပင္။ စိတ္ႏွင့္ကိုယ္ႏွင့္လည္း မကပ္ဟန္။

ႏြားႏို႔ခြက္ေတြကို အနားက စားပြဲခုံေပၚ ခ်ၿပီးေနာက္ေတာ့ ကုတင္ေပၚ ငုတ္တုတ္ထိုင္ကာ မႈိင္ေတြေနသည့္ ေရွာင္းက်န႔္​၏ နဖူးေပၚသို႔ လက္ဖမိုးတင္ကာ စမ္းၾကည့္လိုက္သည္။

"ကိုယ္ေႏြးေနၿပီ...  ဒါေလးစားၿပီးေဆးေသာက္လိုက္... "

"မာမား"

"အင္း... "

"လိင္တူ အခ်စ္ကို ဘယ္လိုျမင္လဲ"

ေရွာင္းမာမားက မေတြေဝပဲျပန္ေျဖသည္။

"ဘယ္လိုျမင္ရမလဲ... လူ႔သဘာဝတစ္ခုကို ဘာအျမင္ေတြ ထားရဦးမလဲ"

"ေယာက္်ားခ်င္းသေဘာက်တာ မွားတယ္လို႔ မာမားျမင္လား..."

"မာမား ေျပာျပမယ္... က်န႔္က်န႔္ရဲ႕ ။ လူတစ္ေယာက္ရဲ႕ ႏွလုံးသားက အမွန္တိုင္း ခ်စ္မိၿပီဆို ဦးေႏွာက္က သူ႔ကို အရႈံးေပးရတယ္။ ဒါက လူအမ်ားစုေပါ့။ စိတ္ကို ထိန္းလိုက္ႏိုင္လို႔ ႏွလုံးသားကို အရႈံးေပးခိုင္းလိုက္တယ္ဆိုတဲ့ လူေတြကေတာ့ ေတာ္ေတာ္အသည္းမာၾကလို႔ပဲ... "

မာမား ေပးလာသည့္ ႏြားႏို႔ခြက္ကို လိမ္လိမ္မာမာနဲ႔ယူေသာက္လိုက္ရင္းက ဆက္ၿပီးနားေထာင္ေနသည္။

"ေယာက္်ားခ်င္းပဲျဖစ္ျဖစ္ ၊ မိန္းမခ်င္းပဲျဖစ္ျဖစ္ ၊ ႀကီးသည္ငယ္သည္ အသက္ကြာသည္ ဘာပဲျဖစ္ျဖစ္ တကယ္ခ်စ္လာရင္ ဘယ္အရာကမွ မမွားဘူး။ လူေတြကသာ အတၱနဲ႔ ယွဥ္ၿပီး ေဝဖန္ၾကမွာေပါ့... အဲ့ဒီ့ယုတ္ညံ့တဲ့ အေတြးေတြကို ကိုယ့္ကိုယ္ထဲကို မထည့္လိုက္ရင္ ဘယ္အရာကမွ မမွားပါဘူး... မာမားကေတာ့ လိင္တူအခ်စ္လည္း သဘာဝပဲလို႔ျမင္တယ္...။"

"က်န႔္က်န႔္က ဘာလို႔ အဲ့ဒါေမးတာလဲ... "

မာမားက သူ႔ေခါင္းအေနာက္ကို လက္ဖဝါးေလးႏွင့္ အသာပြတ္ေပးရင္း ေမးတယ္။

"ကြၽန္ေတာ္ေလ... ေယာက္်ားေလးတစ္ေယာက္ကို သေဘာက်ေနတဲ့ ေယာက္်ားေလးတစ္ေယာက္ကို အမ်ားႀကီး ခ်ိဳးခ်ိဳးႏွိမ္ႏွိမ္ေျပာလိုက္မိတယ္"

"ဟင္း..."

မာမားရဲ႕ သက္ပ်င္းခ်သံသဲ့သဲ့နဲ႔အတူ နားလည္ပါတယ္ဆိုသည့္ အၿပဳံးကို ေတြ႕လိုက္ရသည္။

"ေတာင္းပန္ရမွာေပါ့... သေဘာက်တတ္တဲ့ တိမ္းၫြတ္မႈကို ေစာ္ကားမိတဲ့ အတြက္ မာမားကေလးေလးက ေတာင္းပန္ရမွာ"

ေရွာင္းက်န႔္ရဲ႕ နား႐ြက္ကေလးကို ခပ္ဖြဖြေလးဆြဲသြားသည္။ ၿပီးေတာ့ ေဆးတစ္လုံးလက္ထဲထည့္ကာ ေရဘူးဖြင့္ျခင္းကို ဇယ္ဆက္သလိုလုပ္ၿပီး ကုန္သြားသည့္ ခြက္ႏွင့္ပန္းကန္ကို ယူကာ အခန္းျပင္သို႔ထြက္သြားသည္။

အသက္ေတြတျဖည္းျဖည္းႀကီးလာခဲ့ေသာ္လည္း မာမားက သူ႔အတြက္ေတာ့ ပုဂၢိဳလ္ေရးအတြက္ တိုင္ပင္လို႔ေကာင္းသည့္ သူငယ္ခ်င္းတစ္ေယာက္ျဖစ္ေနတုန္းပင္။

ဟုတ္သည္။ သူေတာင္းပန္ရမည္။ ရိေပၚ သူ႔အေပၚထားသည့္ သေဘာထားကိုသာမက ရိေပၚ၏ ႏွလုံးသားကိုပါ နာက်င္ေစသည့္ အတြက္ ေတာင္းပန္ရမည္သာ။

ေရွာင္းက်န႔္ ေမ့မွန္းမသိ ေမ့ေလ်ာ့ေနသည္က မိမိခ်စ္သူ ရိဟြာကိုပင္။

"ရိေပၚ...  "

ပန္းကန္ေဆးေနရင္းႏွင့္ ေခၚသံေၾကာင့္ ေရဘုံမိုင္က ေရကို ပိတ္လိုက္သည္။

"ဟုတ္"

"ေရွာင္းက်န႔္လာတယ္"

​ရိေပၚက ခဏေတာ့ မ်က္ဝန္းေတြကဏာမၿငိမ္ျဖစ္သြားသည္။

"အဲ့ဒါ ခဏ ထားခဲ့ၿပီး လာေတြ႕လိုက္ဦး"

"ဟုတ္"

လက္အိတ္ကို ခြၽတ္ကာ ဆိုင္ေရွ႕ထြက္လာေတာ့ အိမ္ေနရင္း ဟူဒီအပြႀကီးႏွင့္ ေဘာင္းဘီရွည္ အျဖဴအမည္းအကြက္ ဖလံထည္ကို ဝတ္ထားသည့္ ကိုကို။

"ကိုယ္တို႔ စကားေျပာရေအာင္"

"ဟုတ္"

"ဟိုဘက္က အေအးဆိုင္သြားမလား"

"အေအးမေသာက္ခ်င္ဘူး..."

"လက္က သက္သာသြားၿပီလား"

"ဟုတ္"

"အေအးမေသာက္ခ်င္ရင္ ေျမေခြးေလးကို လိုက္ခဲ့...  ကိုယ္ေျပာစရာရွိတယ္"

​ကိုကိုက သူ႔ကို ဒါပဲေျပာၿပီး ထြက္သြားသည္။ ရိေပၚကေတာ့ ကိုကို႔ေနာက္ကိုပဲ လိုက္ရတာပင္။ အားရီေဝကို လွည့္ၾကည့္ေတာ့ ေနာက္ကေတာ့ ေမးေငါ့ကာ လိုက္သြားဖို႔ ခြင့္ျပဳေနသည္။

ေျမေခြးေလးကိုေရာက္ေတာ့ ဆိုင္က ပိတ္ထားသည္ေၾကာင့္ ငါးကန္ေတြဆီက မီးအုပ္ေစာင္းကလြဲလို႔ တဆိုင္လုံး မီးမထြန္းထား။

"ရိေပၚ"

"ကိုယ္... အမ်ားႀကီး ေတာင္းပန္ပါတယ္"

​ရိေပၚက ကိုယ့္ႏႈတ္ခမ္းကိုယ္ ကိုက္လို႔ ကိုယ့္ဖိနပ္ထိပ္ကိုပဲ ကိုယ္ငုံ႔ၾကည့္ေနမိသည္။

"စိတ္အမ်ားႀကီးထိခိုက္ေစတယ္မလား"

ရိေပၚက ႏႈတ္ခမ္းေလးကိုပိုလို႔ ဖိကိုက္လိုက္သည္။

"အိမ္ျပန္ေတာ့မွာ"

ရိေပၚက ခပ္တိုးတိုးေျပာလိုက္သည္ႏွင့္ေရွာင္းက်န႔္ေျခလွမ္းေတြက ခပ္ျမန္ျမန္ေရွ႕တိုးလာသည္။

"ေလာ့ရန္ အိမ္ကို ျပန္ေတာ့မွာ"

"ရိေပၚ..."

ကိုကို႔ေခ်ာင္းဆိုးသံက တခ်က္တခ်က္ထြက္လာသည္။

"ကိုကို႔ကို ဖြင့္ေျပာလိုက္မိၿပီးေတာ့ ကိုကို႔ေရွ႕မွာ ကြၽန္ေတာ္ မေနရဲဘူး"

မခ်င့္မရဲေရ႐ြတ္သည့္ စကားဟာ တိုးတလွည့္က်ယ္တလွည့္။

"ကြၽန္ေတာ္က ရွက္စရာေကာင္းတဲ့ေကာင္ပါ"

"မဟုတ္ဘူး...  အဲ့လိုမေတြးပါနဲ႔ ရိေပၚရယ္"

ရိေပၚရဲ႕ လက္ေမာင္းကေလးကို ခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္။

"ကိုကို ဖ်ားေနတာလား"

"အင္း"

"ဂ႐ုစိုက္ဦး ကိုကို...  ကြၽန္ေတာ္ အခ်ိန္မရလို႔ ျပန္ေတာ့မယ္"

"ရိေပၚ..."

ဖ်ားေနတဲ့အေၾကာင္းေမးေတာ့ မ်က္ႏွာေလးပ်က္ယြင္းသြားေပမယ့္ ခ်က္ခ်င္းပင္ ႏႈတ္ဆက္ၿပီး ထြက္သြားတာေၾကာင့္ ေရွာင္းက်န႔္ ေျမေခြးေလးမွာပဲ တိတ္တဆိတ္က်န္ခဲ့ရသည္။

တခ်ိဳ႕ေသာ ေတာင္းပန္ျခင္းေတြဟာ နာက်င္ရမႈေတြကို ေခ်ဖ်က္ႏိုင္ဖို႔ မလုံေလာက္ေပ။

"ကိုယ္တို႔ ခဏေလာက္ပဲျဖစ္ျဖစ္ မဆက္သြယ္ပဲ ေနၾကတာေပါ့"

စာတစ္ေစာင္႐ိုက္လိုက္သည္။ မၾကာခင္က ဝင္ထားသည့္ စာတစ္ေစာင္ကလည္း အဆိပ္အေတာက္ျဖစ္ေစသည့္ ဆက္ဆံေရးေတြမွာ ျဖစ္ေလ့ျဖစ္ထရွိသည့္ လမ္းခြဲမည့္ဆိုသည့္ အေၾကာင္းကိုရိဟြာဖက္က ပို႔ထားခ်င္းပင္။

ေရွာင္းက်န႔္ ပင္ပန္းေနသည့္ စိတ္ေတြေၾကာင့္ ေျမေခြးေလးရဲ႕ ဧည့္ခန္းမွာရွိသည့္ Bean bed ေပၚ ပစ္စလက္ခတ္စြာ လဲခ်လိုက္သည္။
••••••
a/n - Update ကေလ ေရးၿပီးတာနဲ႔ ေပးတာပါ။ ရည္႐ြယ္ခ်က္ရွိရွိ ပစ္ထားတာမ်ိဳးလည္းမဟုတ္ပါဘူးလို႔္။  မ်က္လုံးကလည္းဂ႐ုစိုက္ရေသးလို႔ပါ။

•••••

Continue Reading

You'll Also Like

575K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
152K 14.4K 48
ပထမဆုံးရေးထားတဲ့fiction လေးမို့ ဖတ်လို့ကောင်းမယ်မထင်မိဘူးရယ်။ကလေးဆန်လွန်းတဲ့ အရေးအသားတွေကြောင့် မျက်နှာပူမိပါတယ်။ နှမြောလို့ အမှတ်တရအနေနဲ့ published...
78.8K 19.6K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
283K 49.1K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)