Special Chapter 0805

2.8K 325 34
                                    

ဒီနေ့က ရိပေါ်လေးရဲ့ ၅ နှစ်ပြည့်သည့် မွေးနေ့။

ကိတ်မုန့်စိမ်းစိမ်းလေးပေါ်မှာ ဝက်ရုပ်ကလေးတင်ထားပြီး အဲ့ဒီ့ ဝက်ရုပ်ကလေးရှေ့မှာလည်း ကိတ်မုန့်သေးသေးကလေးတစ်ခုရှိနေသည်။

ရိပေါ်လေးကတော့ မွေးနေ့အတွက် ဦးထုပ်ချွန်ချွန်လေးကို ဆောင်းထားကာ ကြိုးကိုမေးစေ့မှာသိုင်းထားသည်။

"သားလေး ပါပါးပြန်မလာနိုင်တာ တောင်းပန်ပါတယ်နော်"

"ရပါတယ် ပါပါးရဲ့... ပိုက်ပိုက်တွေရှာနေတာပဲကို သားက စိတ်ဆိုးစရာလားနော်"

ဖုန်းကို မနိုင်မနင်းကိုင်ရင်း နှုတ်ခမ်းလေးတွေစူကာစူကာ ပြောရှာသည်။

"ဖုန်းချလိုက်တော့မယ်နော် ကိတ်မုန့်သွားကြည့်ချင်လို့"

ဖုန်းကို မအေဖြစ်သူစီကို ထိုးပေးကာ ထွက်ပြေးသွား၏​။

"မာမား ဒီ ဝက်ကလေးက စားလို့ရလား"

"ရတာပေါ့ ရတာပေါ့"

"ကိတ်မုန့်လေးနဲ့နော် သူ့မှာလည်း။ ချစ်စရာလေးနော်... "

"ဟုတ်ပါ့ ဟုတ်ပါ့"

ဘူးထဲက မထုတ်ရသေးသည့် ကိတ်မုန့်ကို ချောင်းကြည့်ချောင်းကြည့်နှင့် ပျော်နေရှာသည်။

"ကိုကို့ကိုသွားခေါ်ဥိးမယ်"

ကိတ်မုန့်ဝယ်လာပြီးကတည်းက မချွတ်တော့သည့် ဦးထုပ်ချွန်လေးကို ဆောင်းကာ ဖင်လေး လိမ်ဖယ်လိမ်ဖယ်လုပ်ရင်း တဘက်အိမ်ကို ထွက်သွားသည်။

ချစ်စရာသားလေးတောင် ငါးနှစ်တင်းတင်းပြည့်ပြီမို့ ကြည်နူးစိတ်က တဖွားဖွားနှင့်။

"ကိုကို့မာမားရေ... "

"ဟော မွေးနေ့ရှင်လေး မိုက်လှချေလားကွ"

အစိမ်းရောင် ဝမ်းဆက်လေးကို ဝတ်ထားသည့် ရိပေါ်လေးက အရပ်ကလေးသိသိသာသာရှည်လာသော်လည်း ခြေသလုံးဖွေးဖွေးတွေကတော့ ဘောင်းဘီတိုလေးအောက်မှာ ယခုထိတိုင် ခပ်ဖောင်းဖောင်းတုပ်တုပ်ကလေးရှိနေသေးသည်​၏

ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||Where stories live. Discover now