Never

By Blacksheep303

24.5K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ္ေတာ့မွ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ္ေတာ့မွ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ္ေတာ့မွ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ္ေတာ့မွ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ္ေတာ့မွ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ္ေတာ့မွ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ္ေတာ့မွ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ္ေတာ့မွ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ္ေတာ့မွ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ္ေတာ့မွ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ္ေတာ့မွ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ္ေတာ့မွ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ္ေတာ့မွ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ္ေတာ့မွ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ္ေတာ့မွ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ္ေတာ့မွ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ္ေတာ့မွ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ္ေတာ့မွ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ္ေတာ့မွ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ္ေတာ့မွ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ္ေတာ့မွ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ္ေတာ့မွ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ္ေတာ့မွ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ္ေတာ့မွ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ္ေတာ့မွ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ္ေတာ့မွ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ္ေတာ့မွ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ္ေတာ့မွ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ္ေတာ့မွ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ္ေတာ့မွ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ္ေတာ့မွ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ္ေတာ့မွ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ္ေတာ့မွ) - Special Part (Zawgyi)

Never (ဘယ်တော့မှ)- 7

447 36 0
By Blacksheep303

ရိပေါ် ကွန်ဒိုပြန်ရောက်တော့ တော်တော်လေး စိတ်ရှုပ်နေပါတယ်  အရင်က စိတ်မြန်လက်မြန်ရှိပေမယ့် ခုလိုတစ်ခါမှ သူများကို ကိုယ်ထိ လက်ရောက် ထိုးလိုက်တာမျိုး မရှိပါဘူး ခုတော့ ကိုယ်နဲ့ ဘာမှမဆိုင်တဲ့လူတစ်ယောက်ကို ကိုယ်စိတ်ဝင်စားနေတဲ့ လူတစ်ယောက်ကို ထိုးလိုက်မိတာပါ

ဘာကြောင့်လဲ အရင်က ကိုယ့်စိတ်တိုင်းမကျရင် လူတစ်ယောက်ရဲ့ Personality ကို ကိုယ်မကြိုက်ရင် ခပ်ခွါခွါနေပြီး အပေါင်းအသင်းမလုပ်တာမျိုးနဲ့ပဲ ဘဝတစ်ခုလုံး ဖြတ်သန်းလာတာပါ ခုလို လူရှုပ်လူပွေတွေ လှေနံနှစ်ဖက်နင်းပြီး လှည့်ဖျားနေတတ်သူတွေကို မြင်ခဲ့ဖူးပေမယ့် ဒီလိုဒေါသတကြီးမဖြစ်ဖူးပါဘူး

အာ သိပြီ သူက ရိပေါ်ကို သူ့ချစ်သူလို့ ပြောလိုက်တာကိုး ဟုတ်လည်းမဟုတ်ဘဲနဲ့ သူ့ကို စိတ်ဝင်စားနေတာတော့မှန်ပါတယ် ဒါပေမယ့် ချစ်နေကြတာမှ မဟုတ်တာ ဟိုတစ်ခါကလည်း လက်ဝှေ့ပွဲမှာ ရိပေါ်က ဖက်လှဲတကင်း ဘယ်သူနဲ့မှ မနေဖူးတာရယ် ချန်ပီယံကြီး ရှောင်းကျန့် ကပေါက်ကရတွေပြောပြီး ပေါက်ကရတွေလာထိုးနေတာမို့ ရုတ်တရက် ခန္ဓာကိုယ် ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေက အလိုအလျောက်တုန့် ပြန်လိုက်လို့ ချန်ပီယံကြီးကလည်း လှနေတာလည်းပါတာပေါ့လေ

ခုခေတ်ကြီးမှာ လိင်တူကြိုက်ကြတာ မဆန်းပေမယ့် ရိပေါ်က ယောက်ျားလေးတွေကို မှ မကြိုက်တာ မိန်းကလေးပဲ စိတ်ဝင်စားတာ တစ်ဘဝလုံး လက်တွဲမယ့်သူ မတွေ့သေးလို့ရည်းစား မထားတာ အနာဂတ်မှာ မိန်းမယူကလေးမွေးပြီး ဘဝကို သမားရိုးကျ ဖြတ်သန်းဖို့ စဉ်းစားထားပြီးသား အဲဒီအချိန်မှာ သူက ခုလိုလာပြီး ချစ်သူလို့လာပြောလို့ ဒေါသထွက်တာ ဒါကြောင့်ထိုးတာ ထိုးသင့်တယ် ရိပေါ်မမှားဘူး

ရှောင်းကျန့်နဲ့ ပတ်သက်မိလို့ လူလည်း အယောင်ယောင်အမှားမှားတွေကို ဖြစ်လို့ တော်ပြီ သူက ကိုယ်မကြိုက်တဲ့ လှေနံနှစ်ဖက်နင်းတာ နှစ်ဖက်တောင်မဟုတ်ဘူး လှေနံနှစ်ဖက်ကနင်း လက်နှစ်ဖက်နဲ့ တခြားလှေနှစ်စီးကိုဆွဲ မေးစိနဲ့ နောက်လှေတစ်စီးကို ချိတ်ထား မျက်လုံးနဲ့ တခြားဆွဲစရာလှေကို လျာထား ချာလပတ်ကိုရမ်းနေတာပဲ ဒါကြောင့်နောက်ရက်စပြီး သူနဲ့ဝေးဝေးနေရမယ်
*
*
*
ပြဿနာလေးတက်တာက သောကြာနေ့မို့ ရိပေါ်အတွက် ပိုအဆင်ပြေသွားပါတယ် စနေတနင်္ဂနွေ မို့ Club ကို မသွားတာမို့ ရှောင်းကျန့်နဲ့ လည်း တွေ့စရာမရှိဘူးလေ ဒါပေမယ့် ပြဿနာတက်ထားတဲ့အကြောင်းနဲ့ နှာခေါင်းသွေးလျှံနေတဲ့ ရှောင်းကျန့်ရဲ့မျက်နှာကို မြင်ယောင်မိတာ မို့ ကတာ စိတ်ကသိပ်မဖြောင့်  ကကွက်တွေခဏခဏမှားလို့ သင်တန်းဆရာကတောင် သတိထားမိသွားတာမို့

"ရိပေါ်လေး အရင်က ကကွက်တွေ တခါမှ မမှားဖူးပါဘူး  မနေ့ကတည်းက မှားနေတာ သတိထားမိတယ် ဒီနေ့လည်းခဏခဏထပ်မှားနေတယ် ဆိုတော့.... စိတ်ရှုပ်စရာရှိနေလို့လား နေမကောင်းလို့လား"

"ဟုတ် ကျွန်တော် ဟိုဘက်က လက်ဝှေ့ Club မှာ ပြဿနာ နည်းနည်းတက်ထားလို့ပါ ကျွန်တော် ထိုးလိုက်တာ နှာခေါင်းသွေးလျှံသွားလို့ အဲဒါ ကျွန်တော်မှားလား/မမှားလား ဝေခွဲမရဖြစ်နေလို့ပါ အဲဒါစိတ်မရှင်းတော့ အာရုံနှောက်နေလို့ ပါ စိတ်မရှိပါနဲ့ ဆရာ "

"ရိပေါ် မမှားပါဘူး လက်ဝှေ့ထိုးတာ ပဲဟာ ကြိုးဝိုင်းထဲမှာလေ့ကျင့်ကြတာ ဒီလိုထိုးမိတာမျိုးက ဖြစ်တတ်ပါတယ်"

"ကြိုးဝိုင်း ထဲမှာမဟုတ်ဘူးဆရာ"

" ဒါပေမယ့် လေ့ကျင့်နေရင်းနဲ့လည်း ဖြစ်တတ်တာပဲကိုး ရိပေါ် အမှားမှ မဟုတ်ပါဘူး"

"လေ့ကျင့်နေရင်းနဲ့လည်း မဟုတ်ဘူးဆရာ ဒီအတိုင်း စိတ်တိုလို့ ထိုးလိုက်မိတာ"

"ဟေ....ဒါဆိုရင်တော့ ရိပေါ်မှားတာပေါ့ စိတ်တိုတိုင်း သူများကို ကိုယ်ထိလက်ရောက် မလုပ်ရဘူးလေ တခြားနည်းနဲ့ဖြေရှင်းသင့်တာ ထိုးလိုက်မိတဲ့သူကို ပြန်တောင်းပြန်လိုက်ပေါ့ ဒါပေမယ့် ဟိုဘက်ကလည်း သူ့နှာခေါင်းသွေးလျှံအောင်ထိုးလိုက်တော့ ဘာမှ ပြန်မလုပ်ဘူးလား ဘာတုန်းလက်ဝှေ့သမား မဟုတ်လို့လား"

"လက်ဝှေ့သမားပါဆရာ သူက ချန်ပီယံကြီးပါ"

"ချန်ပီယံဖြစ်တာတောင် ရိပေါ်ကို ပြန်မထိုးဘူးဆိုတော့ ခင်မင်ကြတဲ့ မိတ်ဆွေတွေလား"

"မဟုတ်ပါဘူး နည်းနည်းပါးပါးသိပြီး အခုရက်ပိုင်း အတူတူလေ့ကျင့်နေတဲ့ လေ့ကျင့်ဖော်ပါ"

"အာ... ဒါဆိုရင်တော့ ရိပေါ်ကို သူကခင်လို့နေမှာပေါ့ ပုံမှန်ဆို ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုလာထိုးရင် ဆရာသာ ချန်ပီယံနေရာမှာဆိုရင် ပြန်ထိုးပြီးသားပဲ နောက်မှ ကျန်တာရှင်းမှာပေါ့ ရိပေါ်ကလည်း ဒါကို စိတ်ထဲက ဖျောက်မရဖြစ်နေတယ်ဆိုရင် နောက်ရက်သူ့ကိုတွေ့ရင် ပြန်တောင်းပန် လိုက်လေ ဘာတွေပဲ ဖြစ်ဖြစ် ခုလောလောဆယ်သူက သွေးထွက်သံယိုဖြစ်သွားတဲ့ နစ်နာသူလေ မတောင်းပန်ရသေးလို့ ဒါက စိတ်ထဲတနုံနုံ ခံစားနေရတာမို့ တောင်းပန်လိုက် စိတ်ရှင်းသွားလိမ့်မယ်"

ဆရာ့ စကားအဆုံး ရိပေါ်စိတ်ထဲဟုတ်တယ် တောင်းပန်ရမယ်လို့တွေးလိုက်တာနဲ့ စိတ်ကအလိုလိုနေရင်း ပေါ့ပါးသွားပါတယ် ခုလိုစိတ်ရှုပ် နေတဲ့အချိန် သေချာရှင်းပြပေးတဲ့ဆရာ့ကိုလည်း ကျေးဇူးတင်မိပါတယ် ဒါကြောင့်

"ဟုတ်ကဲ့ပါ ဆရာ အခုကျွန်တော် တောင်းပန်လိုက်မယ်လို့ တွေးမိတာတောင် စိတ်ကတော်တော် နေလို့ထိုင်လို့ကောင်းသွားတယ် ခုလို လမ်းပြပေးတဲ့ ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ် မနက်ဖြန် ကျွန်တော်သူ့ကို လက်ဝှေ့Clubမှာ သေချာတောင်းပန်လိုက်ပါ့မယ် အဲဒါ တောင်းပန် အနေနဲ့  လက်ဝှေ့လက်အိတ်လေး လက်ဆောင်ပေးဖို့ စိတ်ကူးထားလို့ သွားဝယ်ချင်လို့ ကျွန်တော် ဒီနေ့နားလိုက်တော့မယ်နော် နောက်အပတ် ကျရင်တော့ မမှားအောင် သေချာလေ့ကျင့်ပါ့မယ် ဆရာ ကျွန်တော့်ကို ခွင့်ပြုပါဦး"

ထွက်သွားတဲ့ရိပေါ်ကို ကြည့်ရင်း အက ဆရာ စဉ်းစားလိုက်မိတာက  အမလေးရိပေါ်ရယ် မခင်ပေလို့ပဲ ဆရာက တောင်းပန်လိုက်ပြောတာ စကားနဲ့ပဲတောင်းပန်ခိုင်းတာပါ သူက လက်ဆောင်တွေပါတွေတောင် ချက်ချင်းသွားဝယ်လို့ သိပ်မတောင်းပန်ချင်ရှာဘူးပဲ ဟန်မဆောင် တတ်တဲ့ကလေးပဲ ................

*
*
*
နောက်ရက် ဝယ်ထားတဲ့  Boxing Glove အနီရောင်လေးကို အိတ်ထဲသေချာထည့်လို့ လက်ဝှေ့ Clubကို ရိပေါ်ထွက်လာခဲ့ပါတယ် မနေ့က သေသေချာချာကို ရွေးဝယ်ထားတာ

Cleto Reyes ဆိုတဲ့ Brand က သည် ပရီမီယံ လက်ဝှေ့လက်အိတ်  ထုတ်လုပ်တဲ့ အထဲမှာ နှစ်ပေါင်း၇၀ကျော်ကြာ သက်တမ်းရှိတဲ့ မက္ကဆီကန် အရည်အသွေးမြင့် လက်ဝှေ့လက်အိတ်တွေ ကို  အနုမြောက်စွာနဲ့ ဖန်တီးတားတာတွေကြောင့် ကောင်းလည်းကောင်း သလို နာမည်လည်းကြီးပါတယ် စျေးလည်းကြီးတယ် အရောင်စုံလည်း ရတယ်လေ ဆင်တူဖြစ်အောင်တောင် ရိပေါ်ကြိုက်တဲ့ အစိမ်းရောင် တစ်ခု သူကြိုက်မယ်လို့ ထင်တဲ့ အနီက တစ်ခုဝယ်လာတာပါ

ထိုးသမျှလက်ဝှေ့ပြိုင်ပွဲတိုင်း အနီရောင် Boxing Robeကို ကြီးဝတ်တာမို့ပါ လက်အိတ်ကတော့ အရာင်စုံ ဝတ်ထိုးတာ တွေ့ဖူးပါတယ် ချန်ပီယံပါဆိုနေမှာ အစုံအလင်ရှိမယ်မှန်းသိပြီးသားပါ ဒါပေမယ့် ဒီလောကထဲကလူမို့ အမှတ်တရဖြစ်အောင်လို့ပါ ရိပေါ်ရဲ့ အစိမ်းရောင်လေးတော့ ဝယ်ပြီးပြန်လာတဲ့လမ်းမှာတင် မိန်ကျားကို လူကြုံရှိလို့ တစ်ခါတည်း ထည့်ပေးထားလိုက် တယ်

အတူတူကြီးဆို Couple လက်အိတ်လိုလို ဘာလိုလို ဖြစ်နေတာမို့ အစခံရနိုင်တာမို့ ဘာမှမပြောဘဲ ကွန်ဒိုမှာထားလို့ရပေမယ့် မတော်လို့ ခင်မင်ရင်းနှီးသွားကြရင် ရှောင်းကျန့်အိမ်လိုက်လည်ရင် တွေ့သွားရင် မကောင်းဘူလေ မတွေ့တာ အကောင်းဆုံးပေါ့ အစကတော့ အပေါင်းအသင်းမလုပ်ဘူးဆိုပြီး ခုတော့ အိမ်လည်ခေါ်တဲ့အဆင့်ထိ စိတ်ကူးမိတာကြောင့်် ရိပေါ် ကိုယ့်ကိုကိုယ်တောင် ရှက်သွားတယ်

Clubရောက်တော့ ရှောင်းကျန့်မရောက်သေးပါဘူး လူတစ်ယောက်တံခါးဖွင့်ပြီး ဝင်လာတိုင်း ရှောင်းကျန့်လား လှမ်းလှမ်းကြည့်ရသေးတာ ရိပေါ် Training ပြီးခါနီးအထိ မရောက်သေးတော့ စိတ်ကမပျော်တော့ပါဘူး

Trainingအပြီး ရေမိုးချိုး အဝတ်လှဲပြီးတာတောင် မရောက်သေးလို့ ယွီပင်းနဲ့စကားပြောရင်း မသိမသာစောင့်ကြည့်ပါသေးတယ် ဒါပေမယ့် ၆နာရီခွဲတဲ့အထိ မလာတာကြောင့် ယွီပင်းကို နှုတ်ဆက်ပြီး တောင်းပန်လက်ဆောင်ကို ရိပေါ်ရဲ့ ကိုယ်ပိုင် locker ထဲထည့်သိမ်းပြီး ပြန်လာပါတယ် နောက်ရက်တော့ လာမယ်မလား ရှောင်းကျန့်

ရိပေါ် မျှော်နေပေမယ့် ရှောင်းကျန့်တစ်ယောက် လုံးဝမပေါ်လာတာပါ အခု သောကြာနေ့တောင် ရောက်ပြီမို့ မနေနိုင်တဲ့အဆုံးClub ပိုင်ရှင်ဆီ စုံစမ်းရအောင် အပေါ်ဆုံးထပ်ကို တက်ခဲ့ပါတယ် ခဏစောင့်လိုက်ရပြီး မကြာပါဘူး Club ပိုင်ရှင် အစ်ကို ဟွိုက်ခွမ်းနဲ့ တွေ့ရပါတယ် သူက ရိပေါ်ကို နောင်တချိန် Clubအတွက် မျှော်မှန်းထားတဲ့ ချန်ပီယံဖြစ်တာကြောင့် ကောင်းကောင်းမွန်မွန်သေချာ လက်ခံတွေ့ပါတယ်

"ရိပေါ်လေး အဆင်ပြေလား ဘာကိစ္စ ရှိလို့ ကောကို ရှာတာတုန်း"

"ကျွန်တော် ချန်ပီယံရှောင်းကျန့်ရဲ့ လိပ်စာလေး သိချင်လို့ပါ လိပ်စာ မသိရင်တောင် ဖုန်းနံပါတ်လေးဖြစ်ဖြစ် သိရလည်း ရပါတယ်"

"ဘာကိစ္စလည်း ကောသိခွင့်ရှိလား တစ်မျိုးတော့ မထင်ပါနဲ့နော် ကိုယ်နဲ့ ရှောင်းကျန့်ကလည်း တော်တော်လေး ရင်းနှီးပါတယ်
ရှောင်းကျန့်က အရင်တုန်းက ရိပေါ်ကို လာတောင်းဖူးတယ် သူကောင်းကောင်း Train ပေးလိုက်ရင် ဒီကလေး အများကြီး အလားအလာရှိတာမို့ သူ့ကိုပေးပါ သူဆက်ပြီး သေချာTrainပေးမယ်ပြောပြီး လူလာတောင်းတာ ကောကရိပေါ်ရဲ့ လက်စွမ်းကိုသိလို့ မပေးနိုင်ဘူး  ရိပေါ်ကို ဒီ  Martial Art Sport Club ကိုယ်စားပြုအနေနဲ့ပဲ ကော က နိုင်ငံ့လက်ရွေးစင် ဖြစ်တဲ့အထိ Trainingပေးနိုင်တာမို့ မလိုဘူးလို့ ပြောထားပြီးသား ဒါပေမယ့် သူကလက်မလျော့ဘူး ရိပေါ်ကို မပေးတာ သေချာရင် ရိပေါ်ကို Trainပေးချင်တာကြောင့် ရိပေါ်ရှိတဲ့ ဒီClub မှာ သူပါလာ ကစားမလို့ ခွင့်ပြုပေးပါဆိုပြီး လာခွင့်တောင်းထားတာမို့ အခုရိပေါ်က သူ Private Team ရှိတဲ့ Club ကိုများ လိုက်ပြောင်းမလို့လား"

"မဟုတ်ပါဘူး အစ်ကို ကျွန်တော် ဟိုနေ့က စိတ်ဆိုးပြီး ချန်ပီယံရှောင်းကျန့်ကို ထိုးလိုက်တာ"

"ဟေ .. "
ဟွိုက်ခွမ်း ရုတ်တရက် လန့်သွားတာပါ ဒီကလေး ခါတိုင်းအဲလို မဟုတ်ပါဘူး ဒါကြောင့် ထပ်မမေးဘဲ လက်ခါပြပြီး ဆက်ပြောဖို့ အမူအရာ နဲ့ လုပ်ပြလိုက်ပြီး ရိပေါ်ကို ဆက်ပြောခိုင်းလိုက်ပါတယ်

"ဟုတ်ကဲ့ ကော သူကလေ သူ့ဇယားတွေနဲ့ အရှုပ်ထုပ်တွေကို ဖြတ်ချင်တာနဲ့ ကျွန်တော့်ကို ခုတုံးလုပ် အသုံးချတာမို ရုတ်တရက် စိတ်တိုသွားမိလို့ပါ အနီးကပ်ဖြစ်တာရော ရုတ်တရက်စိတ်တိုပြီး ထိုးမိတာရော ဆိုတော့ နှာခေါင်းသွေးလျှံသွားလို့ပါ အဲဒီနေ့က ထူပူပြီး မတောင်းပန်လိုက်ရဘူး အဲဒါအခု ပြန်တောင်းပန်ချင်တာပါ အခုဒီတစ်ပတ်လုံး Clubကိုမလာတော့ တော်တော် စိတ်ဆိုးသွားတယ်နဲ့ တူပါတယ် ဒါပေမယ့် ကျွန်တော်က လိပ်စာသိရင်တော့ လူကိုယ်တိုင် သွားတောင်းပန်ချင်တာပါ မသိရင်တော့ ဖုန်းနံပါတ်လေးရရင် ဖုန်းဆက်ပြီး တောင်းပန်
ချင်လို့ပါ"

"ဪ ဟိုပြီးခဲ့တဲ့ သောကြာနေ့က Clubထဲကို ကော လာသေးတယ် ရှောင်းကျန့် ရေခဲတွေကပ်နေတာ မြင်လို့ ကော တောင်
မေးလိုက်သေးတယ် သူ့ကြည့်ရတာ စိတ်ဆိုးတဲ့ပုံမပေါက်ပါဘူး ရတယ် မတော်တဆဖြစ်တယ်လို့ပဲ ပြောသွားတာ လက်စသပ်တော့ ရိပေါ်လက်ချက်မိသွားတာကိုး ဒီနေ့ထိတောင် မလာဘူးဆိုတော့ စိတ်ကောက်သွားတာနေမှာ "

ဟွိုက်ခွမ်းကော စကားကြောင့်ရိပေါ် မျက်နှာလေး ငယ်ပြလိုက်ပါတယ်

"ရှောင်းကျန့်က အရမ်းစတတ်သလို အရမ်းလည်း ကောက်တတ်တာလို့ ကောကသိနေတယ် အိမ်မှာဆိုလည်း အမွှေစိန်လို့ ကြားဖူးတယ် ကော တို့တောင် ခံလိုက်ရဖူးသေးတယ်"

"ဗျာ"

"ဪ ဒီလိုရိပေါ်ရဲ့ ရှောင်းကျန့်က သူ့အဖေ နဲ့ အမေရဲ့ (၃၀)နှစ်ပြည့် ပုလဲရတုမင်္ဂလာနှစ်ပတ်လည်နေ့ ဆိုပြီး ဖိတ်စာလှလှလေးနဲ့
သူကိုယ်တိုင် လက်ဝှေ့လောကက Club ပိုင်ရှင်တွေ နည်းပြတွေ နာမည်ကြီး လက်ဝှေ့ဝါသနာရှင်သူဌေးတွေ အများကြီးပဲ သေချာကို ဆက်ဆက်လာခဲ့ပေးပါ ခင်ဗျာ့ဆိုပြီး သေချာကို ဖိတ်တာ ဒါနဲ့ကိုယ်တို့တွေလည်း လက်ဆောင်တွေ ဝယ်ပြီးသွားကြတာပေါ့ ဖိတ်စာထဲမှာ မနက်(၇)နာရီ(၃၀)မိနစ် တိတိ မတိုင်မှီ ဆက်ဆက်ကြွရောက်ပေးပါရန်ဆိုပြီး ရေးထားတာမို့ စောစောထ ဖီးလိမ်းပြင်ဆင်ပြီး သွားကြတာပေါ့ လုပ်တာက သူတို့အိမ်မှာလုပ်တာ ဝန်းကလည်း အကျယ်ကြီး အိမ်ကလည်း အကြီးကြီး ပါပဲ ဒါပေမယ့် အိမ်ရောက်တော့ ခြံစောင့်ဦးလေးကြီးက တံခါးဖွင့်ပေးပေမယ့် ကြောင် တောင်တောင် ဖြစ်နေပြီး ဖြီးလိမ်းပြင်ဆင်ပြီး လက်ဆောင်နဲ့ လာကြတဲ့ ကိုယ်တို့တွေကို နားမလည် သလိုကြည့်နေတာပေါ့ ပုလဲရတုဆိုပေမယ့် အိမ်က ဘာမှလည်း မပြင်ထားဘူး ဪ အထဲမှာ ပြင်ထားလို့နေမှာပါ ဆိုပြီး ထင်လိုက်သေးတယ် ပိုထူးဆန်းတာက အိမ်မကြီးက တံခါးကို မဖွင့်ရသေးတာ ခြံစောင့်ကြီး ကိုယ်တိုင်ပဲ ဧည့်သည်လာတယ် ရှောင်းသခင်မကြီးဆိုပြီး ဖုန်းဆက်ဖွင့်ခိုင်းရတာကြောင့် ကိုယ်တို့လည်း အရမ်းအံ့အားသင့်နေတာပေါ့ ၇နာရီခွဲဆက်ဆက်ကြွရောက်ပေးပါရန် ရေးထားပြီး ၇နာရီ ၁၅မိနစ်ရှိနေတာတောင် တံခါးမဖွင့်သေးတာမို့လေ တံခါးလည်းဖွင့်ရော ရှောင်းသခင်ကြီးနဲ့ ရှောင်းသခင်မကြီး က ညအိပ်ဝတ်စုံတွေနဲ့ အိပ်ချင်နေတဲ့ပုံနဲ့ လာဖွင့်တာပါ ပိတ်ရက်မို့ အနားယူနေတာမို့ စိတ်မရှိပါနဲ့ ဘာကိစ္စရှိလို့ပါလဲ ဆိုတော့ အားလုံးကလည်း ပိုအံ့အားသင့်ပြီး ဟို ပုလဲရတု မင်္ဂလာနှစ်ပတ်လည်ကိုလာတာဆိုတော့ ကျွန်မတို့ ဘာပုလဲရတုမရှိပါဘူးရှင့် အကြီးဆုံးသမီးတောင် ၃၉နှစ်ပြည့်ပြီးပါပြီ လက်ထပ်ထားတာကလည်း ၄၂နှစ်ရှိပါပြီ တစ်ခုခုမှားနေလား မသိဘူးရှင့် ဆိုတော့မှ ချန်ပီယံရှောင်းကျန့်က ဖိတ်ထားလို့ပါဆိုပြီး အဆင်သင့်ပါတဲ့ ဖိတ်စာလေးကို ထိုးပေးလိုက်မှ ရှောင်းမိသားစုက သဘောပေါက်သွားပြီး ခါးကျိုးမတတ် အားလုံးကို တောင်းပန်တာပေါ့ ရှောင်သခင်ကြီးက ဒေါသတွေထွက်ပြီး အောက်ထပ်က ရှောင်းကျန့်အခန်းသွားကြည့်တော့ ကိုယ်တော်ချောက အခန်းထဲမှာ April Fool ဆိုတဲ့ vinyl ကြီးချိတ် April Fools Day ဆိုတဲ့ ဘောလုံးတွေနဲ့ အခန်းကို အလှဆင်ပြီး လစ်ထွက်သွားပြီ မရှိတော့ဘူး လာတဲ့ သူတွေလည်း အဲဒီအချိန်ကျမှ ဖိတ်စာကို သေချာပြန်ကြည့်ကြည့်တော့ အောက်ဆုံးမှာ စာလုံးသေးသေးလေးနဲ့ April Foolလို့ရေးထားတာမြင်လိုက်မှ ခံလိုက်ရပြီဆိုတာ သိတာ"

ရှောင်းကျန့်ရဲ့ မထင်မှတ်ရတဲ့ အကြောင်းလေး ဟွိုက်ခွမ်းကောဆီက ကြားရတော့ ရိပေါ် ရီမိပါတယ် ချန်ပီယံကြီးက အဲလိုလည်း ကျီစား တတ်သေးတာလား ကလေးဆန်လိုက်တာ 

" မရီနဲ့ အဲဒါ မနှစ်က ခံလိုက်ရတာမို့ ကောက မှတ်မိနေတာ အဲဒီလောက်ထိတောင် ရှောင်းကျန့်အစအနောက်သန်တာ မိဘဆွေမျိုးတွေပါ မနေရဘူး ရိပေါ်ရေ သူလုပ်လိုက်ရင် ရုပ်တည်ကြီးနဲ့ ပြီးတော့ သူက သူလုပ်တာ သူကြောင့်ခံလိုက်ရတာကို မတောင်းပန်တဲ့အပြင် သဘောကျပြီး ရီကရီသေး ဒါပေမယ့်လည်း ကျွန်တော်က ခင်လို့စတာပါ ဆိုပြီး သွားလေးဖြီးပြတော့လည်း အားလုံးက ဘာမှမဖြစ်ခဲ့သလို ခွင့်လွှတ် လိုက်တာပါပဲ အဲဒီကိစ္စကြောင့် ရှောင်းသခင်ကြီးက မိဘတွေကို စတာအရေးမကြီးဘူး သူများတွေလူကြီးလူကောင်းတွေကို အဲလိုစတာ မလေးမစားလုပ်တာကြောင့် အပြစ်ပေးတဲ့အနေနဲ့ အိမ်ပေါ်က မောင်းချလိုက်တာမို့  ရှောင်းကျန့်က အခု သီးသန့်နေတဲ့အိမ်ရှိတယ်ပြောတယ်  မောင်းချတယ်ဆိုပေမယ့် ကိုယ်ကြားတာတော့ ကျန့်ကျန့်လေးရဲ့ အပြစ်ကိုပြန်သုံးသပ်အောင် ပါးပါးက တစ်ပတ် အိမ်မှာနေခွင့်ရုပ်သိမ်းတယ် ဟိုတယ်သွားနေဆိုပြီး ပိုက်ဆံနဲ့တကွ ဟိုတယ်Booking လုပ်ပေးပြီး ဆင်းခိုင်းတယ်ပြောတာပဲ ဒါပေမယ့် ရှောင်းကျန့်က ဒါလေးစတာကို အိမ်ပေါ်ကနှင်ချတယ်ဆိုပြီး ကောက်သွားပြီး သီးသန့်ခွဲနေတာတဲ့ ဘယ်သူမှတော့ လိပ်စာမသိဘူး သူ့အိမ်ကတောင် မသိဘူး အိမ်ကို စိတ်ကောက်ပြီး ခုထိ နေရာမပြောပြသေးဘူးကြားတယ် ကျန်တဲ့လူလည်း သူ့အိမ်က လာစုံစမ်းရင် ပြန်ပြောမှာစိုးလို့တဲ့ ဘယ်သူ့ကိုမှ လိပ်စာမပေးထားဘူး သူ့အိမ်က သူ့တွေချင်ရင် သူ့ရဲ့ လက်ဝှေ့ထိုးလေ့ကျင့် တဲ့ Private Club ကိုလာရတာ သူ့ပါးပါးလည်း ပြန်လာချော့ပြီး အိမ်ပေါ်ပြန်တက်လာဖို့ပြောပေမယ့် စိန်ကောက်တေး ရှောင်းကျန့်က ပြန်မတက်သေးဘူးပြောတယ် သူအရမ်းချစ်တဲ့ပါးပါးက သူ့ကိုမောင်းချတာမို့ အကြီးကြီးအားငယ်ပြီး အကြီးကြီးစိတ်ဆိုးတာမို့ ခွင့်မလွှတ်သေးဘူးဆိုပြီး ပြန်မတက်ဘူးတဲ့နော် မထင်ရဘူး ရှောင်းကျန့်က အဲလိုလေးလည်း ခေါင်းမာတတ်သေးတာ ဒါကြောင့် ကောက ရိပေါ်ကို ရှောင်းကျန့် ဖုန်းနံပါတ်ပဲ ပေးလိုက်မယ်နော် "

ဖုန်းနံပါတ်ပေးပြီးတဲ့နောက် ဟွိုက်ခွမ်းကောက ပြုံးကြည့်ပြီး

"ဒါတွေ ပြောပြတာ ရိပေါ်ကို စိန်ကောက်တေး အကြောင်းသိစေချင်လို့နော် ကောထင်တာတော့ ရှောင်းကျန့်က လက်ဝှေ့ထိုး တော်ရုံမကဘူး စိတ်ကောက်တတ်တဲ့နေရာမှာလည်း ချန်ပီယံနော် ရိပေါ်လေးက နှာခေါင်းသွေးလျှံအောင် ထိုးထားမိတာဆိုတော့ ချော့ပေတော့ရိပေါ်ရေ သူက ၃နှစ်သားထက်ချော့ရခက်မှာသေချာတယ် ဟား....ဟား...ဟား...........

ရိပေါ်ကတော့ ခက်တော့တာပါပဲ ........................

Continue Reading

You'll Also Like

19.6K 570 13
You asked him a fair question as a nine-year-old child then, 'Who protects you if you protect the children?'
30.1K 2.3K 12
ကောင်းကင်ကြီးမပြိုကျသေးတရွေ့ ပင်လယ်ရေတွေ မခမ်းခြောက်သေးတရွေ့ စကြာဝဠာကြီး တည်ရှိနေသေးတရွေ့ ဒီလူတစ်ယောက်ထဲကိုပဲ ဘဝအဆက်ဆက် ပေါင်းဖက်ချစ်ခင်ရပါလို၏။
394K 13.9K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
14.7K 1.3K 16
Xiao Zhan woke up in three different dimensions and met him in different circumstances. Will they be able to fell in love over and over?