Never

By Blacksheep303

24.5K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ်တော့မှ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ်တော့မှ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ်တော့မှ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ်တော့မှ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ်တော့မှ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ်တော့မှ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ်တော့မှ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ်တော့မှ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ်တော့မှ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ်တော့မှ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ်တော့မှ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ်တော့မှ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ်တော့မှ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ်တော့မှ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ်တော့မှ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ်တော့မှ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ်တော့မှ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ်တော့မှ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ်တော့မှ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ်တော့မှ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - Zawgyi 5

247 5 0
By Blacksheep303

ဒီနေ့ ရှောင်းကျန့်တော်တော်လေး စိတ်မကြည်မသာဖြစ်နေပါတယ်
မနက်စာစားပြီး စိတ်အေးလက်အေး အိမ်အတွင်းပိုင်း Decorationအတွက် ဒီဇိုင်းဆွဲပြီးရင် တစ်ယောက်ယောက်နဲ့ Dateပြီး ညနေပိုင်းမှ လက်ဝှေ့ trainingဆင်းမယ်ဆိုပြီးစိတ်ကူးနဲ့သာယာနေတုန်း Agency က မင်းကိုစိန်ခေါ်ထားတဲ့လူရှိတယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားလာခဲ့ပါတယ် အဲဒီအထိ စိတ်ကအကောင်း တစ်ပွဲတစ်လှမ်း နွှဲရချည်သေးရဲ့ ဆိုပြီး ကျေနပ်နေသေးတာ ပြီးမှစိန်ခေါ်ထားတဲ့သူရဲ့ ကိုယ်ရေးအချက်အလက် Profile ပို့ပေးထားတာမို့ ဖတ်ကြည့်ပြီး မျက်မှောင်ကြုပ်လိုက်မိတဲ့အထိ စိတ်ရှုပ် သွားရပါတယ်

Profile က ဘာမှ များများစားစားမပါဘူး ပြိုင်ဘက်က အသက် ၂၁နှစ်ဆိုတာရယ် Beijing Sport University မှာ ဒုတိယနှစ် တက်နေတယ်ဆိုတာ နဲ့ Martial Art Sport Clubက ဆိုတာပဲပါပါတယ် တစ်ခါမှပြိုင်ပွဲမဝင်ဖူးဘူးဆိုတာဆိုတာကို ဖတ်လိုက်ရတာမို့

* ဘယ်လောက်တောင် Confident level so highနေလို့ ငါ့စိန်ခေါ်တာလဲ စိန်ခေါ်တော့လည်း ထိုးလိုက်ရုံပေါ့ ဘာခက်တာမှတ်လို့ ငါ့ကို စိန်ခေါ်တယ် ဆိုတော့ ကြည့်ရတာ နာမည်ကြီးချင်လို့လား မသိဘူး ဒါပေမယ့်လည်း ဘာပြိုင်ပွဲမှ မဝင်ဘူးဘဲ စိန်ခေါ်ပွဲတက်လာဖို့ဆိုရင် လူသစ်တန်းကလူတွေကို အပြိုင်ထိုးပြီးမှ စိန်ခေါ်ခွင့် ရမှာမို့ ခေသူမဟုတ်တာတော့ သေချာတယ် မဖြစ်ဘူး ပြိုင်ဘက်အကြောင်းစုံစမ်းဦးမှ*

လို့တွေးပြီး Agency ကို ပြိုင်ဘက်နာမည်ကို လှမ်းမေးတော့ ပွဲစီစဉ်သူတွေက နာမည်မပေးထားဘူးလို့ ပြောပါတယ် ထိုးမယ့်နေ့ကြမှ
ပြိုင်ဘက်နာမည်ကို ထုတ်ဖေါ်ကြေငြာမှာမို့ ခုလောလောဆယ် ပေးထားတဲ့အချက်အလက်အပြင် ကျန်တာ ဘာမှ မသိပါဘူး ဆိုတာကြောင့် ဝမ်ကျိုးချန်ဆီ အချက်အလက်တွေ ပို့ပေးပြီး စုံစမ်းခိုင်းလိုက်ပါတယ် ပြီးတော့ တွေးထား စီစဉ် ထားတာအားလုံး ဖျက်ပြီး Training ဆင်းဖို့ Clubကိုပဲ ထွက်ခဲ့လိုက်တော့တယ် ဟုတ်တယ် နှစ်ပတ်အတွင်း စိန်ခေါ်ပွဲကို လုပ်မှာဆိုပဲ

ချန်ပီယံသိက္ခာမကျအောင် ခုကတည်း သေချာလေ့ကျင့်မှရမယ်လေ ပြိုင်ဘက်ကို အထင်သေးလို့မရဘူး ပြိုင်ဘက်ရှုံးရင် ငယ်သေးတာကို ငါးထပ်ကွမ်းချန်ပီယံကိုတော့ ဘယ်ကျော်နိုင်သေးမှာလဲဆိုပြီး လူတွေက ဖြေတွေးကြမယ် ရှောင်းကျန့်သာ ရှုံးကြည့်

ကိုယ့်ထက်ငယ်တဲ့သူကိုတောင် နိုင်အောင် မထိုးနိုင်တော့ဘူးဆိုပြီး ဝိုင်းဟားခံရဦးမယ် နိုင်ရင်လဲ ကလေးနဲ့ မတန်မရာတွေထိုးပြီးနိုင်တာ အထင်ကြီးစရာမရှိပါဘူးဆိုပြီး အပြောခံရဦးမှာ အပြောအဆိုမခံရအောင် လွတ်ဖို့ဆိုရင် တစ်ချီထဲနဲ့ အလှဲသိပ်နိုင်မှ ချန်ပီယံပီသပါပေတယ်ဆိုပြီး အပြော လွတ်မှာ ဒါကြောင့် ရှောင်းကျန် ပြိုင်ဘက် တစ်ချီထဲနဲ့ အလှဲထိုးနိုင်ဖို့ ပိုပြီးလေ့ကျင့်မှရမယ်
*
*
*
*
ကျန်းချန်က အရမ်းအားကိုးရတယ် စုံစမ်းခိုင်းတာ ကြာလှပြီ နက်ဖြန်ဆိုရင်ထိုးတော့မှကို ခုချိန်ထိ ဘာသတင်းမှ မရသေးဘူး သတင်းရတာမရတာက ကိစ္စမရှိပါဘူး ဘယ်သူပဲဖြစ်ဖြစ် ထိုးရမှာပဲကိုး လိုအပ်တဲ့ သတင်းအချက်အလက်တွေက သိပြီးသားကို အခုဒီကောင်လေး နဲ့ကျမှ ဘာလို့သူ့အကြောင်းတွေ ပိုသိချင်နေမှန်း မသိပါဘူး မျက်နှာမမြင်ရလို့ နာမည်လည်းမသိရလို့ ပိုစိတ်ဝင်စားမိတာနေမယ် ဒီကောင်လေး လူချင်းတောင် မတွေ့ဘူးသေးဘူး ရှောင်းကျန့်ရဲ့စိတ်ကို တော်တော်လေး ဆွဲဆောင်နေတယ် မဆိုးဘူး Attraction ရှိတယ် ကောင်လေးက ဒီရက်ပိုင်း ဒီကောင်လေးအကြောင်း မစဉ်းစားမိတဲ့နေ့ဆိုတာ မရှိသေးဘူးဘဲ လက်ဝှေ့ထိုးလေ့ကျင့်ရင်းနဲ့ ရှောင်းကျန့် ကိုယ့်ကိုကိုယ်တောင် အံ့အားသင့်မိသွားပြီး ပြုံးမိသွားပြီးခေါင်းလေးခါလိုက်မိတာကြောင့် နည်းပြက

"ရှောင်းကျန့် စိတ်ကို စုစည်းထားလေ ဘာတွေအာရုံများပြီး ပြုံးနေတာလည်း တစ်ဖက်က ချန်ပီယံမဟုတ်ပေမယ့် မင်းကို စိန်ခေါ်တယ်ဆိုတာ သူ့အရည်အချင်းသူ ယုံကြည်လို့ မင်းကို စိန်ခေါ်ခွင့်နဲ့ စီစဉ်ပွဲ ဖြစ်လာတယ်ဆိုကတည်း သူ့က တော်ရုံမဟုတ်လောက်ဘူး ကိုယ့်ကိုကိုယ်လည်း အထင်မကြီးနဲ့ သူများကိုလည်းအထင်မသေးနဲ့ ပြန်ကျင့်"

"အာ..နည်းပြကလည်း ကျွန်တော်က သူများကို အထင်မသေးပါဘူး အခုကလည်း ပြိုင်ဘက်အကြောင်း စဉ်းစားမိသွားလို့ပါ"

"ပြိုင်ဘက်အကြောင်းစဉ်းစားမိရင် မျက်ခုံးတွေ တွန့်ချိုးသွားရမှာလေ မင်းက ဘာကိစ္စနဲ့ပြုံးနေရတာလဲ"

ဟီး ...ဟီး ရှောင်းကျန့်ဘာမှ ပြန်မပြောတော့ဘဲ ရီပြလိုက်ပြီး လက်ဝှေ့ကိုပဲ အာရုံစိုက်လေကျင့်နေလိုက်ပါတယ်....
*
*
*
တစ်ဘက်တွင်လည်း...
"ရီပေါ် နက်ဖြန်ဆို စိန်ခေါ်ပွဲ ထိုးရတော့မယ်နော် မင်းဒီမျက်နှာနဲ့ပဲထိုးမှာလား"

ဟောက်ရွှမ်းရိပေါ်ကို မေးလိုက်ခြင်းဖြစ်ပါတယ်
စိန်ခေါ်ပွဲကို လူတွေပိုစိတ်ဝင်စားအောင် ပွဲစီစဉ်သူတွေ ရှောင်းကျန့်ပုံ နဲ့နာမည် ကို သေချာပြထားပြီး ရိပေါ်ပုံကို အမည်းနဲ့အရိပ်လိုပဲ လုပ်ထားပြီး နာမည်လည်း မဖော်ပြထားဘဲ ငါးထပ်ကွမ်း ချန်ပီယံကို စိန်ခေါ်လာတာ ဘယ်သူများဖြစ်နေမလဲ သူတို့ရဲ့ စိန်ခေါ်ထိုးသတ်ပွဲက ဘယ်လိုဖြစ်မှာလဲ ချန်ပီယံကြီးက အေးအေးဆေးဆေး အနိုင်ယူသွားမလား စိန်ခေါ်လာသူက ဒီပွဲမှာ ချန်ပီယံကြီးကို အနိုင်ယူသွားမလားဆိုတာကို မျက်ဝါးထင်ထင် လာရောက်ကြည့်ရှု ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ဆိုတဲ့စာသားနဲ့ ကြေငြာထားတာမို့ လူစိတ်ဝင်စားမှု အရမ်း မြှင့်တက်နေတာပါ

ဒါကြောင့်လည်း ဟောက်ရွှမ်းက ရိပေါ်ကို သေချာအောင် မေးကြည့်တာပါ အနိုင်ရသွားရင် အရမ်းနာမည်ကြီးသွားနိုင်သလို ရှုံးနိမ့် သွားရင်လည်း မတန်မရာ ငါတို့ချန်ပီယံကို စိန်ခေါ်ရသလား ဆိုပြီး ဝိုင်းBlameခံရနိုင်တာမို့ ဒီလိုမေးလိုက်တာဖြစ်ပါတယ်

" ငါ နာမည်ကြီးချင်လို့ ခုလိုစိန်ခေါ်တာမဟုတ်ဘူး နောက်ပြီး ရလဒ်က အရှုံး နဲ့ သရေဘက်ကိုဦးတည်တယ် ဆိုပေမယ့်လည်း ဒီပွဲပြီးသွားရင် ငါအပြင်မှာ သာမန်လူလိုပဲ ဆက်ပြီးနေထိုင်ချင်သေးတယ် ဒါကြောင့် ငါ FACE PAINT နဲ့ မျက်နှာဖျက်ပြီးထိုးဖို့ စီစဉ်ထားတယ်"

"နာမည်ကရော မင်းဘာနာမည်နဲ့ လက်ဝှေ့လောကထဲ မှာထိုးမှာလဲ ဝမ်ရိပေါ်နာမည်နဲ့ထိုးမယ်ဆိုရင်တော့ မင်းမျက်နှာကို Face Paint သုံးထားရင်တောင် နာမည်နဲ့ ဆိုရင် ပြန်သိမှာပဲ"

"ငါလည်း ဒါကြောင့် ပြိုင်ပွဲမှာ Leo G ဆိုတဲ့နာမည်နဲ့ထိုးဖို့ပဲ လုပ်ထားတာ Clubကရော ပွဲစီစဉ်သူတွေဘက်ကရော Privacy လုံးဝ မပေါက်ကြားစေဖို့ အာမခံထားမို့ ဒီပွဲပြီးတာနဲ့ ဘာရလဒ်ပဲ ဖြစ်ဖြစ် လက်ရှိငါ့ရဲ့ ဘဝကို အကျိုးသက်ရောက်မှာ မဟုတ်ဘူး မင်းခုလို စိတ်ပူပေးတာ ငါကျေးဇူးတင်တယ်"

"မလိုပါဘူး မင်းကလည်း ငါ့မှာသူငယ်ချင်းဆိုလို့ မင်းဘဲရှိတာကိုး ဒါနဲ့ နာမည်ကို ဘာလို့ Leo Gလို့ထားတာလဲ"

" Leopard က Leo ကိုယူပြီး င့ါအကြိုက်ဆုံးအရောင် Greenက G နှစ်ခုပေါင်းလိုက်တော့ ငါ့နာမည် Leo G ဟုတ်ပြီလား ငါဆက်လေ့ကျင့်လိုက်ဦးမယ်"

"OK"
*
*
*
*
ပြိုင်ပွဲနေ့ ညနေ၆နာရီ စိန်ခေါ်ပွဲ စမှာဆိုပေမယ့် ညနေ ၅နာရီလောက်ကတည်း လူတွေတဖွဲဖွဲ လာနေကြပါတယ် လက်ဝှေ့လောကသားတွေ ရော လက်ဝှေ့ဝါသနာအိုး ပရိသတ်တွေရော ရောက်နေကြပါပြီ ပြိုင်ပွဲစီစဉ်သူ Program Directorရဲ့ ကြေငြာကြောင့် ထင်ပါတယ် စိန်ခေါ်သူ ကို မမြင်ရမသိရတော့ လူတွေက ပိုစိတ်ဝင်စားကြတာမို့ ရုံပြည့်ရုံလျှံပါပဲ VIP နေရာတွေလည်းအပြည့် ရိုးရိုးနေရာတွေလည်း အပြည့်အပြင် အပေါ်ထပ်မှာပါ အပြည့်ပါ တော်ရုံပွဲတွေဆိုရင် အောက်ထပ်တောင် လူတဝက်လောက်ပဲ လာလေ့ရှိပေမယ့် အခုက အထူးစိန်ခေါ်ပွဲဆိုတော့ လူအပြည့်အလျှံမို့ ပွဲစီစဉ်သူတွေ အကြိုက်ပေါ့

အချိန်ကျလာပြီမို့ Announcer က စတင်ပြီး ကြိုးဝိုင်းထဲက

" အားလုံး မျှော်လင့်နေကြတဲ့အချိန်ကို ရောက်လာပြီ ကျွန်တော်တို့လည်း ရင်ခုန်နေပါတယ် အခုပွဲက အရမ်းကို ကြည့်လို့ကောင်းမယ့်ပွဲစဉ် ဆိုတာ အထူးပြောစရာမလိုအောင် အားလုံးက ခံစားထားမိပြီးသားပါ ကဲ အချိန်မဆွဲပဲ ကျွန်တော်တို့ရဲ့ ငါးထပ်ကွမ်း ချန်ပီယံ ရှောင်းကျန့် ကို ဖိတ်ခေါ်ပါတယ်.............."

ကြေငြာသူရဲ့ စကားသံအဆုံး အားလုံးက

"ရှောင်းကျန့် ... ရှောင်းကျန့် ...... ဒုန်း....ဒုန်း.....ဒုန်း ......./ရှောင်းကျန့် ... ရှောင်းကျန့် ...... ဒုန်း....ဒုန်း.....ဒုန်း/ရှောင်းကျန့် ......... ရှောင်းကျန့် ...... ဒုန်း....ဒုန်း.....ဒုန်း"

ဆိုပြီး အရမ်းအားပေးကြပါတယ် ချန်ပီယံကြီး ရှောင်းကျန့်ကလည်း ဖွင့်ထားတဲ့ တေးသံနဲ့အညီ ဟန်ရေးပြပြီး ခန့်ညားစွာနဲ့​ ဝင်လာပြီး လက်ဝှေ့ကြိုးဝိုင်းထဲမှာ နေရာယူပြီး ပရိသတ်ကို အရိုအသေပေးသလို လုပ်ပြီး ဟန်ရေးပြလိုက်ပါတယ်

"ဝေး .....ရှောင်းကျန့်ကွ...........ရွှီး..ဖြောင်း...ဖြောင်း....ဖြောင်း....." အားပေးသံတွေက ကျယ်ကျယ်လောင်လောင် ထွက်လာတာမို့ ရှောင်းကျန့်ကျေနပ်ပြုံးလေးပြုံးလိုက်ပါတယ်

"ကဲ ကျွန်တော် တို့ ချန်ပီယံကြီး နေရာယူပြီးပြီဆိုတော့ စိန်ခေါ်သူကို အားလုံးက သိချင်နေကြပြီမလား"

" သိချင်နေပါပြီ"

"စိန်ခေါ်သူဟာ ကျွန်တော်တို့ ချန်ပီယံကြီးထက် ၆နှစ်ငယ်ပါတယ် Beijing Sport University က Second Year ကျောင်းသားလေးပါ Martial Art Sport Clubကဖြစ်ပါတယ် ဒါပေမယ့် ခုလို ချန်ပီယံကြီးစိန်ခေါ်ဖို့အတွက် လူသစ်တန်းလက်ဝှေ့သမား ၅ဦးကို ယှဉ်ပြိုင်အနိုင် ယူခဲ့သူမို့ ဇကတော့ မသေးပါဘူး လက်စလက်နဲ့ ရှိသူတစ်ဦးပါ ကဲ ကျွန်တော်သူ့ကို စင်မြင့်ထက်ဖိတ်ခေါ်လိုက်ပါတော့မယ် သူကတော့
Leo G..................လို့ အမည်ရပါတယ် လူသစ်လေးကို လက်ခုပ်သံလေးနဲ့ အားပေးလိုက်ကြပါဦး"

စကားသံအဆုံးမှာ ရိပေါ် စင်ပေါ်ကို အေးအေးဆေးဆေး တက်လာခဲ့ပါတယ် တေးသံဖွင့်ထားပေမယ့် ကိုယ်ကတစ်ခါမှ မပြိုင်ဘူးတော့ ဘယ်လိုဟန်ရေးပြပြီး ဝင်ရမလဲဆိုတာလည်း မသိဘူး အရမ်းကို မြောက်ကြွမြောက်ကြွပုံပေါက်သွားမှာစိုးတာမို့ ဝတ်ရုံလေးအသာခြုံပြီးတော့ ထွက်လာလိုက်ပါတယ်

ကြိုးဝိုင်းထဲရောက်တော့လည်း လေးဘက်လေးတန်က ပရိသတ်တွေဖက်ကိုလှည့် ဦးညွှတ်လိုက်ပါတယ် ပထမဆုံးလူအများကြီးရှေ့မှာထိုးရမယ့် ပွဲမို့ စိတ်လှုပ်ရှားနေလို့ မျက်နှာပါအုပ်အောင် ခြုံထားတဲ့ခေါင်းအုပ်ပါတဲ့ ခြုံထည် (Boxing Robe) ကို မချွတ်ဘဲထား မိတာကြောင့် အစီအစဉ်ကြေငြာသူက

"စိန်ခေါ်သူက ဘယ်သူလဲဆိုတာ အားလုံးကို သိချင်နေပြီမို့ ပရိသတ်ကိုမျက်နှာပြပေးပြီး နှုတ်ဆက်လိုက်ပါဦး"

ပြောလည်းပြောပြီး မိုက်ကြီးရိပေါ်ဆီထိုးပေးလာတာမို့ ခြုံထည်ကို ခေါင်းပေါ်ကနေ ဖြုတ်ချပြီး ပရိသတ်ဖက်မော့လိုက်ပါတယ် မျက်နှာက Face Paint ကြောင့် အားလုံးက ဝိုးကခဲ ဖြစ်သွားပြီး ဘာကြောင့်မှန်းမသိ လက်ခုပ်တီးပြီး အားပေးကြပါတယ်

ရိပေါ် မျက်နှာလုံအောင် အုပ်ထားတဲ့ Boxing Robe

(မျက်နှာကို ဒီလို ဒီဇိုင်းနဲ့ ပြင်ဆင် ထားတာလို့ တွေးမြင်ပေးပါနော်)
                       
ဒါကြောင့် နည်းနည်းလေး ပြုံးရောင်သမ်းသလို ဖြစ်သွားနိုင်တာမို့ချက်ချင်းတည်လိုက်ရပါတယ် မတည်လို့မရဘူးလေ Leopardလိုခြယ်ထားတာ တည်တည်တံ့တံ့နေ မှ ကျားသစ်အရှိန်အဝါအပြည့်အဝ ဖြစ်မှာပေါ့ ချက်ချင်းတည်လိုက်ပေမယ့်ပြိုင်ဘက်ကို မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ရှောင်းကျန့်ကတော့ ကျားသစ်ပေါက်လေးရဲ့ အပြုံးကို မြင်ဖြစ် အောင် မြင်လိုက်တာမို့

* အာ... ချစ်ဖို့ကောင်းလိုက်တာ ကျားသစ်ပေါက်လေးနဲ့စာရင် ကြောင်ပေါက်ကလေးနဲ့တူတယ်*

ဆိုပြီး အတွေးပေါက်သွားတာမို့

* စိတ်ကလည်း ဘာတွေရှောက်တွေးနေတာတုန်း အဲဒါမင်းကို အလှဲထိုးမယ့်ပြိုင်ဘက် ဒါကြောင့် သူကကြောင်ပေါက်လေးဆိုတော့ မင်းက ခွေးလိုမာန်ဖီထား ဟာ .... ကိုယ့်ကိုကို အားတင်းခါမှ ဘယ်နဲ့ခွေးဖြစ်သွားတာပါလိမ့် ဘာမှမတွေးနဲ့တော့ ရှောင်းကျန့် လက်ဝှေ့ထိုးဖို့ပဲ စိတ်ထဲထား မင်းနိုင်ကို နိုင်မှာ*

ဆိုပြီး အတွေးတွေကို မနည်းဖြတ်ချရပါတယ် ရှောင်းကျန့်က အတွေးဗျာများနေချိန်မှာ ရိပေါ်လေးကတော့ အေးအေးဆေးဆေး ဖြစ်အောင် စိတ်ကိုလျော့ပြီး လူတွေရဲ့ လက်ခုပ်သံ အော်ဟစ်သံတွေ အဆုံးမှာ

" Leo G ပါ ပထမဆုံး ပြိုင်ပွဲမှာ ချန်ပီယံကြီးကို စိန်ခေါ်တာ ဆိုပေမယ့် ပထမအချီနဲ့တော့ မမှောက်စေရပါဘူးလို့တော့ အာမခံနိုင်ပါတယ် အားပေးကြပါဦး"

လို့ ပြောလိုက်ပါတယ် ရိပေါ်နှုတ်ခွန်းဆက်စကားအဆုံးမှာ အစီအစဉ်ကြေငြာသူက ချန်ပီယံကြီးက ရော ဘာများပြောချင်ပါသေးလဲဆိုပြီး ရှောင်းကျန့်ကို မိုက်ထိုးပေးလိုက်ပါတယ်

"ပြောစရာမရှိပါဘူး ဒီတစ်ရက်တော့ ကျွန်တော်က LeoG ဆိုတဲ့ ကျားသစ်ပေါက်လေးကို အမိဖမ်းမယ့် မုဆိုးကျော်ကြီး ရှောင်းကျန့် ဖြစ်ပေးပါ့မယ်လို့"

" ဟေး ဒါမှ ရှောင်းကျန့်ကွ ရွှီး....ဖြောင်း...ဖြောင်း....ဖြောင်း "

ပရိသတ်က ရှောင်းကျန့် စကားကြောင့် ပိုပြီး ပွဲဆူသွားပြီး လက်ခုပ်တွေတီး လက်ခေါက်တွေ မှုတ်လုပ်ကုန် ကြပါတယ် ရိပေါ်ကတော့ တော်တော်လေး ဒီချန်ပီယံကို အမြင်ကတ်သွားပါတယ် အရင်ပွဲစဉ်တွေလေ့လာတုန်းက ဒါမျိုးတွေပြောတတ်တယ်လို့ မကြားမိပါဘူး
ဒါရိပေါ်ကို သက်သက်ရန်စချင်လို့နေမှာ တွေကြသေးတာပေါ့ ကျားသစ်ပေါက်မဟုတ်ဘူး ရိပေါ်က အရွယ်ရောက်ပြီးသား ကျားသစ် ဖြစ်ကြောင်းပြရသေးတာပေါ့

ထုံးစံအတိုင်း ပွဲစခင် ပြိုင်ပွဲဝင်တွေ အချင်းချင်း နှုတ်ဆက်တဲ့အခါ ရှောင်းကျန့် ကြားအောင်

"ကျွန်တော်က ခင်ဗျားထင်သလို ကျားသစ်ပေါက် မဟုတ်ဘူး ကိုးတောင်ကျားထက်တောင်ကြီးနေပြီ ဖြစ်တဲ့ ကျားသစ် ဒါခင်ဗျားသဘောပေါက်"

"အိုးဟိုးဟိုး အလာလေးပါလား ....ကြည့်ရရော အသံနားထောင်ရတာတော့ နုနုငယ်ငယ်လေးပါလား လက်သီးနဲ့ ထိုးရက်စရာ မရှိဘူးကွာ ဒါပေမယ့် တခြားဟာနဲ့တော့ ထိုးချင်စရာကောင်းနေတာ ဘယ်လိုလုပ်မလဲ အ ဟက် ဟက် ဟက်"

"ဘာ .. ခင်ဗျား... ခင်ဗျား ဘာစကားပြောတာလဲ"

ရိသဲ့သဲ့ ရှောင်းကျန့်စကားတွေကြောင့် ရိပေါ်ချက်ချင်းဒေါသထွက်သွားတာမို့ မျက်နှာကွက်ခနဲ ပျက်သွားပါတယ်

"အိုးဟိုးဟိုး ကျားသစ်ပေါက်လေး မာန်ဖီတာ ချစ်စရာကြီးပါလား စိတ်လျော့ စိတ်လျော့ ကိုယ်ပြောတာ လက်ညှိုးလေးနဲ့ပဲ ထိုးလိုက်ချင်တာကို ပြောတာပါ"

ပြောလည်းပြော တစ်ခါတည်း ရိပေါ်ရဲ့ ပါးလေးကို လက်ညှိုးနဲ့ထိုးလိုက်တာမို့ ရိပေါ် လက်ကို ဆတ်ခနဲ ပုတ်ချလိုက်ပါတယ် ချန်ပီယံပီပီ ရှောင်းကျန့်က ပုတ်ချဖို့တက်လာတဲ့လက်ကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်ပြီး ဆွဲဖက်နှုတ်ဆက်လိုက်ပါတယ် အခြေအနေကို အမြန်ပြောင်းလဲပစ် လိုက်တဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ရုတ်တရက်ကြောင်သွားပေမယ့် ချက်ချင်းသဘောပေါက်သွားပါတယ် ချန်ပီယံကြီးက သူ့လက်ပုတ်ချတာကို ပရိသတ်သိမှာစိုးလို့ ဖက်လှဲတကင်းလာလုပ်နေတာကိုး ရိပေါ်အကြောင်းပြရသေးတာပေါ့

ရိပေါ် ရှောင်းကျန့်ကို အားရပါးရ ပြန်ဖက်ထားလိုက်ပြီး ချန်ပီယံရှောင်းကျန့်ရဲ့ပါးကို နှာခေါင်းနဲ့ မသိမသာ ပွတ်ဆွဲလိုက်ပြီး ရှောင်းကျန့်ကြားအောင်

"အားရိုး ချန်ပီယံကြီးရဲ့ ပါးလေးကလည်း နူးညံ့နေတာပဲ ကိုယ်သင်းနံ့လေးက သင်းသင်းလေး ဟား...ဟား"

စကားအဆုံး ရှောင်းကျန့်ကို နောက်ကိုတွန်းပို့ပြီးကိုယ်တိုင်လည်း နောက်ဆုတ်ပြီး လူချင်း ခွါလိုက်ပါတယ် ဟန်ကိုယ့်ဖို့ လုပ်နေပေမယ့် အနမ်းခံလိုက်ရတဲ့ ချန်ပီယံကြီး ရှက်သွေးဖျာသွားတာ ရိပေါ်မြင်လိုက်ပါတယ် ရိပေါ်ကို လာမစမ်းနဲ့ ဘာရမလဲ ခင်ဗျားက ကျွန်တော့်ပါးကို လက်ညှိုးနဲ့ထိုးတဲ့အချိန် ကျွန်တော်က ခင်ဗျားပါးကိုနမ်းပြီးသွားပြီ လက်စားချေလိုက်ရတာမို့ ရိပေါ်တော်တော်လေး ကျေနပ်နေပါတယ် ချန်ပီယံကြီးက တော့ မျက်စောင်းတွေ ဇွတ်လွှတ်နေတာပေါ့

Round 1 ..... ဆိုတဲ့အသံနဲ့ အချက်ပေးခေါင်းလောင်းသံ ကြားလိုက်ရတာမို့ နှစ်ယောက်လုံး အာရုံစိုက်ပြီး တစ်ယောက်ကို တစ်ယောက်    အနိုင်ယူ အလှဲထိုးနိုင်အောင် စိတ်ဆုံးဖြတ်ပြီး စတင်ထိုးသတ်လိုက်ပါတယ်

ချန်ပီယံဆိုတဲ့အတိုင်း ရှောင်းကျန့်က ထိုးမယောင် ဟန်ရေးပြပြီး ဆတ်ခနဲခြေထောက်နဲ့ဖျတ်ကန်လိုက်တာမို့ ရိပေါ်တစ်ချက်ထိသွားပါတယ် အားလည်းတော်တော်ပြင်းတာမို့ အီစလံဝေသွားပါတယ် ဒါတောင်ရိပေါ်က အကသမားမို့ ဖျတ်ခနဲ နောက်ကို ခုန်ရှောင်လိုက်တာမို့ မဟုတ် ရင် တစ်ချက်တည်းနဲ့ မှောက်သွားနိုင်တယ်

                                                                              ဒီလိုပုံစံလေး မြင်ယောင်ပေးပါနော်

ချန်ပီယံပီသတဲ့ရှောင်းကျန့်ပါ ရီပေါ်မှာ သူ့ကို ထိုးနိုင်ဖို့ နေနေသာသာ သူ့ထိုးချက်ကန်ချက်တွေ မနည်းလွှတ်အောင် ရှောင်နေရတယ် အစကတည်း က နိုင်ဖို့မလွယ်မှန်းသိပါတယ် ဒါပေမယ့် ရအောင်ထိုးဖို့ ရိပေါ် ကြိုးစားဦးမှာ

ရှောင်းကျန့်ကလည်း ငါ ဒီကျားသစ်ပေါက်လေးကို တစ်ချီတည်းနဲ့ နိုင်အောင် ချဖို့လုပ်ထားတာ ဒါလေးက မလွယ်ကြောလေးပဲ ရှောင်းကျန့်ရဲ့ မထင်မှတ်တဲ့ကန်ချက်နဲ့ ပြိုင်ပွဲဝင်တော်တော်များများ တစ်ခါတည်းနဲ့မှောက်သွားတာ သူကတော့ လျင်လျင်မြန်မြန် ဆုတ်သွားနိုင်တာအပြင် ခံချက်ကို ခံနိုင်ရည်ရှိတာပါ သိလိုက်ရတော့ မဆိုးဘူး လူငယ်ပေမယ့် တော်တဲ့အထဲမှာပါတယ် လို့ ကြိတ်ပြီး ချီးကျူးမိပါတယ်

ပထမတစ်ချီပြီးခါနီးမှာ အလစ်ချောင်းပြီး ထိုးလိုက်တဲ့ ရိပေါ် အောက် ဝှိုက်လက်သီးတစ်လုံး ရှောင်းကျန့်မေးရိုးကို ထိထိမိမိ ထိုးမိလိုက်ပါတယ် တချိန်တည်း ရှောင်းကျန့်ရဲ့ ဘယ်ဝှိုက်လက်သီးက ရိပေါ်ပါးပေါ်  အားပြင်းပြင်းနဲ့ ကွက်တိ ရောက်လာတာမို့ ရိပေါ် တစ်ချက် မှောက်သွားပါတယ် ပရိသတ်ရဲ့ ရှောင်းကျန့်အပေါ် ကျေနပ်အားပေးသံတွေ ဆူညံသွားတာပေါ့

ဒါပေမယ့် ရိပေါ်က ဖုတ်ဖက်ခါပြီး ချက်ချင်းပြန်ထနိုင်တာမို့ အားလုံးက အားပေးကြပါတယ် နည်းနည်းလေး ဟန်ရေးပြပြီး ထပ်ထိုးမလို့ရှိသေး ခေါင်းလောင်းသံကြားလိုက်ရတာမို့ ရိပေါ် ပျော်သွားပါတယ် မဟုတ်ရင် ဆက်တိုက်လက်သီးစာမိရင် တစ်ချီတည်းနဲ့ မှောက်နိုင်တယ် ခုတော့ ပထမအချီပြီးပြီ ကျေနပ်သွားပါတယ်

ဟောက်ရွှမ်းတို့ ယွီပင်းတို့ကလည်း အနားကပ်လာပြုစုပြီး အားပေးပါတယ် အနီရောင်ထောင့်မှာထိုင်အပန်းဖြေနေတဲ့ ချန်ပီယံကြီးကို လှမ်းကြည့်မိတော့ ရိပေါ်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တာ တွေ့ဖြစ်အောင် တွေ့လိုက်ပါတယ် သူမျက်စိမှိတ်ပြလိုက်နိုင်လို့ ကျေနပ်နေတဲ့
ရှောင်းကျန့်ကို ရိပေါ်  Fly Kiss ပေးသလို နှုတ်ခမ်းနဲ့ အမူအရာပြန်လုပ်ပြလိုက်ပါတယ်

ရှောင်းကျန့်က ပို့လိုက်တဲ့ Fly Kiss ကို ဖမ်းပြီး အောက်ပစ်ချ ခြေထောက်နဲ့နင်းတဲ့ အမူအရာပြန်လုပ်ပြတာမို့ ရိပေါ် တော်တော်လေး ရီချင်သွားပါတယ် ဘယ်လို ငါးထပ်ကွမ်းချန်ပီယံလဲ ကလေးဆန်လိုက်တာ .... ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ အပြန်အလှန် စစ်ထိုးနေတာကို အခြေအနေတွေကို ခြုံငုံပြီး ပြောပြနေတဲ့ ယွီပင်းနဲ့ နည်းပြက မမြင်ပေမယ့် ဟောက်ရွှမ်းက အစအဆုံးမြင်တာမို့

"အမလေး အရေးထဲ လက်ဝှေ့ကြိုးဝိုင်းထဲ လာပြီး Flirtနေကြတယ် အာရုံစူးစိုက် ဒါ အချစ်စမ်းနေတာမဟုတ်ဘူး လက်ဝှေ့ထိုးနေတာ"

လို့ ပြောပြီး တိုးတိုးကပ်ပြောပြီး ပုခုံးကို ဖျတ်ခနဲရိုက်ပြီး အောက်ဆင်းသွားပါတယ် ပြိုင်ပွဲပြီးမှ ဟောက်ရွှမ်းကို ရှင်းပြရဦးမယ် Flirtနေတာမဟုတ်ဘဲ စိတ်ချင်း စီးချင်းထိုးနေတဲ့အကြောင်းကို .....

Round 2 ဒုတိယအချီ စပါပြီ

ဒုတိယ အချီမှာတော့ ရိပေါ်ရဲ့ Ideaက ရှောင်းကျန့်ကို ထိုးတာရော ကန်တာရော လုပ်လို့မရအောင် ချုပ်ထားမယ်လို့ စိတ်ကူးပြီး ရှောင်းကျန့်ရဲ့ အနေအထားကို သေချာရှိုးထားလိုက်ပါတယ် အခြေအနေပေးတာနဲ့  စွပ်ခနဲ ရှောင်းကျန့်ပေါ် ခုန်တက်ပြီး ခြေထောက်နဲ့ရော လက်နဲ့ပါ အတင်းတွယ်ကပ် ချုပ်ထားလိုက်ပါတယ် ကိုယ့်ကိုကိုယ်လည်း ငါကွ လို့ကြွေးကြော်ပြီး

" ချန်ပီယံကြီး ခင်ဗျားခုတော့ ဘာတတ်နိုင်သေးလဲ လက်သီးနဲ့လည်း ထိုးမရတော့သလို လက်ညှိုးနဲ့လည်း မထိုးနိုင်တော့ဘူး ဟားဟား"

ဆိုပြီး ရှောင်းကျန့်နားနားလေးကို ကပ်ပြောလိုက်ပါတယ် ကိုယ့်ကိုကိုယ်လည်း တော်တော်လေး ကျေနပ်မိပါတယ် ချန်ပီယံကြီးကို သေသေချာချာ ချုပ်ထားနိုင်ပြီလေ သေချာတယ် ရိပေါ် ဒုတိယအချီ မမှောက်တော့ဘူး

ရှောင်းကျန့် အမှန်အတိုင်းပြောရရင် ကြောင်သွားတာပါ လက်ဝှေ့မထိုးဘဲ ကိုယ့်ပေါ်ကို လွှားခနဲ ခုန်တက်လာတဲ့ ပြိုင်ဘက် အခုမှပဲ ကြုံဖူးတော့တယ် ကိုယ်ကလည်း အယောင်ယောင်အမှားမှားနဲ့ ခုန်တက်လာတဲ့ ပြိုင်ဘက်ကို ပြုတ်ကျသွားမှာ စိုးရိမ်တဲ့စိတ်ဖြစ်လာပြီး ဖမ်းဖက် လိုက်မိတယ် သကောင့်သားလေးက လက်ရော ခြေထောက်တွေနဲ့ပါ အတင်းဖက်ထားပြီး လက်သီးနဲ့ရော လက်ညှိုးနဲ့ရော မထိုးနိုင်တော့တဲ့ အကြောင်း စကားနိုင်လာလုပြောပြီး ကျေနပ်နေသေး ဒါကြောင့်

"Leo G မင်း ဆင်းနော် ငါလွှတ်ချလိုက်လို့ ပြုတ်ကျပြီး နာနေမယ်'

"ဆင်းစရာလား လုံးဝ မဆင်းဘူး ခင်ဗျားမထိုးနိုင်အောင် ကျွန်တော်သေချာချုပ်ထားတာ ဆင်းစရာလား လုံးဝ မဆင်းဘူး"

"သေချာလား မင်း မဆင်းတာ သေချာလား"

"သေချာတယ် ခင်ဗျား ဘာနဲ့မှ ထိုးလို့မရအောင် လုပ်ထားနိုင်တာ ဆင်းစရာလား လုံးဝမဆင်းဘူး လုံးဝလည်းမလွှတ်ဘူး"

"သေချာတယ်နော်"

ဒီတစ်ခါ စကားနဲ့တောင် မပြောဘဲ ခေါင်းလေးတောင်ငြိမ့်ပြနေသေးတယ် ရှောင်းကျန့်မှာ သူပြုတ်ကျမှာစိုးလို့ လက်ကို သေချာပြန်ဖက်ထားပေးရသေး တစ်နေရာတည်းဆိုညောင်းလို့ ကွင်းလည်း လျောက်ပြီးနည်းနည်း ပတ်နေရသေးတယ် ရှောင်းကျန့်တို့ရဲ့ အပြုအမူတွေကြောင့် ပရိသတ်က အရမ်းပွဲဆူနေပါတယ်

ရှောင်းကျန့်လွတ်ချလိုက်လေ ဘာလုပ်နေတာလဲဆိုတာတွေရော ထိုးလေ မထိုးဘဲ ဘာလုပ်နေကြတာလဲ ဆိုတာတွေရော အစုံပါပဲ အစီအစဉ်ကြေငြာသူကတောင် စိန်ခေါ်သူ Leo Gက Koala တိုက်ကွက်တွေသုံးပြီး ချန်ပီယံကို ချုပ်ထားနေပါပြီ ချန်ပီယံကြီးကလည်း ကျားသစ်ပေါက်မဖမ်းဘဲ Koalaဖမ်းနေတာပါ ဆိုပြီး ဟာသတွေတောင် ပြောကုန်ပါပြီ

တစ်ခါမှ မကြုံဖူးတဲ့ Koalaကွက်တွေသုံးနေတဲ့ ပြိုင်ဘက်လေးကို ဘယ်လိုပညာပေးရပါ့ လွှတ်လည်းမလွှတ်ချရက် ပြုတ်ကျမှာစိုးလို့တောင် နည်းနည်းခုန်ပြီး အပေါ်ပင့်တင်ပေးလိုက်တဲ့အချိန်မှာ ဖျတ်ခနဲ ခေါင်းထဲမှာ နိုင်ကွက်လေးတစ်ကွက် ရှောင်းကျန့်စဉ်းစားသွားမိပါတယ်
နိုင်ကွက်ကို ထုတ်မသုံးခင်

"Leo G ငါမင်းကို ထိုးလို့ရတဲ့အကွက် ကို စဉ်းစားမိပြီ ငါထိုးလိုက်ရင် မင်းပဲ ဒုက္ခဖြစ်မှာ ဒါကြောင့်အခုဆင်းနော် ပြီးရင် ကောင်းကောင်း
မွန်မွန် ပုံမှန်လို ဆက်ထိုးကြမယ်လေ"

"ရူးနေလို့ ဆင်းရမှာလား ဒီတစ်ချီ မပြီးမချင်း မဆင်းဘူး ခင်ဗျား ဘာနဲ့မှ ထိုးလို့မရပါဘူး ဒီတစ်ချီ ရှုံးရင်ရှုံးတယ်ပေါ့ ချန်ပီယံကြီးရယ် မဆင်းဘူးဗျို့ မဆင်းဘူး"

" OK လေ မဆင်းတော့လည်း ပိုကောင်းတာပေါ့ ငါကောင်းကောင်းထိုးလို့ရတာပေါ့"

စကားအဆုံးမှာ ရှောင်းကျန့် သူ့ရဲ့ပြိုင်ဘက်ကို ပင့်ထိုးလိုက်ပါတယ် လက်သီးနဲ့ မဟုတ်ပါဘူး ညီလေးနဲ့ ပြေးဆောင့်လိုက်တာပါ 
စစချင်းတုန်းက စချင်စိတ်နဲ့ ငါ့မှာထိုးစရာအနေနဲ့ ညီလေးကျန်သေးတယ်ဆိုပြီး ချစ်တင်းနှောသလို လှမ်းဆောင့်ဆောင့်လိုက်တာပါ အပေါ်ကနေ ဖက်တွယ်ထားသူကို အောက်ကနေဆောင့်ပေးတော့ ညီလေးချင်းတိုက်မိတယ် ထင်ပါတယ် ပြိုင်ဘက်လေးက 'အ.....အ' ဆိုတဲ့ ညီးညူသံလေးထွက်လာတဲ့အချိန် ရှောင်းကျန့် ဒုက္ခနဲ့လှလှ တွေ့သွားတာ ပေါ့

စိတ်တွေက မှောင်နေတဲ့အချိန် သူ့ညီးညူသံကြောင့် ရှောင်းကျန့်ညီလေး တကယ် နိုးထသွားတာပါ လက်ဝှေ့ထိုးနေတဲ့အချိန် င်္အကျီတွေကလည်း မပါတော့ ရင်ဘတ်ချင်းကလည်း အရမ်းနီးကပ်နေတော့ ချစ်တင်းနှောနေသလိုတောင် ခံစားသွားရတာမို့ မထူးဘူးဆိုပြီး ရှောင်းကျန့် ဆက်ဆက်ပြီး ဆောင့်နေမိပါတယ် တော်သေးတာ ဘောင်းဘီက အရမ်းထိန်းထားနိုင်တဲ့ ဟာမို့ အပေါ်က Koalaလေး သတိမထားမိတာ ဆောင့်ဆောင့်ပြီးတော့ ညီလေးနဲ့ထိုးတာ နည်းနည်းကြာတော့မှ ခဏနားပြီး

"ကဲ ငါထိုးနိုင်တာသိပြီမလား ကြောက်ပြီလား ဆင်း"

"မဆင်းဘူး ဒါလောက်လေးနဲ့ မဖြုံဘူး ရအောင်ချုပ်ထားဦးမှာ"

ပြောလည်းပြောပြီး ပိုပြီးတင်းတင်းကြပ်ကြပ်တောင် ဆက်ချုပ်ထားသေးတယ် မချုပ်ထားလို့မရဘူးလေ ရိပေါ် ကိုယ့်ဒုက္ခကိုယ်ပဲ သိတယ် ပြိုင်ဘက်ချန်ပီယံကြီးက အနိုင်လိုချင်လို့ စပြီး ညီလေးနဲ့ထိုးတယ်ကွာဆိုပြီး ဖက်ထားတဲ့သူကို အောက်ကနေ ပင့်ဆောင့်တာဆိုပေမယ့် ကိုယ်က ချစ်တင်းနှောတာကို ချက်ချင်းပြေးမြင်မိတာမို့ ရိပေါ်ညီလေး ခေါင်းထောင်လာတာမို့ နေရခက်ပြီး ညီးညူမိသလိုတောင် ဖြစ်သွားတာပါ

ပြိုင်ဘက်က ဆောင့်လေလေ ရိပေါ်ခံစားချက်တွေကို ပိုကောင်းလာပြီး ရင်ခုန်သံတွေတောင် အရမ်းမြန်နေပါပြီ ဒါကို ခြောက်ချင်ဇောနဲ့ ထပ်ခါထပ်ခါ ဆောင့်နေတာမို့ ပိုလို့တောင် နေရခက်လာပါတယ် ဒါကြောင့် ကြောက်ပြီလားလို့ မေးပြီးဆင်းခိုင်းပေမယ့် ခုချိန်ဆင်းလို့ မဖြစ်သေးပါဘူးတော်သေးတယ် ဘောင်းဘီက အရမ်းထိန်းတဲ့ဟာမို့ မဟုတ်ရင် ချန်ပီယံကြီးကြောင့် စိတ်ပါလာတဲ့အကြောင်းသိသွားရင် နောက်တစ်ချီ အသေဆော်ပလော်တီးနေမှာ ဒါကြောင့် မဆင်းနိုင်ပါဘူး

ပြိုင်ဘက်က မဆင်းတာမို့ ရှောင်းကျန့် သူလည်းပြုတ်မကျသွားအောင် ပြုတ်ကျရင်လည်း မနာအောင် ဘေးက ကာထားတဲ့ ပိုက်ကွန်တွေနားကပ်သွားပြီး ခန္ဓာကိုယ်ကို စောင်းပြီး မနည်းဖြုတ်ချနေရတယ် ကိုယ်က သူဖက်ထားတဲ့ပုံနဲ့ အဆင်ပြေပေမယ့် ပရိသတ်က အသေဆဲနေပြီ လက်သီးထိုးတာကြည့်ချင်လို့ လက်ဝှေ့ပွဲလာကြည့်တာလေ ဘာတွေနဲ့ထိုးနေကြတာလဲ ဘာတွေလဲဟ ဖြစ်ကုန်လို့ပါ ဒါကြောင့် သူမနာအောင် အတင်းဖြုတ်ချပြီး မနည်းလူချင်းခွါလိုက်ရတယ် နည်းနည်းပါးပါး ထိုးမလို့ရှိသေးတယ် အချိန်ပြည့်သွားလို့တော်သေးတယ်

ဒုတိယအချီနားတဲ့အချိန် ရိပေါ်ရော ရှောင်းကျန့်ရော စိတ်ကိုမနည်း Relaxလုပ်နေရပါတယ် မာန်ဖီချင်နေတဲ့ ညီလေးတွေကို ကိုယ်စီစိတ်လျော့ရင်းနဲ့ ရိပေါ်က အမလေး ချန်ပီယံကြီးက အန္တရာယ်များလိုက်တာလို့တွေးနေချိန် ရှောင်းကျန့်က အလိုလေး ပြိုင်ဘက်လေးက မလွယ်ကြောလေး ပွဲကို မြန်မြန်ဖြတ်မှ မဟုတ်ရင် ကျော်မကောင်းကြားမကောင်းဖြစ်တော့မယ်လို့ စဉ်းစားနေတာပါ

နားချိန်ပြည့်သွားချိန်မှာ ရှောင်းကျန့်က ညီတော်မောင်ကို မာန်ပြန်ချနိုင်ပေမယ့် ရိပေါ်က ဘယ်လိုမှ မာန်ချလို့မရပါဘူး မျက်လုံးပြန်ဖွင့်ချိန် ရှောင်းကျန့်မျက်နှာလေး မြင်လိုက်တော့ ပိုတောင် ထကြွလာတာမို့ ရိပေါ် မနည်းကို ဟန်ဆောင်နေရပါတယ် ဒီအချီတော့ ငါရှုံးပြီ ညီတော်မောင်ရေ မင်းကြောင့် ဆိုပြီး အပြစ်တင်လိုက်ပါတော့တယ်

ဟန်ကိုယ့်ဖို့လုပ်ပြီး မနည်းရပ်နေရတာမို့ နည်းနည်းလေး အထိုးခံလိုက်ရတာနဲ့ ရိပေါ်ယိုင်ပြီးလဲသွားပါတယ် လုပ်မိလုပ်ရာ အနေနဲ့ ရှောင်းကျန့်ခြေထောက်ကိုတောင် ပြေးဖက်လိုက်သေး ပြီးမှပြန်ထ ဒါပေမယ့် ဒုက္ခပေးနေတဲ့ အောက်က ညီငယ်ကြောင့် အာရုံက စုစည်းလို့မရသလို ဖြစ်နေချိန်မှာ ရှောင်းကျန့်ရဲ့ ဝှိုက်လက်သီးစာမိပြီး ရိပေါ်မှောက်သွားပါတယ်

လက်သီးက အရမ်းပြင်းတာမို့ လူကလည်း အီစလံဝေသွားတာပေါ့ ဆက်ပြီးအံမတုချင်တော့တာနဲ့ အတင်းကုန်းရုန်းထနိုင်ပေမယ့် မထတော့ဘဲ ရိပေါ်ဒိုင်လူကြီးရဲ့ အမှတ်စဉ်တွေ ပြည့်သွားအောင်ပဲ စောင့်ပြီး နာတာထက်ပိုနာသလို သရုပ်ဆောင်လိုက်ပါတယ် ဒါမှ ချန်ပီယံကြီးနာမည် မပျက်မှာပေါ့

ဒီလိုနဲ့ ရိပေါ်ရှုံး ရှောင်းကျန့်နိုင်သွားတာပေါ့ .......................


************************
မျက်စိထဲ မမြင်မှာစိုးလို့ Videoလေးထည့်ထားပေးပါတယ် ဒီဇာတ်လမ်းလေး ဖြစ်လာတဲ့အကြောင်းရင်းက ဒီ Videoကို facebookမှာ မြင်မိလိုက်ရာကစပါတယ် သူတို့နှစ်ယောက်ထိုးနေတာကို မြင်နေပါရဲ့နဲ့ စိတ်ထဲမှာ ရိပေါ်နဲ့ ရှောင်းကျန့်ထိုးနေတဲ့ ဇာတ်ကွက်ကိုပဲ မြင်ယောင်နေမိရာကနေ တခြားလူမှုဘဝမှာ တကယ်ကြုံဆုံခဲ့ဖူးတာလေးတွေနဲ့ပေါင်းပြီး ဇာတ်လမ်းဖန်တီးထားတာပါ Videoလေးကြည့်ပေးပါဦးနော် ၁မိနစ်လောက်ကြည့်လိုက်ရင်ကို သဘောပေါက်မှာပါ...............

Continue Reading

You'll Also Like

17.8K 1.2K 59
After a quickie in the bathroom of a nightclub, two celebrity women-unaware of each other's popularity in the music business, refuse to let it be jus...
Shizun By 云

Historical Fiction

160K 10.6K 24
Unicode " ရှောင်းသခင်ငယ်လေးလိုလူမျိုးက သူ့အပိုင်ကိုမျှဝေရတာကို သဘောမကျဘူးလေ ၊ သူတစ်ယောက်တည်းပိုင်ရရင်ပိုင် မပိုင်ရရင် လက်လွှတ်လိုက်မဲ့လူမျိုး " Zawg...
6.2K 435 5
ရှေးဟောင်းလက်စွပ်တစ်ကွင်းကြောင့် သမိုင်းဆရာ အမောင်ဝမ်ရိပေါ် တစ်ယောက် ရှေးခေတ်ကိုရောက်သွားချိန် အရင်အကောင့်က ဝင်လို့မရတော့လို့ပါ အရင်အပိုင်းတွေဖတ်ချင်...
265K 7.7K 87
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...