(Uni)
"ခင်ဗျားကတော့လေ....."
ဟန်ချီ ဆူပူလိုဟန်ဖြင့် ညူစူစွာ ပြောလိုက်သည်။ထို့နောက် ကျောပေးထားရာမှ နောက်ကလူနဲ့ မျက်နှာချင်းဆိုင်ပြန်လှည့်လိုက်သည်။
အနေအထားမှာ ဟန်ချီက မတ်တပ်ရပ်နေပြီး ချမ်းမြေ့က ဟန်ချီရှေ့မှာ ဒူးနှစ်ဖက်အားပူး၍ လက်ဖြင့် ပွေ့ပိုက်ထားကာ ငုတ်တုတ်ကလေးထိုင်နေခြင်းဖြစ်သည်။
လေအေးတဖြူးဖြူးကြောင့် ချမ်းမြေ့ဆံသားများမှာ လေယူရာယိမ်းနွဲ့ကာနေသည်။ ငုတ် တုတ်ကလေး ထိုင်လျှက် မော့ပြုံးပြနေသည်မှာ မျက်လုံးများ မှိတ်ကျသည်အထိပင်။ အနည်း ငယ်ကြီးသည့် ရှေ့သွားလေးမှာ ယုန်သွားသဖွယ်ဖြစ်နေကာ ပြုံးရယ်လိုက်တိုင်း ချမ်းမြေ့အား ပိုနုနယ်စေသည်။
ဟန်ချီ မိမိရှေ့မှလူအား မျက်တောင်မခတ်တမ်းငေးနေမိသည်။ ယခုလက်ရှိ ထိုသူ၏ပုံစံမှာ ဟန်ချီမျက်လုံးထဲ၌ အပြစ်ကင်းစင်သည့် ချစ်စဖွယ်ကလေးငယ် အသွင်ဆောင်နေလေ၏။
ဟန်ချီ့ ရင်ထဲ သံစဥ် ငြိမ့်ငြိမ့်လေးများ ဖြစ်ပေါ်လာလေသည်။ ဆက်ပြောမည့် စကားများမှာလည်း ထိုသူ့အပြုံးအောက် ပျောက်ရှကုန်လေ၏။
"ဟီး....မောင့်ကိုအဲ့လိုကြီးမကြည့်နဲ့လေ"
ထိုလူ၏ ဟီးကနဲရယ်သံကြားမှ ဟန်ချီ သတိပြန်၀င်လာလေသည်။ ငေးကြည့်နေမိသည့် ကိုယ့်အဖြစ်က ထိုသူပင် သတိပေးရသည်အထိ။ ဟန်ချီ ယောင်ရမ်းစွာ မျက်နှာအား ဘေးတစ် ဖက်သို့ လှည့်လိုက်မိသည်။ ရှိန်းတိန်းတိန်းဖြစ်နေသည့် ပါးပြင်မှာ အပူတွေတရိပ်ရိပ် တိုးလာသလိုပင်။ သူခိုး လူမိရင် ဒီလိုပဲဖြစ်တတ်သည်လား?
"ဟာ...အဲ့ဘက်လှည့်မသွားနဲ့လေ....မောင်ပြောလိုက်လို့ ရှက်သွားတာလား "
ချမ်းမြေ့အပြောကြောင့် ဟန်ချီ့မှာ မျက်နှာတစ်ခုလုံး ထူအမ်းလာတော့သည်။
"ဘာ..ဘာလို့ ရှက်ရမှာလဲ..မရှက်ပါဘူး"
ချစ်ရသူ၏ ရန်ဆောင်သံ တိုးတိုးလျလျမှာ ချမ်းမြေ့နားစည်သို့ ဆည်းလည်းသံပမာ ရိုက်ခတ်ပါ၏။ ပြောပြီး ပြန်လှည့် လာသည့် မျက်နှာလေးက ပါးပြင်နှစ်ဖက်လုံး နီမြန်းနေ ကာ ဆူပုပ်ပုပ်နှင့် မျက်စောင်းလေးပါထိုးနေသေးသည်။
ချမ်းမြေ့မှာ ချစ်ရသူအား ကြည့်ရင်း အသည်းတယားယားရှိလှသည်။ ချစ်ရသူ၏ လက်ရှိပုံစံမှာ ဆွဲပြီး ဖျစ်ညှစ်ချင်စရာလေးဖြစ်နေသည်။ မနည်းထိန်းထားရသည့် သမာဓိများလည်း ယိုင်လုလုဖြစ်နေပြီပင်။ နောက်ထပ်များ ထပ်ပြုစားရင်တော့လား.....
"ခင်ဗျား...မျက်နှာကြီးပြင်... ပြုံးစိစိနဲ့မလုပ်...."
မျက်စောင်းထိုးရာမှ မျက်ခုံးတန်းတွေတွန့်ချိုးသွားကာ မကျေမနပ်ပြောလာသည်မှာ နှုတ်ခမ်းလေးကပါ ဆူထော်လာတော့ ချမ်းမြေ့ သည်းမခံနိုင်တော့ချေ။ ထိုင်နေရာမှ ထကာ ချစ်ရသူဘေးအမြန်ပြေး၍ ပါးဖောင်းဖောင်းလေးအား ဆွဲမွပစ်လိုက်သည်။ အံ့သြစွာကြည့်လာသည့် မျက်၀န်း၀ိုင်းတွေမှာ လှရက်နိုင်လွန်းသလို အိုပုံသဏ္ဍန်ဖြစ်သွားသည့် နှုတ်ခမ်းရဲရဲလေးကလည်း ချမ်းမြေ့သမာဓိအား ယိမ်းယိုင်စေပြန်ပါ၏။
အသည်းယားစွာ ချစ်ရသူမျက်နှာအား လက်နှစ်ဖက်ဖြင့် ထိကိုင်ပြီး ပါးနှစ်ဖက်စလုံးအား အားပါးတရ နမ်းရှုံ့လိုက်မိသည်။
မွ! မွ!
ချစ်ရသူကတော့ ချမ်းမြေ့လုပ်သမျှအား ယခုထိပြူးကြောင်ကာ ကြည့်နေတုန်းပင်။ ချမ်းမြေ့ရယ်လိုက်ပြီး ချစ်ရသူ၏ နှာခေါင်းထိပ်လေးအား ဖွဖွဆွဲကာ ကျီစယ်လိုက်မိသည်။
"ချစ်စရာကောင်းအောင် သိပ်မလုပ်နဲ့! "
ရယ်သမ်းသွေးကာ ပြောလိုက်သည့် ချမ်းမြေ့စကားအားကြားမှ ဟန်ချီ အသိ၀င်သည်။
"ဘာလုပ်တာ....ဖယ်"
ဟန်ချီ မိမိနှာခေါင်းပေါ်မှ ချမ်းမြေ့လက်အား ပုတ်ချကာ နောက်သို့ဆုတ်လိုက်သည်။ မျက်နှာသည်လည်း ထားစရာမရှိအောင်ပင် ပူနေလှပြီဖြစ်သည်။
"ခင်ဗျား...ခင်ဗျား..နှာဘူး"
ဟန်ချီရှက်စိတ်နှင့် ချမ်းမြေ့အားရန်စွာမိသည်။အဲ့တာကိုပင် ချမ်းမြေ့ကတော့ သဘောတကျ ရယ်နေတော့သည်။
"မဟုတ်တာ....ဘာလို့မောင်က နှာဘူးလဲ"
"ခင်ဗျား....ဘုရားနားမှာ ကျွန်တော့်ကိုမတော်တရော်တွေ..."
ချစ်ရသူမှာ တိုးတိုးလျလျရန်စွာနေ၏။ ရှက်လည်း ရှက်နေသေး ရန်လည်း လုပ်ချင်နေသေးသည်။ ခေါင်းငုံ့သွားလိုက်...ပြန်မော့ကြည့်ပြီး မျက်စောင်းထိုးလိုက်နဲ့ မကျေနပ်ကြောင်းတွေပြနေတော့သည်။
ချမ်းမြေ့မှာတော့ ရယ်တောမတတ်နိုင်ဖြစ်ကာ ချစ်ရသူပုံစံအား သဘောအကျကြီးကျနေမိတော့သည်။ ထပ်စချင်သေးသည်ကြောင့် ချစ်ရသူအနား ပြန်တိုးသွားလိုက်ပြီး ပါးလေးအား ဖွဖွတောက်ကာ....
"မတော်တရော်ဆိုတာ ဘယ်လိုမျိုးလဲ? ဒီပါးလေးကိုနမ်းမိတာလား"
"ကိုချမ်းမြေ့မောင် ! ခင်ဗျားနော်..."
ချစ်ရသူမှာ မိမိစနောက်မှုအား မခံနိုင်တော့ဘူးထင်၏။ စူးကနဲအော်လာလေသည်။ မျက်နှာလေးမှာလည်း ဒေါသနဲ့ရှက်စိတ်ပေါင်းလိုက် သည်ဖြစ်မည် ရဲပတောင်းခတ်အောင်ပင် နီလာတော့သည်။ ချမ်းမြေ့ ပိုကာစချင်လာသည့်စိတ်ကြောင့်.....
"ဟောဗျာ....ဒါလေးပြောမိတာကို...မကျေနပ်ရင် မောင့်ကိုပြန်နမ်းလေနော်.."
ပြောရင်း မျက်စပစ်ပြလိုက်ပြီး ပါးအားထိုးပေးလိုက်တော့ ချစ်ရသူမှာ စွေ့စွေ့ခုန်တော့ သည်။
ကျောပေါ် တဘုန်းဘုန်းရိုက်လာသည်ကိုလည်း နာရမှန်းမသိ ရီနေမိကာ ချမ်းမြေ့အပျော်ကြီး ပျော်နေပြီဖြစ်သည်။အခုအခြေနေက ချစ်သူတွေ ကျီစယ်နေသလိုပဲမဟုတ်လား။
ဟန်ချီမှာ ဒေါသနဲ့ရှက်စိတ်များအား ချမ်းမြေ့ကျောပေါ် ပုံချနေမိသည်။ ဒါကိုပင် သကောင့်သားက တဟားဟားအော်ရီနေသေးသည်။ အတော်ကို မျက်နှာရူးတဲ့လူ!
"တော်ပြီလေ...ကျောတွေအောင့်လာပြီ....မောင်ကစတာလေ အချစ်ရယ်..ဟင်း"
ကြာလာတော့ အမှန်တကယ်ပင် ချမ်းမြေ့ကျောတွေအောင့်လာပြီဖြစ်သည်။ ချစ်ရသူမှာ တကယ်လက်သံ ပြောင်သည်။ ဒီခန္ဓာကိုယ်လေးမှာ ဘယ်နေရာကများ အားတွေ ထွက်နေသည်မသိ။
ချမ်းမြေ့ ချစ်ရသူလက်များအား ဆွဲချုပ်ကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။ ဒါကိုပင် အတင်းရုန်းထိုးနေသေးသည်မို့ စိတ်ပြေအောင် ပါးစပ်ကလည်း ချော့နေရသေးသည်။
"တော်ပြီလို့...မောင်ကစတာ....စိတ်ကိုလျှော့နော်... အချစ်လက်တွေလည်း နာကုန်မယ်လို့"
"ပလီပလာတွေ...လွှတ်! "
"မဟုတ်ရပါဘူးဗျာ...တကယ်ပါဆို...မောင့်ကိုဒေါသထွက်ရင် မောင့်အချစ်မောမှာပေါ့...
မောင်စတာလွန်သွားရင် တောင်းပန်တယ်နော် မောင့်အချစ့်က စိတ်လေးကိုလျှော့"
ချမ်းမြေ့ ချော့မော့ကာပြောတော့ ချစ်ရသူကိုယ်လေးမှာ ငြိမ်ကျသွား၏။ ထိုမှသာ ချမ်းမြေ့လည်း မိမိလက်များအား ဖြေလျှော့ကာ ချစ်ရသူအား ဖွဖွလေးသာ ဖက်ထားလိုက်တော့သည်။
"ဖယ်...အသားမယူနဲ့! "
ဖက်ထားသည့် လက်များလျှော့လိုက်တာနဲ့ ဟန်ချီ ရုန်းထွက်လိုက်မိသည်။ ပြီးနောက် ချမ်းမြေ့အား မကြည်ကြည့် , ကြည့်ပေးလိုက်သည်။ မိမိအား ရှက်အောင်စသည့် အပြင် အသားယူလွန်းသည်မို့ သိပ်မကျေနပ်ချင်ပါ။
တကယ်က ဒီကိုရောက်လာတာ ချမ်းမြေ့အား ဆူပူဖို့ပင်။ ညနေ ကျူရှင်ချိန်ပြီးတော့ ထုံးစံအတိုင်း မိမိအား လာကြိုလေသည်။ 'အိမ်တန်းမပြန်ပါနဲ့ မောင်အလွမ်းမပြေသေးလို့ မောင့်အနားနေပေးပါ' ဟု ပြောလာသဖြင့် မိမိကလည်း ဟိုတစ်နေ့က စာကိစ္စအား ဆူငေါက်ချင်နေ၍ အတော်ပင်ဖြစ်သွားကာ ဒီအောင်တော်မူချောင်းဖက်ကို နှစ်ယောက်သား ရောက်လာခဲ့ခြင်းဖြစ်သည်။အင်း....မိမိကလည်း လွမ်းသည်ပါတာပေါ့....
အဲ့တာကထားပါ...ခုဟာက ဆူငေါက်မယ့်အရေး မဆူရပဲ မျက်နှာပူအောင်စခံရပြီး အသားယူပါခံရတော့ ဟန်ချီ လုံး၀မကျေနပ်တော့ပါ။
"ကိုချမ်းမြေ့မောင်...ခင်ဗျားကလေ....."
"မောင်လို့ခေါ် ! "
ဟန်ချီဆူရန် နာမည်ခေါ်လိုက်ကာရှိသေး ချမ်း မြေ့က ဖြတ်ပြောလာလေသည်။
"မောင့်ကို..မောင်လို့ခေါ်ပေး..."
"......."
"ချစ်သူတွေပဲ ဖြစ်သွားပြီလေ ခင်ဗျားတို့ ..ကိုချမ်းမြေ့မောင်တို့ မခေါ်ပါနဲ့ မောင်လို့ပဲခေါ်ပေး...နော်"
"........"
ကလေးငယ်များလို ပူဆာနေသည့် ချမ်းမြေ့ကြောင့် ဟန်ချီမှာ ပြောရမည့်စကားများ ထပ်ပျောက်သွားပြန်ကာ ထိုလူသားအားရပ်ငေးနေမိပြန်သည်။ ကလေးတစ်ယောက်လို နှုတ်ခမ်းဆူကာ တောင်းဆိုနေပုံက ခြေဆောင့်တာလေး မပါယုံတမယ်ပင်။
ထို့နောက် ဘာမှပြန်မပြောပဲ ရပ်ငေးနေမိသည့် မိမိရှေ့ရောက်လာပြီး မိမိလက်နှစ်ဖက်အား သူ၏လက်များဖြင့် ဆွဲကိုင်လာကာ အနည်းငယ်လှုပ်ရမ်းရင်း..
"နော်...နော်လို့..မောင်လို့ခေါ်ပေး"
အနီးကပ်မြင်နေရသည့် ချမ်းမြေ့မျက်နှာမှာ နှုတ်ခမ်းလေးက ဆူထော်ထော်နှင့်။ မလှုပ်မယှက်နေသည့် မိမိအား စိတ်မရှည်တော့ဘူး ထင်၏...ခြေများပင်ဆောင့်လာတော့သည်။ ဟန်ချီ ချမ်းမြေ့ပုံစံအား ကြည့်ရင်း ဟန်မဆောင်နိုင်စွာ ပြုံးလိုက်မိသည်။ တစ်ခါတစ်လေ ကလေးတစ်ယောက်လို ဖြစ်သွားတတ်သည့် မျက်နှာရူးလေးမှာ ချစ်စဖွယ်ကောင်းလှလေသည်။
ထိုမျက်နှာရူးလေးမှာ မိမိပြုံးလိုက်သည်ကြောင့် ခဏတာငြိမ်ကျသွားပြီးမှ ပါးပြင်ထက်ရှိ ပါးချိုင့်ငယ်ပေါ်သို့ နွေးထွေးသော လက်ဆောင်တစ်ခုပေးအပ်လေသည်။
ဟန်ချီမရုန်းဖြစ်ပေ။ နှစ်နှစ်ချိုက်ချိုက် ပြုံးကာဖြင့်သာ ကြည့်နေမိသည်။ နေ၀င်ဆည်းဆာအောက်က အနမ်းတစ်ပွင့်က သိပ်နွေးထွေးလွန်းသည်မဟုတ်လား။မိမိလည်း ထိုမျက်နှာရူးလေးထံ ပျော်၀င်မှန်းမသိ ပျော်၀င်နေမိပြီထင်ပါသည်။
တအုံ့တနွေးရင်ခုန်သံတွေကလည်း စည်းချက်ကျစွာ ဖြင့် တစ်ငြိမ့်ငြိမ့် ခုန်ပေါက်နေကြသည်ဖြစ်ရာ နှလုံးသားလေးက အချက်ပြနေသည်က 'မင်းသူ့ကိုနှစ်နှစ်ကာကာချစ်မိနေပါပြီ' တဲ့။
ငြင်းဆန်ချင်ပါသော်လည်း မတတ်နိုင်တော့သည့် အခြေအနေပင်။ မိမိစိတ်ကို မလိမ်ညာတော့ပဲ လက်ခံလိုက်သည့် အချိန်... ရင်တွင်းတစ်နေရာမှ ကြည်နူးလှိုက်ဖိုစွာဖြင့် ပွင့်အံကျလာသည့် စကားလုံးလေးက 'မောင် ' တဲ့။
••••••••
1.8.2022(Mon)
//Hnin Satt Hmone☃️❄️
(A.N//ဖတ်ရတာ အဆင်ပြေကြရဲ့လားဟင်? )
(Zawgyi)
"ခင္ဗ်ားကေတာ့ေလ....."
ဟန္ခ်ီ ဆူပူလိုဟန္ျဖင့္ ညဴစူစြာ ေျပာလိုက္သည္။ထို႔ေနာက္ ေက်ာေပးထားရာမွ ေနာက္ကလူနဲ႔ မ်က္ႏွာခ်င္းဆိုင္ျပန္လွည့္လိုက္သည္။
အေနအထားမွာ ဟန္ခ်ီက မတ္တပ္ရပ္ေနၿပီး ခ်မ္းေျမ့က ဟန္ခ်ီေရွ႕မွာ ဒူးႏွစ္ဖက္အားပူး၍ လက္ျဖင့္ ေပြ႕ပိုက္ထားကာ ငုတ္တုတ္ကေလးထိုင္ေနျခင္းျဖစ္သည္။
ေလေအးတျဖဴးျဖဴးေၾကာင့္ ခ်မ္းေျမ့ဆံသားမ်ားမွာ ေလယူရာယိမ္းႏြဲ႕ကာေနသည္။ ငုတ္ တုတ္ကေလး ထိုင္လွ်က္ ေမာ့ၿပဳံးျပေနသည္မွာ
မ်က္လုံးမ်ားမွိတ္က်သည္အထိပင္။ အနည္း ငယ္ႀကီးသည့္ ေရွ႕သြားေလးမွာ ယုန္သြားသဖြယ္ျဖစ္ေနကာ ၿပဳံးရယ္လိုက္တိုင္း ခ်မ္းေျမ့အား ပိုႏုနယ္ေစသည္။
ဟန္ခ်ီ မိမိေရွ႕မွလူအား မ်က္ေတာင္မခတ္တမ္းေငးေနမိသည္။ ယခုလက္ရွိ ထိုသူ၏ပုံစံမွာ ဟန္ခ်ီမ်က္လုံးထဲ၌ အျပစ္ကင္းစင္သည့္ ခ်စ္စဖြယ္ကေလးငယ္ အသြင္ေဆာင္ေနေလ၏။
ဟန္ခ်ီ႕ ရင္ထဲ သံစဥ္ ၿငိမ့္ၿငိမ့္ေလးမ်ား ျဖစ္ေပၚလာေလသည္။ ဆက္ေျပာမည့္ စကားမ်ားမွာလည္း ထိုသူ႔အၿပဳံးေအာက္ ေပ်ာက္ရွကုန္ေလ၏။
"ဟီး....ေမာင့္ကိုအဲ့လိုႀကီးမၾကည့္နဲ႔ေလ"
ထိုလူ၏ ဟီးကနဲရယ္သံၾကားမွ ဟန္ခ်ီ သတိျပန္၀င္လာေလသည္။ ေငးၾကည့္ေနမိသည့္ ကိုယ့္အျဖစ္က ထိုသူပင္ သတိေပးရသည္အထိ။
ဟန္ခ်ီ ေယာင္ရမ္းစြာ မ်က္ႏွာအား ေဘးတစ္ ဖက္သို႔ လွည့္လိုက္မိသည္။ ရွိန္းတိန္းတိန္းျဖစ္ေနသည့္ ပါးျပင္မွာ အပူေတြတရိပ္ရိပ္ တိုးလာသလိုပင္။ သူခိုး လူမိရင္ ဒီလိုပဲျဖစ္တတ္သည္လား?
"ဟာ...အဲ့ဘက္လွည့္မသြားနဲ႔ေလ....ေမာင္ေျပာလိုက္လို႔ ရွက္သြားတာလား "
ခ်မ္းေျမ့အေျပာေၾကာင့္ ဟန္ခ်ီ႕မွာ မ်က္ႏွာတစ္ခုလုံး ထူအမ္းလာေတာ့သည္။
"ဘာ..ဘာလို႔ ရွက္ရမွာလဲ..မရွက္ပါဘူး"
ခ်စ္ရသူ၏ ရန္ေဆာင္သံ တိုးတိုးလ်လ်မွာ ခ်မ္းေျမ့နားစည္သို႔ ဆည္းလည္းသံပမာ ႐ိုက္ခတ္ပါ၏။ ေျပာၿပီး ျပန္လွည့္ လာသည့္ မ်က္ႏွာေလးက ပါးျပင္ႏွစ္ဖက္လုံး နီျမန္းေန ကာ ဆူပုပ္ပုပ္ႏွင့္ မ်က္ေစာင္းေလးပါထိုးေနေသးသည္။
ခ်မ္းေျမ့မွာ ခ်စ္ရသူအား ၾကည့္ရင္း အသည္းတယားယားရွိလွသည္။ ခ်စ္ရသူ၏ လက္ရွိပုံစံမွာ ဆြဲၿပီး ဖ်စ္ညႇစ္ခ်င္စရာေလးျဖစ္ေနသည္။
မနည္းထိန္းထားရသည့္ သမာဓိမ်ားလည္း ယိုင္လုလုျဖစ္ေနၿပီပင္။ ေနာက္ထပ္မ်ား ထပ္ျပဳစားရင္ေတာ့လား.....
"ခင္ဗ်ား...မ်က္ႏွာႀကီးျပင္... ၿပဳံးစိစိနဲ႔မလုပ္...."
မ်က္ေစာင္းထိုးရာမွ မ်က္ခုံးတန္းေတြတြန္႔ခ်ိဳးသြားကာ မေက်မနပ္ေျပာလာသည္မွာ ႏႈတ္ခမ္းေလးကပါ ဆူေထာ္လာေတာ့ ခ်မ္းေျမ့ သည္းမခံႏိုင္ေတာ့ေခ်။ ထိုင္ေနရာမွ ထကာ ခ်စ္ရသူေဘးအျမန္ေျပး၍ ပါးေဖာင္းေဖာင္းေလးအား ဆြဲမြပစ္လိုက္သည္။ အံ့ၾသစြာၾကည့္လာသည့္ မ်က္၀န္း၀ိုင္းေတြမွာ လွရက္ႏိုင္လြန္းသလို အိုပုံသ႑န္ျဖစ္သြားသည့္ ႏႈတ္ခမ္းရဲရဲေလးကလည္း ခ်မ္းေျမ့သမာဓိအား ယိမ္းယိုင္ေစျပန္ပါ၏။
အသည္းယားစြာ ခ်စ္ရသူမ်က္ႏွာအား လက္ႏွစ္ဖက္ျဖင့္ ထိကိုင္ၿပီး ပါးႏွစ္ဖက္စလုံးအား အားပါးတရ နမ္းရႈံ႕လိုက္မိသည္။
မြ! မြ!
ခ်စ္ရသူကေတာ့ ခ်မ္းေျမ့လုပ္သမွ်အား ယခုထိျပဴးေၾကာင္ကာ ၾကည့္ေနတုန္းပင္။ ခ်မ္းေျမ့ရယ္လိုက္ၿပီး ခ်စ္ရသူ၏ ႏွာေခါင္းထိပ္ေလးအား ဖြဖြဆြဲကာ က်ီစယ္လိုက္မိသည္။
"ခ်စ္စရာေကာင္းေအာင္ သိပ္မလုပ္နဲ႔! "
ရယ္သမ္းေသြးကာ ေျပာလိုက္သည့္ ခ်မ္းေျမ့စကားအားၾကားမွ ဟန္ခ်ီ အသိ၀င္သည္။
"ဘာလုပ္တာ....ဖယ္"
ဟန္ခ်ီ မိမိႏွာေခါင္းေပၚမွ ခ်မ္းေျမ့လက္အား ပုတ္ခ်ကာ ေနာက္သို႔ဆုတ္လိုက္သည္။ မ်က္ႏွာသည္လည္း ထားစရာမရွိေအာင္ပင္ ပူေနလွၿပီျဖစ္သည္။
"ခင္ဗ်ား...ခင္ဗ်ား..ႏွာဘူး"
ဟန္ခ်ီရွက္စိတ္ႏွင့္ ခ်မ္းေျမ့အားရန္စြာမိသည္။
အဲ့တာကိုပင္ ခ်မ္းေျမ့ကေတာ့ သေဘာတက် ရယ္ေနေတာ့သည္။
"မဟုတ္တာ....ဘာလို႔ေမာင္က ႏွာဘူးလဲ"
"ခင္ဗ်ား....ဘုရားနားမွာ ကြၽန္ေတာ့္ကိုမေတာ္တေရာ္ေတြ..."
ခ်စ္ရသူမွာ တိုးတိုးလ်လ်ရန္စြာေန၏။ ရွက္လည္း ရွက္ေနေသး ရန္လည္း လုပ္ခ်င္ေနေသးသည္။ ေခါင္းငုံ႔သြားလိုက္...ျပန္ေမာ့ၾကည့္ၿပီး မ်က္ေစာင္းထိုးလိုက္နဲ႔ မေက်နပ္ေၾကာင္းေတြျပေနေတာ့သည္။
ခ်မ္းေျမ့မွာေတာ့ ရယ္ေတာမတတ္ႏိုင္ျဖစ္ကာ ခ်စ္ရသူပုံစံအား သေဘာအက်ႀကီးက်ေနမိေတာ့သည္။ ထပ္စခ်င္ေသးသည္ေၾကာင့္ ခ်စ္ရသူအနား ျပန္တိုးသြားလိုက္ၿပီး ပါးေလးအား ဖြဖြေတာက္ကာ....
"မေတာ္တေရာ္ဆိုတာ ဘယ္လိုမ်ိဳးလဲ? ဒီပါးေလးကိုနမ္းမိတာလား"
"ကိုခ်မ္းေျမ့ေမာင္ ! ခင္ဗ်ားေနာ္..."
ခ်စ္ရသူမွာ မိမိစေနာက္မႈအား မခံႏိုင္ေတာ့ဘူးထင္၏။ စူးကနဲေအာ္လာေလသည္။ မ်က္ႏွာေလးမွာလည္း ေဒါသနဲ႔ရွက္စိတ္ေပါင္းလိုက္ သည္ျဖစ္မည္ ရဲပေတာင္းခတ္ေအာင္ပင္ နီလာေတာ့သည္။ ခ်မ္းေျမ့ ပိုကာစခ်င္လာသည့္စိတ္ေၾကာင့္.....
"ေဟာဗ်ာ....ဒါေလးေျပာမိတာကို...မေက်နပ္ရင္ ေမာင့္ကိုျပန္နမ္းေလေနာ္.."
ေျပာရင္း မ်က္စပစ္ျပလိုက္ၿပီး ပါးအားထိုးေပးလိုက္ေတာ့ ခ်စ္ရသူမွာ ေစြ႕ေစြ႕ခုန္ေတာ့ သည္။
ေက်ာေပၚ တဘုန္းဘုန္း႐ိုက္လာသည္ကိုလည္း နာရမွန္းမသိ ရီေနမိကာ ခ်မ္းေျမ့အေပ်ာ္ႀကီး ေပ်ာ္ေနၿပီျဖစ္သည္။အခုအေျခေနက ခ်စ္သူေတြ က်ီစယ္ေနသလိုပဲမဟုတ္လား။
ဟန္ခ်ီမွာ ေဒါသနဲ႔ရွက္စိတ္မ်ားအား ခ်မ္းေျမ့ေက်ာေပၚ ပုံခ်ေနမိသည္။ ဒါကိုပင္ သေကာင့္သားက တဟားဟားေအာ္ရီေနေသးသည္။ အေတာ္ကို မ်က္ႏွာ႐ူးတဲ့လူ!
"ေတာ္ၿပီေလ...ေက်ာေတြေအာင့္လာၿပီ....ေမာင္ကစတာေလ အခ်စ္ရယ္..ဟင္း"
ၾကာလာေတာ့ အမွန္တကယ္ပင္ ခ်မ္းေျမ့ေက်ာေတြေအာင့္လာၿပီျဖစ္သည္။ ခ်စ္ရသူမွာ တကယ္လက္သံ ေျပာင္သည္။ ဒီခႏၶာကိုယ္ေလးမွာ ဘယ္ေနရာကမ်ား အားေတြ ထြက္ေနသည္မသိ။
ခ်မ္းေျမ့ ခ်စ္ရသူလက္မ်ားအား ဆြဲခ်ဳပ္ကာ ရင္ခြင္ထဲထည့္ထားလိုက္သည္။ ဒါကိုပင္ အတင္း႐ုန္းထိုးေနေသးသည္မို႔ စိတ္ေျပေအာင္ ပါးစပ္ကလည္း ေခ်ာ့ေနရေသးသည္။
"ေတာ္ၿပီလို႔...ေမာင္ကစတာ....စိတ္ကိုေလွ်ာ့ေနာ္... အခ်စ္လက္ေတြလည္း နာကုန္မယ္လို႔"
"ပလီပလာေတြ...လႊတ္! "
"မဟုတ္ရပါဘူးဗ်ာ...တကယ္ပါဆို...ေမာင့္ကိုေဒါသထြက္ရင္ ေမာင့္အခ်စ္ေမာမွာေပါ့...
ေမာင္စတာလြန္သြားရင္ ေတာင္းပန္တယ္ေနာ္
ေမာင့္အခ်စ့္က စိတ္ေလးကိုေလွ်ာ့"
ခ်မ္းေျမ့ ေခ်ာ့ေမာ့ကာေျပာေတာ့ ခ်စ္ရသူကိုယ္ေလးမွာ ၿငိမ္က်သြား၏။ ထိုမွသာ ခ်မ္းေျမ့လည္း မိမိလက္မ်ားအား ေျဖေလွ်ာ့ကာ ခ်စ္ရသူအား ဖြဖြေလးသာ ဖက္ထားလိုက္ေတာ့သည္။
"ဖယ္...အသားမယူနဲ႔! "
ဖက္ထားသည့္ လက္မ်ားေလွ်ာ့လိုက္တာနဲ႔ ဟန္ခ်ီ ႐ုန္းထြက္လိုက္မိသည္။ ၿပီးေနာက္ ခ်မ္းေျမ့အား မၾကည္ၾကည့္ , ၾကည့္ေပးလိုက္သည္။ မိမိအား ရွက္ေအာင္စသည့္ အျပင္ အသားယူလြန္းသည္မို႔ သိပ္မေက်နပ္ခ်င္ပါ။
တကယ္က ဒီကိုေရာက္လာတာ ခ်မ္းေျမ့အား ဆူပူဖို႔ပင္။ ညေန က်ဴရွင္ခ်ိန္ၿပီးေတာ့ ထုံးစံအတိုင္း မိမိအား လာႀကိဳေလသည္။ 'အိမ္တန္းမျပန္ပါနဲ႔ ေမာင္အလြမ္းမေျပေသးလို႔ ေမာင့္အနားေနေပးပါ' ဟု ေျပာလာသျဖင့္ မိမိကလည္း ဟိုတစ္ေန႔က စာကိစၥအား ဆူေငါက္ခ်င္ေန၍ အေတာ္ပင္ျဖစ္သြားကာ ဒီေအာင္ေတာ္မူေခ်ာင္းဖက္ကို ႏွစ္ေယာက္သား ေရာက္လာခဲ့ျခင္းျဖစ္သည္။အင္း....မိမိကလည္း လြမ္းသည္ပါတာေပါ့....
အဲ့တာကထားပါ...ခုဟာက ဆူေငါက္မယ့္အေရး မဆူရပဲ မ်က္ႏွာပူေအာင္စခံရၿပီး အသားယူပါခံရေတာ့ ဟန္ခ်ီ လုံး၀မေက်နပ္ေတာ့ပါ။
"ကိုခ်မ္းေျမ့ေမာင္...ခင္ဗ်ားကေလ....."
"ေမာင္လို႔ေခၚ ! "
ဟန္ခ်ီဆူရန္ နာမည္ေခၚလိုက္ကာရွိေသး ခ်မ္း ေျမ့က ျဖတ္ေျပာလာေလသည္။
"ေမာင့္ကို..ေမာင္လို႔ေခၚေပး..."
"......."
"ခ်စ္သူေတြပဲ ျဖစ္သြားၿပီေလ ခင္ဗ်ားတို႔ ..ကိုခ်မ္းေျမ့ေမာင္တို႔ မေခၚပါနဲ႔ ေမာင္လို႔ပဲေခၚေပး...ေနာ္"
"........"
ကေလးငယ္မ်ားလို ပူဆာေနသည့္ ခ်မ္းေျမ့ေၾကာင့္ ဟန္ခ်ီမွာ ေျပာရမည့္စကားမ်ား ထပ္ေပ်ာက္သြားျပန္ကာ ထိုလူသားအားရပ္ေငးေနမိျပန္သည္။ ကေလးတစ္ေယာက္လို ႏႈတ္ခမ္းဆူကာ ေတာင္းဆိုေနပုံက ေျခေဆာင့္တာေလး မပါယုံတမယ္ပင္။
ထို႔ေနာက္ ဘာမွျပန္မေျပာပဲ ရပ္ေငးေနမိသည့္ မိမိေရွ႕ေရာက္လာၿပီး မိမိလက္ႏွစ္ဖက္အား သူ၏လက္မ်ားျဖင့္ ဆြဲကိုင္လာကာ အနည္းငယ္လႈပ္ရမ္းရင္း..
"ေနာ္...ေနာ္လို႔..ေမာင္လို႔ေခၚေပး"
အနီးကပ္ျမင္ေနရသည့္ ခ်မ္းေျမ့မ်က္ႏွာမွာ ႏႈတ္ခမ္းေလးက ဆူေထာ္ေထာ္ႏွင့္။ မလႈပ္မယွက္ေနသည့္ မိမိအား စိတ္မရွည္ေတာ့ဘူး ထင္၏...ေျခမ်ားပင္ေဆာင့္လာေတာ့သည္။ ဟန္ခ်ီ ခ်မ္းေျမ့ပုံစံအား ၾကည့္ရင္း ဟန္မေဆာင္ႏိုင္စြာ ၿပဳံးလိုက္မိသည္။ တစ္ခါတစ္ေလ ကေလးတစ္ေယာက္လို ျဖစ္သြားတတ္သည့္ မ်က္ႏွာ႐ူးေလးမွာ ခ်စ္စဖြယ္ေကာင္းလွေလသည္။
ထိုမ်က္ႏွာ႐ူးေလးမွာ မိမိၿပဳံးလိုက္သည္ေၾကာင့္ ခဏတာၿငိမ္က်သြားၿပီးမွ ပါးျပင္ထက္ရွိ ပါးခ်ိဳင့္ငယ္ေပၚသို႔ ေႏြးေထြးေသာ လက္ေဆာင္တစ္ခုေပးအပ္ေလသည္။
ဟန္ခ်ီမ႐ုန္းျဖစ္ေပ။ ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္ ၿပဳံးကာျဖင့္သာ ၾကည့္ေနမိသည္။ ေန၀င္ဆည္းဆာေအာက္က အနမ္းတစ္ပြင့္က သိပ္ေႏြးေထြးလြန္းသည္မဟုတ္လား။မိမိလည္း ထိုမ်က္ႏွာ႐ူးေလးထံ ေပ်ာ္၀င္မွန္းမသိ ေပ်ာ္၀င္ေနမိၿပီထင္ပါသည္။
တအုံ႔တေႏြးရင္ခုန္သံေတြကလည္း စည္းခ်က္က်စြာ ျဖင့္ တစ္ၿငိမ့္ၿငိမ့္ ခုန္ေပါက္ေနၾကသည္ျဖစ္ရာ ႏွလုံးသားေလးက အခ်က္ျပေနသည္က 'မင္းသူ႔ကိုႏွစ္ႏွစ္ကာကာခ်စ္မိေနပါၿပီ' တဲ့။
ျငင္းဆန္ခ်င္ပါေသာ္လည္း မတတ္ႏိုင္ေတာ့သည့္ အေျခအေနပင္။ မိမိစိတ္ကို မလိမ္ညာေတာ့ပဲ လက္ခံလိုက္သည့္ အခ်ိန္... ရင္တြင္းတစ္ေနရာမွ ၾကည္ႏူးလႈိက္ဖိုစြာျဖင့္ ပြင့္အံက်လာသည့္ စကားလုံးေလးက 'ေမာင္ ' တဲ့။
••••••••
1.8.2022(Mon)
//Hnin Satt Hmone☃️❄️
(A.N//ဖတ္ရတာ အဆင္ေျပၾကရဲ႕လားဟင္? )