Peculiarly System [Completed ]
By MaLaKaoYa
858K 90.4K 2.8K
Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More
Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)
Arc(10.10)
3.1K 388 5
By MaLaKaoYa
" ကျန့်ကျန့်... ''
ဝမ်ရိပေါ်သည် သောင်ချူယွဲ့ ရင်ခွင်ထဲက အေးစက်နေသည့် ကိုယ်လုံးလေးကို ဆွဲယူပြီး ပွေ့ဖက်ကာ ငိုလေတော့သည် ။
" ဘယ်လိုဖြစ်ရတာလဲဗျာ ...ကျန့်ကျန့်က ဘယ်လိုဖြစ်တာလဲ ''
".......''
" ပြောကြာပါအုန်းဗျာ..အစ်ကိုသောင် ပြောလေဗျာ ''
" သူက စွမ်းအင် ၇နှစ်မျိုးနဲ့ မှော်သားရဲဆိုတာ အမှုဆောင်ဝမ် သိမှာပါ... ''
".....''
" သူ့ရဲ့ စွမ်းအင်နှစ်မျိုးက အမှုဆောင်ဝမ် အတွက်ထုတ်သုံးခဲ့တာဖြစ်တယ် ''
ဝမ်ရိပေါ်က ခေါင်းလေးငိုက်စိုက်ကျကာ ရှောင်းကျန့်၏ မျက်နှာကိုကြည့်နေသော်လည်း သောင်ချူယွဲ့ စကားတွေကို နားထောင်နေပါသည်။
ထို့ကြောင့် သောင်ချူယွဲ့က ဆက်ပြောလိုက်သည်။
" တကယ်တော့ ကျွန်တော်နဲ့ အစ်ကိုကြီးအပါအဝင်..ကျောင်းကျောင်းကလည်း ခုနကတိုက်ပွဲမှာ သေဆုံးသွားခဲ့ပြီးကြပြီ ''
" ဟင် ''
" ဟမ်... ဘယ်လို.. ''
အစရှိသဖြင့် အသံတွေက ထွက်လာခဲ့သည် ။
ဝမ်ရိပေါ်က မျက်ရည်တွေဝိုင်းနေတဲ့မျက်လုံးတွေနဲ့ ခဏတာမော့ကြည့်လာပြီး သေဆုံးနေသောကောင်ငယ်လေးကို ပြန်ပြီး အကြည့်ပို့သွားတော့သည်။
" ကျန့်ကျန့်က ကျွန်တော်တို့ကို ကယ်တင်ပေးပြီး သူ့အသက်ကိုစတေးခဲ့တာ ''
"....''
" သူ့ကို ခေါင်းဆောင်အဖြစ် တစ်ချို့ကလက်မခံခဲ့ကြဘူး.. ဒါပေမယ့် သူက ဘယ်သူ့ကိုမှ မမုန်းတီးခဲ့ဘူး ပြီးတော့ သူကငယ်ရွယ်ပေမယ့် ခေါင်းဆောင်ကောင်းပီသလွန်းတယ်.. ''
သောင်ချူယွဲ့ စကားအဆုံး၌ ကျောင်းကျောင်းက ရှောင်းကျန့်ကို အားနာစွာနဲ့သာ ငေးကြည့်နေခဲ့သည်။
" ဂိုဏ်းသားတွေစုံပြီဆိုတော့..ဂိုဏ်းချုပ်ကို မြုပ်နှံကြရအောင် ''
" ဟုတ်ကဲ့ အစ်ကိုကြီး ''
ဝမ်ရိပေါ်ကလွဲရင် ကျန်သောသူအားလုံးက လက်ခံကာ အစ်ကိုကြီး စကားကို ဖြေကြသည်။
" ဝမ်သခင်လေး.. ခေါင်းဆောင်ကို ကျွန်တော့်ဆီကို ပေးပါ ''
အစ်ကိုကြီးဆိုသူက ပြောလာတာကြောင့် ဝမ်ရိပေါ်က ကြောင်ငေးနေသည့် မျက်ဝန်းတွေနဲ့ ပွေ့ထားတဲ့လက်တွေကို ဖြေလျှော့လိုက်သည်။
........
တိတ်ဆိတ်နေသော ဝါးရုံတောလေးထဲမှာ
ရှောင်းကျန့်ကိုမြေမြုပ်သဂြိုဟ်ပြီးနောက်
အစ်ကိုကြီးက ဝမ်ရိပေါ်ကို ကြည့်ပြီး မေးခွန်းတစ်ခုကို မေးလာသည်။
" ဝမ်သခင်လေး..ကျွန်တော်တို့ ဂိုဏ်းထဲကို ဝင်ချင်တဲ့ဆန္ဒရှိသလား ''
" ကျန့်ကျန့်ကကျွန်တော့်ကိုပြောဖူးတယ် ကျွန်တော့်ကို ထွက်မသွားစေချင်ဘူးတဲ့..အဲ့ဒါကြောင့် ကျွန်တော်ဒီဂိုဏ်းထဲကိုဝင်ပါ့မယ် ''
ဝမ်ရိပေါ်က ညကောင်းကင်က လမင်းကြီးကို ငေးကြည့်ပြီး မျက်ရည်တွေကြားထဲကနေ ပြုံးပြုံးလေး ပြန်ဖြေလာသည်။
" ကောင်းပြီ.. ဂိုဏ်းထဲဝင်ရင်သတ်မှတ်ထားတဲ့စည်းကမ်းတစ်ခုရှိတယ်''
" ဗျာ..တံတွေးနဲ့ထွေးမှာလား.. ပါးရိုက်မှာလား''
" တံတွေးနဲ့မထွေးပါဘူး..သူဖုန်းစားဂိုဏ်းမှမဟုတ်တာကွ..ပါးလည်းမရိုက်ဘူး..ပါးရိုက်တာက ဂိုဏ်းသားချင်းချစ်မိမှပဲရိုက်ရတာ ''
" အော်..ဒါဆို ဘာလဲဗျ ''
တစ်ယောက်ပြီးတစ်ယောက်ရဲ့ကန်ကျောက် ထုနှက်သမျှတွေကို ခံပြီး ဝမ်ရိပေါ်မှာ အတော်လေးပင်ပန်းသွားသည်။
" ကဲ..ပိုင်ဖုန်းဂိုဏ်းကကြိုဆိုပါတယ်..ဒါက ကျွန်တော်တို့ဂိုဏ်းရဲ့ နာမည်အရင်းပဲ ''
" ပိုင်ဖုန်းဂိုဏ်း..ကျွန်တော်ကြားဖူးခဲ့တာကြာပြီ..ကျွန်တော်က ခင်ဗျားတို့ကို ပိုင်ဖုန်းဂိုဏ်းကမှန်းမသိခဲ့ဘူး ခင်ဗျားတို့က အရမ်းသိုဝှက်လွန်းတာပဲ ''
" ညီလေးဝမ် ချီးကျူးလွန်းနေပြီ..ညီနောင်တို့..သွားကြရအောင်  ''
အစ်ကိုကြီး၏စကားတွေသာ ထိုနေရာ၌ လွှမ်းမိုးနေခဲ့သည်။
...............
စောင်ယွမ်ပင်း( အစ်ကိုကြီး) သည်မနက်ခင်းမှာပဲ ညီနောင်တို့နဲ့အတူ မြို့အပြင်ကိုရောက်လာခဲ့သည်။
" ဂိုဏ်းချုပ်က ငါတို့ကို အစွမ်းတွေပေးထားခဲ့တာမို့ မိစ္ဆာခေါင်းဆောင်ဖြစ်တဲ့ မိစ္ဆာမျက်လုံးနီနဲ့ သံမဏိတောင်ပံကျားဖြူတို့ကို သွားရှာကြမယ် ''
" ဟုတ်ကဲ့ အစ်ကိုကြီး ''
ဝမ်ရိပေါ်တို့အဖွဲ့သည် စောင်ယွမ်ပင်း စကားကိုနားထောင်လိုက်ပြီး တိုက်ခိုက်ခြင်းအတွက် စတင်လေ့ကျင့်ရင်းပဲ မိစ္ဆာတွေကိုလည်း ရှာဖွေနေခဲ့ကြသည်။
ဝမ်ရိပေါ်ကလည်း ခေသူမဟုတ်တာကြောင့် လေပေါ်မှာ ပျံသန်းဖို့ကိုလည်း ကျွမ်းကျင်တဲ့ အဆင့်ကိုရောက်ရှိနေခဲ့ပြီဖြစ်သည်။
ကျန့်ကျန့်က မိစ္ဆာတွေကို နိုမ်နင်းချင်တာ
ကျန့်ကျန့်စကားကိုငါအလေးထားရမယ်။
ဝမ်ရိပေါ်သည် ကျန့်ကျန့်ထုံးကိုနှလုံးမူကာ ကြိုးစားခဲ့သည်။ သူ့၏စိတ်တွင်လည်း ကျန့်ကျန့်ပြန်လာမယ်ဆိုတာကို အလိုလိုသိရှိခံစားနေရသည်။
ဝမ်ရိပေါ်တို့အဖွဲ့သည် ၃လလောက်အချိန်ကြာပြီးနောက်မှာ မိစ္ဆာမျက်လုံးနီနဲ့ကျားဖြူတို့နှင့် ပတ်သတ်သည့် သတင်းတစ်ခုကိုရခဲ့သည်။
ထိုသတင်းအတိုင်းပင် ပိုင်ဖုန်းဂိုဏ်း၏အထူးဂိုဏ်းသားဝမ်ရိပေါ်အပါအဝင် ၆ ဦးသည် လင်းနို့ဂူသို့ ထွက်လာခဲ့ကြသည်။
...............
" ရိပေါ်...ရှင့်ရဲ့ပွဲဦးထွက်အတွက် ကျွန်မကသတိပေးချင်တယ်..ပြောချင်တာကတော့ အခုတွေ့ရမယ့် မိစ္ဆာက အရင်ကတွေ့ဖူးတာတွေထက်ပိုဆိုးတယ်..မျက်လုံးနီကိုကျွန်မနဲ့ ချူယွဲ့ရယ်ဝူလောင်သယ်ကတာဝန်ယူမယ်..ရှင်ကကျားဖြူကိုအစ်ကိုကြီးတို့ယွဲ့ကျုံးတို့နဲ့အတူ တိုက်ခိုက်ရမယ်အဲ့ဒီအခါ သတိထားပါ..ကျားဖြူက အင်အားကြီးတယ်..မျက်လုံးနီထက်တောင်ပိုပြီး အားကြီးတယ် ''
" ဟုတ်တယ်ရိပေါ် ''
" အစ်ကိုကြီး ''
နောက်ကနေရောက်လာသော အစ်ကိုကြီးကို ရိပေါ်နဲ့ ကျောင်းကျောင်းက နူတ်ဆက်လိုက်သည်။
"ဒီညပဲ ငါတို့လှုပ်ရှားကြမယ်.. သူတို့ကအရမ်းဆိုးဝါးတယ် ''
" ဟုတ်ကဲ့ အစ်ကိုကြီး ''
ဝမ်ရိပေါ်တို့သည် ပြင်ဆင်စရာရှိတာပြင်ဆင်ကြပြီး ညဘက်ကို လှုပ်ရှားဖို့အတွက်အသင့်ဖြစ်နေခဲ့ကြသည်။
ဖလပ်...
အတောင်ပံခတ်သံတစ်ခုကိုကြားလိုက်ရပြီးနောက် လင်းနို့ဂူအနီးတစ်ဝိုက်တွင် ငြိမ်သက်သွားတော့သည်။
" ညီ၆(ဝမ်ရိပေါ်)  အခု သံမဏိတောင်ပံကျားဖြူထွက်လာတော့မယ် သတိရှိပါ ဂရုစိုက် ''
" ဟုတ်ကဲ့ အစ်ကိုကြီး''
ဂီး...ဟူသည့် ငှက်ဆိုးသံတစ်ချက်မြည်သံစွဲပြီးနောက်တွင် တစ်ကိုယ်လုံး မီးတောက်မီးလျှံတွေအပြည့်နဲ့ မျက်လုံးနီမိစ္ဆာမြွေနဂါးထွက်ပေါ်လာခဲ့သည်။
" သူကမြွေနဂါးလား ''
" အင်း ''
ကျောင်းကျောင်း၏ မေးခွန်းကို သောင်ချူယွဲ့က ပြန်ဖြေလိုက်သော်လည်း မျက်လုံးတွေက မိစ္ဆာမြွေနဂါးဆီမှ အားနည်းချက်ကိုဖွေရှာနေသည်။
ဇာတ်လိုက်တို့နှစ်ယောက် နဲ့ ဝူလောင်သယ်သည် မြွေနဂါးကို တြိဂံပုံစံဝိုင်းကာ တိုက်ခိုက်ကြပြီး အားနည်းအောင်လုပ်နေသော်လည်းအချည်းနှီးသာ။
မြွေနဂါး၏ မီးလျှံတောင်ပံတစ်ချက်ခတ်လိုက်သည်နှင့် လွင့်ထွက်သွားကြရသည်။
" အာ့...''
" ညီလေးဝူ အဆင်ပြေရဲ့လား ''
" ပြေတယ် အစ်ကို၂''
ကျောင်းကျောင်းကို သောင်ချူယွဲ့ ရှာကြည့်လိုက်ချိန်မှာ မြင်လိုက်ရသည်က မိစ္ဆာနဂါး၏ မီးလျှံနဲ့ ချုပ်ထားခံရသည့်ပုံစံကိုပင်။
" ကျောင်းကျောင်း..''
" အစ်ကို၂..ကျွန်မကို ဂရုမစိုက်နဲ့.. ''
" ညီလေးဝူ ''
" ဟုတ်ကဲ့ ''
ဝူလောင်သယ် နဲ့ သောင်ချူယွဲ့ သည် နောက်တစ်ဖန်မျက်လုံးနီဆီကို ဦးတည်ခဲ့ကြပေမယ့် အနားမရောက်ခင်မှာပင် အတောင်ပံခတ်လိုက်သည့် ထိုမျက်လုံးနီကြောင့် လွင့်စင်ကျကာအပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။
" ဝေါင်း...''
" ကျားဖြူ ထွက်လာပြီ..ရိပေါ်..ယွဲ့ကျုံး''
စောင်ယွမ်ပင်း စကားကြောင့် ဝမ်ရိပေါ်သည် ယွဲ့ကျုံးကိုလှမ်းကြည့်လိုက်ပြီး သုံးယောက်အတူတူ ကျားဖြူဆီသို့ပြေးဝင်ခဲ့ကြသည်။
ကျားဖြူသည် သူ့ချစ်သူကို တိုက်ခိုက်နေသော လူသားကျင့်ကြံသူတွေကိုကြည့်ကာစိတ်တိုနေစဉ်အနားရောက်လာသော ၃ယောက်ကို ဟိန်းဟောက်ပစ်လိုက်သည်။
ဝမ်ရိပေါ်တို့သည် ကျားဖြူ၏ ဟိန်းဟောက်မှုကြောင့် အဝေးကိုလွင့်ကာ ကျောင်တောင်နံရံတွေနဲ့ပင် ပစ်ဆောင့်မိသွားတာမို့ သွေးတစ်ပွက်စီအန်ထုတ်မိသွားကြသည်။
" အစ်ကိုဝမ်...''
ဝမ်ရိပေါ်သည် အနားကိုမှော်ဆန်စွာရောက်ရှိလာသည့် ကောင်လေးအားကြည့်ကာ ပျော်ရွှင်သွားရသည်။
" ဟင်...ကျန့်ကျန့်လား??''
" အင်း ''
ရှောင်းကျန့်လေး၏ ယခုပုံစံမှာ ခရမ်းနဲ့အပြာရောင်ရောစပ်သောဝတ်စုံနှင့် နဖူးမှာ စကြာပုံစံအနီရောင်အမှတ်လေးရှိကာ တောက်ပသောခရမ်းပြာရောင်အတောင်ပံနှင့် ဒဏ္ဍာရီ ဆန်ဆန်ချောမောနေသည်။
ဝမ်ရိပေါ်က အစ်ကိုကြီးတို့ကိုလှမ်းကြည့်လိုက်ပေမယ့် ဝမ်ရိပေါ်အနားမှာ ဘယ်သူမှ ရှိမနေပေ။ ဖြစ်နိုင်တာက ဝမ်ရိပေါ်တို့၃ယောက် တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးကို လွင့်ကျခဲ့တာဖြစ်မည်။
" ကျန့်ကျန့်က ကိုယ့်ဆီပြန်လာမယ်ဆိုတာ ကိုယ်သိသားပဲ ''
" ..''
ဝမ်ရိပေါ်ကို ပြုံးပြလိုက်ပြီးနောက် အကြည့်လွှဲကာ ရှောင်းကျန့်က မျက်လုံးနီကိုရန်စဖို့ စဉ်းစားနေလိုက်သည်။
ရှောင်းကျန့်သည် ငှက်အသွင်ကိုလုံးဝပြောင်းလဲကာ ကျားဖြူထံသို့တစ်ဟုန်ထိုးပစ်ဝင်သွားပြီးတိုက်ခိုက်သည်။
ဒဏ္ဍာရီထဲမှာတောင် အစရှာဖို့ ခက်ခဲသွားပြီဖြစ်တဲ့အပြင် တော်ဝင်ရွှေဇာမဏီငှက်တို့ကပင် ဦးညွတ်စံထားရသည့် ကိန္နရာဇာမဏီငှက်မျိုးနွယ် ( angel-phoenix)  ကို မလောက်လေးမလောက်စား မိစ္ဆာက အနိုင်ယူနိုင်မှာတဲ့လား..ဆယ်ကမ္ဘာလောက်အိပ်မက်သွားမက်နေလိုက်..။
ရှောင်းကျန့်၏ စိတ်ထဲကနေ ပြောနေသော ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်နေသော စကားလုံးတွေကြောင့် system လေးသွေးအန်ချင်သွားရသည်။
"ငါပြောလို့သိတာကိုများ..ကြီးကြီးကျယ်ကျယ်တွေလုပ်နေသေး​တယ်။ အံ့သြပ။
အာပလာကြီး လို့ ပြောရင်လည်း ဘဝင်ကမြင့်အုန်းမယ်။ ''
မျက်လုံးနီမြွေနဂါးသည် အလွန်တုန်လှုပ်သွားရသည်။ သူမ၏ ချစ်သူကို တိုက်ခိုက်နေတဲ့ ငှက်သည် နတ်ဇာမဏီမဟုတ်ပါလား။ သူမသည် ကျားဖြူကိုကယ်တင်နိုင်ရန် ကောင်းကင်အထက်မြင့်မြင့်သို့ ပျံသန်းကာ ခန္ဓာကိုမှာရှိသော ငရဲမီးစွမ်းအင်အပြင် ကမ္ဘာမြေပေါ်ရှိ မီးတောင်များစွာမှမီးများနဲ့ မီးမှုန်မီးမွှားများပါမချန်စုပ်ယူကာ ကြီးမားသည့်မီးတောက်တစ်ခုကိုဖန်တီးလိုက်သည်။
ထိုအခြေအနေအား ကျားဖြူကလည်းမြင်ရသလို မီးမိစ္ဆာမြွေနဂါးကို ကျောပေးပြီး ကျားဖြူနဲ့ တိုက်ခိုက်နေသော ရှောင်းကျန့်ကလည်း အာရုံနံပါတ်ခြောက်အရသိနေသည်။
အရှိန်ပြင်းပြင်းလာနေခဲ့တဲ့ မီးမိစ္ဆာမြွေနဂါးက သူ၏ချစ်ရသူအား ကယ်တင်ဖို့သာ ဆန္ဒစောနေသည်မို့ ရှောင်းကျန့်၏ အကြံကိုမရိပ်မိခဲ့ပေ။
ကျားဖြူ၏ လည်ပင်အား ကုပ်ထားသည့်လက်သည်းရှည်တို့သည် ပြေလျော့သွားပြီး ခပ်ဝေးဝေးကို ရွေ့သွားသော ရှောင်းကျန့်ကြောင့် မီးစတို့သည့် ကျားဖြူထံသို့အလုံးအရင်းတိုးဝင်ကာလောင်ကျွမ်းသွားစေတော့သည်။
"မဟုတ်ဘူး... ''
မြွေနဂါးမသည် ထိုသို့အော်ဟစ်ကာ သူမကိုယ်တိုင်လည်းလောင်ကျွမ်းပျက်စီးသွားတော့သည်။
ရှောင်းကျန့်သည့် ချစ်သူနှစ်ဦးရဲ့အဖြစ်အပျက်ကို ကြည့်မနေတော့ဘဲ ဝမ်ရိပေါ်တို့ထံ ပျံသန်းလာခဲ့သည်။
သူသည် လူသားအသွင်းပြောင်းလိုက်သော်လည်း အရင်ကလို ဝတ်လစ်စားလစ်နဲ့ ကိုယ်လုံးတီးမဟုတ်တော့ဘဲ လှပလက်ရာမြောက်သော ပိုးထည်ခရမ်းပြာဝတ်စုံဖြင့် လွန်စွာ ကြည့်ကောင်းနေခဲ့သည်။
ခြေဖဝါးထိရောက်လုလုဆံပင်ရှည်တို့သည်လည်း လေမတိုက်ဘဲနဲ့ပင် တလူလူလှပစွာလွင့်ဝဲနေကြသည်။
" ကျန့်ကျန့် ''
သောင်ချူယွဲ့ နဲ့ ဇာတ်လိုက်မအပြင်အစ်ကိုကြီး၊ ယွဲ့ကျုံးနဲ့ ဝူလောင်သယ်တို့ကလည်း ကျန့်ကျန့်ကိုပြေးဖက်ကြသည်။ သူတို့သည် ကျန့်ကျန့်ကို နောက်တစ်ကြိမ် ပြန်တွေ့ရဖို့မျှော်လင့်ချက်လေး ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
ဝမ်ရိပေါ်သည်သာ ရှာလကာရည်သောက်ကာ စူပုပ်ပုပ်နဲ့ ရပ်ကျန်နေခဲ့၏။
" ငါ့အသည်းလေးကို ဝိုင်းမြည်းနေကြတယ်.. ဘယ်လိုဟာတွေလဲ ''
ထိုသို့ တီးတိုးရေရွတ်သည့်အသံကို ဘယ်သူကမှ မကြားပေမယ့် ရှောင်းကျန့်ကတော့ ကြားဖြစ်အောင် ကြားရပါသည်။
' အင်း.. ဒီလူကြီးကိုချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲ '
ရှောင်းကျန့်က စိတ်ထဲကနေ အသည်းယားစွာ ရေရွတ်လိုက်သည်။
#####
Zawgyi
" ကျန့်ကျန့်... ''
".......''
".....''
" ဟင် ''
" ဟမ်... ဘယ်လို.. ''
"....''
" ဟုတ်ကဲ့ အစ်ကိုကြီး ''
........
" အော်..ဒါဆို ဘာလဲဗျ ''
...............
" ဂိုဏ်းချုပ်က ငါတို့ကို အစွမ်းတွေပေးထားခဲ့တာမို့ မိစ်ဆာခေါင်းဆောင်ဖြစ်တဲ့ မိစ်ဆာမျက်လုံးနီနဲ့ သံမဏိတောင်ပံကျားဖြူတို့ကို သွားရှာကြမယ် ''
" ဟုတ်ကဲ့ အစ်ကိုကြီး ''
ဝမ်ရိပေါ်တို့အဖွဲ့သည် စောင်ယွမ်ပင်း စကားကိုနားထောင်လိုက်ပြီး တိုက်ခိုက်ခြင်းအတွက် စတင်လေ့ကျင့်ရင်းပဲ မိစ်ဆာတွေကိုလည်း ရှာဖွေနေခဲ့ကြသည်။
ကျန့်ကျန့်က မိစ်ဆာတွေကို နိုမ်နင်းချင်တာ
ဝမ်ရိပေါ်တို့အဖွဲ့သည် ၃လလောက်အချိန်ကြာပြီးနောက်မှာ မိစ်ဆာမျက်လုံးနီနဲ့ကျားဖြူတို့နှင့် ပတ်သတ်သည့် သတင်းတစ်ခုကိုရခဲ့သည်။
...............
" ရိပေါ်...ရှင့်ရဲ့ပွဲဦးထွက်အတွက် ကျွန်မကသတိပေးချင်တယ်..ပြောချင်တာကတော့ အခုတွေ့ရမယ့် မိစ်ဆာက အရင်ကတွေ့ဖူးတာတွေထက်ပိုဆိုးတယ်..မျက်လုံးနီကိုကျွန်မနဲ့ ချူယွဲ့ရယ်ဝူလောင်သယ်ကတာဝန်ယူမယ်..ရှင်ကကျားဖြူကိုအစ်ကိုကြီးတို့ယွဲ့ကျုံးတို့နဲ့အတူ တိုက်ခိုက်ရမယ်အဲ့ဒီအခါ သတိထားပါ..ကျားဖြူက အင်အားကြီးတယ်..မျက်လုံးနီထက်တောင်ပိုပြီး အားကြီးတယ် ''
" ဟုတ်တယ်ရိပေါ် ''
" အစ်ကိုကြီး ''
" ဟုတ်ကဲ့ အစ်ကိုကြီး ''
ဖလပ်...
" ဟုတ်ကဲ့ အစ်ကိုကြီး''
ဂီး...ဟူသည့် ငှက်ဆိုးသံတစ်ချက်မြည်သံစွဲပြီးနောက်တွင် တစ်ကိုယ်လုံး မီးတောက်မီးလျှံတွေအပြည့်နဲ့ မျက်လုံးနီမိစ်ဆာမြွေနဂါးထွက်ပေါ်လာခဲ့သည်။
" သူကမြွေနဂါးလား ''
" အင်း ''
ကျောင်းကျောင်း၏ မေးခွန်းကို သောင်ချူယွဲ့က ပြန်ဖြေလိုက်သော်လည်း မျက်လုံးတွေက မိစ်ဆာမြွေနဂါးဆီမှ အားနည်းချက်ကိုဖွေရှာနေသည်။
" အာ့...''
" ပြေတယ် အစ်ကို၂''
ကျောင်းကျောင်းကို သောင်ချူယွဲ့ ရှာကြည့်လိုက်ချိန်မှာ မြင်လိုက်ရသည်က မိစ်ဆာနဂါး၏ မီးလျှံနဲ့ ချုပ်ထားခံရသည့်ပုံစံကိုပင်။
" ကျောင်းကျောင်း..''
" ညီလေးဝူ ''
" ဟုတ်ကဲ့ ''
" ဝေါင်း...''
" အစ်ကိုဝမ်...''
" ဟင်...ကျန့်ကျန့်လား??''
" အင်း ''
" ..''
ဒဏ္ဍာရီထဲမှာတောင် အစရှာဖို့ ခက်ခဲသွားပြီဖြစ်တဲ့အပြင် တော်ဝင်ရွှေဇာမဏီငှက်တို့ကပင် ဦးညွတ်စံထားရသည့် ကိန္နရာဇာမဏီငှက်မျိုးနွယ် ( angel-phoenix)  ကို မလောက်လေးမလောက်စား မိစ်ဆာက အနိုင်ယူနိုင်မှာတဲ့လား..ဆယ်ကမ္ဘာလောက်အိပ်မက်သွားမက်နေလိုက်..။
ထိုအခြေအနေအား ကျားဖြူကလည်းမြင်ရသလို မီးမိစ်ဆာမြွေနဂါးကို ကျောပေးပြီး ကျားဖြူနဲ့ တိုက်ခိုက်နေသော ရှောင်းကျန့်ကလည်း အာရုံနံပါတ်ခြောက်အရသိနေသည်။
အရှိန်ပြင်းပြင်းလာနေခဲ့တဲ့ မီးမိစ်ဆာမြွေနဂါးက သူ၏ချစ်ရသူအား ကယ်တင်ဖို့သာ ဆန္ဒစောနေသည်မို့ ရှောင်းကျန့်၏ အကြံကိုမရိပ်မိခဲ့ပေ။
"မဟုတ်ဘူး... ''
" ကျန့်ကျန့် ''
#####
Continue Reading
You'll Also Like
68.9K 9.1K 6
unicode + zawgyi Xiao Zhan × Wang Yibo A special thanks to Vitadrawing for story cover !
985K 76.4K 26
တစ်ချိန်က အချိုးမပြေလို့ လမ်းခွဲခဲ့တဲ့ ကိုယ့် Ex အစုတ်ပလုတ်လေးဟာလည်း ကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ။ တစ်ချိန်က အချိူးမပြေလို့ လမ်းခွဲခဲ့တဲ့ ကိုယ့် E...
408K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."