" ကျန့်ကျန့် မင်းပြေးတော့ ''
" မမကရော...''
" မမက အစ်ကိုကြီးတို့ကိုကူညီပြီးတိုက်ခိုက်ရမယ်..ကျန့်ကျန့်ကပြေးတော့နော် ''
" ကျန့်ကျန့်လည်းကူညီပြီးတိုက်ခိုက်မယ်လေ ''
" အရူးလေး..သွားတော့ မမတို့ကိုထားခဲ့တော့ ''
ရှောင်းကျန့်လည်း ခေါင်းလေးကိုပုတ်ပေးကာ ချော့မော့ပြောဆိုကာ ပြေးပြီး တိုက်ပွဲထဲဝင်သွားသော ဇာတ်လိုက်မကို ကြည့်ပြီး ဘာလုပ်ရမလဲမသိဖြစ်ကာ နူတ်ခမ်းလေးကိုကိုက်ထားမိသည်။
" အာ..အစ်ကိုဝမ်ပျောက်နေတာပါလား.. အစ်ကိုဝမ်ကို သွားရှာပြီးကူညီရင်ကောင်းမလား.. ''
ရှောင်းကျန့်၏ နူတ်ကထိုသို့ဖွဖွလေးရေရွတ်နေပြီး အချိန်အနည်းငယ်ကြာသွားတဲ့အထိ အတွေးထူနေလိုက်မိသည်။
အစ်ကိုကြီးအယောင်ဆောင်နဲ့ တိုက်ခိုက်နေသော သောင်ချူယွဲ့ ၊ အစ်ကိုကြီးအစစ်နဲ့ ဇာတ်လိုက်မတို့မှာ ၃ယောက် တစ်ယောက်ဆိုသော်ငြား နိုင်ဖို့ရာက မသေချာပေ။
ထိုအယောင်ဆောင်က သူ့၏ မူလအသွင်ကိုပြောင်းလဲလိုက်ပြီး လက်နက်ဖြစ်သောရေခဲကို စတင်အသုံးပြုလာတော့သည်။
သူသည် ရေကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုပြီး အစ်ကိုကြီးအစစ်နဲ့ ဇာတ်လိုက်အတွဲကို ဖမ်းချုပ်လိုက်သည်။
ရေမှုန်မွှားတွေသိပ်သည်းလာလေ အသက်ရှုကျပ်လာလေ ဖြစ်နေသော ဇာတ်လိုက်တို့၏ အရိုးတွေကျိုးကြေသည့်အသံကိုပင် ကျယ်လောင်စွာ ကြားနေရသည်။
ထိုအသံကြောင့် ရှောင်းကျန့်မှာ အသိပြန်ဝင်လာပြီး ရေလက်နက်အရှင်ဘိုးတော်အား ငိုကျွေးသံလေးနဲ့ ဝင်ပြောလာခဲ့သည်။
" ဟေ့လူကြီး..ခင်ဗျားလိုချင်တာက ကျုပ်မဟုတ်ဘူးလား..ဘာလို့ သူတို့ကိုသေအောင်သတ်နေရတာလဲ ''
ထိုစကားအဆုံးမှာ ရေလက်နက်အရှင်ဘိုးတော်က တဟားဟား အော်ရယ်ရင်း ရေအားကိုနှစ်ဆထပ်တိုးလိုက်သည်။
" အစ်ကို၂ ကျွန်မလေ..အင့် ''
" ကျောင်းကျောင်း!!.. ''
" ..ကျွန်မသေတော့မှာဆိုတာ ကျွန်မသိပါတယ်.. ပြီးတော့..အာ့.. အစ်ကို၂ရော အစ်ကိုကြီးရော ..အင့်..သေကြတော့မှာ ''
" ဘာလို့ ဒီလိုတွေပြောနေရတာလဲ အစ်ကိုတို့က သေကြတော့မှာ ဆိုတာ မင်းမပြောလဲသိပါတယ် ''
သောင်ချူယွဲ့က ဇာတ်လိုက်မကိုကြည့်ပြီး ဝမ်းနည်းစွာ ဆိုနေပေမယ့် အစ်ကိုကြီးက တော့ ခေါင်းဆောင်အသစ်ကို လှမ်းကြည့်ပြီး ငြိမ်နေသည်။
" အစ်ကို ၂ ကျွန်မပြောတဲ့စကားကို နောက်ကနေလိုက်ပြီး ဖြတ်မပြောပါနဲ့.. ကျွန်မ အစ်ကို့ကို ချစ်တယ်.. ပြီးတော့..ဒီကမ္ဘာထဲမှာ အစ်ကို့ကို အချစ်ဆုံး.. အစ်ကိုတစ်ယောက်တည်းပဲ ကျွန်မချစ်တာ ''
" အစ်ကိုလည်းအတူတူပါပဲ.. အစ်ကိုလည်း မင်းကိုချစ်တယ်.. မင်းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာပါ..ကိုယ် ကျိန်ပြီးပြောရဲပါတယ် ဒီကမ္ဘာမှာ မင်းကို အချစ်ဆုံး ''
ရှောင်းကျန့် : ಥ‿ಥ.. သတ်ဖို့ပြင်နေတဲ့ ဘိုးဘိုးကြီးကိုတောင် ငါလေးသနားသွားရပြီ..။
အစ်ကိုကြီးအစစ် : (╥﹏╥) သူတို့ဘာတွေပြောနေကြတာလဲ..အသက်ကဖြင့်သေတော့မှာလေ..ဘာကြောင့်များ တစ်တီတူးနေသေးတာပါလိမ့် ..။
" ကဲ..မင်းတို့သွားသေလို့ရပြီ ''
" ......''
၃ယောက်လုံး သေသွားပြီဖြစ်တဲ့အကြောင်း မြေပြင်ပေါ်ကို ပြုတ်ကျလာသော ဖြူဖပ်ဖပ်မျက်နှာတွေနဲ့ သွေးမရှိခြောက်ခမ်းသွားသော ခန္ဓာကိုယ်များက သက်သေပြနေသည်။
ရှောင်းကျန့်မှာ ယခုအချိန်ထိ တဟားဟားရယ်ကာ အရယ်မတတိတ်နိုင်သေးသော ဘိုးတော်ကြီးကို ဘေးနားက ဟွမ်ကျောင်းကျောင်း ပြုတ်ကျကျန်နေခဲ့သော လက်နက်ပုန်း ဆူးရိုးအပ်အရှည်နဲ့ ပစ်ပေါက်လိုက်သည်။
ပစ်လိုက်တာ လက်မတန်းပေမယ့် System က ကူညီပေးတာမို့ ချောချောမွေ့မွေ့ပဲ ထိုလူ၏ ဘယ်ဘက်နောက်ကျောကနေ ဖောက်ထွက်ကာ မြေပြင်မှာ သွားစိုက်သည်။
ထိုလူသည်လည်း နှလုံးသားကိုပေါက်ထွက်သွားသောအဆိပ်အပ်ကြောင့် အသက်သေသွားပြီးဖြစ်တာမို့ ရှောင်းကျန့်နောင်တရချင်သွားသည်။
ဒီလိုမှန်းသိရင် ငါအစောကြီးကတည်းက ပစ်လိုက်ပါတယ်။ အခုတော့ ဇာတ်လိုက်တို့အတွဲရော အခုမှ တစ်ခန်းတည်းပါတဲ့ အစ်ကိုကြီးရော သေသွားခဲ့ကြပြီ။
ဝူး..ဝူး..။
" အစ်ကိုသောင်.. မမ ''
ရှောင်းကျန့်ဟာ တကယ်တော့အလွန် အားနည်းနေတာဖြစ်သည်။
ရှောင်းကျန့်လမ်းမလျှောက်နိုင်တာကြောင့် သောင်ချူယွဲ့က ကျောပိုးပြီး ပြေးခဲ့ရတာမဟုတ်ပါလား။ ထိုသို့ ဖြစ်ရခြင်းမှာ ဝမ်ရိပေါ်ကို ကုသပေးလိုက်သော အကျိုးဆက်ပင်ဖြစ်သည်။ System က ကူညီပေးနိုင်ပေမယ့် မျက်နှာကလေးလန်းဆန်းလာရုံသာဖြစ်သည်။
" မမ..''
ရှောင်းကျန့်ဟာ လမ်းကို ဖြေးဖြေးချင်းလျှောက်ကာ လာနေခဲ့တာမို့ ရောက်ဖို့က အချိန်ကြာနေသည်။
တစ်ဖက်တွင် ဝမ်ရိပေါ်မှာ ဂိုဏ်းသားတွေကို လိုက်လံရှာဖွေနေခဲ့ပြီး မိစ္ဆာတွေကိုလည်း တိုက်ခိုက်နေရသည်။
ဝမ်ရိပေါ် ရှာဖွေနေသည်မှာ အချိန်တော်တော်ကြာနေခဲ့ပြီဖြစ်ကာ ရန်သူတွေလည်း များစွာ သေကုန်ကြပြီဖြစ်သည်။
" ညနေတောင်စောင်းလုပြီ.. ကျန့်ကျန့်တို့က ဘယ်ရောက်သွားတာလဲ ''
" အမှုဆောင်ဝမ် ''
တစ်ယောက်တည်းရေရွတ်နေမိသည့် ဝမ်ရိပေါ်မှာ အသံကြားရာဆီ လှည့်ကြည့်လိုက်သည် ။
" သရဲကြီး...အတော်ပဲ ဟွမ်မိန်းကလေးတို့ကို တွေ့ပြီလား ''
" အမှုဆောင်ဝမ် နဲ့အတူရှိနေတာမဟုတ်ဘူးလား ''
" လူချင်းကွဲသွားတာကွ.. တိုက်ပွဲတွေစကတည်းကပဲ ''
" ဟောဗျာ..ဒါဆို ရှာကြရအောင် ဒီဘက်လမ်းက ကျွန်တော်လာခဲ့တာ ဘယ်သူ့မှ မတွေ့တော့ဘူး ''
" သူတို့ဘယ်တွေသွားနေပါလိမ့် အဆင်ပြေပါ့မလား ''
" အစ်ကို၂ နဲ့ အစ်မ၃က တော်ပါတယ်''
"....''
" ခင်ဗျားစိတ်မပူပါနဲ့ ''
"အင်းပါ ''
ဝမ်ရိပေါ်နဲ့ သရဲကြီးတို့လိုက်ရှာနေရင်း တခြားညီနောင်တွေနဲ့ ပြန်တွေ့ပြီဖြစ်ပေမယ့် အခုထိ ရှောင်းကျန့်တို့ အရိပ်အယောင်ကိုမတွေ့ရသေးပေ။
သူတို့သည် ရောက်နေတဲ့ တောဘက်လမ်းမှထွက်ကာ ဈေးလမ်းမတွေနဲ့ အိမ်ကြိုအိမ်ကြားတွေပါမကျန်လိုက်ရှာခဲ့ပေမယ့် ယခုထိမတွေ့ရသေးတာမို့ ချွေးတွေပင်စို့လာပြီဖြစ်သည်။
ညဘက်ရောက်လာခဲ့ပြီမို့ ဝမ်ရိပေါ်က ပိုပြီး စိတ်ပူလာရသည်။
"မြို့တော်ထဲကို ဘယ်လိုရှာမှာလဲ လော့ရန်ကအကျယ်ကြီးလေ ''
" နားထိုင်း..မင်းအနံ့ခံကြည့်ပါလား ''
" ဟမ်..အာ..ဟုတ်သား ''
နားထိုင်းက ဝူလောင်သယ်၏ စကားကြောင့် မျက်စိမှိတ်ကာ အနံ့ ခံအာရုံဖြင့်စမ်းသပ်ကြည့်သည်။
နားထိုင်း၊ ပါးစပ်ပြဲ၊ သရဲကြီး ၊ မျက်ပြူးနဲ့
အရှည်ကြီးတို့သည် အာရုံငါးပါးကို တစ်ယောက်တစ်မျိုးစီ ကျွမ်းကျင်ကြ၏။
" အစ်ကို၂တို့က ရှေ့နှစ်လမ်းကျော်က အိမ်တစ်ခုမှာ ရှိလိမ့်မယ် အစ်ကိုကြီးလည်းရှိနေတယ် ''
နားထိုင်း၏ စကားကြောင့် အကုန်လုံးက ပြုံးရွှင်လျက် ထိုနေရာကို ဦးတည်ကာ ပြေးသွားခဲ့ကြသည်။
" နားထိုင်း..မင်းပြောတဲ့ အတိုင်းဆို ဒီအိမ်လား ''
" အင်း ဟုတ်တယ်.. ''
ယွဲ့ကျုံး၏ အမေးကို နားထိုင်းက သေချာဖြေပြီးနောက်တွင် ပါးစပ်ပြဲက မြည်တွန်တောက်တီးတော့သည်။
" ငါတို့က စိတ်တွေပူနေတာ သူတို့က အိမ်အကောင်းစားကြီးထဲမှာအနားယူနေတယ်ပေါ့..အစ်ကို၂တို့များ မပြောချင်ဘူး ''
" ပါးစပ်ပြဲ..ငါ့အမြင်အာရုံထဲမှာ အစ်ကိုကြီးနဲ့ အစ်ကို၂အပြင် အစ်မ၃ရော ငိုနေကြတယ် ''
ထိုစကားကို ပြောလာသူက မျက်ပြူးဖြစ်သည်။
ဝမ်ရိပေါ်ကပိုပြီးစိတ်ပူလာရကာ ထိုအိမ်တံခါးကို ခြေထောက်ဖြင့်ပြေးကန်ကာ အရင်ဆုံး ဖွင့်ပြီး ဝင်လာလိုက်သည်။
ဧည့်ဆောင်မှာ မြင်လိုက်ရသည်က ကျန့်ကျန့်၏ သွေးမရှိစွာဖျော့တော့နေသော ရုပ်ခန္ဓာကိုသာဖြစ်သည်။
######
Zawgyi
" က်န့္က်န့္ မင္းေျပးေတာ့ ''
" မမကေရာ...''
" မမက အစ္ကိုႀကီးတို႔ကိုကူညီၿပီးတိုက္ခိုက္ရမယ္..က်န့္က်န့္ကေျပးေတာ့ေနာ္ ''
" က်န့္က်န့္လည္းကူညီၿပီးတိုက္ခိုက္မယ္ေလ ''
" အ႐ူးေလး..သြားေတာ့ မမတို႔ကိုထားခဲ့ေတာ့ ''
ေရွာင္းက်န့္လည္း ေခါင္းေလးကိုပုတ္ေပးကာ ေခ်ာ့ေမာ့ေျပာဆိုကာ ေျပးၿပီး တိုက္ပြဲထဲဝင္သြားေသာ ဇာတ္လိုက္မကို ၾကည့္ၿပီး ဘာလုပ္ရမလဲမသိျဖစ္ကာ ႏူတ္ခမ္းေလးကိုကိုက္ထားမိသည္။
" အာ..အစ္ကိုဝမ္ေပ်ာက္ေနတာပါလား.. အစ္ကိုဝမ္ကို သြားရွာၿပီးကူညီရင္ေကာင္းမလား.. ''
ေရွာင္းက်န့္၏ ႏူတ္ကထိုသို႔ဖြဖြေလးေရ႐ြတ္ေနၿပီး အခ်ိန္အနည္းငယ္ၾကာသြားတဲ့အထိ အေတြးထူေနလိုက္မိသည္။
အစ္ကိုႀကီးအေယာင္ေဆာင္နဲ႕ တိုက္ခိုက္ေနေသာ ေသာင္ခ်ဴယြဲ႕ ၊ အစ္ကိုႀကီးအစစ္နဲ႕ ဇာတ္လိုက္မတို႔မွာ ၃ေယာက္ တစ္ေယာက္ဆိုေသာ္ျငား နိုင္ဖို႔ရာက မေသခ်ာေပ။
ထိုအေယာင္ေဆာင္က သူ႕၏ မူလအသြင္ကိုေျပာင္းလဲလိုက္ၿပီး လက္နက္ျဖစ္ေသာေရခဲကို စတင္အသုံးျပဳလာေတာ့သည္။
သူသည္ ေရကို ကြၽမ္းက်င္ပိုင္နိုင္စြာအသုံးျပဳၿပီး အစ္ကိုႀကီးအစစ္နဲ႕ ဇာတ္လိုက္အတြဲကို ဖမ္းခ်ဳပ္လိုက္သည္။
ေရမႈန္မႊားေတြသိပ္သည္းလာေလ အသက္ရႈက်ပ္လာေလ ျဖစ္ေနေသာ ဇာတ္လိုက္တို႔၏ အရိုးေတြက်ိဳးေၾကသည့္အသံကိုပင္ က်ယ္ေလာင္စြာ ၾကားေနရသည္။
ထိုအသံေၾကာင့္ ေရွာင္းက်န့္မွာ အသိျပန္ဝင္လာၿပီး ေရလက္နက္အရွင္ဘိုးေတာ္အား ငိုေကြၽးသံေလးနဲ႕ ဝင္ေျပာလာခဲ့သည္။
" ေဟ့လူႀကီး..ခင္ဗ်ားလိုခ်င္တာက က်ဳပ္မဟုတ္ဘူးလား..ဘာလို႔ သူတို႔ကိုေသေအာင္သတ္ေနရတာလဲ ''
ထိုစကားအဆုံးမွာ ေရလက္နက္အရွင္ဘိုးေတာ္က တဟားဟား ေအာ္ရယ္ရင္း ေရအားကိုႏွစ္ဆထပ္တိုးလိုက္သည္။
" အစ္ကို၂ ကြၽန္မေလ..အင့္ ''
" ေက်ာင္းေက်ာင္း!!.. ''
" ..ကြၽန္မေသေတာ့မွာဆိုတာ ကြၽန္မသိပါတယ္.. ၿပီးေတာ့..အာ့.. အစ္ကို၂ေရာ အစ္ကိုႀကီးေရာ ..အင့္..ေသၾကေတာ့မွာ ''
" ဘာလို႔ ဒီလိုေတြေျပာေနရတာလဲ အစ္ကိုတို႔က ေသၾကေတာ့မွာ ဆိုတာ မင္းမေျပာလဲသိပါတယ္ ''
ေသာင္ခ်ဴယြဲ႕က ဇာတ္လိုက္မကိုၾကည့္ၿပီး ဝမ္းနည္းစြာ ဆိုေနေပမယ့္ အစ္ကိုႀကီးက ေတာ့ ေခါင္းေဆာင္အသစ္ကို လွမ္းၾကည့္ၿပီး ၿငိမ္ေနသည္။
" အစ္ကို ၂ ကြၽန္မေျပာတဲ့စကားကို ေနာက္ကေနလိုက္ၿပီး ျဖတ္မေျပာပါနဲ႕.. ကြၽန္မ အစ္ကို႔ကို ခ်စ္တယ္.. ၿပီးေတာ့..ဒီကမၻာထဲမွာ အစ္ကို႔ကို အခ်စ္ဆုံး.. အစ္ကိုတစ္ေယာက္တည္းပဲ ကြၽန္မခ်စ္တာ ''
" အစ္ကိုလည္းအတူတူပါပဲ.. အစ္ကိုလည္း မင္းကိုခ်စ္တယ္.. မင္းတစ္ေယာက္တည္းကိုပဲ ခ်စ္ခဲ့တာပါ..ကိုယ္ က်ိန္ၿပီးေျပာရဲပါတယ္ ဒီကမၻာမွာ မင္းကို အခ်စ္ဆုံး ''
ေရွာင္းက်န့္ : ಥ‿ಥ.. သတ္ဖို႔ျပင္ေနတဲ့ ဘိုးဘိုးႀကီးကိုေတာင္ ငါေလးသနားသြားရၿပီ..။
အစ္ကိုႀကီးအစစ္ : (╥﹏╥) သူတို႔ဘာေတြေျပာေနၾကတာလဲ..အသက္ကျဖင့္ေသေတာ့မွာေလ..ဘာေၾကာင့္မ်ား တစ္တီတူးေနေသးတာပါလိမ့္ ..။
" ကဲ..မင္းတို႔သြားေသလို႔ရၿပီ ''
" ......''
၃ေယာက္လုံး ေသသြားၿပီျဖစ္တဲ့အေၾကာင္း ေျမျပင္ေပၚကို ျပဳတ္က်လာေသာ ျဖဴဖပ္ဖပ္မ်က္ႏွာေတြနဲ႕ ေသြးမရွိေျခာက္ခမ္းသြားေသာ ခႏၶာကိုယ္မ်ားက သက္ေသျပေနသည္။
ေရွာင္းက်န့္မွာ ယခုအခ်ိန္ထိ တဟားဟားရယ္ကာ အရယ္မတတိတ္နိုင္ေသးေသာ ဘိုးေတာ္ႀကီးကို ေဘးနားက ဟြမ္ေက်ာင္းေက်ာင္း ျပဳတ္က်က်န္ေနခဲ့ေသာ လက္နက္ပုန္း ဆူးရိုးအပ္အရွည္နဲ႕ ပစ္ေပါက္လိုက္သည္။
ပစ္လိုက္တာ လက္မတန္းေပမယ့္ System က ကူညီေပးတာမို႔ ေခ်ာေခ်ာေမြ႕ေမြ႕ပဲ ထိုလူ၏ ဘယ္ဘက္ေနာက္ေက်ာကေန ေဖာက္ထြက္ကာ ေျမျပင္မွာ သြားစိုက္သည္။
ထိုလူသည္လည္း ႏွလုံးသားကိုေပါက္ထြက္သြားေသာအဆိပ္အပ္ေၾကာင့္ အသက္ေသသြားၿပီးျဖစ္တာမို႔ ေရွာင္းက်န့္ေနာင္တရခ်င္သြားသည္။
ဒီလိုမွန္းသိရင္ ငါအေစာႀကီးကတည္းက ပစ္လိုက္ပါတယ္။ အခုေတာ့ ဇာတ္လိုက္တို႔အတြဲေရာ အခုမွ တစ္ခန္းတည္းပါတဲ့ အစ္ကိုႀကီးေရာ ေသသြားခဲ့ၾကၿပီ။
ဝူး..ဝူး..။
" အစ္ကိုေသာင္.. မမ ''
ေရွာင္းက်န့္ဟာ တကယ္ေတာ့အလြန္ အားနည္းေနတာျဖစ္သည္။
ေရွာင္းက်န့္လမ္းမေလွ်ာက္နိုင္တာေၾကာင့္ ေသာင္ခ်ဴယြဲ႕က ေက်ာပိုးၿပီး ေျပးခဲ့ရတာမဟုတ္ပါလား။ ထိုသို႔ ျဖစ္ရျခင္းမွာ ဝမ္ရိေပၚကို ကုသေပးလိုက္ေသာ အက်ိဳးဆက္ပင္ျဖစ္သည္။ System က ကူညီေပးနိုင္ေပမယ့္ မ်က္ႏွာကေလးလန္းဆန္းလာ႐ုံသာျဖစ္သည္။
" မမ..''
ေရွာင္းက်န့္ဟာ လမ္းကို ေျဖးေျဖးခ်င္းေလွ်ာက္ကာ လာေနခဲ့တာမို႔ ေရာက္ဖို႔က အခ်ိန္ၾကာေနသည္။
တစ္ဖက္တြင္ ဝမ္ရိေပၚမွာ ဂိုဏ္းသားေတြကို လိုက္လံရွာေဖြေနခဲ့ၿပီး မိစ္ဆာေတြကိုလည္း တိုက္ခိုက္ေနရသည္။
ဝမ္ရိေပၚ ရွာေဖြေနသည္မွာ အခ်ိန္ေတာ္ေတာ္ၾကာေနခဲ့ၿပီျဖစ္ကာ ရန္သူေတြလည္း မ်ားစြာ ေသကုန္ၾကၿပီျဖစ္သည္။
" ညေနေတာင္ေစာင္းလုၿပီ.. က်န့္က်န့္တို႔က ဘယ္ေရာက္သြားတာလဲ ''
" အမႈေဆာင္ဝမ္ ''
တစ္ေယာက္တည္းေရ႐ြတ္ေနမိသည့္ ဝမ္ရိေပၚမွာ အသံၾကားရာဆီ လွည့္ၾကည့္လိုက္သည္ ။
" သရဲႀကီး...အေတာ္ပဲ ဟြမ္မိန္းကေလးတို႔ကို ေတြ႕ၿပီလား ''
" အမႈေဆာင္ဝမ္ နဲ႕အတူရွိေနတာမဟုတ္ဘူးလား ''
" လူခ်င္းကြဲသြားတာကြ.. တိုက္ပြဲေတြစကတည္းကပဲ ''
" ေဟာဗ်ာ..ဒါဆို ရွာၾကရေအာင္ ဒီဘက္လမ္းက ကြၽန္ေတာ္လာခဲ့တာ ဘယ္သူ႕မွ မေတြ႕ေတာ့ဘူး ''
" သူတို႔ဘယ္ေတြသြားေနပါလိမ့္ အဆင္ေျပပါ့မလား ''
" အစ္ကို၂ နဲ႕ အစ္မ၃က ေတာ္ပါတယ္''
"....''
" ခင္ဗ်ားစိတ္မပူပါနဲ႕ ''
"အင္းပါ ''
ဝမ္ရိေပၚနဲ႕ သရဲႀကီးတို႔လိုက္ရွာေနရင္း တျခားညီေနာင္ေတြနဲ႕ ျပန္ေတြ႕ၿပီျဖစ္ေပမယ့္ အခုထိ ေရွာင္းက်န့္တို႔ အရိပ္အေယာင္ကိုမေတြ႕ရေသးေပ။
သူတို႔သည္ ေရာက္ေနတဲ့ ေတာဘက္လမ္းမွထြက္ကာ ေဈးလမ္းမေတြနဲ႕ အိမ္ႀကိဳအိမ္ၾကားေတြပါမက်န္လိုက္ရွာခဲ့ေပမယ့္ ယခုထိမေတြ႕ရေသးတာမို႔ ေခြၽးေတြပင္စို႔လာၿပီျဖစ္သည္။
ညဘက္ေရာက္လာခဲ့ၿပီမို႔ ဝမ္ရိေပၚက ပိုၿပီး စိတ္ပူလာရသည္။
"ၿမိဳ႕ေတာ္ထဲကို ဘယ္လိုရွာမွာလဲ ေလာ့ရန္ကအက်ယ္ႀကီးေလ ''
" နားထိုင္း..မင္းအနံ႕ခံၾကည့္ပါလား ''
" ဟမ္..အာ..ဟုတ္သား ''
နားထိုင္းက ဝူေလာင္သယ္၏ စကားေၾကာင့္ မ်က္စိမွိတ္ကာ အနံ႕ ခံအာ႐ုံျဖင့္စမ္းသပ္ၾကည့္သည္။
နားထိုင္း၊ ပါးစပ္ၿပဲ၊ သရဲႀကီး ၊ မ်က္ျပဴးနဲ႕
အရွည္ႀကီးတို႔သည္ အာ႐ုံငါးပါးကို တစ္ေယာက္တစ္မ်ိဳးစီ ကြၽမ္းက်င္ၾက၏။
" အစ္ကို၂တို႔က ေရွ႕ႏွစ္လမ္းေက်ာ္က အိမ္တစ္ခုမွာ ရွိလိမ့္မယ္ အစ္ကိုႀကီးလည္းရွိေနတယ္ ''
နားထိုင္း၏ စကားေၾကာင့္ အကုန္လုံးက ၿပဳံး႐ႊင္လ်က္ ထိုေနရာကို ဦးတည္ကာ ေျပးသြားခဲ့ၾကသည္။
" နားထိုင္း..မင္းေျပာတဲ့ အတိုင္းဆို ဒီအိမ္လား ''
" အင္း ဟုတ္တယ္.. ''
ယြဲ႕က်ဳံး၏ အေမးကို နားထိုင္းက ေသခ်ာေျဖၿပီးေနာက္တြင္ ပါးစပ္ၿပဲက ျမည္တြန္ေတာက္တီးေတာ့သည္။
" ငါတို႔က စိတ္ေတြပူေနတာ သူတို႔က အိမ္အေကာင္းစားႀကီးထဲမွာအနားယူေနတယ္ေပါ့..အစ္ကို၂တို႔မ်ား မေျပာခ်င္ဘူး ''
" ပါးစပ္ၿပဲ..ငါ့အျမင္အာ႐ုံထဲမွာ အစ္ကိုႀကီးနဲ႕ အစ္ကို၂အျပင္ အစ္မ၃ေရာ ငိုေနၾကတယ္ ''
ထိုစကားကို ေျပာလာသူက မ်က္ျပဴးျဖစ္သည္။
ဝမ္ရိေပၚကပိုၿပီးစိတ္ပူလာရကာ ထိုအိမ္တံခါးကို ေျခေထာက္ျဖင့္ေျပးကန္ကာ အရင္ဆုံး ဖြင့္ၿပီး ဝင္လာလိုက္သည္။
ဧည့္ေဆာင္မွာ ျမင္လိုက္ရသည္က က်န့္က်န့္၏ ေသြးမရွိစြာေဖ်ာ့ေတာ့ေနေသာ ႐ုပ္ခႏၶာကိုသာျဖစ္သည္။
######