[Complete]ပေါင့်ပေါင့်ဝေါသ အိ...

By Kyiphyuswe

474K 56.9K 984

''Hug my Omega '' ကို မြန်မာပြန်မလို့ပါ။ အပိုင်း - 48+ 2 extras original author - lion cub English translato... More

Announcement
အကျဥ်းချုပ်
အပိုင်း 1.1
အပိုင်း 1.2
အပိုင်း 1.3
အပိုင်း (2.1)
အပိုင်း(2.2)
အပိုင်း ( 2.3)
အပိုင်း (3.1)
အပိုင်း(3.2)
အပိုင်း(3.3)
အပိုင်း ( 3.4)
အပိုင်း (4.1)
အပိုင်း (4.2)
အပိုင်း (4. 3)
အပိုင်း (5.1)
အပိုင်း (5.2)
အပိုင်း (5.3)
အပိုင်း (6.1)
အပိုင်း (6.2)
အပိုင်း (6.3)
အပိုင်း (6.4)
အပိုင်း (7.1)
အပိုင်း (7.2)
အပိုင်း (7.3)
အပိုင်း (8)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (9.3)
အပိုင်း (10.1)
အပိုင်း (10.2)
အပိုင်း(10.3)
အပိုင်း (11.1)
အပိုင်း (11.2)
အပိုင်း (11.3)
အပိုင်း (11.4)
အပိုင်း (13)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း(18)
အပိုင်း (19)
အပိုင်း (20)
အပိုင်း (21.1(1) )
အပိုင်း (21.1(2) )
အပိုင်း (21.1(3) )
အပိုင်း (21.1(4) )
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (22.3)
အပိုင်း (22.4)
အပိုင်း (22.5)
အပိုင်း (22.6)
အပိုင်း (22.7)
အပိုင်း (22.8)
အပိုင်း (23.1)
အပိုင်း (23.2)
အပိုင်း (24.1)
အပိုင်း ( 24.2)
အပိုင်း(25.1)
အပိုင်း (25.2)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း (27.1)
အပိုင်း [ 27.2 ]
အပိုင်း (28. 1)
အပိုင်း (28.2)
အပိုင်း ( 29. 1)
အပိုင်း (29. 2)
အပိုင်း (30.1)
အပိုင်း (30. 2)
အပိုင်း (31. 1)
အပိုင်း (31 .2)
အပိုင်း (32. 1)
အပိုင်း ( 32. 2)
အပိုင်း (33.1)
အပိုင်း (33.2)
အပိုင်း (34. 1 )
အပိုင်း (34.2)
အပိုင်း ( 35.1)
အပိုင်း (35. 2)
အပိုင်း ( 36. 1)
အပိုင်း( 36. 2)
အပိုင်း (37. 1)
အပိုင်း ( 37. 2)
အပိုင်း (38. 1)
အပိုင်း (38. 2)
အပိုင်း (39. 1)
အပိုင်း ( 39. 2)
အပိုင်း (40.1)
အပိုင်း( 40.2)
အပိုင်း ( 42. 1)
အပိုင်း (42. 2)
အပိုင်း (43)
အပိုင်း (44)
အပိုင်း (45.1)
အပိုင်း (45. 2)
အပိုင်း (46 .1)
အပိုင်း ( 46. 2)
အပိုင်း (47)
အပိုင်း ( 48.1) [ ဇာတ်သိမ်း]
အပိုင်း ( 48. 2) [final]
အပိုင်း (48. 3) [Final]
အပိုင်း (49.1) [Extra 1]
အပိုင်း (49.2)
အပိုင်း (50) Extra 2

အပိုင်း (12)

4.3K 542 7
By Kyiphyuswe

[Unicode] (12)

၇ ရက်ဆိုတဲ့ အချိန်ကာလက နှေးတယ်လို့လဲ ပြောလို့မရသလို မြန်တယ်လို့လဲပြောလို့မရပါပေ။ စစ်တပ်ဆီမှ ပြစ်မှုရဲ့ အချိန်အပိုင်းအခြား ကာလပြီးဆုံးပြီ ဖြစ်ကြောင်း အသိပေးစာပို့လိုက်တဲ့ အချိန်မှာပဲ ဟန်ကျွမ်းချွမ်က အထုပ်အပိုးတွေ ကို ချက်ချင်း ကောက်သိမ်းကာ စစ်ဌာနချုပ်ကနေ အမြန်ထွက်လာခဲ့တော့တယ်။ စစ်ဌာနချုပ်ထဲကနေ ထွက်တဲ့အချိန် ခဏလေးအတွင်းမှာပဲ သူ့ဘဝတစ်သက်စာလောက် ကြာသွားတယ်လို့တောင် ထင်မိလေတယ်။

စစ်ဌာနချုပ်က ဝင်ထွက်ပေါက်တစ်ခု ဆီတိုင်းက ကိုယ်ရေးအချက်အလက် တွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာကြောင့် အနည်းငယ်တော့ ကြာနေလေတယ်။ ဟန်ကျွမ်းချွမ်လည်း သူ့ကားကိုမောင်းကာ စစ်ဌာနချုပ်ဂိတ်ကို ဖြတ်ပြီးတဲ့အချိန်မှာတော့ အထဲထဲက တစ်ယောက် ယောက်ကသူ့ကို ကြည့်နေတယ်ဆိုတာကို မသဲမကွဲနဲ့ မြင်လိုက်တယ် ။

ဒီနေ့ နေက အတော်လေး ပူနေတဲ့အတွက်ကြောင့် လူတိုင်းက အတော့်ကိုစိတ်အာရုံတွေ ထွေပြားနေခဲ့ကြတယ်။ ညီးတွားတာမျိုး မလုပ်တက်တဲ့ ဟန်ကျွမ်းချွမ်လို လူမျိုးတောင်မှပဲ သူ့ကားထဲကနေ ထွက်ပြီးဒီတိုင်းသာ လမ်းလျောက်ပြန်ချင်စိတ်တွေ ပေါ်လာတော့တယ်။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ သူများတွေလို ညီးတွားမနေပဲ အိမ်ပြန်ဖို့သာစိတ်စော နေလို့ပဲ ဖြစ်လေတယ် ။

ဒါပေမယ့် လမ်းထောင့်လေး တစ်နေရာအရောက်မှာ တံခါးအပြင်မှာ ရပ်နေတဲ့ပုံရိပ်လေး တစ်ခုကို ရုတ်တရက်  သူတွေ့သွားခဲ့လေတယ်။ သူ့ရဲ့ ခေါင်းက ဘာကိုမှ မတုံ့ပြန်နိုင်ခင်မှာပဲ ခြေထောက်က လီဗာပေါ်နင်းပြီးတော့ ထိုနေရာဆီကို သွားနေပြီပဲဖြစ်တယ်။ ဂိတ်မှာအစောင့်ကျနေတဲ့ စစ်သားတွေက စစ်တပ်သုံးယာဥ်ကို တွေ့လိုက်ရတဲ့အခါမှာတော့ ချက်ချင်း ဖယ်ပေးလိုက်ပြီး အလေးပြုလိုက်ကြတယ်။ ကားထဲကလူကတော့ ကားကိုရပ်ကာ အေးစက်စွာနဲ့ပြောလိုက်တယ်။

" ကားပေါ်တက်''

ထိုကောင်လေးက ကြောင်တောင် တောင်လေး ဖြစ်သွားပြီးမှ ခြေလက်အတိုလေးတွေနဲ့ကားပေါ်ကို ကုတ်ကပ်တက်လိုက်တော့တယ်။

အဲ့ဒါ ငါပဲ ဟိဟိ ၊ ငါ့ကို ကားပေါ်တက်ခိုင်းနေတာပဲ။

( မူလေးရာ 😑😑😑)

အိုမီဂါ လေးက အနောက်ခန်းထဲကို ထပ်ပြီးတော့ ပြေးသွားတာကို တွေ့လိုက် ရတော့ ဟန်ကျွမ်းချွမ် ခမျာ မျက်ခုံးတွေကို ဖိပွတ်ကာ ပြောလိုက်တယ် ။

" အရှေ့ကို လာစမ်းပါကွာ''

အန်းမူက သူ့ခြေလက်တိုလေးတွေနဲ့ ကားပေါ် တက်နေတုံးမှာပဲ ထိုစကားကိုကြလိုက်ရတာကြောင့် ဟန်ကျွမ်းချွမ် ဆီကို ပုတ်ခက်ပုတ်ခက် နဲ့ ကြည့်ပြီးတော့ မှပဲ ချက်ချင်း အရှေ့က ခရီးသည်တင် ခုံမှာထိုင်လိုက်တော့တယ်။

အိုမီဂါ လေးက အပူဒဏ်ကို အပြည့်အဝခံစားနေရဆဲ ဖြစ်တယ်။ ချွေးစက်ကလေးတွေ တောင်မှပဲ သူ့ရဲ့နှာခေါင်းဖျားလေးဆီမှာတွဲ ခိုနေပြီးတော့ နေလောင်ခံလိုက် ရတဲ့မျက်နှာလေး ဟာလည်းအခုချိန်ထိ နီရဲနေဆဲပါပဲ။

ခြောက်သွေ့နေတဲ့ သူ့နှုတ်ခမ်းတွေကို လျာနဲ့သပ်လိုက်တဲ့ အန်းမူကို ဟန်ကျွမ်းချွမ်တစ်ယောက် ရှင်းရှင်း လင်းလင်း မြင်လိုက်ရ တဲ့အတွက် အဝေးဆီကို မရေမရာနဲ့ အကြည့်လွဲပြီးတော့ စစ်တပ်ဧရိယာ ထဲကနေ ကားကိုမောင်းထွက်လိုက်တော့တယ်။

လမ်းတစ်လျောက် မှာတော့ ဟန်ကျွမ်းချွမ် ရဲ့အသံက ခြောက်သွေ့နေဆဲပါပဲ။

" သူတို့က မင်းကိုအထဲ ပေးမဝင်ဘူးလား''

ဟန်ကျွမ်းချွမ်က ကားတံခါးဘေးမှာ ထည့်ထားတဲ့ တွင်းထွက်ရေပုလင်းကို ယူကာအန်းမူကို ပေးလိုက်တယ် ။

ဒါက ဘာကိုဆိုလိုတာမှန်း အန်းမူနားမလည်ပေမယ့် ခေါင်းကို ဂရုတစိုက် ငြိမ့်ပြလိုက်တယ်။ ပြီးတော့ လက်ထဲက တွင်းထွက်ရေပုလင်းကိုလည်း အရေးကြီးတဲ့အရာ တစ်ခုကိုကိုင်ထား ရသလိုမျိုး ခပ်တင်းတင်း ဆုပ်ကိုင်ထားလေတယ်။

" အဲ့တာက မင်းသောက်ဖို့အတွက်''

ဟန်ကျွမ်းချွမ်က နောက်ထပ် မသိချင်ယောင် ဆောင် မနေနိုင် တော့တာကြောင့် ကျယ်လောင်စွာ သတိပေးလိုက် တယ်။

" ကျေးဇူးတင်ပါတယ် ဗိုလ်မှူး''

အန်းမူတစ်ယောက် အတော်လေးကိုမှ ရေဆာနေတဲ့အတွက်ကြောင့် အဖုံးကိုဖွင့်ပြီးတော့ ပါးစပ်နဲ့အပြည့် သောက်လိုက်တယ် ။ သူသောက်နေစဥ် အတောအတွင်းမှာလည်း ဟန်ကျွမ်းချွမ်ကို သေချာလေး စိုက်ကြည့်နေခဲ့ဖို့ မမေ့ခဲ့ပါပေ။

ဟန်ကျွမ်းချွမ် က ဒီနေ့မှာ စစ်တပ်ယူနီဖောင်း နဲ့ပတ်သက်ပြီး ဘာကိုမှမဝတ်ထားပါဘူး။ ရိုးရိုးတီရှပ်နဲ့ ဂျင်းဘောင်းဘီ ဝတ်ထားတာကြောင့် သူ့ရဲ့ပုံလေးက အခုမှ လူ့အသိုင်းအဝိုင်းထဲကို စပြီးဝင်ရောက်မယ့် ကောလိပ် ကျောင်းသား တစ်ယောက် နဲ့တူနေခဲ့တယ်။ ပြီးတော့ အဖြူရောင် ရှုးဖိနပ်လေးကို စီးထားတဲ့ဆီကို အန်းမူအကြည့်ရောက်သွားတဲ့ အခါမှာသူ့ရဲ့ နှလုံးသား လေးက လှုပ်ရှားသွားပါတော့တယ်။

ထိုဖိနပ်အစုံဟာ ဆိုရင်ဖြင့် ဟန်ကျွမ်းချွမ် တစ်ယောက် ကီရှန်ဂြိုဟ်ကို ခရီးထွက်ပြီးတဲ့နောက်မှာ အန်းမူက အမည်မဖော်ပဲ ထိုဖိနပ်တွေကို လက်ဆောင်ပို့ပေး ခဲ့တာပဲဖြစ်တယ်။

( အယွလေးပဲ 🤣 )

အဲ့အချိန်တုံးက အင်ပါယာ စစ်ဌာနချုပ်က စစ်တပ်နဲ့ ပြည်သူတွေအကြားမှာ မိသားစုသဖွယ် ရင်းနှီးချစ်ကြည်ရေး လုပ်ငန်းစဉ် ကို ဆောင်ရွက်လိုတာကြောင့် ရာထူးနဲ့ ပုံရိပ်ကောင်းကောင်းရှိတဲ့ ဝန်ထမ်းတွေကို ရွေးချယ်ခဲ့တယ်။ မူရင်းရည်ရွယ်ချက်ကတော့ ထိုလူတွေဆီကို ပြည်သူတွေက စာတွေရေးပြီးတော့သူတို့ရဲ့ ခံစားချက် တွေကိုဖော်ပြခိုင်းဖို့အတွက်ပဲ ဖြစ်တယ် ။

( ပြောရရင် ကိုယ်ကြိုက်တဲ့ idol ကို ဖန်တွေက စာပို့သလိုမျိုးကွာ ။ )

အဲ့တာက အခွင့်ကောင်းဆိုပြီးတော့ အန်းမူကထိုဖိနပ်တွေကို ဟန်ကျွမ်းချွမ် ဆီသို့ဆိုပြီးတော့ နှုတ်ဆက်ကဒ်လေးနဲ့အတူ ပေးပို့ခဲ့တာပဲဖြစ်တယ်။

သူ့အနေနဲ့ ဟန်ကျွမ်းချွမ် က ထိုဖိနပ်တွေကို ဘယ်တော့မှ မဝတ်ဘူးလို့တောင် ထင်နေခဲ့တာ။ ဒီနေ့မှာအဲ့ဖိနပ်တွေစီးထားတာကို မြင်တွေ့ရလိမ့်မယ်လို့တော့ သူတစ်ကယ်မထင်ထားခဲ့ပေ။

အဲ့ဖိနပ်တွေကို သူတစ်ကယ်ကြီး လွင့်မပစ်ခဲ့ဘူးပဲ။

" ကိုယ့်ကိုစောင့်နေတာလား ''

သူ့အိုမီဂါဆီကနေ စိုက်ကြည့်ခြင်းခံနေရတာကြောင့် ဟန်ကျွမ်းချွမ်က မသက်မသာဖြစ်လာတာမို့ အရင်ဆုံး စကားစပြောလိုက်တော့တယ်။

အန်းမူက ခေါင်းငြိမ့်ပြလိုက်ပြီးတော့ လက်ထဲက တွင်းထွက်ရေပုလင်း ကိုရှက်ကိုးရှက်ကန်းနဲ့ ခပ်တင်းတင်းကိုင်ကာပြောလိုက်တယ်။

" ကျွန်တော် ကိုလိုနယ် မားကတ်စ်ဆီကို ဖုန်းခေါ်ပြီးတော့ မေးခဲ့တာလေ။ သူပြောတာက ဒီနေ့ကခများရဲ့ အပြစ်ဒဏ် ပြီးတဲ့ရက်ဆိုလို့ ကျွန်တော်.... ကျွန်တော် ဒီကိုလိုက်လာတာ''

ထိုအရာကို အခုတွေးကြည့်တော့မှ အန်းမူတစ်ယောက် တွင်းတစ်ခုထဲခုန်ဝင်ပြီးပုန်းချင် လာတယ်။ သူကဘာကြောင့်များ အဖျားတက်နေသလိုဖြစ်နေတဲ့ ခေါင်းနဲ့များ စစ်ဌာနချုပ်ဆီကိုအမြန်ပြေး လာမိရတာလဲမသိတော့ပါ။ သိသိသာသာ ကြီးကိုပဲ ဟန်ကျွမ်းချွမ်က သူ့အလုပ်ဆီ အန်းမူလိုက်တာကို မုန်းတယ်ဆိုတာကို သိပါလျက်နဲ့။

" ကျွန်တော် တောင်းပန်ပါတယ် ဗိုလ်မှူးရယ်''

ဒီတစ်ခဏမှာ အန်းမူက ဘာဆက်ပြောရမလဲ ဆိုတာကို မတွေးတက်တော့တာကြောင့် ခေါင်းကိုအသာငုံ့ကာ တောင်းပန်စကား ပြောလိုက်တယ် ။

မျက်တောင် တစ်ခက်အတွင်းမှာ အန်းမူတစ်ယောက် ဘာကိုတွေးလိုက်မှန်း ဟန်ကျွမ်းချွမ်မသိတော့ပါပေ။ ပြီးတော့ ဘာကြောင့် တောင်းပန် ခံလိုက်ရမှန်းမသိတာမို့ သူ့နှုတ်ခမ်းကိုတင်းတင်းစိကာ စကားဆက်မပြောပဲ နေလိုက်ပါတော့တယ်။

( လွဲနေလိုက်ကြတော့ 😐😐)

ကားထဲက လေထုက အတော်လေးကို ထူးဆန်းနေခဲ့တယ်။ ဟန်ကျွမ်းချွမ် က စကားမပြောမှတော့ အန်းမူလည်း စကားဆက်မပြောရဲပါပေ။ ဒါကြောင့်မို့ ဟန်ကျွမ်းချွမ် လည်း သူနေထိုင်ရာ တိုက်ခန်းဆီကိုသာ ကားကိုတန်းတန်း မောင်းသွားခဲ့ပါတော့တယ်။

တစ်ခြား တစ်ဖက်မှာတော့ ယန်ဟဲက အမှောင်ခန်းငယ်လေးထဲကနေ ထွက်လာခဲ့ပြီပဲ ဖြစ်တယ်။ သူ့ရဲ့ဆက်သွယ်ရေး ကိရိယာ ကို ကြည့်လိုက် တဲ့အခါမှာတော့ ဟန်ကျွမ်းချွမ် ဆီက ပို့ထားတဲ့ စာ တစ်စောင် ကိုပဲတွေ့လိုက်ရလေတယ်။ ပြောထားတာက ယန်ဟဲ ထွက်လာ တဲ့အခါကျရင် သူ့ဆီကို ဆက်သွယ်  ဖို့ပြော ထားတာပဲ ဖြစ်တယ် ။

ယန်ဟဲ တစ်ယောက် အသက်ကိုပြင်းပြင်းရှုကာ ဆက်သွယ်ရေးစက်ကို ပိတ်လိုက် တယ်။ အခုချိန်မှာ သူ့အနေနဲ့ ဘယ်သူ့ကိုမှ မတွေ့ချင်သေးပါပေ။

ယန်ဟဲအနေနဲ့အမှောင် တိုက်ခန်းလေးအတွင်း အပြစ်ပေးခံထားရတဲ့ အချိန်တုံးက သူအများကြီးတွေးတောခဲ့တယ်။ အရင်တုံးက သူဟာ ပျံသန်းရေးဝန်ကြီးဌာနက ဖြစ်တဲ့အတွက်ကြောင့် စစ်ဌာနချုပ်ရဲ့ စည်းမျဥ်းတွေကို သေချာမသိခဲ့ပေ။ အခုတော့ စစ်ဌာနချုပ်က ဘယ်လောက်တောင် ဂရုဏာတရား ကင်းမဲ့သလဲဆိုတာကို သူသိလိုက်ရတယ်။ သူ့ရဲ့အရင်ဝန်ကြီးဌာနထက်ကို ပိုပြီးတော့ ကြမ်းတမ်းတယ်။

အာကာသယာဥ်ကို ပစ်ချလိုက်နိုင်တဲ့ အတွက်အပျော်တွေက သူ့စိတ်ထဲမှာရှိနေဆဲပါပဲ။ ဒါပေမယ့် ကြာရှည်လှတဲ့၇ ရက်တာ ကာလကြီးကို ကျော်ဖြတ်ပြီးတဲ့နောက် ထိုအကြောင်းတွေ နဲ့ပတ်သက်ပြီး သူ့ကိုယ်သူတောင် သံသယဝင်လာမိတာကြောင့် အခုတကယ့်မျက်နှာပေါ်မှာတော့ အကူအညီမဲ့ခြင်းတွေကို သာဖော်ပြနေမိတယ်။

ယန်ဟဲတစ်ယောက် ထွက်သွားဖို့ ခြေထောက် မလိုက်တဲ့အခါမှာတော့ သိပ်မဝေးတဲ့ နေရာဆီကနေ အဖြူရောင်အလုံးလေး လှိမ့်လှိမ့် ပြေးလာတာကိုတွေ့ လိုက်ရတယ် ။ ချောင်ရှောင်ပိုင် ခမျာ ပြေးလိုက်ရင် အပေါ်အောက်လွင့််ပျံနေတဲ့ အဖြူရောင် ကုတ်ကို လက်တစ်ဖက် နဲ့ဖိကာ သူ့ဆံပင်ရှေ့လေးကို နောက်တစ်ဖက်နဲ့ဖိပြီးတော့ ယန်ဟဲဆီကို ပြေးလာခဲ့တယ်။

" တပ်ကြပ်ကြီး ယန်ရေ!ကံကောင်း စွာနဲ့ပဲ ခများကို ကျွန်တော် ဖမ်းမိပြီဗျာ''

ချောင်ရှောင်ပိုင်က သူ့ဒူးပေါ်ကို လက်ထောက်ကာ မောမောနဲ့ ပြောလိုက်တယ် ။

" ကျွန်တော် တော့ ခများကိုလွဲသွားပြီလို့ကို ထင်နေတာဗျာ''

" မင်း... မင်းက ဘာလို့ ဒီကိုရောက်နေရတာလဲ?''

ယန်ဟဲက အနောက်ကို မသိလိုက်ပါ ပဲနဲ့​ခြေတစ်လှမ်း ဆုတ်ကာ ပြောလိုက်တယ်။ ဒါပေမယ့် ရုတ်တရက်ပဲ ချောင်ရှောင်ပိုင် က ဘယ်ကနေရမှန်းမသိတဲ့ အားတွေနဲ့ ခိုင်ခိုင်မာမာ ကြီးကို ယန်ဟဲရဲ့ခါးကို ဖက်ပစ်လိုက်တော့တယ်။

(🙂🙂🙂🙂😃)

" ဗိုလ်မှူး ဟန်မှာက သူ့ရဲ့ကိုယ်ပိုင် အိုမီဂါ ရှိတယ်လေ။ ခများမှာတော့ တစ်ယောက် မှမရှိဘူးလို့ ကျွန်တော် တွေးမိတာကြောင့် လာကြိုတာလေ။ ဒါတွေပြီးသွားတဲ့နောက် ခများနဲ့ကျွန်တော့်ကြားမှာ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေး ရှိသွားပြီပဲမဟုတ်လား''

( လက်ရဲဇက်ရဲ အိုမီဂါ များအဖွဲ့ ☺🙂)

ချောင်ရှောင်ပိုင်က ပြုံးကာ ပြောလိုက် တယ်။

" ဒါပြီးရင် ခများ ဘယ်ကိုသွားဖို့ စဥ်းစား ထားလဲဟင်''

" အိမ်ပြန်မှာ''

ယန်ဟဲအနေနဲ့ အကြည့်တွေကို အဝေးဆီလွဲလိုက်ရတော့တယ်။ သူ့အနေနဲ့ ဒီလိုတက်ကြွတဲ့ အိုမီဂါလေးတွေနဲ့ ထိတွေ့ရတာ နေသားမကျပေ။ ပြောရရင် တော့ သူပျံသန်းရေးဌာနကို ဝင်ပြီးကတည်းက အိုမီဂါတစ်ယောက်ကို တောင်မှမတွေ့နိုင်တော့ တာပဲဖြစ်လေတယ်။ သူတို့ဌာနမှာ ဘီတာအုပ်လိုက်ကြီးပဲ ရှိနေကြတာလေ။

" ဘာကိစ္စနဲ့ ခများက အိမ်ပြန်နေအုံးမှာလဲ? ကျွန်တော် က ခများကို နေ့လည်စာ လိုက်ဝယ်ကျွေးဖို့ ဖိတ်တယ်ဗျာ။ ပြီးကျရင် ကျွန်တော် တို့ပရောဂျက်အကြောင်း ဆွေးနွေးကြစို့ ''

ဒီအချိန်မှ ချောင်ရှောင်ပိုင်က သူ့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ဖော်ပြလာပြီးတော့ ယန်ဟဲအား အထင်ကြီးအားကိုးတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။

( မာယာတွေ🤣)

ချောင်ရှောင်ပိုင် လုပ်တာတွေက ဘာမှမမှားဘူးလို့ ယန်ဟဲတွေးမိတယ်။ ဘာပဲဖြစ်ဖြစ် သူက ပရောဂျက်ကိုလာပြီး ဝင်ပြီးသွားပြီလေ။ ပြီးတော့ ချောင်ရှောင်ပိုင် က ပရောဂျက် ခေါင်းဆောင်ပဲလေ။ ဒါကြောင့်လဲ ချောင်ရှောင်ပိုင် က သူ့ကိုလိုအပ်တယ်ဆိုရင် သူကသွားသင့်တာပေါ့။

လူရိုးလေး ဘီတာကောင်လေး ခမျာလွန်ခဲ့တဲ့ ရက်တွေကတည်းက သေချာမစားရတာကြောင့်  ဆာလောင်နေတာမလို့ ချောင်ရှောင်ပိုင် က စားဖို့ဖိတ်မယ်ဆိုတဲ့ အပေါ်ကိုအရမ်းတွေ အာရုံစိုက် နေမိတယ်။ ယန်ဟဲက ချက်ချင်း မေးလိုက်တယ် ။

" ဘယ်နေရာကို ကျွန်တော် တို့ သွားစားကြမလဲဟင်''

" စစ်တပ်ကန်တင်းလေ!"

"......... ''

ကား ရပ်နားတဲ့ နေရာကိုရောက်တော့ ဟန်ကျွမ်းချွမ်က ကားထဲကနေ ထွက်လိုက် တယ်။ အန်းမူ ကလည်းဟန်ကျွမ်းချွမ်ရဲ့ ဘေးနားမှာရပ်ပြီးတော့ နောက်ဆုံး မှာတော့ စကားစပြော ပြောလိုက်တယ်။

" ဗိုလ်မှူး ခများပဲ အိမ်ကိုအရင် ပြန်လိုက်ပါ။ ကျွန်တော် စျေးဝယ်ထွက်လိုက်အုံးမယ်လေ''

အဆုံးမှာတော့ အသံတိုးတိုးလေးနဲ့ ထပ်ပေါင်းပြောလိုက်တယ်။

" အိမ်မှာ ဘာမှမကျန်တော့ဘူးလေ။''

လွန်ခဲ့တဲ့ ရက်အနည်းငယ် က ဟန်ကျွမ်းချွမ် တစ်ယောက် စစ်တပ်ထဲမှာပဲ အပိတ်ခံရတာကြောင့် အန်းမူခမျာ မစားနိုင်မအိပ်နိုင် ဖြစ်ခဲ့ရတယ်။ ဒါကြောင့်မို့ ထိုအတောအတွင်း သူ့ပုံမှန်ဘဝကြီးက ဘယ်လိုဖြစ်နေလဲ ဆိုတာကို အန်းမူစိတ်မဝင်စားခဲ့တာမလို့ ဘာမှမရှိတော့တာပဲ ဖြစ်တယ် ။

ဒီတစ်ကြိမ် ဟန်ကျွမ်းချွမ် အိမ်ပြန်မလာနဲ့ ပတ်သက်ပြီး တော့ ခံစားချက် တွေက အတော်လေးကွဲပြားပါတယ်။ အရင်တုံးက ဟန်ကျွမ်းချွမ်က သူနဲ့အတူမရှိချင်လို့ ထွက်သွားတဲ့ အခါကျရင် အနည်းဆုံးတော့ ဟန်ကျွမ်းချွမ် တစ်ယောက် လုံခြုံစွာရှိနေတယ်ဆိုပြီး သူ့ကိုယ်သူနှစ်သိမ့်ပေးလို့ရတယ်လေ။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ အန်းမူအပေါ်ကို အတော်လေးအကျိုး သက်ရောက်မှု ပြင်းထန်သွားစေခဲ့ပါတယ်။

အန်းမူဟာ သေးငယ်တဲ့ ဂြိုဟ်လေးတစ်ခုရဲ့ မင်းသားလေး တစ်ပါးပါ။ အဲ့နေရာက ကျင့်ဝတ်တွေနဲ့ အမူအကျင့် တွေကအင်ပါယာဂြိုဟ်နဲ့ အတော်လေးကို ကွဲပြား ပါတယ်။ ထပ်ပေါင်းပြော ရရင် ဟန်ကျွမ်းချွမ် က အန်းမူကို စစ်တပ်ထဲ လိုက်တာကို လုံးဝသဘောမကျခဲ့ပါဘူး။ ဒါကြောင့်မို့ စစ်တပ်အပေါ်မှာရှိတဲ့ အန်းမူရဲ့အမြင်တွေက တီဗီဒရမ်မာတွေနဲ့ တစ်ခြားဝက်ဆိုက်ကနေ ရလာတဲ့အချက်အလက်တွေအပေါ်မှာ ပဲမှီခိုခဲ့ရပါတယ်။

ဒါကြောင့်ပဲ ဒီလို လွယ်ကူ စွာပြီးသွားမယ့်ကိစ္စက မှားယွင်းတဲ့ သတင်းအချက် အလက်တွေကြောင့် အန်းမူခမျာ မလိုအပ်တဲ့စိတ်ပူပန်မှုတွေ ဖြစ်စေခဲတယ်။ အိမ်မှာတစ်ယောက်ထဲ ရှိနေချိန်တွေမှာလည်း အန်းမူက အဲ့အကြောင်းတွေ ကိုပဲတွေးနေတာကြောင့် သူ့ကိုယ်သူ ညှင်းပန်းနေသလိုမျိူး ဖြစ်နေကာ သူ့ရဲ့ ဆို့နစ်နေတဲ့ ဝမ်းနည်းမှုတွေနဲ့ အကူအညီမဲ့မှုတွေကို ဘယ်သူ့ကိုမှ မပြောရဲခဲ့ပါပေ။ ဘယ်သူကမှလည်း သူ့ကို မရှင်းပြခဲ့ကြပါပေ။

စကားပြောနေစဥ်အတွင်းမှာ အိုမီဂါလေးရဲ့ကော်လာက လျော့ကျနေပြီးတော့ ညှပ်ရိုးလေးတစ်ဝက်လောက်ကို မြင်နေရတော့ ဟန်ကျွမ်းချွမ်က ထိုနေရာကိုစိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီးတော့ ကားကိုပြန်မောင်းဖို့ ပြင်လိုက်တယ်။

" ဗိုလ်မှူးရယ် အဲ့နေရာက အရမ်းမဝေးပါဘူး။ ကျွန်တော်လမ်းပဲ လျောက်သွားလိုက်ပါ့မယ်''

အန်းမူက ပြောလိုက်တယ် ။

သူ့အိုမီဂါလေး က သူ့ကိုနှောင့်ယှက်ပြုမိမှာကို ကြောက်နေတာ တွေ့လိုက်ရတော့ ဟန်ကျွမ်းချွမ် ကပြောလိုက်တယ်။

" အပြင်မှာသွားစား ကြစို့''

၇ ရက်တာ စောင့်ကြည့်ခံရစဥ်မှာ ဟန်ကျွမ်းချွမ်လည်း တွေးတောနေခဲ့တယ်။ သူတို့၂ ယောက်က နောင်တချိန်မှာ တစ်ဖြေးဖြေး ဝေးကွာသွားမယ်ဆိုရင်တောင်မှပဲ အယ်ဖာတစ်ယောက်အနေနဲ့ သူ့ရဲ့အိုမီဂါကို တာဝန်သိစွာနဲ့ ကောင်းကောင်းဂရုစိုက် ပေးပြီးတော့ ထိုမင်းသားငယ်လေးအား လူမှုအသိုင်းအဝိုင်းမှာ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့အခြေခံအသိတွေကို သင်ပေးရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။

ဂျပန်စားသောက်ဆိုင် မှာတော့သီးသန့်အခန်း ရှိလေတယ်။ ထိုဆိုင်လေးကို ကိုလိုနယ်က သူ့ကိုခေါ်လာခဲ့ဘူးတာပဲ ဖြစ်တယ် ။ ဟန်ကျွမ်းချွမ်က ဒီလို ဟိတ်ကြီးဟန်ကြီးနိုင်တဲ့ အစားအစာမျိုးကို မကြိုက်ပေ။ ကိုလိုနယ်ကလည်း သူ့လိုမျိုး အတူတူပဲဖြစ်လေတယ်။ ဒါပေမယ့် ကိုလိုနယ် ရဲ့ ဇနီး အိုမီဂါဖြစ်သူ ပရော်ဖက်ဆာပေါ်လန် ကတော့ကြိုက်လေတယ်။

( ပြောတော့ကွာမယ်ဆို အိုမီဂါ တွေကြိုက်တဲ့စားသောက်ဆိုင်ကို ခေါ်သွား ပေးတာတဲ့လား 😒😏)

ထိုဆိုင်မှာ ဟန်ကျွမ်းချွမ်တို့ စားသောက်ပြီးနောက် အတော်လေးစိတ်ဝင်စား စရာကောင်းတာကို တွေ့ခဲ့ရတယ်လေ။ အဲ့မှာရတဲ့ ဆာကေးအရက်က အတော်လေးလက်ဆက်တဲ့အရသာ ရှိတယ်။ သောက်ပြီး သွားတဲ့အခါစိတ်ဝိဉာဥ်ထဲထိ ရောက်လုနီးပါပဲ။ ဒါကြောင့်မို့ ဟန်ကျွမ်းချွမ် နဲ့ ကိုလိုနယ် တို့မှာ ဒီဆိုင်ကို မကြာခဏလာသောက်တက်ကြတယ်လေ။

သူ ကျောင်းတက်နေတဲ့ အချိန်တုံးကလည်း ဇီဝကမ္မ အတန်းအတွက် ဆာကေးအကြောင်း စာတမ်းပြုစုဘူး ပေမယ့်လို့အိုမီဂါတွေက အဲ့တာတွေကို ကြိုက်မကြိုက်တော့ သူလည်းမသိပေ။

( ဟန်ကြီးကို ငါပါးရိုက်ချင်လာပြီ)

ဒါပေမယ့် ဒီကအစားအသောက်တွေကို အိုမီဂါတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာပေါ်လန်က ကြိုက်တယ်ဆို မှတော့ အန်းမူလည်း ကြိုက်လောက်တယ်လေ ဟုတ်တယ်မလား။

အခုက နေ့လည်စာ စားချိန်မဟုတ်တာမို့ ဆိုင်ထဲမှာ လူနည်းနေခဲ့တယ်။ သူတို့ကသီးသန့်အခန်း ယူထားတာမို့ အခန်းထဲမှာ ပိုလို့တောင်တိတ်ဆိတ် နေပါသေးတယ်။

သူတို့ ၂ ယောက်က စားပွဲခုံပုလေးမှာ မျက်နှာချင်းဆိုင် ထိုင် နေကြတယ်။ အန်းမူက သူ့ရဲ့ ဒူးခေါင်းလေးကို ငုံ့ကြည့်နေဆဲ ဖြစ်ကာ စားပွဲအောက်က လက်၂ဖက်ကတော့ စိတ်လှုပ်ရှားမှုကြောင့် အချင်းချင်း ဆုပ်ကိုင်ထားခဲ့လေတယ်။

စားသုံးသူတွေ အများကြီး မရှိတာကြောင့် သူတို့မှာထားတဲ့ အမှာတွေကိုအချိန်တို အတွင်းမှာ ပဲ လာချပေးခဲ့တယ်။ ဟန်ကျွမ်းချွမ်တို့ အရင်လာတုံးကဆို ဆာကေးသောက်ဖို့ပဲ လုပ်ကြပြီးတော့ဘာမှမစားခဲ့ပေ။ ဒါကြောင့်မို့ ဟန်ကျွမ်းချွမ်က အန်းမူဆီကို မီနူးကဒ်ပေးကာ ဒီနေရာမှာရှိတဲ့အစား အသောက် တွေကို အကုန်လုံးကို  ညွှန်းပေးခဲ့လိုက်တော့တယ်။

သူမစားသေးတာကြောင့် အစားအသောက်တွေကို ကြည့်ကာ မလှုပ် ရှားတဲ့အန်းမူကို ဟန်ကျွမ်းချွမ် မြင်ပြီးတဲ့နောက် သူကပဲစတင်ပြီးတော့ စားလိုက်တော့တယ်။

အိုမီဂါလေးရဲ့ ခါးက အတင်းကိုခပ်မတ်မတ်ထိုင်နေပေမယ့် သူ့ရဲ့လက်ကလေးတွေက အတော်လေးကိုသေးသွယ်နေခဲ့ပြီးတော့ ပွနေတဲ့ဆံပင်လေးတွေက အိုမီဂါ လေးရဲ့မျက်နှာကို ပိုပြီးသွယ်လျသွားစေတယ်လေ။ သာမန် အဝတ်အစားကြောင့် ဟန်ကျွမ်းချွမ်တစ်ယောက် ကောလိပ်ကျောင်းသားနဲ့ တူနေတယ်ဆိုရင် အန်းမူကတော့ သေချာပေါက်အထက်တန်းကျောင်းသား လေးနဲ့တူနေလေရဲ့။

အန်းမူက အများကြီး မစားနိုင်ပေ။ ပြီးတော့ ပန်းကန်တစ်ချက်တိုင်းကို နည်းနည်း လေးပဲစားလေတယ်။ ပြီးတာနဲ့ တူလေးကိုချကာ ဟန်ကျွမ်းချွမ် စားတာကို လိမ်လိမ်မာမာနဲ့ ထိုင်စောင့်ပေးနေခဲ့တယ်။

" မင်း ဗိုက်ပြည့်သွားပြီလား''

ဟန်ကျွမ်းချွမ်က အစကတည်း က ထိုအစားအစာတွေကို စိတ်မဝင်စားပါ ပေ။ ဒါကြောင့်မို့ အန်းမူလည်း တူချလိုက်ရော သူကပါ တူကိုချကာမေးလိုက်တယ်။ အိုမီဂါလေးက ခေါင်းငြိမ့်ပြတာ မြင်တော့သူကပြောလေတယ်။

" သွားကြစို့''

အိုမီဂါကို ချော့ဖို့ရာအတွက် ဆိုရင် ကိုလိုနယ်မားကတ်စ်သာ ဆိုရင်တော့ သူကအကုန်လုံးကို စားပေးလိုက်မှာအမှန်ပဲ။ ဒါပေမယ့် ဟန်ကျွမ်းချွမ် ကတော့ သူ့ကိုယ်သူ စိတ်ကြီးဝင် နေတာကြောင့် ဒီမှာမန်ဘာကတ်လုပ်ထားတဲ့ ကိုလိုနယ်ရဲ့ ကဒ်ကိုပွတ်ဆွဲကာ တုံ့ဆိုင်းမှု မရှိ ရှင်းလိုက်တော့တယ်။

အိမ်အပြန်မှာတော့ သူ့ဘေးကအိုမီဂါလေးက အတော့်ကိုတိတ်ဆိတ်နေခဲ့ပါတယ်။ တကယ်လို့ အန်းမူသာ သူ့ဗိုက်ကိုသူပွတ်နေတာ ဟန်ကျွမ်းချွမ်မတွေ့ခဲ့ပါက သူ့အိုမီဂါအနေနဲ့ အစာအိမ် အဆင်မပြေတာကို ဟန်ကျွမ်းချွမ် တစ်ယောက် သိမှာတောင်မဟုတ်ပေ။

ကားကို လမ်းဘေးမှာ ထိုးရပ်ကာ ဟန်ကျွမ်းချွမ် က အန်းမူရဲ့ ဖြူဖျော့နေတဲ့နှဖူးလေးကို အုပ်ထားတဲ့ဆံပင်တွေကို ဖယ်လိုက်ပြီး မျက်မှောင်ကြုတ်ထားတာကို တွေ့လိုက်ရတယ် ။

" ဘာမှား နေလို့လဲ''

အိုမီဂါရဲ့ ဖိကပ်ထားတဲ့ နှုတ်ခမ်းတွေက ဖြူဖျော့နေကာ အဆင်မပြေမှုကြောင့် မျက်ရည်တွေ ပြည့်နေသော်လည်းပဲ ဟန်ကျွမ်းချွမ်ရဲ့ မေးခွန်းနဲ့ ရင်ဆိုင် ရချိန်မှာ တော့ ခေါင်းမာမာနဲ့ ခေါင်းယမ်းကာ ဘာမှမပြောခဲ့ပေ။

ဟန်ကျွမ်းချွမ် အတွက်တော့ ဘာမှမခက်တာကြောင့် ပြန်ပြီးစဥ်းစား လိုက်တဲ့အခါ အခုမှစားလာတာကို ပြန်သတိရသွားတယ်။

" မင်း အစာအိမ်က တစ်ခုခု ဖြစ်နေတာလား''

ဒီတစ်ကြိမ်မှာတော့ အန်းမူက မငြင်းတော့ပေ။ ဒါ့အပြင် မျက်လုံးလေးကို အောက်စိုက်ထားကာ ဘာမှလုပ်မပြပဲနဲ့ ခေါင်းလေးသာငုံ့ထားပြီး ဟန်ကျွမ်းချွမ်ကို မကြည့်ရဲတော့ပါပေ။

မမျော်လင့်စွာနဲ့ အိုမီဂါ တစ်ယောက် ရဲ့ အစာအိမ်က အတော်လေးကို ကျိုးပဲ့လွယ်တဲ့ အရာမလို့ ဟန်ကျွမ်းချွမ်က ကားကို အမြင့်ဆုံးနှုန်းနဲ့ မောင်းနှင်ကာ အနီးဆုံးဆေးပေးခန်းဆီကို မောင်းလိုက်တော့တယ်။

ထိုအရာကို ဟန်ကျွမ်းချွမ် သိသွားတာကြောင့် အန်းမူက ကွေးကွေးလေးနေကာ သူ့အစာအိမ်ကိုသာဖိထား လိုက်တော့တယ်။ ဒီလိုနည်းနဲ့ သူ့ရဲ့နာကျင်မှုတွေ ပျောက်သွားမယ်လို့သာ မျော်လင့်ထားလေတယ်။

စစ်ဘက်ဆိုင်ရာ မိသားစု ဝင်တွေကို ပိုပြီးတော့ ဦးစားပေးတဲ့အတွက်ကြောင့် သိပ်မကြာခင်မှာ ပဲ ဆရာဝန်ကရောက်လာကာ ကုသပေးဖို့ မေးမြန်း တော့တယ်။

" မင်းဘာကို စားခဲ့တာလဲ''

ဆရာဝန်က အသက်၅၀ အရွယ်ရှိနေကာ ဘီတာတစ်ယောက်ဖြစ်ပြီး သူ့ခေါင်းပေါ်မှာတော့ အဖြူရောင် အမဲရောင် ဆံပင်တွေရောယှက်နေခဲ့တယ်။

ဟန်ကျွမ်းချွမ် က ထိုလူရဲ့ရင်ဘက်မှာ ချိတ်ထားတဲ့ အလုပ်ကဒ်ကို လှမ်းကြည့်လိုက်တယ်။

ပုကျား။

သူပြန်လည် မမွေးဖွားခင် အချိန်တုံးက ဗိုလ်မှုးတစ်ယောက်ကနေ စတင်ကူးစက်တဲ့ ဗိုင်းရပ်စ်အကြောင်းကို သူသတိရသွားတယ်။ ထိုအချိန်တုံးက အင်ပါယာ တစ်ခုလုံး လေးလံတဲ့မွန်းကြပ်စရာ အခြေအနေရောက်နေပြီး ပုကျားလို့ခေါ်တဲ့ ဆရာဝန် တစ်ယောက် က ရှေ့ထွက်လာကာ ဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ကုသဖို့ဆေးတွေ ထုတ်လုပ်နိုင်ဖို့ဦးဆောင်ခဲ့တာကို သူသိလေတယ်။ ၃လ အကြာမှာ ကုသဆေးပေါ်လာခဲ့တာ​ကြောင့် ဂြိုဟ်တစ်ခုလုံး ပျော်ရွှင်ခဲ့ကြသေးတယ်။

" ဂျပန်အစားအစာတွေ ပဲဗျ။ ပင်လယ်စာ ဆာရှိမိ ဒါမှမဟုတ် တစ်ခု ခုများလား''

ဟန်ကျွမ်းချွမ်က ပြောလိုက် တယ်။

ပုကျားက ထိုအကြောင်းကို မှတ်စုစာအုပ်ထဲ ရေးကာဆက်မေးတယ်။

" သူအစာမစားတာ ဘယ်လောက်ကြာပြီလဲ?''

စစ်ဌာနချုပ်က ၇ရက် ပိတ်ခံရတဲ့ ဟန်ကျွမ်းချွမ်ကတော့ အခုမှ လွတ်လာတဲ့ အတွက်ကြောင့်  အန်းမူအစာမစားတာဘယ်လောက် ကြာပြီ လဲဆိုတာကို မသိပါပေ။ အန်းမူကတော့ ဟန်ကျွမ်းချွမ် ကိုကြည့်လိုက် ၊ ပုကျားကို ကြည့်လိုက်နဲ့ ကလယ်ကလယ်ဖြစ်နေခဲ့တယ်။

၂ ယောက်စလုံးက သူ့ကိုပဲ စိုက်ကြည့်နေတာကြောင့် အန်းမူခမျာ ခေါင်းလေးငုံ့သွားကာ အသံတိုးတိုး လေးနဲ့ပြောလိုက်တယ်။

" ကျွန်တော်.... ကျွန်တော် လွန်ခဲ့တဲ့ ရက်တွေကတည်းက မစားဖြစ်တာပါ''

" အိုမီဂါတွေက တစ်ခြားလူအမျိူးအစားတွေ ထက်ကိုပိုပြီးတော့ နူးညံ့ ပြီးအထိမခံဘူးလေ။ အစာမစားတာကြာသွားတဲ့ အပြင်ရုတ်တရက်ကြီး အအေးစာတွေစားမိတာက အစာအိမ်လုပ်ငန်းစဥ်ကို ထိခိုက်စေပြီးတော့ မသက်မသာ တွေဖြစ်လာစေလိမ့်မယ်။ အဲ့အခါကျရင် ဆေးရုံတက်ရလောက်တဲ့အထိတော့ မပြင်းထန်တက်ပါဘူး။ နောက်ကျရင်သောက်ဖို့ အစာအိမ်ဆေးတွေကို စပ်ပေးလိုက်ပါ့မယ်''

ပုကျားက သူ့စာအုပ်လေးထဲမှာ ရေးနေရင်းနဲ့ပြောလိုက်တယ်။

" အယ်ဖာတစ်ယောက် အနေနဲ့ မင်းရဲ့အိုမီဂါကို ကောင်းကောင်း မွန်မွန် ဂရုစိုက် ပေးသင့်တယ်။ တကယ်လို့ မင်းသာအရာရှိတစ်ယောက် မဟုတ်လို့ကတော့ ငါထင်တယ် ငါမင်းကိုတိုင်ပစ်လောက်တယ်ကွ။ အဲ့အခါကျရင် အိုမီဂါ ကာကွယ်ရေးအသင်းက မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး ''

" မဟုတ်ဘူး!ဗိုလ်မှုးက ကျွန်တော့်အပေါ် ကောင်းပါတယ် ''

ဟန်ကျွမ်းချွမ်က မတုံ့ပြန်ပေမယ့် အန်းမူကပထမဆုံး အလျင်အမြန်ပင် စိုးရိမ် စွာတုံ့ပြန်လိုက်တယ်။ သူကအစာအိမ်နာနေပြီးသားမလို့ စိတ်လှုပ်ရှားလေလေ ပိုပြီးနာကျင်လေလေပဲ ဖြစ်တယ်။

" ဒါက ကျွန်တော့် ကိုယ်ပိုင် အကြောင်း ကြောင့်ပါ....''

" ဆရာဝန်ညွှန်းတဲ့ ဆေးတွေကို သွားယူကြရအောင် ။ လာပါ ဒေါက်တာပုကျားနောက် လိုက်သွားကြစို့''

ဟန်ကျွမ်းချွမ် က အန်းမူရဲ့ ပုခုံးလေးကို အသာကိုင်ကာ လိုက်သွား ကြတော့တယ်။ သူ့လည်ပင်း ထဲမှာကျန်နေသေးတဲ့ စကားတွေကိုတော့ ပြန်မျိုချလိုက်ပါတော့တယ်။

......................................

Continue Reading

You'll Also Like

22.8K 2.1K 20
လူကြိုက်များတဲ့ကြက်ကြော်ကလေးကျန်းရှီးမင်အား စားသောက်ခြင်း BL Harem 44 part + 1extra = 45 part 1 by 6 Author -shut paann start -23,12,2023 end-27,5.2...
275K 24.1K 130
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest
340K 42K 32
Chengchi family Extra Only ( 30 parts ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author...
33.3K 4.3K 13
Author(s) 曳萝 Status in COO 66 Chapters (Complete) Type Web Novel (CN) Genre Comedy ,Fantasy, Romance, Shounen Ai Associated Name Transmigrated as a S...