Unicode
အခန်း(၃၉၇) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
လင်ရွှမ်းဇီက ရှောင်းလင်ဖုန်းအား တစ်ချက်ကြည့်လိုက်ကာ
"ကျွန်တော် စိုးရိမ်မိတာတော့ ရှောင်းသူရဲကောင်းဆီမှာ ကျွန်တော်တို့ကို မပြောရသေးတဲ့ လျှို့ဝှက်ချက် တစ်ချို့ ရှိနေသေးပုံပဲ ဟုတ်တယ်မှတ်လား?"
ရှောင်းလင်ဖုန်းက တည်ငြိမ်သွားပြီး ရှားရှားပါးပါး လေးနက်သည့် အခိုက်အတန့်လေးဖြင့် ပြောလာ၏။
"အမှန်ပဲ, အောက်ဆင်းဖို့ကိုတော့ ငါအကြံမပေးချင်ဘူး။ မင်းကို အရာအားလုံး ပြောပြသင့်ရဲ့လားလို့ စဉ်းစားနေမိပေမယ့် အကယ်၍ ပြောပြလိုက်ရင်တောင် မင်းရဲ့ ခိုင်မြဲတဲ့ သဘောထားအရဆိုရင် လေကုန်တာပဲ အဖက်တင်လိမ့်မယ်လို့လည်း တွေးမိတယ်"
ဒီထက်မက တစ်ခုခု ရှိနေသေးတာများလား?
လင်ရွှမ်းဇီက ပြန်ပြောသည်။
"ကျွန်တော်တို့က ရှေ့ဆက်ဖို့ ဆုံးဖြတ်ပြီးနေပြီ ဆိုမှတော့ ကြိုတင်ပြီး ပြင်ဆင်ထားလို့ ရအောင် ပြောပြတာ ပိုကောင်းလိမ့်မယ်"
ရှောင်းလင်ဖုန်းက ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ"
လူတိုင်းက နားစွင့်ထားကြတော့လေသည်။
"အောက်ဆင်းဖို့က တကယ့်ကို လွယ်ပါတယ်။ ဒီတိုင်း မျက်လုံးမှိတ်ပြီး ခုန်ဆင်းလိုက်, နောက်တစ်ခေါက် မျက်လုံးပြန်ဖွင့်တဲ့ အချိန်မှာ ကမ္ဘာတစ်ဖက်ခြင်းကို ရောက်နေတာ တွေ့သွားလိမ့်မယ်"
ရှောင်းလင်ဖုန်းက ပြုံးလိုက်သော်လည်း ထိုအထဲမှာ ခါးသက်မှု တစ်ချို့ ဖုန်းကွယ်ထား၏။
"ဒါပေမဲ့ ခုန်ဆင်းပြီးသွားရင် ဘယ်လိုပြန်တက်မလဲ ဆိုတာကတော့ တစ်ခြားမေးခွန်း ဖြစ်သွားပြီ"
"ဘာကို ဆိုလိုတာလဲ?"
ယွမ်ထျန်းဝမ်က မေးသည်။
"ဆိုလိုတာက အဲ့ဒီ အခင်းအကျင်းက ထူးဆန်းတယ်"
ရှောင်းလင်ဖုန်းက အသက်ပြင်းပြင်း ရှုလိုက်ပြီး ဖြည်းညှင်းစွာ ထုတ်ပြောလာ၏။
"အခင်းအကျင်းကို အပေါက်ဖွင့်နိုင်ဖို့အတွက် အနည်းဆုံး တစ်ယောက်က သေဆုံးခြင်းနဲ့ စတေးပြီး တစ်ခြားသူတွေ လွတ်အောင် လုပ်ပေးရမယ်။ တကယ်တော့ စေတန်နတ်ဆိုးတွေကို ချိတ်ပိတ်ထားတဲ့ အခင်းအကျင်းတိုင်းက ဒီလိုပုံစံမျိုးတွေကြီးပါပဲ မင်းလည်း ကြားဘူးမှာပေါ့။ အကယ်၍ မင်းက အခင်းအကျင်းရဲ့ အလယ်ဗဟိုကို ရောက်သွားတာ ဆိုရင်တော့ ကြီးမြတ်တဲ့ နတ်ဆိုးစည်းတံဆိပ် အခင်းအကျင်းကြီး တစ်ခုလုံးကို ဖွင့်ဖို့အတွက် လူ့အသက် ဘယ်နှစ်ခုလောက်တောင် လိုအပ်လဲ စဉ်းစားလို့တောင် မရနိုင်ဘူး"
သူက လူအုပ်အား တစ်ချက်ဝေ့ကြည့်လိုက်ရင်း စကားဆက်သည်။
"အဲ့ဒီ ကြီးမြတ်တဲ့ နတ်ဆိုးစည်းတံဆိပ် အခင်းအကျင်းက ကောင်းတဲ့နေရာတစ်ခု မဟုတ်ဘူး။ အရင်က လျှိုမုံချန်အပါအဝင် လူတွေအများကြီးက အဲ့ဒီ ထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တာ။ အဲ့ဒီမှာဆို အထီးကျန်တယ်၊ တိတ်ဆိတ်တယ် ပြီးတော့ အရမ်းလည်း စိတ်ဓာတ်ကျစရာကောင်းတယ်။ အချိန် အကြာကြီး ဆက်နေမယ်ဆိုရင် လူတွေကို ရူးသွပ်သွားစေလိမ့်မယ်"
ရှောင်းလင်ဖုန်း၏ စကားများက လူတိုင်းရဲ့ နှလုံးသားအား အမှန်တကယ်ကို ပြင်းပြင်း ရိုက်ခတ်သွားသည်။
လူတိုင်း အချင်းချင်း ကြည့်မိကြကာ ခဏကြာသည်အထိ စကားမပြောနိုင်ပေ။
ချင်းကျူက စဉ်းစားလိုက်သည်။
"ဒါမှမဟုတ် ငါပဲ ဆင်းသွားလိုက်ရင်ရော? ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒီတောင်ပေါ်မှာ နေနေကျပဲလေ။ ဒီမှာ တစ်ယောက်တည်း နေခဲ့တာ ဘယ်နှစ်နှစ်မှန်းတောင် မသိတော့ဘူး ပြီးတော့ ပျင်းစရာကောင်းတယ်လို့ မခံစားရပါဘူး"
"သောက်ရေးမပါတာ!" ရှောင်းလင်ဖုန်းက ချင်းကျူအား စိုက်ကြည့်လာသည်။
"ဒါကို မျက်ကန်းတစ်ယောက်လို လုပ်ဖို့အထိ ဘယ်က အင်အားတွေ ရလာတာလဲ?"
ချင်းကျူက မှားယွင်းခံရသလို ခံစားရပြီး မကျေမနပ် အထွန့်တက်သည်။
"ဘာလို့ ငါ့ကိုပဲ ပြောနေတာလဲ?"
လင်ရွှမ်းဇီက မေးလာ၏။
"သခင်လျှိုကရော အဲ့ဒီထဲ ဆင်းသွားတာလား?"
ရှောင်းလင်ဖုန်းက လင်ရွှမ်းဇီအား တစ်ချက် ကြည့်လိုက်သည်။
"မသေချာဘူး။ ဒါပေမဲ့ ငါသူ့ကို အစောကတည်းက ကြီးမြတ်တဲ့ နတ်ဆိုးစည်းတံဆိပ် အခင်းအကျင်းထဲ ဘယ်လိုဝင်ရမလဲ ပြောပြထားတာဆိုတော့ အကယ်၍သူသာ သေချင်နေတယ် ဆိုရင်တော့ အခုလောက်ဆို ဆင်းသွားလောက်ပြီပေါ့"
လင်ရွှမ်းဇီက ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။
" ကြီးမြတ်တဲ့ နတ်ဆိုးစည်းတံဆိပ် အခင်းအကျင်းကို ဖျတ်ဆီးလိုက်ရင်ရော ဘယ်လိုလဲ?"
ရှောင်းလင်ဖုန်းမှာ အံ့အားသင့်သွားမိလေသည်။
ဖျတ်ဆီးမယ်?
လင်ရွှမ်းဇီက နောက်နေတာပဲ ဖြစ်လိမ့်မယ်ဟု ထင်မြင်မိသည်။
သူ့ရဲ့ အထွတ်အထိပ်ကို ရောက်စဉ်ကပင်လျှင် ဤကြီးမြတ်တဲ့ နတ်ဆိုးစည်းတံဆိပ် အခင်းအကျင်းအား ဆန့်ကျင်ဖို့ ဘာမှမလုပ်နိုင်လောက်အောင် ကူကယ်ရာမဲ့ခဲ့ရသည်။ လင်ရွှမ်းဇီက အခုမှ မာကျောတဲ့ခန္တာအဆင့် တတိယအလွှာပဲ ရှိနေသေးတာလေ။ ဘယ်လိုဖြစ်လို့ ဒီလို အရိုင်းဆန်တဲ့ အတွေးမျိုးကို ထုတ်ပြောနိုင်ရတာလဲ?
သို့ပေမယ့် လင်ရွှမ်းဇီက ဂရုမစိုက်ပေ။
"ကျွန်တော်ဆိုလိုတာက အကယ်၍ ကျွန်တော်တို့ ပြန်ထွက်လို့ မရနိုင်ဘူးဆိုရင် အလယ်ဗဟိုနေရာကို အရင်သွားပြီး ကျင့်ကြံလိုက်မယ်, ကိုယ့်ရဲ့ ကျင့်ကြံဆင့်ကို မြှင့်တင်ပြီးရင် အကျိုးကျေးဇူး တစ်ချို့ ရလာလိမ့်မယ်လေ"
ဂျီယွန်ဝေက ပြောသည်။
"ငါ့မှာတော့ ဒါနဲ့ ပတ်သတ်ပြီး ပြဿနာ မရှိဘူး။ ငါတို့ အခင်းအကျင်းကို ချိုးဖြတ်နိုင်တာလည်း ဖြစ်နိုင်တာပဲ"
ရှောင်းလင်ဖုန်းက စကားလုံးများ ပျောက်ရှစွာဖြင့် သူ့နှဖူးအား ကိုင်လိုက်မိပြီး သေမှာမကြောက်တဲ့ လူငယ်အုပ်စုများအား ကြည့်နေမိသည်။
"မင်းတို့အားလုံးက တကယ့်ကို အကျိုးဆက်တွေနဲ့ ပတ်သတ်ပြီး ဂရုမစိုက်ဘူးပဲ"
လင်ရွှမ်းဇီက ရင်ထဲမှာ မထီမဲ့မြင်ဟန်ဖြင့် ပြုံးလိုက်သော်လည်း ၎င်းက တစ်ခြားသူများကို ရည်ရွယ်တာ မဟုတ်ပဲ ကောင်းကင်ဘုံတာအိုအား ရည်ရွယ်ခြင်းပင်။ သူက ကယ်တင်ခြင်းကြယ်စင်ဆိုပြီး ဆုံးဖြတ်ထားတာပဲ မဟုတ်ဘူးလား?
သူ့အတိတ်ဘဝတုန်းက သူသေသွားခဲ့တာတောင် နောက်တဖန်မွေးဖွားဖို့ အခွင့်အရေးကို အမှတ်တမဲ့ ရရှိခဲ့သေးတယ်လေ။
ကောင်းကင်ဘုံရဲ့ တာအိုက သူ့အပေါ်ဆိုရင် အမြဲတမ်း သနားညှာတာတတ်သလို အရမ်းလည်း ရက်စက်တယ်။ ယန်ထျန်းဟန်အပေါ် ဖြစ်စေခဲ့တဲ့ ကံကြမ္မာနဲ့ ကံတရားဆိုတာကို သူမုန်းတီးမိပေမယ့် ကောင်းကင်ဘုံတာအိုက သူ့အပေါ် ဘယ်တုန်းကမှ လက်မလျော့ခဲ့တာကိုလည်း ကံကောင်းတယ်လို့ ခံစားရတယ်
အတိုင်းအတာ တစ်ခုထိတော့ လင်ရွှမ်းဇီက အကြောက်အရွံ့ မရှိဘူး။
ကံကြမ္မာဆိုတာ ချိုးဖောက်လို့မှမရတာ။ ကောင်းကင်ဘုံ တာအိုက သူ့ကို အစွမ်းတွေ အကုန်လုံး အပြည့်အဝ မသုံးရသေးခင်မှာ ဒီလိုနေရာမျိုးမှာတော့ သေခိုင်းမှာ မဟုတ်လောက်ဘူးလေ။
အနည်းဆုံးတော့ နယ်မြေကြီးကိုးခုလောက်မှာဖြစ်သင့်တာပေါ့
သူတို့တွေ ဘယ်လိုမျိုး ဘေးကင်းကင်းနဲ့ ဆင်းမလဲ ဆိုတာအား ဆုံးဖြတ်ချက် ချနေတဲ့ အချိန်မှာ ရုတ်တရက် ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ လင်ရွှမ်းဇီသည် သူတို့ဆီ လာနေသည့် လူတန်းအား တွေ့လိုက်ရပြီး ရှေ့ဆုံးက တစ်ယောက်က ရန်ဖူယောက်ပင်။
"ဂိုဏ်းသခင်လေးရန်" လင်ရွှမ်းဇီက နှုတ်ဆက်လိုက်သည်။
ရန်ဖူယောက်က လင်ရွှမ်းဇီအား မြင်သောအခါ သိသိသာသာပင် ထိတ်လန့်သွားမိလေသည်။ သူက မေးလာ၏။
"ယီရှန်ဘိုးဘေးနဲ့ ကျွော့်ရှန်ဘိုးဘေးတို့ကို သတ်လိုက်တာ မင်းလား?"
သူက လန်ဂျီရွှယ်နဲ့ ဟွမ်ဖူဂျင်တို့အား မြင်သောအခါ ပိုပြီးတော့ပင် အံ့အားသင့်သွားသည်။
"အားဂျင်, အားရွှယ်, မင်းတို့ နှစ်ယောက်က ဘာလို့ ဒီရောက်နေတာလဲ?"
ဟွမ်ဖူဂျင်ရဲ့ အမူအယာက ကြည့်လို့ သိပ်မကောင်းပဲ အေးစက်စက် တုန့်ပြန်လာ၏။
"အင်း, ခင်ဗျားရဲ့ အဘိုးကို ပြန်သွားပြီး မေးလိုက်လေ"
ရန်ဖူယောက်က အံ့သြသွားမိသည်။ သူက တစ်စုံတစ်ရာအား စဉ်းစားလိုက်မိကာ ခပ်ဖွဖွ သက်ပြင်းချလိုက်၏။
"ဒီလိုနေရာမျိုးကို မင်းတို့ မလာခဲ့သင့်ဘူး"
ဟွမ်ဖူဂျင်က ပြန်ဖြေသည်။
"ကျွန်တော်တို့က ဒီကိုတောင် ရောက်နေပြီ။ ဒီလိုစကားမျိုး ပြောနေလို့ ဘာများ အကျိုးရှိမှာလဲ?"
ရန်ဖူယောက်က ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်သည်။
"အားဂျင်, မင်းကို ကြည့်ရတာ ငါ့အပေါ် မကျေနပ်တာ တစ်ခုခု ရှိပုံပဲ"
ဟွမ်ဖူဂျင်က အေးစက်စက်သာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဆက်လက် အာရုံမစိုက်တော့ပေ။
ဒါက ရန်ဖူယောက်ရဲ့ အမှား မဟုတ်ဘူးဆိုတာ သိပေမယ့်လည်း သူ့ဒေါသကို ထုတ်ဖော်စရာ နေရာမရှိနေဘူးလေ။ သဘာဝကျကျပဲ ရန်ဖူယောက်ကို မြင်ရတာ သည်းမခံနိုင်ဘူး။
ထိုအချိန်မှာ လင်ရွှမ်းဇီကတော့ ရန်ဖူယောက်၏ ဘေးမှာ ရပ်နေသည့် အရပ်ရှည်ရှည်နဲ့လူအား ပိုမို စိတ်ပူနေမိသည်။
ထိုလူရဲ့ မျက်နှာက ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်၏ ခံစားချက်မျိုး ပေးစွမ်းနေသည်။
ရန်ဖူယောက်တို့ အုပ်စုထဲမှာ ထိုလူက ခွန်အားအကြီးဆုံးလူ ဖြစ်နိုင်ပေသည်။
"မင်းတို့အားလုံးလည်း ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာကို လာရှာကြတာလား?" ထိုလူက စကားပြောလာပြီး သူ့အသံက အက်ရှနေသည်မှာ ဖြတ်တောက် ခံထားရသလိုပင်။ ၎င်းက အတော်လေးကို နားထောင်ရ ဆိုးဝါးလှသည်။
လင်ရွှမ်းဇီက ခပ်ယဲ့ယဲ့ ပြန်ဖြေလိုက်၏။
"ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ကိရိယာကဘာလဲ? ကျွန်တော်တို့က ဒီအတိုင်း လမ်းမှားပြီး ရောက်လာကြတာပါ"
"ဟက်-"
မော့ရန်က လှောင်ပြောင်လိုက်ပြီး လင်ရွှမ်းဇီအား ရုတ်တရက် ကြည်လိုက်သည်။
"ထောင်လွှားတဲ့ ကောင်စုတ်လေး!"
သူ့စကား မဆုံးသေးခင်မှာပင် မော့ရန်က သူ့အား စတင် အရေးယူနေလေပြီ။ လင်ရွှမ်းဇီက ထိုအတွက် ပြင်ဆင်ထား၏။ သူက ဓားကို ဆွဲထုတ်လိုက်ပြီး စိမ်းပြာရောင် ကြာပန်းပုံစံကိုးမျိုးမှ အကွက်များကို ထုတ်လိုက်ကာ မော့ရန်၏ တိုက်ခိုက်မှုကို ကျွမ်းကျင်စွာ ချေမှုန်းလိုက်နိုင်သည်။
မော့ရန်၏ မျက်လုံးများက မယုံကြည်နိုင်ဟန်ဖြင့် လက်ခနဲ ဖြစ်သွားသော်လည်း လင်ရွှမ်းဇီက အစွန်းထွက်နေသော ကျောက်တုံးကြီး တစ်တုံးပေါ်သို့ ဆင်းသက်လိုက်ပြီး ဓားတစ်လက်နှင့် ရပ်နေလေပြီ။
ဟွမ်ဖူဂျင်ရဲ့ အမူအယာက ပြောင်းလဲသွားခဲ့ပြီး သူဘယ်တုန်းကမှ မမြင်ဘူးခဲ့သည့် ထိုလူအား အလွန်အေးစက်စွာ စိုက်ကြည့်လိုက်၏။
ရန်ဖူယောက်ရဲ့ မျက်နှာသည်လည်း ရွေ့လျားသွားရလေသည်။ မော့ရန်က တစ်ခုခုလုပ်တော့မည်ကို မြင်လိုက်ရသဖြင့် သူ့ကို လှမ်းကြည့်မိသည်။
"မော့ရန်, မင်းဘာလုပ်ဖို့စီစဉ်နေတာလဲ"
မော့ရန်က သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"အကယ်၍ ဒီလူကို မဖယ်ရှားဘူးဆိုရင် ဘေးဒုက္ခ ဖြစ်သွားလိမ့်မယ်""
ယန်ထျန်းဟန်က ဒေါသတကြီး ဖြစ်သွားသည်။ သူက လက်ထဲမှာ မီးကြာပွတ်အားကိုင်ထားရင်း အော်လိုက်လေသည်။
"အရှက်မရှိတဲ့ နံစော်ကောင်ကြီး! ခင်ဗျားက အကြီးဖြစ်နေပြီးတော့ အငယ်ကို အနိုင်ကျင့်နေတာပဲ!"
မော့ရန်က မထီမဲ့မြင်ဟန် လုပ်လိုက်ကာ စကားပြောရင်းဖြင့် ယန်ထျန်းဟန်ကို ရိုက်ဖို့ ပျံသန်းဝင်သွားသည်။
"ဒါဆို ငါ မင်းကို အနိုင်ကျင့်ရင် ဘာဖြစ်မလဲ?"
ယန်ထျန်းဟန်က လျင်မြန်စွာ ပြေးလိုက်သော်လည်း သူ့အမြန်နှုန်းက မော့ရန်၏ အရှိန်နှင့် မယှဉ်နိုင်ပေ။ ရုတ်တရက် ထက်ရှလှသည့် လက်ဖဝါးလေပြင်းကြောင့် ချောက်ကမ်းပါးစွန်းသို့ ရောက်သွားခဲ့သည်။ လင်ရွှမ်းဇီ၏ မျက်စံများ နစ်မြှုပ်သွားခဲ့ကာ ယန်ထျန်းဟန်ကို အလျင်အမြန် ပြန်ဆွဲလေသည်။ သို့သော်လည်း မော့ရန်က တူညီသည့် လူသတ်လက်နက်အား ပစ်ထုတ်လိုက်တာကြောင့် လင်ရွှမ်းဇီကို သတိလက်လွတ် ဖြစ်သွားစေသည်။ သူ့အနေနဲ့ တိုက်ခိုက်လာမှုအား ဓားဖြင့်နောက်ပြန် ရိုက်ချလိုက်ပြီး ကျန်တဲ့ လက်တစ်ဖက်ဖြင့် ယန်ထျန်းဟန်ရဲ့ လက်မောင်းအား လှမ်းဆုပ်ကိုင်လိုက်ရုံသာ တတ်နိုင်၏။ သူတို့နှစ်ယောက်လုံး ချောက်နက်ကြီးထဲ ပြုတ်ကျသွားတော့သည်။
ယွမ်ထျန်းဝမ်နဲ့ တစ်ခြားသူများက ထိုအရာအား မြင်သောအခါ မော့ရန်ကို တစ်ပုံစံတည်း ဝိုင်းရံလိုက်ကြသည်။ သို့သော်လည်း မမျှော်လင့်ထားစွာပင် မော့ရန်ရဲ့ ကျင့်ကြံဆင့်က နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲမှာ ရှိနေတာတောင် နက်ရှိုင်းဘုံအဆင့်သို့ ရောက်နေခဲ့သည်လေ။ ဖြစ်ချင်တော့ သူတို့အုပ်စုက မော့ရန်ရဲ့ အင်္ကျီအစွန်းလေးကိုတောင် မထိနိုင်ပဲ အကုန်လုံး အောက်ဘက်သို့ လွှင့်ပစ်ခံလိုက်ကြရတော့သည်။။
သူ့ရှေ့မှ လူအားလုံး ပျောက်ကွယ်သွားသည်အား မြင်သောအခါ ရန်ဖူယောက်က စိုးရိမ်တကြီးဖြင့်။
"မော့ရန်, မင်းဘယ်လိုလုပ် ကိုယ့်ဘာသာ ဆုံးဖြတ်ချက် ချရဲရတာလဲ!"
မော့ရန်က စူစူးဝါးဝါး ရယ်မောရင်း ပြန်ပြော၏။
"ဂိုဏ်းသခင်လေးနဲ့ သူတို့မှာ ရင်းနှီးခင်မင်မှု မရှိဘူးမှတ်လား?"
ရန်ဖူယောက်က ကြမ်းတမ်း ခက်ထန်စွာ ပြန်ပြောသည်။
"ခင်မင်ရင်းနှီးမှုတော့ မရှိဘူး ဒါပေမဲ့ အဲဒါက ခင်ဗျား သူတို့ကို သတ်ပစ်ဖို့ အကြောင်းပြချက် မဟုတ်ဘူး။ ပြီးတော့ ဟွမ်ဖူဂျင်နဲ့ လန်ဂျီရွှယ်တို့က ကောင်းကင်တောင်ထွတ်ဂိုဏ်းက ကျုပ်လူတွေ။ သူတို့အားလုံးကို ပစ်ချဖို့အတွက် ခင်ဗျားမှာ ဘာအကြောင်းပြချက် ရှိလဲ?"
"သူတို့ကို သတ်လိုက်တော့ရော ဘာဖြစ်လဲ?"
မော့ရန်က အတော်လေးကို ထီမထင်ဟန်ဖြင့် ပြန်ပြောသည်။
"ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာက တစ်ခုပဲရှိတာ။ ဂိုဏ်းသခင်လေးက မှော်ရတနာကို အဲ့ဒီလူတွေနဲ့ ထပ်တူထပ်မျှခွဲဝေဖို့ အဆင်သင့်ဖြစ်နေပြီလား?။ ပြီးတော့ အဲဒီ ကောင်းကင်တောင်ထွတ် ဂိုဏ်းသားနှစ်ယောက်။ သူတို့က အဲ့ဒီလူတွေနဲ့ ရောနှောနေပြီ ဆိုမှတော့ သဘာဝကျကျပဲ ငါတို့နဲ့ လာပူးပေါင်းမှာ မဟုတ်ဘူး။ သူတို့ကို ဆက်ထားတာက ဘေးဒုက္ခပဲ ဖြစ်လိမ့်မယ်"
ရန်ဖူယောက်သည် ရုတ်တရက် ပြောစရာစကား မရှိတော့ပေ။
သို့သော်လည်း လူတွေကို စကားတစ်ခွန်းမပြောပဲ သတ်ပစ်သည့် မော့ရန်၏ အမူအကျင့်ကိုလည်း ဆက်ပြီး သည်းမခံနိုင်။သူက မျက်မှောင်ကြုတ်ကာ
"လင်ရွှမ်းဇီက သာမန်လူ မဟုတ်ဘူး။ အဖိုးက ဖြစ်နိုင်ရင် သူ့ကို မတိုက်သင့်ဘူးလို့ သတိပေးထားတယ်။ သူ့ကံကြမ္မာက အရမ်းသန်မာတယ်။ အကယ်၍ ခင်ဗျား သူ့ကို မသတ်နိုင်ရင် သေချာပေါက် ကလဲ့စားချေလိမ့်မယ်။"
မော့ရန်က လက်မခံနိုင်ပေ။ သူက မရယ်ပဲ မနေနိုင်တော့။
"ဂိုဏ်းချုပ်ရန်က ပိုပြီး အသက်ရှည်ရှည် နေလေလေ သူ့ရဲ့ နေထိုင်မှု ပုံစံက ပိုပိုပြီး ခေတ်နောက်ပြန်လေပဲ။ သူက လူပျိုဖော် မဝင်သေးတဲ့လူအတွက်တောင် အရမ်းစိတ်ပူနေတာ။ လင်ရွှမ်းဇီရဲ့ ကံကြမ္မာက သန်မာတော့ရော ဘာဖြစ်လဲ? သူပြုတ်ကျသွားတဲ့အချိန်မှာ ဆက်ပြီး အသက်ရှင်နိုင်ပါ့မလားဆိုတာတောင် မသေချာဘူး။ အကယ်၍ သူအခွင့်အရေးရလို့ အသက်ရှင်နိုင်ရင်တောင် ဘယ်နှစ်မှ ထွက်လာနိုင်မလဲ ဘယ်သူသိမှာလဲ?"
ရန်ဖူယောက်က ခေါင်းယမ်းလိုက်သည်။
"ဒါတွေက ခန့်မှန်းရခက်တယ်။"
အကြောင်းအရင်းကို မသိပေမယ့်လည်း ရန်ပုလင်က လင်ရွှမ်းဇီနဲ့ ပတ်သတ်ပြီး အရမ်းစိုးရိမ်ကြောင်းကိုတော့ ရန်ဖူယောက် မြင်နိုင်သည်။ သူက လင်ရွှမ်းဇီကို အနိုင်ယူချင်ယုံတင်သာမကပဲ ကြောက်လည်း ကြောက်နေတာပင်။ ရန်ပုလင်က သူ့အား အကယ်၍ လင်ရွှမ်းဇီသာ ကောင်းကင်တောင်ထွတ်ဂိုဏ်းကို ရောက်လာရင် လင်ရွှမ်းဇီကို သူ့ကိုယ်ကျိုးအတွက် အသုံးပြုမည်ဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကြီးလည်း တစ်ဝက်လောက် ပြီးစီးနိုင်ပြီဟု ပြောခဲ့သည်။"
ဒီအတိုင်း....
ရန်ဖူယောက်က မျက်လုံးများ မှေးကျဉ်းလိုက်သည်။ ဒီဖြစ်ရပ်ပြီးသွားရင် လင်ရွှမ်းဇီ ကောင်းကင်တောင်ထွတ်ဂိုဏ်းကို ရောက်လာမယ့် နေ့က ပိုပြီးတော့ ဝေးကွာသွားပြီပဲ။
မော့ရန်နှင့် ကျန်သည့်သူများက လင်ရွှမ်းဇီ၏နောက်မှ လာခဲ့ကြခြင်း ဖြစ်တာကြောင့် လင်ရွှမ်းဇီနှင့်သူ့အဖွဲ့တို့ ပြောနေသည်အား မကြားလိုက်ရပဲ ဒီနေရာက ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် ဝင်ပေါက်ဖြစ်သည်ကို သဘာဝကျကျပင် မသိခဲ့ကြပေ။
သို့သော်လည်း ရန်ဖူယောက်တွင် တွင် နောက်ထပ်လျှို့ဝှက်လမ်းကြောင်းများနှင့် ဘေးကင်းသော ဝင်ပေါက်များပါရှိသည့် မြေပုံတစ်ခုရှိသည်။
ထို့ကြောင့် လင်ရွှမ်းဇီ၏အဖွဲ့ ချောက်ကမ်းပါးမှ ပြုတ်ကျပြီးနောက် ရန်ဖူယောက်နှင့် သူ့အဖွဲ့သည် အခြားချိုင့်ဝှမ်းဆီသို့ လျှောက်သွားခဲ့ကြသည်။
****
"အစ်ကိုကြီး, ဒီနေရာက အရမ်းမှောင်တာပဲ"
"အာ့- ငါ့ဗိုက်ကို ဘယ်သူဖိထားတာလဲ, ဗိုက်ထဲက အစာတွေတောင် အန်ထွက်ကုန်တော့မယ်!"
ဂျီယွန်ဝေက ခါးသက်သက် အော်လေသည်။
"ယန်ယန်, ဘယ်လိုနေလဲ? ပြုတ်ကျတုန်းက တစ်ခုခုနဲ့ တိုက်မိသေးလား ဟင်?"
ယွမ်ထျန်းဝမ်ရဲ့ အသံက စိတ်ပူပန်မှုများနဲ့ ပြည့်နှက်နေသည်။
သွမ့်ယွီယန်က အမှောင်ထဲမှာ ခေါင်းခါပြလိုက်ပြီး ထလိုက်၏။
"ပြုတ်မကျပါဘူး။ အောက်ကို ဆင်းလာတုန်းက တစ်စုံတစ်ခုက ကျွန်တော့်ကို ကာကွယ်ပေးထားတယ်။ အဲ့ဒါ အစ်ကိုကျူ လုပ်ပေးထားတာများ ဖြစ်မလား?"
ချင်းကျူက အသံပေးသည်။
"အဲ့ဒါက ပြုတ်ကျတဲ့ အရှိန်ကို ဖြေးအောင် လုပ်ပေးတဲ့ ကြိမ်ပင်တွေ ဒါပေမယ့် ဒီချောက်က အရမ်းမြင့်ပုံမပေါ်ဘူး"
သူတို့ အကြာကြီး ပြုတ်မကျခဲ့ကြပေ။ အကယ်၍ အကြမ်းဖျင်း တွက်ချက်ကြည့်မယ်ဆိုရင် မီတာတစ်ရာထက်တောင် နည်းနိုင်သည်။
"ရွှမ်းဇီနဲ့ အားဟန်တို့ရော ဘယ်လိုနေလဲ?"
"အားဟန်နဲ့ ကျွန်တော် အဆင်ပြေတယ်" လင်ရွှမ်းဇီက ပြန်ဖြေပြီး မီးတိုင်ကို မီးညှိလိုက်သည်။
မီးတောက်က အမှောင်ထု တစ်ခုလုံးကို လုံးလုံးလျားလျား လင်းထိန်သွားစေသည်။ တစ်ယောက်နဲ့တစ်ယောက် ဘေးကင်းကြောင်း အတည်ပြုပြီးနောက်မှာတော့ စိတ်သက်သာရာ ရသွားကုန်၏။
ယန်ထျန်းဟန်က အရှိန်လျော့လိုက်ပြီး ဒေါသတကြီး ပြောသည်။
"အဲ့ဒီလူက ကျွန်တော်တို့အားလုံးကို တကယ်ကြီး သတ်ချင်နေတာ!"
ယွမ်ထျန်းဝမ်က ပြောလာသည်။
"သူ့ကျင့်ကြံဆင့်က နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ရဲ့ ကန့်သတ်မှုကို မခံထားရဘူး"
"သူ့မှာ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ အံ့သြဖွယ် မှော်ရတနာ တစ်ခုခု ရှိရင်ရှိ မဟုတ်ရင် သူ့အစွမ်းသတ္တိက နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ရဲ့ အလုံးစုံ အဆင့်ထက် ပိုမြင့်နေလို့ ဖြစ်လိမ့်မယ်" လင်ရွှမ်းဇီက ပြောသည်။ "နောက်တစ်ခုကတော့ အခြေခံအားဖြင့် ဖြစ်နိုင်ခြေမရှိဘူး။ ကြည့်ရတာ သူနဲ့အတူ ရတနာတွေ အများကြီး ယူလာပုံရတယ်"
ယန်ထျန်းဟန်က မျက်မှောင်ကြုတ်သွားသည်။
"ဂိုဏ်းသခင်လေးရန်က ဒီလိုလူမျိုးနဲ့ ပေါင်းသင်းနေတာပဲ"
လန်ဂျီရွှယ်၏ ကိုယ်ပေါ်က ရေခဲများက လျော့ကျသွားလေပြီ။ လောလောဆယ် ဖြစ်သွားသည့် ကိစ္စကြောင့် လန့်သွားသည့်အတွက် သူက အခု ပိုပြီး နိုးကြားလာခဲ့သည်။ သူက တင်းမာပြီး ဖြူဖျော့နေသည့် ဟွမ်ဖူဂျင်၏ ဘေးနားမှာ မတ်တပ်ရပ်လိုက်ကာ ပြောလာသည်။
"ဂိုဏ်းသခင်လေး ရန်ဘေးနားက လူကို မြင်ဘူးတယ်"
ဟွမ်ဖူဂျင်က မေးသည်။
"သူက ဘယ်သူလဲ?"
လန်ဂျီရွှယ်က ဖြေ၏။
"သူ့နာမည်က မော့ရန် ပြီးတော့ သူက ဂိုဏ်းသခင်ရန်ရဲ့ မိတ်ဆွေပဲ။ တစ်ခါတုန်းက ဂိုဏ်းသခင်က သူ့ကို ဂိုဏ်းထဲ ဖိတ်ခေါ်တာ မြင်ဘူးတယ်။ ဒါပေမဲ့ တစ်ခါပဲမြင်ဘူးလိုက်တာ။ မော့ရန်က ဘာဆိုတာနဲ့ ဘယ်လို အစွမ်းမျိုး ရှိလဲတော့မသိဘူး။"
================
Next Episode
အတိတ်ဘဝရဲ့ ဖြစ်ရပ်များ
================
Zaw Gyi
အခန္း(၃၉၇) - ေခ်ာက္ကမ္းပါးေအာက္မွာ ပိတ္မိျခင္း
လင္ရႊမ္းဇီက ေရွာင္းလင္ဖုန္းအား တစ္ခ်က္ၾကည့္လုိက္ကာ
"က်ြန္ေတာ္ စိုးရိမ္မိတာေတာ့ ေရွာင္းသူရဲေကာင္းဆီမွာ က်ြန္ေတာ္တို႔ကို မေျပာရေသးတဲ့ လွ်ိဳ႔ဝွက္ခ်က္ တစ္ခ်ိဳ႔ ရွိေနေသးပံုပဲ ဟုတ္တယ္မွတ္လား?"
ေရွာင္းလင္ဖုန္းက တည္ျငိမ္သြားျပီး ရွားရွားပါးပါး ေလးနက္သည့္ အခိုက္အတန္႔ေလးျဖင့္ ေျပာလာ၏။
"အမွန္ပဲ, ေအာက္ဆင္းဖို႔ကိုေတာ့ ငါအၾကံမေပးခ်င္ဘူး။ မင္းကို အရာအားလံုး ေျပာျပသင့္ရဲ႔လားလို႔ စဥ္းစားေနမိေပမယ့္ အကယ္၍ ေျပာျပလိုက္ရင္ေတာင္ မင္းရဲ႔ ခိုင္ျမဲတဲ့ သေဘာထားအရဆိုရင္ ေလကုန္တာပဲ အဖက္တင္လိမ့္မယ္လို႔လည္း ေတြးမိတယ္"
ဒီထက္မက တစ္ခုခု ရွိေနေသးတာမ်ားလား?
လင္ရႊမ္းဇီက ျပန္ေျပာသည္။
"က်ြန္ေတာ္တို႔က ေရွ႔ဆက္ဖို႔ ဆံုးျဖတ္ျပီးေနျပီ ဆိုမွေတာ့ ၾကိဳတင္ျပီး ျပင္ဆင္ထားလို႔ ရေအာင္ ေျပာျပတာ ပိုေကာင္းလိမ့္မယ္"
ေရွာင္းလင္ဖုန္းက ေခါင္းညိတ္ျပသည္။
"ေကာင္းျပီေလ"
လူတိုင္းက နားစြင့္ထားၾကေတာ့ေလသည္။
"ေအာက္ဆင္းဖို႔က တကယ့္ကို လြယ္ပါတယ္။ ဒီတိုင္း မ်က္လံုးမွိတ္ျပီး ခုန္ဆင္းလိုက္, ေနာက္တစ္ေခါက္ မ်က္လံုးျပန္ဖြင့္တဲ့ အခ်ိန္မွာ ကမာၻတစ္ဖက္ျခင္းကို ေရာက္ေနတာ ေတြ႔သြားလိမ့္မယ္"
ေရွာင္းလင္ဖုန္းက ျပံဳးလုိက္ေသာ္လည္း ထိုအထဲမွာ ခါးသက္မွု တစ္ခ်ိဳ႔ ဖုန္းကြယ္ထား၏။
"ဒါေပမဲ့ ခုန္ဆင္းျပီးသြားရင္ ဘယ္လိုျပန္တက္မလဲ ဆိုတာကေတာ့ တစ္ျခားေမးခြန္း ျဖစ္သြားျပီ"
"ဘာကို ဆိုလိုတာလဲ?"
ယြမ္ထ်န္းဝမ္က ေမးသည္။
"ဆုိလိုတာက အဲ့ဒီ အခင္းအက်င္းက ထူးဆန္းတယ္"
ေရွာင္းလင္ဖုန္းက အသက္ျပင္းျပင္း ရွဳလုိက္ျပီး ျဖည္းညွင္းစြာ ထုတ္ေျပာလာ၏။
"အခင္းအက်င္းကို အေပါက္ဖြင့္နုိင္ဖို႔အတြက္ အနည္းဆံုး တစ္ေယာက္က ေသဆံုးျခင္းနဲ႔ စေတးျပီး တစ္ျခားသူေတြ လြတ္ေအာင္ လုပ္ေပးရမယ္။ တကယ္ေတာ့ ေစတန္နတ္ဆိုးေတြကို ခ်ိတ္ပိတ္ထားတဲ့ အခင္းအက်င္းတိုင္းက ဒီလိုပံုစံမ်ိဳးေတြၾကီးပါပဲ မင္းလည္း ၾကားဘူးမွာေပါ့။ အကယ္၍ မင္းက အခင္းအက်င္းရဲ႔ အလယ္ဗဟိုကို ေရာက္သြားတာ ဆိုရင္ေတာ့ ၾကီးျမတ္တဲ့ နတ္ဆိုးစည္းတံဆိပ္ အခင္းအက်င္းၾကီး တစ္ခုလံုးကို ဖြင့္ဖို႔အတြက္ လူ႔အသက္ ဘယ္နွစ္ခုေလာက္ေတာင္ လိုအပ္လဲ စဥ္းစားလို႔ေတာင္ မရနုိင္ဘူး"
သူက လူအုပ္အား တစ္ခ်က္ေဝ့ၾကည့္လုိက္ရင္း စကားဆက္သည္။
"အဲ့ဒီ ၾကီးျမတ္တဲ့ နတ္ဆိုးစည္းတံဆိပ္ အခင္းအက်င္းက ေကာင္းတဲ့ေနရာတစ္ခု မဟုတ္ဘူး။ အရင္က လွ်ိဳမံုခ်န္အပါအဝင္ လူေတြအမ်ားၾကီးက အဲ့ဒီ ထဲမွာ နွစ္ေပါင္းမ်ားစြာ ပိတ္မိေနခဲ့တာ။ အဲ့ဒီမွာဆို အထီးက်န္တယ္၊ တိတ္ဆိတ္တယ္ ျပီးေတာ့ အရမ္းလည္း စိတ္ဓာတ္က်စရာေကာင္းတယ္။ အခ်ိန္ အၾကာၾကီး ဆက္ေနမယ္ဆိုရင္ လူေတြကို ရူးသြပ္သြားေစလိမ့္မယ္"
ေရွာင္းလင္ဖုန္း၏ စကားမ်ားက လူတိုင္းရဲ႔ နွလံုးသားအား အမွန္တကယ္ကို ျပင္းျပင္း ရိုက္ခတ္သြားသည္။
လူတိုင္း အခ်င္းခ်င္း ၾကည့္မိၾကကာ ခဏၾကာသည္အထိ စကားမေျပာနုိင္ေပ။
ခ်င္းက်ဴက စဥ္းစားလိုက္သည္။
"ဒါမွမဟုတ္ ငါပဲ ဆင္းသြားလိုက္ရင္ေရာ? ဘယ္လိုပဲျဖစ္ျဖစ္ ငါက ဒီေတာင္ေပၚမွာ ေနေနက်ပဲေလ။ ဒီမွာ တစ္ေယာက္တည္း ေနခဲ့တာ ဘယ္နွစ္နွစ္မွန္းေတာင္ မသိေတာ့ဘူး ျပီးေတာ့ ပ်င္းစရာေကာင္းတယ္လို႔ မခံစားရပါဘူး"
"ေသာက္ေရးမပါတာ!" ေရွာင္းလင္ဖုန္းက ခ်င္းက်ဴအား စိုက္ၾကည့္လာသည္။
"ဒါကို မ်က္ကန္းတစ္ေယာက္လို လုပ္ဖို႔အထိ ဘယ္က အင္အားေတြ ရလာတာလဲ?"
ခ်င္းက်ဴက မွားယြင္းခံရသလို ခံစားရျပီး မေက်မနပ္ အထြန္႔တက္သည္။
"ဘာလို႔ ငါ့ကိုပဲ ေျပာေနတာလဲ?"
လင္ရႊမ္းဇီက ေမးလာ၏။
"သခင္လွ်ိဳကေရာ အဲ့ဒီထဲ ဆင္းသြားတာလား?"
ေရွာင္းလင္ဖုန္းက လင္ရႊမ္းဇီအား တစ္ခ်က္ ၾကည့္လုိက္သည္။
"မေသခ်ာဘူး။ ဒါေပမဲ့ ငါသူ႔ကို အေစာကတည္းက ၾကီးျမတ္တဲ့ နတ္ဆိုးစည္းတံဆိပ္ အခင္းအက်င္းထဲ ဘယ္လိုဝင္ရမလဲ ေျပာျပထားတာဆိုေတာ့ အကယ္၍သူသာ ေသခ်င္ေနတယ္ ဆိုရင္ေတာ့ အခုေလာက္ဆို ဆင္းသြားေလာက္ျပီေပါ့"
လင္ရႊမ္းဇီက ေပါ့ေပါ့ပါးပါး ျပန္ေျပာသည္။
" ၾကီးျမတ္တဲ့ နတ္ဆိုးစည္းတံဆိပ္ အခင္းအက်င္းကို ဖ်တ္ဆီးလိုက္ရင္ေရာ ဘယ္လိုလဲ?"
ေရွာင္းလင္ဖုန္းမွာ အ့ံအားသင့္သြားမိေလသည္။
ဖ်တ္ဆီးမယ္?
လင္ရႊမ္းဇီက ေနာက္ေနတာပဲ ျဖစ္လိမ့္မယ္ဟု ထင္ျမင္မိသည္။
သူ႔ရဲ႔ အထြတ္အထိပ္ကို ေရာက္စဥ္ကပင္လွ်င္ ဤၾကီးျမတ္တဲ့ နတ္ဆိုးစည္းတံဆိပ္ အခင္းအက်င္းအား ဆန္႔က်င္ဖို႔ ဘာမွမလုပ္နုိင္ေလာက္ေအာင္ ကူကယ္ရာမဲ့ခဲ့ရသည္။ လင္ရႊမ္းဇီက အခုမွ မာေက်ာတဲ့ခႏာၱအဆင့္ တတိယအလႊာပဲ ရွိေနေသးတာေလ။ ဘယ္လိုျဖစ္လို႔ ဒီလို အရိုင္းဆန္တဲ့ အေတြးမ်ိဳးကို ထုတ္ေျပာနုိင္ရတာလဲ?
သို႔ေပမယ့္ လင္ရႊမ္းဇီက ဂရုမစိုက္ေပ။
"က်ြန္ေတာ္ဆိုလိုတာက အကယ္၍ က်ြန္ေတာ္တို႔ ျပန္ထြက္လို႔ မရနုိင္ဘူးဆိုရင္ အလယ္ဗဟိုေနရာကို အရင္သြားျပီး က်င့္ၾကံလုိက္မယ္, ကိုယ့္ရဲ႔ က်င့္ၾကံဆင့္ကို ျမွင့္တင္ျပီးရင္ အက်ိဳးေက်းဇူး တစ္ခ်ိဳ႔ ရလာလိမ့္မယ္ေလ"
ဂ်ီယြန္ေဝက ေျပာသည္။
"ငါ့မွာေတာ့ ဒါနဲ႔ ပတ္သတ္ျပီး ျပႆနာ မရွိဘူး။ ငါတို႔ အခင္းအက်င္းကို ခ်ိဳးျဖတ္နုိင္တာလည္း ျဖစ္နိုင္တာပဲ"
ေရွာင္းလင္ဖုန္းက စကားလံုးမ်ား ေပ်ာက္ရွစြာျဖင့္ သူ႔နွဖူးအား ကိုင္လုိက္မိျပီး ေသမွာမေၾကာက္တဲ့ လူငယ္အုပ္စုမ်ားအား ၾကည့္ေနမိသည္။
"မင္းတို႔အားလံုးက တကယ့္ကို အက်ိဳးဆက္ေတြနဲ႔ ပတ္သတ္ျပီး ဂရုမစိုက္ဘူးပဲ"
လင္ရႊမ္းဇီက ရင္ထဲမွာ မထီမဲ့ျမင္ဟန္ျဖင့္ ျပံဳးလုိက္ေသာ္လည္း ၎က တစ္ျခားသူမ်ားကို ရည္ရြယ္တာ မဟုတ္ပဲ ေကာင္းကင္ဘံုတာအိုအား ရည္ရြယ္ျခင္းပင္။ သူက ကယ္တင္ျခင္းၾကယ္စင္ဆိုျပီး ဆံုးျဖတ္ထားတာပဲ မဟုတ္ဘူးလား?
သူ႔အတိတ္ဘဝတုန္းက သူေသသြားခဲ့တာေတာင္ ေနာက္တဖန္ေမြးဖြားဖို႔ အခြင့္အေရးကို အမွတ္တမဲ့ ရရွိခဲ့ေသးတယ္ေလ။
ေကာင္းကင္ဘုံရဲ႔ တာအိုက သူ႔အေပၚဆိုရင္ အၿမဲတမ္း သနားညႇာတာတတ္သလို အရမ္းလည္း ရက္စက္တယ္။ ယန္ထ်န္းဟန္အေပၚ ျဖစ္ေစခဲ့တဲ့ ကံၾကမၼာနဲ႔ ကံတရားဆိုတာကို သူမုန္းတီးမိေပမယ့္ ေကာင္းကင္ဘံုတာအိုက သူ႔အေပၚ ဘယ္တုန္းကမွ လက္မေလ်ာ့ခဲ့တာကိုလည္း ကံေကာင္းတယ္လုိ႔ ခံစားရတယ္
အတိုင္းအတာ တစ္ခုထိေတာ့ လင္ရႊမ္းဇီက အေၾကာက္အရြံ႔ မရွိဘူး။
ကံၾကမၼာဆိုတာ ခ်ိဳးေဖာက္လို႔မွမရတာ။ ေကာင္းကင္ဘံု တာအိုက သူ႔ကို အစြမ္းေတြ အကုန္လံုး အျပည့္အဝ မသံုးရေသးခင္မွာ ဒီလိုေနရာမ်ိဳးမွာေတာ့ ေသခုိင္းမွာ မဟုတ္ေလာက္ဘူးေလ။
အနည္းဆံုးေတာ့ နယ္ေျမၾကီးကိုးခုေလာက္မွာျဖစ္သင့္တာေပါ့
သူတို႔ေတြ ဘယ္လိုမ်ိဳး ေဘးကင္းကင္းနဲ႔ ဆင္းမလဲ ဆိုတာအား ဆံုးျဖတ္ခ်က္ ခ်ေနတဲ့ အခ်ိန္မွာ ရုတ္တရက္ ေျခသံမ်ား နီးကပ္လာသည္ကို ၾကားလုိက္ရသည္။ လွည့္ၾကည့္လုိက္ေသာအခါ လင္ရႊမ္းဇီသည္ သူတို႔ဆီ လာေနသည့္ လူတန္းအား ေတြ႔လိုက္ရျပီး ေရွ႔ဆံုးက တစ္ေယာက္က ရန္ဖူေယာက္ပင္။
"ဂိုဏ္းသခင္ေလးရန္" လင္ရႊမ္းဇီက နွုတ္ဆက္လိုက္သည္။
ရန္ဖူေယာက္က လင္ရႊမ္းဇီအား ျမင္ေသာအခါ သိသိသာသာပင္ ထိတ္လန္႔သြားမိေလသည္။ သူက ေမးလာ၏။
"ယီရွန္ဘိုးေဘးနဲ႔ ေက်ြာ့္ရွန္ဘိုးေဘးတို႔ကို သတ္လုိက္တာ မင္းလား?"
သူက လန္ဂ်ီရႊယ္နဲ႔ ဟြမ္ဖူဂ်င္တို႔အား ျမင္ေသာအခါ ပုိျပီးေတာ့ပင္ အ့ံအားသင့္သြားသည္။
"အားဂ်င္, အားရႊယ္, မင္းတို႔ နွစ္ေယာက္က ဘာလို႔ ဒီေရာက္ေနတာလဲ?"
ဟြမ္ဖူဂ်င္ရဲ႔ အမူအယာက ၾကည့္လုိ႔ သိပ္မေကာင္းပဲ ေအးစက္စက္ တုန္႔ျပန္လာ၏။
"အင္း, ခင္ဗ်ားရဲ႔ အဘိုးကို ျပန္သြားျပီး ေမးလုိက္ေလ"
ရန္ဖူေယာက္က အ့ံၾသသြားမိသည္။ သူက တစ္စံုတစ္ရာအား စဥ္းစားလိုက္မိကာ ခပ္ဖြဖြ သက္ျပင္းခ်လုိက္၏။
"ဒီလိုေနရာမ်ိဳးကို မင္းတို႔ မလာခဲ့သင့္ဘူး"
ဟြမ္ဖူဂ်င္က ျပန္ေျဖသည္။
"က်ြန္ေတာ္တို႔က ဒီကိုေတာင္ ေရာက္ေနျပီ။ ဒီလိုစကားမ်ိဳး ေျပာေနလို႔ ဘာမ်ား အက်ိဳးရွိမွာလဲ?"
ရန္ဖူေယာက္က ခပ္ဖြဖြ မ်က္ေမွာင္ၾကဳတ္လုိက္သည္။
"အားဂ်င္, မင္းကို ၾကည့္ရတာ ငါ့အေပၚ မေက်နပ္တာ တစ္ခုခု ရွိပံုပဲ"
ဟြမ္ဖူဂ်င္က ေအးစက္စက္သာ နွာေခါင္းတစ္ခ်က္ ရွံဳ႔လိုက္ျပီး ဆက္လက္ အာရံုမစိုက္ေတာ့ေပ။
ဒါက ရန္ဖူေယာက္ရဲ႔ အမွား မဟုတ္ဘူးဆုိတာ သိေပမယ့္လည္း သူ႔ေဒါသကို ထုတ္ေဖာ္စရာ ေနရာမရွိေနဘူးေလ။ သဘာဝက်က်ပဲ ရန္ဖူေယာက္ကို ျမင္ရတာ သည္းမခံနုိင္ဘူး။
ထိုအခ်ိန္မွာ လင္ရႊမ္းဇီကေတာ့ ရန္ဖူေယာက္၏ ေဘးမွာ ရပ္ေနသည့္ အရပ္ရွည္ရွည္နဲ႔လူအား ပိုမို စိတ္ပူေနမိသည္။
ထိုလူရဲ႔ မ်က္နွာက ရွင္းရွင္းလင္းလင္း မျမင္ရေသာ္လည္း အဆင့္ျမင့္ က်င့္ၾကံသူ တစ္ေယာက္၏ ခံစားခ်က္မ်ိဳး ေပးစြမ္းေနသည္။
ရန္ဖူေယာက္တို႔ အုပ္စုထဲမွာ ထိုလူက ခြန္အားအၾကီးဆံုးလူ ျဖစ္နုိင္ေပသည္။
"မင္းတို႔အားလံုးလည္း ဝိညာဥ္ခ်ီ စုေဆာင္းတဲ့ ေမွာ္ရတနာကို လာရွာၾကတာလား?" ထိုလူက စကားေျပာလာျပီး သူ႔အသံက အက္ရွေနသည္မွာ ျဖတ္ေတာက္ ခံထားရသလိုပင္။ ၎က အေတာ္ေလးကို နားေထာင္ရ ဆိုးဝါးလွသည္။
လင္ရႊမ္းဇီက ခပ္ယဲ့ယဲ့ ျပန္ေျဖလုိက္၏။
"ဝိညာဥ္ခ်ီ စုေဆာင္းတဲ့ ေမွာ္ကိရိယာကဘာလဲ? က်ြန္ေတာ္တို႔က ဒီအတိုင္း လမ္းမွားျပီး ေရာက္လာၾကတာပါ"
"ဟက္-"
ေမာ့ရန္က ေလွာင္ေျပာင္လုိက္ျပီး လင္ရႊမ္းဇီအား ရုတ္တရက္ ၾကည္လုိက္သည္။
"ေထာင္လႊားတဲ့ ေကာင္စုတ္ေလး!"
သူ႔စကား မဆံုးေသးခင္မွာပင္ ေမာ့ရန္က သူ႔အား စတင္ အေရးယူေနေလျပီ။ လင္ရႊမ္းဇီက ထိုအတြက္ ျပင္ဆင္ထား၏။ သူက ဓားကို ဆြဲထုတ္လုိက္ျပီး စိမ္းျပာေရာင္ ၾကာပန္းပံုစံကိုးမ်ိဳးမွ အကြက္မ်ားကို ထုတ္လုိက္ကာ ေမာ့ရန္၏ တိုက္ခိုက္မွုကုိ က်ြမ္းက်င္စြာ ေခ်မွုန္းလိုက္နုိင္သည္။
ေမာ့ရန္၏ မ်က္လံုးမ်ားက မယံုၾကည္နုိင္ဟန္ျဖင့္ လက္ခနဲ ျဖစ္သြားေသာ္လည္း လင္ရႊမ္းဇီက အစြန္းထြက္ေနေသာ ေက်ာက္တုံးႀကီး တစ္တံုးေပၚသို႔ ဆင္းသက္လိုက္ၿပီး ဓားတစ္လက္ႏွင့္ ရပ္ေနေလျပီ။
ဟြမ္ဖူဂ်င္ရဲ႔ အမူအယာက ေျပာင္းလဲသြားခဲ့ျပီး သူဘယ္တုန္းကမွ မျမင္ဘူးခဲ့သည့္ ထိုလူအား အလြန္ေအးစက္စြာ စိုက္ၾကည့္လုိက္၏။
ရန္ဖူေယာက္ရဲ႔ မ်က္နွာသည္လည္း ေရြ႔လ်ားသြားရေလသည္။ ေမာ့ရန္က တစ္ခုခုလုပ္ေတာ့မည္ကို ျမင္လိုက္ရသျဖင့္ သူ႔ကို လွမ္းၾကည့္မိသည္။
"ေမာ့ရန္, မင္းဘာလုပ္ဖို႔စီစဥ္ေနတာလဲ"
ေမာ့ရန္က သူ႔မ်က္လံုးမ်ားကို က်ဥ္းေျမာင္းလုိက္သည္။
"အကယ္၍ ဒီလူကို မဖယ္ရွားဘူးဆိုရင္ ေဘးဒုကၡ ျဖစ္သြားလိမ့္မယ္""
ယန္ထ်န္းဟန္က ေဒါသတၾကီး ျဖစ္သြားသည္။ သူက လက္ထဲမွာ မီးၾကာပြတ္အားကိုင္ထားရင္း ေအာ္လုိက္ေလသည္။
"အရွက္မရွိတဲ့ နံေစာ္ေကာင္ၾကီး! ခင္ဗ်ားက အၾကီးျဖစ္ေနျပီးေတာ့ အငယ္ကို အနုိင္က်င့္ေနတာပဲ!"
ေမာ့ရန္က မထီမဲ့ျမင္ဟန္ လုပ္လုိက္ကာ စကားေျပာရင္းျဖင့္ ယန္ထ်န္းဟန္ကို ရိုက္ဖို႔ ပ်ံသန္းဝင္သြားသည္။
"ဒါဆို ငါ မင္းကို အႏိုင္က်င့္ရင္ ဘာျဖစ္မလဲ?"
ယန္ထ်န္းဟန္က လ်င္ျမန္စြာ ေျပးလုိက္ေသာ္လည္း သူ႔အျမန္ႏႈန္းက ေမာ့ရန္၏ အရွိန္ႏွင့္ မယွဥ္ႏိုင္ေပ။ ရုတ္တရက္ ထက္ရွလွသည့္ လက္ဖဝါးေလျပင္းေၾကာင့္ ေခ်ာက္ကမ္းပါးစြန္းသို႔ ေရာက္သြားခဲ့သည္။ လင္ရႊမ္းဇီ၏ မ်က္စံမ်ား နစ္ျမွဳပ္သြားခဲ့ကာ ယန္ထ်န္းဟန္ကို အလ်င္အျမန္ ျပန္ဆြဲေလသည္။ သို႔ေသာ္လည္း ေမာ့ရန္က တူညီသည့္ လူသတ္လက္နက္အား ပစ္ထုတ္လုိက္တာေၾကာင့္ လင္ရႊမ္းဇီကို သတိလက္လြတ္ ျဖစ္သြားေစသည္။ သူ႔အေနနဲ႔ တိုက္ခုိက္လာမွုအား ဓားျဖင့္ေနာက္ျပန္ ရိုက္ခ်လိုက္ျပီး က်န္တဲ့ လက္တစ္ဖက္ျဖင့္ ယန္ထ်န္းဟန္ရဲ႔ လက္ေမာင္းအား လွမ္းဆုပ္ကိုင္လုိက္ရံုသာ တတ္နုိင္၏။ သူတို႔နွစ္ေယာက္လံုး ေခ်ာက္နက္ၾကီးထဲ ျပဳတ္က်သြားေတာ့သည္။
ယြမ္ထ်န္းဝမ္နဲ႔ တစ္ျခားသူမ်ားက ထိုအရာအား ျမင္ေသာအခါ ေမာ့ရန္ကို တစ္ပံုစံတည္း ဝိုင္းရံလုိက္ၾကသည္။ သို႔ေသာ္လည္း မေမွ်ာ္လင့္ထားစြာပင္ ေမာ့ရန္ရဲ႔ က်င့္ၾကံဆင့္က နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲမွာ ရွိေနတာေတာင္ နက္ရွိဳင္းဘံုအဆင့္သို႔ ေရာက္ေနခဲ့သည္ေလ။ ျဖစ္ခ်င္ေတာ့ သူတို႔အုပ္စုက ေမာ့ရန္ရဲ႔ အက်ၤီအစြန္းေလးကိုေတာင္ မထိနိုင္ပဲ အကုန္လံုး ေအာက္ဘက္သို႔ လႊင့္ပစ္ခံလိုက္ၾကရေတာ့သည္။။
သူ႔ေရွ႔မွ လူအားလံုး ေပ်ာက္ကြယ္သြားသည္အား ျမင္ေသာအခါ ရန္ဖူေယာက္က စိုးရိမ္တၾကီးျဖင့္။
"ေမာ့ရန္, မင္းဘယ္လိုလုပ္ ကိုယ့္ဘာသာ ဆံုးျဖတ္ခ်က္ ခ်ရဲရတာလဲ!"
ေမာ့ရန္က စူစူးဝါးဝါး ရယ္ေမာရင္း ျပန္ေျပာ၏။
"ဂိုဏ္းသခင္ေလးနဲ႔ သူတို႔မွာ ရင္းနွီးခင္မင္မွု မရွိဘူးမွတ္လား?"
ရန္ဖူေယာက္က ၾကမ္းတမ္း ခက္ထန္စြာ ျပန္ေျပာသည္။
"ခင္မင္ရင္းနွီးမွုေတာ့ မရွိဘူး ဒါေပမဲ့ အဲဒါက ခင္ဗ်ား သူတို႔ကို သတ္ပစ္ဖို႔ အေၾကာင္းျပခ်က္ မဟုတ္ဘူး။ ျပီးေတာ့ ဟြမ္ဖူဂ်င္နဲ႔ လန္ဂ်ီရႊယ္တို႔က ေကာင္းကင္ေတာင္ထြတ္ဂိုဏ္းက က်ဳပ္လူေတြ။ သူတို႔အားလံုးကို ပစ္ခ်ဖို႔အတြက္ ခင္ဗ်ားမွာ ဘာအေၾကာင္းျပခ်က္ ရွိလဲ?"
"သူတို႔ကို သတ္လိုက္ေတာ့ေရာ ဘာျဖစ္လဲ?"
ေမာ့ရန္က အေတာ္ေလးကို ထီမထင္ဟန္ျဖင့္ ျပန္ေျပာသည္။
"ဝိညာဥ္ခ်ီ စုေဆာင္းတဲ့ ေမွာ္ရတနာက တစ္ခုပဲရွိတာ။ ဂိုဏ္းသခင္ေလးက ေမွာ္ရတနာကို အဲ့ဒီလူေတြနဲ႔ ထပ္တူထပ္မွ်ခြဲေဝဖို႔ အဆင္သင့္ျဖစ္ေနၿပီလား?။ ၿပီးေတာ့ အဲဒီ ေကာင္းကင္ေတာင္ထြတ္ ဂိုဏ္းသားနွစ္ေယာက္။ သူတို႔က အဲ့ဒီလူေတြနဲ႔ ေရာေနွာေနျပီ ဆိုမွေတာ့ သဘာဝက်က်ပဲ ငါတို႔နဲ႔ လာပူးေပါင္းမွာ မဟုတ္ဘူး။ သူတို႔ကို ဆက္ထားတာက ေဘးဒုကၡပဲ ျဖစ္လိမ့္မယ္"
ရန္ဖူေယာက္သည္ ရုတ္တရက္ ေျပာစ၇ာစကား မရွိေတာ့ေပ။
သို႔ေသာ္လည္း လူေတြကို စကားတစ္ခြန္းမေျပာပဲ သတ္ပစ္သည့္ ေမာ့ရန္၏ အမူအက်င့္ကိုလည္း ဆက္ျပီး သည္းမခံနုိင္။သူက မ်က္ေမွာင္ၾကဳတ္ကာ
"လင္ရႊမ္းဇီက သာမန္လူ မဟုတ္ဘူး။ အဖိုးက ျဖစ္ႏိုင္ရင္ သူ႔ကို မတိုက္သင့္ဘူးလို႔ သတိေပးထားတယ္။ သူ႔ကံၾကမၼာက အရမ္းသန္မာတယ္။ အကယ္၍ ခင္ဗ်ား သူ႔ကို မသတ္ႏိုင္ရင္ ေသခ်ာေပါက္ ကလဲ့စားေခ်လိမ့္မယ္။"
ေမာ့ရန္က လက္မခံနုိင္ေပ။ သူက မရယ္ပဲ မေနနိုင္ေတာ့။
"ဂိုဏ္းခ်ဳပ္ရန္က ပိုျပီး အသက္ရွည္ရွည္ ေနေလေလ သူ႔ရဲ႔ ေနထုိင္မွု ပံုစံက ပိုပိုျပီး ေခတ္ေနာက္ျပန္ေလပဲ။ သူက လူပ်ိဳေဖာ္ မဝင္ေသးတဲ့လူအတြက္ေတာင္ အရမ္းစိတ္ပူေနတာ။ လင္ရႊမ္းဇီရဲ႔ ကံၾကမၼာက သန္မာေတာ့ေရာ ဘာျဖစ္လဲ? သူျပဳတ္က်သြားတဲ့အခ်ိန္မွာ ဆက္ျပီး အသက္ရွင္နုိ္င္ပါ့မလားဆုိတာေတာင္ မေသခ်ာဘူး။ အကယ္၍ သူအခြင့္အေရးရလို႔ အသက္ရွင္နုိင္ရင္ေတာင္ ဘယ္နွစ္မွ ထြက္လာနုိင္မလဲ ဘယ္သူသိမွာလဲ?"
ရန္ဖူေယာက္က ေခါင္းယမ္းလိုက္သည္။
"ဒါေတြက ခန႔္မွန္းရခက္တယ္။"
အေၾကာင္းအရင္းကို မသိေပမယ့္လည္း ရန္ပုလင္က လင္ရႊမ္းဇီနဲ႔ ပတ္သတ္ျပီး အရမ္းစိုးရိမ္ေၾကာင္းကိုေတာ့ ရန္ဖူေယာက္ ျမင္နုိင္သည္။ သူက လင္ရႊမ္းဇီကို အနုိင္ယူခ်င္ယံုတင္သာမကပဲ ေၾကာက္လည္း ေၾကာက္ေနတာပင္။ ရန္ပုလင္က သူ႔အား အကယ္၍ လင္ရႊမ္းဇီသာ ေကာင္းကင္ေတာင္ထြတ္ဂိုဏ္းကို ေရာက္လာရင္ လင္ရႊမ္းဇီကို သူ႔ကိုယ္က်ိဳးအတြက္ အသံုးျပဳမည္ျဖစ္ျပီး သူ႔ရဲ႔ ရည္ရြယ္ခ်က္ၾကီးလည္း တစ္ဝက္ေလာက္ ျပီးစီးနုိင္ျပီဟု ေျပာခဲ့သည္။"
ဒီအတိုင္း....
ရန္ဖူေယာက္က မ်က္လံုးမ်ား ေမွးက်ဥ္းလုိက္သည္။ ဒီျဖစ္ရပ္ျပီးသြားရင္ လင္ရႊမ္းဇီ ေကာင္းကင္ေတာင္ထြတ္ဂိုဏ္းကို ေရာက္လာမယ့္ ေန႔က ပိုျပီးေတာ့ ေဝးကြာသြားျပီပဲ။
ေမာ့ရန္ႏွင့္ က်န္သည့္သူမ်ားက လင္ရႊမ္းဇီ၏ေနာက္မွ လာခဲ့ၾကျခင္း ျဖစ္တာေၾကာင့္ လင္ရႊမ္းဇီႏွင့္သူ႔အဖြဲ႕တို႔ ေျပာေနသည္အား မၾကားလုိက္ရပဲ ဒီေနရာက ၾကီးျမတ္တဲ့ နတ္ဆိုး-စည္းတံဆိပ္ ဝင္ေပါက္ျဖစ္သည္ကို သဘာဝက်က်ပင္ မသိခဲ့ၾကေပ။
သို႔ေသာ္လည္း ရန္ဖူေယာက္တြင္ တြင္ ေနာက္ထပ္လွ်ိဳ႕ဝွက္လမ္းေၾကာင္းမ်ားႏွင့္ ေဘးကင္းေသာ ဝင္ေပါက္မ်ားပါရွိသည့္ ေျမပုံတစ္ခုရွိသည္။
ထို႔ေၾကာင့္ လင္ရႊမ္းဇီ၏အဖြဲ႔ ေခ်ာက္ကမ္းပါးမွ ျပဳတ္က်ၿပီးေနာက္ ရန္ဖူေယာက္ႏွင့္ သူ႔အဖြဲ႕သည္ အျခားခ်ိဳင့္ဝွမ္းဆီသို႔ ေလွ်ာက္သြားခဲ့ၾကသည္။
****
"အစ္ကိုၾကီး, ဒီေနရာက အရမ္းေမွာင္တာပဲ"
"အာ့- ငါ့ဗိုက္ကို ဘယ္သူဖိထားတာလဲ, ဗိုက္ထဲက အစာေတြေတာင္ အန္ထြက္ကုန္ေတာ့မယ္!"
ဂ်ီယြန္ေဝက ခါးသက္သက္ ေအာ္ေလသည္။
"ယန္ယန္, ဘယ္လိုေနလဲ? ျပဳတ္က်တုန္းက တစ္ခုခုနဲ႔ တိုက္မိေသးလား ဟင္?"
ယြမ္ထ်န္းဝမ္ရဲ႔ အသံက စိတ္ပူပန္မွုမ်ားနဲ႔ ျပည့္နွက္ေနသည္။
သြမ့္ယြီယန္က အေမွာင္ထဲမွာ ေခါင္းခါျပလုိက္ျပီး ထလိုက္၏။
"ျပဳတ္မက်ပါဘူး။ ေအာက္ကို ဆင္းလာတုန္းက တစ္စံုတစ္ခုက က်ြန္ေတာ့္ကို ကာကြယ္ေပးထားတယ္။ အဲ့ဒါ အစ္ကိုက်ဴ လုပ္ေပးထားတာမ်ား ျဖစ္မလား?"
ခ်င္းက်ဴက အသံေပးသည္။
"အဲ့ဒါက ျပဳတ္က်တဲ့ အရွိန္ကို ေျဖးေအာင္ လုပ္ေပးတဲ့ ႀကိမ္ပင္ေတြ ဒါေပမယ့္ ဒီေခ်ာက္က အရမ္းျမင့္ပုံမေပၚဘူး"
သူတို႔ အၾကာၾကီး ျပဳတ္မက်ခဲ့ၾကေပ။ အကယ္၍ အၾကမ္းဖ်င္း တြက္ခ်က္ၾကည့္မယ္ဆိုရင္ မီတာတစ္ရာထက္ေတာင္ နည္းနုိင္သည္။
"ရႊမ္းဇီနဲ႔ အားဟန္တို႔ေရာ ဘယ္လိုေနလဲ?"
"အားဟန္နဲ႔ က်ြန္ေတာ္ အဆင္ေျပတယ္" လင္ရႊမ္းဇီက ျပန္ေျဖျပီး မီးတိုင္ကို မီးညွိလိုက္သည္။
မီးေတာက္က အေမွာင္ထု တစ္ခုလံုးကို လုံးလုံးလ်ားလ်ား လင္းထိန္သြားေစသည္။ တစ္ေယာက္နဲ႔တစ္ေယာက္ ေဘးကင္းေၾကာင္း အတည္ျပဳၿပီးေနာက္မွာေတာ့ စိတ္သက္သာရာ ရသြားကုန္၏။
ယန္ထ်န္းဟန္က အရွိန္ေလ်ာ့လိုက္ျပီး ေဒါသတၾကီး ေျပာသည္။
"အဲ့ဒီလူက က်ြန္ေတာ္တို႔အားလံုးကို တကယ္ၾကီး သတ္ခ်င္ေနတာ!"
ယြမ္ထ်န္းဝမ္က ေျပာလာသည္။
"သူ႔က်င့္ၾကံဆင့္က နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ရဲ႔ ကန္႔သတ္မွုကို မခံထားရဘူး"
"သူ႔မွာ ေကာင္းကင္ကို ဆန႔္က်င္နိုင္တဲ့ အံ့ၾသဖြယ္ ေမွာ္ရတနာ တစ္ခုခု ရွိရင္ရွိ မဟုတ္ရင္ သူ႔အစြမ္းသတၱိက နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ရဲ႕ အလုံးစုံ အဆင့္ထက္ ပိုျမင့္ေနလို႔ ျဖစ္လိမ့္မယ္" လင္ရႊမ္းဇီက ေျပာသည္။ "ေနာက္တစ္ခုကေတာ့ အေျခခံအားျဖင့္ ျဖစ္ႏိုင္ေျခမရွိဘူး။ ၾကည့္ရတာ သူနဲ႔အတူ ရတနာေတြ အမ်ားႀကီး ယူလာပုံရတယ္"
ယန္ထ်န္းဟန္က မ်က္ေမွာင္ၾကဳတ္သြားသည္။
"ဂိုဏ္းသခင္ေလးရန္က ဒီလိုလူမ်ိဳးနဲ႔ ေပါင္းသင္းေနတာပဲ"
လန္ဂ်ီရႊယ္၏ ကိုယ္ေပၚက ေရခဲမ်ားက ေလ်ာ့က်သြားေလျပီ။ ေလာေလာဆယ္ ျဖစ္သြားသည့္ ကိစၥေၾကာင့္ လန္႔သြားသည့္အတြက္ သူက အခု ပိုျပီး နိုးၾကားလာခဲ့သည္။ သူက တင္းမာျပီး ျဖဴေဖ်ာ့ေနသည့္ ဟြမ္ဖူဂ်င္၏ ေဘးနားမွာ မတ္တပ္ရပ္လိုက္ကာ ေျပာလာသည္။
"ဂိုဏ္းသခင္ေလး ရန္ေဘးနားက လူကို ျမင္ဘူးတယ္"
ဟြမ္ဖူဂ်င္က ေမးသည္။
"သူက ဘယ္သူလဲ?"
လန္ဂ်ီရႊယ္က ေျဖ၏။
"သူ႔နာမည္က ေမာ့ရန္ ျပီးေတာ့ သူက ဂိုဏ္းသခင္ရန္ရဲ႔ မိတ္ေဆြပဲ။ တစ္ခါတုန္းက ဂိုဏ္းသခင္က သူ႔ကို ဂိုဏ္းထဲ ဖိတ္ေခၚတာ ျမင္ဘူးတယ္။ ဒါေပမဲ့ တစ္ခါပဲျမင္ဘူးလိုက္တာ။ ေမာ့ရန္က ဘာဆုိတာနဲ႔ ဘယ္လို အစြမ္းမ်ိဳး ရွိလဲေတာ့မသိဘူး။"
================
Next Episode
အတိတ္ဘဝရဲ႔ ျဖစ္ရပ္မ်ား
================