မိုးသည်းထန်စွာရွာသွန်းလာပီး တောင်ကျရေတွေမှာပြည့်လျှံလာပီး တောအုပ်၏မြေပြင်အထက်ပင်ရောက်နေပီဖြစ်သည်
ကုန်းနေသတ္တဝါမျိုးနွယ်စုတွေမှာ ပြေးလွှားရင်းအသက်လုနေရသည်။ရေရှိန်ကတော့ တဖြည်းဖြည်းတက်လာနေစမြဲ
ဝံပုလွေမျိုးနွယ်စုတွေက တောင်ထိပ်ကထိုမြင်ကွင်းကိုကြည့်ကာ မိုးသောက်ချိန်ရောက်တာနဲ့ သားကောင်လိုက်ရတာလွယ်ကူတော့မယ့် အရေးတွေးကာပျော်ရွှင်နေကြလေသည်
....
ရေကျသွားပေမယ့် ကုန်းမြေတွေကစိုစွတ်ကာအသိုက်ပျက်သွားသော ငှက်မျိုးစိတ်တွေ၏ တကျီကျီအော်သံက တောအုပ်ပတ်ဝန်းကျင်ကို ကြီးစိုးလေတော့သည်။
ယုန်ဖြူလေးက မကြာသေးခင်ကမှ လမ်းစလျောက်တက်တာဖြစ်ပီး မတိုင်ခင်တစ်ချိန်လုံး သူ၏မိခင်က ကိုက်ချီကာ နေရာအနှံခေါ်ဆောင်သွားတာဖြစ်သည်
...
ရုတ်တရက် သူ၏အမေယုန်မကြီးက ေရစီးနှင့်အတူပါသွားပီး အခုထိပြန်လာမလာသေးပေ။ယုန်ဖြူလေးက သူ၏ပန်းရောင်သန်းနေတဲ့လက်ကလေးတွေနဲ့ နားရွက်ကို မမှီတမှီလှမ်းကုတ်ကာ အပြင်သို့ ထွက်လာလိုက်သည်။
တောအုပ်၏အသက်အကြီးဆုံး အဖိုးဇီးကွတ်ကြီးက ယုန်ဖြူလေးကို မြင်သည့်အခါ စိတ်မကောင်းဖြစ်မိသွားသည်။
တောအုပ်လိုနေရာမျိုးမှာ အကာအကွယ်မရှိဘဲနေထိုင်ရတာ ဘယ်လောက်တောင်အန္တရယ်များလိုက်သလဲ။
"jenရေ လျှောက်မသွားနဲ့"
ယုန်ဖြူလေးက ဇီးကွတ်အဖိုးကို မျက်လုံးအဝိုင်းလေးတွေနဲ့ မော့ကြည့်လိုက်ကာ ပြူးကျယ်မည်းနက်နေသော မျက်လုံးကြီးတွေကို မြင်တဲ့အခါ လှစ်ခနဲ ထွက်ပြေးတော့သည်။
.......
ယုန်ဖြူလေးက ပြေးလာသည့်အရှိန်ကိုရပ်ပီး ကုန်းမြင့်တစ်နေရာမှာ ရပ်တန့်လိုက်သည်။သူ့နှလုံးသား သေးသေးလေးမှာ တလှပ်လှပ်ဖြစ်နေတုန်းပဲ။
မျက်လုံးကြီးက အရမ်းပြူးတာပဲ😬 ကြောက်လိုက်တာ😢
သူ့ရဲ့နှာဝကို တိုးဝှေ့လာသော လတ်ဆတ်သည့်ရနံ့လေးကြောင့် ယုန်ဖြူလေး နှာတရှုံရှုံလုပ်လိုက်မိတယ်။သူလှမ်းကြည့်လိုက်သည့်အခါ နီရဲတုတ်ခိုင်ပီး ကြီးမားတဲ့ မုန်လာဥကြီးတွေကို မြင်လိုက်ရသည်။
ယုန်ဖြူလေးမှာ ပျော်ရွှင်စွာဖြင့် ထိုဥနီကြီးတွေကို ချဥ်းကပ်လိုက်ကာ နှစ်လုံးလောက် နှုတ်ယူလိုက်သည်။
မေမေတစ်လုံး........မီးမီး တစ်လုံး။
အနောက်မှ ပြင်းထန်တဲ့ အသက်ရှုသံကိုကြားသည့်အခါ သေးငယ်သည့် ယုန်ဖြူလေး၏ နှလုံးသားလေးမှာ တလှပ်လှပ်ဖြစ်သွားပီး နောက်ကိုလှည့်ကြည့်လိုက်သည့်အခါ သူ့ကို သွားစိကာ ရယ်ပြနေတဲ့ မမတစ်ယောက်ကို မြင်လိုက်ရသည်။
ထို မမကလည်း သူ့လိုနားရွက်အရှည်ကြီးပါပီး သွားကြီးတွေကလည်း အကြီးကြီးဖြစ်၏။မျက်လုံးတွေလည်း တလက်လက်တောက်ပနေသည်။
ထို မမက သူ့ကိုရယ်ပြနေရင်း သွားရည်တွေကျနေတာမို့ မုန်လာဥတစ်လုံး ထပ်နှုတ်လိုက်သည်။
ရော့.....မမတွက် တစ်လုံး
မုန်လာဥနီတစ်လုံး လက်ဆောင်လာပေးသည့် ယုန်ပေါက်လေးကြောင့် မာန်ဖီနေသော ဝံပုလွေကြီးက မှင်သက်သွားသည်။
တကယ်တော့.....ထို မုန်လာဥတွေက ယုန်တွေကိုမျှားရန် သူ အစာချထားခြင်းဖြစ်သည်။
မမ ဟူသော နူးညံတဲ့ အခေါ်ဝေါ်လေးကြောင့် ဝံပုလွေမလေး၏ ခဲရောင်နှုတ်သီးဖျားလေး ပန်းရောင်သမ်းသွား၏။
ဝံပုလွေမလေးက ယုန်ုဖြူလေးပေးသည့် မုန်လာဥနီကို ကိုက်ချီပီး ကြောင်နေသည်။
သူ သတိပြန်ဝင်လာသောအခါ ယုန်ဖြူလေးက မုန်လာဥနှစ်လုံးကို ကိုင်ကာ ထွက်ပြေးသွားပြိဖြစ်သည်။
သားကောင် လွတ်သွားပေမယ့် သူ နှမြောတသ ဖြစ်ခြင်းမရှိဘဲ ထိုယုန်ဖြူလေးကိုသာ ထပ်တွေ့ချင်နေမိတယ်။သိပ်မကြာလိုက် ထို ယုန်ဖြူလေးက ဝိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ အလျင်အမြန်သူ့ဆီပြေးလာနေသည်။
ဝံပုလွေမလေး၏ ဝမ်းဗိုက်အောက်တွင် ဝင်ရပ်နေသော ယုန်ုဖြူလေး၏ ကိုယ်မှာ တသိမ့်သိမ့်တုန်လျှက်။
"ဘာဖြစ်လို့လဲ"
ဝံပုလွေမလေးက အေးစက်စက်အသံဖြင့်မေးလိုက်သည်။ သူ့အသံကြောင့် ယုန်ဖြူမလေး ပိုကြောက်သွားမလားတွေးမိတာကြောင့် စကားပြောဖို့တောင်မဝံ့မရဲ ဖြစ်သွားမိသည်။
"ဟိုနားမှာ မမကြီးတစ်ယောက်..သမင်တွေကိုစားနေတယ်😢"
ဒီက မမကလည်း အသားစားတယ်ရယ်.....
သိပ်မကြာခင် ဟိန်းဟောက်သံကြီးထွက်ပေါ်လာပီး ကျားရဲတစ်ကောင်ထွက်ပေါ်လာသည်။ကျား၏ မျက်ဝန်းတွေက ရဲတောက်ကာ ဝံပုလွေ ဝမ်းဗိုက်အောက်က ယုန်ဖြူမလေးကို သွားရည်တမျှားမျှားဖြင့် စိုက်ကြည့်နေသည်။
ဝံပုလွေကြီး၏ စိမ်းပုတ်ရောင် မျက်လုံးတွေက အေးစက်သွားကာ ကျဥ်းမြောင်းသွားပီး ယုန်ဖြူလေးကို သူ၏ နောက်ကိုပို့ကာ ကျားရဲနှင့် ရင်ဆိုင်လေသည်။
" lisa......ငါ့ကို မင်းရဲ့သားကောင်ပေး.. သမင်နှစ်ကောင်နဲ့လဲမယ်
ဒီ့ရဲ့ ficကို အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါရှင့်💙
အမှားပါရင် ခွင့်လွတ်ပါနော်💕
#crd Blue Cloud