Part 4🥕🦊

452 39 8
                                    

Unicode

တစ်ဖက်ကမ်းရောက်တော့မှ liliမှာ သက်ပြင်းချနိုင်ပီး ကျောပေါ်မှ jen ဆင်းလို့ရရန် မြေပြင်ပေါ်သို့ဝပ်တွားပေးလိုက်သည်။

jen က ဝံပုလွေအိုကြီးရဲ့ အကြည့်စူးစူးကြောင့် လန့်သွားကာ ဝံပုလွေမမအနားသို့ ကပ်နေလေ၏

"မကြောက်နဲ့ ငါရှိတယ်"

တောင်ထွဋ်ကိုရောက်သည့်အခါ အခြားသောဝံပုလွေများက ယုန်ဖြူလေးကို ကိုက်ချီရန် ပြေးလာတဲ့အခါ liliက သူ၏ လက်သည်းချွန်တွေဖြင့် ရိုက်ပုတ်လိုက်လေသည်

ထိုသို့ ကာကွယ်ပေးခြင်းဖြင့် jenမှာ liliကို ပို၍ သဘောကျလာပီး သူ၏နှုတ်သီးလေးနဲ့ liliရဲ့ နှုတ်သီးလေးကို အသာယာ ပွတ်သတ်လိုက်လေသည်။

lili ၏ အမွေးအမျှင်များ ထောင်တက်သွားပီး ပျော်ရွင်ကာ တသိမ့်သိမ့်တုန်လာလေသည်

ထို့နောက် liliက jenကို သူ၏ရင်ခွင်အောက်သို့ပို့လိုက်ကာ များပြားလှသောမျိုးနွယ်စုဝံပုလွေတို့ကို အေးစက်စက်ကြည့်လိုက်လေသည်

" jen က ငါ့ရဲ့ ဇနီးလောင်းလေးပဲ ထိရဲတဲ့ သူထိကြည့်! ငါနဲ့ တွေ့မယ်"

lili ပြောလိုက်တဲ့ စကားက အေးစက်ပြီး အရမ်းအမိန့်ဆန်လွန်းတာကြောင့် ဝံပုလွေအိုကြီးမှာ ခေတ္တကြောင်သွားလေသည်

ထိုသို့ပြောပြီးနောက် liliက jenကို သူ၏ပါးစပ်ဖြင့် ဖွဖွလေး ကိုက်ချီသွားလေသည်

"Li Mom"...... ငါ့သမီးလေးက နူးနူးညံညံလေးတွေလည်း သဘောကျတက်ပါလား.

"Li Mom" ကြည့်ပါအုံး ချစ်နေလိုက်တာ..ယုန်ဖြူလေးကို.

liliက jenကို သူ၏ ကိုယ်ပိုင်အဆောင်သို့ ကိုက်ချီလာလေသည်

အဆောင်သို့ရောက်တော့ jenကို သူ၏သလွန်ပေါ်တွင် ချပေးကာ အနားယူစေသည်

" မင်းအတွက် ငါ....မုန်လာဥသွားရှာပေးမယ်"

liliကို ထိုသို့ပြောပြီး သူ၏ခဲရောင်နှုတ်သီးလေးနဲ့ jenရဲ့ နှုတ်သီးလေးကို ပွတ်ပီး ထွက်သွားလေ၏

jenက lili၏ အပြုအမူလေးကို သဘောကျပီး လျှာလေးနဲ့ နှုတ်သီးလေးကို ယက်လိုက်လေ၏

The fox girl is my lover🥕🦊(Completed)Where stories live. Discover now