လွမ်းပုံပြင် [VOPE] || Short...

By Nayookhine

2.3K 279 85

လွမ်းပုံပြင်... အတိတ်ပုံပြင်တွေက မလှပခဲ့ပေ သို့သော် လွမ်းမောဖွယ်ရာအပြည့်။ အချစ်တွေသည် အတိတ်တွေ၌ ကျန်ရစ်ခဲ့သော... More

လွမ်းပုံပြင် အပိုင်း(၁)
လွမ်းပုံပြင် အပိုင်း(၂)
လွမ်းပုံပြင် အပိုင်း(၃)
လွမ်းပုံပြင် အပိုင်း(၅)
လွမ်းပုံပြင် ဇာတ်သိမ်းပိုင်း

လွမ်းပုံပြင် အပိုင်း(၄)

242 44 9
By Nayookhine

#Unicode

လွမ်းပုံပြင် ...အပိုင်း(၄)

ထိုနေ့ကစလို့ အကို့ကို1ရက်တိတိစိတ်ကောက်သည်။
ဘာကိုမှမတိုင်ပင်ပဲလုပ်ချင်ရာတွေလုပ်လို့ပေးတဲ့ အပြစ်ဒဏ်ပေါ့။တစ်ရက်အပြင်လဲပိုပြီးစိတ်မကောက်နိုင်ပါဘူး။
သူ့အတွက်နဲ့ အသက်ကိုပါရင်းထားရတာလေ။

အကိုဆိုတာအဲ့လိုပဲ။ နှုတ်ကနေဖွင့်မပြောရင်တောင်
သူဖြစ်ချင်တာဆို အမြဲဖြည့်ဆည်းပေးတတ်သည့်လူစားမျိုး။

ကြာကြာလဲစိတ်မကောင်ချင်ပါဘူး သူနဲ့ရလာမယ့်ကလေးလေးအတွက် ဆေးဒဏ်တွေကိုအံတုပြီး ဆေးတွေကိုကြိုးစားပြီးသောက်နေရှာရတာ။

မြတ်နိုးလိုက်ရတာလဲ အတိုင်းအဆတွေမဲ့လွန်းပါတယ်။

ကျွန်တော်က နှုတ်ကနေတဖွဖွချစ်တယ်လို့ပြောနေတတ်ပေမယ့် အကိုကတော့သူ့ရင်သွေးလေးကို ဝမ်းနဲ့လွယ်ပြီးမွေးပေးသည်အထိ ချစ်ခြင်းတရားတွေက အဖိုးဖြတ်မရနိုင်။

လေ့ကျင့်ခန်းတွေလုပ် ဆေးတွေကိုသေချာဂရုတစိုက်သောက်နေရင်းနှင့်ပင် ရက်တွေအလီလီကုန်ဆုံးလာလိုက်တာ ကျွန်တော့်ရင်သွေးလေးက အကို့ဝမ်းဗိုက်ထဲကိုရောက်လာခဲ့ပြီတဲ့လေ။

ထိုနေ့က အကိုကမနက်အိပ်ရာထကာ ပုံမှန်နေ့တွေလိုပဲ hot chocolateဖျော်သည်။ စတော်ဘယ်ရီကြိုက်သည့်ကျွန်တော့်အတွက် အကိုကိုယ်တိုင်စတော်ဘယ်ရီကိတ်လေး လုပ်ပေးသည်။

မီးဖိုချောင်ထဲတကုတ်ကုတ်အလုပ်ရှုပ်နေသည့် အကို့ကိုခါးကနေဆွဲဖက်လိုက်ကာ ရင်ခွင်ထဲထည့်ပြီး ခပ်ဖောင်းဖောင်းပါးအိအိလေးကိုမွှေးကြူလိုက်သည်။

နဂိုကပိန်၍ပါးရိုးတွေကျကာ jaw lineပေါ်နေသည့်အကို့မျက်နှာနုနုလေးကလဲ ဆေးဒဏ်တွေကြောင့်ဖောင်းဖောင်းအိအိလေးဖြစ်နေပြီလေ။

"အားပါးပါး အကို့ပါးအိအိလေးကမွှေးလိုက်တာကွာ
စတော်ဘယ်ရီနံ့လေးရတယ်"

"ဟားဟား စတော်ဘယ်ရီကိတ်လုပ်နေပါတယ်ဆိုမှ ကိတ်ကအနံ့နေမှာပေါ့"

"မဟုတ်ဘူး ဒီက"

"ဘယ်က? အွင့်"

ကိတ်လုပ်နေသည့်အကို့ကို ရုတ်တရက်ဆွဲလှည့်လိုက်ပြီး စိုအိအိနှုတ်ခမ်းလေးကို စုပ်ယူကာနမ်းရှိုက်လိုက်သည်။
မောနင်းကစ်လေးကအင်မတန်အရသာရှိလှပါဘိ..။

"Taehyungကွာ လူဆိုး"

"ယောကျာ်းလို့မခေါ်ချင်ဘူးလား မောင့်ကို"

"အယ်"

Taehyungစကားအပေါ်အံ့ဩသွားသည့် Hoseokကအူလည်လည်လေးကြည့်လာသည်။

"ပြောလေအကို"

"ဘာ ဘာပြောရမှာလဲ"

"မောင့်ကိုယောကျာ်းလို့ခေါ်ပါလားလို့"

အကိုကဘာမှပြန်မပြောပြုရှက်ရမ်းရမ်းပြီးအရှေ့ကိုပြန်လှည့်သွားသည်။ ပြီးမှ တိုးတိုးလေးခေါ်လာသည်။

"ယောက် ယောကျာ်း! ဟိ"

"မောင့်ရဲ့အကိုကအသဲယားစရာလေးကွာ"

အကို့တစ်ကိုယ်လုံးကိုအနောက်ကနေသိမ်းကြုံးပြီးဖက်ပလိုက်သည်။

"အကိုနောက်တစ်ခုရှိသေးတယ်"
.
"ဘာ ဘာလဲ"

"မောင် လို့လဲခေါ်ကြည့်ပါလား"

"မောင်"

စကားနားထောင်သည့်အကိုက ချက်ချင်းပင် မောင်ဟုခေါ်လာသည်။

"နောက်ဆိုရင်လေ Taehyungတို့ မင်းလို့မသုံးနဲ့တော့နော်
မောင်လို့ခေါ်ရင်ခေါ် မခေါ်ရင်ယောကျာ်းလို့ခေါ် သိလားအကို"

"မခေါ်လို့မရဘူးလား"

"ခေါ်ပါ အကို့ဆီကအဲ့လိုခေါ်တာလေးကြားချင်လို့ပါ"

"ဟုတ်ပါပီ ဟုတ်ပါပီ "

အကိုကခပ်ရေးရေးပြုံးကာ သဘောတူကြောင်းခေါင်းငြိမ့်လာသည်။

"အကိုလဲ ကိတ်လုပ်လို့ပြီးနေပြီ စားရအောင်လေ"

"ဟုတ်"

အကိုကစားရအောင်ဟုပြောသောကြောင့် Taehyungက
ဖျော်ပြီးသားhot chocolateနှစ်ခွက်ကိုယူကာ စားပွဲပေါ်တင်ပြီးထိုင်ခုံတွင်ထိုင်လိုက်သည်။

အကိုကဘေစင်တွင်လက်ဆေးအပြီး ကိတ်ပန်းကန်နှစ်ချပ်ကိုကိုင်ကာ ဒီဘက်အလှည့်တွင်

ခလွမ်း!

ဝုန်း!

"အကို!!!!"

အကို..အကိုက ပန်းကန်နှစ်ချပ်နှင့်အတူ သတိလစ်ကာကြမ်းပြင်ပေါ်သို့လဲကျသွားသည်။ ပန်းကန်တွေလဲကွဲကုန်သလို ကိတ်တွေကလဲပေပွကုန်သည်။

Taehyungလဲ ကြမ်းပြင်ပေါ်တွင်လဲနေသည့် အကို့ကိုပွေ့လိုက်ပြီး စိုးရိမ်တကြီးခေါ်နှိုးကြည့်သည်။

"အကို! အကိုထပါဦး! ဘာဖြစ်တာလဲ အကို အကို!!
ကျွန်တော့်ကိုထားခဲ့ဖို့ကြံနေတာလား အကို!!!!!!!!!!!!"

Taehyung ဆောက်တည်ရာတွေမဲ့စွာ ရင်ထဲတွင်ဗြောင်းဆန်နေသည်။အကိုသာထားသွားရင်ဆိုတဲ့စိတ်ထဲကအစိုင်အခဲကြီးကလဲ ရင်ဝတွင်စို့တက်လာခဲ့သည်။

ဆေးရုံကားကိုခေါ်ဖို့ပင်သတိမရတော့ပဲ သတိလစ်နေသည့်အကို့ကိုပွေ့ချီကာ သူ့ကားနှင့်ပင်ဆေးရုံကိုအမြန်မောင်းသည်။

နယ်မြို့လေးမို့ ကားလမ်းတွေမပိတ်တာကိုပဲ တော်သေးသည်ဟုပြောရမည်။

"အကိုဘာမှမဖြစ်ရဘူးနော် မောင့်ကိုထားခဲ့လို့မရဘူးနော်
အကိုဘာမှမဖြစ်ပါနဲ့"

ကားမောင်းနေရင်း မျက်ရည်တွေကြားငိုယိုရင်း အကို့ကိုမထားခဲ့ရန်တစ်ယောက်တည်းပြောရင်း ရင်ထဲကမ္ဘာပျက်နေခဲ့သည်။

အကိုသာမရှိရင် မောင်ရူးမှာ.....

အထိန်းအကွပ်မဲ့စွာကျလာသောမျက်ရည်တွေက အကိုထားခဲ့မှာကြောက်တဲ့သက်သေတွေပဲပေါ့..။

အရှိန်မြင့်စွာမောင်းနှင်လာသောကားလေးက နယ်မြို့လေး၏ဆေးရုံကျယ်ကြီးကိုရောက်သည့်အခါ ကားကိုဖြစ်သလိုရပ်ထားခဲ့ပြီး အကို့ကိုကားထဲမှပွေ့ချီကာခေါ်ခဲ့ပြီး ဆေးရုံထဲဝင်ခဲ့သည်။

"ဒီမှာ လူနာပါလာတယ် ကူညီပေးကြပါဦး!!!"

Taehyung၏အသံကြောင့် ဆေးရုံရှိတာဝန်ကျဆရာဝန် သူနာပြုတွေကထွက်လာပြီး တွန်းလှည်းကုတင်ပေါ်သို့Hoseokကိုတင်စေပြီး အထူးကြပ်မတ်ဆောင်ထဲသို့ခေါ်သွားကြသည်။

အထူးကြပ်မတ်ဆောင်ထဲရောက်သည့်အခါ Hoseokသတိပြန်ရလာခဲ့သည်။ ဆရာဝန်ကြီးကလဲ Hoseokကသူ့ဆီမှာပြဖူးသည့် male pregnant လူနာမို့သတိထားမိသွားပြီး ဝမ်းဗိုက်ကိုအရင်စစ်ဆေးသည်။

Taehyungကတော့အကို့လက်ကိုဆုပ်ကိုင်ထားကာ ငါးရံ့ပြာလူးဖြစ်နေခဲ့သည်။ အကိုကတော့ သူသက်သာပါတယ်ဆိုတဲ့မျက်ဝန်းမျိုးနှင့်ကြည့်ကာ ခေါင်းငြိမ့်ပြသည်။

သို့ပေမယ့်လဲ ရင်ထဲကအပူမီးကနည်းနည်းလေးတောင်လျော့မသွား။ ကလေးအဖေဖြစ်ချင်သည့် ကိုယ့်ဆန္ဒကြောင့် အကိုကအခုလိုဒုက္ခတွေရောက်နေရတာ။

ဆရာဝန်ကြီးစမ်းသပ်နေစဉ် တစ်ယောက်တည်းအတွေးတွေဖြင့်ဗျာများနေတုန်း ဆရာဝန်ကြီး၏ခေါ်သံကြောင့် Taehyungအကို့လက်ကိုဆုပ်ကိုင်ထားရင်း ခေါင်းထောင်လာခဲ့သည်။

"ဒီဘက်က လူနာရဲ့အမျိုးသားထင်တယ်"

"ဟုတ်ပါတယ် ကျွန်တော်ကသူ့အမျိုးသားပါ
အကိုကဘာဖြစ်တာလဲဟင်"

"လူနာက အားနည်းပြီးသတိလစ်သွားတာပါ နောက်ပြီး
ဂုဏ်ယူပါတယ် အမျိုးသားမှာကိုယ်ဝန်2ပတ်ရှိနေပါပြီ"

"ဗျာ!! တကယ် အကို အကို့မှာကျွန်တော့်ရင်သွေးလေးရှိနေပြီပေါ့လေ ဟုတ်လားဒေါက်တာ"

"ဟုတ်ကဲ့ နောက်ပြီးကိုယ်ဝန်ကနှစ်ပတ်လောက်ရှိနေလောက်ပြီထင်တယ် အတိအကျသိရအောင်ကultrasoundရိုက်မှပဲရမယ်"

"ဒါဆိုရင်သားသားလေးလား မီးမီးလေးလားလဲသိရမှာပေါ့ ဟုတ်လားဒေါက်တာ"

ထိုသို့ပြောတော့ဆရာဝန်ကြီးကရယ်ကာ

"အခုကကိုယ်ဝန်ကလနုသေးတာမို့ genderခွဲလို့မရသေးပါဘူး ကိုယ်ဝန်ဘယ်လောက်ရှိနေပြီလဲဆိုတာပဲသိရဦးမှာပါ"

"အိုး ပျော်လိုက်တာဒေါက်တာရယ်
အကို အကို့မှာမောင့်ရင်သွေးလေးရှိနေပြီတဲ့ အကိုသိလား"

အကိုက ပြုံးကာခေါင်းငြိမ့်ပြသည်။
Taehyungကတော့ အရူးတစ်ယောက်လိုခုန်ပေါက်ပျော်ရွှင်နေခဲ့သည်။

လူ့လောကထဲမရောက်လာသေးတဲ့ သူ့ရင်သွေးလေးအကြောင်းကိုတွေးပြီးပျော်နေမိသည်။

"အခုလူနာကအားနည်းနေသေးတာမို့ ဒီဆေးတစ်ပုလင်းကိုတော့ကုန်အောင်ချိတ်သွားလိုက်ပါဦး"

"ဟုတ်ကဲ့ဒေါက်တာ"

"နောက်ပြီး အမျိုးသားကကိုယ်ဝန်ရှိနေပြီဆိုတော့လေ အရင်ကထက်ပိုပြီးအများကြီးဂရုစိုက်ပေးပါ သဘာဝလွန်ကိုယ်ဝန်ဆောင်ထားတာဖြစ်တဲ့အတွက် သူများတွေထက်နှစ်ဆပိုပင်ပန်းနိုင်တာမို့ အရင်ကထက်နှစ်ဆလောက်ပိုပြီးဂရုစိုက်ပေးပါ"

"အဲ့ဒါတော့မပူနဲ့ဒေါက်တာ ကျွန်တော်ကအကို့ကိုဆယ်ဆလောက်ဂရုစိုက်ပေးမှာ"

"ကောင်းပါပြီ လူနာကိုဆေးသွင်းပြီးတဲ့အခါ ဆေးရုံကဆင်းလို့ရပြီနော်"

"ဟုတ်ကဲ့ဆရာ"

ဆရာဝန်ကြီးတွေနှင့်သူနာပြုများပြန်သွားသည့်အခါ Taehyungကအကို့လက်ကိုဆုပ်ကိုင်လျက်ပင်

"အကို အကို ဆရာဝန်ကြီးကပြောသွားတယ် အကို့မှာကိုယ်ဝန်နှစ်ပတ်လောက်ရှိနေပြီတဲ့"

အကိုက ပြုံး၍ခေါင်းငြိမ့်ပြသည်။

"ဒါဆို အကို့ဒီဗိုက်သေးသေးလေးထဲမှာ မောင့်ကလေးလေး မောင့်ကလေးလေးကအသက်ရှုနေတာပေါ့လေ ဟုတ်တယ်မလားအကို"

Taehyungအကို့၏ဗိုက်ချပ်ချပ်လေးကိုကိုင်ပြီး ရင်တွေခုန်ကာ ကလေးသေးသေးလေးကိုစမ်းသပ်နေသည်။

"Daddyကလေးလေးရေ အာညော်
မင်းPapaက အားနည်းနေတာမို့ ကလေးလေးက လိမ်လိမ်မာမာလေးနေပေးနော် မင်းPapaနာအောင်လဲမလုပ်ရဘူးနော်
Daddyကစိတ်ဆိုးမှာ မင်းPapaကလေ Daddyအတွက် အဖိုးတန်လေးသိလား ကလေးလေး"

Taehyungစကားကြားတော့ အကိုကတခစ်ခစ်ရယ်သည်။

"မောင်ရယ် ကလေးကို"

"ဟုတ်တယ်လေ ကလေးလေးကြောင့်အကိုကအခုလိုဖြစ်သွားတာလေ မောင်လေရူးတော့မလိုပဲသိလား အကိုကမောင့်ကိုထားခဲ့ပြီထင်နေတာ"

"အကိုက မောင့်ကိုထားခဲ့စရာလား"

"မသိဘူးဗျာ မောင်တော်တော်ကြောက်သွားတာ
အကိုမရှိတဲ့အနာဂတ်ဆိုတာ မောင်တွေးတောင်မတွေးရဲဘူး"

"အဲ့လိုမျိုးတွေ မောင်မတွေးရပါဘူး အကိုကမင်းနဲ့အကြာကြီးနေသွားဦးမှာ နောက်ပြီးအကို့ဗိုက်ထဲက ကလေးလေးနဲ့ရောပေါ့"

အကိုကသူ့ခေါင်းကိုခပ်ဖွဖွပုတ်ပြီး စကားပြောသည်။

"အကို့ရဲ့အမျိုးသားလေးကနှာချေးတွေရော မျက်ရည်တွေရောပေပွနေတာပါပဲလား"

"အကိုနော် အဲ့လိုမနောက်နဲ့ မောင်ခုနကတကယ့်ကိုငါးရံ့ပြာလူးအရူးမီးဝိုင်းဖြစ်နေခဲ့တာ"

"ဟုတ်ပါပြီကွာ အကိုမနောက်တော့ဘူး"

"အကိုအခုခဏအိပ်လိုက်ဦးနော် ဆေးသွင်းပြီးတဲ့အခါမောင်နှိုးပေးမယ် မောင်အခု မျက်နှာသွားသစ်လိုက်ဦးမယ်"

"ဟုတ်ပြီ မောင်"

Taehyungမသွားခင် အကို့နဖူးပြင်ကိုမြတ်မြတ်နိုးနိုးနမ်းရှိုက်လိုက်သည်။ အကိုပင်ပန်းသွားရပြီလေ.....

အကိုအသက်ရှူသံမှန်မှန်လေးနဲ့အိပ်ပျော်သွားမှ ခုနကဆရာဝန်ကြီးဆီကို Taehyungနောက်တစ်ခေါက်သွားထပ်တွေ့သည်။

အကို့ရဲ့ ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း နေထိုင်စားသောက်ပုံနှင့် ဆောင်ရန်ရှောင်ရန်တွေကိုသွားမေးသည်။
အကိုကနဂိုထဲကပိန်ပိန်လေးမို့ တော်တော်ဂရုစိုက်ရမှာ။

ဆရာဝန်ကြီးဆီကပြန်လာတော့ အကိုကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပင်။ ဆေးသွင်းထားတာကုန်သွားပေမယ့် အကိုကအိပ်ပျော်နေသေးတာမို့မနှိုးချင်၍ ဆေးပိုက်ကိုသာအသာဖြုတ်လိုက်သည်။

အိပ်ပျော်နေသည့်အကို့လက်ကလေးကိုဆုပ်ကိုင်ကာ  မကြာခင်လူ့လောကထဲရောက်လာတော့မည့် ကလေးလေးအကြောင်းကိုသာ ပေါပေါသီသီတွေးနေလိုက်သည်။

ကျေးဇူးပါအကိုရေ
ကျွန်တော့်ကိုအကို့အသက်နဲ့ထပ်တူချစ်မြတ်နိုးပေးလို့....
ကျွန်တော်ကလဲအကိုနဲ့ကလေးလေးကို အသက်နဲ့လဲပြီးကာကွယ်စောင့်ရှောက်ပေးသွားပါ့မယ်လို့ကတိပေးပါတယ်....

အချစ်တွေနဲ့ပြည့်နှက်နေသည့်အသိုက်အမြုံလေးထဲ
နောက်ထပ်သံယောဇဉ်တိုးစရာဆည်းလည်းလေးကလဲ
ထပ်ရောက်လာပြီလေ....

အော် ချစ်ရဦးမှာပေါ့.......

__________လွမ်းပုံပြင် ___________

အကို့ဗိုက်ထဲ ကျွန်တော့်ရင်သွေးရှိတာသိရတဲ့နေ့ကစလို့ အလုပ်ဟူသမျှကျွန်တော်အကုန်လုပ်သည်။ စီးပွားလဲရှာသလို အကို့ကိုဂရုစိုက်ပေးသည့် ဝတ္တရားကလဲတစ်နေ့မှမပြတ်ခဲ့ပေ။

အလေးအပင်ဆိုရင် အကိုသုတ်မယ့်တစ်ရှူးကိုတောင်မယူစေပဲသူကိုယ်တိုင်သုတ်ပေးသည်။
ဟင်းချက်လဲသူဖြစ်သလို ဈေးဝယ်လဲသူပါပဲ။
အဝတ်လျှော်တာလဲသူဖြစ်သလို လှမ်းတော့လဲသူပါပဲ။

နှင်းဆီပန်းတွေစိုက်တယ်။
ပန်းတွေရလာတဲ့အခါ ဈေးထဲတွင်ပြန်သွင်းသည်။
အရင်လိုထိုင်ရောင်းနေလို့မရ အကို့မှာကရင်သွေးလေးနဲ့လေ။

အကိုက ကလေးလေးကိုဂရုစိုက်တယ်။
ကျွန်တော်က ကလေးလေးရဲ့အကို့ကိုဂရုစိုက်တယ်။
အရာအားလုံးကထပ်တူကိုကျလို့.....

မနက်အိပ်ရာနိုးရင် အကို့အတွက်မျက်နှာသစ်ပေးသလို
မနက်စာကိုလဲသေချာဂရုစိုက်ကျွေးသည်။

နေ့လည်ဘက်အကိုက ကိုယ်ဝန်ဆောင်သည်တွေလိုက်နာရမည့်လမ်းညွှန်စာအုပ်တွေဖတ်သည်။နေ့ခင်းနေ့လည် တရေးတမောအိပ်ချိန် အကို့ကိုချော့သိပ်ရတာလဲ ဘဝရဲ့ပျော်ရွှင်မှုတွေပေါ့....

ညနေဘက်ဆိုရင်တော့ အကိုစိုက်ပျိုးထားခဲ့သည့်ခြံထဲကနှင်းဆီပင်တွေကြား အကို့လက်ကလေးကိုက်ိုင်ကာ တောင်ပေါ်ဒေသလေး၏နေဝင်ချိန်ကိုခံစားပြီး လမ်းလျှောက်သည်။

ညအိပ်ရာဝင်ခါနီး အကို့ဗိုက်ထဲက ကျွန်တော်တို့နှစ်ယောက်ရဲ့ကလေးလေးအတွက် ကလေးသီချင်းလေးတွေဖွင့်သည်။ အိပ်ရာဝင်ပုံပြင်လေးတွေ ဖတ်ပြသည်။

ဖတ်ပြတာကကလေးကိုဆိုပေမယ့် မောင့်ကလေးလေးကတော့ပုံပြင်မဆုံးခင် ရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်သွားတာချည်းပါပဲ....

အကိုနဲ့သာဆို အတူရှိတဲ့အချိန်တိုင်းကရွှေတွေပဲမို့ ကုန်ဆုံးသွားမှာကိုသိပ်ကိုကြောက်မိတာပဲအကိုရာ။

ဒီနေ့တော့ ညနေဘက်လမ်းလျှောက်ထွက်မည့်အချိန် မိုးလေးကအုံ့နေတာမို့ တော်ကြာလမ်းလျှောက်နေတုန်းမိုးရွာလာမှာစိုးသဖြင့် အကို့ကိုလမ်းမလျှောက်ခိုင်းတော့ပါ။

အဲ့ဒီ့အစား အကိုနဲ့အတူ ဝရန်တာမှာထွက်ထိုင်ရင်း စကားတွေပြောဖြစ်ခဲ့ကြသည်။အကို့ဗိုက်လေးကတဖြည်းဖြည်းလေးလဲပူလာခဲ့ပြီ။

အကိုနေရထိုင်ရအဆင်ပြေစေရန် အကို့ကိုသူ့ရင်ခွင်ထဲမှာထည့်ထားလိုက်ပြီး ဗိုက်လေးကိုပွတ်ပေးနေလိုက်သည်။

"အိုက်ဂူး ဘာလိုလိုနဲ့ကလေးလေးတောင်အကို့ဗိုက်ထဲမှာနေတာ5လတောင်ရှိနေပြီနော်"

"ဟုတ်တယ်နော်"

"အကို သားသားလေးလား မီးမီးလေးလားမသိချင်ဘူးလား"

"မသိချင်ပါဘူး မွေးလာမှပဲဘာလေးမွေးမလဲရင်ခုန်ချင်တာ"

"မောင်ကသိချင်နေပြီ"

"ဘာလေးပဲဖြစ်ဖြစ်မောင်ကချစ်မှာမဟုတ်ဘူးလား"

"ချစ်တာတော့ချစ်မှာပေါ့အကိုကလဲ"

"ကဲပါ ချစ်မယ့်ဟာပဲကို အဲ့အကြောင်းတွေကိုစိတ်ထဲထားမနေနဲ့"

အကိုကသူ့ဗိုက်ကိုပွတ်နေသည့်လက်ကိုဆွဲယူပြီး လက်ဖမိုးလေးကိုနမ်းသည်။

"အကိုက ကိုယ်ဝန်နဲ့မို့ဘာမှမလုပ်နိုင်လို့ အကို့ရဲ့မောင်ကအများကြီးပင်ပန်းရပြီ တောင်းပန်ပါတယ်နော်မောင် အကိုကလေးလေးမွေးပြီးတဲ့အခါမှ အကိုကအလုပ်တွေအများကြီးလုပ်ပါ့မယ်"

"ဟာ မဟုတ်တာအကိုရာ မောင်ကသာအကို့ကိုပြန်ပြီးတောင်းပန်ရမှာ မောင်က ကလေးလိုချင်တယ်ဆိုလို့ အကို့ကအရမ်းပင်ပန်းနေရတာလေ"

" မောင်ရှိနေတယ်လေအကိုပင်ပန်းတယ်လို့မခံစားရပါဘူး နောက်ပြီးမောင့်ဆန္ဒလေးကိုဖြည့်ဆည်းပေးရလို့လဲအကိုပျော်တယ်"

"ချစ်လိုက်တာအကိုရာ စိတ်ချပါမောင်က အကို့ကိုရော ကလေးလေးကိုရော အများကြီးချစ်ပေးပြီး ကာကွယ်ပေးပါ့မယ်"

စကားအဆုံးHoseokပြုံးမိသည်။
မိဘ၊ဆွေမျိုး၊အသိုင်းအဝိုင်း၊သူငယ်ချင်းတွေမရှိတော့ပေမယ့် ဒီအမျိုးသားလေးကသူ့ကိုမျက်နှာတစ်ချက်မငယ်ရအောင်ထားသည်။

တစ်ယောက်တည်းလို့မခံစားရအောင်အထိ အချစ်တွေ မေတ္တာတွေနဲ့လွှမ်းခြုံထားသည်။

သူရွေးချယ်ပြီးဆုပ်ကိုင်လိုက်သည့် လက်တစ်စုံဟာဘယ်သောအခါမှမမှားခဲ့သည်မို့ ပျော်ရွှင်ရသည်ထက်အများကြီးပိုသည်။သူတွဲထားသည့်လက်က သူ့ကိုဘယ်တော့မှဖြုတ်သွားမှာမဟုတ်သည့်အတွက်လဲ စိတ်ချရသည်။

ဒီဘဝမှာမောင်နဲ့ဆုံတွေ့ခဲ့ရတာလဲ ဘုရားပေးတဲ့ဆုလာဒ်တစ်ခုပဲ မောင်။ အကို မောင့်ကိုသိပ်ချစ်တယ်....

သူ့စကားအဆုံးမှာပြုံးနေတဲ့အကို့ကြောင့် Taehyungအကို့မျက်နှာလေးကိုဆွဲလှည့်ကာနဖူးသို့ မြတ်မြတ်နိုးနိုးနမ်းလိုက်သည်။

ဒီဘဝမှာ အကို့ခင်ပွန်းဖြစ်ခွင့်ရတာ ကျွန်တော်သိပ်ကံကောင်းတာပဲအကို။ မောင်လေ..အကို့ကိုသိပ်ချစ်တာ...

ဆက်ရန်>>>
29.7.2022

#Zawgyi

လြမ္းပုံျပင္ ...အပိုင္း(၄)

ထိုေန႔ကစလို႔ အကို႔ကို1ရက္တိတိစိတ္ေကာက္သည္။
ဘာကိုမွမတိုင္ပင္ပဲလုပ္ခ်င္ရာေတြလုပ္လို႔ေပးတဲ့ အျပစ္ဒဏ္ေပါ့။တစ္ရက္အျပင္လဲပိုၿပီးစိတ္မေကာက္ႏိုင္ပါဘူး။
သူ႔အတြက္နဲ႔ အသက္ကိုပါရင္းထားရတာေလ။

အကိုဆိုတာအဲ့လိုပဲ။ ႏႈတ္ကေနဖြင့္မေျပာရင္ေတာင္
သူျဖစ္ခ်င္တာဆို အၿမဲျဖည့္ဆည္းေပးတတ္သည့္လူစားမ်ိဳး။

ၾကာၾကာလဲစိတ္မေကာင္ခ်င္ပါဘူး သူနဲ႔ရလာမယ့္ကေလးေလးအတြက္ ေဆးဒဏ္ေတြကိုအံတုၿပီး ေဆးေတြကိုႀကိဳးစားၿပီးေသာက္ေနရွာရတာ။

ျမတ္ႏိုးလိုက္ရတာလဲ အတိုင္းအဆေတြမဲ့လြန္းပါတယ္။

ကြၽန္ေတာ္က ႏႈတ္ကေနတဖြဖြခ်စ္တယ္လို႔ေျပာေနတတ္ေပမယ့္ အကိုကေတာ့သူ႔ရင္ေသြးေလးကို ဝမ္းနဲ႔လြယ္ၿပီးေမြးေပးသည္အထိ ခ်စ္ျခင္းတရားေတြက အဖိုးျဖတ္မရႏိုင္။

ေလ့က်င့္ခန္းေတြလုပ္ ေဆးေတြကိုေသခ်ာဂ႐ုတစိုက္ေသာက္ေနရင္းႏွင့္ပင္ ရက္ေတြအလီလီကုန္ဆုံးလာလိုက္တာ ကြၽန္ေတာ့္ရင္ေသြးေလးက အကို႔ဝမ္းဗိုက္ထဲကိုေရာက္လာခဲ့ၿပီတဲ့ေလ။

ထိုေန႔က အကိုကမနက္အိပ္ရာထကာ ပုံမွန္ေန႔ေတြလိုပဲ hot chocolateေဖ်ာ္သည္။ စေတာ္ဘယ္ရီႀကိဳက္သည့္ကြၽန္ေတာ့္အတြက္ အကိုကိုယ္တိုင္စေတာ္ဘယ္ရီကိတ္ေလး လုပ္ေပးသည္။

မီးဖိုေခ်ာင္ထဲတကုတ္ကုတ္အလုပ္ရႈပ္ေနသည့္ အကို႔ကိုခါးကေနဆြဲဖက္လိုက္ကာ ရင္ခြင္ထဲထည့္ၿပီး ခပ္ေဖာင္းေဖာင္းပါးအိအိေလးကိုေမႊးၾကဴလိုက္သည္။

နဂိုကပိန္၍ပါး႐ိုးေတြက်ကာ jaw lineေပၚေနသည့္အကို႔မ်က္ႏွာႏုႏုေလးကလဲ ေဆးဒဏ္ေတြေၾကာင့္ေဖာင္းေဖာင္းအိအိေလးျဖစ္ေနၿပီေလ။

"အားပါးပါး အကို႔ပါးအိအိေလးကေမႊးလိုက္တာကြာ
စေတာ္ဘယ္ရီနံ႔ေလးရတယ္"

"ဟားဟား စေတာ္ဘယ္ရီကိတ္လုပ္ေနပါတယ္ဆိုမွ ကိတ္ကအနံ႔ေနမွာေပါ့"

"မဟုတ္ဘူး ဒီက"

"ဘယ္က? အြင့္"

ကိတ္လုပ္ေနသည့္အကို႔ကို ႐ုတ္တရက္ဆြဲလွည့္လိုက္ၿပီး စိုအိအိႏႈတ္ခမ္းေလးကို စုပ္ယူကာနမ္းရႈိက္လိုက္သည္။
ေမာနင္းကစ္ေလးကအင္မတန္အရသာရွိလွပါဘိ..။

"Taehyungကြာ လူဆိုး"

"ေယာက်ာ္းလို႔မေခၚခ်င္ဘူးလား ေမာင့္ကို"

"အယ္"

Taehyungစကားအေပၚအံ့ဩသြားသည့္ Hoseokကအူလည္လည္ေလးၾကည့္လာသည္။

"ေျပာေလအကို"

"ဘာ ဘာေျပာရမွာလဲ"

"ေမာင့္ကိုေယာက်ာ္းလို႔ေခၚပါလားလို႔"

အကိုကဘာမွျပန္မေျပာျပဳရွက္ရမ္းရမ္းၿပီးအေရွ႕ကိုျပန္လွည့္သြားသည္။ ၿပီးမွ တိုးတိုးေလးေခၚလာသည္။

"ေယာက္ ေယာက်ာ္း! ဟိ"

"ေမာင့္ရဲ႕အကိုကအသဲယားစရာေလးကြာ"

အကို႔တစ္ကိုယ္လုံးကိုအေနာက္ကေနသိမ္းႀကဳံးၿပီးဖက္ပလိုက္သည္။

"အကိုေနာက္တစ္ခုရွိေသးတယ္"
.
"ဘာ ဘာလဲ"

"ေမာင္ လို႔လဲေခၚၾကည့္ပါလား"

"ေမာင္"

စကားနားေထာင္သည့္အကိုက ခ်က္ခ်င္းပင္ ေမာင္ဟုေခၚလာသည္။

"ေနာက္ဆိုရင္ေလ Taehyungတို႔ မင္းလို႔မသုံးနဲ႔ေတာ့ေနာ္
ေမာင္လို႔ေခၚရင္ေခၚ မေခၚရင္ေယာက်ာ္းလို႔ေခၚ သိလားအကို"

"မေခၚလို႔မရဘူးလား"

"ေခၚပါ အကို႔ဆီကအဲ့လိုေခၚတာေလးၾကားခ်င္လို႔ပါ"

"ဟုတ္ပါပီ ဟုတ္ပါပီ "

အကိုကခပ္ေရးေရးၿပဳံးကာ သေဘာတူေၾကာင္းေခါင္းၿငိမ့္လာသည္။

"အကိုလဲ ကိတ္လုပ္လို႔ၿပီးေနၿပီ စားရေအာင္ေလ"

"ဟုတ္"

အကိုကစားရေအာင္ဟုေျပာေသာေၾကာင့္ Taehyungက
ေဖ်ာ္ၿပီးသားhot chocolateႏွစ္ခြက္ကိုယူကာ စားပြဲေပၚတင္ၿပီးထိုင္ခုံတြင္ထိုင္လိုက္သည္။

အကိုကေဘစင္တြင္လက္ေဆးအၿပီး ကိတ္ပန္းကန္ႏွစ္ခ်ပ္ကိုကိုင္ကာ ဒီဘက္အလွည့္တြင္

ခလြမ္း!

ဝုန္း!

"အကို!!!!"

အကို..အကိုက ပန္းကန္ႏွစ္ခ်ပ္ႏွင့္အတူ သတိလစ္ကာၾကမ္းျပင္ေပၚသို႔လဲက်သြားသည္။ ပန္းကန္ေတြလဲကြဲကုန္သလို ကိတ္ေတြကလဲေပပြကုန္သည္။

Taehyungလဲ ၾကမ္းျပင္ေပၚတြင္လဲေနသည့္ အကို႔ကိုေပြ႕လိုက္ၿပီး စိုးရိမ္တႀကီးေခၚႏႈိးၾကည့္သည္။

"အကို! အကိုထပါဦး! ဘာျဖစ္တာလဲ အကို အကို!!
ကြၽန္ေတာ့္ကိုထားခဲ့ဖို႔ႀကံေနတာလား အကို!!!!!!!!!!!!"

Taehyung ေဆာက္တည္ရာေတြမဲ့စြာ ရင္ထဲတြင္ေျဗာင္းဆန္ေနသည္။အကိုသာထားသြားရင္ဆိုတဲ့စိတ္ထဲကအစိုင္အခဲႀကီးကလဲ ရင္ဝတြင္စို႔တက္လာခဲ့သည္။

ေဆး႐ုံကားကိုေခၚဖို႔ပင္သတိမရေတာ့ပဲ သတိလစ္ေနသည့္အကို႔ကိုေပြ႕ခ်ီကာ သူ႔ကားႏွင့္ပင္ေဆး႐ုံကိုအျမန္ေမာင္းသည္။

နယ္ၿမိဳ႕ေလးမို႔ ကားလမ္းေတြမပိတ္တာကိုပဲ ေတာ္ေသးသည္ဟုေျပာရမည္။

"အကိုဘာမွမျဖစ္ရဘူးေနာ္ ေမာင့္ကိုထားခဲ့လို႔မရဘူးေနာ္
အကိုဘာမွမျဖစ္ပါနဲ႔"

ကားေမာင္းေနရင္း မ်က္ရည္ေတြၾကားငိုယိုရင္း အကို႔ကိုမထားခဲ့ရန္တစ္ေယာက္တည္းေျပာရင္း ရင္ထဲကမာၻပ်က္ေနခဲ့သည္။

အကိုသာမရွိရင္ ေမာင္႐ူးမွာ.....

အထိန္းအကြပ္မဲ့စြာက်လာေသာမ်က္ရည္ေတြက အကိုထားခဲ့မွာေၾကာက္တဲ့သက္ေသေတြပဲေပါ့..။

အရွိန္ျမင့္စြာေမာင္းႏွင္လာေသာကားေလးက နယ္ၿမိဳ႕ေလး၏ေဆး႐ုံက်ယ္ႀကီးကိုေရာက္သည့္အခါ ကားကိုျဖစ္သလိုရပ္ထားခဲ့ၿပီး အကို႔ကိုကားထဲမွေပြ႕ခ်ီကာေခၚခဲ့ၿပီး ေဆး႐ုံထဲဝင္ခဲ့သည္။

"ဒီမွာ လူနာပါလာတယ္ ကူညီေပးၾကပါဦး!!!"

Taehyung၏အသံေၾကာင့္ ေဆး႐ုံရွိတာဝန္က်ဆရာဝန္ သူနာျပဳေတြကထြက္လာၿပီး တြန္းလွည္းကုတင္ေပၚသို႔Hoseokကိုတင္ေစၿပီး အထူးၾကပ္မတ္ေဆာင္ထဲသို႔ေခၚသြားၾကသည္။

အထူးၾကပ္မတ္ေဆာင္ထဲေရာက္သည့္အခါ Hoseokသတိျပန္ရလာခဲ့သည္။ ဆရာဝန္ႀကီးကလဲ Hoseokကသူ႔ဆီမွာျပဖူးသည့္ male pregnant လူနာမို႔သတိထားမိသြားၿပီး ဝမ္းဗိုက္ကိုအရင္စစ္ေဆးသည္။

Taehyungကေတာ့အကို႔လက္ကိုဆုပ္ကိုင္ထားကာ ငါးရံ႕ျပာလူးျဖစ္ေနခဲ့သည္။ အကိုကေတာ့ သူသက္သာပါတယ္ဆိုတဲ့မ်က္ဝန္းမ်ိဳးႏွင့္ၾကည့္ကာ ေခါင္းၿငိမ့္ျပသည္။

သို႔ေပမယ့္လဲ ရင္ထဲကအပူမီးကနည္းနည္းေလးေတာင္ေလ်ာ့မသြား။ ကေလးအေဖျဖစ္ခ်င္သည့္ ကိုယ့္ဆႏၵေၾကာင့္ အကိုကအခုလိုဒုကၡေတြေရာက္ေနရတာ။

ဆရာဝန္ႀကီးစမ္းသပ္ေနစဥ္ တစ္ေယာက္တည္းအေတြးေတြျဖင့္ဗ်ာမ်ားေနတုန္း ဆရာဝန္ႀကီး၏ေခၚသံေၾကာင့္ Taehyungအကို႔လက္ကိုဆုပ္ကိုင္ထားရင္း ေခါင္းေထာင္လာခဲ့သည္။

"ဒီဘက္က လူနာရဲ႕အမ်ိဳးသားထင္တယ္"

"ဟုတ္ပါတယ္ ကြၽန္ေတာ္ကသူ႔အမ်ိဳးသားပါ
အကိုကဘာျဖစ္တာလဲဟင္"

"လူနာက အားနည္းၿပီးသတိလစ္သြားတာပါ ေနာက္ၿပီး
ဂုဏ္ယူပါတယ္ အမ်ိဳးသားမွာကိုယ္ဝန္2ပတ္ရွိေနပါၿပီ"

"ဗ်ာ!! တကယ္ အကို အကို႔မွာကြၽန္ေတာ့္ရင္ေသြးေလးရွိေနၿပီေပါ့ေလ ဟုတ္လားေဒါက္တာ"

"ဟုတ္ကဲ့ ေနာက္ၿပီးကိုယ္ဝန္ကႏွစ္ပတ္ေလာက္ရွိေနေလာက္ၿပီထင္တယ္ အတိအက်သိရေအာင္ကultrasound႐ိုက္မွပဲရမယ္"

"ဒါဆိုရင္သားသားေလးလား မီးမီးေလးလားလဲသိရမွာေပါ့ ဟုတ္လားေဒါက္တာ"

ထိုသို႔ေျပာေတာ့ဆရာဝန္ႀကီးကရယ္ကာ

"အခုကကိုယ္ဝန္ကလႏုေသးတာမို႔ genderခြဲလို႔မရေသးပါဘူး ကိုယ္ဝန္ဘယ္ေလာက္ရွိေနၿပီလဲဆိုတာပဲသိရဦးမွာပါ"

"အိုး ေပ်ာ္လိုက္တာေဒါက္တာရယ္
အကို အကို႔မွာေမာင့္ရင္ေသြးေလးရွိေနၿပီတဲ့ အကိုသိလား"

အကိုက ၿပဳံးကာေခါင္းၿငိမ့္ျပသည္။
Taehyungကေတာ့ အ႐ူးတစ္ေယာက္လိုခုန္ေပါက္ေပ်ာ္႐ႊင္ေနခဲ့သည္။

လူ႔ေလာကထဲမေရာက္လာေသးတဲ့ သူ႔ရင္ေသြးေလးအေၾကာင္းကိုေတြးၿပီးေပ်ာ္ေနမိသည္။

"အခုလူနာကအားနည္းေနေသးတာမို႔ ဒီေဆးတစ္ပုလင္းကိုေတာ့ကုန္ေအာင္ခ်ိတ္သြားလိုက္ပါဦး"

"ဟုတ္ကဲ့ေဒါက္တာ"

"ေနာက္ၿပီး အမ်ိဳးသားကကိုယ္ဝန္ရွိေနၿပီဆိုေတာ့ေလ အရင္ကထက္ပိုၿပီးအမ်ားႀကီးဂ႐ုစိုက္ေပးပါ သဘာဝလြန္ကိုယ္ဝန္ေဆာင္ထားတာျဖစ္တဲ့အတြက္ သူမ်ားေတြထက္ႏွစ္ဆပိုပင္ပန္းႏိုင္တာမို႔ အရင္ကထက္ႏွစ္ဆေလာက္ပိုၿပီးဂ႐ုစိုက္ေပးပါ"

"အဲ့ဒါေတာ့မပူနဲ႔ေဒါက္တာ ကြၽန္ေတာ္ကအကို႔ကိုဆယ္ဆေလာက္ဂ႐ုစိုက္ေပးမွာ"

"ေကာင္းပါၿပီ လူနာကိုေဆးသြင္းၿပီးတဲ့အခါ ေဆး႐ုံကဆင္းလို႔ရၿပီေနာ္"

"ဟုတ္ကဲ့ဆရာ"

ဆရာဝန္ႀကီးေတြႏွင့္သူနာျပဳမ်ားျပန္သြားသည့္အခါ Taehyungကအကို႔လက္ကိုဆုပ္ကိုင္လ်က္ပင္

"အကို အကို ဆရာဝန္ႀကီးကေျပာသြားတယ္ အကို႔မွာကိုယ္ဝန္ႏွစ္ပတ္ေလာက္ရွိေနၿပီတဲ့"

အကိုက ၿပဳံး၍ေခါင္းၿငိမ့္ျပသည္။

"ဒါဆို အကို႔ဒီဗိုက္ေသးေသးေလးထဲမွာ ေမာင့္ကေလးေလး ေမာင့္ကေလးေလးကအသက္ရႈေနတာေပါ့ေလ ဟုတ္တယ္မလားအကို"

Taehyungအကို႔၏ဗိုက္ခ်ပ္ခ်ပ္ေလးကိုကိုင္ၿပီး ရင္ေတြခုန္ကာ ကေလးေသးေသးေလးကိုစမ္းသပ္ေနသည္။

"Daddyကေလးေလးေရ အာေညာ္
မင္းPapaက အားနည္းေနတာမို႔ ကေလးေလးက လိမ္လိမ္မာမာေလးေနေပးေနာ္ မင္းPapaနာေအာင္လဲမလုပ္ရဘူးေနာ္
Daddyကစိတ္ဆိုးမွာ မင္းPapaကေလ Daddyအတြက္ အဖိုးတန္ေလးသိလား ကေလးေလး"

Taehyungစကားၾကားေတာ့ အကိုကတခစ္ခစ္ရယ္သည္။

"ေမာင္ရယ္ ကေလးကို"

"ဟုတ္တယ္ေလ ကေလးေလးေၾကာင့္အကိုကအခုလိုျဖစ္သြားတာေလ ေမာင္ေလ႐ူးေတာ့မလိုပဲသိလား အကိုကေမာင့္ကိုထားခဲ့ၿပီထင္ေနတာ"

"အကိုက ေမာင့္ကိုထားခဲ့စရာလား"

"မသိဘူးဗ်ာ ေမာင္ေတာ္ေတာ္ေၾကာက္သြားတာ
အကိုမရွိတဲ့အနာဂတ္ဆိုတာ ေမာင္ေတြးေတာင္မေတြးရဲဘူး"

"အဲ့လိုမ်ိဳးေတြ ေမာင္မေတြးရပါဘူး အကိုကမင္းနဲ႔အၾကာႀကီးေနသြားဦးမွာ ေနာက္ၿပီးအကို႔ဗိုက္ထဲက ကေလးေလးနဲ႔ေရာေပါ့"

အကိုကသူ႔ေခါင္းကိုခပ္ဖြဖြပုတ္ၿပီး စကားေျပာသည္။

"အကို႔ရဲ႕အမ်ိဳးသားေလးကႏွာေခ်းေတြေရာ မ်က္ရည္ေတြေရာေပပြေနတာပါပဲလား"

"အကိုေနာ္ အဲ့လိုမေနာက္နဲ႔ ေမာင္ခုနကတကယ့္ကိုငါးရံ႕ျပာလူးအ႐ူးမီးဝိုင္းျဖစ္ေနခဲ့တာ"

"ဟုတ္ပါၿပီကြာ အကိုမေနာက္ေတာ့ဘူး"

"အကိုအခုခဏအိပ္လိုက္ဦးေနာ္ ေဆးသြင္းၿပီးတဲ့အခါေမာင္ႏႈိးေပးမယ္ ေမာင္အခု မ်က္ႏွာသြားသစ္လိုက္ဦးမယ္"

"ဟုတ္ၿပီ ေမာင္"

Taehyungမသြားခင္ အကို႔နဖူးျပင္ကိုျမတ္ျမတ္ႏိုးႏိုးနမ္းရႈိက္လိုက္သည္။ အကိုပင္ပန္းသြားရၿပီေလ.....

အကိုအသက္ရွဴသံမွန္မွန္ေလးနဲ႔အိပ္ေပ်ာ္သြားမွ ခုနကဆရာဝန္ႀကီးဆီကို Taehyungေနာက္တစ္ေခါက္သြားထပ္ေတြ႕သည္။

အကို႔ရဲ႕ ကိုယ္ဝန္ေဆာင္ခ်ိန္ကာလအတြင္း ေနထိုင္စားေသာက္ပုံႏွင့္ ေဆာင္ရန္ေရွာင္ရန္ေတြကိုသြားေမးသည္။
အကိုကနဂိုထဲကပိန္ပိန္ေလးမို႔ ေတာ္ေတာ္ဂ႐ုစိုက္ရမွာ။

ဆရာဝန္ႀကီးဆီကျပန္လာေတာ့ အကိုကႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနဆဲပင္။ ေဆးသြင္းထားတာကုန္သြားေပမယ့္ အကိုကအိပ္ေပ်ာ္ေနေသးတာမို႔မႏႈိးခ်င္၍ ေဆးပိုက္ကိုသာအသာျဖဳတ္လိုက္သည္။

အိပ္ေပ်ာ္ေနသည့္အကို႔လက္ကေလးကိုဆုပ္ကိုင္ကာ  မၾကာခင္လူ႔ေလာကထဲေရာက္လာေတာ့မည့္ ကေလးေလးအေၾကာင္းကိုသာ ေပါေပါသီသီေတြးေနလိုက္သည္။

ေက်းဇူးပါအကိုေရ
ကြၽန္ေတာ့္ကိုအကို႔အသက္နဲ႔ထပ္တူခ်စ္ျမတ္ႏိုးေပးလို႔....
ကြၽန္ေတာ္ကလဲအကိုနဲ႔ကေလးေလးကို အသက္နဲ႔လဲၿပီးကာကြယ္ေစာင့္ေရွာက္ေပးသြားပါ့မယ္လို႔ကတိေပးပါတယ္....

အခ်စ္ေတြနဲ႔ျပည့္ႏွက္ေနသည့္အသိုက္အၿမဳံေလးထဲ
ေနာက္ထပ္သံေယာဇဥ္တိုးစရာဆည္းလည္းေလးကလဲ
ထပ္ေရာက္လာၿပီေလ....

ေအာ္ ခ်စ္ရဦးမွာေပါ့.......

__________လြမ္းပုံျပင္ ___________

အကို႔ဗိုက္ထဲ ကြၽန္ေတာ့္ရင္ေသြးရွိတာသိရတဲ့ေန႔ကစလို႔ အလုပ္ဟူသမွ်ကြၽန္ေတာ္အကုန္လုပ္သည္။ စီးပြားလဲရွာသလို အကို႔ကိုဂ႐ုစိုက္ေပးသည့္ ဝတၱရားကလဲတစ္ေန႔မွမျပတ္ခဲ့ေပ။

အေလးအပင္ဆိုရင္ အကိုသုတ္မယ့္တစ္ရွဴးကိုေတာင္မယူေစပဲသူကိုယ္တိုင္သုတ္ေပးသည္။
ဟင္းခ်က္လဲသူျဖစ္သလို ေဈးဝယ္လဲသူပါပဲ။
အဝတ္ေလွ်ာ္တာလဲသူျဖစ္သလို လွမ္းေတာ့လဲသူပါပဲ။

ႏွင္းဆီပန္းေတြစိုက္တယ္။
ပန္းေတြရလာတဲ့အခါ ေဈးထဲတြင္ျပန္သြင္းသည္။
အရင္လိုထိုင္ေရာင္းေနလို႔မရ အကို႔မွာကရင္ေသြးေလးနဲ႔ေလ။

အကိုက ကေလးေလးကိုဂ႐ုစိုက္တယ္။
ကြၽန္ေတာ္က ကေလးေလးရဲ႕အကို႔ကိုဂ႐ုစိုက္တယ္။
အရာအားလုံးကထပ္တူကိုက်လို႔.....

မနက္အိပ္ရာႏိုးရင္ အကို႔အတြက္မ်က္ႏွာသစ္ေပးသလို
မနက္စာကိုလဲေသခ်ာဂ႐ုစိုက္ေကြၽးသည္။

ေန႔လည္ဘက္အကိုက ကိုယ္ဝန္ေဆာင္သည္ေတြလိုက္နာရမည့္လမ္းၫႊန္စာအုပ္ေတြဖတ္သည္။ေန႔ခင္းေန႔လည္ တေရးတေမာအိပ္ခ်ိန္ အကို႔ကိုေခ်ာ့သိပ္ရတာလဲ ဘဝရဲ႕ေပ်ာ္႐ႊင္မႈေတြေပါ့....

ညေနဘက္ဆိုရင္ေတာ့ အကိုစိုက္ပ်ိဳးထားခဲ့သည့္ၿခံထဲကႏွင္းဆီပင္ေတြၾကား အကို႔လက္ကေလးကိုက္ိုင္ကာ ေတာင္ေပၚေဒသေလး၏ေနဝင္ခ်ိန္ကိုခံစားၿပီး လမ္းေလွ်ာက္သည္။

ညအိပ္ရာဝင္ခါနီး အကို႔ဗိုက္ထဲက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ကေလးေလးအတြက္ ကေလးသီခ်င္းေလးေတြဖြင့္သည္။ အိပ္ရာဝင္ပုံျပင္ေလးေတြ ဖတ္ျပသည္။

ဖတ္ျပတာကကေလးကိုဆိုေပမယ့္ ေမာင့္ကေလးေလးကေတာ့ပုံျပင္မဆုံးခင္ ရင္ခြင္ထဲမွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္သြားတာခ်ည္းပါပဲ....

အကိုနဲ႔သာဆို အတူရွိတဲ့အခ်ိန္တိုင္းကေ႐ႊေတြပဲမို႔ ကုန္ဆုံးသြားမွာကိုသိပ္ကိုေၾကာက္မိတာပဲအကိုရာ။

ဒီေန႔ေတာ့ ညေနဘက္လမ္းေလွ်ာက္ထြက္မည့္အခ်ိန္ မိုးေလးကအုံ႔ေနတာမို႔ ေတာ္ၾကာလမ္းေလွ်ာက္ေနတုန္းမိုး႐ြာလာမွာစိုးသျဖင့္ အကို႔ကိုလမ္းမေလွ်ာက္ခိုင္းေတာ့ပါ။

အဲ့ဒီ့အစား အကိုနဲ႔အတူ ဝရန္တာမွာထြက္ထိုင္ရင္း စကားေတြေျပာျဖစ္ခဲ့ၾကသည္။အကို႔ဗိုက္ေလးကတျဖည္းျဖည္းေလးလဲပူလာခဲ့ၿပီ။

အကိုေနရထိုင္ရအဆင္ေျပေစရန္ အကို႔ကိုသူ႔ရင္ခြင္ထဲမွာထည့္ထားလိုက္ၿပီး ဗိုက္ေလးကိုပြတ္ေပးေနလိုက္သည္။

"အိုက္ဂူး ဘာလိုလိုနဲ႔ကေလးေလးေတာင္အကို႔ဗိုက္ထဲမွာေနတာ5လေတာင္ရွိေနၿပီေနာ္"

"ဟုတ္တယ္ေနာ္"

"အကို သားသားေလးလား မီးမီးေလးလားမသိခ်င္ဘူးလား"

"မသိခ်င္ပါဘူး ေမြးလာမွပဲဘာေလးေမြးမလဲရင္ခုန္ခ်င္တာ"

"ေမာင္ကသိခ်င္ေနၿပီ"

"ဘာေလးပဲျဖစ္ျဖစ္ေမာင္ကခ်စ္မွာမဟုတ္ဘူးလား"

"ခ်စ္တာေတာ့ခ်စ္မွာေပါ့အကိုကလဲ"

"ကဲပါ ခ်စ္မယ့္ဟာပဲကို အဲ့အေၾကာင္းေတြကိုစိတ္ထဲထားမေနနဲ႔"

အကိုကသူ႔ဗိုက္ကိုပြတ္ေနသည့္လက္ကိုဆြဲယူၿပီး လက္ဖမိုးေလးကိုနမ္းသည္။

"အကိုက ကိုယ္ဝန္နဲ႔မို႔ဘာမွမလုပ္ႏိုင္လို႔ အကို႔ရဲ႕ေမာင္ကအမ်ားႀကီးပင္ပန္းရၿပီ ေတာင္းပန္ပါတယ္ေနာ္ေမာင္ အကိုကေလးေလးေမြးၿပီးတဲ့အခါမွ အကိုကအလုပ္ေတြအမ်ားႀကီးလုပ္ပါ့မယ္"

"ဟာ မဟုတ္တာအကိုရာ ေမာင္ကသာအကို႔ကိုျပန္ၿပီးေတာင္းပန္ရမွာ ေမာင္က ကေလးလိုခ်င္တယ္ဆိုလို႔ အကို႔ကအရမ္းပင္ပန္းေနရတာေလ"

" ေမာင္ရွိေနတယ္ေလအကိုပင္ပန္းတယ္လို႔မခံစားရပါဘူး ေနာက္ၿပီးေမာင့္ဆႏၵေလးကိုျဖည့္ဆည္းေပးရလို႔လဲအကိုေပ်ာ္တယ္"

"ခ်စ္လိုက္တာအကိုရာ စိတ္ခ်ပါေမာင္က အကို႔ကိုေရာ ကေလးေလးကိုေရာ အမ်ားႀကီးခ်စ္ေပးၿပီး ကာကြယ္ေပးပါ့မယ္"

စကားအဆုံးHoseokၿပဳံးမိသည္။
မိဘ၊ေဆြမ်ိဳး၊အသိုင္းအဝိုင္း၊သူငယ္ခ်င္းေတြမရွိေတာ့ေပမယ့္ ဒီအမ်ိဳးသားေလးကသူ႔ကိုမ်က္ႏွာတစ္ခ်က္မငယ္ရေအာင္ထားသည္။

တစ္ေယာက္တည္းလို႔မခံစားရေအာင္အထိ အခ်စ္ေတြ ေမတၱာေတြနဲ႔လႊမ္းၿခဳံထားသည္။

သူေ႐ြးခ်ယ္ၿပီးဆုပ္ကိုင္လိုက္သည့္ လက္တစ္စုံဟာဘယ္ေသာအခါမွမမွားခဲ့သည္မို႔ ေပ်ာ္႐ႊင္ရသည္ထက္အမ်ားႀကီးပိုသည္။သူတြဲထားသည့္လက္က သူ႔ကိုဘယ္ေတာ့မွျဖဳတ္သြားမွာမဟုတ္သည့္အတြက္လဲ စိတ္ခ်ရသည္။

ဒီဘဝမွာေမာင္နဲ႔ဆုံေတြ႕ခဲ့ရတာလဲ ဘုရားေပးတဲ့ဆုလာဒ္တစ္ခုပဲ ေမာင္။ အကို ေမာင့္ကိုသိပ္ခ်စ္တယ္....

သူ႔စကားအဆုံးမွာၿပဳံးေနတဲ့အကို႔ေၾကာင့္ Taehyungအကို႔မ်က္ႏွာေလးကိုဆြဲလွည့္ကာနဖူးသို႔ ျမတ္ျမတ္ႏိုးႏိုးနမ္းလိုက္သည္။

ဒီဘဝမွာ အကို႔ခင္ပြန္းျဖစ္ခြင့္ရတာ ကြၽန္ေတာ္သိပ္ကံေကာင္းတာပဲအကို။ ေမာင္ေလ..အကို႔ကိုသိပ္ခ်စ္တာ...

ဆက္ရန္>>>
29.7.2022

Continue Reading

You'll Also Like

774K 28.7K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
284K 8.5K 93
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
42.4K 3.1K 27
For Youth Uni+zg အဖိုးကြောင့် လက်ထပ်လိုက်ရပီ မပျော်ခဲ့ရတဲ့ အိမ်ထောင်ရေးတစ်ခု အမှတ်တမဲ့ကနေ အရမ်းချစ်မိသွားချိန် ပြန်ဆုံနိုင်ပါ့မလား??? အတ္တတွေ ခဝါချလ...
461K 31.4K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...