စွဲမက်ဖွယ်ကောင်းသော မိန်းမပျိ...
By PyaeNway
247K 24.2K 362
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်... More
Description
1. မီးထဲတွင် ပြန်လည်မွေးဖွားခြင်း
2. စိတ်ထားယုတ်ညံတဲ့ အဒေါ်
3. ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
4. အိမ်ဟောင်းရှိ လျှိုဝှက်ချက်များ
5. ဇီတန်ဥယျာဥ်မှ သူခိုး
6. ယုတ်ညံသောအစေခံကို အပြစ်ပေးခြင်း
7. သစ်ခွလက်ဆောင်ပေးဖို့ အစီအစဥ်ဆွဲခြင်း
8. မြို့တော်သို့ မောင်းနှင်လာခြင်း
9. မြို့တော်တံခါးတွင် ခိုက်ရန်ဖြစ်ပွားခြင်း
10. ကြောင်သူတော်ယောင်ဆောင်သော အမကို အနိုင်ယူခြင်း
11. မို့ဟွာဝမ်အား နှုတ်ဆက်ဂါရဝပြုခြင်း
12. အဒေါ်ဖန်၏အကြောင်းကို ဖော်ထုတ်ခြင်း
13. လိဟွာဥယျာဥ်​တွင် အဒေါ်ဖန်၏ ကာကွယ်ပြောဆိုခြင်း
14. ရန်သူများ ထပ်မံတွေ့ဆုံခြင်း
15. မိုရွှမ်မင် ငြင်းပယ်ခံရသည်
16. ချင်ဝေ့ဥယျာဥ်၌ ညီနှမများကြား တိုက်ပွဲ
17. ဗိုလ်ချုပ်အိမ်တော်တွင် ဝမ်းကွဲများ တွေ့ဆုံကြခြင်း
18 . ပိုင်ရီဟောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
19 . တွေ့ဆုံသည်
20 . အပေးအယူ
21. ညီအစ်မနှစ်ယောက် ရန်ဖြစ်ရင်း အပြစ်ပေးခံရတယ်
22. အဒေါ်ဖန်က လှည့်ကွက်တွေ ထပ်သုံးပြန်တယ်
23. စာအုပ်ဟောင်းရှိ မှတ်စုများ
24. ထူးဆန်းသော ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်း
25. ဗုဒ္ဓခန်းမတွင် မိတ်ဟောင်းဆွေဟောင်းနဲ့ တွေ့ဆုံခြင်း
26 . ဗိမာန်တော်ရှိ လူယုတ်မာ ဇာတ်ကွက်များ
27. သူမ၏ဖျားနာမှုကိုအသုံးချ၍ ကြံစည်ခြင်း
28. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (1)
29. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (2)
30. မို့ရွှီတုန်းက ဝင်ရောက်နှောက်ယှက်သည် ။
32. မိသားစုဓလေ့ထုံးစံများ (1)
33. မိသားစုဓလေ့ထုံးစံများ (2)
34 . ဖခင်၏အမွေကို စီစဉ်ကူညီပေးခြင်း။
35. တော်ဝင်မင်းသမီး မင်ဇူး
36. မို့ရွှမ်မင် ဖျားနာဟန်ဆောင်သည်
37. မို့ရွှမ်မင်၏ကြံစည်မှုကို ဖျက်ဆီးခြင်း
38. နောက်ကွယ်က လှည့်ကွက်
39. အကြံအစည်ကို ပြောင်းပြန်လှန်ခြင်း
40 . အမေနဲ့သမီနှစ်ယောက်က ဖုချင်ဥယျာဥ်တွင် ထပ်ကြံစည်ပြန်သည်
41. ပန်းလေးမြတ်ပွဲ
42. သခင်မလေး လင်းမင်ရန်
43 . တရားဝင်သမီး
44. နတ်ဆိုးဆန်ပြီး လတစ်စင်းကဲသို့ လှပသောအမျိုးသားနှစ်ဦး
45 . ယုရန်ချန်၏ အမျက်ဒေါ်သ
46. ပြိုင်ပွဲ
47 . ပန်းလေးမြတ်ပွဲ၌ ဧကရီ
48 .တော်ဝင်မင်းသမီးသည် အတိတ်ကို ပြန်အမှတ်ရသောအခါ ဒေါသကြီးလာသည်
49. ဒါအားလုံးဟာ ဥပဒေတစ်ခုပါပဲ
50 . မို့ရွှမ်မင်၏ သရုပ်မှန်
51. နန်းတော်၌ တစ်ညတာ ကုန်ဆုံးခြင်း
52. မို့ရွှမ်မင်၏ မြင့်မြတ်သောအိပ်မက်များအဆုံးသတ်ခြင်း
53. မို့ရွှမ်မင်၏ စုတ်ပြဲနေသော ဂုဏ်သိက္ခာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့သည်
54. သခင်မရွှီ
55. နန်းတော်မှ တစ်စုံတစ်ယောက်၏ မထင်မှတ်ထားသော အသွင်အပြင်
56. လျှို့ဝှက်ဆန်းကြယ်ပြီး လူဆိတ်ညံနေသော ခြံဝင်း
57. ဧကရီသည် မင်းသားရှောင်ထံ အလှတရားများ ပေးပို့သည်
58. ဧကရီ၏ အစီအစဥ်
59. ထိုအဝတ်အစားများနှင့် ပြဿနာ
60. အောင်သွယ်တော် မို့ရွှီတုန်း
61. သခင်ယု
62. ယုမိသားစု၏ အကြံ
63. ရန်သူများ တွေ့ဆုံခြင်း
64 . အတိတ်၏မုန်းတီးမှုနှင့် ယနေ့မုန်းတီးမှု
65. တန်ပြန်တိုက်ခိုက်မှု
66. စိတ်အနှောက်အယှက်ဖြစ်စေသော မင်းသာရှောင်
67. ရန်ယင်းကုက သူမကို ရင်းနှီးဖို့ကြိုးစားတယ်
68. အဖေနှင့်ဒုတိယဦးလေးကြား သဘောတူညီချက်
69. ပိုင်ရီဟောက်၏ အစီအစဥ်
70. မိုဟယ်၏ စိတ်ခံစားချက်များကို အသုံးချခြင်း
71. ချင်းကို လေ့လာရန် ဖိအားပေးသည်
72. သခင်မအိုကြီးမို ပြန်ရောက်လာပြီ
73. ဘက်လိုက်သော သခင်မကြီး
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
75. ယုတ္တိမရှိသော ယုစီလုံ ကို နှင်ထုတ်ခြင်း
76. မင်းသားရှောင်သည် သူ့ချစ်သူနှင့် ညအချိန်တွင် တွေ့ဆုံသည်
77. ကိုယ်လုပ်တော်သမီးများက ဒုက္ခဖြစ်စေသည်
78. မို့ရွှမ်ချောင် ထိမှန်သွားသည်
79. အခြားအစီအစဉ်ဖြင့် သွားခြင်း
80. ဇီးပွင့်သစ်တောတွင် မင်းသားရှောင် နှင့် ထပ်မံတွေ့ဆုံသည်
81. မင်းသားရှောင်က အကြွေးပြန်ဆပ်ဖို့ တောင်းဆိုတယ်
82. မို့ရွှမ်မင်၏ အရန်အစီအစဉ်
83. မို့အိမ်တော်၏ အတွင်းရင်ပြင်တွင် ပြဿနာတက်ခြင်း
84. မို့ရွှမ်မင်က သနားဟန်ဆောင်သည်
85. မို့ရွှမ်မင်၏ အဆိပ်ကို ဖော်ထုတ်ခြင်း
86. မို့ရွှီတုန်းကို ပြစ်ဒဏ်ပေးခြင်း
87. မနာလိုသော ဝမ်းကွဲ ရန်ယင်းကု
88. စာကြည့်ဆောင်အတွင်း မနာလိုသောအမျိုးသမီးနှစ်ဦး
89. ငါ မင်းကို တက်ဖို့ ကူညီပေးမယ်
90. မို့အိမ်တော်ကို မီးရှို့သည်
91. မင်းသားရှောင်က မီးလောင်ကျွမ်းမှုကို စောင့်ကြည့်သည်
92. မို့ဟွာဝမ်ကို ရာထူးတိုးမြှင့်ပေးခြင်း
93. အဒေါ်ဖန်က သူမ၏ကိုယ်ဝန်ကို ကြေငြာလိုက်တယ်
94. မို့ရွှီတုန်း မူးမေ့လဲခြင်း
95. မို့ရွှီတုန်းသည် အသက်ရှင်လိုသောဆန္ဒကို ဆုံးရှုံးသည်
96. ပိုင်ရီဟောက် ရောက်ရှိလာခြင်း
97. မင်းသားချူးက မင်းသားရှောင် အ်ိမ်တော်သိို့ အလည်ပတ်ရောက်လာသည်
98. ဆယ်မိုင်ကြာပန်းများနှင့် မယုံနိုင်စရာမြင်ကွင်း
99. မို့ရွှီတုန်းရဲ့ နှလုံးသားထဲကကြိုးထုံး
100. ည၌ သီးသန့် စကားဝိုင်း
101. လိဟွာဥယျာဉ်ရှိ မိခင်နှင့်သမီးကြားရှိ အစီအစဉ်
102. အစီအစဥ် ပေါ်လာသည်
103. ပြန်လမ်းမရှိသော မိုဟယ်
104. ချင်းလျံ ဘုရားကျောင်းသို့ခရီးစဉ်
105. ဘုရားကျောင်းထဲမှာ မို့ရွှီတုန်းက ​​အစီအစဥ်တစ်ခုနဲ့ ပိတ်မိသွားတယ်
106. ယုစီလုံ၏ ရှုံးနိမ့်မှုအတွက် အပြစ်တင်ခံရခြင်း
107. မိုက်မဲသော အစီအစဉ်
108. ယုစီလုံ၏ မကောင်းတဲ့ဆန္ဒ
109. သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမည့် နေရာကောင်း
110. ယုစီလုံ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်
111. တော်ဝင်မင်းသမီး ရုတ်တရက် ပေါ်လာပြီး ကူညီပေးသည်
112. ချင်းလျံဘုရားကျောင်းမှ ဇီးပွင့်များ၏ ရနံ့
113. မို့ရွီတုန်းကို တဖန် ဆန့်ကျင်ရန် ကြံစည်သော ခေါင်းမာသည့် သခင်မယု
114 . အခြားသူများကို အပုပ်ချရန် ကြိုးစားသောသူများ၏ ကံတရား
115. ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု
116. လျှို့ဝှက်ဆန်းကြယ်သော မို့ရွှီတုန်း၏ ပန်းထိုးဆိုင်
117. အဒေါ်ရဲ့ ချစ်စဖွယ်လုပ်ထားတဲ့ အိတ်နဲ့ ကျောက်စိမ်း
118. မို့ရွှမ်မင်၏ နောက်ထပ် ဆိုးရွားသော ဇာတ်ကွက်
119. နောက်ထပ်ဖြစ်ရပ်တစ်ခု
120. နောက်ထပ်ဖြစ်ရပ်တစ်ခု(2)
121. ချင်ဝေ့ဥယျာဥ်တွင် အဒေါ်ဖန်၏ ကလေးဆုံးရှုံးခြင်း
122.ပန်းကြာပန်းကို ခေါင်းအုံးအောက်တွင် တွေ့ရှိခဲ့တယ်
123. ဆိုးညစ်သောသားအမိသုံးယောက်က မို့ရွှီတုန်းကိုနှင်ထုတ်သည်
124.အမျိုးသမီးများ၏နှလုံးသားများက အရက်စက်ဆုံးဖြစ်သည်
125. အဒေါ်ဖန်သည် သူမ၏ မကောင်းမှုများအတွက် ပေးဆပ်ခဲ့ပြီး သူမ၏အဆင့်အတန်းကို ဆုံးရှ
126. အေးစက်ပြီး မှောင်မိုက်နေသော မိုအိမ်တော်၏ နှက်သစ်ကူးအကြို
127. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (1)
128. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (2)
129. တင်အိမ်တော်၏ အလှလေး
130. အမျိုးသမီးဂျင်၏ ဓားသွား ဆံညှပ်
131. တစ်ဦးစီသည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ ရှိသည်
132 . နှစ်သစ်ကူးအကြိုညတွင် မင်းသားရှောင် လုပ်ကြံခံရမှု
133. သီးသန့် တွေ့ဆုံပြီး အကြံစည်များချမှတ်ခြင်း
134. မို့ရွှမ်မင်သည် သူ့ညီမကို ကြံစည်ရန် သနားဟန်ဆောင်သည်
135. ရှန်းမင် မျှော်စင်တွင် အားလုံးစုဝေကြခြင်း
136. ကစားပွဲကောင်းများ တစ်ခုပြီးတစ်ခု
137 . မို့ရွီတုန်းသည် အမှောင်ထဲတွင် ခိုးကြောင်ခိုးဝှက်ကြည့်သည်
138. ဖန်ယုလန် ဒဏ်ရာရပြီး ကုသမူခံယူခဲ့ရသည်
139. စစ်ဝန်ကြီးအိမ်က မိုရွှမ်မင်ကို လက်ထပ်ဖို့ တောင်းရမ်းသည်
140. အဖေနဲ့သမီးကြားက အချိုးအကွေ့
141. စာကြည့်ဆောင်တွင် လှပသောမြွေက အသနားခံခြင်း
142.အားကိုးမရသော ကောလဟာလ
143. စီမာလင်းရန်၏အခြားအမျိုးသမီး
144. ဒေါ်သထွက်ဖို့ကောင်းသော သခင်လေးလိယွီမို
145. မို့ရွှမ်မင် အရိုက်ခံရသည်
146. ယုရန်ချန်ရဲ့ ကံဆိုးမှု
147. စီမာလင်းရန် မြို့တော်သို့ အမြန်ပြန်လာရခြင်း
148 . ကြီးမြတ်သောအိမ်တော်ကြီး လေးခု၏ ဒုက္ခ
149. လန်ချိလု မို့အိမ်တော်သို့ဝင်ရောက်လာခြင်း
150. အသရေပျက်ခြင်း
151. သူမ၏အဒေါ် ဘယ်လိုမှမဖြစ်လာနိုင်ဘူး
152. နန်းတော်တွင် တိုက်မိခြင်း
153. ထူးခြားသောနည်းလမ်းများဖြင့် မို့ရွှမ်မင် နန်းတော်ထဲသို့ ဝင်ရောက်ခြင်း
154.ဘယ်သူက အိမ်ရှေ့စံ ဖြစ်လာနိုင်သလဲ
155. စိတ်အနှောက်အယှက်ဖြစ်စေသော သူ
156. ယုရန်ချန်သည် မို့ရွှီတုန်းကို ခြိမ်းခြောက်သော်လည်း သူသာလျှင် အရှက်ကွဲခဲ့သည်
157 . ဧကရာဇ်ကိုယ်လုပ်တော်များကြား ပြိုင်ဆိုင်မှု
158. ခမ်းနားထည်ဝါသော ဝတ်စုံပေါ်ရှိ လိပ်ပြာနှစ်ကောင်
159. ဧည့်ခံပွဲ၌ အချစ်ကဗျာ
160. နန်းတော်ရှိ အိမ်အကူ၏ လျှို့ဝှက်သတင်းစကား
161. အချစ်ကဗျာကို ဘယ်သူရေးခဲ့သလဲ နှင့် နောက်ကွယ်က လျှို့ဝှက်ဆက်ဆံရေးကို ရှာဖွေခြ
162 . ပွဲအပြီးတွင် ဒုက္ခတွင်းပိတ်မိနေခြင်း
163 . အမှောင်ထဲရွိ သိမ်မွေ့သောထောင်ချောက်
164. ဇာတ်လမ်းကြည့်ရန် နေရာကောင်းတစ်ခု
165. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
166. ယုမင်ရုံ၏ အဖုအထစ်များ
167. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
168. အမှုကို ဦးဆောင်နေသောသူသည် မည်သူနည်း
169. စိတ်ဝင်စားစရာကောင်းသော ပွဲ
170. မင်ဇူးနန်းတော်တွင် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်
171. တော်ဝင်ညီအစ်ကိုများ
172. နောက်ကလိုက်လာတဲ့ အလှလေး
173.နာကြည်းမှု
174. နန်းတော်အပြင်ဘက်တွင် ပြန်ပေးဆွဲခြင်း
175. ရထားပြေးခြင်းနှင့် ဘဝ၏သေခြင်းရှင်ကြား ရုန်းကန်ခြင်း
176 . အမှိုက်စုံတွဲ
177. ပိုမိုနက်ရှိုင်းသောခံစားချက်နှင့် ရှုပ်ယှက်ခတ်မှု
178. ထိုပရမ်းပတာသည် မည်သူအတွက် အကျိုးရှိသနည်း
179. ချန်မြို့စားကတော်သည် တိုက်ပွဲစတင်ရန် ရောက်ရှိလာခဲ့သည်
180. မြို့စားကတော်သည် အိမ်သို့ ရှက်စိတ်ဖြင့် ပြန်သွားရသည်
181.ဆိုးညစ်သော အလှတရားက သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်စေခြင်းဖြင့် ပြောင်မြောက်သောလှည
182 . ချင်ဝေ့ ဥယျာဉ်ရှိ နောက်ထပ် မြှောက်ပင့်ပွဲ
183.လက်ဝတ်ရတနာတွေ အများကြီးရှိခဲ့တယ်
184. သူတို့၏ ကိုယ်ပိုင် အစီအစဉ်
185. အချစ်၏သင်္ကေတ
31. အဒေါ်ကိုအပြစ်တင်သည်
2K 214 2
By PyaeNway
ခြံနောက်ဘက်တွင် တစ်စုံတစ်ခု အမှန်တကယ်ဖြစ်ပျက်ခဲ့သည်။ အိမ်အကူအနည်းငယ်သည် ရှန်းယိ မလှုပ်အယှက်​ဖြစ်နေသည်ကိုသိသောအခါ စစ်ဆေးရန်သွားကြသည်။ သို့သော် တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် လေထဲတွင် ကြိုးဆွဲချထားသည့် အဖြူရောင်ရုပ်ပုံသဏ္ဍာန်ကို တွေ့လိုက်ရသည်။
သူတို့သည် အော်ဟစ်ပြီး အပြင်ထွက်ပြေးကြတယ်။ ရဲရင့်သောအစေခံအချို့သည် ကြိုးများကို ပြန်ဖျက်ရန် လာခဲ့ကြသော်လည်း ရှန်ယိသည်အချိန်အတော်ကြာကတည်းကပင် သေဆုံးသွားခဲ့ပြီး သူမ၏ခန္ဓာကိုယ် တောင့်တင်းနေခဲ့သည် ။
မိခင်ရှုက မို့ဟွာဝမ်ကို သတင်းပို့ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါတယ်။ မို့ရွှီတုန်း၏ ချင်ဝေ့ဥယျာဉ်အတွင်း၌ တစ်စုံတစ်ဦးသေဆုံးသွားခဲ့သည်။ ဤအိမ်အကူသည် မိုဟွာဝမ် ရှာဖွေနေသူတစ်ဦးလည်းဖြစ်သည်။ သူ့အမူအရာက ချက်ချင်းပြောင်းသွားပြီး တိတ်တိတ်လေး ထရပ်လိုက်တယ်။
"သခင်ကြီး၊ ဒါကို ရှန်းယိရဲ့ ကိုယ်ပေါ်မှာ ရှာတွေ့ခဲ့တယ်။"
အစေခံက တုန်လှုပ်ချောက်ချားစွာဖြင့် စာတစ်စောင် ပေးလိုက်သည်။ မို့ဟွာဝမ်က လေးနက်သော အမူအရာဖြင့် ဖွင့်ဟသည်။ သူဖတ်လိုက်တဲ့အခါ သူ့အမူအရာက ပိုနက်မှောင်လာတယ်။
ရှန်းယိ ​သေသွားပြီလား။ မို့ရွှီတုန်း အံ့သြသွားသည်။ ရှန်းယိသည် မိမိကိုယ်မိမိ သတ်သေခဲ့ကြောင်း သူမ မယုံခဲ့ပေ။ သူမသည် ဘေးနားရှိ မို့ရွှမ်မင် ကို စိုက်ကြည့်လိုက်သောအခါ မို့ရွှမ်မင်၏ မျက်လုံးများတွင် ကျေနပ်မှု အရိပ်အယောင်ကို တွေ့လိုက်ရသည်။
ဒါကို မို့ရွှမ်မင်လုပ်ခဲ့တာလား။ သူမရဲ့ လက်တွေက ချင်ဝေ့ဥယျာဥ်အထိတောင် ဆန့်နိုင်တယ်လား ။ သူမ တစ်ခုခု ပျောက်ဆုံးနေသလား။
"ရှန်းယိက သတ်သေသွားပြီး သူ့မိသားစုကို လာခေါ်ဖို့ အကြောင်းကြားထားလိုက်ပါ" မို့ဟွာဝမ်သည် စာကိုဖတ်ပြီး လက်ကိုဝှေ့ယမ်းကာ ကျွန်များအား ထွက်သွားရန် အမိန့်ပေးခဲ့သည်။
"ဟုတ်ကဲ့။" ကျွန်​များက ကမန်းကတန်း ထွက်​သွားတယ်​။
"အဖေ၊ ရှန်းယိက သမီးအိမ်ဝင်းထဲမှာ သတ်သေလိုက်တာ။ " မို့ရွှီတုန်းက အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။
"ကောင်းပြီ၊ သမီးနဲ့ဘာမှမဆိုင်ဘူး။ သူ အရှက်ကွဲပြီး အပြစ်ပေးခံရမှာကို ကြောက်နေလို့ ဒီလိုလုပ်တာဖြစ်မယ် "
မို့ဟွာဝမ်သည် မို့ရွှီတုန်း၏ ဆံပင်များကို စူးစူးဝါးဝါး ပွတ်သပ်လိုက်သည်။ သူ့အမူအရာက လေးနက်တယ်။ ဤမျှ တိုက်ဆိုင်မှုမျိုး မည်သို့ဖြစ်နိုင်မည်နည်း။
"ဖေဖေ ဒါဆို ဒီကိစ္စ........ဒါဆို သက်သေမရှိဘူးလား"
မို့ရွှမ်မင်သည် ဘေးနားတွင်ထိုင်ကာ လက်ကိုင်ပုဝါကို လှန်လိုက်ကာ မျက်ရည်စများ တဖန်ပြန်ထွက်လာသည်။ သူမသည် လုံးဝမှားယွင်းဟန်ဆောင်ကာ မို့ရွှီတုန်း ရှေ့မှာ စကားပြောဆိုရန် တိုက်ပွဲဝင်ရမည်ဟု သဘာဝကျကျ သိထားသည်။ မို့ရွှီတုန်းသည် သူမ၏အကြံအစည်များကို နောက်တစ်ကြိမ် ဖျက်ဆီးမည်ကို သူမ ကြောက်သည်။
"မင်အာ၊ ဒီကာလအတွင်း အပြင်မထွက်ပါနဲ့၊ အိမ်မှာနေပြီး အမျိုးသမီးတွေအတွက် သွန်သင်ချက်အချို့ကို ဖတ်ပါ။"
မိုဟွာဝမ်သည် သူမ မည်မျှ ဝမ်းနည်းပြီး အားကိုးရာမဲ့နေသည်ကို မြင်သောအခါမို့ရွှမ်မင်ကို ယုံကြည်သွားခဲ့ပြီး သူ့ကို နစ်သိမ့်ပေးတယ်။
မင်အာ၏ အပြစ်ကင်းကြောင်း သက်သေပြနိုင်သည့် တစ်ဦးသောလူမှာ သေဆုံးသွားခဲ့သည်။ မို့ဟွာဝမ်သည် အတန်ကြာပြီးနောက် အဆိုးမြင်သော ကောလာဟလများ ပျောက်ကွယ်သွားလိမ့်မည်ဟုသာ မျှော်လင့်နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာ စီမာလင်းရန်သည် မင်အာ ကို သက်သေမပြနိုင်ပါ
"ဟုတ်ကဲ့ အဖေ "
မို့ရွှမ်မင်သည် သူမ၏ မျက်လုံးထောင့်များကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပြီး သူမသည် မို့ရွှီတုန်းကို မှုန်ကုပ်ကုပ် ကြည့်လိုက်သည်။
မို့ရွှီတုန်းက သူ့ကိုယ်သူ အေးစက်စွာ ပြုံးလိုက်သည်။ မို့ရွှမ်မင်က ဒါကို ဒီအတိုင်း ကျော်ဖြတ်နိုင်မယ်လို့ ထင််တယ်ပေါ် ၊ သူမက လှည့်ကြည့်ကာ မို့ဟွာဝမ်ကို ညင်သာစွာပြောသည်
"အဖေ၊ ရှန်းယိက အရင်အဒေါ်ဘက်က တတိယတန်းစား အိမ်အကူပါ။ သူမက သမီးရဲ့ချင်ဝေ့ဥယျာဉ်မှာနေတာ ရက်အနည်းငယ်ပဲရှိပါသေးတယ်။ အဒေါ်ရဲ့ လိဟွာဥယျာဥ်မှာ သူ့ပစ္စည်းတွေ အများကြီးရှိပါသေးသည်။ သူမက တော်တော်သနားဖို့ကောင်းတာပဲ!"
မို့ရွီတုန်း က ဝမ်းနည်းနေပုံရပြီးဆက်ပြောသည် ။ "သူသမီးနဲ့ ရက်​အနည်းငယ်​ပဲရှိ​နေ​ပေမယ့်​ အဒေါ်ဖန်နဲ့တော့ အချိန်​အတန်​ကြာ​ရှိခဲ့ဖူးတာပဲ"
ရှန်းယိ၏သခင်မသည် အဒေါ်ဖန် ဖြစ်နိုင်သည်ဟု သူမပြောနေသည်။ ထိုအရာများသည် တစ်ပတ်ပြန်လည်သွားသည်ကို မို့ရွှမ်မင် သိသည်။ သူမ၏ ညစ်ညမ်းသောအမူအရာသည် အေးခဲသွားပြီး သူမမျက်နှာ ဖြူဖျော့သွားသည်။
သူမသည် အခြေနေမှ ရုန်းထွက်ရန်သာ ဆန္ဒရှိခဲ့သော်လည်း မို့ရွှီတုန်းသည် အဒေါ်ဖန်အား အပြစ်ဖို့ရန်အတွက် ရှန်းယိ၏အထောက်အထားကို အသုံးပြုလိမ့်မည်ဟု မျှော်လင့်မထားပေ။
"မင်အာ၊သူက အဒေါ်ဖန်ဘက်က တတိယတန်းစား အိမ်အကူလား"
မို့ဟွာဝမ်သည် မို့ရွှမ်မင်၏ ထူးဆန်းသော အပြုအမူကို သတိမထားမိပေ။ သူ့အမူအရာက အေးစက်သွားသည်။ တတိယတန်းစား အိမ်အကူတစ်ဦးသည် သူမ၏ ခြံဝင်းအတွင်း သန့်ရှင်းရေးအတွက်သာ တာဝန်ရှိသည်။
စီမာလင်းရန်က သူမကို ဘယ်လို သိလာတာလဲ။ စီမာလင်းရန်သည် အဒေါ်ဖန်၏ လိဟန်ဥယျာဥ်သို့ သွားရောက်လည်ပတ်ခြင်းမရှိလျှင် သူတို့မသိနိုင်ပေ ။ သိူ့သော် မြို့စားရဲ့သားက သူ့ကိုယ်လုပ်တော်ရဲ့အိမ်ဝင်းကို ဘာကြောင့်သွားတာလဲ။ အဲဒီမှာ သံသယဖြစ်စရာတစ်ခုရှိနေတယ်..
"ဖေဖေ၊ ရှန်းယိက အိမ်အကူဖြစ်ပြီး သူမဟာ ဒီမိသားစုမှာ မမွေးပေမယ့် အပြင်မှာဆိုတော့ ရံဖန်ရံခါ ထွက်သွားတတ်ပါတယ် ..."
မို့ရွှမ်မင်က ကမန်းကတန်း ပြန်ဖြေလိုက်တယ်။ ဤသည်မှာ မို့ရွှမ်မင်စဉ်းစားနိုင်သည့် တစ်ခုတည်းသော ဖြစ်နိုင်ချေရှိသော အကြောင်းပြချက်ဖြစ်သည်။ ဒီလိုအခြေအနေမျိုးမှာ သူ့အဖေရဲ့မေးခွန်းတွေကို ဘယ်လိုဖြေနိုင်မလဲ။
ရှန်းယိနှင့် စီမာလင်းရန် တို့ကို အဒေါ်ဖန်၏ ခြံဝင်းထဲတွင် အတူတူခေါ်လာသည်ဟု သူမပြောနိုင်မလား။ မို့ဟွာဝမ်သည် သူမအားယုံကြည်စေရန် သူမသည် အခြေအနေကို သပ်ရပ်စွာ ရှင်းပြသင့်သည်။
သို့သော်လည်း သူမသည် ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ဘဲ ရှန်းယိနှင့် စီမာလင်းရန်တို့ ဘာမှမဆိုင်ကြောင်းသာ ပြောခဲ့သည်။ သူမ မရှင်းပြနိုင်ခဲ့ပေ ။ ထိုအရာက သူ့ကိုယ်သူသာ စိတ်ကျေနပ်စေရန် အခက်တွေ့နေတဲ့ အခြေအနေကနေ ရုန်းထွက်လိုက်ရုံပါပဲ။
သူမသည် မိုဟွာဝမ်၏ ချစ်ခြင်းမေတ္တာကို ဆက်လက်ရရှိရန် လိုအပ်သောကြောင့် သူမသည် ယဉ်ကျေးသိမ်မွေ့ပြီး ဉာဏ်ရည်ထက်မြက်သော ရုပ်သွင်ကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ပါသည်။
"ဖေဖေ၊ ရှန်းယိရဲ့ အဖြစ်အပျက်က အဒေါ်နဲ့ ဘာမှ မဆိုင်ပါဘူး။ အဒေါ်က ခြံဝင်းထဲမှာ နှစ်အတော်ကြာ အုပ်ချုပ်နေခဲ့တာ။ ဒီလိုမျိုး ရုတ်တရက်ကြီး ဘယ်လိုဖြစ်သွားတာလဲ၊ အစ်မကြီးရော အမျိုးမထင်ဘူးလား"
မို့ရွှီတုန်း သည် မို့ရွှမ်မင်ကိုကြည့်ကာ သူမ၏သဘောတူညီချက်ကိုရှာသည်။ မို့ရွှမ်မင် သည် ညင်သာစွာ ပြုံးနေသေးသော်လည်း အတွင်းစိတ်ထဲတွင် သူမ သွားများကို မုန်းတီးစွာ ကြိတ်လိုက်ချင်သည်။
သူမ လုံ့လဝီရိယရှိရှိ တီထွင်ဖန်တီးနိုင်ခဲ့သည့် အခွင့်အရေးသည် စပင်မစသေးမီ ပျက်စီးသွားခဲ့ရသည် ။ ထိုနောက်ပိုင်းတွင် သူမရဲ့ နာမည်ဂုဏ်သတင်းနဲ့ ပတ်သက်ပြီး အရှုပ်တော်ပုံနဲ့ ပတ်သက်လာခဲ့တယ် ။ နောက်ဆုံးမှာတော့ ရှန်းယိ ဟာ အခက်အခဲများစွာနဲ့ သေဆုံးသွားခဲ့ပါတယ်။
ဒါပေမယ့် အစီအစဉ်အတိုင်းဖြစ်မလာဘူးဆိုတာကို သူမသဘောပေါက်သွားတယ်။ အဒေါ်ဖန် သည် မို့ရွှီတုန်း ၏ နောက်ဆုံးပန်းတိုင်ဖြစ်သည်။ ခြံဝင်းအတွင်း အုပ်ထိန်းရခြင်းမှာ အဒေါ်ဖန်သည် မိုဟွာဝမ်အား ရှာဖွေတွေ့ရှိရန် ခွင့်မပြုဘဲ စီမာလင်းရန်နှင့် တစ်ခုခု ပတ်သက်နိုင်သည်ဟု ဆိုလိုခြင်းလား။
မို့ရွှီတုန်း က ရက်စက်လွန်းတယ်။ ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် သူတို့သားအမိ နှစ်ယောက်သည် ဆက်တိုင်း ပြုတ်ကျနေခဲ့သည် ။ မို့ရွှမ်မင်က စိုးရိမ်ဟန်ဆောင်ပြီး အဒေါ်ဖန်အားဆက်ပြောနေသည်မို့ရွှီတုန်း၏ ပါးစပ်ကို နှုတ်ပစ်ချင်ခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ မို့ရွှီတုန်းက သူမအား ဒီကိစ္စကိုတောင် မေးခဲ့ပါတယ်။ ဒီမေးခွန်းကို သူမ ဘယ်လိုဖြေရမလဲ။
အိမ်ဝင်းအတွင်း တာဝန်ခံလုပ်သော သူ၏ ကိုယ်လုပ်တော်သည် အခြားလူနှင့် ဆက်ဆံရေး ဖြစ်နိုင်သည်ဟု ဆိုလိုနေခြင်းဖြစ်သည် ။ ကိုယ့်မိန်းမ နောက်မီးလင်းသောအဖြစ်ကို ဘယ်ယောက်ျားမဆို သည်းမခံနိုင်ဘူး။ မို့ဟွာဝမ်သည် အထောက်အထားတစ်စုံတစ်ရာမရှိလျှင်တောင် ဒေါသဖြစ်လိမ့်မည်။
"ကောင်းပြီ နှစ်ယောက်စလုံး ပြန်သွားတော့ ငါလုပ်စရာတွေ ကျန်သေးတယ်"
မို့ဟွာဝမ်သည် သူ့သမီးနှစ်ယောက်ကိုကြည့်ပြီး ပေါက်ကွဲလုမတတ် ဒေါသတွေ တဟုန်ထိုး တက်လာသည် ။ သူက မို့ရွှမ်မင် ကို သံသယမရှိတော့ပေမယ့် အခု အဒေါ်ဖန်ကို သံသယဖြစ်နေပြီ။
ဒါက တစ်စိတ်တစ်ပိုင်းအားဖြင့် မို့ရွှမ်မင်ရဲ့ နာမည်ဂုဏ်သတင်းဟာ အမြဲတမ်းကောင်းမွန်နေသည်ဟုယူဆခဲ့ခြင်းဖြစ်ပြီး အဒေါ်ဖန်လို အိမ်တော်စီမံတဲ့သူတစ်ယောက်က ယောက်ျားတစ်ယောက်နဲ့ ဆက်ဆံရနိုင်ခြေအရှိဆုံးလူလို့ ယူဆတာကြောင့်လည်း ဖြစ်ပါတယ်။
မိုဟွာဝမ် လေးနက်တဲ့အမူအရာကိုမြင်ပြီး စိတ်နေကောင်းတာမဟုတ်ဘူးဆိုတာကို သိလိုက်ချိန်မှာတော့
ကောင်မလေးနှစ်ယောက်က စကားများများမပြောရဲဘဲ စာကြည့်​ဆောင်ကနေ ထွက်လာခဲ့ပါတယ်။
"တတိယညီမ ရှန်းယိက ချင်ဝေ့ ဥယျာဉ်မှာ သေသွားပြီ။ ညီမ ဘာမှ မသိဘူးလား"
မို့ရွှမ်မင်သည် စာကြည့်ဆောင် မှထွက်ပြီးနောက် သစ်ပင်တစ်ပင်အောက်တွင် ရပ်ကာ မို့ရွှီတုန်းကို အေးစက်စွာကြည့်နေသည်။ သူမ၏မျက်လုံးများသည် ဖုံးကွယ်၍မရနိုင်သော အမုန်းတရားများဖြင့် ပြည့်နှက်နေပါသည်။ ထို ကောလာဟလတွေ ပြန့်နှံ့သွားရင် သူ့အတွက် ထိခိုက်မှု နည်းပါးသွားလိမ့်မယ်။
"အစ်မအကြီးဆုံး၊ ရှန်းယိသေဆုံးမှုနဲ့ ပတ်သက်မှုတစ်ခုခုရှိနေတယ်လို့ ဆိုလိုတာလား။ သူ့မှာအကြောင်းတစ်ခုခုရှိလို့လား"
ဒီမှာ ဘယ်သူမှမရှိဘူး၊ သူတို့အိမ်အကူနှစ်ယောက်က ခပ်ဝေးဝေးမှာရှိနေတယ်။ မို့ရွှမ်မင် ဒေါသတကြီးဖြစ်သွားတယ်။ ဒီမှာဘယ်သူမှရှိမနေဘဲ ဟန်ဆောင်နေစရာမလိုပါဘူး။ သူမက မို့ရွှီတုန်းကို ပြင်းပြင်းထန်ထန်စိုက်ကြည့်ပြီး အေးစက်စွာပြုံးသည်
"တတိယညီမ၊ မင်းကတကယ်ပါးနပ်တာပဲ၊ တို့ မင်းကို လျှော့တွက်မိတယ်"
"အစ်မကြီး၊ တို့ မင်းကို အရမ်းလေးစားတယ်။ တို့ရဲ့ ချင်ဝေ့ဥယျာဉ်က တကယ်မလုံခြုံဘူး။ အချိန်ရရင် အဖေ့ကို သတင်းပို့ရမယ်။ မဟုတ်ရင် မို့အိမ်တော်တစ်ခုလုံး ဒုက္ခရောက်သွားလိမ့်မယ်"
မို့ရွှီတုန်း၏ မျက်နှာပေါ်တွင် နေရောင်ခြည်က တောက်ပနေသည်။သူမ၏လှပသောမျက်နှာသည် သန့်ရှင်းပြီး တောက်ပနေသည်။သူမသည် ညင်သာစွာပြုံးကာ ဥယျာဉ်ရှိပန်းများထက် ပိုပွင့်လန်းနေသော ပန်းတစ်ပွင့်နှင့်တူသည်။
ထို့နောက် သူမသည် မို့ရွှမ်မင်အား ဖြတ်ကျော်ပြီး ဥယျာဉ်ထဲမှ သူမထွက်လာခဲ့သည် ။ သူမ၏နောက်တွင်၊ သူမ၏ဝတ်ရုံလက်စွပ်အောက်တွင်ဝှက်ထားသော မို့ရွှမ်မင်၏လက်များသည် တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ သူမသည် မိမိကိုယ်မိမိနာကျင်စေပြီး မို့ရွှီတုန်းကိုမထိဘဲ ငြိမ်ငြိမ်နေနိုင်ခဲ့သည်။ ဒီကိစ္စကို သူမကိုယ်တိုင် ဖုံးဖိထားမှကိုဖြစ်မည် ။
သူမသည် မို့ရွှီတုန်း ကို လုပ်ကြံခဲ့သည်ကို ဖခင်ဖြစ်သူက သိရှိပါက သူမ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုအားလုံးသည် အချည်းနှီးဖြစ်လိမ့်မည်။ သူမအရှုံးမပေးနိုင်ခဲ့ပါ။ သေချာပေါက် အရှုံးမပေးသင့်ဘူး။
မင်နိုင်ငံ၏ မြို့စားအိမ်တော်သည် ဂုဏ်သတင်းပျက်ပြားနေသော အမျိုးသမီးတစ်ဦးကို ကြိုဆိုချင်မည်မဟုတ်ပေ။ ထို့ကြောင့် အဒေါ်ဖန်သည် ယင်းအတွက် အပြစ်ကို ခံယူရမည်ဖြစ်သည်။ သူမကိုယ်သူမ နှစ်သိမ့်ခဲ့သည်။
သူမသည် မင်မြိုးစား မိသားစုတွင်လက်ထပ်ခွင့်ရပြီး ယုရန်ချန်း နှင့်လက်ထပ်လိုက်သည်နှင့် အ​ဒေါ်ဖန်သည် သူမလိုချင်သော စည်းစိမ်ဥစ္စာအားလုံးကို ရရှိနိုင်မည်ဖြစ်သည်။ သူမသည် အနာဂတ်တွင် သူမအတွက် ဖြည့်ဆည်းပေးလိမ့်မည်။ အဲဒါကို တွေးရင်းနဲ့ သူမရဲ့ လက်သီးတွေက အနည်းငယ် ပြေလျော့သွားတယ်။
သူ သူမအမေကို မကယ်တင်ချင်ခဲ့တာ မဟုတ်ပါဘူး။ အဒေါ်ဖန် ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ သူမယုံကြည်တယ်။ သူမသည် မို့ရွီတုန်း ကို လျှော့တွက်ခဲ့သည်။ သူမသည် ဤမျှလောက် ယုတ်မာမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမထင်တာထက် ပိုရက်စက်တယ်။ မို့ရွှမ်မင်နဲ့ အဒေါ်ဖန်သည် မို့ရွှီတုန်း၏တန်ပြန်လုပ်ရပ်ကို ဘာမှပြန်မခုခံနိုင်လောက်အောင် ဖြစ်ခဲ့ရသည် ။
"ပထမသခင်မလေး ၊ လိဟွာဥယျာဥ်ကို သွားရမှာလား" မိုဂျင်သည် မို့ရွမ်မင်ဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းကာ သတိထားပြီး မေးလိုက်သည်။
"ဖူချင်ဥယျာဉ်ကိုသာ ပြန်လိုက်ကြစို့"
မို့ရွှမ်မင်က အေးစက်စွာပြောသည်။ သူမလက်ထဲတွင် လက်ကိုင်ပုဝါကို ကောက်ကိုင်လိုက်ပြီး ဆုတ်ချေလိုက်သည်။ ဘာမှမသိတဲ့ အဒေါ်ဖန်ကို အကြောင်းကြားဖို့ လိဟွာဥယျာဥ်ကို အခု ဘယ်လိုသွားနိုင်မလဲ။
သူ့အဖေက လီဟွာဥယျာဉ်ကို ချက်ခြင်းသွားလိမ့်မည်ဖြစ်၍ သူမ မသွားနိုင်ဘူး။ အဒေါ်ဖန်ကို မိုဟွာဝမ် စိတ်ဆိုးသွားရင် သူမကိုယ်စား တောင်းပန်သင့်သလား။ သူသာ တောင်းပန်ခဲ့လျှင် သူအဖေက သူအားပိုစိတ်ဆိုးပြီး သံသယဝင်လာပေလိမ့်မည် ။
အကယ်၍ သူမသာ မတောင်းပန်ပေးခဲ့ဘူးဆိုလျှင် သူမသည် ရက်စက်ပြီး ဂရုမစိုက်သော ခံစားချက်ကင်းမဲ့သော သူ့အမေကိုစွန့်လွတ်သည့် သမီးတစ်ဦးဖြစ်သည်ဟု အခြားသူများက ဆိုကြလိမ့်မည်။
လူတိုင်းက သူမကို နှိမ့်ချကြလိမ့်မယ်။ သူ့အမေအတွက် တောင်းပန်ရင်ရော သူ့အဖေက သူ့ကို ဘယ်လိုမြင်မလဲ။ သူမရဲ့ ချစ်စရာကောင်းပြီး တောင့်တင်းတဲ့ ပုံရိပ်ကို သူမ ဆက်ထိန်းထားနိုင်ဦးမှာလား။
ကိစ္စတစ်ခုလုံးကို ထိုကြွက်လေး မို့ရွှီတုန်း က စီစဉ်ခဲ့ခြင်းဖြစ်သည်။ သူမဘာပဲလုပ်လုပ် သူ့အကွက်ထဲကျနေလိမ့်မယ်။ ပိုစိတ်ပျက်စရာကောင်းတာက သူမအကြောင်းစုံ သိပေမဲ့ ဘာမှလုပ်လို့မရခြင်းဖြစ်သည် ။ ဒါက မို့ရွှမ်မင် တစ်ခါမှ မဖြေရှင်းဖူးတဲ့ အရာပင် ။ သူမ ဘာမှ မရှင်းပြနိုင်ဘဲ သူမလုပ်သမျှ မှားသွားလိမ့်မယ်။ ဒီအသေးအမွှားကို သူမမခံနိုင်ရင် ပိုကြီးတဲ့အစီအစဥ်ကို လုယူသွားလိမ့်မယ်။
ဒီအချိန်မှာ ဒေါသကို ထိန်းမထားနိုင်ရင် သူမရဲ့ အနာဂတ်ကို ပျက်စီးသွားလိမ့်မည် ။ အခု ဘာမှမလုပ်ဘဲ တစ်ခုခုလုပ်လိုက်ရင် ပိုဆိုးလိမ့်မယ် ။
အဒေါ်ဖန်၏ လိဟွာဥယျာဥ်တွင် မိုဟွာဝမ်သည် ဒေါသတကြီးဖြင့် သူနှင့်အတူ လူများကို ခေါ်ဆောင်လာသည် ။ လိဟွာဥယျာဥ်မှ မည်သူတစ်ဦးတစ်ယောက်မျှ ထိုညက အဖြစ်အပျက်ကို မသိခဲ့ကြပါ။ မို့ဟွာဝမ် ဝင်လာပြီး သိပ်မကြာခင်မှာပဲ ကြွေကွဲသံတွေ ထွက်လာတာကို သိလိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ငိုယိုသံတွေ ကြားလာရတယ်။
ထို့နောက် သခင်ကြီးသည် လီဟွာဥယျာဉ်မှ လှည့်မကြည့်ဘဲ ထွက်သွားလေသည်။ သူ ဒေါသဖြစ်တယ်ဆိုတာ လူတိုင်းသိတယ်။ အဒေါ်ဖန်သည် ထိုအိမ်တော်သို့ ဝင်ရောက်လာကတည်းက သူသည် တစ်ခါမျှ ဤလောက်ဒေါသမထွက်ခဲ့ပေ။
အစေခံများအားလုံး ​ကြောက်​​လန့်နေကြသည်​။
နောက်နေ့များတွင် အဒေါ်ဖန်သည် အတွင်းခန်းကိစ္စများကို တာဝန်ယူဆောင်ရွက်ဆဲဖြစ်သော်လည်း၊ သူမသည် အပြင်းဖျားနေပြီး ခြံဝင်းကို လုံးဝဂရုမစိုက်နိုင်သည်ဟု ကြားသိရသည်။ ကိစ္စအများစုကို နန်နိလိမှ ညွှန်ကြားခဲ့သည်။
လီဟွာ ဥယျာဉ်ထဲဝင်သွားတော့ သူအားလုံးက ကြောက်ရွံ့နေကြတယ်။ ခြံဝင်းသည် ဆေးနံ့များ လွှမ်းနေသည်။
မိုဟွာဝမ်သည် တစ်ကြိမ်မျှ မသွားခဲ့ဖူးသော အဒေါ်ချင်နဲ့ အဒေါ်မိုတို့ထံသာ သွားခဲ့သည်။ မို့ရွှီတုန်း သည် ရက်အနည်းငယ်ကို သက်တောင့်သက်သာ နေခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် သူ့ကျန်းမာရေးက အလွန်ကောင်းမွန်လာခဲ့သည်။
ရေအေးစိမ်ပြီး တစ်လကျော်ကြာ နေမကောင်းဖြစ်ခဲ့သော်လည်း ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမ၏ ကုသနှုန်းကို မိုဟယ်နှင့် အခြားသူများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူမသည် နေကောင်းနေပြီး ခဏတာ ပြန်လည်သက်သာလာရန် လိုအပ်သည်။
ရာသီဥတုက ကောင်းပြီး နေကလည်း တောက်ပနေတယ်။ မိခင်ရှုသည် မိုလန် ၊ မိုဟယ်နှင့် သက်ကြီးရွယ်အို အိမ်အကူအချို့ကို မို့ရွှီတုန်း ၏အခန်းအတွင်းအပြင်မှ သန့်ရှင်းရေးလုပ်ရန် ခေါ်ဆောင်လာသည်။ အထူးသဖြင့် သူမသည် မိုယုကို နေသာနေသဖြင့် ခြံဝင်းအတွင်းရှိ သစ်ပင်အောက်တွင် နေပူဆာလုံရန် မို့ရွှီတုန်း နှင့်အတူ လိုက်ပါဖို့ တောင်းဆိုခဲ့သည်။
၎င်းတို့သည် လာမည့်ရက်အနည်းငယ်အတွင်း ဆောင်းရာသီသို့ တရားဝင်ရောက်ရှိလာမည်ဖြစ်ပြီး ထိုအချိန်တွင် အလွန်အကျွံသန့်ရှင်းရေးလုပ်ရန် အဆင်မပြေပေ။
မို့ရွှီတုန်းသည် ပျင်းရိစွာဖြင့် ကုလားထိုင်နောက်ဘက်တွင် လှဲနေလိုက်သည်။ သူ့အမေလက်ထဲမှာ တွေ့ခဲ့ရတဲ့ ဆေးစာအုပ်တစ်အုပ်ကို ဖတ်ဖို့ အာရုံစိုက်ခဲ့သည် ။ သူမသည် သူမ၏ အတိတ်ဘဝက အဆိပ်ခတ်ခံခဲ့ရပြီး ကိုယ်ဝန်မရနိုင်ခဲ့ပေ ။
စီမာလင်းရန်သည် သူမ၏ဝမ်းကွဲကို နောက်ထပ်လက်ထပ်ခွင့်ပြုရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။ ထို့နောက် ကိုယ်ဝန်ရသွားသည့်တိုင် ကလေးကို မထိန်းသိမ်းထားနိုင်တော့ပေ။
ယုအာကို ကိုယ်ဝန် ရရှိပြီးနောက် သူမသည် ဆေးစာအုပ်များကိုသာ တိတ်တဆိတ်လေ့လာခဲ့သည်။ အမေရှု နဲ့ တခြားသူတွေက သူမ စားတဲ့အစာကို အရမ်းဂရုစိုက်ပြီး ယုအာ ကို ထိန်းထားနိုင်ခဲ့တယ်။
သို့သော်လည်း မို့ရွှီတုန်းသည် အဆိပ်သင့်ဝိုင်ကို သောက်သုံးခဲ့ရပြီး သူမ၏ကလေးသည် သဘာဝမကျသော အကြောင်းများကြောင့် သေဆုံးသွားခဲ့သည်။ မို့ရွှမ်မင်နှင့် စီမာလင်းရန်တို့ ပေးသော အဆိပ်သင့်ဝိုင်ကြောင့် သူမ မသေသော်လည်း ထွက်ပြေးရန် ခွန်အားမရှိတော့ပေ ။
မောက်ပိုင်း သူမကိုယ်တိုင်နှင့် ယုအာအတွက် လက်စားချေပြီး မင်္ဂလာခန်းမကို မီးရှို့လိုက်သည်... သူမသည် ဤဘဝကို နောက်တစ်ကြိမ်ပြန်စသောအခါတွင် သူမအား မည်သူ့ကိုမျှ အဆိပ်ခတ်ရန် ခွင့်မပြုကြောင်း ကျိန်ဆိုခဲ့သည်။
"မမလေး ဒါကိုကြည့်!"
မိုလန်က အခန်းထဲကနေ အမြန်ထွက်သွားတယ်။ သူမ ရင်ဘတ်ထဲက တစ်ခုခုကို ဂရုတစိုက်ထုတ်ပြီး မို့ရွှီတုန်း ရဲ့လက်ထဲမှာ ထည့်လိုက်တယ်။
"ဒါကို ခရီးဆောင်အိတ်ထဲမှာ တွေ့တယ်။ အဲဒါ ကျူပ်တို့ပိုင်တာမဟုတ်ဘူး" ဟု တိုးတိုးလေးပြောသည်။
ထိုအရာသည် သေးငယ်သော တံဆိပ်တစ်ခုဖြစ်သည်။ ၎င်းသည် မြိုးစားအိမ်တော် ၏တံဆိပ်ဖြစ်သော စီမာလင်းရန်၏ တံဆိတ်ဖြစ်သည်။ မို့ရွှီတုန်း ၏ မျက်လုံးများ အေးစက်သွားသည်။ သူမက တံဆိပ်ကို ကြည့်လိုက်သည် ။
ထိုအရာကို စီမာလင်းရန်သည် သူသွားလေရာတိုင်း ယူဆောင်လာသော အရာဝတ္ထုတစ်ခုဖြစ်သည်။ သူမ၏ အတိတ်ဘဝကပင် သူမကို ကြည့်ရန်သာ ခွင့်ပြုခဲ့သော်လည်း သူမအား လက်ဆောင်မပေးခဲ့ဖူးပေ။ သူမသေဆုံးချိန်မှာတော့ မို့ရွှမ်မင်ရဲ့လည်ပင်းတွင် ထိုတံဆိတ်လေးကို ကြိုးဆွဲပြီး ဝတ်ထားတာကိုတွေ့ခဲ့ပါတယ်။
သူမစိတ်တွေ တုန်လှုပ်သွားကာ သူမအရာရာကို သေသေချာချာ တွေးနေမိသည်။ သူမနှင့် စီမာလင်းရန်တို့ ဆက်ဆံရေးရှိနေကြောင်း သက်သေပြရန်အတွက် ရှန်းယိက သူမအခန်းသို့ ထိုအရာအား ယူဆောင်လာခဲ့ခြင်းဖြစ်သည်ကို သူမချက်ချင်းနားလည်ခဲ့သည်။
သူမ နှလုံးသားတွေ အေးခဲသွားပြီး အခုန် မြန်ထွက်လာတယ်။ သူမ လက်ညိုးထိုးပြီး မို့လန်အား ပြင်းပြင်းထန်ထန် လောင်ကျွမ်းသွားစေသောမီးကို မီးမွှေးခိုင်းလိုက်တယ် ။
........................................................................
Translated by Chai
Continue Reading
You'll Also Like
69.8K 9.7K 73
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
150K 4.7K 44
1.6M 90.9K 49