ဇစ်ဆွဲသံ၊ခန္ဓာကိုယ်နှင့် အဝတ်အစားတို့အားပွတ်တိုက်သံ စသည့် အသံသဲ့သဲ့တို့ကြောင့် အိပ်ပျော်နေရာမှ သူနိုးထလာရသည်။နှစ်ယောက်သား အရူးအမူးချစ်ရည်လူးကြပြီးနောက် ပင်ပန်းစွာအိပ်ပျော်သွားခဲ့တာဖြစ်သည်။လုံလောက်စွာ အိပ်စက်လိုက်ရတာမို့ လူကအားအင်အပြည့်ဖြင့် အတန်ငယ် လန်းဆန်း၍နေလေသည်။မျက်ဝန်းတို့အား မှေးမှိတ်ထားရာမှ ဖြေးညှင်းစွာဖွင့်ကြည့်လိုက်တော့ မြင်ကွင်းထဲသို့ ဆိုင်းလော့ဒ်၏ကျောပြင်ကျယ်က ဉီးစွာဝင်ရောက်လို့လာလေသည်။အပေါ်ပိုင်းဗလာကျင်းဖြင့် ဂျင်းဘောင်းဘီကိုသာဝတ်ထားတာမို့ ခန္ဓာကိုယ်အလှက သတိမပြုမိပဲ မနေနိုင်။ရင်အုပ်ကျယ်သလို ကျောပြင်ကလည်းကျယ်၏။သေချာပဲ စနစ်တကျကစားထားတာလား ဒီအတိုင်း ကျန်းမာသန်စွမ်းခြင်းပေလားတော့ မသိပါ။ဆိုင်းလာ့ဒ်၏ ခန္ဓာကိုယ်အချိုးအစားက အဆီအပိုမရှိကျစ်လစ်လှသည်။အရပ်ကမြင့်သည့်အလျှောက် ခန္ဓာကိုယ်ကပါတောင့်တင်း ကြံ့ခိုင်လေသည်။
ဆိုင်းလော့ဒ်၏ ခန္ဓာကိုယ်အလှအား ငေးကောင်းကောင်းဖြင့် ငေးနေတုန်း ဆိုင်းလော့ဒ်က ပြန်လှည့်ကြည့်လာတာမို့ မျက်လုံးချင်းဆုံသွားရသည်။
"နိုးပြီလား..."
"အင်း...."
ဆိုင်းလော့ဒ်၏ အမေးအားပြန်ဖြေရင်းဖြင့် လှဲနေရာမှထကာ ကုတင်အားကျောမှီလိုက်သည်။ဆိုင်းလော့ဒ်က ချိတ်ထားသော အင်္ကျီအားဆွဲယူဝတ်နေပြီးမှ....
"ညစာဘာစားချင်လဲ မှာပေးရမှာလား အောက်ဆင်းစားမှာလား...."
"မမှာနဲ့တော့ ကိုယ်အပြင်ထွက်စားမလို့ လိုအပ်တာလေးလည်း ဝယ်ရင်းနဲ့ပေါ့.."
"အင်း...."
ရှင်းခန့်တို့က တကယ်ကိုပဲ အစီအစဥ်မရှိပဲ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ရောက်ရှိလာတာဖြစ်လေသည်။ထို့ကြောင့် အဝတ်အစားနှင့် တခြားလိုအပ်တာ နည်းနည်းပါးပါးကတော့ ထွက်ဝယ်ရအုံးမှာ ဖြစ်လေသည်။
"ခဏလေးစောင့် ကိုယ်ရေချိုးအုံးမယ်...."
ရှင်းခန့်က ပြောပြောဆိုဆိုဖြင့် ကိုယ်ပေါ်မှစောင်အား ဆွဲခွာချကာပြောသည်။
"စောင့်လို့တော့မရဘူး ကျွန်တော် ဒီညခင်ဗျားကို အဖော်လုပ်ပေးနိုင်မှာ မဟုတ်ဘူး..."
သူပြောတော့ ရှင်းခန့်က သူ့ထုံးစံအတိုင်း မျက်လုံးကြည်ကြည်လေးများဖြင့် ကြည့်လာပြီးမှ....
"ဘာဖြစ်လို့လဲ..."
"ကျွန်တော် အလုပ်ပြန်သွားရမယ်လေ..."
ထိုအခါမှ ရှင်းခန့်က မျက်ခုံးလေးပင့် ခေါင်းလေးညိတ်ကာ
"သြော် ဟုတ်သား မင်းအလုပ်ရှိသေးတာပဲ ရတယ်လေ ကိုယ်လည်း ဒီအတိုင်းတစ်ယောက်ထဲ ကြောင်တောင်တောင် ဖြစ်နေမဲ့အတူတူ မင်းအလုပ်ကိုလိုက်ခဲ့မယ်လေ သက်သက်ကြီး အဖော်လုပ်ပေးစရာ မလိုတော့ဘူးပေါ့
ရှင်းခန့်၏ ခပ်တိုးတိုးပြောသောစကားက သူ့နားထဲမှာတော့ ဒိန်းကနဲမြည်ဟည်းသွားစေသလို သူ့အားအတန်ငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ဟိုတယ်အခန်းထဲမှာ လာပြေးတွေ့ရတာကိစ္စမရှိပေမဲ့လို့ ဆိုင်အထိခေါ်သွားဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စဖြစ်သည်။အဆိုးဆုံးကတော့ ဒီညကို သူတို့သူငယ်ချင်းအုပ်စုတွေ ဆိုင်မှာဆုံကြဖို့ရှိနေတာဖြစ်လေသည်။ထို့ကြောင့် ဘယ်လိုမှကို သူတို့နှစ်ယောက်အတူတွဲရှိနေ၍ မဖြစ်ချေ။သူတို့ရဲ့ပတ်သတ်မှုကို လူပုံအလယ်အထိ ဆွဲထုတ်သွားဖို့ဆိုတာတော့ သူ့အနေဖြင့် စဥ်းတောင်မစဥ်းစားဖူးတဲ့ ကိစ္စဖြစ်သည်။မျိုးတူ လိင်တူ ယောက်ျားတစ်ယောက်နှင့် အခုလိုတိတ်တဆိတ် ပတ်သတ်မှုမျိုးမှာ ငြိနေခဲ့တာကိုတောင်မှ ကိုယ့်ကိုယ်ကို စိတ်ပျက်မိသည်။ရှောင်ဖယ်လိုခြင်း ရုန်းထွက်လိုခြင်းနှင့် ငြိတွယ်မိနေခြင်း စသည့်အစွန်းနှစ်ဖက်ကြားမှာ ဒွိဟစိတ်များဖြင့် သူပိတ်မိနေခဲ့တာဖြစ်သည်။တစ်ဖက်ကလက်လွှတ်ချင်တဲ့စိတ် တစ်ဖက်ကသာယာမှုရှာချင်စိတ်တို့ဖြင့် လွန်ဆွဲရင်း ဒီလူ့ဆီကနေ မလွတ်မြောက်နိုင်။သူ့အဖြစ်က မကောင်းမှန်းသိနေလည်း ဒီသာယာမှုကိုပဲ ဆေးစွဲသလိုစွဲနေခဲ့လေသည်။
"မဖြစ်ဘူး..."
ဆိုင်းလော့ဒ်၏ လေသံခပ်ပြတ်ပြတ်ကြောင့် ရှင်းခန့်၏ လှုပ်ရှားမှုတို့ နှေးကွေးသွားရပြီး နားမလည်နိုင်သောအကြည့်တို့ဖြင့် ထပ်မံလှည့်ကြည့်လို့လာလေသည်။
"ဘာဖြစ်လို့လဲ မင်းအလုပ်ဖျက်စရာ မလိုပါဘူး ကိုယ်ဒီအတိုင်း လိုက်ထိုင်ရုံပဲလေ..."
ရှင်းခန့်၏စကားကြောင့် ဆိုင်းလော့ဒ် မျက်နှာအားခပ်လွှဲလွှဲလုပ်ပြီးမှ...
"ဒီည ကျွန်တော့်သူငယ်ချင်းတွေ လာကြမှာ..."
အနည်းငယ်မျက်နှာပျက်ယွင်း၍ ခပ်တိုးတိုးပြောလာပါသော ဆိုင်းလော့ဒ်၏ စကားကသူ့ရင်ဘတ်ကို အရှိန်ပြင်းပြင်းဖြင့် ဝင်ဆောင့်သည်။အသက်သုံးဆယ်ကျော်အရွယ် ယောက်ျားတစ်ယောက်အဖို့ ဆိုင်းလော့ဒ်၏ဆိုလိုချင်တဲ့သဘောကို ထပ်မေးနေစရာမလိုပေ။ဆိုင်းလော့ဒ်လို လူအတွက် သူတို့ကြားက ပတ်သတ်မှုဟာ လူသိမခံချင်စရာ ဝန်လေးစွာဖြင့်ဖုံးကွယ်ထားချင်စရာ ဖြစ်နေခဲ့သည်။ဒီပတ်သတ်မှုဟာ ဘယ်အတိုင်းအတာအထိ ခရီးပေါက်မလဲ။ တစ်လ နှစ်လ သုံးလ ဒါမှမဟုတ် တစ်နှစ်လား။သူမသေချာပါ။ဆိုင်းလော့ဒ်ဟာ သူ့ကိုဘယ်အချိန်မှာ ရိုးအီသွားမလဲ။မလိုချင်တော့မလဲ။မသာယာတော့မလဲ။သူကလည်း ဘယ်အချိန်မှာ ရပ်တန့်လိုက်ချင်မလဲ သူမခန့်မှန်းတက်ချေ။
သူ့အတွက်ကတော့ သူတို့ကြားကပတ်သတ်မှုဟာ အစကနေအခုအချိန်အထိ ဘယ်တုန်းကမှစိတ်အနှောင့်အယှက် ဖြစ်ရတာမျိုးမရှိခဲ့ချေ။တိတ်တဆိတ်ပတ်သတ်မှုဖြစ်ဖြစ် လူသိရှင်ကြားလူပုံအလယ် ဆွဲထုတ်ပြတာဖြစ်ဖြစ် ဘယ်အရာကိုမှ ပိုပြီးဝန်မလေးနေပေ။ဒါကလည်း သူ့မှာဆိုင်းလော့ဒ်လိုမျိုးရင်ဆိုင်စရာ ဆွဲထုတ်ချပြစရာ အသိုင်းအဝိုင်းတစ်ခု မရှိနေတာမျိုးကြောင့်လည်းဖြစ်လိမ့်မည်။သို့ပေမဲ့ ဆိုင်းလော့ဒ်ကတော့ သူနှင့်မတူသည့် ဖြစ်တည်မှုမျိုးမဟုတ်လား။
"သြော်..."
သူ ခပ်တိုးတိုး အာမေဋိတ်သံသာ ပြုလိုက်မိသည်။
"အင်း! ဟို မန္တလေးအထိ အတူတူရှိနေကြတယ်ဆိုတာက အဆင်မပြေလို့လေ အဲ့ဒါ သူတို့မေးလာရင်လည်း ဖြေလို့မကောင်းဘူးလေ..."
ဒဲ့တိုးဆန်ပြီး ဟန်မဆောင်တက်တာက ကောင်းတယ်ဆိုပေမဲ့လည်း တစ်ခါတလေတော့ လူကိုအင်မတန်နာကျင်စေသည်။သူ သက်ပြင်းကို အသာရှိုက်၍ မျက်နှာအမူအယာအား ပြင်ဆင်လိုက်ပြီး ဖိအားတွေများနေသော အခန်းလေထုအား ပေါ့ပါးစေလိုက်ပြီးမှ...
"အင်း ရပါတယ် အဲ့ဒါဆို မင်း ညတော့ ဒီမှာလာပြန်အိပ်မှာမှတ်လား..."
"ပြန်မလာတော့ဘူးလေ သူတို့က night outကြမှာဆိုတော့ မိုးလင်းအထိနေကြမယ်ထင်တယ်..."
"သြော်...."
"အင်း...အဲ့ဒါ ဒီတစ်ရက်နှစ်ရက်တော့ ကျွန်တော်အဖော်လုပ်ပေးနိုင်မှာ မဟုတ်ဘူး ပြီးတော့ ဖုန်းလည်းမဆက်နဲ့အုံးနော် သူတို့ရှေ့မှာဆိုတော့ သိပ်ပြောလို့မကောင်းလို့..."
နောက်ဆုံး မျှော်လင့်ချက်ချက်ရေးရေးကတောင် ဆိုင်းလော့ဒ်၏ ဒဲ့တိုးဆန်သော စကားတို့အောက်မှာ လုံးပါးပါးကုန်လေသည်။သို့ပေမဲ့ မျက်နှာအမူအယာကို ဘာမှမဖြစ်သလိုမျိုး ပေါ့ပေါ့ပါးပါးပြင်ဆင်၍
"အိုခေပါ ရတယ် ရတယ် ကိုယ့်ကို စိတ်ထဲမထားပါနဲ့ မင်းလုပ်စရာရှိတာသာလုပ်ပါ ကိုယ်လည်း ဘာရယ်မဟုတ်ပါဘူး ခရီးမထွက်ဖြစ်တာလည်း ကြာလို့လေ ဒီအတိုင်းထွက်လာလိုက်တာ မန္တလေးက ကိုယ်သွားလာနေကြပါပဲ တစ်ရက်နှစ်ရက်တောင် နေဖြစ်မယ်မထင်ပါဘူး ကိုယ်ပြန်ချင်ရင်လည်း ထပြန်မှာ..."
"....."
ရှင်းခန့်က စကားတွေအများအား ဆက်တိုက်ပြော၍ အိပ်ရာဆီသို့ ပြန်လျှောက်သွားကာ လှဲချဟန်ပြင်ပြီးမှ...
"ကိုယ် အေးဆေးပြန်နှပ်အုံးမယ်..."
စောင်အောက်သို့ တိုးဝင်၍ သူ့ကိုပဲပြောသလိုလို သူ့ဖာသာပဲရေရွတ်သလိုလိုဖြင့်ပြော၏။ရုတ်တရက် ပြောင်းလဲသွားသော အမူအယာတို့ကြောင့် သူ့စိတ်ထဲတမျိုးလေး ဖြစ်သွားရကာ....
"ခင်ဗျား စိတ်ဆိုးသွားတာလား...."
သူမေးတော့ ရှင်းခန့်က ခေါင်းအုံးပေါ်လှဲချထားရာမှ ပြန်လည်ခေါင်းထောင်လာပြီး ထူးဆန်သလိုမျိုးအကြည့်တို့ဖြင့် ကြည့်လာကာ...
"ဘာကို စိတ်ဆိုးရမှာလဲ"
"ကျွန်တော် အဖော်မလုပ်ပေးနိုင်တာလေ..."
သူပြောတော့ ရှင်းခန့်က ခပ်ဟဟရယ်ပြီးမှ....
"မဟုတ်တာ မင်းမှမအားတာကို ပြီးတော့ အဖော်ရှိမှဖြစ်ရအောင် ကိုယ်က သုံးနှစ်သားမှမဟုတ်တာ...."
"...."
ပုံမှန်လေသံဖြင့် စကားကိုအေးအေးသက်သာ ဆိုနေသော်ငြားလည်း ဘယ်နေရာက ပုံမှန်ဖြစ်မနေမှန်းမသိချေ။
"သွားတော့ သွားတော့ ကိုယ်ပြန်အိပ်အုံးမယ် see you..."
အခန်းထဲမှ နှင်မထုတ်ရုံတမယ်ပြောပြီးတာနှင့် ရှင်ခန်းက စောင်ပုံအောက်သို့ ပြန်တိုးဝင်သွားပြီဖြစ်သည်။သူ သက်ပြင်းကိုသာ အသာကျိတ်ချ၍....
"အဲ့ဒါဆို ကျွန်တော်သွားတော့မယ် တစ်ခုခုဆို စာပို့လိုက်နော်...."
သူထပ်ပြောပေမဲ့ ရှင်းခန့်ဆီမှ တုံ့ပြန်သံကမလာတော့ပါပဲ စောင်ပုံအောက်မှသာ လက်ခါပြလေသည်။တကယ်ပဲ ခရီးပန်းလာတာမို့ အနားယူချင်နေတာမျိုးပဲ ဖြစ်ပါလိမ့်မည်။ရှင်းခန့်မောင်ဆိုတာ ဘယ်တုန်းကမှ ပုံမှန်ဟုတ်ခဲ့တဲ့လူမှမဟုတ်ပဲ။အခုရေ အခုမီးဖြင့် သူ့စိတ်အစဥ်ကို လိုက်ဖမ်းဆုပ်နေလို့ကတော့ ရူးရဖို့သာရှိလေသည်။ဆိုင်းလော့ဒ်အတွေးနှင့်အတူ ခေါင်းကိုအသာခါယမ်းရင်း ဟိုတယ်ခန်းထဲမှ တိတ်တဆိတ်သာ ထွက်ခဲ့လိုက်တော့လေသည်။
-----
နီယွန်မီးရောင်စုံတို့ဖြင့် မန္တလေးရဲ့ ညယဥ်ကျေးမှုက လှသည်။သို့ပေမဲ့ သူအပြင်မထွက်ဖြစ်ပါပဲ ဒီနှစ်ရက်တာကို ဟိုတယ်အခန်းထဲ၌သာ အရက်ပုလင်းဖက်၍ ကုန်ဆုံးခဲ့သည်။အလုပ်တွေကိုလည်း သတိမရသလို ဆိုင်းလော့ဒ်ကိုလည်း သတိမရ။ဆိုင်းလော့ဒ်သည်လည်း သူပြောခဲ့တဲ့အတိုင်းပင် နှစ်ရက်လုံးလုံး သူ့ဆီသို့ယောင်ပြီးတောင် မဆက်သွယ်လာခဲ့ပါချေ။သူကလည်း ဆက်သွယ်ဖို့ စိတ်ကူးမရှိခဲ့ပေ။ဒီနှစ်ရက်လုံးလုံး ဆိုင်းလော့ဒ်မရှိလည်းပဲ ဒီအခန်းထဲမှာ သူအဆင်ပြေနေတာပဲ။သောက်လိုက်စားလိုက် မှောက်သွားလိုက်ဖြင့် နေ့တွေညတွေကိုတောင် မသိနိုင်တော့ပေ။သုံးရက်မြောက် နိုးထလာခဲ့တဲ့ ညနေမှာတော့ သူ ဒီအခန်းထဲ ဘာကိုများစောင့်နေမိတာလဲလို့ ကိုယ့်ဖာသာတွေးမိလာသည်။ပြီးတော့ အခန်းထဲမှာ အချိန်ဖြုန်းနေရတာကိုလည်း ပျင်းရိလို့လာ၏။ထို့ကြောင့် သူအပြင်မထွက်ဘူးဆိုရင်တောင်မှ ဟိုတယ်အောက်ထပ်ရှိ ဘားသို့သာဆင်းထိုင်ဖို့ကို စဥ်းစားမိလေသည်။
အောက်ထပ်ရှိဘားက ဟိုတယ်မှာတည်းတဲ့ ဧည့်သည်တွေအတွက်ပဲ ရည်ရွယ်၍သီးသန့် ပြုလုပ်ထားတာမို့ အတော်လေးလူသန့်လေသည်။သောက်စရာနှင့် အမြည်းတချို့မှာကာ ထောင့်ကျကျစားပွဲ၌ တစ်ယောက်ထဲပဲထိုင်သောက်နေလိုက်သည်။ဒီအထဲမှာတော့ သူ့လိုကိုယ့်လို တစ်ကိုယ်တည်းထိုင်နေကြသော လူတွေလည်းအများသားမို့ ကြောင်တောင်တောင် ဖြစ်နေရခြင်းမျိုးတော့လည်း မရှိပါချေ။
"တစ်ယောက်တည်းလား..."
ထောင့်ကပ်၍ အေးဆေးထိုင်သောက်နေတုန်း အသံကြောင့်မော့ကြည့်မိတော့ ဖြူဖြူသွယ်သွယ်ကောင်လေးတစ်ယောက်အား တွေ့လိုက်ရ၏။ဇကာပေါက် ကိုယ်ကျပ်စွပ်ကျယ်ကို အောက်ကဘောင်ဘီအတိုအကျပ် အမဲလေးဖြင့် တွဲဖက်ဝတ်ဆင်ထားသည်။သေးသွယ်သော ခန္ဓာကိုယ် ဖြောင့်စင်းသော ပေါင်တံလေးဖြင့် မိန်းမရှုံးအောင်လှသည်။တချက်လှမ်းကြည့်လိုက်တာနှင့် ဂေးဆိုတာလည်း သိသာလို့နေသည်။
"ထိုင်မယ်နော် ကိုကြီး..."
ကောင်လေး၏ မျက်လုံးလေးတွေက သမင်မျက်လုံးလေးတွေလိုမျိုး ဝိုင်းစက်လို့နေသည်။မျက်လုံးရွဲကြီးများဖြင့် သူ့အားရွှန်းရွှန်းစားစား ကြည့်နေပုံက မြွေမြွေချင်းခြေမြင်နိုင်လောက်သည့် ပုံစံမျိုးဖြစ်လေသည်။သူအသာအယာ ခေါင်းညိတ်ပြလိုက်တော့ ကောင်လေးက သူ့ဘေး၌ပူးကပ်ဝင်ထိုင်၏။ခန္ဓာကိုယ်ဆီမှ ရလိုက်တဲ့ ချိုအီအီရေမွှေးနံ့ကလည်း တစ်စုံတစ်ရာကို ဆွဲဆောင်လှုံ့ဆော်နေသလိုပင်။
ဒီလိုမျိုး ဘားတွေမှာ ညအိပ်ဖော်ရှာကြသည့်ကိစ္စက သိပ်တော့လည်း အဆန်းတကြယ်မဟုတ်တော့ပါ။
"ဧည့်သည်ထင်တယ် တစ်ခါမှမတွေ့ဖူးဘူး..."
ကောင်လေးက စကားစတော့ သူအလိုက်သင့် ခေါင်းညိတ်ပြုံးပြရင်းဖြင့်...
"ဟုတ်တယ် အလည်လာတာ..."
"တွေ့ရတာ ဝမ်းသာပါတယ်..."
ကောင်လေးက ခွက်ချင်းလှမ်းတိုက်၍ ပြောသည်။ကောင်လေး၏ပုံစံက သူ့အကြိုက်တောင့်တောင့်တင်းတင်း မဟုတ်ပဲ အဆင်ပြေလျှင်တောင်မှ သူက topရမည့်ပုံစံလေးဖြစ်လေသည်။
"ဧည့်သည်ဆိုတော့လည်း အိမ်ရှင်က ဧည့်ဝတ်ကျေရမှာပေါ့"
ကောင်လေးက ပြောရင်းဖြင့် အနားသို့ပိုတိုးကပ်လာကာ သူ့၏ပေါင်အား တဖြည်းဖြည်းချင်း ပွတ်သပ်၍လာလေသည်။ပြီးတော့ မျက်နှာနားသို့ နီးကပ်စွာတိုးကပ်လာတာမို့ သူ ထိုကောင်လေး၏ ပခုံးအားထိန်းကိုင်၍ အနောက်သို့အသာအယာပြန်တွန်းလိုက်ပြီး...
"ခဏ...ကိုယ်..."
သူ့ဆီမှ စကားတို့ အထစ်ထစ်အအ ထွက်ပေါ်လာတော့
"ဘာဖြစ်လို့လဲ ကိုကြီးက ဂေးပဲမဟုတ်ဘူးလား..."
ထိုကောင်လေးက မေးရင်းဖြင့် ပို၍သေချာအောင် အတည်ပြုသလိုမျိုး စူးစမ်းပြီးမှ...
"သေချာပါတယ် ကိုကြီးပုံစံက ဂေးပါ ဘာလို့လဲ ကျွန်တော့်ကို မလိုချင်ဘူးလား ကျွန်တော်က ကိုကြီးအကြိုက် မဟုတ်လို့လား..."
ကောင်လေး၏စကားကြောင့် သူအဖြေခက်သွားရသည်။အကြိုက်မဟုတ်ဘူးဆိုပေမဲ့ တစ်ခါတစ်ရံတော့ သူ့မှာလည်း အသစ်အဆန်းကို မြည်းစမ်းချင်သည့်စိတ်မျိုး ရှိနေတာပဲဖြစ်သည်။သူလည်းယောက်ျားသားပဲမို့ တစ်ခါတစ်လေတော့ သူ့၏စွမ်းဆောင်အားကို စမ်းသပ်ချင်လေသည်။
"ကိုကြီးကတော့ ကျွန်တော့်အကြိုက်ပဲ ကျွန်တော်စျေးလျှော့ပေးမှာပါ 70Kပဲပေး ဘယ်လိုလဲ ဒီည ကျွန်တော်နဲ့ နေမယ်မဟုတ်လား ဟင်..."
လည်တိုင်နားကို အတင်းတိုးကပ်၍ နမ်းရှိုက်သလိုမျိုး မထိတထိလုပ်နေရင်း အီစီကလီလေသံလေးဖြင့် ပြောလာသော စကားကြောင့် သူ့တစ်ကိုယ်လုံး တောင့်တင်းလို့သွားရတော့သည်။
"70kဆိုတော့ မင်းက..."
သူမေးတော့ ကောင်လေးက နားမလည်နိုင်သလို ကြည့်လာပြီး...
"ဟုတ်တယ်လေ 70Kဆိုတာ ကိုကြီးမို့လို့ လျှော့ပေးထားတာ ကိုကြီးက ကျွန်တော့်အကြိုက်ပုံစံလေးမို့ ကျွန်တော့်က ဘယ်တော့မှ တစ်ညလုံးနေပေးတယ်ဆိုတာမျိုး မရှိဘူး နာရီပိုင်းပဲနေတာ ကိုကြီးကိုတော့ တအားသဘောကျနေလို့ ချွင်းချက်ပေါ့.."
ကောင်လေး၏ စကားကြောင့် ဘာပြန်ပြောရတော့မှန်း မသိပဲ သူဆွံ့အသွားရတော့သည်။သူက ရိုးရိုးညအိပ်ဖော် ရှာတာပဲလို့ ထင်လိုက်မိတာ။အခုတော့ ဉည့်ငှက်ကောင်လေး ဖြစ်နေတာတဲ့လား။ကိုယ့်အဖြစ်ကိုယ် ရီရမလား ငိုရမလားတောင် မသိတော့ချေ။
-----
"ဟေ့ လူကြီး ဘယ်လိုလဲ အခန်းထဲခေါ်ခဲ့ပြီး လူကိုအလှပဲထိုင်ကြည့်နေတော့မှာလား..."
"ဟုတ်တယ် ကိုယ်က မင်းကို စကားပြောဖော်ရအောင် ခေါ်ခဲ့တာပဲ...."
"ကျွန်တော်က စကားပြောချင်လို့ လိုက်လာတာမှ မဟုတ်တာ လာပါ ကျွန်တော် ဘယ်လောက်အပြုအစုကောင်းလဲ စမ်းကြည့်စမ်းပါ...."
ကောင်လေးက ပြောပြောဆိုဆို သူ့ရင်ဘတ်အား ဆိုဖာပေါ်သို့ တွန်းချကာ သူ့၏ကိုယ်ပေါ်သို့ အုံ့မိုးလာခဲ့ပြီဖြစ်သည်။ပြီးတော့ ခါး၌ပတ်ထားသော တဘတ်အား ဆွဲဖြည်ချပြီး သူ့၏အကောင်ငယ်အား လက်ဖြင့်အုပ်ကိုင်လေသည်။ရုတ်တရက်မို့ လန့်သွားရကာ သူ ခန္ဓာကိုယ်အား လူးလွန့်ပြီးမှ....
"ဟေ့ ကိုယ် စိတ်မပါဘူး တကယ်ပြောနေတာ ဖယ်ပေး..."
"ကျွန်တော် ပြုစုလိုက်ရင် စိတ်ပါလာမှာပါ ယုံစမ်းပါ ကိုကြီးကို နိဗ္ဗာန်ပို့ပေးမှာ..."
ကောင်လေးက ပြောပြောဆိုဆိုဖြင့် သူ့အငယ်ကောင်အား သုံးလေးချက်ခပ်ကြမ်းကြမ်းလေး ပွတ်ဆွဲလေသည်။လူကြည့်တော့ အကောင်သေးသေးဖြင့် အရိုးထဲကအားထွက်နေသလား ထင်ရလောက်အောင် သူ့အပေါ်ကနေ တက်ဖိထားတာ နည်းနည်းမှ လှုပ်ရှားရုန်းကန်လို့တောင် မရပေ။
ကောင်လေးက အဝတ်အစားတို့ ကင်းမဲ့နေပြီဖြစ်သော သူ့ကိုယ်ပေါ်၌ အကျအနနေရာယူလိုက်ပြီး ကိုယ်တိုင်လည်း သူ့၏ အပေါ်ဝတ်အားချွတ်ပစ်လိုက်ပြီ ဖြစ်သည်။သူ့၏အကောင်ငယ်အား ခပ်မှန်မှန်လေး ပွတ်ဆွဲပေးနေသလို သူ့ရင်ဘတ်တစ်ပြင်လုံးကိုလည်း လျှာဖြင့်မထိတထိထိုးလျှက်လို့နေလေသည်။ထိုစဥ်မှာပဲ...
"ဒေါက် ဒေါက် ဒေါက်..."
အခန်းအပြင်ဖက်မှ တံခါးခေါက်သံက ထွက်ပေါ်လာတာမို့ ကောင်လေး၏လှုပ်ရှားမှုက ရပ်တန့်သွားသလို ဖိထားသောအားကလည်း လျော့ကျသွားရသည်။သူလည်း ကိုယ်ပေါ်မှ ကောင်လေးအားတွန်းဖယ်ချ၍ ခါး၌ တဘက်အပိုင်းအား ကမန်းကတမ်းကောက်ပတ်လိုက်ပြီး နေရာမှ လူးလဲထလိုက်ရသည်။တံခါးခေါက်သံက အဆက်မပြတ်ထွက်ပေါ်နေဆဲမို့ သူ တံခါးရှိရာသို့ အလျှင်အမြန်သွားကာ ဆွဲဖွင့်လိုက်တော့...
"ဆိုင်းလော့ဒ်..."
မထင်မှတ်ထားတာမို့ ရုတ်တရက်ကြီး မျက်စိရှေ့မြင်လိုက်ရတော့ သူရှော့ခ်ရသွားတော့သည်။တစ်ကိုယ်လုံးလည်း မိုးရေတွေ ရွှဲနစ်လို့နေလေသည်။
"မင်း ဘယ်လိုကဘယ်လို...."
သူ့စကားတွေ တစ်ဝက်တပြတ်ဖြင့် ရပ်သွားတော့ ဆိုင်းလော့ဒ်က စိတ်မရှည်သလိုမျိုး အခန်းဝ၌ပိတ်ရပ်ထားသော သူ့ပခုံးအားတွန်းဖယ်၍ အခန်းထဲဝင်ဖို့ ကြိုးပမ်းလေသည်။
"ပြင်ဦးလွင်ပါသွားတာ အခုပဲပြန်ရောက်တာနဲ့ ခင်ဗျားဆီတန်းလာတာ ဖုန်းကိုဘာကိစ္စနဲ့ပိတ်ထားတာလဲ"
ဆိုင်းလော့ဒ်က အခန်းထဲသို့လျှောက်ဝင်ရင်းဖြင့် ပြောလာလေသည်။အခန်းထောင့်၌ ဖိနပ်အားချွတ်ပစ်လိုက်ပြီးမှ ဆိုဖာပေါ်၌ အပေါ်ပိုင်းဗလာကျင်းဖြင့် ထိုင်နေပါသောကောင်လေးအား တွေ့မြင်လေတော့ အံ့သြတကြီးမျက်ဝန်းတို့ဖြင့် ကြည့်လို့လာလေသည်။သူတို့ကဘာမှလည်း မဟုတ်ကြဘူးဆိုပေမဲ့ သူ့စိတ်ထဲမှာတော့ ဖောက်ပြန်နေတာကို အမိဖမ်းခံလိုက်ရသလိုမျိုး ခံစားနေရလေသည်။
"ကိုကြီးတို့က 3somesချင်လို့လား အဲ့ဒါဆိုရင်တော့ ပိုပေးရမှာနော် ကိုကြီး..."
ပြောလာသောစကားနှင့် အနေအထားကိုကြည့်ရုံဖြင့် အခြေအနေကို မှန်းဆ၍ရနေလေသည်။အံ့သြစိတ်နှင့်အတူ ဆိုင်းလော့ဒ်၏ ဒေါသတို့ထောင်းကနဲခုန်ထလာရသည်။ခရီးကပြန်ရောက်ရောက်ချင်း အိမ်ကမိန်းမ လင်ငယ်နေနေတာကိုပက်ပင်း မိလိုက်ရတဲ့ခံစားချက်မျိုးကြီး ဖြစ်လေသည်။
"ရှင်းခန့်မောင်! ခင်ဗျား..."
မျက်နှာကြီးရဲ၍ ခပ်ဆောင့်ဆောင့် အော်ပစ်သော ဆိုင်းလော့ဒ်၏ ဒေါသတကြီးပုံစံကြီးကြောင့် သူတုန်ကနဲဖြစ်သွားရသည်။ဆိုဖာပေါ်မှ အလိုက်ကမ်းဆိုးမသိသော ကောင်စုတ်အား ဆွဲထကာဖြင့် လက်ထဲသို့ တစ်သောင်းတန်တစ်အုပ်ပါးလေးအား ထိုးထည့်ပေးလိုက်ရ၏။
"မင်း အရင်ပြန်လိုက်တော့..."
"ဟင် ဘာဖြစ်လို့လဲ ကျွန်တော်က 3somesလည်းရပါတယ် အတွေ့ကြုံရှိပါတယ် ကိုကြီးရဲ့..."
"....."
ထိုအလိုက်ကမ်းဆိုး မသိသည့်ကောင်စုတ်ကတော့ သူပြောချင်တာကို စွတ်ပြောနေတုန်းဖြစ်သည်။ဒေါသတွေ လှိုင်းထန်လို့နေသည့် ဆိုင်းလော့ဒ်၏ မျက်နှာရိပ်မျက်နှာကိုတော့ သတိမပြုမိချေ။
"ဟျောင့်! မင်းကို သွားတော့လို့ ပြောနေတယ်မဟုတ်လား တောက်! xီးကို 3somes ငါxိုး...."
ဆိုင်းလော့ဒ် ပြောပြောဆိုဆိုဖြင့် ဒေါသတကြီးဆောင့်အော်ပစ်ကာ လွှားကနဲအနားသို့ရောက်လာ၍ ထိုကောင်စုတ်လေး၏ လက်မောင်းတစ်ဖက်အား ဆောင့်ဆွဲပစ်သည်။ပြီးတော့ အခန်းဝသို့ရောက်သည့်အထိ ဆွဲချသွားကာ အခန်းပြင်သို့ဆွဲထုတ်ပစ်ပြီးမှ အခန်းတံခါးအား အသံမြည်အောင် ဝုန်းကနဲပြန်ဆောင့်ပိတ်လေသည်။ဟိုတုန်းကလည်း ကတောက်ကဆ ပြဿနာတွေဖြစ်ဖူးကြပေမဲ့ ဒီတစ်ခေါက်ကျမှ ဆိုင်းလော့ဒ်၏ ဒေါသတွေဟာ ပို၍အားကောင်းနေသလို သူသည်လည်း အနည်းငယ်ထိတ်လန့်နေမိလေသည်။
"ခင်ဗျားကိုယ်ခင်ဗျား ဘာလုပ်နေတယ်ဆိုတာ သိရဲ့လားဟမ်..."
ဆိုင်းလော့ဒ်က ဒေါသတကြီးဆောင့်အော်ရင်းဖြင့် အနားသို့ လွှားကနဲရောက်လာကာ သူ့ပခုံးနှစ်ဖက်အား ခပ်ကြမ်းကြမ်းဆုပ်ကိုင်လေသည်။ဘာအကာအကွယ်မှ မရှိနေပါသော ပခုံးသားနုနုတို့က ကြမ်းရှသောလက်ဖဝါးအထိအတွေ့တို့ကြောင့် နာကျင်မှုအား ခံစားလိုက်ရသည်။
"မဟုတ်ဘူး ကိုယ် ဒီအတိုင်း စကားပြောဖို့..."
"စကားပြောတာက အိပ်ခန်းထဲမှာလား..."
"မဟုတ်ဘူး ဆိုင်းလော့ဒ် ကိုယ် တကယ်ပဲ စကားပြောဖော်အတွက် ခေါ်ခဲ့တာ ဘာမှမဟုတ်ဘူး..."
ရှင်းခန့်က သေချာရှင်းပြနေပေမဲ့ ဆိုင်းလော့ဒ်၏ မျက်ဝန်းတို့ထဲ အထင်သေးစက်ဆုပ်မှုတို့သာ ကြီးစိုး၍နေလေသည်။
"ဘာကို မဟုတ်တာလဲ ဟမ် ခင်ဗျား ကျုပ်တစ်ယောက်ထဲနဲ့ မတင်းတိမ်နိုင်ဘူးလား သုံးရက်လေးအနားမရှိတာနဲ့ မကောင်းတဲ့ဟာတွေပါ ရှာလိုက်တဲ့အထိ တောက်! ခင်ဗျားတို့အခြောက်တွေက အဲ့လိုပဲလား ဟမ် ယောက်ျားတစ်ယောက်မှ အနားမရှိရင် မနေတက်ဘူးလား
တော်တော်ဆာနေတာလား တောက်!"
ဆိုင်းလော့ဒ်က ပခုံးနှစ်ဖက်အား ခပ်ကြမ်းကြမ်းဆွဲဆောင့်ခါ၍ စကားလုံးကြမ်းကြမ်းတို့ဖြင့် ပစ်ပေါက်သည်။ဆိုင်းလာ့ဒ်၏ စကားတို့ကြောင့် စိုးထိတ်နေသောစိတ်တို့ဟာ လွင့်ပါးသွားရကာ သူ့၏ခံစားချက်တို့ဟာ အေးစက်တောင့်ခဲသွားရသည်။ဒီလူဟာ ကိုယ့်အပေါ်မှာ အထင်ကြီးလေးစားမှုတို့ ရှိမနေခဲ့ဘူးဆိုတာကို သိနေခဲ့သော်ငြားလည်း ဒီလောက်အထိ အထင်သေးရက်လိမ့်မည်ဟု မထင်ခဲ့ချေ။သူ့ရဲ့ မျက်လုံးထဲမှာ ကိုယ့်ရဲ့ဖြစ်တည်မှုဟာ အမြဲတမ်းအထင်သေးနှိမ်ချချင်စရာပင်။
ရှင်းခန့် ဆိုင်းလော့ဒ်၏ လက်များကြားမှ ရုန်းထွက်လိုက်ပြီး....
"အဲ့ဒါ မင်းနဲ့ဘာဆိုင်လို့လဲ...."
"ဘာ...."
ခံစားချက်မဲ့နေသော မျက်နှာဖြင့် အေးစက်စက်ထွက်ပေါ်လာသော ရှင်းခန့်၏စကားကြောင့် သူဘာကနဲဖြစ်သွားရ၏။
"ဟုတ်တယ် ကိုယ့်ဖာသာ ပိုက်ဆံပေးပြီးအပျော်ရှာတာ မင်းနဲ့ဘာဆိုင်လဲ မင်းနဲ့ဘယ်လိုများ ပတ်သတ်လို့ ဝင်စွက်ဖက်ချင်ရတာလဲ...."
"ကျုပ်နဲ့ဘာဆိုင်လဲ ဟက်လား ခင်ဗျားနဲ့ကျုပ်ကဘာလဲ..."
ဆိုင်းလော့ဒ် အံကြိတ်သံဖြင့်မေးတော့ ရှင်းခန့်က အေးစက်စက်ဖြင့် မျက်လွှာပင့်ကြည့်လာပြီးမှ...
"ဟုတ်လား မင်းနဲ့ကိုယ်က ဘာလဲ မင်းပြောကြည့်လေ ဘယ်လိုပတ်သတ်မှုလဲလို့...."
"...."
ရှင်းခန့် ပြန်မေးတော့ ဆိုင်းလော့ဒ်ဆီမှ အသံမထွက်လာတာမို့ ရှင်းခန့်က နှုတ်ခမ်းတွန့်ပြုံးပြီးမှ....
"မင်း ဖြေစရာမရှိဘူးမှတ်လား ကိုယ်တို့ကြားမှာ ဘာမှမှမရှိတာ လူသိမခံရဲတဲ့ လူမသိသူမသိနဲ့ အိပ်ယာပေါ်ကကိစ္စတစ်ခုအတွက်ပဲလေ ခုနကကောင်လေးလိုမျိုးပဲ ဘာကွာခြားလို့လဲ.."
"ဘာ...."
ရှင်းခန့်၏စကားတို့က သူ့မာနကို အဆုံးစွန်အထိ ထိုးနှက်ချလိုက်တာပဲဖြစ်လေသည်။သူက ပိုက်ဆံပေးထားရတဲ့ ဖာလား။ထိုသို့တွေးမိတော့ ဒေါသတွေ တဖျင်းဖျင်းဖြစ်လာရကာ တစ်ကိုယ်လုံးတုန်ယင် လာရသည်။တစ်ကိုယ်လုံးရှိ အပူလှိုင်းတို့ဟာ တဖြည်းဖြည်း ရုန်းကြွလာကာ ရှေ့မှ မျက်နှာသေဖြင့်လူအား တစ်စစီဆွဲဆုတ်ဖြဲပစ်ချင်သည့်အထိ။သို့သော် ဒေါသတို့အား အလွယ်တကူပေါက်ကွဲခွင့် မပေးတော့ပဲ လက်သီးအား တင်းတင်းဆုပ်၍ ခပ်မဲ့မဲ့ပြုံးလိုက်ပြီးမှ...
"ဟုတ်တယ် ကျုပ်က ခင်ဗျား စောက်ဆံပေးငှားထားတဲ့ အပျော်လင် အဲ့ဒါမို့ ခင်ဗျားကိစ္စတွေကို ဝင်ပြောခွင့်မရှိဘူး ကျူပ်ကိစ္စက ခင်ဗျားကိုxိုးပေးဖို့ပဲ..."
ဆိုင်းလော့ဒ်က ခပ်ကြမ်းကြမ်းပြော၍ ရှင်းခန့်၏ ကိုယ်လေးအားအိပ်ရာပေါ်သို့ တွန်းချပစ်သည်....
"အခု ခင်ဗျားဆာနေတာ မှတ်လား ခင်ဗျားရဲ့အပျော်လင် ရောက်လာပြီး ဖြည့်ဆည်းပေးမယ် စိတ်ချ"
ဆိုင်းလော့ဒ်က ဒေါသတကြီး ခပ်ဆောင့်ဆောင့်ပြော၍ ခါးမှတဘက်အား အကြမ်းပတမ်းဆွဲချွတ်ပစ်သည်။ပြီးတော့ ရင်ဘတ်ပေါ်ရှိ ချယ်ရီသီးတို့ကိုလည်း အကြမ်းပတမ်းဆုပ်နယ်သည်။နှုတ်ခမ်းလွှာတို့အားလည်း အနမ်းကြမ်းကြမ်းတို့ဖြင့် ဒဏ်ခတ်လေသည်။သူ အနမ်းတို့အောက် မွန်းကြပ်နေရင်း ရုန်းကန်နေပေမဲ့လည်း မလွတ်မြောက်နိုင်။ဆိုင်းလော့ဒ်သည် သာမန်ထက်ကို ပို၍ အရိုင်းဆန်ကြမ်းတမ်းလို့ နေခဲ့လေသည်။
"မင်း ဖယ်ပေး..."
အုံ့မိုးထားသော ရင်ဘတ်ကျယ်ကြီးအား ခွန်းအားရှိသမျှ တွန်းကန်ကြောက်၍ သူရုန်းကန်းပစ်သည်။အပေါ်ပိုင်းဗလာကျင်းနေပြီ ဖြစ်သော ဆိုင်းလော့ဒ်၏ ကျောပြင်ကျယ်ကြီးကိုလည်း လက်သည်းဖြင့်ကုတ်ခြစ် ရိုက်ပုတ်သည်။သို့သော် ဆိုင်းလော့ဒ်ကတော့ နာကျင်မှုတို့ အားမခံစားရသည့်အလား သူ့တစ်ကိုယ်လုံးကို အကြမ်းဖက်၍ စိတ်ကြိုက်ခြယ်လှယ်ဖို့သာ ကြိုးပမ်းလို့နေသည်။
"မဖယ်ဘူး ခင်ဗျားကို သေအောင်လုပ်ပေးမယ် ခင်ဗျားလိုချင်နေတာမှတ်လား အခု ခင်ဗျားကိုတက်လုပ်နေတာလည်းဖာသည်ပဲ ခင်ဗျားစောက်ဆံပေးထားတာ စိတ်ကြိုက်လုပ်ပေးမယ် တောက်!"
"မင်း ဖယ်...."
ဆိုင်းလော့ဒ်၏ ကြမ်းတမ်းမှုတွေအောက်မှာ သူထိုစကားမှ လွဲ၍ ဘာမှထပ်မပြောနိုင်တော့။တန်ဖိုးထားမခံရခြင်း အထင်သေးခံရခြင်းဆိုသော စိတ်ဖြင့် ဝမ်းနည်းခံပြင်းရသော စိတ်တို့သာ အလုံးအရင်းဖြင့် လှိုက်တက်လာသည်။
နှာခေါင်းတွေမွှန်ထူလာရပြီး မျက်ခမ်းစပ်တို့ လှုပ်ခတ်လာရကာ မျက်ရည်ကြည်တို့ ပေါက်ကနဲကျသည်။
"အရိုင်းအစိုင်း မုဒိန်းကောင်..."
နောက်ဆုံးလက်ကျန် ခွန်အားတို့ဖြင့် အံကြိတ်ပြောကာ ဆိုင်းလော့ဒ်၏ ကြမ်းတမ်းရိုင်းစိုင်းမှုတို့အား လက်မြောက်အရှုံးပေးမိလေသည်။
ရှင်းခန့်၏ အတွင်းထဲသို့ ဒေါသတကြီး အစိမ်းသက်သက် တိုးဝင်ဖို့ ကြိုးပမ်းမိနေဆဲ ရှင်းခန့်ဆီမှ အားနည်းဖျော့တော့စွာထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် သူ့၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားရတော့သည်။
!မုဒိန်းကောင်..! !မုဒိန်းကောင်..!
ထိုစကားသံဟာ နားထဲ၌ပဲ့တင်ထပ်နေလေသည်။ရိုင်းစိုင်းကြမ်းတမ်းနေခဲ့သော သူ့ဒေါသတွေဟာလည်း ရုတ်ခြည်းငြိမ်သက်သွားခဲ့သည်။သူ့အောက်ရှိ မျက်ခမ်းစပ်တွေ တလှုပ်လှုပ်ဖြင့် အားနည်းဖျော့တော့စွာ ရှိနေသော ရှင်းခန့်မောင်သည် ၁၀နှစ်အရွယ်ကလေးငယ်လေး ဖြစ်သွားလိုက် ပြီးတော့ အဆီတဝင်းဝင်းဖြင့် ရမ္မက်ထန်နေပါသော လူကြီးတစ်ယောက်၏ မျက်နှာမျိုး ဖြစ်သွားလိုက်ဖြစ်လို့နေသည်။ဒေါသတကြီး စိတ်ရိုင်းတို့အစား သူ့ခေါင်းထဲမှာ အတွေးပုံရိပ်တို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး ခေါင်းြကီးအား တူဖြင့်ထုချနေသလို တဒိန်းဒိန်းထိုးကိုက်လို့လာလေသည်။
"မဟုတ်ဘူး..."
နှုတ်မှ ဗလုံးဗထွေးအော်ဟစ်ရင်းဖြင့် ရှင်းခန့်အပေါ်၌ အုံ့မိုးထားရာမှ အလန်းတကြားခုန်ထမိလေတော့သည်။
-----
Hello
ကျွန်တော်က ဆိုင်းလော့ဒ်ပါ။မွေးနေ့လက်ဆောင်အဖြစ် updateလေးတွေ ဝယ်ပေးကြလို့ ကျေးဇူးအများကြီးပါ။မင်းတို့ရဲ့ အကြွေ၂၀၀စီတိုင်းဟာ လိုအပ်နေတဲ့တိုင်းရင်းသားစစ်ရှောင်ဒေသဆီိကို ရောက်ရှိသွားမှာပါ။သူတို့ဆီမှာလေ မင်းတို့လို့ ပီဇာမရှိဘူး ဟမ်ဘာဂါမရှိဘူး။ဘာဘယ်တီးမရှိဘူး။ဟော့ပေါ့မရှိဘူး။အသားဟင်းကို တစ်လတစ်ခါမစားနိုင်ကြပါဘူး။အသီးအရွက်ဟင်းနဲ့ ထမင်းနပ်မှန်ဖို့အတွက် မင်းတို့ရဲ့မေတ္တာတွေလိုပါတယ်။အကြွေတွေနဲ့အတူမေတ္တာတွေ ထပ်မျှပေးဖို့ တောင်းဆိုချင်ပါတယ်။
AN.အားလုံးပဲ စောင့်ပေးကြလို့ ကျေးဇူးအများကြီးပါလို့။ နောက်ထပ်အပိုင်းသစ်ကို 31ရက်နေ့မှာရပါမယ်။ဒီကြားထဲမှာ ရောင်းထားတဲ့ Osလေးနှစ်ပုဒ်ပေးစရာရှိနေတာမို့ပါ။အဲ့ဒါကြောင့် 31ရက်နေ့မှ အပိုင်းသစ်ကိုဝယ်လို့ရပါမယ်။အားလုံးပဲထပ်ပြီး ပါဝင်ပေးဖို့မျှော်လင့်ပါတယ်။