"အကြင်နာပိုပါသည် မောင့်ဟန်ချီ...

hninsatthmone409 által

71.5K 3.9K 95

"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါ... Több

အခန်း(၁)(Uni)
အခန်း(၁)(Zawgyi)
အခန်း(၂)( Uni)
အခန်း(၂)(Zawgyi)
အခန်း(၃) (Uni)
အခန်း(၃)(Zawgyi)
အခန်း(၄)(Uni & Zawgyi)
အခန်း(၅)(Uni & Zawgyi)
အခန်း(၆)(Uni & Zawgyi)
အခန်း(၇)(Uni & Zawgyi)
အခန်း(၈) (Uni & Zawgyi)
အခန်း(၉)(Uni & Zawgyi)
အခန်း(၁၀) (Uni & Zawgyi)
အခန်း(၁၁) (Uni & Zawgyi)
အခန်း(၁၂) (Uni & Zawgyi)
အခန်း(၁၃)(Uni & Zawgyi)
အခန်း(၁၄) (Uni & Zawgyi)
အခန်း(၁၅)(Uni & Zawgyi)
အခန်း(၁၆)(Uni & Zawgyi)
အခန်း(၁၈)(Uni & Zawgyi)
အခန်း(၁၉)(Uni & Zawgyi)
အခန်း(၂၀)(Uni & Zawgyi)
အခန်း(၂၁)(Uni & Zawgyi)
အခန်း(၂၂((Uni & Zawgyi)
ဇာတ်သိမ်းပိုင်း(Final)
Hey!!!!!

အခန်း(၁၇)(Uni & Zawgyi)

2K 133 2
hninsatthmone409 által


"ကိုကြီး ဟန်ချီ...ဒီမှာဗျို့ ကိုကြီးဟန်ချီအတွက် စာပါလာတယ်"

တကြော်ကြော်အော်ခေါ်နေသံကြောင့် ဦးစံသာတစ်ယောက် အိမ်ရှေ့ထွက်ကြည့်လိုက်မိသည်။ခြံရှေ့မှာလောင်းလှေစီးတစ်စီးရပ်ထားသည်ကိုတွေ့သည် ။ဘယ်သူတွေလဲ သေချာလှမ်းကြည့်မိတော့ ဖိုးချစ်နှင့်ဖိုးနှစ်တို့ ညီအစ်ကိုနှစ်ယောက်ပင်။ တစ်ရွာလုံးရဲ့ ငမွှေကောင်တွေ။

"ဘာတုန်းကွ...ဆူဆူညံညံနဲ့"

ကလေးနှစ်ယောက်မှာ ဦးစံသာအားမြင်တော့ အနည်းငယ်တန့်သွားသည်။ပြီးမှ မ၀ံ့မရဲပုံစံနှင့်...

"ဒီမှာ...စာပေးခိုင်းလိုက်လို့ ဘကြီးရေ"

ခြံ၀န်းပေါက်နှင့် အိမ်သည် အနည်းငယ်လှမ်းသည်ကြောင့် အော်ပြောနေရသည့် အခြေ အနေပင်။ ခြံ၀န်းထဲ ရေပြည့်နေသည်ကြောင့် ဦးစံသာမှာ ဆင်းသွားလို့လည်းမရ။ အော်အော်ပြောနေရသည်လည်း မဟုတ်သေးနှင့်။

"ဘာပြောသလဲမကြားရဘူးဟ..အိမ်ရှေ့ထိလာခဲ့ဟေ့"

ဦးစံသာလှမ်းခေါ်တော့ ကလေးနှစ်ယောက်လည်း ခြံထဲထိ လှေစီး၀င်လာခဲ့သည်။ လောင်းလှေအား ဦးစံသာရပ်နေသော အိမ်ရှေ့တံခါးရှေ့ ရပ်လိုက်ပြီးမှ....

"ဒီမှာ စာပေးခိုင်းလိုက်လို့ဗျ"

ဖိုးချစ်မှ လက်ထဲကစာအားမြှောက်ပြကာပြောတော့ ဦးစံသာမှာ နားမလည်သလိုကြည့်သည်။
ဘယ်ကစာလဲ...?

"ဘယ်ကစာတုန်း..? မင်းတို့နှစ်ကောင် ငါ့ကိုတော့ နောက်မယ် မကြံနဲ့နော်.."

"ဟာ...ဘကြီးကလည်း တကယ်ပေးခိုင်းလိုက်လို့ပါဆို ဟုတ်တယ်နော် ဖိုးနှစ်."

"ဟုတ်တယ်ဗျ...ဟို ကိုကြီးချမ်းမြေ့မောင်က လှမျက်ဟန်ချီဆီပေး ပေးပါဆိုလို့ သားတို့ကယူလာတာ"

ဖိုးချစ်အပြောကို  ဖိုးနှစ်ကလည်း ၀င်ထောက် ခံ၏။ ဦးစံသာမှာ အတွေးများရသည်။ ချမ်းမြေ့မောင်ဆိုသည့်ကလေးအား သူသိသည်။ သူကြီး ၏မြေးဆိုသည့်ကောင်လေး ပင်။ အဲ့ကောင်လေးက ဘာလို့ သားငယ်ကိုစာပေးရတာလဲ? ပြီးတော့ ဘာမို့လို့ စာရေးပြီးပေးရတာ?

"ပေး..အဲ့စာကို"

ဦးစံသာ စာအားလှမ်းတောင်းတော့ ဖိုးချစ်မှာ စာကိုနောက်သို့အမြန်ဖွတ်လိုက်ပြီး...

"ကိုကြီးချမ်းမြေ့မောင်က ကိုကြီးဟန်ချီကိုပဲပေးရမယ်လို့မှာလိုက်တာ...ဘကြီးကိုဘာကိစ္စပေးရမှာလဲ...ကိုကြီးဟန်ချီကိုသာခေါ်ပေးဗျာ"

"တယ်...ဒီကလေး..ငါပြောရင်မကောင်းရှိတော့မယ်! မင်းတို့ကိုကြီးက အိပ်နေတယ်..ငါ့ကိုပေးထားခဲ့ ငါပေးလိုက်မယ်"

"မရပါဘူး ကိုကြီးဟန်ချီကိုပဲပေးရမှာ..ဘကြီးကိုမယုံပေါင်"

"အောင်မာ...ငါကသူ့အဖေနော်....ပေးထားခဲ့မလားပြော...မပေးရင် မင်းတို့အမေ မခင်လုံးကို ငါသွားတိုင်လိုက်မယ်နော်..."

"ဟာ..ပေးမယ် ပေးမယ်"

ဦးစံသာ ခြောက်ပြောတော့ ကလေးနှစ်ယောက်မှာ ပြာပြာသလဲနှင့် စာအားထုတ်ပေးသည်။ မျက်နှာများကတော့စူပုပ်လို့။ မနိုင်ကောင်တွေက အမေကိုတော့အတော်ကြောက်ကြသည်။

"ဘကြီး ပေးဖြစ်အောင်ပေးလိုက်နော်...ကိုကြီးချမ်းမြေ့မောင်ကဆိုတာလည်း ပြောလိုက်ဦး"

"အေး.."

ညီအကိုနှစ်ယောက် လောင်းလှေစီးကာပြန်ထွက်သွားသည်ကိုကြည့်ပြီးမှ ဦးစံသာ လက်ထဲ စာအားအကြည့်ပြန်ရောက်သည်။ ဖွင့်ဖတ်သင့်သည်လားမသိ။ သိချင်စိတ်များနေပေမယ့် သားကိစ္စဆိုတော့ သူပိုင်စိုးပိုင်နင်းများဖြစ်နေမလား?အင်း...ယောကျာ်းလေးချင်းပေးတာပဲ စနောက်တာမျိုးဖြစ်မှာပေါ့! ဖတ်ကြည့်ရုံနဲ့ ဘာမှတော့မဖြစ်လောက်ပါဘူး။

ဦးစံသာ စိတ်ပိုင်းဖြတ်ပြီး စာရွက်ခေါက်လေးအား ဖြည်ကာ ဖွင့်ဖတ်မိသည်။ ပါရှိသည့်စာမှာ...

💌  သို့ ...မောင့်ရဲ့ဟန်ချီ....

ဒီနေ့မိုးတွေတအားရွာတာပဲနော်....

မောင့်မှာ မင်းကိုလာတွေ့ချင်တာကို...အဲ့မိုးကြောင့် မတွေ့ရဘူး!

အရမ်းလွမ်းနေတာ မောင့်ရဲ့အသစ်စက်စက်ချစ်သူလေးကို...ဟီး

အာ့ကြောင့် မောင် အလွမ်းပြေ စာရေးလိုက်တာ...ဟီး...ပိုသွားလားပဲနော်...

ဟန်ချီရော...ဘယ်လိုနေလဲ? မောင့်ကိုလွမ်းနေလားဟင်?

လွမ်းနေရင်...မောင့်စာကိုဖတ်ပြီး အလွမ်းဖြေလိုက်နော်...အဟိ

မနက်ဖြန်မှ လာတွေ့မယ်...

ချစ်တယ်...မောင့်ရဲ့ဟန်ချီလေးကို....မွ...💌

စာ၏အဆုံးမှာ ဦးစံသာ၏ မျက်လုံးများမှာ ပေါက်ထွက်မတတ်  ပြူးကျယ်သွားတော့သည်။မယုံနိုင်ချင်းများစွာနှင့် စာကိုကြည့်ရင်းခေါင်းတစ်ခါခါ.....ဒါဘယ်လိုအခြေနေကြီးလဲ! သားငယ်က....သားငယ်လေးက..ယောကျ်ားလေးတစ်ယောက်နဲ့.....
ဦးစံသာ ဆက်မတွေးနိုင်တော့ပါ ။ 

စိတ်ရှုပ်ထွေးစွာဖြင့် မျက်နှာအား လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီး စာကိုတစ်ချက်ပြန်ကြည့်လိုက်သည်။ ဟုတ်တယ်...သားငယ်ကိုသေချာအောင် မေးရမယ်......

အတွေးနှင့်အတူ အိပ်နေသော သားငယ်အားနှိုးရန် နောက်သို့အလှည့် ရပ်ကြည့်နေသော ဇနီးသည်အား တွေ့လိုက်မိသည်။

"ဘာဖြစ်ကြတာလဲ...ခုနက ဖိုးချစ်နဲ့ ဖိုးနှစ်မဟုတ်လား"

ဒေါ်ခက်နွယ်မှာ ညနေစာချက်ပြုတ်နေရာမှ အိမ်ရှေ့မှ အော်ခေါ်သံကြားသည်။ ဟင်းအိုးတန်း လန်းကြီးနဲ့မို့ ယောကျာ်းဖြစ်သူကိုသာ သွားကြည့်ခိုင်းလိုက်သည်။ ဟင်းအိုးအား လက်စသက်ကာ အိမ်ရှေ့ထွက်လာမှ အိမ်တံခါးပေါက်နား ငူငူကြီးရပ်နေသော ယောကျာ်းဖြစ်သူကြောင့် အသာရပ်ကြည့်နေမိကာ  မိမိဘက်လှည့်လာမှ ဘာဖြစ်သည်ကို  မေးမိသည်။

ဦးစံသာလည်း ဇနီးသည်အား တွေတွေငေးကြည့်မိကာ သက်ပြင်းချမိသည်။

"သားငယ်ကို သွားနှိုးလိုက် ပြောစရာရှိတယ်"

"ကလေးအိပ်နေတာကို...ဘာပြောမှာမို့ အရေးတစ်ကြီး"

"​ငါနှိုးဆို နှိုးလိုက်ပေါ့  ခက်နွယ်ရာ!"

ဦးစံသာ အသံအနည်းငယ်ကျယ်သွားမိသည်။ ဒေါ်ခက်နွယ်မှာ ယောကျာ်းဖြစ်သူအား မျက်စောင်းတစ်ချက်ထိုးရင်း သားကိုနှိုးရန် အိမ်ပေါ်ထပ်သို့တက်သွားတော့သည်။

~          ~           ~            ~            ~           ~

"အမှန်ကိုဖြေ သားငယ်..သားငယ်နဲ့ အဲ့ကလေးက..."

ဦးစံသာ စကားအား အဆုံးထိဆက်မပြောနိုင်။ သားဖြစ်သူ၏ အဖြေကိုသေချာအတည်ပြုချင်သည်။

ဟန်ချီမှာလည်း ရှေ့မှာ မိဘနှစ်ပါးအား မျက်နှာချင်းမဆိုင်ရဲ။ ခေါင်းငုံကာဖြင့် လက်ထဲက စာကိုသာကြည့်နေမိသည်။ အရင်က ချမ်းမြေ့မောင်ကိုဆို ကြည့်မရခဲ့သည်မှာအမှန်ပင်။ နောက်ပြီးမိမိသည်လည်း ယောကျာ်းလေးတစ်ယောက်။တခြား ယောကျာ်းတစ်ယောက်က မိမိအားနှစ်သက်သည်ကိုလည်း မနှစ်မြို့ခဲ့သူပင်။ အခုတော့..အခုတော့ ထိုချမ်းမြေ့မောင်ဆိုသည့် ယောကျာ်းတစ်ယောက်အား ချစ်မိနေခဲ့သည်။ မိမိကိုယ်တိုင်တောင် သတိမထားမိခဲ့ပဲ ထိုလူ့ထံမှာ ပျော်၀င်နေခဲ့ပြီ။

ထိုလူ့ဘေးရောက်ရင် ဟန်ချီအလိုလိုပျော်နေမိသည်။ သူက တကယ်မျက်နှာရွှင်တဲ့သူ...
ယခုပင် တွေးရင်းပြုံးမိပြန်သည်...ဘယ်နှယ့် စာရေးပေးရတယ်လို့... ကလေးကလားအထာနဲ့။နောက်ပြီးတော့များ စာထဲမှာပင် ဟီးတွေရော အဟိတွေရောနှင့် တကယ့်ကိုပင်။

ဟန်ချီ ကိုယ့်အတွေးနှင့်ကိုယ်ပြုံးနေမိသည်မှာ ပေါ့ပေါ့ပါးပါးပင်။ မိဘတွေသိသွားခြင်းကြောင့်ကြောက်နေသောစိတ်များမှာလည်း ဘယ်လွှင့်သွားသည်မသိ။

"သားငယ်...ဖေဖေမေးတာဖြေဦးလေ"

ဦးစံသာနှင့်ဒေါ်ခက်နွယ်မှာ နားမလည်နိုင်။ သားဖြစ်သူက ဘယ်နှယ့်ကြောင့် ပြုံးနေရသနည်း။မိမိတို့မှာတော့ အပူတပြင်းနှင့် မေးနေမိတာကို။

"ဗျာ..ဟုတ်..အဲ့တာက"

ထပ်မေးလာသည့် ဖခင်ကြောင့် ဟန်ချီ့အတွေးတို့ပြတ်သွားပြီး  လက်ရှိပစ္စုပ္ပန်သို့ပြန်ရောက်သည်။ ထို့နောက်  စိတ်ကိုတင်းကာ မိဘနှစ်ပါးအား ရဲ၀ံ့စွာကြည့်၍ ​ပြောလိုက်မိသည်။

"သားသူ့ကို မေတ္တာရှိတယ် "

ဖခင်ဖြစ်သူထံမှ သက်ပြင်းချသံသဲ့သဲ့အားကြားလိုက်ရသည်။ မိခင်ဖြစ်သူမှာတော့ မျက်ရည်ဝဲကာဖြင့် မိမိအားမယုံနိုင်သလိုကြည့်နေသည်။

"သား..သား သူ့ကိုတကယ်မေတ္တာရှိတယ်... သားတို့ကို ဖေဖေတို့ သဘော..."

"သားငယ်..."

မိမိအားဖက်ကာ ရှိုက်ငိုနေသည့်မိခင်။ မှားပြီလား..မိဘတွေကိုစိတ်ဆင်းရဲအောင်လုပ်မိပြီလား...

အတွေးနှင့်အတူ ဟန်ချီ မှာလည်း မျက်ရည်များကျလာတော့သည်။ မိခင်ဖြစ်သူအား ပြန်လည်ဖက်တွယ်ရင်း စကားတစ်ခွန်းသာ ဖွဖွပြောမိသည်။

"သား တောင်းပန်ပါတယ်"

ဟန်ချီ့စကားအဆုံး မိခင်ဖြစ်သူမှာ ဖက်တွယ်ထားရာမှ ချက်ချင်းခွာပစ်သည်။ ဟန်ချီမှာ စိတ်မကောင်းဖြစ်ရသည်။ မိခင်မှာ သူ့ကိုများမုန်းသွားပြီလား....

"သားက ဘာအတွက်တောင်းပန်တာလဲ...ယောကျာ်းလေးတစ်ယောက်နဲ့ မေတ္တာမျှမိလို့လား"

"ကျွန်တော်...."

"သားငယ်..သူ့ကိုတကယ်မေတ္တာရှိတာလား"

ဖခင်ဖြစ်သူမှ မေးလာခြင်းဖြစ်သည်။ ဟန်ချီခိုင်မာစွာပင်...

"သားဘ၀မှာ နှစ်ခါပြန်မေးစရာမလိုလောက်အောင် သေချာနေပါပြီ ဖေဖေ"

ဟန်ချီ့စကားအဆုံး ဦးစံသာမှာ ပြုံးလျှက်ပင် မျက်ရည်ကျလာတော့သည်။နောက်ပြီး  ​ညင်သာစွာပြောသည့်စကားက

"သားငယ်က ပျော်ရွှင်နေသင့်တဲ့ကလေးပါ...ဖေ့ဖေ့ သားငယ်လေး ပျော်ပျော်နေဖို့ အချိန်ကျပါပြီ"တဲ့။

ဖခင်စကားအား မိခင်မှာလည်း ပြုံးရင်းထောက်ခံသည်။ ဟန်ချီ ၀မ်းနည်း၀မ်းသာစွာဖြင့် ဖေဖေ့အား ဖက်လိုက်မိသည်။ ထို့နောက် မေမေအားလက်ဆန်းတန်းကာခေါ်မိသည်။ မေမေက အပြုံးအေးလေးနှင့်အတူ ကျွန် တော်တို့ သား အဖအား ပွေ့ဖက်သည်။ ပြီးတော့မှ..တိုးတိုးဖွဖွပြောတာက-

"အဆိုးလေးချွဲနေပြန်ပါပြီ" တဲ့။

ဟန်ချီတို့သုံးယောက်လုံး မျက်ရည်စများနှင့်ပြုံးမိကြသည်။

သားမိသားဖသုံးယောက် ပွေ့ဖက်နေသည့် မြင်ကွင်းလေးသည် လူတိုင်းကို ပီတိအပြုံးပန်းများဝေစေမည်မှာ အသေအချာပင်။ဤအရိပ်မြုံသည်ကား အေးချမ်းမှုများဖြင့် အတိပြီးကာ မေတ္တာများဖြင့် လွှမ်းခြုံထားလေတော့သည်။

26.7.2022(Tue)
//Hnin Satt Hmone☃️❄️
(A.N// ဖတ်ရတာ အဆင်ပြေကြရဲ့လားဗျို့....
တကယ်ကိုဇာတ်သိမ်းကနီးနေပါပြီနော်😁
ဖတ်ပေးကြတဲ့အတွက်လည်းကျေးဇူးပါဗျာ🖤)

         (Zawgyi)


"ကိုႀကီး ဟန္ခ်ီ...ဒီမွာဗ်ိဳ႕ ကိုႀကီးဟန္ခ်ီအတြက္ စာပါလာတယ္"

တေၾကာ္ေၾကာ္ေအာ္ေခၚေနသံေၾကာင့္ ဦးစံသာတစ္ေယာက္ အိမ္ေရွ႕ထြက္ၾကည့္လိုက္မိသည္။
ၿခံေရွ႕မွာေလာင္းေလွစီးတစ္စီးရပ္ထားသည္ကိုေတြ႕သည္ ။ဘယ္သူေတြလဲ ေသခ်ာလွမ္းၾကည့္မိေတာ့ ဖိုးခ်စ္ႏွင့္ဖိုးႏွစ္တို႔ ညီအစ္ကိုႏွစ္ေယာက္ပင္။ တစ္႐ြာလုံးရဲ႕ ငေမႊေကာင္ေတြ။

"ဘာတုန္းကြ...ဆူဆူညံညံနဲ႔"

ကေလးႏွစ္ေယာက္မွာ ဦးစံသာအားျမင္ေတာ့ အနည္းငယ္တန္႔သြားသည္။ၿပီးမွ မ၀ံ့မရဲပုံစံႏွင့္...

"ဒီမွာ...စာေပးခိုင္းလိုက္လို႔ ဘႀကီးေရ"

ၿခံ၀န္းေပါက္ႏွင့္ အိမ္သည္ အနည္းငယ္လွမ္းသည္ေၾကာင့္ ေအာ္ေျပာေနရသည့္အေျခအေနပင္။ ၿခံ၀န္းထဲ ေရျပည့္ေနသည္ေၾကာင့္ ဦးစံသာမွာ ဆင္းသြားလို႔လည္းမရ။ ေအာ္ေအာ္ေျပာေနရသည္လည္း မဟုတ္ေသးႏွင့္။

"ဘာေျပာသလဲမၾကားရဘူးဟ..အိမ္ေရွ႕ထိလာခဲ့ေဟ့"

ဦးစံသာလွမ္းေခၚေတာ့ ကေလးႏွစ္ေယာက္လည္း ၿခံထဲထိ ေလွစီး၀င္လာခဲ့သည္။ ေလာင္းေလွအား ဦးစံသာရပ္ေနေသာ အိမ္ေရွ႕တံခါးေရွ႕ ရပ္လိုက္ၿပီးမွ....

"ဒီမွာ စာေပးခိုင္းလိုက္လို႔ဗ်"

ဖိုးခ်စ္မွ လက္ထဲကစာအားေျမႇာက္ျပကာေျပာေတာ့ ဦးစံသာမွာ နားမလည္သလိုၾကည့္သည္။
ဘယ္ကစာလဲ...?

"ဘယ္ကစာတုန္း..? မင္းတို႔ႏွစ္ေကာင္ ငါ့ကိုေတာ့ ေနာက္မယ္ မႀကံနဲ႔ေနာ္.."

"ဟာ...ဘႀကီးကလည္း တကယ္ေပးခိုင္းလိုက္လို႔ပါဆို ဟုတ္တယ္ေနာ္ ဖိုးႏွစ္."

"ဟုတ္တယ္ဗ်...ဟို ကိုႀကီးခ်မ္းေျမ့ေမာင္က လွမ်က္ဟန္ခ်ီဆီေပး ေပးပါဆိုလို႔ သားတို႔ကယူလာတာ"

ဖိုးခ်စ္အေျပာကို  ဖိုးႏွစ္ကလည္း ၀င္ေထာက္ ခံ၏။ ဦးစံသာမွာ အေတြးမ်ားရသည္။ ခ်မ္းေျမ့ေမာင္ဆိုသည့္ကေလးအား သူသိသည္။ သူႀကီး ၏ေျမးဆိုသည့္ေကာင္ေလးပင္။ အဲ့ေကာင္ေလးက ဘာလို႔ သားငယ္ကိုစာေပးရတာလဲ? ၿပီးေတာ့ ဘာမို႔လို႔ စာေရးၿပီးေပးရတာ?

"ေပး..အဲ့စာကို"

ဦးစံသာ စာအားလွမ္းေတာင္းေတာ့ ဖိုးခ်စ္မွာ စာကိုေနာက္သို႔အျမန္ဖြတ္လိုက္ၿပီး...

"ကိုႀကီးခ်မ္းေျမ့ေမာင္က ကိုႀကီးဟန္ခ်ီကိုပဲေပးရမယ္လို႔မွာလိုက္တာ...ဘႀကီးကိုဘာကိစၥေပးရမွာလဲ...ကိုႀကီးဟန္ခ်ီကိုသာေခၚေပးဗ်ာ"

"တယ္...ဒီကေလး..ငါေျပာရင္မေကာင္းရွိေတာ့မယ္! မင္းတို႔ကိုႀကီးက အိပ္ေနတယ္..ငါ့ကိုေပးထားခဲ့ ငါေပးလိုက္မယ္"

"မရပါဘူး ကိုႀကီးဟန္ခ်ီကိုပဲေပးရမွာ..ဘႀကီးကိုမယုံေပါင္"

"ေအာင္မာ...ငါကသူ႔အေဖေနာ္....ေပးထားခဲ့မလားေျပာ...မေပးရင္ မင္းတို႔အေမ မခင္လုံးကို ငါသြားတိုင္လိုက္မယ္ေနာ္..."

"ဟာ..ေပးမယ္ ေပးမယ္"

ဦးစံသာ ေျခာက္ေျပာေတာ့ ကေလးႏွစ္ေယာက္မွာ ျပာျပာသလဲႏွင့္ စာအားထုတ္ေပးသည္။ မ်က္ႏွာမ်ားကေတာ့စူပုပ္လို႔။ မႏိုင္ေကာင္ေတြက အေမကိုေတာ့အေတာ္ေၾကာက္ၾကသည္။

"ဘႀကီး ေပးျဖစ္ေအာင္ေပးလိုက္ေနာ္...ကိုႀကီးခ်မ္းေျမ့ေမာင္ကဆိုတာလည္း ေျပာလိုက္ဦး"

"ေအး.."

ညီအကိုႏွစ္ေယာက္ ေလာင္းေလွစီးကာျပန္ထြက္သြားသည္ကိုၾကည့္ၿပီးမွ ဦးစံသာ လက္ထဲ စာအားအၾကည့္ျပန္ေရာက္သည္။ ဖြင့္ဖတ္သင့္သည္လားမသိ။ သိခ်င္စိတ္မ်ားေနေပမယ့္ သားကိစၥဆိုေတာ့ သူပိုင္စိုးပိုင္နင္းမ်ားျဖစ္ေနမလား?
အင္း...ေယာက်ာ္းေလးခ်င္းေပးတာပဲ စေနာက္တာမ်ိဳးျဖစ္မွာေပါ့! ဖတ္ၾကည့္႐ုံနဲ႔ ဘာမွေတာ့မျဖစ္ေလာက္ပါဘူး။

ဦးစံသာ စိတ္ပိုင္းျဖတ္ၿပီး စာ႐ြက္ေခါက္ေလးအား ျဖည္ကာ ဖြင့္ဖတ္မိသည္။ ပါရွိသည့္စာမွာ...

💌  သို႔ ...ေမာင့္ရဲ႕ဟန္ခ်ီ....

ဒီေန႔မိုးေတြတအား႐ြာတာပဲေနာ္....

ေမာင့္မွာ မင္းကိုလာေတြ႕ခ်င္တာကို...အဲ့မိုးေၾကာင့္ မေတြ႕ရဘူး!

အရမ္းလြမ္းေနတာ ေမာင့္ရဲ႕အသစ္စက္စက္ခ်စ္သူေလးကို...ဟီး

အာ့ေၾကာင့္ ေမာင္ အလြမ္းေျပ စာေရးလိုက္တာ...ဟီး...ပိုသြားလားပဲေနာ္...

ဟန္ခ်ီေရာ...ဘယ္လိုေနလဲ? ေမာင့္ကိုလြမ္းေနလားဟင္?

လြမ္းေနရင္...ေမာင့္စာကိုဖတ္ၿပီး အလြမ္းေျဖလိုက္ေနာ္...အဟိ

မနက္ျဖန္မွ လာေတြ႕မယ္...

ခ်စ္တယ္...ေမာင့္ရဲ႕ဟန္ခ်ီေလးကို....မြ...💌

စာ၏အဆုံးမွာ ဦးစံသာ၏ မ်က္လုံးမ်ားမွာ ေပါက္ထြက္မတတ္  ျပဴးက်ယ္သြားေတာ့သည္။
မယုံႏိုင္ခ်င္းမ်ားစြာႏွင့္ စာကိုၾကည့္ရင္းေခါင္းတစ္ခါခါ.....
ဒါဘယ္လိုအေျခေနႀကီးလဲ! သားငယ္က....သားငယ္ေလးက..ေယာက်္ားေလးတစ္ေယာက္နဲ႔.....
ဦးစံသာ ဆက္မေတြးႏိုင္ေတာ့ပါ ။ 

စိတ္ရႈပ္ေထြးစြာျဖင့္ မ်က္ႏွာအား လက္ျဖင့္ ခပ္ၾကမ္းၾကမ္း ပြတ္လိုက္ၿပီး စာကိုတစ္ခ်က္ျပန္ၾကည့္လိုက္သည္။ ဟုတ္တယ္...သားငယ္ကိုေသခ်ာေအာင္ ေမးရမယ္......

အေတြးႏွင့္အတူ အိပ္ေနေသာ သားငယ္အားႏႈိးရန္ ေနာက္သို႔အလွည့္ ရပ္ၾကည့္ေနေသာ ဇနီးသည္အား ေတြ႕လိုက္မိသည္။

"ဘာျဖစ္ၾကတာလဲ...ခုနက ဖိုးခ်စ္နဲ႔ ဖိုးႏွစ္မဟုတ္လား"

ေဒၚခက္ႏြယ္မွာ ညေနစာခ်က္ျပဳတ္ေနရာမွ အိမ္ေရွ႕မွ ေအာ္ေခၚသံၾကားသည္။ ဟင္းအိုးတန္း လန္းႀကီးနဲ႔မို႔ ေယာက်ာ္းျဖစ္သူကိုသာ သြားၾကည့္ခိုင္းလိုက္သည္။ ဟင္းအိုးအား လက္စသက္ကာ အိမ္ေရွ႕ထြက္လာမွ အိမ္တံခါးေပါက္နား ငူငူႀကီးရပ္ေနေသာ ေယာက်ာ္းျဖစ္သူေၾကာင့္ အသာရပ္ၾကည့္ေနမိကာ  မိမိဘက္လွည့္လာမွ ဘာျဖစ္သည္ကို  ေမးမိသည္။

ဦးစံသာလည္း ဇနီးသည္အား ေတြေတြေငးၾကည့္မိကာ သက္ျပင္းခ်မိသည္။

"သားငယ္ကို သြားႏႈိးလိုက္ ေျပာစရာရွိတယ္"

"ကေလးအိပ္ေနတာကို...ဘာေျပာမွာမို႔ အေရးတစ္ႀကီး"

"​ငါႏႈိးဆို ႏႈိးလိုက္ေပါ့  ခက္ႏြယ္ရာ!"

ဦးစံသာ အသံအနည္းငယ္က်ယ္သြားမိသည္။ ေဒၚခက္ႏြယ္မွာ ေယာက်ာ္းျဖစ္သူအား မ်က္ေစာင္းတစ္ခ်က္ထိုးရင္း သားကိုႏႈိးရန္ အိမ္ေပၚထပ္သို႔တက္သြားေတာ့သည္။

~          ~           ~            ~            ~           ~

"အမွန္ကိုေျဖ သားငယ္..သားငယ္နဲ႔ အဲ့ကေလးက..."

ဦးစံသာ စကားအား အဆုံးထိဆက္မေျပာႏိုင္။ သားျဖစ္သူ၏ အေျဖကိုေသခ်ာအတည္ျပဳခ်င္သည္။

ဟန္ခ်ီမွာလည္း ေရွ႕မွာ မိဘႏွစ္ပါးအား မ်က္ႏွာခ်င္းမဆိုင္ရဲ။ ေခါင္းငုံကာျဖင့္ လက္ထဲက စာကိုသာၾကည့္ေနမိသည္။ အရင္က ခ်မ္းေျမ့ေမာင္ကိုဆို ၾကည့္မရခဲ့သည္မွာအမွန္ပင္။ ေနာက္ၿပီးမိမိသည္လည္း ေယာက်ာ္းေလးတစ္ေယာက္။တျခား ေယာက်ာ္းတစ္ေယာက္က မိမိအားႏွစ္သက္သည္ကိုလည္း မႏွစ္ၿမိဳ႕ခဲ့သူပင္။ အခုေတာ့..အခုေတာ့ ထိုခ်မ္းေျမ့ေမာင္ဆိုသည့္ ေယာက်ာ္းတစ္ေယာက္အား ခ်စ္မိေနခဲ့သည္။ မိမိကိုယ္တိုင္ေတာင္ သတိမထားမိခဲ့ပဲ ထိုလူ႔ထံမွာ ေပ်ာ္၀င္ေနခဲ့ၿပီ။

ထိုလူ႔ေဘးေရာက္ရင္ ဟန္ခ်ီအလိုလိုေပ်ာ္ေနမိသည္။ သူက တကယ္မ်က္ႏွာ႐ႊင္တဲ့သူ...
ယခုပင္ ေတြးရင္းၿပဳံးမိျပန္သည္...ဘယ္ႏွယ့္ စာေရးေပးရတယ္လို႔... ကေလးကလားအထာနဲ႔
ေနာက္ၿပီးေတာ့မ်ား စာထဲမွာပင္ ဟီးေတြေရာ အဟိေတြေရာႏွင့္ တကယ့္ကိုပင္။

ဟန္ခ်ီ ကိုယ့္အေတြးႏွင့္ကိုယ္ၿပဳံးေနမိသည္မွာ ေပါ့ေပါ့ပါးပါးပင္။ မိဘေတြသိသြားျခင္းေၾကာင့္ေၾကာက္ေနေသာစိတ္မ်ားမွာလည္း ဘယ္လႊင့္သြားသည္မသိ။

"သားငယ္...ေဖေဖေမးတာေျဖဦးေလ"

ဦးစံသာႏွင့္ေဒၚခက္ႏြယ္မွာ နားမလည္ႏိုင္။ သားျဖစ္သူက ဘယ္ႏွယ့္ေၾကာင့္ ၿပဳံးေနရသနည္း။
မိမိတို႔မွာေတာ့ အပူတျပင္းႏွင့္ ေမးေနမိတာကို။

"ဗ်ာ..ဟုတ္..အဲ့တာက"

ထပ္ေမးလာသည့္ ဖခင္ေၾကာင့္ ဟန္ခ်ီ႕အေတြးတို႔ျပတ္သြားၿပီး  လက္ရွိပစၥဳပၸန္သို႔ျပန္ေရာက္သည္။ ထို႔ေနာက္  စိတ္ကိုတင္းကာ မိဘႏွစ္ပါးအား ရဲ၀ံ့စြာၾကည့္၍ ​ေျပာလိုက္မိသည္။

"သားသူ႔ကို ေမတၱာရွိတယ္ "

ဖခင္ျဖစ္သူထံမွ သက္ျပင္းခ်သံသဲ့သဲ့အားၾကားလိုက္ရသည္။ မိခင္ျဖစ္သူမွာေတာ့ မ်က္ရည္ဝဲကာျဖင့္ မိမိအားမယုံႏိုင္သလိုၾကည့္ေနသည္။

"သား..သား သူ႔ကိုတကယ္ေမတၱာရွိတယ္...သားတို႔ကို ေဖေဖတို႔ သေဘာ..."

"သားငယ္..."

မိမိအားဖက္ကာ ရႈိက္ငိုေနသည့္မိခင္။ မွားၿပီလား..မိဘေတြကိုစိတ္ဆင္းရဲေအာင္လုပ္မိၿပီလား...

အေတြးႏွင့္အတူ ဟန္ခ်ီ မွာလည္း မ်က္ရည္မ်ားက်လာေတာ့သည္။ မိခင္ျဖစ္သူအား ျပန္လည္ဖက္တြယ္ရင္း စကားတစ္ခြန္းသာ ဖြဖြေျပာမိသည္။

"သား ေတာင္းပန္ပါတယ္"

ဟန္ခ်ီ႕စကားအဆုံး မိခင္ျဖစ္သူမွာ ဖက္တြယ္ထားရာမွ ခ်က္ခ်င္းခြာပစ္သည္။ ဟန္ခ်ီမွာ စိတ္မေကာင္းျဖစ္ရသည္။ မိခင္မွာ သူ႔ကိုမ်ားမုန္းသြားၿပီလား....

"သားက ဘာအတြက္ေတာင္းပန္တာလဲ...ေယာက်ာ္းေလးတစ္ေယာက္နဲ႔ ေမတၱာမွ်မိလို႔လား"

"ကြၽန္ေတာ္...."

"သားငယ္..သူ႔ကိုတကယ္ေမတၱာရွိတာလား"

ဖခင္ျဖစ္သူမွ ေမးလာျခင္းျဖစ္သည္။ ဟန္ခ်ီခိုင္မာစြာပင္...

"သားဘ၀မွာ ႏွစ္ခါျပန္ေမးစရာမလိုေလာက္ေအာင္ ေသခ်ာေနပါၿပီ ေဖေဖ"

ဟန္ခ်ီ႕စကားအဆုံး ဦးစံသာမွာ ၿပဳံးလွ်က္ပင္ မ်က္ရည္က်လာေတာ့သည္။ေနာက္ၿပီး  ​ညင္သာစြာေျပာသည့္စကားက

"သားငယ္က ေပ်ာ္႐ႊင္ေနသင့္တဲ့ကေလးပါ...ေဖ့ေဖ့ သားငယ္ေလး ေပ်ာ္ေပ်ာ္ေနဖို႔ အခ်ိန္က်ပါၿပီ"တဲ့။

ဖခင္စကားအား မိခင္မွာလည္း ၿပဳံးရင္းေထာက္ခံသည္။ ဟန္ခ်ီ ၀မ္းနည္း၀မ္းသာစြာျဖင့္
ေဖေဖ့အား ဖက္လိုက္မိသည္။ ထို႔ေနာက္ ေမေမအားလက္ဆန္းတန္းကာေခၚမိသည္။ ေမေမက အၿပဳံးေအးေလးႏွင့္အတူ ကြၽန္ေတာ္တို႔ သား အဖအား ေပြ႕ဖက္သည္။ ၿပီးေတာ့မွ..တိုးတိုးဖြဖြေျပာတာက-

"အဆိုးေလးခြၽဲေနျပန္ပါၿပီ" တဲ့။

ဟန္ခ်ီတို႔သုံးေယာက္လုံး မ်က္ရည္စမ်ားႏွင့္ၿပဳံးမိၾကသည္။

သားမိသားဖသုံးေယာက္ ေပြ႕ဖက္ေနသည့္ ျမင္ကြင္းေလးသည္ လူတိုင္းကို ပီတိအၿပဳံးပန္းမ်ားေဝေစမည္မွာ အေသအခ်ာပင္။ဤအရိပ္ၿမဳံသည္ကား ေအးခ်မ္းမႈမ်ားျဖင့္ အတိၿပီးကာ ေမတၱာမ်ားျဖင့္ လႊမ္းၿခဳံထားေလေတာ့သည္။

26.7.2022(Tue)
//Hnin Satt Hmone☃️❄️
(A.N// ဖတ္ရတာ အဆင္ေျပၾကရဲ႕လားဗ်ိဳ႕....
တကယ္ကိုဇာတ္သိမ္းကနီးေနပါၿပီေနာ္😁
ဖတ္ေပးၾကတဲ့အတြက္လည္းေက်းဇူးပါဗ်ာ🖤)

Olvasás folytatása

You'll Also Like

606K 1.2K 28
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်
11K 595 2
​ရှေးကျ​သောလိင်တူအိမ်​ထောင်​ရေးအ​ကြောင်း ​ေရွးက်​ေသာလိင္တူအိမ္​ေထာင္​ေရးအ​ေၾကာင္း
88.3K 3.8K 41
Taeyung:"នេះខ្ញុំមិនដឹងថាកំពុងតែមានប្ដីឬក៏មានកូនអោយប្រាកដនោះទេ...." Jungkook:"ម៉ែ...កូនទៅរៀនហេីយ..."..
872K 34.7K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...