(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

714K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(392) - အနောက်ဘက်စွန်း

1.9K 455 30
By Xiao_Yiii

Unicode

အခန်း(၃၉၂) - အနောက်ဘက်စွန်း

ဖုန်ကျင်းယွီက ခေါင်းလေးစောင်းလိုက်ပြီး နားမလည်နိုင်သည့် လေသံဖြင့် မေးလာသည်။

"တိုက်ကြီးငါးတိုက်မှာပဲ နေရတာက မကောင်းဘူးလား? မင်းရဲ့ လက်ရှိ ကျင့်ကြံဆင့်နဲ့ဆိုရင် နယ်မြေကြီးကိုးခုကို ရောက်ဖို့အတွက် အချိန်အကြာကြီး ကျင့်ကြံရဦးမှာ။ အဲ့ဒီတော့ ဒီလောက်ထိ အလျင်လိုနေစရာ မလိုဘူးလေ?"

လင်ရွှမ်းဇီက ဖြေသည်။

"အဲ့ဒီလူတွေဘက်က စပြီး ငါတို့ကို တိုက်ကြီးငါးတိုက်မှာ နောက်တစ်ခေါက် ထပ်လာပြီး ရှာမှာကို မလိုချင်တော့ဘူး။ တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်တွေ ကျိုးပျက်သွားတာနဲ့ ငါကိုယ်တိုင် နယ်မြေကြီးကိုးခုမှာ အားဟန်နဲ့အတူ စိတ်ကြိုက် လျှောက်သွားလို့ ရလိမ့်မယ်။ နယ်မြေကြီးကိုးခုက ကျယ်ပြောပြီး နယ်နိမိတ်မရှိဘူး။ အဲ့ဒီလိုနေရာမျိုးကို ရောက်သွားတာနဲ့ ကြီးမားတဲ့ သမုဒ္ဒရာထဲ ရောက်သွားတဲ့ ငါးတစ်ကောင်လိုပဲ ပုန်းလျှိုးကွယ်လျှိုးလုပ်ဖို့လည်း လွယ်ကူသွားလိမ့်မယ်။ ဒီနည်းလမ်းနဲ့ဆိုရင် ရန်သူတွေက အလင်းထဲ ရောက်နေတဲ့ အချိန်မှာ ငါက အမှောင်ထဲ ရောက်နေမှာပဲ"

ဖုန်ကျင်းယွီက လင်ရွှမ်းဇီအား ကြည့်လိုက်သည်။

"မင်းရဲ့ စဉ်းစားပုံ စဉ်းစားနည်းက တကယ့်ကို လျှို့ဝှက် အစီအစဉ်တွေ ရှိနေတာပဲ"

လင်ရွှမ်းဇီက ခပ်ဖျော့ဖျော့သာ ပြန်ပြောလာသည်။

"ငါက အရမ်းကြီးကြီးမားမားကြီး မတောင်းဆိုပါဘူး။ ဒီတိုင်း သီးသန့်ဘဝလေးနဲ့နေပြီး ငါ့ချစ်သူနဲ့ အတူတူ ခရီးတွေ လျှောက်သွားချင်ယုံလေးပါပဲ"

ဖုန်ကျင်းယွီသည် လင်ရွှမ်းဇီက ဒီလိုတွေးနေမယ်လို့ မထင်ထားခဲ့မိတာကြောင့် သူ့ စိတ်ခံစားချက်များက ရှုပ်ထွေးသွားခဲ့သည်

ဖုန်ကျင်းယွီက ခဏလောက် ရပ်သွားမိသည်။

"မင်းက တကယ့်ကို အရှည်ကြီး မျှော်တွေးတာပဲ"

လင်ရွှမ်းဇီက ဖုန်ကျင်းယွီရဲ့ ခေါင်းထိပ်လေးမှာ ထောင်နေသည့် အမွှေးလေးများအား ထိလိုက်သည်။

"အကယ်၍ ငါသာ ကိစ္စတွေကို နည်းနည်းလောက်ပဲ တွေးကြည့်ခဲ့မိလို့ အနာဂတ်မှာ ပြဿနာတစ်ခုခု ကြုံလာခဲ့ရင် အဲ့ဒါက ဘယ်လောက် ပြင်းထန်မလဲ ဘယ်သူသိနိုင်မှာလဲ? အားဟန်နဲ့ ငါနဲ့ကြားမှာ တစ်ယောက်ယောက်ကတော့ နည်းနည်းပိုပြီး စဉ်းစားထားရမှာပေါ့"

ဖုန်ကျင်းယွီက သိမ်မွေ့စွာပြောသည်။

"လောလောဆယ်တော့ ငါ ယန်ထျန်းဟန်ကို တော်တော်လေး မနာလိုဖြစ်မိတယ်။ သူက ဘာကိုမှ တာဝန်ယူစရာလည်း မလိုသလို ဘာမှ သိနေစရာလည်း မလိုဘူး။ သူ့မှာ ဘာမှလုပ်စရာမရှိတဲ့ အချိန်တိုင်းမှာ ဒီအတိုင်း လျှောက်သွားပြီး ဆေးသန့်စင်ရုံပဲ။ တစ်ခုခု ဖြစ်လာခဲ့ရင်လည်း သူ့အစ်ကိုကြီးကို ခေါ်လိုက်ရုံနဲ့ရတယ်။ သူ့နေ့ရက်တွေကို ဒီအတိုင်းလေးပဲ ဖြတ်သန်းလို့ ရတယ်လေ"

လင်ရွှမ်းဇီက ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောလိုက်ပေ။

ဖုန်ကျင်းယွီပြောတဲ့ စကားများက မှန်ပေမယ့်လည်း မမှန်ပေ။

ယန်ထျန်းဟန်က ဒီလောက် နှလုံးသားမဲ့သူ မဟုတ်။ သူက အရာရာတိုင်းအပေါ် အလွန်အကဲဆတ်သော်လည်း ထိုအကြောင်းကို များများစားစား မပြောလိုခြင်း တစ်ခုတည်းသာ။ သူက ဘယ်သူမှ မသိဘဲ တိတ်တိတ်လေး လုပ်ရခြင်းကို ပိုပြီး သဘောကျတာပင်။

ဥပမာအားဖြင့် ယန်ထျန်းဟန်က သူ့အတွက်ကြောင့် ဘယ်သူ့ကိုမှ မပြောပဲ တုချီယင်းအား အလွန်လျင်မြန်ပြီး ပြတ်သားစွာနဲ့ ဖြေရှင်းခဲ့တာမျိုးပေါ့။

အားဟန်က တောက်ပတဲ့ ကလေးတစ်ယောက်ပါ

ဖုန်ကျင်းယွီက အနည်းငယ် စိတ်ပျက်အားငယ်သွားသလို ခံစားလိုက်ရသဖြင့် ထိုရွှေငှက်လေးသည် သူ့ နှုတ်သီးထိပ်လေးဖြင့် လင်ရွှမ်းဇီ၏ နောက်ကျောအား ဆိတ်လိုက်တော့လေသည်။

"ဒါပေမဲ့ မင်း အဲ့ဒီ စည်းတံဆိပ်ကို ချိုးဖြတ်မှာကို ငါထိုင်ပြီး မကြည့်ချင်တုန်းပဲ"

"ငါသိတယ်" လင်ရွှမ်းဇီကရပ်တန့်သွားပြီးမှ စကားဆက်သည်။

"ဒါပေမဲ့ စိတ်မကောင်းပါဘူး, ဘယ်လိုပဲ ဖြစ်နေပါစေ ငါကလည်း ဒီအတိုင်းထိုင်ပြီး သေခြင်းတရားကို စောင့်မနေနိုင်ဘူး"

ဖုန်ကျင်းယွီက ခဏမျှ ငြိမ်သက်နေပြီးမှ သူ့ခေါင်းပိစိလေးကို မြှောက်ပြီး လင်ရွှမ်းဇီအား ကြည့်လိုက်သည်။

"လောင်လင်, အကယ်၍ တစ်နေ့မှာ နယ်မြေကြီးကိုးခုကို ရောက်သွားပြီး ငါကလည်း အနောက်ဘက် ဧကရာဇ်နန်းတော်ရဲ့ အရှင်သခင် ဖြစ်နေသေးတယ် ဆိုရင် မင်းကို ခိုလှုံရာ တစ်နေရာ ပေးချင်တယ်။ အနောက်အင်ပါယာနန်းတော်ရဲ့ တံခါးတွေက မင်းအတွက် အမြဲဖွင့်ထားမှာပါ"

လင်ရွှမ်းဇီရဲ့ အမူအယာက နူးညံ့ပျော့ပျောင်းသွားပြီး အပြုံးလေးတစ်ပွင့် ပြလာသည်။

"မင်းရဲ့ စကားကြောင့် ငါ စိတ်သက်သာရာ ရနိုင်ပြီ"

ဖုန်ကျင်းယွီက မေးသည်။

"အဲ့ဒီတော့ အားကုက ဘယ်မှာလဲ?"

လင်ရွှမ်းဇီ: "....."

လေးလေးနက်နက် တွေးကြည့်လိုက်တော့ ဖုန်ကျင်းယွီ တကယ်သိချင်နေတဲ့ ကိစ္စက ကြည့်ရတာ ဒါပဲထင်တယ်

လင်ရွှမ်းဇီသည်လည်း လင်းချီကုက ဝိညာဉ်ပြားထဲမှာ အကြာကြီး ပိတ်မိနေပြီဟု ခံစားရတာကြောင့် တောတွင်း နက်နက် တစ်နေရာအား လက်ညှိုးထိုးပြလိုက်သည်။

"ဒီလမ်းအတိုင်း လိုက်သွားပြီး သူ့ကိုရှာလိုက်။ ငါ သေချာတော့ မပြောနိုင်ပေမယ့် ခပ်လှမ်းလှမ်းလောက် သွားပြီးတာနဲ့ အားကုကို ရှာတွေ့မှာပါ"

လင်ရွှမ်းဇီက လင်းချီကုကိုလည်း ဝိညာဉ်ပြားထဲမှ အချိန်ကိုက် ထုတ်ပေးလိုက်သည်။

ဒီတစ်ခေါက်မှာ သူနဲ့အတူ ခရီးသွားသည့်သူက အလွန်များပြားတာကြောင့် လင်ရွှမ်းဇီသည် တစ်စုံတစ်ဦးက လင်းချီကုရဲ့ ထူးဆန်းမှုတစ်ချို့အား သတိပြုမိသွားမှာ စိုးရိမ်ပြီး လင်းချီကုကို စိတ်ဝိညာဉ်ပြားထဲမှ လုံးဝ ထုတ်မပေးခဲ့ခြင်းပင်။ သို့သော်လည်း အခု သူစဉ်းစားကြည့်လိုက်တော့ ဖုန်ကျင်းယွီက လင်းချီကုရဲ့ အကြောင်းကို သူ့ထက်တောင် ပိုပြီး ဖုံးကွယ်ဖို့ ဂရုစိုက်လောက်တာကြောင့် စိတ်ချလက်ချနဲ့ လင်းချီကုကို လွှတ်ပေးလိုက်တော့သည်။

ဖုန်ကျင်းယွီ အဝေးတစ်နေရာအား ပျံသန်းပြီးနောက်မှာ သေချာပေါက်ပင် လင်းချီကု၏ ထူးခြားသော ရနံ့အား ရသွားသည်။

ဒီအနံ့က လင်းချီကု လူသားဖြစ်စဉ်က အနံ့နဲ့ နှိုင်းယှဉ်ကြည့်ရင် ကြီးမားသည့် ကွာခြားချက်တစ်ချို့ ရှိနေသည်။ ၎င်းသည် သေမျိုးကမ္ဘာရဲ့ သက်ဝင်လှုပ်ရှားမှု အငွေ့အသက်များ လျော့နည်းနေပြီး မှောင်မိုက်သော မြေကြီးအောက်မှ ဆိတ်ကွယ်နေသည့် အပင်များနဲ့ ထင်းရှုးပင်လို အနံ့တစ်မျိုး စွဲနေခြင်းပင်။ သို့သော်လည်း ဖုန်ကျင်းယွီက ထိုအနံ့အား ချက်ချင်း မှတ်မိနေဆဲပဲ။

"အားကု!"

ဖုန်ကျင်းယွီက ပကျိပကျိ အော်လိုက်ပြီး လင်းချီကုထံ ပျံသန်းဝင်သွားသည်။

လင်းချီကု၏ အနောက်မှာ မြင့်မားသည့် သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေသည်။ ထိုသူက ပုံမှန်အနက်ရောင် ဝတ်ရုံက လွဲလို့ တစ်ခြားအဝတ်များ မဝတ်ထားပေ။ ရှည်လျားသော ဆံနွယ်များက သူ့ကျောဘက်မှာ တစ်ဖျပ်ဖျပ် လွင့်မျောနေ၍ သူ့မျက်လုံးများက တိတ်ဆိတ်ပြီး အေးစက်သော အကြည့်များဖြင့် ဖမ်းစားထားသည်။

သို့သော်လည်း ဒီလူက ဘယ်သူ့ကိုမှ ဦးမညွှတ်ပဲ ကောင်းကင်ကိုဖျတ်ဆီး မြေကြီးကို ချေမှုန်းနိုင်မည့် အနီရောင် အမွှားတပ် ငွေလှံအား ကိုင်ဆောင်တတ်သော လူနဲ့ တူညီသည့် လူသာ။ အဲ့ဒီလိုဆိုရင်တောင် သူ့ရဲ့ နက်မှောင်နေသည့် မျက်လုံးများက နှိုင်းယှဉ်မရလောက်အောင် အားနည်းပုံပေါ်သည့် ငှက်ကလေးအား မြင်ရတဲ့ အချိန်မှာ သူ့နှုတ်ခမ်းများက ဖြည်းဖြည်းလေး ရွေ့လျားသွားခဲ့ပြီး ထိုငှက်ကလေး ရှိရာသို့ သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ဖုန်ကျင်းယွီက သူ့လက်ချောင်းပေါ်သို့ သက်ဆင်းလိုက်ပြီး ရှည်လျား သွယ်ပြောင်းသည့် လက်ချောင်းများအား တင်းကြပ်စွာ ကုပ်တွယ်လိုက်၏။

ထိုသူက ငှက်ကလေးအား သူ့နှုတ်ခမ်းနားဆီသို့ မြှောက်လိုက်ကာ သူ့ရဲ့ အေးစက်သည့် နှုတ်ခမ်းများဖြင့် တစ်ဖက်မှ တူညီစွာ အေးစက်နေသော နှုတ်သီးနဲ့ ထိတွေ့လိုက်လေသည်။

တစ်သွင်သွင် တိုက်ခတ်နေတဲ့ လေထုရဲ့ ပြောင်းလဲမှုတွေ၊ ထွက်ပေါ်လာတဲ့ နေမင်းကြီးနဲ့ လရောင်ရဲ့ အခြေကျမှုအားလုံးက သူတို့နဲ့ ဘာမှ မသက်ဆိုင်နေခဲ့။

*****

နောက်တစ်နေ့ ဂျီယွန်ဝေ နိုးတဲ့အချိန်မှာတော့ သူ့ငှက်လေး ပျောက်ဆုံးသွားကြောင်း ရှာတွေ့သွားရသည်။

ဂျီယွန်ဝေသည် အချိန်အတိုင်းအတာတစ်ခုအထိ အလျင်အမြန်ရှာဖွေခဲ့သည်။ သူ့ငှက်က အဝေးကို ပျံသွားပြီး လွယ်လွယ်နဲ့ ရှာမတွေ့နိုင်ဘူးဆိုတာ သေချာသွားတော့ သူ့မှာ ခေတ္တအရှုံးပေးရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ သူ့က သက်ပြင်းအား လေးလံစွာ ချလိုက်၍ စွန့်လွှတ်ရန် အလွန်ဝန်လေးနေပုံရသည်။

လင်ရွှမ်းဇီက ဒီအတိုင်း ကြည့်နေပေမယ့်လည်း ဖုန်ကျင်းယွီကို ထုတ်ဖော်မှာတော့ မဟုတ်ပေ။

ယန်ထျန်းဟန်သည်လည်း လင်းချီကုကို အာရုံခံနိုင်တာကြောင့် ဖုန်ကျင်းယွီရဲ့ တည်နေရာက လျှိုဝှက်ချက် ဟုတ်မနေခဲ့။

ကျန်ရှိသည့် ခရီးလမ်း တစ်လျှောက်မှာ အရာအားလုံးက ပုံမှန်အတိုင်းသာ ဆက်သွားသည်။

အမြီးကိုးချောင်း နတ်မြေခွေးသည်လည်း ၎င်းတို့အနီးနားရှိ မကောင်းဆိုးဝါးကြီးများကို ဖယ်ရှားရန် လျှို့ဝှက်ကူညီနေဆဲဖြစ်သောကြောင့် ခရီးတစ်ခုလုံး ချောမွေ့သွားသည်ဟု ဆိုနိုင်သည်။

နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲသို့ နက်နက်နဲနဲထိ တိုးသွားနိုင်သော ကျင့်ကြံသူက အလွန်နည်းပါးသည်။ ထို့ကြောင့် လင်ရွှမ်းဇီနဲ့ သူ့အဖွဲ့ အနေနဲ့ ခရီးပိုပြီး တွင်လာလေလေ သူတို့တွေ့ရသည့် လူများ၏ ခြေရာများက နည်းပါးလာလေလေပင်။ သို့သော်လည်း နတ်ဆိုးသားရဲကြီးများရဲ့ ခြေရာများနဲ့ အရိုးစုများကတော့ အမှန်ပင် သိသိသာသာ တိုးလာခဲ့သည်။

အစွယ်များဖုံးလွှမ်းနေသော နတ်ဆိုးတစ်ကောင်ကို ချေမှုန်းရန် လက်တွဲပူးပေါင်းပြီးနောက် ယွမ်ထျန်းဝမ်က နတ်ဆိုးသားရဲ၏ကိုယ်ကို ဖြိုခွဲရန် အစပြုခဲ့သည်။ သူက သားရဲ၏ မာကျောကြမ်းတမ်းသော အရေခွံ၊ ၎င်း၏အသားအတွင်းမှ အဆိပ်ရှိသော ဆူးများ၊ ကြယ်သုံးပွင့် အဆင့် ရောက်နေသည့် နတ်ဆိုးသားရဲ အမြူတေနှင့် ၎င်း၏အသား စသည်တို့အား ဖယ်ရှားလိုက်လေသည်။

ဟွမ်ဖူဂျင်နဲ့ လန်ဂျီရွှယ်တို့ နှစ်ယောက်လုံးက ဒီအတိုင်း ကပ်လိုက်လာတာ ဖြစ်တာကြောင့် သဘာဝကျကျပင် သူတို့က ဘာမှ မယူကြပေ။ နှစ်ယောက်စလုံးသည်လည်း သူတို့လိုချင်တာကို ရပြီးသား ဖြစ်တာကြောင့် ဒီအရာတွေကို သိပ်ဂရုစိုက်မနေကြ။ ဂျီယွန်ဝေသည်လည်း အသက်ရှိနေသည့် နတ်ဆိုးသားရဲများကိုသာ စိတ်ဝင်စားတာဖြစ်ပြီး အသေကောင် အစိတ်အပိုင်းများအား မကြိုက်တာကြောင့် ထိုပစ္စည်းများအားလုံး လင်ရွှမ်းဇီ၏ အိတ်ကပ်ထဲသာ ရောက်သွားခဲ့ကြသည်။

သေချာတာပေါ့ လင်ရွှမ်းဇီကလည်း ကတိပေးခဲ့တယ်လေ, သစ်တောထဲကနေ ထွက်သွားပြီးတာနဲ့ တစ်ယောက်ချင်းဆီတိုင်းအတွက် အဆင်ပြေတဲ့ လက်နက်ကို ထွင်းထုပေးပါ့မယ်ဆိုပြီး

နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်တွင် နေရာတိုင်းက အန္တရာယ်များရှိနေသော်လည်း၊ သစ်တောတစ်ခုလုံးကို အစိုးရသည့် အုပ်စိုးရှင်ဖြစ်သော အမြီးကိုးချောင်း နတ်မြေခွေးက လျှို့ဝှက် ကူညီနေတာကြောင့် လင်ရွှမ်းဇီက ကြောက်စရာ ဘာမှ မရှိပုံ ပေါ်နေသည်။

အခြားသူများက လင်ရွှမ်းဇီတစ်ယောက် စိတ်အေးလက်အေး လှုပ်ရှားနေသည်ကို မြင်သောအခါတွင် လွဲမှားမှုအချို့ခံစားနေရသော်လည်း ၎င်းတို့၏ တင်းမာသောစိတ်များက တဖြည်းဖြည်း ဖြေလျှော့သွားခဲ့သည်။

နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်၏ အတာအဆီးက ကိုင်တွယ်ဖို့ ခက်ခဲသော်လည်း ပယ်ဖျတ်ရန် နည်းလမ်းအား ကိုင်ထားပြီးသား ဖြစ်တာကြောင့် နောက်ထပ် ရက်အနည်းငယ်လောက် ထပ်မံ စောင့်ရခြင်းကလည်း ထူးထူးခြားခြား ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် အချိန်အတော်ကြာ ပြေးလွှားလာခဲ့ရသည့် ခရီးသွားများက ဒဏ္ဍာရီလာ ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ်၏ အခင်းအကျင်းအစွန်းနား ရောက်သောအခါမှာတော့ ရှုခင်းကြည့်ရန် ရောက်လာသလိုမျိုး အလျင်မလိုစွာနဲ့ ဆက်လက် ခရီးဆက်ကြတော့လေသည်။

ထို့အပြင် အနောက်ဘက် အစွန်းနား ပိုပြီး နီးလာလေလေ ဝိညာဉ်ချီများက ပိုမိုပြီး ကြွယ်ဝ လာလေလေပင်။ လူတိုင်းက အခြေအနေကို အခွင့်ကောင်းယူဖို့ ရည်ရွယ်ချက်များ ဖြစ်လာတာကြောင့် တစ်ယောက်ပြီးတစ်ယောက် ထိုင်ချပြီး ကျင့်ကြံကြတော့၏။

ယန်ထျန်းဟန်က ဆေးလုံးသန့်စင်ရန် နှစ်သက်ပြီး လင်ရွှမ်းဇီက လက်နက်များအား ထွင်းထုနေသည်။ သွမ့်ယွီယန်က အဆောင်များသန့်စင်နေတဲ့ အချိန်မှာ ယွမ်ထျန်းဝမ်ကတော့ သွမ့်ယွီယန် သန့်စင်လိုက်သည့် အဆောင်များအား နေ့တိုင်း ကြည့်ပေးလိမ့်မည်။

နေ့တိုင်းမှာ ရှောင်းလင်ဖုန်းက ချင်းကျူအား နေရာတိုင်း ခေါ်သွားပြီး ငှက်ဥများ လိုက်ရှာကာ ကင်စားဖို့ လုပ်လိမ့်မည်။ ချင်းကျူကလည်း သဘောမတူတာကြောင့် ဒေါသပေါက်ကွဲပြီး ရှောင်းလင်ဖုန်းအား လိုက်ရိုက်နှက်လေသည်။

ဂျီယွန်ဝေမှာတော့ ထို အတူတူ ရှိနေပြီ ဖြစ်သော လူများ သို့မဟုတ် အဆက်အဆံ တစ်ခုခု ရှိချင်သည့် အရိပ်အယောင်များ ပြသနေသည့် ထိုအပေါင်းအဖော်များအား ဒီအတိုင်း ကြည့်နေရသည်။ သူ့မှာ မနေနိုင်စွာပင် နက်နက်ရှိုင်းရှိုင်း ဖရိုဖရဲ ဖြစ်နေမိပြီး ဒီလူတွေကြားထဲမှာ သူက သနားစရာကောင်းလောက်အောင် ရောနှောနေတယ်ဟု ခံစားနေရသည်။

ပေ့ရှစ်ထျန်း တစ်ယောက်တည်းကသာ လူတိုင်း ကျင့်ကြံနေသည့် အချိန်အား အခွင့်ကောင်းယူ၍ မသိနိုင်တဲ့ နေရာများသို့ သွားပြီး အတွေ့အကြုံ ရှာတဲ့သူပင်။ အချိန်အများစုမှာ သွေးနံ့များ လွှမ်းခြုံပြီး ပြန်လာတတ်သည်။ သူ့ကိုယ်ပေါ်မှာ ဘာဒဏ်ရာမှ မတွေ့ပေမယ့်လည်း သူ့အဝတ်အစားတွေကတော့ ထွက်သွားတုန်းက ဝတ်ခဲ့သည့် ပုံစံများနဲ့ မတူဘူးဆိုတာ သိသာလှသည်။

လူတိုင်းမှာ သူတို့ ကိုယ်ပိုင် လျှောက်လှမ်းရမယ့် လမ်းကြောင်းများ ရှိတာကြောင့် လင်ရွှမ်းဇီက သူ့ကို မတားခဲ့ပေ။ ပေ့ရှစ်ထျန်းက ရန်ကြွေးအား လက်စားချေလိုစိတ် ပြင်းပြနေတာကြောင့် ဘယ်အချိန်မဆို လက်စားချေနိုင်ရန် သူ့ကိုယ်သူအမြဲတမ်း တင်းမာအောင်နေပြီး ထိပ်ပိုင်းမှာ ရှိနေအောင် အတင်းအကြပ် လုပ်နေခဲ့သည်။

ပေ့ရှစ်ထျန်း ကိုယ်တိုင်က သူ့စိတ်အခြေအနေကို ဖြေလျော့ဖို့ ဆန္ဒမရှိတာကြောင့် လင်ရွှမ်းဇီသည်လည်း သူ့ကို စိတ်လျှော့ဖို့ မကူညီနိုင်ဘူးလေ။

တစ်ခေါက်မှာတော့ ပေ့ရှစ်ထျန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရလာခဲ့ပြီး အစပိုင်းမှာ အဆင်ပြေချင်ယောင် ဆောင်ချင်ခဲ့သည်။ သို့သော်လည်း လမ်းတစ်ဝက်အရောက်မှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ သွေးတစ်ပွက် အန်သွားခဲ့၍ သတိလစ်လုနီးပါး ဖြစ်သွားခဲ့ရ၏။

နောက်ပိုင်းမှာ လင်ရွှမ်းဇီက သူ့ကို ပြောခဲ့သည်။

"စီနီယာအစ်ကိုကြီး, ကန့်သတ်ချက်ထက် ကျော်လွန်အောင် လုပ်တာက အချိန်တိုအတွင်း ပြိုလဲကျသလိုပဲ ဆိုးဝါးတယ်။ ကလဲ့စားချေတဲ့ အရာမှာ အရေးကြီးဆုံး အခြေအနေက ဘာလဲသိလား?"

ပေ့ရှစ်ထျန်းက ပြန်မေးသည်။

"အဲ့ဒါဘာလဲ?"

လင်ရွှမ်းဇီက ဖြေ၏။

"အစ်ကို့ရဲ့ ရန်သူတွေ အားလုံးထက် ပိုပြီး အသက်ရှည်နေရမယ်"

ပေ့ရှစ်ထျန်းက လင်ရွှမ်းဇီအား ကြည့်လိုက်ပြီး ခဏလောက် ကြာတဲ့အထိ ဆွံအသွားသော်လည်း တိတ်တဆိတ် ခေါင်းညိတ်ပြလာခဲ့သည်။

တစ်ရက်မှာတော့ နက်ရှိုင်းပြီး ချောင်ကျသည့် ချိုင့်ဝှမ်းတစ်ခုအား ဖြတ်သန်းပြီးတဲ့ အချိန်မှာ ငြိမ်းချမ်းပြီး ကျယ်ပြန့်သည့် နေရာတစ်ခုဆီသို့ ရောက်သွား၏။

ဒီတစ်လျှောက်လုံးမှာ လူတိုင်းက မြင့်မားလှသည့် သစ်ပင်ပေါင်းများစွာအပြင် အများဆုံးမှ တီးတိုးသံများ ထွက်နေသည့် ချောင်းများနဲ့ တစ်သွင်သွင် စီးဆင်းနေသော ရေစီးကြောင်းများကိုသာ မြင်နိုင်ခဲ့သည်။ ဒီလိုမျိုး အလွန်ကျယ်ပြန့်ပြီး အဆုံးသတ်မရှိစွာဖြင့် ကြည်လင်လွန်းတဲ့ ရေကန်ကျယ်မျိုးကိုတော့ ပထမဆုံးအကြိမ် မြင်ဘူးခြင်းသာ။

ခဏတာလောက်တော့ မမျှော်လင့်ထားသော အံ့သြဖွယ်ရာ တစ်ခုကို ခံစားလိုက်ရပြီး နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲမှာ လဝက်လောက် လမ်းလျှောက်ပြီးနောက် နှလုံးသားထဲ စုဆောင်းခဲ့မိသည့် မပျော်ရွှင်စရာများအားလုံး ပျောက်ကွယ်သွားသလိုပင်။

"ဒီနေရာက အရမ်းလှတာပဲ"

ခရီးစဉ် တစ်လျှောက်လုံးမှာ ဟွမ်ဖူဂျင်သည် အမြဲတမ်း စိတ်မရှည်လက်မရှည် မျက်နှာရှိနေပြီး ဘယ်သူနဲ့မှ စကားမပြောခဲ့ပေ။ ဒီခဏမှာတော့ သူ့မျက်နှာက နောက်ဆုံးမှာ ခဲယဉ်းလှစွာဖြင့် အသက်ဝင်လာခဲ့ပြီး ခေါင်းညိတ်ပြလာသည်။

"ဝိညာဉ်ချီ ပေါများတယ်၊ လေထုက လတ်ဆတ်တယ်။ ဒီနေရာက တကယ့်ကို ဝိညာဉ်ချီတွေ ထုတ်လုပ်ပေးနိုင်တဲ့ နေရာပဲ"

ဂျီယွန်ဝေက မျက်မှောင်ကြုတ်ရင်း ပြောသည်။

"ဒီလိုရှုခင်းမျိုး ဘယ်တုန်းကမှ မမြင်ဖူးဘူး"

လင်ရွှမ်းဇီက သူ့ကို ကြည့်လာ၏။

"အနောက်ဘက်ကို ဒီလောက် အဝေးထိ ခရီးထွက်ဘူးလား?"

ဂျီယွန်ဝေက ရုတ်တရက်ပြန်ပြောသည်။

"တကယ်တော့မသွားဖူးဘူး။ အတိတ်တုန်းက နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲ အမဲလိုက်ဖို့ ဝင်သွားတဲ့ ဂျီမိသားစုတိုင်းက အများဆုံးမှ ကုန်းတွင်းပိုင်းလောက်ပဲ သွားပြီး ပြန်ထွက်လာကြတာ။ သူတို့တွေ သေချာပေါက် ဒီလောက် အဝေးကြီးထိ ဝင်ဘူးမှာမဟုတ်ဘူး။ ဒါပေမဲ့, ဒီကို အရင်က ရောက်ဘူးတဲ့ လူတစ်ယောက်တော့ ရှိတယ်"

အဆုံးမှာတော့ နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်က သားရဲများ၏ နယ်မြေဖြစ်သည်။

ဂျီမိသားစု ဆိုရင်တောင် ပြဿနာဖြစ်အောင် နှိုးဆော်မှု လုပ်မှာ မဟုတ်ပေ။

ချင်းကျူသည် ရေကန်ဘေးမှာ ရပ်နေရင်း ထိုရေကန်ကြီး၏ နောက်ဘက်က မြင့်မားသည့် တောင်တန်းများရှိရာသို့ လှမ်းငေးကြည့်နေကာ ခံစားချက်တစ်ချို့ ဖြစ်နေပုံရသည်။ သူကသူ့နှုတ်ခမ်းကို အသာအယာ ကိုက်လိုက်ရင်း သူတို့မသိနိုင်သည့် အရာတစ်ခုကို စတင်တွေးတောနေ၏။

ရှောင်းလင်ဖုန်းက အနားလျှောက်လာပြီး ချင်းကျူဘေးမှာ ရပ်လိုက်သည်။

"ဒီရက်တွေက ငါ့ဘဝထဲမှာ အပျော်ဆုံးနေ့ရက်တွေပဲ"

ချင်းကျူက သူ့ကို ဘေးတစ်စောင်း ပြန်ကြည့်သည်။

"ဒါဆို မင်းရဲ့ ဘဝက တကယ့်ကို မှိုင်းပြနေခဲ့တာပဲ"

ရှောင်းလင်ဖုန်းက ပြုံးလေသည်

"ကြည့်ရတာ မင်းရဲ့ ဘဝကတော့ တကယ့်ကို အံ့အားသင့်ဖို့ ကောင်းပုံပဲ"

ချင်းကျူက သံသယဖြင့် မေးလာသည်။

"မင်းဘာလို့ ရုတ်တရက်ကြီး ဒီခေါင်းစဉ်ကို ထုတ်ပြောနေရတာလဲ?"

ရှောင်းလင်ဖုန်းက ရှင်းပြသည်။

"ဒီလိုမျိုး ထပ်ပြီး စုဝေးကြဖို့ ခက်ခဲလို့လည်း ဖြစ်နိုင်တာပဲ။ အတူတူသွားကြတဲ့ သူတွေက အနှေးနဲ့အမြန်တော့ လူတိုင်း လမ်းခွဲရမယ့်နေ့ ရောက်လာမှာပဲလေ"

ချင်းကျူက ခဏလောက် အေးခဲသွားပြီးမှ ပြန်မေးသည်။

"ဘာလို့ ငါတို့ လမ်းခွဲသွားရမှာလဲ?"

ရှောင်းလင်ဖုန်းက ချင်းကျူအား ကြည့်ရင်း ပြုံးသည်။

"မျှစ်သေးသေးလေး, မင်း အနာဂတ်မှာ ဘာလုပ်ချင်လဲ ဆိုတာမျိုး တွေးဖူးလား?"

ချင်းကျူက မျက်မှောင်ကြုတ်ပြီး ပြောသည်။

"ငါ သခင်လေးကို သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေ တိုးမြင့်လာအောင် လုပ်ပေးချင်တယ်။ သခင်လေးလုပ်ချင်တဲ့ အရာတိုင်း လုပ်နိုင်အောင် ကူညီပေးမှာ"

"မင်းဘာလို့ သူ့အပေါ်မှာပဲ ဇောက်ချထားရတာလဲ?"ရှောင်းလင်ဖုန်းက မေးလာ၏။

"သူက ကျန်သခင်လေးရဲ့ သားဖြစ်နေတာကြောင့်လေ"

ချင်းကျူက သေချာပေါက် မှန်ကန်သည့် လေသံဖြင့် စကားဆက်သည်။

"သခင်လေးကျန်က ငါ့အပေါ် အရမ်းကောင်းပေးခဲ့တာ။ အခု သူမရှိတော့ဘူး ဆိုမှတော့ သူ့သားက သဘာဝကျကျပဲ ငါ့သခင်ဖြစ်လာတာပေါ့။ အဲ့ဒီတော့ သူ့ကို ကူညီပေးတာက သင့်တင့်ပြီး မျှော်လင့်ထားတဲ့အတိုင်းပဲ မဟုတ်ဘူးလား?"

ရှောင်းလင်ဖုန်းသည် သက်ပြင်းမချပဲ မနေနိုင်တော့ပေ။

"မင်းက တကယ်ကို လွယ်လွယ်နဲ့ ကိုယ့်ကိုကိုယ် ရောင်းစားနေတာပဲ။ လျှိုမုံချန်ပြောတာ ကြားဘူးတာတော့ မင်းအရင်က လင်ကျန်နဲ့ အရမ်းရင်းနှီးခဲ့တာက အဲ့ဒီတုန်းက သူ မင်းကို ကြက်ပေါင်ပေးခဲ့လို့ဆို?"

ချင်းကျူက ခေါင်းခါပြသည်။

"သေချာပေါက် မဟုတ်ဘူးပေါ့"

"ဒါဆို ဘာလို့လဲ?"

"သကြားလုံးတုတ်ထိုးတွေ၊ အသားအစာသွပ် တို့ဖူးတွေ၊ အသီးအရွက်နဲ့ အသားပေါင်းတွေ........."

ချင်းကျူက ထိုမှတ်ဉာဏ်များအား မြတ်နိုးတန်ဖိုး ထားနေသလိုမျိုး တစ်ခုချင်းဆီ သူ့လက်ချောင်းများဖြင့် ရွေတက်နေသည်။ ထို့နောက်သူက ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလာ၏။

"ဒီကမ္ဘာပေါ်မှာ သူတစ်ယောက်ပဲ ငါ့ကို အကောင်းဆုံး ဆက်ဆံပေးခဲ့တာ"

ရှောင်းလင်ဖုန်းရဲ့ နှုတ်ခမ်းမှာ အပြုံးတစ်ခု တွဲလွဲခိုနေသည်။

"ဒါဆို အနာဂတ်မှာ လျှိုမုံချန်က မင်းကို အဲ့ဒီလိုမျိုးဆက်ဆံရင်ရော ဘယ်လိုလုပ်မလဲ?"

ချင်းကျူရဲ့ နှုတ်ခမ်းက အောက်စိုက်ကျသွားလေသည်။

"သူက ငါ့ကို လှည့်စားပြီး အနိုင်လည်းကျင့်တယ်။ အရေးကြီးဆုံးကတော့ ငါ့အစ်ကိုကြီးကျန်ကို ထိခိုက်စေခဲ့တာပဲ။ ငါသူ့ကို ခွင့်မလွှတ်ချင်ဘူး"

18.9.2022

===============

Next Episode

အတိတ်ဘဝဆက်ဆံရေး

===============
Zawgyi

အခန္း(၃၉၂) - အေနာက္ဘက္စြန္း

ဖုန္က်င္းယြီက ေခါင္းေလးေစာင္းလုိက္ျပီး နားမလည္နုိင္သည့္ ေလသံျဖင့္ ေမးလာသည္။

"တိုက္ၾကီးငါးတုိက္မွာပဲ ေနရတာက မေကာင္းဘူးလား? မင္းရဲ႔ လက္ရွိ က်င့္ၾကံဆင့္နဲ႔ဆိုရင္ နယ္ေျမၾကီးကိုးခုကို ေရာက္ဖို႔အတြက္ အခ်ိန္အၾကာၾကီး က်င့္ၾကံရဦးမွာ။ အဲ့ဒီေတာ့ ဒီေလာက္ထိ အလ်င္လိုေနစရာ မလိုဘူးေလ?"

လင္ရႊမ္းဇီက ေျဖသည္။

"အဲ့ဒီလူေတြဘက္က စျပီး ငါတို႔ကို တုိက္ၾကီးငါးတိုက္မွာ ေနာက္တစ္ေခါက္ ထပ္လာျပီး ရွာမွာကို မလိုခ်င္ေတာ့ဘူး။ တိုက္ၾကီးငါးတိုက္ရဲ႔ စည္းတံဆိပ္ေတြ က်ိဳးပ်က္သြားတာနဲ႔ ငါကိုယ္တုိင္ နယ္ေျမၾကီးကိုးခုမွာ အားဟန္နဲ႔အတူ စိတ္ၾကိဳက္ ေလွ်ာက္သြားလို႔ ရလိမ့္မယ္။ နယ္ေျမၾကီးကိုးခုက က်ယ္ေျပာၿပီး နယ္နိမိတ္မရွိဘူး။ အဲ့ဒီလိုေနရာမ်ိဳးကို ေရာက္သြားတာနဲ႔ ၾကီးမားတဲ့ သမုဒၵရာထဲ ေရာက္သြားတဲ့ ငါးတစ္ေကာင္လုိပဲ ပုန္းလွ်ိဳးကြယ္လွ်ိဳးလုပ္ဖို႔လည္း လြယ္ကူသြားလိမ့္မယ္။ ဒီနည္းလမ္းနဲ႔ဆိုရင္ ရန္သူေတြက အလင္းထဲ ေရာက္ေနတဲ့ အခ်ိန္မွာ ငါက အေမွာင္ထဲ ေရာက္ေနမွာပဲ"

ဖုန္က်င္းယြီက လင္ရႊမ္းဇီအား ၾကည့္လုိက္သည္။

"မင္းရဲ႔ စဥ္းစားပံု စဥ္းစားနည္းက တကယ့္ကို လွ်ိဳ႕ဝွက္ အစီအစဥ္ေတြ ရွိေနတာပဲ"

လင္ရႊမ္းဇီက ခပ္ေဖ်ာ့ေဖ်ာ့သာ ျပန္ေျပာလာသည္။

"ငါက အရမ္းၾကီးၾကီးမားမားၾကီး မေတာင္းဆိုပါဘူး။ ဒီတုိင္း သီးသန္႔ဘဝေလးနဲ႔ေနျပီး ငါ့ခ်စ္သူနဲ႔ အတူတူ ခရီးေတြ ေလွ်ာက္သြားခ်င္ယံုေလးပါပဲ"

ဖုန္က်င္းယြီသည္ လင္ရႊမ္းဇီက ဒီလိုေတြးေနမယ္လို႔ မထင္ထားခဲ့မိတာေၾကာင့္ သူ႔ စိတ္ခံစားခ်က္မ်ားက ရွုပ္ေထြးသြားခဲ့သည္

ဖုန္က်င္းယြီက ခဏေလာက္ ရပ္သြားမိသည္။

"မင္းက တကယ့္ကို အရွည္ၾကီး ေမွ်ာ္ေတြးတာပဲ"

လင္ရႊမ္းဇီက ဖုန္က်င္းယြီရဲ႔ ေခါင္းထိပ္ေလးမွာ ေထာင္ေနသည့္ အေမႊးေလးမ်ားအား ထိလိုက္သည္။

"အကယ္၍ ငါသာ ကိစၥေတြကို နည္းနည္းေလာက္ပဲ ေတြးၾကည့္ခဲ့မိလို႔ အနာဂတ္မွာ ျပႆနာတစ္ခုခု ၾကံဳလာခဲ့ရင္ အဲ့ဒါက ဘယ္ေလာက္ ျပင္းထန္မလဲ ဘယ္သူသိနိုင္မွာလဲ? အားဟန္နဲ႔ ငါနဲ႔ၾကားမွာ တစ္ေယာက္ေယာက္ကေတာ့ နည္းနည္းပိုျပီး စဥ္းစားထားရမွာေပါ့"

ဖုန္က်င္းယြီက သိမ္ေမြ႕စြာေျပာသည္။

"ေလာေလာဆယ္ေတာ့ ငါ ယန္ထ်န္းဟန္ကို ေတာ္ေတာ္ေလး မနာလိုျဖစ္မိတယ္။ သူက ဘာကိုမွ တာဝန္ယူစရာလည္း မလုိသလို ဘာမွ သိေနစရာလည္း မလိုဘူး။ သူ႔မွာ ဘာမွလုပ္စရာမရွိတဲ့ အခ်ိန္တုိင္းမွာ ဒီအတုိင္း ေလွ်ာက္သြားျပီး ေဆးသန္႔စင္ရံုပဲ။ တစ္ခုခု ျဖစ္လာခဲ့ရင္လည္း သူ႔အစ္ကိုၾကီးကို ေခၚလုိက္ရံုနဲ႔ရတယ္။ သူ႔ေန႔ရက္ေတြကို ဒီအတိုင္းေလးပဲ ျဖတ္သန္းလို႔ ရတယ္ေလ"

လင္ရႊမ္းဇီက ျပံဳးလုိက္ေသာ္လည္း ဘာမွ ျပန္မေျပာလိုက္ေပ။

ဖုန္က်င္းယြီေျပာတဲ့ စကားမ်ားက မွန္ေပမယ့္လည္း မမွန္ေပ။

ယန္ထ်န္းဟန္က ဒီေလာက္ နွလံုးသားမဲ့သူ မဟုတ္။ သူက အရာရာတိုင္းအေပၚ အလြန္အကဲဆတ္ေသာ္လည္း ထိုအေၾကာင္းကို မ်ားမ်ားစားစား မေျပာလိုျခင္း တစ္ခုတည္းသာ။ သူက ဘယ္သူမွ မသိဘဲ တိတ္တိတ္ေလး လုပ္ရျခင္းကို ပိုျပီး သေဘာက်တာပင္။

ဥပမာအားျဖင့္ ယန္ထ်န္းဟန္က သူ႔အတြက္ေၾကာင့္ ဘယ္သူ႔ကိုမွ မေျပာပဲ တုခ်ီယင္းအား အလြန္လ်င္ျမန္ျပီး ျပတ္သားစြာနဲ႔ ေျဖရွင္းခဲ့တာမ်ိဳးေပါ့။

အားဟန္က ေတာက္ပတဲ့ ကေလးတစ္ေယာက္ပါ

ဖုန္က်င္းယြီက အနည္းငယ္ စိတ္ပ်က္အားငယ္သြားသလို ခံစားလိုက္ရသျဖင့္ ထိုေရႊငွက္ေလးသည္ သူ႔ နွုတ္သီးထိပ္ေလးျဖင့္ လင္ရႊမ္းဇီ၏ ေနာက္ေက်ာအား ဆိတ္လိုက္ေတာ့ေလသည္။

"ဒါေပမဲ့ မင္း အဲ့ဒီ စည္းတံဆိပ္ကို ခ်ိဳးျဖတ္မွာကို ငါထုိင္ျပီး မၾကည့္ခ်င္တုန္းပဲ"

"ငါသိတယ္" လင္ရႊမ္းဇီကရပ္တန္႔သြားျပီးမွ စကားဆက္သည္။

"ဒါေပမဲ့ စိတ္မေကာင္းပါဘူး, ဘယ္လိုပဲ ျဖစ္ေနပါေစ ငါကလည္း ဒီအတုိင္းထိုင္ျပီး ေသျခင္းတရားကို ေစာင့္မေနနုိင္ဘူး"

ဖုန္က်င္းယြီက ခဏမွ် ျငိမ္သက္ေနျပီးမွ သူ႔ေခါင္းပိစိေလးကို ေျမွာက္ျပီး လင္ရႊမ္းဇီအား ၾကည့္လုိက္သည္။

"ေလာင္လင္, အကယ္၍ တစ္ေန႔မွာ နယ္ေျမၾကီးကိုးခုကို ေရာက္သြားျပီး ငါကလည္း အေနာက္ဘက္ ဧကရာဇ္နန္းေတာ္ရဲ႕ အရွင္သခင္ ျဖစ္ေနေသးတယ္ ဆိုရင္ မင္းကို ခိုလွံဳရာ တစ္ေနရာ ေပးခ်င္တယ္။ အေနာက္အင္ပါယာနန္းေတာ္ရဲ႕ တံခါးေတြက မင္းအတြက္ အၿမဲဖြင့္ထားမွာပါ"

လင္ရႊမ္းဇီရဲ႔ အမူအယာက ႏူးည့ံေပ်ာ့ေပ်ာင္းသြားျပီး အျပံဳးေလးတစ္ပြင့္ ျပလာသည္။

"မင္းရဲ႔ စကားေၾကာင့္ ငါ စိတ္သက္သာရာ ရနုိ္င္ျပီ"

ဖုန္က်င္းယြီက ေမးသည္။

"အဲ့ဒီေတာ့ အားကုက ဘယ္မွာလဲ?"

လင္ရႊမ္းဇီ: "....."

ေလးေလးနက္နက္ ေတြးၾကည့္လုိက္ေတာ့ ဖုန္က်င္းယြီ တကယ္သိခ်င္ေနတဲ့ ကိစၥက ၾကည့္ရတာ ဒါပဲထင္တယ္

လင္ရႊမ္းဇီသည္လည္း လင္းခ်ီကုက ဝိညာဥ္ျပားထဲမွာ အၾကာၾကီး ပိတ္မိေနျပီဟု ခံစားရတာေၾကာင့္ ေတာတြင္း နက္နက္ တစ္ေနရာအား လက္ညွိဳးထိုးျပလိုက္သည္။

"ဒီလမ္းအတုိင္း လုိက္သြားျပီး သူ႔ကိုရွာလိုက္။ ငါ ေသခ်ာေတာ့ မေျပာနိုင္ေပမယ့္ ခပ္လွမ္းလွမ္းေလာက္ သြားျပီးတာနဲ႔ အားကုကို ရွာေတြ႔မွာပါ"

လင္ရႊမ္းဇီက လင္းခ်ီကုကိုလည္း ဝိညာဥ္ျပားထဲမွ အခ်ိန္ကိုက္ ထုတ္ေပးလုိက္သည္။

ဒီတစ္ေခါက္မွာ သူနဲ႔အတူ ခရီးသြားသည့္သူက အလြန္မ်ားျပားတာေၾကာင့္ လင္ရႊမ္းဇီသည္ တစ္စံုတစ္ဦးက လင္းခ်ီကုရဲ႔ ထူးဆန္းမွုတစ္ခ်ိဳ႔အား သတိျပဳမိသြားမွာ စိုးရိမ္ျပီး လင္းခ်ီကုကုိ စိတ္ဝိညာဥ္ျပားထဲမွ လံုးဝ ထုတ္မေပးခဲ့ျခင္းပင္။ သို႔ေသာ္လည္း အခု သူစဥ္းစားၾကည့္လုိက္ေတာ့ ဖုန္က်င္းယြီက လင္းခ်ီကုရဲ႔ အေၾကာင္းကို သူ႔ထက္ေတာင္ ပိုျပီး ဖံုးကြယ္ဖို႔ ဂရုစိုက္ေလာက္တာေၾကာင့္ စိတ္ခ်လက္ခ်နဲ႔ လင္းခ်ီကုကို လႊတ္ေပးလိုက္ေတာ့သည္။

ဖုန္က်င္းယြီ အေဝးတစ္ေနရာအား ပ်ံသန္းျပီးေနာက္မွာ ေသခ်ာေပါက္ပင္ လင္းခ်ီကု၏ ထူးျခားေသာ ရနံ႔အား ရသြားသည္။

ဒီအနံ႔က လင္းခ်ီကု လူသားျဖစ္စဥ္က အနံ႔နဲ႔ နွိဳင္းယွဥ္ၾကည့္ရင္ ၾကီးမားသည့္ ကြာျခားခ်က္တစ္ခ်ိဳ႔ ရွိေနသည္။ ၎သည္ ေသမ်ိဳးကမာၻရဲ႔ သက္ဝင္လွုပ္ရွားမွု အေငြ႔အသက္မ်ား ေလ်ာ့နည္းေနျပီး ေမွာင္မိုက္ေသာ ေျမၾကီးေအာက္မွ ဆိတ္ကြယ္ေနသည့္ အပင္မ်ားနဲ႔ ထင္းရွဳးပင္လို အနံ႔တစ္မ်ိဳး စြဲေနျခင္းပင္။ သို႔ေသာ္လည္း ဖုန္က်င္းယြီက ထိုအနံ႔အား ခ်က္ခ်င္း မွတ္မိေနဆဲပဲ။

"အားကု!"

ဖုန္က်င္းယြီက ပက်ိပက်ိ ေအာ္လုိက္ျပီး လင္းခ်ီကုထံ ပ်ံသန္းဝင္သြားသည္။

လင္းခ်ီကု၏ အေနာက္မွာ ျမင့္မားသည့္ သစ္ပင္ၾကီးမ်ားျဖင့္ ျပည့္နွက္ေနသည္။ ထိုသူက ပံုမွန္အနက္ေရာင္ ဝတ္ရံုက လြဲလုိ႔ တစ္ျခားအဝတ္မ်ား မဝတ္ထားေပ။ ရွည္လ်ားေသာ ဆံႏြယ္မ်ားက သူ႔ေက်ာဘက္မွာ တစ္ဖ်ပ္ဖ်ပ္ လြင့္ေမ်ာေန၍ သူ႔မ်က္လံုးမ်ားက တိတ္ဆိတ္ျပီး ေအးစက္ေသာ အၾကည့္မ်ားျဖင့္ ဖမ္းစားထားသည္။

သို႔ေသာ္လည္း ဒီလူက ဘယ္သူ႔ကိုမွ ဦးမညႊတ္ပဲ ေကာင္းကင္ကိုဖ်တ္ဆီး ေျမၾကီးကို ေခ်မွုန္းနုိ္င္မည့္ အနီေရာင္ အမႊားတပ္ ေငြလွံအား ကိုင္ေဆာင္တတ္ေသာ လူနဲ႔ တူညီသည့္ လူသာ။ အဲ့ဒီလိုဆိုရင္ေတာင္ သူ႔ရဲ႔ နက္ေမွာင္ေနသည့္ မ်က္လံုးမ်ားက နွိဳင္းယွဥ္မရေလာက္ေအာင္ အားနည္းပံုေပၚသည့္ ငွက္ကေလးအား ျမင္ရတဲ့ အခ်ိန္မွာ သူ႔နွုတ္ခမ္းမ်ားက ျဖည္းျဖည္းေလး ေရြ႔လ်ားသြားခဲ့ျပီး ထိုငွက္ကေလး ရွိရာသို႔ သူ႔လက္ကို ျဖည္းညွင္းစြာ ေျမွာက္လိုက္သည္။

ဖုန္က်င္းယြီက သူ႔လက္ေခ်ာင္းေပၚသို႔ သက္ဆင္းလိုက္ျပီး ရွည္လ်ား သြယ္ေျပာင္းသည့္ လက္ေခ်ာင္းမ်ားအား တင္းၾကပ္စြာ ကုပ္တြယ္လုိက္၏။

ထိုသူက ငွက္ကေလးအား သူ႔နွဳတ္ခမ္းနားဆီသို႔ ေျမွာက္လုိက္ကာ သူ႔ရဲ႔ ေအးစက္သည့္ နွုတ္ခမ္းမ်ားျဖင့္ တစ္ဖက္မွ တူညီစြာ ေအးစက္ေနေသာ နွုတ္သီးနဲ႔ ထိေတြ႔လိုက္ေလသည္။

တစ္သြင္သြင္ တိုက္ခတ္ေနတဲ့ ေလထုရဲ႔ ေျပာင္းလဲမွုေတြ၊ ထြက္ေပၚလာတဲ့ ေနမင္းၾကီးနဲ႔ လေရာင္ရဲ႔ အေျခက်မွုအားလံုးက သူတို႔နဲ႔ ဘာမွ မသက္ဆုိင္ေနခဲ့။

*****

ေနာက္တစ္ေန႔ ဂ်ီယြန္ေဝ နိုးတဲ့အခ်ိန္မွာေတာ့ သူ႔ငွက္ေလး ေပ်ာက္ဆံုးသြားေၾကာင္း ရွာေတြ႔သြားရသည္။

ဂ်ီယြန္ေဝသည္ အခ်ိန္အတိုင္းအတာတစ္ခုအထိ အလ်င္အျမန္ရွာေဖြခဲ့သည္။ သူ႔ငွက္က အေဝးကို ပ်ံသြားၿပီး လြယ္လြယ္နဲ႔ ရွာမေတြ႕ႏိုင္ဘူးဆိုတာ ေသခ်ာသြားေတာ့ သူ႔မွာ ေခတၱအရႈံးေပး႐ုံကလြဲလို႔ ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။ သူ႔က သက္ျပင္းအား ေလးလံစြာ ခ်လိုက္၍ စြန႔္လႊတ္ရန္ အလြန္ဝန္ေလးေနပုံရသည္။

လင္ရႊမ္းဇီက ဒီအတိုင္း ၾကည့္ေနေပမယ့္လည္း ဖုန္က်င္းယြီကို ထုတ္ေဖာ္မွာေတာ့ မဟုတ္ေပ။

ယန္ထ်န္းဟန္သည္လည္း လင္းခ်ီကုကို အာရံုခံနုိင္တာေၾကာင့္ ဖုန္က်င္းယြီရဲ႔ တည္ေနရာက လွ်ိဳဝွက္ခ်က္ ဟုတ္မေနခဲ့။

က်န္ရွိသည့္ ခရီးလမ္း တစ္ေလွ်ာက္မွာ အရာအားလံုးက ပံုမွန္အတိုင္းသာ ဆက္သြားသည္။

အျမီးကိုးေခ်ာင္း နတ္ေျမေခြးသည္လည္း ၎တို႔အနီးနားရွိ မေကာင္းဆိုးဝါးႀကီးမ်ားကို ဖယ္ရွားရန္ လွ်ိဳ႕ဝွက္ကူညီေနဆဲျဖစ္ေသာေၾကာင့္ ခရီးတစ္ခုလုံး ေခ်ာေမြ႕သြားသည္ဟု ဆိုႏိုင္သည္။

နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲသို႔ နက္နက္နဲနဲထိ တိုးသြားနုိင္ေသာ က်င့္ၾကံသူက အလြန္နည္းပါးသည္။ ထို႔ေၾကာင့္ လင္ရႊမ္းဇီနဲ႔ သူ႔အဖြဲ႔ အေနနဲ႔ ခရီးပိုျပီး တြင္လာေလေလ သူတို႔ေတြ႔ရသည့္ လူမ်ား၏ ေျခရာမ်ားက နည္းပါးလာေလေလပင္။ သို႔ေသာ္လည္း နတ္ဆိုးသားရဲၾကီးမ်ားရဲ႔ ေျခရာမ်ားနဲ႔ အရိုးစုမ်ားကေတာ့ အမွန္ပင္ သိသိသာသာ တိုးလာခဲ့သည္။

အစြယ္မ်ားဖုံးလႊမ္းေနေသာ နတ္ဆိုးတစ္ေကာင္ကို ေခ်မႈန္းရန္ လက္တြဲပူးေပါင္းၿပီးေနာက္ ယြမ္ထ်န္းဝမ္က နတ္ဆိုးသားရဲ၏ကိုယ္ကို ၿဖိဳခြဲရန္ အစျပဳခဲ့သည္။ သူက သားရဲ၏ မာေက်ာၾကမ္းတမ္းေသာ အေရခြံ၊ ၎၏အသားအတြင္းမွ အဆိပ္ရွိေသာ ဆူးမ်ား၊ ၾကယ္သုံးပြင့္ အဆင့္ ေရာက္ေနသည့္ နတ္ဆိုးသားရဲ အျမဴေတနွင့္ ၎၏အသား စသည္တို႔အား ဖယ္ရွားလိုက္ေလသည္။

ဟြမ္ဖူဂ်င္နဲ႔ လန္ဂ်ီရႊယ္တို႔ နွစ္ေယာက္လံုးက ဒီအတိုင္း ကပ္လုိက္လာတာ ျဖစ္တာေၾကာင့္ သဘာဝက်က်ပင္ သူတို႔က ဘာမွ မယူၾကေပ။ နွစ္ေယာက္စလံုးသည္လည္း သူတို႔လိုခ်င္တာကို ရျပီးသား ျဖစ္တာေၾကာင့္ ဒီအရာေတြကို သိပ္ဂရုစိုက္မေနၾက။ ဂ်ီယြန္ေဝသည္လည္း အသက္ရွိေနသည့္ နတ္ဆိုးသားရဲမ်ားကိုသာ စိတ္ဝင္စားတာျဖစ္ျပီး အေသေကာင္ အစိတ္အပိုင္းမ်ားအား မၾကိုက္တာေၾကာင့္ ထိုပစၥည္းမ်ားအားလံုး လင္ရႊမ္းဇီ၏ အိတ္ကပ္ထဲသာ ေရာက္သြားခဲ့ၾကသည္။

ေသခ်ာတာေပါ့ လင္ရႊမ္းဇီကလည္း ကတိေပးခဲ့တယ္ေလ, သစ္ေတာထဲကေန ထြက္သြားျပီးတာနဲ႔ တစ္ေယာက္ခ်င္းဆီတိုင္းအတြက္ အဆင္ေျပတဲ့ လက္နက္ကို ထြင္းထုေပးပါ့မယ္ဆိုျပီး

နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္တြင္ ေနရာတိုင္းက အႏၲရာယ္မ်ားရွိေနေသာ္လည္း၊ သစ္ေတာတစ္ခုလံုးကို အစိုးရသည့္ အုပ္စိုးရွင္ျဖစ္ေသာ အျမီးကိုးေခ်ာင္း နတ္ေျမေခြးက လွ်ိဳ႔ဝွက္ ကူညီေနတာေၾကာင့္ လင္ရႊမ္းဇီက ေၾကာက္စရာ ဘာမွ မရွိပံု ေပၚေနသည္။

အျခားသူမ်ားက လင္ရႊမ္းဇီတစ္ေယာက္ စိတ္ေအးလက္ေအး လႈပ္ရွားေနသည္ကို ျမင္ေသာအခါတြင္ လြဲမွားမႈအခ်ိဳ႕ခံစားေနရေသာ္လည္း ၎တို႔၏ တင္းမာေသာစိတ္မ်ားက တျဖည္းျဖည္း ေျဖေလွ်ာ့သြားခဲ့သည္။

နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္၏ အတာအဆီးက ကိုင္တြယ္ဖို႔ ခက္ခဲေသာ္လည္း ပယ္ဖ်တ္ရန္ နည္းလမ္းအား ကိုင္ထားျပီးသား ျဖစ္တာေၾကာင့္ ေနာက္ထပ္ ရက္အနည္းငယ္ေလာက္ ထပ္မံ ေစာင့္ရျခင္းကလည္း ထူးထူးျခားျခား ျဖစ္မလာနုိင္ေပ။ ထို႔ေၾကာင့္ အခ်ိန္အေတာ္ၾကာ ေျပးလႊားလာခဲ့ရသည့္ ခရီးသြားမ်ားက ဒ႑ာရီလာ ၾကီးျမတ္တဲ့ နတ္ဆိုး-စည္းတံဆိပ္၏ အခင္းအက်င္းအစြန္းနား ေရာက္ေသာအခါမွာေတာ့ ရွဳခင္းၾကည့္ရန္ ေရာက္လာသလိုမ်ိဳး အလ်င္မလိုစြာနဲ႔ ဆက္လက္ ခရီးဆက္ၾကေတာ့ေလသည္။

ထို႔အျပင္ အေနာက္ဘက္ အစြန္းနား ပိုျပီး နီးလာေလေလ ဝိညာဥ္ခ်ီမ်ားက ပိုမိုျပီး ၾကြယ္ဝ လာေလေလပင္။ လူတိုင္းက အေျခအေနကို အခြင့္ေကာင္းယူဖို႔ ရည္ရြယ္ခ်က္မ်ား ျဖစ္လာတာေၾကာင့္ တစ္ေယာက္ျပီးတစ္ေယာက္ ထုိင္ခ်ျပီး က်င့္ၾကံၾကေတာ့၏။

ယန္ထ်န္းဟန္က ေဆးလံုးသန္႔စင္ရန္ နွစ္သက္ျပီး လင္ရႊမ္းဇီက လက္နက္မ်ားအား ထြင္းထုေနသည္။ သြမ့္ယြီယန္က အေဆာင္မ်ားသန္႔စင္ေနတဲ့ အခ်ိန္မွာ ယြမ္ထ်န္းဝမ္ကေတာ့ သြမ့္ယြီယန္ သန္႔စင္လုိက္သည့္ အေဆာင္မ်ားအား ေန႔တိုင္း ၾကည့္ေပးလိမ့္မည္။

ေန႔တိုင္းမွာ ေရွာင္းလင္ဖုန္းက ခ်င္းက်ဴအား ေနရာတိုင္း ေခၚသြားျပီး ငွက္ဥမ်ား လုိက္ရွာကာ ကင္စားဖို႔ လုပ္လိမ့္မည္။ ခ်င္းက်ဴကလည္း သေဘာမတူတာေၾကာင့္ ေဒါသေပါက္ကြဲျပီး ေရွာင္းလင္ဖုန္းအား လုိက္ရိုက္နွက္ေလသည္။

ဂ်ီယြန္ေဝမွာေတာ့ ထို အတူတူ ရွိေနျပီ ျဖစ္ေသာ လူမ်ား သို႔မဟုတ္ အဆက္အဆံ တစ္ခုခု ရွိခ်င္သည့္ အရိပ္အေယာင္မ်ား ျပသေနသည့္ ထိုအေပါင္းအေဖာ္မ်ားအား ဒီအတုိင္း ၾကည့္ေနရသည္။ သူ႔မွာ မေနနိုင္စြာပင္ နက္နက္ရွိဳင္းရွိဳင္း ဖရိုဖရဲ ျဖစ္ေနမိျပီး ဒီလူေတြၾကားထဲမွာ သူက သနားစရာေကာင္းေလာက္ေအာင္ ေရာေနွာေနတယ္ဟု ခံစားေနရသည္။

ေပ့ရွစ္ထ်န္း တစ္ေယာက္တည္းကသာ လူတိုင္း က်င့္ၾကံေနသည့္ အခ်ိန္အား အခြင့္ေကာင္းယူ၍ မသိနုိင္တဲ့ ေနရာမ်ားသို႔ သြားျပီး အေတြ႔အၾကံု ရွာတဲ့သူပင္။ အခ်ိန္အမ်ားစုမွာ ေသြးနံ႔မ်ား လႊမ္းျခံဳျပီး ျပန္လာတတ္သည္။ သူ႔ကိုယ္ေပၚမွာ ဘာဒဏ္ရာမွ မေတြ႔ေပမယ့္လည္း သူ႔အဝတ္အစားေတြကေတာ့ ထြက္သြားတုန္းက ဝတ္ခဲ့သည့္ ပံုစံမ်ားနဲ႔ မတူဘူးဆိုတာ သိသာလွသည္။

လူတိုင္းမွာ သူတို႔ ကိုယ္ပိုင္ ေလွ်ာက္လွမ္းရမယ့္ လမ္းေၾကာင္းမ်ား ရွိတာေၾကာင့္ လင္ရႊမ္းဇီက သူ႔ကို မတားခဲ့ေပ။ ေပ့ရွစ္ထ်န္းက ရန္ေၾကြးအား လက္စားေခ်လိုစိတ္ ျပင္းျပေနတာေၾကာင့္ ဘယ္အခ်ိန္မဆို လက္စားေခ်နုိင္ရန္ သူ႔ကိုယ္သူအျမဲတမ္း တင္းမာေအာင္ေနျပီး ထိပ္ပိုင္းမွာ ရွိေနေအာင္ အတင္းအၾကပ္ လုပ္ေနခဲ့သည္။

ေပ့ရွစ္ထ်န္း ကိုယ္တိုင္က သူ႔စိတ္အေျခအေနကို ေျဖေလ်ာ့ဖို႔ ဆႏၵမရွိတာေၾကာင့္ လင္ရႊမ္းဇီသည္လည္း သူ႔ကို စိတ္ေလွ်ာ့ဖို႔ မကူညီႏိုင္ဘူးေလ။

တစ္ေခါက္မွာေတာ့ ေပ့ရွစ္ထ်န္းက ျပင္းျပင္းထန္ထန္ ဒဏ္ရာရလာခဲ့ျပီး အစပိုင္းမွာ အဆင္ေျပခ်င္ေယာင္ ေဆာင္ခ်င္ခဲ့သည္။ သို႔ေသာ္လည္း လမ္းတစ္ဝက္အေရာက္မွာ သူ႔ကိုယ္သူ မထိန္းနုိင္ေတာ့ပဲ ေသြးတစ္ပြက္ အန္သြားခဲ့၍ သတိလစ္လုနီးပါး ျဖစ္သြားခဲ့ရ၏။

ေနာက္ပိုင္းမွာ လင္ရႊမ္းဇီက သူ႔ကို ေျပာခဲ့သည္။

"စီနီယာအစ္ကိုၾကီး, ကန္႔သတ္ခ်က္ထက္ ေက်ာ္လြန္ေအာင္ လုပ္တာက အခ်ိန္တိုအတြင္း ျပိဳလဲက်သလိုပဲ ဆိုးဝါးတယ္။ ကလဲ့စားေခ်တဲ့ အရာမွာ အေရးၾကီးဆံုး အေျခအေနက ဘာလဲသိလား?"

ေပ့ရွစ္ထ်န္းက ျပန္ေမးသည္။

"အဲ့ဒါဘာလဲ?"

လင္ရႊမ္းဇီက ေျဖ၏။

"အစ္ကို႔ရဲ႔ ရန္သူေတြ အားလံုးထက္ ပိုျပီး အသက္ရွည္ေနရမယ္"

ေပ့ရွစ္ထ်န္းက လင္ရႊမ္းဇီအား ၾကည့္လိုက္ျပီး ခဏေလာက္ ၾကာတဲ့အထိ ဆြံအသြားေသာ္လည္း တိတ္တဆိတ္ ေခါင္းညိတ္ျပလာခဲ့သည္။

တစ္ရက္မွာေတာ့ နက္ရွိဳင္းျပီး ေခ်ာင္က်သည့္ ခ်ိဳင့္ဝွမ္းတစ္ခုအား ျဖတ္သန္းျပီးတဲ့ အခ်ိန္မွာ ျငိမ္းခ်မ္းျပီး က်ယ္ျပန္႔သည့္ ေနရာတစ္ခုဆီသို႔ ေရာက္သြား၏။

ဒီတစ္ေလ်ွာက္လံုးမွာ လူတိုင္းက ျမင့္မားလွသည့္ သစ္ပင္ေပါင္းမ်ားစြာအျပင္ အမ်ားဆံုးမွ တီးတိုးသံမ်ား ထြက္ေနသည့္ ေခ်ာင္းမ်ားနဲ႔ တစ္သြင္သြင္ စီးဆင္းေနေသာ ေရစီးေၾကာင္းမ်ားကိုသာ ျမင္နုိင္ခဲ့သည္။ ဒီလိုမ်ိဳး အလြန္က်ယ္ျပန္႔ျပီး အဆံုးသတ္မရွိစြာျဖင့္ ၾကည္လင္လြန္းတဲ့ ေရကန္က်ယ္မ်ိဳးကိုေတာ့ ပထမဆံုးအၾကိမ္ ျမင္ဘူးျခင္းသာ။

ခဏတာေလာက္ေတာ့ မေမ်ွာ္လင့္ထားေသာ အ့ံၾသဖြယ္ရာ တစ္ခုကို ခံစားလိုက္ရျပီး နတ္ဆိုးသားရဲ အေသၤေခ်ေတာအုပ္ထဲမွာ လဝက္ေလာက္ လမ္းလေွ်ာက္ျပီးေနာက္ နွလံုးသားထဲ စုေဆာင္းခဲ့မိသည့္ မေပ်ာ္ရႊင္စရာမ်ားအားလံုး ေပ်ာက္ကြယ္သြားသလိုပင္။

"ဒီေနရာက အရမ္းလွတာပဲ"

ခရီးစဥ္ တစ္ေလွ်ာက္လံုးမွာ ဟြမ္ဖူဂ်င္သည္ အျမဲတမ္း စိတ္မရွည္လက္မရွည္ မ်က္နွာရွိေနျပီး ဘယ္သူနဲ႔မွ စကားမေျပာခဲ့ေပ။ ဒီခဏမွာေတာ့ သူ႔မ်က္နွာက ေနာက္ဆံုးမွာ ခဲယဥ္းလွစြာျဖင့္ အသက္ဝင္လာခဲ့ျပီး ေခါင္းညိတ္ျပလာသည္။

"ဝိညာဥ္ခ်ီ ေပါမ်ားတယ္၊ ေလထုက လတ္ဆတ္တယ္။ ဒီေနရာက တကယ့္ကို ဝိညာဥ္ခ်ီေတြ ထုတ္လုပ္ေပးနုိင္တဲ့ ေနရာပဲ"

ဂ်ီယြန္ေဝက မ်က္ေမွာင္ၾကဳတ္ရင္း ေျပာသည္။

"ဒီလိုရွဳခင္းမ်ိဳး ဘယ္တုန္းကမွ မျမင္ဖူးဘူး"

လင္ရႊမ္းဇီက သူ႔ကို ၾကည့္လာ၏။

"အေနာက္ဘက္ကို ဒီေလာက္ အေဝးထိ ခရီးထြက္ဘူးလား?"

ဂ်ီယြန္ေဝက ရုတ္တရက္ျပန္ေျပာသည္။

"တကယ္ေတာ့မသြားဖူးဘူး။ အတိတ္တုန္းက နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲ အမဲလုိက္ဖို႔ ဝင္သြားတဲ့ ဂ်ီမိသားစုတိုင္းက အမ်ားဆံုးမွ ကုန္းတြင္းပိုင္းေလာက္ပဲ သြားျပီး ျပန္ထြက္လာၾကတာ။ သူတို႔ေတြ ေသခ်ာေပါက္ ဒီေလာက္ အေဝးၾကီးထိ ဝင္ဘူးမွာမဟုတ္ဘူး။ ဒါေပမဲ့, ဒီကို အရင္က ေရာက္ဘူးတဲ့ လူတစ္ေယာက္ေတာ့ ရွိတယ္"

အဆံုးမွာေတာ့ နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္က သားရဲမ်ား၏ နယ္ေျမျဖစ္သည္။

ဂ်ီမိသားစု ဆိုရင္ေတာင္ ျပႆနာျဖစ္ေအာင္ နွိဳးေဆာ္မွု လုပ္မွာ မဟုတ္ေပ။

ခ်င္းက်ဴသည္ ေရကန္ေဘးမွာ ရပ္ေနရင္း ထိုေရကန္ၾကီး၏ ေနာက္ဘက္က ျမင့္မားသည့္ ေတာင္တန္းမ်ားရွိရာသို႔ လွမ္းေငးၾကည့္ေနကာ ခံစားခ်က္တစ္ခ်ိဳ႔ ျဖစ္ေနပံုရသည္။ သူကသူ႔နွုတ္ခမ္းကို အသာအယာ ကိုက္လုိက္ရင္း သူတို႔မသိနုိင္သည့္ အရာတစ္ခုကို စတင္ေတြးေတာေန၏။

ေရွာင္းလင္ဖုန္းက အနားေလွ်ာက္လာျပီး ခ်င္းက်ဴေဘးမွာ ရပ္လုိက္သည္။

"ဒီရက္ေတြက ငါ့ဘဝထဲမွာ အေပ်ာ္ဆံုးေန႔ရက္ေတြပဲ"

ခ်င္းက်ဴက သူ႔ကို ေဘးတစ္ေစာင္း ျပန္ၾကည့္သည္။

"ဒါဆို မင္းရဲ႔ ဘဝက တကယ့္ကို မွိဳင္းျပေနခဲ့တာပဲ"

ေရွာင္းလင္ဖုန္းက ျပံဳးေလသည္

"ၾကည့္ရတာ မင္းရဲ႔ ဘဝကေတာ့ တကယ့္ကို အ့ံအားသင့္ဖို႔ ေကာင္းပံုပဲ"

ခ်င္းက်ဴက သံသယျဖင့္ ေမးလာသည္။

"မင္းဘာလို႔ ရုတ္တရက္ၾကီး ဒီေခါင္းစဥ္ကို ထုတ္ေျပာေနရတာလဲ?"

ေရွာင္းလင္ဖုန္းက ရွင္းျပသည္။

"ဒီလိုမ်ိဳး ထပ္ျပီး စုေဝးၾကဖို႔ ခက္ခဲလို႔လည္း ျဖစ္နုိင္တာပဲ။ အတူတူသြားၾကတဲ့ သူေတြက အေနွးနဲ႔အျမန္ေတာ့ လူတိုင္း လမ္းခြဲရမယ့္ေန႔ ေရာက္လာမွာပဲေလ"

ခ်င္းက်ဴက ခဏေလာက္ ေအးခဲသြားျပီးမွ ျပန္ေမးသည္။

"ဘာလုိ႔ ငါတို႔ လမ္းခြဲသြားရမွာလဲ?"

ေရွာင္းလင္ဖုန္းက ခ်င္းက်ဴအား ၾကည့္ရင္း ျပံဳးသည္။

"မွ်စ္ေသးေသးေလး, မင္း အနာဂတ္မွာ ဘာလုပ္ခ်င္လဲ ဆုိတာမ်ိဳး ေတြးဖူးလား?"

ခ်င္းက်ဴက မ်က္ေမွာင္ၾကဳတ္ျပီး ေျပာသည္။

"ငါ သခင္ေလးကို သူ႔ကုိယ္ပိုင္ ပိုင္ဆုိင္မွုေတြ တိုးျမင့္လာေအာင္ လုပ္ေပးခ်င္တယ္။ သခင္ေလးလုပ္ခ်င္တဲ့ အရာတိုင္း လုပ္နိုင္ေအာင္ ကူညီေပးမွာ"

"မင္းဘာလို႔ သူ႔အေပၚမွာပဲ ေဇာက္ခ်ထားရတာလဲ?"ေရွာင္းလင္ဖုန္းက ေမးလာ၏။

"သူက က်န္သခင္ေလးရဲ႔ သားျဖစ္ေနတာေၾကာင့္ေလ"

ခ်င္းက်ဴက ေသခ်ာေပါက္ မွန္ကန္သည့္ ေလသံျဖင့္ စကားဆက္သည္။

"သခင္ေလးက်န္က ငါ့အေပၚ အရမ္းေကာင္းေပးခဲ့တာ။ အခု သူမရွိေတာ့ဘူး ဆိုမွေတာ့ သူ႔သားက သဘာဝက်က်ပဲ ငါ့သခင္ျဖစ္လာတာေပါ့။ အဲ့ဒီေတာ့ သူ႔ကို ကူညီေပးတာက သင့္တင့္ျပီး ေမွ်ာ္လင့္ထားတဲ့အတုိင္းပဲ မဟုတ္ဘူးလား?"

ေရွာင္းလင္ဖုန္းသည္ သက္ျပင္းမခ်ပဲ မေနနုိင္ေတာ့ေပ။

"မင္းက တကယ္ကို လြယ္လြယ္နဲ႔ ကိုယ့္ကိုကိုယ္ ေရာင္းစားေနတာပဲ။ လွ်ိဳမံုခ်န္ေျပာတာ ၾကားဘူးတာေတာ့ မင္းအရင္က လင္က်န္နဲ႔ အရမ္းရင္းနွီးခဲ့တာက အဲ့ဒီတုန္းက သူ မင္းကို ၾကက္ေပါင္ေပးခဲ့လို႔ဆို?"

ခ်င္းက်ဴက ေခါင္းခါျပသည္။

"ေသခ်ာေပါက္ မဟုတ္ဘူးေပါ့"

"ဒါဆို ဘာလုိ႔လဲ?"

"သၾကားလံုးတုတ္ထိုးေတြ၊ အသားအစာသြပ္ တို႔ဖူးေတြ၊ အသီးအရြက္နဲ႔ အသားေပါင္းေတြ........."

ခ်င္းက်ဴက ထိုမွတ္ဉာဏ္မ်ားအား ျမတ္နိုးတန္ဖိုး ထားေနသလိုမ်ိဳး တစ္ခုခ်င္းဆီ သူ႔လက္ေခ်ာင္းမ်ားျဖင့္ ေရြတက္ေနသည္။ ထို႔ေနာက္သူက ဝမ္းနည္းေၾကကြဲစြာျဖင့္ ေျပာလာ၏။

"ဒီကမာၻေပၚမွာ သူတစ္ေယာက္ပဲ ငါ့ကို အေကာင္းဆံုး ဆက္ဆံေပးခဲ့တာ"

ေရွာင္းလင္ဖုန္းရဲ႔ နွုတ္ခမ္းမွာ အျပံဳးတစ္ခု တြဲလြဲခိုေနသည္။

"ဒါဆို အနာဂတ္မွာ လွ်ိဳမံုခ်န္က မင္းကို အဲ့ဒီလိုမ်ိဳးဆက္ဆံရင္ေရာ ဘယ္လိုလုပ္မလဲ?"

ခ်င္းက်ဴရဲ႔ နွုတ္ခမ္းက ေအာက္စိုက္က်သြားေလသည္။

"သူက ငါ့ကို လွည့္စားျပီး အနုိင္လည္းက်င့္တယ္။ အေရးၾကီးဆံုးကေတာ့ ငါ့အစ္ကိုၾကီးက်န္ကို ထိခိုက္ေစခဲ့တာပဲ။ ငါသူ႔ကို ခြင့္မလႊတ္ခ်င္ဘူး"

18.9.2022

===============

Next Episode

အတိတ္ဘဝဆက္ဆံေရး

===============

Continue Reading

You'll Also Like

547K 74.9K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
465K 80.9K 115
MC က ခွေးတစ်ကောင်အဖြစ် ပြောင်းသွားပြီးတဲ့နောက် သူ့ပြိုင်ဘက် ML ရဲ့အိမ်မှာ လိုက်နေရတယ်။ MC က ေခြးတစ္ေကာင္အျဖစ္ ေျပာင္းသြားၿပီးတဲ့ေနာက္ သူ႔ၿပိဳင္ဘက္ M...
219K 13.6K 39
My priority /property/privacy
329K 54K 139
Title-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I don't own the Story. I translate this from...