မောင်မချစ်ရ

Av Swal_Taw_May490

7.3K 322 41

နှလုံးသားကစည်းချက်မှန်မှန်သတိပေးနေတယ် အလိမ်မခံရ၊ မလှည့်စားရ ပြီးတော့ အရေးကြီးဆုံးက "မောင်မချစ်ရ" တဲ့ ညှို့တတ်... Mer

မိတ်ဆက်/မိတ္ဆက္
အခန်းငယ်(၁)
အခန်းငယ်(၂)
အခန်းငယ်(၃)
Not update but must read
အခန်းငယ်(၅)
အခန်းငယ်(၆)
အခန်းငယ်(၇)
အခန်းငယ်(၈)
အခန်းငယ်(၉)
အခန်းငယ်(၁၀) ဇာတ်သိမ်းပိုင်း
ouo link 🖇️ဝင်နည်း

အခန်းငယ်(၄)

353 31 9
Av Swal_Taw_May490

Unicode
********

ဘိလပ်ရည်မှကြိုက်တတ်တဲ့ပျို့နဲ့ မြန်မာ့ရေနွေးကြမ်းမှစွဲစွဲမြဲမြဲသောက်တတ်တဲ့မောင်ကတကယ့်ကိုမအပ်စပ်လှသည့်အတွဲအဖက်ပင်။

"ပျို့ဆီမနက်စာလာစားဖို့သဘောတူတာသိပ်ဝမ်းသာတာပဲ မောင်
မောင်ကအခုဘယ်လိုနေထိုင်ပြုမူရမလဲဆိုတာသေချာသိနေပြီပဲ"

ပျို့မာမီကတော့ ပျို့သဘောဆိုတစ်ခွန်းမှမငြင်းသူမို့မောင့်အလာကိုကြည်ဖြူပေမဲ့ ဒယ်ဒီကတော့ မနက်တည်းက တောက်ခေါက်လို့ထွက်သွားပြီ။

"အပိုတွေမပြောနဲ့ ကြင်နာရပျို့ ငါအခုလာတာ မင်းကိုသတိပေးမလို့"

မောင့်အတွက်ကြက်ဥပြုတ်ခွာပေးရင်းက ပျို့ သိချင်ဟန်ဖြင့်မေးလေးတစ်ချက်ဆတ်ပြလိုက်သည်။

"နော်ခက်ကို မနေ့က ဘာအချိုးချိုးသလဲ သူအခုရုံးတောင်မလာရဲဘူး အဲ့ဒါမင်းသိလား မိန်းကလေးတစ်ယောက်ရဲ့အရှက်သိက္ခာကို မင်းငဲ့ဖို့ကောင်းတယ် ငါ့ကြောင့် သမုတ်ခံရတာက ငါ့အတွက်ပိုခံရခက်တယ်ကွ နားလည်လား"

ပျို့ ရှာမီးလ် ကိတ်ကို ကာဖီနဲ့တို့ကာ တစ်လုတ်ကိုက်ရင်း မောင့်စကားကို ဘေးဖယ်ထားလိုက်၏။

ပျို့သည်လိုဂရုမစိုက်ပုံက သူ့ဒေါသ ပိုကြွမှာအမှန်ပဲလေ။

သို့သော်...

"ဒါ ဘာလုပ်တာလဲ မောင်"

စားနေရင်းကုလားထိုင်‌ပေါ်ကထလို့ အောက်မှာဒူးထောက်လိုက်တဲ့မောင်က မိန်းမတစ်ယောက်ကြောင့်တဲ့လား။

"ငါ့ဘဝကိုသည့်ထက်မဖျက်ဆီးဖို့ မင်းကို ငါဘာတွေလုပ်ပေးရမလဲ ပျို့..."

ပျို့ ကာဖီခွက်ကို ချလိုက်ကာလက်သုတ်ပုဝါဆွဲယူလိုက်သည်။

တခစ်ခစ်ရယ်မောရင်းကမောင့်ဆီ လက်သုတ်နဲ့ ပစ်ပေါက်လိုက်ပါသည်။

"ရယ်ရတယ်နော် မောင်
မောင့်ဆီက ပျို့လို့ခေါ်တာခံရဖို့ အဲ့မိန်းကလေးကို များများသမုတ်ရမဲ့ပုံပဲ အဟင်းဟင်း..."

*မောင်က ပျို့လောက်နီးပါးရက်စက်တဲ့သူပဲမောင် ပျို့နဲ့မောင့်ကြား အချစ်ဆိုတဲ့ အက္ခရာ မရှိလာလို့ဘာမှမဖြစ်ပါဘူး ဒါမဲ့ မောင့်မှာ ဘေးသူစိမ်းအချစ်ရှိလို့တော့မဖြစ်ဘူး မောင် ပျို့က ကိုယ်ပိုင်တဲ့ပစ္စည်းတစ်ခုကို သူများနဲ့ မျှဝေသုံးစွဲနေရလောက်အောင်သဘောကောင်းမနေပေဘူး*

ပျို့ မောင့်ကို ရင်ထဲက စကားတွေပြောမလို့ စေ့စေ့ကြည့်လိုက်သော်ငြား ပင်ပန်းနေသော မျက်ဝန်း‌တွေကိုသနားစဖွယ်မြင်လိုက်ရသည်။

မောင့်ရဲ့ အဲ့အကြည့်က ဘာလဲ။
ငါ့မိန်းကလေးကိုမထိပါနဲ့။ ငါ့ကိုပဲထိပါ ဆိုတဲ့သဘောလား။
အလိုလေး ချစ်တတ်လိုက်တာမောင်ရယ် စိတ်တောင်မကောင်းဘူး။

"ထပါ မောင် မာမီမြင်သွားရင်မကောင်းဘူး တော်ကြာ သူ့သမက်ကလေး ကို ပျို့ကစိတ်ဆိုးနေတယ်‌ထင်သွားဦးမယ် ဒေါ်ဒေါ်ရောနေကောင်းရဲ့လား မောင့်မှာပြုစုရလို့ပင်ပန်းပြီးမျက်တွင်းတောင်ချောင်သွားတာပဲ ပျို့အိမ်မှာ တစ်ရက်လောက်အနားယူလှည့်မလား မောင်"

ထိကပါးရိကပါးပြောရင်သိပ်စိတ်ဆိုးတတ်တဲ့မောင်ကယခုတော့တစ်စုံတစ်ရာကိုအကျိတ်အနယ်စဉ်းစားနေဟန်...

"အို"

ပျို့ရဲ့ ပေါင်ပေါ်ခေါင်းအပ်လို့ လက်ချောင်းတွေကနယ်ကျွံလာလေသည်။

"မင်းလိုချင်တာ ဒါလား
တကယ်လို့ငါ‌ပေးလိုက်ရင် မင်းစေ့စပ်ထားတာဖျက်ပေးမလား"

ပျို့အထင်မှားသွားတယ်။
မောင်က ပျို့ထက် အဆများစွာရက်စက်တဲ့သူပဲ။

ဖြန်း

ပန်းပင်ရေလောင်းရင်း ထမင်းစားခန်းက အသံကြားတာမို့ အမြန်သွားကြည့်လိုက်ရသည်။

"ဘာဖြစ်တာလဲ သား"

ကာဖီခွက်အောက်ခံတစ်ခြမ်းပဲ့ကို ကိုင်ထားသော ပျို့က လက်ကိုခါလိုက်သည်။

"ကြွက်တွေ့လို့ခြောက်လိုက်တာပါ မာမီ ဒင်းကရာရာစစ ပျို့ကို လန့်စေတယ်လေ ခုတော့မှတ်လောက်ပါပြီ"

မောင်က ကုလားထိုင်ပေါ်ပြန်ထိုင်လို့ မာဖလာပြင်ပတ်လိုက်ပေမဲ့ မာမီကမူသိပ်မယုံသလိုကြည့်နေခဲ့သည်။

"ဒါဖြင့်လည်း ပြီးရော စားပြီးရင်မင်းတို့ဘိုင်စကုတ်သွားကြည့်ချင်ကြည့်လေ ရန်မဖြစ်ရဘူးနော် ပျို့ ပျို့လက်က မာမီ့အတွက် ရတနာလေးဆိုတာသိတယ်မလား"

မာမီက မောင်ဒဏ်ရာရမှာစိတ်ပူခြင်းမဟုတ်ဘဲ ပျို့လက်ကလေးတစ်ခုခုဖြစ်သွားမှာစိုးရိမ်တာပင်။ မောင်အံကြိတ်လိုက်သလို မျက်နှာလွှဲလိုက်၍ ပါးစောင်းကနီနေတာ မာမီတွေ့သွားလောက်သည်။

"ကနေ့ ဘာကားရုံတင်မလဲ မသိဘူး မောင် ပျို့တို့သွားကြည့်ရအောင် မောင်အားတယ်မလား မအားလည်း အားအောင်လုပ်လိုက်ပေါ့ နော်"

မောင်က စကားတစ်ခွန်းမှမပြောတော့။ ခုနက ကာဖီပန်းကန်ပြားနဲ့ ရိုက်လိုက်လို့ လန့်ပြီးဆွံ့အသွားသလားမသိ။

"သည်မယ် မောင်... မောင့်လောက်ကတော့ ပျို့အတွက် ထောင်ချောက်ထဲကကြွက်တစ်ကောင်ကိုကစားရုံအပြင်မပိုတာသိရဲ့မလား သိပ်အကဲမစမ်းနဲ့ မောင် ရဲရင့်တိုင်းကောင်းတာမဟုတ်ဘူး ပျို့လိုကမ္ဘာပတ်လာတဲ့သူက မောင့်ခြေလှမ်းတွေကိုမရိပ်မိစရာအကြောင်းမရှိဘူး အခုမောင်မှတ်ထားရမှာက ပျို့တို့စေ့စပ်ထားတယ်ဆိုတာရယ် အကယ်၍မောင် အဲ့သည်မိန်းကလေးမှမဟုတ်၊ တခြား မိန်းကလေးတွေရွေးမယ်ဆိုရင်လည်း မောင်ဟာ အများအမြင်မှာမောင့်အမေလိုလူမှုရေးဖောက်ပြန်သူတစ်ယောက်ထက်ပိုမှာမဟုတ်ဘူးဆိုတာရယ် သိဖို့ပဲ ရှင်းရဲ့လား မောင်"

မောင်တုန်လှုပ်ဖို့ သူ့အရူးမအမေကိုဆွဲထည့်ပြောတာတောင် စကားပြန်မရတော့။ ပျင်းစရာကောင်းသွားပြီ။ ထိုနေ့ကရုံမှာခင်ယုမေကားသွားကြည့်ရင်းက မောင်နဲ့ ထူးထူးခြားခြားငြိမ်းချမ်းရေးပြန်ယူခဲ့လိုက်သည်။

အံမယ် မောင်ကလည်းငါ့လိုပါပဲ
အကြမ်းနည်းမရလို့ အနုနည်း သုံးတာပဲ ဖြစ်မယ်။ ယောကျာ်းတွေကလေ သိပ်ခန့်မှန်းရလွယ်တာပဲ။ အထင်ကြီးစရာလည်းတစ်ကွက်မှမရှိ။

ပျို့မယ် ပျင်းလိုက်တာ ရုပ်ရှင်ရုံထဲတဝါးဝါးသမ်းမိတယ်လေ
တကယ်တော့ ခင်ယုမေ သရုပ်ဆောင်မကောင်းလို့မဟုတ်ပါဘူး
မောင့်ရဲ့သရုပ်ဆောင်မှုမှာ ပိုနစ်မြောသွားလို့ပါ။

"စာရေးကြီး"

ရုံထဲကမောင့်လက်ချိတ်ထွက်လာတော့ လူတစ်ယောက်လာနှုတ်ဆက်သည်။

မောင်မျက်နှာ ပျက်သွားသလိုပင်။

"ကျုပ် သည်နေ့ ဧည့်သည်ပါလာလို့ နောက်မှ တွေ့ကြတာပေါ့ တကယ်အားနာပါတယ်"

"ဪ ရပါတယ် ကျုပ်လည်းသည်တိုင်းလာနှုတ်ဆက်တာပါ ဒါက..."

မြို့ထဲ လူပြောများနေသည့် သူဌေးဦးပလွှားရဲ့ ခြောက်တောက်တောက် သားငယ်လေး ဆိုတာလားဟုမပြောရုံတမယ်ပင်။ သည်လူကြည့်ပုံက ပျို့အကဲခတ်စရာပင်မလို၊ အကုန်သိလိုက်ပါ၏။

အင်း... မောင့် ငါ့လက်ကလွတ်ဖို့ ချထားတဲ့အစီအစဉ်တွေက နည်းမှမနည်းဘဲ။

ဒယ်ဒီ့ရေနံတွင်းကိစ္စ ပါ ဝင်နှောက်ဖို့ထိ ‌တွေးထားပါလား။

ပျို့တို့အိမ်က ရေနံတွင်းထွက် နဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို မျက်နှာဖြူတွေနဲ့ တွဲလုပ်နေတာပင်။

အခုမောင်က ပျို့ကို စီးပွားရေးအရတိုက်ခိုက်ဖို့လူစုနေတာဖြစ်သည်။

မောင်ကလည်းညံ့ပါ့။မောင့်အနားမှာ ပျို့က လူယုံမထားဘဲနေမည်ဟု သံသယမရှိနေဝံ့သလား။

မောင့်အစီအစဉ်လေးဖြစ်မြောက်ဖို့ ပျို့ကူဆုတောင်းပေးပါတယ်။

ဆုတောင်းတွေကတကယ်ဖြစ်မလာနိုင်မှန်းကြိုသိနေရက်‌ပေါ့။

မောင့်ပြောပါတယ် မောင်ဟာ ပျို့ခြေဖဝါးအောက်မှာနင်းချေဖို့ ဝန်မလေးတဲ့ပိုးမွှားလေးတစ်ခုပါပဲလို့။

ပျို့လိုလူဟာ အချစ်မှာ အရူးလိုကိုးကွယ်ရအောင် ဦးနှောက်ပျက်နေတာမှမဟုတ်ဘဲလေ။

မြို့တော်ဝန်ရဲ့ ပါတီ ကို ဖိတ်ကြားခံရ၍ ပျို့ လှလှပပ ပြင်ဆင်နေမိသည်။ ပျို့က အလှအပကြိုက်တယ်။ ကနွဲ့ကလျဆန်တယ်လို့ မောင်က လွန်ခဲ့တဲ့ငါးနှစ်က သတင်းသမားတွေ ကို ဖွင့်ဟခဲ့တယ်လေ။ မောင့်လက်ချက်မှန်းတန်းသိတာကလည်း ‌အဆောင်နေသူငယ်ချင်းအချင်းချင်းမို့ ထက် မောင့်စတွေ့ကတည်းက အလိုလိုသိနေသော မနောစိတ်ကြောင့်ပင်။

လူတွေကဆန်းကျယ်တယ်။ ကိုယ့်ကိုဒုက္ခပေးတာဟာ အဝေးကလူထက် အနီးကလူ ပိုများမှန်းသိပါရက် မစွန့်ခွာနိုင်ဘူး။ မောင့်ကိုတစ်နေ့တစ်ချိန်တော့ ရင်းနှီးဖူးခဲ့တဲ့သူစိမ်းလို့ ဆက်ဆံနိုင်မှာပါလေ။

ပျို့က မောင့်ကိုတရားဝင်လက်ထပ်ဖို့ စိတ်မှမကူးထားဘဲ။

မောင့်အဘိုးလိုချင်သလိုပျို့အိမ်ကအဆီအနှစ်တွေလည်းမပါအောင် ကြိုးတံတားတစ်စင်းဆင်လို့ ယိုင်နဲ့နဲ့ ကြမ်းပြင်ပေါ် မောင့်အားလျှောက်စေကာ ကြိုးကိုင်နေခြင်းပါပင်။

မပူပါနဲ့ မောင်ရယ်။ မောင်ဖြစ်စေချင်သလို ဖြစ်လာမှာပါ။ ပျို့စိတ်ကျေနပ်သွားခဲ့ရင်ပေါ့။

အဆုံးသတ် စိန်ကြယ်သီးကိုတပ်ဆင်အပြီး ပျို့ အခန်းထဲမှထွက်လာခဲ့ပြီ။ ဟုတ်သား ကနေ့ ဧည့်သည်တော်တစ်ယောက်ပါ အပိုခေါ်သွားရမှာပဲ။ မောင့်အတွက်လူကုံထံတွေကြားမျက်နှာပန်းလှ‌စေမဲ့လက်ဆောင်လေ။

ပျို့ အိတ်ဆောင်နာရီလေးထုတ်လို့မောင်များလာမလားစောင့်နေသေးသည်။

နာရီသံ တစ်ချက်ချက်က စိတ်မရှည်ချင်စရာကောင်းလှသည်။

ညနေစောင်းလာကာပွဲစဖို့အချိန်နီးလှပြီ။ မောင်မလာတော့တာသေချာပြီ။မောင်မလာရတာလည်း ပျို့မဟုတ်တဲ့တခြားသူ ဦးစားပေးလိုက်ရ၍ ဆိုသည်ကိုကြိုသိထားပါသည်။

နာမည်ကြီးသူဌေးတွေနှင့် အာဏာရှိသည့် အသိုင်းအဝိုင်းမှ အရာရှိတွေအများစုတက်ရောက်သည့် သည်လိုဘိုဆန်ဆန်ပါတီအားမောင်နှစ်သက်မှုမရှိမှန်းပျို့သိထားသည်။

ဒါတောင် မောင်လာတာက ဖြစ်နိုင်ချေနှစ်ချက်တည်းကြောင့်သာပင်။

တစ်အချက်... မောင့်ရဲ့ ငါ့အပေါ်အလဲထိုးမည့်တိုက်စစ်အတွက် အဆက်အသွယ်ကောင်းရဖို့ သည်ပွဲ၌ မိတ်ဆွေရှာရန်

နှစ်အချက်... မောင့်ရဲ့ အနားက ကရင်မလေး သည်ပွဲ လာချင်တာမို့ အတူတက်ပေးရန်

တစ်နေ့ကသူတို့ပြော‌နေတာလည်းသည်ပါတီကိစ္စပဲလေ

မောင့်မိန်းကလေးက မောင့်အပြင် တခြားသူနဲ့လည်းအဆက်အဆံရှိနေတာမသိရှာဘူးလား။ မောင်လည်းတုံးတဲ့နေရာရှိသားပဲ။

"သည်ဘက်တစ်ချက်လောက် ပြုံးပေးပါ သူဌေးလေး"

ကားပေါ်ကဆင်းတာနဲ့ ကင်မရာမီးရောင်တဖျတ်ဖျတ်က စိတ်ပျက်စရာ ကျရောက်လာသည်။

စိတ်ရှိလက်ရှိသာဆို သည်‌ရှေ့ကဟာတွေအကုန်မီးရှို့ပြာချပစ်သည်။

မောင် ပါတီတူတူတက်ဖို့လာမခေါ်လို့ စိတ်တိုနေရသည့်ကြားထဲ။

‌ပျို့ရဲ့ ဟန်ပြအပြုံးတွေအောက်မှာ လူအချို့ နစ်မူးသွားပုံရသည်။ ပျို့က အနုပညာသည်လေ။ ဂီတ သမားဆိုပေမဲ့ သရုပ်ဆောင်တာနဲ့လည်းမစိမ်းပါဘူး။ သည်လို အပေါ်ယံကြိုက်သူတွေကြား ခဏခဏဟန်ဆောင်ပြရမှာပဲ။

ပျို့ ပွဲခင်းထဲမောင့်ကိုရှာလိုက်တော့ ထင်သည့်အတိုင်း ထို မိန်းကလေးနှင့်အတူ မြို့တော်ဝန်အားစကားစမြည်ပြောနေတာတွေ့ရသည်။

အံမယ် သည်လူက မောင့်ကို အရက်တိုက်နေပါလား။

မောင်ကမသောက်တတ်သူမို့ အသည်းအသန်ငြင်းနေရှာသည်။

မောင် အသောက်အစားကင်းတာသူသိတာပေါ့။

အလို ကြည့်ရတာမောင်အားနာ နေပုံပဲ။ သောက်ပစ်မလို့လုပ်နေပြီ။

"သည်ကိုပေးလှည့် မောင်
မသောက်တတ်ဘဲ သည်းခံမနေနဲ့"

ပျို့ သူ့လက်ထဲက ဆွဲယူလို့ တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်တာ အနည်းငယ်ပင် ယိုင်ထိုးသွားသည်။

ဒယ်ဒီသိရင် တုတ်ကောက်နဲ့တွယ်ဦးမှာပဲ။

"ကြင်နာရပျို့ ဒါ ဘာလုပ်တာလဲ"

သူ့လက်ထဲခွက်ပြန်ထည့်ပေးလိုက်ကာ ပျို့ မြို့တော်ဝန်ကို ဦးညွတ်နှုတ်ဆက်လိုက်သည်။

"ခင်ပွန်းလောင်းအစားသောက်ပေးတာပါ အန်ကယ် သူက အသောက်အစားမရှိလို့လေ"

မြို့တော်ဝန်ကပျို့နဲ့လည်းသိနေသူမို့ ခွင့်လွှတ်သလို ပြန်ပြောသည်။

"သည်လူတွေကြား ပြောစရာလားကွာ မင်းခင်ပွန်းလောင်းမှန်းသိလို့ တမင်နောက်ပြောင်တာပါ"

ကဲ ဘယ့်နှယ့်ရှိစ မောင် မောင်တခြားမိန်းမ လက်တွဲလို့ ပွဲတက်လည်းလူတွေက မောင့်ကိုဆိုပျို့နဲ့ပဲတွဲမြင်ကြတာလေ။ ခံရတာ သိပ်ခက်သွားသလား ပျို့ရဲ့မောင်...

ပျို့ရဲ့ အောင်နိုင်သူအပြုံးက သူတို့နှစ်ယောက်အားရှက်ရွံ့စေလိမ့်မည်။

သရပါ ရေနံစာချုပ်ကိစ္စ က မြို့တွင်း အရေးပါသူတစ်ယောက်ထောက်ခံချက်ပါမှ စလုပ်လို့ရသည်မို့ မြို့တော်ဝန်နဲ့ အဆက်အသွယ်ဖြစ်အောင် ကြိုးစားနေခြင်းဖြစ်သည်။

သူ့ဘိုးဘိုးကဩဇာသိပ်မရှိတော့ပေမဲ့လူလေးစားခံရသေးသည်။ ထို့ကြောင့်ဘိုးဘိုးအရှိန်နဲ့ ဒင်းတို့မိသားစုတွေအတွက် အိပ်မက်ဆိုးတွေဖန်တီးပေးချင်တာပင်။
ပထမတော့ နှလုံးသားရေးပေါ့။ အခုတော့စီးပွားရေး။
ကြင်နာရပျို့ သူ့ကို အရှုံးပေးမည်မဟုတ်မှန်းသူသိသည်။ စေ့စပ်တာဖျက်မယ်ဆိုတာလည်း သူ့ရဲ့ ဟန်ကောင်းမှုတစ်ခုသာ။ မဟုတ်ရင်ဒင်းကိုဘိုးဘိုးနဲ့တောင်တွေ့ခွင့်ပေးမှာမဟုတ်။

မနက်က နော်ခက်ကြောင့် တောင်းပန်လိုက်တော့ ဒင်းမျက်နှာ ပျက်ကျသွားတာတွေ့သားပဲ။
သူကလည်း အဲ့လိုဖြစ်အောင်တမင်လုပ်တာလေ။

ဘယ်သူက ပိုပြီးဟန်ကောင်းလဲ ပြိုင်ကြတာပေါ့ ပျို့...

မင်းပြောသလို မောင်မချစ်ရ ဆိုတဲ့စည်းမျဉ်းဥပဒေက ငါ့အတွက် ထုတ်ဖို့ အစတည်းက မလိုမှန်းမင်းသိသင့်တယ်။ ငါက မင်းလိုလူကိုသည်တစ်သက်ဘယ်နည်းနဲ့မှချစ်မိသွားမှာမဟုတ်ဘူး။

********

ပျို့တို့ စကားပြောနေရင်းကမြို့တော်ဝန်နောက်မှ လူငယ်တစ်ယောက်အသံထွက်လာသည်။

"MJ မင်းလည်းသည်ပွဲလာတယ်လား"

"Mike မင်းလား မင်းနဲ့မတွေ့ရတာဘယ်တည်းကလဲ"

MJ ဆိုတာ ပျို့ရဲ့ အင်္ဂလိပ်နာမည်ပင်။ ဥရောပ မှာကျောင်းတက်စဉ်က သုံးခဲ့တာ။

ပျို့ Mikeကို ဘိုဆန်ဆန် နှုတ်ဆက်လို့ မောင်နှာခေါင်းရှုံ့သွားတာလည်းမြင်ပါရဲ့။ အံမယ် ပျို့ကိုမောင့်လို လူစားများထင်နေသလား။

"ဘားမားလိုခေါ်စမ်းပါ ငါ့ဒယ်ဒီပါတီမို့ ငါကမဖြစ်မနေတက်ရတာပေါ့ သည်နေ့ ငါ့ကို နောက်တက်မဲ့ ဥက္ကဌမှန်းကြေညာမှာလေ"

တင်စားထိုက်တန် ခေါ် Mike Winston...

ပျို့ရဲ့ ဥရောပ မှာ ကျောင်းသွားတက်စဉ်က friend

အင်း... မောင်နဲ့မိတ်ဆက်ပေးရင်‌ကောင်းမလား။

"သည်ကိုခဏ မောင် ပြောစရာလေးရှိလို့"

အများရှေ့မို့ မောင်လိုက်လျောပုံရသည်။သိပ်မပြောလိုက်ရ။

"ပျို့ရဲ့ အရင်းနှီးဆုံး friendနဲ့ မိတ်ဆက်ပေးရမှာပဲ မြို့တော်ဝန်ရဲ့သားလေ ပျို့ရဲ့ကျောင်းနေဖက်ပဲ တင်စားထိုက်တန်တဲ့ ဘယ့်နှယ့်လဲ မောင့်လိုပဲ ကြည့်ကောင်းရဲ့မဟုတ်လား"

သည်လူသားရဲ့ အဆင်တန်ဆာ တစ်ခုထက်ပိုမမြင်ကြတဲ့အသိုင်းအဝိုင်းမှာမှ ဒင်းက နောက်ထပ် ပြဿနာတွေ ဆွဲသွင်းသည်။

သူ့အားမိတ်ဆက်ပေးတိုင်းမုန်းလှသည်။

ပျို့ ခင်ပွန်းလောင်းလေ
ပျို့ရဲ့ fianceပေါ့
ပျို့ပိုင်တဲ့လူလေ

သည်အသံတွေက သူ့အားအမြဲခြောက်လှန့်နေသည်။

"ကဲ မောင်တို့စကားပြောကြဦး ပျို့ အရေးကြီးကိစ္စလေးလုပ်စရာရှိလို့"

တင်စားထိုက်တန်က ပျို့ ထွက်သွားတာနဲ့ ‌ဖော်ရွေမှုတွေပျောက်ဆုံးသွား‌‌တော့သည်။

"သည်လိုဆိုတော့ ကိုယ့်လူက MJ's boyfriend ပေါ့ အင်း ကိုယ်ထင်ထားသလောက်လည်းမဟုတ်ပါလား"

သရပါ လည်း ဟန်ကောင်းစရာမလိုတော့။မြို့တော်ဝန်အနားမရှိ၍ထိုသူ့အားပြန်တိုက်ခိုက်လိုက်သည်။

"Boyfriend လို့သုံးရအောင် သူကဘာတွေပြောထားသလဲ ကျုပ်ရဲ့ ဖြစ်တည်မှုကိုဝေဖန်ရအောင်ရော ခင်ဗျားက ဘာမို့လို့လဲ ကိုယ့်ကိစ္စမဟုတ်ရင်ဝင်မပါစမ်းပါနဲ့လား ခင်ဗျား ရဲ့ MJ ကိုသိပ်နှမြောနေရင် ယူသွားလိုက် ကျုပ်ခွင့်ပြုတယ်"

ပွင့်လင်းလှတဲ့ အပြောနဲ့ ရည်မွန်မည်ထင်ရတဲ့လူဆီက တိုက်ခိုက်မှုက သူ့အားအံ့အားသင့်စေပုံပင်။

*သည်လူ MJ ကိုမချစ်ဘူးလား
*အေးလေ MJ ကယောကျာ်းလေးဖြစ်နေတာကိုး

ထိုစဉ် ပွဲတွင်းရုတ်ရုတ်သဲသဲဖြစ်သွားသလို မိန်းမတစ်ယောက်ရဲ့ စူးရှတဲ့အသံလည်းထွက်လာသည်။

"ငါ့ကလေးလေးဘယ်ရောက်သွားပြီလဲ မေမေ လာပြီလေ ကလေးရယ်
ကြောင်ကြီးရဲ့ မြီးတန်တို ..."

ရှုပ်ပွ စုတ်ပြတ်ကာ ပြဲရိနေသောအဝတ်အထည်များနှင့် မိန်းမသည်ကား သရပါ့အရင်းနှီးဆုံးသွေးသား။

သူ့ခေါင်းကို ရှစ်စိတ်ခွဲပစ်လိုက်သလိုပင်။

"အမေ!!! ဒါ ဒါ ဘယ်လိုဖြစ်တာလဲ"

"ဟယ် အမေတဲ့ "

"သူ့အမေက အဲ့လိုကြီးလား သနားပါတယ်"

"ဟိုးလေးတစ်ကျော်ပဲလေ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က သူများလင်ခိုးလို့ နှင်ထုတ်ခံရတာ သူ့ယောကျာ်းကလည်း စိတ်ဆင်းရဲပြီးသေသွားတာလေ"

"သားကြီးမယားကြီးရှိသူနဲ့ဖောက်ပြန်တာကိုး ကိုယ်ဝန်ပါပျက်ကျပြီးရူးသွားတာ နည်းတောင်နည်းသေးတယ်"

"ခင်ဗျားတို့ပါးစပ်ပိတ်ထား!!!"

သူ့ရဲ့ ဒေါသသံကြောင့် ခဏတာ တိတ်ဆိတ်သွားသော်လည်း လူတွေရဲ့ စပ်စုချင်စိတ်ကမကုန်ငြိမ်း။ စက်ဆုပ်သလိုအကြည့်တွေနှင့် ထပ်အကြည့်ခံရပြန်ပြီ။လူတွေကြားထဲ မသွားရဲခဲ့တဲ့နှစ်တွေဆီပြန်ရောက်သွားသလိုပင်။

သရပါ အမေ့အား ‌‌နော်ခက်ပေးသော ခြုံထည်ဖြင့် ထွေးပွေ့ကာ လူအများကြားမှဆွဲထုတ်လိုက်သည်။

အမေက ကိုယ့်အဝတ်တောင်ကိုယ်မဝတ်တတ်သည်အထိ ပုံမှန်မဟုတ်တော့ပေ။

အင်္ကျီတွေကလည်း အကောင်းတစ်ထည်မှမရှိ။ သူမဘာသာ ဖြဲစုတ်လို့ အမြင်မတော်တာကြောင့်အမြဲအိမ်ထဲထည့်ထားရသည်။

အခု ဘယ်သူကများခေါ်ထုတ်လာရဲတာလဲ။

ပျို့ ထိုအမျိုးသမီးကိုကားပေါ်မှာတုန်းကမုန့်ကျွေးပြီးခေါ်လာတာမို့အေးဆေးလိုက်လာရှာသည်။ ပွဲချိန်နည်းနည်းကြာလို့လူစုံအောင်စောင့်ပြီးခါမှ ဒရိုင်ဘာကိုစောင့်ကြည့်ခိုင်းထားသော ထိုမိန်းမကြီးအား ဆွဲခေါ်လာလိုက်သည်။ ပြီးနောက် လူပုံလည် မသိမသာထားပစ်ခဲ့ပါ၏။

မောင့်ရဲ့အရေးပါတဲ့ ပွဲလမ်းသဘင်တစ်ခုမှာပျို့က သူ့အတွက် သတင်းသမားတွေ သိပ်ကြိုက်စေမဲ့မြင်ကွင်းဖန်တီးပေးလိုက်တယ်။မောင်နာမည်ကြီးသွားလို့ပျို့ကိုတောင်ကျေးဇူးတင်သင့်တာ။

မောင်သိပါစေ
မောင်အခုလိုပျာယာခတ်နေမှုတွေဟာ တစ်ချိန်ကမောင့်လုပ်ရပ်ကြောင့် သတင်းသမားတွေရှေ့ဆောက်တည်ရာမရခဲ့တဲ့ပျို့နဲ့တစ်ထပ်တည်းတူနေတယ်ဆိုတာ။

သရပါ အမေ့ကိုပွေ့လို့မြို့‌တော်ဝန်ကိုပင်မနှုတ်ဆက်နိုင်‌တော့ဘဲပွဲခင်းထဲကထွက်လာခဲ့သည်။ ကားရှေ့ရောက်တော့ ဟန်ပါပါ စီးကရက်ဖွာကာမတ်တပ်ရပ်စောင့်နေသူအားတွေ့လိုက်ပါ၏။

ဉာဏ်ထက်သူမို့ ဘယ်သူ့လက်ချက်လဲတန်းသိပြီးသားဖြစ်၍ အမေ့ကိုကားထဲထည့်ပြီးတာနှင့် ထိုကောင့်လည်ပင်းကိုဆုပ်ကိုင်လိုက်သည်။

"ဘာကြောင့် အဲ့လိုလုပ်တာလဲ ငါမင်းကိုသတိပေးတယ်မဟုတ်လား ငါ့အမေကိုတော့ မထိပါနဲ့လို့..."

"ဟင်း ဟင်း ဟားဟားဟား"

ပျို့က မကြောက်သလို ခြောက်ခြားစရာကောင်းစွာပင်ရယ်မောနေသေးသည်။ထို့နောက်ပျို့လည်ပင်းပေါ်ကမောင့်လက်တွေအားဆေးလိပ်မီးနဲ့ပွတ်ဆွဲလိုက်ကာတတိတိနာကျင်စေလိုက်သည်။

"ဪ မောင်က သိပ်ရယ်ရတာပဲ
မောင်ကျ ပျို့မိသားစုကိုနောက်ကွယ်ကနေတစ်မျိုးပေါ်တင်တစ်မျိုး ကြိုက်သလိုတိုက်ခိုက်မယ် ပျို့ကျ ဘာမှမလုပ်ပါနဲ့တဲ့လား သိပ်ကို တရားနည်းလမ်းကျမနေလွန်းဘူးလား မောင်"

ပြောလေ တစ်ခုခုပြောလိုက်စမ်းပါ မောင်ရဲ့ ပျို့ချည်းပဲစကားများနေရတာမုန်းလာပြီကွာ မောင်နဲ့ခုလို ရန်ဖြစ်နေရတာ ပျို့အကြိုက်ဆုံး ဆိုတာမောင်မသိဘူးလား။

အတော်ကြာမှ...

"အခုလိုလုပ်လိုက်တာ မင်းအတွက် ဘာရသွားလဲ ကြင်နာရပျို့"

"သိပ်ရတာပေါ့ မောင့်ဆီကအမုန်း‌တွေလေ အရင်ကထက်ဆတိုးပိုရသွားတယ်
မောင့်မှာသည်လိုအမေရှိနေတာ လူထုသိသင့်တယ်လေ အဲ့ဒါမှ ပျို့ရင်ကိုခြေစုံကန် ပျို့ဒယ်ဒီကိုတိုက်ခိုက်ဖို့ကြိုးပမ်းနေတဲ့မောင့်ကို ဘယ်သူမှအကူအညီမပေးချင်မှာ မောင်ပျို့ကိုတိုက်ခိုက်လေလေ ပိုအရှက်ကွဲလေလေပဲဆိုတာ ပျို့ကသိစေချင်တာ မောင်ဟာ ပျို့လက်ထဲက ဟောသည့်စီးကရက်လောက်တောင်အရေးမပါဘူး ပျို့ ခါချလိုက်တဲ့ဆေးလိပ်ပြာတွေသာသာပဲ မောင်သိထားပါ မောင့်တက်လမ်းတွေကိုပျို့နည်းပျို့ဟန်နဲ့ဖျက်ဆီးပစ်ရတာသိပ်ကိုရင်သပ်ရှုမောဖို့ကောင်းတယ်ဆိုတာ..."

သည်လောက်ဆို မောင်သဘောပေါက်လောက်ပါတယ်။ မောင်တိုက်ခိုက်ဖို့ကြိုးစားနေတဲ့နှလုံးသားဟာ အစတည်းက မောင့်ကိုပေးထားခြင်းမရှိဘူးဆိုတာ...

*********************************
A/N
စာများလိုက်တာတော်
မနက်ဖြန် နားမည်။ ယနေ့အပိုင်းရှည်ပေးထားပါသည်။

Zawgyi
*******

ဘိလပ္ရည္မွႀကိဳက္တတ္တဲ့ပ်ိဳ႕နဲ႔ ျမန္မာ့ေရေႏြးၾကမ္းမွစြဲစြဲၿမဲၿမဲေသာက္တတ္တဲ့ေမာင္ကတကယ့္ကိုမအပ္စပ္လွသည့္အတြဲအဖက္ပင္။

"ပ်ိဳ႕ဆီမနက္စာလာစားဖို႔သေဘာတူတာသိပ္ဝမ္းသာတာပဲ ေမာင္
ေမာင္ကအခုဘယ္လိုေနထိုင္ျပဳမူရမလဲဆိုတာေသခ်ာသိေနၿပီပဲ"

ပ်ိဳ႕မာမီကေတာ့ ပ်ိဳ႕သေဘာဆိုတစ္ခြန္းမွမျငင္းသူမို႔ေမာင့္အလာကိုၾကည္ျဖဴေပမဲ့ ဒယ္ဒီကေတာ့ မနက္တည္းက ေတာက္ေခါက္လို႔ထြက္သြားၿပီ။

"အပိုေတြမေျပာနဲ႔ ၾကင္နာရပ်ိဳ႕ ငါအခုလာတာ မင္းကိုသတိေပးမလို႔"

ေမာင့္အတြက္ၾကက္ဥျပဳတ္ခြာေပးရင္းက ပ်ိဳ႕ သိခ်င္ဟန္ျဖင့္ေမးေလးတစ္ခ်က္ဆတ္ျပလိုက္သည္။

"ေနာ္ခက္ကို မေန႔က ဘာအခ်ိဳးခ်ိဳးသလဲ သူအခု႐ုံးေတာင္မလာရဲဘူး အဲ့ဒါမင္းသိလား မိန္းကေလးတစ္ေယာက္ရဲ႕အရွက္သိကၡာကို မင္းငဲ့ဖို႔ေကာင္းတယ္ ငါ့ေၾကာင့္ သမုတ္ခံရတာက ငါ့အတြက္ပိုခံရခက္တယ္ကြ နားလည္လား"

ပ်ိဳ႕ ရွာမီးလ္ ကိတ္ကို ကာဖီနဲ႔တို႔ကာ တစ္လုတ္ကိုက္ရင္း ေမာင့္စကားကို ေဘးဖယ္ထားလိုက္၏။

ပ်ိဳ႕သည္လိုဂ႐ုမစိုက္ပုံက သူ႔ေဒါသ ပိုႂကြမွာအမွန္ပဲေလ။

သို႔ေသာ္...

"ဒါ ဘာလုပ္တာလဲ ေမာင္"

စားေနရင္းကုလားထိုင္‌ေပၚကထလို႔ ေအာက္မွာဒူးေထာက္လိုက္တဲ့ေမာင္က မိန္းမတစ္ေယာက္ေၾကာင့္တဲ့လား။

"ငါ့ဘဝကိုသည့္ထက္မဖ်က္ဆီးဖို႔ မင္းကို ငါဘာေတြလုပ္ေပးရမလဲ ပ်ိဳ႕..."

ပ်ိဳ႕ ကာဖီခြက္ကို ခ်လိုက္ကာလက္သုတ္ပုဝါဆြဲယူလိုက္သည္။

တခစ္ခစ္ရယ္ေမာရင္းကေမာင့္ဆီ လက္သုတ္နဲ႔ ပစ္ေပါက္လိုက္ပါသည္။

"ရယ္ရတယ္ေနာ္ ေမာင္
ေမာင့္ဆီက ပ်ိဳ႕လို႔ေခၚတာခံရဖို႔ အဲ့မိန္းကေလးကို မ်ားမ်ားသမုတ္ရမဲ့ပုံပဲ အဟင္းဟင္း..."

*ေမာင္က ပ်ိဳ႕ေလာက္နီးပါးရက္စက္တဲ့သူပဲေမာင္ ပ်ိဳ႕နဲ႔ေမာင့္ၾကား အခ်စ္ဆိုတဲ့ အကၡရာ မရွိလာလို႔ဘာမွမျဖစ္ပါဘူး ဒါမဲ့ ေမာင့္မွာ ေဘးသူစိမ္းအခ်စ္ရွိလို႔ေတာ့မျဖစ္ဘူး ေမာင္ ပ်ိဳ႕က ကိုယ္ပိုင္တဲ့ပစၥည္းတစ္ခုကို သူမ်ားနဲ႔ မွ်ေဝသုံးစြဲေနရေလာက္ေအာင္သေဘာေကာင္းမေနေပဘူး*

ပ်ိဳ႕ ေမာင့္ကို ရင္ထဲက စကားေတြေျပာမလို႔ ေစ့ေစ့ၾကည့္လိုက္ေသာ္ျငား ပင္ပန္းေနေသာ မ်က္ဝန္း‌ေတြကိုသနားစဖြယ္ျမင္လိုက္ရသည္။

ေမာင့္ရဲ႕ အဲ့အၾကည့္က ဘာလဲ။
ငါ့မိန္းကေလးကိုမထိပါနဲ႔။ ငါ့ကိုပဲထိပါ ဆိုတဲ့သေဘာလား။
အလိုေလး ခ်စ္တတ္လိုက္တာေမာင္ရယ္ စိတ္ေတာင္မေကာင္းဘူး။

"ထပါ ေမာင္ မာမီျမင္သြားရင္မေကာင္းဘူး ေတာ္ၾကာ သူ႔သမက္ကေလး ကို ပ်ိဳ႕ကစိတ္ဆိုးေနတယ္‌ထင္သြားဦးမယ္ ေဒၚေဒၚေရာေနေကာင္းရဲ႕လား ေမာင့္မွာျပဳစုရလို႔ပင္ပန္းၿပီးမ်က္တြင္းေတာင္ေခ်ာင္သြားတာပဲ ပ်ိဳ႕အိမ္မွာ တစ္ရက္ေလာက္အနားယူလွည့္မလား ေမာင္"

ထိကပါးရိကပါးေျပာရင္သိပ္စိတ္ဆိုးတတ္တဲ့ေမာင္ကယခုေတာ့တစ္စုံတစ္ရာကိုအက်ိတ္အနယ္စဥ္းစားေနဟန္...

"အို"

ပ်ိဳ႕ရဲ႕ ေပါင္ေပၚေခါင္းအပ္လို႔ လက္ေခ်ာင္းေတြကနယ္ကြၽံလာေလသည္။

"မင္းလိုခ်င္တာ ဒါလား
တကယ္လို႔ငါ‌ေပးလိုက္ရင္ မင္းေစ့စပ္ထားတာဖ်က္ေပးမလား"

ပ်ိဳ႕အထင္မွားသြားတယ္။
ေမာင္က ပ်ိဳ႕ထက္ အဆမ်ားစြာရက္စက္တဲ့သူပဲ။

ျဖန္း

ပန္းပင္ေရေလာင္းရင္း ထမင္းစားခန္းက အသံၾကားတာမို႔ အျမန္သြားၾကည့္လိုက္ရသည္။

"ဘာျဖစ္တာလဲ သား"

ကာဖီခြက္ေအာက္ခံတစ္ျခမ္းပဲ့ကို ကိုင္ထားေသာ ပ်ိဳ႕က လက္ကိုခါလိုက္သည္။

"ႂကြက္ေတြ႕လို႔ေျခာက္လိုက္တာပါ မာမီ ဒင္းကရာရာစစ ပ်ိဳ႕ကို လန႔္ေစတယ္ေလ ခုေတာ့မွတ္ေလာက္ပါၿပီ"

ေမာင္က ကုလားထိုင္ေပၚျပန္ထိုင္လို႔ မာဖလာျပင္ပတ္လိုက္ေပမဲ့ မာမီကမူသိပ္မယုံသလိုၾကည့္ေနခဲ့သည္။

"ဒါျဖင့္လည္း ၿပီးေရာ စားၿပီးရင္မင္းတို႔ဘိုင္စကုတ္သြားၾကည့္ခ်င္ၾကည့္ေလ ရန္မျဖစ္ရဘူးေနာ္ ပ်ိဳ႕ ပ်ိဳ႕လက္က မာမီ့အတြက္ ရတနာေလးဆိုတာသိတယ္မလား"

မာမီက ေမာင္ဒဏ္ရာရမွာစိတ္ပူျခင္းမဟုတ္ဘဲ ပ်ိဳ႕လက္ကေလးတစ္ခုခုျဖစ္သြားမွာစိုးရိမ္တာပင္။ ေမာင္အံႀကိတ္လိုက္သလို မ်က္ႏွာလႊဲလိုက္၍ ပါးေစာင္းကနီေနတာ မာမီေတြ႕သြားေလာက္သည္။

"ကေန႔ ဘာကား႐ုံတင္မလဲ မသိဘူး ေမာင္ ပ်ိဳ႕တို႔သြားၾကည့္ရေအာင္ ေမာင္အားတယ္မလား မအားလည္း အားေအာင္လုပ္လိုက္ေပါ့ ေနာ္"

ေမာင္က စကားတစ္ခြန္းမွမေျပာေတာ့။ ခုနက ကာဖီပန္းကန္ျပားနဲ႔ ႐ိုက္လိုက္လို႔ လန႔္ၿပီးဆြံ႕အသြားသလားမသိ။

"သည္မယ္ ေမာင္... ေမာင့္ေလာက္ကေတာ့ ပ်ိဳ႕အတြက္ ေထာင္ေခ်ာက္ထဲကႂကြက္တစ္ေကာင္ကိုကစား႐ုံအျပင္မပိုတာသိရဲ႕မလား သိပ္အကဲမစမ္းနဲ႔ ေမာင္ ရဲရင့္တိုင္းေကာင္းတာမဟုတ္ဘူး ပ်ိဳ႕လိုကမာၻပတ္လာတဲ့သူက ေမာင့္ေျခလွမ္းေတြကိုမရိပ္မိစရာအေၾကာင္းမရွိဘူး အခုေမာင္မွတ္ထားရမွာက ပ်ိဳ႕တို႔ေစ့စပ္ထားတယ္ဆိုတာရယ္ အကယ္၍ေမာင္ အဲ့သည္မိန္းကေလးမွမဟုတ္၊ တျခား မိန္းကေလးေတြေ႐ြးမယ္ဆိုရင္လည္း ေမာင္ဟာ အမ်ားအျမင္မွာေမာင့္အေမလိုလူမႈေရးေဖာက္ျပန္သူတစ္ေယာက္ထက္ပိုမွာမဟုတ္ဘူးဆိုတာရယ္ သိဖို႔ပဲ ရွင္းရဲ႕လား ေမာင္"

ေမာင္တုန္လႈပ္ဖို႔ သူ႔အ႐ူးမအေမကိုဆြဲထည့္ေျပာတာေတာင္ စကားျပန္မရေတာ့။ ပ်င္းစရာေကာင္းသြားၿပီ။ ထိုေန႔က႐ုံမွာခင္ယုေမကားသြားၾကည့္ရင္းက ေမာင္နဲ႔ ထူးထူးျခားျခားၿငိမ္းခ်မ္းေရးျပန္ယူခဲ့လိုက္သည္။

အံမယ္ ေမာင္ကလည္းငါ့လိုပါပဲ
အၾကမ္းနည္းမရလို႔ အႏုနည္း သုံးတာပဲ ျဖစ္မယ္။ ေယာက်ာ္းေတြကေလ သိပ္ခန႔္မွန္းရလြယ္တာပဲ။ အထင္ႀကီးစရာလည္းတစ္ကြက္မွမရွိ။

ပ်ိဳ႕မယ္ ပ်င္းလိုက္တာ ႐ုပ္ရွင္႐ုံထဲတဝါးဝါးသမ္းမိတယ္ေလ
တကယ္ေတာ့ ခင္ယုေမ သ႐ုပ္ေဆာင္မေကာင္းလို႔မဟုတ္ပါဘူး
ေမာင့္ရဲ႕သ႐ုပ္ေဆာင္မႈမွာ ပိုနစ္ေျမာသြားလို႔ပါ။

"စာေရးႀကီး"

႐ုံထဲကေမာင့္လက္ခ်ိတ္ထြက္လာေတာ့ လူတစ္ေယာက္လာႏႈတ္ဆက္သည္။

ေမာင္မ်က္ႏွာ ပ်က္သြားသလိုပင္။

"က်ဳပ္ သည္ေန႔ ဧည့္သည္ပါလာလို႔ ေနာက္မွ ေတြ႕ၾကတာေပါ့ တကယ္အားနာပါတယ္"

"ဪ ရပါတယ္ က်ဳပ္လည္းသည္တိုင္းလာႏႈတ္ဆက္တာပါ ဒါက..."

ၿမိဳ႕ထဲ လူေျပာမ်ားေနသည့္ သူေဌးဦးပလႊားရဲ႕ ေျခာက္ေတာက္ေတာက္ သားငယ္ေလး ဆိုတာလားဟုမေျပာ႐ုံတမယ္ပင္။ သည္လူၾကည့္ပုံက ပ်ိဳ႕အကဲခတ္စရာပင္မလို၊ အကုန္သိလိုက္ပါ၏။

အင္း... ေမာင့္ ငါ့လက္ကလြတ္ဖို႔ ခ်ထားတဲ့အစီအစဥ္ေတြက နည္းမွမနည္းဘဲ။

ဒယ္ဒီ့ေရနံတြင္းကိစၥ ပါ ဝင္ေႏွာက္ဖို႔ထိ ‌ေတြးထားပါလား။

ပ်ိဳ႕တို႔အိမ္က ေရနံတြင္းထြက္ နဲ႔ သဘာဝဓါတ္ေငြ႕လုပ္ငန္းကို မ်က္ႏွာျဖဴေတြနဲ႔ တြဲလုပ္ေနတာပင္။

အခုေမာင္က ပ်ိဳ႕ကို စီးပြားေရးအရတိုက္ခိုက္ဖို႔လူစုေနတာျဖစ္သည္။

ေမာင္ကလည္းညံ့ပါ့။ေမာင့္အနားမွာ ပ်ိဳ႕က လူယုံမထားဘဲေနမည္ဟု သံသယမရွိေနဝံ့သလား။

ေမာင့္အစီအစဥ္ေလးျဖစ္ေျမာက္ဖို႔ ပ်ိဳ႕ကူဆုေတာင္းေပးပါတယ္။

ဆုေတာင္းေတြကတကယ္ျဖစ္မလာႏိုင္မွန္းႀကိဳသိေနရက္‌ေပါ့။

ေမာင့္ေျပာပါတယ္ ေမာင္ဟာ ပ်ိဳ႕ေျခဖဝါးေအာက္မွာနင္းေခ်ဖို႔ ဝန္မေလးတဲ့ပိုးမႊားေလးတစ္ခုပါပဲလို႔။

ပ်ိဳ႕လိုလူဟာ အခ်စ္မွာ အ႐ူးလိုကိုးကြယ္ရေအာင္ ဦးေႏွာက္ပ်က္ေနတာမွမဟုတ္ဘဲေလ။

ၿမိဳ႕ေတာ္ဝန္ရဲ႕ ပါတီ ကို ဖိတ္ၾကားခံရ၍ ပ်ိဳ႕ လွလွပပ ျပင္ဆင္ေနမိသည္။ ပ်ိဳ႕က အလွအပႀကိဳက္တယ္။ ကႏြဲ႕ကလ်ဆန္တယ္လို႔ ေမာင္က လြန္ခဲ့တဲ့ငါးႏွစ္က သတင္းသမားေတြ ကို ဖြင့္ဟခဲ့တယ္ေလ။ ေမာင့္လက္ခ်က္မွန္းတန္းသိတာကလည္း ‌အေဆာင္ေနသူငယ္ခ်င္းအခ်င္းခ်င္းမို႔ ထက္ ေမာင့္စေတြ႕ကတည္းက အလိုလိုသိေနေသာ မေနာစိတ္ေၾကာင့္ပင္။

လူေတြကဆန္းက်ယ္တယ္။ ကိုယ့္ကိုဒုကၡေပးတာဟာ အေဝးကလူထက္ အနီးကလူ ပိုမ်ားမွန္းသိပါရက္ မစြန႔္ခြာႏိုင္ဘူး။ ေမာင့္ကိုတစ္ေန႔တစ္ခ်ိန္ေတာ့ ရင္းႏွီးဖူးခဲ့တဲ့သူစိမ္းလို႔ ဆက္ဆံႏိုင္မွာပါေလ။

ပ်ိဳ႕က ေမာင့္ကိုတရားဝင္လက္ထပ္ဖို႔ စိတ္မွမကူးထားဘဲ။

ေမာင့္အဘိုးလိုခ်င္သလိုပ်ိဳ႕အိမ္ကအဆီအႏွစ္ေတြလည္းမပါေအာင္ ႀကိဳးတံတားတစ္စင္းဆင္လို႔ ယိုင္နဲ႔နဲ႔ ၾကမ္းျပင္ေပၚ ေမာင့္အားေလွ်ာက္ေစကာ ႀကိဳးကိုင္ေနျခင္းပါပင္။

မပူပါနဲ႔ ေမာင္ရယ္။ ေမာင္ျဖစ္ေစခ်င္သလို ျဖစ္လာမွာပါ။ ပ်ိဳ႕စိတ္ေက်နပ္သြားခဲ့ရင္ေပါ့။

အဆုံးသတ္ စိန္ၾကယ္သီးကိုတပ္ဆင္အၿပီး ပ်ိဳ႕ အခန္းထဲမွထြက္လာခဲ့ၿပီ။ ဟုတ္သား ကေန႔ ဧည့္သည္ေတာ္တစ္ေယာက္ပါ အပိုေခၚသြားရမွာပဲ။ ေမာင့္အတြက္လူကုံထံေတြၾကားမ်က္ႏွာပန္းလွ‌ေစမဲ့လက္ေဆာင္ေလ။

ပ်ိဳ႕ အိတ္ေဆာင္နာရီေလးထုတ္လို႔ေမာင္မ်ားလာမလားေစာင့္ေနေသးသည္။

နာရီသံ တစ္ခ်က္ခ်က္က စိတ္မရွည္ခ်င္စရာေကာင္းလွသည္။

ညေနေစာင္းလာကာပြဲစဖို႔အခ်ိန္နီးလွၿပီ။ ေမာင္မလာေတာ့တာေသခ်ာၿပီ။ေမာင္မလာရတာလည္း ပ်ိဳ႕မဟုတ္တဲ့တျခားသူ ဦးစားေပးလိုက္ရ၍ ဆိုသည္ကိုႀကိဳသိထားပါသည္။

နာမည္ႀကီးသူေဌးေတြႏွင့္ အာဏာရွိသည့္ အသိုင္းအဝိုင္းမွ အရာရွိေတြအမ်ားစုတက္ေရာက္သည့္ သည္လိုဘိုဆန္ဆန္ပါတီအားေမာင္ႏွစ္သက္မႈမရွိမွန္းပ်ိဳ႕သိထားသည္။

ဒါေတာင္ ေမာင္လာတာက ျဖစ္ႏိုင္ေခ်ႏွစ္ခ်က္တည္းေၾကာင့္သာပင္။

တစ္အခ်က္... ေမာင့္ရဲ႕ ငါ့အေပၚအလဲထိုးမည့္တိုက္စစ္အတြက္ အဆက္အသြယ္ေကာင္းရဖို႔ သည္ပြဲ၌ မိတ္ေဆြရွာရန္

ႏွစ္အခ်က္... ေမာင့္ရဲ႕ အနားက ကရင္မေလး သည္ပြဲ လာခ်င္တာမို႔ အတူတက္ေပးရန္

တစ္ေန႔ကသူတို႔ေျပာ‌ေနတာလည္းသည္ပါတီကိစၥပဲေလ

ေမာင့္မိန္းကေလးက ေမာင့္အျပင္ တျခားသူနဲ႔လည္းအဆက္အဆံရွိေနတာမသိရွာဘူးလား။ ေမာင္လည္းတုံးတဲ့ေနရာရွိသားပဲ။

"သည္ဘက္တစ္ခ်က္ေလာက္ ၿပဳံးေပးပါ သူေဌးေလး"

ကားေပၚကဆင္းတာနဲ႔ ကင္မရာမီးေရာင္တဖ်တ္ဖ်တ္က စိတ္ပ်က္စရာ က်ေရာက္လာသည္။

စိတ္ရွိလက္ရွိသာဆို သည္‌ေရွ႕ကဟာေတြအကုန္မီးရႈိ႕ျပာခ်ပစ္သည္။

ေမာင္ ပါတီတူတူတက္ဖို႔လာမေခၚလို႔ စိတ္တိုေနရသည့္ၾကားထဲ။

‌ပ်ိဳ႕ရဲ႕ ဟန္ျပအၿပဳံးေတြေအာက္မွာ လူအခ်ိဳ႕ နစ္မူးသြားပုံရသည္။ ပ်ိဳ႕က အႏုပညာသည္ေလ။ ဂီတ သမားဆိုေပမဲ့ သ႐ုပ္ေဆာင္တာနဲ႔လည္းမစိမ္းပါဘူး။ သည္လို အေပၚယံႀကိဳက္သူေတြၾကား ခဏခဏဟန္ေဆာင္ျပရမွာပဲ။

ပ်ိဳ႕ ပြဲခင္းထဲေမာင့္ကိုရွာလိုက္ေတာ့ ထင္သည့္အတိုင္း ထို မိန္းကေလးႏွင့္အတူ ၿမိဳ႕ေတာ္ဝန္အားစကားစျမည္ေျပာေနတာေတြ႕ရသည္။

အံမယ္ သည္လူက ေမာင့္ကို အရက္တိုက္ေနပါလား။

ေမာင္ကမေသာက္တတ္သူမို႔ အသည္းအသန္ျငင္းေနရွာသည္။

ေမာင္ အေသာက္အစားကင္းတာသူသိတာေပါ့။

အလို ၾကည့္ရတာေမာင္အားနာ ေနပုံပဲ။ ေသာက္ပစ္မလို႔လုပ္ေနၿပီ။

"သည္ကိုေပးလွည့္ ေမာင္
မေသာက္တတ္ဘဲ သည္းခံမေနနဲ႔"

ပ်ိဳ႕ သူ႔လက္ထဲက ဆြဲယူလို႔ တစ္က်ိဳက္တည္းေမာ့ေသာက္ပစ္လိုက္တာ အနည္းငယ္ပင္ ယိုင္ထိုးသြားသည္။

ဒယ္ဒီသိရင္ တုတ္ေကာက္နဲ႔တြယ္ဦးမွာပဲ။

"ၾကင္နာရပ်ိဳ႕ ဒါ ဘာလုပ္တာလဲ"

သူ႔လက္ထဲခြက္ျပန္ထည့္ေပးလိုက္ကာ ပ်ိဳ႕ ၿမိဳ႕ေတာ္ဝန္ကို ဦးၫြတ္ႏႈတ္ဆက္လိုက္သည္။

"ခင္ပြန္းေလာင္းအစားေသာက္ေပးတာပါ အန္ကယ္ သူက အေသာက္အစားမရွိလို႔ေလ"

ၿမိဳ႕ေတာ္ဝန္ကပ်ိဳ႕နဲ႔လည္းသိေနသူမို႔ ခြင့္လႊတ္သလို ျပန္ေျပာသည္။

"သည္လူေတြၾကား ေျပာစရာလားကြာ မင္းခင္ပြန္းေလာင္းမွန္းသိလို႔ တမင္ေနာက္ေျပာင္တာပါ"

ကဲ ဘယ့္ႏွယ့္ရွိစ ေမာင္ ေမာင္တျခားမိန္းမ လက္တြဲလို႔ ပြဲတက္လည္းလူေတြက ေမာင့္ကိုဆိုပ်ိဳ႕နဲ႔ပဲတြဲျမင္ၾကတာေလ။ ခံရတာ သိပ္ခက္သြားသလား ပ်ိဳ႕ရဲ႕ေမာင္...

ပ်ိဳ႕ရဲ႕ ေအာင္ႏိုင္သူအၿပဳံးက သူတို႔ႏွစ္ေယာက္အားရွက္႐ြံ႕ေစလိမ့္မည္။

သရပါ ေရနံစာခ်ဳပ္ကိစၥ က ၿမိဳ႕တြင္း အေရးပါသူတစ္ေယာက္ေထာက္ခံခ်က္ပါမွ စလုပ္လို႔ရသည္မို႔ ၿမိဳ႕ေတာ္ဝန္နဲ႔ အဆက္အသြယ္ျဖစ္ေအာင္ ႀကိဳးစားေနျခင္းျဖစ္သည္။

သူ႔ဘိုးဘိုးကဩဇာသိပ္မရွိေတာ့ေပမဲ့လူေလးစားခံရေသးသည္။ ထို႔ေၾကာင့္ဘိုးဘိုးအရွိန္နဲ႔ ဒင္းတို႔မိသားစုေတြအတြက္ အိပ္မက္ဆိုးေတြဖန္တီးေပးခ်င္တာပင္။
ပထမေတာ့ ႏွလုံးသားေရးေပါ့။ အခုေတာ့စီးပြားေရး။
ၾကင္နာရပ်ိဳ႕ သူ႔ကို အရႈံးေပးမည္မဟုတ္မွန္းသူသိသည္။ ေစ့စပ္တာဖ်က္မယ္ဆိုတာလည္း သူ႔ရဲ႕ ဟန္ေကာင္းမႈတစ္ခုသာ။ မဟုတ္ရင္ဒင္းကိုဘိုးဘိုးနဲ႔ေတာင္ေတြ႕ခြင့္ေပးမွာမဟုတ္။

မနက္က ေနာ္ခက္ေၾကာင့္ ေတာင္းပန္လိုက္ေတာ့ ဒင္းမ်က္ႏွာ ပ်က္က်သြားတာေတြ႕သားပဲ။
သူကလည္း အဲ့လိုျဖစ္ေအာင္တမင္လုပ္တာေလ။

ဘယ္သူက ပိုၿပီးဟန္ေကာင္းလဲ ၿပိဳင္ၾကတာေပါ့ ပ်ိဳ႕...

မင္းေျပာသလို ေမာင္မခ်စ္ရ ဆိုတဲ့စည္းမ်ဥ္းဥပေဒက ငါ့အတြက္ ထုတ္ဖို႔ အစတည္းက မလိုမွန္းမင္းသိသင့္တယ္။ ငါက မင္းလိုလူကိုသည္တစ္သက္ဘယ္နည္းနဲ႔မွခ်စ္မိသြားမွာမဟုတ္ဘူး။

********

ပ်ိဳ႕တို႔ စကားေျပာေနရင္းကၿမိဳ႕ေတာ္ဝန္ေနာက္မွ လူငယ္တစ္ေယာက္အသံထြက္လာသည္။

"MJ မင္းလည္းသည္ပြဲလာတယ္လား"

"Mike မင္းလား မင္းနဲ႔မေတြ႕ရတာဘယ္တည္းကလဲ"

MJ ဆိုတာ ပ်ိဳ႕ရဲ႕ အဂၤလိပ္နာမည္ပင္။ ဥေရာပ မွာေက်ာင္းတက္စဥ္က သုံးခဲ့တာ။

ပ်ိဳ႕ Mikeကို ဘိုဆန္ဆန္ ႏႈတ္ဆက္လို႔ ေမာင္ႏွာေခါင္းရႈံ႕သြားတာလည္းျမင္ပါရဲ႕။ အံမယ္ ပ်ိဳ႕ကိုေမာင့္လို လူစားမ်ားထင္ေနသလား။

"ဘားမားလိုေခၚစမ္းပါ ငါ့ဒယ္ဒီပါတီမို႔ ငါကမျဖစ္မေနတက္ရတာေပါ့ သည္ေန႔ ငါ့ကို ေနာက္တက္မဲ့ ဥကၠဌမွန္းေၾကညာမွာေလ"

တင္စားထိုက္တန္ ေခၚ Mike Winston...

ပ်ိဳ႕ရဲ႕ ဥေရာပ မွာ ေက်ာင္းသြားတက္စဥ္က friend

အင္း... ေမာင္နဲ႔မိတ္ဆက္ေပးရင္‌ေကာင္းမလား။

"သည္ကိုခဏ ေမာင္ ေျပာစရာေလးရွိလို႔"

အမ်ားေရွ႕မို႔ ေမာင္လိုက္ေလ်ာပုံရသည္။သိပ္မေျပာလိုက္ရ။

"ပ်ိဳ႕ရဲ႕ အရင္းႏွီးဆုံး friendနဲ႔ မိတ္ဆက္ေပးရမွာပဲ ၿမိဳ႕ေတာ္ဝန္ရဲ႕သားေလ ပ်ိဳ႕ရဲ႕ေက်ာင္းေနဖက္ပဲ တင္စားထိုက္တန္တဲ့ ဘယ့္ႏွယ့္လဲ ေမာင့္လိုပဲ ၾကည့္ေကာင္းရဲ႕မဟုတ္လား"

သည္လူသားရဲ႕ အဆင္တန္ဆာ တစ္ခုထက္ပိုမျမင္ၾကတဲ့အသိုင္းအဝိုင္းမွာမွ ဒင္းက ေနာက္ထပ္ ျပႆနာေတြ ဆြဲသြင္းသည္။

သူ႔အားမိတ္ဆက္ေပးတိုင္းမုန္းလွသည္။

ပ်ိဳ႕ ခင္ပြန္းေလာင္းေလ
ပ်ိဳ႕ရဲ႕ fianceေပါ့
ပ်ိဳ႕ပိုင္တဲ့လူေလ

သည္အသံေတြက သူ႔အားအၿမဲေျခာက္လွန႔္ေနသည္။

"ကဲ ေမာင္တို႔စကားေျပာၾကဦး ပ်ိဳ႕ အေရးႀကီးကိစၥေလးလုပ္စရာရွိလို႔"

တင္စားထိုက္တန္က ပ်ိဳ႕ ထြက္သြားတာနဲ႔ ‌ေဖာ္ေ႐ြမႈေတြေပ်ာက္ဆုံးသြား‌‌ေတာ့သည္။

"သည္လိုဆိုေတာ့ ကိုယ့္လူက MJ's boyfriend ေပါ့ အင္း ကိုယ္ထင္ထားသေလာက္လည္းမဟုတ္ပါလား"

သရပါ လည္း ဟန္ေကာင္းစရာမလိုေတာ့။ၿမိဳ႕ေတာ္ဝန္အနားမရွိ၍ထိုသူ႔အားျပန္တိုက္ခိုက္လိုက္သည္။

"Boyfriend လို႔သုံးရေအာင္ သူကဘာေတြေျပာထားသလဲ က်ဳပ္ရဲ႕ ျဖစ္တည္မႈကိုေဝဖန္ရေအာင္ေရာ ခင္ဗ်ားက ဘာမို႔လို႔လဲ ကိုယ့္ကိစၥမဟုတ္ရင္ဝင္မပါစမ္းပါနဲ႔လား ခင္ဗ်ား ရဲ႕ MJ ကိုသိပ္ႏွေျမာေနရင္ ယူသြားလိုက္ က်ဳပ္ခြင့္ျပဳတယ္"

ပြင့္လင္းလွတဲ့ အေျပာနဲ႔ ရည္မြန္မည္ထင္ရတဲ့လူဆီက တိုက္ခိုက္မႈက သူ႔အားအံ့အားသင့္ေစပုံပင္။

*သည္လူ MJ ကိုမခ်စ္ဘူးလား
*ေအးေလ MJ ကေယာက်ာ္းေလးျဖစ္ေနတာကိုး

ထိုစဥ္ ပြဲတြင္း႐ုတ္႐ုတ္သဲသဲျဖစ္သြားသလို မိန္းမတစ္ေယာက္ရဲ႕ စူးရွတဲ့အသံလည္းထြက္လာသည္။

"ငါ့ကေလးေလးဘယ္ေရာက္သြားၿပီလဲ ေမေမ လာၿပီေလ ကေလးရယ္
ေၾကာင္ႀကီးရဲ႕ ၿမီးတန္တို ..."

ရႈပ္ပြ စုတ္ျပတ္ကာ ၿပဲရိေနေသာအဝတ္အထည္မ်ားႏွင့္ မိန္းမသည္ကား သရပါ့အရင္းႏွီးဆုံးေသြးသား။

သူ႔ေခါင္းကို ရွစ္စိတ္ခြဲပစ္လိုက္သလိုပင္။

"အေမ!!! ဒါ ဒါ ဘယ္လိုျဖစ္တာလဲ"

"ဟယ္ အေမတဲ့ "

"သူ႔အေမက အဲ့လိုႀကီးလား သနားပါတယ္"

"ဟိုးေလးတစ္ေက်ာ္ပဲေလ လြန္ခဲ့တဲ့ဆယ္ႏွစ္ေလာက္က သူမ်ားလင္ခိုးလို႔ ႏွင္ထုတ္ခံရတာ သူ႔ေယာက်ာ္းကလည္း စိတ္ဆင္းရဲၿပီးေသသြားတာေလ"

"သားႀကီးမယားႀကီးရွိသူနဲ႔ေဖာက္ျပန္တာကိုး ကိုယ္ဝန္ပါပ်က္က်ၿပီး႐ူးသြားတာ နည္းေတာင္နည္းေသးတယ္"

"ခင္ဗ်ားတို႔ပါးစပ္ပိတ္ထား!!!"

သူ႔ရဲ႕ ေဒါသသံေၾကာင့္ ခဏတာ တိတ္ဆိတ္သြားေသာ္လည္း လူေတြရဲ႕ စပ္စုခ်င္စိတ္ကမကုန္ၿငိမ္း။ စက္ဆုပ္သလိုအၾကည့္ေတြႏွင့္ ထပ္အၾကည့္ခံရျပန္ၿပီ။လူေတြၾကားထဲ မသြားရဲခဲ့တဲ့ႏွစ္ေတြဆီျပန္ေရာက္သြားသလိုပင္။

သရပါ အေမ့အား ‌‌ေနာ္ခက္ေပးေသာ ၿခဳံထည္ျဖင့္ ေထြးေပြ႕ကာ လူအမ်ားၾကားမွဆြဲထုတ္လိုက္သည္။

အေမက ကိုယ့္အဝတ္ေတာင္ကိုယ္မဝတ္တတ္သည္အထိ ပုံမွန္မဟုတ္ေတာ့ေပ။

အက်ႌေတြကလည္း အေကာင္းတစ္ထည္မွမရွိ။ သူမဘာသာ ၿဖဲစုတ္လို႔ အျမင္မေတာ္တာေၾကာင့္အၿမဲအိမ္ထဲထည့္ထားရသည္။

အခု ဘယ္သူကမ်ားေခၚထုတ္လာရဲတာလဲ။

ပ်ိဳ႕ ထိုအမ်ိဳးသမီးကိုကားေပၚမွာတုန္းကမုန႔္ေကြၽးၿပီးေခၚလာတာမို႔ေအးေဆးလိုက္လာရွာသည္။ ပြဲခ်ိန္နည္းနည္းၾကာလို႔လူစုံေအာင္ေစာင့္ၿပီးခါမွ ဒ႐ိုင္ဘာကိုေစာင့္ၾကည့္ခိုင္းထားေသာ ထိုမိန္းမႀကီးအား ဆြဲေခၚလာလိုက္သည္။ ၿပီးေနာက္ လူပုံလည္ မသိမသာထားပစ္ခဲ့ပါ၏။

ေမာင့္ရဲ႕အေရးပါတဲ့ ပြဲလမ္းသဘင္တစ္ခုမွာပ်ိဳ႕က သူ႔အတြက္ သတင္းသမားေတြ သိပ္ႀကိဳက္ေစမဲ့ျမင္ကြင္းဖန္တီးေပးလိုက္တယ္။ေမာင္နာမည္ႀကီးသြားလို႔ပ်ိဳ႕ကိုေတာင္ေက်းဇူးတင္သင့္တာ။

ေမာင္သိပါေစ
ေမာင္အခုလိုပ်ာယာခတ္ေနမႈေတြဟာ တစ္ခ်ိန္ကေမာင့္လုပ္ရပ္ေၾကာင့္ သတင္းသမားေတြေရွ႕ေဆာက္တည္ရာမရခဲ့တဲ့ပ်ိဳ႕နဲ႔တစ္ထပ္တည္းတူေနတယ္ဆိုတာ။

သရပါ အေမ့ကိုေပြ႕လို႔ၿမိဳ႕‌ေတာ္ဝန္ကိုပင္မႏႈတ္ဆက္ႏိုင္‌ေတာ့ဘဲပြဲခင္းထဲကထြက္လာခဲ့သည္။ ကားေရွ႕ေရာက္ေတာ့ ဟန္ပါပါ စီးကရက္ဖြာကာမတ္တပ္ရပ္ေစာင့္ေနသူအားေတြ႕လိုက္ပါ၏။

ဉာဏ္ထက္သူမို႔ ဘယ္သူ႔လက္ခ်က္လဲတန္းသိၿပီးသားျဖစ္၍ အေမ့ကိုကားထဲထည့္ၿပီးတာႏွင့္ ထိုေကာင့္လည္ပင္းကိုဆုပ္ကိုင္လိုက္သည္။

"ဘာေၾကာင့္ အဲ့လိုလုပ္တာလဲ ငါမင္းကိုသတိေပးတယ္မဟုတ္လား ငါ့အေမကိုေတာ့ မထိပါနဲ႔လို႔..."

"ဟင္း ဟင္း ဟားဟားဟား"

ပ်ိဳ႕က မေၾကာက္သလို ေျခာက္ျခားစရာေကာင္းစြာပင္ရယ္ေမာေနေသးသည္။ထို႔ေနာက္ပ်ိဳ႕လည္ပင္းေပၚကေမာင့္လက္ေတြအားေဆးလိပ္မီးနဲ႔ပြတ္ဆြဲလိုက္ကာတတိတိနာက်င္ေစလိုက္သည္။

"ဪ ေမာင္က သိပ္ရယ္ရတာပဲ
ေမာင္က် ပ်ိဳ႕မိသားစုကိုေနာက္ကြယ္ကေနတစ္မ်ိဳးေပၚတင္တစ္မ်ိဳး ႀကိဳက္သလိုတိုက္ခိုက္မယ္ ပ်ိဳ႕က် ဘာမွမလုပ္ပါနဲ႔တဲ့လား သိပ္ကို တရားနည္းလမ္းက်မေနလြန္းဘူးလား ေမာင္"

ေျပာေလ တစ္ခုခုေျပာလိုက္စမ္းပါ ေမာင္ရဲ႕ ပ်ိဳ႕ခ်ည္းပဲစကားမ်ားေနရတာမုန္းလာၿပီကြာ ေမာင္နဲ႔ခုလို ရန္ျဖစ္ေနရတာ ပ်ိဳ႕အႀကိဳက္ဆုံး ဆိုတာေမာင္မသိဘူးလား။

အေတာ္ၾကာမွ...

"အခုလိုလုပ္လိုက္တာ မင္းအတြက္ ဘာရသြားလဲ ၾကင္နာရပ်ိဳ႕"

"သိပ္ရတာေပါ့ ေမာင့္ဆီကအမုန္း‌ေတြေလ အရင္ကထက္ဆတိုးပိုရသြားတယ္
ေမာင့္မွာသည္လိုအေမရွိေနတာ လူထုသိသင့္တယ္ေလ အဲ့ဒါမွ ပ်ိဳ႕ရင္ကိုေျခစုံကန္ ပ်ိဳ႕ဒယ္ဒီကိုတိုက္ခိုက္ဖို႔ႀကိဳးပမ္းေနတဲ့ေမာင့္ကို ဘယ္သူမွအကူအညီမေပးခ်င္မွာ ေမာင္ပ်ိဳ႕ကိုတိုက္ခိုက္ေလေလ ပိုအရွက္ကြဲေလေလပဲဆိုတာ ပ်ိဳ႕ကသိေစခ်င္တာ ေမာင္ဟာ ပ်ိဳ႕လက္ထဲက ေဟာသည့္စီးကရက္ေလာက္ေတာင္အေရးမပါဘူး ပ်ိဳ႕ ခါခ်လိုက္တဲ့ေဆးလိပ္ျပာေတြသာသာပဲ ေမာင္သိထားပါ ေမာင့္တက္လမ္းေတြကိုပ်ိဳ႕နည္းပ်ိဳ႕ဟန္နဲ႔ဖ်က္ဆီးပစ္ရတာသိပ္ကိုရင္သပ္ရႈေမာဖို႔ေကာင္းတယ္ဆိုတာ..."

သည္ေလာက္ဆို ေမာင္သေဘာေပါက္ေလာက္ပါတယ္။ ေမာင္တိုက္ခိုက္ဖို႔ႀကိဳးစားေနတဲ့ႏွလုံးသားဟာ အစတည္းက ေမာင့္ကိုေပးထားျခင္းမရွိဘူးဆိုတာ...

*********************************
A/N
စာမ်ားလိုက္တာေတာ္
မနက္ျဖန္ နားမည္။ ယေန႔အပိုင္းရွည္ေပးထားပါသည္။

Fortsett å les

You'll Also Like

152K 6.7K 31
ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။(4.11.2021) ဤဇာတ္လမ္းတြင္ပါဝင္ေသာအေၾကာင္းအရာမ်ားသည္ စာေရးသူ၏စိတ္ကူးသာျဖစ္သည္။
96.5K 317 23
fetish ဖြစ်တာတွေ ချက်ဖြစ်ခဲ့တဲ့ roleplay တွေ တကယ်ဖြစ်ဖူးခဲ့တာလေးတွေ တချို့က ကိ စိတ်ကူးယဉ်တာဖြစ်သလို တချို့က ကိ တကယ်လုပ်ချင်တာ တချို့က ကိဖြစ်ခဲ့တာလ...
64.4K 1.2K 35
မောင်ကကျွန်တော့်ထက်အသက်၅နှစ်ကြီးတယ်..ဒါမယ့်ကျွန်တော့ကမောင့်ကိုအသက်ကြီးလို့ဆိုပြီးရိုရိုသေသေတော့မဆက်ဆံနိုင်ဘူး..မောင့်ကိုမြတ်နိုးလွန်းလို့ကိုခေါ်တာ...
92.7K 2.1K 49
Alissa Iris De León the daughter of both the Spanish and Italian Mafia. A week after she was born she was sent away from her 2 brothers to live with...