Unicode
အခန်း(၃၉၁) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
လင်ရွှမ်းဇီက ပြောနေပြီ ဖြစ်တာကြောင့် ယန်ထျန်းဟန်သည်လည်း အလားတူ ခံစားလိုက်ရသည်။
တကယ်တော့လည်း ကိုယ်ချစ်ရတဲ့လူက တစ်ခြားသူတစ်ယောက်နဲ့ လက်ထပ်ဖို့ စီစဉ်ပေးခဲ့တာတောင် ထိုသူ့နောက်ကနေ စိတ်အားထက်သန်စွာနဲ့ ဆက်ပြီး လိုက်ပါနေတဲ့လူက သာမာန်တော့ မဟုတ်ပေ။ ထပ်ပေါင်းပြောရရင် လန်ဂျီရွှယ်သည်လည်း ဟွမ်ဖူဂျင်ကို ဘယ်တုန်းကမှ မှားယွင်းသည့် မျှော်လင့်ချက်များ ပေးခဲ့ပုံ မပေါ်ပေမယ့် ထိုသူကသာ ၎င်းကို မစွန့်လွှတ်နိုင်ပဲ ဆက်လက်တိုက်ပွဲဝင်နေခဲ့တာဖြစ်သည်။
သို့သော်လည်း လင်ရွှမ်းဇီရဲ့ နှလုံးသားထဲမှာတော့ မတည်ငြိမ်မှုအချို့ ရှိနေသည်။
လက်ရှိ ယန်ထျန်းဟန်က သူ့စိတ်ခံစားချက်များအပေါ်မှာ အလွန်အမင်း ယုံကြည်ချက် ရှိနေပြီး လန်ဂျီရွှယ်အား ဂရုမစိုက်တာ သဘာဝကျသည်။ သို့ပေမယ့်......အကယ်၍ သူ့ရဲ့ အရင်ဘဝ မှတ်ဉာဏ်တွေကိုသာ ပြန်ရခဲ့မယ်ဆိုရင် လန်ဂျီရွှယ်က သူတို့နှစ်ယောက်ကြားမှာ မိုးခြိမ်းသံတစ်ခုဖြစ်လာလိမ့်မယ်။
သူ့အရင်ဘဝတုန်းက လန်ဂျီရွှယ်နဲ့ သူငယ်ချင်း ခင်မင်မှုသာ ရှိခဲ့ပေမယ့်လည်း လန်ဂျီရွှယ်က သူနဲ့ ယန်ထျန်းဟန်ကို ခွဲစေခဲ့တဲ့ ဆူးတစ်ချောင်း ဖြစ်နေတုန်းပဲလေ။
လန်ဂျီရွှယ်မှာ လျှိ့ဝှက်ချက်တွေ ရှိတယ် ဒါပေမဲ့ လင်ရွှမ်းဇီ သိထားတဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးက လန်ဂျီရွှယ်ရဲ့ လျှို့ဝှက်ချက်တွေ ဟုတ်မဟုတ် သေချာမသိဘူး။
လင်ရွှမ်းဇီသည် သူ့စိတ်ထဲမှာ သက်ပြင်းမချပဲ မနေနိုင်တော့ပေ။
မျှော်လင့်ထားတဲ့အတိုင်းပဲ အရင်ဘဝက ဖြစ်ခဲ့တဲ့ ကပ်ဘေးတွေက ဒီဘဝမှာလည်း ပြန်ဖြစ်လာဦးမှာပဲ
လာတဲ့ ဆယ်ရက်အတွင်းမှာ အုပ်စုက ပိုမိုအားကောင်းလာခဲ့ပြီး အနားယူခြင်း အလျင်းမရှိစွာဖြင့် နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်သွားနေခဲ့ကြသည်။ ခရီးက သာယာငြိမ်းချမ်းနေတာတော့ မဟုတ်ပေ။ လမ်းတစ်လျှောက်မှာ နွယ်ပင်များ၏ မျိုချခြင်း ခံထားရသော ကြေးစားများစွာကို မြင်ရသည်။ နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ရဲ့ ကြီးမားသည့် အစိတ်အပိုင်းများက နေရာတိုင်းမှာ ကျင့်ကြံသူများရဲ့ အလောင်းများဖြင့် တန်ဆာဆင်ထားသလိုပင်။
သို့သော် ထူးဆန်းလောက်အောင်ပင် မူလတုန်းက တောနက်ထဲ ပိုပြီးဝင်လေလေ ကြောက်မက်ဖွယ် မကောင်းဆိုးဝါးများနဲ့ ရင်ဆိုင်ရဖို့ ပိုပြီး ဖြစ်နိုင်လေလေပင်။ သို့ပေမယ့် လင်ရွှမ်းဇီနဲ့ တစ်ခြားသူများကတော့ ငြိမ်ဆိမ်သည့် ပတ်ဝန်းကျင်မှာ ရှိနေသည်ဟု ယူဆလို့ ရနိုင်သည်။ တစ်ခါတစ်လေ တိုက်ခိုက်ရပေမယ့်လည်း အင်အားများစွာ စိုက်ထုတ်ဖို့ မလိုပဲ လွယ်ကူစွာ ဖြေရှင်နိုင်သည်လေ။
တစ်ခေါက် နှစ်ခေါက်လောက်က အဆင်ပြေပေမယ့် ကြိမ်ဖန်များစွာ ဒီအတိုင်းပဲ ဖြစ်လာတဲ့ အချိန်မှာတော့ ပိုပြီးစဉ်းစားရန် တွန်းအားပေးရတော့သည်။
တစ်ညမှာတော့ လူတိုင်း အလှည့်ကျ ကင်းစောင့်ပြီး ညောင်ပင်မြစ်၏ အထုံးတစ်ခုပေါ်မှာ အနားယူနေကြချိန်တွင် လင်ရွှမ်းဇီက သိပ်မဝေးသည့် တောအုပ်တစ်နေရာမှာ ရပ်နေသည့် ဝတ်ရုံဖြူဝတ်ထားသော လူငယ်တစ်ဦးအား မြင်လိုက်ရတဲ့အချိန်မှာ သူ့အတွေးများကို အတည်ပြုနိုင်သွားသည်။
ထင်ထားတဲ့အတိုင်းပဲ အမြီးကိုးချောင်း နတ်မြေခွေးက တိတ်တဆိတ် ကူညီနေခဲ့တာပဲ
လင်ရွှမ်းဇီက သူ့ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်လိုက်သောအခါ ဂျီယွန်ဝေက သစ်ပင်၏ ပင်စည်အားမှီ၍ အိပ်မောကျနေပြီး တစ်ခြားသူ အများစုသည်လည်း အိပ်ပျော်နေကြသည်။
လင်ရွှမ်းဇီက ဖြည်းညှင်းစာဖြင့် တိတ်တဆိတ် လှုပ်ရှားလိုက်ပြီး ဒီရက်တွေအတွင်း အလွန် မောပန်းနွမ်းနယ်နေသည့် အားပိုင်ကို သူ့ပေါင်အား ခေါင်းအုံးထားသည့် ယန်ထျန်းဟန်ရဲ့ ခေါင်းအောက် ရွှေ့လိုက်ကာ အားပိုင်အား ခေါင်းအုံးအဖြစ် အသုံးပြုလိုက်သည်။
အားပိုင်က လင်ရွှမ်းဇီရဲ့ လှုပ်ရှားမှုများကြောင့် နိုးသွားပေမယ့် မျက်လုံးေလေးကိုသာ ဖွင့်၍ ထိုလူနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် မျက်လုံးများ တစ်ဖန် ပြန်မှိတ်သွားကာ ပိစိလေး သန်းဝေလိုက်သည်။ သူ့အသွင်အပြင်လေးက အလွန်အမင်း ချစ်ဖို့ ကောင်းနေလေသည်။
လင်ရွှမ်းဇီက အမြီးကိုးချောင်း နတ်မြေခွေးနားသို့ သွားလိုက်ပြီး ပြောလိုက်သည်။
"ဒီရက်တွေအတွင်း ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
အမြီးကိုးချောင်း နတ်မြေခွေးက လင်ရွှမ်းဇီအား မြင်သောအခါ မပျော်မရွှင် ပြောလာ၏။
"မင်းက အခုထိ အဲ့ဒီ ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ကိရိယာကို လက်မလျော့သေးဘူး။ ကြည့်၇တာ အရင်က မင်းကို ပြောခဲ့သမျှကို စိတ်ထဲ လုံးဝ မထည့်ထားတဲ့ပုံပဲ။ ငါက လူကောင်းတစ်ယောက်ဖြစ်ဖို့ မျက်စိစုံမှိတ်ပြီး ကြိုးစားနေခဲ့ပေမယ့် မင်းရဲ့နှလုံးသားထဲမှာ ငါ့အတွက် ဘာတွေစီစဉ်ထားလဲဆိုတာ ငါမသိသေးဘူး"
"ထုံးစံအတိုင်း မင်းအတွက် ငါဘာမှ မစီစဉ်ထားဘူး၊ မင်းကို ငါနည်းနည်း ကျေးဇူးတင်ယုံပဲ။"
လင်ရွှမ်းဇီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
"အကယ်၍ ငါ့စိတ်ထဲစွဲနေရင်တောင်မှ ဖြစ်လာမှာကို ရှောင်လွှဲလို့ မရဘူးလေ။ အားဟန်က အရင်ဘဝကို မှတ်မိသွားရင်တောင်မှ မှော်ရတနာကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်။"
အမြီးကိုးချောင်း နတ်မြေခွေးက မျက်မှောင်ကြုတ်လိုက်သည်။ မြေခွေးမြှီး ပုံစံရှိသည့် သူ့မျက်ခုံးကြားက အနီရောင် အမှတ်လေးက သိသိသာသာ ပုံပျက်သွား၏။
"ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ကိရိယာကို ယူလိုက်မယ်ဆိုရင် ဘာတွေဖြစ်သွားမလဲ ဆိုတာရော သိရဲ့လား?"
"သဘာဝကျကျပဲ ငါသိပါတယ်"
လင်ရွှမ်းဇီရဲ့ တောက်ပတဲ့ မျက်လုံးများက အလင်းရောင် ဖျော့ဖျော့လေး လင်းလက်နေပုံပေါ်သည်။
"ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာက ချိတ်ပိတ်ခံထားရတဲ့ စေတန်နတ်ဆိုးအတွက် ဝိညာဉ်ချီတွေ စုဆောင်းပေးနေတာ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူက ကန့်သတ်စည်းရဲ့ သက်ရောက်မှုလည်း ဟုတ်တယ်။ အကယ်၍ ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာကိုသာ ယူလိုက်မယ်ဆိုရင် အဲ့ဒီ ချိတ်ပိတ်ခံ စေတန်နတ်ဆိုးက အခင်းအကျင်းကို ချိုးဖောက်ပြီး ထွက်လာလိမ့်မယ်"
အမြီးကိုးချောင်း နတ်မြေခွေးက ခပ်သဲ့သဲ့ရယ်ရင်း ပြောလာလေသည်။
"မင်း သေသေချာချာ သိနေရဲ့သားနဲ့ ဘာလို့ သက်ရှိသတ္တဝါ အားလုံးကို ထည့်မစဉ်းစားရတာလဲ?"
"သက်ရှိသတ္တဝါတွေ အတွက် ငါ့မှာ ဘာများ တာဝန်ရှိလို့လဲ?" လင်ရွှမ်းဇီက လူ့အဖွဲ့အစည်းအားလုံးကို ထိခိုက်စေတဲ့ သူ့စကားတွေကို ပေါ့ပေါ့တန်တန်သာ ပြောလာသည်။
"ငါ တိုက်ကြီးငါးတိုက်က ထွက်ပြီး နယ်မြေကြီး ကိုးခုကို သွားချင်တယ်။ အဲ့ဒါကြောင့် ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ကိရိယာကိုရမှဖြစ်မယ်"
အမြီးကိုးချောင်း နတ်မြေခွေး၏ မျက်စံများက ရုတ်တရက် ကျုံ့သွားခဲ့ပြီး လင်ရွှမ်းဇီအား စိုက်ကြည့်ကာ မေးလာလေသည်။
"မင်းဘာကြောင့် ဒါကို သိနေတာလဲ, မင်းကို ဘယ်သူပြောတာလဲ?"
လင်ရွှမ်းဇီကသူ့နှုတ်ခမ်းကို ခပ်ဖျော့ဖျော့ ကွေးညွှတ်လိုက်သည်။
"မင်းတောင် သိနေတာကို ငါက ဘာလို့ မသိရမှာလဲ?"
အမြီးကိုးချောင်း နတ်မြေခွေးက အံကို တင်းတင်းကြိတ်ရင်း ပြောလာသည်။
"အဲ့ဒါငါက နယ်မြေကြီးကိုးခုကနေ လာခဲ့တာ မို့လို့လေ"
"မင်းက နယ်မြေကြီး ကိုးခုက လာခဲ့တာ ဆိုရင်တောင် ဒီကိစ္စကို မသိသင့်ဘူး"
လင်ရွှမ်းဇီက အရာအားလုံးကို ထိုးဖောက်သိနေတယ် ဆိုတဲ့ အကြည့်မျိုးဖြင့် အမြီးကိုးချောင်း နတ်မြေခွေးအား ကြည့်လိုက်သည်။
"နယ်မြေကြီးကိုးခုမှာ ဒီ ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်းအကြောင်းကို ဘယ်သူမှ မသိတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ တိုက်ကြီးငါးခုတောင် ပါသေးတယ်။ လူတွေက ဒါကို တစ်ဖြည်းဖြည်းနဲ့ မေ့လာကြတာ။ အမြီးကိုးချောင်း, မင်းက နှစ်ထောင်ချီပြီး အသက်ရှင်နေတာ မို့လို့လား?"
အမြီးကိုးချောင်း နတ်မြေခွေး၏ မျက်လုံးများက အေးစက်သွားသည်။
"ငါ့ဆီက အချက်အလက်တွေကို ထုတ်ဖော်ဖို့ ကြိုးစားမနေနဲ့!"
ဒီ လင်ရွှမ်းဇီက တကယ့်ကို ကိုင်တွယ် ဖြေရှင်းဖို့ ခက်လွန်းတယ်
သို့ပေမယ့် မူလတုန်းက သမိုင်းကြောင်းရဲ့ မြေမှုန့်ထဲမှာ မြှပ်နှံထားသင့်သည့် လျှို့ဝှက်ချက်တွေကို ဘာကြောင့် လင်ရွှမ်းဇီက သိနေရတာလဲ?
လင်ရွှမ်းဇီက ပေါ့ပေါ့ပါးပါးသာ ပြန်ပြောသည်။
"အမြီးကိုးချောင်း မြေခွေး, ငါက မင်းစဉ်းစားထားတာထက် အများကြီး ပိုသိတယ်"
"နောက်ထပ် ဘာသိသေးလဲ?"
အမြီးကိုးချောင်း နတ်မြေခွေးက ဒေါသအမျက် ထွက်နေပြီး အံကိုတင်းတင်းကြိတ်ထားမိသည်။
"တိုက်ကြီးငါးတိုက်က နတ်ဆိုးတွေကို သင်္ဂြိုဟ်တဲ့နေရာဆိုတာလည်း သိတယ်။ ဒီနေရာက နယ်မြေကြိးကိုးခုက နတ်ဘုရားတွေရဲ့ စွန့်ပစ်ခံထားရတဲ့ နတ်ဆိုးတွေကို သဂြိုလ်တဲ့ နေရာပဲ။ ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ်တွေ အကုန်လုံးကို မရုတ်သိမ်းသ၍ တိုက်ကြီးငါးတိုက်မှာ ရှိနေတဲ့ အတားအဆီးက ဘယ်တော့မှ ပျောက်သွားမှာ မဟုတ်ဘူး"
လင်ရွှမ်းဇီက ထိုကိစ္စအား ရိုးရိုးရှင်းရှင်းနဲ့ သဘာဝကျစွာ ပြောလိုက်လေသည်။
"မင်းဘယ်လိုဖြစ်လို့ ဒီအကြောင်းပါ သိနေရတာလဲ!"
အမြီးကိုးချောင်း နတ်မြေခွေးမှာ ကြောက်မက်ဖွယ် မျက်နှာဖြစ်နေလေသည်။
သူ့ရဲ့ ခံစားချက်ကောင်းတဲ့ နှလုံးသားလေးကို သေအောင် ခြောက်နေတာလား?
လင်ရွှမ်းဇီက ပြန်ပြောသည်။
"ငါမင်းကို မပြောပြဘူး"
အမြီးကိုးချောင်း နတ်မြေခွေး: "......"
လင်ရွှမ်းဇီက အလွန်ဖုန်းကွယ်ထားပြီး ကြီးကျယ်ခမ်းနားလှသည့် လျှို့ဝှက်ချက်ကြီးအား ပေါ့ပေါ့ပါးပါးသာ ပြောနေခဲ့ကာ အမြီးကိုးချောင်း နတ်မြေခွေးသည်ပင် နက်နဲသော အရာတစ်ခု၏ အသွင်အပြင်ကို ထပ်မံခံစားလိုက်ရသည်။
ဘယ်လိုမှ အဓိပ္ပါယ် မရှိဘူး!
သူက သူ့အမြီးလေးကို လှုပ်လိုက်ရင်း ပြန်ပြောလေသည်။
"မင်းပြောတာမှန်တယ်။ တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်ကို ဖွင့်ဖို့အတွက် မှော်ရတနာကနေ တစ်ဆင့် လုပ်ရမှာ, အဲ့ဒါဆို ကျန်တဲ့စည်းတံဆိပ် လေးခုအကြောင်း ငါပြောဖို့ မလိုတော့ဘူးဆိုတဲ့ သဘောပဲ"
လင်ရွှမ်းဇီက ရပ်တန့်သွားပြီး အံ့အားတစ်သင့် ပြောလာသည်။
"နောက်ထပ် လေးခုတောင် ရှိသေးတာလား?"
အမြီးကိုးချောင်း နတ်မြေခွေးမှာတော့ ဖင်နာလာသလို ခံစားလိုက်ရကာ သူ့မျက်နှာတစ်ခုလုံး ဒေါသအရိပ်များ ပေါ်လာရင်းဖြင့် လင်ရွှမ်းဇီကို စိုက်ကြည့်လိုက်တော့လေသည်။ သူက အံကို တင်းတင်းကြိတ်ထားရင်းဖြင့်
"လင် . ရွှမ်း . ဇီ"
လင်ရွှမ်းဇီက ခပ်ဖျော့ဖျော့လေး ပြုံးလေသည်။
"စိတ်မပူပါနဲ့ စိတ်မပူပါနဲ့, ငါမင်းကို နောက်နေတာပါ။ ငါလည်း တစ်ခြားစည်းတံဆိပ် လေးခုအကြောင်း ကြားဘူးပါတယ်။ တစ်ခုက မြောက်ဘက်တိုက်မကြီးရဲ့ မြောက်ဘက်အစွန်းဆုံး အေးခဲပင်လယ်ထဲမှာ၊ တစ်ခုက အလယ်ပိုင်းတိုက်ကြီးရဲ့ ကောင်းကင်တောင်ထွတ်ဂိုဏ်းမှာ။ တစ်ခုကတော့ အရှေ့ဘက် တိုက်မကြီးထဲက ဘယ်နေရာမှန်း မသိတဲ့ နေရာမှာ ရှိနေပြီး တစ်ခြားတစ်ခုကတော့ တောင်ဘက် တိုက်မကြီးထဲက တစ်နေရာရာမှာပဲလေ"
အမြီးကိုးချောင်း နတ်မြေခွေးမှာ လင်ရွှမ်းဇီက အရမ်း ဗဟုသုတ ရှိနေတာကြောင့် သူ့ အမူအရာက အနည်းငယ် ပိုကောင်းလာသည်။
"ဒါပေမဲ့......" လင်ရွှမ်းဇီက ပြောသည်။
"မြောက်တိုက်ကြီးရဲ့ မြောက်ဘက်စွန်းနဲ့ အနောက်တိုက်ကြီးရဲ့ အနောက်ဘက်စွန်းကလွဲလို့ ကျန်တဲ့ သုံးနေရာက နတ်ဆိုး-စည်းတံဆိပ်တွေ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာတော့ ငါမသိဘူး။ စည်းတံဆိပ်တွေကို ကာကွယ်ဖို့ တာဝန်ယူထားရတဲ့ သူတစ်ယောက် အနေနဲ့ မင်းတော့ သေချာပေါက် သိလိမ့်မယ်"
အမြီးကိုးချောင်း နတ်မြေခွေးက နှုတ်ခမ်းကို သပ်လိုက်ပြီး ပြန်ပြောသည်။
"အကယ်၍ ငါသိနေရင်တောင် မင်းကို သေချာပေါက် ပြောပြမှာမဟုတ်ဘူး။ အကယ်၍ စေတန်နတ်ဆိုး အသျှင်သာ လွတ်သွားမယ်ဆိုရင် လောကကြီး ကမောက်ကမ ဖြစ်ကုန်လိမ့်မယ်။ မင်းရဲ့ ကိုယ်ကျိုးစီးပွားအတွက်နဲ့ ကမ္ဘာကြီးကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ဘူး"
လင်ရွှမ်းဇီက ပြန်ပြောသည်။
"ဒါက ဘယ်လိုလုပ် ငါ့ရဲ့ ကိုယ်ကျိုးစီးပွား ဖြစ်မှာလဲ? တိုက်ကြီးငါးတိုက်ကနေ အဆင့်တက်ဖို့ ကြိုးစားတဲ့သူတိုင်းက တိုက်ပွဲတိုင်းမှာ ရှုံးနိမ့်ပြီး ဘယ်နှစ်ယောက်တောင် သေဆုံးခဲ့ရလဲ ဆိုတာ ဘယ်သူသိမှာလဲ။ သူတို့တွေကရော သက်ရှိ သတ္တဝါတွေထဲ ပါတယ်လို့ သတ်မှတ်လို့ မရဘူးလား?"
"ကျင့်ကြံသူ အနည်းငယ်ရဲ့ အသက်ပဲ ဖြစ်ဖြစ် နယ်မြေကြီးကိုးခုရဲ့ ငြိမ်းချမ်းမှုပဲ ဖြစ်ဖြစ် ဘယ်တစ်ခုကပိုပြီး အရေးကြီးလဲဆိုတာ တစ်ချက် ကြည့်တာနဲ့ သိသာနေတာပဲ"
"အဲ့ဒါက နယ်မြေကြိးကိုးခုရဲ့ လုံခြုံရေးနဲ့ ပတ်သတ်တာ ဆိုရင်တော့ ငါ့အတွက် ပိုပြီးတော့တောင် အရေးမကြီးတော့ဘူး" လင်ရွှမ်းဇီရဲ့ အမူအယာက မှုန်ကုပ်နေပြီး သူ့လေသံသည်လည်း မှိုင်းပြနေသည်။
"ငါ့ရဲ့အားဟန်ကို အရင်စပြီး စွန့်လွှတ်ခဲ့တာက နယ်မြေကြီးကိုးခုပဲ အဲ့ဒိတော့ သူတို့ကို မျှမျှ တတ ဆက်ဆံဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး။ ပြီးတော့လည်း နှစ်ပေါင်းမြောက်မြားစွာ ကြာအောင် နယ်မြေကြီးကိုးခုရဲ့ နတ်ဘုရား မျိုးနွယ်စုတွေက တိုက်ကြီးငါးတိုက်ကို စွန့်ပစ်ခဲ့တာ။ ဘာလို့ ငါက သူတို့အတွက် တွေးပေးနေရမှာလဲ?"
အမြီးကိုးချောင်း နတ်မြေခွေးက ဆွံအသွားမိပြီး သူ့မျက်နှာပေါ်မှာ ဖင်နာတယ် ဆိုတဲ့ အမူအယာမျိုး ထပ်ဖြစ်သွားသည်။
သေချာပေါက်ကို ဒါက မှားယွင်းနေတဲ့ ဆင်ခြေတစ်ခု ဆိုပေမယ့် သူပြန်ပြီး မချေပနိုင်ဘူး
သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ယန်ထျန်းဟန် အရင်ဘဝမှာ ရန်ပုလင်ရဲ့ ပစ်မှတ်ထားတာကို ခံရတာက နယ်မြေကြီးကိုးခုရဲ့ နတ်ဘုရားမျိုးနွယ်စုက လမ်းညွှန်မှုကြောင့် ဆိုတာ သေချာလို့လား?"
သဘာဝကျကျပင် ၎င်းက ကောက်ချက်ချထားတာတစ်ခုတည်းကြောင့် မဟုတ်ပဲ ယန်ထျန်းဟန်ရဲ့ ကဘေးဘဝမှ ပဋိပက္ခများကိုပါ ထည့်တွက်ရင် ဘဝနှစ်ခုစာ တန်ဖိုးရှိသည်။
နယ်မြေကြီးကိုးခုရဲ့ နတ်ဘုရား မျိုးနွယ်စုတွေက အားဟန်ကို သတ်ဖို့ နောက်က မလိုက်ခဲ့ဘူးဆိုရင်၊ သူ့ရဲ့ တည်ရှိနေမှုကို သည်းမခံနိုင် မဖြစ်ခဲ့ဘူးဆိုရင် ယန်ထျန်းဟန်ရဲ့ နောက်ဆက်တွဲ ကံဆိုးမိုးမှောင်ကျမှုတွေက ဘယ်လိုလုပ်များ ဖြစ်လာခဲ့မှာလဲ?
ဒါပေမဲ့ အမြီးကိုးချောင်း နတ်မြေခွေးက ထိုအကြောင်းအား မသိသလို လင်ရွှမ်းဇီကလည်း သူ့ကိုပြောပြဖို့ အစီအစဉ် မရှိပေ။
ထို့ကြောင့် လင်ရွှမ်းဇီက ခေါင်းသာ ညိတ်ပြလိုက်ပြီး မရေမရာနဲ့ ပြောလိုက်သည်။
"နယ်မြေကြီးကိုးခုရဲ့ နတ်ဘုရား မျိုးနွယ်စုတွေမှာ လူကောင်း မရှိဘူး"
အမြီးကိုးချောင်း နတ်မြေခွေးသည် သက်ပြင်းချရုံမှတပါး ရွေးချယ်စရာမရှိတော့။
သူက ခဏလောက် စဉ်းစားပြီးနောက်မှာ ရုတ်တရက် ပြောလာသည်။
"မဟုတ်သေးပါဘူး, အကယ်၍ မင်းအဲဒီ စေတန်နတ်ဆိုးကို လွှတ်ပေးမယ် ဆိုရင် ငါက အခု မင်းရဲ့ ရန်သူဖြစ်ရမှာလေ ဘယ်လိုဖြစ်လို့ ငါကမင်းနဲ့ စကားဆက်ပြောနေရသေးတာလဲ?"
လင်ရွှမ်းဇီက သူ့ကို တစ်ချက် ကြည့်လာ၏။
"မင်းက ဒီကိစ္စကို အခုမှ သဘောပေါက်သွားတယ်လို့တော့ မပြောနဲ့နော်?"
အမြီးကိုးချောင်း နတ်မြေခွေး: "......"
ဒီခွေးမသားလေးကတော့! သူတော့ နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ငှက်တွေအကုန်လုံးကိုပဲ ကိုက်သတ်ချင်မိတော့တယ်။
အကယ်၍ ဝန်ခံရမယ် ဆိုရင်တော့ သူက ငတုံးတစ်ယောက်ဖြစ်သည်။ လင်ရွှမ်းဇီမှာ ဒီလို ဆန္ဒတွေ ရှိနေပြီး ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ်ရဲ့ အခင်းအကျင်းကို ဝင်ရှုပ်မယ့် အစီအစဉ် ရှိနေတယ်ဆိုတာကို သူစောစော သိခဲ့ရင် ထိုသူ့ကို သူ့ဘက်က အရင်သွားစရှာပြီး သူ့မှတ်ဉာဏ်ထဲက ယန်ထျန်းဟန်ရဲ့ ကိစ္စတွေကို ထုတ်ပြောကာ လင်ရွှမ်းဇီကို အခက်အခဲများ ရှောင်ရှားစေရန် သွားပြောခဲ့မှာ မဟုတ်ပေ။
အမြီးကိုးချောင်း နတ်မြေခွေးက သွားများ နာကျင်သည်အထိ အံကြိတ်ထားမိပြီး သူ့အမြီးကိုပင် မလွှဲနိုင်တော့။
"သောက်ကျိုးနည်း, ငါ စည်းတံဆိပ်ကို ချိတ်ပိတ်ဖို့ လိုတယ်ကွ, ဒါက အရမ်းကို မဖြစ်နိုင်တာ မဟုတ်ဘူးလား?"
လင်ရွှမ်းဇီက အမြီးကိုးချောင်း နတ်မြေခွေးအား စာနာစိတ်ဖြင့် ကြည့်လာသည်။
"အကယ်၍ မင်းဒီဘက်ကို ချိတ်ပိတ်လိုက်ရင်တောင် ငါကကျန်တဲ့ လေးခုကို သွားဖျတ်ဆီးမှာပဲ"
အမြီးကိုးချောင်း နတ်မြေခွေးက အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ပြန်ပြောသည်။
"တိုက်ကြီးငါးခုရဲ့ တံဆိပ်တစ်ခုစီတိုင်းဟာ မရှိမဖြစ်လိုအပ်တယ်"
လင်ရွှမ်းဇီက ခေါင်းညိတ်ပြသည်။
"အဲ့ဒါကြောင့်လည်း တစ်ခြားလေးနေရာကို ဖွင့်ပြီးရင် သေချာပေါက် ဒီကိုပြန်လာရမှာပေါ့။ ထပ်ပေါင်းပြောရရင် တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်တွေက တစ်နည်းနည်းနဲ့ အပြန်အလှန် ချိတ်ဆက်ထားတာ။ တစ်ခုလောက် ပြေလျော့သွားတာနဲ့ ကျန်တဲ့ လေးခုလည်း ပြေလျော့သွားမှာပဲ။ ဦးတည်ရာ လေးခုလုံးသာ ကျိုးပျက်သွားခဲ့ပြီဆိုရင် ဒီတစ်ခုကို ဖျတ်သိမ်းချင်တာက ပြဿနာ မဟုတ်တော့ဘူးလေ"
အမြီးကိုးချောင်း နတ်မြေခွေးက လင်ရွှမ်းဇီအား ခဏလောက် စိုက်ကြည့်နေသည်။
"မင်းလွှတ်လိုက်မယ့်သူက လူလား ဝိညာဉ်လားဆိုတာ မသိနိုင်ဘူးနော်"
လင်ရွှမ်းဇီက အေးအေးဆေးဆေးသာ ပြောသည်။
"ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် မင်းလည်း စည်းတံဆိပ်ထဲမှာ နောက်တစ်ခေါက်ပြန်ပြီး အိပ်မောကျစရာ မလိုသလို ဂျီယွန်ဝေနဲ့အတူတူ မင်းရဲ့ ကံကြမ္မာကို ဆက်နိုင်လိမ့်မယ် ပြီးတော့ သူ့ကို မြေခွေးသေးသေးလေးတစ်သိုက် မွေးခိုင်းလို့ ရလိမ့်မယ်လေ–အိုး, ဟုတ်သားပဲ မင်းက အထက်ကမ္ဘာက လာတာဆိုတော့ ကျား-ကျားခြင်းလည်း လိင်အမျိုးအစားကို ကျော်လွန်ပြီး အမျိုးအနွယ် မွေးဖွားလို့ ရတယ်ဆိုတာ သိမှာပဲနော်"
"သေချာတာပေါ့......နေဦး, ငါ့ကို ဦးနှောက်ဆေးဖို့ မကြိုးစားနဲ့"
အမြီးကိုးချောင်း နတ်မြေခွေးက လင်ရွှမ်းဇီအား အစောင့်အကြပ် ထားနေမိပြီး သူ့ကိုယ်သူ ဒေါသမထွက်ပဲ မနေနိုင်တော့။
သူလင်ရွှမ်းဇီရဲ့ လမ်းကြောင်းလွှဲတာကို ကျဉ်းမြောင်းစွာနဲ့ ရှောင်ရှားလိုက်ရတယ်!
လင်ရွှမ်းဇီက ပြုံးပြီးပြောသည်။
"ငါ လွှတ်ပေးလိုက်တာက လူပဲဖြစ်ဖြစ် ဝိညာဉ်ပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ရလဒ် နှစ်ခုလုံးကို လက်ခံနိုင်တယ်။ နောက်ပြီး ငါလွှတ်ပေးလိုက်တဲ့ ကိစ္စရဲ့ တာဝန်အားလုံးကို ငါကျေကျေနပ်နပ်ကြီး ခံယူမယ်,ကောင်းကင်ဘုံရဲ့ ဥပဒေသက တခြားသူတွေကို အပြစ်တင်ဖို့ မလိုဘူး""
အမြီးကိုးချောင်း နတ်မြေခွေးက လင်ရွှမ်းဇီအား ရှုပ်ထွေးသော အမူအရာဖြင့် ခဏလောက် စိုက်ကြည့်နေသည်။
"ဘယ် စေတန်နတ်ဆိုး အသျှင်ကို တိုက်ကြီးငါးတိုက်ရဲ့ တံဆိပ်အောက်မှာ ချိတ်ပိတ်ထားတာလဲ ဆိုတာရော သိရဲ့လား?"
လင်ရွှမ်းဇီက သူ့နှုတ်ခမ်းများအား အနည်းငယ် ကွေးညွှတ်လိုက်သည်။
"ဒါက ကောင်းကင်ဘုံထဲမှာ ချိတ်ပိတ်ထားတယ်လို့ လူတိုင်း ယုံကြည်နေကြတဲ့ တစ်ယောက်ပဲပေါ့"
အမြီးကိုးချောင်း နတ်မြေခွေးမှာတော့ စိတ်ထဲမှာပဲ ဆဲဆိုမိတော့သည်။
ခွေးမသားလေး, ဒီလို အရမ်းအရေးကြီးတဲ့ ကိစ္စမျိုးကို သေမျိုးကမ္ဘာမှာဆို အမွှေးတောင် မပေါက်သေးမယ့် လူငယ်လေးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ရှင်းရှင်းကြိး သိနေရတာလဲ? ဒါက ပုံမှန်မဟုတ်ဘူး!
အဆုံးမှာတော့ ဒီကိစ္စတွေကို လင်ရွှမ်းဇီကို ဘယ်သူက ပြောခဲ့တာလဲ?
သို့သော်လည်း အမြီးကိုးချောင်း နတ်မြေခွေးသည် လင်ရွှမ်းဇီက သူ့ကို မပြောမှာအား လုံးလုံး သိထားသောကြောင့် သူလည်း မမေးခဲ့ပေ။
နောက်ဆုံးမှာတော့ အမြီးကိုးချောင်း နတ်မြေခွေးက ရွှတ်နောက်နောက်နှင့် ဆွဲဆောင်မှုရှိသော အမူအရာဖြင့် မျက်လုံးနှစ်ဖက်ကို ပင့်လိုက်သည်။
"မင်း အနောက်ဘက်ရဲ့ စည်းတံဆိပ်ကို တကယ် ချိုးဖြတ်နိုင်မလားဆိုတာ ငါတကယ့်ကို ကြည့်ချင်မိတယ်"
သူတို့ ပြောလို့ ပြိးသွားသည့် အချိန်မှာ အမြီးကိုးချောင်း နတ်မြေခွေး တစ်ဖက်လှည့်သွားပြီး လင်ရွှမ်းဇီ၏ ရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ဖုန်ကျင်းယွီက သစ်ပင်ပေါ်ကနေ အတောင်ပံလေး တစ်ဖြတ်ဖြတ်ခတ်ကာ ဆင်းလာပြီး လင်ရွှမ်းဇီ၏ ပုခုံးပေါ်နား၍ လေသံဖျော့ဖျော့ဖြင့် ပြောလာ၏။
"လင်ရွှမ်းဇီ, မင်းရဲ့ လျှို့ဝှက်ချက်တွေက ငါထင်ထားတာထက် ပိုပြီးများတယ်ဆိုတာ အခုမှပဲ သိတော့တယ်"
လင်ရွှမ်းဇီက ပြန်ပြောသည်။
"ဒီထက်တောင် အများကြီး ပိုဦးမှာပါ"
ဖုန်ကျင်းယွီ: "......"
ဒီလို လှည့်စားရတာ ပျော်စရာကောင်းလား?
ဖုန်ကျင်းယွီသည် မရေမတွက်နိုင်သော အံ့သြမှုများဖြင့် ပြည့်နှက်နေပြီး အနည်းငယ် စိတ်မရှည်စွာ ပြောလိုက်သည်။
"လောင်လင်, မင်းတကယ်ပဲ စည်းတံဆိပ်ကို ချိုးဖျတ်ချင်တာလား?"
လင်ရွှမ်းဇီက ဖြေသည်
"အိုး, အကယ်၍ ငါတို့ မဖျတ်ဘူးဆိုရင် နယ်မြေကြီးကိုးခုကို ဘယ်လိုသွားကြမလဲ?"
ဖုန်ကျင်းယွီက ခဏမျှ နင်သွားမိသည်
"ဒါပေမဲ့ မင်းကို မဖျတ်စေချင်ဘူး"
လင်ရွှမ်းဇီက ပြန်ဖြေသည်။
"ငါသိတယ်, ဒါပေမဲ့ ငါဖျတ်မှ ဖြစ်မှာ"
13.9.2022
===========
Next Episode
အနောက်ဘက်စွန်း
===========
Zawgyi
အခန္း(၃၉၁) - တိုက္ၾကီးငါးတိုက္ရဲ႔ စည္းတံဆိပ္
လင္ရႊမ္းဇီက ေျပာေနျပီ ျဖစ္တာေၾကာင့္ ယန္ထ်န္းဟန္သည္လည္း အလားတူ ခံစားလိုက္ရသည္။
တကယ္ေတာ့လည္း ကိုယ္ခ်စ္ရတဲ့လူက တစ္ျခားသူတစ္ေယာက္နဲ႔ လက္ထပ္ဖို႔ စီစဥ္ေပးခဲ့တာေတာင္ ထိုသူ႔ေနာက္ကေန စိတ္အားထက္သန္စြာနဲ႔ ဆက္ျပီး လိုက္ပါေနတဲ့လူက သာမာန္ေတာ့ မဟုတ္ေပ။ ထပ္ေပါင္းေျပာရရင္ လန္ဂ်ီရႊယ္သည္လည္း ဟြမ္ဖူဂ်င္ကို ဘယ္တုန္းကမွ မွားယြင္းသည့္ ေမွ်ာ္လင့္ခ်က္မ်ား ေပးခဲ့ပံု မေပၚေပမယ့္ ထိုသူကသာ ၎ကို မစြန္႔လႊတ္နုိင္ပဲ ဆက္လက္တိုက္ပြဲဝင္ေနခဲ့တာျဖစ္သည္။
သို႔ေသာ္လည္း လင္ရႊမ္းဇီရဲ႔ နွလံုးသားထဲမွာေတာ့ မတည္ၿငိမ္မႈအခ်ိဳ႕ ရွိေနသည္။
လက္ရွိ ယန္ထ်န္းဟန္က သူ႔စိတ္ခံစားခ်က္မ်ားအေပၚမွာ အလြန္အမင္း ယံုၾကည္ခ်က္ ရွိေနျပီး လန္ဂ်ီရႊယ္အား ဂရုမစိုက္တာ သဘာဝက်သည္။ သို႔ေပမယ့္......အကယ္၍ သူ႔ရဲ႔ အရင္ဘဝ မွတ္ဉာဏ္ေတြကိုသာ ျပန္ရခဲ့မယ္ဆိုရင္ လန္ဂ်ီရႊယ္က သူတို႔နွစ္ေယာက္ၾကားမွာ မိုးၿခိမ္းသံတစ္ခုျဖစ္လာလိမ့္မယ္။
သူ႔အရင္ဘဝတုန္းက လန္ဂ်ီရႊယ္နဲ႔ သူငယ္ခ်င္း ခင္မင္မွုသာ ရွိခဲ့ေပမယ့္လည္း လန္ဂ်ီရႊယ္က သူနဲ႔ ယန္ထ်န္းဟန္ကို ခြဲေစခဲ့တဲ့ ဆူးတစ္ေခ်ာင္း ျဖစ္ေနတုန္းပဲေလ။
လန္ဂ်ီရႊယ္မွာ လွ်ိ႔ဝွက္ခ်က္ေတြ ရွိတယ္ ဒါေပမဲ့ လင္ရႊမ္းဇီ သိထားတဲ့ လွ်ိဳ႔ဝွက္ခ်က္ေတြ အကုန္လံုးက လန္ဂ်ီရႊယ္ရဲ႔ လွ်ိဳ႔ဝွက္ခ်က္ေတြ ဟုတ္မဟုတ္ ေသခ်ာမသိဘူး။
လင္ရႊမ္းဇီသည္ သူ႔စိတ္ထဲမွာ သက္ျပင္းမခ်ပဲ မေနနုိင္ေတာ့ေပ။
ေမွ်ာ္လင့္ထားတဲ့အတုိင္းပဲ အရင္ဘဝက ျဖစ္ခဲ့တဲ့ ကပ္ေဘးေတြက ဒီဘဝမွာလည္း ျပန္ျဖစ္လာဦးမွာပဲ
လာတဲ့ ဆယ္ရက္အတြင္းမွာ အုပ္စုက ပိုမိုအားေကာင္းလာခဲ့ျပီး အနားယူျခင္း အလ်င္းမရွိစြာျဖင့္ နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္၏ အနက္ရွိဳင္းဆံုးေနရာသို႔ ဦးတည္သြားေနခဲ့ၾကသည္။ ခရီးက သာယာျငိမ္းခ်မ္းေနတာေတာ့ မဟုတ္ေပ။ လမ္းတစ္ေလွ်ာက္မွာ ႏြယ္ပင္မ်ား၏ မ်ိဳခ်ျခင္း ခံထားရေသာ ေၾကးစားမ်ားစြာကို ျမင္ရသည္။ နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ရဲ႔ ၾကီးမားသည့္ အစိတ္အပိုင္းမ်ားက ေနရာတိုင္းမွာ က်င့္ၾကံသူမ်ားရဲ႔ အေလာင္းမ်ားျဖင့္ တန္ဆာဆင္ထားသလိုပင္။
သို႔ေသာ္ ထူးဆန္းေလာက္ေအာင္ပင္ မူလတုန္းက ေတာနက္ထဲ ပိုျပီးဝင္ေလေလ ေၾကာက္မက္ဖြယ္ မေကာင္းဆိုးဝါးမ်ားနဲ႔ ရင္ဆုိင္ရဖို႔ ပိုျပီး ျဖစ္နုိင္ေလေလပင္။ သို႔ေပမယ့္ လင္ရႊမ္းဇီနဲ႔ တစ္ျခားသူမ်ားကေတာ့ ျငိမ္ဆိမ္သည့္ ပတ္ဝန္းက်င္မွာ ရွိေနသည္ဟု ယူဆလို႔ ရနိုင္သည္။ တစ္ခါတစ္ေလ တိုက္ခိုက္ရေပမယ့္လည္း အင္အားမ်ားစြာ စိုက္ထုတ္ဖို႔ မလိုပဲ လြယ္ကူစြာ ေျဖရွင္နိုင္သည္ေလ။
တစ္ေခါက္ နွစ္ေခါက္ေလာက္က အဆင္ေျပေပမယ့္ ၾကိမ္ဖန္မ်ားစြာ ဒီအတုိင္းပဲ ျဖစ္လာတဲ့ အခ်ိန္မွာေတာ့ ပိုျပီးစဥ္းစားရန္ တြန္းအားေပးရေတာ့သည္။
တစ္ညမွာေတာ့ လူတိုင္း အလွည့္က် ကင္းေစာင့္ျပီး ေညာင္ပင္ျမစ္၏ အထံုးတစ္ခုေပၚမွာ အနားယူေနၾကခ်ိန္တြင္ လင္ရႊမ္းဇီက သိပ္မေဝးသည့္ ေတာအုပ္တစ္ေနရာမွာ ရပ္ေနသည့္ ဝတ္ရံုျဖဴဝတ္ထားေသာ လူငယ္တစ္ဦးအား ျမင္လုိက္ရတဲ့အခ်ိန္မွာ သူ႔အေတြးမ်ားကို အတည္ျပဳနုိင္သြားသည္။
ထင္ထားတဲ့အတိုင္းပဲ အျမီးကိုးေခ်ာင္း နတ္ေျမေခြးက တိတ္တဆိတ္ ကူညီေနခဲ့တာပဲ
လင္ရႊမ္းဇီက သူ႔ပတ္ဝန္းက်င္အား လွည့္ပတ္ ၾကည့္လုိက္ေသာအခါ ဂ်ီယြန္ေဝက သစ္ပင္၏ ပင္စည္အားမွီ၍ အိပ္ေမာက်ေနျပီး တစ္ျခားသူ အမ်ားစုသည္လည္း အိပ္ေပ်ာ္ေနၾကသည္။
လင္ရႊမ္းဇီက ျဖည္းညွင္းစာျဖင့္ တိတ္တဆိတ္ လွုပ္ရွားလိုက္ျပီး ဒီရက္ေတြအတြင္း အလြန္ ေမာပန္းႏြမ္းနယ္ေနသည့္ အားပိုင္ကို သူ႔ေပါင္အား ေခါင္းအံုးထားသည့္ ယန္ထ်န္းဟန္ရဲ႔ ေခါင္းေအာက္ ေရႊ႔လိုက္ကာ အားပိုင္အား ေခါင္းအံုးအျဖစ္ အသံုးျပဳလုိက္သည္။
အားပိုင္က လင္ရႊမ္းဇီရဲ႔ လွုပ္ရွားမွဳမ်ားေၾကာင့္ နိုးသြားေပမယ့္ မ်က္လံုးေေလးကိုသာ ဖြင့္၍ ထိုလူနွစ္ေယာက္ကို ၾကည့္လုိက္ျပီးေနာက္ မ်က္လံုးမ်ား တစ္ဖန္ ျပန္မွိတ္သြားကာ ပိစိေလး သန္းေဝလုိက္သည္။ သူ႔အသြင္အျပင္ေလးက အလြန္အမင္း ခ်စ္ဖို႔ ေကာင္းေနေလသည္။
လင္ရႊမ္းဇီက အျမီးကိုးေခ်ာင္း နတ္ေျမေခြးနားသို႔ သြားလုိက္ျပီး ေျပာလိုက္သည္။
"ဒီရက္ေတြအတြင္း ကူညီေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက လင္ရႊမ္းဇီအား ျမင္ေသာအခါ မေပ်ာ္မရႊင္ ေျပာလာ၏။
"မင္းက အခုထိ အဲ့ဒီ ဝိညာဥ္ခ်ီ စုေဆာင္းတဲ့ ေမွာ္ကိရိယာကို လက္မေလ်ာ့ေသးဘူး။ ၾကည့္၇တာ အရင္က မင္းကို ေျပာခဲ့သမွ်ကို စိတ္ထဲ လံုးဝ မထည့္ထားတဲ့ပံုပဲ။ ငါက လူေကာင္းတစ္ေယာက္ျဖစ္ဖို႔ မ်က္စိစုံမွိတ္ၿပီး ႀကိဳးစားေနခဲ့ေပမယ့္ မင္းရဲ႕ႏွလုံးသားထဲမွာ ငါ့အတြက္ ဘာေတြစီစဥ္ထားလဲဆိုတာ ငါမသိေသးဘူး"
"ထုံးစံအတိုင္း မင္းအတြက္ ငါဘာမွ မစီစဥ္ထားဘူး၊ မင္းကို ငါနည္းနည္း ေက်းဇူးတင္ယံုပဲ။"
လင္ရႊမ္းဇီက ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္ ။
"အကယ္၍ ငါ့စိတ္ထဲစြဲေနရင္ေတာင္မွ ျဖစ္လာမွာကို ေရွာင္လႊဲလို႔ မရဘူးေလ။ အားဟန္က အရင္ဘဝကို မွတ္မိသြားရင္ေတာင္မွ ေမွာ္ရတနာကို အရယူဖို႔ စိတ္ပိုင္းျဖတ္ထားတယ္။"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ေျမေခြးျမွီး ပံုစံရွိသည့္ သူ႔မ်က္ခံုးၾကားက အနီေရာင္ အမွတ္ေလးက သိသိသာသာ ပံုပ်က္သြား၏။
"ဝိညာဥ္ခ်ီ စုေဆာင္းတဲ့ ေမွာ္ကိရိယာကို ယူလိုက္မယ္ဆိုရင္ ဘာေတြျဖစ္သြားမလဲ ဆိုတာေရာ သိရဲ႔လား?"
"သဘာဝက်က်ပဲ ငါသိပါတယ္"
လင္ရႊမ္းဇီရဲ႔ ေတာက္ပတဲ့ မ်က္လံုးမ်ားက အလင္းေရာင္ ေဖ်ာ့ေဖ်ာ့ေလး လင္းလက္ေနပံုေပၚသည္။
"ဝိညာဥ္ခ်ီ စုေဆာင္းတဲ့ ေမွာ္ရတနာက ခ်ိတ္ပိတ္ခံထားရတဲ့ ေစတန္နတ္ဆိုးအတြက္ ဝိညာဥ္ခ်ီေတြ စုေဆာင္းေပးေနတာ။ ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ သူက ကန္႔သတ္စည္းရဲ႔ သက္ေရာက္မွုလည္း ဟုတ္တယ္။ အကယ္၍ ဝိညာဥ္ခ်ီ စုေဆာင္းတဲ့ ေမွာ္ရတနာကိုသာ ယူလုိက္မယ္ဆိုရင္ အဲ့ဒီ ခ်ိတ္ပိတ္ခံ ေစတန္နတ္ဆိုးက အခင္းအက်င္းကို ခ်ိဳးေဖာက္ျပီး ထြက္လာလိမ့္မယ္"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက ခပ္သဲ့သဲ့ရယ္ရင္း ေျပာလာေလသည္။
"မင္း ေသေသခ်ာခ်ာ သိေနရဲ႔သားနဲ႔ ဘာလို႔ သက္ရွိသတၱဝါ အားလုံးကို ထည့္မစဥ္းစားရတာလဲ?"
"သက္ရွိသတၱဝါေတြ အတြက္ ငါ့မွာ ဘာမ်ား တာဝန္ရွိလို႔လဲ?" လင္ရႊမ္းဇီက လူ႔အဖြဲ႕အစည္းအားလုံးကို ထိခိုက္ေစတဲ့ သူ႔စကားေတြကို ေပါ့ေပါ့တန္တန္သာ ေျပာလာသည္။
"ငါ တိုက္ၾကီးငါးတိုက္က ထြက္ျပီး နယ္ေျမၾကီး ကိုးခုကို သြားခ်င္တယ္။ အဲ့ဒါေၾကာင့္ ဝိညာဥ္ခ်ီ စုေဆာင္းတဲ့ ေမွာ္ကိရိယာကိုရမွျဖစ္မယ္"
အျမီးကိုးေခ်ာင္း နတ္ေျမေခြး၏ မ်က္စံမ်ားက ရုတ္တရက္ က်ံဳ႔သြားခဲ့ျပီး လင္ရႊမ္းဇီအား စိုက္ၾကည့္ကာ ေမးလာေလသည္။
"မင္းဘာေၾကာင့္ ဒါကို သိေနတာလဲ, မင္းကို ဘယ္သူေျပာတာလဲ?"
လင္ရႊမ္းဇီကသူ႔နွုတ္ခမ္းကို ခပ္ေဖ်ာ့ေဖ်ာ့ ေကြးညႊတ္လုိက္သည္။
"မင္းေတာင္ သိေနတာကို ငါက ဘာလို႔ မသိရမွာလဲ?"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက အံကို တင္းတင္းၾကိတ္ရင္း ေျပာလာသည္။
"အဲ့ဒါငါက နယ္ေျမၾကီးကိုးခုကေန လာခဲ့တာ မို႔လို႔ေလ"
"မင္းက နယ္ေျမၾကီး ကိုးခုက လာခဲ့တာ ဆိုရင္ေတာင္ ဒီကိစၥကို မသိသင့္ဘူး"
လင္ရႊမ္းဇီက အရာအားလံုးကို ထိုးေဖာက္သိေနတယ္ ဆိုတဲ့ အၾကည့္မ်ိဳးျဖင့္ အျမီးကိုးေခ်ာင္း နတ္ေျမေခြးအား ၾကည့္လုိက္သည္။
"နယ္ေျမၾကီးကိုးခုမွာ ဒီ ၾကီးျမတ္တဲ့ နတ္ဆိုး-စည္းတံဆိပ္ အခင္းအက်င္းအေၾကာင္းကို ဘယ္သူမွ မသိတာ နွစ္ေပါင္းမ်ားစြာ ၾကာေနျပီ။ တိုက္ၾကီးငါးခုေတာင္ ပါေသးတယ္။ လူေတြက ဒါကို တစ္ျဖည္းျဖည္းနဲ႔ ေမ့လာၾကတာ။ အျမီးကိုးေခ်ာင္း, မင္းက နွစ္ေထာင္ခ်ီျပီး အသက္ရွင္ေနတာ မို႔လို႔လား?"
အျမီးကိုးေခ်ာင္း နတ္ေျမေခြး၏ မ်က္လံုးမ်ားက ေအးစက္သြားသည္။
"ငါ့ဆီက အခ်က္အလက္ေတြကို ထုတ္ေဖာ္ဖို႔ ၾကိဳးစားမေနနဲ႔!"
ဒီ လင္ရႊမ္းဇီက တကယ့္ကို ကိုင္တြယ္ ေျဖရွင္းဖို႔ ခက္လြန္းတယ္
သို႔ေပမယ့္ မူလတုန္းက သမိုင္းေၾကာင္းရဲ႔ ေျမမွုန္႔ထဲမွာ ျမွပ္နွံထားသင့္သည့္ လွ်ိဳ႔ဝွက္ခ်က္ေတြကို ဘာေၾကာင့္ လင္ရႊမ္းဇီက သိေနရတာလဲ?
လင္ရႊမ္းဇီက ေပါ့ေပါ့ပါးပါးသာ ျပန္ေျပာသည္။
"အျမီးကိုးေခ်ာင္း ေျမေခြး, ငါက မင္းစဥ္းစားထားတာထက္ အမ်ားၾကီး ပိုသိတယ္"
"ေနာက္ထပ္ ဘာသိေသးလဲ?"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက ေဒါသအမ်က္ ထြက္ေနျပီး အံကိုတင္းတင္းၾကိတ္ထားမိသည္။
"တိုက္ၾကီးငါးတိုက္က နတ္ဆိုးေတြကို သၿဂႋဳဟ္တဲ့ေနရာဆိုတာလည္း သိတယ္။ ဒီေနရာက နယ္ေျမၾကိးကိုးခုက နတ္ဘုရားေတြရဲ႔ စြန္႔ပစ္ခံထားရတဲ့ နတ္ဆိုးေတြကို သျဂိဳလ္္တဲ့ ေနရာပဲ။ ၾကီးျမတ္တဲ့ နတ္ဆိုး-စည္းတံဆိပ္ေတြ အကုန္လံုးကို မရုတ္သိမ္းသ၍ တိုက္ၾကီးငါးတိုက္မွာ ရွိေနတဲ့ အတားအဆီးက ဘယ္ေတာ့မွ ေပ်ာက္သြားမွာ မဟုတ္ဘူး"
လင္ရႊမ္းဇီက ထိုကိစၥအား ရိုးရိုးရွင္းရွင္းနဲ႔ သဘာဝက်စြာ ေျပာလိုက္ေလသည္။
"မင္းဘယ္လိုျဖစ္လို႔ ဒီအေၾကာင္းပါ သိေနရတာလဲ!"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးမွာ ေၾကာက္မက္ဖြယ္ မ်က္နွာျဖစ္ေနေလသည္။
သူ႔ရဲ႔ ခံစားခ်က္ေကာင္းတဲ့ နွလံုးသားေလးကို ေသေအာင္ ေျခာက္ေနတာလား?
လင္ရႊမ္းဇီက ျပန္ေျပာသည္။
"ငါမင္းကို မေျပာျပဘူး"
အျမီးကိုးေခ်ာင္း နတ္ေျမေခြး: "......"
လင္ရႊမ္းဇီက အလြန္ဖုန္းကြယ္ထားျပီး ၾကီးက်ယ္ခမ္းနားလွသည့္ လွ်ိဳ႔ဝွက္ခ်က္ၾကီးအား ေပါ့ေပါ့ပါးပါးသာ ေျပာေနခဲ့ကာ အျမီးကိုးေခ်ာင္း နတ္ေျမေခြးသည္ပင္ နက္နဲေသာ အရာတစ္ခု၏ အသြင္အျပင္ကို ထပ္မံခံစားလိုက္ရသည္။
ဘယ္လိုမွ အဓိပၸါယ္ မရွိဘူး!
သူက သူ႔အျမီးေလးကို လွုပ္လိုက္ရင္း ျပန္ေျပာေလသည္။
"မင္းေျပာတာမွန္တယ္။ တိုက္ၾကီးငါးတိုက္ရဲ႔ စည္းတံဆိပ္ကို ဖြင့္ဖို႔အတြက္ ေမွာ္ရတနာကေန တစ္ဆင့္ လုပ္ရမွာ, အဲ့ဒါဆို က်န္တဲ့စည္းတံဆိပ္ ေလးခုအေၾကာင္း ငါေျပာဖို႔ မလိုေတာ့ဘူးဆိုတဲ့ သေဘာပဲ"
လင္ရႊမ္းဇီက ရပ္တန္႔သြားျပီး အ့ံအားတစ္သင့္ ေျပာလာသည္။
"ေနာက္ထပ္ ေလးခုေတာင္ ရွိေသးတာလား?"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးမွာေတာ့ ဖင္နာလာသလို ခံစားလိုက္ရကာ သူ႔မ်က္နွာတစ္ခုလံုး ေဒါသအရိပ္မ်ား ေပၚလာရင္းျဖင့္ လင္ရႊမ္းဇီကို စိုက္ၾကည့္လုိက္ေတာ့ေလသည္။ သူက အံကို တင္းတင္းၾကိတ္ထားရင္းျဖင့္
"လင္ . ရႊမ္း . ဇီ"
လင္ရႊမ္းဇီက ခပ္ေဖ်ာ့ေဖ်ာ့ေလး ျပံဳးေလသည္။
"စိတ္မပူပါနဲ႔ စိတ္မပူပါနဲ႔, ငါမင္းကို ေနာက္ေနတာပါ။ ငါလည္း တစ္ျခားစည္းတံဆိပ္ ေလးခုအေၾကာင္း ၾကားဘူးပါတယ္။ တစ္ခုက ေျမာက္ဘက္တိုက္မၾကီးရဲ႔ ေျမာက္ဘက္အစြန္းဆံုး ေအးခဲပင္လယ္ထဲမွာ၊ တစ္ခုက အလယ္ပိုင္းတိုက္ၾကီးရဲ႔ ေကာင္းကင္ေတာင္ထြတ္ဂိုဏ္းမွာ။ တစ္ခုကေတာ့ အေရွ႔ဘက္ တိုက္မၾကီးထဲက ဘယ္ေနရာမွန္း မသိတဲ့ ေနရာမွာ ရွိေနျပီး တစ္ျခားတစ္ခုကေတာ့ ေတာင္ဘက္ တိုက္မၾကီးထဲက တစ္ေနရာရာမွာပဲေလ"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးမွာ လင္ရႊမ္းဇီက အရမ္း ဗဟုသုတ ရွိေနတာေၾကာင့္ သူ႔ အမူအရာက အနည္းငယ္ ပိုေကာင္းလာသည္။
"ဒါေပမဲ့......" လင္ရႊမ္းဇီက ေျပာသည္။
"ေျမာက္တိုက္ႀကီးရဲ႕ ေျမာက္ဘက္စြန္းနဲ႔ အေနာက္တိုက္ႀကီးရဲ႕ အေနာက္ဘက္စြန္းကလြဲလို႔ က်န္တဲ့ သုံးေနရာက နတ္ဆိုး-စည္းတံဆိပ္ေတြ ဘယ္ေနရာမွာ ရွိေနလဲ ဆုိတာေတာ့ ငါမသိဘူး။ စည္းတံဆိပ္ေတြကို ကာကြယ္ဖို႔ တာဝန္ယူထားရတဲ့ သူတစ္ေယာက္ အေနနဲ႔ မင္းေတာ့ ေသခ်ာေပါက္ သိလိမ့္မယ္"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက နွုတ္ခမ္းကို သပ္လုိက္ျပီး ျပန္ေျပာသည္။
"အကယ္၍ ငါသိေနရင္ေတာင္ မင္းကို ေသခ်ာေပါက္ ေျပာျပမွာမဟုတ္ဘူး။ အကယ္၍ ေစတန္နတ္ဆိုး အသွ်င္သာ လြတ္သြားမယ္ဆိုရင္ ေလာကၾကီး ကေမာက္ကမ ျဖစ္ကုန္လိမ့္မယ္။ မင္းရဲ႔ ကိုယ္က်ိဳးစီးပြားအတြက္နဲ႔ ကမာၻၾကီးကို လံုးဝ စြန္႔လႊတ္မွာ မဟုတ္ဘူး"
လင္ရႊမ္းဇီက ျပန္ေျပာသည္။
"ဒါက ဘယ္လိုလုပ္ ငါ့ရဲ႔ ကိုယ္က်ိဳးစီးပြား ျဖစ္မွာလဲ? တိုက္ၾကီးငါးတိုက္ကေန အဆင့္တက္ဖို႔ ၾကိဳးစားတဲ့သူတိုင္းက တိုက္ပြဲတိုင္းမွာ ရွံဳးနိမ့္ျပီး ဘယ္နွစ္ေယာက္ေတာင္ ေသဆံုးခဲ့ရလဲ ဆိုတာ ဘယ္သူသိမွာလဲ။ သူတို႔ေတြကေရာ သက္ရွိ သတၱဝါေတြထဲ ပါတယ္လို႔ သတ္မွတ္လို႔ မရဘူးလား?"
"က်င့္ၾကံသူ အနည္းငယ္ရဲ႔ အသက္ပဲ ျဖစ္ျဖစ္ နယ္ေျမၾကီးကိုးခုရဲ႔ ျငိမ္းခ်မ္းမွုပဲ ျဖစ္ျဖစ္ ဘယ္တစ္ခုကပိုျပီး အေရးၾကီးလဲဆိုတာ တစ္ခ်က္ ၾကည့္တာနဲ႔ သိသာေနတာပဲ"
"အဲ့ဒါက နယ္ေျမၾကိးကိုးခုရဲ႔ လံုျခံဳေရးနဲ႔ ပတ္သတ္တာ ဆိုရင္ေတာ့ ငါ့အတြက္ ပိုျပီးေတာ့ေတာင္ အေရးမၾကီးေတာ့ဘူး" လင္ရႊမ္းဇီရဲ႔ အမူအယာက မွုန္ကုပ္ေနျပီး သူ႔ေလသံသည္လည္း မွိဳင္းျပေနသည္။
"ငါ့ရဲ႔အားဟန္ကို အရင္စျပီး စြန္႔လႊတ္ခဲ့တာက နယ္ေျမၾကီးကိုးခုပဲ အဲ့ဒိေတာ့ သူတို႔ကို မ်ွမွ် တတ ဆက္ဆံဖို႔ ဘာအေၾကာင္းျပခ်က္မွ မရွိဘူး။ ျပီးေတာ့လည္း နွစ္ေပါင္းေျမာက္ျမားစြာ ၾကာေအာင္ နယ္ေျမၾကီးကိုးခုရဲ႔ နတ္ဘုရား မ်ိဳးႏြယ္စုေတြက တိုက္ၾကီးငါးတိုက္ကို စြန္႔ပစ္ခဲ့တာ။ ဘာလုိ႔ ငါက သူတို႔အတြက္ ေတြးေပးေနရမွာလဲ?"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက ဆြံအသြားမိျပီး သူ႔မ်က္နွာေပၚမွာ ဖင္နာတယ္ ဆိုတဲ့ အမူအယာမ်ိဳး ထပ္ျဖစ္သြားသည္။
ေသခ်ာေပါက္ကို ဒါက မွားယြင္းေနတဲ့ ဆင္ေျခတစ္ခု ဆိုေပမယ့္ သူျပန္ျပီး မေခ်ပနုိင္ဘူး
သူက မ်က္ေမွာင္ၾကဳတ္ျပီး ေျပာလိုက္သည္။
"ယန္ထ်န္းဟန္ အရင္ဘဝမွာ ရန္ပုလင္ရဲ႔ ပစ္မွတ္ထားတာကို ခံရတာက နယ္ေျမၾကီးကိုးခုရဲ႔ နတ္ဘုရားမ်ိဳးႏြယ္စုက လမ္းညႊန္မွုေၾကာင့္ ဆုိတာ ေသခ်ာလို႔လား?"
သဘာဝက်က်ပင္ ၎က ေကာက္ခ်က္ခ်ထားတာတစ္ခုတည္းေၾကာင့္ မဟုတ္ပဲ ယန္ထ်န္းဟန္ရဲ႔ ကေဘးဘဝမွ ပဋိပကၡမ်ားကိုပါ ထည့္တြက္ရင္ ဘဝနွစ္ခုစာ တန္ဖိုးရွိသည္။
နယ္ေျမၾကီးကိုးခုရဲ႔ နတ္ဘုရား မ်ိဳးႏြယ္စုေတြက အားဟန္ကို သတ္ဖို႔ ေနာက္က မလုိက္ခဲ့ဘူးဆိုရင္၊ သူ႔ရဲ႔ တည္ရွိေနမွုကို သည္းမခံနုိင္ မျဖစ္ခဲ့ဘူးဆိုရင္ ယန္ထ်န္းဟန္ရဲ႔ ေနာက္ဆက္တြဲ ကံဆိုးမိုးေမွာင္က်မွုေတြက ဘယ္လိုလုပ္မ်ား ျဖစ္လာခဲ့မွာလဲ?
ဒါေပမဲ့ အျမီးကိုးေခ်ာင္း နတ္ေျမေခြးက ထိုအေၾကာင္းအား မသိသလို လင္ရႊမ္းဇီကလည္း သူ႔ကိုေျပာျပဖို႔ အစီအစဥ္ မရွိေပ။
ထို႔ေၾကာင့္ လင္ရႊမ္းဇီက ေခါင္းသာ ညိတ္ျပလိုက္ျပီး မေရမရာနဲ႔ ေျပာလုိက္သည္။
"နယ္ေျမၾကီးကိုးခုရဲ႔ နတ္ဘုရား မ်ိဳးႏြယ္စုေတြမွာ လူေကာင္း မရွိဘူး"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးသည္ သက္ျပင္းခ်႐ုံမွတပါး ေ႐ြးခ်ယ္စရာမရွိေတာ့။
သူက ခဏေလာက္ စဥ္းစားျပီးေနာက္မွာ ရုတ္တရက္ ေျပာလာသည္။
"မဟုတ္ေသးပါဘူး, အကယ္၍ မင္းအဲဒီ ေစတန္နတ္ဆိုးကို လႊတ္ေပးမယ္ ဆိုရင္ ငါက အခု မင္းရဲ႔ ရန္သူျဖစ္ရမွာေလ ဘယ္လိုျဖစ္လို႔ ငါကမင္းနဲ႔ စကားဆက္ေျပာေနရေသးတာလဲ?"
လင္ရႊမ္းဇီက သူ႔ကို တစ္ခ်က္ ၾကည့္လာ၏။
"မင္းက ဒီကိစၥကို အခုမွ သေဘာေပါက္သြားတယ္လို႔ေတာ့ မေျပာနဲ႔ေနာ္?"
အျမီးကိုးေခ်ာင္း နတ္ေျမေခြး: "......"
ဒီေခြးမသားေလးကေတာ့! သူေတာ့ နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲက ငွက္ေတြအကုန္လံုးကိုပဲ ကိုက္သတ္ခ်င္မိေတာ့တယ္။
အကယ္၍ ဝန္ခံရမယ္ ဆိုရင္ေတာ့ သူက ငတံုးတစ္ေယာက္ျဖစ္သည္။ လင္ရႊမ္းဇီမွာ ဒီလို ဆႏၵေတြ ရွိေနျပီး ၾကီးျမတ္တဲ့ နတ္ဆိုး-စည္းတံဆိပ္ရဲ႔ အခင္းအက်င္းကို ဝင္ရွဳပ္မယ့္ အစီအစဥ္ ရွိေနတယ္ဆုိတာကို သူေစာေစာ သိခဲ့ရင္ ထိုသူ႔ကို သူ႔ဘက္က အရင္သြားစရွာျပီး သူ႔မွတ္ဉာဏ္ထဲက ယန္ထ်န္းဟန္ရဲ႔ ကိစၥေတြကို ထုတ္ေျပာကာ လင္ရႊမ္းဇီကို အခက္အခဲမ်ား ေရွာင္ရွားေစရန္ သြားေျပာခဲ့မွာ မဟုတ္ေပ။
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက သြားမ်ား နာက်င္သည္အထိ အံၾကိတ္ထားမိျပီး သူ႔အျမီးကိုပင္ မလႊဲနုိင္ေတာ့။
"ေသာက္က်ိဳးနည္း, ငါ စည္းတံဆိပ္ကို ခ်ိတ္ပိတ္ဖို႔ လိုတယ္ကြ, ဒါက အရမ္းကို မျဖစ္နုိင္တာ မဟုတ္ဘူးလား?"
လင္ရႊမ္းဇီက အျမီးကိုးေခ်ာင္း နတ္ေျမေခြးအား စာနာစိတ္ျဖင့္ ၾကည့္လာသည္။
"အကယ္၍ မင္းဒီဘက္ကို ခ်ိတ္ပိတ္လုိက္ရင္ေတာင္ ငါကက်န္တဲ့ ေလးခုကို သြားဖ်တ္ဆီးမွာပဲ"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက အသက္ကို ျပင္းျပင္းရွဳလုိက္ျပီး ျပန္ေျပာသည္။
"တိုက္ႀကီးငါးခုရဲ႕ တံဆိပ္တစ္ခုစီတိုင္းဟာ မရွိမျဖစ္လိုအပ္တယ္"
လင္ရႊမ္းဇီက ေခါင္းညိတ္ျပသည္။
"အဲ့ဒါေၾကာင့္လည္း တစ္ျခားေလးေနရာကို ဖြင့္ျပီးရင္ ေသခ်ာေပါက္ ဒီကိုျပန္လာရမွာေပါ့။ ထပ္ေပါင္းေျပာရရင္ တိုက္ၾကီးငါးတိုက္ရဲ႔ စည္းတံဆိပ္ေတြက တစ္နည္းနည္းနဲ႔ အျပန္အလွန္ ခ်ိတ္ဆက္ထားတာ။ တစ္ခုေလာက္ ေျပေလ်ာ့သြားတာနဲ႔ က်န္တဲ့ ေလးခုလည္း ေျပေလ်ာ့သြားမွာပဲ။ ဦးတည္ရာ ေလးခုလံုးသာ က်ိဳးပ်က္သြားခဲ့ျပီဆိုရင္ ဒီတစ္ခုကို ဖ်တ္သိမ္းခ်င္တာက ျပႆနာ မဟုတ္ေတာ့ဘူးေလ"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက လင္ရႊမ္းဇီအား ခဏေလာက္ စိုက္ၾကည့္ေနသည္။
"မင္းလႊတ္လိုက္မယ့္သူက လူလား ဝိညာဥ္လားဆိုတာ မသိနုိင္ဘူးေနာ္"
လင္ရႊမ္းဇီက ေအးေအးေဆးေဆးသာ ေျပာသည္။
"ေကာင္းတဲ့ဘက္က ၾကည့္မယ္ဆိုရင္ မင္းလည္း စည္းတံဆိပ္ထဲမွာ ေနာက္တစ္ေခါက္ျပန္ျပီး အိပ္ေမာက်စရာ မလိုသလို ဂ်ီယြန္ေဝနဲ႔အတူတူ မင္းရဲ႔ ကံၾကမၼာကို ဆက္နုိ္င္လိမ့္မယ္ ျပီးေတာ့ သူ႔ကို ေျမေခြးေသးေသးေလးတစ္သိုက္ ေမြးခိုင္းလို႔ ရလိမ့္မယ္ေလ–အိုး, ဟုတ္သားပဲ မင္းက အထက္ကမာၻက လာတာဆိုေတာ့ က်ား-က်ားျခင္းလည္း လိင္အမ်ိဳးအစားကို ေက်ာ္လြန္ျပီး အမ်ိဳးအႏြယ္ ေမြးဖြားလို႔ ရတယ္ဆုိတာ သိမွာပဲေနာ္"
"ေသခ်ာတာေပါ့......ေနဦး, ငါ့ကို ဦးေနွာက္ေဆးဖို႔ မၾကိဳးစားနဲ႔"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက လင္ရႊမ္းဇီအား အေစာင့္အၾကပ္ ထားေနမိျပီး သူ႔ကိုယ္သူ ေဒါသမထြက္ပဲ မေနနိုင္ေတာ့။
သူလင္ရႊမ္းဇီရဲ႔ လမ္းေၾကာင္းလႊဲတာကို က်ဥ္းေျမာင္းစြာနဲ႔ ေရွာင္ရွားလိုက္ရတယ္!
လင္ရႊမ္းဇီက ျပံဳးျပီးေျပာသည္။
"ငါ လႊတ္ေပးလိုက္တာက လူပဲျဖစ္ျဖစ္ ဝိညာဥ္ပဲျဖစ္ျဖစ္ အေရးမၾကီးဘူး။ ရလဒ္ နွစ္ခုလံုးကို လက္ခံနိုင္တယ္။ ေနာက္ၿပီး ငါလႊတ္ေပးလိုက္တဲ့ ကိစၥရဲ႕ တာဝန္အားလုံးကို ငါေက်ေက်နပ္နပ္ႀကီး ခံယူမယ္,ေကာင္းကင္ဘံုရဲ႔ ဥပေဒသက တျခားသူေတြကို အျပစ္တင္ဖို႔ မလိုဘူး""
အျမီးကိုးေခ်ာင္း နတ္ေျမေခြးက လင္ရႊမ္းဇီအား ရႈပ္ေထြးေသာ အမူအရာျဖင့္ ခဏေလာက္ စိုက္ၾကည့္ေနသည္။
"ဘယ္ ေစတန္နတ္ဆိုး အသွ်င္ကို တိုက္ႀကီးငါးတိုက္ရဲ႔ တံဆိပ္ေအာက္မွာ ခ်ိတ္ပိတ္ထားတာလဲ ဆုိတာေရာ သိရဲ႔လား?"
လင္ရႊမ္းဇီက သူ႔နွုတ္ခမ္းမ်ားအား အနည္းငယ္ ေကြးညႊတ္လုိက္သည္။
"ဒါက ေကာင္းကင္ဘံုထဲမွာ ခ်ိတ္ပိတ္ထားတယ္လို႔ လူတိုင္း ယံုၾကည္ေနၾကတဲ့ တစ္ေယာက္ပဲေပါ့"
အျမီးကိုးေခ်ာင္း နတ္ေျမေခြးမွာေတာ့ စိတ္ထဲမွာပဲ ဆဲဆိုမိေတာ့သည္။
ေခြးမသားေလး, ဒီလို အရမ္းအေရးၾကီးတဲ့ ကိစၥမ်ိုးကို ေသမ်ိဳးကမာၻမွာဆို အေမႊးေတာင္ မေပါက္ေသးမယ့္ လူငယ္ေလးတစ္ေယာက္က ဘယ္လိုလုပ္ ဒီေလာက္ ရွင္းရွင္းၾကိး သိေနရတာလဲ? ဒါက ပံုမွန္မဟုတ္ဘူး!
အဆံုးမွာေတာ့ ဒီကိစၥေတြကို လင္ရႊမ္းဇီကို ဘယ္သူက ေျပာခဲ့တာလဲ?
သို႔ေသာ္လည္း အျမီးကိုးေခ်ာင္း နတ္ေျမေခြးသည္ လင္ရႊမ္းဇီက သူ႔ကို မေျပာမွာအား လုံးလုံး သိထားေသာေၾကာင့္ သူလည္း မေမးခဲ့ေပ။
ေနာက္ဆံုးမွာေတာ့ အျမီးကိုးေခ်ာင္း နတ္ေျမေခြးက ႐ႊတ္ေနာက္ေနာက္ႏွင့္ ဆြဲေဆာင္မႈရွိေသာ အမူအရာျဖင့္ မ်က္လုံးႏွစ္ဖက္ကို ပင့္လုိက္သည္။
"မင္း အေနာက္ဘက္ရဲ႔ စည္းတံဆိပ္ကို တကယ္ ခ်ိဳးျဖတ္နုိင္မလားဆိုတာ ငါတကယ့္ကို ၾကည့္ခ်င္မိတယ္"
သူတို႔ ေျပာလို႔ ျပိးသြားသည့္ အခ်ိန္မွာ အျမီးကိုးေခ်ာင္း နတ္ေျမေခြး တစ္ဖက္လွည့္သြားျပီး လင္ရႊမ္းဇီ၏ ေရွ႔မွ ေပ်ာက္ကြယ္သြားေတာ့သည္။
ဖုန္က်င္းယြီက သစ္ပင္ေပၚကေန အေတာင္ပံေလး တစ္ျဖတ္ျဖတ္ခတ္ကာ ဆင္းလာျပီး လင္ရႊမ္းဇီ၏ ပုခံုးေပၚနား၍ ေလသံေဖ်ာ့ေဖ်ာ့ျဖင့္ ေျပာလာ၏။
"လင္ရႊမ္းဇီ, မင္းရဲ႔ လွ်ိဳ႔ဝွက္ခ်က္ေတြက ငါထင္ထားတာထက္ ပိုျပီးမ်ားတယ္ဆုိတာ အခုမွပဲ သိေတာ့တယ္"
လင္ရႊမ္းဇီက ျပန္ေျပာသည္။
"ဒီထက္ေတာင္ အမ်ားၾကီး ပိုဦးမွာပါ"
ဖုန္က်င္းယြီ: "......"
ဒီလို လွည့္စားရတာ ေပ်ာ္စရာေကာင္းလား?
ဖုန္က်င္းယြီသည္ မေရမတြက္ႏိုင္ေသာ အံ့ၾသမႈမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး အနည္းငယ္ စိတ္မရွည္စြာ ေျပာလိုက္သည္။
"ေလာင္လင္, မင္းတကယ္ပဲ စည္းတံဆိပ္ကို ခ်ိဳးဖ်တ္ခ်င္တာလား?"
လင္ရႊမ္းဇီက ေျဖသည္
"အိုး, အကယ္၍ ငါတို႔ မဖ်တ္ဘူးဆိုရင္ နယ္ေျမၾကီးကိုးခုကို ဘယ္လိုသြားၾကမလဲ?"
ဖုန္က်င္းယြီက ခဏမွ် နင္သြားမိသည္
"ဒါေပမဲ့ မင္းကို မဖ်တ္ေစခ်င္ဘူး"
လင္ရႊမ္းဇီက ျပန္ေျဖသည္။
"ငါသိတယ္, ဒါေပမဲ့ ငါဖ်တ္မွ ျဖစ္မွာ"
13.9.2022
===========
Next Episode
အေနာက္ဘက္စြန္း
===========