"အကြင်နာပိုပါသည် မောင့်ဟန်ချီ...

By hninsatthmone409

71.5K 3.9K 95

"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါ... More

အခန်း(၁)(Uni)
အခန်း(၁)(Zawgyi)
အခန်း(၂)( Uni)
အခန်း(၂)(Zawgyi)
အခန်း(၃) (Uni)
အခန်း(၃)(Zawgyi)
အခန်း(၄)(Uni & Zawgyi)
အခန်း(၅)(Uni & Zawgyi)
အခန်း(၆)(Uni & Zawgyi)
အခန်း(၇)(Uni & Zawgyi)
အခန်း(၈) (Uni & Zawgyi)
အခန်း(၉)(Uni & Zawgyi)
အခန်း(၁၀) (Uni & Zawgyi)
အခန်း(၁၁) (Uni & Zawgyi)
အခန်း(၁၂) (Uni & Zawgyi)
အခန်း(၁၃)(Uni & Zawgyi)
အခန်း(၁၄) (Uni & Zawgyi)
အခန်း(၁၅)(Uni & Zawgyi)
အခန်း(၁၇)(Uni & Zawgyi)
အခန်း(၁၈)(Uni & Zawgyi)
အခန်း(၁၉)(Uni & Zawgyi)
အခန်း(၂၀)(Uni & Zawgyi)
အခန်း(၂၁)(Uni & Zawgyi)
အခန်း(၂၂((Uni & Zawgyi)
ဇာတ်သိမ်းပိုင်း(Final)
Hey!!!!!

အခန်း(၁၆)(Uni & Zawgyi)

2K 126 2
By hninsatthmone409

(Uni)

မှိုင်းအုံ့ရီဝေနေသော ကောင်းကင်သည် အငြိုးကြီးစွာဖြင့် မိုးစက်ထောင်ပေါင်းများစွာအား ထုတ်လွှင့်လျှက်ရှိသည်။ မိုးစက်များသည်လည်း မိမိတို့အား နေခွင့်မပြုတော့သော အာကာပြင်မှ သူ့ထက်ငါ အပြိုင်ဖြင့် ပထဝီမြေကြီးပေါ်သို့သက်ဆင်းနေကြတော့သည်။ 'မိုးဖြူမစဲ တသဲသဲ' တဲ့။ သန့်စင်သော မိုးစက် မိုးပေါက်များမှာ အရှိန် အဟုန်ပြင်းပြစွာ ရွာချနေခြင်းဖြင့် စဲချင်ဟန်မရှိသည်ကို အသိပေးနေလေသည်။ မိုးပေါက်ကြီးကြီးများ ဖြစ်သည်ကြောင့်အိမ်ခေါင်မိုးနှင့် ရိုက်ခတ်မိတိုင်း တဖြောက် ဖြောက်နှင့် မြည်သံစွဲအလင်္ကာများစွာကို ကျယ်လောင်စွာ ထွက်ပေါ်နေစေတော့သည်။ သွပ်မိုးဖြစ်သည်ကြောင့်လည်း ပိုမြည်ခြင်းဖြစ်မည်။

မိုးများသည်းထန်စွာရွာနေသော ပတ်၀န်းကျင်အား ဝေ့ကြည့်ရင်း ချမ်းမြေ့စိတ်အစဥ်မှာလည်း ယခုရာသီဥတုလို မှိုင်းပြပြနှင့်ပင်။ အလိုမကျသည့်စိတ်နှင့် အသံထွက်ပင်ညီးညူမိသည်အထိ။

"ဟာကွာ...ဒီမိုးကမတိတ်တော့ဘူးလားဟ"

အိမ်တံခါးပေါက်အားကျောမှီရင်း စိတ်ပျက်စွာနှင့် အိမ်ရှေ့ကွင်းပြင်အား တစ်ချက်ကြည့်မိလိုက်သည်။ အချိန်ကြာမြင့်စွာ ရွာထားသောမိုးရေများမှာ အိမ်ရှေ့ကွင်းပြင်အား လွှမ်းမိုးထားလျှက်။ ချမ်းမြေ့အထင် ဒူးဆစ်လောက်ထိပင် မြှပ်နိုင်လောက်သည်အထိ ရေပမာဏမှာ များသည်။ ချမ်းမြေ့တို့ အဘိုးအိမ်မှာ ခြေတံ ရှည် နှစ်ထပ်အိမ်ဖြစ်သည်ကြောင့်သာ အိမ်ပေါ်သို့ရေမတက်ခြင်း ဖြစ်သည်။ ယခုမှ ချမ်းမြေ့သတိထားမိသည်။ထန်းပင်ကုန်းရွာ၏ အိမ်များအားလုံးမှာ ခြေတံရှည်များပင် ဖြစ်ကြသည်။ အိမ်၏ခြေတံမှာ ချမ်းမြေ့တို့အရပ်၏ ပေါင် လယ် လောက်ထိမြင့်ကြသည်။ ဤသည်ကြောင့် အိမ်ပေါ်သို့တက်ရန် လှေကားထစ်အသေးလေးများပါ တစ်ပါတည်းဆောက်လုပ်ထားကြသည်။ ယခုတော့ မိုးရေများကြောင့် လှေကား ထစ်တစ်၀က်လောက်မှာ မြှပ်နေပြီဖြစ်သည်။
အော်...အညာမိုးများ ကောင်းလိုက်ပါဘိ။

လေတစ်ချက်အဝေ့မှာ တိမ်းစောင်းသွားသော မိုးစက်များမှာ တံခါးနားရပ်နေသော ချမ်းမြေ့ကိုယ်ပေါ်သို့ စင်ကုန်ကာ အိမ်ကြမ်းပြင်တွင်လည်း ရေစက်တစ်ချို့တင်ကျန်နေခဲ့၏။ လေအေးနှင့် မိုးရေစက်​များကြောင့် တစ်ချက်အေးခနဲဖြစ်သွားပေမယ့် ချမ်းမြေ့မှာ ထိုနေရာ၌ပင် ပေတေ၍ရပ်နေတုန်းပင်။

"လဒရေ.....အေးတယ်ဟ.. လေဖြတ်သေဦးမယ်...အဲ့တံခါးကိုအခုပိတ်.."

လှမ်းပြောသည့် ဟန်ငြိမ်းအား ချမ်းမြေ့လှည့်ကာ မကြည်ကြည့် ကြည့်ပေးလိုက်သည်။ သကောင့်သားကတော့ လက်ပိုက်ထားရင်း ချမ်းတုန်ပြနေလေရဲ့။

"မိုးကမတိတ်သေးဘူးလားကွာ.."

ချမ်းမြေ့စိတ်ပျက်စွာဖြင့် ထပ်ပြီးရေရွတ်မိပြန်ပါသည်။ မနေ့ကမှ လောလောလတ်လတ် အဖြေပြန်ပေးထားသော ချစ်ရသူလေးဆီသို့ ဒီမနက်စောစော သွားတွေ့မည်ဟု စဥ်းစားထားကာမှ သာသနာဖျက်မိုးက ရွာနေတာ တိတ်ကိုမတိတ်နိုင်တော့ ချမ်းမြေ့မှာ စိတ်အချဥ်ပေါက်နေလေပြီ။ တကယ့်ကိုသာသနာဖျက်တဲ့မိုးပင်! ။

"ချမ်းမြေ့မောင်ရေ..တံခါးပိတ်လိုက်ပါတော့ကွာ..မင်း မအေးလည်း ငါအေးတယ်ဟ"

သံရှည်စွဲကာပြောလာသည့် ဟန်ငြိမ်းအသံကြီးမှာ နား၀င်ဆိုးလှသည်။ မြင်နေရသော မိုးစက်များမှာလည်း ကျက်သရေမရှိလိုက်တာဆိုတာ. ချမ်းမြေ့အတွက်တော့ အရာအားလုံးက စိတ်ညစ်ညူးစရာတွေပင်။ ချမ်းမြေ့တံခါးအား၀ုန်းကနဲဆောင့်ပိတ်လိုက်ပြီး အောင့်သက်သက်မျက်နှာပေးနဲ့ပင် သကောင့်သား
ဟန်ငြိမ်းဘေး သွားထိုင်လိုက်တော့သည်။

"အခွက်ကနော်..ဟင်းဟင်း"

ခနဲ့တဲ့တဲ့နဲ့ ပြောသည့်ဟန်ငြိမ်းအား ချမ်းမြေ့တစ်ချက်ကြည့်လိုက်သည်။ မင်းသောက်ပူပါလား ဆိုသည့် အကြည့်မျိုး။

"ငါ့ညီရာ.... မိုးကတိတ်မှာပါ..ခုမှအစောကြီးရှိသေးတာကို"

ကိုနေထွဋ်မှ ရယ်သံသဲ့သဲ့နှင့် ၀င်ပြောပြန်သည်။ ဘေးက၀ဏ္ဏကလည်းပြုံးစိစိနှင့်။ ခုနကကြနှစ်ကောင်လုံး အသံတစ်ချက်မှမထွက်ကြဘူး။

"၁၁နာရီကစောတာလားဗျ...မိုးလင်းကတည်းရွာနေတာကို...တစ်ရွာလုံး ရေအောက်ရောက်သွားမှ စဲတော့မလားမသိဘူး"

စူအောင့်အောင့်နဲ့ပြောသည့်ချမ်းမြေ့မှာ မသိမသာနှုတ်ခမ်းကလည်း ဆူချင်နေသေး၏။ သူ့ပုံစံက လုပ်ချင်တာမလုပ်ရ၍ ဂျီကျနေသည့် ကလေးနှင့်တောင်တူနေသေးသည်။ ချမ်းမြေ့ပုံစံကြောင့် ကျန်သုံးယောက်မှ တခွီခွီ တဟားဟားနဲ့ ပင်။ ချမ်းမြေ့သည်လည်း ၀ိုင်းရယ်ခံရ၍ နဂိုမှုန်နေသော မျက်နှာမှာ မည်းမှောင်သည့် အဆင့်သို့ပင်ရောက်သွားတော့သည်။ ရာသီဥတုသည်လည်း ချမ်းမြေ့မျက်နှာနည်းတူမှောင်မည်းကာ
ဖြူကိုမလာတော့ပေ။ ထိုနေ့က မိုးသည် ညနေ၄နာရီလောက်ထိ ရွာခဲ့လေသည်။ ထန်းပင်ကုန်းတစ်ရွာလုံးလည်း လှေပတ်စီးလို့ရသည့်အနေအထားထိ ရေများဖြင့်လွှမ်းသွားတော့ သည်။

မိုးနတ်မင်းကြီးသည်လည်း လူသားကောင်လေးတစ်ယောက်၏ မေတ္တာပို့မှုများကို အပြည့်အ၀ လက်ခံရရှိလိုက်တော့သည်။

~ ~ ~ ~ ~ ~

ညနေ၄နာရီခန့်ရောက်တော့ မိုးသည် စဲသွားပြီဖြစ်သည်။ ကောင်းကင်ပြင်သည်လည်း ပြန်လည်ကြည်လင်နေပြီဖြစ်ကာ နေရောင်ခြည်နုနုများစွာ ဖြာကျလာပြီဖြစ်သည်။ သက်တံတစ်ဆင်းသည်လည်း အာကာပြင်ထက်မှာ ၀ံ့၀ံ့ကြွားကြွား ထွက်ပေါ်နေပြီဖြစ်သည်။

ကလေးဘုစုခရုများလည်း လောင်းလှေကိုယ်စီဖြင့် လှေပတ်စီးနေကြပြီဖြစ်သည်။ နွားစာထည့်၍ကျွေးသော လှေအသေးစားလေးများကို လောင်းလှေဟုခေါ်ဆိုကြသည်။သာမာန် လှေ နှင့် ပိန်းလှေဆိုပြီးလည်း ရှိသေး၏။ သာမာန်လှေမှာ လှေအကြီးစားဖြစ်၍ လူဆယ်ယောက်လောက်ထိ၀င်ဆံ့သည်။ ပိန်းလှေသည်ကား လောင်းလှေကဲ့သို့ပင် လှေအသေးစားဖြစ်၍ လောင်းလှေထက်တော့ အနည်းငယ်ကြီးသည်။ ပိန်းလှေမှာ အနည်းငယ်လူးတတ် သည်ဖြစ်၍ လှေစီးသည့်အခါ အခန့်မသင့်လျှင် မူးဝေသည်များဖြစ်တတ်၏။

လောင်းလှေစီးသည့် ကလေးများက စီးကြပြီး တစ်ချို့ကလေးတွေကတော့ ဓာတ်ဆီပုံးခွံ၊ ရေသန့်ပုံးခွံ စသည့် ရေပေါ်,ပေါ်သော ပစ္စည်းများအား ဖက်ကိုင်ကာ ရေကူးနေကြသည်။ အံမယ်....ခွေးတွေတောင်ပါသေး။

ချမ်းမြေ့မှာ ပျော်ရွှင်မြူးထူးနေကြသော ကလေးများအားကြည့်ပြီးလည်း လိုက်မပျော်နိုင်ပါ။ အိမ်တံခါးပေါက်နားမှာပင် ဆောင့်ကြောင့်ထိုင်ကာ လဒမှိုင်မှိုင်နေမိသည်။

"ရေဆင်းကူးချင်လည်းကူးလေ...ခွီး"

ပုခုံးအားလာပုတ်ရင်း ပြောသည့်ဟန်ငြိမ်း။ ခွီး ဆိုတာက ပါသေး လဒကောင် ဒါငါ့ကိုသက်သက်လာလှောင်နေတာ။

"မင်းဆင်းကူးလေ...ဟိုမှာ တွေ့လား အဲ့ခွေးလို"

ချမ်းမြေ့စိတ်ပေါက်ပေါက်နှင့် အိမ်ရှေ့တွင် ရေဖြတ်ကူးသွားသော ခွေးတစ်ကောင်အား လက်ညိုးထိုးပြရင်းပြောလိုက်တော့ ဟန်ငြိမ်းမျက်နှာမည်းကနဲ။ မှတ်ထား...ချမ်းမြေ့မောင်တဲ့ကွ။

"အော်အော်.....လင်ပူမိနေတဲ့ကောင်နှင့် တုမပြောချင်ပါဘူးကွာ.."

"မပြောနဲ့ကွာ....ညစ်နေပါတယ်ဆိုမှ"

ပြောပြီး အိမ်တံခါးအား ခေါင်းပစ်မှီလိုက်သည်မှာ ဒုန်းကနဲပင်မြည်သည်အထိ ပျင်းတိပျင်းရွဲနိုင်စွာ။

"အေးပါကွာ...မင်းပဲ ကဲကဲပို ! မသိရင် တစ်နယ်တစ်ကျေးက ချစ်သူကို လွမ်းပြီးဆွေးနေသလိုနဲ့..တစ်ရွာထဲနေပြီး တစ်ရက်လောက် မတွေ့ရတာများ ဖြစ်ပျက်နေလိုက်တာ! အဝေးရောက်နေကြလို့များ ဖုန်းဆက်ရုံလေး စာပို့ရုံလေးသာ လုပ်ရမယ်ဆို မင်းလိုကောင် သေသွားမလားပဲ"

ဟန်ငြိမ်းဆိုသည့်ကောင်မှာ ချမ်းမြေ့ နားထင်အား လက်ညိုးနှင့်ထိုးကာ ပစ်ပစ်နှစ်နှစ်ပြောနေလေတော့သည်။ ချမ်းမြေ့မှာ မလှုပ်မယှက်ရှိနေရာမှ ချက်ချင်းပင် ခေါင်းထောင်လာပြီးမျက်လုံးတွေမှာ လက်ကနဲဖြစ်သွားကာ လက်ဖြောက်တစ်ချက်ပါတီးလိုက်ပုံမှာ ကာတွန်းကားထဲမှ ဇာတ်ကောင်လေး ခေါင်းပေါ် မီးသီးလေးပေါ်လာချိန် ပြုလုပ်လိုက်သည့် အမူအရာမျိုးနှင့်။

"ဟာ..ဟုတ်သား ..တော်လိုက်တာ သားကြီးရာ"

"ဂေါက်သွားပြီလား..ဟာ ဟေ့ကောင် ရွံစရာတွေ"

ရုတ်တရတ် ဖက်နမ်းလိုက်သည့် ချမ်းမြေ့ကြောင့် ဟန်ငြိမ်းမှာ တဝေါ့ဝေါ့ တထွီထွီနှင့် ဖြစ်နေတော့သည်။ ချက်ချင်း အူးမြူးလာပုံကများ ခုနရုပ်ပုံနှင့်လားလားမှမဆိုင်ပေ။ တသုတ်သုတ်နှင့် အခန်းထဲပြေး၀င်သွားသည့် ချမ်းမြေ့အား ကြည့်ရင်း ဟန်ငြိမ်းမှာ ခေါင်းတကုတ်ကုတ်နှင့်ပင်။ စိတ်ထဲတွင်လည်း..

*လင်တရူးလွန်ပြီး ဂေါက်သွားတာများလား*

ချမ်းမြေ့မှာတော့ အခန်းထဲ၀င်သွားပြီး ခဏအကြာမှာ ပြန်ထွက်လာပြီး အိမ်ပေါက်ကနေ ခြံအပြင်တွင် လောင်းလှေပတ်စီးနေသော ကလေးတစ်ချို့အားခေါ်လိုက်သည်။

"ဟေ့....ကလေးတွေ..ဒီကိုခဏလာကြဦး"

ချမ်းမြေ့အခေါ်ကြောင့် လောင်းလှေစီးနေသော ကလေးနှစ်ယောက်မှာ ချမ်းမြေ့ရှိရာသို့ လှော်ခတ်ကာ လာတော့သည်။

"ဘာတုန်းဗျ.."

လောင်းလှေပေါ်တွင်ထိုင်နေသော ကလေးနှစ်ယောက်အနက်မှ အရှေ့က ကလေးမှမေးခြင်းပင်။

"အေး....ရွာမြောက်ပိုင်းက လေးစံသာနဲ့ ဒေါ်ခက်နွယ်အိမ်သိတယ်မို့လား"

"သိတယ်လေ..."

"အေး...အဲ့ကိုသွားပြီး လှမျက်ဟန်ချီလေးဆီ ဒီစာကိုသွားပေး,ပေး.."

ချမ်းမြေ့လက်ထဲကစာအား မြှောက်ပြရင်းပြောတော့ ကလေးနှစ်ယောက်မှာ ချမ်းမြေ့အား စူးစမ်းသလိုကြည့်ကြသည်။

"ကိုချမ်းမြေ့မောင်ကပေးတာလို့ပြောလိုက်.... ရော့.. မင်းတို့အတွက်မုန့်ဖိုးတစ်ယောက်တစ်ထောင်... သေချာလေးပေး,ပေးနော်"

ချမ်းမြေ့အိတ်ထောင်ထဲမှ ပိုက်ဆံနှစ်ထောင်အား ထုတ်ပေးလိုက်တော့ ကလေးနှစ်ယောက်မျက်လုံးတွေမှာ လဲ့ကနဲ။ ခေါင်းတစ်ဆက်ဆက်ငြိမ့်ကာ တဟုတ်ဟုတ်နဲ့ပြောပြီး ချမ်းမြေ့လက်ထဲမှ စာအားလွှဲပြောင်းယူလေသည်။

"မမှားစေနဲ့နော် သေချာလေးပေးလိုက်..ကြားလား..အကိုကပေးတာလို့လည်း သေချာပြောဦး"

"ဟုတ်..."

လောင်းလှေအားတက်ညီလက်ညီနဲ့ လှော်ခတ်ကာ ထွက်သွားသည့် ကလေးနှစ်ယောက်အားကြည့်ပြီး ချမ်းမြေ့မှာ အောင်နိုင်သူကြီးလို မော်၀ံ့ကြွားကာ တပြုံးပြုံးဖြစ်နေလေတော့သည်။

••••••

23.7.2022(Sat)
//Hnin Satt Hmone☃️❄️
(ကျွန်တော်တို့ဘက်မှာလည်း မိုးဆွေနေတာ နှစ်ရက်ရှိပြီ😂၊ internet ကလည်း ရလိုက်မရလိုက်ရယ်😅)

(Zawgyi)

မႈိင္းအုံ႔ရီေဝေနေသာ ေကာင္းကင္သည္ အၿငိဳးႀကီးစြာျဖင့္ မိုးစက္ေထာင္ေပါင္းမ်ားစြာအား ထုတ္လႊင့္လွ်က္ရွိသည္။ မိုးစက္မ်ားသည္လည္း မိမိတို႔အား ေနခြင့္မျပဳေတာ့ေသာ အာကာျပင္မွ သူ႔ထက္ငါ အၿပိဳင္ျဖင့္ ပထဝီေျမႀကီးေပၚသို႔သက္ဆင္းေနၾကေတာ့သည္။
'မိုးျဖဴမစဲ တသဲသဲ' တဲ့။ သန္႔စင္ေသာ မိုးစက္ မိုးေပါက္မ်ားမွာ အရွိန္အဟုန္ျပင္းျပစြာ ႐ြာခ်ေနျခင္းျဖင့္ စဲခ်င္ဟန္မရွိသည္ကို အသိေပးေနေလသည္။ မိုးေပါက္ႀကီးႀကီးမ်ား ျဖစ္သည္ေၾကာင့္
အိမ္ေခါင္မိုးႏွင့္ ႐ိုက္ခတ္မိတိုင္း တေျဖာက္ ေျဖာက္ႏွင့္ ျမည္သံစြဲအလကၤာမ်ားစြာကို က်ယ္ေလာင္စြာ ထြက္ေပၚေနေစေတာ့သည္။ သြပ္မိုးျဖစ္သည္ေၾကာင့္လည္း ပိုျမည္ျခင္းျဖစ္မည္။

မိုးမ်ားသည္းထန္စြာ႐ြာေနေသာ ပတ္၀န္းက်င္အား ေဝ့ၾကည့္ရင္း ခ်မ္းေျမ့စိတ္အစဥ္မွာလည္း
ယခုရာသီဥတုလို မႈိင္းျပျပႏွင့္ပင္။ အလိုမက်သည့္စိတ္ႏွင့္ အသံထြက္ပင္ညီးညဴမိသည္အထိ။

"ဟာကြာ...ဒီမိုးကမတိတ္ေတာ့ဘူးလားဟ"

အိမ္တံခါးေပါက္အားေက်ာမွီရင္း စိတ္ပ်က္စြာႏွင့္ အိမ္ေရွ႕ကြင္းျပင္အား တစ္ခ်က္ၾကည့္မိလိုက္သည္။ အခ်ိန္ၾကာျမင့္စြာ ႐ြာထားေသာမိုးေရမ်ားမွာ အိမ္ေရွ႕ကြင္းျပင္အား လႊမ္းမိုးထားလွ်က္။ ခ်မ္းေျမ့အထင္ ဒူးဆစ္ေလာက္ထိပင္ ျမႇပ္ႏိုင္ေလာက္သည္အထိ ေရပမာဏမွာ မ်ားသည္။ ခ်မ္းေျမ့တို႔ အဘိုးအိမ္မွာ ေျခတံ ရွည္ ႏွစ္ထပ္အိမ္ျဖစ္သည္ေၾကာင့္သာ အိမ္ေပၚသို႔ေရမတက္ျခင္း ျဖစ္သည္။ ယခုမွ ခ်မ္းေျမ့သတိထားမိသည္။ထန္းပင္ကုန္း႐ြာ၏ အိမ္မ်ားအားလုံးမွာ ေျခတံရွည္မ်ားပင္ ျဖစ္ၾကသည္။ အိမ္၏ေျခတံမွာ ခ်မ္းေျမ့တို႔အရပ္၏ ေပါင္ လယ္ ေလာက္ထိျမင့္ၾကသည္။ ဤသည္ေၾကာင့္ အိမ္ေပၚသို႔တက္ရန္ ေလွကားထစ္အေသးေလးမ်ားပါ တစ္ပါတည္းေဆာက္လုပ္ထားၾကသည္။ ယခုေတာ့ မိုးေရမ်ားေၾကာင့္ ေလွကား ထစ္တစ္၀က္ေလာက္မွာ ျမႇပ္ေနၿပီျဖစ္သည္။
ေအာ္...အညာမိုးမ်ား ေကာင္းလိုက္ပါဘိ။

ေလတစ္ခ်က္အေဝ့မွာ ေစာင္းပါသြားေသာ မိုးစက္မ်ားမွာ တံခါးနားရပ္ေနေသာ ခ်မ္းေျမ့ကိုယ္ေပၚသို႔ စင္ကုန္ကာ အိမ္ၾကမ္းျပင္တြင္လည္း ေရစက္တစ္ခ်ိဳ႕တင္က်န္ေနခဲ့၏။ ေလေအးႏွင့္ မိုးေရစက္​မ်ားေၾကာင့္ တစ္ခ်က္ေအးခနဲျဖစ္သြားေပမယ့္ ခ်မ္းေျမ့မွာ ထိုေနရာ၌ပင္ ေပေတ၍ရပ္ေနတုန္းပင္။

"လဒေရ.....ေအးတယ္ဟ.. ေလျဖတ္ေသဦးမယ္...အဲ့တံခါးကိုအခုပိတ္.."

လွမ္းေျပာသည့္ ဟန္ၿငိမ္းအား ခ်မ္းေျမ့လွည့္ကာ မၾကည္ၾကည့္ ၾကည့္ေပးလိုက္သည္။ သေကာင့္သားကေတာ့ လက္ပိုက္ထားရင္း ခ်မ္းတုန္ျပေနေလရဲ႕။

"မိုးကမတိတ္ေသးဘူးလားကြာ.."

ခ်မ္းေျမ့စိတ္ပ်က္စြာျဖင့္ ထပ္ၿပီးေရ႐ြတ္မိျပန္ပါသည္။ မေန႔ကမွ ေလာေလာလတ္လတ္ အေျဖျပန္ေပးထားေသာ ခ်စ္ရသူေလးဆီသို႔ ဒီမနက္ေစာေစာ သြားေတြ႕မည္ဟု စဥ္းစားထားကာမွ သာသနာဖ်က္မိုးက ႐ြာေနတာ တိတ္ကိုမတိတ္ႏိုင္ေတာ့ ခ်မ္းေျမ့မွာ စိတ္အခ်ဥ္ေပါက္ေနေလၿပီ။ တကယ့္ကိုသာသနာဖ်က္တဲ့မိုးပင္! ။

"ခ်မ္းေျမ့ေမာင္ေရ..တံခါးပိတ္လိုက္ပါေတာ့ကြာ..မင္း မေအးလည္း ငါေအးတယ္ဟ"

သံရွည္စြဲကာေျပာလာသည့္ ဟန္ၿငိမ္းအသံႀကီးမွာ နား၀င္ဆိုးလွသည္။ ျမင္ေနရေသာ မိုးစက္မ်ားမွာလည္း က်က္သေရမရွိလိုက္တာဆိုတာ. ခ်မ္းေျမ့အတြက္ေတာ့ အရာအားလုံးက စိတ္ညစ္ညဴးစရာေတြပင္။ ခ်မ္းေျမ့တံခါးအား၀ုန္းကနဲေဆာင့္ပိတ္လိုက္ၿပီး ေအာင့္သက္သက္မ်က္ႏွာေပးနဲ႔ပင္ သေကာင့္သား
ဟန္ၿငိမ္းေဘး သြားထိုင္လိုက္ေတာ့သည္။

"အခြက္ကေနာ္..ဟင္းဟင္း"

ခနဲ႔တဲ့တဲ့နဲ႔ ေျပာသည့္ဟန္ၿငိမ္းအား ခ်မ္းေျမ့တစ္ခ်က္ၾကည့္လိုက္သည္။ မင္းေသာက္ပူပါလား ဆိုသည့္ အၾကည့္မ်ိဳး။

"ငါ့ညီရာ.... မိုးကတိတ္မွာပါ..ခုမွအေစာႀကီးရွိေသးတာကို"

ကိုေနထြဋ္မွ ရယ္သံသဲ့သဲ့ႏွင့္ ၀င္ေျပာျပန္သည္။ ေဘးက၀ဏၰကလည္းၿပဳံးစိစိႏွင့္။ ခုနကၾကႏွစ္ေကာင္လုံး အသံတစ္ခ်က္မွမထြက္ၾကဘူး။

"၁၁နာရီကေစာတာလားဗ်...မိုးလင္းကတည္း႐ြာေနတာကို...တစ္႐ြာလုံး ေရေအာက္ေရာက္သြားမွ စဲေတာ့မလားမသိဘူး"

စူေအာင့္ေအာင့္နဲ႔ေျပာသည့္ခ်မ္းေျမ့မွာ မသိမသာႏႈတ္ခမ္းကလည္း ဆူခ်င္ေနေသး၏။ သူ႔ပုံစံက လုပ္ခ်င္တာမလုပ္ရ၍ ဂ်ီက်ေနသည့္ ကေလးႏွင့္ေတာင္တူေနေသးသည္။ ခ်မ္းေျမ့ပုံစံေၾကာင့္ က်န္သုံးေယာက္မွ တခြီခြီ တဟားဟားနဲ႔ ပင္။ ခ်မ္းေျမ့သည္လည္း ၀ိုင္းရယ္ခံရ၍ နဂိုမႈန္ေနေသာ မ်က္ႏွာမွာ မည္းေမွာင္သည့္ အဆင့္သို႔ပင္ေရာက္သြားေတာ့သည္။ ရာသီဥတုသည္လည္း ခ်မ္းေျမ့မ်က္ႏွာနည္းတူေမွာင္မည္းကာ
ျဖဴကိုမလာေတာ့ေပ။ ထိုေန႔က မိုးသည္ ညေန၄နာရီေလာက္ထိ ႐ြာခဲ့ေလသည္။ ထန္းပင္ကုန္းတစ္႐ြာလုံးလည္း ေလွပတ္စီးလို႔ရသည့္အေနအထားထိ ေရမ်ားျဖင့္လႊမ္းသြားေတာ့ သည္။

မိုးနတ္မင္းႀကီးသည္လည္း လူသားေကာင္ေလးတစ္ေယာက္၏ ေမတၱာပို႔မႈမ်ားကို အျပည့္အ၀ လက္ခံရရွိလိုက္ေတာ့သည္။

~ ~ ~ ~ ~ ~

ညေန၄နာရီခန္႔ေရာက္ေတာ့ မိုးသည္ စဲသြားၿပီျဖစ္သည္။ ေကာင္းကင္ျပင္သည္လည္း ျပန္လည္ၾကည္လင္ေနၿပီျဖစ္ကာ ေနေရာင္ျခည္ႏုႏုမ်ားစြာ ျဖာက်လာၿပီျဖစ္သည္။ သက္တံတစ္ဆင္းသည္လည္း အာကာျပင္ထက္မွာ ၀ံ့၀ံ့ႂကြားႂကြား ထြက္ေပၚေနၿပီျဖစ္သည္။

ကေလးဘုစုခ႐ုမ်ားလည္း ေလာင္းေလွကိုယ္စီျဖင့္ ေလွပတ္စီးေနၾကၿပီျဖစ္သည္။ ႏြားစာထည့္၍ေကြၽးေသာ ေလွအေသးစားေလးမ်ားကို ေလာင္းေလွဟုေခၚဆိုၾကသည္။သာမာန္ ေလွ ႏွင့္ ပိန္းေလွဆိုၿပီးလည္း ရွိေသး၏။ သာမာန္ေလွမွာ ေလွအႀကီးစားျဖစ္၍ လူဆယ္ေယာက္ေလာက္ထိ၀င္ဆံ့သည္။ ပိန္းေလွသည္ကား ေလာင္းေလွကဲ့သို႔ပင္ ေလွအေသးစားျဖစ္၍ ေလာင္းေလွထက္ေတာ့ အနည္းငယ္ႀကီးသည္။ ပိန္းေလွမွာ အနည္းငယ္လူးတတ္ သည္ျဖစ္၍ ေလွစီးသည့္အခါ အခန္႔မသင့္လွ်င္ မူးေဝသည္မ်ားျဖစ္တတ္၏။

ေလာင္းေလွစီးသည့္ ကေလးမ်ားက စီးၾကၿပီး တစ္ခ်ိဳ႕ကေလးေတြကေတာ့ ဓာတ္ဆီပုံးခြံ၊ ေရသန္႔ပုံးခြံ စသည့္ ေရေပၚ,ေပၚေသာ ပစၥည္းမ်ားအား ဖက္ကိုင္ကာ ေရကူးေနၾကသည္။ အံမယ္....ေခြးေတြေတာင္ပါေသး။

ခ်မ္းေျမ့မွာ ေပ်ာ္႐ႊင္ျမဴးထူးေနၾကေသာ ကေလးမ်ားအားၾကည့္ၿပီးလည္း လိုက္မေပ်ာ္ႏိုင္ပါ။ အိမ္တံခါးေပါက္နားမွာပင္ ေဆာင့္ေၾကာင့္ထိုင္ကာ လဒမႈိင္မႈိင္ေနမိသည္။

"ေရဆင္းကူးခ်င္လည္းကူးေလ...ခြီး"

ပုခုံးအားလာပုတ္ရင္း ေျပာသည့္ဟန္ၿငိမ္း။ ခြီး ဆိုတာက ပါေသး လဒေကာင္ ဒါငါ့ကိုသက္သက္လာေလွာင္ေနတာ။

"မင္းဆင္းကူးေလ...ဟိုမွာ ေတြ႕လား အဲ့ေခြးလို"

ခ်မ္းေျမ့စိတ္ေပါက္ေပါက္ႏွင့္ အိမ္ေရွ႕တြင္ ေရျဖတ္ကူးသြားေသာ ေခြးတစ္ေကာင္အား လက္ညိဳးထိုးျပရင္းေျပာလိုက္ေတာ့ ဟန္ၿငိမ္းမ်က္ႏွာ
မည္းကနဲ။ မွတ္ထား...ခ်မ္းေျမ့ေမာင္တဲ့ကြ။

"ေအာ္ေအာ္.....လင္ပူမိေနတဲ့ေကာင္ႏွင့္ တုမေျပာခ်င္ပါဘူးကြာ.."

"မေျပာနဲ႔ကြာ....ညစ္ေနပါတယ္ဆိုမွ"

ေျပာၿပီး အိမ္တံခါးအား ေခါင္းပစ္မွီလိုက္သည္မွာ ဒုန္းကနဲပင္ျမည္သည္အထိ ပ်င္းတိပ်င္း႐ြဲႏိုင္စြာ။

"ေအးပါကြာ...မင္းပဲ ကဲကဲပို ! မသိရင္ တစ္နယ္တစ္ေက်းက ခ်စ္သူကို လြမ္းၿပီးေဆြးေနသလိုနဲ႔..တစ္႐ြာထဲေနၿပီး တစ္ရက္ေလာက္ မေတြ႕ရတာမ်ား ျဖစ္ပ်က္ေနလိုက္တာ! အေဝးေရာက္ေနၾကလို႔မ်ား ဖုန္းဆက္႐ုံေလး စာပို႔႐ုံေလးသာ လုပ္ရမယ္ဆို မင္းလိုေကာင္ ေသသြားမလားပဲ"

ဟန္ၿငိမ္းဆိုသည့္ေကာင္မွာ ခ်မ္းေျမ့ နားထင္အား လက္ညိဳးႏွင့္ထိုးကာ ပစ္ပစ္ႏွစ္ႏွစ္ေျပာေနေလေတာ့သည္။ ခ်မ္းေျမ့မွာ မလႈပ္မယွက္ရွိေနရာမွ ခ်က္ခ်င္းပင္ ေခါင္းေထာင္လာၿပီးမ်က္လုံးေတြမွာ လက္ကနဲျဖစ္သြားကာ လက္ေျဖာက္တစ္ခ်က္ပါတီးလိုက္ပုံမွာ ကာတြန္းကားထဲမွ ဇာတ္ေကာင္ေလး ေခါင္းေပၚ မီးသီးေလးေပၚလာခ်ိန္ ျပဳလုပ္လိုက္သည့္ အမူအရာမ်ိဳးႏွင့္။

"ဟာ..ဟုတ္သား ..ေတာ္လိုက္တာ သားႀကီးရာ"

"ေဂါက္သြားၿပီလား..ဟာ ေဟ့ေကာင္ ႐ြံစရာေတြ"

႐ုတ္တရတ္ ဖက္နမ္းလိုက္သည့္ ခ်မ္းေျမ့ေၾကာင့္ ဟန္ၿငိမ္းမွာ တေဝါ့ေဝါ့ တထြီထြီႏွင့္ ျဖစ္ေနေတာ့သည္။ ခ်က္ခ်င္း အူးျမဴးလာပုံကမ်ား ခုန႐ုပ္ပုံႏွင့္လားလားမွမဆိုင္ေပ။ တသုတ္သုတ္ႏွင့္ အခန္းထဲေျပး၀င္သြားသည့္ ခ်မ္းေျမ့အား ၾကည့္ရင္း ဟန္ၿငိမ္းမွာ ေခါင္းတကုတ္ကုတ္ႏွင့္ပင္။ စိတ္ထဲတြင္လည္း..

*လင္တ႐ူးလြန္ၿပီး ေဂါက္သြားတာမ်ားလား*

ခ်မ္းေျမ့မွာေတာ့ အခန္းထဲ၀င္သြားၿပီး ခဏအၾကာမွာ ျပန္ထြက္လာၿပီး အိမ္ေပါက္ကေန ၿခံအျပင္တြင္ ေလာင္းေလွပတ္စီးေနေသာ ကေလးတစ္ခ်ိဳ႕အားေခၚလိုက္သည္။

"ေဟ့....ကေလးေတြ..ဒီကိုခဏလာၾကဦး"

ခ်မ္းေျမ့အေခၚေၾကာင့္ ေလာင္းေလွစီးေနေသာ ကေလးႏွစ္ေယာက္မွာ ခ်မ္းေျမ့ရွိရာသို႔ ေလွာ္ခတ္ကာ လာေတာ့သည္။

"ဘာတုန္းဗ်.."

ေလာင္းေလွေပၚတြင္ထိုင္ေနေသာ ကေလးႏွစ္ေယာက္အနက္မွ အေရွ႕က ကေလးမွေမးျခင္းပင္။

"ေအး....႐ြာေျမာက္ပိုင္းက ေလးစံသာနဲ႔ ေဒၚခက္ႏြယ္အိမ္သိတယ္မို႔လား"

"သိတယ္ေလ..."

"ေအး...အဲ့ကိုသြားၿပီး လွမ်က္ဟန္ခ်ီေလးဆီ ဒီစာကိုသြားေပးေပး.."

ခ်မ္းေျမ့လက္ထဲကစာအား ေျမႇာက္ျပရင္းေျပာေတာ့ ကေလးႏွစ္ေယာက္မွာ ခ်မ္းေျမ့အား စူးစမ္းသလိုၾကည့္ၾကသည္။

"ကိုခ်မ္းေျမ့ေမာင္ကေပးတာလို႔ေျပာလိုက္.... ေရာ့.. မင္းတို႔အတြက္မုန္႔ဖိုးတစ္ေယာက္တစ္ေထာင္... ေသခ်ာေလးေပး,ေပးေနာ္"

ခ်မ္းေျမ့အိတ္ေထာင္ထဲမွ ပိုက္ဆံႏွစ္ေထာင္အား ထုတ္ေပးလိုက္ေတာ့ ကေလးႏွစ္ေယာက္မ်က္လုံးေတြမွာ လဲ့ကနဲ။ ေခါင္းတစ္ဆက္ဆက္ၿငိမ့္ကာ တဟုတ္ဟုတ္နဲ႔ေျပာၿပီး ခ်မ္းေျမ့လက္ထဲမွ စာအားလႊဲေျပာင္းယူေလသည္။

"မမွားေစနဲ႔ေနာ္ ေသခ်ာေလးေပးလိုက္..ၾကားလား..အကိုကေပးတာလို႔လည္း ေသခ်ာေျပာဦး"

"ဟုတ္..."

ေလာင္းေလွအားတက္ညီလက္ညီနဲ႔ ေလွာ္ခတ္ကာ ထြက္သြားသည့္ ကေလးႏွစ္ေယာက္အားၾကည့္ၿပီး ခ်မ္းေျမ့မွာ ေအာင္ႏိုင္သူႀကီးလို ေမာ္၀ံ့ႂကြားကာ တၿပဳံးၿပဳံးျဖစ္ေနေလေတာ့သည္။

••••••

23.7.2022(Sat)
//Hnin Satt Hmone☃️❄️
(ကြၽန္ေတာ္တို႔ဘက္မွာလည္း မိုးေဆြေနတာ ႏွစ္ရက္ရွိၿပီ😂၊ internet ကလည္း ရလိုက္မရလိုက္ရယ္😅)

Continue Reading

You'll Also Like

11K 595 2
​ရှေးကျ​သောလိင်တူအိမ်​ထောင်​ရေးအ​ကြောင်း ​ေရွးက်​ေသာလိင္တူအိမ္​ေထာင္​ေရးအ​ေၾကာင္း
317K 324 13
စာရေးရမှာ ပျင်းနေသေးလို့ ရေမယ်ဆိုရင် ဘယ်လိုလေးတွေရေးပေးရမလဲ ပြောပြခဲ့နော်
606K 1.2K 28
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်
104K 6.1K 44
Unicode ချစ်နေတုန်းပါ ... ဒါပေမဲ့လဲ မပတ်သက်ချင်တော့ဘူး ခင်ဗျားရယ် Wang Yibo ငေးကြည့်ရုံနဲ့ တင်းတိမ်နိုင်မရ်ထင်လို့ လွတ်ချမိလိုက်တာပါ ... မင်းနဲ့‌ပတ်သ...