Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1M 56K 6.2K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉
Inner Art မိတ်ဆက် ❤️

Chapter - 44

12.7K 786 86
By MikkyLay1

နောက်တစ်နေ့ ၈ နာရီခွဲအချိန်၌ ဧကရာဇ်မောင်တစ်ယောက် ပေါ့ပါးသည့်သာမာန်ဝတ်ဆုံတစ်စုံဝတ်ကာ လက်ကငွေရောင်လက်စွတ်ကွင်းလေးကလွဲ၍ ခန္ဓာကိုယ်က တန်ဖိုးကြီးပစ္စည်မှန်သမျှ ချွတ်ထားခဲ့ပြီး အနက်ရောင်ဦးထုတ်တစ်လုံးဆောင်း၍ထွက်လာသည် ။

အိမ်တော်အောက်ထပ်တွင်တော့ အတွင်းရေးမှူး သက်မောင်က အရေးကြီးစာရွက်စာတန်းတွေထည့်ထားတဲ့ဖိုင်တစ်ခုကို ကိုင်ဆောင်လျှက် စောင့်နေသည် ။ ဘာမှပြင်ဆင်မထားပဲ ထွက်လာတဲ့ ဧကရာဇ်မောင်ကိုလဲမြင်ရော သက်မောင်က အံ့ဩတကြီးဖြင့် မေးလိုက်သည် ။

" သူဌေး … ဘာကြောင့်ဒီပုံစံနဲ့ထွက်လာတာလဲ … အစည်းအဝေးပွဲတက်ရောက်ဖို့ နာရီဝက်ပဲလိုတော့တယ် "

ထိုအခါမှ ဧကရာဇ်မောင် ဒီနေ့ရဲ့ရက်စွဲကိုကြည့်လိုက်ပြီး စာချုပ်ချုပ်ဖို့ကိစ္စရှိနေတာကို သတိရသွားသည် ။ ဒါပေမဲ့ ၉ နာရီမှာ ကလေးကျောင်းမှာ သားလေးနဲ့မုဒြာကိုတွေ့ခွင့်ရမှာမို့ သူ့အာရုံထဲမှာ ကျန်တာဘာမှမရှိနေတော့ပေ ။

" သက်မောင် …  အဲ့ပရော့ဂျက်ကို မင်းပဲဦးဆောင်လိုက် "

" ဒါပေမဲ့ … ဒါကနိုင်ငံခြားဧည့်သည်တော်တွေကိုယ်တိုင်လာရောက်ပြီး မြေနေရာရင်းနီးမြှုပ်နှံမှုစာချုပ်ချုပ်မှာမို့ သူဌေးကိုယ်တိုင်သွားမှရမှာ "

အရင်က အလုပ်ကိစ္စကလွဲပြီး ဘာကိုမှစိတ်မဝင်စားတဲ့ ဧကရာဇ်မောင်က ခုတော့ အလွန်အရေးကြီးတဲ့ပရောဂျက်ကို နည်းနည်းလေးမှပင် ဂရုမစိုက်တော့ပေ ။

" ငါမအားဘူး … ငါ့မှာစီးပွားရေးထက်အရေးကြီးတဲ့အလုပ်ရှိတယ် … အဲ့မြေကွက်တွေကိုငါမရလဲ ထူးပြီးအခွင့်အရေးဆုံးရှုံးတာမှမဟုတ်တာ … သူတို့ဘက်ကငါမလာလို့ ကမ်းလှမ်းမှုကို ပြန်ရုတ်သိမ်းမယ်ဆိုလဲလက်ခံလိုက် … ငါအတွက်အရေးမကြီးဘူး "

" ဒါပေမဲ့ … "

သက်မောင်ရဲ့စကားကို နားမတောင်တော့ပဲ ဧကရာဇ်မောင်ဟာ နာရီကိုကြည့်ပြီး ရေးကြီးသုတ်ပြာနှင့်ထွက်သွားလေတော့သည် ။

သက်မောင်ကတော့ သခင်ဖြစ်သူရဲ့အတွေးတွေကို နာမလည်နိုင်သလို ဒီလိုအမြတ်အစွန်းတွေအများကြီးရနိုင်တဲ့အခွင့်အရေးထက် အရေးကြီးတဲ့အရာက ဘာများဖြစ်မလဲ တွေးရင်းကျန်နေရစ်ခဲ့သည် ။

ဧကရာဇ်မောင် အမြန်နှုန်းတင်ပြီး ကျောင်းသို့ ၉ နာရီမထိုးမှီအရောက်လာခဲ့သည် ။ အိမ်တော်ကနေ မြို့ထဲကိုရောက်ဖို့ နာရီဝက်လောက် ကားစီးရပေမဲ့ ဧကရာဇ်မောင်က မိနစ် ၂၀ နှင့်ရောက်အောင် အမြန်နှုန်းတင်ပြီးမောင်းလာခဲ့သည် ။

သူ့ရဲ့ခန့်ညားလှတဲ့အနက်ရောင်ကားကြီးကို  ကျောင်းရဲ့အနီးနားကဂိုထောင်တစ်ခုမှာ လုံခြုံရေးတွေထံအပ်ခဲ့ပြီး ကျောင်းပေါက်ဝထိ လမ်းလျှောက်လာခဲ့သည် ။

ခုသူ့ရဲ့ပုံစံက သာမာန်အရပ်သားပုံစံဝတ်ဆင်ထားပြီး အနက်ရောင်ဦးထုတ်တစ်လုံးကိုဆောင်းထား၍ ချောမောပြီး ကြည့်ကောင်းယုံကလွဲ၍ ဥက္ကဌတစ်ယောက်မှန်း ဘယ်သူမှမသိနိုင်ကြပေ ။ ရုပ်ဖျက်စွမ်းရည် တိုးတက်လာပြီလို့ဆိုရမည် ။

ဧကရာဇ်မောင် ကျောင်းထဲသို့မဝင်သေးပဲ အပေါက်ဝနားမှာရပ်နေပြီး မုဒြာထွက်လာမည့် လမ်းချိုးလေးဘက်သို့ မျှော်ကာကြည့်နေမိသည် ။ အချိန်တိကျစွာပင် ၉ နာရီထိုးတော့ လမ်းချိုးလေးထဲကနေ စက်ဘီးလေးတစ်စီးထွက်လာသည် ။

မုဒြာရဲ့ဆံနွယ်လေးတွေက လေထဲမှာဝဲပျံနေပြီး မျက်နှာရဲ့အလှက ထင်ရှားစွာပေါ်လွင်နေသည် ။ အရင်နှစ်တွေကထက် မုဒြာ မျက်နှာလေးပိုသေးကာ အတော်လေးဝိတ်ကျသွားပုံပေါ်သည် ။

သားငယ်လေးက မုဒြာရဲ့အရှေ့က ထိုင်ခုံးလေးပေါ်မှာထိုင်လိုက်လာပြီး လက်လေးတွေကိုဖြန့်ကာ ပျော်မြူးနေသည် ။ ချစ်စရာကောင်းလွန်းတဲ့ ထိုလူသားလေး ၂ ယောက်အား ဧကရာဇ်မောင် သတိလက်လွတ်ဖြင့်ငေးကြည့်နေမိသည် ။

စက်ဘီးလေးသူ့အရှေ့က ဖြတ်မောင်းသွားတော့မှ ဧကရာဇ်မောင် သတိပြန်ဝင်လာခဲ့သည် ။ စက်ဘီးပေါ်က ကလေးငယ်လေးက ဘေးနားမှာရပ်နေတဲ့ ဧကရာဇ်မောင်ကိုမြင်တော့ လက်ပြကာ နှုတ်ခွန်းဆက်လာသည် ။

" ဦးဦး … မင်ဂါပါ "

သားလေးရဲ့ နှုတ်ချိုပြီးပြုံးရွှင်နေတဲ့မျက်နှာလေးကိုမြင်တော့ ဧကရာဇ်မောင် ရင်ထဲမှာ နွေးကနဲဖြစ်သွားကာ ပွေ့ဖက်ထားချင်နေမိသည် ။ သူကလဲပြန်ပြီးနှုတ်ဆက်လိုက်တော့ သားလေးကသွားဖြူဖြူလေးတွေပေါ်သည်ထိ ပြုံးသွားသည် ။

" ဦးဦး ကုကုနဲ့တူတူလာကစားတာလား "

သားလေးက စကားစပြီးမေးလာတော့ ဧကရာဇ်လဲ သာလေးအနားသွားကာ ခေါင်းလေးကို အသာအယာလေးပုတ်ပေးလိုက်ကာ ……

" ဦးဦးက သားသားတို့ကို အဖော်လာပြုပေးတာ … မပျော်ဘူးလား "

" ပျော်တယ် … ကုကုက ဦးဦးကိုလွမ်းနေတာ  ဦးဦးပေးတဲ့ကားကားကြီးနဲ့ အပြင်မှာသွားမောင်းချင်သေးတယ် … ဒါပေမဲ့ ပါပါးက ခွင့်ပြုဘူး "

" ဒါဆို ကျောင်းပိတ်တဲ့နေ့ကျရင် ဦးဦးလာခေါ်ပေးမယ် … နောက်ထပ်ဘယ်ကိုသွားချင်သေးလဲ "

ကုကုလေးက မျက်လုံးလေးတွေလပ်ကာ ပျော်သွားပြီး သွားချင်တဲ့နေရာတွေကိုပြောလာတော့သည် ။

" ကုကုကစားကွင်းသွားချင်တယ် ဦးဦး … ပြီးတော့ ပန်းခြံကိုလဲသွားမယ် …  ပြီးတော့ ကုကုသူငယ်ချင်းတွေပြောတဲ့ ပွဲတော်ဈေးကိုလဲသွားချင်တယ် … အဲ့မှာမိုးပျံပူဖောင်းတွေရော ရုပ်ရုပ်တွေရောအားကြီးပဲတဲ့ "

ဧကရာဇ်က သားလေးအားရပါးရပြောနေတာလေးကိုကြည့်ကာပြုံးလိုက်ပြီး အားလုံးကို လိုက်ပို့ပေးမည်ဟု ကတိပေးလိုက်သည် ။

မုဒြာက စက်ဘီးရပ်လိုက်ပြီးကတည်းက ကျောင်းတံခါးစောင့်ဦးလေးကြီးထံ စကားတွေပြောကာ  ဧကရာဇ်မောင်အား လှည့်ပင်မကြည့်ပေ ။ တံခါးစောင့်ဦးလေးကြီးက  ဧကရာဇ်မောင်အား ညွှန်ပြကာ မေးလာသည် ။

" ဟိုလူက မင်းနဲ့အတူလာတဲ့သူဆိုတာ သေချာရဲ့လား … သူ့ပုံစံက ထူးဆန်းတယ် "

မုဒြာက အနောက်သို့ ဖြတ်ခနဲတစ်ချက်သာကြည့်လိုက်ပြီး …

" သူလဲအကူလာတဲ့သူပါ "

ထိုအခါမှ တံခါးစောင့်က သူတို့ကို တံခါးဖွင့်ပြီး ဝင်ခွင့်ပေးလိုက်သည် ။ ကျောင်းမှာက မသိနားမလည်သေးတဲ့ ကလေးငယ်တွေများစွာရှိတာကြောင့် မိသားစုဝင်နဲ့တာဝန်ကျသူတွေကလွဲပြီး ကျောင်းတံခါးကိုဖွင့်မပေးချေ ။ ဒါကကလေးငယ်တွေလုံခြုံစေဖို့အတွက် ချမှတ်ထားတဲ့ စည်းကမ်းတစ်ခုဖြစ်သည် ။

ဧကရာဇ်မောင်က မနေ့ကမှခန့်အပ်ထားသည့်အကူဖြစ်တာကြောင့် သူ့မှာဝင်ထွက်ခွင့်ကဒ်ပြားမရှိသေးပေ ။ ဒါကြောင့်မုဒြာရဲ့အကူအညီနဲ့မှသာ ဝင်ခွင့်ရသည် ။

မုဒြာက သားလေးကို သူ့ရဲ့အတန်းထံပို့ပေးခဲ့ပြီး မုန့်လုပ်သည့်အဆောင်သို့ထွက်လာခဲ့ကြသည် ။ ဧကရာဇ်မောင်ကတော့ မုဒြာအနောက်ကနေ တိတ်တဆိတ်သာ လိုက်ပါလာသည် ။

အခန်းလေးထဲဝင်လာတော့ လေ့ကျင့်သည့်အချိန်မရောက်သေး၍ လူတွေရှင်းလင်းနေပြီး သန့်ရှင်းရေသမား ၂ ယောက်လောက်သာရှိနေသည် ။

" ဆရာလေး … ရောက်လာပြီလား "

ခပ်ဝဝသန့်ရှင်းရေးဝန်ထမ်းဦးလေးတစ်ယောက်က မုဒြာကိုမြင်တော့ နှုတ်ဆက်လိုက်သည် ။ ခုချိန်မှာ မုဒြာက အလွန်လူချစ်လူခင်ပေါကာ လူတိုင်းနှင့် ပနံသင့်စွာ နေထိုင်တတ်နေပြီ ။

" ဦးလေးလဲ စောစောရောက်နေတာပဲ … သန်ရှင်းလို့ရော ပြီးသွားပြီလား "

" ဟုတ်ကဲ့ … ခုပဲအပြီးသပ်နေတာပါ … ဒါ ဒါဆို သွားလိုက်ပါဦးမယ်  "

အနောက်ကကပ်ပါလာတဲ့လူရဲ့ အရှိန်အဝါက ပြင်းလွန်း၍ ဦးလေးကြီးလဲ နှုတ်ဆက်ကာ ချက်ချင်းရှောင်ထွက်သွားသည် ။

ထိုအခါမှ မုဒြာသူ့ရဲ့ကျောဘက်က အေးဆိမ့်ဆိမ့်အငွှေ့အသက်ကိုရရှိလာ၍ လှည့်ကြည့်လိုက်တော့ အလွန်နီးကပ်လှတဲ့ ဧကရာဇ်မောင်ရဲ့ ရင်အုံကြီးနဲ့ တိုက်မိသွားပြီး ဟန်ချက်ပျက်လာ လဲကျမလိုဖြစ်သွားသည် ။

" အ့ "

မုဒြာရဲ့ပုခုံးလေးအား ဧကရာဇ်မောင်က ဖမ်းဆုတ်ကာ ထိန်းကိုင်လိုက်ပြီး အသံချိုချိုလေးဖြင့် ဆိုလိုက်သည် ။

" သတိထားမှပေါ့ "

ထိုအခြေအနေကြောင့် မုဒြာက ထိတ်ထိတ်လန့်လန့်နဲ့ ပြူးပြာသွားကာ ဧကရာဇ်လက်ကနေရုန်းထွက်လိုက်ပြီး …

" ခများသတိပေးစရာမလိုပါဘူး … ခများသာကျွန်တော်နဲ့ဝေးဝေးမှာနေပါ "

" ခုပဲမင်းလဲတော့မလိုဖြစ်သွားလို့ ကိုယ်ထိန်းကိုင်ပေးထားရတာလေ … ဘာကြောင့် ကိုယ်ကလိုက်ပြီးနှောက်ယှက်နေသလိုမျိုး ပြောရတာလဲ "

ဧကရာမောင် မုဒြာကိုယ်လေးအား ထိကိုင်လိုက်တဲ့တစ်ခနမှာ နှစ်တွေအကြာကြီး လွမ်းဆွတ်တမ်းတနေခဲ့ရသည့် ထိတွေ့မှုလေးကို လက်မလွှတ်ချင်ဖြစ်လာသည် ။

နှစ်ရှည်လများသူရှာဖွေနေခဲ့သည့် လူသားလေးက သူ့ရဲ့အရှေ့မှာရပ်နေပြီး သူနဲ့အလွန်နီးကပ်စွာရှိနေသည် ။ မုဒြာကိုယ်ရဲ့ အငွေ့အသက်လေးတွေကို ဘယ်လောက်ပင် ဖုံးကွယ်ထားပါစေ ဧကရာဇ်မောင် ခံစားလို့ရသည် ။ မုဒြာ ဘယ်လောက်ပင် မသိဟန်ဆောင်နေပါစေ ဧကရာဇ်ရဲ့နှလုံးသားက မုဒြာကိုမှတ်မိနေဆဲပင် ။

ရုတ်တရပ် ဧကရာဇ်မောင် လွမ်းဆွတ်မှုတွေကို ဆက်ပြီးမထိန်းချုပ်ထားနိုင်တော့ပဲ သူ့ရဲ့လက်တွေက မုဒြာခါးပေါ်ရောက်လာပြီး ပွေ့ဖက်ကာ သူ့ရဲ့ကြီးမာသည့် ရင်အုံကြီးနှင့် အုပ်မိုးလိုက်လေတော့သည် ။

အနောက်ကနေတင်းကြပ်စွာဖက်သွယ်လာခြင်းကြောင့် မုဒြာတစ်ကိုယ်လုံး ခဲတောင့်သွားသည် ။ ခုချိန်မှာ သန့်ရှင်းရေးတွေအားလုံး ထွက်ခွာသွား၍ အခန်းထဲမှာ ဧကရာဇ်မောင်နဲ့မုဒြာ ၂ ယောက်သာရှိနေတော့သည် ။

" …… "

အထိအတွေ့တွေကြောင့် မုဒြာရဲ့ကိုယ်က တဖြေးဖြေးပူလာပြီး သည်းမခံနိုင်တော့သည့်အဆုံး ဧကရာဇ်မောင်အား အဝေးသို့တွန်းထုတ်လိုက်သည် ။ အရှိန်ကပြင်း၍ အနောက်မှာရှိနေတဲ့ ဂျုံမုန့်နယ်သည့်စားပွဲနဲ့ ဧကရာဇ်ခါး ဆောင့်မိကာ အသံမြည်သွားသည် ။

ထိုစဉ်အခန်းတွင်းခနမျှတိတ်ဆိတ်သွားပြီး ဧကရာဇ်က သူ့အားအနည်းငယ်ကြောက်ရွံ့ပုံပေါ်နေတဲ့ မုဒြာအားကြည့်ကာ အနူးညံ့ဆုံးသော လေသံဖြင့် ဆိုလိုက်သည် ။

" မုဒြာ … မင်းကိုယ့်ကိုကြောက်နေဦးမယ်ဆိုတာ ကိုယ်သိပါတယ် … ဒါပေမဲ့ ခုကိုယ်အားလုံးကောင်းသွားပြီ … အရင်ကလိုမဟုတ်တော့ဘူး "

ထိုစကားကြားတော့ တစ်ဖက်က ချက်ချင်းပဲ ငြင်းဆန်လာသည် ။

" ခများဘာတွေပြောနေတာလဲ … ကျွန်တော်ဘာမှမသိဘူး … ပြီးတော့ ခုလိုလုပ်နေတာတွေကို ရပ်တန်းကရပ်ပါ … မဟုတ်ရင်ခများကိုရဲတိုင်ရလိမ့်မယ် "

" ကိုယ်မင်းကို အန္တရာယ်မပေးပါဘူး … ဒီတိုင်း "

" ကျွန်တော် လူတွေနဲ့ထိတွေ့ရတာကိုမုန်းတယ် … ထပ်ပြီးစောစောကလိုပြုမူမယ်ဆိုရင် ကျွန်တော့ရှေ့ကိုနောက်ထပ်ပေါ်မလာနဲ့တော့  "

ဧကရာဇ်မောင်က မုဒြာကို သူ့ရဲ့ရင်ခွင်ကြား ထပ်မံဆွဲမပွေ့မိအောင် သူ့ရဲ့လက်တွေကိုထိန်းချုပ်တဲ့အနေနဲ့ စားပွဲခုံအား တင်းကြပ်စွာ ကိုင်ဆောင်ထားသည် ။ မုဒြာသူ့ကို လုံးဝမုန်းပြစ်လိုက်တာကိုသိရတော့ ဝမ်းနည်းသွားသည် ။

" မင်းကိုယ့်ကို ဘယ်လောက်မုန်းမုန်း ကိုယ်ကတော့မင်းကို ဘယ်တုန်းကမှ မေ့မရခဲ့ဘူးမုဒြာ "

ဧကရာဇ်မောင် သနားစဖွယ်မျက်နှာငယ်လေးနဲ့ပြောလာတော့ မုဒြာဆက်ပြီးမငြင်းဆန်တော့သလို အကြည့်တွေကိုလဲ ရှောင်ဖယ်လိုက်ပြီး လုပ်စရာရှိတာတွေကိုသာ စတင်လုပ်နေတော့သည် ။

ဧကရာဇ်မောင်ကလဲ ဒီအချိန်က စကားတွေဆက်ပြီးပြောနေလဲ အပိုပဲမို့ ဖြေးဖြေးချင်းသွားဖို့ ဆုံးဖြတ်လိုက်သည် ။ ခုချိန်ကနေစပြီး ဘယ်လောက်ပင်ခက်ခဲနေပါစေ မုဒြာကိုပြန်ပြီး ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားတော့မည်ပင် ။

တစ်ခနကြာတော့ ဆရာမလေး ၂ ယောက်နဲ့အတူ ကျောင်းသား အယောက် ၂၀ ခန့်က အခန်းထဲသို့ဝင်လာကြသည် ။ အများစုက ၅ နှစ် ၆ နှစ်အရွယ်ရှိပြီး ကုကုလေးနဲ့ရွယ်သူ ၄ နှစ်အရွယ် ကလေး ၅ ယောက်ပါလာသည် ။

" ဆရာလေး ကလေးတွေကို အေးအေးဆေးဆေးသင်ပေးလို့ရပါတယ် … ကျွန်မဆရာလေးလက်ထဲ အပ်ခဲ့ပါရစေ "

" ဟုတ်ကဲ့ … ကျွန်တော်နဲ့ သူ ကလေးတွေကိုထိန်းပေးထားမှာမို့ စိတ်ချလက်ချထားခဲ့ပါ "

ဆရာမတွေက နောက်ထပ်ကလေးတွေစောင့်ရှောက်ဖို့ရှိနေသေး၍ ထွက်သွားလေသည် ။  ကလေးငယ်တွေက ခုံနေရာအသီးသီးမှာဝင်ထိုင်လိုက်ကြပြီး စိတ်ပါဝင်စားစွာဖြင့် စတင်သင်ယူဖို့ပြင်ကြလေသည် ။

မုဒြာက ကလေးတွေရဲ့အရှေ့မှာရပ်ကာ လက်တွေ့လုပ်ပြနေသည် ။ ဧကရာဇ်မောင်က သင်ယူနေစဉ် ကလေးတွေမဆော့အောင်ထိန်းဖို့နဲ့ လေ့ကျင့်ဖို့ လိုအပ်သည့် ဂျုံနှင့်တစ်ခြား ပါဝင်ပစ္စည်းတွေကို ယူပေးဖို့တာဝန်ယူထား၍ ဘေးကနေ ရပ်စောင့်ပေးရသည် ။

မုဒြာကလေးတွေကို သင်ကြာပေနေချိန်တစ်လျှောက်လုံး ဧကရာဇ်မောင်က မုဒြာကိုသာငေးကြည့်နေသည် ။ သူသိလိုက်ရတာက ခုမုဒြာဟာ ပုံစံပါမက သူ့ရဲ့အမူအကျင့်အပြောအဆိုတွေပါ တစ်ခြားလူတစ်ယောက်အသွင် ပြောင်းလဲသွားပြီး သွက်လက်ကာ ဧကရာဇ်မောင်မမြင်ဖူးသည့်ပုံစံအသစ်မို့ ရင်ခုန်သံတွေပိုလို့ပင် မြန်ဆန်လာရသည် ။

အရင်က အိမ်ထဲမှာပဲနေပြီး လူတွေကိုကြောက်ရွံ့ကာ အပြင်ထွက်ရတာမကြိုက်တဲ့အရှုံးသမားလိုပုံစံက ခုတော့လူတွေကိုအပြုံးလေးနဲ့ဆွဲဆောင်ပြီး ချစ်ခင်အောင်နေတတ်လာသည် ။ ကလေးတွေကိုငြိမ်သက်အာင် စိတ်ဝင်စားစရာတွေပြောပြပြီး ထိန်းထားနိုင်သည် ။

ဧကရာဇ်မောင်အချိန်အကြာကြီးသိခဲ့တဲ့ လောကကြီးကိုမမြင်ပဲ သူ့တစ်ယောက်တည်းကိုသာကြည့်နေခဲ့တဲ့ကပ်ပါကောင်လေးက ခုတော့လူတွေအလယ်မှာ တောက်ပစွာရယ်မောကာ ဘယ်အရာကိုမှကပ်သွယ်မနေတော့ပဲ တစ်ယောက်တည်ပြီးပြည့်စုံစွာ ရှင်သန်နေနိုင်ခဲ့ပြီ ။

လရောင်ကိုအားကိုးပြီးမှ ပွင့်လန်းလာတဲ့ကုမုဒြာပန်းကလေးက ခုတော့နေ့ဘက်တွေမှာ နေရောင်ခြည်အောက်၌ လူတွေအားလုံးရဲ့အကြည့်တွေကို ဆွဲဆောင်နိုင်တဲ့ ပန်းလေးတစ်ပွင့် ဖြစ်လို့လာခဲ့ပြီ ။

" ဦးဦး "

ကလေးလေးတစ်ယောက်ရဲ့ ကျယ်လောင်လှတဲ့အော်ခေါ်သံကြားမှ ဧကရာဇ်မောင် အသိပြန်ဝင်လာသည် ။

" ဦးဦး မုန့်မုန့်လုပ်တော့မယ် … လာကူညီပေး "

ခုချိန်မှာ မုဒြာက သင်ပြလို့ပြီးဆီးသွားပြီမို့ လက်တွေ့လေ့ကျင့်ရန်ပြင်နေကြသည် ။ မုဒြာအခန်းပြင်ခနထွက်သွားတော့မှ ဧကရာဇ်မောင်လဲ သူ့ရဲ့အလုပ်စတင်ချိန်ရောက်ပြီမို့ ဘေးနားကဂျုံအိပ်ကို လက်တစ်ဖက်ထည်းနဲ့ ဆွဲယူပြီး ကလေးငယ်တွေရဲ့ရှေ့ကခွက်ထဲကို ထည့်ပေးနေသည် ။

ကုကုလေးအလှည့်ရောက်တော့ ဧကရာဇ်က ဂျုံတွေထည့်ပေးနေစဉ် လက်သေးသေးလေးက ဂျုံတွေကိုကုတ်ယူလိုက်ကာ ဧကရာဇ်ထံသို့ ပတ်ဖြန်းလိုက်သည် ။

" အား ဟား ဟား … ဦးဦးလူဆိုးကြီးကို တိုက်ခိုက်မယ်  "

ဦးထုတ်ဆောင်းထားဆဲမို့ မျက်နှာကိုသိပ်ပြီးမပေလိုက်ပေမဲ့ ဂျုံမုန့်ဖြူဖြူတွေက ဧကရာဇ်ရဲ့ကိုယ်ပေါ်မှာ ပြန့်ကျဲနေသည် ။ ထိုစဉ် ဘေးနားက ကလေးငယ်တွေကပါ ပျော်ရွှင်စွာဖြင့်ရယ်မောရင်း တောင်းကျန်းမှုတို့ စတင်လေတော့သည် ။

မုဒြာတစ်ယောက်ထည်း ထိန်းနေစဉ်က ကလေးတွေထိုသို့မပြုမူကြပဲ မုဒြာမျက်နှာမျက်နှာလွှဲလိုက်စဉ် ဧကရာဇ်မောင်ကူညီတော့မှ သူ့တို့အနိုင်ကျင့်လို့ရတဲ့အရုပ်တစ်ရုပ်ပမာ ဂျုံမှုန့်တိုက်ကွက်တွေနဲ့ စတင်ပြစ်ခပ်ကြသည် ။

တစ်ခနအကြာမှာပဲ ဆူညံသံတွေနဲ့အတူ အခန်းတစ်ခုလုံး ဂျုံမှုန့်တွေပြန့်ကျဲနေပြီး လူတိုင်းရဲ့မျက်နှာမှာ ဂျုံမှုန့်တွေ ပေကုန်သည် ။ အားလုံးရဲ့ပြစ်မှတ်ဖြစ်တဲ့ ဧကရာဇ်မောင်ကတော့ တစ်ကိုယ်လုံးဂျုံတွေပေလူးကုန်သည် ။

အကြည့်တစ်ချက်နဲ့တင် လူတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ သခင်ကြီးဧကရာဇ်မောင်တစ်ယောက် ကလေးတွေရဲ့ဝိုင်းဝင်းတိုက်ခိုက်ခြင်းကိုခံရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ ။ တိုက်ပွဲကိုဦးဆောင်နေသူက သူ့ရဲ့သားလေး ကုဌေးရှင်းခန့်ဖြစ်နေ၍ ဘာမှပင်မလုပ်နိုင်ပဲ ငြိမ်ခံနေရသည် ။

" ဟူး … တော်ပြီကွာမင်းတို့တွေ … ဦးဦးအရှုံးပေးပြီ ဟုတ်ပြီလား … ကစားနေတာရပ်တော့ "

" ဦးဦးရှုံးပြီ … ကုကုတို့နိုင်ပြီ ရေး "

ခုံပေါ်မှာထရပ်ကာ ဂျုံတွေပေလူးနေတဲ့ကိုယ်သေးသေးလေးနဲ့ ကုကုလေးက အားရဝမ်းသာ ထအော်သည် ။ ဂျုံမှုန့်တွေကြောင့် ဧကရာဇ်မောင် အသက်ရှူပင်ကြပ်နေပြီး ကုကုလေးနဘေးဝင်ထိုင်လိုက်ကာ သူ့သားတော်ကြောင်း လက်မထောင်ပြီး ထောက်ခံလိုက်သည် ။ တကယ်လဲသူပင်မရှောင်ဖယ်နိုင်အောင် အဆက်မပျက်ဂျုံမှုန့်တွေနဲ့ ပြစ်ပေါက်နေခဲ့သည် ။

' ဒုံး '

" ဒါကဘာတွေဖြစ်ကုန်တာလဲ "

တံခါးဖွင့်ပြီးဝင်လာတဲ့မုဒြာ အခန်းတစ်ခုလုံး ဖြူဖွေးပြီးပြန့်ကြဲနေ၍ ဒေါသတကြီးမေးလိုက်သည် ။ ကလေးတွေအားလုံးက သူတို့အပြစ်သူတို့ သိတာမို့ ကြောက်ရွံ့နေကြသည် ။

မုဒြာက နံရံမှာထောင်ထားတဲ့ကြိမ်လုံးကို ဆွဲယူလိုက်ပြီး စားပွဲခုံးအား ဒုံးကနဲမည်အောင်ရိုက်ကာ ထပ်မံမေးမြန်းလိုက်သည် ။

" ဒါတွေကို ဘယ်သူစပြီးဖွတာလဲ "

" သူတို့ "

အားလုံးကတစ်ညီတစ်ညွတ်ထည်း ကုကုလေးနဲ့ဧကရာဇ်တို့ထံလက်ညှိုးထိုးပြလာသည် ။ မုဒြာက ကို့သားအကြောင်းကိုယ်သိနေ၍ ဆက်ပြီးမမေးမြန်းတော့ပဲ ကုကုလေးအား ဆူလေတော့သည် ။

" ကုဌေရှင်းခန့် … ပါပါးဘာပြောထားလဲ "

" ကျောင်းရောက်ရင် ဆူဆူညံညံလုပ်ရဝူး … အပြေးရဝူး … အဆော့ရဝူး … ရန်အဖြစ်ရဝူး "

" ခုမင်းဘာအပြစ်လုပ်ခဲ့လဲ "

" ကုကုဘာအပြစ်မှလုပ်ဝူး "

မုဒြာက ကို့နှဖူးကိုသာပြန်ရိုက်ပြစ်ချင်တော့သည် ။ တစ်ခြားကလေးတွေက အပြစ်လုပ်ဖို့ကိုသတ္တိမရှိပဲ ကို့သားလေးကသာ ဦးဆောင်ပြီးအပြစ်တွေလုပ်နေသည် ။ ပြဿနာတစ်ခုခုဖြစ်တိုင်း ဘယ်သူလဲလို့မေးစရာမလိုအောင် ကုကုလေးက ပွဲတိုင်ကျော်ဖြစ်နေ၍ပင် ။

" ကို့အပြစ်ကိုမသိတာက အပြစ်တစ်ခုပဲ … စားစရာလုပ်တဲ့ဂျုံတွေနဲ့ဆော့တာကအပြစ်တစ်ခု … ခု အပြစ် ၂ ခုဖြစ်သွားပြီး … ခုချက်ချင်းထလာပြီး အရှေ့မှာဒူးထောက်ထိုင်ပြီး အပြစ်ခံယူ "

ကုကုလေးက သူ့အပြစ်သူသိသွားပြီး မငြင်းဆန်တော့ပဲ ချက်ချင်းထလာကာ အရှေ့မှာဒူးထောက်ထိုင်ကာ နားရွက်လေးကို လက် ၂ ဖက်ဖြင့်ဆွဲထားသည် ။ ကုကုလေးအပြစ်ပေးခံနေရတာကို ဘယ်သူမှမလှောင်ရယ်ရဲကြပဲ သူတို့ပါအပြစ်ပေးခံရမှာကြောက်ပြီး ငြိမ်နေကြသည် ။

ထိုစဉ် မုဒြာက ဧကရာဇ်မောင်အားကြည့်ကာ ဆိုလိုက်သည် ။

" ခများရောပဲ … ကို့အပြစ်ကိုမသိဘူးလား … အပြစ်လာခံယူ "

ဧကရာဇ်မောင်က ဂျုံတွေပေနေပြီး လူရုပ်ပါပျောက်နေတဲ့သူ့ကိုယ်သူညွှန်ပြလာပြီး …

" ကိုယ်ရောလား "

" ဒီနားမှာ ဘယ်သူရှိသေးလို့လဲ … ကလေးတွေကိုငြိမ်အောင်မထိန်းတဲ့အပြင် ခများကပါဝင်ပြီးဆော့လိုက်သေးတယ် … အပြစ်ပေးခံသင့်တယ်မထင်ဘူးလား "

" အာ … ကိုယ်တောင်းပန်ပါတယ် … အပြစ်ခံယူပါ့မယ် "

ဧကရာဇ်မောင်က ထလာပြီး ကုကုလေးနဘေးမှာ ဒူးထောက်ထိုင်ချလိုက်ကာ ကုကုလေးအတိုင်း သူ့နား ၂ ဖက်ကို လက်ဖြင့်ကိုင်ထားလိုက်သည် ။ သန်မာလှတဲ့လူကြီး ကလေးလေးလိုအပြစ်ပေးခံရတာမြင်တော့ ကြောက်ပြီးငြိမ်နေတဲ့ကလေးတွေအားလုံး မအောင့်နိုင်တော့ပဲ ဟားတိုက်ကာ ရယ်ချပြီး ပွဲကျနေလေတော့သည် ။

ထိုမြင်ကွင်းကြောင့် မုဒြာကိုယ်တိုင်လဲ အနည်းငယ်ရယ်မိသွားပေမဲ့ ချက်ချင်းပဲ မျက်နှာထားကိုပြန်တည်လိုက်သည် ။ ဧကရာဇ်မောင်က မုဒြာရယ်လိုက်တာကို မြင်လိုက်ရ၍ ဒီအနေအထားကရှက်ဖို့ကောင်းပေမဲ့ သူ့လုပ်ရပ်ကိုသူ ကျေနပ်သွားသည် ။ ထိုစဉ် မုဒြာထံက တည်ငြိမ်သောစကားသံ ထွက်ပေါ်လာသည် ။

" ခများဒါကအပြစ်ခံယူတယ်လို့ထင်နေတာလား … ခများအပြစ်ဒါဏ်က ဒီအခန်းတစ်ခုလုံးကို ပြန်ပြီး သန့်ရှင်းရေးလုပ်ရမှာကိုပြောတာ  "

" အာ ကိုယ်နားလည်ပြီ … ချက်ချင်းလုပ်လိုက်ပါ့မယ် "

မုဒြာအပြုံးလေးကို မြင်ခွင်ရလိုက်၍ ဧကရာဇ်မောင်စိတ်တွေက ရွှင်လန်းနေပြီး တစ်ယောက်ထည်း  ကြမ်းတိုက် ခုံသုတ်သည့်အလုပ်တွေကို လူစားထိုးခံရသည့်အလား တက်ကြွစွာလုပ်နေလေတော့သည် ။

ဧကရာဇ်မောင်တစ်ယောက် သန့်ရှင်းရေးလုပ်ပြီးသွားချိန်မှာ တစ်ဖက်အခန်းတွင်မုဒြာလဲ ကလေးလေးတွေအားလုံး သင်ကြားမှုအပေါ်  စိတ်ပါဝင်စားအောင် ထိန်းနိုင်လိုက်လေပြီ ။

ကုကုလေးက ရှေ့ဆုံးခုံမှာထိုင်နေပြီး ဂျုံမှုန့်တွေကို ရေလောင်းကာလက်ဖြင့်နယ်နေရသည့်အပေါ် အလွန်ပျော်ရွှင်ကာ မုဒြာသင်ပြသည့်အတိုင်း လုပ်ဆောင်နေသည် ။

ကျန်ကလေးငယ်လေးများကလဲ အချင်းချင်းဖေးမကူညီရင်း ဂျုံလုံးလေးဖြစ်သည်ထိ ပြုလုပ်နေကြသည် ။

" ဦးဦး … ဒီနေ့ဘယ်မုန့်ကိုအရင်သင်မှာလဲဟင် "

မုဒြာက လက်နုနုလေးနဲ့ ဂျုံတွေကို ကျွမ်းကျင်စွာနယ်နေရင်း ကလေးမလေးတစ်​ယောက်ရဲ့အမေးကိုကြားတော့ ပြုံးကာ ပြန်ဖြေလိုက်သည် ။

" ဒီနေ့ ပေါင်မုန့်ဖုတ်နည်းကို အရင်သင်ပေးမယ် "

" ဘယ်လိုပေါင်မုန့်လဲဟင် "

" ပေါင်မုန့်က အမျိုးမျိုးရှိတယ် … ဒီနေ့ရိုးရိုးပေါင်မုန့်ကိုမှ အရုပ်လေးတွေပုံပေါ်အောင်ဖော်ကြမယ် … ပြီးရင် အပေါ်ကနေ ခရင်မ်နဲ့ အလှဆင်မယ်  "

" အဲ့ဒါက ခက်လားဟင် … သမီးရဲ့ဂျုံလုံးက အဆင်မပြေဘူး ဦးဦး "

မုဒြာက သတ္တိရှိရှိမေးမြန်းလာတဲ့ ၅ နှစ်အရွယ်ကလေးမလေးရဲ့စားပွဲရှေ့က ဂျုံနယ်သည့်ခွက်ကိုကြည့်လိုက်တော့ ဂျုံမှုန့်တွေက လုံးမနေသေးပေ ။ သူကလိုအပ်ချက်ကို ပြောပြလိုက်သည် ။

" ခုသမီးရဲ့ဂျုံလုံးက ရေနည်းနေသေးတယ် … ရေကိုဇွန်းနဲ့ ၂ ဇွန်းလောက်ထည့်ပြီး လုံးသွားအောင်နယ်လိုက် "

ကလေးမလေးက မုဒြာသင်ပြသည့်အတိုင်း လုပ်ဆောင်လိုက်တော့ အဆင်ပြေသွားသည် ။ ကျန်တဲ့ကလေးငယ်လေးတွေကလဲ သူတို့အဆင်မပြေတာတွေကို မုဒြာပြောပြသည့်အတိုင်းနည်းယူပြီးပြုလုပ်ချိန်မှာ အားလုံးမုန့်လုပ်ရန်အဆင်သင့်ဖြစ်သွားကြသည် ။

" ရေး … ပြီးသွားပြီ "

" ဟုတ်ပြီ … ဂျုံကိုလုံးပြီးပြီဆိုရင် ဦးဦးပြတဲ့အတိုင်း အရှေ့မှာချထားတဲ့ပုံစံခွက်လေးတွေထဲကိုတည့်ပြီး ဖုတ်ရမယ် … မဖုတ်ခင်မှာ ဂျုံလုံးကိုကြိုက်တဲ့ပုံဖော်လို့ရတယ်  "

" ဦးဦး … ဒီမုန့်တွေကိုဖုတ်ပြီးရင် ယူလို့ရလားဟင် "

" ရတာပေါ့ … သားတို့သမီးတို့ အချစ်ရဆုံးသူတွေကို ကြွေးဖို့ယူသွားလို့ရတယ် … ပြီးတော့ပထမဆုံးအဆင့် မုန့်ဖုတ်ရာမှာ အကောင်းဆုံးပြုလုပ်နိုင်တဲ့သူကို ဦးဦးကလဲဆုချဦးမှာ "

" ဝါး … ပျော်စရာကြီး "

ကလေးလေးတွေရဲ့မျက်လုံးလေးတွေက လပ်ကနဲဖြစ်သွားကာ သင်ကြာမှုအပေါ် ပိုပြီး အာရုံစိုက်လာကြသည် ။ ဧကရာဇ်မောင်က အခန်းထဲဝင်လာကတည်းက မုဒြာအပေါ်အာရုံစိုက်ကာ ငေးကြည့်နေသည် ။

သန့်ရှင်းရေးလုပ်ပြီးသွားလို့မောသွားပေမဲ့ မုဒြာရဲ့မုန့်လုပ်နေတဲ့ပုံလေးအား မြင်နေရတော့ အမောတွေပြေသွားရပြန်သည် ။ ထိုလူသားလေးသာ သူ့အနားမှာရှိနေလျှင် ဘယ်လိုခက်ခဲပင်ပန်းချင်းတွေမဆို ဧကရာဇ်မောင် ရင်ဆိုင်နိုင်သည် ။

သူကြည့်နေတာကြာလာပေမဲ့ မုဒြာကတော့ လှည့်ကြည့်မလာပေ ။ ကလေးငယ်တွေလောက်ပင် မုဒြာရဲ့အာရုံစိုက်ခြင်းကိုမခံရတော့ ဧကရာဇ်မောင် အနည်းငယ်တော့ ဝမ်းနည်းသွားသည် ။

အတိတ်ကလို တစ်ခြားသူတွေထက် သူ့အပေါ်ကိုသာ အာရုံစိုက်နေတတ်တဲ့ မုဒြာကို ပြန်မရနိုင်တော့မှန်းသိပေမဲ့ တစ်ခြားသူတွေထက် သူ့ကိုသာလစ်လျှူရှုထားခြင်းမျိုး ခံရလောက်သည်ထိအေးစက်လိမ့်မည်ဟုတော့ မျှော်လင့်မထားမိပေ ။

ဂျုံမှုန့်တွေ တစ်ကိုယ်လုံးပေနေတဲ့ ဧကရာဇ်မောင်တစ်ယောက် အင်္ကျီအပေါ်ထည်နဲ့ဦးထုတ်ကိုချွတ်လိုက်ပြီး ကလေးတွေရဲ့ဟိုးအနောက်ဆုံးကခုံပေါ်မှာ တိတ်တဆိတ်ဝင်ထိုင်လိုက်သည် ။

သူသာ မုဒြာနှစ်သက်သည့်မုန့်လုပ်နည်းကို ကလေးတွေနဲ့အတူသင်ကြားလျှင် မုဒြာရဲ့ဂရုစိုက်မှုသေးသေးလေးကိုတော့ ရရှိလိမ့်မည်ဟုတွေးထင်လိုက်သည် ။

ထိုစဉ် ရှေ့ဆုံးခုံမှာထိုင်နေတဲ့ ကုကုလေးက နောက်ဆုံးခုံမှာထိုင်နေတဲ့ ဧကရာဇ်မောင်ကိုလှည့်ကြည့်လာပြီး အကြံတစ်ခုရကာ ခုံပေါ်ကနေထလာသည် ။ ခြေထောက်သေးသေးလေးတွေ သူ့အရှေ့မှာလာရပ်တော့မှ ဧကရာဇ်မောင် ငေးငိုင်နေရာကနေအသိဝင်လာပြီးကြည့်လိုက်သည် ။

" သားလေး "

" ဂျာ "

ကုကုလေးက မျက်နှာချိုလေးနဲ့ ချက်ချင်းတုန့်ပြန်လာသည် ။ ဧကရာဇ်မောင် လမ်းပျောက်နေစဉ် နောက်ဆုံးတော့ ကယ်တင်ရှင်လေး ပေါ်လာခဲ့ပြီ ။ ကုကုလေးလက်ထဲမှာ ပေပွနေတဲ့ဂျုံမှုန့်ခွက်ကိုမြင်တော့ ဧကရာဇ်မောင်က အလိုက်သတိနဲ့မေးလိုက်သည် ။

" ဦးဦး သားလေးကို ဘာကူညီပေးရမလဲ "

ကုကုလေးက ဧကရာဇ်မောင်အနားကပ်ကာ တိုးတိုးလေးပြောလိုက်သည် ။

" ဦးဦး ကုကုနဲ့တူတူ ပူးပေါင်းချင်လား "

" ဘယ်လိုမျိုးလဲ "

" ကုကုနဲ့တူတူ အကောင်းဆုံးမုန့်တွေနဲ့ ပါပါးကိုအံ့ဩသွားအောင်လုပ်မယ် … မုန့်ကလဲ ဦးဦးကူညီမှကုကုလုပ်နိုင်မှာ "

လူလည်လေးက အကောင်းဆုံးမုန့်တွေလုပ်နိုင်ဖို့ ဧကရာဇ်မောင်အား စစ်ကူခေါ်ချင်းဖြစ်သည် ။ ကံဆိုးတာက ဧကရာဇ်မောင်ဟာ ရုပ်ချောပြီး ထက်မြတ်တဲ့ဥက္ကဌတစ်ယောက်ဖြစ်ယုံကလွဲ၍ မုန့်တွေနဲ့ပတ်သပ်ပြီး အတွေ့အကြုံမရှိသလို ဘာတစ်ခုမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ပေ ။

ကုကုလေးနဲ့ဧကရာဇ်မောင် မဟာမိတ်ဖွဲပြီး ၁၅ မိနစ်အကြာမှာ တစ်ခြားကလေးတွေက ဂျုံလုံးတွေကို အရုပ်ပုံစံလေးတွေဖော်နေကြပေမဲ့ သူတို့ ၂ ယောက်ကတော့ ဂျုံလုံးအဆင့်ကိုပင် မရောက်ရှိသေးပေ ။ ကုကုလေးက ကြာလာတော့ စိတ်မရှည်နိုင်တော့ပေ ။

" ရား … ဦးဦးကဘာမှလဲလုပ်တတ်ဘူး "

" အဲ့ဒါက … ဦးကမှ မုန့်မလုပ်ဖူးတာ "

" အဲ့ဒါဆိုလဲ လုပ်နဲ့တော့ … ဖယ် "

ကုကုလေးက သူ့ရဲ့လက်သေးသေးလေးနဲ့ အမှားတွေကြီးလုပ်နေတဲ့ ဧကရာဇ်မောင်ကို တွန်းဖယ်လိုက်သည် ။

ကုကုလေးရန်လုပ်တာခံရတော့ ဧကရာဇ်မောင်တစ်ယောက် သူ့ကိုယ်သူအသုံမကျ၍ အပြစ်တင်နေမိသည် ။ မုဒြာရဲ့ယုံကြည်မှုကို ရဖို့မပြောနှင့် သားလေးရဲ့ယုံကြည်မှုကိုပင် မရရှိနိုင်တဲ့ ကိုယ့်ဘဝကိုပင် ပြန်သနားမိသည် ။ ထိုစဉ် သူတို့အနား မုဒြာရောက်လာသည် ။

" ကုကု … သူများကိုအားမကိုးရဘူးလို့ ပါပါးပြောထားတယ်လေ "

" ဟွန့်  … အားကိုးလို့လဲရပါဘူး "

" …… "

ဧကရာဇ်မောင် ထပ်မံ၍ ကုကုလေးအပြစ်ပြောတာ ခံရပြန်သည် ။ စီးပွားရေးလောကရဲ့နံပါတ် ၁ သခင်ကြီးက မုန့်လုပ်သည့်နေရာမှာ ကလေးရဲ့ရှုံ့ချခြင်းကိုပါခံရသည့် 0 အဆင့်ဆိုတာကို လူတွေသိရင် တစ်လလောက်ပြောစမတ်သွင်နေလိမ့်မည် ။

ဧကရာဇ်မောင်က မုဒြာအနားရောက်လာခိုက် အခွင့်အရေးကို အရယူဖို့ဆုံးဖြတ်လိုက်သည် ။ သူကချက်ချင်းပဲ မုဒြာလက်ကို ဖမ်းဆွဲလိုက်ပြီး …

" ဟိုလေး … ကိုယ့်ကိုလဲ သင်ပေးပါလား "

မုဒြာက အနည်းငယ်ကြောင်အမ်းစွာကြည့်နေပြီးမှ ပြန်ဖြေလာသည် ။

" ခများမှာအချိန်တွေအဲ့လောက်အားနေတာလား … မုန့်လုပ်တာကခများရဲ့ပုံစံနဲ့မဖြစ်ဘူး "

" ကိုယ်ကဘာဖြစ်လို့လဲ … ကိုယ်လဲသင်ရင်တတ်မြောက်နိုင်ပါတယ် "

" မုန့်လုပ်တာက ဦးနောက်နဲ့လုပ်ရတဲ့အလုပ်တွေလောက် မလွယ်ကူဘူး … နှလုံးသားနဲ့ဖန်တီးပြီး လက်တွေ့မှာဖြစ်မြောက်အောင်လုပ်နိုင်မှ စားကောင်းတဲ့မုန့်တစ်ခုဖြစ်လာမှာ "

" ကိုယ်လဲ နှလုံးသားနဲ့အကောင်ဆုံးဖန်တီးပြီးတော့ လက်တွေ့ပြုလုပ်ချင်တယ် … ပြီးတော့ကိုယ်အနှစ်သက်ရဆုံးလူကိုကြွေးချင်လို့ ကူညီပါကွာ နော်  "

မုဒြာက အနည်းငယ်ငြိမ်သက်သွားပြီးမှ သူ့လက်ကိုကိုင်ထားတဲ့ ဧကရာဇ်ရဲ့လက်တွေကိုဖယ်လိုက်ကာ အကြည့်လွှဲလိုက်သည် ။

" ဒါဆိုလဲ သင်ပြနေစဉ်အတွင်း သေချာနားထောင်ပါ … ကလေးတွေရဲ့အချိန်ကို မဖုန်းတီးနဲ့ "

" စိတ်ချ … ကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်မယ် … မင်းလေးသာကိုယ့်ကို သင်ပြပေးရင်ပေါ့ "

နောက်ဆုံးတော့ မုဒြာ လက်ခံလိုက်ကာ ဂျုံနယ်သည့်အဆင့်ကိုပင်မအောင်မြင်သေးတဲ့ သားအဖနှစ်ယောက်အား စိတ်ရှည်လက်ရှည်နဲ့သင်ပြပေးနေသည် ။ ကုကုလေးက မုဒြာမုန့်လုပ်နေစဉ်တွေမှာ ကြည့်ဖူး၍ ဂျုံတွေကို ကောင်းမွန်စွာနယ်တတ်သည် ။ ဧကရာဇ်ကတော့ ခုမှစကိုင်ဖူး၍ စမ်းတစ်ဝါးဝါးဖြစ်နေသည် ။ အဆုံး၌ မုဒြာ စိတ်မရှည်တော့၍ ဧကရာဇ်ခွက်ထဲကဂျုံတွေကို ကိုယ်တိုင်နယ်ပြလိုက်တော့သည် ။

ခွက်တစ်ခုထည်းမှာ ဂျုံတွေကိုအတူတူနယ်နေပြီး လက်ချင်းထိမိသွားချိန် နွေးထွေးသည့်ခံစားချက်လေးရရှိကာ ဧကရာဇ်မောင်တစ်ယောက် ဟန်မဆောင်နိုင်လောက်အောင် ရင်တွေခုန်လာသည် ။ မုဒြာလက်ချောင်တွေက လှပပြီး လှုပ်ရှားပုံတိုင်းက ဆွဲဆောင်မှုရှိလှသည် ။

ဧကရာဇ်မောင်က မုဒြာရှင်းပြနေစဉ် မုဒြာရဲ့မျက်နှာလေးအား အတွေးလွန်ကာ ငေးကြည့်နေတတ်သည် ။ တစ်ခါတစ်ရံ မုဒြာရဲ့လက်ချောင်လေးတွေကို ဖမ်းကိုင်မိ၍ မုဒြာမျက်စောင်းထိုးတာကို ခံရသေးသည် ။

ကုကုလေးကတော့ လူကြီးတွေရဲ့ ကျီစယ်နေမှုကို မသိပဲ အတူတူမုန့်တွေပြုလုပ်နေရတာကို ပျော်နေသည် ။ အချိန်အနည်းငယ်ကြာတော့ ၃ ယောက်သားအတူပြုလုပ်ခဲ့တဲ့ ဂျုံလုံးလေးက အဆင်ပြေလို့သွားသည် ။

"  မုန့်ကို ကိုယ်လိုချင်တဲ့ပုံစံလေးလုပ်ပြီး ခွက်ထဲမှာထည့်ထား … ပြီးရင်ဖုတ်လို့ရပြီ "

မုဒြာက တစ်ခြားကလေးတွေရဲ့အခြေအနေကိုကြည့်ဖို့ အမြန်ဆုံးထွက်သွားသည် ။ ဧကရာဇ်မောင်က နည်းပြလေးကိုအနားမှာ ဆွဲခေါ်ထားချင်ပေမဲ့ အခွင့်အရေးမရှိနေမှန်းသိတော့ သင်ပြထားသည့်အတိုင်း အကောင်းဆုံးပြုလုပ်ကာ ချီးကျူခံရဖို့ကို ရင်ခုန်စွာမျှော်လင့်နေသည် ။

ကုကုလေးက ဂျုံကိုလုံးပြီး လက်ဖြင့်ဖိကာပြားလိုက်ပြီးနောက် အနားလေးတွေကိုအတွန့်လေးတွေဖြစ်အောင်လုပ်နေသည် ။

" ဦးဦးကြည့် … ပန်းပွင့်ပုံလေး လှလား "

ကုကုလေးက သူလုပ်ထားတဲ့ပန်းပွင့်ပုံလေးကို ဧကရာဇ်မောင်အား ဂုဏ်ယူဝံ့ကြွားစွာပြနေသည် ။ ဧကရာဇ်မောင်ကလဲ သားလေးကို လက်မထောင်ပြီးချီးကျူးလိုက်သည် ။

" လှတယ်ကွာ … သားလုပ်တာတော်တယ် "

ချီးကျူးခံရတော့ ကုကုလေးလဲပျော်သွားသည် ။ ကလေးပီပီ ကုကုလေးက ဧကရာဇ်မောင်လုပ်နေတဲ့ပုံအားစူးစမ်းနေသည် ။ ဂျုံကိုအချောင်းဖြစ်အောင် လုပ်ပြီးကွေးနေတာကိုမြင်တော့ ကုကုလေးက အထူးအဆန်းမို့မေးကြည့်လိုက်သည် ။

" ဦးဦးက ဘာပုံလုပ်နေတာလဲ "

ဧကရာဇ်မောင်က သူ့မုန့်ရဲပုံကိုကြည့်ပြီး ဂုဏ်ယူစွာဖြင့်ဆိုလိုက်သည် ။

" ဒါကို အသည်းပုံလို့ခေါ်တယ် … နှလုံးသားနဲ့ထုစစ်ထားတာ … ဘယ်လောက်လက်ယာမြောက်လိုက်သလဲ "

သူ့ရဲ့အသည်းပုံက လက်တစ်ဝါးစာထက်ပင်ကျော်ကာ မျက်နှာလောက်ပင်ရှိရော့မည် ။

" အသည်းပုံက ဘယ်လိုကြီးလဲ "

" ဒါကို ကလေးတွေနားမလည်ပါဘူးကွာ … သားရဲ့ပါပါးနဲ့ဦးဦးတို့လို လူကြီးတွေပဲနားလည်တာ "

" ကုကုသိတဲ့အသည်းပုံက အလယ်ကအပေါက်ပါဘူး … အဲ့လောက်လဲရုပ်မဆိုးဘူး "

" …… "

ဧကရာဇ်မောင် သူ့လက်ရာကိုသူ ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်နေပေမဲ့ ကုကုလေးစကားကြောင့်တွေဝေသွားသည် ။

* အသည်းက အပေါက်မပါဘူးလား … တစ်ခုလုံးအပြည့်လား … အဲ့လိုဆို ဂျုံကမလောက်တော့ အကြီးကြီးလုပ်လို့မရဘူး … အစကနေပြန်လုပ်မှရမှာ *

…………………………………………………………………………………

To Be Continued ……









" ဒါပေမဲ့ … "










" ဦးဦး … မင်ဂါပါ "













" သူလဲအကူလာတဲ့သူပါ "





" ဆရာလေး … ရောက်လာပြီလား "






" အ့ "


" သတိထားမှပေါ့ "








" …… "





















" ဦးဦး "













' ဒုံး '





" သူတို့ "












" ကိုယ်ရောလား "




















" ရေး … ပြီးသွားပြီ "




" ဝါး … ပျော်စရာကြီး "








" သားလေး "

" ဂျာ "





" ဘယ်လိုမျိုးလဲ "











" …… "






























" …… "



…………………………………………………………………………………

To Be Continued ……

Continue Reading

You'll Also Like

1.1K 59 2
❢ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 . . . (M/n) is the proxy of Trenderman and when they both went to Slender Mansion, he gained a lot of attention.
22.4K 656 8
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
94.1K 1.4K 74
This is the entire story of Casey Toretto:from F1 to F9! Casey Jones Toretto is Dom and Mia's sister,she works at their store Toretto's.Casey's alway...
56.1K 1.5K 39
have u ever imagined avengers being ur parents? ... so read this book to enjoy ur imagination .... There would be Tony stark , Steve Rogers , Natash...