Never

By Blacksheep303

24.3K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ်တော့မှ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ်တော့မှ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ်တော့မှ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ်တော့မှ)- 5
Never (ဘယ်တော့မှ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ်တော့မှ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ်တော့မှ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ်တော့မှ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ်တော့မှ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ်တော့မှ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ်တော့မှ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ်တော့မှ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ်တော့မှ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ်တော့မှ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ်တော့မှ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ်တော့မှ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ်တော့မှ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ်တော့မှ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ်တော့မှ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ်တော့မှ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ်တော့မှ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - Zawgyi 4

237 6 0
By Blacksheep303

ကျွန်တော် နဲ့ ဟောက်ရွှမ်းအတူတူ ပေကျင်းကို ရောက်လာခဲ့ပြီး ကျောင်းတက်တာ အားလုံးက အဆင်ပြေပါတယ် တက္ကသိုလ် နဲ့ ကွန်ဒိုနဲ့ လည်းနီးတော့ သွားရေးလာရေးလည်း အဆင်ပြေတယ်

မားမား ရွေးထားပေးတဲ့ နေရာက အချက်အခြာကျတော့ ဘာလိုလို လွယ်လွယ်ကူကူရတယ် အဆင်ပြေတယ် Sport Club ကလည်း ပေကျင်းမှာ နာမည်အကြီးဆုံး Martial Art Sport Club ဆိုတော့ အရမ်းအဆင့်မြင့်ပြီး Training ပေးတာလည်း အရမ်းအဆင့်မြင့်ပြီး
ကောင်းပါတယ် လက်ဝှေ့၊ ကာရာတေး၊ တိုက်ကွမ်ဒို၊ ဂျူဒို အစရှိတဲ့ ကိုယ်ခံပညာအားလုံးအတွက် တနေရာတည်းမှာ စုထားတဲ့ training club မို့ ရှစ်ထပ်အဆောက်အဦးမှာ တစ်ထပ်ကို တစ်မျိုးစီမို့ ဟောက်ရွှမ်းနဲ့အတူတူ လာလေ့ကျင့်လို့ရပါတယ်

သူတို့ ကာရာတေးဒိုက လေးထပ်မှာ ရိပေါ်တို့ လက်ဝှေ့က ပထမထပ်မှာပါ အခုတော့ ရိပေါ်ရဲ့ သတ်မှတ်ထားတဲ့ လှေနံနှစ်ဖက်မနင်းရဆိုတဲံ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ရိုးသားတဲ့ လက်ဝှေ့ထိုးဖော် ထိုးဖက် သူငယ်ချင်းတစ်ယောက်လည်း ရနေပါပြီ သူ့နာမည်က ယွီပင်းတဲ့ သူပြောပြပုံအရဆိုရင် ဒီClubမှာ လက်ရှိ နာမည်ကြီး လက်ဝှေ့ချန်ပီယံတွေတောင် အမြဲမလာရင်တောင် weekendတွေမှာ လာလေ့ကျင့်လေ့ရှိပါတယ် ရိပေါ်ကတော့ ခုချိန်ထိတစ်ခါမှ ချန်ပီယံတွေကို အပြင်မှာ မမြင်ဖူးသေးပါဘူး မမြင်ဖူးရတဲ့အကြောင်းရင်းကလည်း ရိပေါ်က အတန်းချိန်လွတ်တဲ့ ညနေပိုင်းပဲ လာကစားဖြစ်ပြီး စနေတနင်္ဂနွေဆိုရင် မိုးလင်းမိုးချုပ်အကသင်တန်းပဲ သွားဖြစ်နေတာကြောင့်ပါ

ဘယ်လိုဖြစ်မှန်း မသိပါဘူး ပေကျင်းရောက်မှ အကကို တော်တော်လေး မျက်စိကျနေတာ ကနေရရင်ကို ပျော်နေရော
ရိပေါ် Joinဖြစ်တာ Hello Dance ဆိုတဲ့ သင်တန်းကျောင်းက ပေကျင်းမှာ တော်တော်လေး နာမည်ရတာမို့ Entertainmentတွေက စီစဉ်တဲ့ Show ပွဲတွေမှာ idolတွေအတွက် Backup Dancer အနေနဲ့ Hello Danceက တော်တော်များများ လိုက်ကလေ့ရှိတာမို့ ရိပေါ်တောင် တစ်နှစ်အတွင်းမှာ လေးခါလောက်ရှိပြီ အတွေ့အကြုံရအောင် Backup Dancer အနေနဲ့ လိုက်ကဖြစ်တာ ဒါကြောင့်မို့ ထင်ပါတယ် အက ကို ပိုပြီး ဝါသနာပါလာတာ

အရာအားလုံးက အေးအေးဆေးဆေးနဲ့ ပုံမှန်အတိုင်း ဖြတ်သန်းလာပြီး ပေကျင်းမှာ လာနေတာ အခု ပထမနှစ်တောင် ပြီးလို့
ဒုတိယနှစ်တောင် ရောက်ပြီ ခုလိုပဲ အေးအေးဆေးဆေးနဲ့ ဘွဲ့ရတဲ့အထိ ခုလိုလေးနေနိုင်မယ်လို့ ထင်ခဲ့တာ......
အခြေအနေတွေက ရုတ်တရက်ပြောင်းသွားခဲ့တယ်

မားမား မျက်နှာတွေဖောနေပြီး ဆီးကောင်းကောင်းမသွားလို့ ပေကျင်းမှာ ဆေးလာစစ်တော့ မားကကျောက်ကပ်အခြေအနေမကောင်းဘူး ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်တော့ဘူးပြောပါတယ် ကျောက်ကပ်ဆေးရမယ်လည်း ပြောပါတယ်
ဒါကလည်း ပထမအဆင့် နောက်တဖြည်းဖြည်းနဲ့ ကျောက်ကပ်ဆေးလို့မရရင် ကျောက်ကပ်အစားထိုးကုသမှုခံယူရတဲ့အထိ ဖြစ်သွားနိုင်မို့ ကြိုတင် ပြင်ဆင် စဉ်းစားထားလို့ ဆေးရုံကပြောပါတယ် ဒါနဲ့ ကျောက်ကပ်ဆေးတဲ့ ကုသမှု ခံယူဖို့ လုပ်တဲ့အချိန်မှာ ပြဿနာရှိလာတာက မားမားနဲ့ ကျွန်တော့်ကို ကျောက်ကပ်ဆေးတယ် ဆိုတာ ဘယ်လိုလဲ သိအောင် တာဝန်ကျ ဆရာဝန်ငယ်လေးက လာရှင်းပြတာပါ

"ကျောက်ကပ်ဆေးတယ်ဆိုတာ အလွယ်ခေါ်တာပါ ကျောက်ကပ်ဆေးတာ တကယ်တမ်းကျတော့  Haemodialysis (ကျောက်ကပ်တု သွေးသန့်စင်ခြင်း) လို့ခေါ်ပါတယ် ခန္ဓာကိုယ်ထဲက ကျောက်ကပ်က အလုပ်လုပ်ဆောင်မှု မကောင်းတဲ့အချိန်မှာ ပြင်ပက စက်က ကျောက်ကပ်ရဲ့အစား မစွန့်ပစ်နိုင်တဲ့ မလိုအပ်ဘဲပိုနေတဲ့ ခန္ဓာကိုယ်ထဲက အရည်တွေနဲ့ တခြားအရာတွေကို သန့်စင်ဖယ်ရှားတဲ့ စက်လေးနဲ့ အလုပ်လုပ်လိုက်တဲ့ သဘောပါ ပြင်ပက ကျောက်ကပ်အတု နဲ့ ခန္ဓာကိုယ်ရဲ့သွေးထဲမှာ ပိုနေသမျှ မလိုအပ်တာတွေကို သန့်စင်ပေးတာမို့ ကျောက်ကပ်တု သွေးသန့်စင်ခြင်းလို့ခေါ်တာပါ"

ဆရာဝန်ငယ်လေးရှင်းပြတာမဆုံးခင် ရိပေါ်ကတော့ ချက်ချင်းသိလိုက်ပါပြီ မားမားက ဒီကုသမှုကို ခံယူမှာ မဟုတ်ဘူးဆိုတာကို

"အာ ကျေးဇူးတင်ပါတယ် ဆရာ ဒါပေမယ့် အန်တီက ခုဆရာရှင်းပြတဲ့ ကျောက်ကပ်တု သွေးသန့်စင်ခြင်းလို့ခေါ်တဲ့ ကုသမှုကို မခံယူပါရစေနဲ့ ကျောက်ကပ်အစားထိုးတဲ့ ကုသမှုပဲ ခံယူလိုက်တော့မယ် ပိုက်ဆံ ဘယ်လောက်လောက် ကုန်ကျနိုင်လဲ ဆရာ ဒီကြားထဲမှာ ဆေးနဲ့ ထိန်းလို့ ရရင် ဆေးပဲသောက်ထားပါရစေ"

"ကျွန်တော်က ဒီ Haemodialysis ကျောက်ကပ်တုသွေးသန့်စင်ခြင်း ကိုပဲ အဓိကတာဝန်ယူထားတာမို့ အန်တီကို အခု တာဝန်ယူထားတဲ့ အထူးကုဆရာဝန်ကြီးနဲ့ဆေးရုံနဲ့ တိုင်ပင်ပြီး သေချာပြင်ဆင် ရမှာပါ ကျောက်ကပ်လဲတာက အခုချက်ချင်း လုပ်လို့မရပါဘူး အရင်ဆုံး ကျန်းမာတဲ့ အလှူရှင် ရှာရမယ် ပြီးရင် အဲဒီ အလှူရှင်နဲ့လူနာနဲ့ ကိုက်ညီမှုရှိမရှိတွေစစ်ရမယ် ကိုက်ညီမှ အစားထိုးလို့ရမှာ ပြီးရင် ကုန်ကျစရိတ်က ဒေါ်လာ ခြောက်သောင်းခွဲ အထက်ကို ကုန်ကျမှာ ဒါတောင် အဲဒါက ကျောက်ကပ်အစားထိုးတဲ့နေ့တစ်နေ့ထဲအတွက် ကုန်ကျစရိတ်နော် အလှူရှင်က ကိုယ့်ဆွေမျိုးသားချင်းဖြစ်နေမှ မဟုတ်ရင် အလှူရှင်အတွက် စရိတ်တွေ ဆေးရုံစရိတ်တွေနဲ့ဆိုရင် အနည်းဆုံး ကိုယ့်လက်ထဲ ဒေါ်လာ ရှစ်သောင်းလောက်ရှိနေမှ ဒီကြားထဲ ဆေးနဲ့ဘယ်လောက်ထိ ထိန်းလို့ရမရ ဆိုတာတွေလည်း သေချာတိုင်ပင်ဆွေးနွေးရဦးမှာ"

ဒီလိုနဲ့ ဆရာဝန်လေးက ထပ်ခါထပ်ခါရှင်းပြပြီး စည်းရုံးပေမယ့် မားမားက ကျောက်ကပ်အစားထိုးတဲ့ ကုသမှုဘဲ ခံယူဖို့ ဆုံးဖြတ်လိုက်ပါတယ် ရိပေါ်လှူမယ်လို့ လုပ်ပေမယ့် မားမားက မားသားလေး က အားကစားသမားမို့ ကျောက်ကပ်လှူလိုက်ရင် အရင်လိုမကျန်းမာဘဲ လုပ်ချင်တာ လုပ်ခွင့်မရမှာစိုးရိမ်လို့ လက်မခံပါဘူး နောက်ဆုံးအခြေအနေ ရောက်တဲ့ အချိန်ထိ အလှူရှင်လုံးဝမရှိတော့ဘူးဆိုမှ ရိပေါ်ကို လှူခွင့်ပေးမယ် လုပ်တာပါ

ကံကောင်းချင်တော့ ရွာက မားမားရဲ့ နှစ်ဝမ်းကွဲတော်တဲ့ ညီမက လှူမယ်ဆိုလို့ အလှူရှင်အတွက် စိတ်အေးသွားရပါတယ် အခုလိုနေတာ ပိုက်ဆံပါ မရှိမရှားလူတန်းစားမို့ ဒေါ်လာရှစ်သောင်းဆိုတာ တော်တော်များတဲ့ ပမာဏပါ အခုလောလောဆယ် ရှိတာလေးတွေ ထုခွဲရောင်းချပြီးချိန်မှာ ဒေါ်လာ ခြောက်သောင်းခွဲတော့ လက်ထဲအဆင်သင့်ရှိပေမယ့် နောက်ထပ် ဒေါ်လာတစ်သောင်းခွဲလောက်ရဖို့ ခေါင်းခဲနေတာမို့ ဘာအလုပ်လုပ်ရင် ရနိုင်မလဲ လို့ ယွီပင်းကို တိုင်ပင်ကြည့်တော့

"မင်းရဲ့ အရည်အချင်းနဲ့မို့ ငါမင်းကို စိန်ခေါ်လက်ဝှေ့ထိုးဖို့ အကြံပေးမယ် မင်းက ပြိုင်ပွဲမဝင်သေးပေမယ့် အသက်ငယ်ပေမယ့် မင်းရဲ့ ထိုးနိုင်စွမ်းက ချန်ပီယံတွေလောက်နီးနီး ရှိတာ ငါသတိထားမိတယ် တော်ရုံလူဆို ငါ့ကို နိုင်ဖို့အတော်ထိုးယူရတယ် မင်းက ငါ့ကို နှစ်ချီထဲနဲ့ အလဲထိုးနိုင်တဲ့ တစ်ဦးတည်းသော ရွက်ပုန်းသီး လက်သစ်ကလေးပဲ ဒါကြောင့်မင်းစိန်ခေါ်ပွဲနဲ့ထိုက်တန်တယ် မင်းနိုင်ရင် ဒေါ်လာ နှစ်သောင်းလောက်ရမယ် မနိုင်ရင်တော့ တစ်သောင်းလောက်တော့ ရမှာပါ"

"လက်ဝှေ့ထိုးရုံနဲ့ အဲလောက်ရမှာလား"

"ပုံမှန် လက်ဝှေ့ဆိုရင်တော့ ဘယ်ရမလဲ One Championship လိုမျိုး ပေကျင်းမှာ Chinese Championshipဆိုတာရှိတယ် သူတို့စီစဉ် ပုံမှန် ပွဲစဉ်တွေအတွက်ကတော့ အနိုင်ရတဲ့သူက ဒေါ်လာငါးထောင် ရှုံးတဲ့သူက တစ်ပြားမှ မရဘူး ဒါပေမယ့် ချန်ပီယံတွေ စိန်ခေါ်တဲ့ အထူး စိန်ခေါ်ပွဲစဉ်ဆိုရင် ဝင်ကြေးရဲ့ ငါးဆယ်ရာခိုင်နှုန်းက ပွဲစီစဉ်သူတွေအတွက် နှစ်ဆယ်ရာခိုင်နှုန်းက က စိန်ခေါ်ပွဲကို လက်ခံပေးတဲ့ လက်ရှိချန်ပီယံအတွက် သုံးဆယ်ရာခိုင်နှုန်းကို ထိုးသားတွေကိုအတွက် တစ်ချီထဲနဲ့မှောက်ရင်တော့ မင်းတစ်ပြားမှ မရဘူး အဲဒီသုံးဆယ်ရာခိုင်နှုန်းကို ချန်ပီယံကပဲ ရသွားမယ် တစ်ချီတောင့်ခံနိုင်ရင် မင်းခြောက်ရာခိုင်နှုန်းရမယ် ငါးချီလုံးတောင့်ခံနိုင်ရင် သုံးဆယ်ရာခိုင်နှုန်းအားလုံးရမယ် ဒါ့အပြင် သတ်မှတ်စုကြေးဒေါ်လာ ငါးထောင်ရယ်ရမယ်"

"Oh My God အဲလောက်တောင်ရလား ဒါဆိုပိုက်ဆံလိုတဲ့သူတိုင်း စိန်ခေါ်နေတော့မှာပေါ့ ပြီးရင် ကွင်းထဲ ပတ်ပြီးအချိန်ဖြုန်းအနာခံတောင့်ခံလိုက်ရင် အနည်းဆုံးတော့ ခြောက်ရာခိုင်နှုန်းရသွားမှာပေါ့"

" အဲလိုတော့ ဘယ်လွယ်ပါ့မယ် မင်းစိန်ခေါ်ချင်ရင် ပွဲစီစဉ်သူတွေ သတ်မှတ်ထားတဲ့ လူအနည်းဆုံးသုံးယောက်ကို သူတို့ Club မှာ
အလဲသိပ်နိုင်မှ မင်းစိန်ခေါ်လို့ရမယ် ၃ယောက်အလဲထိုးနိုင်ရင် အနည်းဆုံးတော့ ရွှေခါးပတ်တစ်ခုရထားတဲ့သူ ကို စိန်ခေါ်ခွင့်ရှိမယ် ၄ယောက်အလဲထိုးနိုင်ရင် ရွှေခါးပတ်နှစ်ခု ရထားတဲ့သူကို စိန်ခေါ်လို့ရမယ် မင်းငါးယောက်အထိ ထိုးနိုင်ရင်တော့ ကြိုက်တဲ့သူကို စိန်ခေါ်လို့ရမယ် သူတို့ရအောင်စီစဉ်ပေးလိမ့်မယ် တစ်ခုပဲ တရုတ်လက်ဝှေ့ချန်ပီယံတော့ဖြစ်ရမယ် နာမည်ကိုက Chinese Championshipမို့ ဒီပွဲစဉ်တွေ အားလုံးက တရုတ်လူမျိုးတရုတ်နိုင်ငံသားပဲ ပြိုင်ခွင့်ရှိတာ စည်းကမ်းသတ်မှတ်ချက်က အဲဒါပဲ ရွှေခါးပတ်များများရထားတဲ့သူကို စိန်ခေါ်လေ ပွဲက ဝင်ကြေးမြင့်လေလေမို့ အနိုင်ရရင် ပိုက်ဆံပိုရတယ်ကွာ တစ်ချီပဲ တောင့်ခံနိုင်ဦး အဲဒီခြောက်ရာခိုင်နှုန်းက ဒေါ်လာ ရှစ်ထောင်ဝန်းကျင်လောက်ရတာကွ ရိပေါ် မင်းအရည်အချင်းနဲ့ဆို အနည်းဆုံး ၃ယောက်လောက်တော့ အလဲထိုးနိုင်မှာပါ ဒါဆိုရင် ရွှေခါးပတ်တစ်ခုဆုရှင် ချန်ပီယံစိန်ခေါ်လိုက် ဒါဆိုမင်း ကြိုးစားပြီးထိုးရင် သုံးချီလောက်ထိ တောင့်ခံနိုင်ရင် တစ်ချီအတွက် ခြောက်ရာခိုင်နှုန်း ၃ချီဆိုရင် ဆယ့်ရှစ်ရာခိုင်နှုန်း အဲဒါဆိုရင် ဒေါ်လာတစ်သောင်းကျော်လောက်တော့ ရလောက်တယ်"

"အင်း ဒါဆိုငါ ငါ့မားမားကို ခွင့်တောင်းမယ် မားဆီကခွင့်ပြချက်ရရင် စိန်ခေါ်မယ် မင်းငါ့ကို အဲဒီပွဲစီစဉ်သူတွေနဲ့ချိတ်ပေးမလား"

"ရတယ်လေ ချိတ်ပေးမယ် Chinese Championshipမှာ ပွဲစီစဉ်သူတွေထဲမှာ ငါ့အစ်မရှိတယ်"

.
.
.
ဒီလိုနဲ့ ရိပေါ် မားမားကို ဒူးထောက်ခွင့်တောင်းပြီး မားမား အလိုအပ်ဆုံးအချိန်မှာ သားတတ်ထားတဲ့ လက်ဝှေ့ပညာနဲ့ မားကို ဆေးကုသစရိတ်ပေးချင်တာ ခွင့်ပြုပေးဖို့အတွက် စိန်ခေါ်ပွဲတစ်ပွဲ ထိုးခွင့်ပြုဖို့ အတင်းတောင်းဆိုလိုက်ရပါတယ် မားမားသာ ခွင့်မပြုရင် လက်ဝှေ့ ဆက်မထိုးတော့ဘူး မားမားလက်မခံလည်း ဆေးမှောင်ခိုလောကမှာ ကိုယ့်ကျောက်ကပ်ကို ကိုယ်ရောင်းပြီး မားကို ဆေးကုသစရိတ်ထုတ်ပေးမယ့်နည်းလမ်းကို ရွေးမှာဆိုမှ မားက လက်ခံတာပါ အခုတော့ ရိပေါ်မားရဲ့ခွင့်ပြုချက်နဲ့ လက်ဝှေ့ပြိုင်ပွဲဝင်ရတော့မယ်

ရိပေါ်က ကိုယ့်ကိုကို ယုံကြည်မှု အပြည့်ရှိပါတယ် ရိပေါ်က အခုမှ အသက်၂၁နှစ်ပဲရှိသေးတာမို့ ၂၅နှစ်မပြည့်ခင် ထိုးရမယ့် စိန်ခေါ်ပွဲမို့ စိန်ခေါ်မယ့်စိန်ခေါ် နာမည်အကြီးဆုံးတွေထဲ စိန်ခေါ်ဖို့ ဆုံးဖြတ်ထားတာပါ ဒီလောကထဲကို ဝင်မှာမို့ ခုကတည်း တစ်ခါတည်း လက်စွမ်းကို ပြထားရမယ်လို့ တွေးထားပါတယ် ပြီးတော့ နာမည်ကြီးလက်ဝှေ့ချန်ပီယံတွေ အကြောင်းကို ကြိုပြီးလေ့လာထားလိုက်ပါတယ် ဒါမှ နိုင်ခဲ့ရင် စိန်ခေါ်ချင်တဲ့သူ တစ်ခါတည်းပြောခဲ့လို့ရမှာ

....

ယွီပင်းရဲ့ အဆက်အသွယ် နဲ့အခု ရိပေါ်ရယ် ယွီပင်းရယ် ဟောက်ရွှမ်းရယ် Chinese Championshipက သတ်မှတ်ပေးထားတဲ့ Prime Boxing Clubကိုရောက်နေတာပါ သတ်မှတ်ချက်အရ ရိပေါ်က ငါးယောက်အထိ အလဲထိုးပြီး စိတ်ကြိုက်ချန်ပီယံကို စိန်ခေါ်မယ်လို့ ပြောထားတာမို့ ရိပေါ်နဲ့ ထိုးဖို့ လူသစ်တန်း လက်ဝှေ့ပြိုင်ပွဲဝင် ငါးယောက်လည်း အဆင်သင့်ရှိနေပါတယ် စည်းကမ်းက အလဲထိုးရမှာ ဖြစ်ပါတယ် တစ်ချီကို သုံးမိနစ် သတ်မှတ်ထားပြီး ငါးချီအတွင်း အလှဲထိုးနိုင်မှ နောက်တစ်ယောက်နဲ့ ထိုးခွင့်ရှိမှာပါ

တစ်ယောက်နဲ့တစ်ယောက်ကြား အနားယူချိန် နာရီဝက် ရမှာဖြစ်ပါတယ် ဒုတိယလူနဲ့ဆို တစ်ချီကို လေးမိနစ် လေးချီ ၊ တတိယလူဆို ငါးမိနစ် သုံးချီ ၊ စတုတ္ထလူနဲ့ဆို ခြောက်မိနစ် သုံးချီ ခွင့်ပေးထားပြီး နောက်ဆုံးလူကိုတော့ အချိန်သတ်မှတ်ချက် မထားပါဘူး
တစ်ချီထဲနဲ့ မလဲမချင်း ထိုးရမှာပါ တစ်ယောက်တည်းနဲ့ ငါးယောက်ကို နားနားပြီးထိုးရမှာဆိုတော့ မလွယ်ပါဘူး ဒါပေမယ့် မားမားအတွက် ငါရအောင်ထိုးမယ်ဆိုတဲ့စိတ်လေး ရိပေါ်မှာရှိနေခဲ့တယ်လေ

ပထမတစ်ယောက်ကတော့ ဒုတိယတစ်ချီနဲ့တင် အလဲထိုးနိုင်ခဲ့ပါတယ် ရိပေါ်ရဲ့ အားသာချက်က အက ကတတ်တာပါ ဒါကြောင့်လူက ပျော့ပြောင်းနေတာက အားသာချက်တစ်ခုပါပဲ အကကျွမ်းကျင်တဲ့ လက်ဝှေ့သမားက ရိပေါ်ပဲ ရှိမယ်နဲ့တူတယ် ရှောင်လို့မရတဲ့တဲ့အဆုံး နောက်ပြန်လှန် ခါးချိုးချလိုက်တာနဲ့ အလိုလိုရှောင်ပြီးသားလေ

ပထမတစ်ယောက်မှာ နိုင်ထားတဲ့ အရှိန်ကြောင့် Moodက အရမ်းကောင်းနေတာမို့ ဒုတိယလူကတော့ ချက်ကောင်းကို စောင့်ပြီး ဝှိုက်လက်သီးတစ်လုံးသွင်းလိုက်တာ တစ်ခါတည်း မှောက်သွားတာပါပဲ

တတိယလူက အရင်လူတွေထက် ပိုသန်မာပါတယ် အရင်လူတွေ ထိုးသွားတာကို ကြည့်ထားတာမို့ ရိပေါ်ရဲ့ အထာကို နည်းနည်း သဘောပေါက် ထားသူမို့ ထိုးရတာ တော်တော်ခက်ပါတယ် ရိပေါ်တောင် မေးရိုးတစ်ချက် အထိုးခံထားရသလို ဗိုက်လည်းတစ်ချက် အကန်ခံထားရပါသေးတယ် ဒုတိယအချီပြီးတာတောင် သူ့ကိုကောင်းကောင်း မထိုးနိုင်သေးတာမို့ နည်းနည်းတော့ စိတ်ပူသွားပါတယ် ငါးယောက်ထိ မနိုင်ရင်တောင် အနည်းဆုံး ဒီလူတော့ နိုင်မှဖြစ်မယ် မားမားအတွက် ဟုတ်တယ် မျက်နှာတွေ ခြေတွေ လက်တွေ ဖောယောင်နေတဲ့ မားမား ပက်လက်လှန်အိပ်ရင်တောင် မောလာလို့ ထထထိုင်ပြီး နံရံကို မှီအိပ်နေရတဲ့ မားမားအတွက် ရိပေါ်က တစ်ခါလေးတော့ အကူအညီဖြစ်မှ ရမယ် ငါမနိုင်လို့ မဖြစ်ဘူး

ယွီပင်းကလည်း အားပေးပါတယ်

"ရိပေါ် အသက်ကို မှန်မှန်ရှူ မင်းလုပ်နိုင်တာ ငါသိတယ် ဒုတိယတစ်ယောက်လို တစ်ချီတည်းနဲ့ မနိုင်တာ သူတော်နေလို့ မဟုတ်ဘူး အရင် နှစ်ယောက်နိုင်ထားတဲ့ အရှိန်ကြောင့် မင်းရန်သူကို နည်းနည်း အထင်သေးသွားလို့ သေချာသုံးသပ် မင်း နှစ်ချက်တိတိ ထိထားတယ် အမှန်အတိုင်းပြောရင် အဓိက နေရာတွေ သူသာအရမ်းသန်မာတဲ့သူဆို မင်းမှောက်သွားမှာ ဒါပေမယ့် မင်းလဲတောင်ကျမသွားဘူး ကိုယ့်ကိုကို သတိထားမိတယ်မလား အဲဒါသူ့အားအကုန်ပဲ မင်းကသူ့ထက်သန်မာတယ် လိုအပ်ရင် အနာခံပြီး သူ့ကိုသိပ်လိုက် ငါတို့လေ့ကျင့်နေတဲ့ ဒီအကွက်တွေ မင်းသိပါတယ် OKနော်"

ဟောက်ရွှမ်းကလည်း

"ရိပေါ် မင်းနိုင်မှာ ငါသိတယ် မားအတွက် ဆိုတဲ့ အားနဲ့ ချပစ်ကွာ"

သူငယ်ချင်းတွေရဲ့ အားပေးစကားကြားပြီးတဲ့အချိန်မှာ ပြန်သုံးသပ်ကြည့်တော့ ဟုတ်တယ် ခုလက်ရှိပြိုင်ဘက်က ထိုးကွက်ကျွမ်းကျင်ပေမယ် သူထိုးတာ အားက အရမ်းကြီးပြင်း မနေဘူး စိတ်က တည်ငြိမ်အောင်ထားပြီး ဒီတစ်ချီတော့ အနိုင်ထိုးရလိမ့်မယ် မဟုတ်ရင် စိန်ခေါ်ပွဲ ဝင်လို့ရမှာ မဟုတ်ဘူး အားတင်းပြီး စိတ်ပိုင်းဖြတ်ထားမို့ တတိယအချီက အရမ်းကြည့်လို့ကောင်းပါတယ်

သူကထိုးကွက်ကျွမ်းကျင်သူမို့ ရိပေါ်ကလှည့်ကွက်ပေးပြီး သူထိုးတာကို အနာခံ အထိုးခံပြီး မောသယောင် နာတာထက်ပိုနာယောင်ဆောင်လိုက်ပါတယ် ဒါကြောင့် ပြိုင်ဘက်ကအားတက်ပြီး ဆက်တိုက်ထိုးဖို့ ရှေ့တက်လာတဲ့အချိန်မှ ရိပေါ် ရှိသမျှအားနဲ့ ပင့်လက်သီး တစ်လုံး မေးရိုးအောက်ကနေ သွင်းလိုက်တာ တစ်ခါတည်းမှောက်သွားတာပါပဲ ပြန်ပြီးသတိမရလာတာမို့ ရိပေါ်တောင် လန့်သွားပါတယ် အရင်လူတွေက လဲသာလဲတာ သတိမလစ်ကြဘူးလေ ဒိုင်ရဲ့ ဝမ်း ..တူး .. သရီး ရီတာကို ပြန်မထနိုင်တာမျိုးမို့ အခုအနေအထားက ရိပေါ်ကို လန့်သွားစေတာပါ

ယွီပင်းအက အပြေးလာပြီး

"မလန့်နဲ့ ရိပေါ် ဘာမှမဖြစ်ဘူး ခဏပဲ မေ့သွားတာ ပွဲတွေမှာ အဲလိုပဲ ဖြစ်တတ်တယ် ရုတ်တရက်အထိုးခံရတာ အရမ်းအထိနာတဲ့အချိန် Pain Threshold ထက်အရမ်းကို အဆမတန်နာတဲ့အချိန် နာတာကို တန်ပြန်ဖို့အတွက် ဦးနှောက်က ခဏ Shutdownလုပ်ချလိုက်တာမျိုးကွာ ဘာမှမဖြစ်ဘူး မင်းကထိုးပွဲတွေ သိပ်လိုက်လေ့မရှိလို့ ဘာမှမဖြစ်ဘူး စိတ်အေးအေးထား နောက်လူက ဒီလူထက် ပိုပြီးထိုးရခက်မှာမို့ စိတ်ရောလူရော ခဏနားလိုက် ဒါမှမဟုတ် ဒီမှာတင်ရပ်လိုက်ကြမလား ဒါဆိုရင် ရွှေခါးပတ်တစ်ခုရ ချန်ပီယံကိုတောင် စိန်ခေါ်လို့ရပြီလေ"

"ဟင့်အင်း ငါမားမား အတွက် နည်းနည်းလောက် လောဘကြီးချင်သေးတယ်"

"ရတယ် မင်းသဘောပဲ Relax လုပ်လိုက်ဦး"

ဟောက်ရွှမ်းကလည်း ရိပေါ်နားနေတဲ့ အခန်းထဲ အပြေးလာပြီး

"မိုက်တယ်ကွာ ရိပေါ် ငါတောင် မင်းကြည့်ပြီး လက်ဝှေ့ပြောင်းထိုးချင်လာပြီ လူကြည့်တော့ ဖြူဖြူဥဥလေးဆိုတော့ တစ်ချီတည်းနဲ့မှောက်မဲ့ရုပ်လေးနဲ့ ခုတော့ကွာမိုက်လိုက်တာ ငါ့သူငယ်ချင်း ဒီလောက်တော်မှန်း ငါအခုမှသိတယ် fightingရိပေါ်"

စကားတပြောပြောနဲ့ ရိပေါ်ထိုးသလို သရုပ်တွေဆောင်ပြလိုက် လှဲကျသွားတဲ့ ပြိုင်ဘက်တွေပုံစံလုပ်ပြလိုက်မို့ အမောပြေသွားရပါတယ်
တတိယအချီအပြီးမှ ပွဲစီစဉ်သူတွေဘက်က ရိပေါ်ရဲ့ လက်ရည်ကို သတိထားမိသွားပါတယ် ပုံမှန်ဆိုရင် ကြားထဲမှာ နာရီဝက်ပဲ အနားပေးတာဆိုပေမယ့် လက်ဝှေ့Agency တွေကလူခေါ်ထားတာမို့ နောက်ပွဲစဉ် မစခင် တစ်နာရီခဏနားမယ်လာပြောပါတယ်  ပြီးခဲ့တဲ့သုံးပွဲတုန်းက Clubကလက်ဝှေ့ထိုးသား အနည်းငယ်ရှိပေမယ့် အခုစတုတ္ထမြောက်ပြိုင်ဘက်နဲ့ ထိုးမယ့်အချိန်မှာ လက်ဝှေ့Agencyကလူတွေ ပါရောက်လာတာ သတိထားမိပါတယ် 

လူချင်းတူရင် အရည်အချင်း ကွာတယ်
အရည်အချင်းတူရင်တောင် လေ့ကျင့်သားပြည့်ဝမှုကွာတယ်
လေ့ကျင့်သားပြည့်ဝမှုချင်းတူရင်တောင် စိတ်ဓါတ်ကွာခြားတာမို့ နေမကောင်းတဲ့ မားမားအတွက်ဆိုတဲ့ စိတ်ကြောင့်
အဲဒီနေ့က ရိပေါ် ငါးယောက်လုံးကို အလှဲထိုး နိုင်ခဲ့ပါတယ်

ပွဲစဉ်တွေအားလုံးအပြီး လက်ဝှေ့ထိုးတဲ့သူတွေ မြေတောင်မြှောက်ပေးနေတဲ့ Agencyတွေက သူတို့ Agencyတွေကိုလာဖို့ ခေါ်နေပါတယ် ရိပေါ်ကို လက်ရွေးစင်ဖြစ်တဲ့အထိ သူတို့မြေတောင်မြှောက်ပေးမယ်လို့တောင် လာကမ်းလှမ်းကြပါတယ် ဒါပေမယ့် ရိပေါ်က ကျွန်တော် စိန်ခေါ်ပွဲ တစ်ပွဲပဲ ထိုးမှာမို့ မလာပါရစေနဲ့ ငြင်းခဲ့ပါတယ် သူတို့ကပြောပါတယ် ဝမ်ရိပေါ်ဆိုတဲ့မင်း လာမယ်ဆို အချိန်မရွေး လာနိုင်ပါတယ် ဆိုပြီး လိပ်စာကတ်တွေ အတင်းပေးသွားကြတာပါပဲ

ပွဲစီစဉ်သူတွေကလည်း

"ရိပေါ် မင်းဘယ်သူ့စိန်ခေါ်မှာလဲ ငါတို့ တစ်လအတွင်းစီစဉ်ပေးမယ်"

"ကျွန်တော် ဖြစ်နိုင်ရင် နှစ်ပတ်အတွင်း ထိုးချင်တာ ကျွန်တော့်မားမား ကျန်းမာရေးကြောင့်ပါ မြန်လေကောင်းလေပါပဲ"

"အတတ်နိုင်ဆုံး မြန်အောင် စီစဉ်ပေးမယ် ပြောဘယ်သူနဲ့ ထိုးချင်လဲ မင်းနဲ့ထိုးမယ့် ပြိုင်ဘက်ကို ငါတို့လည်း သိချင်နေပြီ"

"ရှောင်းကျန့် ........ ကျွန်တော် စိန်ခေါ်ချင်တာ ငါးထပ်ကွမ်း ရွှေခါးပတ်ဆုရှင် ရှောင်းကျန့်"

............

AN:

Yiboလေးကတော့ ရွှေခါးပတ်ဆုရှင်ကြီးကို စိန်ခေါ်လိုက်ပါပြီ ဘယ်လိုတွေ ထိုးကြမလဲဆိုတာကတော့....................

Continue Reading

You'll Also Like

6.2K 435 5
ရှေးဟောင်းလက်စွပ်တစ်ကွင်းကြောင့် သမိုင်းဆရာ အမောင်ဝမ်ရိပေါ် တစ်ယောက် ရှေးခေတ်ကိုရောက်သွားချိန် အရင်အကောင့်က ဝင်လို့မရတော့လို့ပါ အရင်အပိုင်းတွေဖတ်ချင်...
42.2K 884 31
AOT FAN FICTION LevixSkye!!!! She envies the trio who fly through the horrid, dingy place they call the underground. She prefers to call it absolute...
231K 20.5K 49
It's a translation. I give all credit to original Arthur, kimnielle88. If you want to read thr original fiction, you can go to my wall. There is a re...
167K 10.2K 61
[COMPLETED] 𝗠𝗬 𝗕𝗨𝗟𝗟𝗬 ( 𝗕𝗜𝗡𝗦𝗨𝗡𝗚 𝗙𝗔𝗡𝗙𝗜𝗖 ) ❝𝘱-𝘱𝘭𝘦𝘢𝘴𝘦 𝘥𝘰𝘯'𝘵 𝘤𝘰𝘮𝘦 𝘯𝘦𝘢𝘳 𝘮𝘦... 𝘥-𝘥𝘰𝘯'𝘵 𝘩𝘶𝘳𝘵 𝘮𝘦, 𝘱𝘭𝘦𝘢...