" ယနေ့မှစ၍ နှစ်ပေါင်းတစ်ရာတိုင်ပါစေ "
" Cheers!!!! "
လက်ထဲမှ အရက်ခွက်ကို ကိုယ်စီကိုင်မြှောက်ရင်း ဂုဏ်ပြုအားပေးသံတို့က မင်္ဂလာခန်းမတစ်ခုလုံးကို လွှမ်းခြုံလို့သွားသည်။
" အနမ်းပေးပါ!! အနမ်းပေးပါ!! အနမ်းပေးပါ!! "
နီထွေးသော နှုတ်ခမ်းနှစ်စုံသည် စက္ကန့်ပိုင်းမျှ ပူးပေါင်းသွားပြီးနောက် ဩဘာပေးသံတို့ ပို၍ညံသွားသည်။ သတို့သား၏ ဝံ့ကြွားသောအပြုံးနှင့် သတို့သမီး၏ ရှက်သွေးလွှမ်းသော ပန်းနုရောင် ပါးပြင်ကလေးသည် ဖျတ်ခနဲ လက်သွားသော ကင်မရာထဲတွင်အမိအရ။
" သတို့သား မင် ယွန်း ဂျယ် နှင့် သတို့သမီး ဟာ အွန် ဂျောင်း တို့၏ ထိမ်းမြားလက်ထပ်ပွဲ "
ဆေးတက္ကသိုလ် အဝန်းအဝိုင်းတွင် နာမည်ကြီးလှသော စီနီယာမမနှင့် ဂျူနီယာမောင်လေးတို့ အချစ်ဇာတ်လမ်းလေး၏ ဇာတ်ပေါင်းခန်း။
ပညာသင်ချိန်က ပညာလောဘအလွန်ကြီးသော အလုပ်လုပ်ချိန်တွင်လည်း အလုပ်လောဘကို မလျှော့နိုင်ကြသော ယွန်းဂျယ်နှင့် သူ့မမအွန်ဂျောင်းတို့သည် ဆယ်စုနှစ်မကတော့သော ချစ်သူသက်တမ်းကိုသာ ထိန်းသိမ်းရင်း ကျေနပ်ပျော်ရွှင်ခဲ့ကြသူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ ဇာတ်ပေါင်းခန်းဖြစ်သော ဒီနေ့ကို မျှော်လင့်နေကြသူတွေတော်တော်များကြပြီး ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂုဏ်ပြုပေးသူတွေလည်းများလှပါသည်။
သတို့သား၏ မိဘနှင့် သတို့သမီး၏ မိဘဟူ၍ နှစ်ဘက်ခွဲကာ မထိုင်ကြသော သူနာပြုဆရာမလေးနှင့် အန်တီမီနာသည် တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ကာ သားနှင့်သမီးအတွက် ဝမ်းသာပီတိဖြစ်နေကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဘဝကို ရောက်ခဲ့ကြရတဲ့သူတို့က အိမ်နီးချင်းတွေအားလုံးထဲတွင် ပို၍ရင်းနှီးမှုရှိခဲ့ကြပြီး အခုလို သားနှင့်သမီးကြောင့် ခမည်းခမက်ဆက်ဆံရေးကို ပိုင်ဆိုင်ရသောအခါတွင်လည်း အတိုင်းထက်အလွန်ဖြစ်ခဲ့ကြရပါသည်။
အားလုံးဝမ်းသာအားရ ဖြစ်နေရပါသော ဒီမင်္ဂလာပွဲကြီးအတွက် ဝမ်းသာလျက်က အနည်းငယ်ဝမ်းနည်းစိတ်ဝင်မိနေသူ တစ်ယောက်လည်းရှိပါသည်။ ထိုသူမှာ တခြားသူမဟုတ်ဘဲ အခုအချိန်ထိ သူ့ကိုကြီး၏ အငယ်လေးဖြစ်နေဆဲ ယွန်းဂီပင်ဖြစ်သည်။
အချိန်ပိုင်းနည်းပြလုပ်ရင်း တစ်ဖက်မှာလည်း ဒေါက်တာဘွဲ့အတွက် စာတမ်းပြုစုနေသော တက္ကသိုလ်ကျောင်းဆရာလေး ယွန်းဂီသည် တည်ငြိမ်သောအဝတ်အစားအသုံးအဆောင်၊ သေသပ်ပိပြားသော ဆံပင်ပုံစံ၊ ပါဝါ ခပ်ထူထူရှိနေပြီဖြစ်သော အနက်ရောင်မျက်မှန်ကိုင်းလေးဖြင့် လူလတ်ပိုင်းအရွယ် ယောကျ်ာတစ်ယောက်၏ပုံစံကို ပီပီပြင်ပြင်ဖော်ဆောင်ထားပြီဖြစ်သော်ငှား သူ့ကိုကြီးနှင့်ပတ်သက်လာလျှင်တော့ နှုတ်ခမ်းလေးဆူ စိတ်ကောက်တတ်သော ကလေးစိတ်ကလေးက ကျန်နေပါသေးသည်။ ဒီလက်ထပ်ပွဲဖြစ်လာဖို့ တဂျီဂျီတိုက်တွန်းနေသူမှာ သူပင်ဖြစ်သော်လည်း၊ ဒီမင်္ဂလာပွဲကြီးအတွက် ပန်းအစ ဖိတ်စာအဆုံး ပါဝင်စီမံပေးခဲ့သူမှာ သူပင်ဖြစ်သော်လည်း တကယ့်တကယ်တမ်းကျတော့ ယွန်းဂီမှာ သူ့ကိုကြီးကို မနှမြောဘဲတော့လည်း မနေနိုင်ပါ။
" ငြိမ်လှချည်လား ဆရာ "
ယွန်းဂီက သူ့အတွေးနှင့်သူ မြောနေတုန်း တစ်စုံတစ်ယောက်၏ နှုတ်ဆက်သံကို ကြားလိုက်ရတာကြောင့် အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
" မိုနီလေး! အခုမှရောက်တာလား "
" လုပ်ပြီဗျာ "
မျက်မှန်ဝိုင်းလေးအစား ဆန်းဆန်းပြားပြားမျက်ကပ်မှန်တို့ကို ပြောင်းလဲတပ်ဆင်ထားတတ်ပြီဖြစ်သော ကောင်လေးသည် လူကြားထဲတွင် မိုနီလေးလို့အခေါ်ခံရသည့်အခါ ရှက်တတ်နေပြီဖြစ်သည်။ ယွန်းဂီစိတ်ထဲတွင်တော့ ဒီကောင်လေးကို အားတာနဲ့ ဂိမ်းဆိုင်မှာ အချိန်ထိုင်ဖြုန်းတတ်သော၊ ညနေ ညနေ စာလာပြတိုင်း စိတ်ဝင်တစားဖြင့် အမေးအမြန်းထူတတ်သော၊ အလွန်စိတ်ကောင်းရှိပြီး ပိုးစားနေသောသွားကလေးတွေပေါ်အောင် အမြဲရယ်ပြတတ်သော ရပ်ကွက်ထဲကချာတိတ်ကလေးလိုပင် ထင်နေသေးသော်ငှား တကယ့် တကယ်တမ်းတော့ မိုနီလေးက သူ့ထက် ခေါင်းနှစ်လုံးစာလောက် အရပ်မြင့်သော တက္ကသိုလ်ကျောင်းသားကြီးဖြစ်နေလေပြီ။
" အေးပါ အေးပါ ဂျွန်း ဂျွန်း "
" ကိုကြီးကို နှမြောနေပြီမလား ဆရာ "
ဂျွန်းက ယွန်းဂီရဲ့ ပခုံးကို တွန်းတိုက်လိုက်ရင်းကစနောက်သလို မေးလိုက်သည်။ အတွင်းသိ အစင်းသိတွေမို့ အတန်းထဲမှာဆို မျက်နှာတည်လွန်းသဖြင့် ကြောက်ရပါသော သူ့ဆရာမှာ ကလေးစိတ်မကုန်သေးတာကိုလည်း သူကောင်းကောင်းသိပါသည်။
" မဟုတ်တာ မမအွန်ဂျောင်းကြားရင် အဆူခံရမယ် "
" ဆရာ့အလှည့်ရော ကျနော်တို့ မျှော်လင့်ထားရတော့မှာလား "
" ဟုတ်တယ် ဆရာ မလျှိုထားပဲ ပြောပြပါဦး "
ဂျွန်းအနောက်မှ ပါလာသော ငယ်ငယ်က မိုနီ့အိမ်ရဲ့ ဝိုင်းတော်သားများဖြစ်ကြသည့် ဂျီအူးနှင့် ဂျီဟွန်းတို့ မောင်နှမက ယွန်းဂီကို ဝိုင်းကြပ်ကြပြန်သည်။ ယွန်းဂီသည် လက်ထပ်ဖို့မဆိုထားနှင့် လူပျိုကြီး စာရင်းဝင်လာပြီဖြစ်သော ဒီအရွယ်အထိ ရည်းစားပင် ဟုတ်တိပတ်တိ မထားဘူးသေးတာကိုလည်း သူတို့အသိပင်။
" ကဲ တော်ပြီ ဆရာ့ကိုလာမစားဘဲ မုန့်သွားစားကြစမ်းပါကွာ "
ယွန်းဂီတို့ ရယ်ရယ်မောမော စနောက်နေကြတုန်း မိသားစုဓာတ်ပုံရိုက်ဖို့အတွက် ယွန်းဂျယ်က လှမ်းခေါ်နေတာကြောင့် ယွန်းဂီက မင်္ဂလာစင်မြင့်ပေါ်သို့ အပြေးအလေး တက်သွားလိုက်ရသည်။ အသစ်တိုးလာသော မိသားစုဝင်များနှင့်အတူ ပထမဆုံး ရိုက်ကူးရသည့် ဓာတ်ပုံဖြစ်သဖြင့် ဖလက်ရှ်မီးရောင်တွေကြားထဲ ယွန်းဂီက အပျော်ဆုံးပြုံးနေပါသော်လည်း မစုံလင်သော မိသားစုအတွက်တော့ သူ့စိတ်ထဲမှာတော့ တိတ်တိတ်ကလေး ဝမ်းနည်းမိနေသည်။
ကောင်းစွာမမှတ်မိလိုက်ခင်မှာပင် ဆုံးရှုံးလိုက်ရသည့် ဖေဖေနှင့် သူတက္ကသိုလ်ကျောင်းသားကြီးဖြစ်ပြီး သိပ်မကြာခင်မှာပင် အပြီးအပိုင်နှုတ်ဆက်ထွက်ခွါသွားခဲ့ပါသော ဖိုးဖိုး။
ပြီးတော့ ယောင်း။
သိပ်မကြာခင်မှာ ၂၂ ပြည့်မွေးနေ့ကို ဖြတ်သန်းရတော့မည့် သူ့ရဲ့ ယောင်းကလေး။
အပြီးအပိုင် ထွက်ခွါသွားသူတွေကို လက်လွှတ်ပေးနိုင်ခဲ့သော်ငှား ယောင်းကိုတော့ သူစောင့်နေဆဲ။
၁၀ စုနှစ်တစ်ခုစာ အလှမ်းကွာဟသွားမှုတွေကြား သူမျှော်လင့်နေဆဲပင်။
ပြန်ဆုံနိုင်ဦးမည်မဟုတ်လား ယောင်း။
#...🐻...#
" ရွှီ!!!! ဒုန်း!!! "
" Happy Birthday!!!! "
မီးရှူးမီးပန်းကြီးများ ကောင်းကင်ပေါ်သို့ ပျံတက်သွားသံနှင့်အတူ မွေးနေ့ဂုဏ်ပြုသံတို့က ဇိမ်ခံသင်္ဘောကြီးတစ်ခုလုံးတွင် အုန်းအုန်းကျွတ်ကျွတ်ဆူညံလို့သွားသည်။
" ၂၂ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုပါတယ် သားလေး "
" Thank you ပါ daddy "
ခိုင်ခံ့တောင့်တင်းသော ရင်အုပ်ကို အတိုင်းသားမြင်ရလောက်အောင်အထိ အင်္ကျီကြယ်သီးတို့ကို ဖြုတ်ထားသော မွေးနေ့ရှင်ယောင်း။ ပေါ်လွင်သော မျက်ခုံး၊ ညို့တတ်သောမျက်လုံးနှင့် ဖြောင့်ဆင်းသောနှာတံတွင် လှိုင်းတွန့်ဆံပင်တို့ကိုပါ ပေါင်းထည့်လိုက်သောအခါ ၂၂ နှစ်အရွယ် ယောင်း၏ခန့်ညားမှုသည် သက်ရှိပန်းပုရုပ်တစ်ရုပ်လို သေသပ်လွန်းလှသည်။
" Let's start "
ယောင်းသည် လက်ထဲမှ ရှန်ပိန်ခွက်ကို လှည့်ပြလိုက်ရင်းမှ သင်္ဘောစက်ခေါင်းနားမှာ ရှိနေသည့် dj ကို စတင်ဖို့ အချက်လှမ်းပြလိုက်သည်။ အချက်ပြလိုက်သည်နှင့် Dj ၏ လက်ဖျားထိပ်မှစီးဆင်းလာသည့်ခေတ်ရှေ့ပြေးလွန်းသော တီးလုံးသံတို့ အဆက်မပြတ် ထွက်ကျလာကြတော့သည်။ ထိုတီးလုံးသံတို့က ရေအောက်တွင် အိပ်ပျော်နေသော သက်ရှိလေးတွေ လန့်နိုးနိုင်လောက်သည်အထိ ဆူညံနေပါသော်လည်း သင်္ဘောပေါ်တွင်ရောက်နေသော လူတွေအတွက်တော့ စိတ်လွတ်လက်လွတ် ခုန်ပေါက်ဖို့အကောင်းဆုံးဖြစ်နေသည်။
" Happy Birthday Tae "
" thanks "
မွေးနေ့ဆုတောင်းပေးသော မိန်းမလှလေး Stephanie ၏ကျောပြင်ကို ယောင်းက တစ်ချက်လှမ်းပုတ်လိုက်ရင်းမှ ကျေးဇူးတင်ကြောင်းပြန်ပြောလိုက်သည်။
" ဆန်း ငီး ချူး ခါ ဟဲ!!!! is that correct? "
" Yeahh man who taught you? "
" aha...j.m "
သူငယ်ချင်းတွေထဲ active အဖြစ်ဆုံး Bobby က dj အနီးနားတွင် ကွေးနေအောင်ကနေသည့် j.m ကို လက်ညိုးဖြင့် လှမ်းထိုးပြရင်းက ပြန်ဖြေလိုက်သည်။j.m က ကနေရင်းမှ ယောင်းတို့ သူ့ကိုလှမ်းကြည့်နေမှန်း သိသွားသောအခါ ယောင်းကို ခဏစောင့်နေဟု လက်ဟန်ခြေဟန်ပြလိုက်ပြီး နေရာမှ ခုန်ပေါက် ထွက်သွားသည်။
J.m သည် ရေခြားမြေခြားတွင် ယောင်းပထမဆုံး ရခဲ့သော သူငယ်ချင်းဖြစ်ပြီး အခုတော့ ညီအစ်ကိုအရင်းနှင့် မခြားတော့သော ယောင်း၏ ဆိုးတူကောင်းဖက်လည်းဖြစ်သည်။ J.m က သူ့ကို တစ်ခါမြင်ဖူးပြီးသည့်သူတိုင်း မချစ်ဘဲမနေနိုင်လောက်အောင် ဆွဲဆောင်နိုင်ပြီး သေးသေးကွေးကွေးသူ့ကိုယ်လုံးလေးမှာ နှလုံးသားအကြီးကြီးကို ထမ်းထားသည့် ကြင်နာတတ်သည့် ကောင်လေးဖြစ်ပါသည်။
" Tae.... guess what I got for you "
ယောင်းတစ်ယောက်ထဲ အတွေးများနေတုန်း လူကြားထဲမှ အတင်းတိုးဝှေ့ဝင်လာပြီး ခါးကို လာဖက်ထားသည့် Emma ။ သူငယ်ချင်းမက ရည်းစားမကျပါသော အီစီကလီ နံပါတ် ဝမ်း တူး သရီးတွေထဲ ဒီနေ့ သင်္ဘောပေါ်သို့ ပါလာခဲ့သူမှာ Emma တစ်ယောက်တည်းဖြစ်သဖြင့် ယောင်းကလည်း Emma ရဲ့ခါးကို ပြန်ဖက်ထားလိုက်သည်။
" uhmm... a kiss "
" Sure if you ask for it "
Emma က ခပ်သွက်သွက်လှုပ်ရှားလိုက်ပြီး သူ့နှုတ်ခမ်းနားသို့ နီးကပ်လာသည့်အခါ ယောင်းက အလန့်တကြားဖြင့် နောက်သို့ဆုတ်ကာ အလျင်အမြန် ရှောင်လိုက်သည်။
" ဝိုး ဝိုး I'm just kidding "
သူ့နှုတ်ခမ်းကို အထိမခံ ရွှေပန်းကန်လုပ်တတ်လွန်းပါသော မွေးနေ့ရှင်၏အကြောင်းကို သိပြီးဖြစ်သည့် အီစီကလီလေးသည် သူယူလာသည့် လက်ဆောင်ဘူးကို ယောင်း၏ ဟနေသော ရင်ဘတ်နေရာသို့ ပစ်ပေါက်ပေးလိုက်ပြီး မျက်စောင်းလှလှလေးတစ်ချက်ထိုးကာ ထွက်သွားသည်။
Bobby က ယောင်းကို Emma နောက်လိုက်သွားဖို့အတွက် အချက်ပြနေသော်လည်း ယောင်းကတော့ အဲ့လိုစိတ်ကူးမရှိပေ။ ယောင်းသည် အီစီကလီ တစ် နှစ် သုံး လေးများကို သူ့ဘက်မှ ဇာတ်လမ်းစခဲ့ခြင်းမရှိသလို စည်းကျော်ခဲ့ခြင်းလည်း တစ်ခါမှမရှိခဲ့သူဖြစ်သည်။
ယောင်းသည် ဘာကိုမှမမှုဘဲ လွတ်လပ်ပေါ့ပါးစွာ ကခုန်ပျော်ရွှင်နေသည်။ သူ့မေမေပေးခဲ့သော နာမည်နှင့်လိုက်ဖက်စွာ လိုတိုင်းတရနေသည့် ယောင်း၏ဘဝသည် လူတိုင်းအားကျချင်စရာ ကောင်းပါသည်။
သို့သော် ထိုဘဝမျိုးသည် လွယ်လွယ်နှင့် ဖြစ်လာခဲ့ခြင်းတော့ မဟုတ်ပါလေ။ အမြဲတစေ ကြင်နာယုယခံခဲ့ရပါသော ၁၂ နှစ်အရွယ်ကလေးလေးသည် တစ်ရက်တစ်မနက်အတွင်း စိမ်းသက်သော ရောင်စုံမျက်လုံးတွေကြားတွင် ပြောင်းလဲရှင်သန်ရသည့်အခါ တစ်ယောက်တည်း ကြိတ်ငိုခဲ့ရသော ရက်တွေလည်း ရေမတွက်နိုင်အောင် ရှိခဲ့သည်။
ငွေရှာကောင်းသော သူ့ဖေဖေက ဖခင်တစ်ယောက်အနေနှင့် သူ၏လစ်ဟင်းမှုမှန်သမျှကို ငွေဖြင့်သာဖြည့်ပေးတတ်ကြောင်း သိလာရသည့်အခါ ယောင်းသည်လည်း အရာရာကို ငွေဖြင့် ဖြေရှင်းတတ်လာသည်။ နိုင်ငံရပ်ခြားမှာ ရှင်သန်ခဲ့ရသော ၁၀ နှစ်တာကာလအတွင်း ယောင်းက လူဆိုးစာရင်းဝင်မဟုတ်သော်လည်း လူလိမ္မာလေးအနေဖြင့်တော့ မကြီးပြင်းလာခဲ့ပါ။
" Heyy watch out!! watch out!! "
မိုးပျံပူပေါင်းအပြည့်တင်ထားသော လှည်းကြီးကို ယောင်းရှိနေရာ လူအုပ်ကြားထဲ အရှိန်ဖြင့်တွန်းလွှတ်လိုက်ပြီးမှ j.m က မိုက်ခရိုဖုန်းဖြင့် ကုန်းအော်နေသည်။ Dj သည် ခဏရပ်လိုက်ပြီး ကခုန်နေသူများသည် လှည်းကြီးကို လွတ်အောင် နောက်သို့ဆုတ်ကာ ရှောင်လိုက်ကြရသည်။
ယောင်းက သူ့ဆီတည့်တည့်လာနေသော ပူပေါင်းအပြည့်ဖြင့် လှည်းကြီးကို လက်တစ်ဖက်နှင့် လှမ်းဖမ်းထားလိုက်ပြီး j.m ဘက်သို့ မေးဆတ်ပြကာ ဘာလဲဟု မေးခွန်းထုတ်လိုက်သည်။ j.m က ပြန်မဖြေသေးဘဲ ယောင်းဆီသို့ပြေးလာကာ ပခုံးကို လှမ်းခုန်ဖက်ထားလိုက်သည်။
" Present လေ ဘရို "
" ဒီပူပေါင်းတွေကလား "
" ဒီလိုလေး "
" ဖောက်! "
" ဒီလိုလေး "
" ဖောက်! "
J.m က သူ့လက်ထဲမှ ဆူးချွန်လေးဖြင့် ပူပေါင်းတွေ တစ်လုံးပြီး တစ်လုံးဖောက်ပြနေသည့်အခါ ပူပေါင်းထဲမှ ထွက်ကျလာသည့် မွေးနေ့လက်ဆောင် ပစ္စည်းတို့ကို ယောင်းက ဝမ်းသာအားရလိုက်ဖမ်းနေလိုက်သည်။
" ကဲ နောက်ဆုံးတစ်ခု
" ဖောက်! "
နောက်ဆုံးလက်ဆောင်ကို လှမ်းဖမ်းလိုက်ပြီးသောအခါ ယောင်းက လက်ထဲတွင်ကိုင်ထားသော လက်ဆောင်ပစ္စည်းတွေအားလုံးကို အောက်သို့ ပစ်ချထားလိုက်သည်။
ယောင်းက သူ့လက်ထဲတွင်ရောက်နေသော နောက်ဆုံးလက်ဆောင် လေယာဉ်လက်မှတ်နှစ်စောင်ကို ဘယ်ပြန်ညာပြန်ကြည့်လိုက်သည်။
New York, United States of America (JFK) to Seoul, South Korea (INC)
" ဘရို!!! "
" ငါတို့ ဖားသားကြီး နှစ်ယောက်စလုံး ခွင့်ပြုပြီးပြီ "
" Daddy!! "
J.m ဆီက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည့်အသံကို ကြားပြီးသည့်အခါ ယောင်းက အဖေဖြစ်သူကို လှမ်းအော်ခေါ်လိုက်သည်။ တခြားအရာတွေကို ဘယ်လိုပင် ပူဆာပူဆာ တစ်ချက်မငြင်းသော သူ့ဖေဖေသည် ကိုရီးယားကို အပြီးပြန်ဖို့မပြောနှင့် အလည်သွားဖို့ပြောလျှင်တောင် ခါးခါးသီးသီး ငြင်းခဲ့သူဖြစ်ပြီး ယောင်းနှင့် သူနာပြုဆရာမလေးတို့မိသားစုကြားက အဆက်အသွယ်တွေအားလုံးကိုလည်း ဖြတ်တောက်ထားပစ်ခဲ့သူ ဖြစ်ပါသည်။
" တကယ်လား Daddy!! "
ယောင်းဖေဖေက သူ့ဘော်ဒါတွေနှင့် ပျော်ပျော်ရွှင်ရွှင် သောက်စားနေရင်း ယောင်း၏အသံကို ကြားသည့်အခါ လက်ထဲမှ အရက်ခွက်ကို မြှောက်ပြလိုက်ကာ တကယ်ခွင့်ပြုကြောင်းပြလိုက်သည်။ ယောင်းဖေဖေ၏ဘေးတွင် ရှိနေသော J.m ဖေဖေဖြစ်သူ ဦးလေး Park သည်လည်း သွားကြဆိုသည့် သဘောဖြင့် လက်ဟန်လှမ်းပြသည်ကို မြင်လိုက်ရသည်။
ယောင်းသည် ပျော်လွန်းသဖြင့် လက်တစ်ဖက်မှလေယာဉ်လက်မှတ်တို့ကို မလွတ်တမ်း ကိုင်ထားရင်း j.m ရဲ့ ကျောပြင်သေးသေးလေးပေါ်သို့ ပြေးကာ ခုန်တက်ပစ်လိုက်သည်။
" သွားကြစို့ ကိုရီးယားကို "
#...🐻...#
" ယေန႕မွစ၍ ႏွစ္ေပါင္းတစ္ရာတိုင္ပါေစ "
" Cheers!!!! "
လက္ထဲမွ အရက္ခြက္ကို ကိုယ္စီကိုင္ျမႇောက္ရင္း ဂုဏ္ျပဳအားေပးသံတို႔က မဂၤလာခန္းမတစ္ခုလုံးကို လႊမ္းၿခဳံလို႔သြားသည္။
" အနမ္းေပးပါ!! အနမ္းေပးပါ!! အနမ္းေပးပါ!! "
နီေထြးေသာ ႏႈတ္ခမ္းႏွစ္စုံသည္ စကၠန႔္ပိုင္းမွ် ပူးေပါင္းသြားၿပီးေနာက္ ဩဘာေပးသံတို႔ ပို၍ညံသြားသည္။ သတို႔သား၏ ဝံ့ႂကြားေသာအၿပဳံးႏွင့္ သတို႔သမီး၏ ရွက္ေသြးလႊမ္းေသာ ပန္းႏုေရာင္ ပါးျပင္ကေလးသည္ ဖ်တ္ခနဲ လက္သြားေသာ ကင္မရာထဲတြင္အမိအရ။
" သတို႔သား မင္ ယြန္း ဂ်ယ္ ႏွင့္ သတို႔သမီး ဟာ အြန္ ေဂ်ာင္း တို႔၏ ထိမ္းျမားလက္ထပ္ပြဲ "
ေဆးတကၠသိုလ္ အဝန္းအဝိုင္းတြင္ နာမည္ႀကီးလွေသာ စီနီယာမမႏွင့္ ဂ်ဴနီယာေမာင္ေလးတို႔ အခ်စ္ဇာတ္လမ္းေလး၏ ဇာတ္ေပါင္းခန္း။
ပညာသင္ခ်ိန္က ပညာေလာဘအလြန္ႀကီးေသာ အလုပ္လုပ္ခ်ိန္တြင္လည္း အလုပ္ေလာဘကို မေလွ်ာ့နိုင္ၾကေသာ ယြန္းဂ်ယ္ႏွင့္ သူ႕မမအြန္ေဂ်ာင္းတို႔သည္ ဆယ္စုႏွစ္မကေတာ့ေသာ ခ်စ္သူသက္တမ္းကိုသာ ထိန္းသိမ္းရင္း ေက်နပ္ေပ်ာ္႐ႊင္ခဲ့ၾကသူမ်ားျဖစ္ၾကသည္။ ထို႔ေၾကာင့္ သူတို႔ႏွစ္ဦး၏ ဇာတ္ေပါင္းခန္းျဖစ္ေသာ ဒီေန႕ကို ေမွ်ာ္လင့္ေနၾကသူေတြေတာ္ေတာ္မ်ားၾကၿပီး ကိုယ္တိုင္ကိုယ္က် လာေရာက္ဂုဏ္ျပဳေပးသူေတြလည္းမ်ားလွပါသည္။
သတို႔သား၏ မိဘႏွင့္ သတို႔သမီး၏ မိဘဟူ၍ ႏွစ္ဘက္ခြဲကာ မထိုင္ၾကေသာ သူနာျပဳဆရာမေလးႏွင့္ အန္တီမီနာသည္ တစ္ေယာက္လက္ကို တစ္ေယာက္ဆုပ္ကိုင္ကာ သားႏွင့္သမီးအတြက္ ဝမ္းသာပီတိျဖစ္ေနၾကသည္။ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ မုဆိုးမဘဝကို ေရာက္ခဲ့ၾကရတဲ့သူတို႔က အိမ္နီးခ်င္းေတြအားလုံးထဲတြင္ ပို၍ရင္းႏွီးမႈရွိခဲ့ၾကၿပီး အခုလို သားႏွင့္သမီးေၾကာင့္ ခမည္းခမက္ဆက္ဆံေရးကို ပိုင္ဆိုင္ရေသာအခါတြင္လည္း အတိုင္းထက္အလြန္ျဖစ္ခဲ့ၾကရပါသည္။
အားလုံးဝမ္းသာအားရ ျဖစ္ေနရပါေသာ ဒီမဂၤလာပြဲႀကီးအတြက္ ဝမ္းသာလ်က္က အနည္းငယ္ဝမ္းနည္းစိတ္ဝင္မိေနသူ တစ္ေယာက္လည္းရွိပါသည္။ ထိုသူမွာ တျခားသူမဟုတ္ဘဲ အခုအခ်ိန္ထိ သူ႕ကိုႀကီး၏ အငယ္ေလးျဖစ္ေနဆဲ ယြန္းဂီပင္ျဖစ္သည္။
အခ်ိန္ပိုင္းနည္းျပလုပ္ရင္း တစ္ဖက္မွာလည္း ေဒါက္တာဘြဲ႕အတြက္ စာတမ္းျပဳစုေနေသာ တကၠသိုလ္ေက်ာင္းဆရာေလး ယြန္းဂီသည္ တည္ၿငိမ္ေသာအဝတ္အစားအသုံးအေဆာင္၊ ေသသပ္ပိျပားေသာ ဆံပင္ပုံစံ၊ ပါဝါ ခပ္ထူထူရွိေနၿပီျဖစ္ေသာ အနက္ေရာင္မ်က္မွန္ကိုင္းေလးျဖင့္ လူလတ္ပိုင္းအ႐ြယ္ ေယာက်္ာတစ္ေယာက္၏ပုံစံကို ပီပီျပင္ျပင္ေဖာ္ေဆာင္ထားၿပီျဖစ္ေသာ္ငွား သူ႕ကိုႀကီးႏွင့္ပတ္သက္လာလွ်င္ေတာ့ ႏႈတ္ခမ္းေလးဆူ စိတ္ေကာက္တတ္ေသာ ကေလးစိတ္ကေလးက က်န္ေနပါေသးသည္။ ဒီလက္ထပ္ပြဲျဖစ္လာဖို႔ တဂ်ီဂ်ီတိုက္တြန္းေနသူမွာ သူပင္ျဖစ္ေသာ္လည္း၊ ဒီမဂၤလာပြဲႀကီးအတြက္ ပန္းအစ ဖိတ္စာအဆုံး ပါဝင္စီမံေပးခဲ့သူမွာ သူပင္ျဖစ္ေသာ္လည္း တကယ့္တကယ္တမ္းက်ေတာ့ ယြန္းဂီမွာ သူ႕ကိုႀကီးကို မႏွေျမာဘဲေတာ့လည္း မေနနိုင္ပါ။
" ၿငိမ္လွခ်ည္လား ဆရာ "
ယြန္းဂီက သူ႕အေတြးႏွင့္သူ ေျမာေနတုန္း တစ္စုံတစ္ေယာက္၏ ႏႈတ္ဆက္သံကို ၾကားလိုက္ရတာေၾကာင့္ အေနာက္ဘက္သို႔ လွည့္ၾကည့္လိုက္သည္။
" မိုနီေလး! အခုမွေရာက္တာလား "
" လုပ္ၿပီဗ်ာ "
မ်က္မွန္ဝိုင္းေလးအစား ဆန္းဆန္းျပားျပားမ်က္ကပ္မွန္တို႔ကို ေျပာင္းလဲတပ္ဆင္ထားတတ္ၿပီျဖစ္ေသာ ေကာင္ေလးသည္ လူၾကားထဲတြင္ မိုနီေလးလို႔အေခၚခံရသည့္အခါ ရွက္တတ္ေနၿပီျဖစ္သည္။ ယြန္းဂီစိတ္ထဲတြင္ေတာ့ ဒီေကာင္ေလးကို အားတာနဲ႕ ဂိမ္းဆိုင္မွာ အခ်ိန္ထိုင္ျဖဳန္းတတ္ေသာ၊ ညေန ညေန စာလာျပတိုင္း စိတ္ဝင္တစားျဖင့္ အေမးအျမန္းထူတတ္ေသာ၊ အလြန္စိတ္ေကာင္းရွိၿပီး ပိုးစားေနေသာသြားကေလးေတြေပၚေအာင္ အၿမဲရယ္ျပတတ္ေသာ ရပ္ကြက္ထဲကခ်ာတိတ္ကေလးလိုပင္ ထင္ေနေသးေသာ္ငွား တကယ့္ တကယ္တမ္းေတာ့ မိုနီေလးက သူ႕ထက္ ေခါင္းႏွစ္လုံးစာေလာက္ အရပ္ျမင့္ေသာ တကၠသိုလ္ေက်ာင္းသားႀကီးျဖစ္ေနေလၿပီ။
" ေအးပါ ေအးပါ ဂြၽန္း ဂြၽန္း "
" ကိုႀကီးကို ႏွေျမာေနၿပီမလား ဆရာ "
ဂြၽန္းက ယြန္းဂီရဲ႕ ပခုံးကို တြန္းတိုက္လိုက္ရင္းကစေနာက္သလို ေမးလိုက္သည္။ အတြင္းသိ အစင္းသိေတြမို႔ အတန္းထဲမွာဆို မ်က္ႏွာတည္လြန္းသျဖင့္ ေၾကာက္ရပါေသာ သူ႕ဆရာမွာ ကေလးစိတ္မကုန္ေသးတာကိုလည္း သူေကာင္းေကာင္းသိပါသည္။
" မဟုတ္တာ မမအြန္ေဂ်ာင္းၾကားရင္ အဆူခံရမယ္ "
" ဆရာ့အလွည့္ေရာ က်ေနာ္တို႔ ေမွ်ာ္လင့္ထားရေတာ့မွာလား "
" ဟုတ္တယ္ ဆရာ မလွ်ိုထားပဲ ေျပာျပပါဦး "
ဂြၽန္းအေနာက္မွ ပါလာေသာ ငယ္ငယ္က မိုနီ႕အိမ္ရဲ႕ ဝိုင္းေတာ္သားမ်ားျဖစ္ၾကသည့္ ဂ်ီအူးႏွင့္ ဂ်ီဟြန္းတို႔ ေမာင္ႏွမက ယြန္းဂီကို ဝိုင္းၾကပ္ၾကျပန္သည္။ ယြန္းဂီသည္ လက္ထပ္ဖို႔မဆိုထားႏွင့္ လူပ်ိဳႀကီး စာရင္းဝင္လာၿပီျဖစ္ေသာ ဒီအ႐ြယ္အထိ ရည္းစားပင္ ဟုတ္တိပတ္တိ မထားဘူးေသးတာကိုလည္း သူတို႔အသိပင္။
" ကဲ ေတာ္ၿပီ ဆရာ့ကိုလာမစားဘဲ မုန႔္သြားစားၾကစမ္းပါကြာ "
ယြန္းဂီတို႔ ရယ္ရယ္ေမာေမာ စေနာက္ေနၾကတုန္း မိသားစုဓာတ္ပုံရိုက္ဖို႔အတြက္ ယြန္းဂ်ယ္က လွမ္းေခၚေနတာေၾကာင့္ ယြန္းဂီက မဂၤလာစင္ျမင့္ေပၚသို႔ အေျပးအေလး တက္သြားလိုက္ရသည္။ အသစ္တိုးလာေသာ မိသားစုဝင္မ်ားႏွင့္အတူ ပထမဆုံး ရိုက္ကူးရသည့္ ဓာတ္ပုံျဖစ္သျဖင့္ ဖလက္ရွ္မီးေရာင္ေတြၾကားထဲ ယြန္းဂီက အေပ်ာ္ဆုံးၿပဳံးေနပါေသာ္လည္း မစုံလင္ေသာ မိသားစုအတြက္ေတာ့ သူ႕စိတ္ထဲမွာေတာ့ တိတ္တိတ္ကေလး ဝမ္းနည္းမိေနသည္။
ေကာင္းစြာမမွတ္မိလိုက္ခင္မွာပင္ ဆုံးရႈံးလိုက္ရသည့္ ေဖေဖႏွင့္ သူတကၠသိုလ္ေက်ာင္းသားႀကီးျဖစ္ၿပီး သိပ္မၾကာခင္မွာပင္ အၿပီးအပိုင္ႏႈတ္ဆက္ထြက္ခြါသြားခဲ့ပါေသာ ဖိုးဖိုး။
ၿပီးေတာ့ ေယာင္း။
သိပ္မၾကာခင္မွာ ၂၂ ျပည့္ေမြးေန႕ကို ျဖတ္သန္းရေတာ့မည့္ သူ႕ရဲ႕ ေယာင္းကေလး။
အၿပီးအပိုင္ ထြက္ခြါသြားသူေတြကို လက္လႊတ္ေပးနိုင္ခဲ့ေသာ္ငွား ေယာင္းကိုေတာ့ သူေစာင့္ေနဆဲ။
၁၀ စုႏွစ္တစ္ခုစာ အလွမ္းကြာဟသြားမႈေတြၾကား သူေမွ်ာ္လင့္ေနဆဲပင္။
ျပန္ဆုံနိုင္ဦးမည္မဟုတ္လား ေယာင္း။
#...🐻...#
" ႐ႊီ!!!! ဒုန္း!!! "
" Happy Birthday!!!! "
မီးရႉးမီးပန္းႀကီးမ်ား ေကာင္းကင္ေပၚသို႔ ပ်ံတက္သြားသံႏွင့္အတူ ေမြးေန႕ဂုဏ္ျပဳသံတို႔က ဇိမ္ခံသေဘၤာႀကီးတစ္ခုလုံးတြင္ အုန္းအုန္းကြၽတ္ကြၽတ္ဆူညံလို႔သြားသည္။
" ၂၂ ႏွစ္ျပည့္ ေမြးေန႕ကို ဂုဏ္ျပဳပါတယ္ သားေလး "
" Thank you ပါ daddy "
ခိုင္ခံ့ေတာင့္တင္းေသာ ရင္အုပ္ကို အတိုင္းသားျမင္ရေလာက္ေအာင္အထိ အကၤ်ီၾကယ္သီးတို႔ကို ျဖဳတ္ထားေသာ ေမြးေန႕ရွင္ေယာင္း။ ေပၚလြင္ေသာ မ်က္ခုံး၊ ညို႔တတ္ေသာမ်က္လုံးႏွင့္ ေျဖာင့္ဆင္းေသာႏွာတံတြင္ လွိုင္းတြန႔္ဆံပင္တို႔ကိုပါ ေပါင္းထည့္လိုက္ေသာအခါ ၂၂ ႏွစ္အ႐ြယ္ ေယာင္း၏ခန႔္ညားမႈသည္ သက္ရွိပန္းပု႐ုပ္တစ္႐ုပ္လို ေသသပ္လြန္းလွသည္။
" Let's start "
ေယာင္းသည္ လက္ထဲမွ ရွန္ပိန္ခြက္ကို လွည့္ျပလိုက္ရင္းမွ သေဘၤာစက္ေခါင္းနားမွာ ရွိေနသည့္ dj ကို စတင္ဖို႔ အခ်က္လွမ္းျပလိုက္သည္။ အခ်က္ျပလိုက္သည္ႏွင့္ Dj ၏ လက္ဖ်ားထိပ္မွစီးဆင္းလာသည့္ေခတ္ေရွ႕ေျပးလြန္းေသာ တီးလုံးသံတို႔ အဆက္မျပတ္ ထြက္က်လာၾကေတာ့သည္။ ထိုတီးလုံးသံတို႔က ေရေအာက္တြင္ အိပ္ေပ်ာ္ေနေသာ သက္ရွိေလးေတြ လန႔္နိုးနိုင္ေလာက္သည္အထိ ဆူညံေနပါေသာ္လည္း သေဘၤာေပၚတြင္ေရာက္ေနေသာ လူေတြအတြက္ေတာ့ စိတ္လြတ္လက္လြတ္ ခုန္ေပါက္ဖို႔အေကာင္းဆုံးျဖစ္ေနသည္။
" Happy Birthday Tae "
" thanks "
ေမြးေန႕ဆုေတာင္းေပးေသာ မိန္းမလွေလး Stephanie ၏ေက်ာျပင္ကို ေယာင္းက တစ္ခ်က္လွမ္းပုတ္လိုက္ရင္းမွ ေက်းဇူးတင္ေၾကာင္းျပန္ေျပာလိုက္သည္။
" ဆန္း ငီး ခ်ဴး ခါ ဟဲ!!!! is that correct? "
" Yeahh man who taught you? "
" aha...j.m "
သူငယ္ခ်င္းေတြထဲ active အျဖစ္ဆုံး Bobby က dj အနီးနားတြင္ ေကြးေနေအာင္ကေနသည့္ j.m ကို လက္ညိုးျဖင့္ လွမ္းထိုးျပရင္းက ျပန္ေျဖလိုက္သည္။j.m က ကေနရင္းမွ ေယာင္းတို႔ သူ႕ကိုလွမ္းၾကည့္ေနမွန္း သိသြားေသာအခါ ေယာင္းကို ခဏေစာင့္ေနဟု လက္ဟန္ေျခဟန္ျပလိုက္ၿပီး ေနရာမွ ခုန္ေပါက္ ထြက္သြားသည္။
J.m သည္ ေရျခားေျမျခားတြင္ ေယာင္းပထမဆုံး ရခဲ့ေသာ သူငယ္ခ်င္းျဖစ္ၿပီး အခုေတာ့ ညီအစ္ကိုအရင္းႏွင့္ မျခားေတာ့ေသာ ေယာင္း၏ ဆိုးတူေကာင္းဖက္လည္းျဖစ္သည္။ J.m က သူ႕ကို တစ္ခါျမင္ဖူးၿပီးသည့္သူတိုင္း မခ်စ္ဘဲမေနနိုင္ေလာက္ေအာင္ ဆြဲေဆာင္နိုင္ၿပီး ေသးေသးေကြးေကြးသူ႕ကိုယ္လုံးေလးမွာ ႏွလုံးသားအႀကီးႀကီးကို ထမ္းထားသည့္ ၾကင္နာတတ္သည့္ ေကာင္ေလးျဖစ္ပါသည္။
" Tae.... guess what I got for you "
ေယာင္းတစ္ေယာက္ထဲ အေတြးမ်ားေနတုန္း လူၾကားထဲမွ အတင္းတိုးေဝွ႕ဝင္လာၿပီး ခါးကို လာဖက္ထားသည့္ Emma ။ သူငယ္ခ်င္းမက ရည္းစားမက်ပါေသာ အီစီကလီ နံပါတ္ ဝမ္း တူး သရီးေတြထဲ ဒီေန႕ သေဘၤာေပၚသို႔ ပါလာခဲ့သူမွာ Emma တစ္ေယာက္တည္းျဖစ္သျဖင့္ ေယာင္းကလည္း Emma ရဲ႕ခါးကို ျပန္ဖက္ထားလိုက္သည္။
" uhmm... a kiss "
" Sure if you ask for it "
Emma က ခပ္သြက္သြက္လႈပ္ရွားလိုက္ၿပီး သူ႕ႏႈတ္ခမ္းနားသို႔ နီးကပ္လာသည့္အခါ ေယာင္းက အလန႔္တၾကားျဖင့္ ေနာက္သို႔ဆုတ္ကာ အလ်င္အျမန္ ေရွာင္လိုက္သည္။
" ဝိုး ဝိုး I'm just kidding "
သူ႕ႏႈတ္ခမ္းကို အထိမခံ ေ႐ႊပန္းကန္လုပ္တတ္လြန္းပါေသာ ေမြးေန႕ရွင္၏အေၾကာင္းကို သိၿပီးျဖစ္သည့္ အီစီကလီေလးသည္ သူယူလာသည့္ လက္ေဆာင္ဘူးကို ေယာင္း၏ ဟေနေသာ ရင္ဘတ္ေနရာသို႔ ပစ္ေပါက္ေပးလိုက္ၿပီး မ်က္ေစာင္းလွလွေလးတစ္ခ်က္ထိုးကာ ထြက္သြားသည္။
Bobby က ေယာင္းကို Emma ေနာက္လိုက္သြားဖို႔အတြက္ အခ်က္ျပေနေသာ္လည္း ေယာင္းကေတာ့ အဲ့လိုစိတ္ကူးမရွိေပ။ ေယာင္းသည္ အီစီကလီ တစ္ ႏွစ္ သုံး ေလးမ်ားကို သူ႕ဘက္မွ ဇာတ္လမ္းစခဲ့ျခင္းမရွိသလို စည္းေက်ာ္ခဲ့ျခင္းလည္း တစ္ခါမွမရွိခဲ့သူျဖစ္သည္။
ေယာင္းသည္ ဘာကိုမွမမႈဘဲ လြတ္လပ္ေပါ့ပါးစြာ ကခုန္ေပ်ာ္႐ႊင္ေနသည္။ သူ႕ေမေမေပးခဲ့ေသာ နာမည္ႏွင့္လိုက္ဖက္စြာ လိုတိုင္းတရေနသည့္ ေယာင္း၏ဘဝသည္ လူတိုင္းအားက်ခ်င္စရာ ေကာင္းပါသည္။
သို႔ေသာ္ ထိုဘဝမ်ိဳးသည္ လြယ္လြယ္ႏွင့္ ျဖစ္လာခဲ့ျခင္းေတာ့ မဟုတ္ပါေလ။ အၿမဲတေစ ၾကင္နာယုယခံခဲ့ရပါေသာ ၁၂ ႏွစ္အ႐ြယ္ကေလးေလးသည္ တစ္ရက္တစ္မနက္အတြင္း စိမ္းသက္ေသာ ေရာင္စုံမ်က္လုံးေတြၾကားတြင္ ေျပာင္းလဲရွင္သန္ရသည့္အခါ တစ္ေယာက္တည္း ႀကိတ္ငိုခဲ့ရေသာ ရက္ေတြလည္း ေရမတြက္နိုင္ေအာင္ ရွိခဲ့သည္။
ေငြရွာေကာင္းေသာ သူ႕ေဖေဖက ဖခင္တစ္ေယာက္အေနႏွင့္ သူ၏လစ္ဟင္းမႈမွန္သမွ်ကို ေငြျဖင့္သာျဖည့္ေပးတတ္ေၾကာင္း သိလာရသည့္အခါ ေယာင္းသည္လည္း အရာရာကို ေငြျဖင့္ ေျဖရွင္းတတ္လာသည္။ နိုင္ငံရပ္ျခားမွာ ရွင္သန္ခဲ့ရေသာ ၁၀ ႏွစ္တာကာလအတြင္း ေယာင္းက လူဆိုးစာရင္းဝင္မဟုတ္ေသာ္လည္း လူလိမၼာေလးအေနျဖင့္ေတာ့ မႀကီးျပင္းလာခဲ့ပါ။
" Heyy watch out!! watch out!! "
မိုးပ်ံပူေပါင္းအျပည့္တင္ထားေသာ လွည္းႀကီးကို ေယာင္းရွိေနရာ လူအုပ္ၾကားထဲ အရွိန္ျဖင့္တြန္းလႊတ္လိုက္ၿပီးမွ j.m က မိုက္ခရိုဖုန္းျဖင့္ ကုန္းေအာ္ေနသည္။ Dj သည္ ခဏရပ္လိုက္ၿပီး ကခုန္ေနသူမ်ားသည္ လွည္းႀကီးကို လြတ္ေအာင္ ေနာက္သို႔ဆုတ္ကာ ေရွာင္လိုက္ၾကရသည္။
ေယာင္းက သူ႕ဆီတည့္တည့္လာေနေသာ ပူေပါင္းအျပည့္ျဖင့္ လွည္းႀကီးကို လက္တစ္ဖက္ႏွင့္ လွမ္းဖမ္းထားလိုက္ၿပီး j.m ဘက္သို႔ ေမးဆတ္ျပကာ ဘာလဲဟု ေမးခြန္းထုတ္လိုက္သည္။ j.m က ျပန္မေျဖေသးဘဲ ေယာင္းဆီသို႔ေျပးလာကာ ပခုံးကို လွမ္းခုန္ဖက္ထားလိုက္သည္။
" Present ေလ ဘရို "
" ဒီပူေပါင္းေတြကလား "
" ဒီလိုေလး "
" ေဖာက္! "
" ဒီလိုေလး "
" ေဖာက္! "
J.m က သူ႕လက္ထဲမွ ဆူးခြၽန္ေလးျဖင့္ ပူေပါင္းေတြ တစ္လုံးၿပီး တစ္လုံးေဖာက္ျပေနသည့္အခါ ပူေပါင္းထဲမွ ထြက္က်လာသည့္ ေမြးေန႕လက္ေဆာင္ ပစၥည္းတို႔ကို ေယာင္းက ဝမ္းသာအားရလိုက္ဖမ္းေနလိုက္သည္။
" ကဲ ေနာက္ဆုံးတစ္ခု
" ေဖာက္! "
ေနာက္ဆုံးလက္ေဆာင္ကို လွမ္းဖမ္းလိုက္ၿပီးေသာအခါ ေယာင္းက လက္ထဲတြင္ကိုင္ထားေသာ လက္ေဆာင္ပစၥည္းေတြအားလုံးကို ေအာက္သို႔ ပစ္ခ်ထားလိုက္သည္။
ေယာင္းက သူ႕လက္ထဲတြင္ေရာက္ေနေသာ ေနာက္ဆုံးလက္ေဆာင္ ေလယာဥ္လက္မွတ္ႏွစ္ေစာင္ကို ဘယ္ျပန္ညာျပန္ၾကည့္လိုက္သည္။
New York, United States of America (JFK) to Seoul, South Korea (INC)
" ဘရို!!! "
" ငါတို႔ ဖားသားႀကီး ႏွစ္ေယာက္စလုံး ခြင့္ျပဳၿပီးၿပီ "
" Daddy!! "
J.m ဆီက ဂုဏ္ယူဝံ့ႂကြားစြာ ေျပာလိုက္သည့္အသံကို ၾကားၿပီးသည့္အခါ ေယာင္းက အေဖျဖစ္သူကို လွမ္းေအာ္ေခၚလိုက္သည္။ တျခားအရာေတြကို ဘယ္လိုပင္ ပူဆာပူဆာ တစ္ခ်က္မျငင္းေသာ သူ႕ေဖေဖသည္ ကိုရီးယားကို အၿပီးျပန္ဖို႔မေျပာႏွင့္ အလည္သြားဖို႔ေျပာလွ်င္ေတာင္ ခါးခါးသီးသီး ျငင္းခဲ့သူျဖစ္ၿပီး ေယာင္းႏွင့္ သူနာျပဳဆရာမေလးတို႔မိသားစုၾကားက အဆက္အသြယ္ေတြအားလုံးကိုလည္း ျဖတ္ေတာက္ထားပစ္ခဲ့သူ ျဖစ္ပါသည္။
" တကယ္လား Daddy!! "
ေယာင္းေဖေဖက သူ႕ေဘာ္ဒါေတြႏွင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေသာက္စားေနရင္း ေယာင္း၏အသံကို ၾကားသည့္အခါ လက္ထဲမွ အရက္ခြက္ကို ျမႇောက္ျပလိုက္ကာ တကယ္ခြင့္ျပဳေၾကာင္းျပလိုက္သည္။ ေယာင္းေဖေဖ၏ေဘးတြင္ ရွိေနေသာ J.m ေဖေဖျဖစ္သူ ဦးေလး Park သည္လည္း သြားၾကဆိုသည့္ သေဘာျဖင့္ လက္ဟန္လွမ္းျပသည္ကို ျမင္လိုက္ရသည္။
ေယာင္းသည္ ေပ်ာ္လြန္းသျဖင့္ လက္တစ္ဖက္မွေလယာဥ္လက္မွတ္တို႔ကို မလြတ္တမ္း ကိုင္ထားရင္း j.m ရဲ႕ ေက်ာျပင္ေသးေသးေလးေပၚသို႔ ေျပးကာ ခုန္တက္ပစ္လိုက္သည္။
" သြားၾကစို႔ ကိုရီးယားကို "
#...🐻...#