Never

By Blacksheep303

26.1K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ်တော့မှ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ်တော့မှ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ်တော့မှ)-4
Never (ဘယ်တော့မှ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ်တော့မှ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ်တော့မှ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ်တော့မှ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ်တော့မှ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ်တော့မှ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ်တော့မှ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ်တော့မှ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ်တော့မှ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ်တော့မှ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ်တော့မှ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ်တော့မှ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ်တော့မှ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ်တော့မှ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ်တော့မှ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ်တော့မှ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ်တော့မှ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ်တော့မှ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - Zawgyi 3

333 10 0
By Blacksheep303

ကျွန်တော့် နာမည် ဝမ်ရိပေါ်ပါ ကျွန်တော်တို့ ရွာလေးက ကူမင်းကနေ မိုင်၈၀လောက်ဝေးတဲ့ တောင်ပေါ်ရွာလေးတစ်ခုပါ လူသိလည်းနည်းပေမယ့် အရမ်းလှ အရမ်းအေးချမ်းတဲ့ ရွာလေးပေါ့  အိမ်ခြေ၂၀၀လောက်ပဲရှိတဲ့ အဲဒီ ရွာလေးနာမည်က (没假- Méi jiǎ) မိန်ကျား လို့ခေါ်ပါတယ် အဓိပ္ပါယ်ကတော့ No Fake အတုအပမရှိလို့ အဓိပ္ပါယ်ရပါတယ် နာမည်လေးနဲ့လိုက်အောင် ကျွန်တော်တို့ရွာလေးက သဘာဝပတ်ဝန်းကျင်အေးချမ်းသာယာ လှပသလို ရွာမှာရှိတဲ့လူအားလုံးက ရိုးသားအေးချမ်းကြပြီး လိမ်ညာခြင်း လှည့်ဖျားခြင်း အယောင်ဆောင်ခြင်းလုံးဝ မရှိတဲ့ ရွာလေးပါ

ရွာကလူတွေ အကုန်လုံး ခံယူထားတာက ဘာလို့ပဲ ဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် လိမ်ညာတာ လှည့်ဖျားတာ လုံးဝ မလုပ်သင့်တဲ့လုပ်ရပ် အတုအပ ပစ္စည်း တွေဆိုတာ မသုံးသင့်တဲ့ ပစ္စည်းတွေလို့ ခံယူထားပြီး မလိမ်မညာတတ်တဲ့ရွာ အတုအပ ပစ္စည်းလုံးဝ မသုံးတဲ့ရွာလေးပါ အဲဒီ ရွာလေးမှာ ကျွန်တော်ငယ်ငယ်ကတည်း မားမား လျှိုဖေးဖေး နဲ့ အမေတစ်ခု သားတစ်ခု နေလာတာမို့ ကျွန်တော်လည်း လိမ်ညာတာ လှည့်ဖျားတာ တွေကို မကြိုက်တဲ့သူတစ်ယောက်ပါ

ကျွန်တော်ရဲ့ ပါးပါးက ဝမ်ဖေးဟုန်က ကူမင်းမြို့ရဲ့ လက်ရွေးစင် လက်ဝှေ့ချန်ပီယံတစ်ဦးပါ လက်ဝှေ့အရမ်းထူးချွန်တဲ့သူတစ်ဦးပါ
မားမားက ကူမင်းမြို့မှာ ကျောင်းလာတက်ရင်း ပါးပါးနဲ့တွေ့ပြီး ချစ်ခင်နှစ်သက်စုံမက်ပြီး အိမ်ထောင်ကျခဲ့တာပါ ကူမင်းမှာပဲ အခြေချခဲ့ကြတာပါ ကျွန်တော်မမွေးခင် အိမ်ထောင်သက် ၆နှစ် ကျွန်တော့်ကို မွေးပြီး  ကျွန်တော့်အသက် ၂နှစ်ကျော်တဲ့အထိ စုစုပေါင်း ၈နှစ်ကျော်လောက် ပါးပါးမားမားတို့က ကူမင်းမှာ နေခဲ့ကြပါသေးတယ်

ကျွန်တော့်အသက် ၂နှစ်ကျော်မှာ ပါးပါးက မားမားကိုလှည့်ဖျားပြီး နောက် အိမ်ထောင်ပြုထားတာကို  မားမားသိသွားခဲ့တာပါ ပါးပါးခြေလှမ်းတွေပျက်နေတာကို သတိထားမိတဲ့ မားမားက မချစ်တော့ရင်ဖြစ်ဖြစ် နောက်လူရှိနေရင်ဖြစ်ဖြစ်  ပွင့်ပွင့်လင်းလင်း ပြောပါ ကျွန်မကို မလှည့်ဖျားပါနဲ့လို့ ပြောနေတဲ့ကြားက ပါးပါးက ရိုးသားတဲ့ တောသူတောင်သားမို့ ဘာမှ မသိလောက်ပါဘူး ဆိုပြီး အိမ်ထောင်ရေး ဖောက်ပြန် တာကို မားမားက ပြန်သိသွားတဲ့အတွက် ပါးပါးနဲ့ လမ်းခွဲပြီး မားမားက မိန်ကျားရွာလေးမှာ ဖိုးဖိုးဖွားဖွားတို့နဲ့ အတူတူ ပြန်လာနေတာပါ

ကျွန်တော့်ဆီကို ပါးပါးက လာတွေ့တဲ့အခါမှာလည်း မားမားက ကြည်ကြည်ဖြူဖြူနဲ့ ပေးတွေ့လေ့ရှိပါတယ် ပါးပါးမကောင်းကြောင်းလည်းမပြောသလို ကောင်းကြောင်းလည်းမပြောပါဘူး ရန်စကားတွေလည်း ခွန်းတုန့်မပြောချင်သူမို့ ဘယ်တော့မှလည်း ထွက်မတွေ့ပါဘူး ပါးပါးကို မခေါ်မပြောပေမယ့် ပါးပါးဘက်က ဖိုးဖိုးဖွားဖွားတို့ ပါးပါးညီမတို့ကို ဆိုရင်လည်း ဆွေမျိုးရင်းချာလို ဆက်ဆံပါတယ် နှစ်သစ်ကူးရောက်တိုင်း ကျွန်တော့်ကို ခေါ်ပြီး ပါးပါးဘက်က ဖိုးဖိုးဖွားဖွားတွေကို သွားပြီး  ဂါရဝပြု လေ့ရှိ ပါတယ်

ဖိုးဖိုးဖွားဖွားကတော့ မားမားမျက်နှာကြောင့် နှစ်သစ်ကူးတိုင်း သားမိုက်လို့သတ်မှတ်ပြီး ပါးပါးအိမ်ပြန်လာခွင့် ပိတ်ထားတာပါ မားမားနဲ့ ကျွန်တော့်ကိုလည်း အရင်လို ချစ်ခင်ပါတယ် ကျွန်တော့်ရဲ့ ကျောင်းစရိတ်တွေကို ထောက်ပံ့ချင်ပေမယ့် မားမားက လက်မခံတဲ့အတွက် ကြောင့် ကျွန်တော့်ကို ပေးဖို့ရည်စူးထားတဲ့ ထောက်ပံ့ကြေးတွေကို ဖိုးဖိုးဖွားဖွားက အမြဲ ဘဏ်မှာ အပ်ထားပေးတာပါ ကျွန်တော် အသက် (၂၅)ပြည့်ရင် ကျွန်တော့်ကို လွှဲပေးမယ်ပြောပါတယ်

ကျွန်တော့်အသက် ငါးနှစ်ကျော်လောက်မှာ ငယ်ငယ်တုန်းက လက်ဝှေ့ထိုးတုန်းက ခေါင်းမှာထိခိုက် ဒဏ်ရာရထားဖူးတဲ့ ဒဏ်ကြောင့် ဦးနှောက်ထဲ သွေးခဲဖြစ်ထားဖူးတာကနေတဆင့် အဲဒီသွေးခဲကို ခွဲစိတ်ဖယ်ရှားဖို့လုပ်ရင်း ပါးပါး ဆုံးပါးသွားခဲ့ရတာပါ လက်ဝှေ့ချန်ပီယံတစ်ဦးရဲ့ သားပီပီ ကျွန်တော်ကလည်း လက်ဝှေ့ကို အရမ်းဝါသနာပါ ပါတယ် ဘာလုပ်ချင်လဲမေးရင် လက်ဝှေ့ထိုးချင်တာပါပဲ လက်ဝှေ့ထိုးရရင် ပင်ပန်းပေမယ့် စိတ်ကျေနပ်မှု အပြည့်အဝရပါတယ် ဒုတိယဝါသနာကတော့ ကတာပါ ကနေရရင်လည်း ကျွန်တော်ပျော်ပါတယ် ဆိုင်ကယ်တို့ စကိတ်တို့လည်း ကြိုက်ပါတယ်

မားမားက ကျွန်တော် ကို ငယ်ငယ်တည်းက ဝါသနာပါတာ အားလုံး ပံ့ပိုးပေးပါတယ် နွေရာသီကျောင်းပိတ်ရက်တိုင်း ပါးပါးဘက်က ဖိုးဖိုးဖွားဖွားတွေဆီပို့ပေးပြီး လက်ဝှေ့ထိုးသင်တာ အကသင်တာ အားလုံးကို လုပ်ခိုင်းပါတယ် ရွာမှာ အဲလိုသင်တန်းတွေ မရှိတာမို့ နွေရာသီပိတ်ရက်တိုင်း ကူမင်းမြို့ပေါ်မှာ လက်ဝှေ့ထိုးသင်တန်း နဲ့ အကသင်တန်း တက်လာတာ ကျွန်တော့်အသက် ရှစ်နှစ်ကတည်းပါ အရမ်းဝါသနာပါတာမို့ နွေရာသီမှာ သင်လာသမျှကို တစ်နှစ်ပတ်လုံး အိမ်မှာ အမြဲလေ့ကျင့်ပါတယ် မားမားက ကျွန်တော့်ကို ဘယ်လောက်ထိ ပံ့ပိုးပေးသလဲဆိုရင် အိမ်မှာ လက်ဝှေ့လေ့ကျင့်ဖို့ ပစ္စည်းကိရိယာ အစုံအလင်နဲ့ အခန်းတစ်ခန်း အကလေ့ကျင့်ဖို့ မှန်အပြည့်နဲ့ အခန်းတစ်ခန်း အိမ်ဝန်းထဲမှာ ထပ်တိုးအဆောင်လေး ထပ်ဆောက်ပြီး ကျွန်တော့်ကို ၁၀နှစ်ပြည့် မွေးနေ့လက်ဆောင်ပေးခဲ့တာပါ အရမ်းချစ်ဖို့ကောင်းတဲ့ မားမားပါ

တစ်ခုပဲ မားမားက ကျွန်တော့်ကို အသက်(၂၅) နှစ်ကျော်မှ လက်ဝှေ့ထိုး ပြိုင်ပွဲဝင်ဖို့နဲ့ အသက်(၂၅) နှစ်ပြည့်ပြီးမှ အိမ်ထောင်ပြုဖို့ ခဏခဏ တောင်းဆိုတာပါ  အသက်၁၂ -၁၃ နှစ်လောက် လူပျိုပေါက် အရွယ်ကတည်းက ထပ်ခါထပ်ခါ မှာနေတာမို့ ကျွန်တော့်အသက် (၁၈)နှစ်ပြည့်တော့ မနေနိုင်တော့ပဲ မေးကြည့်မိတဲ့အခါ

"မားမား ကျွန်တော့်ကို အမြဲတမ်း ဒါပဲမှာနေတာ ဘာကြောင့်လဲ အကျိုးသင့်အကြောင်းသင့်လေး ရှင်းပြပါဦးမားရဲ့ ဥပဒေအရတော့ ၁၈နှစ်ပြည့်ရင် မဲပေးခွင့်ရှိပြီ ဘာလုပ်လုပ် တရားဝင်လုပ်ခွင့်ရှိပြီလေ မားရဲ့"

" ရိပေါ် သားလေး ပြောတာမှန်ပါတယ် ဒါပေမယ့် မား မှာ မားရဲ့ဘဝရဲ့ ရင်းထားတဲ့ သင်ခန်းစာတွေရှိတယ်လေ သားရဲ့
သားပါးပါးနဲ့ မားမားက အသက်၂၀ကျော်နဲ့ အိမ်ထောင်ပြုခဲ့ကြတော့ စိတ်မတည်ငြိမ်သေးတဲ့အရွယ်လေ သူ့အသက် ၂၅ကျော်လည်းရောက်ရော မင်းပါးပါးက သူတကယ်ချစ်တာ မားမဟုတ်တော့ဘူးလေ မင်းပါးပါးရဲ့ နောက်အိမ်ထောင်က အမျိုးသမီးနဲ့က သူ့အသက် (၂၅)ကျော်တဲ့အချိန်မှ တွေ့တာလေ သားနဲ့မားမားကိုတောင် စွန့်လွှတ်နိုင်တဲ့အထိ အဲဒီအမျိုးသမီးကို ရွေးချယ်သွားတာလေ ဒါကြောင့် အသက်(၂၅) ကျော်သွားရင် စိတ်တွေက တည်ငြိမ်လာပြီမို့ အဲဒီချိန်မှာမှ ဒီလူမှ ဒီလူသေချာပြီဆိုမှ အိမ်ထောင်ပြုခိုင်းတာပါ သားရယ်"

"ဟုတ်ပါပြီ လက်ဝှေ့ထိုးတွေ သင်တာကျခွင့်ပြုပြီး ပြိုင်ပွဲဝင်ခွင့်မပေးသေးတာကြတော့ရော မားမား"

"ရိပေါ် သားပါးပါး ဘာကြောင့် ဆုံးသွားတာလဲ သားအသိဆုံးပဲလေ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ဝှေ့ပြိုင်ပွဲက ရတဲ့ဒဏ်ကြောင့်လေ သားကိုလည်း မား အဲလိုဖြစ်မှာ သိပ်ကြောက်တဲ့ ငယ်ရွယ်တာနဲ့အမျှ ခံနိုင်တဲ့ဒဏ်ကလည်း နည်းသေးတော့ ထိချက်ပြင်းတယ်လေ သားဝါသနာပါတာကို မား မတားပါဘူး ဒါပေမယ့် သားပါးပါးလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားမှာကိုတော့ မား မဖြစ်စေချင်လို့ နည်းနည်းလေး ပဲ တားဆီးထားတာပါ သားရယ်"

"မားမား စိုးရိမ်နေတာတွေ မဖြစ်စေရပါဘူး မားရယ် သားက မားမားနဲ့ အချိန်အကြာကြီးနေသွားမှာ ငယ်ငယ်ကတည်းက လက်ဝှေ့ပြိုင်ပြီး အသက်ကြီးတဲ့အထိ နေနိုင်တဲ့ လက်ဝှေ့ချန်ပီယံတွေ အများကြီးရှိတာပဲကိုး မားကလည်း နော် သားအသက် ၂၀ ပြည့်ရင် စပြီး ပြိုင်မယ်လေ သား အကြာကြီး မစောင့်ချင်လို့ပါ မားရယ်"

"မလုပ်ပါနဲ့ သားရယ် မား က သားပြောတဲ့ချန်ပီယံတွေကို မသိဘူး သားပါးပါးကို မြင်ခဲ့ရတာ မားရဲ့လက်တွေ့ဘဝ မားကို စိတ်ပူပြီး အသက်တိုစေချင်တာလား သားက"

ပြောနေရင်းနဲ့ မားမားက နှုတ်ခမ်းလေးဆူ မျက်စောင်းလေးထိုးပြီး ကျွန်တော့်ကို ကြည့်လာတာပါ

"အားရိုး ချစ်စရာကောင်းလိုက်တာ ဘယ်သူ့မားမားပါလိမ့်"

"ရိပေါ်မားမားမို့ ရိပေါ်လိုချစ်စရာကောင်းနေတာပေါ့ သားရဲ့"

"ကဲ မားမား စိတ်ချလိုက်တော့ သားမားပြောတာ အားလုံးလက်ခံတယ် ဟုတ်ပြီလား"

"ဒါတွေကြောင့် မားမားက သားကို တနေ့ထက်တနေ့ ပိုပိုချစ်လာနေရတာပေါ့"

ပြောလို့ပြောတာမဟုတ်ပါဘူး ကျွန်တော့်မားမားက အရမ်းချစ်ဖို့ကောင်းပါတယ် မားမားအသက် ၂၇နှစ်မှာကျွန်တော့်ကိုမွေးတာမို့ ခုဆိုရင် မားမား အသက်က ၄၅ နှစ်ရှိပါပြီ ဒါပေမယ့် အရမ်းကို နုပြီးလှပနေဆဲပါ လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေဆဲဆိုပေမယ့် ချဉ်းကပ်လာသူတိုင်းကို လုံးဝချဉ်းကပ်မခံဘဲနဲ့ ကျွန်မမှာ သားသား ရိပေါ်တစ်ယောက်လုံးရှိနေပြီမို့ တခြားဘယ်သူ့ကိုမှ မလိုအပ်ပါဘူးဆိုတဲ့စကားကို လက်ကိုင်ထားပြီး ငြင်းလွှတ်ခဲ့တာပါ တွဲသွားတွဲလာ ခင်ခင်မင်မင်နေတဲ့ ယောက်ျားလေးမိတ်ဆွေအဆင့်တောင် မားက လုံးဝမထားဘဲ တည်တည်ကြည်ကြည်နဲ့ နောက်အိမ်ထောင်လုံးဝမပြုဘဲ ကျွန်တော်ကို့ မျက်နှာတစ်ချက်အညိုးမခံဘဲ ပြုစုစောင့်ရှောက်လာတာမို့ တလောကလုံးမှာ ကျွန်တော်ကလည်း မားကို အချစ်ဆုံးပါ

အထက်တန်း ပထမနှစ်ကတည်းက ကျွန်တော့်နား ချဉ်းကပ်လာတဲ့ ကောင်မလေးတွေ အများကြီး ရှိပေမယ့် ကျွန်တော်ရင်မခုန်မိပါဘူး လှလှပပလေးတွေဆိုရင် ကြိုက်ပေမယ့် ကိုယ့်စိတ်က တစ်ဘဝလုံးအတွက် ရည်ရွယ်ပြီး လက်တွဲချင်တဲ့စိတ်ဆိုတာ မဖြစ်လာတာမို့ အပျော်သဘောဖြစ်ဖြစ် တောင် ကျွန်တော်ဘယ်သူ့ကို မှ မတွဲခဲ့ပါဘူး အချစ်ရေး မစဉ်းစားသေးပါဘူးလို့ အားလုံးကို ကောင်းကောင်းမွန်မွန် လေးပဲ ငြင်းခဲ့တာပါ

ကျွန်တော့်ခံယူချက်က ရည်းစားများတာကို မကြိုက်ပါဘူး မားမားက ပါးပါးရဲ့ သစ္စာဖောက်တာကကို ခံရတာကို မျက်မြင်သိခဲ့ရတဲ့ ကျွန်တော်က သစ္စာဖောက်တာကိုလည်း အရမ်းမုန်းတာပါ ကျွန်တော့်အလှည့်မှာ ကျွန်တော့်ဘဝ လက်တွဲဖော်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့လည်း ခံယူထားတာပါ တစ်ယောက်ထက်မက ပိုချစ်ရတာကို လက်ခံလို့ရပေမယ့် နောက်တစ်ယောက်ကို ချစ်နေပြီိဆိုရင် လက်ရှိတွဲနေတဲ့လူကို အရင်ပွင့်ပွင့်လင်းလင်း ပြောပြီး လမ်းခွဲသင့်တယ် ရှင်းရှင်းလင်းလင်း ဖြစ်ပြီးမှ နောက်တစ်ယောက်တွဲသင့်တယ်လို့လည်း ကျွန်တော်ယူဆတယ် ဒါကြောင့် ကျွန်တော် သူငယ်ချင်းထားတဲ့ Criteria က လှေနံနှစ်ဖက်နင်းတဲ့သူ မဖြစ်စေရတာပါ အဲလိုသူတွေကို ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကျွန်တော်အပေါင်းအသင်းမလုပ်ပါဘူး ဒါကျွန်တော့်ခံယူချက်ပါ

ငယ်ငယ်က မိန်ကျားရွာလေးမှာ ကျောင်းတက်တုန်းက ရွာက ဘယ်သူမှ လိမ်ညာလှည့်ဖျားတာမျိုး မလုပ်တတ်တာမို့ အပေါင်းအသင်းအများကြီး ကျွန်တော့်မှာရှိပါတယ် အထက်တန်းတက်တဲ့အချိန် ကျွန်တော့်ပညာရေးပိုကောင်းအောင် လူတွေရဲ့ သဘောမနောတွေကို ပိုပြီးသိအောင် ဆိုပြီး မားမားက ကူမင်းမှာ ကျောင်းထားတဲ့အချိန်မှာ လှည့်ဖျားတတ်တဲ့လူတွေနဲ့ ကျွန်တော့်မှာ အဆင်မပြေပါဘူး အပေါင်းအသင်းလည်း ရှားသွားပါတယ် စိတ်တူကိုယ်တူ ပေါင်းမိတာဆိုလို့ ဝမ်ဟောက်ရွှမ်းတစ်ယောက်ပဲ ရှိတာပါ သူက ကျွန်တော် သတ်မှတ်ထားတဲ့ လှေနံနှစ်ဖက် မနင်းရဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးပေါ့

အခု ကျွန်တော် အထက်တန်းအောင် လို့ တက္ကသိုလ် တက်ရတော့မှာမို့ မားမားက ပေကျင်းအားကစားတက္ကသိုလ် (Beijing Sport University) မှာ တက်ခိုင်းပါတယ် မြို့ကြီးပြကြီးမှာ ပိုကောင်းတဲ့အတွေ့အကြုံရအောင် မားမားက အကုန်စီစဉ်ပေးပါတယ်

"မား သား ကူမင်းမှာပဲ တက်လို့မရဘူးလား ဒါဆို အပတ်တိုင်းမားမား ဆီ ပြန်လာလည်လို့ရတာကို ဘယ်မှာတက်တက် နောက်ဆုံးဘွဲ့ရမှာပဲလေ မားရဲ့"

"မတူဘူး ရိပေါ်လေးရဲ့ မားက သေချာလေ့လာပြီးပြီ Sport University အားလုံးထဲမှာ Beijing Sport University က အကောင်းဆုံးပဲ သင်ကြားပေးမယ့်ဘာသာရပ်တွေလည်း နည်းစနစ်တွေလည်း အရမ်းစနစ်ကျတယ် သားအရည်အချင်းပိုတိုးတက်အောင် လေ့ကျင့်ဖို့ Private Boxing Club ကောင်းကောင်းလည်း  မားမားစာရင်းပေးထားတယ် ကျောင်းမှာ စာတွေ့လက်တွေ့သင် စနေ တနင်္ဂနွေဆို Boxing Club မှာလေ့ကျင့် ဒါဆို  ဘွဲ့ရရင် အသက် ၂၅နှစ်ပြည့်ပြီးပြီဆိုတော့ ပြိုင်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်ပြီး အချိန်တိုအတွင်း မားမားသားလေးက ချန်ပီယံဖြစ်ရုံတင်မကဘူး နိုင်ငံ့လက်ရွေးစင်တောင် ဖြစ်လာနိုင်သေးတယ်"

(B.Sc (Hons.) Sport Science အတွက် အဓိက သင်ကြားရတဲ့ ဘာသာရပ်တွေပါ)

"မားက သားအတွက် အများကြီး စဉ်းစားပေးတာပဲ"

" သား ဖြစ်ချင်တာ ကို ပံ့ပိုးပေးရမှာ မားရဲ့ တစ်ခုတည်းသော အသက်ရှင်နေတဲ့အကြောင်းပြချက်ပဲ ရိပေါ်"

"အား....ဒါတွေကြောင့်မားကို ချစ်နေရတာ သားဆီတော့ မကြာခဏလာလည်နော် မား သားကပြန်မလာနိုင်တော့ မားကတော့ လာတွေ့ရမယ်နော်"

"စိတ်ချ မားသားလေးဆီ မားက လတိုင်း လာလည်မှာ သားသူငယ်ချင်း ဝမ်ဟောက်ရွှမ်းလေးကလည်း ကာရာတေးဒို သမားဆိုတော့         သူလည်း သားနဲ့အတူတူ ပေကျင်းအားကစားတက္ကသိုလ် လိုက်တက်မှာ ဒါကြောင့် ဟောက်ရွှမ်းပါးပါးမားမား ရယ် မားရယ် တိုင်ပင်ပြီး တက္ကသိုလ်နဲ့ နီးတဲ့နားမှာ ကွန်ဒိုလေးတစ်ခန်း စပ်တူဝယ်ထားပေးတယ်"

မားမား စကားအဆုံး ရိပေါ်ဘာမှ ထပ်မပြောတော့ပါဘူး မားမားကို ဖက်ပြီး ပါးကိုပဲ တစ်ဝကြီးနမ်းပစ်လိုက်တယ် ဘယ်လိုပဲနမ်းနမ်း နမ်းလို့မဝတာ မားရဲ့ပါးဖောင်းဖောင်းလေးတွေပါပဲ

ဒီလိုနဲ့ ကျွန်တော်ရိပေါ်တစ်ယောက် အသက်(၂ဝ)ပြည့်ပြီးခါမှပဲ ပေကျင်းမြို့ကို ရောက်ဖို့ ဖြစ်လာပါတော့တယ်

-.-.-.-.-.-.
AN: မိန်ကျားရွာလေးက ဇာတ်လမ်းအရ ဖန်တီးထားတဲ့ ရွာလေးပါ/တရုတ်မလို မတတ်တော့ Google Translateက နေရှာပြီး ဖန်တီးထားတာမို့ အသံထွက်တွေ မှားကောင်းမှားနိုင်ပါတယ်

Continue Reading

You'll Also Like

4.1K 383 19
ဘုရားသခင်က တစ်ခါတစ်လေ လူတစ်ယောက်ကို နောက်ဆုံးအနေနဲ့ အခွင့်အရေးတစ်ခုပေးတတ်တယ်... ဖမ်းဆုပ်ထားမလား လွှတ်ချလိုက်မလားဆိုတာကတော့ ကိုယ်နဲ့ပဲဆိုင်ပါတယ်...
397 25 2
One shot "ကျွန်တော် မချစ်တတ်ဘူး၊ ရှောင်းကျန့်ဆိုတဲ့ ခင်ဗျားကိုမှ မဟုတ်ဘူး၊ တခြားဘယ်သူ့ကိုမှ.... အတိအကျပြောရရင် ကိုယ့်ကိုယ်ကိုတောင်မှ မချစ်ဘူး" "တော်...
1.4K 180 14
မာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::
285K 13.8K 93
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...