Never

By Blacksheep303

24.6K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ်တော့မှ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ်တော့မှ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ်တော့မှ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ်တော့မှ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ်တော့မှ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ်တော့မှ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ်တော့မှ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ်တော့မှ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ်တော့မှ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ်တော့မှ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ်တော့မှ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ်တော့မှ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ်တော့မှ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ်တော့မှ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ်တော့မှ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ်တော့မှ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ်တော့မှ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ်တော့မှ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ်တော့မှ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ်တော့မှ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - Zawgyi 2

439 10 0
By Blacksheep303

ရှောင်းကျန့် အသက် ၁၀ နှစ်...... သူ့အစ်မ ရှောင်းရှင်းလီ အသက်(၁၂)နှစ်

" ရှင်းလီ နဲ့ ကျန့်ကျန့်ရေ မားမားကို ဒါလေးကူပြီး ငါးဆင့်ချိုင့်လေးနဲ့ လမ်းထိပ်က Seafood House ဆိုတဲ့  စားသောက်ဆိုင်က ဟင်းလေးတွေ သွားယူပေးပါဦး မားသူငယ်ချင်းက ကုန်းသတ္တဝါ မစားလို့ မားမားချက်ထားတာအားလုံး ကြက်ဝက်တွေ ဖြစ်နေလို့ မား ဆိုင်ကိုဖုန်းဆက်ထားပြီးပြီ မားမားသူငယ်ချင်းက တစ်ယောက်တည်းဆိုတော့ သူစားလို့ပိုရင် ကျန့်ကျန့် နဲ့ ရှင်းလီလေးအတွက် သွားယူခ အနေနဲ့ ပိုတာတွေ စားခွင့်ပေးမယ်လေ နော်"

ဆိုင်းမဆင့်ဘုံမဆင့် သူငယ်ချင်းကို နေ့လည်စာကောင်းကောင်းလေး ကျွေးချင်တာမို့ ပိတ်ရက်ဆိုပေမယ့် သူ့ပါးပါးနဲ့ အကြီးမ ၃ယောက်က အလုပ်ထဲပါသွားလို့ သူတို့နှစ်ယောက်ကို ခိုင်းလိုက်ရတာ မသွားချင်မှာစိုးလို့ မက်လုံးကပေးလိုက်ရသေးတယ်

ဆိုင်ရောက်တော့ Seafood စားသောက်ဆိုင်ဆိုတော့ အနံတွေနဲ့ မွှေးကြိုင်ပြီး ရှင်းလီရော ရှောင်းကျန့်ရော ဗိုက်ဆာလာပါတယ် ဝယ်လာတဲ့ဟင်းတွေကလည်း သူတို့မောင်နှမ အကြိုက်တွေချည်းပဲ ပုဇွန်ချိုချဉ်၊ ပြည်ကြီးငါး ကုန်းဘောင်၊ ဂဏန်းလက်မအသားကြီးပဲကို ချဉ်စပ်မွှေးမွှေးလေး ၊ ငါးအချောင်းကြော် နဲ့ ပင်လယ်စာတုံယမ်းဟင်းရည် ကောင်းမှကောင်းပဲ မားမား ဖုန်းဆက်ထားတာမို့ ဆိုင်ရောက်တာနဲ့ ဘာမှတောင် ပြောစရာမလိုဘူး ရှောင်းအိမ်က လွှတ်လိုက်တာလို့ပြောတာနဲ့ ချိုင့်ထဲ တန်းထဲပေးလိုက်တာပဲ

မောင်နှမနှစ်ယောက် ချိုင့်လေးဆွဲပြီး အိမ်အပြန်လမ်းမှာ အရိပ်ရသစ်ပင်ကြီးအောက် က အုတ်ခုံလေးပေါ် ခဏဝင်ထိုင်လိုက်တဲ့ တစ်ခဏ

"ရှင်းလီကျဲ မားက ပိုတာတွေ ကျန့်ကျန့်တို့ကို ကျွေးမယ်ပြောတယ် အခုဗိုက်နည်းနည်းစာလို့ ကျန့်ကျန့် နည်းနည်းမြည်းဦးမယ် ပြန်မတိုင်နဲ့နော်"

ပြောပြောဆိုဆို တစ်ခါတည်း ရှောင်းကျန့်က အုတ်ခုံလေးပေါ် ချိုင့်ဖွင့်လို့ ငါးအချောင်းကြော် နှိုက်စားလိုက်ပါတယ်

"အယ် ကျန့်ကျန့် မတရားမလုပ်နဲ့ ငါလည်းတစ်ခုစားမယ်"

"ရှင်းလီကျဲရဲ့ ငါးအချောင်းကြော်က ကျန့်ကျန့်ထက် ပိုများတယ် မရဘူး ကျန့်ကျန့် နောက်တစ်ခု စားမှာ"

"ကျန့်ကျန့် မင်းက အငယ်လေ မင်းက နှစ်ချောင်းဆို ငါလည်းနှစ်ချောင်းစားမှာ"

"ဒါဆို ကျန့်ကျန့်က ၃ချောင်းစားမှာ"

"ငါလည်း ထပ်စားမှာပေါ့ ဘာခက်တာမက်လို့"

အပြိုင်အဆိုင် နှိုက်မြည်းလိုက်တာ ငါအချောင်းကြော် ကုန်ပါလေရော ဒါနဲ့အဝေမတည့်သေးလို့ နောက်တဆင့် ပုဇွန်ချိုချဉ်ထဲ ပုဇွန်အကောင်တွေ အပြိုင်အဆိုင် နှိုက်မြည်း ပုဇွန် အကောင်တွေ ကုန်တဲ့အထိ မောင်နှမ နှစ်ယောက် မညီမမျှနဲ့ ရန်စကားများနေရဆဲပဲမို့ နောက်တစ် ဆင့် ပြည်ကြီးငါးကုန်းဘောင်ကို လက်တွေနဲ့ နှိုက်စား ဒါလည်း သူပိုများတယ် ငါနည်းတယ်နဲ့ ရန်ဖြစ်နေရဆဲမို့ ဂဏန်းချဉ်စပ် တွေပါနှိုက်ကြပါလေ တစ်ဝက်ကျော်လောက်ကုန်မှ ဗိုက်တွေလည်း ပြည့်တင်းနေပြီမို့ ပြိုင်ဆိုင်လိုစိတ် တွေကုန်သွားပါတယ် ပြီးမှ ဒါ ဧည့်သည်အတွက် ချိုင့်ဆိုတာ ပြန်သတိရရော

"ရှင်းလီကျဲ ဟင်းတွေ တော်တော်များများကုန်သွားပြီ ဘယ်လိုလုပ်မလဲ အဲတာကျဲကြောင့်"

"ကျန့်ကျန့်က ပိုပိုပြီးစားချင်နေတာကို အစောကြီးထဲက ညီညီမျှမျှ နည်းနည်းပဲ နှိုက်မြည်းရင် ဒီလိုဖြစ်မှာမဟုတ်ဘူး"

"ကျဲကလည်း ကျန့်ကျန့်က ကြိုက်တဲ့ဟင်းဆို ပိုစားချင်တာကို သိရဲ့နဲ့ ပိုကျွေးရင် ကျန့်ကျန့်က ထပ်ပြီးမြည်းဖြစ်မှာ မဟုတ်ဘူးလေ"

"ကျန့်ကျန့် ရော ကျဲရော အခုဘယ်လိုလုပ်မလဲ"

"ဟင်းရည် ဟင်းရည်ကျန်သေးတယ် သူ့ကို အပေါ်ဆုံးတင်ထားလိုက် မားမားကို ချိုင့်ကို ဟန်မပျက်သွားပေးပြီးတော့ ပြေးကြမယ်လေ မားမားတို့ အိပ်ချိန်မှ တိတ်တိတ်လေး ပြန်လာပြီး ဝင်အိပ်လိုက်ကြမယ်လေ"

"အေး ကောင်းတယ် လာလာ ချိုင့်တွေ နေရာပြောင်းလိုက်ဦးမယ်"

အဲလိုနဲ့ မောင်နှမနှစ်ယောက် ခပ်တည်တည်နဲ့ ချိုင့်လေး ဟန်မပျက်ယူလာကြပါတယ် အိမ်ရောက်တော့ ဧည့်သည်က ထမင်းစား စားပွဲမှာတောင် အဆင်သင့် စကားပြောရင်းစောင့်နေတာမို့ ချိုင့်လေးကို အသာလေး စားပွဲပေါ်တင်လိုက်ပြီး အစွမ်းကုန် ရီပြလိုက်ကြပါတယ်

"ကြာလို့ မားတောင် လိုက်လာတော့မလို့ ဖုန်းဆက်တာလည်း မရဖြစ်နေလို့ ကြော်တာစောင့်နေရလို့လား မစောင့်ရအောင် သေချာဖုန်းဆက်ပြီးမာ တာတောင် ကြာလိုက်သေးတယ် နောက်ခါ ဆိုင်ပိုင်ရှင်ကို သေချာပြောထားရမယ်"

ရှောင်းကျန့်နဲ့ရှင်းလီ ချိုင့်ကို စားပွဲပေါ်တင်ပြီးတာနဲ့ အသားကုန် ထမင်းစားခန်းထဲက အိမ်ပြင်ကို ဘာမပြော ညာမပြောထွက်ပြေးကြတာပေါ့ ရှောင်းမားမား မှာ

"ဪ ကလေးတွေများ ခဏလေး ခေါ်ခိုင်းမိပါတယ် မြင်တဲ့အတိုင်း ပဲ ဆော့ဖို့က စိတ်များနေတာ ခုလည်းမြင်တဲ့အတိုင်းပဲ ခုချိန်ထိ အဆော့သန်ကြတုန်း"

စကားလေးပြောရင်းနဲ့ သူငယ်ချင်းအတွက် အဆင်သင့်ပြင်ထားတဲ့ ပန်းကန်လေးတွေ ဟင်းပွဲတွေပြောင်းဖို့ ချိုင့်ဖွင့်ပြီး မကြာခင်မှာပဲ

"ရှောင်းကျန့် ......ရှင်းလီ......"

ခုနစ်အိမ် ရှစ်အိမ်ကလို့ တစ်ရပ်ကွက်လုံးကြားကြား မတတ်နိုင်တော့ဘူး ဒေါသထွက်လွန်းလို့
ရှားရှားပါးပါး တစ်ခါတစ်လေ လာလည်တဲ့ သူငယ်ချင်းက လည်း ချိုင့်အခြေအနေကို မြင်သွားပြီမို့

"အားနာလိုက်တာ သူငယ်ချင်းရယ်"

ဆိုတာအပြင် ပြောစရာစကားရှာမရဘူး ရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားထားရမှန်းမသိပါဘူး မောင်နှမနှစ်ယောက် ခြေကုန်တင်ပြီး ပြေးရတဲ့အကြောင်းရင်းက ဒါကြောင့်ကိုး လမ်းမှာ အပြိုင်အဆိုင် နှိုက်မြည်းရင် လက်လွန်ကုန်တာနေမှာ ဒါတောင် ဗိုက်ပြည့်သွားလို့ ဟင်းရည် အိမ်ပါလာတာနေမှာ အိမ်ပြန်လာရဲ ပြန်လာကြည့် အလိုလိုက်တာများလို့ ဒီနှစ်ယောက် ကဲချင်တိုင်းကဲနေတာ

သူငယ်ချင်းကို အားနာနာ နဲ့ ဆိုင်ပဲခေါ်သွားလိုက်ရတယ် ကိုယ်ကိုတိုင်ကိုက မှားတာပါ သူတို့အကြောင်းသိရဲ့သားနဲ့ ခိုင်းမိတာကိုး ခံပေါ့
မိုးလားကဲလား နဲ့ ရိုက်ပစ်မယ်ဘာညာ ပြောနေပြီး ညနေ နေဝင်မိုးချုပ်တဲ့အထိ မောင်နှမ နှစ်ယောက်ပြန်မလာလို့ စိတ်ပူပြီး လိုက်ရှာရသေးတာ အမှားလုပ်မိပြီး ကြောက်ပြီး ဘယ်မှများလန့် ပြီး ပုန်းနေရှာတာလဲ ဆိုပြီးတော့ ဒင်းတို့နှစ်ယာက်ကတော့ လမ်းထိပ်က Recreation ပန်းခြံလေးမှာ ရပ်ကွက်ထဲက ကလေးတွေနဲ့ ပျော်ပျော်ပါးပါးဆော့လို့ လူကြီးနဲ့ကလေးဆိုတော့လည်း ရှောင်းမားမားတစ်ယောက် အလျော့ပေးလိုက်ရတာပါပဲ

သူတို့နှစ်ယောက် အပြိုင်ကောင်းလို့ မျက်နှာပျက်ရတာလည်း ခဏခဏပါပဲ ဘယ်လိုပြောပြော ခဏပါပဲ ပြီးရင် တမျိုးပြီးတမျိုး မရိုးနိုင်တောင် ပြိုင်ဆိုင်နေကြတာပါပဲအဲလိုမျက်နှာပျက်ရပြီး သေချာဆုံးမထားလို့ သိပ်မပြိုင်ဆိုင်တော့ဘူးထင်တာ မကြာပါဘူး ထပ်ဖြစ်တာပါပဲ

"ရှင်းလီရေ သမီးရေ အပေါ်ထပ်က မားမား မှန်တင်ခုံ စားပွဲပေါ်မှာ လူကြီးဗလပြနေတဲ့ပုံနဲ့ ဆေးဗူးလေးရှိတယ် ယူလာပေးပါဦး"

ရှင်းလီ သူ့မားမား ပြောတဲ့ဆေးဗူးလေး ယူပြီး အိမ်အောက်ကို ဆင်းအလာ လှေကားအတက် မှာ ရှောင်းကျန့်နဲ့တွေ့တော့ ပုံကို စိတ်ဝင်စားသွားတာမို့

"ရှင်းလီကျဲ အဲတာဘာဗူးလေးလဲ"

"မသိဘူး မားမားယူခိုင်းလို့"

"ပေးပေး ကျန့်ကျန့်သွားပေးလိုက်မယ်"

ဆိုပြီး သူ့အစ်မလက်ထဲက အတင်းလုပြီး မီးဖိုထဲက မားမားဆီသွားပေးလိုက်ပါတယ် ရှင်းလီကလည်း သူ့မောင်စိတ်မချလို့ နောက်ကနေ လိုက်သွားတာပေါ့ မီးဖိုထဲလည်းရောက်ရော မားမားက ဆေးဗူးလေး ယူပြီး လက်ဖက်စားဇွန်းလေး အသာလေး၂ဇွန်း ကော်ပြီးစားလိုက်ပါတယ် ပြီးတော့

"ရော့ ရော့ အဲဒါလေး သူ့နေရာသူ ပြန်သွားထား လိုက်နော်"

"မားမား အဲဒါဘာတွေလဲ ကျန့်ကျန့်လည်းစားချင်တယ်"

"အာ..ဒါလူကြီးဆေး ကျန့်ကျန့်ရဲ့ ကလေးမသောက်ရဘူး ဆေးက ဈေးမကြီးပါဘူး ဒါပေမယ့် ဒါက မားမားတို့ တရုတ်ပြည်မှာ မရှိဘူး ကျန့်ကျန့်ရဲ့ပါးပါး ရန်ကုန်က မိတ်ဆွေတွေ လာတုန်းက ကောင်းတယ်ဆိုပြီး လက်ဆောင်ပေးသွားတာ ဒါမြန်မာပြည်က ဒါကြောင့်မထိနဲ့နော် အဲဒါဆေးတွေ ရှားလည်းရှားတယ် မားမားက လိုအပ်လို့သောက်တာ ကျန့်ကျန့်တို့က မလိုဘူးနော် မသောက်ရဘူး ကြားလား လိမ္မာတယ်နော် ဒါလေး မားအခန်းထဲပြန်သွားထားလိုက်နော်"

မောင်နှမ နှစ်ယောက် ဘူးလေးကို စိတ်ဝင်တစားနဲ့ အခန်းထဲပြန်ယူလာပါတယ် အခန်းထဲရောက်တော့

"ရှင်းလီကျဲ မားမားက ဆေးလို့ပြောတာပဲ ကျန့်ကျန့်တော့ မယုံဘူး ကြည့်ရတာ ဇီးသီးအနှစ်လေးနဲ့တူတယ်နော်"

"အေး ဟုတ်တယ် မားက ရေတောင် မသောက်ဘူး ဇွန်လေးနဲ့ခပ်စားလိုက်တာနော်"

"ကျန့်ကျန့် လက်လေးနဲ့ကော်ပြီး နည်းနည်း မြည်းကြည့်လိုက်မယ်နော်"

"အေး နင်အရင်စား ကျန့်ကျန့် ပြီးရင် ငါလည်း မြည်းကြည့်မယ်"

ဒီလိုနဲ့ လုပ်သားမောင်ဆေးတွေကို ကော်စားပစ်တာပေါ့ ဆေးကလည်း ဆေးနဲ့မတူ အရသာကောင်းနေတာမို့ ကျဲစားတာ ကျန့်ကျန့်ထက်များသွားပြီ ကျန့်ကျန့်မြည်းတာ ကျဲထက် နည်းနည်း ပိုသွားပြီနဲ့ သူတကော်ငါတကော် အပြိုင်တွက်ကပ်ပြီး စားလိုက်တာ တစ်ဗူးလုံးကုန်မှ ပြိုင်နေတဲ့ကိစ္စက ပြတ်ပါလေရော ပြီးမှ ခပ်တည်တည် နဲ့ ဗူးအဖုံးလေး အသာဖုံးပြီး မှန်တင်ခုံအံဆွဲထဲ အသာထည့်ပြီး မောင်နှမ နှစ်ယောက် အခန်းထဲက ပြန်ထွက်လာတာပေါ့ နောက်ခါဒီဆေးလက်ဆောင်ရရင် ခုလိုနှိုက်စားဦးမှဆိုတဲ့ အတွေးလေးကိုယ်စီနဲ့ပေါ့

ဒါပေမယ့်အဲဒီအတွေးက နောက်ရက် မိုးလင်းတဲ့အခါ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတာပေါ့
ဆေးတွေက ရိုးရိုးအားဆေးမှ မဟုတ်တာ ချက်ဆေး

ဝမ်းနှုတ်ဆေးတွေလေ မောင်နှမနှစ်ယောက်လုံး ဝမ်းတွေသွားတာ ဘာပြောကောင်းမလဲ ဝမ်းလျှောလွန်းလို့ ဆေးရုံပါတင်လိုက်ရတာ ရှောင်းမားမားခင်ဗျာ နှစ်ယောက်လုံးကို ဆော်ပလော်တီးချင်ပေမယ့် ဆေးရုံပေါ်မှာ Drip တန်းလန်းလေးတွေနဲ့မို့ သနားစိတ်ဖြစ်မိသလို မစားပါနဲ့လို့ ပြောတာတောင် တစ်ဗူးလုံးကုန်အောင် အပြိုင်စားကြတဲ့မောင်နှမ မို့ ဖြစ်တာတောင် နည်းနည်း နည်းနေသေးတယ်လို့လည်း တွေးမိပါသေးတယ် တော်သေးတာပေါ့ မသေကောင်းမပျောက်ကောင်း မိဘမျက်စိရှေ့မှာမို့ အချိန်မှီသိ အချိန်မှီဆေးရုံရောက်လို့
ဒီနှစ်ယောက်ကို ဘယ်လိုထိန်းရပါ့.....
.
.
.
.
.
.
ရှောင်းကျန့်အသက် ၁၄နှစ်
အတန်းထဲမှာ ရှောင်းကျန့် ရဲ့ အစအနောက် မခံဖူးတဲ့လူ ရှောင်းကျန့်မွှေတဲ့ဒဏ် မခံဖူးတဲ့သူ မရှိပါဘူး တစ်ယောက်တစ်မျိုး အားလုံး ခံခဲ့ရဖူးသူတွေချည်းပါပဲ ငယ်ပေါင်းကြီးဖော်တွေဆိုတော့ ခံရတယ့်အချိန်မှာတော့ ဒေါသတွေထွက် မခေါ်နိုင်မပြောနိုင်ပေါ့ ပြီးရင် သူငယ်ချင်းတွေရဲ့ ထုံးစံအတိုင်းအမှတ်မရှိ ရီရီမောမော ခင်ခင်မင်မင် ပြန်ဖြစ်သွားကြတာပါပဲ နောက်ပြီး ရှောင်းကျန့်တို့ ကျောင်းမှာ သူငယ်ချင်းတွေ စုပေါင်းပြီး မုန့်လုပ်စားကြတာပေါ့ တစ်နှစ်မှာ ၃ခါလောက်တော့ စားဖြစ်ကြပါတယ် မနက်ဖြန်လို့ စားကြမယ်ဆိုရင် ကိုယ့်အိမ်ကနေ ခွက်ရယ်ပန်းကန်ရယ်ကို ထည့်လာကြပြီးဆရာ/ဆရာမတွေ အတွက် ရော အတန်းထဲကသူတွေ အားလုံးအတွက်ရော Orderမှာပြီး အတန်းထဲမှာတင် စုပေါင်းပြီး ပျော်ပျော်ပါးပါး စားကြတာပေါ့ ဆေးကြောသိမ်းဆည်းတာကိုတော့ အလှည့်ကျလုပ်တာပေါ့ 

ဒီတစ်ခါ မုန့်လုပ်စားတော့ အားလုံးက ဝိုင်းပြီးတိုင်ပင်ထားကြတာ ရှောင်းကျန့်ကို ဆေးပြန်ထိုးမယ်ဆိုပြီးပေါ့
အစားအသောက်တွေ ချက်ပြုတ်ပြီး အတန်းထဲမှာ စားဖို့အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ ဝမ်ကျိုးချန်က

"အားလုံးကို သတင်းကောင်းလေးပေးချင်လို့ပါ ဒီတစ်ခါ စုပေါင်းစားသောက်ပွဲက အစားအသောက်တွေ စားပြီးတဲ့အခါ ပန်းကန်တွေ ခွက်တွေ အားလုံးကို ရှောင်းကျန့်က ရှင်းလင်းရေးတာဝန်ကို ယူထားတာပဲ ဖြစ်ပါတယ်ခင်ဗျာ"

'ဟေး......."

တစ်တန်းလုံး ဝမ်းသာအားရနဲ့ လက်ခုပ်တီးကြတာပေါ့
ရှောင်းကျန့် ခုလို ဆေးထိုးခံရမယ်မှန်း မထင်တာမို့ ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ် ဒါပေမယ့် ရှောင်းကျန့်ကို ဒါမျိုးကြောလို့
ဘယ်ရမလဲ ရှောင်းကျန့်ကို ပညာလာပြရင် ပညာတွေရသွားမှာပေါ့ ကိုယ့်အတွေးနဲ့ ကိုယ် တစ်တန်းလုံးကို ပြုံးပြပြီး

"စိတ်ချပါ စိတ်ချပါ အားလုံး စားပြီးတဲ့အခါ ဟောဒီက ရှောင်းကျန့်က ပန်းကန်တွေ ခွက်တွေအားလုံးကို တစ်ခါတည်း ရှင်းလင်းသိမ်းဆည်းပေးပါ့မယ် ဆယ်မိနစ်အတွင်း အားလုံးကို ရှင်းသွားစေရပါ့မယ်"

"ဝေး ဟေး...ဟေး"

ရှောင်းကျန့် ဒီတစ်ခါ KFC ကြက်ကြော်မှာစားကြတာမို့ ထိုင်မစားတော့ဘဲ ကြက်ကြော်တုံးကို ပါးစပ်က ကိုက်ပြီး ကျောင်းကန်တင်း စားဖိုဆောင်က ပန်းကန်ဆေးရင် သုံးတဲ့ ဇလုံအကြီး၂ခုကို ခဏသွားဌားပြီး အတန်းထဲပြန်ဝင်လာ လိုက်ပါတယ်

အဆင်ပြေတယ် ရှောင်းကျန့်တို့အခန်းက တတိယထပ်မှာဆိုတော့ အရမ်းကို အဆင်ပြေတယ်

အတန်းထဲ ပြန်ရောက်တော့ အမှန်တကယ် ဆေးကြောသိမ်းဆည်းတော့မယ့်ဒီဇိုင်းကာလာ အနေအထားမို့ အားလုံးကတောင် မယုံသင်္ကာသလို ကြည့်နေကြတာပါ အားလုံး ပြီးစီးသွားတော့ ဇလုံအကြီးထဲ ရှောင်းကျန့်က ပန်းကန်တွေ ခွက်တွေ လိုက်စုလိုက်ပါတယ် အတန်းထဲမှက လူက ၄၀လောက်ပဲ ရှိတာမို့ သိပ်မများပါဘူး ပန်းကန်တွေက လည်း သိပ်မကြီးတာမို့ ဇလုံ ၂ခုနဲ့ အပြည့် တစ်ခုက ပန်းကန် တစ်ခုက ခွက်နဲ့ OKပါပဲ ကျန်တဲ့သူတွေက သူ့တို့ပြောသလို တကယ်သိမ်းပေးရှာလို့ အားနာပြီး

"ငါတို့ ကူဆေးပေးပါ့မယ်"

ဆိုပြီး လာပြောတဲ့ကျောင်းသူတွေတောင် ရှိသေးတယ်

"ရတယ် ရတယ် အားမနာနဲ့ သေချာရှင်းလင်းပေးမယ်လို့ ကတိပေးထားတာပဲ အားလုံးထိုင်ကြပါ ကျွန်တော်ကတိအတိုင်း ရှင်းလိုက်ပါ့မယ်"

ဆိုပြီး ဇလုံတွေကို ပြတင်းပေါက်နဲ့နီးတဲ့ ဆရာမစားပွဲပေါ်တင်ပြီး အားလုံးကို ပြန်ထိုင်ခိုင်းရတယ် အားလုံးထိုင်ပြီဆိုမှ
အကုန်လုံးကို သေချာရီပြလိုက်ပြီး ဇလုံ ကို အားနဲ့မပြီး ပြတင်းပေါက်ကနေ ပစ်ချလိုက်တာပေါ့ အားလုံး ငုတ်တုတ်မေ့ကြလေသတည်းပေါ့

ဟုတ်တယ်လေ ဘာလို့လာရှင်းခိုင်းသေးလဲ ဒီပန်းကန်တွေခွက်တွေရှိနေရင် နောက်ခါတွေလည်း စားကြသောက်ကြနဲ့ သိမ်းဆည်းနေရဦးမယ် ခုလိုတစ်ခါတည်းခွဲပစ်လိုက်တော့ နောက်ခါ ဆေးစရာမလိုတော့ဘူးလေ ပိုပြီး မေးပြုတ်သွားစေတဲ့အကြောင်းရင်းကတော့ ခွက်ပါတဲ့ဇလုံက နည်းနည်းပိုပေါ့တော့ အားထည့်ပြီး ပစ်ချလိုက်တဲ့အခါ သစ်ပင်အောက်မှာ ရပ်ထားတဲ့ ကျောင်းအုပ်ကြီးကားပေါ်သွားကျတော့ ဘာပြောကောင်းမလဲ

အတန်းပိုင်ဆရာမ နဲ့ ရှောင်းပါးပါး ခါးကျိုးမတတ် တောင်းပန်လိုက်ရတာပေါ့
ပါးပါးကတော့ လျော်လည်းလျော်လိုက်ရတယ် လေ........

ရှောင်းကျန့်လေ ရှောင်းကျန့်......လာမကြောနဲ့
ဆူမယ်လို့တောင် မစဉ်းစားရသေးဘူး

"ကျန့်ကျန့်ကို ချစ်တယ်ဆို တကယ်တမ်းကြတော့ လည်းမချစ်ပါဘူး"

ဆိုပြီးသူကဦးအောင် ကောက်ချိတ်နေတာနဲ့ပဲ အလိုလိုက်လေ ဆိုးလေ ဆိုးလေ အလိုလိုက်နဲ့ အချစ်ခံလေး ရှောင်းကျန့် ကြီးပြင်းလာတာပေါ့

ရှောင်းကျန့် အကြောင်းပြောရမယ်ဆိုရင် ပြောမဆုံးပေါင် တောသုံးထောင်မကပါဘူး
ပျော်ပျော်နေသေခဲ ဆိုတဲ့ဆောင်ပုဒ် လက်ကိုင်ထားပြီး အရမ်းကို ကျီစားတတ် စတတ်နောက်တတ်တာ အသက်ကြီးတဲ့အထိပါပဲ

အထက်တန်း စတက်တဲ့နှစ်မှာ ဘာစိတ်ကူးပေါက်လာလည်း မသိပါဘူး လက်ဝှေ့ထိုးမှာဆိုပြီး ဆရာခေါ်သင် တော့တာပါပဲ သင်တာက ပြဿနာမရှိပါဘူး လက်ဝှေ့နဲ့ အသက်မွေးဝမ်းကျောင်းလို ချန်ပီယံဖြစ်တဲ့အထိ ပြိုင်ပွဲဝင်မှာ ထိုးမှာဆိုပြီးလုပ်တော့ ရှောင်းမားမားနဲ့ က
ငယ်ငယ်က ချူချာလို့ စိတ်ပူပြီး ပေးမထိုးပါဘူး သင်ချင်ရင် သင် ပြိုင်ပွဲမဝင်ရဘူးဆိုတော့ အစာငတ်ခံ အခန်းထဲက အခန်းပြင်မထွက်ဘဲ ဆန္ဒပြတော့ နောက်ဆုံး အလိုလိုက်လက်စနဲ့ ရှောင်းမားမားက သဘောတူရတာပါပဲ သဘောတူညီချက်ရပြီးတာနဲ့ Clubတွေပတ်သင်ပြီး Professional လက်ဝှေ့သမားလုပ်နေလေရဲ့

တစ်ဖက်ကလည်း ဒီဇိုင်းပညာနဲ့ ဘွဲ့ယူပြီး လက်ဝှေ့မထိုးတဲ့အချိန် Freelance Designerလုပ်နေတာ လက်ဝှေ့ကအကြောင်းရှိလို့ထိုးတာတဲ့ Designerက ဝါသနာပါလို့လုပ်တာတဲ့  အခုလောလောဆယ်မှာတော့ လက်ဝှေ့လောက (Chinese Boxing Champion (CBC) )မှာတော့ ရှောင်းကျန့်က ရွှေခါးပတ်ဆုရ နာမည်ကြီး လက်ဝှေ့ချန်ပီယံတစ်ယောက်ပေါ့.............

ဗလတွေနဲ့ လက်ဝှေ့သမားချန်ပီယံ ရှောင်းကျန့်

Continue Reading

You'll Also Like

660K 33.3K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
318K 9.6K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
1.3M 58.4K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
14.7K 12 1
Timetravel လေးပါ ပေါ့​ပေါ့ပါးပါး​လေးဘဲ​ရေးမှာပါ