Forever[Completed]

By Sandara_Jung7

8.8K 1.1K 1.4K

// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော... More

Start this story(Kai)
EP-(1)
EP-(2)
EP-(2)½
Ep-(3)
Ep-(4)
Ep-(5)
Part-(6)
Ep-(8)
Ep-(9)
Ep-(10)
Yeonjun's Birthday (short part)
Ep-(11)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
~~Thanks for reading~~
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(26)
Ep-(27)
Ep-(28)
Ep-(29)
အမှတ်တရသိမ်းမယ်။
Ep-(30)
Ep-(31)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35) (End)
End this story (Yeonjun)

Ep-(7) (birthday)

225 31 0
By Sandara_Jung7

-ဆေးရုံထဲမှထွက်သွားသော taehyunကြောင့် beomgyuမှာ အပြေးလေးလိုက်ရပြန်သည်။ သိပ်လည်းအရှက်သည်းတတ်တာဘဲ ကမ္ဘာငယ်ရယ်။ -

"Hyun.....နေဦးလေ။ "

"Hyungဘာလို့လိုက်လာတာလည်း။ "

"Hyunကဘာလို့ထွက်ပြေးတာလည်း။ "

"ကျွန်...ကျွန်တော်က ရှက်လို့။ "

-မျက်နှာကိုလက်သေးသေးလေးဖြင့်အုပ်ကာ ထွက်ပြေးရန်ပြင်နေသော သူရဲ့ ကမ္ဘာငယ်။ -

"ဒါဆို hyunက ကိုယ့်ကိုမချစ်ဘူးလား။ "

"ဟာ..ဘာမှလည်းမဆိုင်ဘူးလေဗျာ။ "

"ကိုယ်ကတော့ ကမ္ဘာငယ်လေးကို ချစ်လိုက်ရတာ။
အခုတော့ ကမ္ဘာငယ်က ကိုယ့်ဆီကနေထွက်ပြေးနေတယ်။ "

"ဟင်...ကမ္ဘာငယ်ဆိုတာက?"

"ခင်ဗျားလေးကိုခေါ်တာလေ။ "

"ကျွန်တော့်ကို ဘာလို့အဲ့လိုကြီးခေါ်တာလည်း။ "

"ချစ်လို့လေ။ "

-ပြောလေ၊ ပိုပြီးမျက်နှာလွှဲသွားလေဖြစ်နေသော ပေါက်စအား ပုခုံးလေးကနေ ကိုင်ကာ မျက်လုံးကိုစိုက်ကြည့်နေလိုက်သည်။ -

"မစိုက်ကြည့်ပါနဲ့။
ကျွန်တော်ပေါက်ထွက်သွားဦးမယ်။ "

"ဟာ...ဟဟဟ "

"မရီနဲ့နော် hyung"

"ချစ်လား။ "

"အွန်း...အယ်...မဟုတ်ပါဘူး ။ "

"ဒါဆိုမချစ်ဘူးလား။ "

-မျက်နှာညှိုးသွားသလိုပုံစံလေးလုပ်ပြတော့ အသဲအသန်ပြန်လိုက်ချော့ရှာသည်။ -

"အဲ့လိုမဟုတ်ဘူးလေ။
ချစ်တယ်....hyunလည်း hyungကိုချစ်တယ်လို့။ "

"ဟုတ်လို့လား hyunရယ်။
ကိုယ့်ကို သနားလို့မဟုတ်ဘူးလား။ "

"မဟုတ်တာ။
Hyungနဲ့ ကန်တင်းမှာစတွေ့ကတည်းက သဘောကျတာ။ နတ်သားလေးများလားဆိုပြီး အကြာကြီးငေးနေမိတာ။ "

"ကိုယ်ကတော့ မင်းကိုအဲ့မတိုင်ခင်ကတည်းက သဘောကျနေခဲ့ရတာ။ "

"ဗျာ? "

"မပျော်ဘူးလား ။
Hyungက မင်းကိုသဘောကျတယ်လို့ပြောမယ်လုပ်တိုင်း ပြဿနာတစ်ခုပြီးတစ်ခုဖြစ်လာလို့ မပြောဖြစ်လိုက်ဘူး။ "

"ဒါဆို hyungသဘောကျတယ်ဆိုတဲ့ ကောင်လေးက ကျွန်တော်ပေါ့။ "

"အွန်း..."

"ကျွန်တော် ဒီစကားကြားရတော့ အရမ်းပျော်သွားတာ ၊ hyungက စနေတယ်မှတ်လို့ လမ်းမှာဆွဲစိတ်ကြည့်ရတာလည်းအကြိမ်ကြိမ်ဘဲ။ ရှက်လည်းရှက်သွားတာ။ ဟီးဟီး "

မွ....။

-လျပ်တပြတ် ပါးအိအိလေးကို မွှေးလိုက်တော့-

"Hyung!!"

"ဟိဟိ"

"ဘယ်လိုလူကြီးလည်းဗျာ။ "

-ထပ်ပြီးထွက်ပြေးသွားတဲ့ အကောင်လုံးလေးကို လှမ်းဖမ်းလိုက်သော်လည်း မမိလိုက်ပေ။ ထိုကောင်လေးကတော့ ထပ်မဖမ်းခင်မှာဘဲ ဆေးရုံရှေ့က taxiပေါ်ကို လျင်မြန်စွာပြေးတက်သွားလေတော့သည်။ -

"ဟိတ် .....hyun....hyunနေဦးလေ။
အကို့ကို စောင့်ဦး။ "

-သူစကားပြောနေသော taxiကားအဝါလေးသည် တရွေ့ရွေ့ဖြင့် ဆေးရုံဝန်းထဲမှထွက်သွားလေသည်။ ကားထဲမှကောင်လေးသည်လည်း ရှက်ပြုံးများကိုပြုံးလျက်၊ အကြိမ်ကြိမ်လည်း ခိုးခိုးရီလျက်။ -
.
.
.
-ယနေ့ကတော့ မိမိတို့အုပ်စု အားလပ်ချိန် Super Sundayလည်းဖြစ်၊ မိမိတို့သူငယ်ချင်းရည်းစားမရှိသူကြီး Kai၏မွေးနေ့လည်းဖြစ်သည်။ ထို့ကြောင့် ယနေ့တော့kaiတိုက်ခန်းတွင်လူစုကြမည်။ yeonjun hyungကလည်းဆေးရုံက ဆင်းလာပြီဖြစ်သည်။ -

"Kaiရေ...ငါတို့လာတယ်။ "

"Kaiရေ..."

-10:00အတိတွင်အကုန် အခန်းရှေ့ရောက်နေကြသည်။ ယခု10:15မိနစ်လောက်ရှိနေပြီး ယခုအချိန်ထိ အိမ်ရှေ့အပေါက်ဝကနေ တံခါးမဖွင့်ပေးသေး။ မည်သည့်အသံမှလည်းမကြားရ။ ဖုန်းလည်းဆက်ပိတ်ထားသည်။ မွေးနေ့ကြီး ဘယ်နားသွားစက်တော်ခေါ်နေလည်းမသိ။ -

"Kai.......!!!!!!"

-yeonjun hyungရဲ့ပြောင်မြောက်လှသော အသံဖြင့်တောင်ထွက်မလာပေ။ -

"Pwနှိပ်ကြည့်ပါလား soobin"

"အွန်း...။ "

တီတီတီ❌

"မဟုတ်ဘူး... ပြောင်းထားတယ်ထင်တယ်။ "

-taehyunလည်းအကြံတစ်ခုရသွားကာ soobinကိုတိုးတိုးလေးကပ်ပြောလိုက်သည်။

"ငါတို့friendship dateကိုနှိပ်ကြည့်ပါလား။ "

- soobinလည်းသတိရသွားဟန်ဖြင့် နံပါတ်တစ်ခုကောက်နှိပ်လိုက်သည်။ -

တင်း...ဂျလောက်✅

"ရသွားပြီ...ဝင်ခဲ့ကြလေ။ "

-သူ့အိမ်သူ့ယာလိုမျိုး ဖိတ်ခေါ်နေသော soobin-

-သူတို့ဝင်သွားမှ ဆိုဖာပေါ်တွင် ငုတ်တုတ်ငိုက်နေသော kaiကိုတွေ့ရသည်။ ဘေးနားတွင်လည်း အဝတ်တွေက ရှုပ်ပွလို့ ၊ soobinနဲ့taehyunက အဝတ်တွေကို ဖယ်ကာ ထိုင်လိုက်သည်။ Da bin noonaကတော့ ဆူဆူငေါက်ငေါက်ဖြင့် ပါလာသောပစ္စည်းတွေကို ချထားကာ အဝတ်တွေကို boramနဲ့အတူခေါက်ပြီး အခန်းရှာကာ သိမ်းပေးနေသည်။ သူတို့အသံတွေကြားမှ နေရောင်ကြား မျက်နှာထိုးကာအိပ်နေသော သူငယ်ချင်းက နိုးလာသည့်ပုံ။ -

"ဘာလာလုပ်ကြတာလည်း။ "

"မင်းမွေးနေ့မလို့လေ။
မေ့နေတာလား။ "

"အာ....ငါမေ့နေတာဘဲ။ "

"မင်းမျက်ခွက်ကြီးက ဘာဖြစ်နေတာလည်း။
မသိရင် ညက မူးပြီးကွဲထားတာကြလို့။ "

"အွန်း။
သောက်တာ နည်းနည်းများသွားလို့။
ထိုင်ကြဦးလေ။ ရေသွားချိုးပြီး ထွက်လာခဲမယ်။ "

"Kaiရေ...ပန်းကန်တွေဘယ်နားမှာလည်း။ "

-felixအသံကြားမှ နောက်ဖေးသို့ လှမ်းကြည့်မိသည်။-

"အပေါ်က ပိတ်ထားတဲ့ အကန့်ထဲမှာ felix hyung"

"ဒီနားမှာ martရှိလား။ "

-အနောက်ကထွက်လာတဲ့ အသံသြသြ။
ဒီလောက်ဆိုရင် သိလိုက်ပြီ...hyunjin hyungမှန်း...

"လမ်းထိပ်မှာရှိတယ်..."

-မျက်နှာချင်းတောင်မဆိုင်ဘဲ အခန်းထဲတန်းဝင်သွားသည်။ -

"Kai ဘာဖြစ်နေတာလည်းမသိဘူး။
တစ်ခါမှ ငါတို့မပါဘဲမသောက်ဘူးပါဘူး။ "

"ကိစ္စတစ်ခုခုရှိလို့များလား။ "

"မသိတော့ပါဘူးဟာ...။ "
.
.
.
-ရေချိုးမယ်အကြောင်းပြကာ ရေချိုးခန်းထဲသို့ဝင်လာခဲ့သည်။ ရေချိုးနေပါသော်လည်း သောက်ထားသည့်အရှိန်ကြောင့် ခေါင်းကနောက်ကျိကျိဖြင့်။ အတွေးစတို့ကလည်း ညကအချိန်ခါဆီသို့...။ -

-မနေ့ညက သူ့ဆီကို အိုမားဖုန်းဆက်လာသည်။ တကယ်ဆို မနက်ဖြန်ကသူ့မွေးနေ့ ။ သို့သော် အိုမားက
"kaiရေ...သားလေး။ အိုမားမနက်ဖြန်ပြန်မလာဖြစ်တော့ဘူး။ နောက်တစ်ပတ်လောက်မှပြန်လာမယ်နော်၊ ဒီမှာ kiriaလေးက နေမကောင်းဖြစ်နေလို့ အိုမားအနားမှာရှိနေပေးရမှာ။ ဒါဘဲနော် သား။ ဂရုစိုက်....kiriaလေးနိုးလာပြီမလို့။ "
ထိုစကားကိုဆိုကာ ဖုန်းချသွားခဲ့သည်။ ဒါဆို အိုမားကသူ့မွေးနေ့ကိုမေ့နေတာလား။ အိုမားမမိုက်ဘူးဗျာ...။ စိတ်ညစ်ညစ်နဲ့ တစ်ယောက်တည်းထွက်လာကာ barကိုလာလိုက်သည်။ သို့သော် barတွင်လည်း မထင်မှတ်ဘဲ စီနီယာhyunjinနဲ့felix hyungတို့ကို တွေ့လိုက်ရသည်။ အနားသွားပြီးခေါ်မယ်လုပ်ကာမှ hyunjinပြောသောစကားကြောင့် သူရပ်တန့်သွားခဲ့ရသည်။
"ကျွန်တော်က felixရည်းစားမလို့ စိတ်မပူပါနဲ့ အန်တီ။ ကျွန်တော် felixကိုတကယ်ချစ်တာမလို့ အန်တီမကျွေးထားနိုင်လည်း ကျွန်တော် ခေါ်ကျွေးထားမှာပါ။ သက်တောင့်သက်သာ အနားယူပြီး ကျောင်းကိုbusကားစီးစရာတောင်မလိုဘဲ ခေါ်သွားပေးမှာပါ။ အခု ဒီအချိန်ကစလို့ felixက အန်တီတို့အိမ်နဲ့မဆိုင်တော့ဘူး။ ဘယ်အမျိုးနဲ့မှပတ်သက်မှုမရှိစေရဘူး။ သူက ကျွန်တော်ပိုင်တဲ့...မဟုတ်ဘူး...ကျွန်တော့်ကိုပိုင်တဲ့ လူတစ်ယောက်ဘဲ။ "
ထိုစကားများ....။ ထိုစကားတွေကို hyunjin ဖုန်းပြောရင်းပြောလိုက်တာ။ ဒါ...ဒါဆို....စီနီယာက felix hyungကိုကြိုက်နေတာပေါ့...။ ဟက်! ထပ်ပြီးငါဘဲ ကျန်ရစ်ဖြစ်ရပြန်တာကိုး...။ မတရားလိုက်တာကွာ။
မနက်ဖြန်ငါ့မွေးနေ့လေ...ပျော်ရွှင်ရမဲ့နေ့မှာငါ့ကို စိတ်ညစ်စရာတွေပေးတော့မလို့လား။ တကယ်ကို ညစ်ပတ်တဲ့ ကံတရားကြီး။ -

-ထိုနေရာမှထွက်လာခဲ့ပြီး လမ်းထိပ်martကဘဲ ဘီယာ ပါကင်ဝယ်ကာ အိမ်မှာဘဲ အခန်းပိတ်ကာ သောက်ဖြစ်လိုက်သည်။ ညနှစ်နာရီလောက်မှ အိပ်ပျော်သွားသည်မလို့ soobinတို့လာတဲ့အချိန် သူမနိုးတာမဟုတ်သော်လည်း မထနိုင်၍ မှိန်းပြီးနေနေရသည်။ ဒီကောင်တွေ PWတော့ဖွင့်နိုင်မှာပါဆိုသော အတွေးဖြင့်။ ကိုယ့်ဘာသာကို PWပြောင်းထားတာကိုတော့ သတိမေ့နေခဲ့သည်။ -

-ယခုအခြေအနေနဲ့တော့ hyunjinကို မျက်နှာချင်းဆိုင်နိုင်မယ်မထင်။ မထူးဘူးကြည့်ရှောင်ရမှာဘဲ ဆိုသောစိတ်က အလိုလိုဝင်ရောက်လျက်။ -

-ရေချိုးအဝတ်စားလဲကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ beomgyu hyungရယ်၊ yeonjun hyungရယ်က အင်္ကျီလက်တွေခေါက်တင်ကာ Da bin noonaဖြင့် ဟင်းဝိုင်းချက်နေကြသည်တဲ့...soobin၊ taehyun၊felix hyungနဲ့ boramက ရုပ်ရှင်ကြည့်နေကြသည်။ စီနီယာရော...အာ ဟုတ်သားဘဲ။ martကိုထွက်သွားတာဘဲ။ -

"မီးဖိုချောင်သို့ဝင်သွားကာ ဘာကူပေးရမလည်းမေးတော့ Da bin noonaက မကူညီပါနဲ့တဲ့...မွေးနေ့ရှင်မလို့ ရုပ်ရှင်သာသွားကြည့်နေပါလို့ပြောတယ်။ -

-အကုန်လုံးက ထူးဆန်းနေကြတယ်...အားလုံးက ဝိုင်းပြီး ဂရုစိုက်ပေးနေကြပါလား...စီနီယာတွေက ဟင်းချက်ပေးပြီး အချစ်ဆုံးသူငယ်ချင်းတွေက သူနဲ့ရုပ်ရှင်တူတူလာကြည့်ပေးတယ်တဲ့လေ။ အိမ်မက်လား လက်တွေ့လား။ ခဏကြာတော့ စီနီယာhyunjinပြန်ရောက်လာပြီး လက်ထဲမှာလည်း ရေညှိထုပ်ကြီးဖြင့် သူ့ကို ရေညှိဟင်းချိုလုပ်ပေးမလို့ဆိုပါလား။ crhကတောင် ရေညှိဟင်းချိုလုပ်ပေးတဲ့အထိဆို မွေးနေ့က ပြီးပြည့်စုံနေပြီလေ။ -

-နောက်ဖေးမီးဖိုချောင်စားပွဲလေးက နှစ်နာရီလောက်ကြာတော့ ဟင်းများစုံလင်စွာဖြင့် စောင့်ကြိုနေသည်။ အလယ်က BFFတေဝယ်လာတဲ့  white strawberry cakeဖြင့်။ တစ်ဖက်က အသားက yeonjun hyungလက်ရာ၊ ကင်မ်ချီဟင်းရည်ကတော့ Da bin Noonaပေါ့...ဝက်ခြေထောက်တွေက beomgyu hyungဖြစ်ရမည်။ ရေညှိဟင်းချိုကတော့ ချစ်ရသူ...အင်း...သူက သူများရဲ့ ချစ်သူပေါ့။ ထားပါလေ....စီနီယာhyunjin ရဲ့လက်ရာ ရေညှိဟင်းချိုကို အရင်ဆုံးစသောက်လိုက်သည်။ အာ...အရသာရှိလိုက်တာ။ အိုမားကိုလွမ်းတယ်...6နှစ်အရွယ်တုန်းက သောက်ခဲ့ရတဲ့ မေမေ့လက်ရာနဲ့အတူတူဘဲ။ -

"အဟင့်...ဟင့်။ ရွှတ်..."

-ထမင်းစားနေရင်း ရုတ်တရက်ထငိုတဲ့ kaiကြောင့် စားနေတဲ့လူတွေပါ အကုန်ခေါင်းနပန်းကြီးကုန်ကြသည်။ ဘာလုပ်လို့..ဘာကိုင်ရမှန်းမသိကြတော့။ -

"Kai....
ကလေးဘာဖြစ်တာတုန်း....။
ဘာလို့ငိုနေတာတုန်း...မငိုရဘူးလေ။ မငိုနဲ့...တိတ် တိတ်။ အော်...ဘာများဖြစ်လည်းကွယ်။ "

"Omma..ommaကိုသတိရ.တယ်။ ရွှတ်"

-Soobinနဲ့ taehyunကလည်း သူတို့သူငယ်ချင်းကို ပွေ့ဖက်ထားကြသည်။ soobinက ရင်ဘတ်ထဲကို ခေါင်းလေးသွင်းကာ ဖွဖွလေးပုတ်ပေးနေသည်။ taehyunက ကျောပြင်လေးကဖက်ထားကာ ပွတ်ပေးနေသည်။ -

"ဖြစ်ရလေ ကလေးရယ်။
မငိုနဲ့ တိတ်တော့....အောမ်မားသိရင် စိတ်ကောင်းမှာမဟုတ်ဘူး။ တိတ်....တိတ်။ ဒါလေးကုန်အောင်စားလိုက်နော်။ အရင်စားကြမယ်....လာ...လာ။ "

-Felixကလည်း ဘေးနားခုံတွင်ရှိနေသည်မလို့ taehyunဖယ်သွားတဲ့အချိန် သူက ကျောပြင်လေးကို ပွတ်ကာ ချော့နေသည်။ ဟင်းတွေတစ်ခုပြီးတစ်ခုထည့်ပေးကာ စားခိုင်းနေသည်။ -

-သူလည်း ငိုချင်စိတ်ကိုထိန်းကာ ထမင်းပန်းကန်ထဲက ဟင်းတွေကိုပါးစပ်ထဲအကုန်သွင်းပြီး ထမင်းဖြူများကို နှစ်လုပ်သုံးလုပ်မဝါးဘဲ ထိုးထည့်လိုက်သည်။ အကျိုးဆက်ကတော့ ဝါးနေရင်း ကုန်ခါနီး သီးသွားရခြင်းပင်။ -

-သူသီးသွားတော့ စီနီယာhyunjinက ရေယူလာပေးသည်။ စိနီယာယူလာပေးတဲ့ ရေကိုသောက်ကာ မနည်းပြန်ထိန်းလိုက်ရသည်။ စားနေရင်းထသီးသွားလို့ ဆက်စားဖြစ်မှာကတော့ မသေချာတော့ပေ။ -
.
.
.
-စားသောက်ပြီး ပန်းကန်တွေကို boramနဲ့ soobinက ဆေးပေးသည်။ ကျန်တဲ့လူတွေက အိမ်ရှေ့မှာဂိမ်းဆော့နေသည်။ အတွေးတွေ...ကျန်တဲ့ဆူညံသံတွေနဲ့ သူတို့ရဲ့ရယ်မောသံတွေကို မကြားရဘူး။ လှုပ်ရှားမှုတိုင်းကိုမြင်နေတယ်...soobinနဲ့ boramက ပန်းကန်ဆေးရင်း ရန်ဖြစ်နေကြတယ်၊ yeonjun hyungနဲ့ taehyunက ဂိမ်းဆော့နေကြတယ်၊ ကျန်တဲ့လူတွေက သူတို့ကိုအားပေးနေကြတယ်၊ Da bin noonaက ဖုန်းပြောနေသည်။ အသံတွေအစား စူးဝါးလှတဲ့အသံကျယ်ကျယ်တစ်ခု။ ခေါင်းမူးလိုက်တာ...ဘာတွေဖြစ်နေတာလည်း။ -

Beomgyu POV:

-မိမိရှေ့က ထိုင်လည်းမထိုင်၊ မတ်တပ်ကြီးရပ်နေသော kaiအား လာထိုင်ရန်ခေါ်လိုက်သည်။ သို့သော် ဘာမှပြန်မဖြေဘဲ ရပ်မြဲရပ်နေသည်။ တစ်လှမ်းနှစ်လှမ်းတိုးလာသော်လည်း လာမထိုင်။ ထို့ကြောင့် ထ၍ခေါ်လိုက်သည်။ -

"မင်းအဆင်ပြေရဲ့လား။ "

-ပုခုံးကိုကိုင်၍ မေးလိုက်သော်လည်း မိမိထိလိုက်ချင်းချင်း တန်းခွေလဲကျသွားသော ကလေး။ -

"Kai!!!"

-beomgyuအော်တော့ အားလုံးက လှည့်ကြည့်လာကြသည်။ soobinဆိုရင်လည်း လက်အိတ်ချွတ်ကာ လက်သုတ်ပြီး ပြေးလာသည်။ ဂိမ်းဆော့နေတဲ့လူတွေကလည်း ဂိမ်းစက်တွေကိုပစ်ချခဲ့လိုက်သည်။ -

-Da bin ကဆရာဝန်ခေါ်ပေးကာ စိနီယာတွေက အခန်းထဲသယ်သွားရသည်။ hyunjinပွေ့မယ်လုပ်သော်လည်း taehyunနဲ့soobinက အသည်းအသန်တားသည်။ hyunjinကိုအထဲတောင်အဝင်မခံ။ အဘယ့်ကြောင့်ဆိုသော် hyunjinရဲ့ ဓာတ်ပုံများက အခန်းတွင်း ပလူပျံနေသောကြောင့်ပင်။ -

-ဆရာဝန်ရောက်လာတော့ စမ်းသပ်ကာ ဆေးများပေးခဲ့သည်။ -

"သောက်ထားတဲ့အရှိန်ကြောင့်ဖြစ်သွားတာပါ။
လူနာကိုအများကြီးမသောက်ပါစေနဲ့ဗျ။ သူနဲ့ အယ်လ်ကိုဟောနဲ့က အများကြီးသောက်မရဘူး။ "

"ဟုတ်ကဲ့ပါဗျ။ "

-အကုန်လုံးက kaiမနိုးလာခင်အချိန်ထိ အလုပ်တွေလုပ်ကာ စောင့်နေကြသည်။ kai....သူနိုးလာတော့ အချိန်အားဖြင့် 5နာရီထိုးနေပြီဖြစ်သည်။ သူ့ဘေးတွင် felixနဲ့ da binကရှိနေသည်။ -

"နိုးလာပြီလား ကလေး။ "

"ဟုတ်ကဲ့..."

"သက်သာလား kai"

"ကျွန်တော်သက်သာပါတယ်။ "

"နိုးလာပြီလား။
တော်သေးတာပေါ့..."

-သူပြန်နိုးလာတော့ အားလုံးကပုံမှန်အခြေအနေ။
အသံတွေပြန်ကြားရသည်၊ ရုပ်တွေသေချာမြင်ရချေပြီ။ ဒါနဲ့ အိမ်ရှေ့သို့ထွက်လာကာ မိမိသူငယ်ချင်းများဖြင့် ဂိမ်းဆော့နေသည်။ ဒီကြားထဲ ဗိုက်ဆာလို့ ခေါက်ဆွဲပြုတ်က ထစားကြသေးသည်။ သူတ်ု့အကုန်ပြန်သွားကြတော့ ည9နာရီခွဲနေပြီဖြစ်သည်။ သူလည်း ထိုမှသာ ဆိုဖာပေါ်တွင်ထိုင်ပြီး အနားယူလိုက်သည်။ သူထင်သည့်အတိုင်း အိုမားက ဖုန်းတောင်မဆက်လာပင်။ -

-ပြန်အိပ်မည်ဟုတွေးကာ အိပ်ခန်းထဲခြေလှမ်းအပြင်.....

Tin...Tong

-ဒီအချိန်ငျမှဘယ်သူလည်းဟ။
ဟိုကောင်တွေဘာကျန်ခဲ့လို့လည်း။-

"မင်းတို့ကောင်တွေ...ဘာကျန်...

-မြင်လိုက်ရသောလူကြောင့် သူတော်တော်အံ့သြသွားသည်။ -

"Omma!!"

"Surprise!!"

"ဟာဗျာ...ommaကလည်း..."

-သူ၏အမေဟုတ်ပါသည်။
ထိုနေ့ညကျ အမေဖြင့်စကားလက်ဆုံကျ၍ ommaဘေးမှာဘဲအိပ်ပျော်သွားခဲ့သည်။ -

-အွန်း....အဆိုးဝါးဆုံးနေ့ဖြစ်ခဲ့သလို အကောင်းမွန်ဆုံးနေ့တစ်ရက်လည်း ဖြစ်ခဲ့ရပြန်တယ်။ ဘာလည်း....ငါ့အသက်တစ်ရက်ပိုကြီးလာလို့ ရင့်ကျက်ခိုင်းတာလား။ မင်းကတကယ်ရီရတဲ့ကောင်ဘဲကွ..။

*Forever*

Huening လေးမွေးနေ့ကိုမှီအောင်လာတာဘဲ။
အလုပ်က ထွက်လာလာချင်း ထိုင်typeနေတာ။
တော်သေးတာပေါ့...11:06မိနစ်မှာပြီးတယ်။

Happy Birthday hueka ~~♥

Continue Reading

You'll Also Like

3.5K 454 8
ကျူးလစ်တွေလောက်မလှပသော်လည်း ထည့်သုံးထားသည့်မေတ္တာတရားတွေတော့ အင်အားကြီးလှ၏ ။ [ 𖧷✞︎𝖧𝖮𝖫𝖣 𝖮𝖭✞︎𖧷 ] 𝖪𝖨𝖬 𝖲𝖤𝖮𝖪𝖩𝖨𝖭 & 𝖪𝖨𝖬 𝖸𝖮𝖮𝖭𝖦𝖨 ...
10.4M 457K 62
"Spread your legs for a lollipop." #5 in FANFICTION✓ © sujinniie 2019-2020 ✓
21.5K 3.4K 26
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
14.2K 1.2K 21
ဘယ်သူမှ ကြိုမမြင်နိုင်သည့် ကံကြမ္မာကို ဘယ်သူကရှောင်လွဲနိုင်မှာလဲ?