𝑯𝒆𝒓𝒆'𝒔 𝒀𝒐𝒖𝒓 𝑷𝒆𝒓𝒇...

By Daydream-fah

91.3K 6.9K 845

Zawgyi ျမင္​ျမင္​ခ်င္​း အခ်စ္​ကို ယံုလား...? ဟင္​့အင္​း... ျမင္​ျမင္​ခ်င္​းသ​ေဘာက်တာကို​ေတာ့ ယံု... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Final
𝑁𝑒𝑤 𝐹𝑖𝑐

Ch-6

3K 280 29
By Daydream-fah

Unicode

အရင်ကဆို မားရဲ့ဆေးကုသစရိတ်အတွက် အချိန်ပိုင်းအလုပ်မှန်သမျှလုပ်ပြီး ပိုက်ဆံရှာနေရတာမို့ သူ့မှာတစ်စက္ကန့်လေးတောင် နားချိန်မရှိပေမယ့် နေ့ချင်းညချင်းဆိုသလိုသူ့ဘဝက ပြောင်းလဲသွားတာမို့ သူ့အတွက်အသားမကျသေးသလိုဖြစ်နေသည်။ ဒီအိမ်ကြီးမှာရှိတဲ့သူတွေက သူတို့အလုပ်နဲ့သူတို့ရှုပ်နေကြတဲ့အပြင် သူ့ကိုလည်းကူညီခွင့်မပေးတာမို့ တစ်နေ့တစ်နေ့နေရတာ ပျင်းလှသည်။

အခန်းထဲမှာပဲ တစ်နေကုန်နေရတာ ငြီးငွေ့နေပြီမို့ ဧည့်ခန်းဖက်လျှောက်လာရင်း တီဗီဖွင့်ထားလိုက်မိသည်။ ဒီလိုမျိုး စိတ်အေးလက်အေးနဲ့တီဗီထိုင်ကြည့်ဖြစ်တာ ဘယ်အချိန်ကနောက်ဆုံးလဲတောင် သေချာမမှတ်မိချင်တော့တာမို့ စိတ်လှုပ်ရှားစွာဖြင့် ချန်နယ်တစ်ခုပြီးတစ်ခုပြောင်းနေရင်း အကို့ပုံကိုမြင်လိုက်ရတာမို့ မျက်လုံးအပြူးသားဖြင့်ကြည့်နေမိသည်။

တီဗီမှာလာနေသည်က အကို့ကိုအင်တာဗျူးထားတဲ့အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပြီး စီးပွားရေးအကြောင်းကိုသာ အဓိကထားပြီး မေးမြန်းနေတာမို့ သူဘာတစ်ခုမှနားမလည်ပေမယ့်လည်း တည်ကြည်ခန့်ငြားလွန်းတဲ့ အကို့ရဲ့မျက်နှာချောချောကို သဘောတကျဖြင့် ငေးနေမိသည်။

သေချာကြည့်မိတော့မှ အကို့ရဲ့ဘယ်ဘက်နှုတ်ခမ်းအောက်နားလေးမှာ မှဲ့သေးသေးလေးတစ်လုံးရှိနေတာကို သတိထားမိသည်။ အကိုနဲ့မျက်နှာချင်းဆိုင်မိလိုက်တဲ့အခါတိုင်း သူ့ဘက်ကအကြောက်လွန်ပြီး ခေါင်းကအလိုလိုငုံ့ထားမိတာမို့ သတိမထားမိတာဖြစ်မည်။

မရယ်မပြုံးပဲ မျက်ခုံးနက်နက်တို့ကို အမြဲတွန့်ချိုးထားတာတောင် ချောမောနေဆဲဖြစ်တဲ့အကိုက အတိတ်ဘဝက သိပ်ပြီးဆုတောင်းကောင်းခဲ့ပုံပင်။

စကားပြောတိုင်း ချွန်ထွက်လာတတ်တဲ့ နှုတ်ခမ်းပါးလေးကို ငေးကြည့်နေရင်း သူဒီအိမ်ကို စရောက်တဲ့ညက အချိန်ကိုပြန်တွေးမိသွားပြီး တစ်ကိုယ်လုံးအပူငွေ့တွေတရှိန်းရှိန်းတက်လာတာမို့ မျက်လုံးစုံမှိတ်ရင်း ခေါင်းကိုအဆတ်မပြတ်ခါထုတ်လိုက်မိသည်။

သူဘယ်လိုတောင် ပေါက်ကရတွေတွေးနေမိတာလဲ။ တဖြည်းဖြည်းနဲ့မူမမှန်လာတော့တဲ့ ရင်ခုန်သံတွေကို ဥပေက္ခာပြုရင်း တီဗီကိုပိတ်လို့ ခြံထဲဆင်းလာမိသည်။

အကိုနဲ့သူဆိုတာ ကောင်းကင်နဲ့မြေကြီးလို့ အရမ်းကိုမှအလှမ်းကွာလွန်းတဲ့သူတွေမဟုတ်လား။ သူက အချိန်တန်ရင် အကို့ရှေ့ကနေအလိုက်တသိ ပျောက်ကွယ်သွားပေးရမယ့် လူတစ်ယောက်ပဲလေ။

"ပျင်းနေပြီလား ပေါ်ကော"

ခြံထဲမှာစိုက်ထားတဲ့ ပန်းပင်တွေကို ရေလောင်းနေရင်းကနေ လှမ်းအော်နေတဲ့လီကျင်းရဲ့အသံကြောင့် ရိပေါ်အသာပြုံးလိုက်ရင်း အနားကိုလျှောက်သွားလိုက်သည်။

"မင်းရော မပျင်းဘူးလား။ ဒီလောက်ကျယ်တဲ့အိမ်ကြီးမှာ နေနေရတာ.. စကားပြောဖော်လည်းမရှိပဲနဲ့"

ငြီးငြီးငြူငြူဖြင့် ပြောလိုက်တဲ့သူ့စကားအဆုံး လီကျင်းက ဟင်းခနဲသက်ပြင်းချလိုက်ရင်း ခေါင်းတခါခါဖြင့်

"ပျင်းချိန်တောင်မရပါဘူးဗျာ... ဒါနဲ့ ကျွန်တော်တစ်ခုလောက်သိချင်လို့.. မေးလို့ရလား"

သူခေါင်းညိမ့်ပြတာနဲ့ လီကျင်းက ဝမ်းသာအားရဖြင့် လက်ထဲကပိုက်ကိုချလို့ သူ့အနားတိုးလာလေသည်။

"သခင်လေးနဲ့ပေါ်ကောက တွဲတာကြာပြီလားဟင်.."

မထင်မှတ်ထားတဲ့မေးခွန်းကြောင့် ရိပေါ်အကြပ်ရိုက်သွားမိသည်။ အကိုက အိမ်သားတွေအရှေ့မှာ သူ့အကြောင်းကို ဖုံးကွယ်ထားတာလား ဒါမှမဟုတ် လီကျင်းကပဲအသက်ငယ်သေးလို့ ဘာမှနားမလည်သေးတာလား။ ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့အကို့ရဲ့ပတ်သတ်ပုံ​ကို သူကိုယ်တိုင်ဖွင့်​ပြောလိုက်ဖို့ကတော့ အရမ်းကိုရှက်စရာကောင်းလွန်းတယ်မဟုတ်လား။

"သခင်လေးကို မကြောက်ဘူးလားဟင်.. မားပြောတာတော့ သခင်လေးက အရင်တုန်းက အရမ်းသဘောကောင်းတာတဲ့။ ကျွန်တော်တော့ ဒီအိမ်မှာစပြီးနေလာထဲက သခင်လေးအားရပါးရရယ်တာမျိုး တစ်ခါမှမမြင်ဖူးဘူးရယ်။ သခင်လေးရဲ့မားဆုံးသွားတုန်းကဆိုလည်း...."

လီကျင်းကပြောနေရင်းနဲ့မှ တစ်စုံတစ်ခုကိုသတိရသွားပုံဖြင့် စကားကိုရပ်ပစ်လိုက်ရင်း ပါးစပ်ကိုလက်နှစ်ဖက်ဖြင့်အုပ်လို့ သူ့အနားကလှည့်ပြန်ဖို့လုပ်နေတာမို့ လီကျင်းရဲ့လက်ကိုလှမ်းဆွဲလိုက်ရင်း

"အကို့ရဲ့မားက ဆုံးသွားတာလား"

"မဟုတ်.. ဟို... အဲ့တာကလေ ကျွန်တော်ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်နော်။ ကျွန်တော်ဒီအကြောင်းတွေ​ပြောတာ သခင်လေးသိသွားရင် အပြစ်ပေးခံရလိမ့်မယ်။ ပြီးတော့ မားကလည်းရိုက်လိမ့်မယ်။ ကျွန်တော်သွားပြီနော်"

သုတ်တီးသုတ်ပြာဖြင့် ပြေးထွက်သွားတဲ့လီကျင်းကိုကြည့်ရင်း ရိပေါ်စိတ်ထဲအတွေးများစွာဖြင့်ကျန်ခဲ့သည်။ သေချာပေါက် အကို့မိဘတွေနဲ့ပတ်သတ်ပြီး ကိစ္စတစ်ခုခုရှိရမည်။ အရင်တစ်ခါ အကို့မိဘတွေအကြောင်း မေးခဲ့တုန်းကလည်း လီကျင်းကဒီလိုပဲ အကြောက်အကန်ရေငုံနှုတ်ပိတ်နေခဲ့တာမဟုတ်လား။

မြက်ခင်းပေါ်မှာ လီကျင်းပစ်ချခဲ့တဲ့ ရေပိုက်က ရေတွေဒလဟောစီးကျနေတာမို့ ကောက်ကိုင်လိုက်ရင်း ပန်းပင်တွေကိုဆက်ပြီးရေလောင်းပေးနေမိသည်။ ရေလောင်းနေရင်းနဲ့မှ အကို့ရဲ့ကားက ခြံထဲဝင်လာတာ မြင်လိုက်ရတာမို့ အလန့်တကြားဖြင့် အနားမှာရှိတဲ့ ရေပိုက်ခေါင်းကို ဆွဲလှည့်ချလိုက်ပေမယ့် ရေပိုက်က မပိတ်သွားတဲ့အပြင် ရေတွေကအရှိန်ပြင်းပြင်းဖြင့် ပန်းထွက်လာလေသည်။

အမြန်လိုကာမှ အနှေးဖြစ်နေသည်။ အကိုက သူ့ကိုဘာအလုပ်မှမလုပ်ဖို့ အမိန့်ပေးထားတာမို့ အခုသူ့ပုံစံကိုသာမြင်ရင် သေချာပေါက်ထပ်ပြီးအဆူခံရဦးမည်။ အဲ့တာကြောင့် အကိုကားပေါ်က ဆင်းမလာခင် သူမြန်မြန်အိမ်ထဲဝင်ပြေးရမည်။

"မင်းအဲ့တာဘာလုပ်နေတာလဲ"

အလျင်စလိုဖြင့် ရေပိုက်ကိုပိတ်နေရင်း အနောက်ကနေကြားလိုက်ရတဲ့အသံကြီးကြောင့် အလန့်တကြားဖြင့် လှည့်ကြည့်မိချိန် လက်ထဲမှာကိုင်ထားတဲ့ရေပိုက်က အကို့မျက်နှာတည့်တည့်ဆီကို လှမ်းပြီးပက်မိသလိုဖြစ်သွားတာမို့ ကြောက်ကြောက်လန့်လန့်ဖြင့် လက်ထဲကရေပိုက်ကို လွှတ်ချလိုက်မိသည်။

အကို့ရဲ့ဘော်ဒီဂတ်အကိုကြီးနှစ်ယောက်က ကားထဲကတဘတ်ထုတ်သူကထုတ် အကို့မျက်နှာကိုကြည့်ပေးသူကကြည့်ပေးနဲ့ အလုပ်ရှုပ်နေကြတာမို့ ရိပေါ်မဝံ့မရဲဖြင့် အကို့နားတိုးကပ်သွားဖို့ပြင်လိုက်ပေမယ့် အကိုကသူ့ဘော်ဒီဂတ်တွေကို တွန်းဖယ်ရင်း ခပ်ပြင်းပြင်းတောက်ခေါက်လို့ ခြေလှမ်းကျဲကြီးတွေဖြင့် အိမ်ထဲကိုဝင်သွားတာမို့ အနောက်ကနေပြေးလိုက်သွားမိသည်။

"သခင်လေး ဘယ်လိုဖြစ်တာလဲ။ တစ်ကိုယ်လုံးလည်း ရေတွေစိုလို့"

ကားသံကြားလို့ မီးဖိုချောင်ထဲကထွက်လာတဲ့အန်တီလင်းက အကို့ကိုမြင်တာနဲ့ စိုးရိမ်တကြီးဖြင့် ပြောလိုက်​ခြင်းဖြစ်သည်။ အကိုက အပေါ်ထပ်ကိုတက်သွားလိမ့်မယ်လို့ထင်ထားပေမယ့် အောက်ထပ်ကရိပေါ်အခန်းထဲကို ဝင်သွားလေသည်။ သူကိုယ်တိုင်ကကြောင်နေပေမယ့်လည်း အန်တီလင်းရဲ့မီးထွက်မတတ်ကြည့်နေတဲ့အကြည့်တွေကြောင့် မလုံမလဲဖြင့် ခေါင်းငုံ့လို့အခန်းထဲဝင်လာမိသည်။

"ဟို ... ကျွန်တော်တောင်းပန်ပါတယ်နော်။ ရေပိုက်ခေါင်းက ပိတ်လို့မရတဲ့အပြင် ရေတွေကလည်း တအားထွက်လာတော့ ကျွန်တော်ကလန့်ပြီး အကို့ကိုပက်မိသလိုဖြစ်သွားတာပါ။ ကျွန်တော်တကယ်လုံးဝ မရည်ရွယ်.."

"အန်တီလင်းကို ငါ့အတွက်အဝတ်အစားတစ်စုံယူလာပေးဖို့ သွားပြောလိုက်"

"ဗျာ..."

သူကသာ အဆူခံရမှာစိုးတဲ့စိတ်ကြောင့် အခန်းထဲရောက်တာနဲ့ ကြောက်ကြောက်လန့်လန့်ဖြင့် မျက်လုံးစုံမှိတ်လို့ရှင်းပြနေပေမယ့် အကို့ဆီကကြားလိုက်ရတဲ့စကားသံကြောင့် ပြောလက်စစကားပင်ရပ်ကာ ကြောင်သွားမိသည်။

"ဘာရပ်လုပ်နေတာလဲ သွားလေ"

သတိပေးစကားသံထပ်ပြီး ထွက်လာတော့မှ ရိပေါ်ယောင်နနဖြင့် ခေါင်းကိုအဆတ်မပြတ်ညိမ့်ပြရင်း အခန်းအပြင်ကိုထွက်လာမိသည်။ ဘာလဲ ဒီအခြေအနေက..။ အကိုက သူ့ကိုမဆူတော့ဘူးလား။

အကို့မျက်နှာအနေအထားကို ကြည့်ရသလောက်တော့ အေးအေးဆေးဆေးပင်။ မဟုတ်မှ အကိုက သူ့ကိုဒေါသထွက်လွန်းလို့ အိမ်ကနေမောင်းထုတ်တော့မှာများလား။ အဲ့လိုလုပ်လို့တော့ မဖြစ်ဘူးလေ။ မားရဲ့ရောဂါက အရှင်းပျောက်သေးတာမှမဟုတ်တာ။

"သခင်လေးက ဘာတဲ့လဲပေါ်ကော"

အတွေးလွန်နေရင်းနဲ့မှ အခန်းဝမှာစောင့်နေတဲ့ လီကျင်းလှမ်းပြောလိုက်တဲ့စကားကြောင့် အန်တီလင်းကို လှမ်းကြည့်လိုက်ရင်း

"အကိုက အန်တီလင်းကို သူ့အတွက်အဝတ်အစားတစ်စုံယူလာပေးဖို့ မှာလိုက်တယ်"

"အဲ့တာဆို သခင်လေးကဒီညမင်းအခန်းမှာ အိပ်မယ်ဆိုတဲ့သဘောလား"

အန်တီလင်းရဲ့မေးခွန်းကြောင့် ရိပေါ်ခေါင်းအသာခါပြလိုက်မိသည်။ အကိုက သူ့ကိုဘာမှပြောတာမှမဟုတ်တာ။ သူလည်း ဘယ်သိပါ့မလဲ။ အန်တီလင်းက အပေါ်တက်သွားပြီးခဏကြာတော့ အဝတ်အစားအချို့ယူကာ ပြန်ဆင်းလာလေသည်။

ရိပေါ်လက်ထဲ အဝတ်အစားတွေထည့်ပေးပြီးတဲ့အထိ အပြင်ကနေ အခန်းထဲကို ဝေ့ဝိုက်လို့ကြည့်နေတဲ့အန်တီလင်းက အကို့အတွက်စိတ်ပူနေပုံပင်။ အကိုကကြာနေရင် ဆူမှာစိုးတာမို့ ရိပေါ်လည်းအခန်းထဲကို အမြန်ပြန်ဝင်လာမိသည်။

ရေချိုးခန်းထဲကနေ ရေကျသံတွေကြားနေရတာမို့ ကြည့်ရတာအကိုရေချိုးနေပုံပင်။ ယူလာတဲ့အဝတ်အစားတွေကို ကုတင်ပေါ်တင်ထားလိုက်ရင်း ကြမ်းပြင်ပေါ်မှာ အကိုချွတ်ထားခဲ့တဲ့ အဝတ်အစားတွေကို လိုက်ကောက်ပေးပြီး ပြန်အလှည့်မှာ အကို့မျက်နှာကိုမြင်လိုက်ရတာမို့ လန့်ပြီးအနောက်ကိုဆုတ်လိုက်မိသည်။

"ငါ့မျက်နှာက အဲ့လောက်တောင်ကြောက်စရာကောင်းနေလို့လား"

"အဲ.. မဟုတ်.... ဟို အဲ့တာက..."

အခုမှ သေချာကြည့်မိသည်။ ရေချိုးခန်းထဲက ထွက်လာတဲ့အကိုက ခါးအောက်ပိုင်းကို တဘတ်ဖြင့်သာပတ်ထားတာမို့ ရေစက်တွေတွဲခိုနေတဲ့ ကြွက်သားရေးရေးဖြင့် ကျစ်လစ်နေတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို အတိုင်းသားမြင်နေရသည်။

မျက်လုံးအပြူးသားဖြင့် သူ့ခန္ဓာကိုယ်ကိုကြည့်ရင်း ပါးတွေနားတွေနီရဲလာတဲ့ ဝမ်ရိပေါ်ရဲ့ပုံစံကိုကြည့်ပြီး ဟက်ခနဲရယ်လိုက်မိသည်။

"ကြည့်လို့ဝပြီလား"

သတိလက်လွတ်ငေးနေမိရာကနေ အကို့အသံကြားမှ အလန့်တကြားဖြင့် မော့ကြည့်မိတော့ အကို့ရဲ့အကြည့်စူးစူးတွေနဲ့ ရင်ဆိုင်လိုက်ရတာမို့ မျက်နှာပူစွာဖြင့် ခေါင်းကိုငုံ့ချလိုက်ရင်း နေရာကနေလှည့်ထွက်ဖို့အလုပ် ကြမ်းပြင်ပေါ်မှာကျနေတဲ့ အကို့ခန္ဓာကိုယ်က ကျတဲ့ရေတွေကြောင့် ခြေထောက်ချော်သွားတာမို့ မျက်လုံးစုံမှိတ်လိုက်မိသည်။

အောက်ကိုပြုတ်ကျပြီလို့ထင်ထားပေမယ့် အကိုကသူ့လက်ကိုလှမ်းဆွဲလိုက်တာမို့ အရှိန်မထိန်းနိူင်ပဲ ဘေးကမွေ့ယာပေါ်ထပ်လျက်သားပြုတ်ကျသွားလေသည်။ ရိပေါ်က အကို့အပေါ်မှာဖိထားမိသလို ဖြစ်နေတာမို့ အမြန်ထဖို့ပြင်လိုက်ပေမယ့် အကိုကလျင်မြန်စွာဖြင့် ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး သူ့ကိုအောက်ပို့လိုက်တာမို့ မျက်လုံးအပြူးသားဖြင့် ကြောင်နေမိသည်။

ထို့နောက်အကို့မျက်နှာက တဖြည်းဖြည်းတိုးကပ်လာရင်း သူ့အပေါ်နှုတ်ခမ်းလေးကို ခပ်ဖွဖွဆွဲငုံပစ်လိုက်တာမို့ ယောင်ယမ်းပြီးအကို့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားမိသည်။ နမ်းနေရင်းနှင့်ပင် အကို့လက်တစ်ဖက်က သူ့အကျီအောက်ထဲတိုးဝင်လာတာမို့ နေရခက်စွာဖြင့် ဟခနဲငြီးငြူလိုက်မိတဲ့ခဏ သူ့ခံတွင်းထဲတိုးဝင်လာတဲ့ လျှာဖျားနွေးနွေးကြောင့် မျက်လုံးတွေကိုအတင်းစုံမှိတ်ထားမိသည်။

တစ်ကြိမ်တစ်ခါရင်းနှီးဖူးပြီးသား ဖြစ်ပေမယ့်လည်း သူ့အတွက်အသားကျဖို့ခက်ခဲနေဆဲပင်။ အကိုနဲ့နီးနီးကပ်ကပ်ရှိနေရသည်ကိုလည်း ကြောက်ရွံ့နေဆဲပင်။

သူ့စိတ်ထဲ ဘယ်လောက်ပဲကြိုတင်ပြင်ဆင်ထားသည်ဖြစ်စေ သူမရင်းနှီးမကျွမ်းဝင်ဖူးတဲ့ သူစိမ်းယောကျာ်းတစ်ယောက်ဖြစ်တဲ့အကိုနဲ့ အခုလိုအခြေအနေကို ဖြတ်သန်းရတိုင်း သူ့ကိုယ်သူရှက်ရွံ့မိသည်။

ဒီညမှာလည်း ညတာကငြိုးငယ်စွာနဲ့ ရှည်ကြာဦးမယ်ထင်ပါရဲ့...။

...🌱...

ထုံးစံအတိုင်း သူနိုးလာတဲ့အချိန် ဘေးမှာအကိုကမရှိတော့။ နေမြင့်နေပြီဖြစ်ပေမယ့်လည်း ​လျှောကျနေတဲ့စောင်ကို ရင်ဘတ်အထိလုံအောင်ဆွဲတင်လိုက်ရင်း ပေတေပြီးဆက်အိပ်နေမိသည်။ အရင်ရက်တွေက မိုးလင်းတာနဲ့သူ့ကိုအကြောင်းမရှိအကြောင်းရှာပြီး လာနှိုးတတ်တဲ့အန်တီလင်း ရောက်မလာသေးတာကြောင့်လည်း သူအခုလို နေလို့ရတာဖြစ်သည်။

​မှေးခနဲအိပ်ပျော်သွားပြီးမှ တံခါးခေါက်သံနဲ့အတူ လီကျင်းရဲ့အသံကိုပါကြားလိုက်ရတာမို့ ကုတင်အောက်မှာ ကျနေတဲ့အကျီနဲ့ဘောင်းဘီကို အမြန်ယူဝတ်လိုက်ရင်း တံခါးသွားဖွင့်ပေးလိုက်မိသည်။

"ပေါ်ကော မားကိုလာကြည့်ပေးပါဦး။ တစ်ကိုယ်လုံးလည်း ပူကျစ်ပြီး ဘာတွေပြောနေမှန်းလည်းမသိဘူး"

ငိုတော့မလိုဖြစ်နေတဲ့လီကျင်းကြောင့် သူလည်းထိတ်လန့်သွားပေမယ့် ခေါင်းအသာညိမ့်ပြရင်း လီကျင်းနောက်ကိုလိုက်သွားမိသည်။ ဦးလေးလီကလည်း မနေ့ကမှအကိုခိုင်းလိုက်တဲ့ကိစ္စနဲ့ နယ်ဘက်ကိုခရီးသွားနေရတာမို့ ကလေးသာသာပဲရှိသေးတဲ့လီကျင်းက တစ်ယောက်ထဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေပုံပင်။

အန်တီလင်းတို့မိသားစုက ခြံရဲ့အနောက်ဖက်မှာရှိတဲ့ တိုက်အိမ်ပုလေးမှာ သီးသန့်နေကြတာမို့ ခက်သွက်သွက်လျှောက်သွားလိုက်ရင်း လီကျင်းညွန်ပြတဲ့အခန်းထဲကို ဝင်လာလိုက်သည်။

ကုတင်ပေါ်မှာအိပ်နေတဲ့ အန်တီလင်းရဲ့ဘေးမှာ ဝင်ထိုင်လိုက်ရင်း အန်တီလင်းရဲ့နဖူးပြင်ကိုအသာစမ်းကြည့်မိတော့ ခြစ်ခြစ်တောက်အောင်ပူနေတာမို့ လီကျင်းကိုရေဇလုံနဲ့တဘတ်တစ်ထည်ယူခိုင်းလိုက်ရသည်။

လီကျင်းရေဇလုံသွားယူနေစဥ် သူကတော့ အခန်းပြတင်းပေါက်တွေအလျင်အမြန်လိုက်ပိတ်ပြီး ချွေးတွေနဲ့ပြန်ပြီးအအေးပတ်မှာစိုးတာမို့ အန်တီလင်းကိုယ်ပေါ်မှာ အထပ်ထပ်ခြုံပေးထားတဲ့ထဲက စောင်တစ်ထည်ကို ဖယ်ရှားလိုက်သည်။ ကြည့်ရတာ အန်တီလင်းက ချမ်းတယ်ဆိုလို့ လီကျင်းကနားမလည်ပဲစောင်တွေအများကြီးခြုံပေးထားပုံပင်။

လီကျင်းပြန်ရောက်လာတာနဲ့ တဘတ်ကိုရေဇလုံထဲအသာနှစ်လို့ ရေသေချာညှစ်ပြီး အန်တီလင်းရဲ့မျက်နှာနဲ့ လည်ပင်းတွေကို ရေပတ်တိုက်ပေးနေမိသည်။ ငယ်ငယ်ထဲက မားနဲ့နှစ်ယောက်ထဲနေခဲ့ရတဲ့သူ့အတွက် ဒီလိုအရာမျိုးက အကျွမ်းတဝင်ဖြစ်နေတာမို့ လုပ်ရတာမခက်ခဲလှပေ။

မားဖျားနာတဲ့အခါတိုင်း သူကပဲဂရုစိုက်ပြုစုပေးနေကြမို့ အန်တီလင်းကိုကြည့်ရင်း မားကိုပင်သတိရမိသည်။ အတန်ကြာရေပတ်တိုက်ပေးလို့ပြီးတော့ အဖျားကအတော်အသင့်ကျသွားပြီမို့ အန်တီလင်းအတွက်ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အဝတ်အစားလဲပေးဖို့အတွက် လီကျင်းကိုမှာရင်း ရေပတ်တိုက်ထားတဲ့ရေဇလုံကို သယ်ရင်းမတ်တပ်ထရပ်လိုက်မိသည်။

"ကျွန်တော်လုပ်လိုက်ပါ့မယ် ပေါ်ကော"

"ရတယ် အန်တီလင်းကိုသာသေချာဂရုစိုက်ပေးလိုက်။ ခဏနေရင် ငါဆန်ပြုတ်လာပို့ပေးမယ်"

လီကျင်းက သူ့ကိုအားနာနေပုံရတာမို့ ခေါင်းညိမ့်ပြရင်း လီကျင်းရဲ့ပခုံးတစ်ဖက်ကိုအသာပုတ်လို့ ရေချိုးခန်းထဲမှာ ရေဇလုံကိုနေရာတကျပြန်ထားပေးခဲ့ရင်း ဆန်ပြုတ်ပြုတ်ပေးဖို့အတွက် အိမ်ကြီးဆီကို ပြန်လာခဲ့လိုက်သည်။

မီးဖိုချောင်ထဲမှာ ဆန်ပြုတ်ပြုတ်ပေးနေရင်း အန်တီလင်းဖျားနေတဲ့အကြောင်းကို အကို့ဆီလှမ်းပြောရင်ကောင်းမလားစဥ်းစားမိပေမယ့် သူ့မှာအခုထိ အကို့ဖုန်းနံပါတ်မရှိသေးတာမို့ သက်ပြင်းအသာချလိုက်မိသည်။ တကယ်တမ်းစဥ်းစားကြည့်ရင် ဖုန်းနံပါတ်သာမက အကိုနဲ့ပတ်သတ်ပြီး သူဘာတစ်ခုမှသိတာမရှိပဲလေ။

အကိုက ဘယ်လိုအစားအသောက်မျိုးကြိုက်တာလဲ။ အကို့မှာ ဘယ်လိုအမူအကျင့်လေးတွေရှိသလဲ။ အကို့မိဘတွေကရော ဘယ်မှာလဲ။ အကိုကဘာလို့ ဒီလိုမျိုးတစ်ယောက်ထဲဖြစ်နေရတာလဲ။ ပြီးတော့ အကို့မှာအရင်က ချစ်သူရှိခဲ့ဖူးလား။

စသည်ဖြင့် အကိုနဲ့ပတ်သတ်ပြီး သူ့စိတ်ထဲသိလိုစိတ်တွေပြင်းပြနေပေမယ့် ထုတ်မေးပိုင်ခွင့်မှမရှိတာရယ်လေ။ စာချုပ်ထဲမှာလည်း တစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ အခြားတစ်ယောက်ကဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူးလို့ ရေးထားပြီးသားမဟုတ်လား။

ရိပေါ်ဒီအိမ်ကိုရောက်တာ လပိုင်းသာရှိသေးတယ်ဆိုပေမယ့် အကို့အပေါ်သာမန်ထက်ပိုပြီး တိမ်းညွှတ်ချင်နေတဲ့မိမိရဲ့စိတ်ခံစားချက်တွေကို သတိထားမိသည်။ ဘယ်လောက်ပဲ ​စိတ်ကတင်းခံနေပါစေ သူကရော ဘာသားနဲ့ထုထားတာမို့လို့လဲ။

ဘဝတစ်လျှောက်လုံး မားရဲ့ကျန်းမာရေးအခြေအနေကြောင့် နားချိန်ပင်မရပဲ အချိန်ပိုင်းအလုပ်မျိုးစုံကို နေ့နေ့ညညလုပ်ခဲ့ရတဲ့ သူ့လိုလူတစ်ယောက်အတွက် အချစ်ဆိုတာကို ပုံပြင်ဝတ္ထုတွေမှာပဲရှိတယ်လို့ သတ်မှတ်ထားခဲ့တာ။

အကို့လိုအဖက်ဖက်ကပြည့်စုံပြီး နှစ်လိုဖွယ်ကောင်းတဲ့သူမျိုးနဲ့ အနီးကပ်အနေကြာလာသည်နှင့်အမျှ ကစဥ့်ကလျားဖြစ်လာတဲ့ ရင်ခုန်သံတွေကထိန်းချုပ်၍မရ။ အကို့အပေါ်ထားတဲ့သူ့ခံစားချက်တွေကို တစ်ထစ်ချအချစ်လို့မသတ်မှတ်နိူင်သေးပေမယ့် အစစ်အမှန်ဖြစ်ကြောင်းကိုတော့ တပ်အပ်ပြောနိူင်သည်။

...🌱...

"ဟက်ချိုး..."

တိတ်ဆိတ်နေတဲ့ အစည်းအဝေးခန်းမထဲ ရုတ်တရက်ထွက်လာတဲ့နှာချေသံကြောင့် အကုန်လုံးရဲ့အကြည့်တွေက အသံလာရာဆီကို စုပြုံသွားလေသည်။ ကာယကံရှင်ဖြစ်တဲ့ ​ရှောင်းကျန့်ကတော့ နှာခေါင်းကိုအသာပွတ်လိုက်ရင်း မှင်သေသေဖြင့် ထိုင်နေမိသည်။

"အဲ့တော့ပြောချင်တာက ဒီနှစ်အတွင်း ရောင်းအားဆက်တိုက်ကျရတဲ့အဓိကအကြောင်းရင်းက Sean'sရဲ့ကုန်ပစ္စည်းတွေက အခြားbrandတွေထက် စျေးပိုများနေလို့ပေါ့ဟုတ်လား"

သူ့စကားအဆုံး ခုနကသူ့ကိုလှမ်းကြည့်နေတဲ့ခေါင်းတွေအားလုံးအလျှိုလျှို အောက်ကိုငုံ့သွားကြလေသည်။ ထိုထဲကမှ marketing groupရဲ့ခေါင်းဆောင်ရှလင်က သူ့ကိုမဝံ့မရဲကြည့်ကာ

"အဲ့လိုမျိုးရယ်တော့မဟုတ်ပေမယ့် အခုနောက်ပိုင်း ကုမ္ပဏီအသစ်တွေအများကြီးပေါ်လာတဲ့အပြင် customerတွေကလည်း အလွှာပေါင်းစုံကဆိုတော့ များသောအားဖြင့် စျေးသက်သာတဲ့ကုမ္ပဏီတွေဆီကပဲပိုပြီးဝယ်လေ့ရှိကြတော့"

ရှလင်ရဲ့စကားအဆုံး ​ရှောင်းကျန့်မဲ့ခနဲပြုံးလိုက်မိသည်။ ထိုအပြုံးကို သဘောပေါက်တဲ့ ဝန်ထမ်းအချို့မှာတော့ ခေါင်းပင်မဖော်ရဲကြတော့။

"SEAN's Brandက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက နာမည်တစ်လုံးနဲ့ရပ်တည်ခဲ့တယ်ဆိုတာ အားလုံးသိပြီးသားမို့ အထွေအထူးပြောစရာမလိုဘူးလို့ ကျွန်တော်ယူဆပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက လူတိုင်းက လက်ရှိကိုယ်ရောက်နေတဲ့အနေအထားအလျောက် တွေးခေါ်တတ်မယ်ဆို သိပ်ကောင်းမှာပဲ။ ဥပမာ ယွမ်၁၀တန်ပစ္စည်းက ဒေါ်လာ၁၀၀တန်ပစ္စည်းနဲ့ ယှဥ်လို့မရသလို ယှဥ်နိူင်မယ်လို့လည်း မထင်ဘူး။

ကိုယ်ကဘယ်နေရာမှာနေမှာလဲ ပြီးတော့ ဘယ်အမျိုးအစားထဲကလဲ။ ယွမ်၁၀တန်ပစ္စည်းကို သုံးချင်တဲ့သူက အဲ့ဒီပမာဏပတ်လည်လောက်ကိုပဲ အဓိကထားဦးစားပေးပြီး ရွေးနိူင်သလို ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် အရည်အသွေးကိုအဓိကထားပြီးရွေးချယ်ချင်တဲ့သူတွေကတော့ ဒေါ်လာ၁၀၀တန်ဆီကို အပြိုင်အဆိုင်လာနေကြဦးမှာပဲ။

အဲ့တာကြောင့် ရှလင်အနေနဲ့ သူများနောက်လိုက်နေမယ့်အစား ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးအမြင်ကိုပဲ ပိုပြီးတိုးတက်အောင်ချဲ့ထွင်သင့်တယ်လို့ထင်တယ်"

သူ့စကားအဆုံး ရှလင်ရဲ့မျက်နှာက သိသိသာသာပျက်သွားတာမို့ မျက်ခုံးပင့်လိုက်မိသည်။ သူ့လိုလူကို ဒီလိုစကားမျိုးလာပြောရဲတဲ့ သတ္တိကလွယ်မနေဘူးပဲ။ သူစိတ်မချတာ ဒါမျိုးတွေပင်။

သူရှိနေစဥ်မှာတောင် မရှိရှိတဲ့အပြစ်ကိုရှာပြီး SEAN'sကို တိုက်ခိုက်ချင်နေတဲ့သူတွေကြားမှာ သူကဘယ်လိုလုပ်ပြီး စိတ်ချလက်ချထွက်သွားလို့ရမှာတဲ့လဲ။ သူမရှိတော့ရင်တောင် သူပိုင်ဆိုင်သမျှအားလုံးနဲ့ SEAN'sကို သူယုံကြည်ရတဲ့သူ ပြီးတော့ သူ့ရဲ့သွေးသားအရင်းအခြာဖြစ်တဲ့သူဆီကိုပဲ လွှဲပြောင်းပေးခဲ့ချင်သည်။

အစည်းအဝေးပြီးတာနဲ့ အရင်ဆုံးထွက်လာမိတော့ လော့လော့နဲ့ယန်ယန်က သူ့နောက်ကိုအပြေးအလွှားလိုက်လာရင်း

"ဘော့စ်ခုနက နှာချေလိုက်တယ်ဆိုတော့ အအေးမိထားတာလား.. ဒါမှမဟုတ် ဖျားတော့မှာလား"

အရည်မရ မဖက်မရစကားတွေမို့ မကြားချင်ယောင်ဆောင်ရင်း သူ့အခန်းထဲဝင်လာကာ အလုပ်စားပွဲမှာဝင်ထိုင်လိုက်တဲ့အထိ လျှာရှည်လွန်းတဲ့ နှစ်ကောင်သားက သူ့ရှေ့မှာရပ်လို့

"ဒါမှမဟုတ် ကျွန်တော်တို့ဒေါက်တာလျှိုဟိုက်ခွမ်းကို ဖုန်းဆက်လိုက်ရမလား ဘော့စ်"

ဒီလိုအချိန်မျိုးကျ အတိုင်ဖောက်ညီစွာဖြင့် ပြိုင်တူပြောနေတဲ့မိကျောင်းသားတွေကြောင့် လက်ထဲကဘောပင်ကိုပစ်ချကာ မျက်လုံးလှန်ကြည့်လိုက်တော့မှ ကိုယ်စီပါးစပ်ကိုလက်ဖဝါးဖြင့်အုပ်လို့ အခန်းထဲကထွက်သွားကြလေသည်။

ဒီနှစ်ယောက်နဲ့တော့ ကြာရင်သူစိတ်တိုလွန်းလို့ ဒေါသတွေပိပြီး သေမလားပဲ။ ဘာကြောင့် သူ့ကိုနည်းနည်းလေးတောင်အကြောက်အလန့်မရှိရတာလဲ။ ဒါနဲ့ ဝမ်ရိပေါ်ကရော ဘာလို့သူ့ကိုမြင်တာနဲ့ သရဲတစ္ဆေမြင်ရသလို ကြောက်လန့်နေရတာလဲ။

TMBCလေးပြီးသွားပြီဆိုတော့ ဒီကလေးဘက်ပြန်လှည့်ပါပြီနော်... တစ်ပတ်ကို နှစ်ပိုင်းလောက်တော့ပုံမှန်တင်ပေးနိူင်အောင်ကြိုးစားပါ့မယ်

Zawgyi

အရင္ကဆို မားရဲ႕ေဆးကုသစရိတ္အတြက္ အခ်ိန္ပိုင္းအလုပ္မွန္သမွ်လုပ္ၿပီး ပိုက္ဆံရွာေနရတာမို႔ သူ႔မွာတစ္စကၠန႔္ေလးေတာင္ နားခ်ိန္မရွိေပမယ့္ ေန႔ခ်င္းညခ်င္းဆိုသလိုသူ႔ဘဝက ေျပာင္းလဲသြားတာမို႔ သူ႔အတြက္အသားမက်ေသးသလိုျဖစ္ေနသည္။ ဒီအိမ္ႀကီးမွာရွိတဲ့သူေတြက သူတို႔အလုပ္နဲ႔သူတို႔ရႈပ္ေနၾကတဲ့အျပင္ သူ႔ကိုလည္းကူညီခြင့္မေပးတာမို႔ တစ္ေန႔တစ္ေန႔ေနရတာ ပ်င္းလွသည္။

အခန္းထဲမွာပဲ တစ္ေနကုန္ေနရတာ ၿငီးေငြ႕ေနၿပီမို႔ ဧည့္ခန္းဖက္ေလွ်ာက္လာရင္း တီဗီဖြင့္ထားလိုက္မိသည္။ ဒီလိုမ်ိဳး စိတ္ေအးလက္ေအးနဲ႔တီဗီထိုင္ၾကည့္ျဖစ္တာ ဘယ္အခ်ိန္ကေနာက္ဆုံးလဲေတာင္ ေသခ်ာမမွတ္မိခ်င္ေတာ့တာမို႔ စိတ္လႈပ္ရွားစြာျဖင့္ ခ်န္နယ္တစ္ခုၿပီးတစ္ခုေျပာင္းေနရင္း အကို႔ပုံကိုျမင္လိုက္ရတာမို႔ မ်က္လုံးအျပဴးသားျဖင့္ၾကည့္ေနမိသည္။

တီဗီမွာလာေနသည္က အကို႔ကိုအင္တာဗ်ဴးထားတဲ့အစီအစဥ္ကို တိုက္႐ိုက္ထုတ္လႊင့္ေနတာျဖစ္ၿပီး စီးပြားေရးအေၾကာင္းကိုသာ အဓိကထားၿပီး ေမးျမန္းေနတာမို႔ သူဘာတစ္ခုမွနားမလည္ေပမယ့္လည္း တည္ၾကည္ခန႔္ျငားလြန္းတဲ့ အကို႔ရဲ႕မ်က္ႏွာေခ်ာေခ်ာကို သေဘာတက်ျဖင့္ ေငးေနမိသည္။

ေသခ်ာၾကည့္မိေတာ့မွ အကို႔ရဲ႕ဘယ္ဘက္ႏႈတ္ခမ္းေအာက္နားေလးမွာ မွဲ႔ေသးေသးေလးတစ္လုံးရွိေနတာကို သတိထားမိသည္။ အကိုနဲ႔မ်က္ႏွာခ်င္းဆိုင္မိလိုက္တဲ့အခါတိုင္း သူ႔ဘက္ကအေၾကာက္လြန္ၿပီး ေခါင္းကအလိုလိုငုံ႔ထားမိတာမို႔ သတိမထားမိတာျဖစ္မည္။

မရယ္မၿပဳံးပဲ မ်က္ခုံးနက္နက္တို႔ကို အၿမဲတြန႔္ခ်ိဳးထားတာေတာင္ ေခ်ာေမာေနဆဲျဖစ္တဲ့အကိုက အတိတ္ဘဝက သိပ္ၿပီးဆုေတာင္းေကာင္းခဲ့ပုံပင္။

စကားေျပာတိုင္း ခြၽန္ထြက္လာတတ္တဲ့ ႏႈတ္ခမ္းပါးေလးကို ေငးၾကည့္ေနရင္း သူဒီအိမ္ကို စေရာက္တဲ့ညက အခ်ိန္ကိုျပန္ေတြးမိသြားၿပီး တစ္ကိုယ္လုံးအပူေငြ႕ေတြတရွိန္းရွိန္းတက္လာတာမို႔ မ်က္လုံးစုံမွိတ္ရင္း ေခါင္းကိုအဆတ္မျပတ္ခါထုတ္လိုက္မိသည္။

သူဘယ္လိုေတာင္ ေပါက္ကရေတြေတြးေနမိတာလဲ။ တျဖည္းျဖည္းနဲ႔မူမမွန္လာေတာ့တဲ့ ရင္ခုန္သံေတြကို ဥေပကၡာျပဳရင္း တီဗီကိုပိတ္လို႔ ၿခံထဲဆင္းလာမိသည္။

အကိုနဲ႔သူဆိုတာ ေကာင္းကင္နဲ႔ေျမႀကီးလို႔ အရမ္းကိုမွအလွမ္းကြာလြန္းတဲ့သူေတြမဟုတ္လား။ သူက အခ်ိန္တန္ရင္ အကို႔ေရွ႕ကေနအလိုက္တသိ ေပ်ာက္ကြယ္သြားေပးရမယ့္ လူတစ္ေယာက္ပဲေလ။

"ပ်င္းေနၿပီလား ေပၚေကာ"

ၿခံထဲမွာစိုက္ထားတဲ့ ပန္းပင္ေတြကို ေရေလာင္းေနရင္းကေန လွမ္းေအာ္ေနတဲ့လီက်င္းရဲ႕အသံေၾကာင့္ ရိေပၚအသာၿပဳံးလိုက္ရင္း အနားကိုေလွ်ာက္သြားလိုက္သည္။

"မင္းေရာ မပ်င္းဘူးလား။ ဒီေလာက္က်ယ္တဲ့အိမ္ႀကီးမွာ ေနေနရတာ.. စကားေျပာေဖာ္လည္းမရွိပဲနဲ႔"

ၿငီးၿငီးျငဴျငဴျဖင့္ ေျပာလိုက္တဲ့သူ႔စကားအဆုံး လီက်င္းက ဟင္းခနဲသက္ျပင္းခ်လိုက္ရင္း ေခါင္းတခါခါျဖင့္

"ပ်င္းခ်ိန္ေတာင္မရပါဘူးဗ်ာ... ဒါနဲ႔ ကြၽန္ေတာ္တစ္ခုေလာက္သိခ်င္လို႔.. ေမးလို႔ရလား"

သူေခါင္းညိမ့္ျပတာနဲ႔ လီက်င္းက ဝမ္းသာအားရျဖင့္ လက္ထဲကပိုက္ကိုခ်လို႔ သူ႔အနားတိုးလာေလသည္။

"သခင္ေလးနဲ႔ေပၚေကာက တြဲတာၾကာၿပီလားဟင္.."

မထင္မွတ္ထားတဲ့ေမးခြန္းေၾကာင့္ ရိေပၚအၾကပ္႐ိုက္သြားမိသည္။ အကိုက အိမ္သားေတြအေရွ႕မွာ သူ႔အေၾကာင္းကို ဖုံးကြယ္ထားတာလား ဒါမွမဟုတ္ လီက်င္းကပဲအသက္ငယ္ေသးလို႔ ဘာမွနားမလည္ေသးတာလား။ ဘယ္လိုပဲျဖစ္ျဖစ္ သူနဲ႔အကို႔ရဲ႕ပတ္သတ္ပုံ​ကို သူကိုယ္တိုင္ဖြင့္​ေျပာလိုက္ဖို႔ကေတာ့ အရမ္းကိုရွက္စရာေကာင္းလြန္းတယ္မဟုတ္လား။

"သခင္ေလးကို မေၾကာက္ဘူးလားဟင္.. မားေျပာတာေတာ့ သခင္ေလးက အရင္တုန္းက အရမ္းသေဘာေကာင္းတာတဲ့။ ကြၽန္ေတာ္ေတာ့ ဒီအိမ္မွာစၿပီးေနလာထဲက သခင္ေလးအားရပါးရရယ္တာမ်ိဳး တစ္ခါမွမျမင္ဖူးဘူးရယ္။ သခင္ေလးရဲ႕မားဆုံးသြားတုန္းကဆိုလည္း...."

လီက်င္းကေျပာေနရင္းနဲ႔မွ တစ္စုံတစ္ခုကိုသတိရသြားပုံျဖင့္ စကားကိုရပ္ပစ္လိုက္ရင္း ပါးစပ္ကိုလက္ႏွစ္ဖက္ျဖင့္အုပ္လို႔ သူ႔အနားကလွည့္ျပန္ဖို႔လုပ္ေနတာမို႔ လီက်င္းရဲ႕လက္ကိုလွမ္းဆြဲလိုက္ရင္း

"အကို႔ရဲ႕မားက ဆုံးသြားတာလား"

"မဟုတ္.. ဟို... အဲ့တာကေလ ကြၽန္ေတာ္ဘာမွမေျပာခဲ့ဘူးလို႔ပဲ သေဘာထားလိုက္ေနာ္။ ကြၽန္ေတာ္ဒီအေၾကာင္းေတြ​ေျပာတာ သခင္ေလးသိသြားရင္ အျပစ္ေပးခံရလိမ့္မယ္။ ၿပီးေတာ့ မားကလည္း႐ိုက္လိမ့္မယ္။ ကြၽန္ေတာ္သြားၿပီေနာ္"

သုတ္တီးသုတ္ျပာျဖင့္ ေျပးထြက္သြားတဲ့လီက်င္းကိုၾကည့္ရင္း ရိေပၚစိတ္ထဲအေတြးမ်ားစြာျဖင့္က်န္ခဲ့သည္။ ေသခ်ာေပါက္ အကို႔မိဘေတြနဲ႔ပတ္သတ္ၿပီး ကိစၥတစ္ခုခုရွိရမည္။ အရင္တစ္ခါ အကို႔မိဘေတြအေၾကာင္း ေမးခဲ့တုန္းကလည္း လီက်င္းကဒီလိုပဲ အေၾကာက္အကန္ေရငုံႏႈတ္ပိတ္ေနခဲ့တာမဟုတ္လား။

ျမက္ခင္းေပၚမွာ လီက်င္းပစ္ခ်ခဲ့တဲ့ ေရပိုက္က ေရေတြဒလေဟာစီးက်ေနတာမို႔ ေကာက္ကိုင္လိုက္ရင္း ပန္းပင္ေတြကိုဆက္ၿပီးေရေလာင္းေပးေနမိသည္။ ေရေလာင္းေနရင္းနဲ႔မွ အကို႔ရဲ႕ကားက ၿခံထဲဝင္လာတာ ျမင္လိုက္ရတာမို႔ အလန္႔တၾကားျဖင့္ အနားမွာရွိတဲ့ ေရပိုက္ေခါင္းကို ဆြဲလွည့္ခ်လိုက္ေပမယ့္ ေရပိုက္က မပိတ္သြားတဲ့အျပင္ ေရေတြကအရွိန္ျပင္းျပင္းျဖင့္ ပန္းထြက္လာေလသည္။

အျမန္လိုကာမွ အေႏွးျဖစ္ေနသည္။ အကိုက သူ႔ကိုဘာအလုပ္မွမလုပ္ဖို႔ အမိန္႔ေပးထားတာမို႔ အခုသူ႔ပုံစံကိုသာျမင္ရင္ ေသခ်ာေပါက္ထပ္ၿပီးအဆူခံရဦးမည္။ အဲ့တာေၾကာင့္ အကိုကားေပၚက ဆင္းမလာခင္ သူျမန္ျမန္အိမ္ထဲဝင္ေျပးရမည္။

"မင္းအဲ့တာဘာလုပ္ေနတာလဲ"

အလ်င္စလိုျဖင့္ ေရပိုက္ကိုပိတ္ေနရင္း အေနာက္ကေနၾကားလိုက္ရတဲ့အသံႀကီးေၾကာင့္ အလန္႔တၾကားျဖင့္ လွည့္ၾကည့္မိခ်ိန္ လက္ထဲမွာကိုင္ထားတဲ့ေရပိုက္က အကို႔မ်က္ႏွာတည့္တည့္ဆီကို လွမ္းၿပီးပက္မိသလိုျဖစ္သြားတာမို႔ ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ လက္ထဲကေရပိုက္ကို လႊတ္ခ်လိုက္မိသည္။

အကို႔ရဲ႕ေဘာ္ဒီဂတ္အကိုႀကီးႏွစ္ေယာက္က ကားထဲကတဘတ္ထုတ္သူကထုတ္ အကို႔မ်က္ႏွာကိုၾကည့္ေပးသူကၾကည့္ေပးနဲ႔ အလုပ္ရႈပ္ေနၾကတာမို႔ ရိေပၚမဝံ့မရဲျဖင့္ အကို႔နားတိုးကပ္သြားဖို႔ျပင္လိုက္ေပမယ့္ အကိုကသူ႔ေဘာ္ဒီဂတ္ေတြကို တြန္းဖယ္ရင္း ခပ္ျပင္းျပင္းေတာက္ေခါက္လို႔ ေျခလွမ္းက်ဲႀကီးေတြျဖင့္ အိမ္ထဲကိုဝင္သြားတာမို႔ အေနာက္ကေနေျပးလိုက္သြားမိသည္။

"သခင္ေလး ဘယ္လိုျဖစ္တာလဲ။ တစ္ကိုယ္လုံးလည္း ေရေတြစိုလို႔"

ကားသံၾကားလို႔ မီးဖိုေခ်ာင္ထဲကထြက္လာတဲ့အန္တီလင္းက အကို႔ကိုျမင္တာနဲ႔ စိုးရိမ္တႀကီးျဖင့္ ေျပာလိုက္​ျခင္းျဖစ္သည္။ အကိုက အေပၚထပ္ကိုတက္သြားလိမ့္မယ္လို႔ထင္ထားေပမယ့္ ေအာက္ထပ္ကရိေပၚအခန္းထဲကို ဝင္သြားေလသည္။ သူကိုယ္တိုင္ကေၾကာင္ေနေပမယ့္လည္း အန္တီလင္းရဲ႕မီးထြက္မတတ္ၾကည့္ေနတဲ့အၾကည့္ေတြေၾကာင့္ မလုံမလဲျဖင့္ ေခါင္းငုံ႔လို႔အခန္းထဲဝင္လာမိသည္။

"ဟို ... ကြၽန္ေတာ္ေတာင္းပန္ပါတယ္ေနာ္။ ေရပိုက္ေခါင္းက ပိတ္လို႔မရတဲ့အျပင္ ေရေတြကလည္း တအားထြက္လာေတာ့ ကြၽန္ေတာ္ကလန္႔ၿပီး အကို႔ကိုပက္မိသလိုျဖစ္သြားတာပါ။ ကြၽန္ေတာ္တကယ္လုံးဝ မရည္႐ြယ္.."

"အန္တီလင္းကို ငါ့အတြက္အဝတ္အစားတစ္စုံယူလာေပးဖို႔ သြားေျပာလိုက္"

"ဗ်ာ..."

သူကသာ အဆူခံရမွာစိုးတဲ့စိတ္ေၾကာင့္ အခန္းထဲေရာက္တာနဲ႔ ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ မ်က္လုံးစုံမွိတ္လို႔ရွင္းျပေနေပမယ့္ အကို႔ဆီကၾကားလိုက္ရတဲ့စကားသံေၾကာင့္ ေျပာလက္စစကားပင္ရပ္ကာ ေၾကာင္သြားမိသည္။

"ဘာရပ္လုပ္ေနတာလဲ သြားေလ"

သတိေပးစကားသံထပ္ၿပီး ထြက္လာေတာ့မွ ရိေပၚေယာင္နနျဖင့္ ေခါင္းကိုအဆတ္မျပတ္ညိမ့္ျပရင္း အခန္းအျပင္ကိုထြက္လာမိသည္။ ဘာလဲ ဒီအေျခအေနက..။ အကိုက သူ႔ကိုမဆူေတာ့ဘူးလား။

အကို႔မ်က္ႏွာအေနအထားကို ၾကည့္ရသေလာက္ေတာ့ ေအးေအးေဆးေဆးပင္။ မဟုတ္မွ အကိုက သူ႔ကိုေဒါသထြက္လြန္းလို႔ အိမ္ကေနေမာင္းထုတ္ေတာ့မွာမ်ားလား။ အဲ့လိုလုပ္လို႔ေတာ့ မျဖစ္ဘူးေလ။ မားရဲ႕ေရာဂါက အရွင္းေပ်ာက္ေသးတာမွမဟုတ္တာ။

"သခင္ေလးက ဘာတဲ့လဲေပၚေကာ"

အေတြးလြန္ေနရင္းနဲ႔မွ အခန္းဝမွာေစာင့္ေနတဲ့ လီက်င္းလွမ္းေျပာလိုက္တဲ့စကားေၾကာင့္ အန္တီလင္းကို လွမ္းၾကည့္လိုက္ရင္း

"အကိုက အန္တီလင္းကို သူ႔အတြက္အဝတ္အစားတစ္စုံယူလာေပးဖို႔ မွာလိုက္တယ္"

"အဲ့တာဆို သခင္ေလးကဒီညမင္းအခန္းမွာ အိပ္မယ္ဆိုတဲ့သေဘာလား"

အန္တီလင္းရဲ႕ေမးခြန္းေၾကာင့္ ရိေပၚေခါင္းအသာခါျပလိုက္မိသည္။ အကိုက သူ႔ကိုဘာမွေျပာတာမွမဟုတ္တာ။ သူလည္း ဘယ္သိပါ့မလဲ။ အန္တီလင္းက အေပၚတက္သြားၿပီးခဏၾကာေတာ့ အဝတ္အစားအခ်ိဳ႕ယူကာ ျပန္ဆင္းလာေလသည္။

ရိေပၚလက္ထဲ အဝတ္အစားေတြထည့္ေပးၿပီးတဲ့အထိ အျပင္ကေန အခန္းထဲကို ေဝ့ဝိုက္လို႔ၾကည့္ေနတဲ့အန္တီလင္းက အကို႔အတြက္စိတ္ပူေနပုံပင္။ အကိုကၾကာေနရင္ ဆူမွာစိုးတာမို႔ ရိေပၚလည္းအခန္းထဲကို အျမန္ျပန္ဝင္လာမိသည္။

ေရခ်ိဳးခန္းထဲကေန ေရက်သံေတြၾကားေနရတာမို႔ ၾကည့္ရတာအကိုေရခ်ိဳးေနပုံပင္။ ယူလာတဲ့အဝတ္အစားေတြကို ကုတင္ေပၚတင္ထားလိုက္ရင္း ၾကမ္းျပင္ေပၚမွာ အကိုခြၽတ္ထားခဲ့တဲ့ အဝတ္အစားေတြကို လိုက္ေကာက္ေပးၿပီး ျပန္အလွည့္မွာ အကို႔မ်က္ႏွာကိုျမင္လိုက္ရတာမို႔ လန္႔ၿပီးအေနာက္ကိုဆုတ္လိုက္မိသည္။

"ငါ့မ်က္ႏွာက အဲ့ေလာက္ေတာင္ေၾကာက္စရာေကာင္းေနလို႔လား"

"အဲ.. မဟုတ္.... ဟို အဲ့တာက..."

အခုမွ ေသခ်ာၾကည့္မိသည္။ ေရခ်ိဳးခန္းထဲက ထြက္လာတဲ့အကိုက ခါးေအာက္ပိုင္းကို တဘတ္ျဖင့္သာပတ္ထားတာမို႔ ေရစက္ေတြတြဲခိုေနတဲ့ ႂကြက္သားေရးေရးျဖင့္ က်စ္လစ္ေနတဲ့ခႏၶာကိုယ္အေပၚပိုင္းကို အတိုင္းသားျမင္ေနရသည္။

မ်က္လုံးအျပဴးသားျဖင့္ သူ႔ခႏၶာကိုယ္ကိုၾကည့္ရင္း ပါးေတြနားေတြနီရဲလာတဲ့ ဝမ္ရိေပၚရဲ႕ပုံစံကိုၾကည့္ၿပီး ဟက္ခနဲရယ္လိုက္မိသည္။

"ၾကည့္လို႔ဝၿပီလား"

သတိလက္လြတ္ေငးေနမိရာကေန အကို႔အသံၾကားမွ အလန္႔တၾကားျဖင့္ ေမာ့ၾကည့္မိေတာ့ အကို႔ရဲ႕အၾကည့္စူးစူးေတြနဲ႔ ရင္ဆိုင္လိုက္ရတာမို႔ မ်က္ႏွာပူစြာျဖင့္ ေခါင္းကိုငုံ႔ခ်လိုက္ရင္း ေနရာကေနလွည့္ထြက္ဖို႔အလုပ္ ၾကမ္းျပင္ေပၚမွာက်ေနတဲ့ အကို႔ခႏၶာကိုယ္က က်တဲ့ေရေတြေၾကာင့္ ေျခေထာက္ေခ်ာ္သြားတာမို႔ မ်က္လုံးစုံမွိတ္လိုက္မိသည္။

ေအာက္ကိုျပဳတ္က်ၿပီလို႔ထင္ထားေပမယ့္ အကိုကသူ႔လက္ကိုလွမ္းဆြဲလိုက္တာမို႔ အရွိန္မထိန္းႏိူင္ပဲ ေဘးကေမြ႕ယာေပၚထပ္လ်က္သားျပဳတ္က်သြားေလသည္။ ရိေပၚက အကို႔အေပၚမွာဖိထားမိသလို ျဖစ္ေနတာမို႔ အျမန္ထဖို႔ျပင္လိုက္ေပမယ့္ အကိုကလ်င္ျမန္စြာျဖင့္ ခႏၶာကိုယ္ကိုတစ္ပတ္လွည့္လိုက္ၿပီး သူ႔ကိုေအာက္ပို႔လိုက္တာမို႔ မ်က္လုံးအျပဴးသားျဖင့္ ေၾကာင္ေနမိသည္။

ထို႔ေနာက္အကို႔မ်က္ႏွာက တျဖည္းျဖည္းတိုးကပ္လာရင္း သူ႔အေပၚႏႈတ္ခမ္းေလးကို ခပ္ဖြဖြဆြဲငုံပစ္လိုက္တာမို႔ ေယာင္ယမ္းၿပီးအကို႔ပခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ထားမိသည္။ နမ္းေနရင္းႏွင့္ပင္ အကို႔လက္တစ္ဖက္က သူ႔အက်ီေအာက္ထဲတိုးဝင္လာတာမို႔ ေနရခက္စြာျဖင့္ ဟခနဲၿငီးျငဴလိုက္မိတဲ့ခဏ သူ႔ခံတြင္းထဲတိုးဝင္လာတဲ့ လွ်ာဖ်ားေႏြးေႏြးေၾကာင့္ မ်က္လုံးေတြကိုအတင္းစုံမွိတ္ထားမိသည္။

တစ္ႀကိမ္တစ္ခါရင္းႏွီးဖူးၿပီးသား ျဖစ္ေပမယ့္လည္း သူ႔အတြက္အသားက်ဖို႔ခက္ခဲေနဆဲပင္။ အကိုနဲ႔နီးနီးကပ္ကပ္ရွိေနရသည္ကိုလည္း ေၾကာက္႐ြံ႕ေနဆဲပင္။

သူ႔စိတ္ထဲ ဘယ္ေလာက္ပဲႀကိဳတင္ျပင္ဆင္ထားသည္ျဖစ္ေစ သူမရင္းႏွီးမကြၽမ္းဝင္ဖူးတဲ့ သူစိမ္းေယာက်ာ္းတစ္ေယာက္ျဖစ္တဲ့အကိုနဲ႔ အခုလိုအေျခအေနကို ျဖတ္သန္းရတိုင္း သူ႔ကိုယ္သူရွက္႐ြံ႕မိသည္။

ဒီညမွာလည္း ညတာကၿငိဳးငယ္စြာနဲ႔ ရွည္ၾကာဦးမယ္ထင္ပါရဲ႕...။

...🌱...

ထုံးစံအတိုင္း သူႏိုးလာတဲ့အခ်ိန္ ေဘးမွာအကိုကမရွိေတာ့။ ေနျမင့္ေနၿပီျဖစ္ေပမယ့္လည္း ​ေလွ်ာက်ေနတဲ့ေစာင္ကို ရင္ဘတ္အထိလုံေအာင္ဆြဲတင္လိုက္ရင္း ေပေတၿပီးဆက္အိပ္ေနမိသည္။ အရင္ရက္ေတြက မိုးလင္းတာနဲ႔သူ႔ကိုအေၾကာင္းမရွိအေၾကာင္းရွာၿပီး လာႏႈိးတတ္တဲ့အန္တီလင္း ေရာက္မလာေသးတာေၾကာင့္လည္း သူအခုလို ေနလို႔ရတာျဖစ္သည္။

​ေမွးခနဲအိပ္ေပ်ာ္သြားၿပီးမွ တံခါးေခါက္သံနဲ႔အတူ လီက်င္းရဲ႕အသံကိုပါၾကားလိုက္ရတာမို႔ ကုတင္ေအာက္မွာ က်ေနတဲ့အက်ီနဲ႔ေဘာင္းဘီကို အျမန္ယူဝတ္လိုက္ရင္း တံခါးသြားဖြင့္ေပးလိုက္မိသည္။

"ေပၚေကာ မားကိုလာၾကည့္ေပးပါဦး။ တစ္ကိုယ္လုံးလည္း ပူက်စ္ၿပီး ဘာေတြေျပာေနမွန္းလည္းမသိဘူး"

ငိုေတာ့မလိုျဖစ္ေနတဲ့လီက်င္းေၾကာင့္ သူလည္းထိတ္လန္႔သြားေပမယ့္ ေခါင္းအသာညိမ့္ျပရင္း လီက်င္းေနာက္ကိုလိုက္သြားမိသည္။ ဦးေလးလီကလည္း မေန႔ကမွအကိုခိုင္းလိုက္တဲ့ကိစၥနဲ႔ နယ္ဘက္ကိုခရီးသြားေနရတာမို႔ ကေလးသာသာပဲရွိေသးတဲ့လီက်င္းက တစ္ေယာက္ထဲ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနပုံပင္။

အန္တီလင္းတို႔မိသားစုက ၿခံရဲ႕အေနာက္ဖက္မွာရွိတဲ့ တိုက္အိမ္ပုေလးမွာ သီးသန္႔ေနၾကတာမို႔ ခက္သြက္သြက္ေလွ်ာက္သြားလိုက္ရင္း လီက်င္းၫြန္ျပတဲ့အခန္းထဲကို ဝင္လာလိုက္သည္။

ကုတင္ေပၚမွာအိပ္ေနတဲ့ အန္တီလင္းရဲ႕ေဘးမွာ ဝင္ထိုင္လိုက္ရင္း အန္တီလင္းရဲ႕နဖူးျပင္ကိုအသာစမ္းၾကည့္မိေတာ့ ျခစ္ျခစ္ေတာက္ေအာင္ပူေနတာမို႔ လီက်င္းကိုေရဇလုံနဲ႔တဘတ္တစ္ထည္ယူခိုင္းလိုက္ရသည္။

လီက်င္းေရဇလုံသြားယူေနစဥ္ သူကေတာ့ အခန္းျပတင္းေပါက္ေတြအလ်င္အျမန္လိုက္ပိတ္ၿပီး ေခြၽးေတြနဲ႔ျပန္ၿပီးအေအးပတ္မွာစိုးတာမို႔ အန္တီလင္းကိုယ္ေပၚမွာ အထပ္ထပ္ၿခဳံေပးထားတဲ့ထဲက ေစာင္တစ္ထည္ကို ဖယ္ရွားလိုက္သည္။ ၾကည့္ရတာ အန္တီလင္းက ခ်မ္းတယ္ဆိုလို႔ လီက်င္းကနားမလည္ပဲေစာင္ေတြအမ်ားႀကီးၿခဳံေပးထားပုံပင္။

လီက်င္းျပန္ေရာက္လာတာနဲ႔ တဘတ္ကိုေရဇလုံထဲအသာႏွစ္လို႔ ေရေသခ်ာညႇစ္ၿပီး အန္တီလင္းရဲ႕မ်က္ႏွာနဲ႔ လည္ပင္းေတြကို ေရပတ္တိုက္ေပးေနမိသည္။ ငယ္ငယ္ထဲက မားနဲ႔ႏွစ္ေယာက္ထဲေနခဲ့ရတဲ့သူ႔အတြက္ ဒီလိုအရာမ်ိဳးက အကြၽမ္းတဝင္ျဖစ္ေနတာမို႔ လုပ္ရတာမခက္ခဲလွေပ။

မားဖ်ားနာတဲ့အခါတိုင္း သူကပဲဂ႐ုစိုက္ျပဳစုေပးေနၾကမို႔ အန္တီလင္းကိုၾကည့္ရင္း မားကိုပင္သတိရမိသည္။ အတန္ၾကာေရပတ္တိုက္ေပးလို႔ၿပီးေတာ့ အဖ်ားကအေတာ္အသင့္က်သြားၿပီမို႔ အန္တီလင္းအတြက္ေပါ့ေပါ့ပါးပါးျဖစ္ေစမယ့္ အဝတ္အစားလဲေပးဖို႔အတြက္ လီက်င္းကိုမွာရင္း ေရပတ္တိုက္ထားတဲ့ေရဇလုံကို သယ္ရင္းမတ္တပ္ထရပ္လိုက္မိသည္။

"ကြၽန္ေတာ္လုပ္လိုက္ပါ့မယ္ ေပၚေကာ"

"ရတယ္ အန္တီလင္းကိုသာေသခ်ာဂ႐ုစိုက္ေပးလိုက္။ ခဏေနရင္ ငါဆန္ျပဳတ္လာပို႔ေပးမယ္"

လီက်င္းက သူ႔ကိုအားနာေနပုံရတာမို႔ ေခါင္းညိမ့္ျပရင္း လီက်င္းရဲ႕ပခုံးတစ္ဖက္ကိုအသာပုတ္လို႔ ေရခ်ိဳးခန္းထဲမွာ ေရဇလုံကိုေနရာတက်ျပန္ထားေပးခဲ့ရင္း ဆန္ျပဳတ္ျပဳတ္ေပးဖို႔အတြက္ အိမ္ႀကီးဆီကို ျပန္လာခဲ့လိုက္သည္။

မီးဖိုေခ်ာင္ထဲမွာ ဆန္ျပဳတ္ျပဳတ္ေပးေနရင္း အန္တီလင္းဖ်ားေနတဲ့အေၾကာင္းကို အကို႔ဆီလွမ္းေျပာရင္ေကာင္းမလားစဥ္းစားမိေပမယ့္ သူ႔မွာအခုထိ အကို႔ဖုန္းနံပါတ္မရွိေသးတာမို႔ သက္ျပင္းအသာခ်လိုက္မိသည္။ တကယ္တမ္းစဥ္းစားၾကည့္ရင္ ဖုန္းနံပါတ္သာမက အကိုနဲ႔ပတ္သတ္ၿပီး သူဘာတစ္ခုမွသိတာမရွိပဲေလ။

အကိုက ဘယ္လိုအစားအေသာက္မ်ိဳးႀကိဳက္တာလဲ။ အကို႔မွာ ဘယ္လိုအမူအက်င့္ေလးေတြရွိသလဲ။ အကို႔မိဘေတြကေရာ ဘယ္မွာလဲ။ အကိုကဘာလို႔ ဒီလိုမ်ိဳးတစ္ေယာက္ထဲျဖစ္ေနရတာလဲ။ ၿပီးေတာ့ အကို႔မွာအရင္က ခ်စ္သူရွိခဲ့ဖူးလား။

စသည္ျဖင့္ အကိုနဲ႔ပတ္သတ္ၿပီး သူ႔စိတ္ထဲသိလိုစိတ္ေတြျပင္းျပေနေပမယ့္ ထုတ္ေမးပိုင္ခြင့္မွမရွိတာရယ္ေလ။ စာခ်ဳပ္ထဲမွာလည္း တစ္ေယာက္ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြမွာ အျခားတစ္ေယာက္ကဝင္စြက္ဖက္ပိုင္ခြင့္မရွိဘူးလို႔ ေရးထားၿပီးသားမဟုတ္လား။

ရိေပၚဒီအိမ္ကိုေရာက္တာ လပိုင္းသာရွိေသးတယ္ဆိုေပမယ့္ အကို႔အေပၚသာမန္ထက္ပိုၿပီး တိမ္းၫႊတ္ခ်င္ေနတဲ့မိမိရဲ႕စိတ္ခံစားခ်က္ေတြကို သတိထားမိသည္။ ဘယ္ေလာက္ပဲ ​စိတ္ကတင္းခံေနပါေစ သူကေရာ ဘာသားနဲ႔ထုထားတာမို႔လို႔လဲ။

ဘဝတစ္ေလွ်ာက္လုံး မားရဲ႕က်န္းမာေရးအေျခအေနေၾကာင့္ နားခ်ိန္ပင္မရပဲ အခ်ိန္ပိုင္းအလုပ္မ်ိဳးစုံကို ေန႔ေန႔ညညလုပ္ခဲ့ရတဲ့ သူ႔လိုလူတစ္ေယာက္အတြက္ အခ်စ္ဆိုတာကို ပုံျပင္ဝတၳဳေတြမွာပဲရွိတယ္လို႔ သတ္မွတ္ထားခဲ့တာ။

အကို႔လိုအဖက္ဖက္ကျပည့္စုံၿပီး ႏွစ္လိုဖြယ္ေကာင္းတဲ့သူမ်ိဳးနဲ႔ အနီးကပ္အေနၾကာလာသည္ႏွင့္အမွ် ကစဥ့္ကလ်ားျဖစ္လာတဲ့ ရင္ခုန္သံေတြကထိန္းခ်ဳပ္၍မရ။ အကို႔အေပၚထားတဲ့သူ႔ခံစားခ်က္ေတြကို တစ္ထစ္ခ်အခ်စ္လို႔မသတ္မွတ္ႏိူင္ေသးေပမယ့္ အစစ္အမွန္ျဖစ္ေၾကာင္းကိုေတာ့ တပ္အပ္ေျပာႏိူင္သည္။

...🌱...

"ဟက္ခ်ိဳး..."

တိတ္ဆိတ္ေနတဲ့ အစည္းအေဝးခန္းမထဲ ႐ုတ္တရက္ထြက္လာတဲ့ႏွာေခ်သံေၾကာင့္ အကုန္လုံးရဲ႕အၾကည့္ေတြက အသံလာရာဆီကို စုၿပဳံသြားေလသည္။ ကာယကံရွင္ျဖစ္တဲ့ ​ေရွာင္းက်န္႔ကေတာ့ ႏွာေခါင္းကိုအသာပြတ္လိုက္ရင္း မွင္ေသေသျဖင့္ ထိုင္ေနမိသည္။

"အဲ့ေတာ့ေျပာခ်င္တာက ဒီႏွစ္အတြင္း ေရာင္းအားဆက္တိုက္က်ရတဲ့အဓိကအေၾကာင္းရင္းက Sean'sရဲ႕ကုန္ပစၥည္းေတြက အျခားbrandေတြထက္ ေစ်းပိုမ်ားေနလို႔ေပါ့ဟုတ္လား"

သူ႔စကားအဆုံး ခုနကသူ႔ကိုလွမ္းၾကည့္ေနတဲ့ေခါင္းေတြအားလုံးအလွ်ိဳလွ်ိဳ ေအာက္ကိုငုံ႔သြားၾကေလသည္။ ထိုထဲကမွ marketing groupရဲ႕ေခါင္းေဆာင္ရွလင္က သူ႔ကိုမဝံ့မရဲၾကည့္ကာ

"အဲ့လိုမ်ိဳးရယ္ေတာ့မဟုတ္ေပမယ့္ အခုေနာက္ပိုင္း ကုမၸဏီအသစ္ေတြအမ်ားႀကီးေပၚလာတဲ့အျပင္ customerေတြကလည္း အလႊာေပါင္းစုံကဆိုေတာ့ မ်ားေသာအားျဖင့္ ေစ်းသက္သာတဲ့ကုမၸဏီေတြဆီကပဲပိုၿပီးဝယ္ေလ့ရွိၾကေတာ့"

ရွလင္ရဲ႕စကားအဆုံး ​ေရွာင္းက်န္႔မဲ့ခနဲၿပဳံးလိုက္မိသည္။ ထိုအၿပဳံးကို သေဘာေပါက္တဲ့ ဝန္ထမ္းအခ်ိဳ႕မွာေတာ့ ေခါင္းပင္မေဖာ္ရဲၾကေတာ့။

"SEAN's Brandက လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာထဲက နာမည္တစ္လုံးနဲ႔ရပ္တည္ခဲ့တယ္ဆိုတာ အားလုံးသိၿပီးသားမို႔ အေထြအထူးေျပာစရာမလိုဘူးလို႔ ကြၽန္ေတာ္ယူဆပါတယ္။ ဒီေနရာမွာ တစ္ခုေျပာခ်င္တာက လူတိုင္းက လက္ရွိကိုယ္ေရာက္ေနတဲ့အေနအထားအေလ်ာက္ ေတြးေခၚတတ္မယ္ဆို သိပ္ေကာင္းမွာပဲ။ ဥပမာ ယြမ္၁၀တန္ပစၥည္းက ေဒၚလာ၁၀၀တန္ပစၥည္းနဲ႔ ယွဥ္လို႔မရသလို ယွဥ္ႏိူင္မယ္လို႔လည္း မထင္ဘူး။

ကိုယ္ကဘယ္ေနရာမွာေနမွာလဲ ၿပီးေတာ့ ဘယ္အမ်ိဳးအစားထဲကလဲ။ ယြမ္၁၀တန္ပစၥည္းကို သုံးခ်င္တဲ့သူက အဲ့ဒီပမာဏပတ္လည္ေလာက္ကိုပဲ အဓိကထားဦးစားေပးၿပီး ေ႐ြးႏိူင္သလို ဘယ္ေလာက္ပမာဏပဲျဖစ္ျဖစ္ အရည္အေသြးကိုအဓိကထားၿပီးေ႐ြးခ်ယ္ခ်င္တဲ့သူေတြကေတာ့ ေဒၚလာ၁၀၀တန္ဆီကို အၿပိဳင္အဆိုင္လာေနၾကဦးမွာပဲ။

အဲ့တာေၾကာင့္ ရွလင္အေနနဲ႔ သူမ်ားေနာက္လိုက္ေနမယ့္အစား ကိုယ့္ရဲ႕ကိုယ္ပိုင္အေတြးအျမင္ကိုပဲ ပိုၿပီးတိုးတက္ေအာင္ခ်ဲ႕ထြင္သင့္တယ္လို႔ထင္တယ္"

သူ႔စကားအဆုံး ရွလင္ရဲ႕မ်က္ႏွာက သိသိသာသာပ်က္သြားတာမို႔ မ်က္ခုံးပင့္လိုက္မိသည္။ သူ႔လိုလူကို ဒီလိုစကားမ်ိဳးလာေျပာရဲတဲ့ သတၱိကလြယ္မေနဘူးပဲ။ သူစိတ္မခ်တာ ဒါမ်ိဳးေတြပင္။

သူရွိေနစဥ္မွာေတာင္ မရွိရွိတဲ့အျပစ္ကိုရွာၿပီး SEAN'sကို တိုက္ခိုက္ခ်င္ေနတဲ့သူေတြၾကားမွာ သူကဘယ္လိုလုပ္ၿပီး စိတ္ခ်လက္ခ်ထြက္သြားလို႔ရမွာတဲ့လဲ။ သူမရွိေတာ့ရင္ေတာင္ သူပိုင္ဆိုင္သမွ်အားလုံးနဲ႔ SEAN'sကို သူယုံၾကည္ရတဲ့သူ ၿပီးေတာ့ သူ႔ရဲ႕ေသြးသားအရင္းအျခာျဖစ္တဲ့သူဆီကိုပဲ လႊဲေျပာင္းေပးခဲ့ခ်င္သည္။

အစည္းအေဝးၿပီးတာနဲ႔ အရင္ဆုံးထြက္လာမိေတာ့ ေလာ့ေလာ့နဲ႔ယန္ယန္က သူ႔ေနာက္ကိုအေျပးအလႊားလိုက္လာရင္း

"ေဘာ့စ္ခုနက ႏွာေခ်လိုက္တယ္ဆိုေတာ့ အေအးမိထားတာလား.. ဒါမွမဟုတ္ ဖ်ားေတာ့မွာလား"

အရည္မရ မဖက္မရစကားေတြမို႔ မၾကားခ်င္ေယာင္ေဆာင္ရင္း သူ႔အခန္းထဲဝင္လာကာ အလုပ္စားပြဲမွာဝင္ထိုင္လိုက္တဲ့အထိ လွ်ာရွည္လြန္းတဲ့ ႏွစ္ေကာင္သားက သူ႔ေရွ႕မွာရပ္လို႔

"ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ေဒါက္တာလွ်ိဳဟိုက္ခြမ္းကို ဖုန္းဆက္လိုက္ရမလား ေဘာ့စ္"

ဒီလိုအခ်ိန္မ်ိဳးက် အတိုင္ေဖာက္ညီစြာျဖင့္ ၿပိဳင္တူေျပာေနတဲ့မိေက်ာင္းသားေတြေၾကာင့္ လက္ထဲကေဘာပင္ကိုပစ္ခ်ကာ မ်က္လုံးလွန္ၾကည့္လိုက္ေတာ့မွ ကိုယ္စီပါးစပ္ကိုလက္ဖဝါးျဖင့္အုပ္လို႔ အခန္းထဲကထြက္သြားၾကေလသည္။

ဒီႏွစ္ေယာက္နဲ႔ေတာ့ ၾကာရင္သူစိတ္တိုလြန္းလို႔ ေဒါသေတြပိၿပီး ေသမလားပဲ။ ဘာေၾကာင့္ သူ႔ကိုနည္းနည္းေလးေတာင္အေၾကာက္အလန္႔မရွိရတာလဲ။ ဒါနဲ႔ ဝမ္ရိေပၚကေရာ ဘာလို႔သူ႔ကိုျမင္တာနဲ႔ သရဲတေစၦျမင္ရသလို ေၾကာက္လန္႔ေနရတာလဲ။

TMBCေလးၿပီးသြားၿပီဆိုေတာ့ ဒီကေလးဘက္ျပန္လွည့္ပါၿပီေနာ္... တစ္ပတ္ကို ႏွစ္ပိုင္းေလာက္ေတာ့ပုံမွန္တင္ေပးႏိူင္ေအာင္ႀကိဳးစားပါ့မယ္

Continue Reading

You'll Also Like

25.5K 2.1K 12
Doctorကိုကိုနဲ့အပြာရောင်နဂါးပေါက်လေး ဘာမှဖော်ပြမနေတော့ဘူးသိချင်ရင်ဖတ်ကြည့်ကြ
27.3K 1.6K 38
အချစ်လို့ထင်နေတဲ့ အရာက အချစ်မဟုတ်ခဲ့ဘဲ စိတ် အပြစ်မကင်းစိတ် အားနာစိတ်ကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြောင်းလာခဲ့တဲ့ ချစ်ခြင်းတရား ။ အခ်စ္လို႔ထ...
218K 18.1K 24
မက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... __________________________👑 မက္မြန္ပြင့္ေလးနဲ႕တူတဲ့ ၾ...
71.5K 4.1K 13
မင္း..ကငါနဲ႔လက္ထပ္ထားတယ္ဆိုတဲ့လူလား