Never

By Blacksheep303

26.1K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ္ေတာ့မွ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ္ေတာ့မွ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ္ေတာ့မွ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ္ေတာ့မွ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ္ေတာ့မွ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ္ေတာ့မွ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ္ေတာ့မွ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ္ေတာ့မွ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ္ေတာ့မွ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ္ေတာ့မွ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ္ေတာ့မွ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ္ေတာ့မွ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ္ေတာ့မွ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ္ေတာ့မွ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ္ေတာ့မွ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ္ေတာ့မွ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ္ေတာ့မွ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ္ေတာ့မွ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ္ေတာ့မွ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ္ေတာ့မွ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ္ေတာ့မွ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ္ေတာ့မွ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ္ေတာ့မွ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ္ေတာ့မွ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ္ေတာ့မွ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ္ေတာ့မွ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ္ေတာ့မွ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ္ေတာ့မွ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ္ေတာ့မွ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ္ေတာ့မွ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ္ေတာ့မွ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ္ေတာ့မွ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ္ေတာ့မွ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ္ေတာ့မွ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ္ေတာ့မွ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - 1

1.9K 83 1
By Blacksheep303

ရှောင်းကျန့်က အိမ်မှာ မောင်နှမ ငါးယောက်ရှိတဲ့အထဲမှာ အငယ်ဆုံးလည်းဖြစ် ယောက်ျားလေးလည်း ဖြစ်တာကြောင့် အလိုလိုက်ခံရတယ့်ကလေးပါ မိန်းကလေးတွေကြီးမွေးနေတာမို့ သားယောကျ်ားလေး မရမချင်း ကလေးထပ်ယူရင်းကနေ ရှောင်းမားမား အသက် (၄၃)နှစ်ကျော်မှ ကလေးထပ်ရတာမို့ သက်ကြီးကိုယ်ဝန်သည်တွေရဲ့ ထုံးစံအတိုင်း လမစေ့ခင် ၇လမပြည့်ခင် မွေးဖွားခဲ့တာ ကြောင့် ၃လလောက်ကျော် ၄လနီးပါးက ဖန်ပေါင်းချောင်ထဲမှာ အသက်ဆက်ခဲ့ရတာပါ တစ်မိသားစုလုံး မျက်ရည်နဲ့ မျက်ခွက် ၄လနီးပါး တငိုငိုတရီရီဖြစ်ပြီး လက်လွှတ်ရတော့မှာလိုလို ခဏခဏ ကြုံတွေ့ခဲ့ရပြီးမှ ပြန်ကောင်းလာတဲ့ကလေးမို့ အားလုံးက အကုန်လုံးက သနားချစ်နဲ့ချစ်ခံရပါတယ်

အလိုလိုက် အကြိုက်ဆောင်ထားကြပါတယ် အစ်မအကြီး ရှောင်းကျန်းလီ နဲ့ ဆို အသက် ၁၃နှစ်ကွာတာမို့ အစ်မကြီးက လည်း ဘာဖြစ်ဖြစ် ရှောင်းကျန့်သဘော အမအငယ်ဆုံး ရှောင်းရှင်းလီ နဲ့တောင် ၂နှစ်ပဲကွာတယ်ဆိုပေမယ့် မကြာခဏရန်ဖြစ် စကားများ လုတတ်ပေမယ့် မမငယ် ရှင်းလီကလည်း နောက်ဆုံးတော့ ရှောင်းကျန့်ကို အလျော့ပေးတတ်စမြဲပါ

ရှောင်းပါးပါးက ရှောင်းကျန့်လေးမွေးပြီးမှ စီးပွါးအရမ်းတက်လာပြီး ပေကျင်းမှာ ကုမ္ပဏီထောင်ထား နိုင်တဲ့အပြင် ပေကျင်းမှာ အိမ်ဝယ်ထားနိုင်တဲ့ အခြေအနေဖြစ်လာပေမယ့် ရှောင်းမားမားက မွေးရပ်မြေကနေ မပြောင်းချင်တာမို့ ပေကျင်းကို မကြာခဏလိုက်သွားလိုက် ရှောင်းပါးပါး က ပြန်လာလိုက်နဲ့မို့ အိမ်မှာ ခရီးအမြဲ သွားလာတတ်သူ ရှိနေတော့ အိမ်ဆူရင် အိမ်မှာ ငိုယိုဂျီကျနေရင် ခရီးသွားနေရတဲ့သူ ထိခိုက်တတ်တယ်ဆိုတဲ့ အယူရှိတာကြောင့် လည်း ရှောင်းကျန့်ကို ကျန့်ကျန့် ကျန့်ကျန့်လေးဆိုပြီး နှုတ်ခမ်းတချက်စူတာနဲ့ အားလုံးက အလျော့ပေးတတ်ကြတာပေါ့

ဒါကြောင့် ရှောင်းကျန့်ဘဝက ပျော်စရာကြီးလို့အားလုံးက ထင်ထားကြတာပါ ဒါပေမယ့်ရှောင်းကျန့် မပျော်ပါဘူး ရှောင်းကျန့်က ညီလေး ဒါမှမဟုတ် ညီမလေးလိုချင်တာ အစ်ကိုကြီးလုပ်ချင်တာ ရှေ့ဆောင်လမ်းပြ ဆရာကြီးလုပ်ချင်တာ ရှောင်းမားမားကလည်း သားကြောဖြတ်လိုက်ပြီမို့ ကလေးထပ် မွေးလို့ မရတော့ အငယ်ဆုံးဖြစ်နေပြီး ဘယ်သူ့ကိုမှ ဆရာလုပ်လို့မရဘူးပေါ့

ဒါကြောင့် ပျော်အောင်နေရင်းနေရင်း နဲ့ ရှောင်းကျန့်က အရမ်းစတတ်တဲ့ကလေး အမွှေစိန်လေးကို ဖြစ်နေတာပေါ့ ရှောင်းကျန့်အသက် ၆နှစ်ပြည့်ခါနီးမှာ ဘေးအိမ်က လင်မယားက သားဦး ယောကျ်ားလေးမွေးတော့ သူ့မှာ အဲဒီကလေးလေးကို အရမ်းချစ် သူ့ညီညီလေးဆိုပြီး အရိပ် တကြည့်ကြည့်နဲ့ ထိန်းလာတာ ချစ်လာတာ အကိုကြီးလုပ်ခွင့်ရလို့ကျေနပ်နေတာ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အဲဒီမိသားစု ကလည်း နေ့ချင်းညချင်း ဘာမှတောင် အသိမပေးဘဲ အားလုံးပြောင်းချသွားတာမို့ သံယောဇဉ် ကြီးရှာတဲ့ ရှောင်းကျန့်လေးခင်ဗျာ အရမ်းဝမ်းနည်းပြီး အိပ်ရာထဲ မစားနိုင်မသောက်နိုင်ဖြစ်တဲ့အထိကို ဖြစ်သွားရှာတာပါ အားနေရင် အဲဒီကလေးလေး နေခဲ့တဲ့ အိမ်ဝန်းထဲသွားပြီး ပြန်လာနိုး ပြန်လာနိုး မျှော်နေတတ်တာမို့ ဝမ်းနည်းတတ်တာမို့ ရှောင်းမားမား မှာ သူအရမ်းတွယ်တာတဲ့ မွေးရပ်မြေကို စွန့်ပြီး ရှောင်းပါးပါးရှိရာ ပေကျင်းကိုမိသားစုလိုက် အမြန်ပြောင်းရွှေ့လိုက်ရပါတယ်

ကောင်းစေချင်လို့ ပေကျင်းကို ပြောင်းလိုက်ခါမှ ပိုဆိုးသွားပါတယ် အစက အလည်ပဲထင်တာမို့ ရှောင်းကျန့် လေးက အသာတကြည်လိုက် လာပေမယ့်လည်း ရက်ကြာလာလို့ အရင်လို မပြန်တဲ့အခါ ရှောင်းကျန့်လေးက ဘာလို့မပြန်တာလဲမေးရင်း အပြီးပြောင်းလာကြတာ ဘယ်တော့မှ အဲဒီကို မပြန်ကြတော့ဘူးလေလို့ သိတော့ ရှောင်းကျန့်လေး က သူ့ညီညီလေး ပြန်လာရင် သူဘယ်သိတော့မှာလည်း ဆိုပြီး အော်ဟစ်ငိုယိုလိုက်တာ သတိပါလစ်သွားတာမို့ ဆေးရုံတင်လိုက်ရပါတယ် ပြန်ပြီးသတိရလာတော့လည်း ငို ၊ အစာကျွေးလည်းမစားနဲ့ ဘယ်သူ့မှလည်း စကားမပြောနဲ့လုပ်နေတာမို့ ရှောင်းမားမားက

"ကျန့်ကျန့်လေး အခုက အစားမစားလို့ အားနည်းနေတာ အားမရှိရင် ညီညီလေးကို ဘယ်လိုသွားရှာမှာလဲ အစားတွေအများကြီးစား အရင်လို ကျန်းကျန်းမာမာ ပြန်ဖြစ်လာရင် မားမားတို့ အရင်အိမ်ပြန်ပြီး ညီညီလေးကို သွားစောင့်ကြမယ်လေ"

ဆိုမှ အငိုတိတ်ပြီး အစားတွေ ပြန်စားတာပါ ထူထူထောင်ထောင် ဖြစ်လာတာနဲ့ သူကိုခေါ်ပြီး သားအမိ။ နှစ်ယောက် အရင်အိမ်ကို ပြန်လာကြတာပေါ့ အိမ်လည်းရောက်ရော ဘေးအိမ်က တံခါးတွေ ဖွင့်ထားတာကြောင့် ပြန်ရောက်လာပြီထင်ပြီး သားအမိတွေ ပျော်သွားတာပေါ့ ဒါပေမယ့် အရင် မိသားစုမဟုတ်ဘဲ မိသားစုအသစ် ဖြစ်နေတဲ့အခါ ကျန့်ကျန့်လေးတစ်ယောက် ချုံးပွဲချ ငိုပါတော့တယ်

ရှောင်းမားမား ခင်ဗျာ ချော့နည်းပေါင်းစုံနဲ့ ချော့လည်းမရပါဘူး ရက်နည်းနည်းကြာတော့ မငိုတော့ပေမယ့် ပေကျင်းပြန်မယ်လို့ခေါ်တာ မရပါဘူး သူ့ညီညီလေးကိုပဲ စောင့်မှာ ပြန်လာရင် မတွေ့မှာစိုးလို့ ဆိုပြီး ပေကပ်နေတာပါ ကြံရာမရတဲ့အဆုံး

"ကျန့်ကျန့်လေး သားညီညီလေးတို့က ပေကျင်းပြောင်းသွားတာ ဖြစ်နိုင်တယ်'

"မားမား လျှောက်ပြောတယ်"

"မဟုတ်ဘူး တကယ်ပြောတာ ဟိုးတလောတုန်းက ကျန့်ကျန့်ရဲ့ ညီညီလေး မားက ပေကျင်းမှာ ကလေးမူကြိုကျောင်း ဘယ်ကျောင်းကောင်းလဲဆိုပြီး မားကို ကျန့်ကျန့်ပါးပါးကို မေးပေးပါဦးဆိုပြီး လာမေးသေးတာ အဲဒီအကြောင်းမား အခုမှ သတိရတယ်"

"ဟုတ်လို့လား"

"ဟုတ်တယ် ဒါကြောင့် အခုအိမ်ကို တခြားသူတွေပြောင်းလာတာပေါ့ ညီညီလေးတို့မိသားစုက ခရီးသွားတာမှ မဟုတ်တာကို ပြောင်းသွားတာလေ ကျန့်ကျန့်ရဲ့ ဒါကြောင့် မားမားတို့ ပေကျင်းမှာ စောင့်ရအောင် တစ်နေ့မဟုတ် တစ်နေ့တွေ့မှာ သေချာတယ် ကျန့်ကျန့်ရဲ့"

"သေချာတယ်နော် မားမား ညာရဘူးနော်"

"မညာပါဘူး ကျန့်ကျန့်လေးကို မားက တကယ်ပြောတာ"

ဒီလိုနဲ့မှ ရှောင်းကျန့်တစ်ယောက် ပေကျင်းပြန်လိုက်လာတာပါ ပေကျင်းရောက်တော့လည်း ကိုယ့်စကားနဲ့ ကိုယ် မို့ အားရင်အားသလို မူကြိုကျောင်းတွေ သူ့ခေါ်ပြီး သွားစုံစမ်းရသေးတာ လချီကြာလာတဲ့အခါ ရှောင်းကျန့်လေးတစ်ယောက် မူကြိုတွေစုံစမ်းပေးဖို့ မပူဆာတော့ပါဘူး အချိန်က ကုစားသွားတာလား ကလေးဦးနှောက်လေးနဲ့ ပြန်မတွေ့နိုင်လောက်ဘူးဆိုတာကို လက်ခံသွားတာလား မပြောတတ်တော့ပါဘူး ဒါပေမယ့် အရင်ကထက်ကိုပိုပြီး အရမ်းကို အစအနောက်သန် ကျီစားသန်တဲ့ အမွှေစိန်လေး ဖြစ်လာတော့တာပါပဲ

ရှောင်းကျန့်အသက် (၉)နှစ်

...အိမ်ရှေ့မှာ ကတ္တရာလမ်းခင်းတာမို့ မဖြတ်လျှောက်ရဘူးပြောတာကို ဖြတ်တော့ဘာဖြစ်လဲဆိုပြီး ခြောက်ခါနီး ကတ္တရာလမ်းပေါ် တရုတ်သရဲလို ခုန်ခုန်ပြီး ဖြတ်ပစ်တာမို့ ရှောင်းပါးပါး လျော်လိုက် ရပါသေးတယ် သူ့ပါးပါးက သူ့ကို စချင်တာနဲ့

"ကျန့်ကျန့် ကတ္တရာလမ်းပေါ် တက်ခုန်တာ ပါးပါးလျော်ပေးနိုင်ပေမယ့် အစိုးရမင်းတွေက အလျော်မလိုချင်ဘူး စည်းကမ်းမလိုက်နာတဲ့သူကို တစ်ပတ်လောက် ဖမ်းထားမလို့ဆိုပြီး ဘယ်အိမ်က ကလေးလည်းဆိုပြီး တစ်အိမ်တက် တစ်အိမ်ဆင်းရှာနေတယ်တဲ့ အခု ကျန့်ကျန့် ဝေါ့ကင်းရှူးလေးက ကတ္တရာကပ်နေတာဆိုတော့ သက်သေနဲ့တကွ လာဖမ်းရင် ဘယ်လိုလုပ်မလဲ"

ရှောင်းပါးပါး စကားဆုံးတာနဲ့ ရှောင်းကျန့် ဖိနပ်စင်ဘက်ကိုပြေး ကတ္တရာပေထားတဲ့ ဝေါ့ကင်းရှူး ဖိနပ်လေးကိုင်ပြီး အိမ်နောက်ဖေးဘက်ပြေးဝင်သွားပြီး မကြာပါဘူး ပြန်ထွက်လာပါတယ် ပြီးတာနဲ့

"မရှိတော့ဘူး အဲဒီဖိနပ် ကျန့်ကျန့် ဖွက်ထားလိုက်ပြီ ဘယ်လိုရှာရှာတွေ့မှာမဟုတ်ဘူးဆိုပြီး ပြုံးနေပါတယ်"

ရှောင်းကျန့်စကားအဆုံး ရှောင်းပါးပါး စီစဉ်ထားတဲ့အတိုင်း တပည့်တွေက အိမ်ထဲဝင်လာပြီး

"ကျွန်တော်တို့ အထူးတပ်ဖွဲ့က စုံထောက်တွေပါ ကတ္တရာခင်းထားတာ ဖျက်လိုဖျက်စီးလုပ်သွားတဲ့ကလေး ရှိလားလို့ လာစုံစမ်းတာပါ"

ရှောင်းကျန့်များ ကြောက်သွားမလားအောက်မေ့တယ် သူက အေးအေးဆေးဆေး မုန့်စားမပျက်တဲ့အပြင်

"ဒီအိမ်မှာ အဲလိုကလေးမရှိဘူး ဖိနပ်စင်မှာ သွားကြည့်လိုက်ပါဦး ကတ္တရာပေနေတဲ့ ဝေါ့ကင်းရှူးဖိနပ်တစ်ခုမှ မရှိဘူး ကျန့်ကျန့်က ဝေါ့ကင်းရှူးမစီးဘူး ညှပ်ဖိနပ်ပဲစီးတာ"

ဆိုပြီး သူ့ခြေထောက်ကိုထိုးပြပါတယ်

"အယ် ကတ္တရာလမ်းပေါ် ဝေါ့ကင်းရှူးနဲ့တက်ခုန်မှန်း သားသားက ဘယ်လိုသိတာလဲ"

"ကျန့်ကျန့်မြင်လိုက်တယ် အဲဒီကလေးလေးက ဂါဝန်လေးဝတ်ပြီး တက်ခုန်နေတာ ပြီးတော့ ကားကြီးစီးပြီး ဟိုးအဝေးကြီးကို ထွက်သွားတာ ဦးဦးတို့မရှာနဲ့ တွေ့မှာမဟုတ်ဘူး"

ရှောင်းပါးပါးရော လာစုံစမ်းယောင်ဆောင်ထားတဲ့ သူ့တပည့်တွေ အိမ်သားတွေရော ခပ်တည်တည်နဲ့ ရွှီးနေတည့် ရှောင်းကျန့်ကြောင့် ပြုံးစိစိ ဖြစ်ကုန်ကြပါတယ် ပြီးမှ

"ကောင်းပါပြီ ဒါဆိုကျွန်တော်တို့ကို ခွင့်ပြုပါဦး တခြားအိမ်မှာဆက်စုံစမ်းလိုက်ပါဦးမယ်"

လာစုံစမ်းယောင်ဆောင်တဲ့သူတွေ အိမ်ဝင်းထဲက ထွက်သွားတာမြင်မှပဲ

"တော်သေးတယ် ကျန့်ကျန့် အဖမ်းခံရတော့မလို့"

ဆိုပြီး ရှောင်းမားမားကို ဝမ်းနည်းပက်လက်ဖက်ငိုပါတော့တယ် တကယ်လည်းရှောင်းကျန့်လည်းငိုရော အားလုံးစိတ်မကောင်းကြဘူး

"ကျန့်ကျန့်လေးက စုံထောက်ဦးလေးကြီးတွေကို မကြောက်ဘူးလို့ မားတို့က ထင်နေတာ ကျန့်ကျန့်လေးက ခပ်တည်တည်ဖြေနေလို့လေ"

"ကြောက်တာပေါ့ အရမ်းပဲ အဲဒီဦးဦးတွေမြင်ကတည်း ငိုချင်နေတာ အဖမ်းခံရမှာပိုကြောက်လို့ တောင့်ထားတာ လက်သီးဆုပ်ထားရတာ အရမ်းပဲ အခုလက်တောင်အရမ်းနာနေပြီ"

"ပြပါဦး မားမားကြည့်ရအောင်"

ကြည့်လိုက်တော့ လက်ဖဝါးက လက်သီးအတင်းဆုပ်ထားတဲ့ အတွက် လက်သည်းထိပ်လေးတွေက ထိုးမိသလိုဖြစ်ပြီး လက်သည်းလေးတွေကလည်းနည်းနည်းရှည်နေတော့ သွေးတောင်နည်းနည်းဆို့နေတာပါ အဲဒီတော့မှ ဒီကလေးက အရမ်းကြောက်နေရှာတာ သူ့ရင်ထဲက ခံစားချက်ကို မပေါ်အောင် ကလေးတန်မယ့်ထိန်းနေရှာတာမို့ အရမ်းလည်းသနားသွားမိပါတယ် ကလေးစိတ်ပြောင်းသွားအောင် ရှောင်းပါးက

"ငါ့သား ကျန့်ကျန့်လေးက ဖိနပ်ကို ဘယ်မှာဖွက်လိုက်တာလဲ ပါးပါးကို ပြောပြပါဦး"

"မပြောပြဘူး အဲတာလျှို့ဝှက်ချက်"

ရှောင်းကျန့်လေး အသက်(၉)နှစ်က အဲဒီလျှို့ဝှက်ချက်က နောက် ခြောက်လနေတော့ ပေါ်လာပါတယ် ပေါ်လာတာနဲ့အတူ ရှောင်းမားမားရဲ့

"ရှောင်း....ကျန့်"

ဆိုတဲ့ အသံကလည်း တစ်အိမ်လုံးသာ မက တစ်ရပ်ကွက်လုံး က ကြားလောက်ပါတယ် တစ်ရပ်ကွက်လုံးမကဘူး ရှောင်းမားမားက အခုတော့ တစ်ကမ္ဘာလုံးကြားအောင် အော်ပစ်လိုက်ချင်တာပါ ဘယ်နဲ့တော် ဒီနေ့ မီးဖိုရဲ့ စတိုခန်းငယ်ထဲက ပဲငပိတည်ထားတဲ့ စဉ့်အိုးထဲကို ဟင်းချက်ဖို့ ခွက်နဲ့ခပ်တာ ကုန်ခါနီးမို့ ထင်တယ်ဘာက ထောက်နေမှန်းမသိဖြစ်မို့ လက်အိတ်စွပ်ပြီး စမ်းပြီး ဆွဲကြည့်တာ ရှောင်းကျန့်ရဲ့ ကတ္တရာပေနေတဲ့ ဖိနပ်ဖြစ်နေလေရဲ့

" ဒါကြောင့် ဒင်းက ဒီတစ်လော ပဲငပိပါတဲ့ဟင်းမှန်သမျှ ဟင့်အင်း မကြိုက်ဘူး မကြိုက်တော့ဘူးဆိုပြီး လုံးဝမစားတာကိုး ဖွက်စရာရှားလို့ ပဲငပိစဉ့်အိုးထဲ လာထိုးထည့်သွားတာ လာစမ်း ကျန့်ကျန့် ချစ်လို့ အလိုလိုက်ထားကို ခုတော့ တစ်အိမ်လုံးကို တော်တော်ဒုက္ခပေးတာပေါ့လေ"

မျက်နှာငယ်နဲ့ရောက်လာတဲ့ ရှောင်းကျန့်ကို ရှောင်းမားမား မှတ်သွားအောင်ဆိုပြီး တင်ပါးလေးကို လက်နဲ့အသာလေး ရိုက်လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်လိုက်မိပါတယ် တင်ပါးအောက် က ခိုးလုခုလို ဖြစ်နေသလိုပဲမို့ ဘာများခံထားတာပါလိမ့်ဆိုပြီး ကြည့်လိုက်တာ အမလေး ဘာပြောကောင်းမလဲ မှန်တင်ခုံပေါ်က မျက်နှာလိမ်းတဲ့ Cream Puff မိတ်ကပ်ဘူး အကောင်းစားထဲက ဖော့တွေ မိတ်ကပ်လိမ်းတဲ့ဖော့တွေ ဖင်မှာခုထားတာ

"အမလေး ကုန်ပါပြီ မားမား မျက်နှာလိမ်းတာ ကျန့်ကျန့်က ဖင်ထဲထည့်ခုလိုက်တော့ မားမားက ဘယ်လို စိတ်နဲ့ ပြန်လိမ်းရတော့မှာလဲ"

စိတ်ပေါက်ပေါက်နဲ့ဖော့တွေဆွဲထုတ်ပြီး လက်နဲ့ဖင်ကို နှစ်ချက်လောက် တကယ်ရိုက်ပေးလိုက်တယ် တကယ်ပါ ဒီကလေး အလိုလိုက်လွန်းလို့ လုပ်ချင်ရာ လုပ်နေတော့တာပါပဲ တစ်အိမ်လုံးကတော့ အဲဒီနေ့မှာ စားထားသမျှ ပဲငပိတွေအတွက် တွေးမိလေ အန်ချင်လေ ဖြစ်ရသလို ရှောင်းကျန့် ပေါက်ကရ လုပ်သမျှအကြောင်းတွေလည်း ပြောပြောပြီး ရီနေရတာပေါ့....................

ရှောင်းကျန့် တဲ့နော် တစ်ကျန့်ပဲရှိတယ် ဟင်း...ဟင်း...

Continue Reading

You'll Also Like

100K 5K 15
[male reader being (kind off) captain hook] In which we see how vastly this little flirty fella gets along with the daily life of the students in Nig...
27.5K 5.1K 60
SEQUEL TO 30 DAYS DEAL A group of billionaire teenagers find their lives intertwined in a tapestry of wealth, privilege, and heartache. For this eli...
1.6K 202 16
မာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::
14.7K 262 15
"...It's been years since they split up so Michael has zero reason to be jealous but this girl was the love of his life. Hell, she still might be...