Uni
ဒေါ်ငွေစံပယ်ခင် သူမအတွက်ပြင်ပေးထားသည့်အခန်းထဲဝင်သွားပြီး အောက်ထပ်က လူ၏ အခန်းထဲကိုဘယ်လိုခိုးဝင်ရမလဲစဉ်းစားနေမိသည်။ စောနက ဟိုမိန်းကလေးပြောသလိုဆို သူတို့လုပ်ငန်းရဲ့အရေးကြီးဆုံးအချက်အလက်တွေကို ထိုလူ၏ အခန်းထဲမှာဝှက်ထားမှာသေချာသလောက်ပင်။
အောက်ထပ်မှာ ဟိုအဖွားကြီးက ရှိနေသည်ကြောင့် သွားရန်မလွယ်ကူ ။ ပြီးတော့ လဲအိမ်စေတွေက ခန့်မှန်းထားသည်ကြောင့် လှုပ်ရှားရန်မလွယ်ကူ။
တောက်!
တောက်ခေါက်သံတစ်ချက်ကျယ်လောင်စွာထွက်ပေါ်လာသည်။
သားတစ်ယောက်ရှိတာလဲဘာမှအားကိုးမရ၊ မြို့အုပ်မင်းဖြစ်နေပြီကို ခုချိန်ထိ ဒီရာဇဝင်သားအဖကို မဖမ်းစီးနိုင်သေးဖူး။ စောက်သုံးမကျလိုက်တာ။ ဒီနှစ်အတောအတွင်း သူမြို့အုပ်မင်းဖြစ်ဖို့ရာ သူမ၏ အချိန်တွေအကုန်လုံးကိုသူ့စီမြုပ်နှံထားပြီး ထိုရာဇဝင်သားအဖကို လျစ်လျှူရှုထားမိသည်ကြောင့် ထိုရာဇဝင်သားအဖက ပိုလို့တောင်အင်အားကြီးလာသည်။
ထိုရာဇဝင်သားအဖကို ရိုက်ချဖို့က လာဘ်ပေးလာဘ်ယူစာရင်းနဲ့တရားမဝင်ကုန်သွယ်စာရင်း ထိုနှစ်ခုထဲက တစ်ခုရရင်ရိုက်ချနိုင်ပြီ ။ ဒါပေမဲ့ ထိုအခန်းကိုခုချိန်ထိခိုးဝင်လို့မရသေးသည်ကြောင့် အခက်တွေ့နေရသည်။
" စိတ်ချပါ ထိုစာရင်းကို မတွေ့တွေ့အောင်ရှာပြီး ဒီကညီမငယ်က အကိုကြီးအတွက်သေချာပေါက်လက်စားချေပေးပါ့မယ်"
*
*
*
*
*
*
မုန်းကားမောင်းနေရင်းနှင့်မဲ့ ပြုံးတစ်ချက်ပြုံးလိုက်မိသည်။ ကုန်တိုက်မြေအောက်ခန်းမှာ အမှတ်မထင်တွေ့လိုက်ကတည်းက ထူးဆန်းတယ်လို့ထင်ခဲ့တာ ။မနေ့ညက ဒယ်ဒီ့အခန်းထဲကိုခိုးချောင်ခိုးဝှက်ဝင်ဖို့လုပ်နေသည်ကိုမြင်တွေ့လိုက်ရတည်းက သူမ၏ သံသယက ပိုတိုးလို့သေချာသွားရသည်။
အတိတ်မေ့နေသည်ဟုပြောသော်လည်း ဝတ်ပုံစားပုံပြောဆိုပုံတွေက သူ၏ မေ့သွားသောအတိတ်ကာလနှင့်မတူပဲ ဒီဘက်ခေတ်အတိုင်းပြောဆိုနေသည်။
ဒီတစ်ချက်ကို သူ့ အမေအယောင်ဆောင်ထားသည့်အမျိုးသမီးက သတိမမူမိခဲ့ချေ။ သို့ပေမဲ့လည်း မုန်းစဉ်းစားလို့မရသည်က အယောင်ဆောင်အမျိုးသမီးက ဘာဖြစ်လို့များသူ့အမေနှင့်ချွတ်ဆွပ်တူနေရသလဲဆိုတာ။
စဉ်းစားနေရင်း နှင်းဆိမြိုင်စံအိမ်လမ်းထိပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ သူမ လှည့်ပြန်မည်အလုပ် လမ်းထိပ်မှာရှိသည့်အကြော်စုံရောင်းသည့်တဲမှာ ဘူးသီးကြော်ထိုင်စားနေသည့် သူမ ၏ နှစ်ယောက်မရှိသည့် နွယ်ပင်လေးကို တွေ့လိုက်ရသည်။ မုန်းကားပေါ်ကဆင်းလိုက်ပြီး သူမရှ်ိရာဘက်ကိုကျောပေးထားသည့်အမျိုးသမီးငယ်လေးစီ တစ်လှမ်းခြင်းလျှောက်သွားလိုက်သည်။
သူမလေးနားရောက်တော့ သူမလေး၏ အကြော်ထည့်ထားသည့်ပန်းကန်ကိုကြည့်လိုက်တော့ရယ်ချင်သွားသည်။ ဘူးသီးကြော်တွေချည်းမှာထားပြီး အထဲက ဘူးသီးကိုဖယ်ပြီး အပြင်ဘက်က အကြော်ကိုပဲမိန်ရေရှက်ရေစားနေသည်။
သူမလေးကို စချင်စောနဲ့အသံနဲ့ခြောက်လိုက်သည်။
" ဟိတ် ! တစ်ယောက်တည်းဘာထိုင်လုပ်နေတာတုန်း!"
စကားသံကြားတော့လူကိုနောက်လှည့်မကြည့်ပဲ သူ့အကြော်ပန်းကန်ကို ဖက်မထားမတတ်ဝှက်ထားသည်။ မသိရင်ထိုပုံစံလေးက ကြောင်ပေါက်လေးတစ်ကောင်က သူ့အစာကိုလာလုမည်ဆိုး၍ ကာကွယ်နေသယောင်။
" ဘယ်သူတုန်း!
အယ် ဟန်နီ!"
နွယ် အကြော်စားနေတုန်း နောက်ပါးကအသံကြောင့်မသိစိတ်ကနေ အကြော်ပန်းကန်ကိုကာကွယ်လိုက်ပြီး နောက်ပါးက လူကိုလှည့်ကြည့်မိသည်။
" အယ် ဟန်နီ ဟန်နီက ဒီဘက်ကိုဘာလာလုပ်တာတုန်း!"
မုန်းသူရှေ့မှာ အဆီတွေပေပွနေသည့်နှုတ်ခမ်းလေးနဲ့ထော်ထော်ပြီးပြောလာသည့်နှုတ်ခမ်းပါးလေးကို သူမစီမှာအသင့်ပါလာသည့်လက်ကိုင်ပုဝါလေးနှင့်ခပ်ဖွဖွသုတ်ပေးမိသည်။
အနွယ် ရုတ်ချည်းပြုမှုလိုက်သည့်ဟန်နီ၏ အပြုအမှုကြောင့် အခုန်မြန်နေသောနှလုံးသားလေးက နှစ်ဆတိုး၍ ပိုအခုန်မြန်လာခဲ့သည်။ နှလုံးခုန်သံတွေကအပြင်ဘက်ထိတိုးထွက်နေသယောင်ဖြစ်နေသည့်ကြောင့် မိမိ၏ နှလုံးခုန်သံကိုဟန်နီကြားသွားမလားတောင်စိုးရိမ်နေမိသည်။
အနွယ်နှင့်ဟန်နီတစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်နေသည်မှာ အချိန်အတော်ကြာသွားသည် ကြောင့် အနွယ်ကပဲအရင်မျက်နှာလွဲလိုက်သည်။
ရှက်ရှက်နှင့်ချောင်းတစ်ချက်ဟန့်ပြီး ရာသီဥတုအခြေအနေကိုမကြည့်ပဲ
" ဒီနေ့နေသာတယ်နော်"
ဟုပြောလိုက်သည်။
မုန်း ရှက်ယမ်းယမ်းပြီးပြောနေသည့်နှလုံးသားနွယ်လေးကို မစရမနေနိုင်ပဲထပ်စလိုက်သည်။
" မိုးတွေမဲလာနေတယ်လေ နွယ်ရဲ့"
ထိုအခါမှကောင်းကင်ကြီးကိုတစ်ချက်ပြန်ကြည့်လိုက်မိသည်။
တယ် အဟုတ် အနွယ်ပြောခါမှ မဲတတ်လာသည့် ကောင်းကင်ကြီးကြောင့် အနွယ်မိုးနတ်မင်းကိုတောင်ရိုက်ပစ်ချင်လာသည်။
" ဟယ် ဟုတ်ပါရဲ့ မိုးတွေတယ်မဲလာသကိုး"
" ဟုတ်တယ်မုန်းတို့ တစ်နေရာသွားရအောင် ဒါမှမိုးလွတ်မယ်ထင်တယ် "
" သို့ပေမဲ့ .."
ဘူးသီးကြော်သုံးခုလောက်ကျန်နေသည့်အကြော်ပန်းကန်ကိုသံယောဇဉ်အမျှင်တွယ်နေသည့် ကလေးမကြောင့် မုန်းခပ်ဟဟရီမိသည်။
မုန်းရီနေတာကိုတွေ့တော့ ထိုကလေးမက ဘုကြည့်ကြည့်လာသည်။
" အနွယ်က စားစရာတွေကို အလဟသတ်မပစ်ချင်လို့ပြောတာကိုဘာတွေလာရီနေတာတုန်း"
" မဟုတ်ပါဖူး ဟား အဲ့တာတွေထုတ်ခိုင်းလိုက်လေ လမ်းသွားရင်းစားသွားကြတာပေါ့ "
ဤအခါမှဘုဆတ်ဆတ်နှင့် ဟုတ်ဆိုပြီးခေါင်းငြိမ့်ပြလာသည်။ ထိုကျန်တဲ့ဘူးသီးကြော်သုံးခုရယ် ထပ်တိုး ဘူးသီးကြော် ၂ ခု၊ ပဲကပ်ကြော်နှစ်ခု၊ ငှက်ပြောကြော်သုံးခုထည့်လာသည်။
မုန်း ခေါင်းခါယမ်းမိသည်။ ထိုသေးသေးသေးလေးက အဲ့လောက်အများကြီးစားနိုင်ပါ့မလား။
" ဘာကြည့်နေတာလဲ နွယ်က ဒီထက်တောင်ပိုစားနိုင်ပါတယ်နော် ဟွန့်!"
စိတ်ပေါက်ပေါက်နဲ့အကြော်ထုတ်ကိုယူပြီးငွေမရှင်းပဲရှေ့ကနေကော့တော့ကော့တော့နှင့်ထွက်သွားလိုက်သည်။
မုန်းထိုအမူအရာအယာလေးကိုမြင်တော့ ထိုနွယ်ပင်လေးကိူ အသည်းတွေယားလာမိသည်။
ကျသင့်ငွေရှင်းပြီး ကားပေါ်တတ်လိုက်ပြီး ဦးတည်ထားသည့်နေရာကိုထွက်သွားလိုက်သည် ။ ကားသွားရာတစ်လျောက်လုံးစကားတစ်ခွန်းမှမပြောပဲဝယ်လာသည့်အကြော်တွေကိုသာတမြုံ့မြုံ့စားနေသည့် နွယ်ပင်လေးကို မြတ်နိုးမှုအပြည့်ဖြင့်ကြည့်လိုက်သည်။
ထိုအစားကိုသာသည်းကြီးမဲကြီးစားနေသည့်နွယ်ပင်လေးက သူ့ကိုတောင်လှည့်ကြည့်ဖော်မရပဲ သူ့အစားကိုသာ တစိုက်မတ်မတ်စားနေသည်။
တဂယ်လို့လှည့်ကြည့်လာခဲ့ရင် မုန်းက မေးခွန်းထုတ်မို့။
" တဂယ့်လို့စားရတာ မဝသေးရင် ဟန်နီ့ကိုစားမလား " ဆိုပြီး ။
မုန်း ဒီနေ့ နွယ်ပင်လေးရဲ့အကြောင်းကိုပိုပြီးနှံ့နှံ့စပ်စပ်သိလိုက်ရသည်။
သူ့ရဲ့နွယ်ပင်လေးက ဇူဇက္ကာပုဏားအသေးစားလေးဆိုတာပေ။
၂၅. ၇. ၂၀၂၂
မိုး♡
(A/Nပုဏား ကလေ ကီးဘုတ်က ပတ်ဆင့်ရိုက်လို့မရလို့ ပါ ဒါနဲ့ဒါက မောင်ကြီးတို့မရမချင်းအက်ပုဒိတ်ထပ်မပေးတော့ဖူးနော်><)
Zawgyi
ေဒၚေငြစံပယ္ခင္ သူမအတြက္ျပင္ေပးထားသည့္အခန္းထဲဝင္သြားၿပီး ေအာက္ထပ္က လူ၏ အခန္းထဲကိုဘယ္လိုခိုးဝင္ရမလဲစဥ္းစားေနမိသည္။ ေစာနက ဟိုမိန္းကေလးေျပာသလိုဆို သူတို႔လုပ္ငန္းရဲ႕အေရးႀကီးဆုံးအခ်က္အလက္ေတြကို ထိုလူ၏ အခန္းထဲမွာဝွက္ထားမွာေသခ်ာသေလာက္ပင္။
ေအာက္ထပ္မွာ ဟိုအဖြားႀကီးက ရွိေနသည္ေၾကာင့္ သြားရန္မလြယ္ကူ ။ ၿပီးေတာ့ လဲအိမ္ေစေတြက ခန႔္မွန္းထားသည္ေၾကာင့္ လႈပ္ရွားရန္မလြယ္ကူ။
ေတာက္!
ေတာက္ေခါက္သံတစ္ခ်က္က်ယ္ေလာင္စြာထြက္ေပၚလာသည္။
သားတစ္ေယာက္ရွိတာလဲဘာမွအားကိုးမရ၊ ၿမိဳ႕အုပ္မင္းျဖစ္ေနၿပီကို ခုခ်ိန္ထိ ဒီရာဇဝင္သားအဖကို မဖမ္းစီးနိုင္ေသးဖူး။ ေစာက္သုံးမက်လိဳက္တာ။ ဒီႏွစ္အေတာအတြင္း သူၿမိဳ႕အုပ္မင္းျဖစ္ဖို႔ရာ သူမ၏ အခ်ိန္ေတြအကုန္လုံးကိုသူ႕စီျမဳပ္ႏွံထားၿပီး ထိုရာဇဝင္သားအဖကို လ်စ္လ်ႉရႈထားမိသည္ေၾကာင့္ ထိုရာဇဝင္သားအဖက ပိုလို႔ေတာင္အင္အားႀကီးလာသည္။
ထိုရာဇဝင္သားအဖကို ရိုက္ခ်ဖိဳ႕က လာဘ္ေပးလာဘ္ယူစာရင္းနဲ႕တရားမဝင္ကုန္သြယ္စာရင္း ထိုႏွစ္ခုထဲက တစ္ခုရရင္ရိုက္ခ်နိဳင္ၿပီ ။ ဒါေပမဲ့ ထိုအခန္းကိုခုခ်ိန္ထိခိုးဝင္လို႔မရေသးသည္ေၾကာင့္ အခက္ေတြ႕ေနရသည္။
" စိတ္ခ်ပါ ထိုစာရင္းကို မေတြ႕ေတြ႕ေအာင္ရွာၿပီး ဒီကညီမငယ္က အကိုႀကီးအတြက္ေသခ်ာေပါက္လက္စားေခ်ေပးပါ့မယ္"
*
*
*
*
*
*
မုန္းကားေမာင္းေနရင္းႏွင့္အူျမဴးေနမိသည္။ ကုန္တိုက္ေျမေအာက္ခန္းမွာ အမွတ္မထင္ေတြ႕လိုက္ကတည္းက ထူးဆန္းတယ္လို႔ထင္ခဲ့တာ ။မေန႕ညက ဒယ္ဒီ့အခန္းထဲကိုခိုးေခ်ာင္ခိုးဝွက္ဝင္ဖို႔လုပ္ေနသည္ကိုျမင္ေတြ႕လိုက္ရတည္းက သူမ၏ သံသယက ပိုတိုးလို႔ေသခ်ာသြားရသည္။
အတိတ္ေမ့ေနသည္ဟုေျပာေသာ္လည္း ဝတ္ပုံစားပုံေျပာဆိုပုံေတြက သူ၏ ေမ့သြားေသာအတိတ္ကာလႏွင့္မတူပဲ ဒီဘက္ေခတ္အတိုင္းေျပာဆိုေနသည္။
ဒီတစ္ခ်က္ကို သူ႕ အေမအေယာင္ေဆာင္ထားသည့္အမ်ိဳးသမီးက သတိမမူမိခဲ့ေခ်။ သို႔ေပမဲ့လည္း မုန္းစဥ္းစားလို႔မရသည္က အေယာင္ေဆာင္အမ်ိဳးသမီးက ဘာျဖစ္လို႔မ်ားသူ႕အေမႏွင့္ခြၽတ္ဆြပ္တူေနရသလဲဆိုတာ။
စဥ္းစားေနရင္း ႏွင္းဆိၿမိဳင္စံအိမ္လမ္းထိပ္ကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာခဲ့သည္။ သူမ လွည့္ျပန္မည္အလုပ္ လမ္းထိပ္မွာရွိသည့္အေၾကာ္စုံေရာင္းသည့္တဲမွာ ဘူးသီးေၾကာ္ထိုင္စားေနသည့္ သူမ ၏ ႏွစ္ေယာက္မရွိသည့္ ႏြယ္ပင္ေလးကို ေတြ႕လိုက္ရသည္။ မုန္းကားေပၚကဆင္းလိုက္ၿပီး သူမရွ္ိရာဘက္ကိုေက်ာေပးထားသည့္အမ်ိဳးသမီးငယ္ေလးစီ တစ္လွမ္းျခင္းေလွ်ာက္သြားလိုက္သည္။
သူမေလးနားေရာက္ေတာ့ သူမေလး၏ အေၾကာ္ထည့္ထားသည့္ပန္းကန္ကိုၾကည့္လိုက္ေတာ့ရယ္ခ်င္သြားသည္။ ဘူးသီးေၾကာ္ေတြခ်ည္းမွာထားၿပီး အထဲက ဘူးသီးကိုဖယ္ၿပီး အျပင္ဘက္က အေၾကာ္ကိုပဲမိန္ေရရွက္ေရစားေနသည္။
သူမေလးကို စခ်င္ေစာနဲ႕အသံနဲ႕ေျခာက္လိုက္သည္။
" ဟိတ္ ! တစ္ေယာက္တည္းဘာထိုင္လုပ္ေနတာတုန္း!"
စကားသံၾကားေတာ့လူကိုေနာက္လွည့္မၾကည့္ပဲ သူ႕အေၾကာ္ပန္းကန္ကို ဖက္မထားမတတ္ဝွက္ထားသည္။ မသိရင္ထိုပုံစံေလးက ေၾကာင္ေပါက္ေလးတစ္ေကာင္က သူ႕အစာကိုလာလုမည္ဆိုး၍ ကာကြယ္ေနသေယာင္။
" ဘယ္သူတုန္း!
အယ္ ဟန္နီ!"
ႏြယ္ အေၾကာ္စားေနတုန္း ေနာက္ပါးကအသံေၾကာင့္မသိစိတ္ကေန အေၾကာ္ပန္းကန္ကိုကာကြယ္လိုက္ၿပီး ေနာက္ပါးက လူကိုလွည့္ၾကည့္မိသည္။
" အယ္ ဟန္နီ ဟန္နီက ဒီဘက္ကိုဘာလာလုပ္တာတုန္း!"
မုန္းသူေရွ႕မွာ အဆီေတြေပပြေနသည့္ႏႈတ္ခမ္းေလးနဲ႕ေထာ္ေထာ္ၿပီးေျပာလာသည့္ႏႈတ္ခမ္းပါးေလးကို သူမစီမွာအသင့္ပါလာသည့္လက္ကိုင္ပုဝါေလးႏွင့္ခပ္ဖြဖြသုတ္ေပးမိသည္။
အႏြယ္ ႐ုတ္ခ်ည္းျပဳမႈလိုက္သည့္ဟန္နီ၏ အျပဳအမႈေၾကာင့္ အခုန္ျမန္ေနေသာႏွလုံးသားေလးက ႏွစ္ဆတိုး၍ ပိုအခုန္ျမန္လာခဲ့သည္။ ႏွလုံးခုန္သံေတြကအျပင္ဘက္ထိတိုးထြက္ေနသေယာင္ျဖစ္ေနသည့္ေၾကာင့္ မိမိ၏ ႏွလုံးခုန္သံကိုဟန္နီၾကားသြားမလားေတာင္စိုးရိမ္ေနမိသည္။
အႏြယ္ႏွင့္ဟန္နီတစ္ေယာက္မ်က္ႏွာတစ္ေယာက္စိုက္ၾကည့္ေနသည္မွာ အခ်ိန္အေတာ္ၾကာသြားသည္ ေၾကာင့္ အႏြယ္ကပဲအရင္မ်က္ႏွာလြဲလိုက္သည္။
ရွက္ရွက္ႏွင့္ေခ်ာင္းတစ္ခ်က္ဟန႔္ၿပီး ရာသီဥတုအေျခအေနကိုမၾကည့္ပဲ
" ဒီေန႕ေနသာတယ္ေနာ္"
ဟုေျပာလိုက္သည္။
မုန္း ရွက္ယမ္းယမ္းၿပီးေျပာေနသည့္ႏွလုံးသားႏြယ္ေလးကို မစရမေနနိုင္ပဲထပ္စလိုက္သည္။
" မိုးေတြမဲလာေနတယ္ေလ ႏြယ္ရဲ႕"
ထိုအခါမွေကာင္းကင္ႀကီးကိုတစ္ခ်က္ျပန္ၾကည့္လိုက္မိသည္။
တယ္ အဟုတ္ အႏြယ္ေျပာခါမွ မဲတတ္လာသည့္ ေကာင္းကင္ႀကီးေၾကာင့္ အႏြယ္မိုးနတ္မင္းကိုေတာင္ရိုက္ပစ္ခ်င္လာသည္။
" ဟယ္ ဟုတ္ပါရဲ႕ မိုးေတြတယ္မဲလာသကိုး"
" ဟုတ္တယ္မုန္းတို႔ တစ္ေနရာသြားရေအာင္ ဒါမွမိုးလြတ္မယ္ထင္တယ္ "
" သို႔ေပမဲ့ .."
ဘူးသီးေၾကာ္သုံးခုေလာက္က်န္ေနသည့္အေၾကာ္ပန္းကန္ကိုသံေယာဇဥ္အမွ်င္တြယ္ေနသည့္ ကေလးမေၾကာင့္ မုန္းခပ္ဟဟရီမိသည္။
မုန္းရီေနတာကိုေတြ႕ေတာ့ ထိုကေလးမက ဘုၾကည့္ၾကည့္လာသည္။
" အႏြယ္က စားစရာေတြကို အလဟသတ္မပစ္ခ်င္လို႔ေျပာတာကိုဘာေတြလာရီေနတာတုန္း"
" မဟုတ္ပါဖူး ဟား အဲ့တာေတြထုတ္ခိုင္းလိုက္ေလ လမ္းသြားရင္းစားသြားၾကတာေပါ့ "
ဤအခါမွဘုဆတ္ဆတ္ႏွင့္ ဟုတ္ဆိုၿပီးေခါင္းၿငိမ့္ျပလာသည္။ ထိုက်န္တဲ့ဘူးသီးေၾကာ္သုံးခုရယ္ ထပ္တိုး ဘူးသီးေၾကာ္ ၂ ခု၊ ပဲကပ္ေၾကာ္ႏွစ္ခု၊ ငွက္ေျပာေၾကာ္သုံးခုထည့္လာသည္။
မုန္း ေခါင္းခါယမ္းမိသည္။ ထိုေသးေသးေသးေလးက အဲ့ေလာက္အမ်ားႀကီးစားနိုင္ပါ့မလား။
" ဘာၾကည့္ေနတာလဲ ႏြယ္က ဒီထက္ေတာင္ပိုစားနိုင္ပါတယ္ေနာ္ ဟြန႔္!"
စိတ္ေပါက္ေပါက္နဲ႕အေၾကာ္ထုတ္ကိုယူၿပီးေငြမရွင္းပဲေရွ႕ကေနေကာ့ေတာ့ေကာ့ေတာ့ႏွင့္ထြက္သြားလိုက္သည္။
မုန္းထိုအမူအရာအယာေလးကိုျမင္ေတာ့ ထိုႏြယ္ပင္ေလးကိူ အသည္းေတြယားလာမိသည္။
က်သင့္ေငြရွင္းၿပီး ကားေပၚတတ္လိုက္ၿပီး ဦးတည္ထားသည့္ေနရာကိုထြက္သြားလိုက္သည္ ။ ကားသြားရာတစ္ေလ်ာက္လုံးစကားတစ္ခြန္းမွမေျပာပဲဝယ္လာသည့္အေၾကာ္ေတြကိုသာတၿမဳံ႕ၿမဳံ႕စားေနသည့္ ႏြယ္ပင္ေလးကို ျမတ္နိုးမႈအျပည့္ျဖင့္ၾကည့္လိုက္သည္။
ထိုအစားကိုသာသည္းႀကီးမဲႀကီးစားေနသည့္ႏြယ္ပင္ေလးက သူ႕ကိုေတာင္လွည့္ၾကည့္ေဖာ္မရပဲ သူ႕အစားကိုသာ တစိုက္မတ္မတ္စားေနသည္။
တဂယ္လို႔လွည့္ၾကည့္လာခဲ့ရင္ မုန္းက ေမးခြန္းထုတ္မို႔။
" တဂယ့္လို႔စားရတာ မဝေသးရင္ ဟန္နီ႕ကိုစားမလား " ဆိုၿပီး ။
မုန္း ဒီေန႕ ႏြယ္ပင္ေလးရဲ႕အေၾကာင္းကိုပိုၿပီးႏွံ႕ႏွံ႕စပ္စပ္သိလိုက္ရသည္။
သူ႕ရဲ႕ႏြယ္ပင္ေလးက ဇူဇကၠာပုဏားအေသးစားေလးဆိုတာေပ။
၁၇. ၇. ၂၀၂၂
မိုး♡
(A/Nပုဏား ကေလ ကီးဘုတ္က ပတ္ဆင့္ရိုက္လို႔မရလို႔ ပါ ဒါနဲ႕ဒါက ေမာင္ႀကီးတို႔မရမခ်င္းအက္ပုဒိတ္ထပ္မေပးေတာ့ဖူးေနာ္><)