ချစ်ခြင်းတို့အလွန်

By maiyuri18

1M 54.4K 2K

ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final

အပိုင်း(၅၁)

13.5K 746 49
By maiyuri18

" ကလေးငယ်...ကိုယ်ပါကွာ ၊ ခဏလောက် စကားပြောခွင့်ပြုပါနော် "

" ဘာတွေ လာပြောနေလဲ လွတ်စမ်း ....ကျုပ်ကို လက်ကိုလွတ် "

လက်နှစ်ဖက်ကို ဆွဲချုပ်ထားသော ထိုလူလက်အတွင်းမှ လွတ်အောင် ရုန်းကန်ရင်း ကိုယ်ရှေ့မှ သနားစရာမျက်နှာ ဟန်ဆောင်နေသော သည်လူကို စိတ်ရှိတိုင်း ရိုက်သတ်ချင်မိသည်။ လူပလီ၊ ကလိမ်ကကျစ် ဉာဏ်ရောင်စုံကို သူတက်ကျွမ်းတယ်၊ ဖြူစင်တဲ့ အရောင်ကို လှလှပပ ဆေးခြယ်တဲ့နေရာ ၊ သူတပါးဘဝကို ရက်ရက်စက်စက်လဲဖြိုနေရာမှ အန်မတန်ကျွမ်းကျင်လှသည်။ အကွက်ကျကျ စီမံလို့ အဖြူထည်ဘဝကို နှင်းချေ ခဲ့ပြီးမှ ဘာကို လာတောင်းပန်လဲ ၊ ဘာတွေအတွက်များ တယုတယ စကားလုံးတွေ၊ ငိုချင်းရှည်တွေနဲ့ သီကျူးချင်နေလဲ။ တစ်ချိန်တခါ ခဲမှန်ဖူးသူမို့ အသံကြားရင် လန့်တက်တဲ့စိတ်က တိုးဝင်လာတယ်၊ တစ်ကြိမ်ဆိုရင် လုံလောက်ပြီ၊ တစ်ကြိမ်ခံရဖူးတာနဲ့ သေလူလို အသက်မဲ့ရှင်သန်မူတွေ နာကျင်မူများစွာ ပွေ့ပိုက်ပြီး စွန့်ပစ်မူတွေပါ ခါးစည်းခံခဲ့ရဖူးသည်။ တော်ပြီ .....ဆက်တွေးရင်ခွင့်မလွတ်နိုင်ထက် ကိုယ့်မျက်စိအမြင်ရှေ့ကို ကြည့်မနေချင်သည်အထိ နာကျည်းမူ ထုထည်က ကြီးစိုးနေလို့ သည်လူကို မမြင်လိုဘူး၊ သည်လူ ပြောစကား ခါးသက်လှသည်။ သားငယ်တည်ရှိမူသာ မရှိခဲ့ပါရင် ၊ သားငယ်အသိလေးထဲ သည်လူက သားဒယ်ဒီ မဟုတ်ပါရင် သံသရာတစ်ကွေ့ ထပ်ဆုံဖို့ မမျှော်လင့်သလို သူနဲ့တွေ့ဆုံဖူးသည့် ရေစက်ဆိုးကို အပြီးတိုင်ဖြတ်တောက်မည်။ ခုတော့ သားငယ်၏ ဖခင် ၊ သားငယ်တမ်းတခေါ်ဝေါ်နေပါသော ဒယ်ဒီဆိုတဲ့စကားစု ကို သည်လူက နေရာရထားသည်၊ ကျွန်တော် လက်လွန်စပါယ် လုပ်၍ မဖြစ်နိုင် ၊ စိတ်ရှိတိုင်းပေါက်ကွဲ ရရင် သည်လူ လူလောကအလယ် ရပ်တည်ဖို့မဖြစ်နိုင်အောင် တန်ပြန်မူပေးချင်သည်။ ခုတော့ ...သားငယ် ဟုသော သွေသားစကားတွေကြောင့် ရှောင်နိုင်သမျှ ၊ တက်နိုင်သမျှ မမြင်လိုပြီ။

" မရုန်းပါနဲ့ ကလေးရာ ၊ ကိုကို တောင်းပန်တယ်နော် ကိုယ်သိပ်မိုက်မဲခဲ့တယ် ကလေးအပေါ် လူမဆန်ခဲ့ဘူး ၊ ကိုယ် မှားခဲ့ပါတယ်ကွာ ...ကိုကိုလေ...အခု နောင်တ ရနေပါပြီ ၊ ကိုကို အမှားတွေအတွက် ပူလောင်နေရပါပြီကွာ ...ကိုကိုတောင်းပန်ပါတယ်ကလေးရာ "

" ဘာ...ဘာတွေ လာပြောနေလဲ ၊ ခင်များ ကို မမြင်ချင်ဘူး ၊ လူယုတ်မာ လွတ်စမ်း ကျုပ်ကို ..ဖယ်"

" ဟုတ်ပါတယ် ကိုယ် ယုတ်မာခဲ့မိပါတယ် ၊ ခု ကိုကိုတောင်းပန်တာကို လက်ခံပေးပါကလေးရာ နော် ကိုယ်တို့ အစကနေ ပြန်စကြမယ်လေ ကိုကို အရာအားလုံးပြုပြင်နေပါတယ် ကလေးကို စိတ်မညစ်ရအောင် ထားမှာပါ ကွာ ...ကိုကိုတို့ ပြန်စကြအောင် "

" ဟား......ဘာ...ဘာတဲ့ ၊ ခင်များ ဘာပြောလိုက်တယ် ပြန်စ ကြရအောင် ဟုတ်လား .ဟား..."

" ကလေးငယ်...ကိုယ် ...ကိုယ်ပြောတာက "

ကျွန်တော်ပြောစကားတွေကို ပစ်ပါယ်ခြင်း စာအုပ်ထဲ သော့ခတ်သိမ်းထားပြီထင်ပါရဲ့ ၊ ဘာပြောပြော ကလေးငယ်က လက်မခံနိုင်သလို ကျွန်တော်တည်ရှိမူကိုပါ မေ့ပျောက်ထားခဲ့တယ်။ ကလေးငယ် ရက်စက်ခဲ့တာ မမှားသော လုပ်ရပ်မို့ ကိုယ်ဘက်က အစကထက်ပို၍ တိုးပြီး ကြိုးစား တောင်းပန်ရမှာပဲ။ ဘယ်သူမှမလုပ်တဲ့ ကိုယ့်လုပ်ရပ်မို့ ကိုယ်ဆီ ပြန်လှည့်လာတဲ့ ဆင်းရဲဒုခ ဒဏ်က တန်ပြန်လာတဲ့အခါ ထုထည်ကြီးမားလှသည်။ ကိုယ်အမှားတွေပါကွာ ...သူရဲ့လှောင်ရယ်သံတွေကြား ကျွန်တော့်ကမ္ဘာပျက်နေပြီ၊ ကလေးငယ်ရဲ့ ခြောက်ကပ်ကပ် တန်ပြန်စကားတွေကြား ကျွန်တော် နေစရာမရှိခဲ့ပြီ။ ကျွန်တော် တချိန်က သိပ်မိုက်မဲခဲ့မိသည်။ ခွင့်မလွတ်သူက အပြစ်မဟုတ်ဘဲ လုပ်ရပ်သည်က လူမဆန်ခဲ့သောကြောင့် ၊ မည်သို့ပင် တန်ပြန်နေပါစေ ကျွန်တော်မိသားစု ပြန်လည်ပေါင်းစပ်နိုင်ရန်က မူလပထမ ရည်ရွယ်ချက်မို့ ပိုကြိုးစားမည်၊ သူတို့လေးတွေတည်ရှိမူကို ခွန်အားအဖြစ်ပြောင်းပြီး ရနိုင်မည့်အခွင့်အရေး အားလုံးကိုအသုံးချ၍ ကျွန်တော် ဒူးထောက်တောင်းပန်မည်။

" ကိုယ်ကို မပစ်ပါယ်ပါနဲ့တော့ကွာ ကိုယ်နောင်တရနေပါပြီ၊ ကိုယ်အမှားတွေအတွက် ကိုယ် အသုံးချမိတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်ကလေးရာ၊ ကိုယ်ကို ခွင့်လွတ်ပေးပါ ကိုယ်တို့မိသားစုလေး ရှိနေပြီလေ ကိုယ်တို့ရဲ့ သားလေးအပေါ်မှာ ကိုယ် ဖခင်ကောင်းပီသ ပါစေမယ် ကလေးရယ် "

ရုတ်တရက် ကိုယ်ရှေ့မှာ ဒူးထောက်လာသော ဟိုလူကို ကြည့်ပြီးအံ့ဩမိတယ် ၊ ဘေးလူတွေ ကြည့်နေမှာ နောက်ပြီး ကိုယ်မရင်းနှီးတဲ့နေရာစိမ်း ဒီလို နေရာမျိုးမှာတောင် အရူးကွက်တွေနှင်းနိုင်သူ ၊ သိပ်ကိုခမ်းနားကြီးကျယ်လှပါတယ် နာမည်ရဖူးသူက ခုတော့ ..ဘာမဟုတ်တဲ့ နေရာလေးမှာ သူ့အတွက်ဆိုပြီး ။ တစ်ချိန်ကသာ ၁%လောက် ကျွန်တော်အပေါ်  ဖြူစင်ခဲ့ပါရင်၊ အလိမ်အညာမပါ  စစ်မှန်သော ခံစားချက်တွေသာ ဖော်ပြခဲ့ရင် ....ခုတော့ အားလုံးနောက်ကျကုန်ပြီ၊ ဘယ်လို မှ ဖြည့်တွေးပေးလို့ မှ မရတဲ့သူ ၊ နောင်တ တရားနှင့်ပဲ ထိုက်တန်သူ ။

" ဘယ်တွေတောင် အရှက်မဲ့နေလဲ ခင်များ အသိရှိသေးလား .ဟမ်၊ ဖယ်စမ်းပါ "

" မရှိဘူး ကလေးငယ်၊ ကလေးငယ်တို့သားအဖကလွဲ က်ုကို ဘာအရာမှ ဂရုမစိုက်ဘူး ထင်ချင်သလိုထင်ကြပါစေ ကိုယ်  ဂရုမစိုက်ဘူး ကလေးငယ်၊ ကိုကို့အမှားတွေအတွက် ကိုယ်ကို ပြန်လည်ပြင်ဆင်ခွင့်လေး ပေးပါ ၊ ကလေးငယ်အပေါ် လုပ်ခဲ့မိတဲ့ လူမဆန်တဲ့လုပ်ရပ်တွေအတွက် တောင်းပန်ပါတယ်၊ ကိုယ်ကို မိသားစု ဘဝ လေးပေးပါ ကလေးရာ၊  သားငယ်နှင့် ကလေးငယ် ကိုယ် ကာကွယ်စောင့်ရှောက်ပါ့မယ်၊ ကိုယ့်အမှားတွေ ပြုပြင်ခွင့်ပေးပါ ၊ ကလေးငယ်တို့မိသားစုလေးရဲ့ အိမ်ထောင်ဦးစီးဖြစ်ခွင့်ပေးပါ ကလေးရယ်၊ တောင်းပန်ပါတယ် ကိုကို တောင်းပန်ပါတယ် ကလေးရာ"

" အ. ခင်များလွတ် ...ကျုပ်က ခင်များကိုမမြင်လိုဘူး ပြောထားတယ်မဟုတ်လား ၊ ခင်များ နားမလည်ဘူးလား ...ဖယ်စမ်း "

"မဖယ်နိုင်ဘူး ကလေးငယ်၊ ကိုကို တောင်းပန်မူကို လက်ခံပေးပါ၊ ကိုယ်ကို ပြန်လည်ပြင်ဆင်ခွင့်လေး ပေးပါ ...."

တယောက်က ဆွဲ နောက်တစ်ယောက်က ချုပ်ကိုင်ထားသော လက်တစ်စုံကို လွတ်လပ်ဖို့ တွန်းကန်ဖယ်ရှားရင်း ခံပြင်းမူတို့ ဖြင့် တစ်ချက် စောင့်တက်လာသော ဒေါသအဟုန်ကို အမြင့်ဆုံးထိပို့ပြီး ရှိသမျှ အားကိုစုရင်း တွန်းလွတ်နေမိသည်။

" လူလိုပြော လူလိုနားမလည်တဲ့လူ "

" မရုန်းပါနဲ့ကွာ...ကိုယ် တောင်းပန်ပါတယ် ကလေးရာ"

သူ ချုပ်သမျှကို မနည်းသောရုန်းကန်မူကြောင့် လွတ်ထွက်လာသော ညာလက်ကို လွဲမြောက်ပြီး ရိုက်ချမိသည်၊ နာကျင်ပါစေ ရည်ရွယ်ပြီး မည်သူ့ကိုမှ အသားနာအောင်မရွယ်ဖူးတဲ့ ကျွန်တော်က ခုတော့ ။

" ကဲဟယ်...ဖြန်း ! ...လွတ်စမ်း ခင်များက အသားနာချင်နေတာ "

"ရိုက်ပါ ...ကလေး ကျေနပ်သည်အထိ ရိုက်ပါ ကိုယ် တောင်းပန်နေတာကို လက်ခံပေးပါ ၊ ကိုယ့်ကို ပြင်ဆင်ခွင့်ပေးပါ...သားသားကို ထွေးပွေ့ခွင့်ပေးပါ...ကလေးရာ"

"တောက်....လူပါးဝလို့....သားသားကို ထွေးပွေ့ခွင့် ပေးရမယ်တဲ့ ......ဖြန်း !

"အဲ့ဒါ ခင်များပါးစပ်က သားလို့ ခေါ်လို့ ၊ မှတ်ထား ခင်များပါးစပ်က သားလို့ ခေါ်ခွင့်မရှိဘူး ၊မတန်မရာ မပြော မိစေနဲ့ ကျုပ် အရင်က လို ခင်များလုပ်ချင်ရာကို ခေါင်းငုံ့ခံမယ့်သူ မဟုတ်တော့ဘူး ၊ မှတ်ထား ! ခင်များကြောင့်ဆိုရင် ကျုပ်သားက လူလောက အလယ်ရောက်လာစရာ အကြောင်းမရှိဘူး ၊ ခင်များက သားငယ် ဖခင်နေရာမပြောနဲ့  ဖခင် အမည်လေးအဖြစ်နဲ့တင် ရှိမနေသင့်တဲ့သူဆိုတာ ခင်များသိထားသင့်တယ် ..တောက်....လူပါးဝ လိုက်တာ.."

" တောင်းပန်ပါတယ် ကလေးရာ ၊ ကိုယ် နောင်တ ရနေပါပြီ ....ကိုယ် အနူးအညွှတ်တောင်းပန်ပါတယ် ကွာ..."

လူပါးဝလိုက်တာ ...မတန်ရာမှန်းပြောရက်တယ် * မိသားစုဘဝလေး ပေးပါတဲ့ , အဟက် ဒင်းကြောင့်သာဆိုရင် သားငယ်က လူဘဝရောက်လာမှမဟုတ်ဘူး ၊ အရာရာကိုပေါ့ပေါ့တန်တမ်တွေးပြီး လိင်ကျွန်အဆင့်သာသာ နေခဲ့မိတဲ့ တစ်ချိန်က ကိုယ်ကိုကိုယ်လည်း မုန်းတီးရွံ့ရာမိတယ်။ * အချစ်ဆိုတဲ့ စကားစုနဲ့ ကျွန်တော်က allergic ရှိပုံပေါ်တယ်  ကိုယ်အပေါ်  နှင်းချေမယ့်သူကြ ကိုယ်ဘက်က မေတ္တာအစစ်အမှန်ပေးသလောက် ကိုယ်ဘဝသာ ပျက်စီးခဲ့ရသည်။ ၁၅၀၀ အချစ်က ပူလောင်တာ မဟုတ်ဘူး မီးပုံလိုပဲ ဘဝပါ လောင်တာ အတိတ်ကုသိုလ်ကံကောင်းခြင်းကြောင့်သာ မမတို့လို လူကြီးသူမ တွေနဲ့ဆုံရတာ အကယ်၍ ကံမကောင်းခဲ့ရင် ခုချိန် ဘယ်နေရာမှာများ ခွေးဖြစ်နေမလဲ၊ ဘယ်နေရာမှာများ သားငယ်ကို ချို့တဲ့စွာ ကြီးပြင်းစေရမလဲ ၊ ကိုယ်တိုင်ကရော အရိပ်မဲ့ ပူလောင်တဲ့ လောက ကြီး ထဲ ဘယ်လိုမျိုးရုန်းကန်နေရမယ် တွေးမိတိုင်း အံ့ကိုတင်းတင်းကြိတ်ပြီး သည်လူအပေါ် နာကျည်းမူက ထပ်ဆင့်တိုးလျှက်။ လုံးဝ ခွင့်မလွတ်ဘူး ၊ သားငယ် မျက်နှာ ကြည့်ပြီး ရှေ့ဆက်မယ့်နေရက်တွေထဲမှာ သည်လူ မပါစေရဘူး ။

" တောက်...ဆက်လိုက်မလာနဲ့ ၊ သားငယ်ရှေ့ drama ခင်းပြဖို့မကြိုးစားနဲ့ ခင်များအကြောင်း တွေ အကုန် ဖွင့်ချပစ်မယ်"

" ကလေးရာ...."

————————————————————————————————————————

" အစ်ကို ...ဒီညနေ ငကောင်းရောက်မယ်တဲ့ အစ်ကို ...မောင် တို့ သွားတွေ့ကြမယ်နော်၊ အစ်ကို ငကောင်းက မောင်ကို မုန်းနေမလား အစ်ကို၊ ခွင့်....ခွင့်လွတ်နိုင်ပါ့မလား..ဟင် ကျွန်..ကျွန်တော်စိုးရိမ်မိတယ် အစ်ကို"

နေ့လည်စာ စားချိန်ပြီး အနားယူနေသော အစ်ကိုရင်ခွင်ထဲ ကလန့်ကလား ကျွန်တော့်အရပ်ကို ခွေခေါက်ပြီး တိုးဝင်နေမိသည်၊ အားကိုးရာ ဒီလူသားဆီက အပြုံးလေးတစ်ပွင့်လိုချင်သည်မို့ ကျွန်တော်အမျိုးသားဆီသို့ အချွဲပိုနေခြင်း။ ကျွန်တော်လုပ်သမျှကို အသံထွက်ရယ်မောပြီး သဘောကြနေတဲ့အစ်ကိုက ကျွန်တော်ဘယ်တော့မှ လက်မလွတ်မယ့်သူ ၊ ကျွန်တော့်မြတ်နိုးခြင်းတွေ အကုန်ပုံအပ်လို့ ကျွန်တော်တို့နှစ်ယောက်နေ့ရက်သည် ကြည်လင်နေဆဲ၊ နှစ်ဖက်မိဘများ ကြည်ဖြူသဘောကျသည်မို့ အစ်ကိုသည်ကား ကျွန်တော် ဘဝကိုကယ်တင်သူ တစ်ဖြစ်လဲ အချစ်တည်မှီးရာ နေရပ်၊ ကျွန်တော့နှလုံးသား ရှိရာအရပ် .အစ်ကို အပြုံးလေးပေါ် တစ်ချက်နမ်းရိူက်ပြီး တင်းကျပ်စွာ ဖက်ထားမိသည်။

" ဖြေးဖြေး ...မောင် အတင်း မ, ဖက်နဲ့ ကိုယ်နာတယ်လို့ "

" ဟုတ်လား..မောင်ကြည့်မယ် ...အုံ့ဖွပေးမယ်လေ "

" ကဲ ကောင်လေး စကားကောင်းပြောနေတယ်နော် "

"အွန်း..."

" ကောင်းပြည့် မောင်ကိုခွင့်လွတ်မှာပါ ၊ သူ့ သိပ်ခင်တွယ်မိတဲ့ သူငယ်ချင်းကို ၊ ခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေမှာ မောင်အမှားမရှိခဲ့ပါဘူးကွာ၊ အတိတ်ဆိုးတွေကို နာကျင်ရလို့ အစ်ကိုတို့လွတ်ချလိုက်ရအောင်၊ ရှေ့ဆက်နေ့ရက်တွေမှာပဲ သူတို့လေးတို့သားအဖကို အစ်ကိုတို့က ချစ်ပေးကြမယ်လေ အကောင်းဆုံးဆိုတာတွေ ဖြည့်ဆည်းပေးပြီး အစ်ကိုတို့အရင်ကလို ပျော်ပျော်ရွှင်ရွှင်နေကြမယ်လေ မောင်ရ ၊ မောင်ကို မောင်လည်း နာကျင်ရတဲ့အတိတ်တွေကနေ ရုန်းထွက်ခဲ့ပါတော့ ၊ ပျော်စရာတွေ အစ်ကိုတို့ ဘယ်လိုဖန်တီးကြမလဲပဲ စဉ်းစားရအောင်နော် မောင် "

"ကိုကို!  မောင်လေ....ကိုကို့ သိပ်ကျေးဇူးတင်တာ မောင်အပေါ် နားလည်ပေးပြီး သိပ်ချစ်တက်တဲ့ အမျိုးသား၊ ဘယ်တော့မှစိတ်ပျက်ခြင်းမရှိဘဲ အမြဲ ချစ်ပေးတဲ့ သူမျိုးကို မောင်လက်တွဲခွင့်ရတာ မောင်အတွက် ဘုရားက သီးသန့်ဖန်တီးပေးတဲ့အလားပဲ၊ မောင် အရမ်းကျေးဇူးတင်တယ်နော် ၊ ပြီး...ပြီးတော့ အစ်ကို ကို့သိပ်ချစ်တယ်၊ အမြဲစိတ်ချမ်းသာစေရပါ့မယ် နော်"

" ဟုတ်ပါပြီမောင်ရ ...ဖယ်အုံး ကိုယ် အလုပ်ပြန်သွားစရာရှိသေးတယ် ဆို "

" မလုပ်နဲ့ တစ်ခဏ လောက်မောင်နဲ့ ဒီလိုလေးနေပေး ...ဖက်ထားပေးအုံး မောင်ကို"

" ဟ..ဟား...မောင်က ကလေးလေးလား ဟမ်၊ ဘာလိုများ ဒီလောက်ချွဲနေလဲ "

ကိုယ်ရင်ခွင်ထဲ ကလေးတယောက်လိုအတင်းတိုးဝှေ့ ကပ်ချွဲနေတဲ့ကလေးကြီးကို ကြည့်ပြီး တွန်းလို့မရ၊ ဖယ်လို့မရ ဒီ၆ ပေကျော်အရပ်နဲ့ ကလေးကြီးက ဘယ်နေရာကများကလေးဆန်ချင်နေလဲ ။

" အင်း အစ်ကို့ ကလေးလေး ...ပြွတ်စ်"

" အ..ဟား...မောင် ...မလုပ်နဲ့ ယားတယ်လို့....မောင် "

ကျွနိတော့်ရင်ခွင်ထဲ ခေါင်းဝှေ့တိုးပြီး လည်ပင်းသား ပတ်ခြာလည်ကို အနမ်းပေးနေတဲ့မောင်က ကလေးမဟုတ်သော လူဆိုးကြီး ၊ မောင်အနမ်းတွေကြောင့် နောက်နေ့အရာထင်မှာမြင်ယောင်မိလို့ အတင်းဖယ်နေသောလည်း အားကြီးသော မောင်ကသာ အနိုင်ရစမြဲ ။ မောင်က ကလေးလေးမဟုတ်သော ကလေးဆိုးကြီး ။

အစ်ကိုက ကျွန်တော်အပေါ် သိပ်ချစ်ရှာတယ်၊ ဟိုယခင် အထင်လွဲပြီး အစ်ကိုကို့အပြစ်တင်ပြောဆိုမိခဲ့တာ ကျွန်တော်နာကျင်မဆုံး၊ အစ်ကို ဘယ်လောက်များ ထိခိုက်ရှာ မလဲ တွေးရင်း အကြိမ်ကြိမ်တောင်းပန်နေမိသည်။ နောက်မဖြစ်စေရပါဘူး ကတိပေးရင်း၊ အစ်ကို ကို စောင့်ရှောက်မယ်။ ငကောင်းနဲ့တွေ့ရမှာမို့ စိတ်တွေ မတည်ငြိမ်ဘူး၊ ကိုယ့်အမှားတွေ တချို့တဝက်ပါဝင်ခဲ့တယ် သတ်မှတ်ထားလို့ ဘယ်လိုအင်အားနဲ့တောင်းပန်ရမလဲ စကားလုံးရှာနေခဲ့တယ်။ အစ်ကိုက အမြဲအားပေးတယ် ၊ အစ်ကိုကကျွနိတော်ကို အားအင်အသစ်တွေပေးတယ်၊ နွေးထွေးမူတွေပေးတယ်၊ အစ်ကို့အချစ်တွေက ကျွန်တော့်ဘဝကို နွေးထွေးသာယာစေတယ်။ မောင် သိပ်ချစ်တယ် အစ်ကို။

——————————————————————————————————————————

တ...တီ ...တီ ကားဟွန်းသံတစ်ချို့ အိမ်ခြံဝဆီက ထွက်ပေါ်လာစဉ် ကျွန်တော်တို့အဖိုးကြီးနှစ်ယောက်နှင့် သမီးဧကရီတို့ ခေါင်းထောင်ပြီး ခြံဝဆီသို့ အကြားအာရုံ၊ အမြင်အာရုံ တို့ကို ပို့ထားမိသည်။  ခန့်ညားလွန်းလှသော နံရံကပ်နာရီကို တစ်ချက်မော့ကြည့်မိတော့ ညနေ ၄နာရီစွန်းစွန်းကို ညွှန်ပြနေသည်၊ မျှော်လင့်နေသော သူတွေများလား ၊ ဟိုဘက်အိမ်တော်က လူတွေများလားလို့ အတွေးစစတို့ဖြင့် ဦးနှောက်ကိုအလုပ်ပေးပြီး မပြေးရုံတမယ် အိမ်ရှေ့တံခါးမ ကြီးဆီသို့ ခြေချမိသည်။

" ဘဘကြီးရေ ....သခင်လေးတို့ရောက်လာကြပြီ"

ရုတ်တရက် နားထဲဝင်လာသော အိမ်အကူကောင်မလေး မိစု အသံကြားတော့ ဆက်ခနဲ မတ်တပ် ရပ်ပြီး တွေ့ချင်နေသော မျက်နှာလေးတွေအား သူထက်ငါ အရင်မြင်ရစေဖို့ငှါ သွက်လက်သော ခြေလှမ်းတို့ဖြင့် ။

"ဒယ်ဒီ မောင်လေးတို့ လာကြပြီ ၊ ဦးလေး ..လာ ..လာ...သမီးတို့ကြိုကြရအောင် "

" ဒယ်ဒီ လဲအုံးမယ်နော်...."

" ငါ ဘာမှမဖြစ်ဘူး ..မပူစမ်းနဲ့ "

" ဟား...အဲ့ဒါပဲကြည့် ဦးလေး ၊ ဒယ်ဒီက သူ့မြေးလာတာနဲ့ သမီးကို ပစ်ပါယ်ပြီ "

ခြံဝနှင့် အိမ်မကြီး ကို အနည်းငယ် နေရာခြားထားသောကြောင့် ပင်မအိမ်ရှေ့ရောက်ဖို့ အချိန်တခဏ မောင်းယူရသည်။ ကောင်းစစ် ကစားရန် နေရာအနည်းငယ်ကို အိမ်ရှေ့မျက်နှာစာ မှာ ချန်ထားပေးသောကြောင့် ၊ မောင်လေး ပန်းပင်အလှများ ပြုစုနိုင်ရန် နေရာသည်လည်း အိမ်ရှေ့မျက်နှာစာ အလွန်လေးမှာ တည်ရှိသောကြောင့် ပင်မအိမ်ရှေ့ရောက်ဖို့ အချိန်တခဏ ပေးရသည်။

"အစ်ကို...တည်မြဲ...ကျွန်တော်တို့ အိမ်မှားလာသလားဟင်."

"ဝါး......ပါးပါး အိမ်ကြီးကြီးပဲ ..."

ကျယ်ဝန်းသော ခြံကြီး ၊ အဖြူရောင်နှင့် မိုးပြာရောင်ကိုစပ်၍ သုံးထားသော ခေတ်မီ လှတဲ့ သုံးထပ်တိုက်ကြီးကို တအံ့တဩဖြစ်၍ ပိုင်ရှင် အသစ်သားအဖ ကိုကြည့်ပြီး ထိမ်းမချနိုင်အောင် အော်ရယ်မိသည်၊ ဖြူစင်လှတဲ့ ဒီသားအဖလေးကို အသည်းတယားယားဖြင့် ကောင်းစစ်ခေါင်းလေးကို ဖွပေးမ်ိပြီး အိမ်မမှားပါဘူး ဟု၍ မေးတစ်ချက်ဆက်ပြပြီး ရယ်နေမိသည်။

ရွှေဘိုက မဆင်းလာမှီ ဧကရီပို့ပေးသော လိပ်စာကို တစ်ချက်ကြည့်ပြီး သူ့ပို့လိုက်တဲ့ နေရာက လူကုံတန်အသိုင်းအဝိုင်းတ်ု့ စုရပ်၊ ခမ်းနားကြီးကျယ်လှသော တိုက်တာ အဆောက်အအုံများစွာ တည်ရှိသော အရပ်ဆိုတာ ကိုယ်တွေလည်း ထိုသို့သော ချမ်းသာတဲ့မိသားစုမှ ဆင်းသက်သူမို့ အံ့ဩစရာမရှိ ။ သည်ခြံကြီးကို ဧကရီ ဘာကြောင့်ဝယ်လိုက်တယ်ဆိုတာက အစ ၊ ဧကရီ အမည်ဖြင့် လွဲအပ်ထားသော တာဝန်ခံအဆုံး တစ်ချက်စုံစမ်းကြည့်မိတော့ ကောင်းစစ်လေး၏ တဖက်က အဖိုးပိုင်ဆိုင်မူထဲက အနည်းငယ်ဆိုတာပါ သိရပြန်သည်။ ဘယ်လောက်ချမ်းသာနေပါစေ နာမည်ကြီး ကျော်ကြားလှတဲ့ ထိပ်သီး လုပ်ငန်စုကြီးကို မကြားဖူးသူမရှိသလို ၊ တော်ရုံ မယှဉ်ပြိုင်နိုင်ဖူး ဆိုတာကအစ အကုန်သိထားသည်။ သူတို့လေးတွေ ကံကောင်းပါပြီ။

" ဟုတ်ရဲ့လား အစ်ကို အိမ်မှားလာသလားဗျ၊ တချက် မမ ဆီ ဆက်သွယ်ကြည့်ပါအုံးလား "

" ပါးပါး...ဒီမှာ..တီလေးရှိတာလားဟင်..."

"ဟား......မမှားပါဘူးကွာ ၊ မင်း မမက သိပ်ချမ်းသာတာ ခုမှသိရတယ်ထင်တယ်၊ ကောင်းစစ် ဟိုမှာ ကြည့်လိုက် ဘယ်သူတွေလဲ "

အစ်ကို တည်မြဲ စကားသံအဆုံး တဖြေးဖြေး ငြိမ့်ဆင်းစွာ ရပ်သွားသော ကားပေါ်မှ မနီးမဝေးမှာ ရပ်နေသော လူသုံးဦးကို မြင်မိသောအခါ အံ့ဩခြင်း မျက်ရည် တို့က အစမတန်ခုန်ဆင်းကြလာသလို ၊ ရင်ခွင်ထဲမှ သားငယ်သည်လည်း ကားပေါ်မှနေ၍ ဝိုင်းစက်သွားသော မျက်ဝန်းတို့ဖြင့် နူတ်ခမ်းလေးက English အက္ခရာ O ပုံစံ လုံးဝန်း၍ အံ့ဩနေမိသည်။ သည်အိမ်ကြီးက မမအိမ်တဲ့လား ၊ ဟိုရပ်နေတဲ့ လူတွေက ဖေ...ဖေဖေများလား ဆိုသည့် မမြင်ရတာ ကြာလှသော နယ်မြို့လေးမှ ဖေဖေ ပုံစံကိုစိတ်ဖြင့်မှန်းဆ ပုံဖော်ရင်း အစ်ကိုတည်မြဲ ဖွင့်ပေးထားသော ကားတံခါးတွင်းမှ ပြန့်ပြူးလှသည့် အလှဆင်ကျောက်များပေါ်သို့ စတင်ခြေချမိသည်။

တဖြေးဖြေး ကြည့်မိတော့ ကွဲပြားထင်ရှားလာသော ဖေဖေ ပုံစံတူကို သေချာကြည့်ရင်း ပြည့်အိုင်လာသော မျက်ရည်တို့က မထိမ်းနိုင်၊ သားသား လက်ကိုဆွဲ၍ အစ်ကိုတည်မြဲကို တစ်ချက်မော့ကြည့်ရင်း စတင်ခြေလှမ်းမိသည် ။

" သား..."

" ကောင်းစစ် ..ငါ့မြေးလေး..."

" မောင်လေး..."

ရင်းနှီးနေသောခေါ်နေသံ တို့ကြား အံ့ဩကြည်နူးမူ မျက်ရည်တွေထဲမှ အပြုံးတို့ဖြင့် ခေါင်းညိတ်ပေးရင်း ကျွန်တော်လက်ထဲက သားငယ်ကို ရုတ်တရက် ပြေးဖက်လာသော ဆရာကျော်သက်ဆီ လွတ်ပေးမိသည်။ ဖေဖေ ရှေ့ ရပ်၍ လက်ခုံတို့ဖြင့် စီးကျနေသော မျက်ရည်တို့ကို သုပ်မိပြီး နှလုံးသားထဲက တမ်းတ မက်မောစွာ ခေါ်ချင်နေမိပါသော ဝေါ်ဟာရ စကားစုသည်ကား။

"ဖေ...ဖေဖေ..."

#မမအတွက် vote ပေးခဲ့မို့မမေ့နဲ့နော်
#Take care all

zawgyi

" ကေလးငယ္...ကိုယ္ပါကြာ ၊ ခဏေလာက္ စကားေျပာခြင့္ျပဳပါေနာ္ "

" ဘာေတြ လာေျပာေနလဲ လြတ္စမ္း ....က်ဳပ္ကို လက္ကိုလြတ္ "

လက္ႏွစ္ဖက္ကို ဆြဲခ်ဳပ္ထားေသာ ထိုလူလက္အတြင္းမွ လြတ္ေအာင္ ႐ုန္းကန္ရင္း ကိုယ္ေရွ႕မွ သနားစရာမ်က္ႏွာ ဟန္ေဆာင္ေနေသာ သည္လူကို စိတ္ရွိတိုင္း ရိုက္သတ္ခ်င္မိသည္။ လူပလီ၊ ကလိမ္ကက်စ္ ဉာဏ္ေရာင္စုံကို သူတက္ကြၽမ္းတယ္၊ ျဖဴစင္တဲ့ အေရာင္ကို လွလွပပ ေဆးျခယ္တဲ့ေနရာ ၊ သူတပါးဘဝကို ရက္ရက္စက္စက္လဲၿဖိဳေနရာမွ အန္မတန္ကြၽမ္းက်င္လွသည္။ အကြက္က်က် စီမံလို႔ အျဖဴထည္ဘဝကို ႏွင္းေခ် ခဲ့ၿပီးမွ ဘာကို လာေတာင္းပန္လဲ ၊ ဘာေတြအတြက္မ်ား တယုတယ စကားလုံးေတြ၊ ငိုခ်င္းရွည္ေတြနဲ႕ သီက်ဴးခ်င္ေနလဲ။ တစ္ခ်ိန္တခါ ခဲမွန္ဖူးသူမို႔ အသံၾကားရင္ လန့္တက္တဲ့စိတ္က တိုးဝင္လာတယ္၊ တစ္ႀကိမ္ဆိုရင္ လုံေလာက္ၿပီ၊ တစ္ႀကိမ္ခံရဖူးတာနဲ႕ ေသလူလို အသက္မဲ့ရွင္သန္မူေတြ နာက်င္မူမ်ားစြာ ေပြ႕ပိုက္ၿပီး စြန့္ပစ္မူေတြပါ ခါးစည္းခံခဲ့ရဖူးသည္။ ေတာ္ၿပီ .....ဆက္ေတြးရင္ခြင့္မလြတ္နိုင္ထက္ ကိုယ့္မ်က္စိအျမင္ေရွ႕ကို ၾကည့္မေနခ်င္သည္အထိ နာက်ည္းမူ ထုထည္က ႀကီးစိုးေနလို႔ သည္လူကို မျမင္လိုဘူး၊ သည္လူ ေျပာစကား ခါးသက္လွသည္။ သားငယ္တည္ရွိမူသာ မရွိခဲ့ပါရင္ ၊ သားငယ္အသိေလးထဲ သည္လူက သားဒယ္ဒီ မဟုတ္ပါရင္ သံသရာတစ္ေကြ႕ ထပ္ဆုံဖို႔ မေမွ်ာ္လင့္သလို သူနဲ႕ေတြ႕ဆုံဖူးသည့္ ေရစက္ဆိုးကို အၿပီးတိုင္ျဖတ္ေတာက္မည္။ ခုေတာ့ သားငယ္၏ ဖခင္ ၊ သားငယ္တမ္းတေခၚေဝၚေနပါေသာ ဒယ္ဒီဆိုတဲ့စကားစု ကို သည္လူက ေနရာရထားသည္၊ ကြၽန္ေတာ္ လက္လြန္စပါယ္ လုပ္၍ မျဖစ္နိုင္ ၊ စိတ္ရွိတိုင္းေပါက္ကြဲ ရရင္ သည္လူ လူေလာကအလယ္ ရပ္တည္ဖို႔မျဖစ္နိုင္ေအာင္ တန္ျပန္မူေပးခ်င္သည္။ ခုေတာ့ ...သားငယ္ ဟုေသာ ေသြသားစကားေတြေၾကာင့္ ေရွာင္နိုင္သမွ် ၊ တက္နိုင္သမွ် မျမင္လိုၿပီ။

" မ႐ုန္းပါနဲ႕ ကေလးရာ ၊ ကိုကို ေတာင္းပန္တယ္ေနာ္ ကိုယ္သိပ္မိုက္မဲခဲ့တယ္ ကေလးအေပၚ လူမဆန္ခဲ့ဘူး ၊ ကိုယ္ မွားခဲ့ပါတယ္ကြာ ...ကိုကိုေလ...အခု ေနာင္တ ရေနပါၿပီ ၊ ကိုကို အမွားေတြအတြက္ ပူေလာင္ေနရပါၿပီကြာ ...ကိုကိုေတာင္းပန္ပါတယ္ကေလးရာ "

" ဘာ...ဘာေတြ လာေျပာေနလဲ ၊ ခင္မ်ား ကို မျမင္ခ်င္ဘူး ၊ လူယုတ္မာ လြတ္စမ္း က်ဳပ္ကို ..ဖယ္"

" ဟုတ္ပါတယ္ ကိုယ္ ယုတ္မာခဲ့မိပါတယ္ ၊ ခု ကိုကိုေတာင္းပန္တာကို လက္ခံေပးပါကေလးရာ ေနာ္ ကိုယ္တို႔ အစကေန ျပန္စၾကမယ္ေလ ကိုကို အရာအားလုံးျပဳျပင္ေနပါတယ္ ကေလးကို စိတ္မညစ္ရေအာင္ ထားမွာပါ ကြာ ...ကိုကိုတို႔ ျပန္စၾကေအာင္ "

" ဟား......ဘာ...ဘာတဲ့ ၊ ခင္မ်ား ဘာေျပာလိုက္တယ္ ျပန္စ ၾကရေအာင္ ဟုတ္လား .ဟား..."

" ကေလးငယ္...ကိုယ္ ...ကိုယ္ေျပာတာက "

ကြၽန္ေတာ္ေျပာစကားေတြကို ပစ္ပါယ္ျခင္း စာအုပ္ထဲ ေသာ့ခတ္သိမ္းထားၿပီထင္ပါရဲ႕ ၊ ဘာေျပာေျပာ ကေလးငယ္က လက္မခံနိုင္သလို ကြၽန္ေတာ္တည္ရွိမူကိုပါ ေမ့ေပ်ာက္ထားခဲ့တယ္။ ကေလးငယ္ ရက္စက္ခဲ့တာ မမွားေသာ လုပ္ရပ္မို႔ ကိုယ္ဘက္က အစကထက္ပို၍ တိုးၿပီး ႀကိဳးစား ေတာင္းပန္ရမွာပဲ။ ဘယ္သူမွမလုပ္တဲ့ ကိုယ့္လုပ္ရပ္မို႔ ကိုယ္ဆီ ျပန္လွည့္လာတဲ့ ဆင္းရဲဒုခ ဒဏ္က တန္ျပန္လာတဲ့အခါ ထုထည္ႀကီးမားလွသည္။ ကိုယ္အမွားေတြပါကြာ ...သူရဲ႕ေလွာင္ရယ္သံေတြၾကား ကြၽန္ေတာ့္ကမၻာပ်က္ေနၿပီ၊ ကေလးငယ္ရဲ႕ ေျခာက္ကပ္ကပ္ တန္ျပန္စကားေတြၾကား ကြၽန္ေတာ္ ေနစရာမရွိခဲ့ၿပီ။ ကြၽန္ေတာ္ တခ်ိန္က သိပ္မိုက္မဲခဲ့မိသည္။ ခြင့္မလြတ္သူက အျပစ္မဟုတ္ဘဲ လုပ္ရပ္သည္က လူမဆန္ခဲ့ေသာေၾကာင့္ ၊ မည္သို႔ပင္ တန္ျပန္ေနပါေစ ကြၽန္ေတာ္မိသားစု ျပန္လည္ေပါင္းစပ္နိုင္ရန္က မူလပထမ ရည္႐ြယ္ခ်က္မို႔ ပိုႀကိဳးစားမည္၊ သူတို႔ေလးေတြတည္ရွိမူကို ခြန္အားအျဖစ္ေျပာင္းၿပီး ရနိုင္မည့္အခြင့္အေရး အားလုံးကိုအသုံးခ်၍ ကြၽန္ေတာ္ ဒူးေထာက္ေတာင္းပန္မည္။

" ကိုယ္ကို မပစ္ပါယ္ပါနဲ႕ေတာ့ကြာ ကိုယ္ေနာင္တရေနပါၿပီ၊ ကိုယ္အမွားေတြအတြက္ ကိုယ္ အသုံးခ်မိတဲ့အတြက္ အားလုံးကို ေတာင္းပန္ပါတယ္ကေလးရာ၊ ကိုယ္ကို ခြင့္လြတ္ေပးပါ ကိုယ္တို႔မိသားစုေလး ရွိေနၿပီေလ ကိုယ္တို႔ရဲ႕ သားေလးအေပၚမွာ ကိုယ္ ဖခင္ေကာင္းပီသ ပါေစမယ္ ကေလးရယ္ "

႐ုတ္တရက္ ကိုယ္ေရွ႕မွာ ဒူးေထာက္လာေသာ ဟိုလူကို ၾကည့္ၿပီးအံ့ဩမိတယ္ ၊ ေဘးလူေတြ ၾကည့္ေနမွာ ေနာက္ၿပီး ကိုယ္မရင္းႏွီးတဲ့ေနရာစိမ္း ဒီလို ေနရာမ်ိဳးမွာေတာင္ အ႐ူးကြက္ေတြႏွင္းနိုင္သူ ၊ သိပ္ကိုခမ္းနားႀကီးက်ယ္လွပါတယ္ နာမည္ရဖူးသူက ခုေတာ့ ..ဘာမဟုတ္တဲ့ ေနရာေလးမွာ သူ႕အတြက္ဆိုၿပီး ။ တစ္ခ်ိန္ကသာ ၁%ေလာက္ ကြၽန္ေတာ္အေပၚ ျဖဴစင္ခဲ့ပါရင္၊ အလိမ္အညာမပါ စစ္မွန္ေသာ ခံစားခ်က္ေတြသာ ေဖာ္ျပခဲ့ရင္ ....ခုေတာ့ အားလုံးေနာက္က်ကဳန္ၿပီ၊ ဘယ္လို မွ ျဖည့္ေတြးေပးလို႔ မွ မရတဲ့သူ ၊ ေနာင္တ တရားႏွင့္ပဲ ထိုက္တန္သူ ။

" ဘယ္ေတြေတာင္ အရွက္မဲ့ေနလဲ ခင္မ်ား အသိရွိေသးလား .ဟမ္၊ ဖယ္စမ္းပါ "

" မရွိဘူး ကေလးငယ္၊ ကေလးငယ္တို႔သားအဖကလြဲ က်ုကို ဘာအရာမွ ဂ႐ုမစိုက္ဘူး ထင္ခ်င္သလိုထင္ၾကပါေစ ကိုယ္ ဂ႐ုမစိုက္ဘူး ကေလးငယ္၊ ကိုကို႔အမွားေတြအတြက္ ကိုယ္ကို ျပန္လည္ျပင္ဆင္ခြင့္ေလး ေပးပါ ၊ ကေလးငယ္အေပၚ လုပ္ခဲ့မိတဲ့ လူမဆန္တဲ့လုပ္ရပ္ေတြအတြက္ ေတာင္းပန္ပါတယ္၊ ကိုယ္ကို မိသားစု ဘဝ ေလးေပးပါ ကေလးရာ၊ သားငယ္ႏွင့္ ကေလးငယ္ ကိုယ္ ကာကြယ္ေစာင့္ေရွာက္ပါ့မယ္၊ ကိုယ့္အမွားေတြ ျပဳျပင္ခြင့္ေပးပါ ၊ ကေလးငယ္တို႔မိသားစုေလးရဲ႕ အိမ္ေထာင္ဦးစီးျဖစ္ခြင့္ေပးပါ ကေလးရယ္၊ ေတာင္းပန္ပါတယ္ ကိုကို ေတာင္းပန္ပါတယ္ ကေလးရာ"

" အ. ခင္မ်ားလြတ္ ...က်ဳပ္က ခင္မ်ားကိုမျမင္လိုဘူး ေျပာထားတယ္မဟုတ္လား ၊ ခင္မ်ား နားမလည္ဘူးလား ...ဖယ္စမ္း "

"မဖယ္နိုင္ဘူး ကေလးငယ္၊ ကိုကို ေတာင္းပန္မူကို လက္ခံေပးပါ၊ ကိုယ္ကို ျပန္လည္ျပင္ဆင္ခြင့္ေလး ေပးပါ ...."

တေယာက္က ဆြဲ ေနာက္တစ္ေယာက္က ခ်ဳပ္ကိုင္ထားေသာ လက္တစ္စုံကို လြတ္လပ္ဖို႔ တြန္းကန္ဖယ္ရွားရင္း ခံျပင္းမူတို႔ ျဖင့္ တစ္ခ်က္ ေစာင့္တက္လာေသာ ေဒါသအဟုန္ကို အျမင့္ဆုံးထိပို႔ၿပီး ရွိသမွ် အားကိုစုရင္း တြန္းလြတ္ေနမိသည္။

" လူလိုေျပာ လူလိုနားမလည္တဲ့လူ "

" မ႐ုန္းပါနဲ႕ကြာ...ကိုယ္ ေတာင္းပန္ပါတယ္ ကေလးရာ"

သူ ခ်ဳပ္သမွ်ကို မနည္းေသာ႐ုန္းကန္မူေၾကာင့္ လြတ္ထြက္လာေသာ ညာလက္ကို လြဲေျမာက္ၿပီး ရိုက္ခ်မိသည္၊ နာက်င္ပါေစ ရည္႐ြယ္ၿပီး မည္သူ႕ကိုမွ အသားနာေအာင္မ႐ြယ္ဖူးတဲ့ ကြၽန္ေတာ္က ခုေတာ့ ။

" ကဲဟယ္...ျဖန္း ! ...လြတ္စမ္း ခင္မ်ားက အသားနာခ်င္ေနတာ "

"ရိုက္ပါ ...ကေလး ေက်နပ္သည္အထိ ရိုက္ပါ ကိုယ္ ေတာင္းပန္ေနတာကို လက္ခံေပးပါ ၊ ကိုယ့္ကို ျပင္ဆင္ခြင့္ေပးပါ...သားသားကို ေထြးေပြ႕ခြင့္ေပးပါ...ကေလးရာ"

"ေတာက္....လူပါးဝလို႔....သားသားကို ေထြးေပြ႕ခြင့္ ေပးရမယ္တဲ့ ......ျဖန္း !

"အဲ့ဒါ ခင္မ်ားပါးစပ္က သားလို႔ ေခၚလို႔ ၊ မွတ္ထား ခင္မ်ားပါးစပ္က သားလို႔ ေခၚခြင့္မရွိဘူး ၊မတန္မရာ မေျပာ မိေစနဲ႕ က်ဳပ္ အရင္က လို ခင္မ်ားလုပ္ခ်င္ရာကို ေခါင္းငုံ႕ခံမယ့္သူ မဟုတ္ေတာ့ဘူး ၊ မွတ္ထား ! ခင္မ်ားေၾကာင့္ဆိုရင္ က်ဳပ္သားက လူေလာက အလယ္ေရာက္လာစရာ အေၾကာင္းမရွိဘူး ၊ ခင္မ်ားက သားငယ္ ဖခင္ေနရာမေျပာနဲ႕ ဖခင္ အမည္ေလးအျဖစ္နဲ႕တင္ ရွိမေနသင့္တဲ့သူဆိုတာ ခင္မ်ားသိထားသင့္တယ္ ..ေတာက္....လူပါးဝ လိုက္တာ.."

" ေတာင္းပန္ပါတယ္ ကေလးရာ ၊ ကိုယ္ ေနာင္တ ရေနပါၿပီ ....ကိုယ္ အႏူးအၫႊတ္ေတာင္းပန္ပါတယ္ ကြာ..."

လူပါးဝလိုက္တာ ...မတန္ရာမွန္းေျပာရက္တယ္ * မိသားစုဘဝေလး ေပးပါတဲ့ , အဟက္ ဒင္းေၾကာင့္သာဆိုရင္ သားငယ္က လူဘဝေရာက္လာမွမဟုတ္ဘူး ၊ အရာရာကိုေပါ့ေပါ့တန္တမ္ေတြးၿပီး လိင္ကြၽန္အဆင့္သာသာ ေနခဲ့မိတဲ့ တစ္ခ်ိန္က ကိုယ္ကိုကိုယ္လည္း မုန္းတီး႐ြံ႕ရာမိတယ္။ * အခ်စ္ဆိုတဲ့ စကားစုနဲ႕ ကြၽန္ေတာ္က allergic ရွိပုံေပၚတယ္ ကိုယ္အေပၚ ႏွင္းေခ်မယ့္သူၾက ကိုယ္ဘက္က ေမတၱာအစစ္အမွန္ေပးသေလာက္ ကိုယ္ဘဝသာ ပ်က္စီးခဲ့ရသည္။ ၁၅၀၀ အခ်စ္က ပူေလာင္တာ မဟုတ္ဘူး မီးပုံလိုပဲ ဘဝပါ ေလာင္တာ အတိတ္ကုသိုလ္ကံေကာင္းျခင္းေၾကာင့္သာ မမတို႔လို လူႀကီးသူမ ေတြနဲ႕ဆုံရတာ အကယ္၍ ကံမေကာင္းခဲ့ရင္ ခုခ်ိန္ ဘယ္ေနရာမွာမ်ား ေခြးျဖစ္ေနမလဲ၊ ဘယ္ေနရာမွာမ်ား သားငယ္ကို ခ်ိဳ႕တဲ့စြာ ႀကီးျပင္းေစရမလဲ ၊ ကိုယ္တိုင္ကေရာ အရိပ္မဲ့ ပူေလာင္တဲ့ ေလာက ႀကီး ထဲ ဘယ္လိုမ်ိဳး႐ုန္းကန္ေနရမယ္ ေတြးမိတိုင္း အံ့ကိုတင္းတင္းႀကိတ္ၿပီး သည္လူအေပၚ နာက်ည္းမူက ထပ္ဆင့္တိုးလွ်က္။ လုံးဝ ခြင့္မလြတ္ဘူး ၊ သားငယ္ မ်က္ႏွာ ၾကည့္ၿပီး ေရွ႕ဆက္မယ့္ေနရက္ေတြထဲမွာ သည္လူ မပါေစရဘူး ။

" ေတာက္...ဆက္လိုက္မလာနဲ႕ ၊ သားငယ္ေရွ႕ drama ခင္းျပဖို႔မႀကိဳးစားနဲ႕ ခင္မ်ားအေၾကာင္း ေတြ အကုန္ ဖြင့္ခ်ပစ္မယ္"

" ကေလးရာ...."

" အစ္ကို ...ဒီညေန ငေကာင္းေရာက္မယ္တဲ့ အစ္ကို ...ေမာင္ တို႔ သြားေတြ႕ၾကမယ္ေနာ္၊ အစ္ကို ငေကာင္းက ေမာင္ကို မုန္းေနမလား အစ္ကို၊ ခြင့္....ခြင့္လြတ္နိုင္ပါ့မလား..ဟင္ ကြၽန္..ကြၽန္ေတာ္စိုးရိမ္မိတယ္ အစ္ကို"

ေန႕လည္စာ စားခ်ိန္ၿပီး အနားယူေနေသာ အစ္ကိုရင္ခြင္ထဲ ကလန့္ကလား ကြၽန္ေတာ့္အရပ္ကို ေခြေခါက္ၿပီး တိုးဝင္ေနမိသည္၊ အားကိုးရာ ဒီလူသားဆီက အၿပဳံးေလးတစ္ပြင့္လိုခ်င္သည္မို႔ ကြၽန္ေတာ္အမ်ိဳးသားဆီသို႔ အခြၽဲပိုေနျခင္း။ ကြၽန္ေတာ္လုပ္သမွ်ကို အသံထြက္ရယ္ေမာၿပီး သေဘာၾကေနတဲ့အစ္ကိုက ကြၽန္ေတာ္ဘယ္ေတာ့မွ လက္မလြတ္မယ့္သူ ၊ ကြၽန္ေတာ့္ျမတ္နိုးျခင္းေတြ အကုန္ပုံအပ္လို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေန႕ရက္သည္ ၾကည္လင္ေနဆဲ၊ ႏွစ္ဖက္မိဘမ်ား ၾကည္ျဖဴသေဘာက်သည္မို႔ အစ္ကိုသည္ကား ကြၽန္ေတာ္ ဘဝကိုကယ္တင္သူ တစ္ျဖစ္လဲ အခ်စ္တည္မွီးရာ ေနရပ္၊ ကြၽန္ေတာ့ႏွလုံးသား ရွိရာအရပ္ .အစ္ကို အၿပဳံးေလးေပၚ တစ္ခ်က္နမ္းရိူက္ၿပီး တင္းက်ပ္စြာ ဖက္ထားမိသည္။

" ေျဖးေျဖး ...ေမာင္ အတင္း မ, ဖက္နဲ႕ ကိုယ္နာတယ္လို႔ "

" ဟုတ္လား..ေမာင္ၾကည့္မယ္ ...အုံ႕ဖြေပးမယ္ေလ "

" ကဲ ေကာင္ေလး စကားေကာင္းေျပာေနတယ္ေနာ္ "

"အြန္း..."

" ေကာင္းျပည့္ ေမာင္ကိုခြင့္လြတ္မွာပါ ၊ သူ႕ သိပ္ခင္တြယ္မိတဲ့ သူငယ္ခ်င္းကို ၊ ခုျဖစ္ပ်က္ခဲ့တဲ့ ကိစၥေတြမွာ ေမာင္အမွားမရွိခဲ့ပါဘူးကြာ၊ အတိတ္ဆိုးေတြကို နာက်င္ရလို႔ အစ္ကိုတို႔လြတ္ခ်လိဳက္ရေအာင္၊ ေရွ႕ဆက္ေန႕ရက္ေတြမွာပဲ သူတို႔ေလးတို႔သားအဖကို အစ္ကိုတို႔က ခ်စ္ေပးၾကမယ္ေလ အေကာင္းဆုံးဆိုတာေတြ ျဖည့္ဆည္းေပးၿပီး အစ္ကိုတို႔အရင္ကလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနၾကမယ္ေလ ေမာင္ရ ၊ ေမာင္ကို ေမာင္လည္း နာက်င္ရတဲ့အတိတ္ေတြကေန ႐ုန္းထြက္ခဲ့ပါေတာ့ ၊ ေပ်ာ္စရာေတြ အစ္ကိုတို႔ ဘယ္လိုဖန္တီးၾကမလဲပဲ စဥ္းစားရေအာင္ေနာ္ ေမာင္ "

"ကိုကို! ေမာင္ေလ....ကိုကို႔ သိပ္ေက်းဇူးတင္တာ ေမာင္အေပၚ နားလည္ေပးၿပီး သိပ္ခ်စ္တက္တဲ့ အမ်ိဳးသား၊ ဘယ္ေတာ့မွစိတ္ပ်က္ျခင္းမရွိဘဲ အၿမဲ ခ်စ္ေပးတဲ့ သူမ်ိဳးကို ေမာင္လက္တြဲခြင့္ရတာ ေမာင္အတြက္ ဘုရားက သီးသန့္ဖန္တီးေပးတဲ့အလားပဲ၊ ေမာင္ အရမ္းေက်းဇူးတင္တယ္ေနာ္ ၊ ၿပီး...ၿပီးေတာ့ အစ္ကို ကို႔သိပ္ခ်စ္တယ္၊ အၿမဲစိတ္ခ်မ္းသာေစရပါ့မယ္ ေနာ္"

" ဟုတ္ပါၿပီေမာင္ရ ...ဖယ္အုံး ကိုယ္ အလုပ္ျပန္သြားစရာရွိေသးတယ္ ဆို "

" မလုပ္နဲ႕ တစ္ခဏ ေလာက္ေမာင္နဲ႕ ဒီလိုေလးေနေပး ...ဖက္ထားေပးအုံး ေမာင္ကို"

" ဟ..ဟား...ေမာင္က ကေလးေလးလား ဟမ္၊ ဘာလိုမ်ား ဒီေလာက္ခြၽဲေနလဲ "

ကိုယ္ရင္ခြင္ထဲ ကေလးတေယာက္လိုအတင္းတိုးေဝွ႕ ကပ္ခြၽဲေနတဲ့ကေလးႀကီးကို ၾကည့္ၿပီး တြန္းလို႔မရ၊ ဖယ္လို႔မရ ဒီ၆ ေပေက်ာ္အရပ္နဲ႕ ကေလးႀကီးက ဘယ္ေနရာကမ်ားကေလးဆန္ခ်င္ေနလဲ ။

" အင္း အစ္ကို႔ ကေလးေလး ...ႁပြတ္စ္"

" အ..ဟား...ေမာင္ ...မလုပ္နဲ႕ ယားတယ္လို႔....ေမာင္ "

ကြၽနိေတာ့္ရင္ခြင္ထဲ ေခါင္းေဝွ႕တိုးၿပီး လည္ပင္းသား ပတ္ျခာလည္ကို အနမ္းေပးေနတဲ့ေမာင္က ကေလးမဟုတ္ေသာ လူဆိုးႀကီး ၊ ေမာင္အနမ္းေတြေၾကာင့္ ေနာက္ေန႕အရာထင္မွာျမင္ေယာင္မိလို႔ အတင္းဖယ္ေနေသာလည္း အားႀကီးေသာ ေမာင္ကသာ အနိုင္ရစၿမဲ ။ ေမာင္က ကေလးေလးမဟုတ္ေသာ ကေလးဆိုးႀကီး ။

အစ္ကိုက ကြၽန္ေတာ္အေပၚ သိပ္ခ်စ္ရွာတယ္၊ ဟိုယခင္ အထင္လြဲၿပီး အစ္ကိုကို႔အျပစ္တင္ေျပာဆိုမိခဲ့တာ ကြၽန္ေတာ္နာက်င္မဆုံး၊ အစ္ကို ဘယ္ေလာက္မ်ား ထိခိုက္ရွာ မလဲ ေတြးရင္း အႀကိမ္ႀကိမ္ေတာင္းပန္ေနမိသည္။ ေနာက္မျဖစ္ေစရပါဘူး ကတိေပးရင္း၊ အစ္ကို ကို ေစာင့္ေရွာက္မယ္။ ငေကာင္းနဲ႕ေတြ႕ရမွာမို႔ စိတ္ေတြ မတည္ၿငိမ္ဘူး၊ ကိုယ့္အမွားေတြ တခ်ိဳ႕တဝက္ပါဝင္ခဲ့တယ္ သတ္မွတ္ထားလို႔ ဘယ္လိုအင္အားနဲ႕ေတာင္းပန္ရမလဲ စကားလုံးရွာေနခဲ့တယ္။ အစ္ကိုက အၿမဲအားေပးတယ္ ၊ အစ္ကိုကကြၽနိေတာ္ကို အားအင္အသစ္ေတြေပးတယ္၊ ႏြေးေထြးမူေတြေပးတယ္၊ အစ္ကို႔အခ်စ္ေတြက ကြၽန္ေတာ့္ဘဝကို ႏြေးေထြးသာယာေစတယ္။ ေမာင္ သိပ္ခ်စ္တယ္ အစ္ကို။



တ...တီ ...တီ ကားဟြန္းသံတစ္ခ်ိဳ႕ အိမ္ၿခံဝဆီက ထြက္ေပၚလာစဥ္ ကြၽန္ေတာ္တို႔အဖိုးႀကီးႏွစ္ေယာက္ႏွင့္ သမီးဧကရီတို႔ ေခါင္းေထာင္ၿပီး ၿခံဝဆီသို႔ အၾကားအာ႐ုံ၊ အျမင္အာ႐ုံ တို႔ကို ပို႔ထားမိသည္။ ခန့္ညားလြန္းလွေသာ နံရံကပ္နာရီကို တစ္ခ်က္ေမာ့ၾကည့္မိေတာ့ ညေန ၄နာရီစြန္းစြန္းကို ၫႊန္ျပေနသည္၊ ေမွ်ာ္လင့္ေနေသာ သူေတြမ်ားလား ၊ ဟိုဘက္အိမ္ေတာ္က လူေတြမ်ားလားလို႔ အေတြးစစတို႔ျဖင့္ ဦးႏွောက္ကိုအလုပ္ေပးၿပီး မေျပး႐ုံတမယ္ အိမ္ေရွ႕တံခါးမ ႀကီးဆီသို႔ ေျခခ်မိသည္။

" ဘဘႀကီးေရ ....သခင္ေလးတို႔ေရာက္လာၾကၿပီ"

႐ုတ္တရက္ နားထဲဝင္လာေသာ အိမ္အကူေကာင္မေလး မိစု အသံၾကားေတာ့ ဆက္ခနဲ မတ္တပ္ ရပ္ၿပီး ေတြ႕ခ်င္ေနေသာ မ်က္ႏွာေလးေတြအား သူထက္ငါ အရင္ျမင္ရေစဖို႔ငွါ သြက္လက္ေသာ ေျခလွမ္းတို႔ျဖင့္ ။

"ဒယ္ဒီ ေမာင္ေလးတို႔ လာၾကၿပီ ၊ ဦးေလး ..လာ ..လာ...သမီးတို႔ႀကိဳၾကရေအာင္ "

" ဒယ္ဒီ လဲအုံးမယ္ေနာ္...."

" ငါ ဘာမွမျဖစ္ဘူး ..မပူစမ္းနဲ႕ "

" ဟား...အဲ့ဒါပဲၾကည့္ ဦးေလး ၊ ဒယ္ဒီက သူ႕ေျမးလာတာနဲ႕ သမီးကို ပစ္ပါယ္ၿပီ "

ၿခံဝႏွင့္ အိမ္မႀကီး ကို အနည္းငယ္ ေနရာျခားထားေသာေၾကာင့္ ပင္မအိမ္ေရွ႕ေရာက္ဖို႔ အခ်ိန္တခဏ ေမာင္းယူရသည္။ ေကာင္းစစ္ ကစားရန္ ေနရာအနည္းငယ္ကို အိမ္ေရွ႕မ်က္ႏွာစာ မွာ ခ်န္ထားေပးေသာေၾကာင့္ ၊ ေမာင္ေလး ပန္းပင္အလွမ်ား ျပဳစုနိုင္ရန္ ေနရာသည္လည္း အိမ္ေရွ႕မ်က္ႏွာစာ အလြန္ေလးမွာ တည္ရွိေသာေၾကာင့္ ပင္မအိမ္ေရွ႕ေရာက္ဖို႔ အခ်ိန္တခဏ ေပးရသည္။

"အစ္ကို...တည္ၿမဲ...ကြၽန္ေတာ္တို႔ အိမ္မွားလာသလားဟင္."

"ဝါး......ပါးပါး အိမ္ႀကီးႀကီးပဲ ..."

က်ယ္ဝန္းေသာ ၿခံႀကီး ၊ အျဖဴေရာင္ႏွင့္ မိုးျပာေရာင္ကိုစပ္၍ သုံးထားေသာ ေခတ္မီ လွတဲ့ သုံးထပ္တိုက္ႀကီးကို တအံ့တဩျဖစ္၍ ပိုင္ရွင္ အသစ္သားအဖ ကိုၾကည့္ၿပီး ထိမ္းမခ်နိဳင္ေအာင္ ေအာ္ရယ္မိသည္၊ ျဖဴစင္လွတဲ့ ဒီသားအဖေလးကို အသည္းတယားယားျဖင့္ ေကာင္းစစ္ေခါင္းေလးကို ဖွပေးမ်ိပြီး အိမ္မမွားပါဘူး ဟု၍ ေမးတစ္ခ်က္ဆက္ျပၿပီး ရယ္ေနမိသည္။

ေ႐ႊဘိုက မဆင္းလာမွီ ဧကရီပို႔ေပးေသာ လိပ္စာကို တစ္ခ်က္ၾကည့္ၿပီး သူ႕ပို႔လိုက္တဲ့ ေနရာက လူကုံတန်အသိုင်းအဝိုင်းတ်ု့ စုရပ္၊ ခမ္းနားႀကီးက်ယ္လွေသာ တိုက္တာ အေဆာက္အအုံမ်ားစြာ တည္ရွိေသာ အရပ္ဆိုတာ ကိုယ္ေတြလည္း ထိုသို႔ေသာ ခ်မ္းသာတဲ့မိသားစုမွ ဆင္းသက္သူမို႔ အံ့ဩစရာမရွိ ။ သည္ၿခံႀကီးကို ဧကရီ ဘာေၾကာင့္ဝယ္လိုက္တယ္ဆိုတာက အစ ၊ ဧကရီ အမည္ျဖင့္ လြဲအပ္ထားေသာ တာဝန္ခံအဆုံး တစ္ခ်က္စုံစမ္းၾကည့္မိေတာ့ ေကာင္းစစ္ေလး၏ တဖက္က အဖိုးပိုင္ဆိုင္မူထဲက အနည္းငယ္ဆိုတာပါ သိရျပန္သည္။ ဘယ္ေလာက္ခ်မ္းသာေနပါေစ နာမည္ႀကီး ေက်ာ္ၾကားလွတဲ့ ထိပ္သီး လုပ္ငန္စုႀကီးကို မၾကားဖူးသူမရွိသလို ၊ ေတာ္႐ုံ မယွဥ္ၿပိဳင္နိုင္ဖူး ဆိုတာကအစ အကုန္သိထားသည္။ သူတို႔ေလးေတြ ကံေကာင္းပါၿပီ။

" ဟုတ္ရဲ႕လား အစ္ကို အိမ္မွားလာသလားဗ်၊ တခ်က္ မမ ဆီ ဆက္သြယ္ၾကည့္ပါအုံးလား "

" ပါးပါး...ဒီမွာ..တီေလးရွိတာလားဟင္..."

"ဟား......မမွားပါဘူးကြာ ၊ မင္း မမက သိပ္ခ်မ္းသာတာ ခုမွသိရတယ္ထင္တယ္၊ ေကာင္းစစ္ ဟိုမွာ ၾကည့္လိုက္ ဘယ္သူေတြလဲ "

အစ္ကို တည္ၿမဲ စကားသံအဆုံး တေျဖးေျဖး ၿငိမ့္ဆင္းစြာ ရပ္သြားေသာ ကားေပၚမွ မနီးမေဝးမွာ ရပ္ေနေသာ လူသုံးဦးကို ျမင္မိေသာအခါ အံ့ဩျခင္း မ်က္ရည္ တို႔က အစမတန္ခုန္ဆင္းၾကလာသလို ၊ ရင္ခြင္ထဲမွ သားငယ္သည္လည္း ကားေပၚမွေန၍ ဝိုင္းစက္သြားေသာ မ်က္ဝန္းတို႔ျဖင့္ ႏူတ္ခမ္းေလးက English အကၡရာ O ပုံစံ လုံးဝန္း၍ အံ့ဩေနမိသည္။ သည္အိမ္ႀကီးက မမအိမ္တဲ့လား ၊ ဟိုရပ္ေနတဲ့ လူေတြက ေဖ...ေဖေဖမ်ားလား ဆိုသည့္ မျမင္ရတာ ၾကာလွေသာ နယ္ၿမိဳ႕ေလးမွ ေဖေဖ ပုံစံကိုစိတ္ျဖင့္မွန္းဆ ပုံေဖာ္ရင္း အစ္ကိုတည္ၿမဲ ဖြင့္ေပးထားေသာ ကားတံခါးတြင္းမွ ျပန့္ျပဴးလွသည့္ အလွဆင္ေက်ာက္မ်ားေပၚသို႔ စတင္ေျခခ်မိသည္။

တေျဖးေျဖး ၾကည့္မိေတာ့ ကြဲျပားထင္ရွားလာေသာ ေဖေဖ ပုံစံတူကို ေသခ်ာၾကည့္ရင္း ျပည့္အိုင္လာေသာ မ်က္ရည္တို႔က မထိမ္းနိုင္၊ သားသား လက္ကိုဆြဲ၍ အစ္ကိုတည္ၿမဲကို တစ္ခ်က္ေမာ့ၾကည့္ရင္း စတင္ေျခလွမ္းမိသည္ ။

" သား..."

" ေကာင္းစစ္ ..ငါ့ေျမးေလး..."

" ေမာင္ေလး..."

ရင္းႏွီးေနေသာေခၚေနသံ တို႔ၾကား အံ့ဩၾကည္ႏူးမူ မ်က္ရည္ေတြထဲမွ အၿပဳံးတို႔ျဖင့္ ေခါင္းညိတ္ေပးရင္း ကြၽန္ေတာ္လက္ထဲက သားငယ္ကို ႐ုတ္တရက္ ေျပးဖက္လာေသာ ဆရာေက်ာ္သက္ဆီ လြတ္ေပးမိသည္။ ေဖေဖ ေရွ႕ ရပ္၍ လက္ခုံတို႔ျဖင့္ စီးက်ေနေသာ မ်က္ရည္တို႔ကို သုပ္မိၿပီး ႏွလုံးသားထဲက တမ္းတ မက္ေမာစြာ ေခၚခ်င္ေနမိပါေသာ ေဝၚဟာရ စကားစုသည္ကား။

"ေဖ...ေဖေဖ..."

#မမအတြက္ vote ေပးခဲ့မို႔မေမ့နဲ႕ေနာ္
#Take care all

Continue Reading

You'll Also Like

3.4K 205 15
sin nombre(အမည်မဲ့)ဆိုတဲ့ ပြင်သစ်အသံ့ုးနှုန်းလေးကိုသုံးထားတဲ့ Businessman​လေးကို သက္ကရာဇ်စေတန်လို့ခေါ်တယ့် အမျိုးသားကသိပ်ချစ်တာ။ ချစ်ခြင်း မုန်းခြင်း...
232K 15K 31
villain seme and strong uke ေကာင္ေလးႏွစ္ေယာက္ၾကား ႐ိုး႐ွင္းတဲ့ဆက္ႏြယ္မႈေလး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end...
900K 47.9K 43
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
538K 43.2K 40
မှည့်မှချို... ညိုမှလှ...။ ကျွန်ကုလား... မယားတောသူ...။ မြင်းအုန်းခွံ...။ မွည့္မွခ်ိဳ... ညိုမွလွ...။ ကြၽန္ကုလား... မယားေတာသူ...။ ျမင္းအုန္းခြံ...။