အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့...
By Tharaphy97
699K 117K 2.4K
The Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက... More
Story Description(Uni and Zawgyi)
ပြန်လည်​မွေးဖွားခြင်း 1.1
ပြန်လည်​မွေးဖွားခြင်း 1.2
2. အပင်များရှားပါးခြင်း
3. အလုပ် ရှာခြင်း
4. အိမ်ကို ​ခေါ်လာခြင်း
5.တသီးတခြား​နေခြင်း
6. လိင် အမျိုးအစား
7. အလုပ်
8. သီးသန့်
9. စတင်ခြင်း
10. ​လေ့ကျင့်ခြင်း
11. သူငယ်ချင်း
12. ပြိုင်ပွဲစင်မြင့်
13. စက္ကန့်ပိုင်းအတွင်း အနိုင်ရခြင်း
14. စာအုပ်
15. မိုင်နဲ
16. ပစ္စည်း ဥစ္စာများ
17. အပင် ဌာန
18. အရှုံး​ပေးခြင်း
Chapter 20
Chapter 21
Chapter . 22
Chapter 23
Chapter 24
Chapter 25
တနင်္လာနေ့ paid group စပါမယ်နော်
Hey guys!
Please Read !!!
Chapter 26 : တိုက်ခိုက်ခြင်း
Chapter 27 : ဒုတိယမြောက် အပင်ရရှိခြင်း
Chapter 28:ဧရာမခြင်္သေ့သားရဲ
Chapter 29.1 : ပြိုင်ပွဲ
Chapter 29.2 : ပြိုင်ပွဲ
Chapter 29.3 : ပြိုင်ပွဲ
Chapter 30 : ထွက်ခွာခြင်း
Chapter 31:အဖွဲ့လိုက် ပြိုင်ပွဲ အတွင်း...
Chapter 32 : လွှင့်ပစ်ခြင်း
Chapter 33 : အဆိပ်မိခြင်း
Chapter 34.1 : ​ပြောင်းပြန်ဖြစ်သွားတယ်
Chapter 34.2:ပြောင်းပြန်ဖြစ်သွားတယ်
Chapter 35 : ဆက်နွယ်ခြင်း
Chapter 36.1 Network တစ်ခုလုံး ဆဲဆိုကြခြင်း
36.2
Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း
Chapter 38 : အမှီလိုက်ခြင်း
Chapter 39 : ပုံမှန်!!!(Uni)
Chapter 39 : ပုံမွန္ !!! (ZG)
Chapter 40 : အစီအစဥ်
Chapter 41 : တတိယ​မြောက် အပင်
Chapter 42 : ပြင်ဆင်ခြင်း
Chapter 43 : ဖွင့်ပြောခြင်း
Chapter 44: တိုက်ခိုက်ခံရခြင်း
Chapter 45 : ဆင်းသက်ခြင်း
Chapter 46 : ဆက်သွယ်ခြင်း
Chapter 47.1 : စွမ်းအင် ပြန်လည်ရယူခြင်း
Chapter 47.2: စွမ်းအင်ပြန်လည် ရယူခြင်း
Chapter 48 :ထွက်ခွာခြင်း
အခန်း 49- ရောင်းဖို့မဟုတ်ဘူး
Chapter 50: ပူး​ပေါင်း ​ဆောင်ရွက်ခြင်း
Chapter 51: တွယ်ကပ်​နေခြင်း
Chapter 52 : မ​ကောင်းတဲ့ အကြံ
New Story!!! & Game!!!
Chapter 53 : သတိ​ပေးခြင်း
Chapter 54 : Live streaming
Chapter 55 : ​စောင့်ကြည့် စစ်​ဆေးခြင်း
Chapter 56 : ဖြေရှင်းခြင်း
Chapter 57 : သံသယရှိသူ
Chapter 58 : ​တွေ့၍ နှုတ်ဆက်ခြင်း
Chapter 59 : စတုတ္တ အပင်အား အသက်သွင်းခြင်း
Chapter 60 : အကုန်လုံး ရှုံးသွားတယ်
Chapter 61 : ထင်မြင်ချက်​ပေးခြင်း
Chapter 62 : Aဂြိုလ်ရဲ့ သတ္တုတွင်း
Chapter 63 : နဂါးပျံသားရဲ
Chapter 64 : ခရီးက အပြန်
Chapter 65 : အကျိုးသက်​ရောက်မှု
Chapter 66 :ပါတနာ အသစ်များ
Chapter 67 : ဖမ်းဆီးခြင်း
Chapter 68 :အိမ်ရှင်
Chapter 69 : လူစုခြင်း
Chapter 70 : အမ
Chapter 71 : ဖမ်းဆီးခြင်း
Chapter 72: ပြန်တိုက်ခိုက်ခြင်း
Chapter 73 : ရောက်ရှိခြင်း
Chapter 74 : နိုးထလာခြင်း
Chapter 75 : ဆက်နွယ်အပင်
Chapter 76 : ခြင်္သေ့ပျံ သားရဲ
Chapter 77 : ပဉ္စမမြောက် အပင်
Chapter 78 : အပြာရောင်ဂြိုလ်
Chapter 79 : တိုက်ခိုက်ခြင်း!!!
Chapter 80 : လေလံပွဲများ
Chapter 81 : လုပ်ဆောင်ချက်
Chapter 82 : ပူးပေါင်းဆောင်ရွက်ခြင်း
Chapter 83 : ဖွက်ထားခြင်း
Chapter 84 : ပြန်လည်တွေ့ဆုံခြင်း
Chapter 85 : သဘောတူညီချက်
Chapter 86 : ပင်လယ် သတ္တဝါကြီးများ
Chapter 87 : Coma
Chapter 88 : နှုတ်ဆက်ခြင်း
Chapter 89 : ကောက်ကျစ်တဲ့ အကြံဥာဏ်
Chapter 90 : သတင်းစာ ရှင်းလင်းပွဲ
Chapter 91 : စွမ်းအင်​တွေ အများကြီး ရခြင်း
Chapter 92: ကိုယ်ဝန်
Chapter 93: ဂုဏ်ယူပါတယ်!!!!
Chapter 94: ​မြေဝယ်ခြင်း
Chapter 95: ကျန်​သေးတဲ့ စွမ်းအင်
Chapter 96: ပြန်ယူခြင်း
Chapter 97: စွမ်းရည် မြှင့်တင်ခြင်း
Chapter 98: ဂြိုလ်သား သားရဲ​တွေ
Chapter 99: အ​လောင်း ​ဖျောက်ခြင်း
Chapter 100: ဆုံးဖြတ်ချက်
Chapter 101: ဝန်ထမ်း ခေါ်ယူခြင်း
Chapter 102 : စွမ်းအင်​တွေ ​​လျော့နည်းလာခြင်း
Chapter 103 : လူအများရှေ့ ချက်ပြုတ်ခြင်း
Chapter 104 :​ဖော်ထုတ်ခြင်း
Chapter 105: အ​လျော်​ပေးခြင်း
Chapter 106: ဘွဲ့ နှင်းသဘင်
Chapter 107: လက်ထပ်ခွင့် ​တောင်းခြင်း
Chapter 108: လက်ထပ်ပွဲ ကြိုတင် ပြင်ဆင်မှု
Chapter 109: လက်ထပ်ပွဲ
Chapter 110 :​နေ့တိုင်း
Chapter 111: ဘုရင်ကြီးဆီ က သင်ကြားခြင်း (Final)
Chapter 112: Extra One
Chapter 113: Extra Two
Chapter 114: Extra Three
​ကျေးဇူးတင်လွှာ
Hi👋👋👋
Hello
Attention Please!!!
Hello
Please!!!
19. အိမ်​ပြောင်း ​နေထိုင်ခြင်း
6.1K 1.1K 14
By Tharaphy97
Chapter 19. ​အိမ်ပြောင်း ​နေခြင်း
   မိုင်နဲ အိမ်ပိုင်ရှင်ကို ထိုးတာကြည့်ပြီး ရှဲ့စန်း အံ့သြမှင်သက်​နေခဲ့သည်။ သူ(အိမ်ပိုင်ရှင်)က မိုင်နဲ နဲ့ အရွယ်အစားအတူတူ​လောက် ရှိ​ပေမယ့် သူရဲ့ ထိုးနှက်ချက်​တွေကို မိုင်နဲက ကာကွယ်နိုင်​နေပြီး သူက​တော့ သူ့ကိုယ်သူ​တောင် မကာကွယ်နိုင် ဖြစ်​နေသည်။ မိုင်နဲ အေးစက်စွာနဲ့ အိမ်ပိုင်ရှင်ကို အ​ပေါ်က​နေ ​အောက်ကို ကန်ချလိုက်​တော့ အရိုက်မခံရ​အောင် ​ရှောင်​နေတဲ့ ရှဲ့စန်း​ရှေ့ကို လိမ့်ပြီး ပြုတ်ကျလာခဲ့သည်။
မိုင်နဲ ​အောက်ဆင်းလာတာမြင်တာနဲ့ အိမ်ပိုင်ရှင်က ​မြေကြီး​ပေါ်က​နေ ထလိုက်ပြီး နံရံကိုမှီကာ
" တကယ်လို့ မင်း ငါ့ကို ထပ်ထိလာမယ်​ဆိုရင် ငါရဲ​ခေါ်လိုက်မှာ​နော် "
မိုင်နဲ ​အောက်ကို ဆင်းလာပြီး တစ်ခွန်းမှမ​ပြောဘဲ လက်ကို​မြှောက်လိုက်ပြီး မျက်နှာကို ထိုးချလိုက်သည်။ တစ်ချိန်တည်းမှာပဲ တစ်ချက်ကန်လိုက်​သေးသည်။
မိုင်နဲ ထပ်လုပ်​တော့မှာ မြင်လိုက်​တော့ လက်​မောင်းလှမ်းဆွဲလိုက်ပြီး
" မင်း ထပ်ထိုးမယ်ဆိုရင် တစ်ခုခု ဖြစ်သွားလိမ့်မယ် "
လူကို ထိုးနှက်​နေချိန်မှာ မိုင်နဲ မျက်လုံး​တွေက ​အေးစက်​နေသည်။ သူ့လက်​​တွေက ရက်စက်ပြီး စာနာမှု ကင်းမဲ့​နေသည် ။ ရှဲ့စန်း စိတ်မသက်မသာ ဖြစ်သွားသည်။ သူက ဒီလူနဲ့ ဗီလိန်​ဘော့စ်က တစ်​ယောက်တည်းပဲလို့ ခံစားလိုက်ရသည်။
မိုင်နဲ သူ့ကို လှည့်ကြည့်လာပြီး အ​​ပေါ်​အောက် ကြည့်ကာ သူအဆင်​ပြေတာမြင်မှ မျက်နှာ အမူအယာနည်းနည်း​လျော့သွားသည်။ သူ အိမ်ပိုင်ရှင်ကို သတိ​ပေးလိုက်သည်။
" တကယ်လို့ အနာဂတ်မှာ သူ့ကို​တွေ့ရင် ​ရှောင်ဖြစ်​အောင် ​ရှောင်သွား "
အိမ်ပိုင်ရှင်က နာကျင်​နေတဲ့အတွက် ဘာမှပြန်မ​ပြောခဲ့ဘူး၊  အဲ့ဒါ​ကြောင့် မိုင်နဲ က
" ငါ​ပြောတာ မကြားဘူးလား "
" ဟုတ်ကဲ့ ၊ ကြားပါတယ် " အိမ်ပိုင်ရှင် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်​နေသည် ။ ဒီလူငယ်​လေးက ငယ်တဲ့ပုံ​ပေါ်​ပေမယ့် စာနာစိတ် ကင်းမဲ့လွန်းသည်။
သူက Dအဆင့်ပဲရှိတဲ့ ဆက်နွယ်သားရဲပိုင်ရှင် ဖြစ်ပြီး, တစ်ခါတစ်ရံ ခရစ်ယာန် ဘုန်း​တော်ကြီး တာဝန်ထမ်း​ဆောင်သည်။ သူက မတိုက်ခိုက်နိုင်​ပေမယ့် ဘယ်လို အမ ​ရှေ့မှာဖြစ်ဖြစ် သူက အရမ်းသန်မာ​နေ​ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အထီး​တွေ​​ရှေ့မှာဆို တကယ် ခွန်အားမဲ့သွားသည်,။ ကျောင်းပြီးခါနီးအချိန်ဆို​တော့ ငှားရမ်းတဲ့အကြံကို တမင်သုံးပြီး​တော့ ရိုးရိုး အမ တစ်​ယောက်ကို အမိဖမ်းဖို့ ကြံခဲ့သည်။ သူ့ကို အပိုင်ချုပ်ပြီး​တော့ သူ့အတွက် များများ​ရ​အောင် လုပ်ခဲ့သည်။
ဒီ အမကို စွမ်းအားကြီးတဲ့ အထီးက ကာကွယ်​ပေးထားတဲ့အတွက် အဲ့ဒီအကြံကို သူထပ်ပြီးသုံးလို့မရ​တော့ဘူး၊
မိုင်နဲက ရှဲ့စန်းလက်ထဲမှာ ဘာမှမ​တွေ့မိ​တော့
" မင်းရဲ့ ခရီး​ဆောင်အိတ် ဘယ်မှာလဲ "
ရှဲ့စန်းက ကို့ရို့ကားယားနဲ့ ​ပြောလိုက်သည် ။
" ငါ ​ပြေး​နေတုန်း လမ်းတစ်ဝက်မှာ လွှတ်ပစ်ခဲ့လိုက်တာ "
အဲ့ဒါက အရမ်း ရှက်ဖို့​ကောင်းတာပဲ၊ အနိုင်ကျင့် ခံရပြီး ညီအစ်ကိုက လာကယ်​ပေးရတယ်လို့, ၊ သူ့ မျက်နှာ ဘယ်နားသွားထားရမလဲ ၊
မိုင်နဲက ​လှောင်​ပြောင်ခြင်း မရှိပဲ " ဘယ် အထပ်မှာလဲ "
ရှဲ့စန်း ခဏ​လောက် ​တွေးလိုက်ပြီး , " ၅လွှာ ဒါမှမဟုတ်ရင် ၆လွှာ "
မိုင်နဲ အိမ်ပိုင်ရှင်ကို ကြည့်လိုက်သည်၊ သူက ရှဲ့စန်း ဒီမှာ မ​နေဖြစ်​တော့ဘူးဆိုတာ မ​သေချာ​​ပေ၊ ဒါ​ပေမယ့် သူ့နှဖူးမှာ ​ချွေးပြန်နေပြီး မျက်နှာက နီရဲ​နေတာမြင်​တော့ သူ့ကို ​ပြောလိုက်သည် ။
" ငါ ​နောက်က လိုက်ခဲ့ "
သူ ရှဲ့စန်းကို ​ခေါ်ပြီး ၆လွှာကို ဓါတ်​လှေကား စီးသွား​ပေမယ့် ခရီး​ဆောင်အိတ်ကို မ​တွေ့ခဲ့​​ချေ။ ၅လွှာကို ပြန်သွားကြည့်​တော့ ​နောက်ဆုံးမှာ​တွေ့လိုက်ရသည်။
ရှဲ့စန်း အိတ်ကို ဆွဲပြီး မိုင်နဲ​နောက်က​နေ လိုက်ကာ အ​ဆောက်အဦးက​နေ ထွက်လာလိုက်သည်။သူက
" ​ကျေးဇူးတင်ပါတယ် " ​ပြောပြီး ထပ်​ပြောလိုက်သည်။
" မင်းဘယ်လိုလုပ်ပြီး သိတာလဲ, ငါက ဒီမှာ အဟွတ်...အဟွတ်... ဒုက္ခ​ရောက်​နေတယ်ဆိုတာ "
မိုင်နဲ့ သူ့ ဘယ်ဘက်လက်ကို ညွှန်ပြပြီး ," မင်း ငါ့ကို ဆက်သွယ်ခဲ့တာ "
" ဟမ်..." ရှဲ့စန်း ​​ကြောင်သွားပြီး , သူ့လက်ကို ​မြှောက်လိုက်​တော့ ဆက်သွယ်မှုမပြတ်​သေးတာ ​တွေ့လိုက်ရပြီး ဖုန်းချလိုက်သည် ။ ရှက်ရွံ့စွာဖြင့်
" ငါ ရဲ​ခေါ်လိုက်မှာလို့ ​ပြောလိုက်တဲ့အချိန် မ​တော်တဆ နှိပ်လိုက်မိတာလို့ ထင်တယ် "
အချိန်ကို ကြည့်လိုက်ပြီး သူထပ်​ပေါင်း ​ပြောလိုက်သည်
" တစ်ခြားအိမ်ကို သွားကြည့်ဖို့ အချိန်​ရောက်​နေပြီ။ ငါ အခု သွားရ​တော့မယ်။ ခုနက အတွက် ​ကျေးဇူးတင်တယ်​နော်။မနက်ဖြန် ညစာ ဝယ်​ကျွေးမယ် "
သူ ပြုံးလိုက်ပြီး လက်ယမ်းပြကာ ထွက်သွားဖို့ ပြင်လိုက်တဲ့အချိန်မှာ မိုင်နဲက သူ့ပုခုံးကို လှမ်းဆွဲလာပြီး
" မသွားနဲ့ "
ရှဲ့စန်း ​တောက်ပတဲ့မျက်လုံး​တွေနဲ့ သူ့ကို လှည့်ကြည့်လာခဲ့သည် ။ မိုင်နဲက
" ငါ့​နေရာမှာ အရင် ​နေလိုက်​တော့၊ အခုက အရမ်း​နောက်ကျ​နေပြီ "
ရှဲ့စန်း အပြုံး ​လျော့ကျသွားသည်။ အဲ့ဒီ့ အဓိပ္ပါယ်က သူ မနက်ဖြန် အခန်းရှာဖို့ လို​သေးတာ​လား၊ ဒုတိယအ​တွေးက သူ မနက်ဖြန် အလုပ်ဆင်းဖို့လိုပြီး ​နောက်ကျမှ ပြန်လာရမှာ ၊အဲ့ဒါဆိုရင် အခန်းရှာဖို့ အချိန်မရှိတဲ့အတွက် သူ အဲ့ဒီမှာပဲ ဆက်​နေရလိမ့်မယ်။
" ​ကျေးဇူးတင်ပါတယ်" လို့ ရှဲ့စန်း​ပြောလိုက်ကာ သူ့နားရွက်နား အထိ လက်​မြှောက်လိုက်ပြီး
  " မင်းကို အ​နှောင့်အယှက် မဖြစ်​အောင် တိတ်တိတ်​လေး ​နေပါ့မယ် "
မိုင်နဲ ​ခေါင်းညိတ်လိုက်ပြီး , မိုင်နဲ​နေရာကို သူတို့ ပြန်လာခဲ့ကြသည်။ မိုင်နဲ ရှဲ့စန်း​နေရမယ့် အခန်းကို ညွှန်ပြလိုက်ပြီး  " မင်းရဲ့ ပစ္စည်း​တွေထားပြီးရင် ညစာစားဖို့ ပြန်ထွက်လာခဲ့ "
ရှဲ့စန်း ခံစားသွားရပြီး မိုင်နဲ ပုခုံးကို ဆွဲကာ ပုတ်လိုက်သည်။
" ညီအစ်ကို ၊မင်းက အရမ်း ကြင်နာတာပဲ "
ပြီးတဲ့​နောက်မှာ သူ့အိတ်ကို ဆွဲကာ အခန်းထဲ ဝင်သွားခဲ့သည်။
မိုင်နဲ ညာဘက် ပုခုံး​ပေါ်မှာရှိတဲ့ သူ့လက်ကရတဲ့ အ​နွေးဓါတ်​လေးကိုပဲ ခံစားလိုက်မိသည်။ သူက လူ​တွေနဲ့ ထိ​တွေ့ဆက်ဆံမှု မရှိခဲ့​ပေမယ့် သူအခု ခံစားလိုက်ရတာက စိတ်ပျက်ဖို့မ​ကောင်းပါဘူး ။
ရှဲ့စန်း​နေတဲ့ ပထမဆုံးညမှာ တစ်​ယောက်နဲ့တစ်​ယောက် ​အေး​အေး​ဆေး​ဆေးပဲ ရှိ​​နေခဲ့သည်။ မိုင်နဲ သူ အခန်းထဲဝင်သွားတာကို ကြည့်​နေ​ပေမယ့် ညစာစားပြီး​နောက်မှာ သူ ပြန်ထွက်မလာ​တော့ဘူး ၊၊
ရှဲ့စန်း ​ရေချိုးလိုက်ပြီး အခန်းထဲမှာ ငရုတ်ပင်ကို ​လေ့ကျင့်​ပေး​နေခဲ့သည်။ သူနဲ့ ငရုတ်ပင်က အသံထွက်ပြီး ဆက်သွယ်စရာ မလိုတဲ့အတွက် တစ်ချိန်လုံး တိတ်ဆိတ်​နေခဲ့သည်။
​နောက်တစ်​နေ့မနက် ရှဲ့စန်း​စော​စောထလိုက်ပြီး အသားနှစ်တုံး​ကြော်ကာ မနက်စာ လုပ်လိုက်သည်။
မိုင်နဲ မျက်နာသစ် ​ဆေး​ကြောပြီး ထွက်လာတဲ့အချိန်မှာ ရှဲ့စန်းရဲ့အပြုံးနဲ့ နှုတ်ဆက်ခြင်းခံလိုက်ရသည်။
" မင်း အခု မနက်စာစားလို့ ရပြီ​နော်၊ ဒီ​နေ့ စာ​​မေးပွဲ ရှိတယ် မဟုတ်လား "
မိုင်နဲ ခဏ​လောက် ကြည့်​နေပြီး ​ခေါင်းညိတ်လိုက်သည် , " ​နောက်ဆုံး​နေ့ "  သူ စားပွဲဆီ လမ်း​လျှောက်လာပြီး ထိုင်ချလိုက်သည်။
သူ ထိုင်ချလိုက်တာနဲ့ အဖြူ​ရောင် စာတန်း​လေး ရှဲ့စန်း မျက်စိ​ရှေ့ ​ပေါ်လာသည် , (စွမ်းအင် 1, total 1 )
ရှဲ့စန်း အပြုံး​တွေ ပို​တောက်ပလာ​ပေမယ့် နည်းနည်း စိတ်ရှုပ်သွားသည်။ မိုင်နဲက စား​တောင်မစားရ​သေးတဲ့ အတွက် ​သေချာတာက အရသာရှိလို့ စွမ်းအင်ပြန်​ပေးတာ မဟုတ်ဘူး ၊ အဲ့ဒါဆို ဘာအတွက်လဲ၊ အဲ့ဒါ တစ်​​ယောက်​ယောက်က သူ့အတွက် မနက်စာ လုပ်​ပေးတာ​​ကြောင့်လား ?
အဲ့ဒါ အရမ်းမလွယ်လွန်းဘူးလား? စွမ်းအင် ၁၀ ရှိတဲ့သူ​တွေက တကယ် ​လေးစားထိုက်တယ်လို့ တိတ်တိတ်​လေး ​တွေးလိုက်သည်။ သူ့အတွက် စွမ်းအင် ယူရတာ အရမ်းလွယ်​နေလို့ပင်။
သူ့မနက်စာ သူစားပြီးတဲ့အချိန်မှာ မိုင်နဲ သူ့ပန်းကန်​ဆေးလိုက်သည်။ သူ့လက် ဆန့်ထုတ်လိုက်တဲ့အချိန်မှာ ခဏရပ်ကာ တစ်ခုခုစဥ်းစား​နေပြီး​နောက် ရှဲ့စန်းကို ကြည့်ကာ ​ပြောလာသည်။
" မနက်စာက စား​သောက်ဆိုင်​တွေထက် အရသာရှိတယ် "
ရှဲ့စန်း သူ့ကို ​သေချာစိုက်လိုက်ပြီး အစက​တော့ နည်းနည်း​ကြောင်သွား​ပေမယ့် ​နောက်​တော့ ရယ်ရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး။
" ချီးကျူးတာကို ​ကျေးဇူးတင်​ပေမယ့် မင်း အမြဲတမ်း ချီးကျူးစရာ မလိုပါဘူး "
မိုင်နဲ မျက်ခုံးပင့်လိုက်ပြီး " ဒါက စကားလုံး တစ်ချို့ပါပဲ၊ အဲ့ဒါက မင်းကို​ပျော်​စေမယ်ဆိုရင် ​ပြောသင့်ပါတယ် "
ရှဲ့စန်း ရုတ်တရက် နှလုံးခုန်နှုန်း နည်းနည်းမြန်သွားပြီး သက်ပြင်းချလိုက်သည်။
" မင်းက အရမ်း​ကောင်းတာပဲ "
မိုင်နဲ ပြုံးသွားခဲ့သည်။ သူက ​ချောပြီးသား ဆို​ပေမယ့် ပြုံးလိုက်တဲ့အချိန်မှာ သူ့ဆီက​နေ အကြည့်လွှဲဖို့ ခက်သည်။မိုင်နဲက ပန်းကန် ဆက်​ဆေး​နေပြီး
" မင်းတစ်​ယောက်ပဲ အဲ့လိုထင်တာပါ "
ရှဲ့စန်း သူ့​နောက်​ကျောကို ကြည့်လိုက်ပြီး မီးဖို​ချောင်ထဲ ပြန်ဝင်သွားကာ မတတ်နိုင်ပဲ ​ပြောလိုက်မိသည်။
" အဲ့ဒါ သူတို့က မသိ​လို့ပါ၊ မင်းက အရမ်း​ကောင်းတာ "
မနက်စာစားပြီးတဲ့​နောက်မှာ သူတို့က သပ်သပ်စီ သွားခဲ့ကြသည်။ မိုင်နဲက စာ​​မေးပွဲအတွက် ​ကျောင်းကို သွားခဲ့ပြီး ရှဲ့စန်းက ပြုစု​စောင့်​ရှောက်​ရေးစင်တာမှာ အလုပ်လုပ်ဖို့ သွားခဲ့သည်။
ရှဲ့စန်း အလုပ်လာကြောင်း ကဒ်ဖြတ်ပြီးတဲ့​နောက်မှာ ယန်ရွှင်စီ သွားပြီး အချိန်ပို ဆင်းဖို့ သွား​ပြောလိုက်သည်။ ယန်ရွှင်က သူစာ​မေးပွဲ ပြီးသွားတဲ့အ​ကြောင်း သိပြီး​နောက်မှာ ​ခေါင်းညိတ်လိုက်သည်။
" မင်း ဒီအပတ် လုပ်ကြည့်လို့ရတယ်။ မင်းက ငယ်​​သေးတယ်ဆို​ပေမယ့် ​နေ့တိုင်း အချိန်အကြာကြီး အလုပ်လုပ်မှာကို သည်းမခံနိုင်ဘူး ။နောက် အပတ်မှာ ​စောင့်ကြည့်ရမယ် "
" ​ကျေးဇူးတင်ပါတယ်, မန်​နေဂျာ ယန် " ရှဲ့စန်း သူ့ ရည်မှန်းချက် ပြည့်သွားတဲ့အတွက် စိတ်သက်သာရာ ရသွားသည်။
သူ့အလုပ် ဆက်လုပ်ခဲ့ပြီး ရှုပ်​ထွေးလွန်းခဲ့သည်။  သွားဖို့လိုတဲ့ ​နေရာတိုင်း သူသွားခဲ့ရပြီး စင်တာရဲ့ တည်​ဆောက်ပုံကို မြန်မြန်ဆန်ဆန်ပဲ ရင်းနီးသွားခဲ့သည်။  စင်တာကို  အမ ဆက်နွယ်သားရဲနဲ့ အထီး ဆက်နွယ်သားရဲဆိုပြီး အဓိက ၂ပိုင်း ခွဲထားခဲ့သည်။
ဌာန ၂ခုစလုံးရဲ့ ဝန်ထမ်း​ရေးရာဌာနက အတူတူပဲ ဖြစ်ပေမယ့် အမ ဆက်နွယ်သားရဲ ဝန်ထမ်း​ အများစုက အမ​တွေ ဖြစ်ပြီး, အရွယ်​ရောက်လာတဲ့ ဆက်နွယ်သားရဲတွေကို ​သေချာ ဂရုတစိုက် ​စောင့်​ရှောက်​ပေး​နေရချိန်မှာ အထီး ဆက်နွယ်သားရဲဌာနက ဝန်ထမ်း အထီး​အများစုက သန်မာတဲ့ ဆက်နွယ်သားရဲ​တွေကို သန်မာတာ ကြည့်ပြီး နား​ထောင်​ပေးရသည်
ရှဲ့စန်း အလုပ် ဧရိယာက အမဆက်နွယ်သားရဲ ဘယ်ဘက်ခြမ်းမှာ ကန့်သတ်ထားသည်။ တစ်​နေ့ထဲမှာ ဆက်နွယ်သားရဲ မျိုးစုံ​တွေ့ခဲ့ရပြီး အကုန်လုံးက ချစ်ဖို့​ကောင်း​နေသည်။ သူတို့ ပိုင်ရှင်​တွေက နူးညံ့ သိမ်​မွေ့ပြီး စိတ်ခံစားချက် ဆတ်ဆတ်ထိမခံ ဖြစ်တတ်တာ​ကြောင့် သူတို့ဆီက စွမ်းအင်ကို လွယ်ကူစွာ ရရှိနိုင်သည်။
ရှဲ့စန်း ဒီအလုပ်နဲ့ ပတ်သက်ပြီး စိတ်​ကျေနပ်မှု ရခဲ့ကာ တစ်မနက်ထဲမှာတင် စွမ်းအင် ၅ခု စု​ဆောင်းနိုင်ခဲ့သည်။ အားလုံး​ပေါင်း ၆ခု ရ​နေပြီ ဖြစ်သည်။
သူ ​နေ့လည်စာစားပြီး စနစ်ကို ဖွင့်လိုက်သည်။ ငရုတ်ပင် ညာဘက်မှာရှိတဲ့ ကွက်လပ်ပုံသဏ္ဌာန်မှာ ​ပေါ်​နေတဲ့ နံပါတ်က ၆/၁၀၀ ပြ​နေသည်။ အဲ့ဒီ အဓိပ္ပါယ်က ​နောက်အပင်တစ်ပင်ရဖို့ စွမ်းအင် ၉၄ခုလို​သေးသည်။
စနစ် မျက်နှာပြင်က စွမ်းအင်သုံးဖို့ မလိုခဲ့​ပေ။
ရှဲ့စန်း ​နေ့လည်စာဘူးထဲက အသားကို ကြည့်လိုက်ပြီး တစ်လုတ်ထဲနဲ့ အပြီးသတ်လိုက်သည်။ ဆားကလွဲပြီး ဘာမှမပါတဲ့အသားကို ရက်အနည်းငယ် စားလိုက်ရတာ သူ့အတွက် တကယ်ခက်ခဲသည်။
သူ ငရုတ်ပင်ကို အစားအစာအတွက်နဲ့ လဲစရာမလို​ပေ။ အဓိက အ​ရေးကြီးတဲ့ အပိုင်းကို ဖြတ်ပစ်လိုက်ရုံနဲ့တင် ရနိုင်သည်။
​နေ့လည်စာဘူးကို အမြန်ပစ်လိုက်ပြီး ​နေ့လည် နားချိန် တစ်နာရီကို အိပ်ဖို့အတွက် အချိန်ယူလိုက်သည်။
​နေ့လည်ပိုင်းမှာ သူ့​ခေါင်းက ငရုတ်သီးအနံ့, ဟင်းခတ်အ​မွှေးအကြိုင် နဲ့အစပ် နယ်ထားတဲ့အမဲသား, အပြင် တစ်ခြားအရာ​တွေ သူ့​ခေါင်းထဲမှာပြည့်​နေခဲ့သည်။ သူပိုပြီး စဥ်းစား​လေ​လေ ပိုပြီး စားချင်​လေပဲ ဖြစ်သည်။ သူ တကယ်စားနိုင်ဖို့ အလုပ် ပိုကြိုးစားမှရလိမ့်မယ်။
သူ ​ဆွေး​နွေးတဲ့ အခန်းထဲဝင်သွားတဲ့ အချိန်မှာ သူ့ကို တခြားအခန်း သွားဖို့ ​ပြောလာခဲ့သည်။ အခန်းထဲမှာ လူ ၃​ယောက်ရှိ​နေပြီး ​စောင့်​ရှောက်သူ ​ရှောင်ခယ်၊  နားရွက်တို ယုန်သားရဲပိုင်ရှင် မစ္စတာလင်း နဲ့ အရပ်ရှည်ပြီး သန်မာတဲ့ လူက မစ္စတာလင်းရဲ့ ခါးကို ဖက်ပြီး ရပ်​နေသည်။
မစ္စတာလင်းက ရှဲ့စန်းကို မြင်တာနဲ့ ပြုံးပြလာပြီး  " ဆရာရှဲ့၊ အာပေ့က ​ဆေးထိုးပြီးတာနဲ့ ​နေပြန်​ကောင်းလာခဲ့တယ်၊ဒီ​​နေ့က ကုသဖို့အတွက် ​နောက်ထပ်​ဆေး လာထိုးတာပါ "
ရှဲ့စန်းက ပြုံးလိုက်ပြီး, " ​ကောင်းပါတယ်၊ အဲ့ဒါက သူ့ကို မြန်မြန်ပြန်​ကောင်း​အောင် လုပ်​ပေးလိမ့်မယ် "
သူစကား​ပြော​နေတုန်းမှာပဲ ရုတ်တရက် စာတန်းက သူ့​ရှေ့မှာ ​ပေါ်လာခဲ့သည်။ ( စွမ်းအင်, 1, total 9)
အခန်းထဲမှာရှိတဲ့ လူသုံး​ယောက်ကို ​ကြည့်လိုက်​တော့ ​ရှောင်ခယ်နဲ့ မစ္စတာလင်းရဲ့ စွမ်းအင်က အပြည့်ရှိ​နေပြီး အရပ်ရှည်တဲ့လူ တစ်​ယောက်ကပဲ 7/8 ဖြစ်​နေသည်။
သူ ကြည့်​နေတုန်းမှာပဲ အရပ်ရှည်တဲ့လူနဲ့ အကြည့်ခြင်း ဆုံမိသွားသည်။အဲ့ဒီ့လူက ပြုံး​နေတဲ့ပုံ မ​ပေါ်​ပေမယ့် သူ့အသံက ညင်သာ​နေသည်။
" ​​အဲ့ဒီ​နေ့တုန်းက မင်းအကူအညီ​ကြောင့်ဆိုတာ ဟောင်(မစ္စတာလင်း) ​ပြောလို့ ကိုယ်သိခဲ့ရတယ်​၊ ကျေးဇူး အများကြီးတင်ပါတယ်​​နော် "။
လင်း​ဟောင် သူမျက်နှာကို ​မော့ကြည့်လိုက်ပြီး ​လေးနက်​နေတဲ့ လူရဲ့မျက်နှာကို တို့ထိလိုက်ပြီး " အဲ့ဒီ့​နေ့​တွေတုန်းက ​ရှောင်အာ​ကြောင့် အ​ခြေအ​နေမ​ကောင်းခဲ့ဘူး, ခင်ဗျားကို စိတ်ပူ​​အောင် လုပ်မိသွားတယ် "
" မင်း အဆင်​ပြေတယ် ဆိုရင် ကိစ္စမရှိပါဘူး " တုန်​နေ​အောင်ချစ်တာက အဲ့ဒီလူရဲ့ မျက်လုံးထဲမှာအပြည့် ​ပေါ်နေခဲ့သည်။
ရှဲ့စန်း ​​ဘေးမှာ ရပ်​နေပြီး အံ့သြ​နေသည်။ သူ ကူညီခဲ့တာက မစ္စတာလင်းဖြစ်တဲ့အတွက် မစ္စတာလင်းကပဲ သူ့ကို စွမ်းအင်ပြန်​ပေးလိမ့်မယ် ထင်ခဲ့တာ ၊ ဒီ အဓိပ္ပါယ်က စွမ်းအင်အရင်းအမြစ်ကို ရမယ့်​နေရာက သူ ကူညီလိုက်တဲ့ လူတစ်​ယောက်တည်းနဲ့ မကဘူး​ပေါ့  ၊အဲ့ဒါက အဲ့ဒီလူရဲ့ သူငယ်ချင်းနဲ့ ​ဆွေမျိုး​​တွေဆီကလည်း ရနိုင်တယ်​ပေါ့ ၊
အဲ့ဒီလိုဆိုရင် စွမ်းအင်စု​ဆောင်းတဲ့ အရှိန်က ပိုပြီး မြန်လာလိမ့်မယ်။
ရှဲ့စန်း အ​ပျော်လွန်​နေပြီး အာပေ့ကို ​ဆေးထိုးတဲ့​နေရာမှာ ​ရှောင်ခယ်ကို ကူညီလိုက်သည်။ အာ​ပေ့က ​​​ကောင်း​ကောင်း ပူး​ပေါင်း​ပေးခဲ့ပြီး သူ့အ​မွှေး​တွေကို ရှဲ့စန်း ပွတ်သပ်တာ ခွင့်ပြု​ပေးထားသည်။ ​ဆေးထိုးပြီးတဲ့ အချိန်မှာ လင်း​ဟောင်က အာ​ပေ့ကို ဖက်လိုက်ပြီး ,
" ​ကျေးဇူးတင်ပါတယ်။ ပြန်​ကောင်းသွားရင် ​ရေချိုးဖို့ ရက်အနည်းငယ်အတွင်း ပြန်လာခဲ့ပါ့မယ် "
ရှဲ့စန်း စွမ်းအင် ထပ်ရခဲ့ပြီး ​ဆေးခန်းက ပြန်မယ့်လူကို အပြုံး​လေးနဲ့ လိုက်ပို့လိုက်သည်။
အလုပ်ဆင်းတဲ့ အချိန်မှာ ၅နာရီခွဲရှိ​နေပြီး အချိန်ပိုက ၆နာရီခွဲမှ စဆင်းရမှာဖြစ်တဲ့အတွက် ထမင်ဘူး မြန်မြန်ယူပြီး မြန်မြန်စားလိုက်သည်။ ပြီး​​နောက်မှာ နား​နေခန်းထဲဝင်ပြီး အိပ်လိုက်သည် ။
ခဏအိပ်​တော့မယ့်အချိန်မှာ အချိန်ပို ဆင်းတဲ့အ​ကြောင်း မိုင်နဲကို မ​ပြောရ​သေးဘူးဆိုတာ သတိရသွားသည်။ သူ ထလိုက်ပြီး မအိပ်ခင် မိုင်နဲကို စာပို့လိုက်သည်။
နာရီဝက်​လောက် အိပ်ပြီးတဲ့အချိန်မှာ သူနိုးလာခဲ့သည်။ မ​တော်တဆမှု တစ်ခုရှိ​နေပြီး သူ့အကူအညီလို​နေခဲ့သည်။
ရှဲ့စန်း ​ဆေးခန်း​ရောက်သွားတဲ့ အချိန်မှာ အချက်အလက်​တွေကို ကြည့်လိုက်သည်။ B အဆင့် ငှက်အမျိုးအစား ဆက်နွယ်သားရဲနှစ်​ကောင်က ​လေထဲမှာ ​တွေ့​နေခဲ့သည်။ တစ်​​​ကောင်ချင်းစီက ပိုင်ရှင်ရှိပြီး လမ်းပိတ်ကာ အချင်းချင်း ရန်ဖြစ်​နေကြသည်။
ရလဒ်က​တော့ နှစ်ဖက်စလုံး ဒဏ်ရာ​တွေရကုန်ပြီး ​​မြေကြီး​ပေါ်ကို ပြုတ်ကျလာခဲ့ကာ အစာစားပြီး လမ်း​လျှောက်​နေတဲ့ အ​မွှေးရိတ်ထားတဲ့ ​ခွေးနှစ်​ကောင်​ပေါ် ကျသွားခဲ့သည်။ ခွေး၂​ကောင်မှာ တစ်​ကောင်က ဥာဏ်​ကောင်းပြီး ချက်ချင်းထ​ပြေးခဲ့သည် ။အဲ့ဒါ​ကြောင့် အ​​တောင်ပံနဲ့ ရိုက်မိရုံကလွဲပြီး ဒဏ်ရာ ဆိုးဆိုးရွားရွား မရခဲ့​ပေ။ ဘာပဲဖြစ်ဖြစ် သူတို့က ရန်ဖြစ်​နေတဲ့အတွက် ဘယ်သူမှ အနားကပ်ခွင့်မ​ပေးခဲ့ဘဲ ဆက်​ဟောင်​နေခဲ့သည်။
ရှဲ့စန်း ​ပြောစရာမဲ့သွားသည်။ B အဆင့် ငှက် ဆက်နွယ်သားရဲက အဲ့​လောက်ကြီးစရာလိုလို့လား  ၊ကောင်းကင်က အကျယ်ကြီးပါ ။ဘာဖြစ်လို့ ငြိမ်းငြိမ်းချမ်းချမ်း မ​နေနိုင်ရတာလဲ ။
အ​မွှေးရိတ်ထားတဲ့ ​ခွေးနှစ်​ကောင် ပိုင်ရှင်​တွေက မျက်လုံး​တွေ နီရဲ​နေပြီး ​စောင့်​ရှောက်သူ ​ရှောင်ထုရဲ့ အင်္ကျီလက်​တွေကို ​ဆောင့်ဆွဲ​နေကြသည်။
" ငါတို့ ဘာလုပ်ရမလဲ,သူတို့ တစ်ခုခု ဖြစ်သွားနိုင်လား "
​ဆေးရုံ ကုတင်​ထောင့်မှာ​တော့ အ​မွှေးရိတ်ထားတဲ့ ​ခွေး၂​ကောင်က တစ်​ကောင်နဲ့ တစ်​ကောင် ကပ်ကာ " ဝုတ်ဖ်,ဝုတ်ဖ်,ဝုတ်ဖ်....."
အဲ့ဒါ အထိတ်တလန့် ဖြစ်​နေတဲ့ အသံပဲ.....
__________________________________________
ဖတ်​ပေးတဲ့ သူနဲ့ vote​ပေးသူ အားလုံးကို ​ကျေးဇူးတင်ပါတယ်ရှင့် 😊😊😊
15. 7.22
Zawgyi version
" ငါ​ပြောတာ မကြားဘူးလား "
" ငါ ​နောက်က လိုက်ခဲ့ "
" မသွားနဲ့ "