Uni
မုန်း ကားလေးကို မိုင်ကုန်မြင့်ပြီး မိမိတို့နေထိုင်ရာ ဘောင်ဒရီလမ်းရှိစံအိမ်ကြီးသို့ အမြန်နှုန်းနဲ့ေမာင်းနှင်လာခဲ့သည်။
အိမ်ရှေ့ရောက်သည်နှင့်ကားစက်သတ်လိုက်ပြီးကားပေါ်ကဆင်းလိုက်သည်။
" အမေ ဒါ သမီးတို့အိမ်လေ "
သည်ကဲ့သို့ပြောလိုက်တော့အမေ့မျက်ဝန်းတွေဟာတစတစပြူးကျယ်လာခဲ့သည်။
" ဒါ ငွေ အိမ် ငွေ့အိမ်လား သို့ပေမဲ့ ငွေအိမ်က သည်အိမ်မှမဟုတ်တာ"
" ဟုတ်ပါတယ် အမေရဲ့ ဒါမုန်းတို့အိမ်လဲဖြစ်သလို အမေ့အိမ်လဲဖြစ်တယ် လာလေ အမေ သမီးတို့အိမ်ထဲဝင်ရအောင်"
" ဟင် အင်းပါ "
မုန်းရဲ့လက်သွယ်သွယ်ကိုဆုပ်ကိုင်ပြီးမဝံ့မရဲဖြစ်နေသည့်အမေ့ကြောင့်မုန်းပိုပြီးလက်ဖျားေတွကိုတင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။
အိမ်ပေါက်ဝရောက်သည်နှင့်ကြီးမြကိုလှမ်းခေါ်လိုက်သည်။
" ကြီးမြရေ ကြီးမြ"
စားဖိုဆောင်ထဲမယ် ဒေါ်မြတစ်ယောက်ဟင်းချက်နေတုန်း သခင်မလေး၏ မခေါ်စဖူးခေါ်သံကြောင့် ဟင်းမွှေနေသည့်ယောင်းမလေးကိုတောင်မချရပဲ ချက်ချင်းဆိုသလိုပြေးထွက်လာခဲ့သည်။
အိမ်ပြန်ရောက်တိုင်းတစ်ခါမျှမခေါ်ဖူးတဲ့ သခင်မလေးက ဒီနေ့ကြမှထူးထူးဆန်းဆန်းဘာလို့ခေါ်ရတာတုန်း။
အိမ်ရှေ့ရောက်ရောက်ခြင်း အိမ်ပေါက်ဝမှာသခင်မေလးေဘး၌မက်တပ်ရပ်နေသည့်အမျိုးသမီးကြောင့် ကြီးမြမှာ ကိုင်ထားသည့်ယောင်းမကို သတိလက်လွတ်အောက်ပစ်ချလိုက်မိသည်။
" သခင်မလေး..
သူ ..သူက"
မယုံကြည်နိုင်စွာမေးလိုက်တော့ သခင်မလေးက ပျော်ရွှင်စွာပြန်ဖြေလာသည်။
" ကြီးမြ အမေလေ သမီးကုန်တိုက်သွားတုန်းက လူဆိုးတွေအမေ့ကို လိုက်ဖမ်းတာတွေ့တော့ တစ်ခါတည်းခေါ်လာခဲ့တာ ဒါနဲ့အဖေရော"
သခင်မလေးက ပြောသာပြောနေတာ ပြောနေတဲ့စကားပေါ်မှာအာရုံမရှ်ိပဲ သခင်ကြီးကိုသာမေးနေသည်။
" သခင်မလေး သခင်မလေးပဲ ဟိုတစ်နေ့ကပြောတယ်လေ သခင်ကြီးက ဘိလပ်ကို ခနသွားရမယ်ဆိုပြီး"
" ဪ...ဟုတ်သားပဲ မေ့သွားတာရယ်"
နဖူးကိုလက်ဝါးဖြင့်တစ်ချက်ရိုက်ပြီးစဉ်းစားသလိုဟန်လုပ်လိုက်သည်။
" လာကြလေ ငွေစံပယ်ခင်ရော အိမ်ပေါက်ဝကြီးမယ် မက်တပ်ရပ်နေကြတာမညောင်းကြဖူးလား"
မုန်း သူ၏ အမေဖြစ်သူကို ဧည့်ခန်းထဲကို ခေါ်သွားလိုက်ပြီး ငယ်ငယ်တုန်းက သူမ အမေနဲ့အတူရိုက်ထားသည့်အဖြူအမဲကာလာနှင့်ဓာတ်ပုံကိုပြနေသည်။ ပုံတွေက သိပ်မသဲကွဲပေမဲ့လည်း လူတွေကိုတော့ရှင်းရှင်းလင်းလင်းနှင့်သဲသဲကွဲကွဲမြင်ရပါသေးသည်။ပုံထဲတွင် သုံးနှစ်အရွယ်သူမကို ဖခင်ဖြစ်သူကချီပိုးပြီး မိခင်ဖြစ်သူက ချော့မြူနေသည့်ပုံ။
ထိုပုံထဲတွင်သုံးနှစ်အရွယ်သူမဟာ ဘာအပူအပင်မှမရှိပဲ ပျော်ရွှင်နေခဲ့သည်။မုန်း ဓာတ်ပုံကိုသေချာစိုက်ကြည့်နေသည့် မိခင်ဖြစ်သူကို ဖြတ်ခနဲလှည့်ကြည့်လိုက်သည်။ မိခင်ဟာ ဓာတ်ပုံကိုသေချာစွာစိုက်ကြည့်နေခဲ့ပြီး ဘာမှတ်ချက်မှပေးမလာခဲ့။
ထိုသည်ကြောင့် မုန်းအနည်းငယ်တော့သံသယဖြစ်မိသည်။ သို့သော်လည်း မိခင်ဟာ အတိတ်မေ့နေသည်မဟုတ်လား သည်လိုနဲ့ပဲဖြည့်တွေးလိုက်တော့သည်။
မိခင်က အတိတ်မေ့နေသော်ငြားလည်း အခုမုန်းတို့စီရောက်လာပြီလေ ဒီတစ်ချက်နဲ့တင်ကျေနပ်ပါတယ်။
မေ့နေလည်း အခုကစပြီး မုန်းနဲ့ ဒယ်ဒီက အမေ့ကိုများကြီးချစ်ပေးမှာမို့လို့ အတိတ်ကို မေ့နေလဲ ဘာမှမဖြစ်ပါဖူး။ ပစ္စုပ္ပန် နှင့်အနာဂတ်မှာ အမေက မုန်းနဲ့တူတူရှိနေတာတော့မှာမဟုတ်လား။
အတိတ်ဆိုတာ ရေးဆွဲပြီးသားပန်းချီကားတစ်ချပ်ပေမို့ ပြန်လည်ပြင်ဆင်ချင်ရင်တောင်ပြင်လို့မှမရတော့တာ။
သို့ပေမဲ့ ပစ္စုပ္ပန် နှင့်အနာဂတ်တို့ကတော့ မ
အတိတ်နှင့်မတူဖူးလေ။
သူတို့က မရေးဆွဲရသေးတဲ့ပန်းချီကားနှင့်ရေးဆွဲလက်စပန်းချီကားမို့ ကိုယ်လိုသလို ရေးဆွဲလို့ရပေသည်။ဤ သည်ကြောင့်မုန်းကတော့ အတိတ်မှာပြင်လို့်မရခဲ့တဲ့ ပန်းချီကားကို အနာဂတ်နှင့်ပစ္စုပ္ပန်မှာ ပြန်လည်ပြင်ဆင်ဖို့ကြိုးစားမည်။
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
" ဒီမှာရှင့်ဘာလို့ တိုင်တန်းခွင့်မပြုတာလဲဆိုတာ အရင်ဖြေပေးပါ မိန်းကလေးတစ်ယောက်ကို အလိုမတူပဲ သားမယားပြုကျင့်တာကို တောင် တိုင်တန်းလို့မရဖူးဆိုတော့ မဟာဝန်ရှင်တော်မင်းကြီးက ဘယ်လိုတွေတောင်အုပ်ချုပ်နေတာပါလိမ့်"
ထိုစကားတွေကြောင့် စာရေးအငယ်လေးမှာခေါင်းတွေပင်ကိုက်လာရသည်။
" ဒီမှာ အမဗျ အမတို့ရဲ့အလုပ်က အပျော်မယ် လေဗျ အပျော်မယ်တစ်ယောက်က သူ့အလုပ်သူလုပ်ရတဲ့အတွက်ကြောင့် တစ်ဖက်လူကိုတရားစွဲဆိုလို့မရနိုင်ဖူးဗျ အပျော်မယ် ဆိုတဲ့အတိုင်း တစ်ဖက်လူက အပျော်မယ် ဂုဏ်ပုဒ်နဲ့ညီအောင် လုပ်သွားတာမို့ ကျွန်တော်တို့ အမှုဖွင့်လို့မရတာနားလည်ပေးပါ"
ထိုစကားတွေကြောင့် အနွယ် ဒေါသတွေထွက်လာရသည်။ အပျော်မယ်ဆိုတဲ့နာမည်အောက်မှာ ယောက်ျားတွေက သူမတို့ကို သူမတို့ရဲ့ စိတ်ဆန္ဒမပါပဲ သားမယားပြုကျင့်ရင်တောင် သူမတို့က ငြိမ်ခံရမယ်ပေါ့လေ။
အနွယ်စိတ်ထဲကနေသောက်ရေးမပါတာဟုဆဲရေးမိသည်။
ထိုစာရေး၏ အပြောကြောင့် သျှင်းကိုယ်လေးမှာကျုံသတဲ့ကျုံလာပြီး သူမ၏ တည်ရှိမှုကိုပျောက်ကွယ်သွားအောင်လုပ်နေသည်။ သျှင်း အနွယ့်ကို လက်လေးနှင့်ထိလိုက်ပြီး ပြန်ကြအောင်ဆိုတဲ့အမူအယာလုပ်ပြလိုက်သည်။
မဟုတ်ရင် မမနွယ်က သည်နေရာမှာပွဲထကြမ်းတော့မည်ဆိုတာသျှင်းလေးတစ်ယောက်သိနေခြင်းကြောင့်ပေ။
သျှင်းက ဒီလိုအဖြစ်မျိုးနဲ့ကြုံတွေ့ရမဲ့လို့ တစ်ခါမျှမစဉ်းစားခဲ့ပေမဲ့ တဂယ်တည်းကြုံတွေလာတဲ့အခါ ခံပြင်းစိတ်ထက်ကြောက်ရွံစိတ်က ပိုတိုးလို့လာသည်။
ဟုတ်ပါသည်လေ ထိုစာရေးငယ်ပြောတာက မှန်ပါသည်ယ သျှင်းက အပျော်မယ်အိမ်က အပျော်မယ်တစ်ယောက်ပေမို့ သည်ကလိုဆက်ဆံခံရတာ သျှင်းရဲ့ဘဝပါပဲလေ။ သားမယားပြုကျင့်ခံရတာသျှင်းပေမဲ့ ပိုပြီးဒေါသထွက်နေတာက မမနွယ်ဖြစ်နေလေသည်။
" မမနွယ် သျှင်းတို့ပြန်ရအောင်လေ.."
အသံခပ်တိုးတိုးကြောင့် အနွယ် သျှင်းလေးကို ကြည့်လိုက်မိသည်။
ခပ်နွမ်းနွမ်းမျက်နှာလေးကြောင့်စိတ်လျော့လိုက်ရသည်။ သူလေးလဲ ကြောက်ရွံနေရှာမှာပေါ့ ။အပျော်မယ်ဆိုတဲ့ တန်ဖိုးမဲ့လှသည့်ဂုဏ်ပုဒ်အောက်မှာ ကြေမွခံလိုက်ရသည့်အရှက်တရား၊ ဂုဏ်သိက္ခာ အရာအားလုံးဖျက်စီးခံလိုက်ရသည့်မိန်းမငယ်လေးတစ်ယောက်။
" ကောင်းပြီ သျှင်း မမတို့ပြန်ရအောင် "
ဘေးမှာထိုင်နေသည့်သျှင်းလေးကို
လှည့်ကြည့်လိုက်ပြီးပြောလိုက်သည်။
" သို့ပေမဲ့ဒီပြသာနာက ဒီမှာတင်မပြီးသေးဖူးနော် စာရေးလေး အပျော်မယ်ဆိုပြီး မတရားကျင့်ခံရတာတောင်ဘာမှကာကွယ်မှုမပေးနိုင်တဲ့ ဒီဥပဒေကို တစ်နေ့ရှုံချဖို့ပြန်လာဦးမှာ"
ရှေ့တည့်တည့်မှာထိုင်နေသည့်စာရေးငယ်လေးကို စိုက်ကြည့်ပြီးပြောလိုက်သည်။ ပြီးတာနှင့် သျှင်းလေး လက်ကို ဆွဲပြီး ရုံးခန်းကနေထွက်လာခဲ့သည်။
အပြင်ရောက်သည်နှင့် အနွယ် သျှင်းလေးရဲ့လက်ဖဝါးကို ဖွဖွလေးပွတ်သပ်လိုက်ပြီး အားမငယ်ပါနဲ့ဟုဆိုလိုက်သည်။
ဟန်နီ ပြောခဲ့အတိုင်း အနွယ်တို့လို အပျော်မယ်တွေကို ကာကွယ်ပေးနိုင်မဲ့ဥပဒေရှိလာမယ်ဆိုတာ ယုံကြည်တာမို့လို့ ဒီနေ့ဖြစ်ရပ်အတွက် အမှန်တရားကိုရင်ဆိုင်ဖို့ အနွယ်စောင့်နေပါ့မယ်။
ဘာလို့လဲလို့မေးခဲ့ရင်
" ဟန်နီကိုယုံတယ်လေ ဟန်နီ့ကိုယုံကြည်တာမို့ ယုံယုံကြည်ကြည်နှင့်စောင့်နေမှာပါ"
*************************************
မုန်းပန်းရာဇဝင်ဆိုသည့်မိန်းကလေး၏
နှလုံးသားကိုအပြင်လူဝင်လို့မရအောင် နွယ်လှလှေလးတစ်မျိုးက ပတ်နွယ်ထားလေသည်။
ထိုနွယ်လှလှလေး၏ နာမည်ကတော့ သစ္စာနွယ်တဲ့လေ။
***************************************
၁၃.၇.၂၀၂၂
မိုး♡
(A/N 10k မပြည့်လဲတင်ပေးလိုက်ပြီနော်ဟွန့် )
Zawgyi
မုန္း ကားေလးကို မိုင္ကုန္ျမင့္ၿပီး မိမိတို႔ေနထိုင္ရာ ေဘာင္ဒရီလမ္းရွိစံအိမ္ႀကီးသို႔ အျမန္ႏႈန္းနဲ႕ေမာင္းႏွင္လာခဲ့သည္။
အိမ္ေရွ႕ေရာက္သည္ႏွင့္ကားစက္သတ္လိုက္ၿပီးကားေပၚကဆင္းလိုက္သည္။
" အေမ ဒါ သမီးတို႔အိမ္ေလ "
သည္ကဲ့သို႔ေျပာလိုက္ေတာ့အေမ့မ်က္ဝန္းေတြဟာတစတစျပဴးက်ယ္လာခဲ့သည္။
" ဒါ ေငြ အိမ္ ေငြ႕အိမ္လား သို႔ေပမဲ့ ေငြအိမ္က သည္အိမ္မွမဟုတ္တာ"
" ဟုတ္ပါတယ္ အေမရဲ႕ ဒါမုန္းတို႔အိမ္လဲျဖစ္သလို အေမ့အိမ္လဲျဖစ္တယ္ လာေလ အေမ သမီးတို႔အိမ္ထဲဝင္ရေအာင္"
" ဟင္ အင္းပါ "
မုန္းရဲ႕လက္သြယ္သြယ္ကိုဆုပ္ကိုင္ၿပီးမဝံ့မရဲျဖစ္ေနသည့္အေမ့ေၾကာင့္မုန္းပိုၿပီးလက္ဖ်ားေတြကိုတင္းက်ပ္စြာဆုပ္ကိုင္ထားမိသည္။
အိမ္ေပါက္ဝေရာက္သည္ႏွင့္ႀကီးျမကိုလွမ္းေခၚလိုက္သည္။
" ႀကီးျမေရ ႀကီးျမ"
စားဖိုေဆာင္ထဲမယ္ ေဒၚျမတစ္ေယာက္ဟင္းခ်က္ေနတုန္း သခင္မေလး၏ မေခၚစဖူးေခၚသံေၾကာင့္ ဟင္းေမႊေနသည့္ေယာင္းမေလးကိုေတာင္မခ်ရပဲ ခ်က္ခ်င္းဆိုသလိုေျပးထြက္လာခဲ့သည္။
အိမ္ျပန္ေရာက္တိုင္းတစ္ခါမွ်မေခၚဖူးတဲ့ သခင္မေလးက ဒီေန႕ၾကမွထူးထူးဆန္းဆန္းဘာလို႔ေခၚရတာတုန္း။
အိမ္ေရွ႕ေရာက္ေရာက္ျခင္း အိမ္ေပါက္ဝမွာသခင္မေလးေဘး၌မက္တပ္ရပ္ေနသည့္အမ်ိဳးသမီးေၾကာင့္ ႀကီးျမမွာ ကိုင္ထားသည့္ေယာင္းမကို သတိလက္လြတ္ေအာက္ပစ္ခ်လိဳက္မိသည္။
" သခင္မေလး..
သူ ..သူက"
မယုံၾကည္နိုင္စြာေမးလိုက္ေတာ့ သခင္မေလးက ေပ်ာ္႐ႊင္စြာျပန္ေျဖလာသည္။
" ႀကီးျမ အေမေလ သမီးကုန္တိုက္သြားတုန္းက လူဆိုးေတြအေမ့ကို လိုက္ဖမ္းတာေတြ႕ေတာ့ တစ္ခါတည္းေခၚလာခဲ့တာ ဒါနဲ႕အေဖေရာ"
သခင္မေလးက ေျပာသာေျပာေနတာ ေျပာေနတဲ့စကားေပၚမွာအာ႐ုံမရွ္ိပဲ သခင္ႀကီးကိုသာေမးေနသည္။
" သခင္မေလး သခင္မေလးပဲ ဟိုတစ္ေန႕ကေျပာတယ္ေလ သခင္ႀကီးက ဘိလပ္ကို ခနသြားရမယ္ဆိုၿပီး"
" ဪ...ဟုတ္သားပဲ ေမ့သြားတာရယ္"
နဖူးကိုလက္ဝါးျဖင့္တစ္ခ်က္ရိုက္ၿပီးစဥ္းစားသလိုဟန္လုပ္လိုက္သည္။
" လာၾကေလ ေငြစံပယ္ခင္ေရာ အိမ္ေပါက္ဝႀကီးမယ္ မက္တပ္ရပ္ေနၾကတာမေညာင္းၾကဖူးလား"
မုန္း သူ၏ အေမျဖစ္သူကို ဧည့္ခန္းထဲကို ေခၚသြားလိုက္ၿပီး ငယ္ငယ္တုန္းက သူမ အေမနဲ႕အတူရိုက္ထားသည့္အျဖဴအမဲကာလာႏွင့္ဓာတ္ပုံကိုျပေနသည္။ ပုံေတြက သိပ္မသဲကြဲေပမဲ့လည္း လူေတြကိုေတာ့ရွင္းရွင္းလင္းလင္းႏွင့္သဲသဲကြဲကြဲျမင္ရပါေသးသည္။ပုံထဲတြင္ သုံးႏွစ္အ႐ြယ္သူမကို ဖခင္ျဖစ္သူကခ်ီပိုးၿပီး မိခင္ျဖစ္သူက ေခ်ာ့ျမဴေနသည့္ပုံ။
ထိုပုံထဲတြင္သုံးႏွစ္အ႐ြယ္သူမဟာ ဘာအပူအပင္မွမရွိပဲ ေပ်ာ္႐ႊင္ေနခဲ့သည္။မုန္း ဓာတ္ပုံကိုေသခ်ာစိုက္ၾကည့္ေနသည့္ မိခင္ျဖစ္သူကို ျဖတ္ခနဲလွည့္ၾကည့္လိုက္သည္။ မိခင္ဟာ ဓာတ္ပုံကိုေသခ်ာစြာစိုက္ၾကည့္ေနခဲ့ၿပီး ဘာမွတ္ခ်က္မွေပးမလာခဲ့။
ထိုသည္ေၾကာင့္ မုန္းအနည္းငယ္ေတာ့သံသယျဖစ္မိသည္။ သို႔ေသာ္လည္း မိခင္ဟာ အတိတ္ေမ့ေနသည္မဟုတ္လား သည္လိုနဲ႕ပဲျဖည့္ေတြးလိုက္ေတာ့သည္။
မိခင္က အတိတ္ေမ့ေနေသာ္ျငားလည္း အခုမုန္းတို႔စီေရာက္လာၿပီေလ ဒီတစ္ခ်က္နဲ႕တင္ေက်နပ္ပါတယ္။
ေမ့ေနလည္း အခုကစၿပီး မုန္းနဲ႕ ဒယ္ဒီက အေမ့ကိုမ်ားႀကီးခ်စ္ေပးမွာမို႔လို႔ အတိတ္ကို ေမ့ေနလဲ ဘာမွမျဖစ္ပါဖူး။ ပစၥဳပၸန္ ႏွင့္အနာဂတ္မွာ အေမက မုန္းနဲ႕တူတူရွိေနတာေတာ့မွာမဟုတ္လား။
အတိတ္ဆိုတာ ေရးဆြဲၿပီးသားပန္းခ်ီကားတစ္ခ်ပ္ေပမို႔ ျပန္လည္ျပင္ဆင္ခ်င္ရင္ေတာင္ျပင္လို႔မွမရေတာ့တာ။
သို႔ေပမဲ့ ပစၥဳပၸန္ ႏွင့္အနာဂတ္တို႔ကေတာ့ မ
အတိတ္ႏွင့္မတူဖူးေလ။
သူတို႔က မေရးဆြဲရေသးတဲ့ပန္းခ်ီကားႏွင့္ေရးဆြဲလက္စပန္းခ်ီကားမို႔ ကိုယ္လိုသလို ေရးဆြဲလို႔ရေပသည္။ဤ သည္ေၾကာင့္မုန္းကေတာ့ အတိတ္မွာျပင္လို႔္မရခဲ့တဲ့ ပန္းခ်ီကားကို အနာဂတ္ႏွင့္ပစၥဳပၸန္မွာ ျပန္လည္ျပင္ဆင္ဖို႔ႀကိဳးစားမည္။
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
" ဒီမွာရွင့္ဘာလို႔ တိုင္တန္းခြင့္မျပဳတာလဲဆိုတာ အရင္ေျဖေပးပါ မိန္းကေလးတစ္ေယာက္ကို အလိုမတူပဲ သားမယားျပဳက်င့္တာကို ေတာင္ တိုင္တန္းလို႔မရဖူးဆိုေတာ့ မဟာဝန္ရွင္ေတာ္မင္းႀကီးက ဘယ္လိုေတြေတာင္အုပ္ခ်ဳပ္ေနတာပါလိမ့္"
ထိုစကားေတြေၾကာင့္ စာေရးအငယ္ေလးမွာေခါင္းေတြပင္ကိုက္လာရသည္။
" ဒီမွာ အမဗ် အမတို႔ရဲ႕အလုပ္က အေပ်ာ္မယ္ ေလဗ် အေပ်ာ္မယ္တစ္ေယာက္က သူ႕အလုပ္သူလုပ္ရတဲ့အတြက္ေၾကာင့္ တစ္ဖက္လူကိုတရားစြဲဆိုလို႔မရနိုင္ဖူးဗ် အေပ်ာ္မယ္ ဆိုတဲ့အတိုင္း တစ္ဖက္လူက အေပ်ာ္မယ္ ဂုဏ္ပုဒ္နဲ႕ညီေအာင္ လုပ္သြားတာမို႔ ကြၽန္ေတာ္တို႔ အမႈဖြင့္လို႔မရတာနားလည္ေပးပါ"
ထိုစကားေတြေၾကာင့္ အႏြယ္ ေဒါသေတြထြက္လာရသည္။ အေပ်ာ္မယ္ဆိုတဲ့နာမည္ေအာက္မွာ ေယာက္်ားေတြက သူမတို႔ကို သူမတို႔ရဲ႕ စိတ္ဆႏၵမပါပဲ သားမယားျပဳက်င့္ရင္ေတာင္ သူမတို႔က ၿငိမ္ခံရမယ္ေပါ့ေလ။
အႏြယ္စိတ္ထဲကေနေသာက္ေရးမပါတာဟုဆဲေရးမိသည္။
ထိုစာေရး၏ အေျပာေၾကာင့္ သွ်င္းကိုယ္ေလးမွာက်ဳံသတဲ့က်ဳံလာၿပီး သူမ၏ တည္ရွိမႈကိုေပ်ာက္ကြယ္သြားေအာင္လုပ္ေနသည္။ သွ်င္း အႏြယ့္ကို လက္ေလးႏွင့္ထိလိုက္ၿပီး ျပန္ၾကေအာင္ဆိုတဲ့အမူအယာလုပ္ျပလိုက္သည္။
မဟုတ္ရင္ မမႏြယ္က သည္ေနရာမွာပြဲထၾကမ္းေတာ့မည္ဆိုတာသွ်င္းေလးတစ္ေယာက္သိေနျခင္းေၾကာင့္ေပ။
သွ်င္းက ဒီလိုအျဖစ္မ်ိဳးနဲ႕ႀကဳံေတြ႕ရမဲ့လို႔ တစ္ခါမွ်မစဥ္းစားခဲ့ေပမဲ့ တဂယ္တည္းႀကဳံေတြလာတဲ့အခါ ခံျပင္းစိတ္ထက္ေၾကာက္႐ြံစိတ္က ပိုတိုးလို႔လာသည္။
ဟုတ္ပါသည္ေလ ထိုစာေရးငယ္ေျပာတာက မွန္ပါသည္ယ သွ်င္းက အေပ်ာ္မယ္အိမ္က အေပ်ာ္မယ္တစ္ေယာက္ေပမို႔ သည္ကလိုဆက္ဆံခံရတာ သွ်င္းရဲ႕ဘဝပါပဲေလ။ သားမယားျပဳက်င့္ခံရတာသွ်င္းေပမဲ့ ပိုၿပီးေဒါသထြက္ေနတာက မမႏြယ္ျဖစ္ေနေလသည္။
" မမႏြယ္ သွ်င္းတို႔ျပန္ရေအာင္ေလ.."
အသံခပ္တိုးတိုးေၾကာင့္ အႏြယ္ သွ်င္းေလးကို ၾကည့္လိုက္မိသည္။
ခပ္ႏြမ္းႏြမ္းမ်က္ႏွာေလးေၾကာင့္စိတ္ေလ်ာ့လိုက္ရသည္။ သူေလးလဲ ေၾကာက္႐ြံေနရွာမွာေပါ့ ။အေပ်ာ္မယ္ဆိုတဲ့ တန္ဖိုးမဲ့လွသည့္ဂုဏ္ပုဒ္ေအာက္မွာ ေၾကမြခံလိုက္ရသည့္အရွက္တရား၊ ဂုဏ္သိကၡာ အရာအားလုံးဖ်က္စီးခံလိုက္ရသည့္မိန္းမငယ္ေလးတစ္ေယာက္။
" ေကာင္းၿပီ သွ်င္း မမတို႔ျပန္ရေအာင္ "
ေဘးမွာထိုင္ေနသည့္သွ်င္းေလးကို
လွည့္ၾကည့္လိုက္ၿပီးေျပာလိုက္သည္။
" သို႔ေပမဲ့ဒီျပသာနာက ဒီမွာတင္မၿပီးေသးဖူးေနာ္ စာေရးေလး အေပ်ာ္မယ္ဆိုၿပီး မတရားက်င့္ခံရတာေတာင္ဘာမွကာကြယ္မႈမေပးနိုင္တဲ့ ဒီဥပေဒကို တစ္ေန႕ရႈံခ်ဖိဳ႕ျပန္လာဦးမွာ"
ေရွ႕တည့္တည့္မွာထိုင္ေနသည့္စာေရးငယ္ေလးကို စိုက္ၾကည့္ၿပီးေျပာလိုက္သည္။ ၿပီးတာႏွင့္ သွ်င္းေလး လက္ကို ဆြဲၿပီး ႐ုံးခန္းကေနထြက္လာခဲ့သည္။
အျပင္ေရာက္သည္ႏွင့္ အႏြယ္ သွ်င္းေလးရဲ႕လက္ဖဝါးကို ဖြဖြေလးပြတ္သပ္လိုက္ၿပီး အားမငယ္ပါနဲ႕ဟုဆိုလိုက္သည္။
ဟန္နီ ေျပာခဲ့အတိုင္း အႏြယ္တို႔လို အေပ်ာ္မယ္ေတြကို ကာကြယ္ေပးနိုင္မဲ့ဥပေဒရွိလာမယ္ဆိုတာ ယုံၾကည္တာမို႔လို႔ ဒီေန႕ျဖစ္ရပ္အတြက္ အမွန္တရားကိုရင္ဆိုင္ဖို႔ အႏြယ္ေစာင့္ေနပါ့မယ္။
ဘာလို႔လဲလို႔ေမးခဲ့ရင္
" ဟန္နီကိုယုံတယ္ေလ ဟန္နီ႕ကိုယုံၾကည္တာမို႔ ယုံယုံၾကည္ၾကည္ႏွင့္ေစာင့္ေနမွာပါ"
*************************************
မုန္းပန္းရာဇဝင္ဆိုသည့္မိန္းကေလး၏
ႏွလုံးသားကိုအျပင္လူဝင္လို႔မရေအာင္ ႏြယ္လွလွေလးတစ္မ်ိဳးက ပတ္ႏြယ္ထားေလသည္။
ထိုႏြယ္လွလွေလး၏ နာမည္ကေတာ့ သစၥာႏြယ္တဲ့ေလ။
***************************************
၁၃.၇.၂၀၂၂
မိုး♡
(A/N 10k မျပည့္လဲတင္ေပးလိုက္ၿပီေနာ္ဟြန႔္ )