Unicode
အခန်း(၃၈၀) - အားကျူ၏သတိပေးမှု
တံခါးပိတ်ပြီးနောက်မှာ ယန်ထျန်းဟန်က မေးသည်။
"အစ်ကိုကြီး, ဒီကိစ္စကို ဂိုဏ်းတူအစ်ကိုကြီးပေ့ကို ဖုန်းကွယ်ထားတာက ကောင်းပါ့မလား?"
လင်ရွှမ်းဇီက အေးအေးဆေးဆေး ပြန်ဖြေသည်။
"အကယ်၍ ဆရာတူအစ်ကိုကြီးပေ့သာ ဝိညာဉ်ချီစုဆောင်းနိုင်တဲ့ မှော်ရတနာ တကယ်ရှိတယ်ဆိုတာ သိသွားရင် သူက သေချာပေါက် အဲ့ဒါကိုပဲ တိုက်ရိုက်သွားရှာမှာ။ ဒါပေမဲ့ ဆရာကသူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ထားဖို့ ငါ့ကို ပြောလိုက်တယ်လေ.....ဆရာ့ရဲ့ ညွှန်ကြားချက်ကို နောက်တစ်ခေါက် ထပ်ပြီး မဖီဆန်ချင်တော့ဘူး။ အဲ့ဒါကို ရှာတွေ့တဲ့အထိ စောင့်ပြီးမှပဲ သူ့ကိုပြောတော့မယ်"
ယန်ထျန်းဟန်က ခေါင်းညိတ်ပြသည်။
"ကျွန်တော် သိပြီ"
လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်လေသည်။
"နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲ ဝင်ပြီးသွားရင် ငါ့နောက်က တစ်ချိန်လုံး နီးနီးကပ်ကပ် လိုက်ရမယ်နော် ငါနဲ့ ခြေတစ်လှမ်းတောင် မခွာနဲ့"
ယန်ထျန်းဟန်က ပြုံးသည်။
"စိတ်မပူပါနဲ့ အစ်ကိုကြီး, တစ်ယောက်ယောက်က ကျွန်တော့်ကို အစ်ကိုကြီးဘေးက ထွက်သွားခိုင်းရင်တောင် ကျွန်တော်မသွားပါဘူး"
လင်ရွှမ်းဇီသည်လည်း ကြည်နူးစွာ ပြုံးလိုက်သည်။
"တစ်နေကုန် ငါတို့ ဘာမှ လုပ်စရာ မရှိဘူး။ တစ်ခုခုစားပြီးရင် အနားယူရအောင်"
ယန်ထျန်းဟန်ရဲ့ မျက်လုံးလေးများ တောက်ပသွားတော့လေသည်။
"အနားမယူနဲ့ဦး, ကျွန်တော် ဒီနေ့ တွေ့ခဲ့တဲ့ အမှတ်အသား လက်မှတ်ရဲ့ ပုံစံကို အရင်ဆုံး ဆွဲလိုက်ဦးမယ် အဲ့ဒါမှ အစ်ကိုကြီး တတ်နိုင်သမျှ အမြန်ဆုံး လက်မှတ်ကို သန့်စင်လို့ရမှာ"
လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ အောင်ပွဲခံနေသလိုမျိုး ယုံကြည်ချက် ပြည့်ဝနေသည့် တောက်ပသော မျက်နှာသေးသေးလေးကို ကြည့်လိုက်သည်။
"ငါသိသားပဲ မင်းအဲ့ဒီ လက်မှတ်ကိုဒီလောက် အကြာကြီး ငှားကြည့်နေတာ အဲ့ဒီတော့ မင်းစိတ်ထဲမှာ အကြံအစည် ချနေတာပေါ့လေ"
ယန်ထျန်းဟန်က မေးသည်။
"အစ်ကိုကြီး မလိုချင်ဘူးလို့တော့ မပြောနဲ့နော်?"
လင်ရွှမ်းဇီ, ".....မြန်မြန်ထုတ်ပြီး ငါ့ကိုပြပါဦး"
ယန်ထျန်းဟန်, "ဟားဟားဟား!"
လက်ထဲမှာ အမှတ်အသား လက်မှတ်သာ ရှိနေရင် အနာဂတ်မှာ ဘယ်ကိုပဲ သွားပါစေ သေချာပေါက် လွယ်ကူလိမ့်မယ်။ ဒီလက်မှတ်က မှော်ကိရိယာတစ်ခုရဲ့ ပုံစံပဲဆိုတော့ လင်ရွှမ်းဇီအတွက်က ဘယ်လိုပဲ ဖြစ်နေပါစေ အရင်က မြင်ဘူးတဲ့ မှော်ကိရိယာ ဖြစ်နေသ၍ သေချာပေါက် ပုံစံတူတစ်ခုကို ဖန်တီးနိုင်လိမ့်မည်လေ။
လက်မှုပညာရှင် လမ်းစဉ်တွင် တစ်ချိန်တည်းမှာပင် အတုအပ လုပ်သည့် ဆရာသခင်များလည်း အများအပြား ရှိနေသည်။ သူတို့ ပုံတူကူးထားတဲ့ မှော်ကိရိယာက အပြင်ဘက်မှာ တကယ့်မှော်ရတနာရဲ့ အသွင်သဏ္ဍာန် ရှိပေမယ့်လည်း သက်ရောက်မှုကတော့ ရှိလိမ့်မည်မဟုတ်။ သို့သော်လည်း ထိုအတုအယောင်များဖြင့်ပင် သံသယမရှိလောက်အောင် ကမ္ဘာကြီးကို လှည့်စားနိုင်သည်သာ။
သဘာဝကျကျပဲ လင်ရွှမ်းဇီသည်လည်း ဘယ်လို အတုလုပ်ရမလဲ သိနေသည်။ သူလုပ်ထားတဲ့ ပုံစံတူကို တစ်ခြားသူတွေကို အသုံးပြုခွင့် ပေးဖို့ မဖြစ်နိုင်ဘူး ဆိုပေမယ့်လည်း သူ့ဘာသာ သုံးပြီး တစ်ခြားသူတွေကို လှည့်စားဖို့တော့ အဆင်ပြေတာပဲ။
နောက်တစ်နေ့မှာတော့ လင်ရွှမ်းဇီနဲ့ သူ့အဖွဲ့သားများက နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်သို့ တိုက်ရိုက်မသွားပဲ တောအုပ်နဲ့ ပတ်သတ်တဲ့ အချက်အလက်များအား စုဆောင်းရန်အတွက် လူစည်ကားသည့် နေရာမျိုးသို့ လူခွဲပြီး သွားလိုက်ကြသည်။
ဒီနေရာမှာက ကြေးစားအဖွဲ့များ ပေါများပြီး အလုပ်လက်ခံနိုင်သည့် အထူးစားသောက်ဆိုင်များပင် ရှိသည်။ ကြေးစားအဖွဲ့များသည် အလုပ်အသစ် တစ်ခု ရှိသည့် အခါတိုင်း ၎င်းတို့သည်သာ ဦးစွာ ဖမ်းယူနိုင်စေရန် တစ်စုံတစ်ဦးအား အစောင့်အဖြစ် စားသောက်ဆိုင်များသို့ စေလွှတ်ထားလေသည်။
ချီမြို့ရဲ့ ကြေးစားစနစ်က တိုက်ကြီးငါးတိုက်လုံးတွင် အပြည့်စုံဆုံးအဖြစ် သတ်မှတ်ခံရတာဖြစ်သည်။ ထို့ကြောင့် တိုက်ကြီးငါးတိုက်ရှိ ကြေးစား အဖွဲ့များသည်လည်း ဒီမြို့ကို ခရီးနှင်ကြရန် နှစ်သက်ကြသည်ပင်။
လင်ရွှမ်းဇီနဲ့ ယန်ထျန်းဟန်တို့သည် ကြေးစားအလုပ် စုဆောင်းသည့် နေရာသို့ အတူတူ ရောက်လာကြသည်။
လင်ရွှမ်းဇီက ခေါင်းညိတ်လိုက်သည်။
"အခုချိန်မှာ ကြေးစားသမားတွေကို နတ်ဆိုးသားရဲ အင်္သေချေတောထဲ တိုက်ရိုက် ကင်းထောက်ခိုင်းဖို့ တာဝန်ပေးရင် သူတို့ရဲ့ အသက်အန္တာရယ်ကြောင့် လက်မခံမှာ စိုးရတယ်။ နတ်ဆိုးသားရဲ အင်္သေချေတောထဲမှာ တွေ့ရတတ်တဲ့ ဝိညာဉ်ပင်တွေနဲ့ နတ်ဆိုးသားရဲတွေကို စုဆောင်းခိုင်းတာကတော့ ရှင်းတယ်လေ။ ဒီလမ်းနဲ့ဆိုရင်တော့ ကြေးစားသမားတွေ အနေနဲ့ သူတို့ရဲ့ အသက်ကို စွန့်စားဖို့အတွက် ပိုပြီး စိတ်ရှိလာလိမ့်မယ် "
"ဒီသခင်လေးက တော်တော်လေး ရှင်းရှင်းလင်းလင်း နားလည်ပုံပဲ" လူငယ်တစ်ယောက်က လမ်းလျှောက်လာရင်း လက်ခုပ်တစ်ဖြတ်ဖြတ် တီး၍ လင်ရွှမ်းဇီအား နှုတ်ဆက်လာသည်။
"ကျွန်တော်က ဒီက တာဝန်ခံပါ။ ကျွန်တော့်ကို တာဝန်ခံဖန်းလို့ ခေါ်လို့ရတယ်။ ခင်ဗျားတို့နှစ်ယောက် ဒီနားမှာ လှည်ပတ်နေတာ မြင်နေရလို့ပါ။ ခင်ဗျားတို့က ကြေးစားအဖွဲ့ကို သတင်းပေးဖို့ လုပ်နေတာလား ဒါမှမဟုတ် အလုပ်လက်ခံဖို့ လုပ်နေတာလား ဆိုတာကို ရဲတင်းစွာနဲ့ မေးခွင့်ရှိမလား ခင်ဗျ?"
လင်ရွှမ်းဇီသည်လည်း ပြန်လည် နှုတ်ဆက်လိုက်သည်။
"ကျွန်တော့် ညီလေးနဲ့ ကျွန်တော်တို့က သတင်းတစ်ချို့လောက် လာစုံစမ်းဖို့ တွေးနေတာပါ"
တာဝန်ခံဖန်းက မအံ့သြသွားပေ
"ခင်ဗျားတို့ရဲ့ အဝတ်အစားအပေါ် အကဲဖြတ်ရရင် ကြည့်ရတာ နှစ်ယောက်လုံး အရှေ့ဘက် တိုက်မကြီးက လာကြတာနဲ့တူတယ်နော်"
လင်ရွှမ်းဇီက ချီးကျူးလိုက်၏။
"တာဝန်ခံဖန်းက တော်တော်လေး အမြင်ကောင်းတာပဲ"
တာဝန်ခံဖန်းက ပြုံးလေသည်။
"ဒီနေရာမှာ ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားနေကြတဲ့ ကြေးစားတွေ မရေမတွက်နိုင်အောင် ရှီတယ်။ သူတို့တွေ ဘယ်က လာလဲ ဆိုတာတောင် မသိဘူးဆိုရင် ဒီအလုပ်လက်ခံတဲ့ စားသောက်ဆိုင်မှာ နှစ်ပေါင်းများစွာ တာဝန်ခံ ဖြစ်လာတာက ကျွန်တော့ အချိန်တွေကို ဖြုန်းတီးသလို ဖြစ်နေမှာပေါ့ဗျာ"
ယန်ထျန်းဟန်က တာဝန်ခံဖန်းအား ကြည့်လိုက်ပြီး သူ့မျက်လုံးလေးများအား အပြုံးအဖြစ် ကျဉ်းမြောင်းလိုက်လေသည်။
"ဒါဆို တာဝန်ခံဖန်းက နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲမှာ ရှိတဲ့ မကောင်းဆိုးဝါးကြီး အကြောင်းကို သိထားလား?"
တာဝန်ခံဖန်းက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။
"အကယ်၍ သိချင်တယ်ဆိုရင် ကျွန်တော်နဲ့ လိုက်ခဲ့လိုက်ပါ"
လင်ရွှမ်းဇီနဲ့ တာဝန်ခံဖန်းတို့ အချင်းချင်း မျက်လုံးခြင်း ဆုံသွားတဲ့ အချိန်မှာ တာဝန်ခံဖန်း၏ ရင်ဘက်တွင် မှတ်ပုံတင်အမှတ်အသားတစ်ခုအား မြင်လိုက်ရသည်။ ထို့ကြောင့် ယန်ထျန်းဟန်ရဲ့ ပုခုံးလေးအား လက်ဖြင့် ပုတ်လိုက်ကာ
"တာဝန်ခံဖန်းနောက် လိုက်သွားပြီး တစ်ချက်ကြည့်ကြရအောင်"
တာဝန်ခံဖန်း၏ အမှတ်အသားပေါ်တွင် ဂျီဆိုသည့် စာလုံးအား ရေးထားသည်လေ။
စားသောက်ဆိုင်၏ ခြံဝင်းနောက်ဘက်သို့ ဝင်သွားလိုက်တဲ့အချိန်မှာ တစ်ချက်ကြည့်လိုက်တာနဲ့တင် စိုးရိမ်နေသည့် အမူအယာနဲ့ မတ်တပ်ရပ်နေသော ဂျီယွန်ဝေအား မြင်လိုက်ရလေသည်။
"ရွှမ်းဇီ!"
ဂျီယွန်ဝေ၏ မျက်လုံးများက လင်ရွှမ်းဇီကို မြင်တာနဲ့တင် လင်းလက်သွားပြီး အနားကို ကမန်းကတန်း လျှောက်လာသည်။
လင်ရွှမ်းဇီအနေနဲ့ ဂျီယွန်ဝေအား ထိုသို့သော ပုံစံမျိုး မြင်ရတာ ရှားပါးလွန်းလှပေသည်။ ထို့ကြောင့် မမေးပဲ မနေနိုင်တော့ပေ။
"ဘယ်လို အခက်အခဲမျိုးနဲ့ ကြုံတွေ့နေရလို့လဲ?"
ဂျီယွန်ဝေက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောလာ၏။
"ငါတကယ် အခက်အခဲတချို့ ကြုံထားရတယ်"
သူ့ကိုယ်သူ ပြန်လည် ပြန်ဆင်ပြီးနောက်မှာ သူက လင်ရွှမ်းဇီအား ကြည့်လိုက်သည်။
"ရွှမ်းဇီ, တကယ်တော့ ငါမင်းကို ဒီမှာစောင့်နေတာ တော်တော်လေး ကြာသွားပြီ။ အကယ်၍ မင်းမလာသေးဘူးဆိုရင် တစ်ယောက်ယောက်ကို လွှတ်ပြီး မင်းကို ရှာခိုင်းတော့မလို့"
လင်ရွှမ်းဇီက ပိုလို့ပင် နားမလည်နိုင်အောင် ဖြစ်လာသည်။
"ဘာလို့ ငါ့ကို ရှာနေတာလဲ?"
တကယ်တော့ လင်ရွှမ်းဇီသည်နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲသို့ဝင်ရောက်ရန် ဂျီယွန်ဝေ၏ အကူအညီကိုရှာဖွေချင်ခဲ့တာပင်။ အဆုံးသတ်တော့လည်း ဂျီမိသားစုက နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်နဲ့ အရင်းနှီးဆုံးသော မိသားစုဖြစ်နေသည် မဟုတ်ပါလား။
ဂျီယွန်ဝေက ယန်ထျန်းဟန်အား နက်နက်နဲနဲ တစ်ချက် ကြည့်လိုက်ပြီးနောက် ပြန်ပြောသည်။
"ငါ့နောက်လိုက်ခဲ့"
သုံးယောက်သား အခန်းတစ်ခုထဲ အတူတူ ဝင်လိုက်ကြပြီး သူတို့နောက်က တံခါးအား ပိတ်လိုက်သည်။ ထိုအခါမှသာ ဂျီယွန်ဝေက တံခါးတွင် မှော်ရတနာတစ်ခုကို ဂရုတစိုက် တပ်ဆင်လိုက်ပြီးနောက် ထိုင်ခုံရှာပြီး ထိုင်လေသည်။
ယန်ထျန်းဟန်က သူ့ရဲ့ သတိတကြီး ဖြစ်နေသည့် အပြူအမူအား ရယ်မောမိ၏။
"အစ်ကိုဂျီ, ဘယ်လို ထိတ်လန့်တုန်လှုပ်စရာ ကိစ္စမျိုးကို ပြောမှာမို့လို့ ဒီလောက်ထိ သတိထားနေတာလဲ?"
ဂျီယွန်ဝေက သက်ပြင်းချရင်းဖြင့် သူ့လက်ကို ဝှေ့ယမ်းပြလာလေသည်။
"သတိတရားဆိုတာ ဘေးကင်းခြင်းရဲ့ အုပ်ထိန်းသူပဲ။ အခုခေတ်မှာ ကောလဟာလတွေကိုတောင် လွယ်လွယ်နဲ့ ပေါက်ကြားခွင့် မပေးရဲတော့ဘူး။ မင်းတို့ နှစ်ယောက်လုံးကိုပဲ ပြောပြရဲတာ"
လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်သည်။
"အဲ့ဒါက အမြှီးကိုးချောင်း မြေခွေးနဲ့ ပတ်သတ်နေလို့လား?"
ဂျီယွန်ဝေ ရော သူရော သိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လာရင် ဒါဟာ အမြှီးကိုးချောင်း မြေခွေးကလွဲလို့ တခြားမဟုတ်နိုင်ပေ။
ဂျီယွန်ဝေက ထပ်တလဲလဲ ခေါင်းညိတ်ပြသည်။
"အဲ့ဒါက တကယ့်ကို ရှောင်းကျူနဲ့ ပတ်သတ်နေတာ ဒါပေမဲ့ သူတစ်ယောက်တည်းနဲ့တော့ မဟုတ်ဘူး"
လင်ရွှမ်းဇီက ခဏလောက် ရပ်တန့်သွားပြီးမှ ပြန်မေးသည်။
"အတိအကျဆို ဘာကိစ္စမို့လို့လဲ? အမြှီးကိုးချောင်း မြေခွေးကရော အခု ဘယ်မှာလဲ?"
"သူက နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲမှာ ရှိနေတယ်"
ဂျီယွန်ဝေက သူ့နဖူးကို ကိုင်ရင်း နာကျင်စွာနဲ့ ရှင်းပြသည်။
"ငါသူ့ကို အကြိမ်ပေါင်းများစွာ လိုက်ရှာခဲ့ပေမယ့် အားကျူက ငါ့နားကို ပြန်မလာချင်တော့ဘူး။ ငါက သူ့ကို ဒုက္ခပေးလိမ့်မယ်တဲ့ သူထပ်မသေချင်တော့ဘူးတဲ့။ ဒါ့အပြင်ကို အခုချိန်ကစပြီး ငါ့မိသားစုဝင်တွေ တစ်ယောက်မှ နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲ ဝင်မလာနဲ့လို့ပါ ခြိမ်းခြောက်ထားတယ်။ အကယ်၍ တစ်ယောက်ယောက် ဝင်လာတာနဲ့ သူကိုယ်တိုင် သတ်ပစ်မယ်တဲ့"
ယန်ထျန်းဟန်က နားမလည်နိုင်ဖြစ်သွားရင်း ပြန်မေးလာသည်။
"ဒါပေမဲ့ အားကျူက ဘာလို့ အဲ့ဒီလို စကားမျိုး ပြောရတာလဲ?"
လင်ရွှမ်းဇီ၏ မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားသည်။ သူ့ဘေးမှာ ပေါ့ပေါ့ပါးပါးထားထားခဲ့တဲ့ လက်က လက်သီးဆုပ်တစ်ခုအဖြစ် တင်းတင်းကြပ်ကြပ် ပြောင်းလဲသွားခဲ့၏။ အမြီးကိုးချောင်းမြေခွေး၏ ယခင်ဘဝတွင် ဂျီမိသားစု၏ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှာ သူက ကောင်းကင်တောင်ထွတ်ဂိုဏ်းကို ဝင်ရောက်ခဲ့ပြီး အမြဲတမ်း နေထိုင်သူ ဖြစ်နေပြီ ဖြစ်တာကြောင့် ထိုအခြင်းအရာဖြစ်ဖို့အတွက် နောက်ထပ် ရှစ်နှစ်လောက် ကြာဦးမှာပင်။
ဒါပေမဲ့ အခုကျတော့ ဖြစ်လာမယ့် ကိစ္စတွေကို အမြီးကိုးချောင်းမြေခွေးက ထုတ်ပြောလာခဲ့ပြီး ဂျီမိသားစုအပေါ် သူ့ရဲ့ မုန်းတီးမှုတွေကို ထုတ်ဖော်လာခဲ့တယ်။ အမြီးကိုးချောင်းမြေခွေးက အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကို သိထားပြီးသားဆိုတာကလွဲရင် တစ်ခြားဘာအကြောင်းအရာများ ဖြစ်နိုင်မှာလဲ?
တစ်ခြားစကားနဲ့ ပြောရရင်တော့ အမြီးကိုးချောင်းမြေခွေးက သူ့အရင်ဘဝရဲ့ မှတ်ဉာဏ်တွေကို ပိုင်ဆိုင်ထားပြီ!
ဒါပေမဲ့ သူဘယ်လိုလုပ် အဲ့ဒီ မှတ်ဉာဏ်တွေကို ရနိုင်တာလဲ? ငါဘာဆက်လုပ်ရမလဲ?
ဂျီယွန်ဝေသည် လင်ရွှမ်းဇီက အနည်းငယ် ထူးဆန်းနေတယ် ဆိုတာအား သတိပြုမိလိုက်သည်။ သို့သော်လည်း သူက စိတ်ဓာတ်ကျစွာဖြင့် စကားဆက်၏။
"အားကျူက ပြောတယ် သူ့မှာ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိတယ်တဲ့။ သူပြောတာ- သူပြောတာ အတိတ်ဘဝတုန်းက ငါက သူ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တယ်ဆိုပဲ။ နေ့တိုင်း ပျော်ပျော်ပါးပါးနဲ့ တစ်ခြားနတ်ဆိုးသားရဲတွေကို ရှာဖွေနေခဲ့ပြီး သူ့ကိုတော့ ဂျီမိသားစုရဲ့ အိမ်တော်ထဲမှာ တစ်ခြားဂျီမိသားစုဝင်တွေ အရှက်ခွဲအောင် လှောင်ပြောင်အောင် လုပ်ခဲ့လို့ နောက်ဆုံး သူ့အသက်ပါ ဆုံးရှုံးခဲ့ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲ့ဒီအရာတွေကို ငါဘယ်လိုလုပ် လုပ်နိုင်မှာလဲ? အားကျူနဲ့ ငါတို့ အချင်းချင်း တူညီတဲ့ခံစားချက်တွေ ရှိလာကတည်းက တစ်ခြားနတ်ဆိုးသားရဲတွေကို မျက်စိထဲ တစ်ခါမှ မထည့်ထားဖူးဘူး။ သူငါ့ကို အဲ့ဒီလိုပြောတာ ငါအရမ်း စိတ်မကောင်း ဖြစ်ရတယ်"
ထင်ထားတဲ့အတိုင်းပဲ
လင်ရွှမ်းဇီရဲ့ နှလုံးသားက ပေါင်ချိန် (30,000) လောက် ဖိချလိုက်သလိုမျိုး ရုတ်တရက် လေးလံကာ နစ်မွမ်းသွားရသည်။
အမြီးကိုးချောင်းမြေခွေးက မှတ်ဉာဏ်တွေ ပြန်ရသွားရုံတင် မကဘူး အရမ်းလည်း ပြီးပြည့်စုံနေသေးတယ်
ယန်ထျန်းဟန်ကတော့ ကောင်းကင်ဘုံစာအုပ်အား နားထောင်နေရသလိုပင်။ သူ့ပါးစပ်လေးက တစ်ဝက်ပွင့်ဟနေပြီး သူ့မျက်နှာပေါ်မှာငေးကြောင်ကြောင် အမူအယာလေး ရှိနေသည်။ ထို့နောက် သူက မေးလာလေသည်။
"ဒါက ဖြစ်သင့်လို့လား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အတိတ်ဘဝရဲ့ မှတ်ဉာဏ်ဆိုတာ ဘာတွေလဲ? အကယ်၍ ဝိညာဉ်က ပြန်လည်မွေးဖွားလာတာ ဆိုရင်တောင် အရာအားလုံး မေ့သွားရမှာ မဟုတ်ဘူးလား?"
ဂျီယွန်ဝေက ခါးသက်သက် ပြုံးလေသည်။
"ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ? ဒါပေမဲ့ အားကျူက အဲ့ဒီလို ပြောတယ် ဆိုမှတော့ သူငါ့ကို မလှည့်စားခဲ့တာ သေချာတယ်"
သူက တောထဲကို အားကျူ ထွက်မပြေးခင် ကြည့်ခဲ့သည့် အခိုက်အတန့်အား ပြန်သတိရမိပြီး အသက်ရှုရ ခက်ခဲလာကာ မသက်မသာ ဖြစ်လာရသည်။
သူနဲ့ အားကျူတို့က တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့ကြပြီး တစ်လလောက်သာ ချစ်ခင်ကြင်နာမှုတွေကို အတူတူခံစားခဲ့ကြရသည်။ ထို့နောက်မှာတော့ အားကျူက သူ့ကို ပြတ်ပြတ်သားသား ထားသွားခဲ့လေပြီ။
အကယ်၍ သူသာ တကယ်ပဲ အားကျူအပေါ် ခွင့်လွှတ်လို့ မရနိုင်တဲ့တစ်စုံတစ်ရာကို လုပ်ခဲ့မိတယ် ဆိုရင် သူဝန်ခံပါတယ် ဒါပေမဲ့ အားကျူက သူ့ကို ဒီလို ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ပဲ ပေးခဲ့တယ်...
ဂျီယွန်ဝေက လက်မခံနိုင် ဖြစ်နေမိသည်။
လင်ရွှမ်းဇီက သူ့ကိုယ်သူ ပြန်ပြင်ဆင်လိုက်ပြီး ဂျီယွန်ဝေအား ပြောလိုက်၏။
"သူ့ရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေ ပြန်မပေါ်လာခင်မှာ သူဘာလုပ်ခဲ့သေးလဲ?"
ဂျီယွန်ဝေက စဉ်းစားတွေဝေခြင်း မရှိ ပြန်ဖြေသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အားကျူ ကြိုက်တဲ့ အသီးအနှံတွေနဲ့ ဝိညာဉ်အပင်တွေကို ရှာဖွေဖို့အတွက် အားကျူကို နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲ ကို ခေါ်သွားခဲ့တယ်။ မထင်မှတ်ပဲ ငါတို့နှစ်ယောက်သား နတ်ဆိုးသားရဲလှိုင်းကို ကြုံတွေ့ရပြီး လမ်းကွဲသွားခဲ့ကြတယ်။ အဲဒီနောက်မှာ အားကျူရဲ့ ခြေရာကိုတောင် ရှာမတွေ့တော့ဘူး။ ငါ သူ့ကို နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ရဲ့ တောနက်နက်ထဲထိ ရက်အတော်ကြာအောင် ရှာနေခဲ့တယ်၊ အဲဒီ့အချိန်မှာ ငါ စိတ်ဓာတ်ကျစပြုနေပြီ။ တစ်နေကျတော့ အားကျူကငါ့ရှေ့မှာ ရုတ်တရက်ပေါ်လာတယ်။ သူ့ကိုပြန်တွေ့တဲ့အချိန်မှာ သူ့အမူအရာက အေးစက်နေပြီး ငါ့ကို ထွက်သွားလို့ ပြောနေခဲ့ပြီ"
ယန်ထျန်းဟန်က ပါးစပ်ဖွင့်လိုက်ပြီး ဂျီယွန်ဝေအား စာနာစိတ်အပြည့်ဖြင့် ကြည့်လေသည်။
"အစ်ကိုဂျီ, အစ်ကိုတကယ်ပဲ ကံဆိုးသွားတာပဲ။ ကြည့်ရတာ အားကျူက တောနက်ထဲ ရောက်သွားလို့ မှော်အတတ် တစ်ခုခု ဒါမှမဟုတ် သူ့အမှတ်တရတွေကို ထိခိုက်စေတဲ့ လှည့်ဖြားမှု တစ်ခုခုကို တွေ့လိုက်ရလို့ ဖြစ်ကောင်းဖြစ်နိုင်မလား?"
ဂျီယွန်ဝေက ခေါင်းခါသည်။
"ငါလည်း တစ်ချိန်တုန်းက အဲ့ဒီအချက်ကို သံသယဝင်ခဲ့ဘူးတယ် ဒါပေမဲ့ တွေးကြည့်လိုက်တော့ အားကျူက မြေခွေး မျိုးနွယ်စုကဆိုတော့ အဲ့ဒါ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ သူတို့ရဲ့ မျိုးနွယ်စုမှာက စိတ်ကူးယဉ် မှော်အတတ်ပညာနဲ့ လှည့်စားတတ်တဲ့စွမ်းရည်တွေကို မွေးရာပါ အသုံးပြုနိုင်တဲ့ စွမ်းရည်ရှိတယ်။ ပြီးတော့လည်း အားကျူက အရည်အချင်း ရှိတဲ့သူဆိုတော့ အမြဲတမ်း တစ်ခြားသူတွေကိုပဲ လှည့်စားနေတတ်တာ။ အားကျူပြောခဲ့တာတွေက မှန်လိမ့်မယ်"
ယန်ထျန်းဟန်က သူ့နှာခေါင်းလေးကို ထိလိုက်ကာ
"ဒါက အရမ်းကို မယုံနိုင်စရာ ကောင်းလွန်းနေတယ်"
ဂျီယွန်ဝေသည်လည်း သက်ပြင်းသာ ချချင်မိတော့သည်။ ဒီရက်များအတွင်း သူသက်ပြင်းချသည့်အကြိမ်အရေအတွက်သည် လွန်ခဲ့တဲ့နှစ် 20 အတွင်း သူသက်ပြင်းချသည့်အကြိမ်အရေအတွက်ထက်ပင် ကျော်လွန်နေလောက်ပြီ။ သို့သော်လည်း နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်က အခုအချိန်မှာ သူအလွယ်တကူ ခြေချ၍မရသော နေရာတစ်ခုဖြစ်နေလေပြီ။ နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲမှာ ရှိနေတဲ့ အမြီးကိုးချောင်း မြေခွေးအတွက်ကတော့ သူ့မှာ သဘာဝ အားသာချက်များ ရှိသည်လေ။
တောထဲကို ဒီအတိုင်း ဝင်သွားပြီး အားကျူကို စစ်ဆေးမေးမြန်းဖို့ ခေါ်ထုတ်နိုင်မယ့် နည်းလမ်း သူ့မှာ မရှိဘူး။
လင်ရွှမ်းဇီက မေးသည်။
"မင်းသူ့ကို ရှာဖို့ မကြိုးစားခဲ့ဘူးလား?"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဂျီယွန်ဝေက ခါးသက်သက် ပြောလာ၏။
"ငါသူ့ကို သွားရှာခဲ့တာ အကြိမ်ဘယ်လောက်မှန်းတောင် မသိတော့ဘူး ဒါပေမဲ့ အကြိမ်တိုင်းမှာ သူ့ကို ရှာမတွေ့ခင်မှာပဲ များပြားလှတဲ့ နတ်ဆိုးသားရဲကောင်တွေကို လွှတ်ပြီး ငါ့ကို နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက မောင်းထုတ်တော့တာပဲ"
16.8.2022
==============
Next Episode
နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
==============
Zawgyi
အခန္း(၃၈၀) - အားက်ဴ၏သတိေပးမွု
တံခါးပိတ္ျပီးေနာက္မွာ ယန္ထ်န္းဟန္က ေမးသည္။
"အစ္ကိုၾကီး, ဒီကိစၥကို ဂိုဏ္းတူအစ္ကိုၾကီးေပ့ကို ဖုန္းကြယ္ထားတာက ေကာင္းပါ့မလား?"
လင္ရႊမ္းဇီက ေအးေအးေဆးေဆး ျပန္ေျဖသည္။
"အကယ္၍ ဆရာတူအစ္ကိုၾကီးေပ့သာ ဝိညာဥ္ခ်ီစုေဆာင္းနုိင္တဲ့ ေမွာ္ရတနာ တကယ္ရွိတယ္ဆုိတာ သိသြားရင္ သူက ေသခ်ာေပါက္ အဲ့ဒါကိုပဲ တိုက္ရိုက္သြားရွာမွာ။ ဒါေပမဲ့ ဆရာကသူ႔ကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ထားဖို႔ ငါ့ကို ေျပာလိုက္တယ္ေလ.....ဆရာ႔ရဲ႔ ညႊန္ၾကားခ်က္ကို ေနာက္တစ္ေခါက္ ထပ္ၿပီး မဖီဆန္ခ်င္ေတာ့ဘူး။ အဲ့ဒါကို ရွာေတြ႔တဲ့အထိ ေစာင့္ျပီးမွပဲ သူ႔ကိုေျပာေတာ့မယ္"
ယန္ထ်န္းဟန္က ေခါင္းညိတ္ျပသည္။
"က်ြန္ေတာ္ သိျပီ"
လင္ရႊမ္းဇီက ယန္ထ်န္းဟန္ရဲ႔ ေခါင္းေလးကို ပြတ္ေပးလိုက္ေလသည္။
"နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲ ဝင္ျပီးသြားရင္ ငါ့ေနာက္က တစ္ခ်ိန္လံုး နီးနီးကပ္ကပ္ လိုက္ရမယ္ေနာ္ ငါနဲ႔ ေျခတစ္လွမ္းေတာင္ မခြာနဲ႔"
ယန္ထ်န္းဟန္က ျပံဳးသည္။
"စိတ္မပူပါနဲ႔ အစ္ကိုၾကီး, တစ္ေယာက္ေယာက္က က်ြန္ေတာ့္ကို အစ္ကိုၾကီးေဘးက ထြက္သြားခိုင္းရင္ေတာင္ က်ြန္ေတာ္မသြားပါဘူး"
လင္ရႊမ္းဇီသည္လည္း ၾကည္ႏူးစြာ ျပံဳးလိုက္သည္။
"တစ္ေနကုန္ ငါတို႔ ဘာမွ လုပ္စရာ မရွိဘူး။ တစ္ခုခုစားျပီးရင္ အနားယူရေအာင္"
ယန္ထ်န္းဟန္ရဲ႔ မ်က္လံုးေလးမ်ား ေတာက္ပသြားေတာ့ေလသည္။
"အနားမယူနဲ႔ဦး, က်ြန္ေတာ္ ဒီေန႔ ေတြ႔ခဲ့တဲ့ အမွတ္အသား လက္မွတ္ရဲ႔ ပံုစံကို အရင္ဆံုး ဆြဲလုိက္ဦးမယ္ အဲ့ဒါမွ အစ္ကိုၾကီး တတ္နုိင္သမွ် အျမန္ဆံုး လက္မွတ္ကို သန္႔စင္လို႔ရမွာ"
လင္ရႊမ္းဇီက ယန္ထ်န္းဟန္ရဲ႔ ေအာင္ပြဲခံေနသလုိမ်ိဳး ယံုၾကည္ခ်က္ ျပည့္ဝေနသည့္ ေတာက္ပေသာ မ်က္နွာေသးေသးေလးကို ၾကည့္လိုက္သည္။
"ငါသိသားပဲ မင္းအဲ့ဒီ လက္မွတ္ကိုဒီေလာက္ အၾကာၾကီး ငွားၾကည့္ေနတာ အဲ့ဒီေတာ့ မင္းစိတ္ထဲမွာ အၾကံအစည္ ခ်ေနတာေပါ့ေလ"
ယန္ထ်န္းဟန္က ေမးသည္။
"အစ္ကိုၾကီး မလိုခ်င္ဘူးလို႔ေတာ့ မေျပာနဲ႔ေနာ္?"
လင္ရႊမ္းဇီ, ".....ျမန္ျမန္ထုတ္ျပီး ငါ့ကိုျပပါဦး"
ယန္ထ်န္းဟန္, "ဟားဟားဟား!"
လက္ထဲမွာ အမွတ္အသား လက္မွတ္သာ ရွိေနရင္ အနာဂတ္မွာ ဘယ္ကိုပဲ သြားပါေစ ေသခ်ာေပါက္ လြယ္ကူလိမ့္မယ္။ ဒီလက္မွတ္က ေမွာ္ကိရိယာတစ္ခုရဲ႔ ပံုစံပဲဆိုေတာ့ လင္ရႊမ္းဇီအတြက္က ဘယ္လိုပဲ ျဖစ္ေနပါေစ အရင္က ျမင္ဘူးတဲ့ ေမွာ္ကိရိယာ ျဖစ္ေနသ၍ ေသခ်ာေပါက္ ပုံစံတူတစ္ခုကို ဖန္တီးႏိုင္လိမ့္မည္ေလ။
လက္မွုပညာရွင္ လမ္းစဥ္တြင္ တစ္ခ်ိန္တည္းမွာပင္ အတုအပ လုပ္သည့္ ဆရာသခင္မ်ားလည္း အမ်ားအျပား ရွိေနသည္။ သူတို႔ ပံုတူကူးထားတဲ့ ေမွာ္ကိရိယာက အျပင္ဘက္မွာ တကယ့္ေမွာ္ရတနာရဲ႔ အသြင္သ႑ာန္ ရွိေပမယ့္လည္း သက္ေရာက္မွဳကေတာ့ ရွိလိမ့္မည္မဟုတ္။ သို႔ေသာ္လည္း ထိုအတုအေယာင္မ်ားျဖင့္ပင္ သံသယမရွိေလာက္ေအာင္ ကမာၻၾကီးကို လွည့္စားနုိင္သည္သာ။
သဘာဝက်က်ပဲ လင္ရႊမ္းဇီသည္လည္း ဘယ္လို အတုလုပ္ရမလဲ သိေနသည္။ သူလုပ္ထားတဲ့ ပံုစံတူကို တစ္ျခားသူေတြကို အသံုးျပဳခြင့္ ေပးဖို႔ မျဖစ္နုိင္ဘူး ဆိုေပမယ့္လည္း သူ႔ဘာသာ သံုးျပီး တစ္ျခားသူေတြကို လွည့္စားဖို႔ေတာ့ အဆင္ေျပတာပဲ။
ေနာက္တစ္ေန႔မွာေတာ့ လင္ရႊမ္းဇီနဲ႔ သူ႔အဖြဲ႔သားမ်ားက နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္သို႔ တုိက္ရိုက္မသြားပဲ ေတာအုပ္နဲ႔ ပတ္သတ္တဲ့ အခ်က္အလက္မ်ားအား စုေဆာင္းရန္အတြက္ လူစည္ကားသည့္ ေနရာမ်ိဳးသို႔ လူခြဲျပီး သြားလုိက္ၾကသည္။
ဒီေနရာမွာက ေၾကးစားအဖြဲ႔မ်ား ေပါမ်ားျပီး အလုပ္လက္ခံနုိင္သည့္ အထူးစားေသာက္ဆုိင္မ်ားပင္ ရွိသည္။ ေၾကးစားအဖြဲ႔မ်ားသည္ အလုပ္အသစ္ တစ္ခု ရွိသည့္ အခါတုိင္း ၎တို႔သည္သာ ဦးစြာ ဖမ္းယူနုိင္ေစရန္ တစ္စံုတစ္ဦးအား အေစာင့္အျဖစ္ စားေသာက္ဆုိင္မ်ားသို႔ ေစလႊတ္ထားေလသည္။
ခ်ီျမိဳ႔ရဲ႔ ေၾကးစားစနစ္က တိုက္ၾကီးငါးတိုက္လံုးတြင္ အျပည့္စံုဆံုးအျဖစ္ သတ္မွတ္ခံရတာျဖစ္သည္။ ထို႔ေၾကာင့္ တုိက္ၾကီးငါးတိုက္ရွိ ေၾကးစား အဖြဲ႔မ်ားသည္လည္း ဒီျမိဳ႔ကို ခရီးနွင္ၾကရန္ နွစ္သက္ၾကသည္ပင္။
လင္ရႊမ္းဇီနဲ႔ ယန္ထ်န္းဟန္တို႔သည္ ေၾကးစားအလုပ္ စုေဆာင္းသည့္ ေနရာသို႔ အတူတူ ေရာက္လာၾကသည္။
လင္ရႊမ္းဇီက ေခါင္းညိတ္လုိက္သည္။
"အခုခ်ိန္မွာ ေၾကးစားသမားေတြကို နတ္ဆိုးသားရဲ အေသၤေခ်ေတာထဲ တိုက္ရိုက္ ကင္းေထာက္ခုိင္းဖို႔ တာဝန္ေပးရင္ သူတို႔ရဲ႔ အသက္အႏာၱရယ္ေၾကာင့္ လက္မခံမွာ စိုးရတယ္။ နတ္ဆိုးသားရဲ အေသၤေခ်ေတာထဲမွာ ေတြ႔ရတတ္တဲ့ ဝိညာဥ္ပင္ေတြနဲ႔ နတ္ဆိုးသားရဲေတြကို စုေဆာင္းခိုင္းတာကေတာ့ ရွင္းတယ္ေလ။ ဒီလမ္းနဲ႔ဆိုရင္ေတာ့ ေၾကးစားသမားေတြ အေနနဲ႔ သူတို႔ရဲ႔ အသက္ကို စြန္႔စားဖို႔အတြက္ ပိုျပီး စိတ္ရွိလာလိမ့္မယ္ "
"ဒီသခင္ေလးက ေတာ္ေတာ္ေလး ရွင္းရွင္းလင္းလင္း နားလည္ပံုပဲ" လူငယ္တစ္ေယာက္က လမ္းေလွ်ာက္လာရင္း လက္ခုပ္တစ္ျဖတ္ျဖတ္ တီး၍ လင္ရႊမ္းဇီအား နွုတ္ဆက္လာသည္။
"က်ြန္ေတာ္က ဒီက တာဝန္ခံပါ။ က်ြန္ေတာ့္ကို တာဝန္ခံဖန္းလို႔ ေခၚလုိ႔ရတယ္။ ခင္ဗ်ားတို႔နွစ္ေယာက္ ဒီနားမွာ လွည္ပတ္ေနတာ ျမင္ေနရလို႔ပါ။ ခင္ဗ်ားတို႔က ေၾကးစားအဖြဲ႔ကို သတင္းေပးဖို႔ လုပ္ေနတာလား ဒါမွမဟုတ္ အလုပ္လက္ခံဖို႔ လုပ္ေနတာလား ဆိုတာကို ရဲတင္းစြာနဲ႔ ေမးခြင့္ရွိမလား ခင္ဗ်?"
လင္ရႊမ္းဇီသည္လည္း ျပန္လည္ နွုတ္ဆက္လုိက္သည္။
"က်ြန္ေတာ့္ ညီေလးနဲ႔ က်ြန္ေတာ္တို႔က သတင္းတစ္ခ်ိဳ႔ေလာက္ လာစံုစမ္းဖို႔ ေတြးေနတာပါ"
တာဝန္ခံဖန္းက မအ့ံၾသသြားေပ
"ခင္ဗ်ားတို႔ရဲ႔ အဝတ္အစားအေပၚ အကဲျဖတ္ရရင္ ၾကည့္ရတာ နွစ္ေယာက္လံုး အေရွ႔ဘက္ တိုက္မၾကီးက လာၾကတာနဲ႔တူတယ္ေနာ္"
လင္ရႊမ္းဇီက ခ်ီးက်ဴးလိုက္၏။
"တာဝန္ခံဖန္းက ေတာ္ေတာ္ေလး အျမင္ေကာင္းတာပဲ"
တာဝန္ခံဖန္းက ျပံဳးေလသည္။
"ဒီေနရာမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ခရီးသြားေနၾကတဲ့ ေၾကးစားေတြ မေရမတြက္နုိင္ေအာင္ ရွီတယ္။ သူတို႔ေတြ ဘယ္က လာလဲ ဆုိတာေတာင္ မသိဘူးဆိုရင္ ဒီအလုပ္လက္ခံတဲ့ စားေသာက္ဆုိင္မွာ နွစ္ေပါင္းမ်ားစြာ တာဝန္ခံ ျဖစ္လာတာက က်ြန္ေတာ့ အခ်ိန္ေတြကို ျဖဳန္းတီးသလို ျဖစ္ေနမွာေပါ့ဗ်ာ"
ယန္ထ်န္းဟန္က တာဝန္ခံဖန္းအား ၾကည့္လုိက္ျပီး သူ႔မ်က္လံုးေလးမ်ားအား အျပံဳးအျဖစ္ က်ဥ္းေျမာင္းလုိက္ေလသည္။
"ဒါဆို တာဝန္ခံဖန္းက နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲမွာ ရွိတဲ့ မေကာင္းဆိုးဝါးၾကီး အေၾကာင္းကို သိထားလား?"
တာဝန္ခံဖန္းက ပတ္ဝန္းက်င္အား လွည့္ပတ္ၾကည့္လုိက္သည္။
"အကယ္၍ သိခ်င္တယ္ဆိုရင္ က်ြန္ေတာ္နဲ႔ လိုက္ခဲ့လိုက္ပါ"
လင္ရႊမ္းဇီနဲ႔ တာဝန္ခံဖန္းတို႔ အခ်င္းခ်င္း မ်က္လံုးျခင္း ဆံုသြားတဲ့ အခ်ိန္မွာ တာဝန္ခံဖန္း၏ ရင္ဘက္တြင္ မွတ္ပံုတင္အမွတ္အသားတစ္ခုအား ျမင္လုိက္ရသည္။ ထို႔ေၾကာင့္ ယန္ထ်န္းဟန္ရဲ႔ ပုခံုးေလးအား လက္ျဖင့္ ပုတ္လုိက္ကာ
"တာဝန္ခံဖန္းေနာက္ လိုက္သြားျပီး တစ္ခ်က္ၾကည့္ၾကရေအာင္"
တာဝန္ခံဖန္း၏ အမွတ္အသားေပၚတြင္ ဂ်ီဆိုသည့္ စာလံုးအား ေရးထားသည္ေလ။
စားေသာက္ဆုိင္၏ ျခံဝင္းေနာက္ဘက္သို႔ ဝင္သြားလိုက္တဲ့အခ်ိန္မွာ တစ္ခ်က္ၾကည့္လိုက္တာနဲ႔တင္ စိုးရိမ္ေနသည့္ အမူအယာနဲ႔ မတ္တပ္ရပ္ေနေသာ ဂ်ီယြန္ေဝအား ျမင္လုိက္ရေလသည္။
"ရႊမ္းဇီ!"
ဂ်ီယြန္ေဝ၏ မ်က္လံုးမ်ားက လင္ရႊမ္းဇီကို ျမင္တာနဲ႔တင္ လင္းလက္သြားျပီး အနားကို ကမန္းကတန္း ေလွ်ာက္လာသည္။
လင္ရႊမ္းဇီအေနနဲ႔ ဂ်ီယြန္ေဝအား ထိုသို႔ေသာ ပံုစံမ်ိဳး ျမင္ရတာ ရွားပါးလြန္းလွေပသည္။ ထို႔ေၾကာင့္ မေမးပဲ မေနနုိင္ေတာ့ေပ။
"ဘယ္လုိ အခက္အခဲမ်ိဳးနဲ႔ ၾကံဳေတြ႔ေနရလို႔လဲ?"
ဂ်ီယြန္ေဝက ေလးေလးနက္နက္ သက္ျပင္းခ်လိုက္ၿပီး စိတ္ပ်က္လက္ပ်က္နဲ႔ ေျပာလာ၏။
"ငါတကယ္ အခက္အခဲတခ်ိဳ႕ ႀကဳံထားရတယ္"
သူ႔ကိုယ္သူ ျပန္လည္ ျပန္ဆင္ျပီးေနာက္မွာ သူက လင္ရႊမ္းဇီအား ၾကည့္လုိက္သည္။
"ရႊမ္းဇီ, တကယ္ေတာ့ ငါမင္းကို ဒီမွာေစာင့္ေနတာ ေတာ္ေတာ္ေလး ၾကာသြားျပီ။ အကယ္၍ မင္းမလာေသးဘူးဆိုရင္ တစ္ေယာက္ေယာက္ကို လႊတ္ျပီး မင္းကို ရွာခိုင္းေတာ့မလို႔"
လင္ရႊမ္းဇီက ပိုလို႔ပင္ နားမလည္နုိင္ေအာင္ ျဖစ္လာသည္။
"ဘာလုိ႔ ငါ့ကို ရွာေနတာလဲ?"
တကယ္ေတာ့ လင္ရႊမ္းဇီသည္နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲသို႔ဝင္ေရာက္ရန္ ဂ်ီယြန္ေဝ၏ အကူအညီကိုရွာေဖြခ်င္ခဲ့တာပင္။ အဆံုးသတ္ေတာ့လည္း ဂ်ီမိသားစုက နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္နဲ႔ အရင္းႏွီးဆုံးေသာ မိသားစုျဖစ္ေနသည္ မဟုတ္ပါလား။
ဂ်ီယြန္ေဝက ယန္ထ်န္းဟန္အား နက္နက္နဲနဲ တစ္ခ်က္ ၾကည့္လုိက္ျပီးေနာက္ ျပန္ေျပာသည္။
"ငါ့ေနာက္လိုက္ခဲ့"
သံုးေယာက္သား အခန္းတစ္ခုထဲ အတူတူ ဝင္လုိက္ၾကျပီး သူတို႔ေနာက္က တံခါးအား ပိတ္လုိက္သည္။ ထိုအခါမွသာ ဂ်ီယြန္ေဝက တံခါးတြင္ ေမွာ္ရတနာတစ္ခုကို ဂရုတစိုက္ တပ္ဆင္လုိက္ျပီးေနာက္ ထိုင္ခံုရွာျပီး ထုိင္ေလသည္။
ယန္ထ်န္းဟန္က သူ႔ရဲ႔ သတိတၾကီး ျဖစ္ေနသည့္ အျပဴအမူအား ရယ္ေမာမိ၏။
"အစ္ကိုဂ်ီ, ဘယ္လို ထိတ္လန္႔တုန္လွဳပ္စရာ ကိစၥမ်ိဳးကို ေျပာမွာမို႔လို႔ ဒီေလာက္ထိ သတိထားေနတာလဲ?"
ဂ်ီယြန္ေဝက သက္ျပင္းခ်ရင္းျဖင့္ သူ႔လက္ကို ေဝွ႔ယမ္းျပလာေလသည္။
"သတိတရားဆိုတာ ေဘးကင္းျခင္းရဲ႔ အုပ္ထိန္းသူပဲ။ အခုေခတ္မွာ ေကာလဟာလေတြကိုေတာင္ လြယ္လြယ္နဲ႔ ေပါက္ၾကားခြင့္ မေပးရဲေတာ့ဘူး။ မင္းတို႔ နွစ္ေယာက္လံုးကိုပဲ ေျပာျပရဲတာ"
လင္ရႊမ္းဇီက ခဏေလာက္ စဥ္းစားလိုက္သည္။
"အဲ့ဒါက အျမွီးကိုးေခ်ာင္း ေျမေခြးနဲ႔ ပတ္သတ္ေနလို႔လား?"
ဂ်ီယြန္ေဝ ေရာ သူေရာ သိထားတဲ့ အရာတစ္ခုနဲ႔ ပတ္သက္လာရင္ ဒါဟာ အျမွီးကိုးေခ်ာင္း ေျမေခြးကလြဲလို႔ တျခားမဟုတ္နုိင္ေပ။
ဂ်ီယြန္ေဝက ထပ္တလဲလဲ ေခါင္းညိတ္ျပသည္။
"အဲ့ဒါက တကယ့္ကို ေရွာင္းက်ဴနဲ႔ ပတ္သတ္ေနတာ ဒါေပမဲ့ သူတစ္္ေယာက္တည္းနဲ႔ေတာ့ မဟုတ္ဘူး"
လင္ရႊမ္းဇီက ခဏေလာက္ ရပ္တန္႔သြားျပီးမွ ျပန္ေမးသည္။
"အတိအက်ဆို ဘာကိစၥမို႔လို႔လဲ? အျမွီးကိုးေခ်ာင္း ေျမေခြးကေရာ အခု ဘယ္မွာလဲ?"
"သူက နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲမွာ ရွိေနတယ္"
ဂ်ီယြန္ေဝက သူ႔နဖူးကို ကိုင္ရင္း နာက်င္စြာနဲ႔ ရွင္းျပသည္။
"ငါသူ႔ကို အႀကိမ္ေပါင္းမ်ားစြာ လိုက္ရွာခဲ့ေပမယ့္ အားက်ဴက ငါ့နားကို ျပန္မလာခ်င္ေတာ့ဘူး။ ငါက သူ႔ကို ဒုကၡေပးလိမ့္မယ္တဲ့ သူထပ္မေသခ်င္ေတာ့ဘူးတဲ့။ ဒါ့အျပင္ကို အခုခ်ိန္ကစျပီး ငါ့မိသားစုဝင္ေတြ တစ္ေယာက္မွ နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲ ဝင္မလာနဲ႔လို႔ပါ ျခိမ္းေျခာက္ထားတယ္။ အကယ္၍ တစ္ေယာက္ေယာက္ ဝင္လာတာနဲ႔ သူကိုယ္တုိင္ သတ္ပစ္မယ္တဲ့"
ယန္ထ်န္းဟန္က နားမလည္နုိင္ျဖစ္သြားရင္း ျပန္ေမးလာသည္။
"ဒါေပမဲ့ အားက်ဴက ဘာလို႔ အဲ့ဒီလို စကားမ်ိဳး ေျပာရတာလဲ?"
လင္ရႊမ္းဇီ၏ မ်က္နွာက ရုတ္ခ်ည္း ေျပာင္းလဲသြားသည္။ သူ႔ေဘးမွာ ေပါ့ေပါ့ပါးပါးထားထားခဲ့တဲ့ လက္က လက္သီးဆုပ္တစ္ခုအျဖစ္ တင္းတင္းၾကပ္ၾကပ္ ေျပာင္းလဲသြားခဲ့၏။ အျမီးကိုးေခ်ာင္းေျမေခြး၏ ယခင္ဘဝတြင္ ဂ်ီမိသားစု၏ ဝိုင္းရံသတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။ ထိုအခ်ိန္မွာ သူက ေကာင္းကင္ေတာင္ထြတ္ဂိုဏ္းကို ဝင္ေရာက္ခဲ့ျပီး အျမဲတမ္း ေနထိုင္သူ ျဖစ္ေနျပီ ျဖစ္တာေၾကာင့္ ထိုအျခင္းအရာျဖစ္ဖို႔အတြက္ ေနာက္ထပ္ ရွစ္နွစ္ေလာက္ ၾကာဦးမွာပင္။
ဒါေပမဲ့ အခုက်ေတာ့ ျဖစ္လာမယ့္ ကိစၥေတြကို အျမီးကိုးေခ်ာင္းေျမေခြးက ထုတ္ေျပာလာခဲ့ျပီး ဂ်ီမိသားစုအေပၚ သူ႔ရဲ႔ မုန္းတီးမွုေတြကို ထုတ္ေဖာ္လာခဲ့တယ္။ အျမီးကိုးေခ်ာင္းေျမေခြးက အနာဂတ္မွာ ျဖစ္လာမယ့္ အရာေတြကို သိထားျပီးသားဆိုတာကလြဲရင္ တစ္ျခားဘာအေၾကာင္းအရာမ်ား ျဖစ္နုိင္မွာလဲ?
တစ္ျခားစကားနဲ႔ ေျပာရရင္ေတာ့ အျမီးကိုးေခ်ာင္းေျမေခြးက သူ႔အရင္ဘဝရဲ႔ မွတ္ဉာဏ္ေတြကို ပိုင္ဆုိင္ထားျပီ!
ဒါေပမဲ့ သူဘယ္လိုလုပ္ အဲ့ဒီ မွတ္ဉာဏ္ေတြကို ရနုိင္တာလဲ? ငါဘာဆက္လုပ္ရမလဲ?
ဂ်ီယြန္ေဝသည္ လင္ရႊမ္းဇီက အနည္းငယ္ ထူးဆန္းေနတယ္ ဆုိတာအား သတိျပဳမိလုိက္သည္။ သို႔ေသာ္လည္း သူက စိတ္ဓာတ္က်စြာျဖင့္ စကားဆက္၏။
"အားက်ဴက ေျပာတယ္ သူ႔မွာ အရင္ဘဝက မွတ္ဉာဏ္ေတြ ရွိတယ္တဲ့။ သူေျပာတာ- သူေျပာတာ အတိတ္ဘဝတုန္းက ငါက သူ႔ကို ဆိုးဆိုးဝါးဝါး ဆက္ဆံခဲ့တယ္ဆိုပဲ။ ေန႔တုိင္း ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ တစ္ျခားနတ္ဆိုးသားရဲေတြကို ရွာေဖြေနခဲ့ျပီး သူ႔ကိုေတာ့ ဂ်ီမိသားစုရဲ႔ အိမ္ေတာ္ထဲမွာ တစ္ျခားဂ်ီမိသားစုဝင္ေတြ အရွက္ခြဲေအာင္ ေလွာင္ေျပာင္ေအာင္ လုပ္ခဲ့လို႔ ေနာက္ဆံုး သူ႔အသက္ပါ ဆံုးရွံဳးခဲ့ရတယ္လို႔ ေျပာတယ္။ ဒါေပမဲ့ အဲ့ဒီအရာေတြကို ငါဘယ္လိုလုပ္ လုပ္နုိင္မွာလဲ? အားက်ဴနဲ႔ ငါတို႔ အခ်င္းခ်င္း တူညီတဲ့ခံစားခ်က္ေတြ ရွိလာကတည္းက တစ္ျခားနတ္ဆုိးသားရဲေတြကို မ်က္စိထဲ တစ္ခါမွ မထည့္ထားဖူးဘူး။ သူငါ့ကို အဲ့ဒီလိုေျပာတာ ငါအရမ္း စိတ္မေကာင္း ျဖစ္ရတယ္"
ထင္ထားတဲ့အတိုင္းပဲ
လင္ရႊမ္းဇီရဲ႔ နွလံုးသားက ေပါင္ခ်ိန္ (30,000) ေလာက္ ဖိခ်လိုက္သလိုမ်ိဳး ရုတ္တရက္ ေလးလံကာ နစ္မြမ္းသြားရသည္။
အျမီးကိုးေခ်ာင္းေျမေခြးက မွတ္ဉာဏ္ေတြ ျပန္ရသြားရံုတင္ မကဘူး အရမ္းလည္း ျပီးျပည့္စံုေနေသးတယ္
ယန္ထ်န္းဟန္ကေတာ့ ေကာင္းကင္ဘံုစာအုပ္အား နားေထာင္ေနရသလိုပင္။ သူ႔ပါးစပ္ေလးက တစ္ဝက္ပြင့္ဟေနျပီး သူ႔မ်က္နွာေပၚမွာေငးေၾကာင္ေၾကာင္ အမူအယာေလး ရွိေနသည္။ ထို႔ေနာက္ သူက ေမးလာေလသည္။
"ဒါက ျဖစ္သင့္လို႔လား? ဘယ္လိုလုပ္ ျဖစ္နုိင္မွာလဲ? အတိတ္ဘဝရဲ႔ မွတ္ဉာဏ္ဆိုတာ ဘာေတြလဲ? အကယ္၍ ဝိညာဥ္က ျပန္လည္ေမြးဖြားလာတာ ဆိုရင္ေတာင္ အရာအားလံုး ေမ့သြားရမွာ မဟုတ္ဘူးလား?"
ဂ်ီယြန္ေဝက ခါးသက္သက္ ျပံဳးေလသည္။
"ငါက ဘယ္လိုလုပ္ သိနုိင္မွာလဲ? ဒါေပမဲ့ အားက်ဴက အဲ့ဒီလို ေျပာတယ္ ဆိုမွေတာ့ သူငါ့ကို မလွည့္စားခဲ့တာ ေသခ်ာတယ္"
သူက ေတာထဲကို အားက်ဴ ထြက္မေျပးခင္ ၾကည့္ခဲ့သည့္ အခိုက္အတန္႔အား ျပန္သတိရမိျပီး အသက္ရွဳရ ခက္ခဲလာကာ မသက္မသာ ျဖစ္လာရသည္။
သူနဲ႔ အားက်ဴတို႔က တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ျမတ္ႏိုးေၾကာင္း ေဖာ္ျပခဲ့ၾကၿပီး တစ္လေလာက္သာ ခ်စ္ခင္ၾကင္နာမႈေတြကို အတူတူခံစားခဲ့ၾကရသည္။ ထို႔ေနာက္မွာေတာ့ အားက်ဴက သူ႔ကို ျပတ္ျပတ္သားသား ထားသြားခဲ့ေလျပီ။
အကယ္၍ သူသာ တကယ္ပဲ အားက်ဴအေပၚ ခြင့္လႊတ္လို႔ မရနိုင္တဲ့တစ္စံုတစ္ရာကို လုပ္ခဲ့မိတယ္ ဆိုရင္ သူဝန္ခံပါတယ္ ဒါေပမဲ့ အားက်ဴက သူ႔ကို ဒီလို ရယ္စရာေကာင္းတဲ့ အေၾကာင္းျပခ်က္ပဲ ေပးခဲ့တယ္...
ဂ်ီယြန္ေဝက လက္မခံနုိင္ ျဖစ္ေနမိသည္။
လင္ရႊမ္းဇီက သူ႔ကိုယ္သူ ျပန္ျပင္ဆင္လိုက္ျပီး ဂ်ီယြန္ေဝအား ေျပာလုိက္၏။
"သူ႔ရဲ႔ အတိတ္ဘဝ မွတ္ဉာဏ္ေတြ ျပန္မေပၚလာခင္မွာ သူဘာလုပ္ခဲ့ေသးလဲ?"
ဂ်ီယြန္ေဝက စဥ္းစားေတြေဝျခင္း မရွိ ျပန္ေျဖသည္။
"လြန္ခဲ့တဲ့ ရက္အနည္းငယ္က အားက်ဴ ႀကိဳက္တဲ့ အသီးအႏွံေတြနဲ႔ ဝိညာဥ္အပင္ေတြကို ရွာေဖြဖို႔အတြက္ အားက်ဴကို နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲ ကို ေခၚသြားခဲ့တယ္။ မထင္မွတ္ပဲ ငါတို႔ႏွစ္ေယာက္သား နတ္ဆိုးသားရဲလွိဳင္းကို ႀကဳံေတြ႕ရၿပီး လမ္းကြဲသြားခဲ့ၾကတယ္။ အဲဒီေနာက္မွာ အားက်ဴရဲ႕ ေျခရာကိုေတာင္ ရွာမေတြ႕ေတာ့ဘူး။ ငါ သူ႔ကို နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ရဲ႕ ေတာနက္နက္ထဲထိ ရက္အေတာ္ၾကာေအာင္ ရွာေနခဲ့တယ္၊ အဲဒီ့အခ်ိန္မွာ ငါ စိတ္ဓာတ္က်စျပဳေနၿပီ။ တစ္ေနက်ေတာ့ အားက်ဴကငါ့ေရွ႕မွာ ႐ုတ္တရက္ေပၚလာတယ္။ သူ႔ကိုျပန္ေတြ႕တဲ့အခ်ိန္မွာ သူ႔အမူအရာက ေအးစက္ေနျပီး ငါ့ကို ထြက္သြားလို႔ ေျပာေနခဲ့ျပီ"
ယန္ထ်န္းဟန္က ပါးစပ္ဖြင့္လုိက္ျပီး ဂ်ီယြန္ေဝအား စာနာစိတ္အျပည့္ျဖင့္ ၾကည့္ေလသည္။
"အစ္ကုိဂ်ီ, အစ္ကိုတကယ္ပဲ ကံဆိုးသြားတာပဲ။ ၾကည့္ရတာ အားက်ဴက ေတာနက္ထဲ ေရာက္သြားလို႔ ေမွာ္အတတ္ တစ္ခုခု ဒါမွမဟုတ္ သူ႔အမွတ္တရေတြကို ထိခိုက္ေစတဲ့ လွည့္ျဖားမွု တစ္ခုခုကို ေတြ႔လိုက္ရလို႔ ျဖစ္ေကာင္းျဖစ္နုိင္မလား?"
ဂ်ီယြန္ေဝက ေခါင္းခါသည္။
"ငါလည္း တစ္ခ်ိန္တုန္းက အဲ့ဒီအခ်က္ကို သံသယဝင္ခဲ့ဘူးတယ္ ဒါေပမဲ့ ေတြးၾကည့္လုိက္ေတာ့ အားက်ဴက ေျမေခြး မ်ိဳးႏြယ္စုကဆိုေတာ့ အဲ့ဒါ မျဖစ္နုိင္ဘူးလို႔ ထင္တယ္။ သူတို႔ရဲ႔ မ်ိဳးႏြယ္စုမွာက စိတ္ကူးယဥ္ ေမွာ္အတတ္ပညာနဲ႔ လွည့္စားတတ္တဲ့စြမး္ရည္ေတြကို ေမြးရာပါ အသံုးျပဳနုိင္တဲ့ စြမ္းရည္ရွိတယ္။ ျပီးေတာ့လည္း အားက်ဴက အရည္အခ်င္း ရွိတဲ့သူဆိုေတာ့ အျမဲတမ္း တစ္ျခားသူေတြကိုပဲ လွည့္စားေနတတ္တာ။ အားက်ဴေျပာခဲ့တာေတြက မွန္လိမ့္မယ္"
ယန္ထ်န္းဟန္က သူ႔နွာေခါင္းေလးကို ထိလိုက္ကာ
"ဒါက အရမ္းကို မယံုနုိင္စရာ ေကာင္းလြန္းေနတယ္"
ဂ်ီယြန္ေဝသည္လည္း သက္ျပင္းသာ ခ်ခ်င္မိေတာ့သည္။ ဒီရက္မ်ားအတြင္း သူသက္ျပင္းခ်သည့္အႀကိမ္အေရအတြက္သည္ လြန္ခဲ့တဲ့ႏွစ္ 20 အတြင္း သူသက္ျပင္းခ်သည့္အႀကိမ္အေရအတြက္ထက္ပင္ ေက်ာ္လြန္ေနေလာက္ျပီ။ သို႔ေသာ္လည္း နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္က အခုအခ်ိန္မွာ သူအလြယ္တကူ ေျခခ်၍မရေသာ ေနရာတစ္ခုျဖစ္ေနေလျပီ။ နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲမွာ ရွိေနတဲ့ အျမီးကိုးေခ်ာင္း ေျမေခြးအတြက္ကေတာ့ သူ႔မွာ သဘာဝ အားသာခ်က္မ်ား ရွိသည္ေလ။
ေတာထဲကို ဒီအတုိင္း ဝင္သြားျပီး အားက်ဴကို စစ္ေဆးေမးျမန္းဖို႔ ေခၚထုတ္နုိင္မယ့္ နည္းလမ္း သူ႔မွာ မရွိဘူး။
လင္ရႊမ္းဇီက ေမးသည္။
"မင္းသူ႔ကို ရွာဖို႔ မၾကိဳးစားခဲ့ဘူးလား?"
"ဘယ္လုိလုပ္ ျဖစ္နုိင္မွာလဲ?" ဂ်ီယြန္ေဝက ခါးသက္သက္ ေျပာလာ၏။
"ငါသူ႔ကို သြားရွာခဲ့တာ အၾကိမ္ဘယ္ေလာက္မွန္းေတာင္ မသိေတာ့ဘူး ဒါေပမဲ့ အၾကိမ္တုိင္းမွာ သူ႔ကို ရွာမေတြ႔ခင္မွာပဲ မ်ားျပားလွတဲ့ နတ္ဆိုးသားရဲေကာင္ေတြကို လႊတ္ျပီး ငါ့ကို နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲက ေမာင္းထုတ္ေတာ့တာပဲ"
16.8.2022
==============
Next Episode
နတ္ဆိုးသားရဲ အေသၤေခ် ေတာအုပ္ထဲက ေျပာင္းလဲမွု
==============