System 13 (season 2 ) (Comple...
Von myintmolinn13
110K 9.3K 363
yg: ငါဘယ်ရောက်နေတာလဲ။ပြီးတော့....ငါ..ငါကဘယ်သူလဲ။ v: အားလုံးမောင့်အပြစ်တွေပါအချစ်ရယ်။အချစ်ရဲ့နောက်ကိုလိုက်ပြီး... Mehr
Between life
Arc1-Characters
Arc(1.1)
Arc (1.2)
Arc (1.3)
Arc(1.4)
Arc 1(end)
Between space
Arc_2
Arc (2.1)
Arc (2.2)
Arc (2.3)
Arc (2.4)
Arc (2.5)
Arc (2.6)
Arc (2.7)
Arc 2 (end)
Between space
Arc_3
Arc (3.1)
Arc (3.2)
Arc (3.3)
Arc (3.4)
Arc (3.5)
Arc (3.6)
Arc (3.7)
Arc 3 (end)
Between space
Arc (4.1)
Arc (4.2)
Arc (4.3)
Arc (4.4 )
Arc 4 (end)
Between space
Arc (5.1)
Arc (5.2)
Arc (5.3)
Arc (5.4)
Arc (5.5)
Arc (5.6)
Arc (5.7)
Arc (5.8)
Between space
Arc (6.1)
Arc (6.2)
Part (6.3)
Part (6.4)
Part (6.5)
Arc(6.6)
Real life (Final)
EXTRA
Attention pls❗❗
extra
End
1.4K 111 3
Von myintmolinn13
Unicode
နောက်ပိုင်း ဇာတ်လမ်းတွေက ရှုပ်ထွေးလာတယ်။ ဒုတိယဇာတ်လိုက်ကလည်း ဂိုဏ်းထဲကကောင်လေးနောက်ကို အသည်းအသန်လိုက်နေသလို V ကလည်း yg မှလွဲ၍ တခြားသူတွေကို လှည့်ပင်မကြည့်။
အခုဆိုရင် yg မှတ်ဉာဏ် အားလုံးပြန်ရနေပြီဖြစ်ပေမယ့် မသိချင်ယောင်ဆောင်ထားတယ်။
ဇာတ်လိုက်မက အခုနောက်ပိုင်းအရမ်း ထူးခြားနေသလိုပင်။သူသိတဲ့တစ်စုံတစ်ယောက်နဲ့တူပေမယ့် မဖြစ်နိုင်ဘူးလို့တွေးနေမိသညါ။တကယ်လို့များ ဇာတ်လိုက်မက သူထင်နေတဲ့သူဖြစ်နေရင်တော့ အဟက်...
yg ရဲ့မျက်နှာမှာနတ်ဆိုးဆန်ဆန်အပြုံးတစ်ခုထွက်ပေါ်လာသည်။
ရုတ်တရက် ပတ်ဝန်းကျင်က အမှောင်ထုဘက်ကိုပြောင်းလဲသွားသည်။
ပြီးတာနဲ့တဆက်တည်းတစ်စုံတစ်ယောက်က yg ရဲ့ ဂုတ်ကိုဆွဲကိုင်ပြီး နံရံနဲ့ ကိုင်ပေါက်လိုက်တယ်။
နံရံကို အရှိန်နဲ့ဆောင့်မိတာကြောင့် yg ခမျာ အင့် ခနဲအသံပင်ထွက်သွားရသည်။
" ဘယ်လိုလဲ မင်ယွန်ဂီ ။ခံစားချက်တွေတော်တော်မှ ကောင်းနေရဲ့လား။ ဟင်း ဟင်း အခုဆိုရင် နင့်ကိုလည်းကယ်မယ့် သူလည်းမရှိတော့ဘူး။ "
ပြောရင်း ကြောင်ပေါက်လေးကို ဆွဲယူကာ နံရံနဲ့ ထပ်ပေါက်လိုက်ပါသော ဇာတ်လိုက်မ maria
သာမန် အားထပ်ပိုနေတာကြောင့် yg သွေးပင်အန်ထုတ်မိသည်။
maria ကတော့ yg ဖြစ်ပျက်နေတဲ့ပုံကိုကြည့်ပြီး လှိုက်လှိုက်လှဲလှဲကို အော်ရယ်တယ်။မျက်နှာမှာလည်း ကျေနပ်မှုကြောင့် ဝင်းပနေသယောင်ပင်။
" ဟင်း ဘယ်လိုလဲ မင်ယွန်ဂီ တော်တော်မှ ခံစားနေရလား။ ငါ့အစီအရင်ကို ဘယ်သူမှလွယ်လွယ်မချိုးဖောက်နိုင်ဘူး။ ငါဒီလိုနေ့ရက်ကို စောင့်နေခဲ့ရတာ။နင့်ကို ငါ့ခြေဖဝါးအောက်မှ ပြားပြားဝပ်နေပြီး အသက်ချမ်းသာပေးဖို့တောင်းပန်နေတဲ့ပုံလေးကို အရသာခံကြည့်နေချင်တာ ဟား..ဟား။။"
အပေါ်ကိုမော့ပြီး စိတ်ကူးနဲ့ရူးနေတဲ့ maria မှာတော့ ရှေ့ကအဖြစ်အပျက်ကို ဂရုမစိုက်နိုင်ဘဲရှိလေသည်။
yg: ဘယ်သူမှ လွယ်လွယ်ကူကူမဝင်နိုင်ဘူးတဲ့လား။ အဟက် ကောင်းတာပေါ့
နှုတ်ခမ်းမှာ ပေနေတဲ့သွေးတွေကို ခပ်ဖွဖွသုတ်ပြီး maria ကို စူးစူးစိုက်စိုက်ကြည့်ပြီးပြောနေပုံက သွေးဆာနေတဲ့ကျားရိုင်းတစ်ကောင်လို။
" နင် နင် မ မဖြစ်နိုင်ဘူး"
yg: မဟုတ်လဲ ငါက မောင်နဲ့ ဒီကမ္ဘာမှာပျော်ပါးပြီးတာနဲ့ မင်းဆီလိုက်လာတော့မလို့ဘဲ။ အခုလိုစောစောစီးစီး တွေ့လိုက်ရတော့လည်း အဆင်ပြေသွာတာပေါ့။ငါ့အချိန်တွေ အလကားမဖြစ်တော့ဘူးပေါ့
" နင် "
maria လက်ထဲက ရုတ်တရက်ထွက်လာတဲ့ အလင်းတန်းကို yg ရှောင်လိုက်ပြီး စူးစိုက်လို့ maria ကိုကြည့်လိုက်တော့ ဘယ်ကမှန်းမသိ ထွက်လာတဲ့ နွယ်ပင်တွေက maria တစ်ကိုယ်လုံးကိုရစ်ပတ်ထားပြီး လေးဖက်လေးလံဆွဲလို့အပေါ်ကိုမြှောက်ထားလိုက်သည်။
yg: မင်းရဲ့ ခံစားချက်လေးရော ပြန်ပြောပြပါဦး။ နှစ်ပေါင်းများစွာ ဆင်းရဲ ဒုက္ခခံထားတဲ့ မင်းရဲ့အကြံအစည်ကြီး ပျက်သွားတော့ ဘယ်လို ခံစားရလဲ ပန်း နတ် ဘု ရား မ ချန်းဟွာ
yg ရဲ့စကားအဆုံး မျက်နှာထိန်းမရအောင် ပျက်သွားတဲ့ ချန်းဟွာ ။ပြီးမှ ဟက်ဟက်ပက်ပက် ရယ်လာကာ
" ဒါပေမယ့် ငါ့အကြံအစည်အောင်မြင်ခဲ့တယ်လေ။ နင်နဲ့ အရှင်ကို နှစ်ပေါင်းများစွာ ခွဲလိုက်နိုင်တဲ့အပြင် ငါလည်း အရှင်ရင်ခွင်ထဲမှာ ကြည်နူးခွင့်ရလိုက်တယ်လေ ဟား ဟား"
ချန်းဟွာ စကားကြောင့် အံကိုတင်းတင်းကြိတ်လိုက်တဲ့ မင်ယွန်ဂီ။
မိမိကိုယ်ပေါ်မှာ ပိုမို တင်းကျပ်လာတဲ့ နွယ်တွေကြောင့် ချန်ဟွားကောက်ကျစ်စွာ ပြုံးလိုက်မသဘ်။သူအသက်သေမည်ဆိုရင်တောင် အရှေ့ကလူကိုပါအပါ ခေါ်သွားချင်သည်။နောက်ဆုံးရူးသွပ်စေချင်သည်။
" အရှင်ရဲ့ နှုတ်ခမ်းတွေက တအားချိုမြပြီး ကျွန်မအပေါ်မှာ အားစိုက်နေတဲ့အရှင်ရဲ့ပုံစံက ..…"
yg: မင်းပါးစပ်ကို ပိတ်ထား
ဟား......ဟား
နွယ်တွေရစ်ပတ်ထားတဲ့ နေရာက သွေးတွေစို့လာပေမယ့် ချန်ဟွားကတော့ ဘာကိုမှဂရုမစိုက်တဟားဟားနဲ့သာ လှောင်ရယ်နေသည်။
ခနကြာတော့ ချန်ဟွာကို ရစ်ပတ်ထားတဲ့နွယ်ကြိုးတွေက တဖြည်းဖြည်း လျှော့ကျသွားပြီး ချန်ဟွာလည်း အောက်ကိုပြန်ပြုတ်ကျလာသည်။
yg ကတော့ မဲ့ပြုံးလေးပြုံးလိုက်ပြီး
yg: ငါက မင်းပြောတိုင်းယုံရအောင် ရိုးရိုးသာမန်နတ်ဘုရားလို့များမှတ်နေသလား ချန်းဟွာ ဟင်။အချစ်ကြိုး အဆိပ်အကြောင်း ငါမသိဘူးလို့များထင်နေသလား။ အချစ်ကြိုးအဆိပ်မိတဲ့သူက သူ့ ရဲ့ရင်ထဲကနှစ်နှစ်ကာကာချစ်သွားတဲ့သူကို မမေ့မချင်း တခြားသူနဲ့အတူတူနေလို့မရဘူး။ မောင် က ငါ့ကိုမေ့သွားမယ်လို့များ မင်းထင်ခဲ့လား။ဟမ် နှစ်ပေါင်းမရေမတွက်နိုင်အောင် သည်းသည်းလှုပ်လှုပ်ချစ်ခဲ့တဲ့ ငါ့ကို မောင်က မေ့သွားနိုင်တယ်လို့ မင်းဘယ်ကရတဲ့ ယုံကြည်ချက်တွေနဲ့များ ဒီလို အဓိပ္ပာယ် မရှိတဲ့လုပ်ရပ်ကို လုပ်ခဲ့ရတာလဲ။ နှစ်ပေါင်းများစွာ ဟုတ်လား။ ဘာလုပ်ရမှာလဲ ။ထာဝရရှင်သန်နေတဲ့ ငါတို့လိုနတ်ဘုရားတွေက အရေးမပါတဲ့ အချိန်တွေကိုရေတွက်နေမယ်ထင်နေလား ဟမ့် မင်းပြောတဲ့နှစ်ပေါင်းများစွာဆိုတာကိာ ငါနဲ့မောင်တို့ ခဏစိတ်ကောက်တယ်လို့ဘဲ သတ်မှတ်လိုက်မယ် "
yg ရဲ့အပြောတွေအောက်မှ မျက်နှာထိန်းမရ‌ေအာင်ပျက်သွားပါတဲ့ ချန်းဟွာ
yg က‌ ခေါင်းကိုအသာခါရမ်းပြီး လက်တစ်ချက်ဝေ့လိုက်တော့ မဲမှောင်နေတဲ့ပတ်ဝန်းကျင်ကနေ ကောင်ကင်ဘုံရဲ့ ညီလာခံခန်းမ‌ထဲရောက်သွားသည်။
V : အချစ်
yg: တိတ်စမ်း မင်းမျက်နှာမမြင်ချင်ဘူး
V: အချစ်ကလည်း
yg ဟောက်လိုက်တော့ ချက်ချင်းငယ်ကျသွားတဲ့ မျက်နှာလေး
yg ကတော့ ထယ်ယောင်းကို ဂရုမစိုက်ဘဲဘေးနားကကျော်သွားပြီး
yg: ညီလာခံ တက်လာတဲ့သူအားလုံးနာခံကြ။ ပန်းနတ်ဘုရားမ ချန်ဟွားသည် တားမြစ်ထားတဲ့ အစီအရင်ကိုကျင့်သုံးတဲ့အပြင် အုပ်ချုပ်သူတွေကိုမ ထီမဲ့မြင်ပြုခဲ့တဲ့အတွက် အဆောင်အယောင်တန်ခိုး အားလုံးယုတ်သိမ်းပြီး ငရဲမီးတောက်ကြား အသက်သေဆုံးခွင့်မရှိဘဲ ထာဝရချုပ်လှောင်ထားစေ။
V: အချစ်
yg:  ဘာလဲ မင်းက မကျေနပ်ဖူးလား
V: ပြစ်ဒဏ်ပေါ့လျော့ လွန်းတယ်အချစ်ရယ် ။တကယ်ဆိုရင်
yg: ပိတ်ထား မင်းပါးစပ် ။
yg စကားအဆုံးပါးစပ်ကို လက်နှစ်ဖက်နဲ့အုပ်လို့ လေးထောင့်ဆန်ဆန်အပြုံးလေးပေါ်အောင်ရယ်ပြပြီး မျက်နှာချိုသွေးနေတဲ့ ထယ်ယောင်း။
yg က ဂရုမစိုက်သလို ဟိုဘက်လှည့်သွားတာနဲ့ ထယ်ယောင်းရဲ့ မျက်နှာမှာ အပြုံးတွေပျောက်သွားပြီး တည်တင်းနေတဲ့မျက်နှာထားနဲ့ အစောင့်တွေလက်ထဲပါသွားတဲ့ ပန်းနတ်ဘုရားမကို စိုက်ကြည့်နေသည်။ ဒီလောက်နဲ့ ပြီးသွားမယ် မထင်နဲ့။
Zawgyi
" နင် "
ဟား......ဟား
yg ရဲ့အပြောတွေအောက်မှ မျက်နှာထိန်းမရ‌အောင်ပျက်သွားပါတဲ့ ချန်းဟွာ
V : အချစ်
V: အချစ်ကလည်း
V: အချစ်
yg: ပိတ်ထား မင်းပါးစပ် ။
Weiterlesen
Das wird dir gefallen
81.1K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
84.1K 20.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
2.6K 194 4
New Year Collection 💚❤️
196K 10.2K 24
Long coat အမဲလေး အမြဲဝတ်ထားတတ်တဲ့ကိုကိုဟာ အမဲရောင် ကြိုက်တဲ့ ရိပေါ်အဖို့ ကိုကိုဟာ perfectပါပဲ ဒါပေမဲ့ ကိုကို့ကိုမုန်းပါတယ် ကိုကိုလည်းyiboကိုမုန်းတယ်မလ...