Chapter 29.1, Arc 2: ထပ်ခိုးထပ်မှချစ်သူ
သူ၏နှလုံးသားသည်ဆက်လက်ခုန်ပေါက်နေဆဲ
ဖြစ်သည့်အတွက်သူသည်ရှင်သန်နေကောင်း၊
ရှင်သန်နေဆဲဖြစ်လိမ့်မည်။
ထိုသရဲရာဇဝင်သည်လည်း၊
ပုံပြင်အစပိုင်းရှိဇာတ်ကောင်များ၏
နောက်ကြောင်းရာဇဝင်များသာ
တူညီ၍ကျန်သည့်အရာမှန်သမျှသည်
လုံးဝကြီးကိုကွဲပြားခြားနားနေခဲ့တာဖြစ်သည်။
ဘယ်လိုလောကကြီးမျိုးမှာမှသူ့ကိုယ်သူ၊
ထိုဆာလောင်ငတ်ပြတ်ပြီး
သေဆုံးသွားရသည့်ချစ်သူငယ်လေးအဖြစ်
မြင်ယောင်လို့ရမှာတုန်း!?
ထိုသနားစရာကောင်းသော
ငနုံလေး၏ကံကြမ္မာသည်သူ့ထက်တောင်
ကြေကွဲစရာကောင်းနေသေးသည်!
ထိုလူကြည့်ရတာမသေခင်အတော်လေး
နာကျင်ခံစားခဲ့ရမည့်ပုံပေါက်သည်!
ထိုအကြောင်းကိုတွေးရင်းတွေးရင်း၊
ယောင်းယီ၏တုန်လှုပ်နေသော
စိတ်ဝိဥာည်လေးသည်ဖြည်းဖြည်းချင်း
ငြိမ်သက်သွားတော့သည်။
ဟုတ်သည်၊သူ့အနေဖြင့်အသက်ရှင်သေးသည့်
အပြင်အကောင်းတိုင်းရှိနေသေးသည်
မဟုတ်ပါလား၊ထို့ကြောင့်အစာငတ်ပြတ်ပြီး
သေဆုံးသွားစရာအကြောင်းလုံးဝမရှိပေ!
"ငါမလိမ်ပါဘူး၊ပြီးတော့
ငါကမသေလည်းမသေသေးပါဘူး။ ငါအကောင်းကြီးတိုင်းရှိနေပါသေးတယ်"
အကြာကြီးတိတ်ဆိတ်နေပြီးကာမှ၊
နောက်ဆုံးမှာတော့ယောင်းယီအများနှင့်
သဘောထားကွဲလွဲနိုင်မည့်အဖြေမျိုးကို
ထုတ်ပြောလိုက်တော့သည်။
သူအနေဖြင့်ထိုအကြောင်းအရာကို
ထောက်ပြ၍သူသည်ထပ်ခိုးထဲတွင်
ပိတ်မိနေခဲ့တာမဟုတ်ဘဲ၊
ထိုအစားလူအယောင်ဟန်ဆောင်ထားသည့်
သရဲနှစ်ကောင်၏လှည့်စားခြင်းကို
ခံခဲ့ရတာဖြစ်သည်ဟုထုတ်ပြောလေသည်။
သူ၏ငြင်းဆိုသံကိုကြားရသည့်အခါ၊
ထိုသူစိမ်းများ၏မျက်လုံးများထဲမှ
ထူးဆန်းသောအမူအရာသည်
ပိုလို့ပင်တိုးပွားလာပြီး
ပိုလို့ပင်မနှစ်မြို့ဖွယ်ရာကောင်းလာခဲ့သည်။
ထိုအကြည့်များသည်ယောင်းယီ၏
ခန္ဓာကိုယ်အားအလိုအလျောက်
တင်းကြပ်သွားစေပြီးသူ၏နှလုံးသည်လည်း
တဒိတ်ဒိတ်ခုန်လှုပ်သွားခဲ့သည်။
"ဘာဘဲဖြစ်ဖြစ်၊
ကျွန်တော်တို့ကြားမှာအထင်လွဲချင်စရာ
ကိစ္စလေးတွေရှိနေတယ်ထင်တယ်"
ယောင်းယီထိုလူများအမြင်ရှင်းလင်းစေရန်
ထပ်မံကြိုးစားကာမတွန့်မဆုတ်
ကြိုးပမ်းလိုက်လေသည်။
သို့သော်လည်း၊သူ၏မျက်စိရှေ့တွင်
ရှိနေသည့်ယခုလူအုပ်စုရှေ့မှထွက်ခွာဖို့ရန်
စိတ်လှုပ်ရှားစွာဖြင့်ဆက်လက်
မစောင့်ဆိုင်းနိုင်တော့ပေ။
ထိုလူများသည်တစ်ဦးကိုတစ်ဦး
အကြည့်ချင်းဖလှယ်လိုက်ကြချိန်၊
မမျှော်လင့်စွာဖြင့်သူတို့အားလုံး
တစ်ပုံစံတည်းတွေးနေကြသည်ကို
ရှာဖွေ့တွေ့ရှိသွားကြပြီး
ထိုအရာမှာ-
ယခုမျက်စိရှေ့မှအမျိုးသားသည်
သေချာပေါက်ကို
ငကြောင်ဖြစ်သည်! ဆိုတာကိုပင်။
"ငါကတော့အဲ့ဒါဖြစ်နိုင်ခြေရှိတယ်လို့ထင်တယ်။
ကြည့်ပါလား၊သူရဲ့အဝတ်အစားတွေက
အရမ်းကိုညစ်ပတ်နေတဲ့အပြင်
သူ့ရဲ့လည်ပင်းမှာလည်း
ခွေးလည်ပတ်တစ်ခုကရှိနေသေးတယ်။
ငါကြောက်တာတစ်ယောက်ယောက်ကများ
တံခါးသော့ခတ်ထားဖို့မေ့သွားပြီး
စိတ်မနှံ့တဲ့လူကိုအပြင်ရောက်သွားစေတာမျိုး
ဖြစ်မှာကိုဘဲ!"
ဝူကျွင်းသည်သူမ၏ကောက်ချက်ချမှုကို
လုံးဝရှင်းလင်းပြတ်သားစွာဖြင့်
ဖြစ်နိုင်ခြေရှိသည့်စဉ်းစားတွေးခေါ်မှုမျိုးဖြင့်
ထုတ်ဖော်ပြောဆိုလာခဲ့သည်။
"ဒါပေမဲ့ သူကလေထုထဲကနေ
ထွက်လာတာလေ!"
ရှောင်လုမှာငိုယိုကာ၊သူ၏အသံမှာလည်း
တုန်ယင်နေလေသည်။
"နင်အရမ်းအကြောက်လွန်နေပြီးတော့
မှားမြင်မိတာဆိုရင်ရောမဖြစ်နိုင်ဘူးလား!
နင်နဲ့အားယွမ်တို့နှစ်ယောက်ဘဲ
ဘာဖြစ်သွားတယ်ဆိုတာကိုမြင်လိုက်ရတာလေ။
ကျန်တဲ့လူတွေအားလုံးက
နင်တို့နှစ်ယောက်အရမ်းလန့်ဖျန့်သွားတာကို
မြင်လိုက်ရလို့သာစပြီးကြောက်ရွံလာကြတာ!"
ထိုစကားများကြောင့်ရှောင်လုပြောမည့်
စကားများသည်လည်ချောင်းအတွင်း၌
တစ်ကာဆွံအသွားရသည်။
ကြက်သီးမွှေးညင်းများထရင်း၊
သူ၏ဘယ်ကိုရောညာကိုပါကြည့်လိုက်ချိန်
သူ့ဘေးရှိလူတိုင်းသည်
မျက်နှာပေါ်၌သေချာပေါက်ကို
သံသယဝင်နေသည့်အမူအရာများ
ချိတ်ဆွဲထားကြသည်ကို
သဘောပေါက်သွားတော့သည်။
"အဲ့လိုမဖြစ်နိုင်ဘူး!
ငါကိုယ်တိုင်သေချာမြင်ခဲ့တာ!"
ရှောင်လုသူ့ကိုယ်သူမခုခံနိုင်တော့သဖြင့်
သူ၏သူငယ်ချင်းအားယွမ်ကို
အကူအညီတောင်းခံဖို့ရန်လှည့်ကြည့်လိုက်ချိန်၊
အားယွမ်သည်လုံးဝကို
အသိစိတ်ပျောက်ဆုံးနေပြီး၊
သူ့ထက်ပင်ဆိုးရွားကာ
အရင်ကထပ်ပို၍တကိုယ်လုံးတုန်ရီနေပြီး၊
စကားများသည်လည်းလုံးဝကို
လူနားမလည်နိုင်လောက်ရသည်အထိ
ပလုံးပထွေးဖြစ်နေသည်ကို
မြင်လိုက်ရတော့သည်။
ရလဒ်အဖြေအရတော့၊
အားယွမ်ရောရှောင်လုပါရှင်းပြနိုင်သည့်
အားမရှိတော့ပေ။
ထို့ကြောင့်ယခုဖြစ်ရပ်ကြီးတစ်ခုလုံးသည်
ကျန်သည့်လူများအတွက်တော့တခဏတာ
ထိတ်လန့်သွားရသည့်မတော်တဆမှု
တစ်ခုအဖြစ်သာပြီးပြတ်သွားတော့သည်။
ရုတ်တရပ်ထွက်ပေါ်လာသော
ယခုအမျိုးသားသည်သရဲမဟုတ်ကြောင်းကို
သူတို့ဆုံးဖြတ်ချက်ချလိုက်ပြီးပြီးဖြစ်သည့်
အတွက်၊ခုနကလေးတင်မှ
အတော်လေးတင်းကြပ်နေသောလေထုသည်
အလွန်ပြေလျှော့သွားခဲ့ပြီးဖြစ်သောကြောင့်
အတွေ့အကြုံနုနယ်သေးသော
မြီးကောင်ပေါက်လေးများသည်
ချက်ချင်းကိုသတ္တိသွေးတွေထကြွလာကြပြီး
အသံကိုလည်းနှိမ့်ချခြင်းမရှိတော့ဘဲ
ပြောရဲလာကြလေသည်။
"သေချာပေါက်
ငါတို့နောက်ကအခန်းတစ်ခုခုထဲမှာ
ပုန်းနေတာဖြစ်ရမယ်၊
ပြီးတော့မှသာငါတို့သတိမထားမိတုန်း
ခိုးထွက်လာပြီးငါတို့ကိုခြောက်လှန့်တာဘဲ!"
နောက်ထပ်ဆံပင်တိုနှင့်မိန်းကလေးသည်
ယောင်းယီကိုညွှန်းပြကာ၊
မာန်မဲတော့သည်။
ယောင်းယီသည်အစောပိုင်းကာလတုန်းက
သူတို့၏တိုးတိုးတိတ်တိတ်ပြောဆိုနေကြသည့်
စကားဝိုင်းကိုမကြားလိုက်ရသည့်အတွက်
သူတို့ကိုသာမသေချာမရေရာစွာဖြင့်
ကြည့်လိုက်မိသည်။
"ဒီအရူးကောင်ကတော့!
မြန်မြန်,အဲ့ကောင်ဖမ်းကြ။
အဲ့တော့မှသာရူးသွပ်သွားပြီး
တစ်ယောက်ယောက်ကို
ထိခိုက်နာကျင်အောင်မလုပ်နိုင်မှာ!"
လုရန်သည်ယခုအခါအရင်ကထက်ပင်
ရဲသွေးကြွလာတော့သည်။
သူအနေဖြင့်အမိန့်ပေးခိုင်းစေလို့ရမည့်
အခွင့်အရေးကိုရှာတွေ့သွားတာဖြစ်ပြီး၊
ထိုအချိန်ကိုအခွင့်ကောင်းယူကာ
ယောင်းယီ၏လည်ပင်းမှ
တစ်ဝက်ပြတ်နေသောလည်ပတ်ကို
အမိအရအတင်းဆောင့်ဆွဲလိုက်သည့်အတွက်
ယောင်းယီကိုယိမ်းထိုးသွားစေခဲ့သည်။
အလွန်ထိတ်လန့်နေသည့်ရှောင်လုနှင့်
အားယွမ်တို့မှလွဲ၍ကျန်သည့်
မိန်းကလေးအနည်းစုသည်လည်း
ယောင်းယီအပေါ်သို့ခုန်အုပ်ကာ၊
သူ၏လက်မောင်းနှစ်ဖက်ကို
အတင်းအကြပ်ချုပ်ကိုင်၍ရုန်းကန်ခြင်းမှ
ရပ်တန့်စေလေသည်။
"မင်းတို့ဘာလုပ်ကြတာလဲ-အာ!"
ယောင်းယီသည်အစောပိုင်းကတည်း
အော့အန်ထားရသည့်အပြင်
တစ္ဆေနံရံကြီးကြောင့်
အလွန်မောပန်းနေခဲ့တာဖြစ်သည်။
ထို့ကြောင့်ယခုလိုရုတ်တရပ်
ပြောင်းလဲသွားသည့်ဗရုတ်သုတ်ခ
အခြေအနေ၌သေချာပေါက်ကို
ခုခံကာကွယ်မှုအားနည်းနေခဲ့တာဖြစ်သည့်
အတွက်၊လွယ်လွယ်ကူကူပင်
အချုပ်နှောင်ခံလိုက်ရလေသည်။
လုရန်သည်ယောင်းယီ၏လည်ပင်းမှချိန်းကြိုးကို
တင်းနေအောင်ဆွဲယူ၍ချိန်းကြိုးမှ
ပိုနေသည့်ကြိုးအရှည်ကို
လက်ကောက်ဝတ်အားချည်တုပ်ကာ
ယောင်းယီ၏ရင်ဘတ်ရှေ့မှာတင်တိုက်ရိုက်
အနည်းငယ်လောက်တောင်ဖြေလျှော့ပေးခြင်းမရှိဘဲ
အသေတုပ်နှောင်လိုက်တော့သည်။
ခေါင်းဖြတ်သတ်ခံရတော့မည့်ရာဇဝတ်သားသဖွယ်၊လက်နှစ်ဖက်စလုံးအတုပ်နှောင်ခံလိုက်ရသည်
ကိုသိလိုက်ရသည့်အခါယောင်းယီ
ဗျာများသွားရသည်။
သူအနေဖြင့်ရုန်းကန်ရန်ကြိုးစားလိုက်သည်၊
သို့သော်လည်းလုရန်ဆီမှ
တိုက်ရိုက်ကျရောက်လာသော
လက်သီးများ၏ထိုးသွင်းချက်များကို
ခံယူလိုက်ရသည့်အတွက်
သူ၏နဂိုထဲကဒဏ်ရာရထားသော
ခေါင်းသည်ပိုလို့ပင်မူးနှောက်လာခဲ့သည်။
"ခင်များ....တို့အားလုံး...ရူးကုန်ကြပြီလား!?"
သူ၏မြင်ကွင်းထဲမှကြယ်တွေလတွေနှင့်အတူ၊
ယခုမျက်စိရှေ့မှဤထူးဆန်းသော
လူတစ်အုပ်ကိုကြည့်လိုက်မိသည်မှာ
ထိတ်လန့်မှုနှင့်အတူကြောက်ရွံ့မှုများပါ၊
ပါဝင်လေသည်။
"အိုင်း! ဒီဦးနှောက်မပါတဲ့အရူးကတော့! ငါတို့ကိုများအရူးလို့ခေါ်ရဲသေးတယ်ပေါ့!"
လုရန်ဒေါပွသွားခဲ့သည်။ထို့ကြောင့်
သူ၏လက်ထဲမှချိန်းကြိုးကို
ခပ်တင်းတင်းဆောင့်ဆွဲလိုက်လေသည်။
လက်တွင်တုတ်နှောင်ခံထားရသည့်ချိန်းကြိုးနှင့်
အတူတစ်ဆက်တည်းအချည်ခံထားရသည့်
လည်ပင်းပေါ်မှတင်းအားကို
ဖြေလျှော့နိုင်ရန်အတွက်ယောင်းယီသည်
သူ၏ခေါင်းကိုငုံ့ရန်ဖိအားပေးရလေသည်။
ထို့ကြောင့်ဒေါသဖြင့်အံ့ကြိတ်လိုက်မိသည်။
သူအနေဖြင့်တကယ်ကို
"ကျားကြောက်လို့ရှင်ကြီးခိုး၊
ရှင်ကြီးကျားထက်ဆိုး"ဖြစ်နေမည်ဟု
မမျှော်လင့်ထားခဲ့ပေ။
ယခုအိမ်ကြီးသည်တကယ်ကို
အဆုံးအစွန်အထိရူးကြောင်နေကြသည့်
အရူးများဖြင့်ပြည့်နှက်နေပုံရပြီး၊
ထိုလူများသည်တကယ်ကို
လူတစ်ယောက်ဘာမှတောင်
သေချာမပြောရသေးခင်မှာတင်
ကြိုးဖြင့်တုတ်နှောင်နိုင်သည်အထိ
အစွန်းရောက်ကြလေသည်။
"စောက်ပါးစပ်ပိတ်ထားစမ်း၊
ဒီဆရာသခင်အမုန်းဆုံးက
နေရာတကာလျှောက်သွားနေပြီး
ဥပဒေချိုးဖောက်မှုရဲ့ပြစ်ဒဏ်ကို
မခံစားရတာနဲ့ဘဲလူတကာကို
သဘောရှိလိုက်သတ်နေတဲ့
စိတ်ဖောက်ပြန်နေတဲ့မင်းလိုအရူးမျိုးကိုဘဲ။
ငါပြောမယ်၊ငါလိုဆရာသခင်မျိုးက
ဒီထိုင်ခုံမှာထိုင်မှာမဟုတ်ဘူး[၂]"
[၂]ပြောသမျှ၊ဖြီးဖြန်းသမျှ
စကားမှန်သမျှကိုလုံးဝ
ယုံကြည်ပေးမှာမဟုတ်ဘူးဆိုတဲ့
ဗန်းစကားဖြစ်ပါသည်။
လုရန်သည်သာမန်အပေါစားအင်တာနက်
ဆောင်းပါးအတော်များများကိုဖတ်ဖူးသူဖြစ်၍
ထိုစိတ်ကျန်းမာရေးမကောင်းသည့်
လူများအပေါ်၌အလွန်အမင်းအပြစ်တင်ရှုံချကာ
မာန်မဲလိုစိတ်အပြည့်အဝရှိလေသည်။
ထို့ကြောင့်ယောင်းယီကိုကြည့်သည့်
သူ၏မျက်လုံးများသည်
အလွန်မသတီသည့်အကြည့်များစွာပါဝင်သည်။
ယောင်းယီလူတိုင်းကိုငေးကြည့်လိုက်ချိန်၊
ယခုအသက်အလယ်အလတ်
အမျိုးသားကြီး၏သရဲမရဲစီးနေသည့်
မျက်နှာအမူအယာနှင့်တကွ
ကျန်သောမိန်းကလေးများ၏အပြုအမူများသည်
လည်းအလွန်သာမန်မဟုတ်ဖြစ်နေသည်ကို
တွေ့လိုက်ရလေသည်။
သူတို့၏မျက်နှာများသည်စိတ်လှုပ်ရှားနေသည့်
အပြုံးများကိုချိတ်စွဲထားကြပြီး
ဗလာကျင်းနေသည့်ယခုဗီလာကြီးနှင့်
ပေါင်းစပ်လိုက်သည့်အခါ
ကြည့်ရသည်မှာအလွန်အမင်း
ကို့ယို့ကားယားဖြစ်နေတော့သည်။
ဒီလူတွေ...လူရောဟုတ်သေးရဲ့လား၊ဟမ်?
နှလုံးသားထဲမှခါးသက်မှုနှင့်အတူ၊
ယောင်းယီအသိဥာဏ်ကြီးမားစွာဖြင့်
ပါးစပ်ပိတ်လိုက်လေသည်။
ယခုလိုပုံမှန်မဟုတ်သည့်လူများဖြင့်
ပြည့်နှက်နေသည့်အုပ်စု၏အရှေ့တွင်
သူဘာစကားတစ်ခွန်းကိုမှမပြောရဲတော့ပေ။
"ရူးနေကြတယ်...သူတို့အားလုံးရူးနေကြတယ်...
ဝူးးဝူးးးဝူးး..."
အုပ်စု၏အစွန်ဆုံးနေရာရှိ၊
အားယွမ်သည်သူ၏လက်များဖြင့်
ခေါင်းကိုအုပ်ကိုင်ကာစိတ်လှုပ်ရှားမှုကြောင့်
ဆံပင်များကိုအဆက်မပြတ်ဆွဲနှုတ်နေမိသည်။
မျက်လုံးများမှာလည်းပြူးကျယ်နေပြီး၊
သူ၏အတန်းဖော်များကို
ရစ်ပတ်နေသည့်အနက်ရောင်မြူခိုးများကို
စိုက်ကြည့်ရင်း၊မျက်နှာတစ်ပြင်လုံး
ကြောက်ရွံ့မှုအပြည့်ဖြင့်ဖြစ်လို့နေသည်။
အဲ့လူတွေက သူ့ရဲ့အတန်းဖော်တွေရော
ဟုတ်ကြသေးရဲ့လား?
ဘာလို့သူတို့ရဲ့ခန္ဓာကိုယ်ကို
အနက်ရောင်မြူခိုးတွေကဖုံးလွှမ်းနေကြတာလဲ?
ဘာလို့သူတို့ရဲ့မျက်နှာပေါ်မှာ
မြင်ဖူးနေကြပုံမှန်မဟုတ်တဲ့
အမူအရာတွေဖြစ်နေကြပြီး၊
မျက်လုံးတွေကလည်းလုံးဝကိုမဖြစ်နိုင်တဲ့
မကောင်းဆိုးဝါးအတွေးတွေနဲ့
ပြည့်နှက်နေကြတာလဲ?
အားယွမ်ဘာတွေဖြစ်နေသလဲဆိုတာကို
လုံးဝမသိတော့ပေ။
ပြောရမည်ဆိုလျှင်တော့၊သူအနေဖြင့်
အကူအည်ီတောင်းခံချင်သည်၊
သို့သော်လည်းသူ၏တုန်ရီနေသော
နှုတ်ခမ်းများသည်အရူးမှလွဲ၍
သာမန်လူနားမလည်နိုင်သည့်
ပေါက်တတ်ကရစကားအချို့ကိုသာ
ထုတ်ပြောနိုင်လေသည်။
ဘယ်သူကမှအားယွမ်နှင့်
သူ၏ပူပင်မှုကိုအာရုံမစိုက်ကြပေ။
ထိုအုပ်စုသည်ယောင်းယီအား
ချည်တုတ်ပြီးသည်နှင့်ရှေ့ဆက်သွားဖို့ရန်
အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။
သူတို့အားလုံးသည်ကြိုးလှေကားကိုယူရန်
သုံးလွှာရှိထပ်ခိုးဆီသို့ချီတက်ကြမှာဖြစ်သည်။
နည်းစနစ်ကျကျပြောရမည်ဆိုလျှင်တော့၊
သူတို့အနေဖြင့်ဒုတိယထပ်
ပြတင်းပေါက်မှခုန်ချလို့တော့သည်၊
သို့ရာတွင်ထိုလွတ်မြောက်မှုမျိုးရရှိရန်အတွက်
အရိုးအနည်းတော့စတေးဖို့ရန်လိုအပ်သည်[၃]
အချိန်အတော်ကြာဆွေးနွေးပြီးသည့်နောက်၊
ခုန်ချဖို့ရန်သူတို့အားလုံးကြောက်ရွံ့
တုန်လှုပ်နေကြတာဖြစ်ပြီး၊အဆုံးမှာတော့
ကြိုးလှေကားကိုဘဲသွားယူ၍
ဆင်းမည့်အစီအစဉ်ကိုသာ
ရွေးချယ်လိုက်ကြသည်။
[၃] အရိုးစတေးရန်လိုသည်ဆိုသည်မှာ ပြတင်းပေါက်မှခုန်ချခြင်းက
အမြန်ဆန်ဆုံးနည်းလမ်းဖြစ်သည်
ဆိုသော်လည်းခြေကျိုး၊လက်ကျိုး
တစ်ခုခုတော့သေချာပေါက်ဖြစ်မည်မှာ
မလွဲဧကန်ဖြစ်သည်ဟုဆိုလိုခြင်းဖြစ်ပါသည်။
ယောင်းယီသူတို့အားလုံး
အပေါ်ထပ်လှေကားများဆီသို့
ဦးတည်နေသည်ကိုသိလိုက်ရသည့်အခါ
သူ၏ခြေထောက်ကိုချောက်ချထားသည့်
ဆူးရိုးသဖွယ်မားမားရပ်တန့်၍
ရှေ့ဆက်သွားဖို့ရန်ငြင်းဆန်တော့သည်။
သူအနေဖြင့်အောက်ထပ်လှေကားများမှဆင်း၍
အိမ်ပြန်ချင်နေပြီဖြစ်သည်။
လုရန်ယောင်းယီကိုဒေါသတကြီး
ဆောင့်ကန်ရင်းဆဲဆိုလိုက်လေသည်။
"ယောင်တောင်ပေါင်တောင်လုပ်မနေနဲ့ !
လမ်းကိုသေချာလျှောက်ရင်လျှောက်၊
မဟုတ်လို့ကတော့
ငါမင်းကိုလှေကားပေါ်ကနေတစ်ခါတည်း
အောက်ထပ်ပစ်ချပြစ်မယ်"
ယောင်းယီ "..."
သူအနေဖြင့်သည်းခံ၍ခေါင်းကိုငုံ့ထားဖို့ရန်
သာတတ်နိုင်ခဲ့သည် [၄]
[၄] အသက်ရှင်ရပ်တည်နိုင်ရေးအတွက်
အားကြီးသူ(သို့မဟုတ်)
လုပ်ပိုင်ခွင့်ကြီးမားသူ၏လက်အောက်၌
အတင်းအကြပ်ဖိအားပေးကာ
ငြိမ်ခံနေရသည်ကိုပြောပြချင်တဲ့သဘောမျိုးပါဘဲ။
Tofu
တစ်ပတ်ကိုတစ်ပိုင်းတင်ပေးပါမည်။