Wild Rose(complete)

By LahPhan_85

2.3M 201K 29.3K

"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" ... More

Intro
part1(Unicode)
part1(Zawgyi)
part 2(Unicode)
part2(zawgyi)
part3(Unicode)
part3(Zawgyi)
part4(Unicode)
part4(Zawgyi)
part5(Unicode)
part5(Zawgyi)
part6(Unicode)
part6(Zawgyi)
part7(Unicode)
part7(Zawgyi)
part8(Unicode)
part8(Zawgyi)
part9(Unicode)
part9(Zawgyi)
part10(Unicode)
part10(Zawgyi)
part11(Unicode)
part11(Zawgyi)
part12(Unicode)
part12(Zawgyi)
part13(Unicode)
part13(Zawgyi)
part14(Unicode)
part14(Zawgyi)
part15(Unicode)
part15(zawgyi)
part16(Unicode)
part16(Zawgyi)
part17(Unicode)
part17(Zawgyi)
part18(Unicode)
part18(Zawgyi)
part19(Unicode)
part19(zawgyi)
part20(Unicode)
part20(Zawgyi)
part21(Zawgyi)
part22(Unicode)
part22(Zawgyi)
part23(Unicode)
Part23(Zawgyi)
part24(Unicode)
Part24(Zawgyi)
part25(Unicode)
Part25(Zawgyi)
part26(Unicode)
part26(Zawgyi)
part27(Unicode)
part27(Zawgyi)
part28(Unicode)
part28(Zawgyi)
part29(Unicode)
part29(Zawgyi)
part30(Unicode)
part30(Zawgyi)
part31(Unicode)
part31(zawgyi)
part32(Unicode)
part32(zawgyi)
part33(Unicode)
part33(zawgyi)
part34(unicode)
part34(zawgyi)
part35(Unicode)
part35(Zawgyi)
part36(Unicode)
Part36(Zawgyi)
Part37(Unicode)
Part37(Zawgyi)
Part38(Unicode)
Part38(Zawgyi)
Part39(Unicode)
Part39(Zawgyi)
Part40(Unicode)
Part40(Zawgyi)
part41(Unicode)
part41(Zawgyi)
part42(Unicode)
part42(Zawgyi)
part43(Unicode)
Part43(Zawgyi)
part44(Unicode)
Part44(Zawgyi)
Part 45(Unicode)
Part45(Zawgyi)
Part 46(Unicode)
Part46(Zawgyi)
❤🌹
part 47(Unicode)
part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Final(unicode)
Final(zawgyi)
Extra
Extra(Zawgyi)
Announce📍📍📍

part21(Unicode)

35.5K 2.8K 615
By LahPhan_85

"ညနေကျ အလုပ်ရှိတယ်လေ..."

"...."

"မွေးနေ့လည်း ဘာဖြစ်လဲ အနူးပဲအစားဆုတောင်းပေးလို့ရတာပဲ..."

"...."

"ကျွန်တော့်အလုပ်က ဖျက်လို့မှမရတာ..."

"...."

"ဟုတ်ပါပြီ ညနေကျ လာခဲ့ပါ့မယ်...."

ဘေးနားမှာကပ်၍ စကားပြောနေသံတွေက နားထဲသို့အတိုင်းသားတိုးဝင်လာနေသည်။မနေ့ညတုန်းက ဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိလိုက်ပေ။အခုစိတ်နှင့်ခန္ဓာ သတိကပ်လာတော့ ပထမဦးဆုံး နာကျင်မှုတွေက အလုအယက်တိုးဝင်လာကြ၏။ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ထားသလိုမျိုး နာကျင်ကိုက်ခဲနေကာ လက်ချောင်းလေးပင်လှုပ်လိုက်ဖို့ အင်အားမရှိချေ။ခန္ဓာကိုယ်အောက်ပိုင်းဆီမှ နာကျင်မှုကိုလည်း သိသိသာသာခံစားနေရ၏။
ပြီးတော့ ညတုန်းက ထိုးကြိတ်ခံထားရသည့် ဒဏ်ရာကလည်း အခုသွေးအေးတော့မှ တဆစ်ဆစ် ကိုက်ခဲလို့လာနေလေသည်။ညတုန်းကတော့ သွေးပူနေတာရယ် အရက်အရှိန်ဖြင့် နာကျင်မှုကို တိတိပပသတိမရချေ။အခုကျတော့ တစ်ကိုယ်လုံးဟာ တစ်စစီပြုတ်ထွက်ကြေမွတော့မည့်အလား နာကျင်ကိုက်ခဲလို့နေလေသည်။

ထို့ကြောင့် လှဲနေသည့်အတိုင်း ပုံစံမပျက်စေပဲ မျက်ဝန်းတို့အား ဖွင့်ကြည့်လိုက်တော့ ကျောပြင်ကျယ်တစ်ခုက မြင်ကွင်ရှေ့ရှိနေ၏။ဖုန်းပြောပြီးသွား၍ ဆိုင်းလော့ဒ်က ဖုန်းအားစားပွဲပေါ်ပြန်ချပြီး ကုတင်အောက်ရှိ ဂျင်းဘောင်းဘီအား ကောက်ယူနေသည်။ပြီးတော့ boxerတစ်ထည်သာရှိနေသော ခန္ဓာကိုယ်ပေါ် ဝတ်ဆင်ဖို့ ကြိုးပမ်းလို့နေလေသည်။ညတုန်းက သူ့ဘေးမှာပဲ ဝင်အိပ်လိုက်တာများလား။သူလည်း သေချာမမှတ်မိတော့ပေ။

"သွားစရာရှိလို့လား....."

သူမေးလိုက်တော့ ဆိုင်းလော့ဒ်၏ လှုပ်ရှားမှုတို့နှေးကွေးလို့သွား၏။သို့သော် သူ့ဖက်တော့ လှည့်မလာခဲ့ပဲ....

"မရှိဘူး..."

ခပ်ဆတ်ဆတ်လေသံက ပြတ်တောင်းစွာ ထွက်ပေါ်လို့လာ၏။လေသံပုံမှန်မဟုတ်တာ သိနေတာမို့ သူ့စိတ်ထဲတစ်မျိုးဖြစ်သွားရ၏။ဘာကိုများစိတ်မကြည် ဖြစ်နေရတာလဲ။ညကကိစ္စကြောင့်များလား။ညကကိစ္စကို မကြည်လင်ဘူးဆိုရအောင်လည်း သူကိုယ်တိုင်ပဲ သဘောတူကြည်ဖြူစွာ ပူးပေါင်းခဲ့တယ် မဟုတ်ဘူးလား။ရှင်းခန့်ဟိိုဟိုဒီဒီ တွေးနေမိပြီးမှ....

"မင်း ဘယ်မှမသွားဘူးဆို ကိုယ်ခဏလောက်နားအုံးမယ်နော် မထနိုင်သေးလို့..."

တိုးဖျော့ဖျော့ ထွက်ပေါ်လာသော ရှင်းခန့်၏စကားကြောင့်
ဆိုင်းလော့ဒ် လှည့်ကြည့်မိမလို ဖြစ်သွားရသည်။ညကထဲကနေ မနက်အထိ အဲ့ဒီမျက်နှာကို မကြည့်ဖြစ်အောင် တမင်မျက်နှာလွှဲထားခဲ့သည်။ဒီမနက်လည်း အိပ်ရာနိုးတာနှင့် သူ့ဖာသာထပြန်သွားလိမ့်မည်ဟု တွက်ဆထားခဲ့တာဖြစ်သည်။အခု မထနိုင်ဘူးဆိုတော့ မသိလျှင် သူကပဲမတော်မတရား ကျင့်မိခဲ့တဲ့အတိုင်း...။တကယ်ဆို သူပဲစခဲ့တဲ့ဇာတ်လမ်းမဟုတ်ဘူးလား။အခုမှ မတရားခံရသလို ပုံစံမျိုးဖမ်းနေစရာလား။

"မထနိုင်ရအောင် ခင်ဗျား......"

မကြည်လင်သော စိတ်အခံတို့ဖြင့် ပြောဆိုပစ်ဖို့ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်ပြီးမှ ရှင်းခန့်၏မျက်နှာအား မြင်လိုက်ရတော့ စကားတို့တစ်ဝက်စ်ပျက်ဖြင့် ရပ်တန့်သွားရတော့သည်။ဖြုနုသော မျက်နှာတခြမ်းက ယောင်ကိုင်းနီရဲလို့နေသလို အနည်းငယ်ထူအမ်းနေသော နှုတ်ခမ်းထောင့်နားမှာလဲ ကွဲအက်ကာ​သွေးစတို့ ခြောက်ကပ်လို့နေသည်။ဘယ်လိုဖြစ်ဖြစ် ထိုးကြိတ်ခံရပြီး ထိခိုက်လာရတဲ့ ဒဏ်ရာတွေဆိုတာ သိသာလို့နေသည်။ညတုန်းကတော့ သူ့အခန်းက အလင်းရောင်အားမကောင်းတာရယ် ပြီးတော့ ဒီလူ့၏မျက်နှာက နွမ်းလျနေပေမဲ့ ဒဏ်ရာတွေက ဒီလိုမျိုး ရုပ်ပျက်ဆင်းပျက် ဖြစ်မနေတာရယ်ကြောင့် သူသတိမပြုမိခဲ့ပေ။ပြီးတော့ ညတုန်းက တခြားအကြောင်းကိစ္စတွေကို သတိပြုမိဖို့ထက် ဒီလူ၏တစ်ကိုယ်လုံးကို အစိမ်းလိုက်ဝါးမျို စားသောက်ပစ်လိုက်ချင်သည့် စိတ်ရိုင်းတို့သာ ထန်နေခဲ့တာ မဟုတ်လား။တခြားဘာကိုမှ သတိမပြုမိနိုင်လော်သည့်အထိ သူ့စိတ်တွေ မှောင်မိုက်နေခဲ့သည်။

ရှင်းခန့်၏ မျက်နှာအား သူတအံ့တသြ ကြည့်နေမိပြီးမှ..

"ခင်ဗျား မျက်နှာ...."

ဆိုင်းလော့ဒ်ဆီမှ စကားတို့ တဝက်တပျက် ထွက်လာတော့မှ ရှင်းခန့် ကိုယ့်မျက်နှာအခြေအနေအား ကိုယ်ပြန်သတိရမိသည်။ညတုန်းကတော့ အရက်အရှိန်နှင့်သွေးပူနေတာကြောင့် ဒဏ်ရာက ဒီလောက်မသိသာပေ။အခုတော့ မှန်မကြည့်ရပေမဲ့လို့ သူ့မျက်နှာကြီး ယောင်ကိုင်းနေပြီဆိုတာကို ခံစားသိရှိလို့နေသည်။

"ဘာဖြစ်တာလဲ ရန်ဖြစ်ခဲ့တာလား...."

မေးရင်းဖြင့် ဆိုင်းလော့ဒ်က ချက်ချင်းကုတင်အနားသို့ ရောက်လာ၏။ရှင်းခန့်မောင်လိုလူက ရန်ဖြစ်တယ်ဆိုတာကိုလည်း သူမယုံနိုင်။အမြဲတစေ နူးညံ့အေးစက်နေတဲ့လူက ဒီလိုမျိုး ထိုးရကြိတ်ရလောက်သည့်အထိ ပေါက်ကွဲလွယ်မည့်သူမျိုးမဟုတ်တာ သူသိနေ၏။အရက်မူးနေတာမို့ သူများပဲ ထိုးလွှတ်လိုက်တာလား။ဒါမှမဟုတ် ကားမတော်တဆများ ဖြစ်ခဲ့တာလား။ဖြစ်နိုင်ခြေတို့ကို လျှောက်တွေးနေရင်း ကုတင်အစွန်း၌ တင်ပါးလွှဲဝင်ထိုင်ရခြင်းသို့ရောက်၏။

ရုတ်တရက် အမူအရာတို့ပြောင်းလဲသွားပြီး မေးမြန်းလာသော ဆိုင်းလော့ဒ်၏ပုံစံကြောင့် သူဘာ​ပြန်ပြောရမှန်းမသိတော့။မျက်နှာအား အနည်းငယ် လွှဲဖယ်လိုက်ပြီးမှ....

"အင်း......ရန်ဖြစ်တာတော့ မဟုတ်ပါဘူး နည်းနည်းစကားများခဲ့တာ..."

ဒီလောက်မျက်နှာတခြမ်းလုံး ယောင်ကိုင်းနေတာကို ရန်ဖြစ်တာမဟုတ်ဘူးတဲ့လား။ရှင်းခန့်မောင်လို လူမျိုးက မူးနေရင်တောင်မှ သွေးဆူလွယ်ကာ ရမ်းကားမည့်သူမျိုး မဟုတ်ချေ။

"ဘယ်မှာသွားမူးပြီး ဖြစ်ခဲ့တာလဲ..."

"အိမ်မှာ နည်းနည်းစကားများခဲ့တာပါ..."

"ခင်ဗျားအဖေနဲ့လား..."

သူများမိသားစုကိစ္စကို မေးသင့်မမေးသင့်တောင် မချိန်ဆအားပဲ လွှတ်ကနဲမေးမိသွားတာဟာလည်း ဒီလူ့အပေါ်မှာ သူ၏မသိစိတ်ထဲက တစ်နည်းတစ်ဖုံရင်းနှီးနေမှုကြောင့် ဖြစ်ပေလိမ့်မည်။

ဆိုင်းလော့ဒ်မေးတော့ ရှင်းခန့်၏ မျက်နှာတစ်မျိုးလေးဖြစ်သွားပြီးမှ...

"ဒေါနနဲ့ပါ...ကိုယ့်မိထွေးရဲ့သား...."

ထိုနာမည်ကို ကြားလိုက်ရတော့ ညတုန်းက အဖြစ်အပျက်တို့ကအာရုံထဲသို့ ပြန်လည်ရောက်ရှိလာကာ လူကချက်ချင်းသတိကပ်မိပြီးသားဖြစ်သွား၏။သူတို့မိသားစုကြား ဘာပြဿနာတွေရှိနေသလဲ အတိအကျ မသိပေမဲ့လို့ သူနဲ့ဆက်ဆံနေတုန်း အဲ့ဒီတစ်ယောက်၏ နာမည်ကိုအော်ငြီးတဲ့ ကိစ္စကတော့ အတော်ကြီးကို သည်းမခံချင်စရာကောင်းတဲ့ကိစ္စ။ဘယ်လိုပဲ သွေးသားဆန္ဒကြောင့် ဆက်ဆံဖြစ်ခဲ့ကြပါစေအုံး ဒါဟာတစ်ဖက်လူအပေါ်မှာ လေးစားမှုမရှိတာပဲဖြစ်သည်။သူတို့ကြားမှာ ဘာကတိကဝတ်ခံစားချက်တွေမှ မရှိနေဘူးဆိုပေမဲ့ တဖက်လူအပေါ်ကို လေးစားမှုကတော့ ထားသင့်သည်မဟုတ်လား။အဲ့ဒီတစ်ယောက်၏ နေရာမှာသူ့ကို အစားထိုးခံစားပစ်လိုက်တယ်ဆိုတာဟာ ဘယ်လောက်တောင်ဒေါသဖြစ်စရာကောင်းလိုက်သလဲ။သူ့မာနတွေထိခိုက်လိုက်ရတာ။ ခံရခက်လိုက်ပုံများ။မိထွေးရဲ့သားကို ကြိုက်နေရင်လည်း အဲ့တစ်ယောက်နဲ့ပဲ သွားပတ်သတ်ပါလား။သူ့ကို ဘာကိစ္စနဲ့အစားထိုးပြီး လာနွယ်နေတာလဲ။တကယ် စိတ်ရှိလက်ရှိသာဆို ဒီလူ့ကို ဂုတ်ကဆွဲပြီးကန်ထုတ်လိုက်ချင်တယ်။

မကျေလည်သော စိတ်အခံက ပြန်လည်ရုန်းကြွလာတာနှင့် မျက်နှာထားက အော်တိုမှုန်ကုပ်ကုပ် ဖြစ်သွားရသည်။ရှင်းခန့်ကတော့ ဆိုင်းလော့ဒ် ဘာဖြစ်နေသလဲ အရိပ်အကဲဖမ်းဖို့ စိတ်မဝင်စားပါပဲ အခုအချိန်မှာ အိပ်ရာပေါ် သက်တောင့်သက်သာ လှဲနေခွင့်ရဖို့ကသာ အရေးအကြီးဆုံး ဖြစ်လို့နေလေသည်။သူ့ဆိုင်ကလည်း သူမရှိလည်းမမွန်ဖာသာဖွင့်တာမို့ စိတ်ပူစရာတော့မလိုပေ။စာရင်းဇယားသာတိုက်စစ်ကြည့်ရုံဖြင့် အဆင်ပြေလေသည်။

"ကိုယ် ခဏထပ်အိပ်လိုက်အုံးမယ်...."

ပြောရင်းဖြင့် ခါးဆီသို့လျှောကျနေသောစောင်အား ရင်ဘတ်နားအထိ ဆွဲတင်ကာဖြင့် မျက်ဝန်းတို့အား မှေးမှိတ်၏။စောင်လွတ်နေသော ဖြူဥနေသည့် အရေပြားပေါ်မှ အနီအရောင်အမှတ်အသားတို့ဆီ အကြည့်ရောက်မိတော့ ညတုန်းကရူးသွပ်လောက်သည့် အထိအတွေ့တို့အား ပြန်လည်အမှတ်ရလာပြန်သည်။ဇနီးသည်ဖြစ်သူဆုံးပါးသွားတာ သမီးတသက်ရှိပြီမို့ လိင်ကိစ္စဟာသူနှင့် ကင်းကွာနေခဲ့တာကြာပြီဖြစ်သည်။ပုထုဇဥ်လူသားပဲမို့ သွေးသားဆန္ဒကတောင့်တတဲ့အခါမျိုးတွေ ရှိပေမဲ့လည်း တစ်စုံတစ်ယောက်ဆီမှာ စိတ်ဆန္ဒတွေ ဖြစ်တည်ခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။ဒီလူနှင့် မှားယွင်းပတ်မိပြီးသည့် အချိန်မှာတော့ သူ့၏စိတ်ဆန္ဒတွေဟာ ဒီယောက်ျားတစ်ယောက်ဆီမှာပဲ တဝဲလည်လည်ဖြစ်နေခဲ့သည်။ထိုသို့ဖြစ်နေမိတဲ့ သူ့ကိုယ်သူလည်း စက်ဆုပ်ခြင်းတစ်ဝက်ဖြင့် စိတ်ပျက်မိသည်။တက်နိုင်သမျှ ရှောင်ဖယ်ထွက်ပြေးပေမဲ့လည်း သူမလွတ်မြောက်နိုင်။ဒီလူ့၏ အထိအတွေ့ ဆွဲဆောင်ညှို့ငင်မှုတို့ဆီမှ သူရုန်းမထွက်နိုင်။သူဟာမျိုးတူလိင်တူ ယောက်ျားတစ်ယောက်အပေါ်မှာ လိင်စိတ်ဆန္ဒအရ သာယာနေမိပြီဆိုတာ ညကအဖြစ်ကြောင့် သူလက်မခံချင်လည်း လက်ခံရတော့ပေမည်။

                  ~~~~~

"ဆိုင်းလော့ဒ်...."

နောက်ကျောဆီမှ ထွက်ပေါ်လာသောအသံကြောင့် လှည့်ကြည့်မိတော့ အတွင်းပိုင်း အခန်းဝ၌ မတ်တပ်ရပ်လျှက်ရှိနေသော ရှင်းခန့်အားတွေ့လိုက်ရ၏။ကြည့်စမ်းပါအုံး ပိုင်စိုးပိုင်နင်းဖြင့် သူ့ညအိပ်အင်္ကျီကြီး ဝတ်ချပြီးထွက်လာတာဖြစ်၏။ရှင်းခန့်က ပိန်သွယ်သည့်သူမို့ သူ့အင်္ကျီဆိုဒ်ကြီးကြီးထဲမှာ တစ်ကိုယ်လုံးမြှုပ်နေ၏။သူနှင့်ဆိုလျှင် ပေါင်လယ်သာသာရှိသည့် ဘောင်းဘီတိုက ရှင်းခန့်နှင့်ကျတော့ ဒူးတိုက်ရုံရှိ၏။ခါးကြိုးကိုမစည်းပဲ ဒီအတိုင်းလှပ်ထားတာမို့ အနီရောင်အမှတ်အသားများဖြင့် ရင်ဘတ်ဖွေးဖွေးလေးမှစ ဗိုက်သားရှပ်ရှပ်လေးအထိ အတိုင်းသားမြင်နေရလေသည်။သူ့အင်္ကျီကို ယူဝတ်လို့ မကြိုက်ဘူးလားဆိုတော့လည်း မဟုတ်ပါပဲ စိတ်ထဲမှာ တစ်မျိုးလေးဖြစ်နေရတာတော့အမှန်။ကိုယ်နဲ့မရိုးမသားဆက်ဆံရေး ရှိနေတဲ့လူတစ်ယောက်က ကိုယ့်အင်္ကျီကိုဝတ်ထားတယ်ဆိုတဲ့ ဖီလင်က တစ်မျိုးပါပဲ။သေချာတော့ မပြောပြတက်ပေမဲ့ ရင်ထဲမှာ အနွေးစီးကြောင်းလေးတစ်ခု ဖြတ်သန်းသွားတာတော့ အမှန်ပဲဖြစ်၏။

ဆိုင်းလော့ဒ် ကြည့်နေတာကိုသိတော့ သူ အနည်းငယ်ရှိုးတို့ရှန်းတန်း ဖြစ်သွားရသည်။သူများအင်္ကျီကို မမေးမစမ်းပဲ ယူဝတ်ခဲ့မိတာ မဟုတ်လား။

"ဟို...ကိုယ် တအားညစ်ပတ်နေလို့ ရေချိုးလိုက်တာ အဲ့ဒါ..."

"အင်း...."

ရှင်းခန့်က အားတုံ့အားနာဟန်ဖြင့် ပြောလာတော့ ဆိုင်းလော့ဒ် အင်းဟုသာပြန်ပြောကာ အကြည့်ကိုလွှဲလိုက်သည်။ပုံမှန်ဆို သူ့ကိုမျိုးစုံ စိတ်ရောကိုယ်ပါအနိုင်ကျင့် စိုးမိုးခြယ်လှယ်နေတာပဲ။အင်္ကျီယူဝတ်တာလောက်ကတော့ သူစိတ်ထဲထားမနေတော့ပါ။

"ကိုယ်ဗိုက်ဆာလို့ စားစရာတစ်ခုခုရမလား...."

မနက်ထဲက ခဏပဲပြန်အိပ်မည်ဆိုတာကြောင့် စေတနာတွေရေစီးကမ်းပြိုလိုက်ပြီး မနက်စာပြင်ထားပေးတဲ့ အကြောင်းကိုတော့ မပြောဖြစ်တော့ပါ။အခုပဲ နေ့လည်နှစ်နာရီတောင်ထိုးတော့မှာမို့ ဗိုက်ဆာလောက်ပြီပေါ့။ဆိုင်းလော့ဒ်တွေးရင်းဖြင့် ထိုင်ရာမှထရပ်၍....

"ခဏလေးစောင့်..."

ပြောရင်းဖြင့် အနောက်ခန်းထဲသို့ လျှောက်ဝင်လာတာမို့ သူလည်း အသာလေးနောက်မှ လိုက်ဝင်ခဲ့လိုက်သည်။ဆိုင်းလော့ဒ်၏ ထမင်းစားခန်းလေးက သိပ်ပြီးတောက်ပြောင်ခမ်းနားနေတာမျိုး မဟုတ်ပဲ သာမန်ထမင်းစားခန်းလေးသာ။အနေတော် လေးထောင့်စားပွဲလေးတစ်လုံးရယ်နှင့် ပလက်စတစ်ထိုင်ခုံလေးနှစ်ခုကိုသာ စီချထားသည်။ဆိုင်းလော့ဒ်က အုပ်ဆောင်းအောက်မှ ပေါင်မုန့်ပန်းကန်တွေ ယူသိမ်းနေတာတွေ့လိုက်ရတော့ သူအံ့သြသွားရသည်။သူ့အတွက် မနက်စာစီစဥ်ထားပေးတာလား။ထိုသို့တွေးမိလိုက်တော့ ရင်ဘတ်ထဲနွေးထွေးရှိန်းမြသွားရ၏။

အမှန်ပြောရလျှင် ဒီသားအဖအနားမှာ ရှိနေရတဲ့အချိန်တွေတိုင်း သူ့စိတ်တွေဟာ တစ်နည်းတစ်ဖုံ ငြိမ်းအေးလို့နေရလေသည်။နိုရာနှင့်အတူရှိချိန်တိုင်းဟာလည်း သူ့စိတ်တွေကို ပျိုမြစ်နုနယ်လန်းဆန်းစေသည်။ထို့အတူ ဆိုင်းလော့ဒ်ဆိုတဲ့ လူတစ်ယောက်ရဲ့အနားမှာ ရှိနေချိန်တိုင်းဟာလည်း နွေးထွေးလုံခြုံတယ်ဟု ခံစားရသည်။တစ်နည်းပြောရလျှင် အိမ်လိုမျိုး စိတ်သက်သာရတယ်ဆိုတဲ့ ခံစားချက်မျိုး။ဘယ်လိုပဲပင်ပန်းခဲ့ရပါစေ နွမ်းနယ်ခဲ့ရပါစေ ဒီရပ်ဝန်းမှာခိုဝင်လိုက်ရုံဖြင့် ဒဏ်ရာအနာတရတွေဟာ ပပျောက်ကင်းစင်လေသည်။သူက ကိုယ်ပိုင်အိမ်မရှိတဲ့ ဝင်ကစွပ်လိုလူမျိုးမဟုတ်လား။ဒီအခွံမာဟာ သူ့အပိုင်မဟုတ်ဘူးဆိုရင်တောင်မှ ဝင်ကစွပ်လေးလိုမျိုး အချိန်ကာလတစ်ခုအထိ အငှားခန္ဓာအဖြစ်နဲ့ ခတ္တခဏတော့ ဝင်ပုန်းလို့ရနိုင်ကောင်းပါရဲ့။

ရှင်းခန့် အတွေးတို့ထဲ နစ်မြောနေတုန်း ဆိုင်းလော့ဒ်ကတော့ အေဗရွန်ကို ဆွဲဝတ်ကာဖြင့် ခပ်သွက်သွက်ပဲ ကြော်လှော်ချက်ပြုတ်လို့နေလေပြီ။မီးဖိုချောင်ထဲမှာ အေဗရွန်ဝတ်ရင်း ချက်ပြုတ်နေတဲ့အချိန်ဟာ ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အချိန်ပဲတဲ့။အခုမျက်နှာချင်းဆိုင်မှာ ချက်ပြုတ်နေတဲ့ ယောက်ျားကို ကြည့်ရင်းဖြင့် ထိုအဆိုကို သူသံသယမရှိလက်ခံလိုက်ရပြီဖြစ်သည်။အပါးသားဆွယ်တာလက်ရှည်ကို တံတောင်ဆစ်အထိခေါက်တင်ထားတော့ လှုပ်ရှားနေတဲ့လက်ဖျံပေါ်မှာ အကြောစိမ်းတွေထောင်ထနေပုံက ဆွဲဆောင်မှုကိုလုပ်ယူနေစရာတောင်မလို့။နီညိုရောင်နှုတ်ခမ်းမှာ ဆေးလိပ်ကိုဟန်ပါပါခဲထားရင်း ဟင်းပွဲတွေကို စိတ်ဝင်တစားပြင်ဆင်နေပုံကိုက sexyကျလွန်းနေတာ။တကယ် ဒီအမျိုးသားဟာ သူတွေ့ဖူးသမျှ ယောက်ျားတွေအထဲတော့ ညှို့ဓာတ်အပြင်းဆုံး ယစ်မူးချင်စရာအကောင်းဆုံးဖြစ်သည်။နဂိုဟန်ပန်မှာကိုက ဆွဲဆောင်ညှို့ငင်အားအရှိန်အဝါတစ်ခုကို ရှိနေတာမျိုး။

သူ စားပွဲပေါ်မေးထောက်၍ ငေးကောင်းကောင်းဖြင့် ငေးနေဆဲ ဆိုင်းလော့ဒ် ချက်ပြုတ်ပြီးစီးသွားပြီဖြစ်သည်။သူ့ထုံးစံအတိုင်း ခပ်တည်တည်မျက်နှာထားဖြင့် ပန်းကန်တစ်ချပ်အား ရှင်းခန့်ရှေ့မှောက်သို့ အရောက်လာချပေးလေသည်။ထမင်းနှင့်အသီးအရွက်တွေကို ပူပူနွေးနွေးရောကြော်ထားပြီး ကြက်ဥနှင့်ခရမ်းချဥ်သီးကို မွှေကြော်ပေးထားတာက တစ်ပန်းကန်သပ်သပ်။ဘာဟင်းရယ်လို့ အမည်တပ်ဖို့ ခက်ပေမဲ့လို့ တစ်ဇွန်းခပ်ပြီးမြည်းကြည့်လိုက်တော့ ကောင်းမွန်သောအရသာက လျှာပေါ်မှာစိမ့်ဝင်သွားလေသည်။ဆိုင်းလော့ဒ်က ရေနွေးတစ်ခွက်ကိုပါ အဆင်သင့်ထည့်ပေးပြီးမှ....

"ပြီးရင် အကိုက်အခဲပျောက်ဆေးပါ တစ်ခါတည်းသောက်လိုက် ကြပ်ထုပ်လည်းလုပ်ထားပေးတယ် ခင်ဗျားမျက်နှာ ကြပ်ထုပ်ထိုးမှရမယ်..."

စေ့စေ့စပ်စပ်ပြောလာပါသော ဆိုင်းလော့ဒ်၏စကားကြောင့် ရှင်းခန့် ဘာပြန်ပြောရမှန်းမသိပဲ ဒီအတိုင်းသာကြောင်ကြည့်နေမိသည်။ဒီကောင်လေးက သူ့အတွက် ဒီလောက်အထိစေ့စေ့စပ်စပ် စဥ်းစားပေးထားတယ်တဲ့လား။

"ဘာကြည့်နေတာလဲ ပြောနေတာကြားလား..."

"ဟင် အင်း...."

ဆိုင်းလော့ဒ်ထပ်ပြောမှ ကြောင်ငေးနေမိတဲ့အဖြစ်ကနေ သတိဝင်လို့လာသည်။ထိုအချိန်မှာပဲ အိမ်ရှေ့မှ ခေါ်သံတစ်ခုကြားလိုက်ရတာမို့....

"ဧည့်သည်ထင်တယ်...."

ဆိုင်းလော့ဒ်က ပြောပြောဆိုဆိုဖြင့် အိမ်ရှေ့သို့ပြန်ထွက်သွားလေသည်။သူတစ်ယောက်သာ ထမင်းစားခန်းထဲကျန်ရစ်ခဲ့ရတော့သည်။ဘာမှလည်း ဖွယ်ဖွယ်ရာရာမရှိလှတဲ့ တစ်နပ်စာထမင်းဝိုင်းလေးဟာ နွေးထွေးချိုမြိန်နေတာ ဘာကြောင့်မှန်းလည်း မသိတော့ချေ။သောက်လေ့သောက်ထမရှိတဲ့ ရေနွေးကြမ်းပူပူကိုလည်း မော့သောက်ဖြစ်သသည်။ထမင်းကြော်ပေါ်မှာ အုပ်ထားတဲ့ သူသိပ်မုန်းတဲ့နံနံပင်သည်လည်း စိတ်အနှောင့်အယှက်မဖြစ်စေနိုင်တော့တာဟာလည်း ထူးဆန်းလှလေသည်။

                  ~~~~~

ထမင်းစားသောက် ဆေးသောက်ပြီးတော့ ဆိုင်းလော့ဒ်ထားပေးခဲ့သော ကြပ်ထုပ်ခပ်နွေးနွေးအား ပါးပေါ်သို့ အသာအယာဖိကပ်ရင်းဖြင့် အိပ်ရှေ့သို့ လိုက်ထွက်ခဲ့လိုက်၏။ဆိုင်ခန်းထဲမှာတော့ ဧည့်သည်ရှိမနေပဲ ဆိုင်းလော့ဒ်တစ်ယောက်သာ ကွန်ပျူတာရှေ့ အလုပ်များနေလေ၏။စားပွဲပေါ်မှာလည်း မွေးနေ့ကိတ်တစ်လုံးနှင့်အတူ တန်ဖိုးကြီးတံဆိပ်ဖြင့် နာရီဘူးတစ်ခုအား တွေ့လိုက်ရလေသည်။

"Happy sweet 25th day Seng Lawt"

ကိတ်မုန့်ပေါ်မှ စာတန်းကို လည်ပင်းရှည်ကြည့်၍ သူ့မျက်ခုံးတို့ မြင့်တက်သွားရသည်။စာတန်းဘေးမှာ တမင်တကာ အသဲပုံပုံစံလေးကိုတောင် ပုံဖော်ထားသေးတာမို့ ဘယ်သူပို့လိုက်တာလဲလို့ မေးကြည့်နေစရာတောင်မလိုချေ။ဟိုမိန်းကလေးမှလွဲ၍ တခြားဘယ်သူရှိရအုံးမှာတဲ့လဲ။မိန်းမတွေသာ ဒီလိုမျိုးအီစီကလီ ကိစ္စတွေကို မမောနိုင်မပမ်းနိုင်လုပ်နိုင်ကြတာ မဟုတ်လား။သူ့တစ်ကိုယ်ရည်အမြင်အရတော့ ယောက်ျားတစ်ယောက်၏ မွေးနေ့မှာ ကိတ်မုန့်ကြီးပိုလာခြင်းဟာ ဘယ်လိုမှ ရင်ခုန်ချင်စရာကောင်းမနေပါ။

"မင်းမွေးနေ့လား..."

"အင်း..."

"သြော် အဲ့ဒါကြောင့် မနက်က မင်းအမေဖုန်းဆက်တာလား..."

"ဟုတ်တယ် ညနေကျ အိမ်မှာဆုတောင်းပွဲလုပ်မလို့တဲ့..."

"သြော်...."

ရှင်းခန့်က အသံထွက်ရေရွတ်လိုက်ပြီးမှ....

"မင်းကောင်မလေး ကိတ်ပို့လိုက်တာလား သူလာမှာလား..."

"လာပြန်ပြီ မဟုတ်တာတွေ ဘာကိုကောင်မလေးလဲ..."

ဆိုင်းလော့ဒ် မျက်မှောင်ကြုတ်ဖြင့် ​ခပ်ဆတ်ဆတ်ပြောတော့ ရှင်းခန့်က မသိနိုင်ဘူးလေဆိုသော သဘောဖြင့် ပခုံးအား ဟန်ပါပါတွန့်ပြသည်။ဆိုင်းလော့ဒ်က ဘာမှမပြောချင်ဘူးဆိုသော သဘောဖြင့် မျက်မှောင်ကြုတ်ကြည့်ပြီးမှ တဖက်သို့လှည့်သွားလေသည်။တိုင်းရင်းသားမို့ပဲလားတော့ မသိပေ ဆိုင်းလော့ဒ်က စကားအငြင်းအခုန်ပြုရာ၌ အလွန်တရာညံ့ဖျင်းလေသည်။မဟုတ်ဘူးဆိုတဲ့ ကိစ္စတစ်ခုကို မဟုတ်ဘူးဆိုတဲ့စကားမှလွဲ၍ ခိုင်လုံသောသက်သေသက္ကာယတို့ဖြင့် ခိုင်မာအောင်ဖွဲ့နွဲ့မပြတက်သလို ဟုတ်တယ်ဆိုတဲ့ကိစ္စကိုလည်း ဟုတ်တယ်ဆိုတာကလွဲပြီး ယုံကြည်အောင်​ထွေလီကာလီ ပြောပြမတက်ပေ။ဘာဖြစ်ဖြစ် ဒီကောင်လေးဟာ ရိုးသားပြီး စိတ်ထဲကရှိတဲ့အတိုင်း ပြူမူနေထိုင်တက်သည်ဆိုတာ ထင်ရှားပါသည်။
ရှင်းခန့် ခုံ၌ဝင်ထိုင်လိုက်ပြီးမှ...

"ကောင်မလေးမဟုတ်ဘူးဆိုတော့ သိပ်အရေးမကြီးဘူးပေါ့ ဒါဆို ကိုယ်နည်းနည်းစားမယ်နော်...."

ပြောပြောဆိုဆိုဖြင့် ဆိုင်းလော့ဒ်ဆီမှ စကားပြန်လာတာကိုမစောင့်တော့ပဲ ကိတ်ဘူးအားဖွင့်ထုတ်လိုက်ပြီဖြစ်သည်။ဆိုင်းလော့ဒ် လှည့်ကြည့်လာတော့ ကိတ်တုံးကြီးကြီးကို ပုံပျက်အောင်လှီးချ၍ ပါးစပ်အားအတင်းဟကာ ထိုးထည့်ဖို့ကြိုးစားနေပါသော ရှင်းခန့်အား မြင်လိုက်ရတော့သည်။ရှင်းခန့်ကလည်း ဆိုင်းလော့ဒ်လှည့်ကြည့်လာတာကို မျက်လုံးထောင့်မှ မြင်သွားရပြီး ကိတ်အားတစ်ဖဲ့ကိုက်ချပြီးမှ....

"ကိုယ် အချိုဓာတ်လိုနေလို့...."

"....."

ရှင်းခန့်၏ စကားကြောင့် ဆိုင်းလော့ဒ်က စိတ်ပျက်လက်ပျက် အကြည့်တချက်ပေးပြီးမှ တဖက်သို့ပြန်လှည့်သွားလေသည်။ဆိုင်းလော့ဒ်ဆီမှ ဘာမှမပြောလာတာကြောင့် သူလည်း ကိတ်မုန့်ကို စိမ်ပြေနပြေပဲ ထိုင်စားနေလိုက်သည်။တကယ်တော့ ဒီကိတ်မုန့်ကို သိပ်စားချင်လှတယ်တော့ မဟုတ်ပေ။ဘာမှတော့မဆိုင်ပေမဲ့ ဒီကိတ်မုန့်ကို ဆိုင်းလော့ဒ်ခွဲလိုက်မှာကို မလိုလားသောစိတ်တို့သာ ဖြစ်ပေါ်နေတာဖြစ်လေသည်။အထွေအထူး အလေးအနက်ကြီးစဥ်းစားနေတာမဟုတ်ပဲ အခုအချိန်မှာ ဒီကိတ်ကို ဆိုင်းလော့ဒ်မခွဲဖြစ်အရေးသာ ခေါင်းထဲရှိပြီး ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကတော့ သူ့အတွက်မလိုအပ်ချေ။

                  ~~~~~

"ခင်ဗျား ဘာထိုင်လုပ်နေတာလဲ..."

အနူးတို့အိမ်မှ ပြန်လာခဲ့ရင်း ဆိုင်ရှေ့ကခုံတန်းမှာ ဆေးလိပ်ခဲရင်းထိုင်နေပါသော ရှင်းခန့်အားတွေ့လိုက်ရ၍ ဆိုင်းလော့ဒ် အံ့သြစွာမေးမိသည်။အိမ်မီးရောဆိုင်မီးရော သူအကုန်ပိတ်ခဲ့တာမို့ လမ်းမီးရောင်ပြပြသာ သူ့အိမ်ရှေ့၌ ရှိနေလေသည်။သူ့ကိုမြင်တော့ ရှင်းခန်းက ထိုင်ရာမှထရပ်ပြီး....

"မင်း ပြန်လာပြီလား စောသားပဲ..."

"အင်း ဒီည အလုပ်နားလိုက်တယ်လေ...."

ဆိုင်းလော့ဒ်ဆိုင်တံခါးအား ဖွင့်နေရင်းဖြင့် ပြောသည်။

"မျက်နှာသက်သာရဲ့လား...."

"အင်း သက်သာပါတယ်...."

"ကျွန်တော့်ကို စောင့်နေတာလား ဘာကိစ္စရှိလို့လဲ..."

မေးရင်းဖြင့် အရှေ့မှ အိမ်ထဲဝင်သွားသော ဆိုင်းလော့ဒ်၏နောက်သို့ အသာအယာလိုက်ဝင်ခဲ့တော့ ဆိုင်းလော့ဒ်က တချက်သာငဲ့ကြည့်ပြီး သူလုပ်စရာရှိတာကို ဆက်လုပ်နေလေသည်။ထုံးစံအတိုင်းပင် အိပ်ခန်းထဲသို့ရောက်တော့ အိတ်ကိုတိုင်မှာချိတ်၍ အင်္ကျီချွတ်သည်။အနောက်မှနေ၍ အသာအယာလိုက်ခဲ့ရင်း ရှင်းခန့်ဆီမှ ဘာအသံမှထွက်မလာတာကြောင့် ထူးဆန်းသလိုဖြစ်လာကာ သူပြန်လှည့်ကြည့်လိုက်ပြီး.....

"ခင်ဗျား ဘာပြောမလို့လဲ...."

"Happy Birthday...."

သူမေးလိုက်သောစကားနှင့် တစ်ပြိုင်နက်တည်းပြန်ပြောလာသော ရှင်းခန့်ကြောင့် ဆိုင်းလော့ဒ်ကြောင်သွားရသည်။ဒီစကားပြောဖို့အတွက်နဲ့များ သူ့အိမ်ရှေ့မှာလာထိုင်စောင့်နေတာတဲ့လား။သူကြောင်ကြည့်နေဆဲ ရှင်းခန့်က လက်ဆောင်ဗူးလိုမျိုး ဖဲကြိုလေးဖြင့်လှပစွာစည်းနှောင်ထားသော အနက်ရောင်ဗူးတစ်ခုအား လှမ်းပေးလို့လာလေသည်။

"မင်းအတွက် လက်ဆောင်...."

သူတို့ကြားက ဆက်ဆံရေးက မွေးနေ့လက်ဆောင်ပေးရတဲ့အထိ မွေးနေ့ဆုတောင်းပေးရတဲ့အထိ နီးကပ်သွားကြပြီလား။

"ဘာကြည့်နေတာလဲ ယူလေ..."

ရှင်းခန့်ဆီမှ အသံထပ်ထွက်လာတော့မှ သူ ယောင်နနဖြင့် ဗူးအားလှမ်းယူဖြစ်သည်။အလေးချိန်အနည်းငယ်ရှိနေတာကြောင့် ဘာပစ္စည်းလဲတော့ သူမခန့်မှန်းတက်ချေ။ဗူးက suprise boxလိုမျိုး အရွယ်အစားကအတန်ငယ်ကြီး၏။လက်ဆောင်ဗူးကို သူယူလိုက်တော့မှ ရှင်းခန့်က ဘဝင်ကျသွားသလိုဖြင့် သူ့အိပ်ရာဆီသို့ လျှောက်သွားပြီး
နံရံကိုကျောမှီ၍ ခြေဆင်းထိုင်ပြီးတော့မှ....

"ဖွင့်ကြည့်လေ...."

"နောက်မှကြည့်တော့မယ်...."

"ဖွင့်ကြည့်စမ်းပါ မင်းသဘောကျမဲ့လက်ဆောင်မျိုးမို့ လာ ဒီမှာ လာထိုင်ဖွင့်..."

ရှင်းခန့်က သူ့ဘေးနေရာလွတ်ကို လက်ပုတ်ပြ၍ တိုက်တိုက်တွန်းတွန်း ပြောလာတာမို့ သူထပ်မငြင်းနေတော့ပဲ အသာအယာပင်ထိုလူ့၏ ဘေးနေရာ၌ ဝင်ထိုင်လိုက်သည်။အမှန်တကယ်တော့ ဒီအနက်ရောင်ဗူးထဲမှာ ဘာများရှိနေမလဲ သူလည်းစိတ်ဝင်တစားဖြစ်နေတာပဲဖြစ်သည်။

အနက်ရောင်ဗူးပေါ် လှပစွာစည်းနှောင်ထားသော ဖဲကြိုးကိုဆွဲဖြည်လိုက်တော့ ရှင်းခန့်က အပြုံးပါးပါးဖြင့် နံရံအားခပ်လျော့လျော့မှီကာ ကြည့်လို့နေ၏။စက္ကူဗူးအဖုံးအား အသာအယာမတင်လိုက်တော့ အထဲမှာ သူလုံးဝမမျှော်လင့်ထားသော လက်ဆောင်ကို တွေ့လိုက်ရလေသည်။Absolute Vodkaပုလင်းကို ဖဲကြိုးဖြင့်အလှဆင်ထားသည်။ပြီးတော့ boxထဲမှာ အမြည်းအတွက်ချောကလက်၊သီဟိုဠ်စေ့၊ဗာဒံစေ့တို့အပြင် တခြားသူမသိသော အစေ့အဆံများရယ် အာလူးကြော်တစ်ဗူးရယ်ကို တွေ့လိုက်ရလေသည်။

"ဘယ်လိုလဲ ကြိုက်တယ်မှတ်လား..."

ရှင်းခန့်က မေးလာတော့မှ သူမော့ကြည့်ကာ ရယ်မိတော့သည်။တကယ့်ကို ပေါက်ပေါက်ရှာရှာ တွေးတက်တဲ့လူ။Alcohol boxကို မွေးနေ့လက်ဆောင်ပေးဖို့ ဘယ်သူကများ တကူးတကကြံစည်စိတ်ကူးမှာတဲ့လဲ။စိတ်ကူးတဲ့သူတွေ ရှိရင်တော့လည်းရှိမှာပေါ့လေ။ဒါပေမဲ့ သူ့ဘဝမှာတော့ ဒီလိုလက်ဆောင်မျိုးရဖူးတာ ဒါပထမဦးဆုံးပါပဲ။
ပြောမဲ့သာပြောတာ သူ့ဘဝရဲ့ထူးထူးဆန်းဆန်း ပထမဦးဆုံးတွေဟာ ဒီလူ့နဲ့သာဖြစ်တည်ခဲ့ရတာမျိုး။ဒီလူနဲ့ဆုံးပြီးချိန်ထဲက ဘဝမှာမလုပ်ဖူးတာတွေလုပ်ပြီး မဖြစ်ဖူးတာတွေ ဖြစ်နေရတာအမှန်ပဲဖြစ်သည်။

"ထုတ်ကြည့်လေ..."

ရှင်းခန့်က လက်ဆောင်ဗူးကို မေးငေါ့ရင်းပြောတော့....

"ဘာရှိသေးလို့လဲ..."

"ကြည့်ကြည့်ပေါ့...."

ရှင်းခန့်ပြောလာတာကြောင့် သူ လက်ဆောင်ဗူးထဲမှ ပစ္စည်းများအား တစ်ခုချင်းဆွဲထုတ်လိုက်သည်။vodkaပုလင်း၊အာလူးကြော်ဗူး၊ချောကလက်ဗူး၊ပြီးတော့ အစေ့အဆံထုပ်များရယ်ဖြင့် အားလုံးပြီးသွားတော့ အောက်ဆုံး၌ ဖဲကြိုးဖြင့်သေချာ အလှဆင်ထားသော အထုပ်လေးတစ်ထုပ် ထွက်လာလေသည်။အထုပ်အားကြိုးဖြည်ချလိုက်တော့ ထွက်ပေါ်လာသော ပစ္စည်းတို့ကြောင့် ဆိုင်းလော့ဒ်မျက်နှာကြီး ဖြန်းကနဲဖြစ်သွားရတော့သည်။
love sex durex playဆိုတဲ့ ရှည်မျောမျောဗူးရယ် ပြီးတော့ durex tingleဆိုတဲ့ condomဘူးရယ်...။

!ဒီလူကတော့...!

"အဟမ်း မင်းအတွက် အသုံးလိုလောက်မှာမို့...."

!Wtf ဒီဘူးနဲ့ဒီအထုပ်က ဘာကိစ္စနဲ့များ သူ့အတွက်လိုရမှာလဲ။မသိလျှင် သူ့ရုပ်က လိုက်စားနေတဲ့ရုပ်ကျလို့..ဒီလူနဲ့တော့...!

ဆိုင်းလော့ဒ် စိတ်အတွင်းထဲမှာသာ စကားတွေပြန်လှန်ထိုးနေပေမဲ့ အပြင်မှာတော့ ဘာမှလည်းပြန်မပြောနိုင်ပေ။

"မင်း ကိုယ်နဲ့တုန်းက ဘာအကူအညီအကာအကွယ်မှ မသုံးဘူးလေ အဲ့ဒါမကောင်းဘူးနော် နောက်ဆိုသုံးသင့်တယ် မဟုတ်ရင် ရောဂါရနိုင်တယ်နော်.."

"ဘာတွေလာပြောနေတာလဲ..."

ရှင်းခန့်၏ စကားမဆုံးသေးပဲ ဆိုင်းလော့ဒ်က မျက်နှာနီနီဖြင့် ဖြတ်အော်ပစ်သည်။ပြီးမှ...

"ကျုပ် ဘယ်သူနဲ့မှ အဲ့လိုနေတာမဟုတ်ဘူး နေမဲ့သူလည်းမရှိဘူး ခင်ဗျားတစ်ယောက်ထဲ ခင်ဗျားနဲ့ပဲ...."

မျက်နှာနီနီဖြင့် ပြောပြီးတော့မှ အသံတို့တိမ်ဝင်သွားတာကြောင့် ရှင်းခန့် ပြုံးစိစိဖြစ်သွားရသည်။အိမ်ထောင်သည်ဆိုပေမဲ့ ဒီကောင်လေးရဲ့အတွေ့အကြုံက နုနယ်တယ်ဆိုတာ သူအသိပင်။သူလည်း ဒီကောင်လေးနဲ့မှ ပထမဦးဆုံးဆိုပေမဲ့ လက်တွေ့မဟုတ်တဲ့ စာတွေ့လောက်ကတော့ ရှိပါသည်။ဒီစောက်ကလေးကတော့ အိမ်ထောင်ကျဖူးလို့သာ စီနီယာခေါ်ထိုက်တာ ဘာပညာမှပြည့်ဝနေတာမဟုတ်ပေ။

"အင်း...ကိုယ်လည်း မင်းနဲ့ပဲ မင်းတစ်ယောက်ထဲ မင်းကပထမဦးဆုံးပဲ..."

ရှင်းခန့်ဆီမှ ကြားလိုက်ရသော မထင်မှတ်သောစကားကြောင့် ဆိုင်းလော့ဒ် အံ့သြတကြီးငဲ့ကြည့်လို့လာလေသည်။

"ခင်ဗျား ခင်ဗျားကပြောတော့ Gayဆို..."

"အင်းလေ..."

"အဲ့ဒါဆို..."

"အဟက်..."

ဆိုင်းလော့ဒ်၏ ဆိုလိုရင်းအား သဘောပေါက်စွာဖြင့် သူဟက်ကနဲရယ်မိသည်။လူတွေကဒီလိုပဲဖြစ်သည်။LGBTဆိုတာနဲ့ပဲ ကုတင်ပေါ်ကကိစ္စနှင့် လုံးထွေးပစ်တက်ကြသည်။လိင်တူချစ်ကြိုက်သူဆိုလျှင်ကို အော်တို တဏှာရာဂကြီးသူအဖြစ်မြင်ကြသည်။မသိလျှင် သူတို့သာမန်လူတွေကပဲ ကာမဂုဏ်အာရုံကို မခံစားတက်ကြသလိုပင်။တကယ့်လူတွေ။

"ဟ gayတော့gayပဲလေ မင်းကလည်း ယောက်ျားတွေကိုကြိုက်တယ်ဆိုတိုင်း ယောက်ျားတိုင်းနဲ့အိပ်ချင်တယ်လို့ ပြောတာမှမဟုတ်ပဲ ကိုယ်တို့မှာလည်း ကိုယ်တို့အကြိုက်နဲ့ကိုယ် ရှိတာပဲလေ။တချို့ကျတော့လည်း သွေးသားဆန္ဒကို ပဲရှေ့တန်းတင်သလို တချို့ကျတော့လည်း နှလုံးသားဆန္ဒနဲ့သွေးသားဆန္ဒထပ်တူကျချင်ကြတာ။ငါတို့က လိင်တူချစ်ကြိုက်တက်ရုံ တစ်ခုပါပဲ။ကျန်တာ မင်းတို့normalတွေလိုပါပဲ။ဘာမှထူးခြားနေတာမဟုတ်ပါဘူး"

ရှင်းခန့်က တရှည်းတလျားရှင်းပြနေတော့ ဆိုင်းလော့ဒ် ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး နားထောင်နေလိုက်၏။

"သိမ်းထားလိုက်ပါ နောက်မင်း အသုံးလိုလာမှာ..."

"သုံးမဲ့သူ မရှိဘူး...."

ဆိုင်းလော့ဒ် အသံပြတ်ဖြင့်ပြောတော့ သူပြုံးချင်ချင် ဖြစ်သွားရပြီး....

"အင်း...ကိုယ်နဲ့သုံးချင်တယ်ဆိုလည်း ရပါတယ်...."

"....."

ရှင်းခန့်ဆီမှ ခပ်တိုးတိုးထွက်ပေါ်လာသော စကားသံက သူ့နားထဲသို့ ယားကျိကျိဖြင့် ဝင်ရောက်လာလေသည်။ဒီလူဘာဖြစ်ချင်နေတာလဲ။​ဆတ်ကနဲ လှည့်ကြည့်လိုက်မိတာက ပြောဆိုပစ်ဖို့ စိတ်ကူးတွေနဲ့ ဖြစ်သည်။သို့ပေမဲ့ ရီဝေဝေမျက်ဝန်းတို့နှင့် ဆုံစည်းမိလိုက်ချိန်မှာတော့ အာစေးမိသွားသလိုမျိုး ကြောင်အသွားရတော့သည်။ထိုမျက်ဝန်းနက်တွေထဲ သူ့တစ်ကိုယ်လုံးဟာ စုန်းစုန်းမြှုပ်သွားသလို ခံစားလိုက်ရ၏။ထိုမျက်ဝန်းနက်တွေဟာ တစ်စုံတစ်ခုကို ဆာလောင်နေသလို တစ်စုံတစ်ရာဆီသို့ မြှုဆွယ်ဖျားယောင်းကာ သွေးဆောင်နေသလိုမျိုး။

တဖြည်းဖြည်းတိုးကပ်လာတာကို ခံစားနေမိပေမဲ့ ထိုမျက်ဝန်းအကြည့်တို့ထဲမှ ရုန်းမထွက်နိုင်။ဝင်သက်ထွက်သက်တို့အား ခံစားသိရှိနိုင်သည့်အထိ မျက်နှာနှစ်ခု နီးကပ်သွားချိန်မှာတော့ သူဟာတစ်စုံတစ်ခုကို ဆာလောင်မွတ်သိပ်လို့လာလေသည်။ရှင်းခန့်က သူ့၏နှုတ်ခမ်းတို့အား ထိကပ်သည်ဆိုရုံ ခပ်ဖွဖွလေးတချက်သာနမ်း၏။ဖွဖွရွရွ ထိုအနမ်းလေးတစ်ခုက သူ့ကိုယ်ထဲရှိ သွေးတို့အားပြောင်းပြန်စီးဆင်းသွားစေလို တစ်ကိုယ်လုံးကျဥ်တက်လာရသည်။မျက်ဝန်းတို့အား ယောင်ယမ်းမှတ်ချမိသည့်အထိ။ဆိုင်းလော့ဒ်၏ ပုံစံကြောင့် ရှင်းခန့် အောင်နိုင်သူလို ပြုံးမိပြီးမှ နှုတ်ခမ်းတို့အား ပြန်ခွာလိုက်ပြီး....

"Good Night ကောင်လေး...."

ရုတ်တရက် ရှင်းခန့်မောင်က သူ့၏ပါးပြင်အား ခပ်ဖွဖွပုတ်၍ လွင့်မျောနေပါသော အခြေအနေဆီမှ ဆွဲထုတ်၏။ပြီးတော့ ခပ်ပါးပါးအပြုံးတို့ဖြင့် သူ့အားမထိတထိ ကျီစယ်ပြီးမှ အိပ်ရာပေါ်မှ ထရပ်ကာ ပြန်ဖို့ဟန်ပြင်လေသည်။

!ဘာလဲ ဒီလူက ​ကြွက်ကိုကြောင်ကစားနေသလိုမျိုး သူ့ကိုလာလုပ်နေတာလား...!

ထိုကဲ့သို့ တွေးမိတော့ ရင်ထဲမှ မခံစိတ်တို့ကရုန်းကြွ၍လာလေသည်။များများစားစား စဥ်းစားဖို့အချိန်မရတော့ပါပဲ ကျောခိုင်းထားပြီးဖြစ်သော ရှင်းခန့်၏ လက်အား အနောက်မှနေ၍ အားသုံးကာ ပြန်ဆွဲချလိုက်တော့ အိပ်ရာပေါ်သို့ နှစ်ယောက်စလုံး လုံးထွေးကျလေတော့သည်။

"ဒီအတိုင်း ပြန်သွားလို့မရဘူး...."

မေးကြောကြီးတွေတင်း၍ ခပ်ကျိတ်ကျိတ်ပြောလာသော ဆိုင်းလော့ဒ်၏ ပုံစံကြောင့် သူ့ရင်ထဲဒိန်းကနဲ ဖြစ်သွားရသည်။အခု ဆိုင်းလော့ဒ်၏ မျက်ဝန်းတို့ထဲ ကမူးရှုးတိုးအရိုင်းဆန်သော သားရဲ၏အရိပ်အငွေ့တွေ ကူးလူးလှုပ်ခတ်နေပြီဖြစ်သည်။

!သူတော့ နဂါးကို ထိပ်ပုတ်မိပြီ ထင်လေသည်..!

                 ~~~~~
ဆိုင်းလော့ဒ်ရဲ့မွေးနေ့က 27.7.1997ပါ။
ရှင်းခန့်ရဲ့ မွေးနေ့က 9.9.1990ပါ။ကိုကြီးရှင်းက လော့လော့ထက်ကို ၇နှစ်ကြီးပါတယ်။

ပုံလေးတွေမျက်စိထဲပိုမြင်အောင်ပါ....

Continue Reading

You'll Also Like

263K 8.2K 69
ကိုယ်​သာ​နေကြာပန်းဆိုရင်​ မင်းက ​နေမင်း ညီ... ​နေကြာပန်းဆိုတာ ​နေမင်းကြီးရှိရာအရပ်​ကိုသာ မျက်နှာမူတယ်​.... ကိုယ်​လည်း.........
234K 18.1K 38
ရည်​မှန်းချက်​တူညီခဲ့တဲ့ သူတို့နှစ်​​ယောက်​။ ဘဝ​လျှောက်​လမ်း မတူညီတဲ့ သူတို့နှစ်​​ယောက်​။ အရမ်းချစ်​ကြတဲ့ သူတို့နှစ်​​ယောက်​။ ဘာဆက်​ဖြစ်​ကြမှာလဲ...
2.1M 142K 79
မမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ
1.5M 85.3K 87
This is a work of fiction. Any names, characters or events are fictional.