"အကြင်နာပိုပါသည် မောင့်ဟန်ချီ...

By hninsatthmone409

72.1K 3.9K 95

"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါ... More

အခန်း(၁)(Uni)
အခန်း(၁)(Zawgyi)
အခန်း(၂)( Uni)
အခန်း(၂)(Zawgyi)
အခန်း(၃) (Uni)
အခန်း(၃)(Zawgyi)
အခန်း(၄)(Uni & Zawgyi)
အခန်း(၅)(Uni & Zawgyi)
အခန်း(၆)(Uni & Zawgyi)
အခန်း(၇)(Uni & Zawgyi)
အခန်း(၈) (Uni & Zawgyi)
အခန်း(၉)(Uni & Zawgyi)
အခန်း(၁၀) (Uni & Zawgyi)
အခန်း(၁၂) (Uni & Zawgyi)
အခန်း(၁၃)(Uni & Zawgyi)
အခန်း(၁၄) (Uni & Zawgyi)
အခန်း(၁၅)(Uni & Zawgyi)
အခန်း(၁၆)(Uni & Zawgyi)
အခန်း(၁၇)(Uni & Zawgyi)
အခန်း(၁၈)(Uni & Zawgyi)
အခန်း(၁၉)(Uni & Zawgyi)
အခန်း(၂၀)(Uni & Zawgyi)
အခန်း(၂၁)(Uni & Zawgyi)
အခန်း(၂၂((Uni & Zawgyi)
ဇာတ်သိမ်းပိုင်း(Final)
Hey!!!!!

အခန်း(၁၁) (Uni & Zawgyi)

2.3K 144 2
By hninsatthmone409

(Uni)

"ဟာ....ငါတယ်ချောသကိုး"

မှန်ကိုကြည့်ရင်း ခေါင်းလိမ်းဆီလိမ်းကျံထားသောဆံပင်အား ဘီးဖြင့်သပ်တင်ကာ ချမ်းမြေ့ရေရွတ်လိုက်သည်။ ပြုံးဖြီးနေသည့်မျက်နှာကြီးမှာလည်းကျေနပ်မှုများအပြည့်ပင်။

စတစ်လက်ရှည် ကြက်သွေးရောင် နှင့် ယောပုဆိုးအနက်ရောင်မှာ မဖြူမညိုအသားရေရှိသော ချမ်းမြေ့ကိုယ်ပေါ်တွင်ပနံသင့်စွာရှိနေသည်။ ရှည်လျားသည့်အရပ်မှာလည်း ပုဆိုး၀တ်လိုက်မှပင် ပိုရှည်လာသယောင်ရှိကာ အချိုးစားကျသည့်ခန္ဓာကိုယ်နှင့်ချမ်းမြေ့မှာ ယောကျာ်းတစ်ယောက်၏ ချောမောခန့်ညားမှုအပေါင်း ခညောင်းလျှက်ရှိနေသည်။

တစ်ကိုယ်လုံးလှည့်၍မှန်ကိုစိတ်ကြိုက် ကြည့်ပြီးမှ အိမ်ပြင်သို့ထွက်လာခဲ့တော့သည်။ အိမ်ရှေ့ကွပ်ပစ်တွင်တော့ ဟန်ငြိမ်းနဲ့ မိရွှန်းမှာ အဆင်သင့်စောင့်လျှက်သား။ ဟန်ငြိမ်းမှာ အသားညိုသည့်အလျောက် ၀တ်ထားသည်က စတစ်အပြာနုနှင့်ပုဆိုးအပြာရင့်ပင်။ ချမ်းမြေ့မှာရယ်ချင်စိတ်ပင်ဖြစ်မိသွားသည်။ ဒီကောင် ကိုယ်နှင့်မလိုက်တာတွေအတော်၀တ်သည်ပင်။

သူငယ်ချင်းမ မိရွှန်းသည်တော့ ဗေဒါရောင် ပိုးပြောင်၀မ်းဆက်ကလေးနဲ့ ဖြစ်သည်။ အသားဖြူသည့် မိရွှန်းနဲ့အမှန်ပင်လိုက်သည်။ အင်္ကျီမှာရင်ဖုံး ခါးတင်လေးဖြစ်သဖြင့် သေးသွယ်သောခါးကလေးမှာ ပေါ်လွင်စွာပင်။ ပုခုံးအောက်ရောက်ရုံသာရှိသော ဆံပင်များကို ကျစ်ဆံမီးနှစ်ဖက်ခွဲ၍ ကျစ်ထားကာ ပါးမှာလည်း သနပ်ခါးများလိမ်းထားသေးသည်မှာ မသိလျှင်တကယ့်ရွာသူလေးလိုပင်။ ခုလိုကျတော့လည်း သူ့သူငယ်ချင်းမလေးမှာ ချစ်စရာလေးပင်ဟုချမ်းမြေ့တွေးမိသည်။

အိမ်ထဲထွက်လာသည့်ချမ်းမြေ့ကိုမြင်သည်နှင့် မိရွှန်းမမျက်နှာမှာစူပုပ်သွားကာ ခနဲ့တော့သည်။

"ကြာလိုက်တာဟယ်....မသိရင် သူပဲမင်္ဂလာဆောင်မယ့်အတိုင်း"

"အေးလေ....မလှတဲ့ရုပ်များ ပြင်နေသေး"

ဟန်ငြိမ်းကလည်း ၀င်ဖဲ့ပြန်သည်။ ဒီနှစ်ယောက်ကား ချမ်းမြေ့အားနှိပ်ကွပ်ဖို့ဆိုရင် အမြဲအတိုင်ဖောက်ညီနေတော့သည်။

"ချစ်ရသူ မျက်လုံးထဲမှာ ဟောဒီကချမ်းမြေ့မောင်ဆိုတဲ့ကောင်က အချောဆုံးဖြစ်နေချင်တယ်လေ...ဒီတော့အပီရွိူင်းနေရတာပေါ့"

ချမ်းမြေ့ ဂုဏ်ယူ၀င့်ကြွားစွာ ရင်ကော့ပြီးပြောလိုက်တော့ ဟန်ငြိမ်းနဲ့ မိရွှန်းမျက်နှာမှာ မဲ့ရွဲ့သွားကာ တဝေါ့ဝေါ့နဲ့လုပ်နေကြတော့သည်။

"ဒါနဲ့ဟိုနှစ်ကောင်ကော...."

"မလာသေးဘူး...မင်္ဂလာဆောင်သွားပါမယ်ဆိုမှ သူတို့ကများမင်္ဂလာဦးနေကြတာလားမသိဘူး"

မိရွှန်းမှာ ရုပ်လေးချစ်စရာကောင်းသလောက် မိန်းမလုံး၀မဆန်ပေ။ စကားအပြောအဆိုကလည်း ဤကဲ့သို့ပင် ယဥ်ကျေးသိမ့်မွေ့သေး၏။

"မိန်းကလေးတန်မဲ့..စကားကိုဘယ်လိုပြော!"

စကား​အား ပြောသင့်မပြောသင့် ရှေ့နောက်မကြည့်သည့် သူငယ်ချင်းအား ချမ်းမြေ့ဆူသလိုပြောလိုက်မိသည်။ စကားပြောမတတ်ပုံက ကိုယ်တွေနဲ့ကဘာမှမဖြစ်ပေမယ့် သူစိမ်းတစ်ရံနှင့်သာဆိုရင် အခက်တွေ့နိုင်သည်။ တစ်ခြားသူအမြင်မှာလည်း စကားပြောမတတ်ခြင်းကြောင့် ရိုင်းစိုင်းသည်ဟု မမြင်စေလိုပါ။ဒီသူငယ်ချင်းမလေးက ကိုယ့်ညီမလေးလိုသံယောဇဥ်ရှိရသူဟူလည်းမမှားပေသောကြောင့်။

"ငါကအမှန်တွေပြောတာ..."

ပြောစကားနားမထောင် ပက်ကနဲပြန်ပြောတတ်သည့် အကျင့်မှာ ရိုက်သတ်ချင်စရာပင်။ အစကတော့ သူပဲ ၀ဏ္ဏတို့အတွဲအား supportတယ်လေးဘာလေးနဲ့။ ၀ဏ္ဏ gayအဖြစ်၀န်ခံပြီး သူသဘောကျနေသည့်အကိုကြီးအကြောင်းပြောတုန်းက မိရွှန်းမျက်နှာကြီးအား ပြန်မြင်ယောင်လာသည်။ ဘာတဲ့...ငါကfujoshi ဆိုပြီး ၀ဏ္ဏ မိခင်ကြီးလုပ်.....၀ဏ္ဏ သူ့ဘဲကြီးကိုလိုက်တော့လည်း သူပဲအားပေးအားမြှောက်တွေလုပ်နဲ့....
ခုကြမှ အမြင်ကပ်တယ်လုပ်နေတာ။ မိန်းမတွေစိတ်များ ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့။

"အစကတော့ နင်ပဲsupportခဲ့တာမဟုတ်လား?ဘာတဲ့.. နင်တို့အတွဲညားကိုညားစေရမယ်ဘာညာနဲ့...ခုတစ်ကယ်ညားသွားမှ ဘာအချိုးတွေပြောင်း...."

ချမ်းမြေ့မဲ့ကာရွဲ့ကာပြောတော့ မိရွှန်းမက မျက်စောင်းထိုးသည်။ ချမ်းမြေ့လည်း သူနဲ့ပေါင်းပြီးမဲ့တတ်ရွဲ့တတ်နေပြီလေ။

"အဲ့တာက..အဲ့တာလေ.. fujoshiတစ်ယောက်အနေနဲ့ သူတို့အကဲပိုတာကိုကြည့်ရတာ ကြည်နူးမိပေမယ့်...FAတစ်ယောက်အနေနဲ့ကြမတူဘူးလေ..."

"ဟားဟား....ဖြစ်ရလေ"

မိရွှန်းမအပြောကြောင့် ဟန်ငြိမ်းနဲ့ချမ်းမြေ့မှာ တဟားဟားရယ်တော့သည်။ သူပြောသည်မှာလည်းဟုတ်သည်ပင်။ ၀ဏ္ဏတို့အတွဲက မတရားကဲကဲပိုတွေဖြစ်သည်။ မနေ့မနက်က ၀ဏ္ဏ ဘဲကြီးရောက်ချလာသည်။ ဖုန်းဆက်ပြီး နောက်မနက်ချက်ချင်းရောက်လာသည်မှာ အရေးကြီးသုတ်ပျာ။ အလုပ်တွေတောင်ပစ်ထားပြီးလာတာများ.... construction ကုမ္ပဏီရဲ့CEOကြီးက အလုပ်တွေအတော်အားနေလို့ဖြစ်မှာပေါ့။

အမြင်ကပ်ပေမယ့် တစ်ဖက်မှာတော့သူငယ်ချင်းအတွက် ၀မ်းသာမိသည်။ နဂိုကတည်းက မိဘအသိုင်း၀ိုင်းမှာပြည့်စုံသည့်အပြင် ရထားသည့်ဘဲကလည်း ရုပ်ရှိရေလျှံဖြစ်ပြီး တုန်နေအောင်အချစ်ခံရသည်ကြောင့် ၀ဏ္ဏသည်အလွန်ပင်ကံကောင်းသူဖြစ်သည်။ ၀ဏ္ဏ၏ ဖြစ်တည်မှုအပေါ်လည်း မိဘများက လက်ခံပေးကြသည့်အပြင် သူ့ဘဲကြီးနဲ့လည်း လက်ထပ်ဖို့အထိပင် သဘောတူပြီးသားဖြစ်သည်။ချမ်းမြေ့၀ဏ္ဏအား အားပင်ကျမိပါသည်။

ချမ်းမြေ့မိဘများသည်လည်း ခေတ်မှီသူများဖြစ်သည့်အလျှောက် ချမ်းမြေ့ဖြစ်တည်မှုကိုမကန့်ကွက်ကြပါ။ ဖခင်ဖြစ်သူမှာ လက်မခံနိုင်ဘူးပြောပေမယ့် ကိုယ့်အဖေအကြောင်းကိုယ်သာသိသည်။ အပြောသာရှိတာ လက်တွေ့ကျ ချမ်းမြေ့စိတ်ချမ်းသာမှုကိုသာ လိုလားသူဖြစ်သည်။မေမေသည်လည်းထို့နည်းတူပင်။ အဘိုးဖြစ်သူမှာတော့လုံး၀ကိုယ့်ဘက်ကဖြစ်သည်မို့ ချမ်းမြေ့ဘက်ကတော့အားလုံးအဆင်ပြေသည်ပင်။ ချစ်ရသူလေးဘက်က အချစ်ကိုသာပြန်ရခဲ့ရင်ပေါ့...

အတွေးလွန်ပြီး ချမ်းမြေ့မျက်နှာမှာမှိုင်ကျသွားတော့သည်။ ဤသည်ကိုမြင်သည့် မိရွှန်းက -

"လုပ်ပြီ...ရုပ်ကိုက ထငိုတော့မလိုနဲ့.."

မရွှန်းမအပြောကြောင့် ၀မ်းနည်းနေသည့်စိတ်ပင်ဘယ်ပျောက်သွားမှန်းမသိတော့ပေ။အားပေးနှစ်သိမ့်မယ်မရှိ ခနဲ့ဖို့ စကားနာထိုးဖို့ပင်။ချမ်း မြေ့ မကြည်ကြည့်,ကြည့်လိုက်ကာ ပြန်ပြော မည် အလုပ်မှာ အိမ်ထဲမှ၀ဏ္ဏနဲ့ သူ့ကောင်လေးထွက်လာတော့သည်။

"အကုန်ပြင်ပြီးကြပြီလား"

၀ဏ္ဏအသံကြောင့်လှည့်ကြည့်မိတော့....အံမယ်..၀ဏ္ဏတို့အတွဲမှာ သခွားမွှေးရောင်နှင့် coupleတွေပင်၀တ်လို့.....

"အောင်မယ်လေးတော်....သူတို့အတွဲကပဲ မင်္ဂလာဆောင်မယ့်သူကြလို့ ဆင်တူတွေနဲ့ မပြောလိုက်ချင်ဘူးနော် ဟင်းဟင်း"

ချမ်းမြေ့အတွေးအားထုတ်ပြောလိုက်သည့် မိရွှန်းပင်။ ၀ဏ္ဏကတော့မျက်စောင်းထိုးနေကာ သူ့ဘဲကြီးမှာတော့ သဘောတကျရယ်နေလေရဲ့...

"ကဲကဲ...စကားများမနေကြနဲ့...သွားမှာဖြင့်လည်းသွားမယ်...ဒါနဲ့သာ မင်္ဂဆောင်အိမ်ကရောက်တော့မှာမဟုတ်ဘူး"

ဟန်ငြိမ်းဆော်သြော လိုက်မှ စကားပြတ်ကာ မင်္ဂလာဆောင်အိမ်သို့သာချီတက်ခဲ့တော့သည်။

~ ~ ~ ~ ~ ~

တစ်ဖက်ရွာသို့မရောက်ဖူးသဖြင့် မေးရင်းပြုရင်းနဲ့သာလာခဲ့ရာ မင်္ဂဆောင်အိမ်သို့တော့ ရောက်လာပြီပင်။ တောရွာဓလေ့ဖြစ်သည့်အလျှောက် အသံချဲ့စက်များဖြင့် မင်္ဂဆောင်သီချင်းသံများကိုအကျယ်ကြီး ဖွင့်ထားလေရာ ရင်တွေတောင်တဒိန်းဒိန်းနှင့်ပင်။ နားတွေလည်းအူကာ တစ်ယောက်နှင့်တစ်ယောက် စကားပြောလျှင်အတော်အော်ပြောရပေသည်။

ရွာဓလေ့အရ ယနေ့သည် မဏ္ဍုပ်ဆောက်သည့်နေ့ပင်ဖြစ်သည်။ မနက်ဖြန်မှသာ မင်္ဂဆောင်နေ့ဖြစ်သည်။ မဏ္ဍုပ်ဆောက်ဆိုသည့်အတိုင်း မင်္ဂလာမဏ္ဍုပ်အား အိမ်ရှေ့တွင် ကာလသားများစုပေါင်း၍ ဆောက်လုပ်နေကြသည်။မဏ္ဍုပ်သည် ၀ါးလုံးများဖြင့် လေးထောင့် စင်ဆောက်ကာ ပိုးဖဲပိတ်စများအားအပေါ်မှပတ်ရသည်။
လူအများထိုင်သာအောင် စင်နေရာမှာအတော်အကျယ်ဆောက်ရသည်ဖြစ်သည်။ အမိုးမှာလည်း ပိတ်စကိုပင်မိုးကာ ထိုအမိုးမှ ပူစီပေါင်း ရောင်စုံများကို အလှချိတ်ဆွဲကြသည်။ မဏ္ဍုပ်အောက်တွင်တော့ ထိုင်ရန်အတွက် နှီးချောဖျာများအားခင်းထားသည်။ စားပွဲတစ်လုံးနှင့်ပလက်စတစ်ထိုင်ခုံရှည်များအား မဏ္ဍုပ်စင်ထိပ်တွင် ချထားရကာ ထိုနေရာသည် မိဘဘိုးဘွားများထိုင်ရန်နေရာဖြစ်သည်။မဏ္ဍုပ်ဘေး အနည်းလှမ်းသည့်နေရာတွင်တော့ ထမင်းကျွေးရန်နေရာရှိသည်။ ထိုနေရာသည်မှာတော့ မိုးကာတဲ အရှည်ကြီးအားထိုးထားကာ စားပွဲ၀ိုင်း အပုများကို နေရာချထားပြီး ထိုင်စရာကတော့ ဆောင့်ကြောင့်သာထိုင်စားရသည်ဖြစ်သည်။

ရွာ၏မင်္ဂဆောင်ပွဲမှာစည်စည်ကားကားပင်ဖြစ်သည်။ ရွာရှိကာလသား/ကာလသမီးများစုပေါင်းကာ လုပ်ကိုင်ပေးနေကြသည်မှာ တက်ညီလက်ညီပင်။ မဏ္ဍုပ်ဆောက်သူကဆောက် ၊ ထမင်းချက်တာ၀န်ယူသူကယူ နှင့် သူ့တာ၀န်နှင့်သူ လုပ်ကိုင်နေကြသည်။ ဤသို့လုပ်ကိုင်ပေးရန်အတွက်လည်း ရွာများတွင် မင်္ဂဆောင်မတိုင်မီ တာ၀န်ခွဲကာ ကြိုဖိတ်ရသည်။

မိန်းမပျိုလေးများဆို မိက်ကပ်ဘူး ၊ ပိတ်စ စသည်များဖြင့် ဖိတ်ကာ ယောကျာ်းလေးများဆိုလျှင်ဖြင့် ဆေးလိပ်ဘူး ၊ ပုဆိုး စသည်တို့ဖြင့် ဖိတ်လေ့ရှိသည်။ဤသည်မှာချစ်စရာကောင်းသည့်ဓလေ့ပင်ဖြစ်သည်။ ကြိုမဖိတ်ပါက မကူညီကြတော့ဘူးဟူ၍လည်း မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ရပ်ရေးရွာရေးဆို ရွာသူရွာသားများက တက်တက်ကြွကြွပင် လုပ်ကိုင်ပေးကြမည်ဖြစ်သည်။ ဤသို့ဖိတ်ရခြင်းသည် လာရောက်လုပ်ကိုင်ပေးကြမည့် ရွာသူရွာသားများအား ပွဲရှင်၏ ကျေးဇူးတင်မှုကိုဖော်ပြသည့်အနေနှင့် အလေးနက်ထားကာ ဖိတ်ပါသည်ဟူသော အချက်ကိုသာ ရည်ညွှန်းလို၍ဖြစ်သည်။

ချမ်းမြေ့တို့ ငါးယောက်မှာ ခြံ၀ိုင်းရှေ့မှာတင် ရပ်နေကြသည်မှာ ယောင်လည်လည်နဲ့ပင်။မဏ္ဍုပ်ထဲမှ လူတစ်ချို့ဆို ချမ်းမြေ့တို့အဖွဲ့အား ကွက်ကြည့်ကွက်ကြည့်နှင့်။ လာသာလာရသည် အသိဟူ၍လည်း သိပ်မရှိဘူးမဟုတ်လား။ သိသည့်သူတွေများ တွေ့လို့တွေ့ငြား လိုက်ရှာကြည့်တော့ ချစ်ရသူမိခင်အား မဏ္ဍုပ်စင်အောက် အရှေ့ဆုံးထိပ်တွင် ချထားသောစားပွဲပေါ်၌ အလှပန်းအိုးများတင်နေသည်ကိုတွေ့ရသည်။

ကျောပေးနေရာမှာလှည့်လာသော ချစ်ရသူမိခင်သည် ချမ်းမြေ့တို့အား မြင်သွားဟန်ရှိပြီး ပျာပျာသလဲအနားသို့ရောက်လာကာ -

"သား ချမ်းမြေ့လေးတို့....ဘာရပ်လုပ်နေကြတာလဲ အထဲကို၀င်ကြလေကွယ်.."

"အာ...ဟုတ်...အသိမတွေ့တော့ ၀င်ရကောင်းမ၀င်ရကောင်းနဲ့ဖြစ်နေတာ ဒေါ်ဒေါ်.."

"အိုကွယ်..ဖိတ်ထားမှတော့ ၀င်လာလိုက်ပြီးရောကွယ် ဒေါ်ဒေါ်တို့ကအလုပ်များနေတာနဲ့ သားတို့လာတာ မတွေ့လိုက်တာ....လာလာအထဲ၀င်ကြ"

ချမ်းမြေ့တို့အဖွဲ့လည်း ဟန်ချီ့မိခင်ခေါ်ရာနောက်သာလိုက်လာခဲ့တော့သည်။ ဒေါ်ခက်နွယ်လည်း ချမ်းမြေ့တို့အဖွဲ့အား ထမင်းရုံဖက်သာ ခေါ်ခဲ့တော့သည်။ ထမင်းရုံထဲတွင် ဟိုတစ်၀ိုင်း ဒီတစ်၀ိုင်းဖြင့် လူအနည်းငယ်သာရှိသေးသည်။

"လာလာ...ထိုင်ကြ..အရင်ထမင်းစားကြနော်..ပြီးမှမဏ္ဍုပ်ထဲ၀င်ထိုင်ကြ"

"အာ...ဒေါ်ဒေါ်..ဘာများကူလုပ်စရာရှိသေးလည်းမသိဘူး ...ထမင်းကပြီးမှစားမယ်လေ"

ဟန်ငြိမ်းမှ ၀င်ပြောခြင်းဖြစ်သည်။ တခြားသူတွေလုပ်ကိုင်နေတုန်းမှာ ကိုယ်တွေကဦးဦးဖြားဖြားစားသည်မှာ မကောင်းဘူးမဟုတ်လား။

"မဟုတ်တာကွယ်...သားတို့ကဧည့်သည်တွေကို..
အလုပ်ကသူ့ဟာနဲ့သူနိုင်တယ်ရယ်...သားတို့ကူချင်သပဆို ညနေ အောင်ပန်းစီး ဘာညာကြမှကူ ဟုတ်ပြီလား"

"သားကိုခန့်လေး ဒီဘက်ကိုလာပြင်ပေးပါဦးကွယ်"

ဒေါ်ခက်နွယ်မှာ ပြောရင်းပင် ဧည့်သည်များအား ထမင်းတောင်းကိုင်ကာ ထမင်းလိုက်ထည့်ပေးနေသော ကောင်လေးအားခေါ်လိုက်သည်။ ချမ်းမြေ့ထိုသူ့ကိုသိသည်။ ထိုသူမှာ ချစ်ရသူ၏သူငယ်ချင်းပင်ဖြစ်သည်။ အ၀ါနုရောင်အင်္ကျီနှင့်ထိုသူမှာလည်း အသားဖြူဖြူအရပ်ရှည်ရှည်နှင့် လူချောတစ်ယောက်ပင်ဖြစ်သည်။

ဒေါ်ခက်နွယ်လှမ်းခေါ်လိုက်သည်ကြောင့်ချမ်းမြေ့တို့အနားပြေးလာကာ ချမ်းမြေ့တို့တစ်ဖွဲ့လုံးအားတစ်ချက်ဝေ့ကြည့်ကာ မိရွှန်းမနေရာရောက် ထိုလူ့အကြည့်များမှာခဏရပ်တန့်သွားသည်ကိုသတိထားမိလိုက်သည်။ ဘေးက သူငယ်ချင်းမအားကြည့်တော့လည်း မျက်နှာအားဟိုလွှဲဒီလွှဲနှင့်...ပါးတွေလည်းနီနေသလို...
ဟမ်..ဒါရှက်နေတာကြီးလား...?

ချမ်းမြေ့ မိရွှန်းအားတစ်လှည့်ကြည့်ရင်း ချစ်ရသူသူငယ်ချင်းဘက်ပြန်ကြည့်လိုက်တော့ ထိုလူက မျက်နှာလွှဲသွားပြီး ချစ်ရသူမိခင်လှည့်ကာ -

"ငါးယောက်စာနော်...ဒေါ်လေး"ဟုဆိုကာ ပြန်ထွက်သွားတော့သည်။ ထိုလူထွက်သွားသည်မှာ ထမင်းရုံဘေးရှိ အဆောင်ငယ်ထဲသို့ဖြစ်သည်။ ထိုလူထွက်သွားပြီးနောက် ချစ်ရသူမိခင်မှာလည်း လုပ်စရာတစ်ချို့ရှိသေးဟုဆိုကာ ချမ်းမြေ့တို့အား အေးဆေးသာနေကြဟုဆိုကာ ထွက်သွားပြန်သည်။ သို့နှင့် ထမင်း၀ိုင်းတွင် ချမ်းမြေ့တို့ငါးယောက်သာ ငုတ်တုတ်လေးတွေကျန်ခဲ့တော့သည်။

ခဏအကြာမှာတော့ ချစ်ရသူ၏ သူငယ်ချင်းဖြစ်သူမှာ အဆောင်ထဲမှပြန်ထွက်လာတော့သည်။ လက်ထဲတွင်သယ်လာသော ထမင်းတောင်းမှာလည်း အပြည့်ပင်ဖြစ်နေသည်။ ကြည့်ရသည်မှာ ထိုအဆောင်ကား မိးဖိုဆောင် ဖြစ်မည်ထင်သည်။ ထိုလူ့နောက်မှာ ကပ်ပါလာသူကတော့ ချစ်ရသူလေးပင်။ ပန်းကန်အလွတ်များအား အထပ်လိုက်သယ်လာသော ချစ်ရသူလေးအားမြင်သည်နှင့် ချမ်းမြေ့မှာထခုန်မိမတတ်ပင်။
အပျော်လုံးတွေဆို့ပြီး လေပေါ်ပင်မြှောက်တတ်ချင်သလို။ အကြောင်းမှာ ချစ်ရသူလေးသည် မိမိကဲ့သို့ကြက်သွေးရောင် အင်္ကျီအား၀တ်ဆင်ထားသောကြောင့်ပင်။ ပုဆိုးသည်တော့ ကြက်သွေးရောင်နှင့်အနက်ရောယှက်ထားသည့် ယောဆင်လေးပင်။အလုပ်လုပ်နေသည်ကြောင့်ထင်၏။ လက်ရှည်အင်္ကျီအား လက်တံတောင်ထိရောက်အောင် ခေါက်ထင်ထားသည်မှာ ၀ါ၀င်းသည့်အသားရေအား အများမြင်ခွင့်ရအောင် အလှူပေးနေသည့်အတိုင်းပင်။

ချမ်းမြေ့မှာ မိမိအင်္ကျီအားပြန်ငုံကြည့်လိုက် ချစ်ရသူအားကြည့်လိုက်ဖြင့် သဘောအကျကြီးကျနေလေတော့သည်။တိုက်ဆိုင်မှုဆိုပေမယ့် coupleလိုပင် ဖြစ်သွားသည်မဟုတ်လား။

ဟန်ချီမှာ မိမိအားပြုံးစိစိနှင့်ကြည့်နေသူကြောင့်မျက်မှောင်ကုပ်သွားတော့သည်။ထိုလူသာမက ထိုလူ့သူငယ်ချင်းများကပါ ဟန်ချီအားကြည့်ပြီး ပြုံးစိစိနှင့်။ ထိုလူ့ဘေးက ကောင်မလေးဆို ဟန်ချီအားမျက်စပစ်ပြရင်း ထိုလူအား တံတောင်နဲ့ပင် တွတ်နေသေးသည်။ ဤသည်မှဟန်ချီ သတိထားမိသည်က ထိုလူမှာ မိမိနှင့်အရောင်တူသော အင်္ကျီအား၀တ်ဆင်လာသည်ကိုပင်။ မဆီမဆိုင် ဟန်ချီမျက်နှာလေးမှာရဲကနဲပင်ဖြစ်သွားတော့သည်။

ချစ်ရသူလေးကအနားရောက်လာတော့ ပန်းကန်လွတ်များအား စားပွဲ၀ိုင်းပေါ်ချပေးကာ ချစ်ရသူသူငယ်ချင်းက ထမင်းများလိုက်ဖြည့်ပေးတော့သည်။ ချမ်းမြေ့မှာတော့ ချစ်ရသူလှုပ်ရှားမှုတိုင်းအား အသေးစိတ်လိုက်ကြည့်
လျှက်။ ထို့နောက် ချစ်ရသူလေးမှာ တစ်ဖန်ပြန်ထွက်သွားကာ ဟင်းပန်းကန်များအား သယ်လာတော့သည်။ ဒီတစ်ခါ ချစ်ရသူနှင့်အတူ ချစ်ရသူ၏ သူငယ်ချင်းမလေးပါ ပါလာတော့သည်။ သူ(မ)ကတော့ ပိတောက်ခြောက်ရောင် ၀မ်းဆက်ကလေးနဲ့ အတော်ပင်ယဥ်လှသည်။

ချမ်းမြေ့မှာ ချစ်ရသူလေးသာမက ချစ်ရသူ ၏သူငယ်ချင်းများမှာလည်း အချောအလှလေးများဖြစ်သည်ကို လက်ခံလိုက်ရသည်။

*ချစ်ရသူလေးလောက်တော့ မလှကြပေမယ်လို့ပေါ့!*

"တစ်ခါတည်း ၀င်စားပါလား ဟန်ချီ"

ဤသည်မှာ မိရွှန်း၏ အပြောဖြစ်သည်။ ဒီတစ်ခါတော့ မိရွှန်း၏ လျှာရှည်လွန်းသည့်ပါးစပ်ကို ကျေးဇူးတင်မိသွားသည်။ ထမင်းဟင်းတွေလာချပေးပြီးသည်နှင့် အနားမှထွက်သွားဟန်ပြင်နေသော ချစ်ရသူမှာ ရပ်သွားပြီး လှည့်ကြည့်လာသည်မဟုတ်လား။

တစ်ဖက်မှမိရွှန်းမှာလည်း မျက်လုံးကျွတ်ကျမတတ်လိုက်ကြည့်နေသော သူငယ်ချင်းအားသနားသဖြင့် ၀င်ပြောလိုက်ခြင်းပင်။

"ဟုတ်သားပဲ ဟန်ချီ....မောင်..အဲ ကျွန်တော်တို့နှင့်အတူတစ်ခါတည်းစားလိုက်ပါလား"

ချမ်းမြေ့ပါ၀င်ပြောတော့ ချစ်ရသူလေးက -

"ဟုတ်ကဲ့...အာ့ဆို ထမင်းပန်းကန်သွားယူလိုက်ပါဦးမယ်..လာ..ပိုးအိမ် နင်ပါအတူတူစား"

ပြောရင်း သူငယ်ချင်းမလေးအား ချစ်ရသူမှာ လက်ဆွဲခေါ်သွားကာ စောနက မီးဖိုဆောင်ထဲသို့၀င်သွားကြလေတော့သည်။ ဟို ခန့်ညီဆိုသူကတော့ တခြား၀ိုင်းဖက်သွားကာ ထမင်းလိုက်ထည့်ပေးနေပြီပင်။

"စားကြပါဗျ...အားမနာကြနဲ့နော်"

"ဟုတ်တယ်ရှင်...အ၀သာစားကြ"

ထမင်းပန်းကန်ကိုယ်စီကိုင်လာကာ စားပွဲတွင်၀င်ထိုင်ရင်း ချစ်ရသူလေးကပြောလိုက်တော့ ချစ်ရသူ၏သူငယ်ချင်းမဖြစ်သူမှာလည်း အပြုံလေးနှင့်၀င်ပြောရှာသည်။ သို့နှင့် အားလုံးထမင်းစားဖို့ပြင်ကြတော့သည်။ စုစုပေါင်း လူ၇ယောက်ဖြစ်သည့်အတွက် အနည်းငယ်တော့ ကျပ်သလိုရှိသည်။ ချမ်းမြေ့တို့တစ်ဖွဲ့လုံး စားပွဲထက်မှ ဟင်းများအားကြည့်ရင်း ဗိုက်ပင်မတရားဆာလာသလို.....မည်သည့်စကားမျှထပ်မဆိုကြတော့ပဲခေါင်းငုံကာ အားရပါးရစားကြတော့သည်။
ဟင်းများမှာ ၀က်သား၊ ငါးခြောက်ထိုး ၊ ငရုတ်သီးကြော် ၊ အစိမ်းကြော် နှင့် သီးစုံချဥ်ရည် ဟင်းဖြစ်သည်။

ချမ်းမြေ့တို့အဖွဲ့မှာ စားကောင်းကောင်းနှင့်စားသောက်ပြီးတော့ ဗိုက်များပင်တင်းကာ မထချင်တော့သလိုပင်ဖြစ်မိသည်။ ချစ်ရသူလေးနှင့် သူ၏သူငယ်ချင်းမကတော့ စားပြီးသားပန်းကန်တွေအားထပ်ကာ သွားဆေးရန်ပြင်တော့သည်။ ထိုအခါ ချမ်းမြေ့မှ ချစ်ရသူသူငယ်ချင်းမလေး၏လက်ထဲမှ ပန်းကန်များအား ဆွဲယူလိုက်ကာ -

"ညီမနေခဲ့ပါ...အကိုကူပေးလိုက်မယ်"

ချမ်းမြေ့စကားပြီးပြီးချင်း ထထွက်သွားသည့် ချစ်ရသူလေးပါပင်။ ထုံးစံအတိုင်း ချမ်းမြေ့မှာ နောက်ကသာ အမှီလိုက်ခဲ့ရတော့သည်။ မီးဖိုဆောင်ထဲရောက်တော့ စားပြီးသားပန်းကန်များအထပ်လိုက်ချထားသည့်ဘေးမှ ဆပ်ပြာရည်များ ဖျော်ထားသော အင်တုံဘေးမှာ ချစ်ရသူလေးကထိုင်ချလိုက်ကာ ပန်းကန်များအားစဆေးတော့သည်။ ချမ်းမြေ့လည်း ချစ်ရသူအားကူပေးရန် ရေသန့်ထည့်ထားသည့် အင်တုံဘေး၀င်ထိုင်လိုက်တော့သည်။ ဤအနေအထားမှာ ဟန်ချီကညာဘက် ချမ်းမြေ့ကဘယ်ဘက်နှင့် ဘေးချင်းကပ်လျှက်ပင်။ ချစ်ရသူလေးမှ ပန်းကန်များအား ဆပ်ပြာရည်ထဲသို့နှစ်ကာ ဆေးပြီး ချမ်းမြေ့ရှေ့ရှိ ရေသန့်ထည့်ထားသော အင်တုံထဲသို့ချသည်။ ချမ်းမြေ့မှာ ထိုပန်းကန်များအား ရေသန့်ထဲတွင် တစ်ဖန်ပြန်ဆေးပြီး ဆယ်ကာ အ၀တ်သန့်ဖြင့် ရေခြောက်အောင်သုတ်၍ ဘေးမှပန်းကန်စင်ပေါ်သို့တင်ပေးရသည်။

"ဟန်ချီ.."

ချမ်းမြေ့ခေါ်လိုက်တော့ ချစ်ရသူလေးက ပန်းကန်ဆေးနေရာမှ လှည့်ကြည့်လာပြီး ဘာလဲဟူသောအကြည့်ဖြင့်ကြည့်လေသည်။

"ဒီနေ့ မောင်နဲ့ ဟန်ချီက ဆင်တူလေးနော် စိတ်ချင်းများဆက်နေသလား...ဟီး"

ချမ်းမြေ့အပြောအား ဟန်ချီ့ဘက်မှမတုံပြန် မျက်မှောင်သာကုပ်ပြီးကြည့်ကာ ပန်းကန်ဆေးခြင်းကိုသာ ပြန်အာရုံစိုက်လေသည်။ ချမ်းမြေ့မှာတော့ မိမအားအဖက်မလုပ်သည့်ချစ်ရသူလေးကြောင့် အနည်းငယ်၀မ်းနည်းမိသွားသည်။မျက်မှောင်ကုပ်ထားသည်ကြောင့် မတော်စိတ်ဆိုးသွားရင်ဖြင့် နှင်ထုတ်ခံနေရမည် ဆိုးသည်ကြောင့် ဆက်မပြောဖြစ်တော့ပေ။ သို့သော် တစ်ယောက်တည်းအူမြူးစွာ -

"အင်း.....မဟုတ်သေးဘူး...စိတ်ချင်းဆက်တာထက် နှလုံးသားချင်းနှီးနေတာဖြစ်ရင်ပိုကောင်းမှာ ဟီး..."

တိုးတိုးလေးရေရွှတ်လိုက်ပေမယ့် ကပ်လျှက်ဖြစ်နေသော ဟန်ချီမှာ ချမ်းမြေ့စကားအား သဲသဲကွဲကွဲကြားလိုက်ရသည်။ ထိုစကားကြောင့်ရှက်သလိုပင် ဖြစ်သွားကာ မျက်နှာပြောင်နှင့် ပြောနေသူအား ရန်တွေ့ရန် လှည့်လိုက်တော့...သူကကိုယ့်အား​ကြည့်ပြောနေသည်မဟုတ်ပေ...အရှေ့ကထံရံကြီးအား ကြည့်ကာ တစ်ယောက် တည်းတဟီးဟီးနှင့်ပြောနေခြင်းပင်။ ထို့လူအပြုမူကြောင့် ဟန်ချီမှာ ပြုံးမိသွားပြီ ခေါင်းခါမိတော့သည်။ မလွယ်...မလွယ်..ချမ်းမြေ့မောင်ဆိုသူကတကယ်မလွယ်ပေ။ တစ်ခါတစ်လေ ဤသို့လည်းအူကြောင်ကြောင်နိုင်သေးသည်။
ဟန်ချီစိတ်ထဲ ချမ်းမြေ့၏ ယခုပုံစံလေးမှာ ချစ်စရာကောင်းသည်ဟုပင် အနည်းငယ်ထင်မိသည်။ သို့သော် တစ်ဖက်ကသေချာကြည့်ပြန်လျှင်လည်း ချမ်းမြေ့မောင်ဟူသော အနှီလူသားသည် အရင်ဘ၀က နွားပွဲစားသေလို့ ၀င်စားလာသည်ဟုပင် ထင်ရလောက်ပေသည်။

10.7.2022(Sun)
//Hnin Satt Hmone☃️❄️
(ဟဲ...မင်္ဂလာဆောင်နေတာနဲ့ အပိုင်းက နည်းနည်းရှည်သွားပြီပေါ့နော်>< နောက်တစ်ပိုင်းကိုကျန်သေးတယ်ရယ် ဟီး...😅)

(Zawgyi)

"ဟာ....ငါတယ္ေခ်ာသကိုး"

မွန္ကိုၾကည့္ရင္း ေခါင္းလိမ္းဆီလိမ္းက်ံထားေသာဆံပင္အား ဘီးျဖင့္သပ္တင္ကာ ခ်မ္းေျမ့ေရ႐ြတ္လိုက္သည္။ ၿပဳံးၿဖီးေနသည့္မ်က္ႏွာႀကီးမွာလည္းေက်နပ္မႈမ်ားအျပည့္ပင္။

စတစ္လက္ရွည္ ၾကက္ေသြးေရာင္ ႏွင့္ ေယာပုဆိုးအနက္ေရာင္မွာ မျဖဴမညိဳအသားေရရွိေသာ ခ်မ္းေျမ့ကိုယ္ေပၚတြင္ပနံသင့္စြာရွိေနသည္။ ရွည္လ်ားသည့္အရပ္မွာလည္း ပုဆိုး၀တ္လိုက္မွပင္ ပိုရွည္လာသေယာင္ရွိကာ အခ်ိဳးစားက်သည့္ခႏၶာကိုယ္ႏွင့္ခ်မ္းေျမ့မွာ ေယာက်ာ္းတစ္ေယာက္၏ ေခ်ာေမာခန္႔ညားမႈ
အေပါင္း ခေညာင္းလွ်က္ရွိေနသည္။

တစ္ကိုယ္လုံးလွည့္၍မွန္ကိုစိတ္ႀကိဳက္ ၾကည့္ၿပီးမွ အိမ္ျပင္သို႔ထြက္လာခဲ့ေတာ့သည္။ အိမ္ေရွ႕ကြပ္ပစ္တြင္ေတာ့ ဟန္ၿငိမ္းနဲ႔ မိ႐ႊန္းမွာ အဆင္သင့္ေစာင့္လွ်က္သား။ ဟန္ၿငိမ္းမွာ အသားညိဳသည့္အေလ်ာက္ ၀တ္ထားသည္က စတစ္အျပာႏုႏွင့္ပုဆိုးအျပာရင့္ပင္။ ခ်မ္းေျမ့မွာရယ္ခ်င္စိတ္ပင္ျဖစ္မိသြားသည္။ ဒီေကာင္ ကိုယ္ႏွင့္မလိုက္တာေတြအေတာ္၀တ္သည္ပင္။

သူငယ္ခ်င္းမ မိ႐ႊန္းသည္ေတာ့ ေဗဒါေရာင္ ပိုးေျပာင္၀မ္းဆက္ကေလးနဲ႔ ျဖစ္သည္။ အသားျဖဴသည့္ မိ႐ႊန္းနဲ႔အမွန္ပင္လိုက္သည္။ အက်ႌမွာရင္ဖုံး ခါးတင္ေလးျဖစ္သျဖင့္ ေသးသြယ္ေသာခါးကေလးမွာ ေပၚလြင္စြာပင္။ ပုခုံးေအာက္ေရာက္႐ုံသာရွိေသာ ဆံပင္မ်ားကို က်စ္ဆံမီးႏွစ္ဖက္ခြဲ၍ က်စ္ထားကာ ပါးမွာလည္း သနပ္ခါးမ်ားလိမ္းထားေသးသည္မွာ မသိလွ်င္တကယ့္႐ြာသူေလးလိုပင္။ ခုလိုက်ေတာ့လည္း သူ႔သူငယ္ခ်င္းမေလးမွာ ခ်စ္စရာေလးပင္ဟုခ်မ္းေျမ့ေတြးမိသည္။

အိမ္ထဲထြက္လာသည့္ခ်မ္းေျမ့ကိုျမင္သည္ႏွင့္ မိ႐ႊန္းမမ်က္ႏွာမွာစူပုပ္သြားကာ ခနဲ႔ေတာ့သည္။

"ၾကာလိုက္တာဟယ္....မသိရင္ သူပဲမဂၤလာေဆာင္မယ့္အတိုင္း"

"ေအးေလ....မလွတဲ့႐ုပ္မ်ား ျပင္ေနေသး"

ဟန္ၿငိမ္းကလည္း ၀င္ဖဲ့ျပန္သည္။ ဒီႏွစ္ေယာက္ကား ခ်မ္းေျမ့အားႏွိပ္ကြပ္ဖို႔ဆိုရင္ အၿမဲအတိုင္ေဖာက္ညီေနေတာ့သည္။

"ခ်စ္ရသူ မ်က္လုံးထဲမွာ ေဟာဒီကခ်မ္းေျမ့ေမာင္ဆိုတဲ့ေကာင္က အေခ်ာဆုံးျဖစ္ေနခ်င္တယ္ေလ...ဒီေတာ့အပီ႐ြိဴင္းေနရတာေပါ့"

ခ်မ္းေျမ့ ဂုဏ္ယူ၀င့္ႂကြားစြာ ရင္ေကာ့ၿပီးေျပာလိုက္ေတာ့ ဟန္ၿငိမ္းနဲ႔ မိ႐ႊန္းမ်က္ႏွာမွာ မဲ့႐ြဲ႕သြားကာ တေဝါ့ေဝါ့နဲ႔လုပ္ေနၾကေတာ့သည္။

"ဒါနဲ႔ဟိုႏွစ္ေကာင္ေကာ...."

"မလာေသးဘူး...မဂၤလာေဆာင္သြားပါမယ္ဆိုမွ သူတို႔ကမ်ားမဂၤလာဦးေနၾကတာလားမသိဘူး"

မိ႐ႊန္းမွာ ႐ုပ္ေလးခ်စ္စရာေကာင္းသေလာက္ မိန္းမလုံး၀မဆန္ေပ။ စကားအေျပာအဆိုကလည္း ဤကဲ့သို႔ပင္ ယဥ္ေက်းသိမ့္ေမြ႕ေသး၏။

"မိန္းကေလးတန္မဲ့..စကားကိုဘယ္လိုေျပာ!"

စကား​အား ေျပာသင့္မေျပာသင့္ ေရွ႕ေနာက္မၾကည့္သည့္ သူငယ္ခ်င္းအား ခ်မ္းေျမ့ဆူသလိုေျပာလိုက္မိသည္။ စကားေျပာမတတ္ပုံက ကိုယ္ေတြနဲ႔ကဘာမွမျဖစ္ေပမယ့္ သူစိမ္းတစ္ရံႏွင့္သာဆိုရင္ အခက္ေတြ႕ႏိုင္သည္။ တစ္ျခားသူအျမင္မွာလည္း စကားေျပာမတတ္ျခင္းေၾကာင့္ ႐ိုင္းစိုင္းသည္ဟု မျမင္ေစလိုပါ။ဒီသူငယ္ခ်င္းမေလးက ကိုယ့္ညီမေလးလိုသံေယာဇဥ္ရွိရသူဟူလည္းမမွားေပေသာေၾကာင့္။

"ငါကအမွန္ေတြေျပာတာ..."

ေျပာစကားနားမေထာင္ ပက္ကနဲျပန္ေျပာတတ္သည့္ အက်င့္မွာ ႐ိုက္သတ္ခ်င္စရာပင္။ အစကေတာ့ သူပဲ ၀ဏၰတို႔အတြဲအား supportတယ္ေလးဘာေလးနဲ႔။ ၀ဏၰ gayအျဖစ္၀န္ခံၿပီး သူသေဘာက်ေနသည့္အကိုႀကီးအေၾကာင္းေျပာတုန္းက မိ႐ႊန္းမ်က္ႏွာႀကီးအား ျပန္ျမင္ေယာင္လာသည္။ ဘာတဲ့...ငါကfujoshi ဆိုၿပီး ၀ဏၰ မိခင္ႀကီးလုပ္.....၀ဏၰ သူ႔ဘဲႀကီးကိုလိုက္ေတာ့လည္း သူပဲအားေပးအားေျမႇာက္ေတြလုပ္နဲ႔....
ခုၾကမွ အျမင္ကပ္တယ္လုပ္ေနတာ။ မိန္းမေတြစိတ္မ်ား ခုတစ္မ်ိဳးေတာ္ၾကာတစ္မ်ိဳးနဲ႔။

"အစကေတာ့ နင္ပဲsupportခဲ့တာမဟုတ္လား?
ဘာတဲ့.. နင္တို႔အတြဲညားကိုညားေစရမယ္ဘာညာနဲ႔...ခုတစ္ကယ္ညားသြားမွ ဘာအခ်ိဳးေတြေျပာင္း...."

ခ်မ္းေျမ့မဲ့ကာ႐ြဲ႕ကာေျပာေတာ့ မိ႐ႊန္းမက မ်က္ေစာင္းထိုးသည္။ ခ်မ္းေျမ့လည္း သူနဲ႔ေပါင္းၿပီးမဲ့တတ္႐ြဲ႕တတ္ေနၿပီေလ။

"အဲ့တာက..အဲ့တာေလ.. fujoshiတစ္ေယာက္အေနနဲ႔ သူတို႔အကဲပိုတာကိုၾကည့္ရတာ ၾကည္ႏူးမိေပမယ့္...FAတစ္ေယာက္အေနနဲ႔ၾကမတူဘူးေလ..."

"ဟားဟား....ျဖစ္ရေလ"

မိ႐ႊန္းမအေျပာေၾကာင့္ ဟန္ၿငိမ္းနဲ႔ခ်မ္းေျမ့မွာ တဟားဟားရယ္ေတာ့သည္။ သူေျပာသည္မွာလည္းဟုတ္သည္ပင္။ ၀ဏၰတို႔အတြဲက မတရားကဲကဲပိုေတြျဖစ္သည္။ မေန႔မနက္က ၀ဏၰ ဘဲႀကီးေရာက္ခ်လာသည္။ ဖုန္းဆက္ၿပီး ေနာက္မနက္ခ်က္ခ်င္းေရာက္လာသည္မွာ အေရးႀကီးသုတ္ပ်ာ။ အလုပ္ေတြေတာင္ပစ္ထားၿပီးလာတာမ်ား.... construction ကုမၸဏီရဲ႕CEOႀကီးက အလုပ္ေတြအေတာ္အားေနလို႔ျဖစ္မွာေပါ့။

အျမင္ကပ္ေပမယ့္ တစ္ဖက္မွာေတာ့သူငယ္ခ်င္းအတြက္ ၀မ္းသာမိသည္။ နဂိုကတည္းက မိဘအသိုင္း၀ိုင္းမွာျပည့္စုံသည့္အျပင္ ရထားသည့္ဘဲကလည္း ႐ုပ္ရွိေရလွ်ံျဖစ္ၿပီး တုန္ေနေအာင္အခ်စ္ခံရသည္ေၾကာင့္ ၀ဏၰသည္အလြန္ပင္ကံေကာင္းသူျဖစ္သည္။ ၀ဏၰ၏ ျဖစ္တည္မႈအေပၚလည္း မိဘမ်ားက လက္ခံေပးၾကသည့္အျပင္ သူ႔ဘဲႀကီးနဲ႔လည္း လက္ထပ္ဖို႔အထိပင္ သေဘာတူၿပီးသားျဖစ္သည္။ခ်မ္းေျမ့၀ဏၰအား အားပင္က်မိပါသည္။

ခ်မ္းေျမ့မိဘမ်ားသည္လည္း ေခတ္မွီသူမ်ားျဖစ္သည့္အေလွ်ာက္ ခ်မ္းေျမ့ျဖစ္တည္မႈကိုမကန္႔ကြက္ၾကပါ။ ဖခင္ျဖစ္သူမွာ လက္မခံႏိုင္ဘူးေျပာေပမယ့္ ကိုယ့္အေဖအေၾကာင္းကိုယ္သာသိသည္။ အေျပာသာရွိတာ လက္ေတြ႕က် ခ်မ္းေျမ့စိတ္ခ်မ္းသာမႈကိုသာ လိုလားသူျဖစ္သည္။ေမေမသည္လည္းထို႔နည္းတူပင္။ အဘိုးျဖစ္သူမွာေတာ့လုံး၀ကိုယ့္ဘက္ကျဖစ္သည္မို႔ ခ်မ္းေျမ့ဘက္ကေတာ့အားလုံးအဆင္ေျပသည္ပင္။ ခ်စ္ရသူေလးဘက္က အခ်စ္ကိုသာျပန္ရခဲ့ရင္ေပါ့...

အေတြးလြန္ၿပီး ခ်မ္းေျမ့မ်က္ႏွာမွာမႈိင္က်သြားေတာ့သည္။ ဤသည္ကိုျမင္သည့္ မိ႐ႊန္းက -

"လုပ္ၿပီ...႐ုပ္ကိုက ထငိုေတာ့မလိုနဲ႔.."

မ႐ႊန္းမအေျပာေၾကာင့္ ၀မ္းနည္းေနသည့္စိတ္ပင္ဘယ္ေပ်ာက္သြားမွန္းမသိေတာ့ေပ။အားေပးႏွစ္သိမ့္မယ္မရွိ ခနဲ႔ဖို႔ စကားနာထိုးဖို႔ပင္။ခ်မ္း ေျမ့ မၾကည္ၾကည့္,ၾကည့္လိုက္ကာ ျပန္ေျပာ မည္ အလုပ္မွာ အိမ္ထဲမွ၀ဏၰနဲ႔ သူ႔ေကာင္ေလးထြက္လာေတာ့သည္။

"အကုန္ျပင္ၿပီးၾကၿပီလား"

၀ဏၰအသံေၾကာင့္လွည့္ၾကည့္မိေတာ့....အံမယ္..၀ဏၰတို႔အတြဲမွာ သခြားေမႊးေရာင္ႏွင့္ coupleေတြပင္၀တ္လို႔.....

"ေအာင္မယ္ေလးေတာ္....သူတို႔အတြဲကပဲ မဂၤလာေဆာင္မယ့္သူၾကလို႔ ဆင္တူေတြနဲ႔ မေျပာလိုက္ခ်င္ဘူးေနာ္ ဟင္းဟင္း"

ခ်မ္းေျမ့အေတြးအားထုတ္ေျပာလိုက္သည့္ မိ႐ႊန္းပင္။ ၀ဏၰကေတာ့မ်က္ေစာင္းထိုးေနကာ သူ႔ဘဲႀကီးမွာေတာ့ သေဘာတက်ရယ္ေနေလရဲ႕...

"ကဲကဲ...စကားမ်ားမေနၾကနဲ႔...သြားမွာျဖင့္လည္းသြားမယ္...ဒါနဲ႔သာ မဂၤေဆာင္အိမ္ကေရာက္ေတာ့မွာမဟုတ္ဘူး"

ဟန္ၿငိမ္းေဆာ္ေၾသာ လိုက္မွ စကားျပတ္ကာ မဂၤလာေဆာင္အိမ္သို႔သာခ်ီတက္ခဲ့ေတာ့သည္။

~ ~ ~ ~ ~ ~

တစ္ဖက္႐ြာသို႔မေရာက္ဖူးသျဖင့္ ေမးရင္းျပဳရင္းနဲ႔သာလာခဲ့ရာ မဂၤေဆာင္အိမ္သို႔ေတာ့ ေရာက္လာၿပီပင္။ ေတာ႐ြာဓေလ့ျဖစ္သည့္အေလွ်ာက္ အသံခ်ဲ႕စက္မ်ားျဖင့္ မဂၤေဆာင္သီခ်င္းသံမ်ားကိုအက်ယ္ႀကီး ဖြင့္ထားေလရာ ရင္ေတြေတာင္တဒိန္းဒိန္းႏွင့္ပင္။ နားေတြလည္းအူကာ တစ္ေယာက္ႏွင့္တစ္ေယာက္ စကားေျပာလွ်င္အေတာ္ေအာ္ေျပာရေပသည္။

႐ြာဓေလ့အရ ယေန႔သည္ မ႑ဳပ္ေဆာက္သည့္ေန႔ပင္ျဖစ္သည္။ မနက္ျဖန္မွသာ မဂၤေဆာင္ေန႔ျဖစ္သည္။ မ႑ဳပ္ေဆာက္ဆိုသည့္အတိုင္း မဂၤလာမ႑ဳပ္အား အိမ္ေရွ႕တြင္ ကာလသားမ်ားစုေပါင္း၍ ေဆာက္လုပ္ေနၾကသည္။မ႑ဳပ္သည္ ၀ါးလုံးမ်ားျဖင့္ ေလးေထာင့္ စင္ေဆာက္ကာ ပိုးဖဲပိတ္စမ်ားအားအေပၚမွပတ္ရသည္။
လူအမ်ားထိုင္သာေအာင္ စင္ေနရာမွာအေတာ္အက်ယ္ေဆာက္ရသည္ျဖစ္သည္။ အမိုးမွာလည္း ပိတ္စကိုပင္မိုးကာ ထိုအမိုးမွ ပူစီေပါင္း ေရာင္စုံမ်ားကို အလွခ်ိတ္ဆြဲၾကသည္။ မ႑ဳပ္ေအာက္တြင္ေတာ့ ထိုင္ရန္အတြက္ ႏွီးေခ်ာဖ်ာမ်ားအားခင္းထားသည္။ စားပြဲတစ္လုံးႏွင့္ပလက္စတစ္ထိုင္ခုံရွည္မ်ားအား မ႑ဳပ္စင္ထိပ္တြင္ ခ်ထားရကာ ထိုေနရာသည္ မိဘဘိုးဘြားမ်ားထိုင္ရန္ေနရာျဖစ္သည္။မ႑ဳပ္ေဘး အနည္းလွမ္းသည့္ေနရာတြင္ေတာ့ ထမင္းေကြၽးရန္ေနရာရွိသည္။ ထိုေနရာသည္မွာေတာ့ မိုးကာတဲ အရွည္ႀကီးအားထိုးထားကာ စားပြဲ၀ိုင္း အပုမ်ားကို ေနရာခ်ထားၿပီး ထိုင္စရာကေတာ့ ေဆာင့္ေၾကာင့္သာထိုင္စားရသည္ျဖစ္သည္။

႐ြာ၏မဂၤေဆာင္ပြဲမွာစည္စည္ကားကားပင္ျဖစ္သည္။ ႐ြာရွိကာလသား/ကာလသမီးမ်ားစုေပါင္းကာ လုပ္ကိုင္ေပးေနၾကသည္မွာ တက္ညီလက္ညီပင္။ မ႑ဳပ္ေဆာက္သူကေဆာက္ ၊ ထမင္းခ်က္တာ၀န္ယူသူကယူ ႏွင့္ သူ႔တာ၀န္ႏွင့္သူ လုပ္ကိုင္ေနၾကသည္။ ဤသို႔လုပ္ကိုင္ေပးရန္အတြက္လည္း ႐ြာမ်ားတြင္ မဂၤေဆာင္မတိုင္မီ တာ၀န္ခြဲကာ ႀကိဳဖိတ္ရသည္။

မိန္းမပ်ိဳေလးမ်ားဆို မိက္ကပ္ဘူး ၊ ပိတ္စ စသည္မ်ားျဖင့္ ဖိတ္ကာ ေယာက်ာ္းေလးမ်ားဆိုလွ်င္ျဖင့္ ေဆးလိပ္ဘူး ၊ ပုဆိုး စသည္တို႔ျဖင့္ ဖိတ္ေလ့ရွိသည္။ဤသည္မွာခ်စ္စရာေကာင္းသည့္ဓေလ့ပင္ျဖစ္သည္။ ႀကိဳမဖိတ္ပါက မကူညီၾကေတာ့ဘူးဟူ၍လည္း မဟုတ္ေပ။ မည္သို႔ပင္ျဖစ္ေစ ရပ္ေရး႐ြာေရးဆို ႐ြာသူ႐ြာသားမ်ားက တက္တက္ႂကြႂကြပင္ လုပ္ကိုင္ေပးၾကမည္ျဖစ္သည္။ ဤသို႔ဖိတ္ရျခင္းသည္ လာေရာက္လုပ္ကိုင္ေပးၾကမည့္ ႐ြာသူ႐ြာသားမ်ားအား ပြဲရွင္၏ ေက်းဇူးတင္မႈကိုေဖာ္ျပသည့္အေနႏွင့္ အေလးနက္ထားကာ ဖိတ္ပါသည္ဟူေသာ အခ်က္ကိုသာ ရည္ၫႊန္းလို၍ျဖစ္သည္။

ခ်မ္းေျမ့တို႔ ငါးေယာက္မွာ ၿခံ၀ိုင္းေရွ႕မွာတင္ ရပ္ေနၾကသည္မွာ ေယာင္လည္လည္နဲ႔ပင္။မ႑ဳပ္ထဲမွ လူတစ္ခ်ိဳ႕ဆို ခ်မ္းေျမ့တို႔အဖြဲ႕အား ကြက္ၾကည့္ကြက္ၾကည့္ႏွင့္။ လာသာလာရသည္ အသိဟူ၍လည္း သိပ္မရွိဘူးမဟုတ္လား။ သိသည့္သူေတြမ်ား ေတြ႕လို႔ေတြ႕ျငား လိုက္ရွာၾကည့္ေတာ့ ခ်စ္ရသူမိခင္အား မ႑ဳပ္စင္ေအာက္ အေရွ႕ဆုံးထိပ္တြင္ ခ်ထားေသာစားပြဲေပၚ၌ အလွပန္းအိုးမ်ားတင္ေနသည္ကိုေတြ႕ရသည္။

ေက်ာေပးေနရာမွာလွည့္လာေသာ ခ်စ္ရသူမိခင္သည္ ခ်မ္းေျမ့တို႔အား ျမင္သြားဟန္ရွိၿပီး ပ်ာပ်ာသလဲအနားသို႔ေရာက္လာကာ -

"သား ခ်မ္းေျမ့ေလးတို႔....ဘာရပ္လုပ္ေနၾကတာလဲ အထဲကို၀င္ၾကေလကြယ္.."

"အာ...ဟုတ္...အသိမေတြ႕ေတာ့ ၀င္ရေကာင္းမ၀င္ရေကာင္းနဲ႔ျဖစ္ေနတာ ေဒၚေဒၚ.."

"အိုကြယ္..ဖိတ္ထားမွေတာ့ ၀င္လာလိုက္ၿပီးေရာကြယ္ ေဒၚေဒၚတို႔ကအလုပ္မ်ားေနတာနဲ႔ သားတို႔လာတာ မေတြ႕လိုက္တာ....လာလာအထဲ၀င္ၾက"

ခ်မ္းေျမ့တို႔အဖြဲ႕လည္း ဟန္ခ်ီ႕မိခင္ေခၚရာေနာက္သာလိုက္လာခဲ့ေတာ့သည္။ ေဒၚခက္ႏြယ္လည္း ခ်မ္းေျမ့တို႔အဖြဲ႕အား ထမင္း႐ုံဖက္သာ ေခၚခဲ့ေတာ့သည္။ ထမင္း႐ုံထဲတြင္ ဟိုတစ္၀ိုင္း ဒီတစ္၀ိုင္းျဖင့္ လူအနည္းငယ္သာရွိေသးသည္။

"လာလာ...ထိုင္ၾက..အရင္ထမင္းစားၾကေနာ္..ၿပီးမွမ႑ဳပ္ထဲ၀င္ထိုင္ၾက"

"အာ...ေဒၚေဒၚ..ဘာမ်ားကူလုပ္စရာရွိေသးလည္းမသိဘူး ...ထမင္းကၿပီးမွစားမယ္ေလ"

ဟန္ၿငိမ္းမွ ၀င္ေျပာျခင္းျဖစ္သည္။ တျခားသူေတြလုပ္ကိုင္ေနတုန္းမွာ ကိုယ္ေတြကဦးဦးျဖားျဖားစားသည္မွာ မေကာင္းဘူးမဟုတ္လား။

"မဟုတ္တာကြယ္...သားတို႔ကဧည့္သည္ေတြကို..
အလုပ္ကသူ႔ဟာနဲ႔သူႏိုင္တယ္ရယ္...သားတို႔ကူခ်င္သပဆို ညေန ေအာင္ပန္းစီး ဘာညာၾကမွကူ ဟုတ္ၿပီလား"

"သားကိုခန္႔ေလး ဒီဘက္ကိုလာျပင္ေပးပါဦးကြယ္"

ေဒၚခက္ႏြယ္မွာ ေျပာရင္းပင္ ဧည့္သည္မ်ားအား ထမင္းေတာင္းကိုင္ကာ ထမင္းလိုက္ထည့္ေပးေနေသာ ေကာင္ေလးအားေခၚလိုက္သည္။ ခ်မ္းေျမ့ထိုသူ႔ကိုသိသည္။ ထိုသူမွာ ခ်စ္ရသူ၏သူငယ္ခ်င္းပင္ျဖစ္သည္။ အ၀ါႏုေရာင္အက်ႌႏွင့္ထိုသူမွာလည္း အသားျဖဴျဖဴအရပ္ရွည္ရွည္ႏွင့္ လူေခ်ာတစ္ေယာက္ပင္ျဖစ္သည္။

ေဒၚခက္ႏြယ္လွမ္းေခၚလိုက္သည္ေၾကာင့္ခ်မ္းေျမ့တို႔အနားေျပးလာကာ ခ်မ္းေျမ့တို႔တစ္ဖြဲ႕လုံးအားတစ္ခ်က္ေဝ့ၾကည့္ကာ မိ႐ႊန္းမေနရာေရာက္ ထိုလူ႔အၾကည့္မ်ားမွာခဏရပ္တန္႔သြားသည္ကိုသတိထားမိလိုက္သည္။ ေဘးက သူငယ္ခ်င္းမအားၾကည့္ေတာ့လည္း မ်က္ႏွာအားဟိုလႊဲဒီလႊဲႏွင့္...ပါးေတြလည္းနီေနသလို...
ဟမ္..ဒါရွက္ေနတာႀကီးလား...?

ခ်မ္းေျမ့ မိ႐ႊန္းအားတစ္လွည့္ၾကည့္ရင္း ခ်စ္ရသူသူငယ္ခ်င္းဘက္ျပန္ၾကည့္လိုက္ေတာ့ ထိုလူက မ်က္ႏွာလႊဲသြားၿပီး ခ်စ္ရသူမိခင္လွည့္ကာ -

"ငါးေယာက္စာေနာ္...ေဒၚေလး"ဟုဆိုကာ ျပန္ထြက္သြားေတာ့သည္။ ထိုလူထြက္သြားသည္မွာ
ထမင္း႐ုံေဘးရွိ အေဆာင္ငယ္ထဲသို႔ျဖစ္သည္။ ထိုလူထြက္သြားၿပီးေနာက္ ခ်စ္ရသူမိခင္မွာလည္း လုပ္စရာတစ္ခ်ိဳ႕ရွိေသးဟုဆိုကာ ခ်မ္းေျမ့တို႔အား ေအးေဆးသာေနၾကဟုဆိုကာ ထြက္သြားျပန္သည္။ သို႔ႏွင့္ ထမင္း၀ိုင္းတြင္ ခ်မ္းေျမ့တို႔ငါးေယာက္သာ ငုတ္တုတ္ေလးေတြက်န္ခဲ့ေတာ့သည္။

ခဏအၾကာမွာေတာ့ ခ်စ္ရသူ၏ သူငယ္ခ်င္းျဖစ္သူမွာ အေဆာင္ထဲမွျပန္ထြက္လာေတာ့သည္။ လက္ထဲတြင္သယ္လာေသာ ထမင္းေတာင္းမွာလည္း အျပည့္ပင္ျဖစ္ေနသည္။ ၾကည့္ရသည္မွာ ထိုအေဆာင္ကား မိးဖိုေဆာင္ ျဖစ္မည္ထင္သည္။ ထိုလူ႔ေနာက္မွာ ကပ္ပါလာသူကေတာ့ ခ်စ္ရသူေလးပင္။ ပန္းကန္အလြတ္မ်ားအား အထပ္လိုက္သယ္လာေသာ ခ်စ္ရသူေလးအားျမင္သည္ႏွင့္ ခ်မ္းေျမ့မွာထခုန္မိမတတ္ပင္။
အေပ်ာ္လုံးေတြဆို႔ၿပီး ေလေပၚပင္ေျမႇာက္တတ္ခ်င္သလို။ အေၾကာင္းမွာ ခ်စ္ရသူေလးသည္ မိမိကဲ့သို႔ၾကက္ေသြးေရာင္ အက်ႌအား၀တ္ဆင္ထားေသာေၾကာင့္ပင္။ ပုဆိုးသည္ေတာ့ ၾကက္ေသြးေရာင္ႏွင့္အနက္ေရာယွက္ထားသည့္ ေယာဆင္ေလးပင္။အလုပ္လုပ္ေနသည္ေၾကာင့္ထင္၏။ လက္ရွည္အက်ႌအား လက္တံေတာင္ထိေရာက္ေအာင္ ေခါက္ထင္ထားသည္မွာ ၀ါ၀င္းသည့္အသားေရအား အမ်ားျမင္ခြင့္ရေအာင္ အလႉေပးေနသည့္အတိုင္းပင္။

ခ်မ္းေျမ့မွာ မိမိအက်ႌအားျပန္ငုံၾကည့္လိုက္ ခ်စ္ရသူအားၾကည့္လိုက္ျဖင့္ သေဘာအက်ႀကီးက်ေနေလေတာ့သည္။တိုက္ဆိုင္မႈဆိုေပမယ့္ coupleလိုပင္ ျဖစ္သြားသည္မဟုတ္လား။

ဟန္ခ်ီမွာ မိမိအားၿပဳံးစိစိႏွင့္ၾကည့္ေနသူေၾကာင့္
မ်က္ေမွာင္ကုပ္သြားေတာ့သည္။ထိုလူသာမက ထိုလူ႔သူငယ္ခ်င္းမ်ားကပါ ဟန္ခ်ီအားၾကည့္ၿပီး ၿပဳံးစိစိႏွင့္။ ထိုလူ႔ေဘးက ေကာင္မေလးဆို ဟန္ခ်ီအားမ်က္စပစ္ျပရင္း ထိုလူအား တံေတာင္နဲ႔ပင္ တြတ္ေနေသးသည္။ ဤသည္မွဟန္ခ်ီ သတိထားမိသည္က ထိုလူမွာ မိမိႏွင့္အေရာင္တူေသာ အက်ႌအား၀တ္ဆင္လာသည္ကိုပင္။ မဆီမဆိုင္ ဟန္ခ်ီမ်က္ႏွာေလးမွာရဲကနဲပင္ျဖစ္သြားေတာ့သည္။

ခ်စ္ရသူေလးကအနားေရာက္လာေတာ့ ပန္းကန္လြတ္မ်ားအား စားပြဲ၀ိုင္းေပၚခ်ေပးကာ ခ်စ္ရသူသူငယ္ခ်င္းက ထမင္းမ်ားလိုက္ျဖည့္ေပးေတာ့သည္။ ခ်မ္းေျမ့မွာေတာ့ ခ်စ္ရသူလႈပ္ရွားမႈတိုင္းအား အေသးစိတ္လိုက္ၾကည့္
လွ်က္။ ထို႔ေနာက္ ခ်စ္ရသူေလးမွာ တစ္ဖန္ျပန္ထြက္သြားကာ ဟင္းပန္းကန္မ်ားအား သယ္လာေတာ့သည္။ ဒီတစ္ခါ ခ်စ္ရသူႏွင့္အတူ ခ်စ္ရသူ၏ သူငယ္ခ်င္းမေလးပါ ပါလာေတာ့သည္။ သူ(မ)ကေတာ့ ပိေတာက္ေျခာက္ေရာင္ ၀မ္းဆက္ကေလးနဲ႔ အေတာ္ပင္ယဥ္လွသည္။

ခ်မ္းေျမ့မွာ ခ်စ္ရသူေလးသာမက ခ်စ္ရသူ ၏သူငယ္ခ်င္းမ်ားမွာလည္း အေခ်ာအလွေလးမ်ားျဖစ္သည္ကို လက္ခံလိုက္ရသည္။

*ခ်စ္ရသူေလးေလာက္ေတာ့ မလွၾကေပမယ္လို႔ေပါ့!*

"တစ္ခါတည္း ၀င္စားပါလား ဟန္ခ်ီ"

ဤသည္မွာ မိ႐ႊန္း၏ အေျပာျဖစ္သည္။ ဒီတစ္ခါေတာ့ မိ႐ႊန္း၏ လွ်ာရွည္လြန္းသည့္ပါးစပ္ကို ေက်းဇူးတင္မိသြားသည္။ ထမင္းဟင္းေတြလာခ်ေပးၿပီးသည္ႏွင့္ အနားမွထြက္သြားဟန္ျပင္ေနေသာ ခ်စ္ရသူမွာ ရပ္သြားၿပီး လွည့္ၾကည့္လာသည္မဟုတ္လား။

တစ္ဖက္မွမိ႐ႊန္းမွာလည္း မ်က္လုံးကြၽတ္က်မတတ္လိုက္ၾကည့္ေနေသာ သူငယ္ခ်င္းအားသနားသျဖင့္ ၀င္ေျပာလိုက္ျခင္းပင္။

"ဟုတ္သားပဲ ဟန္ခ်ီ....ေမာင္..အဲ ကြၽန္ေတာ္တို႔ႏွင့္အတူတစ္ခါတည္းစားလိုက္ပါလား"

ခ်မ္းေျမ့ပါ၀င္ေျပာေတာ့ ခ်စ္ရသူေလးက -

"ဟုတ္ကဲ့...အာ့ဆို ထမင္းပန္းကန္သြားယူလိုက္ပါဦးမယ္..လာ..ပိုးအိမ္ နင္ပါအတူတူစား"

ေျပာရင္း သူငယ္ခ်င္းမေလးအား ခ်စ္ရသူမွာ လက္ဆြဲေခၚသြားကာ ေစာနက မီးဖိုေဆာင္ထဲသို႔၀င္သြားၾကေလေတာ့သည္။ ဟို ခန္႔ညီဆိုသူကေတာ့ တျခား၀ိုင္းဖက္သြားကာ ထမင္းလိုက္ထည့္ေပးေနၿပီပင္။

"စားၾကပါဗ်...အားမနာၾကနဲ႔ေနာ္"

"ဟုတ္တယ္ရွင္...အ၀သာစားၾက"

ထမင္းပန္းကန္ကိုယ္စီကိုင္လာကာ စားပြဲတြင္၀င္ထိုင္ရင္း ခ်စ္ရသူေလးကေျပာလိုက္ေတာ့ ခ်စ္ရသူ၏သူငယ္ခ်င္းမျဖစ္သူမွာလည္း အၿပဳံေလးႏွင့္၀င္ေျပာရွာသည္။ သို႔ႏွင့္ အားလုံးထမင္းစားဖို႔ျပင္ၾကေတာ့သည္။ စုစုေပါင္း လူ၇ေယာက္ျဖစ္သည့္အတြက္ အနည္းငယ္ေတာ့ က်ပ္သလိုရွိသည္။ ခ်မ္းေျမ့တို႔တစ္ဖြဲ႕လုံး စားပြဲထက္မွ ဟင္းမ်ားအားၾကည့္ရင္း ဗိုက္ပင္မတရားဆာလာသလို.....မည္သည့္စကားမွ်ထပ္မဆိုၾကေတာ့ပဲ
ေခါင္းငုံကာ အားရပါးရစားၾကေတာ့သည္။
ဟင္းမ်ားမွာ ၀က္သား၊ ငါးေျခာက္ထိုး ၊ င႐ုတ္သီးေၾကာ္ ၊ အစိမ္းေၾကာ္ ႏွင့္ သီးစုံခ်ဥ္ရည္ ဟင္းျဖစ္သည္။

ခ်မ္းေျမ့တို႔အဖြဲ႕မွာ စားေကာင္းေကာင္းႏွင့္စားေသာက္ၿပီးေတာ့ ဗိုက္မ်ားပင္တင္းကာ မထခ်င္ေတာ့သလိုပင္ျဖစ္မိသည္။ ခ်စ္ရသူေလးႏွင့္ သူ၏သူငယ္ခ်င္းမကေတာ့ စားၿပီးသားပန္းကန္ေတြအားထပ္ကာ သြားေဆးရန္ျပင္ေတာ့သည္။ ထိုအခါ ခ်မ္းေျမ့မွ ခ်စ္ရသူသူငယ္ခ်င္းမေလး၏လက္ထဲမွ ပန္းကန္မ်ားအား ဆြဲယူလိုက္ကာ -

"ညီမေနခဲ့ပါ...အကိုကူေပးလိုက္မယ္"

ခ်မ္းေျမ့စကားၿပီးၿပီးခ်င္း ထထြက္သြားသည့္ ခ်စ္ရသူေလးပါပင္။ ထုံးစံအတိုင္း ခ်မ္းေျမ့မွာ ေနာက္ကသာ အမွီလိုက္ခဲ့ရေတာ့သည္။ မီးဖိုေဆာင္ထဲေရာက္ေတာ့ စားၿပီးသားပန္းကန္မ်ားအထပ္လိုက္ခ်ထားသည့္ေဘးမွ ဆပ္ျပာရည္မ်ား ေဖ်ာ္ထားေသာ အင္တုံေဘးမွာ ခ်စ္ရသူေလးကထိုင္ခ်လိုက္ကာ ပန္းကန္မ်ားအားစေဆးေတာ့သည္။ ခ်မ္းေျမ့လည္း ခ်စ္ရသူအားကူေပးရန္ ေရသန္႔ထည့္ထားသည့္ အင္တုံေဘး၀င္ထိုင္လိုက္ေတာ့သည္။ ဤအေနအထားမွာ ဟန္ခ်ီကညာဘက္ ခ်မ္းေျမ့ကဘယ္ဘက္ႏွင့္ ေဘးခ်င္းကပ္လွ်က္ပင္။ ခ်စ္ရသူေလးမွ ပန္းကန္မ်ားအား ဆပ္ျပာရည္ထဲသို႔ႏွစ္ကာ ေဆးၿပီး ခ်မ္းေျမ့ေရွ႕ရွိ ေရသန္႔ထည့္ထားေသာ အင္တုံထဲသို႔ခ်သည္။ ခ်မ္းေျမ့မွာ ထိုပန္းကန္မ်ားအား ေရသန္႔ထဲတြင္ တစ္ဖန္ျပန္ေဆးၿပီး ဆယ္ကာ အ၀တ္သန္႔ျဖင့္ ေရေျခာက္ေအာင္သုတ္၍ ေဘးမွပန္းကန္စင္ေပၚသို႔တင္ေပးရသည္။

"ဟန္ခ်ီ.."

ခ်မ္းေျမ့ေခၚလိုက္ေတာ့ ခ်စ္ရသူေလးက ပန္းကန္ေဆးေနရာမွ လွည့္ၾကည့္လာၿပီး ဘာလဲဟူေသာအၾကည့္ျဖင့္ၾကည့္ေလသည္။

"ဒီေန႔ ေမာင္နဲ႔ ဟန္ခ်ီက ဆင္တူေလးေနာ္ စိတ္ခ်င္းမ်ားဆက္ေနသလား...ဟီး"

ခ်မ္းေျမ့အေျပာအား ဟန္ခ်ီ႕ဘက္မွမတုံျပန္ မ်က္ေမွာင္သာကုပ္ၿပီးၾကည့္ကာ ပန္းကန္ေဆးျခင္းကိုသာ ျပန္အာ႐ုံစိုက္ေလသည္။ ခ်မ္းေျမ့မွာေတာ့ မိမအားအဖက္မလုပ္သည့္ခ်စ္ရသူေလးေၾကာင့္ အနည္းငယ္၀မ္းနည္းမိသြားသည္။မ်က္ေမွာင္ကုပ္ထားသည္ေၾကာင့္ မေတာ္စိတ္ဆိုးသြားရင္ျဖင့္ ႏွင္ထုတ္ခံေနရမည္ ဆိုးသည္ေၾကာင့္ ဆက္မေျပာျဖစ္ေတာ့ေပ။ သို႔ေသာ္ တစ္ေယာက္တည္းအူျမဴးစြာ -

"အင္း.....မဟုတ္ေသးဘူး...စိတ္ခ်င္းဆက္တာထက္ ႏွလုံးသားခ်င္းႏွီးေနတာျဖစ္ရင္ပိုေကာင္းမွာ ဟီး..."

တိုးတိုးေလးေရ႐ႊတ္လိုက္ေပမယ့္ ကပ္လွ်က္ျဖစ္ေနေသာ ဟန္ခ်ီမွာ ခ်မ္းေျမ့စကားအား သဲသဲကြဲကြဲၾကားလိုက္ရသည္။ ထိုစကားေၾကာင့္ရွက္သလိုပင္ ျဖစ္သြားကာ မ်က္ႏွာေျပာင္ႏွင့္ ေျပာေနသူအား ရန္ေတြ႕ရန္ လွည့္လိုက္ေတာ့...
သူကကိုယ့္အား​ၾကည့္ေျပာေနသည္မဟုတ္ေပ...
အေရွ႕ကထံရံႀကီးအား ၾကည့္ကာ တစ္ေယာက္ တည္းတဟီးဟီးႏွင့္ေျပာေနျခင္းပင္။ ထို႔လူအျပဳမူေၾကာင့္ ဟန္ခ်ီမွာ ၿပဳံးမိသြားၿပီ ေခါင္းခါမိေတာ့သည္။ မလြယ္...မလြယ္..ခ်မ္းေျမ့ေမာင္ဆိုသူကတကယ္မလြယ္ေပ။ တစ္ခါတစ္ေလ ဤသို႔လည္းအူေၾကာင္ေၾကာင္ႏိုင္ေသးသည္။
ဟန္ခ်ီစိတ္ထဲ ခ်မ္းေျမ့၏ ယခုပုံစံေလးမွာ ခ်စ္စရာေကာင္းသည္ဟုပင္ အနည္းငယ္ထင္မိသည္။ သို႔ေသာ္ တစ္ဖက္ကေသခ်ာၾကည့္ျပန္လွ်င္လည္း ခ်မ္းေျမ့ေမာင္ဟူေသာ အႏွီလူသားသည္ အရင္ဘ၀က ႏြားပြဲစားေသလို႔ ၀င္စားလာသည္ဟုပင္ ထင္ရေလာက္ေပသည္။

10.7.2022(Sun)
//Hnin Satt Hmone☃️❄️
(ဟဲ...မဂၤလာေဆာင္ေနတာနဲ႔ အပိုင္းက နည္းနည္းရွည္သြားၿပီေပါ့ေနာ္>< ေနာက္တစ္ပိုင္းကိုက်န္ေသးတယ္ရယ္ ဟီး...😅)






Continue Reading

You'll Also Like

6.4K 221 17
Tác giả:南风 Đề cử: Tô Mộc Di Editor: Hướng ngoại hay ngại Giới thiệu ___________ Để tránh quả bóng rổ đang lao tới, tôi đặt mông ngồi vào lòng trùm tr...
332K 28.3K 27
Fluff,BL,Short story. "အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။ မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က လှန်ရဲမှာလဲ။" အသုံးအနှုန်းအချို့အတွက် ၁၅ နှစ်အောက်ကလေးငယ...
824K 7.5K 21
အလြန္ရိုင္းပါတယ္ ဘာဗဟုသုတမွမရွိပါဘူး ကိုယ္စိတ္ကိုႏႈိင္ေအာင္ထိန္း wattpad ကိစၥ wattpad မွာထားခဲ႔ ဖင္မယားနဲ႔ ok အသက္မျပည့္ေသးရင္ ေဝးေဝးေဂ်ာင္း not for...