(Book-2)အမြင့်မြတ်ဆုံး ကောင်း...
By Xiao_Yiii
714K 153K 8.6K
ပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာ... More
Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
2.3K 490 13
By Xiao_Yiii
Unicode
အခန်း(၃၇၆) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
"အဲ့ဒါက တွန်းအားပေးထားတယ်လို့တော့ ပြောလို့ မရဘူး။ ငါက စိတ်လိုလက်ရ နေနေခဲ့တာမို့လို့"
ချင်းကျူက အလေးအနက် ပြောလာပြီး သူ့အမူအယာက မှုန်မှိုင်းနေသည်။
"အကယ်၍ ငါသာ လျှိုမိသားစုမှာ အချိန်တစ်ချို့ထိ အတူတူ နေပေးမယ်ဆိုရင် အချိန်ရောက်လာတဲ့အခါမှာ ငါနဲ့အတူ နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ကို လိုက်ခဲ့ပေးမယ်လို့ ကတိပေးထားတယ်"
လင်ရွှမ်းဇီက ဗလာဖြစ်စွာပင် စိုက်ကြည့်နေသည်။
"အစ်ကိုကြီး ချင်းကျူ, အစ်ကို ဒီလို လုပ်စရာ မလိုပါဘူး။ အကယ်၍ အစ်ကိုသာ ဆန္ဒ မရှိဘူးဆိုရင် စိတ်ပူနေစရာ မလိုဘူး ဒီအတိုင်း သူ့ကို လစ်လျူရှုပစ်လိုက်"
ချင်းကျူက ပြုံးလေသည်။
"ငါက ကိုယ်ကျိုးစွန့် အနစ်နာ ခံနေတာ မဟုတ်ပါဘူး။ တကယ်တော့လည်း အခုရက်တွေမှာ သူက ငါ့ကို တစ်ခုခု လုပ်ချင်တဲ့ ဆန္ဒ မရှိဘူးလေ။ အဲ့ဒါတင် မကဘူး သူနဲ့ငါက အချင်းချင်း အမြတ်ထုတ်နေတယ်လို့ ယူဆလို့ရတယ်။ သူက အရင်တုန်းကလည်း နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ကို သွားဘူးတာမို့လို့ လုံးဝ ငါ့ကြောင့်ကြီးပဲတော့ မဟုတ်ဘူး။ အဲ့ဒါက ငါတို့ဘာလို့ အတူတူ ရှိနေနိုင်လဲ ဆိုတာပဲ"
ယန်ထျန်းဟန်မှာ ဘာပြောရမှန်းပင် မသိတော့ပေ။ သူက ခဏလောက် စဉ်းစားလိုက်သည်။
"အစ်ကိုကြီး ချင်းကျူ, လောလောဆယ်မှာ လျှိုမုံချန်က နက်ရှိုင်းဘုံရဲ့ မူလပြန်လာအဆင့် အထွတ်အထိပ် အဆင့်မှာ ရှိနေတယ် ဒါပေမဲ့ သူ့ရဲ့ အဲ့ဒီ ကျင့်ကြံဆင့်ကြောင့် နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲကို ဝင်လို့ မရဘူးလေ"
ယန်ထျန်းဟန်သိသလောက်၊ နက်ရှိုင်းဘုံအဆင့် အောက်ရှိ ကျင့်ကြံသူသာလျှင်  နတ်ဆိုးသားရဲ အင်္သေချေတောအုပ် အတွင်းသို့ ဝင်ရောက်နိုင်တာဖြစ်ပြီး လူတိုင်း၏ ကျင့်ကြံမှုသည် ပဏာအဆင့် ၏ ခိုင်မာသော အရိုး အဆင့်သို့ ရောက်အောင် ဖိနှိပ်ခံရမည်ဖြစ်သည်။
ချင်းကျူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းက လျှိုမိသားစုကို နားမလည်လို့။ အသိအမှတ်ပြု မခံထားရတဲ့ လျှိုမိသားစုရဲ့ အင်အားအကြီးဆုံး အပိုင်းက တကယ်တော့ သူတို့ရဲ့ ကျင့်ကြံဆင့်ကို စိတ်ကြိုက် ဖုံးကွယ်ထားလို့ ရတာပဲ။ အရင်တုန်းက လျှိုမုံချန်လိုပေါ့။ သူက နက်ရှိုင်းဘုံအဆင့်ရဲ့ မူလပြန်လာအဆင့်ကို ရောက်နေခဲ့တာ ရှင်းနေတာတောင် အဲ့ဒီအချိန်တုန်းက ကျင့်ကြံဆင့် လုံးဝမရှိတဲ့ ကျင့်ကြံသူ တစ်ယောက်အဖြစ် ဟန်ဆောင်နိုင်ပြီး သခင်လေးကျန်နဲ့ ငါတောင် မပြောနိုင်ခဲ့ဘူး။ လျှိုမုံချန်က ပဏာမအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် အလွယ်တကူ ပြောင်းလဲလို့ရတယ်"
ယန်ထျန်းဟန်မှာ မနေနိုင်စွာပင် ခေါင်းညိတ်ပြမိသည်။
"ဟုတ်တယ်, ပြီးတော့လေ သူ့ရဲ့ အသွင်အပြင်ကို အလွယ်တကူ ပြောင်းလဲနိုင်တဲ့ အစွမ်းကလည်း တော်တော်လေး အထင်ကြီးစရာပဲ။ နောက်ဆုံးတစ်ခေါက် မြင်ဘူးတာကို မှတ်မိသေးတယ် ဒီလိုပုံစံမျိုး မဟုတ်ဘူး။ သူ့မျက်နှာက ထူးခြားတဲ့ အသွင်အပြင် လုံးဝ မရှိဘူးလို့တောင် ပြောလို့ရတယ်။ အခုချိန်ထိတောင် သူ့ရုပ်ရည်ကို မမှတ်မိတော့ဘူး"
ချင်းကျူက အေးစက်စက် ပြန်ဖြေသည်။
"လျှိုမိသားစုက လူတွေက လူတွေကို ဆက်တိုက် လိမ်လည်လှည့်ဖြားတဲ့ လူတွေ။ အဲ့ဒီ လျှိုကျောက်ယွဲ့လည်း အတူတူပဲ သူတို့ကို သိပ်မယုံနဲ့"
ကြည့်ရတာတော့ ကလဲ့စားချေဖို့က မဖြစ်နိုင်တော့လောက်ပေ။ လင်ရွှမ်းဇီသည်လည်း ချင်းကျူနှင့် လျှိုမုံချန်တို့ရဲ့ ဆက်ဆံရေးအား ပိုပြီးယိုယွင်းလာစေရန် မလိုလားခဲ့။ သူ့ကို လှည့်စားမှု လုပ်ဖို့ ကြိုးစားတာက နှစ်ဆပိုပြီး ခံစားရနိုင်ခြေများကာ ကောင်းကျိုးထက် ဆိုးကျိုးပိုများနေခြေရှိသည်။
လင်ရွှမ်းဇီက ပြောလိုက်၏။
"ဒီကိစ္စက နှောင့်နှေးလို့ မဖြစ်ဘူး မနက်ဖြန် ကျွန်တော်တို့  နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲကို ထွက်ဖို့ မှန်းထားကြတာ။ လျှိုမုံချန်က ကျွန်တော်တို့ကို ထွက်ခွင့်ပေးပါမလား မသိဘူး"
ချင်းကျူက ပြန်ဖြေသည်။
"ငါတို့ကို ထွက်ခွင့် ပြုမလား မပြုဘူးလားဆိုတာက မေးစရာ မလိုဘူး။ သူကိုယ်တိုင်က  နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲကို လပိုင်းလေးအတွင်း ဘယ်နှစ်ခေါက်တောင် သွားဘူးလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အဲ့ဒီနေရာမှာ သူဂရူစိုက်တဲ့ အရာတွေ အများကြီး ရှိနေတယ်လို့ ယူဆမိတာပဲ"
လျှိုမုံချန်သည်လည်း ချင်းကျူအား သူနဲ့အတူ နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲ အတူတူ လိုက်ပြီး ဖြစ်ပျက်ခဲ့သမျှအား ကြည့်ရန် ခွင့်ပြုထားသော်လည်း ချင်းကျူကသာ သူ့စကားကို ဆွဲကိုင်ထား၍ လင်ရွှမ်းဇီနဲ့ သူ့လူများ လာသည်အထိ စောင့်ခိုင်းထားခြင်းပင်။
လင်ရွှမ်းဇီက မျက်မှောင်ဖွဖွ ကြုတ်လိုက်ရင်း ထပ်မေးမိသည်။
" နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲကို ထပ်ခါတလဲလဲ ဝင်ရသည့် အကြောင်းအရင်းက ဘာလဲ?"
ချင်းကျူက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး
"ဒီအပိုင်းနဲ့ ပတ်သက်ပြီး ငါလည်း ရှင်းရှင်းလင်းလင်း မသိရဘူး၊ အဲဒါက နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ရဲ့ အတားအဆီးနဲ့ သေချာပေါက် တစ်ခုခုတော့ ပတ်သက်နေတယ်"
လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်သည်။
"ဒါက ရှောင်လွှဲလို့ မရဘူး, ကျွန်တော် သိသလောက်တော့ အနောက်ဘက် တိုက်မကြီးရဲ့ သြဇာအာဏာရှိတဲ့ မိသားစုကြီးတွေ အားလုံးက  နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ကို  စုံစမ်းစစ်ဆေးဖို့ လူတွေကို စတင်စေလွှတ်နေပြီ"
ချင်းကျူက ပြန်ဖြေသည်။
"အနောက်ဘက် တိုက်ကြီးက နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားတာ။ အကယ်၍ မငြိမ်မသက်သာ ဖြစ်လာခဲ့ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ မသိနိုင်တော့ အနောက်ဘက် တိုက်မကြီးရဲ့ သြဇာအာဏာရှိ မိသားစုတွေက ဒါကို အရမ်း ဂရုစိုက်တယ် ဆိုတာ ပုံမှန်ပါပဲ"
ယန်ထျန်းဟန်က ခေါင်းလေး စောင်းလိုက်ကာ
"အနှေးနဲ့အမြန်တော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးလို့ ရမှာပါ"
*****
လျှိုကျောက်ယွဲ့က မျှော်လင့်ချက် အပြည့်ဖြင့် လျှိုမုံချန်အား စိတ်ပူပန်စွာ ကြည့်နေသည်။
"အစ်ကိုကြီး, ဒီအချိန် အတောအတွင်းမှာ အစ်ကိုကြီး တံခါးပိတ် တရားကျင့်ရာကနေ ထွက်လာလိမ့်မယ်ဆိုတာသာ ကျွန်တော် စောစောသိခဲ့ရင် သေချာပေါက် အပြင်ဘက်မှာ လျှောက်ပြေးနေခဲ့မှာ မဟုတ်ဘူး"
သူ့ရဲ့ ထိုစကားလုံးများက စိတ်နှလုံးသား တစ်ဝက်တစ်ပျက်ဖြင့် ပြောခြင်းမဟုတ်ပဲ တကယ့်ကို စိတ်ရင်းမှန်လှသည့် အတွေးများပင်။
လျှိုမုံချန်က ပေါ့ပါးစွာ ပြန်ပြောသည်။
"ဒီကိစ္စရဲ့ ဖြစ်ပျက်သွားမှု တစ်ခုလုံးကို ငါသိပြီးသွားပါပြီ။ အဲ့ဒါက မင်းကို အပြင်ထွက်ပြီး အတွေ့အကြုံယူဖို့ လှုံ့ဆော်ပေးတဲ့ မိသားစုထဲက တစ်ယောက်ကြောင့်ပဲ"
လျှိုကျောက်ယွဲ့က ခေါင်းညိတ်ပြသည်။
"အကြီးအကဲဟုန်က ပြောတယ် ကျန်းမိသားစုရဲ့ သခင်လေးတောင်မှ တပည့်အဖြစ်နဲ့ အရှေ့ဘက် တိုက်မကြီးဆီသွားပြီး လေ့လာနေတယ်တဲ့။ လျှိုမိသားစုရဲ့ သခင်လေး တစ်ယောက် အနေနဲ့ ကျွန်တော်လည်း သူများနောက်ကောက် ကျလို့ မရဘူးလို့ပြောတယ်။ အဲ့ဒါအပြင်ကို သူက တိုက်ကြီးငါးတိုက်ရဲ့ အတားအဆီးနဲ့ ပတ်သတ်ပြီး စိတ်ပူပန်ရမယ့် အကြောင်းအရာတွေကို ပြောပြခဲ့တာ။ ကျွန်တော်လည်း လူတွေကို သွားရှာပြီး အချက်အလက်တွေ စုဆောင်းသင့်တယ်လို့ ခံစားရလို့"
လျှိုမုံချန်က လက်မြှောက်လိုက်ပြီး လျှိုကျောက်ယွဲ့၏ ခေါင်းလေးအား ဖိထားလိုက်ကာ ပြောလေသည်။
"အနာဂတ်မှာ ငါဒီမှာ မရှိတဲ့အချိန် ဘယ်သူ့ စကားမှ နားမထောင်နဲ့။ အားယွဲ့, လူတွေရဲ့ နှလုံးသားက အန္တာရယ်များတယ်။ အတွေ့အကြုံ ရဖို့အတွက် ထွက်သွားခဲ့တဲ့ ဒီအချိန်လေးအတွင်းမှာ ငါသာ မင်းရဲ့ အဆင်မပြေမှုတွေကို ကူညီဖြေရှင်းပေးဖို့ အရိပ်သက်တော်စောင့်တွေကို မလွှတ်ထားဘူးဆိုရင် ဘယ်နှစ်ခါလောက် သေသွားမလဲတောင် သိရဲ့လား?"
လျှိုကျောက်ယွဲ့မှာ ဖြူဖျော့သွားရပြီး ထိုအကြောင်းကို လုံးဝမသိပုံပင်။
"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ?"
လျှိုမုံချန်က လျှိုကျောက်ယွဲ့၏ လှပသော မျက်နှာဆီသို့ တည့်တည့် လှည့်လိုက်သည်။
"မင်းကို ကြံစည်ဖို့ လုပ်နေတဲ့လူ တော်တော်များများကို ငါဖြေရှင်းပြီးပြီ"
လျှိုကျောက်ယွဲ့က ဗလာဖြစ်စွာ ငေးကြည့်နေရင်း ချက်ချင်းပင် သူ့ရင်ထဲမှာ နားလည်လိုက်သည်။
လျှိုကျောက်ယွဲ့က သူ့မျက်လုံးများအား မှေးကျဉ်းလိုက်၏။
"ကြည့်ရတာ တစ်ချို့လူတွေက အစ်ကိုကြီး လျှိုမိသားစု ခေါင်းဆောင် ဖြစ်နေတာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူးထင်တယ်။ အစ်ကိုကြီးကတော့ အားလုံးသတိထားရမယ်နော်"
လျှိုမုံချန်ကတော့ စိုးရိမ်ခြင်း မရှိပေ။
"မိသားစုရဲ့ ခေါင်းဆောင်ဆိုတာက လိုချင်တဲ့သူကို ဒီအတိုင်း ပေးလိုက်လို့ရတဲ့ အရာမျိုးမဟုတ်ဘူး၊ အခုဆို မိသားစုထဲမှာ၊ ငါ့ရဲ့ ကျင့်ကြံမှုက အမြင့်ဆုံးဖြစ်ပြီး၊ ငါ့ရဲ့ အခွင့်အာဏာက အနက်ရှိုင်းဆုံးပဲ။ အကယ်၍ သူတို့ တွယ်တက်ချင်တယ် ဆိုရင်တော့ နောက်ထပ် နှစ်ရာချီလောက် ကျင့်ကြံလိုက်တာ ပိုကောင်းလိမ့်မယ်"
လျှိုကျောက်ယွဲ့မှာ မပြုံးပဲ မနေနိုင်တော့ပေ။
"နှစ်ရာချီ အချိန် အတောအတွင်းမှာ အဲ့ဒီလူတွေ ဖုန်မှုန့်ဖြစ်သွားမလား ဆိုတာ သေချာပေါက် မပြောနိုင်ဘူး။ ဒါပေမဲ့ အစ်ကိုကြီးကတော့ အရမ်းကို အထင်ကြီးစရာ ကောင်းနေပြီ, ကျွန်တော်တောင် အစ်ကိုကြီး အသက် ဘယ်လောက် ရှိနေပြီလဲ ဆိုတာ မသိဘူး"
လျှိုမုံချန်က အနည်းငယ် စဉ်းစားလိုက်သည်။
"ငါတောင် ရှင်းရှင်းလင်းလင်း မမှတ်မိဘူး"
လျှိုကျောက်ယွဲ့က ထုတ်ပြောလာ၏။
"အစ်ကိုကြီး, အဲ့ဒီ မရီးကလေ, နောက်ဆုံးတော့ သူတို့ဘာတွေဖြစ်ကုန်တာလဲ? ကျွန်တော်ဘာလို့ အစ်ကို သူ့အကြောင်း ပြောတာကို မကြားဖူးရတာလဲ?ပြီးတော့လည်း မရီးကို ကြည့်ရတာ လင်ရွှမ်းဇီဘက်က လူဖြစ်ပုံပဲ။ အစ်ကိုကြီးက သူတို့နဲ့ ဘယ်လို ပတ်သတ်သွားတာလဲ?"
လျှိုမုံချန်က ပြောလာသည်။
"ဒါတွေအားလုံးက နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့တဲ့ အတိတ်က အဖြစ်အပျက်တွေပါ။ ရှင်းပြဖို့ခက်တယ်။ ဒါပေမဲ့ အခုတော့ ချင်းကျူက ငါ့ဇနီးဆိုတာပဲ မင်းကို ပြောပြနိုင်တယ်။ မင်းသူ့ကို နည်းနည်းလောက်ပိုပြီး လေးစားသင့်တယ်"
လျှိုမုံချန်က လျှာတစ်ချက် သပ်လိုက်ပြီး သူ့အစ်ကိုကြီးရဲ့ လှုပ်ရှားမှုတွေက တကယ်ကို မြန်တယ်လို့ ထင်မိသည်။ သူက လျှာလေး ထုတ်ရင်း စိတ်ပူပန်နေဆဲဖြင့် ပြောလာ၏။
"အစ်ကိုကြီး, အစ်ကို့ရဲ့ ဇနီးက ဒေါသသိပ် ထိန်းမနိုင်ပုံပဲ။ ဒါပေမဲ့ သူ့ကျင့်ကြံဆင့်ကျတော့ အရမ်းအံ့သြဖို့ကောင်းတယ်။ သူ့ကိုကြည့်ရတာ ကျွန်တော့်အပေါ် မကျေနပ်ချက်တွေလည်း ရှိပုံပဲ။ တွေ့တာနဲ့တင် ကြိမ်နဲ့ ရိုက်ဖို့ ကြိုးစားတာ ကျွန်တော့်မှာ သေအောင် ကြောက်သွားတာ"
"မင်းက သူ့ကို လူတိုင်းရှေ့မှာ မရီးလို့ ခေါ်လိုက်လို့ ရှက်သွားတာပါ"
လျှိုမုံချန်က အဓိပ္ပါယ်မရှိသော စကားကို စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"နောက်ကျရင် သိုသိုသိပ်သိပ်နဲ့ မသိမသာပဲ ခေါ်လိုက် အဲ့ဒါဆို သူမင်းကို ရိုက်မှာ မဟုတ်ဘူး"
လျှိုကျောက်ယွဲ့က ခေါင်းတစ်ဆတ်ဆတ် ညိတ်ကာ ထိုစကားအား အမှန်ဟု ယုံကြည်သွားရှာသည်။
လျှိုကျောက်ယွဲသည် သူ့မရီးအသစ်အား အလွန်စိတ်ဝင်စားနေပြီး မေးခွန်းမျိုးစုံမေးကာ လျှိုမုံချန်နှင့် သူ့မရီးကြားက အကြောင်းအရာ အားလုံးကို ရှင်းရှင်းလင်းလင်း နားလည်စေချင်သော ဆန္ဒဖြင့် အစ ဆွဲထုတ်နေခဲ့သည်။
လျှိုကျောက်ယွဲ့၏ ကလေးဆန်သော သဘာဝက လျှိုမုံချန်ရှေ့မှာ ထုတ်ဖော်ပြသထားသည်။ သဘာဝကျကျပင် လျှိုမုံချန်သည်လည်း ချင်းကျူနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများအား လျှိုကျောက်ယွဲ့နှင့် ဆွေးနွေးလိုစိတ်ရှိနေ၏။ သို့သော်လည်း သူတို့နှစ်ယောက် အချိန်အတော်ကြာ ပြောနေတာတောင် ချင်းကျူနဲ့ သူတွေ့ခဲ့တုန်းက သူ့အကြောင်းအား ဖုန်းကွယ်ထားခဲ့တဲ့ အချိန်ကာလ ကိုတော့ ထုတ်မပြောပဲ သူ့ရင်ထဲမှာပဲ သိုဝှက်သိမ်းဆည်းထားကာ သူချင်းကျူကို အရင်က ခွင့်မလွှတ်နိုင်တဲ့ တစ်ခုခုကို လုပ်ခဲ့ဖူးတယ်လို့သာ ပြောခဲ့သည်။
ထိုစကားများကို နားထောင်ပြီးနောက်မှာ လျှိုကျောက်ယွဲ့က ခဏမျှ တုံ့ဆိုင်းနေပြီးမှ အသံတိုးတိုးလေးဖြင့် ပြောလာ၏။
"အစ်ကိုကြီး, အဲ့ဒါက လင်ဖုန်းဆိုတဲ့ လူကြောင့်လား?"
လျှိုမုံချန်က ရပ်တန့်သွားပြီးမှ ပြန်မေးသည်။
"မင်းဘာလို့ အဲ့ဒီလို ထင်ရတာလဲ?"
လျှိုကျောက်ယွဲ့က ပြောသည်။
"အစ်ကိုကြီးက အဲ့ဒီလူကို ရှာဖို့အတွက် သေမျိုး ကမ္ဘာကို အမြဲတမ်း သွားနေခဲ့တာလေ။ အစ်ကိုကြီးက သူ့ကို ကြိုက်လို့ သူနဲ့ အတူတူ ရှိနေချင်တာဆိုပြီး အမြဲတမ်း ထင်ခဲ့မိတာ"
လျှိုမုံချန်က စကားမပြောပေ။
လျှိုကျောက်ယွဲ့က ထပ်မေးသည်။
"အစ်ကိုကြီး, သူ့ကို ရှာတွေ့လား?"
လျှိုကျောက်ယွဲ့က ပြောလာသည်။
"ငါသူ့ကို ရှာတွေ့တယ်"
လျှိုကျောက်ယွဲ့က ပြန်ပြော၏။
"အစ်ကိုကြီး, ဒါဆို သူ့ကို သဘောကျနေတုန်းပဲလား?"
လျှိုမုံချန်က လျှိုကျောက်ယွဲအား ကြည့်လာလေသည်။
"ငါချင်းကျူကို စိတ်ထဲ ထည့်ထားပြီးပြီ"
လျှိုကျောက်ယွဲ့၏ မျက်လုံးများက စိုးရိမ်မှုများ ပြည့်နှက်နေသည်။
"အစ်ကိုကြီးက သူ့အပေါ် မှားယွင်းမိတယ်လို့ ခံစားရလို့ သူ့အပေါ် ကောင်းချင်တာလား ဒါမှမဟုတ် သူ့ကိုတကယ်ပဲ အလေးအနက် သဘောကျလို့ သူနဲ့အတူတူ ရှိချင်တာလား?"
လျှိုမုံချန်က တိုးတိုးလေး ပြန်ဖြေလာသည်။
"သဘာဝကျကျပဲ ငါသူ့ကို ကြိုက်လို့ပေါ့"
လျှိုကျောက်ယွဲ့က ခေါင်းခါသည်။
"အစ်ကိုကြီး, ကျွန်တော် အစ်ကိုကြီးကို နားလည်တယ်, အစ်ကိုကြီးက တစ်စိတ်ထဲ ရှိတဲ့သူမျိုး။ လူတစ်ယောက်ကို သဘောကျပြီ ဆိုတာနဲ့ သူတို့ကို ပေါ့ပေါ့တန်တန် ပြောင်းလဲမှာ မဟုတ်ဘူး။ ကျွန်တော့်ကိုပြော မရီးအပေါ်မှာ ခွင့်မလွှတ်နိုင်တဲ့ တစ်ခုခုကို လုပ်ခဲ့မိတာလား?"
လျှိုမုံချန်သည် ရှုပ်ထွေးသော အမူအရာဖြင့် အသက်မပြည့်သေးသော သူ့ညီငယ်ကို ကြည့်နေသည်။
"အားယွဲ့မင်းထင်သလိုမဟုတ်တဲ့အရာတွေ အများကြီးရှိတယ်။ ငါနဲ့ ချင်းကျူကြားက တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက တော်တော်ရှုပ်ထွေးတယ်၊ ငါက သူ့ကို ခွင့်မလွှတ်နိုင်တဲ့ တစ်ခုခုကို လုပ်ခဲ့ပေမယ့် သူနဲ့ အတူနေချင်ခဲ့တာ နောင်တကြောင့်တော့ မဟုတ်ဘူး။"
လျှိုကျောက်ယွဲ့က လျှိုမုံချန်အား ပြန်ပြောသည်။
"အစ်ကိုကြီးက ဒီလောက် ပြောနေပြီ ဆိုမှတော့ ကျွန်တော် စိတ်သက်သာရာရနိုင်ပါပြီ"
လျှိုမုံချန်သည် ခပ်ဖွဖွ မပြုံးပဲ မနေနိုင်တော့ပေ။
"မင်းက ဘာကို စိတ်သက်သာရာရနေတာလဲ?"
လျှိုကျောက်ယွဲ့က ရွှတ်နောက်နောက် ပြုံးသည်။
"စိတ်ရင်းမှန်မှုကို စိတ်ရင်းမှန်မှုနဲ့ပဲ လဲလှယ်လို့ ရနိုင်တယ်။ အဲ့ဒီ သဘောတရားကိုတော့ ကျွန်တော် နားလည်ပါသေးတယ်"
လျှိုမုံချန်က ပြောလာသည်။
"မင်းရဲ့ ဂုဏ်သတင်းက လျှိုမိသားစုထဲမှာတော့ ဟိုတုန်းကတည်းက ပျံ့နှံ့နေခဲ့တာ။ ငါကြားတာတော့ နက်ရှိုင်းကောင်းကင်ဂိုဏ်းကို ရောက်သွားတဲ့ အချိန်မှာ အစေခံလေးတွေကိုတောင် လွှတ်မပေးခဲ့ဘူးဆို"
"ကျွန်တော်က ဒီအတိုင်း ကစားနေတာပါ" လျှိုကျောက်ယွဲ့က ပြောင်ချော်ချော်ပြောသည်။
"ကျွန်တော်က စိတ်လှုပ်ရှားရတာ ကြိုက်တယ်, အလှလေးတွေကိုလည်း သဘောကျတယ်, ကျွန်တော်နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် အဖော်ပြုပေးနိုင်မယ့် အလှလေးမျိုးကို ပိုပြီးတောင် ကြိုက်သေးတယ်။ ကျွန်တော်က သူတို့နဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြစ်ချင်ယုံလေးပါပဲ ဒါအကုန်ပဲ, ကျွန်တော့်ဘာသာ စိတ်ဝင်စားဖို့ ကောင်းတဲ့ လူတစ်ချို့ ရှာတာပါ။ သူတို့နဲ့ အတူတူ ရှိချင်တာ မဟုတ်ဘူး"
လျှိုကျောက်ယွဲ့က သူ့ကိုယ်သူ အကျင့်စာရိတ္တ ကျင့်ဝတ်တွေ အများကြီးရှိတဲ့လူလို့ ယုံကြည်ပြီး လူတွေကို နောက်ပြောင်ပေမယ့် ဘယ်တော့မှ စည်းမကျော်ပေ။ သူက ထိုအလှလေးတွေအား စဉ်းစားပြီး သူတို့အပေါ် ပိုက်ဆံဖြုန်းပေးချင်စိတ် ရှိပေမယ့် တကယ်တော့ ထိုလူများအား သူနဲ့ အဖော်ပြုပေးဖို့အတွက် လိုက်ရှာနေခြင်းသာ။ ဒီထက်ပိုတဲ့ အပြန်အလှန် ဆက်သွယ်မှုများနဲ့ အဆက်အဆံများ မရှိပေ။
လျှိုမုံချန်က ကျင့်ကြံမှုနဲ့ ပတ်သတ်ရင်တော့ သူ့ညီငယ်လေးအပေါ် တောင်းဆိုမှုများ ရှိသော်လည်း တစ်ခြားကဏ္ဍများမှာတော့ သူက ခြွင်းချက်မရှိ နွေးထွေးပြီး ဂရုစိုက်တတ်သော မိခင်လို တည်ရှိမှုမျိုးဖြစ်သည်။ သူက လျှိုကျောက်ယွဲ့အား အလွန်အကြူး အလိုလိုက်သည့် အချိန်များလည်း ရှိသည်ပင်။
လျှိုကျောက်ယွဲ့က သူ့ကိုယ်သူ အကြောဆန့်လိုက်၏။
"အိမ်က သက်တောင့်သက်သာ အဖြစ်ဆုံးပဲ"
လျှိုမုံချန်က ပြောလာသည်။
"ဒီတစ်ခေါက် ကျန်းသခင်လေးနဲ့အတူ အိမ်ပြန်လာတာ ဒီအချိန်လေးပဲ ငြိမ်းငြိမ်းချမ်းချမ်းနေဦး။ ကျန်းမိသားစုကလည်း မင်းတို့အားလုံး အနောက်ဘက် တိုက်မကြီးဆီလာတာကို သိထားတော့ သခင်လေးကို သူတို့အစား ဂရုစိုက်ပေးဖို့ ငါ့ကို ခွင့်ပြုထားတယ်"
ရုတ်တရက် လျှိုကျောက်ယွဲ့က မတ်တပ်ထရပ်လိုက်သည်။
"အစ်ကိုကြီး, ကျန်းယွင်ရှီက ဒီအိမ်ထဲမှာ နေချင်လား မနေချင်လား ဆိုတာကို ကျွန်တော် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကျွန်တော် လင်ရွှမ်းဇီတို့ တစ်ခြားသူတွေနဲ့အတူ နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲလိုက်သွားပြီး အတွေ့အကြုံ သွားယူဖို့ ဆုံးဖြတ်ထားပြီးနေပြီ"
လျှိုမုံချန်က သူ့ကို ကြည့်လာသည်။
"မင်းက ဘယ်လို စိတ်လှုပ်ရှားမှုမျိုးကို စုဆောင်းဖို့ ကြိုးစားနေတာလဲ? လောလောဆယ်မှာ  နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်က အရမ်းအန္တာရယ် များတယ်။ အိမ်မှာပဲ လိမ်လိမ်မာမာနဲ့ နေတာ ပိုကောင်းလိမ့်မယ်"
လျှိုကျောက်ယွဲ့က လက်မလျော့ပေ။
"အန္တာရယ်များလို့လည်း ကျွန်တော် သွားချင်တာပေါ့။ အစ်ကိုကြီးပဲ လင်ရွှမ်းဇီက ဒုတိယ မရှိလောက်အောင်ကို ဉာဏ်ကြီးရှင် ပါရမီရှင် အဖြစ် မွေးဖွားလာခဲ့တာလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ သူ့နောက်ကို လိုက်မယ်ဆိုရင် ကျွန်တော်လည်း သူ့ကံကောင်းမှုရဲ့ သက်ရောက်မှု ခံရပြီး မတော်တဆမှုတွေ လွယ်လွယ်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး"
"ဉာဏ်ကြီးရှင် ပါရမီရှင် အဖြစ် မွေးဖွားလာခဲ့တယ် ဆိုတာက သူဒဏ်ရာမရဘူး ဒါမှမဟုတ် မသေဘူးလို့ ကိုယ်စား မပြုဘူး"
လျှိုမုံချန်က ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။
"အကယ်၍ မင်း အတွေ့အကြုံ လိုချင်တယ်ဆိုရင်  နောက်ထပ် သင့်တော်တဲ့နေရာကို ငါလိုက်ပို့ပေးမယ်။ လောလောဆယ်က နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ကို ဝင်ဖို့ လွယ်ပေမယ့် ထွက်ဖို့ မလွယ်ဘူး။ အရင်ကငါ အကြိမ်ပေါင်းများစွာ ဝင်ဖူးပြီး သတိမထားမိရင် ပြန်မလာနိုင်မှာ စိုးလို့ အကြာကြီး မနေရဲခဲ့ဘူး။ အခုဆို တောအတွင်းပိုင်းကိုတောင် ဝင်ပြီး မစုံစမ်းရဲဘူး။ မင်းရဲ့ ကျင့်ကြံဆင့်က မလုံလောက်သေးဘူး ; ငါစိတ်အေးချမ်း နိုင်မှာ မဟုတ်ဘူး"
လျှိုကျောက်ယွဲ့က မျက်တောင်ခတ်လိုက်ပြီး ပြောလာသည်။
"လတ်စသတ်တော့ အစ်ကိုကြီးက နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲကို ဝင်ပြီးသွားပြီကိုး"
လျှိုမုံချန်က ခေါင်းညိတ်ပြသည်။
"မဟုတ်ရင် ငါဘာလို့ တံခါးပိတ် တရားကျင့်နေရာက စောစော ထွက်လာမယ်လို့ ထင်လဲ?"
5.8.2022
==================
Next Episode
ချီမြို့သို့ ရောက်ရှိခြင်း
==================
Zawgyi
ချင်းကျူက ပြုံးလေသည်။
ချင်းကျူက ပြန်ဖြေသည်။
ချင်းကျူက ပြန်ဖြေသည်။
*****