Forever[Completed]

By Sandara_Jung7

8.7K 1.1K 1.4K

// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော... More

Start this story(Kai)
EP-(1)
EP-(2)
EP-(2)½
Ep-(3)
Ep-(4)
Ep-(5)
Ep-(7) (birthday)
Ep-(8)
Ep-(9)
Ep-(10)
Yeonjun's Birthday (short part)
Ep-(11)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
~~Thanks for reading~~
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(26)
Ep-(27)
Ep-(28)
Ep-(29)
အမှတ်တရသိမ်းမယ်။
Ep-(30)
Ep-(31)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35) (End)
End this story (Yeonjun)

Part-(6)

235 33 6
By Sandara_Jung7

Guest- Hee seung.
.
.
.
-နှစ်မိနစ်ဆယ်လောက်မောင်းပြီးတာနဲ့ ရိုက်ကွင်းနေရာသို့ရောက်သွားကြသည်။ felix၏ကားဖြင့်လာသည်မလို့ မြန်မြန်ရောက်လာကြသည်။ -

Da bin- ရောက်လာကြပြီလား။
Rest roomထဲမှာ အဝတ်အစားတွေထည့်ပေးထားတယ်။ make-upကိုလည်း လုပ်ရဦးမှာမလို့ မြန်မြန်လေးတော့လဲပေးနော်။

Felix/kai - ဟုတ် noona။

-သူတို့လည်း အဝတ်အစားလဲဝတ်ပြီးတာနဲ့ face make-upကိုလိမ်းခြယ်နေသည်။ -

Kai- ဒဏ်ရာလှလှလေးလုပ်ပေးလို့မရဘူးလား။

Felix- ဓားရှရာတို့ဘာတို့လေ....

Taehyun- ဒဏ်ရာလှလှလေးဆိုတာရှိမလားဟ။
မင်းတို့က တိုင်မှာ အပေါ်တပိုင်းဗလာနဲ့ ချည်ခံထားရမှာလေ။ အဲ့တော့ ကျောမှာလည်း အရိုက်ခံပွန်းထားတဲ့ ဒဏ်ရာကိုလုပ်ပေးရဦးမှာ...။ နော် Noona....

Stylist Noona- အွန်း...။

Kai- ဟင်း....

Da Bin- စိတ်မပျက်သွားပါနဲ့။
မင်းတို့က အဲ့တစ်ခန်းဘဲကျန်တာကို အားစိုက်လိုက်ပါ။

Felix- ဟုတ် Noona။
.
.
.
Hyunjin- Noona....
နောက်ဆုံးအပိုင်းမှာ Kai တို့ felixတို့က မပါတော့ဘူးလား။

Da Bin- အွန်း.

Hyunjin- ဒါပေမဲ့ ဒီထဲမှာရေးထားတာတော့ ဧကရီဘေးနားမှာရှိနေရမဲ့ သူတွေက kaiနဲ့ felixနော်။

Da bin- စိတ်မပူပါနဲ့ ။
အဲ့အတွက် အမတို့အကုန်စီစဥ်ပြီးသား။
မင်းတို့ဇာတ်ညွှန်းတွေကအဟောင်းတွေမလို့မပါတာ။ သူတို့နှစ်​ယောက်ရဲ့ lineတွေအမပြန်ပေးထားတာမလို့ အခုနောက် ဇာတ်ညွှန်းထဲမှာ ပါမလာတာ။

Hyunjin- အော်... ဟုတ် noona။
ဒါဆို ဟို....ဓားပြ....

Da bin- စိတ်မပူနဲ့နော်... အမတို့အားလုံးအဆင်ပြေအောင် လုပ်ထားပြီးပြီမလို့ မင်းတို့ကသာ သေချာလေး စိတ်နှစ်ထားပေးကြပါ။

All- Nae Noona။
.
.
.

30 Minutes later....

Royal Love 🎥
Sence-10
1!2!3! Action🎬

-ကိုယ်ရံတော် Goနဲ့ ကိုယ်ရံတော်Moသည်ဓားပြတွေလက်ထဲတွင် တိုက်ခိုက်ခံရပြီး သတိလစ်နေသောအနေအထားဖြင့် ဝါးပင်စုတစ်ခုတွင်ချည်ခံထားရသည်။ အပေါ်ပိုင်းဗလာအနေအထားဖြင့် လက်ကိုစုချည်ခံထားရပြီး ကျောကုန်းတွင်လည်း ရိုက်နှက်ခံထားရသည်မှာ အရှိုးရာ၌ပင် သွေးများစီးနေသည်။-

Taehyun- မင်းတို့ဘာလိုချင်လို့လုပ်နေတာလည်း။
Mo နဲ့ Goကိုပြန်လွှတ်ပေးလိုက်။ မင်းတို့ငါ့ကိုဘဲထိကြည့်လိုက်လေ။

Heeseung- သခင်လေးဆိုကိုမထိဝံ့ပါဘူးဗျာ။
တော်ကြာ မင်းပြစ်မင်းဒဏ်သင့်ပြီး ခေါင်းပြတ်နေရပါဦးမယ်။

Taehyun- မင်းတို့လိုချင်တာ ဘာလည်းလို့ငါမေးနေတယ်လေ။ ဘာလည်း....ငွေလား။

Heeseung- ဟက်!
ငါတို့သာငွေလိုချင်ရင် ဓားပြဘဲလုပ်စားပြီး အေးဆေးအာသာဖြေနေမှာပေါ့။ အခုလိုနေတာ တရားမျှတမှု...

Taehyun- တရားမျှတမှု? ဘာအတွက်လည်း...

Cut!

Juho- မှားနေတယ် taehyun
မင်းကဖမ်းဆီးခံထားရတဲ့လူတစ်ယောက်။ နည်းနည်းပါးပါးချည်ထားတဲ့ကြိုးကိုရုန်းပါဟ...ဒါမှ လွတ်မှာပေါ့....အခုဟာက အသက်မပါဘူး။ မင်းမေးရမှာက "တရား...တရားမျှတမှု ဟုတ်လား။ ဘာ...အတွက်လည်း။ " အရမ်းကိုသိချင်နေတဲ့ပုံစံနဲ့ မော့ကြည့်ခိုင်းတာ။ စိတ်ပျက်စရာတွေကွာ...အချိန်က တစ်ပတ်ဘဲကျန်ပါတယ်ဆိုမှ...ပြန်ရိုက်မယ်...

-juhoအော်လိုက်တော့taehyunကမျက်နှာမကောင်းတော့ပေ။ တကယ်ငိုချင်လာသလိုမျိုးပေ။ လူအများကြီးရှေ့အော်ခံရတယ်...သူအချစ်ဆုံးသူက ကြည့်နေတယ်။ -

1!2!3! Action🎬

Taehyun- တရားမျှတမှုဟုတ်လား။ ဘာ...အတွက်လည်း...

Heeseung- အရင်ကဒီနေရာက ဂျူဂုန်းလို့ခေါ်တဲ့ ရွာလေးတည်ရှိရာနေရာလေးပေါ့....ဒီနေရာလေးက လူတိုင်းကအေးချမ်းတယ်၊ ကူညီတတ်တယ် အဲ့လိုကူညီတတ်တဲ့စိတ်က သူတို့ကိုအန္တရာယ်ပေးလာမယ်ဆိုတာမသိခဲ့ကြဘူး။ နောက်တော့ ဒီရွာကို နန်းတော်က ရဲမက်ဆိုတဲ့လူတွေရောက်လာပြီး တစ်ရွာလုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်။ နန်းတော်က မင်းသားလေးမွေးတော့ အရှေ့မြောက်အရပ်မှာရှိတဲ့ ငါတို့ရွာက မင်းသားလေးရဲ့ကံဇာတာကိုဆိုးရွားစေမယ်ဆိုလို့ ဖျက်ဆီးခဲ့တာတဲ့....။ အဲ့ဒါအတွက် မင်းသားKim Do seung မှာတာဝန်ရှိတယ်။

Taehyun- မဟုတ်ဘူး....တစ်ခုခုလွဲနေတာရှိဦးမှာပါ။
အဲ့လိုမဟုတ်လောက်ဘူး။

Hee seung- အဲ့လိုသိပ်ဟုတ်တာပေါ့ သခင်လေးဆိုရယ်။ အဲ့ဒါကြောင့်နဲ့ ကျွန်တော်တို့အချစ်ရဆုံးမိသားစုဝင်တွေကိုဆုံးရှုံးခဲ့ရတာ။ ဒါကြောင့် ကျွန်တော်တို့လိုချင်တာ သူရဲ့အချစ်ရဆုံးလူဖြစ်တဲ့ သခင်လေး So Young binကိုဘဲ။

ဝှစ်ရှ်

အ့....

-မင်းကြီးနှင့် စစ်သူကြီးတို့ရောက်လာပြီး ကယ်ဆယ်ခြင်းဖြစ်သည်။ မင်းကြီးလည်း အကျိုးအကြောင်းကိုမေးကာ တောင်းပန်ပြီး အကုန်လုံးကိုပြန်လည်ရှင်းပြကာ ကတိတစ်ခုပြုခဲ့လိုက်သည်။ ပြီးမှ သခင်လေးဆိုနှင့် ကိုယ်ရံတော်နှစ်ယောက်ကိုခေါ်ကာ နန်းတွင်းသို့ပြန်လေသည်။ သို့သော် Moသည် ဒဏ်ရာ၏ နာကျင်မှုနှင့် ခံနိုင်အားမရှိတော့သည့်အတွက်အပြင်းဖျားကာ နှစ်ရက်အကြာ၌သေဆုံးခဲ့သည်။ Goသည်လည်း သူ၏ငယ်ပေါင်းကြီးဖော်သူငယ်ချင်းမရှိတော့သည့်အတွက်ကြောင့် သခင်လေးထံမှထွက်သွားရန်တောင်းဆိုသည်။ သခင်လေးကလည်း သူနန်းတော်ထဲတွင်နေထိုင်ရတော့မည်မလို့ စိတ်မပူဖို့ပြောရင်း ခွင့်ပြုပေးလိုက်သည်။ တစ်လအကြာတွင်တော့ သခင်လေးဆိုယောင်းဘင်းကို ဘုရင့်ကြင်ယာတော် မိဖုရားဧကရီ ရာထူးကိုတရားဝင်ခန့်အပ်လိုက်သည်။ ထမ်းမြှားလက်ထပ်လိုက်ပြီး ဘုရင့်၏တရားဝင် ဧကရီတစ်ပါးဖြစ်လာခဲ့သည်။ -

(ဇာတ်ကတော့ဒီလိုပေါ့နော်....
အာသာဒီနားတွေကျော်လိုက်လို့ဖြစ်တယ်မလား။ နှစ်ဖက်ရေးရင် မီမိုရီတွေရှုပ်ကုန်လို့...အဓိကဘဲသွားရအောင်လေ.... နော်😁)

-ဒီဇာတ်ဝင်ခန်းတွေအကုန်ရိုက်ပြီးတာနဲ့ သူတို့အားလုံးချိန်းကာ yeonjunရှိရာ ဆေးရုံသို့ချီတက်လာကြသည်။ -
.
.
.

-ဆေးရုံခန်းတစ်ခုရဲ့ ကုတင်လေးပေါ်တွင် သက်သာရာသက်သာကြောင်းလဲလျောင်းနေသော choi yeonjunဆိုသောလူသည် တကယ်ပင်ခေါင်းထိသွားပြီး ခြေထောက်အဆစ်လွဲသွားသောသူဟုပြောလျှင် ဘယ်သူမှယုံနိုင်မည်မဟုတ်ပေ။ မှန်ကွဲသွားသော ဖုန်းလေးအား သဲကြီးမဲကြီးကြည့်နေရင်း ထမင်းစားချိန်တောင်လွန်ကုန်ပြီဖြစ်သည်။ -

Soobin- အဲ့ဖုန်းကိုချမလား။
ထမင်းမစားဘဲနေမလား။

Yeonjun- ခဏလေး စွာစိရဲ့။

Soobin- အခုချထားလိုက်တော့နော်....။ မဟုတ်ရင် ယူလာတဲ့ ထမင်းဟင်းတွေအကုန်သွန်ပစ်မှာ။

Yeonjun- မင်းကလည်းစိတ်ကြီးဘဲ။
ကိုယ့်အတွက်ချက်လာတာမလား။ ဒါဆို စိတ်သဘောထားပြည့်ဝစွာစားပေးရမှာပေါ့။

Soobin- ဟွန်း....။

"အမယ်...နှစ်ယောက်တည်း သာယာနေကြတာပေါ့လေ။ "

-ထိုစကားကိုဆိုကာ အခန်းထဲသို့ ဝင်လာသော taehyun။ ရိုက်ကွင်းနေရာကနေ တန်းလာကြသည်မလို့ မိတ်ကပ်တွေတောင်မဖျက်လာရသေးပေ။ -

Soobin- ဘယ်ကသာ....စကားနားမထောင်လို့ တီးမလိုကြံနေတာ။

Yeonjun- ကြောက်ပါတယ်ဆို....။

Soobin-ဆေးရုံရောက်ပြီးကတည်းက တစ်နေ့တစ်ခြား ချွဲယောန်ဂျွန်း ခင်ဗျားထူးဆန်းလာတယ်။ ခန္ဓာကိုယ်ထဲမှာမကောင်းဆိုးဝါးရှိရင် အခုထွက်တော့။

Taehyun- အမယ်လေး....။
ဖြစ်နေလိုက်ကြတာ။ ဒါလား....နေမကောင်းတဲ့လူနာက...

Yeonjun- မိတ်ကပ်တွေဖျက်အုန်း။
တော်ကြာ ဆေးရုံကလူတွေလန့်နေဦးမယ်။

Kai- ထားလိုက်။
ပြီးရင်ဓာတ်ပုံသွားရိုက်ကြဦးမှာ။

Felix- သက်သာတယ်မလား yeonjun shi!

Yeonjun- အွန်း သက်သာပါတယ်။
အကုန်လုံးကမေးနေကြပြီး သူငယ်ချင်းတွေက မမေးလာတော့ ငါစိတ်မကောင်းဘူးကွာ။

Beomgyu- အမယ်လေး...အပိုတွေ။

Hyunjin- ပြီးရင်သူဘဲ...... ဟွင်းနော်....ငါပြောလိုက်ရရင် အကုန်ပေါ်ကုန်တော့မယ်။

Yeonjun- တိတ်တိတ်နေတော့။

Boram- အမ Da binနဲ့ Juho shiနဲ့က editor တွေနဲ့ပါသွားလေရဲ့။ နောက်မှသတင်းမေးလာခဲ့ပါမယ်တဲ့။

Yeonjun- အေးပါ ရပါတယ်။

Soobin- မြန်မြန်စား.... ပြီးရင် ဆေးသောက်ရဦးမယ်။

Yeonjun- အွန်း။
မင်းရော...အနားယူပါဦး။ ငါ့ကိုပြုစုပေးနေတာနဲ့ မနားရဘူးဖြစ်နေဦးမယ်။ မျက်နှာတောင်ဖြူစုတ်နေပြီ။ ယုန်ဖြူဖြစ်နေရော...

Soobin- အဲ့လိုဖြစ်လည်းချောတယ်။

Kai/yeonjun/tehyun- ဝေါ့...အော့အော့

Soobin- မင်းတို့ကပါ....

Boram- ဒီနေ့တော့ Soobinအိမ်ပြန်အိပ်ပါတော့။ နင်ရေမချိုးတာ ဘယ်နှရက်ရှိပြီလည်း။ မနက်ဖြန်ဆိုဆေးရုံဆင်းတော့မှာဆိုတော့ တစ်ယောက်တည်းလည်း သူအဆင်ပြေမှာပါ။

Soobin- ဟာ...စောင့်လက်စနဲ့တော့ ဆက်စောင့်လိုက်မယ်။ ရေကချိုးဖူးနေတာဘဲ။ ရတယ်...

Boram- နင် Yeonjun Sambaeကိုကြိုက်နေတာလား။

Soobin- သေလေ။ နင်ကြိုက်လိုက်ပါလား။
ငါကဘာလို့ကြိုက်ရမှာ....

Yeonjun- အေးလေဟယ် နင်ကလည်း။
ဖြစ်နိုင်တာကိုမပြောဘူး။ ငါကလား....ဒီယုန်ကို ပြန်ကြိုက်မှာ။

Soobin- ခင်ဗျား ပြောလေကဲလေ...အင့်ဟယ်...အင်ဟယ်။

Yeonjun- အ့...Choi Soobinနာတယ်။
ငါကလူနာနော်။ မင်းသဲအိတ်မဟုတ်ဘူး။

Soobin- ကြည့်လို့ကိုမရဘူး။ စိနီယာဖြစ်ပြီး အိန္ဒြေကိုမရဘူး။

Kai- သူက အိန္ဒြေကိုရရင်ဘာလုပ်ရမှာလည်း။

-အနားသို့ကပ်လာကာ အနောက်ကနေမေးလာသော kai-

Soobin- မင်းတို့ကောင်တွေ...အေး ငါနဲ့တွေ့မယ်။
ဘယ်နားမှာလည်း... ခြင်ဆေးဘူး။

Taehyun- အား....ကြောက်ပြီ Choi Soobinရေ!!!!!

Kai- သွား...သွားပြီနော်။
သူငယ်ချင်း စတာလို့....သွားမယ် သွားမယ် ။

-soobinခြောက်လိုက်မှ ထွက်ပြေးသွားတဲ့နှစ်ယောက်။ ဒါတောင် kaiက အပေါက်စကနေပြန်ချောင်းကြည့်နေသေးသည်။ taehyunကတော့ ဟိုဘက်စင်္ကြန်ကိုပြေးသွားခဲ့သည်။ soobinကလည်း ဆရာဝန်ဆီသွားမယ်ဟုဆိုကာ အပြင်ထွက်သွားသည်။ မိန်းကလေးဖြစ်တဲ့ ramကတော့ အပြင်မှာ kaiနဲ့ တွတ်ထိုးနေကြသည်။ felixတစ်ယောက်တည်းသာ အခန်းထဲတွင် yeonjunတို့အုပ်စုနဲ့ကျန်ခဲ့သည်။ -

Beomgyu- မင်း...နေကောင်းနေပြီမလား။
ဒါဆို ငါသွားတော့မယ်။ ကျောင်းတက်ရင် ငါလာခေါ်မယ်လို့ အန်တီ့ကိုပြောလိုက်။ နှစ်ရက်သုံးရက်အိမ်မပြန်လို့ မင်းကို ကြိမ်းနေတာ။

Hyunjin- ဟုတ်ပ။
ငါတို့တောင်မနည်းပြောထားရတာ။ ဒီကြားထဲ သိတယ်မလား။ beomgyu အမေကလည်း America ကနေလှမ်း လှမ်းပွားသေးတာ။ နောက်လပြန်လာခဲ့မလို့တဲ့။

Yeonjun- ဒါဆို Paကရော...။

Beomgyu- မင်းPaရောဘဲဟေး...။

Yeonjun- ဘာ။
Paပြန်လာလို့မဖြစ်သေးတာကို...။

Felix- wae?

Hyunjin- အော်...ဒီလိုပါ။ yeonjunက သူအဖေပြန်လာတာက သူcompanyကို ဦးစီးဖို့ တစ်ရက်ကုန်လာသလိုမျိုးဘဲလေ။ သူကမလုပ်ချင်လို့။

Hyunjin- ဒါနဲ့ ခုနကတည်းက စကားသိပ်မပြောဘူး။ ဘာဖြစ်နေတာလည်း felix....

Felix- ပေါ်နေတာလား။
ငါ အိမ်ထောင်ပြုရတော့မယ်။
ငါနဲ့တွဲနေတဲ့လူကိုမှမပြနိုင်ရင် အိမ်ကပေးစားတဲ့ သူဌေးကိုယူရတော့မှာ။ ငါက အမေ အဖေမရှိတော့တာ မင်းသိမှာပါ။ ဒေါ်လေးနဲ့နေရတော့ သူခိုင်းတာလုပ်၊ သူကျွေးတာစားပေါ့...။

Hyunjin- ဒါဆို...ယောက်ျားလေးပေါ့။

Felix- အွန်း................။

-သက်ပြင်းချပြီး ငြီးလိုက်မိတော့ အကုန်လုံးက သူ့ကို မျက်နှာညိုးစွာကြည့်လာကြသည်။ -

Felix- စိတ်မကောင်းပါဘူးကွာ။
ငါလည်း စိတ်ရှုပ်နေတာနဲ့ အကုန်ထုတ်ပြောမိတာဘဲ။

Beomgyu- အဆင်ပြေပါတယ်။ ငါတို့သူငယ်ချင်းတွေအတူတူရှိနေရင် ဒီလိုဘဲလေ။ ခုနက ကလေးတွေနဲ့သာ ကြီးပေါတွေလုပ်နေကြတာ။

Hyunjin- စိတ်မညစ်ပါနဲ့ကွာ။ ငါကူညီမယ် felix
စိတ်ရှုပ်မခံနေနဲ့တော့။

Felix- ဟင်။

Hyunjin- အဲ့ကိစ္စက ငါ့တာဝန်သာထား။ မင်းကခနနေ ငါနဲ့ kaiလေးနဲ့ မုန့်သွားစားရင်သာလိုက်ခဲ့။ မင်းညစ်နေတာတွေပျောက်အောင်လုပ်ပေးလိုက်မယ်။

Felix- အွန်းပါ ငါလိုက်ခဲ့ပေးမယ်။

Hyunjin- အိုကေ....။

-ထိုအချိန် အခန်းထဲသို့soobinပြန်ဝင်လာသည်။ -

Soobin- ဟွန်...စီနီယာတို့ကမပြန်သေးတာလား။

Hyunjin- ဟုတ်တယ်... ဒီကောင်တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ soobinပြန်အလာစောင့်နေတာ။

Soobin- အော်...

Beomgyu- ဒါနဲ့ taehyunရော။

Soobin- အော...hyunက ဒီအကွေ့နားလေးက Dr. Doရဲ့အခန်းရှေ့မှာရှိတယ်။ အဲ့ဒီကိုလိုက်သွားလိုက်နော်။

Beomgyu- အွန်း။

Hyunjin- ဒါဆို felixနဲ့ kaiကိုခေါ်ပြီး hyungပြန်လိုက်ဦးမယ်နော်။

Soobin- Nae....

-Beomgyuထွက်သွားပြီးတော့ စီနီယာhyunjinကလည်း felix hyung နဲ့ Kaiကိုခေါ်ပြီး ထွက်သွားလေသည်။ boramကတော့ အလုပ်ပေါ်လာလို့ သူဌေးဆီထွက်သွားတယ်တဲ့။ -
.
.
.
Beomgyu POV:

-taehyunကိုလိုက်ရှာနေတုန်း...တွေ့ပါပြီ...အခန်းထောင့်တစ်နေရာလေးမှာ ဆရာဝန်တစ်​ယောက်နဲ့ စကားပြောနေတာ။ အဲ့ဆရာဝန်ကလည်း taehyunကို ပါးကိုင်လိုက် ခေါင်းကိုင်လိုက်နဲ့....ကလေးငယ်ကလည်း ပြုံးလို့...။ ဘာတွေလည်း... သူတို့တွေကဘာတွေလည်း။ -

"Taehyun"

-ခေါ်တော့လှည့်ကြည့်လာတဲ့ ကလေးငယ်က မျက်စိပျက် မျက်နှာပျက်ဖြစ်သွားသည့်ပုံ။ အရှေ့ကဆရာဝန်ကိုအတင်းနှင်လွှတ်နေသည်။ -

"Beomgyu hyung"

"သူက ဘယ်သူလည်း "

"အာ...အသိအကိုတစ်ယောက်ပါ။ "

"အော်...ရည်းစားလား "

"မဟုတ်ပါဘူး။
မဟုတ်ဘူး....အထင်မလွှဲသွားနဲ့နော်။
ဘာမှမပတ်သက်ဘူးသိလား။ "

"အင်းပါ။
မဟုတ်ဘူးဆိုရပါပြီ။ အခုဟာကအသည်းအသန်ငြင်းနေတယ်။ "

"အော်...အထင်...အထင်လွဲသွားမှာစိုးလို့ပါ။ "

"အွန်းပါ။ "

"သွားကြမလား။
ခုနက kaiတို့ထွက်သွားတာမြင်လိုက်တယ်။ "

-ထွက်သွားမယ်အလုပ်...

"Hyun ခဏလေး.....

"Hyu...hyung"

Taehyun POV:

-ခဏလေးပြောပြီး လက်ကဆွဲကာ ရုတ်တရက်လာဖက်တဲ့ hyung။ -

"Hyung....ဘာလို့ဖက်တာလည်း။ "

"ခဏလောက် ဒီလိုလေးဖက်ထားလို့မရဘူးလား။ "

"ဘာလို့လည်း"

"ဒီတိုင်း... hyunကိုဖက်ချင်လို့။ "

"Hyun? "

"အွန်း။
Taehyunကိုခေါ်တာ။ "

"သူငယ်ချင်းတွေကလွဲရင်မခေါ်ဘူးတော့ ကြားရတာစိမ်းနေတယ်။ "

"မစိမ်းပါနဲ့တော့ hyunရယ်။
အခုလိုပြောနေတာ ၊ အခုလိုဖက်ထားတာက hyunကို အရမ်းချစ်လို့။ "

"ဗျာ...
မဟုတ်သေးဘ...

- စကားတောင်ပြောလို့မပြီးသေးတာကို ပါးစပ်ကို လက်ညိုးနဲ့ပိတ်ပြီး စိုက်ကြည့်နေတဲ့ beomgyu hyung-

"စိုက်မကြည့်နဲ့လေ..."

-ဘာမှပြန်မပြောဘဲ taehyunရဲ့ခေါင်းလေးကိုကိုင်ကာ နှုတ်ခမ်းကို ထိလိုက်သော beomgyu။
ရုတ်တရက်မို့ taehyunလည်း လန့်သွားရသည်။
စက္ကန့်သုံးဆယ်လောက် ငြိမ်နေပြီးမှ သတိရကာ beomgyuကို တွန်းလိုက်သော taehyun-

"အာ...hyung...hyungကလည်း
ဘာကြီးမှန်းလည်းမသိဘူး "

-ရှက်ကာထွက်ပြေးသွားသော ကလေးငယ်လေးက အနောက်ကိုတောင် ပြန်လှည့်မကြည့်သွားပေ။ -

"Taehyun ....ကလေး ကိုယ့်ကိုအဖြေပြန်ပေးသွားဦးလေ။ ဟိတ်...."

-မသိမသာလေးအနောက်ကပြေးလိုက်သွားရသည်။ အရှက်ကလည်းသည်းတတ်လိုက်တာ၊ -

-ဆေးရုံခန်းထဲက soobinနဲ့ yeonjunမှာလည်း နေ့လယ်စာစားပြီး သူ့ကိုစောင့်ပေးနေတဲ့ကလေးက သူထပ်အရင်အိပ်ပျော်သွာလို့ သက်ရှိပန်းချီကားလေးကို ကြည့်နေရတဲ့အတိုင်း မအိပ်နိုင် မစားနိုင်ဘဲ ထိုင်ကြည့်နေရသေးသည့် yeonjun ကတော့ တစ်ယောက်တည်းပင် ။ -

*Forever*

ကတိပေးပြီး တော်တော်ကြာမှပြန်လာတဲ့လူကို ခွင့်မလွှတ်ပါနဲ့။ Jung Hoseokနဲ့ပေးစားလိုက်ပါ။

နောက်ပြီးတော့ ချစ်readerလေးများကလေ Projectမှာပါတဲ့ ဇာတ်လမ်းလေးကို အစဆုံးဖတ်ချင်လား။ ဖတ်ချင်ရင်ပြောပါချင့်...တင်ပေးပါ့မယ်။ ><><

Continue Reading

You'll Also Like

16.3K 2.7K 21
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
105K 6.3K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
4.8K 596 6
I've never been crush on you.
153K 22K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."