Devil Venerable Also Wants To...

By m_velvetblue

64.1K 7.8K 647

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း

1.3K 227 7
By m_velvetblue

ယခုမှသာလျှင် ဝမ်ရန်အယ်ဟာ
ခန်းမဆောင်သခင်လေးဦးနှင့်
လက်ယာကာကွယ်‌သူပို့ထားသည့်
အဆောင်များမှကြုံရာကိုချိုးဖျက်ရင်း
အထဲမှ အကြောင်းအရာများကို
နားထောင်‌လေတော့သည်။

ရှူယန်ယန်၏ "ဘုရားရေ အရှင်
အမှန်တရားဂိုဏ်းပေါင်းစုကြီးက
စွမ်းအင်တားဆီးအစီအရင်ကို ဖွဲ့စည်း
လိုက်ပြီ။ကျွန်မနဲ့ ခန်းမဆောင်သခင်ချိုးမှာ
ထုတ်သုံးစရာစွမ်းအင်မကျန်တော့ဘူး။
အိုး အခုလိုဆက်သွားနေလို့မဖြစ်တော့ဘူး။
ကျွန်မဒီမှာပဲလှဲချပြီး အရှင်လာကယ်မဲ့
အချိန်ကိုပဲစောင့်နေတော့မယ်။"ဟု
ကြောက်ရွံ့ထိတ်လန့်စွာ အလွန်အကဲ
ချဲ့ကားပြောဆိုသံထွက်ပေါ်လာ၏။

ဝမ်ရန်အယ် : .......

သရုပ်ဆောင်နေသည်ဆိုတာကို သိနေသော်ငြား ယင်ဟန်ကျန်းဒေါသထွက်သွား၏။
"အရှင့်ရဲ့ကာကွယ်သူတစ်ယောက်ဖြစ်ပြီး
အရှင့်ကိုလာကယ်ပေးဖို့ တောင်းဆို
နေသေးတယ်။ကာကွယ်သူဖြစ်ဖို့
မထိုက်တန်လိုက်တာ။"

ဝမ်ရန်အယ် ယင်ဟန်ကျန်းစကားကိုသဘောတူမိသည်။ရှူယန်ယန်၏
သရုပ်ဆောင်စွမ်းရည်မှာ
ယောကျာ်းတစ်ယောက်ကိုဆွဲဆောင်ရာ၌ ထိပ်တန်းဖြစ်သော်ငြား တိုက်ပွဲ၌
ရှုံးနိမ့်ယောင်ဆောင်သည့်နေရာတွင်တော့ညံ့ဖျင်းလှသည်။

ခန်းမဆောင်သခင်ယွမ်းကတော့ ဆန့်ကျင်ဘက်ပင်။ဝမ်ရန်အယ် သူ၏အဆောင်ကိုချိုးဖျက်လိုက်သည့်အခါ
"အရှင် ကျွန်တော်‌မြောက်ဘက်ကတောင်တွေကိုကင်းလှည့်ရင်းအမှန်တရားဂိုဏ်းသားအများကြီးနဲ့ထပ်တိုက်ရင်‌ဆိုင်နေရတယ်။နတ်အဖြစ်ပြောင်းလဲခြင်းအဆင့်နဲ့
အဲ့အဆင့်အထက်ကျင့်ကြံသူတွေကြီးပဲ။ကံကောင်းတာက အခြားခန်းမဆောင်
သခင်နှစ်ယောက်ပါကျွန်တော်နဲ့အတူ
ရှိနေတာပဲ။အဲ့တာကြောင့် ကျန်သမျှ
ချွမ်းယွမ်ဂိုဏ်းသားအကုန်စုစည်းပြီး
ပြန်တိုက်ခိုက်ပါတယ်။ဒါပေမဲ့ သဘာဝ
ဝိဉာဉ်စွမ်းအင်တွေချက်ချင်းကြီး
ပြတ်တောက်သွားတဲ့အတွက် ကိုယ်ပိုင်စွမ်းအင်တွေကိုပဲထုတ်သုံးပြီး
တိုက်နေရတယ်။အချိန်အကြာကြီး
တောင့်ခံနိုင်မှာမဟုတ်ဘူး။ချက်ချင်း စွမ်းအင်တားဆီးအစီအရင်ကိုဖျက်စီးပစ်မှ
ရမယ်။ဒီငယ်သားကအရှင့်ကို
ကောင်းကင်လောင်ကျွမ်းစည်ကို
သုံးပေးဖို့တောင်းဆိုချင်ပါတယ်။"ဟုကပျာကယာပြောသံပေါ်ထွက်လာ၏။

အမှန်တရားဂိုဏ်းသားများကြားရန်
ရည်ရွယ်သည့် ထိုသတင်းစကားနှစ်ခုအရ
ဝမ်ရန်အယ်ဟာကောင်းကင်လောင်ကျွမ်းစည်ကိုယူ‌ဆောင်၍စွမ်းအင်တားဆီး
အစီအရင်ကိုအမြန်ဆုံးချိုးဖျက်ရန်အတွက်ထိုအစီအရင်ရှိရာသို့ဦးတည်သွားသင့်သည်။

အစီအရင်သို့သွားရာလမ်း၌
အလစ်တိုက်ခိုက်ရန် ထိပ်တန်းကျင့်ကြံသူ
များစွာစောင့်ဆိုင်းနေမှာဖြစ်သည်။

ကျေနပ်သွားသည့် ဝမ်ရန်အယ်ဟာ
"လွန်ခဲ့တဲ့ခြောက်လက ဒီအရှင်က
မိုင်ထောင်ချီရေခဲလွင်ပြင်မှာ လေလွင့်
မသေမျိုးတစ်ယောက်နဲ့ ရင်ဆိုင်
တိုက်ခဲ့တယ်။သူဟာ ငါ့ထက်ကျင့်ကြံဆင့်မြင့်တယ်ဆိုပေမဲ့သူနဲ့တိုက်ခိုက်ရတာ
ငါ့ရဲ့ကျင့်ကြံဆင့်တိုးတက်မလာဘူး။
သာမန်တိုက်ပွဲတွေက ငါ့ရဲ့ကျင့်ကြံဆင့်တိုးတက်လာအောင် ပံ့ပိုးပေးနိုင်စွမ်း
မရှိတော့ဘူး။အမှန်တရားဂိုဏ်းတွေ
စုပေါင်းထားတဲ့ အင်အားစုက
ငါ့ကိုစိတ်ပျက်အောင်မလုပ်ဖို့
မျှော်လင့်တယ်။"ဟုပြောလိုက်သည်။

သူဟာအဖြူရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး မျက်စိကျိန်းလောက်သည့်အလျင်ဖြင့်အစီအရင်ရှိရာသို့
ဦးတည်သွား၏။

ယင်ဟန်ကျန်းဟာ ဓားပျံစီးရင်း
လိုက်သော်ငြား ဝမ်ရန်အယ်၏
အရှိန်ကိုမမီပေ။

ယခင်က ဝမ်ရန်အယ်ဟာအရှိန်လျော့၍
ယင်ဟန်ကျန်းကိုစောင့်သည်။သို့သော်
ယခုအကြိမ်တွင်တော့မစောင့်ပေ။
ယင်ဟန်ကျန်း၏ဓားထက် အလင်းတန်းဟာအကြိမ်ပေါင်းများစွာပို၍လျင်မြန်၏။

ဟင်းလင်းပြင်နယ်နိမိတ်သို့
ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော်လည်း
ကောင်းကင်လောင်ကျွမ်းစည်ပေါ်၌
ယခင်ထက်ပိုအဆင့်မြင့်သည့်
ဓားနိုးထလာအောင်လုပ်နိုင်ခဲ့သော်လည်းပဲ
ယင်ဟန်ကျန်းဟာ သူ၏အရှင်ကို
လိုက်မမီနိုင်သေးပေ။

ယင်ဟန်ကျန်း ဝမ်ရန်အယ်ကိုလိုက်မီသည့်အချိန်တွင်တော့ မဟာယနာအဆင့်များစွာနှင့်ထိုအဆင့်အထက်ကျင့်ကြံသူများ၏
အစီအရင်၌ ဝမ်ရန်အယ်ပိတ်မိနေပြီဖြစ်သည်။

ထိုဖြစ်ရပ်ကိုတွေ့သွားသည့်
ယင်ဟန်ကျန်း၏မျက်လုံးတွင်
ဒေါသမီးတောက်လောင်လာပြီး
စွမ်းအင်အရင်းအမြစ်ကိုထုတ်သုံး၍
အရှင့်ဘေး၌အတူတူတိုက်ပွဲဝင်ရန်
အစီအရင်ထံသို့ပြေးဝင်ဖို့ဟန်ပြင်လိုက်၏။

သို့ပေမဲ့ ထိုအချိန်မှာပင် အေးစက်၍
စူးရှလှသည့် "နောက်ဆုတ်"ဟူသည့်
အော်သံကိုသူကြားလိုက်ရသည်။

ယင်ဟန်ကျန်းဟာ ချက်ချင်းအေးခဲသွား၏။
အစီအရင်အပြင်၌ရပ်နေသည့် သူ့ဘက်သို့ဝမ်ရန်အယ်ဟာလှည့်၍ ကျေနပ်ပြုံးဖြင့်
"ဒီအရှင်နဲ့တိုက်ခိုက်ဖို့အတွက် အမှန်တရားဂိုဏ်းတွေက သူတို့ဆီကအမြင့်ဆုံး
ကျင့်ကြံသူတွေထုတ်သုံးမယ်လို့
မထင်ထားခဲ့ဘူး။ဒီအရှင် အရမ်းကို
ကျေနပ်တယ်။ငါ့ရဲ့ပျော်ရွှင်မှုကိုမဖျက်စီးနဲ့။"
ဟုပြောလိုက်သံကိုသူကြားလိုက်ရ၏။

အရှင့်နောက်သူလိုက်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့်အတွက်အရှင့်၏ လုပ်ဆောင်ချက်တိုင်း၊အမူအယာတ်ိုင်းကို
သူတွေ့မြင်ခဲ့ရသည်။ထို့‌ကြောင့်
ယင်ဟန်ကျန်း ဝမ်ရန်အယ်ကိုနားလည်၏။အရှင်ဟာတကယ့်ကိုအံ့ဩ‌နေပြီး
တိုက်ခိုက်ရန်စိတ်အားထက်သန်နေတာ
ဖြစ်ကြောင်းသူခံစားမိသည်။

ဝမ်ရန်အယ်ဟာ ဤစစ်ပွဲအပေါ်
မျှော်လင့်ချက်မြင့်မားစွာထားသည်။
တိုက်ပွဲ၌အမှန်တရားဂိုဏ်းများမှ
မဟာယနာကျင့်ကြံသူဆယ်ယောက်နီးပါးနှင့်ရှန့်ချင်းဂိုဏ်းမှလေလွင့်မသေမျိုး
တစ်ချို့တစ်လေ ပါဝင်လာလောက်သည်
ဟု သူနှင့်ယင်ဟန်ကျန်း ခန့်မှန်းထားကြ၏။
ဆယ်ယောက်ဟာနည်းပါးလွန်းသဖြင့် အသက်အန္တရာယ်နှင့်မကြုံရလျှင်
ကျင့်ကြံဆင့်တိုးဖို့အလွန်ခက်မည်ဟု
ဝမ်ရန်အယ်တွေးထားခဲ့သည်။
အနည်းဆုံးတော့ တိုက်ပွဲ၌သာမန်
ဂိုဏ်းသား‌များပါဝင်မှာဖြစ်သည့်အတွက်
ထိုသူများဟာ သူ့လိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်သည်။

အမှန်တရားဂိုဏ်းများဘက်မှ
မဟာယနာကျင့်ကြံသူ၁၂ယောက်၊‌
လေလွင့်မ‌သေမျိုး၈ယောက်နှင့်
မျိုးဆက် ၁၀ ဘုန်းတော်ကြီးတစ်ပါးပါတိုက်ပွဲတွင်ပါဝင်လာပြီး
အင်အားကုန်ထုတ်သုံးလာလိမ့်မည်ဟု
သူနှင့်ယင်ဟန်ကျန်းလုံးဝကိုမထင်ထားခဲ့ပေ။

၂၁ယောက်သော အဆင့်မြင့်ကျင့်ကြံသူများဟာ စွမ်းအားအမြင့်ဆုံးနတ်ဆိုးကျင့်ကြံသူကိုရအောင်ဖြိုခွင်းမည်ဟု သံဓိဋ္ဌာန်ချထား
ကြပြီးကြိုတင်၍မန္တာန်အစီအရင်တစ်ခု
ဖွဲ့စည်းထားကြကာ ဝမ်ရန်အယ်ကို ထောင်ချောက်ဆင်ထားကြသည်။

စာအုပ်ထဲ၌ ရှန့်ချန်းဂိုဏ်းတစ်ဂိုဏ်းထဲကသာ
အင်အားကုန်သုံး၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။သို့ပေမဲ့ ယခုအချိန်၌မူ
ထိပ်တန်းအမှန်တရားဂိုဏ်းငါးဂိုဏ်းစလုံးသည် ၎င်းတို့၏ အင်အားအကုန်ထုတ်သုံး၍
ပါဝင်တိုက်ခိုက်လာခဲ့သည်။

"ဟား ဟား ဟား ဟား"ဝမ်ရန်အယ်၏
ရယ်သံဟာ ကောင်းကင်ယံတစ်လျှောက်
ဖုံးလွှမ်းသွား၏။

ထိုရယ်သံမှဝမ်ရန်အယ်၏ပျော်ရွှင်နေမှုကို
ယင်ဟန်ကျန်းခံစားရသည်။ဤတိုက်ပွဲ၌
အမှန်တကယ်သေဆုံးသွားမည်ဆိုလျှင်တောင်မှ သူကျေနပ်နေပုံပင်။

ဒါဟာသူတို့အစီအစဉ်ဆွဲထားခဲ့သလို
ဖြစ်မနေချေ။ရန်သူတွေများလွန်းလှသည့်အတွက် အရှင့်ရဲ့အသက်အန္တရာယ်ကို
ထိခိုက်စေနိုင်သည်။

ယင်ဟန်ကျန်း ရပ်နေရင်းမျက်လုံး
မှိတ်လိုက်သည်။ခဏအကြာ
ပြန်ဖွင့်လိုက်သည့်သူ့မျက်လုံး၌ ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့်
ပြည့်နှက်နေပြီး ဓားကိုကိုင်ဆွဲရင်း
အစီအရင်ထံသို့ တုံ့ဆိုင်းမှုမရှိ
သူဦးတည်လိုက်သည်။

ဤအကြိမ်သည်ဝမ်ရန်အယ်၏အမိန့်ကို
မနာခံသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
သူသေမည်ဆိုလျှင်တောင်မှ အရှင်
မသေဆုံးခင် သူသေသွားချင်သည်။
အရှင်အန္တရာယ်ကြုံရချိန်မှာ ဘာအကူအညီမှမပေးနိုင်ဘဲ ကြည့်နေရမှာမျိုးသူမဖြစ်ချင်။

"အယ်ကိတ်ပေါ်လာပြီ။ပိုလစ်ကျဆုံးသွားရင်
အယ်ကိတ်ရူးသွပ်သွားလိမ့်မယ်။သူတို့
နှစ်ယောက်လုံးကိုတစ်ခါတည်းအပြတ်ရှင်းပြီး လူတွေဆီကိုကပ်ဆိုးတွေယူဆောင်လာမဲ့အယ်ကိတ်ရန်ကနေကြိုတင်ကာကွယ်
ရမယ်။" ဟုကျိုရှီဂိုဏ်းခေါင်းဆောင်
ပြောလိုက်သည်။

ရှန့်ချင်းဂိုဏ်းမှလေလွင့်မသေမျိုး
တစ်ဦးဟာ သူ့အမြှီးသူကိုက်ထားသည့်
နဂါးပုံထုဆစ်ထားသောရွှေလက်စွပ်
တစ်ကွင်းကိုထုတ်လိုက်သည်။ထိုလက်စွပ်ဟာ ရှန့်ချင်းဂိုဏ်း၏ မသေမျိုးအသုံးအဆောင်ပစ္စည်းနောက်တစ်ခု
ဖြစ်သည့် နဂါးချုပ်နှောင်လက်စွပ်ပင်။

နဂါးချုပ်နှောင်လက်စွပ်ဟာ မသေမျိုး
တစ်ယောက်ကိုတောင်မှချုပ်နှောင်ထားနိုင်၏။ယင်ဟန်ကျန်းကိုထိတော့မည့်အချိန်၌
ရွှေရောင်နှင့်အနက်ရောင်စပ်လှံရှည်ဟာ
ထိုလက်စွပ်ကို ဒေါင်ကနဲမြည်အောင်
ရိုက်ထုတ်လိုက်သည်။လက်စွပ်ဟာ
နဂါးအသွင်ပြောင်းသွားပြီး ပုဆိန်သွားတပ်
လှံရှည်ကိုချုပ်နှောင်လိုက်သည်။

ထိုလှံရှည်နောက်၌ ဝမ်ရန်အယ်ရှိပြီး
သူဟာယင်ဟန်ကျန်းရှေ့ပိတ်ရပ်၍
ကာကွယ်လိုက်သည်။ထို့နောက်
အသံနိမ့်နိမ့်ဖြင့် "သွား"ဟုအမိန့်‌
ပေးလိုက်သည်။

ယင်ဟန်ကျန်းရဲ့မျက်လုံးဟာ တောက်လောင်နေပြီးဓားကိုတင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ကာ "အရှင်"ဟုခေါ်ရင်း
ဝမ်ရန်အယ်နားမှ ခြေတစ်လှမ်း‌သော်မျှ
သူမဆုတ်ခွာနိုင်ကြောင်းပြသလိုက်သည်။

ဝမ်ရန်အယ်သူ့ကိုနားလည်သည်။ကျိုရှီဂိုဏ်းခေါင်းဆောင်ပြောတာမှန်၏။ပိုလစ်ကျဆုံးသွားလျှင် အယ်ကိတ်ကရူးသွပ်သွားမှာ
အသေအချာပင်။သူ့အရှင်ကိုရန်သူအများကြီးကြားထားခဲ့ပြီး နောက်ဆုတ်သွားတာမျိုး
ယင်ဟန်ကျန်းလုပ်မှာမဟုတ်။

"ဒီအရှင် အသက်ရှင်လျက်ပြန်လာပါ့မယ်လို့မင်းကိုကတိပေးတယ်။"ဝမ်ရန်အယ်ဟာလက်ဆန့်လိုက်ပြီး ယင်ဟန်ကျန်း
ရင်ဘတ်ပေါ်တင်လိုက်သည်။

သူ့မျက်နှာနှင့် ယင်ဟန်ကျန်းမျက်နှာဟာ
အချိန်မရွေးနှုတ်ခမ်းများထိသွားတော့မည့်အလား အလွန်အမင်းကိုနီးကပ်နေသည်။
အရှင့်ရဲ့မျက်လုံးကိုစိုက်ကြည့်နေသည့်
ယင်ဟန်ကျန်းဟာအရှင့်ထံမှ
"ဆယ်နှစ်ကြာရင် စွမ်းအင်တားဆီး
အစီအရင်ပျက်စီးသွားလိမ့်မယ်။ဒီအရှင်
သူတို့ကိုဘယ်လို အနိုင်ယူမလဲဆိုတာကို
စောင့်ကြည့်နေ။"ဟုပြောဆိုသံကို
ကြားလိုက်ရသည်။

သူဟာ နဂါးချုပ်နှောင်လက်စွပ်နှင့်
သတ္တမသတ်ဖြတ်ခြင်းလှံရှည်တို့
ထိခတ်မှု‌ကြောင့်‌ ပေါ်ပေါက်လာသည့်အတားအဆီးကို သိပ်သည်းလှသည့်စွမ်းအားများသုံး၍အက်ကြောင်းထင်‌အောင်
လုပ်လိုက်ကာထိုအက်ကြောင်းမှတစ်ဆင့်ယင်ဟန်ကျန်းကို လက်ဖဝါးဖြင့်တွန်းထုတ်လိုက်သည်။

လွတ်မြောက်သွားသည့် ယင်ဟန်ကျန်းဟာ သူ့နောက်မှအတားအဆီးချက်ချင်း
ပြန်ကောင်းသွားပြီး သူ့အရှင်
ရန်သူ၂၁‌ယောက်နဲ့အတူပိတ်မိသွားတာကိုကြည့်ရုံသာကြည့်နိုင်ပြီး
ဘာမှမတတ်နိုင်ခဲ့ပေ။သူဝမ်ရန်အယ်၏
စွမ်းအားကိုမခုခံနိုင်ပေ။အဝေးတစ်နေရာဆီသို့တွန်းပို့နေသည့် ထိုစွမ်းအားဟာ
အဓိကခန်းမဆောင်ထက် လေဟာနယ်ပေါ်ရောက်မှသာရပ်တော့သည်။

"အရှင်" ဟုအော်ခေါ်လိုက်သည့်
ယင်ဟန်ကျန်းအသံထဲ၌ နာကျင်မှုများစွာ
ပါဝင်နေ၏။ထို့နောက် နတ်ဆိုးဓားနှင့်ပေါင်းစပ်ကာ သွေးရောင်ဓားသွားအသေးစားများအဖြစ်ပြောင်းလဲလိုက်ပြီး မြောက်ဘက်သို့ဦးတည်ပျံသန်းသွားတော့သည်။

ချွမ်းယွမ်ဂိုဏ်းမြောက်ဘက်ရှိတောင်များ၌
ခန်းမဆောင်သခင်များနှင့်၎င်းတို့၏
အင်အားစုများဟာ နတ်အဖြစ်ပြောင်းလဲခြင်းအဆင့်နှင့်ထိုအဆင့်အထက်ကျင့်ကြံသူ၁၀၀ကျော်နှင့်တိုက်ခိုက်နေကြသည်။
စွမ်းအင်တားဆီးအစီအရင်အသက်ဝင်
လာသောအခါ နှစ်ဘက်စလုံးသဘာဝ
ဝိဉာဉ်စွမ်းအင်များသုံးစွဲ၍မရတော့ချေ။

သို့ပေမဲ့ အမှန်တရားဂိုဏ်းသားများသည်
ကြိုတင်ပြင်ဆင်လာကြသည်။တိုက်ခိုက်
နေသည့်အင်အားစုများ၏အနောက်၌ ဟင်းလင်းပြင်နယ်နိမိတ်ကျင့်ကြံသူ
ကိုးဦးဟာ အကွာအဝေးလွှဲပြောင်းအလံများကိုထိန်းချုပ်၍ အကွာအဝေးကွင်းဆက်များဖန်တီးကာအဝေးတစ်နေရာမှာရှိသည့်
စွမ်းအင်ရင်းမြစ်ကြောမှ ဝိဉာဉ်စွမ်းအင်များကိုလွှဲပြောင်းယူနေကြသည်။

အမှန်တရားဂိုဏ်းသားတစ်ဦးချင်းစီတိုင်းဟာ
အကွာအဝေးလွှဲပြောင်းအလံများနှင့်ချိတ်ဆက်ထားသည့် မှော်ပစ္စည်းများကို
သယ်ဆောင်ထားကြသဖြင့် သဘာဝ
ဝိဉာဉ်စွမ်းအင်များကိုသုံးစွဲ၍ရနေသည်။
 
နတ်ဆိုးဂိုဏ်းသားများ သဘာဝဝိဉာဉ်စွမ်းအင်များသုံးစွဲ၍ မရချိန်၌
အမှန်တရားဂိုဏ်းသားများဟာ
သဘာဝဝိဉာဉ်စွမ်းအင်များ သုံးစွဲခွင့်ရနေ၏။
သူတို့ဟာတစ်စထက်တစ်စ အားလျော့
လာမည့် တိုက်ပွဲကိုဆင်နွှဲနေခြင်းဖြစ်သည်။
နတ်ဆိုးဂိုဏ်းသားများ၏ ကိုယ်ပိုင်ဝိဉာဉ်စွမ်းအားများကုန်ဆုံးသွားချိန်တွင်
အမှန်တရားဂိုဏ်းသားများ
အနိုင်ရရှိသွားမှာပင်။

မြှားကဲ့သို့လျင်မြန်လှသည့် ‌သွေးနီရောင်ဓားသွားများစွာဟာ ကောင်းကင်တစ်ခွင်ဖြတ်သန်း၍ပျံသန်းလာကြသည်။
နတ်ဆိုးကျင့်ကြံသူများနားကဖြတ်သန်း
သွားသည့်အခါ ဓားအချို့ဟာ
ခန်းမဆောင်သခင်ယွမ်ဝေ့ရီနံဘေးဝန်းရံပြီး သူနှင့်အတူအမှန်တရားဂိုဏ်းမှ
ကျင့်ကြံသူများ၏တိုက်ကွက်ပုံစံကို‌ ဖောက်ထွင်းရန် တွန်းအားပေးလေသည်။ထို့ကြောင့် သခင်ယွမ်ဝေ့ရီဟာ အမှန်တရားဂိုဏ်းများမှကျင့်ကြံသူများ၏တိုက်ခိုက်မှုအားလုံးကိုခုခံရတော့သည်။

"ယင်ဟန်ကျန်း ငါမင်းရဲ့အဖွားကို
လုပ်ပစ်မယ်။" ခန်းမဆောင်သခင်ယွမ်ဟာဒိုင်းကာကိုကိုင်မြှောက်လိုက်ပြီး
သူနှင့်ယင်ဟန်ကျင်းအားတိုက်ခိုက်လာမှု
များကို ကသုတ်ကရုတ်ခုခံလိုက်၏။

ယင်ဟန်ကျန်းဟာ ခန်းမဆောင်သခင်ယွမ်၏
ဆဲဆိုမှုကိုလျစ်လျူရှုလိုက်သည်။
ခန်းမဆောင်သခင်ယွမ်ဟာ ကမ္ဘာမြေကြီး
ဝိဉာဉ်ရင်းမြစ်ပိုင်ရှင်ဖြစ်ပြီး
ကျယ်ပြောလှသည့်ကမ္ဘာမြေကြီးဟာ
ခုခံ‌ကာကွယ်ပေးသည့်စွမ်းရည်
ပိုင်ဆိုင်သည်။အမှန်တရားဂိုဏ်းသားများ
ကာကွယ်ထားသည့် အကွာအဝေး
လွှဲပြောင်းအလံများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ယင်ဟန်ကျန်းတစ်ယောက်တည်း သွားဖျက်စီး၍မရ။သန်မာသည့်အကာအကွယ်လိုအပ်၏။ထို့ကြောင့်
သူခန်းမဆောင် သခင်ယွမ်ကို
ရွေးချယ်လိုက်တာဖြစ်သည်။

ခန်းမဆောင်သခင်ယွမ်သည် မဟာယနာ
အဆင့်ကျင့်ကြံသူဖြစ်သည်။သို့သော်
ယင်ဟန်ကျန်း၏အမိန့်ကိုသူနာခံရမည်
ဖြစ်ကြောင်းသိ၏။ယင်ဟန်ကျန်းဆိုသည့်အရူးသည်တိုက်ပွဲ၌ သူ့အသက်ကိုပင်
သူပဓာနထားလေ့မရှိ။ပုန်ကန်ဖို့သာ
ကြိုးစားလျှင် ယင်ဟန်ကျန်းဟာ
သူ့ကိုအရင်ဆုံးသတ်ပစ်မှာပင်။
သတ်ပစ်နိုင်စွမ်းလည်းရှိသည်။

ယင်ဟန်ကျန်းကိုဆဲဆိုနေရင်း
ခန်းမဆောင်သခင်ယွမ်ဟာ
"မင်းတို့အရူးကောင်တွေကကော
ဘာလုပ်နေကြတာလဲ။မြန်မြန်ငါနဲ့ကာကွယ်သူယင်ကိုလာကူလေ။မင်းတို့
အရူးတွေလို အူကြောင်ကြောင်သာ
ဆက်ရပ်နေမယ်ဆိုရင် ငါတော့
အသတ်ခံရတော့မှာပဲ။"ဟုအော်လိုက်၏။

ခန်းမဆောင်သခင်ယွမ်၏အော်သံကြောင့်
နတ်ဆိုးကျင့်ကြံသူများဟာ ၎င်းတို့၏
အင်အားများကိုစုစည်းလိုက်ကြပြီး
ခံစစ်ကိုအရေးမစိုက်တော့ဘဲ ယင်ဟန်ကျန်း
အတွက် လမ်းကြောင်းဖွင့်ပေးနိုင်ရန်အတွက်
ထိုးစစ်ဆင်လိုက်ကြသည်။

လွန်လေခဲ့‌လေပြီးသောနှစ်တွေမှာ
ဝမ်ရန်အယ်၏ နာခံတတ်ရန်ဖိအားပေးမှုကိုနတ်ဆိုးကျင့်ကြံသူများ ခံခဲ့ရသည်။
၎င်းတို့သာ ဒီနေ့မတိုက်ခိုက်ခဲ့ပါက
ဝမ်ရန်အယ် သို့မဟုတ် ယင်ဟန်ကျန်း
တစ်ယောက်ယောက်သာတိုက်ပွဲမှာ
မသေဘဲရှင်ကျန်ခဲ့လျှင် စစ်မြေပြင်၌
အင်အားကုန်ထုတ်မသုံးခဲ့သူများဟာ
သေသွားပါစေဟု ဆုတောင်းရမည့်ဘဝသို့
ရောက်ရှိသွားပေလိမ့်မည်။

စစ်ပွဲ၌ သေဆုံးသွားသော်လည်း
ဝိဉာဉ်အကောင်းပကတိကျန်ခဲ့ပါက
ခန်းမဆောင်သခင်ချိုးဆီသွား၍
တစ္ဆေကျင့်ကြံသူဖြစ်လာအောင်လုပ်‌ပေးရန်အကူအညီတောင်း၍ရသေးသည်။
ဝမ်ရန်အယ်ကိုဒေါသထွက်အောင်လုပ်မိပါက
သေချင်ပါသည်ဆိုလျှင်တောင်မှ
သေခွင့်ရတော့မှာမဟုတ်ချေ။

နတ်ဆိုးကျင့်ကြံသူများဟာ သေဆုံးမှာကို
မကြောက်မရွံ့ဘဲ ဆက်တိုက်ထိုးစစ်ဆင်
ကြသောကြောင့် အမှန်တရားဂိုဏ်းသားများ သည်ခုခံရုံသာတတ်နိုင်ကြ၏။အချိန်ယူ၍ တိုက်ခိုက်ပြီးနောက် သွေးရောင်ဓားသွားများတစ်ဖြစ်လဲ ယင်ဟန်ကျန်းဟာအမှန်တရားဂိုဏ်းသားများ၏ခံစစ်ကိုကျော်ဖြတ်လာနိုင်၏။ထိုနေရာ၌အကွာအဝေးလွှဲပြောင်းအလံများဖြင့်ဖန်တီးထားသည့်
စွမ်းအင်အပြည့်အစီအရင်ဖွဲ့စည်းမှု
တစ်ခုကိုသူမြင်လိုက်ရသည်။ဓားသွား
အချို့သုံး၍ အစီအရင်၏အဓိကနေရာကို
ပိတ်ဆို့ပေးရန်ခန်းမဆောင်သခင်ယွမ်ကိုအတင်းအကြပ် တွန်းအားပေး
စေခိုင်းလိုက်သည်။

"ယင်ဟန်ကျန်း ငါမင်းအဖွားကိုမလုပ်တော့ဘူး။ငါတို့ မသေဘဲအသက်သာရှင်ခဲ့မယ်
ဆိုရင် ငါမင်းကိုသေအောင်လုပ်ပစ်မယ်။
မင်းစောင့်နေလိုက်စမ်းပါ။"
ခန်းမဆောင် သခင်ယွမ်ဟာဆဲဆိုနေရင်း
အစီအရင်၏အလယ်၌ အပြင်းအထန်
ခုခံနေရသည်။

ယင်ဟန်ကျန်းမျက်လုံးထဲ၌ ဝမ်ရန်အယ်
တစ်ယောက်သာရှိ၏။ဝမ်ရန်အယ်အတွက်ဆို
သူ့အသက်၊အခြားသူတွေရဲ့အသက်နဲ့
ကမ္ဘာပေါ်ကရှိရှိသမျှသက်ရှိတွေရဲ့
အသက်ကိုစွန့်လွှတ်ရမည်ဆိုလျှင်တောင်မှ
သူစွန့်လွှတ်နိုင်၏။

အစီအရင်အလယ်၌ အပြင်းအထန်
ခုခံနေရသည့် ယွမ်ဝေ့ရီဟာ
သူ့ကိုယ်ပိုင်လက်နက်ရွှမ်းဝူအခွံကို
မဖြစ်မနေထုတ်သုံးရမည့်အဖြစ်သို့
ရောက်ရှိလာ၏။ဝါညစ်ညစ်သံချပ်ကာဟာ
လိပ်ခွံအလား သူ့ကိုယ်‌ကိုဝန်းရံလိုက်ပြီး ဘက်ပေါင်းစုံကိုကာကွယ်ပေးသည်။
ထို့အပြင် အစီအရင်ကိုခုခံနိုင်သည့်အရွယ်အစားသို့ ရောက်သည်အထိ
သူ့ခန္ဓာကိုယ်ဟာလည်းတဖြည်းဖြည်း
ကြီးထွားလာ၏။

တစ်ချိန်တည်းမှာပင် သွေးနီရောင်ဓားသွား
များဟာ နတ်ဆိုးစွမ်းအင်များရစ်သိုင်း
နေသည့်ဓားသွားကိုးချောင်းအဖြစ်
စုစည်းသွားကာ ကျင့်ကြံသူကိုးယောက်၏
ဒန်တိမ်ရှိရာနေရာသို့ဦးတည်သွား၏။

မည်သူတစ်ဦးတစ်ယောက်မျှ ထိုဓားသွားများ၏စွမ်းအားကိုဂရုမစိုက်ဘဲမနေဝံ့။
လူတစ်ဦးတစ်ယောက်၏ ခန္ဓာကိုယ်ကို
ဖောက်ထွင်းသွားပါက ဒန်တိမ်ထဲမှ
ခရမ်းရောင်နန်းတော်မပျက်စီးခဲ့လျှင်‌
တောင် နတ်ဆိုးစွမ်းအင်များခန္ဓာကိုယ်ထဲ
ဝင်ရောက်လာခြင်းကိုတားဆီးနိုင်မှာမဟုတ်။

ကျင့်ကြံသူကိုးယောက်ဟာ အလျင်အမြန်
စွမ်းအင်များသုံးကာ ကိုယ့်ကိုကိုယ်
ကာကွယ်လိုက်ကြ၏။သို့ပေမဲ့
ဓားကိုးချောင်းဟာ ပစ်မှတ်မရောက်ခင်
ကွဲထွက်သွားပြီး မူလမှကွဲထွက်လာသည့်
ဓားကိုးချောင်းဟာအကွာအဝေးလွှဲပြောင်းအလံကိုးခုရှိရာသို့ဦးတည်သွားကြသည်။

မည်သူမျှ ယင်ဟန်ကျန်းဟာသူ့
အသွေးအသားဖြင့်ဖန်တီးထားသည့်
ဓားများဖြင့် မသေမျိုးအသုံးအဆောင်ပစ္စည်းကိုတိုက်ခိုက်လိမ့်မည်ဟုမထင်ထားခဲ့ကြပေ။

အကွာအဝေးလွှဲပြောင်းအလံများဟာ
မသေမျိုးအသုံးအဆောင်ပစ္စည်းစစ်စစ်တော့မဟုတ်။သို့ပေမဲ့ မှော်အသုံးအ‌ဆောင်ပစ္စည်းအဆင့်ထက်ကျော်လွန်ကာ အဆင့်မြင့်
သွားရန်အလားအလာအလွန်ရှိသည်။
ထိုကဲ့သို့မှော်အသုံးအ‌ဆောင်ပစ္စည်းမျိုးကို
မသေမျိုးအသုံးအဆောင်ပစ္စည်း
ဖြစ်ခါနီးဟုသတ်မှတ်ကြသည်။

ထိုလုပ်ရပ်ဟာ ကျောက်တုံးကိုကြက်ဥဖြင့်
ပေါက်သလို၊ဓားသွားကိုလက်ဖြင့်
ခုခံသလိုဖြစ်ရပ်နှင့်အလားသဏ္ဌာန်တူသည်။
နားအူမတတ်ဆူညံလှသည့်ပေါက်ကွဲသံ
ဖြစ်ပေါ်ပြီးနောက် ယင်ဟန်ကျန်းဟာ
ခန်းမဆောင်သခင်ယွမ်၏လိပ်ခွံပေါ်
မတ်တပ်ရပ်လိုက်၏။ခန္ဓာကိုယ်တစ်ခုလုံး
တွင်လည်းဒဏ်ရာများမှ ကျဆင်းနေသည့်သွေးများဖြင့်စိုရွှဲနေပြီး လက်ထဲတွင်
ပျက်စီးနေသောအကွာအဝေးလွှဲပြောင်းအလံကိုးခုကိုကိုင်ထားသည်။

"မင်းတို့တိုက်ချင်ရင် မျှမျှတတတိုက်။"
ယင်ဟန်ကျန်းပါးစပ်ထောင့်မှသွေးများ
ယိုစီးကျနေသော်ငြား သူ့အသံကိုစစ်မြေပြင်
တစ်ခွင်လုံးကြားရ၏။"ချွမ်းယွမ်ဂိုဏ်းက
ဘယ်တုန်းကမှတိုက်ပွဲကိုမကြောက်ဘူး။
ငါတို့အရှင်ကလည်း သူ့ကိုစိန်ခေါ်မဲ့သူ
ဘယ်သူ့ကိုမဆို ကြိုဆိုတယ်။ဒါပေမဲ့
တစ်ခုတော့မှတ်ထား။ငါဆိုတဲ့ယင်ဟန်ကျန်းက ငါ့အရှင်ကိုမသမာတဲ့နည်းတွေသုံးပြီး
ထိခိုက်အောင်လုပ်ဖို့ကြိုးစားတဲ့
ဘယ်သူ့ကိုမဆိုခွင့်မလွှတ်ဘူး။"

အရေးမစိုက်စွာစုတ်ပြဲနေသော
အစီအရင်ကိုးခုကိုပစ်ချလိုက်သဖြင့်
အလံများဟာမြေပြင်ပေါ်သို့ပြန့်ကျဲ
ကျသွား၏။ကျင့်ကြံသူကိုးယောက်ဟာ
ယင်ဟန်ကျန်းနောက်ဆုံးလက်ကျန်
အင်အားဖြင့် မနည်းမတ်တပ်ရပ်နေရတာကို
တွေ့သော်ငြား အနားသို့မကပ်ဝံ့ချေ။

ထိုသို့ ဆုံးဖြတ်ချက်ပြတ်သားသူနှင့်ရင်ဆိုင်
ရသည့်အခါ ထိုသူဟာမိတ်ဆွေပဲဖြစ်ဖြစ်
ရန်သူပဲဖြစ်ဖြစ် မလေးစားဘဲမနေနိုင်ပေ။

အကွာအဝေးလွှဲပြောင်းအစီအရင်
ပျက်စီးသွားသဖြင့် ယင်ဟန်ကျန်းရင်ဘတ်မှလေးလံမှုတစ်ခုပေါ့ပါးသွား၏။
နှစ်ဘက်စလုံးသဘာဝစွမ်းအင်သုံး၍
မရတော့သဖြင့်အရှင်ရှုံးနိမ့်မှာမဟုတ်။

စိတ်သက်သာရာရသွားချိန်၌ သူဟာ
မြေပြင်ပေါ်ပြုတ်ကျသွား၏။

ခန်းမဆောင်သခင်ယွမ်၏လိပ်ခွံ
ပျောက်ကွယ်သွားပြီးနောက်
ယင်ဟန်ကျန်းအား သူ့လက်တစ်ဖက်ဖြင့်လှမ်းဖမ်းလိုက်၏။ထို့နောက်သူတို့၏ ကိုယ်ပိုင်အင်အားစုများရှိရာသို့ ဦးတည်ကာ 'မ' ပြေးရင်းဆဲဆိုလိုက်သည်။
"မအေလိုး ဒီတိုက်ပွဲမှာ ငါရာစုနှစ်အများကြီး စုထားရတဲ့စွမ်းအင်အရင်းအမြစ်တွေ
ဆုံးရှုံးသွားပြီ။ယင်ဟန်ကျန်း မင်းငါ့ကို နောက်ကျအကြွေးပြန်မဆပ်ဘူးဆိုရင်
ငါရှူယန်ယန်ဆီသွားပြီး စွမ်းအင်စုပ်ယူပြီး ပြန်ဖြည့်တင်းတဲ့ပညာကိုသွားသင်မယ်။
ပြီးရင် မင်းစွမ်းအင်တွေခြောက်ကပ်
သွားအောင် ငါစုပ်ယူပစ်မယ်။"

ယင်ဟန်ကျန်းဟာ ယွမ်ဝေ့ရီ၏ဆဲဆိုသံကို
မကြားရပေ။အားပျော့သောအပြုံးလေး
တစ်ခုသူ့နှုတ်ခမ်းပေါ်  ပေါ်လာပြီး
"အရှင် ကျွန်တော် အရှင့်ကို ကျွန်တော်
မသေခင် သေခွင့်မပေးနိုင်ဘူး။"ဟု
တိုးညှင်းစွာရေရွတ်လိုက်သည်။

ထိုအသံကိုကြားပြီး ယွမ်ဝေ့ရီဟာ
"စောက်ရူး"ဟုဆဲလိုက်၏။

အကွာအဝေးလွှဲပြောင်းအလံအစီအရင်ပျက်စီးသွားသဖြင့် နှစ်ဘက်စလုံးဟာညီတူညီမျှဖြစ်သွား၏။တိုက်ပွဲ၏
အနိုင်အရှုံးကိုခန့်မှန်း၍မရတော့ပေ။

မြောက်ဘက်ရှိတောင်များ၌ နတ်ဆိုးနှင့်
အမှန်တရားကျင့်ကြံသူနှစ်ဘက်စလုံးဟာ မီတာပေါင်းမြောက်များစွာကိုယ်စီနောက်ဆုတ်လိုက်ကြ၏။ယင်ဟန်ကျန်း
ဖျက်စီးခဲ့သည့် တိုက်ကွက်ပုံစံကိုပြန်လည်ဖွဲ့စည်းနေကြပြီး နောက်တစ်ကြိမ်ထပ်တိုက်
မည့်တိုက်ပွဲ၌ မှော်အသုံးအဆောင်ပစ္စည်းများကို အဆင်သင့်သုံးနိုင်ရန်
ပြင်ဆင်နေကြသည်။

ခန်းမဆောင်သခင်ယွမ်ဟာ အားစိုက်၍
ယင်ဟန်ကျန်းကိုဘေးကင်းရာနောက်တန်း
ဆီသို့ပြန်ခေါ်လာပြီး ဆေးခန်းမသခင်ဆီပေးလိုက်ကာ"သူ့ကိုကုပေး သူသတိပြန်
ရလာရင်ငါကိုယ်တိုင်သူ့ကိုသတ်ပစ်မယ်။"
ဟုပြောလိုက်၏။

ပြောနေရင်းဖြင့် သွေးများအန်ထွက်လာ၏။
ဆေးခန်းမသခင်ဟာတုန်တုန်ယင်ယင်ဖြင့်
"ခန်းမဆောင်သခင်ယွမ် မင်းကောပဲ
ဆေးကုခံသင့်တယ်။မင်းရဲ့ဒဏ်ရာတွေကလည်း ပြင်းထန်တယ်။"ဟုပြောလိုက်သည်။

"မဟုတ်တာ ငါက ယင်ဟန်ကျင်းလို
အား နည်း တဲ့ ...။"
စကားမဆုံးခင် ခရမ်းနုရောင်ဝတ်စုံ
တစွန်းတစကိုသူမြင်လိုက်ရပြီး
မေ့လဲကျသွား၏။

မိန်းမဆန်၍ ယောကျာ်း၊မိန်းမ မသဲကွဲသော
သွင်ပြင်ရှိသည့် ခန်းမဆောင်သခင်မြောင်
ဟာ ဆေးခန်းမသခင်ကို "ငါသူ့ခန္ဓာကိုယ်ထဲ
နှလုံးစားကပ်ပါးကောင်ထည့်လိုက်
တာကြောင့် သူသတိလစ်သွားတာ။
ကယ်လို့ရမဲ့လူတွေကို‌ ခေါ်သွားလိုက်။
တစ်ဝက်သက်သာသွားရင် သူတို့ကို
တိုက်ပွဲပြန်ဝင်ခိုင်းမယ်။အသက်ရှူနေသေးတဲ့
ဘယ်သူမဆို အပါးခိုခွင့်မရစေရဘူး။"

ဆေးခန်းမသခင်ဟာ နဖူးမှချွေးများကို
သုတ်လိုက်၏။ဤသည်က အကျိုးကြောင်း မဆီလျော်ပေ။ခန်းမဆောင်သခင်ယွမ်သတိလစ်သွားအောင်ပဲလုပ်ဖို့ပဲလိုတာ။
နှလုံးစားကပ်ပါးကောင်လိုကြောက်စရာ
ဂူပိုးကောင်သုံးရန်မလိုပေ။ခန်းမဆောင်သခင်မြောင်သာစစ်ပွဲပြီးချိန်
ပြန်မဖယ်ပေးလျှင် ခန်းမဆောင်သခင်ယွမ်ဟာတစ်သက်လုံးသူ့ထိန်းချုပ်မှုကို
ခံနေရတော့မှာဖြစ်သည်...

"ဟမ်" ခန်းမဆောင်သခင်မြောင်ဟာ
ဆေးခန်းမသခင်ကိုမျက်ခုံးတစ်ချက်
ပင့်ကာကြည့်လိုက်သည်။

သူ့မျက်လုံးတွေဟာ ဒီသခင်ကအခုလို
အခွင့်အရေးရဖို့အချိန်အကြာကြီး
စောင့်ခဲ့ရတာ။ဘာလို့ငါ့ကိုမေးခွန်းတွေ
ထုတ်နေရတာလဲ ဟူသည့်အဓိပ္ပာယ်
အပြည့်နှင့်ပင်။

ဆေးခန်းမသခင်ဟာ ဘယ်ခန်းမဆောင်သခင်ကိုမှဒေါသထွက်အောင်မလုပ်ရဲပေ။
ထို့ကြောင့် ဒဏ်ရာရသူများကို ကုသပေးရန် သူ့တပည့်များကို မသွားခိုင်းလိုက်သည်။

ထိုအချိန်၌ ဝမ်ရန်အယ်ကိုဝန်းရံထား
ကြသည့် ၂၁ယောက်သောကျွမ်းကျင်အဆင့်ကျင့်ကြံသူများတုံ့ဆိုင်းသွားကြသည်။
ကျိုရှီဂိုဏ်းခေါင်းဆောင်ဟာ
"ပိုလစ်တစ်ခုခုကိုလုပ်ချင်တဲ့အခါ
အယ်ကိတ်ကလမ်းဖောက်ပေးလိမ့်မယ်။အကွာအ‌ဝေးလွှဲပြောင်းအစီအရင်
ပျက်စီးသွားပြီ။ငါတို့ အယ်ကိတ်ကို
ဒီမှာပဲထိန်းထားရမှာ။"ဟူ၍
စိုးရိမ်ပူပန်စွာပြောလိုက်သည်။

ဝမ်ရန်အယ်ဟာ ကျေနပ်မှုအပြည့်ဖြင့်
ပြုံးလိုက်၏။"ဒီအရှင်ရဲ့
ရှေ့ပြေးဖြစ်ထိုက်ပါပေတယ်။"

ယင်ဟန်ကျန်းဟာ သူ့လုပ်ရပ်‌တွေကို
သုံးပြီး ဝမ်ရန်အယ့်အပေါ်သစ္စာရှိမှုကို
ပြသနေသည်။

"ငါအစတည်းကအဲ့နည်းလမ်းကို
သဘောမတူခဲ့တာ။"ဟု လျန့်ကျန့်ဂိုဏ်းခေါင်းဆောင်ပြောလိုက်သည်။
"ဝမ်ရန်အယ်နဲ့တိုက်ဖို့ ငါတို့၂၁ယောက်တောင်ရှိတာပဲ။အစီအရင်တွေဘာတွေ
ဘာလို့ လိုမှာလဲ။ငါတို့ သူမပြေးနိုင်အောင်အတားအဆီးချပြီးတိုက်ခိုက်ရုံပဲလေ။"

"အဲ့တာဝောာ့ မင်းမှားသွားပြီ လျန့်ကျန့်
ဂိုဏ်းခေါင်းဆောင်။အဲ့အစီအရင်သာမရှိရင်
မင်းတို့ထဲကဘယ်သူမှ ငါ့ပြိုင်ဘက်
မဟုတ်ဘူး။"ဟုဝမ်ရန်အယ်ပြောလိုက်သည်။

"အောမီတောဖော်"ဟု ရေရွတ်ပြီး
ဝူရှန်းဘုရားကျောင်းမှ ကျောင်းထိုင် ဆရာတော်ဟာ သင်္ကန်းကိုချွတ်ချလိုက်သဖြင့် လက်မောင်း၌ထိုးထားသော
နဂါးရုပ်ပုံတက်တူးပေါ်လာ၏။
ကိုင်ထားသည့်လက်နက်မှ မြင့်မြတ်သည့်
အလင်းတန်းထွက်‌ပေါ်လာပြီးနောက်
အကြင်နာမေတ္တာတရားအပြည့်လေသံဖြင့်
"ဒီဘုန်းကြီးအိုကြီးပါ ပါမယ်ဆိုရင်ကော
လုံလောက်ပြီလား။"ဟုမေးလိုက်သည်။

"တိုက်ကြည့်ရင်သိရမှာပေါ့။"
ဟုပြောပြီးဝမ်ရန်အယ်ပြုံးလိုက်၏။ကောင်းကင်ယံ၌အယ်ကိတ်ကြယ်၏
အထောက်အပံ့ကြောင့် ပိုလစ်ကြယ်ဟာ
ပြိုင်ဘက်ကင်းစွာထွန်းလင်းတောက်ပနေ၏။

ဝမ်ရန်အယ်၏ဝတ်ရုံဟာလည်း
သူ့ဘေးပတ်လည်ရှိ တိုက်ခိုက်လိုစိတ်အပြည့်စိတ်ဆန္ဒများ‌ကြောင့် လူးလွန့်နေ၏။

မဟာယနာကျင့်ကြံသူ၌ သဘာဝဝိဉာဉ်
စွမ်းအင်များသုံးစွဲခွင့်မရှိခဲ့လျှင်တောင်မှ
၎င်းတို့၏ကိုယ်ပိုင်ဝိဉာဉ်စွမ်းအင်များဟာ
အနှိုင်းဆမဲ့၏။စစ်ပွဲဟာ ဆယ်နှစ်ကြာဆက်လက်ဖြစ်ပွားနေသည်။

ဆယ်နှစ်ကြာစစ်ပွဲ၌ ပိုင်လီချင်းမြောင်နှင့်
အခြားတပည့်များဟာ ယောင်ဝမ်တန်နှင့်အတူ ၎င်းတို့ဘက်မှဂိုဏ်းသားများ၏
မရေတွက်နိုင်သောအလောင်းများစွာကို လိုက်လံသိမ်းဆည်းရသည်။သေဆုံးသည့်အရေအတွက်ဟာ ဒဏ်ရာရအရေအတွက်ထက်များစွာသာလွန်၏။ဒဏ်ရာရအရေအတွက်၌လည်း အပြင်းအထန်
ဒဏ်ရာရသူပိုများပြား၏။ဒဏ်ရာမပြင်းထန်ပါကလည်း ဒဏ်ရာကိုကုသပြီးလျှင်
တိုက်ပွဲထဲပြန်ဝင်ရ၏။

ဤစစ်ပွဲ၌ အမှန်တရားဂိုဏ်းများကောနတ်ဆိုးဂိုဏ်းများပါအထိနာသည်။

ကျင့်ကြံသူများ အသက်ဆုံးရှုံးသွားသဖြင့်
နေနှင့်ကြယ်များတောက်ပလာပြီး သာမန်လူ့လောက၌ ဆယ်နှစ်ကြာ ဥစ္စာဓန
ပေါကြွယ်ဝ၍အောင်မြင်ဖြစ်ထွန်းလာသည်။
စစ်ပွဲများရပ်တန့်သွားကာ ရွှေခေတ်သို့
စတင်ဝင်ရောက်လာသည့်
ခေတ်တစ်ခေတ်၏အစဖြစ်လာ၏။

ဆယ်နှစ်ကြာပြီးနောက် နှစ်ဘက်စလုံးရှိ
ဝိဉာဉ်စွမ်းအင်များကုန်ခမ်းလာ၏။

ချိုးဟုန်ရွှယ်၏ အရိုးစုလက်ချောင်းများဟာ
ရှုယန်ယန်ကိုသာယာမှုခန်းမဆီမှ
ဆွဲထုတ်လာပြီးနောက်"အချိန်နီးနေပြီ။"
ဟုအေးစက်စက်ဖြင့်ပြောလိုက်သည်။

ရှူယန်ယန်ဟာ သူ၏အဝတ်အစားများကိုဝတ်ဆင်လိုက်ပြီး မျက်နှာအုပ်ဆောင်း
အုပ်လိုက်ကာ "ငါသိပါတယ်။ငါက
ဒီအစီအစဉ်ရဲ့အဓိကလူတစ်ယောက်ပဲကို။
နင်ပြောကြည့် ဝိဉာဉ်စွမ်းအင်တွေကုန်ခမ်းသွားပြီဆို‌တော့ စစ်မြေပြင်မှာတစ်ယောက်နဲ့တစ်ယောက်တံတွေးနဲ့ထွေးကြမှာလား။"

"ပါးစပ်ပိတ်ထား"ချိုးဟုန်ရွှယ်
ရှူယန်ယန်နှင့်စကားပြောရန်စိတ်မဝင်စား။
သူဟာ ရှူယန်ယန်ကို စွမ်းအင်တားဆီး
အစီအရင်ရှိရာသို့တွန်းပို့လိုက်၏။

ရှူယန်ယန်ဟာ လေထဲ၌ကျက်သရေ
အပြည့်ဖြင့်လှည့်လိုက်ပြီးအစီအရင်ရှိရာသို့နတ်သမီးတစ်ပါးအလားဆင်းသက်လိုက်၏။

တစ်ချိန်တည်းမှာပင် ချိုးဟုန်ရွှယ်ဟာ
သွေးမြူများကိုဖယ်ရှားလိုက်၏။
စွမ်းအင်တားဆီးအစီအရင်ထဲမှ
ဟယ့်ဝမ်းချောင်ဟာမျက်နှာအုပ်ထားသည့်အမျိုးသမီးတစ်ဦးသူ့ကိုပြုံးပြ၍ အတားအဆီးကိုဖြတ်ကျော်ပြီး
သူ့ဆီသို့လက်ဆန့်တန်းလာတာကို
မြင်လိုက်ရသည်။

"ဘယ်လိုလုပ်.."
သူဆယ်နှစ်ကြာထိန်းသိမ်းလာသည့်
အတားအဆီးဟာ နတ်ဆိုးဂိုဏ်းသားများ
အလွယ်တကူဖျက်စီးပစ်လို့ရပြီး
၎င်းတို့၏ခွင့်ပြုချက်ကြောင့်သာ သူတို့
ယခုထိအသက်ရှင်နေသေးတာဖြစ်ကြောင်း
သိလိုက်ရသည့် ဟယ့်ဝမ်းချောင်ဟာ
ထိုကဲ့သို့ဖြစ်ရပ်မျိုးကြုံရမည်ဟု ဘယ်တုန်းကမှမထင်ထားခဲ့ပေ။

"ကျွန်မကိုမှတ်မိသေးလား
အချစ်လေး ဟယ့်"ရှူယန်ယန်ဟာ
မျက်နှာအုပ်ကိုချွတ်ပစ်လိုက်ပြီး နွေးနွေးထွေးထွေးဖြင့်ချစ်စဖွယ်
ပြုံးပြလိုက်ပြီးနူးနူးညံ့ညံ့မေးလိုက်၏။

"မိန်း မိန်းကလေးရှူ "ဟယ့်ဝမ်းချောင်အံ့ဩသွား၏။သူ့ဒန်တိမ်မှနာကျင်မှုတစ်ခုခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်သည့်အခါ
ဒန်တိမ်ထဲသို့ ရှူယန်ယန်၏လက်ချောင်းများ
ထိုးသွင်းထားတာကိုတွေ့လိုက်ရသည်။

"ငါဘာလို့ အကာအကွယ်အတားအဆီးထဲ
ဝင်နိုင်တာလဲဆိုတာကို နားမလည်နိုင်
ဖြစ်နေလား။"ရှူယန်ယန်ဟာရယ်မော၍
"ဒီကာကွယ်စောင့်ရှောက်သူက သူပေးထားတဲ့စွမ်းအင်အရင်းအမြစ်ကို သူလိုချင်တဲ့အချိန်ပြန်ယူလို့ရတယ်။မမေ့နဲ့ ငါတို့တွေက
နှစ်ဝက်လောက်စုံတွဲကျင့်ကြံခဲ့တာ။
ငါတို့ရဲ့စွမ်းအင်အရင်းအမြစ်တစ်ခုနှင့်
တစ်ခုကရောယှက်နေပြီးသား။တစ်ခုနဲ့တစ်ခု
သဟဇာတလည်းဖြစ်နေတာမလို့
ငါသာဝင်ချင်တယ်ဆိုရင် မင်းကအလိုအလျောက်တံခါးဖွင့်ပေးမှာ။"

"အဲ့တာဆို ဘာလို့ဆယ်နှစ်အချိန်ဆွဲထားတာလဲ။"ဟယ့်ဝမ်းချောင် ရှူယန်ယန်ပြောစကားများကိုမယုံချေ။

"အဲ့တာ ငါတို့ရဲ့အရှင်အမိန့်ကြောင့်"
ရှူယန်ယန်သက်ပြင်းချလိုက်၏။
"သူပြောတာတော့စွမ်းအင်တားဆီးအစီအရင်က အကျိုးအမြတ်တစ်ခုတဲ့။သဘာဝဝိဉာဉ်
စွမ်းအင်တွေသုံးပြီးဆယ်နှစ်ကြာတိုက်ခိုက်မယ်ဆိုရင် ဒီကမ္ဘာကသဘာဝဝိဉာဉ်စွမ်းအင်တွေခမ်းခြောက်သွားမှာ။လယ်ကွင်း‌တွေမှာလည်းအသီးအနှံတွေမဖြစ်ထွန်းတော့ဘူး။အခုဆိုရင်အားလုံးဟာပင်ပန်းနေပြီး
ဝိဉာဉ်စွမ်းအင်အများကြီးသုံးနိုင်တော့မှာမဟုတ်ဘူး။ဒီအချိန်က အစီအရင်ကို
ဖျက်စီးပစ်ဖို့အကောင်းဆုံးအချိန်ပဲ။"

သူ့လက်ကိုအသာအယာအားစိုက်ထုတ်
လိုက်ပြီး ဟယ့်ဝမ်းချောင်၏အခြေတည်စ
ဝိဉာဉ်ကိုဒန်တိမ်ထဲမှဆွဲထုတ်လိုက်၏။
"ဒီကာကွယ်သူပေးထားခဲ့တာတွေကို
အတိုးနဲ့ပြန်ပေးရမယ်။အလဲအလှယ်အနေနဲ့
မင်းရဲ့အခြေတည်စဝိဉာဉ်ကို
ငါယူလိုက်မယ်။"

"ရှူ ..မင်း ..ငါ့ကိုချစ်ခဲ့ဖူးလား။"
ဟယ့်ဝမ်းချောင်ဟာ အခြေတည်စဝိဉာဉ်
သူ့ခန္ဓာကိုယ်ထဲမှဆွဲထုတ်ခံနေရသည့်
ကြားက ထိုအဓိပ္ပာယ်မရှိသည့်မေးခွန်းကိုမေး၏။

ရှူယန်ယန်ပြုံးလိုက်ပြီး "ငါ့အတွက်တော့စွမ်းအင်စုပ်ယူပြီးပြန်ဖြည့်တင်းတာက နင်တို့အမှန်တရားကျင့်ကြံသူတွေ သဘာဝစွမ်းအင်ကိုစုပ်ယူပြီးကျင့်ကြံတာမျိုးနဲ့တူတူပဲ။
နင်ကျင့်ကြံနေတဲ့သဘာဝဝိဉာဉ်စွမ်းအင်တွေကို နင်ချစ်ဖူးလို့လား။"ဟုအေးစက်စက်
ပြန်ဖြေလိုက်သည်။

ဟယ့်ဝမ်းချောင်ဟာနှလုံးသားကင်းမဲ့သည့်ထိုစကားများကိုမယုံဟန်ဖြင့်မျက်လုံး
ပြူးကျယ်သွား၏။

"အာ ဟုတ်တယ်။ဝိဉာဉ်စွမ်းအင်တွေတောင်မှ
များတာတွေ နည်းတာတွေ သန့်စင်တာတွေ
ရောနှောနေတာတွေ ရှိသေးတာပဲ။
ဒီကာကွယ်သူအတွက်ကတော့ မင်းက
ပျင်းဖို့ကောင်းပြီး ကိုယ့်ကိုကိုယ်ပဲသိတဲ့
စွမ်းအင်အစုအဝေးကြီးပဲ။ငါ့အချစ်လေးတွေကိုမယှဉ်နိုင်ဘူး။"

သူဟာ ရုတ်တရက်ပြင်းထန်စွာဖြင့်
ဟယ့်ဝမ်းချောင်၏ အခြေတည်စအဆင့်
ဝိဉာဉ်ကို ခန္ဓာကိုယ်ထဲမှဆွဲနှုတ်လိုက်၏။
ဟယ့်ဝမ်းချောင်ကောင်းကင်ပေါ်က
ပြုတ်ကျလာပြီး ဝိဉာဉ်တားဆီး
အစီအရင်လည်းပျက်စီးသွား၏။

ချိုးဟုန်ရွှယ်၏ ဆာလောင်တစ္ဆေများဟာ
ချက်ချင်းပင် အစီအရင်ထဲရှိ တပည့်များ
ဆီသို့ သွားကပ်တွယ်တော့သည်။

မှတ်ချက်

၁။ရွှမ်းဝူဟာတရုတ်ဒဏ္ဍာရီထဲက
ကမ္ဘာမြေကြီးရဲ့အချက်အချာနေရာ
လေးခုရဲ့အစောင့်အရှောက်
မိုးပြာရောင်နဂါး၊လိပ်နက်၊ကျားဖြူနဲ့
ဟင်္သာပဒါးဌက် တို့ထဲက
လိပ်နက်ပဲဖြစ်ပါတယ်။

၂။ဂူဆိုတာဟာ အဆိပ်ပြင်းပိုးကောင်တွေကို
တူတူထားပြီး တစ်ကောင်နဲ့တစ်ကောင်
ပြန်စားတာကနေ နောက်ဆုံးကျန်ခဲ့ပြီး
အခြားအကောင်တွေရဲ့အဆိပ်တွေကိုပါ
ရရှိထားတဲ့ ပိုးကောင်ဖြစ်ပါတယ်။
မှော်ပိုးကောင်တွေလို့ပြောလည်းရပါတယ်။

၃။အခြေတည်စဝိဉာဉ်က မွေးကင်းစကလေးငယ်အရွယ်ပါ။avatarလိုမျိုး


အပိုင္း ၁၃။ အယ္ကိတ္ၾကယ္ ေဖာက္ေပးသည့္လမ္း

ယခုမွသာလွ်င္ ဝမ္ရန္အယ္ဟာ
ခန္းမေဆာင္သခင္ေလးဦးႏွင့္
လက္ယာကာကြယ္‌သူပို႔ထားသည့္
အေဆာင္မ်ားမွၾကဳံရာကိုခ်ိဳးဖ်က္ရင္း
အထဲမွ အေၾကာင္းအရာမ်ားကို
နားေထာင္‌ေလေတာ့သည္။

႐ွဴယန္ယန္၏ "ဘုရားေရ အ႐ွင္
အမွန္တရားဂိုဏ္းေပါင္းစုႀကီးက
စြမ္းအင္တားဆီးအစီအရင္ကို ဖြဲ႕စည္း
လိုက္ၿပီ။ကြၽန္မနဲ႔ ခန္းမေဆာင္သခင္ခ်ိဳးမွာ
ထုတ္သုံးစရာစြမ္းအင္မက်န္ေတာ့ဘူး။
အိုး အခုလိုဆက္သြားေနလို႔မျဖစ္ေတာ့ဘူး။
ကြၽန္မဒီမွာပဲလွဲခ်ၿပီး အ႐ွင္လာကယ္မဲ့
အခ်ိန္ကိုပဲေစာင့္ေနေတာ့မယ္။"ဟု
ေၾကာက္႐ြံ႕ထိတ္လန္႔စြာ အလြန္အကဲ
ခ်ဲ႕ကားေျပာဆိုသံထြက္ေပၚလာ၏။

ဝမ္ရန္အယ္ : .......

သ႐ုပ္ေဆာင္ေနသည္ဆိုတာကို သိေနေသာ္ျငား ယင္ဟန္က်န္းေဒါသထြက္သြား၏။
"အ႐ွင့္ရဲ႕ကာကြယ္သူတစ္ေယာက္ျဖစ္ၿပီး
အ႐ွင့္ကိုလာကယ္ေပးဖို႔ ေတာင္းဆို
ေနေသးတယ္။ကာကြယ္သူျဖစ္ဖို႔
မထိုက္တန္လိုက္တာ။"

ဝမ္ရန္အယ္ ယင္ဟန္က်န္းစကားကိုသေဘာတူမိသည္။႐ွဴယန္ယန္၏
သ႐ုပ္ေဆာင္စြမ္းရည္မွာ
ေယာက်ာ္းတစ္ေယာက္ကိုဆြဲေဆာင္ရာ၌ ထိပ္တန္းျဖစ္ေသာ္ျငား တိုက္ပြဲ၌
႐ႈံးနိမ့္ေယာင္ေဆာင္သည့္ေနရာတြင္ေတာ့ညံ့ဖ်င္းလွသည္။

ခန္းမေဆာင္သခင္ယြမ္းကေတာ့ ဆန္႔က်င္ဘက္ပင္။ဝမ္ရန္အယ္ သူ၏အေဆာင္ကိုခ်ိဳးဖ်က္လိုက္သည့္အခါ
"အ႐ွင္ ကြၽန္ေတာ္‌ေျမာက္ဘက္ကေတာင္ေတြကိုကင္းလွည့္ရင္းအမွန္တရားဂိုဏ္းသားအမ်ားႀကီးနဲ႔ထပ္တိုက္ရင္‌ဆိုင္ေနရတယ္။နတ္အျဖစ္ေျပာင္းလဲျခင္းအဆင့္နဲ႔
အဲ့အဆင့္အထက္က်င့္ၾကံသူေတြႀကီးပဲ။ကံေကာင္းတာက အျခားခန္းမေဆာင္
သခင္ႏွစ္ေယာက္ပါကြၽန္ေတာ္နဲ႔အတူ
႐ွိေနတာပဲ။အဲ့တာေၾကာင့္ က်န္သမွ်
ခြၽမ္းယြမ္ဂိုဏ္းသားအကုန္စုစည္းၿပီး
ျပန္တိုက္ခိုက္ပါတယ္။ဒါေပမဲ့ သဘာဝ
ဝိဉာဥ္စြမ္းအင္ေတြခ်က္ခ်င္းႀကီး
ျပတ္ေတာက္သြားတဲ့အတြက္ ကိုယ္ပိုင္စြမ္းအင္ေတြကိုပဲထုတ္သုံးၿပီး
တိုက္ေနရတယ္။အခ်ိန္အၾကာႀကီး
ေတာင့္ခံႏိုင္မွာမဟုတ္ဘူး။ခ်က္ခ်င္း စြမ္းအင္တားဆီးအစီအရင္ကိုဖ်က္စီးပစ္မွ
ရမယ္။ဒီငယ္သားကအ႐ွင့္ကို
ေကာင္းကင္ေလာင္ကြၽမ္းစည္ကို
သုံးေပးဖို႔ေတာင္းဆိုခ်င္ပါတယ္။"ဟုကပ်ာကယာေျပာသံေပၚထြက္လာ၏။

အမွန္တရားဂိုဏ္းသားမ်ားၾကားရန္
ရည္႐ြယ္သည့္ ထိုသတင္းစကားႏွစ္ခုအရ
ဝမ္ရန္အယ္ဟာေကာင္းကင္ေလာင္ကြၽမ္းစည္ကိုယူ‌ေဆာင္၍စြမ္းအင္တားဆီး
အစီအရင္ကိုအျမန္ဆုံးခ်ိဳးဖ်က္ရန္အတြက္ထိုအစီအရင္႐ွိရာသို႔ဦးတည္သြားသင့္သည္။

အစီအရင္သို႔သြားရာလမ္း၌
အလစ္တိုက္ခိုက္ရန္ ထိပ္တန္းက်င့္ၾကံသူ
မ်ားစြာေစာင့္ဆိုင္းေနမွာျဖစ္သည္။

ေက်နပ္သြားသည့္ ဝမ္ရန္အယ္ဟာ
"လြန္ခဲ့တဲ့ေျခာက္လက ဒီအ႐ွင္က
မိုင္ေထာင္ခ်ီေရခဲလြင္ျပင္မွာ ေလလြင့္
မေသမ်ိဳးတစ္ေယာက္နဲ႔ ရင္ဆိုင္
တိုက္ခဲ့တယ္။သူဟာ ငါ့ထက္က်င့္ၾကံဆင့္ျမင့္တယ္ဆိုေပမဲ့သူနဲ႔တိုက္ခိုက္ရတာ
ငါ့ရဲ႕က်င့္ၾကံဆင့္တိုးတက္မလာဘူး။
သာမန္တိုက္ပြဲေတြက ငါ့ရဲ႕က်င့္ၾကံဆင့္တိုးတက္လာေအာင္ ပံ့ပိုးေပးႏိုင္စြမ္း
မ႐ွိေတာ့ဘူး။အမွန္တရားဂိုဏ္းေတြ
စုေပါင္းထားတဲ့ အင္အားစုက
ငါ့ကိုစိတ္ပ်က္ေအာင္မလုပ္ဖို႔
ေမွ်ာ္လင့္တယ္။"ဟုေျပာလိုက္သည္။

သူဟာအျဖဴေရာင္အလင္းတန္းအျဖစ္ေျပာင္းလဲသြားၿပီး မ်က္စိက်ိန္းေလာက္သည့္အလ်င္ျဖင့္အစီအရင္႐ွိရာသို႔
ဦးတည္သြား၏။

ယင္ဟန္က်န္းဟာ ဓားပ်ံစီးရင္း
လိုက္ေသာ္ျငား ဝမ္ရန္အယ္၏
အ႐ွိန္ကိုမမီေပ။

ယခင္က ဝမ္ရန္အယ္ဟာအ႐ွိန္ေလ်ာ့၍
ယင္ဟန္က်န္းကိုေစာင့္သည္။သို႔ေသာ္
ယခုအႀကိမ္တြင္ေတာ့မေစာင့္ေပ။
ယင္ဟန္က်န္း၏ဓားထက္ အလင္းတန္းဟာအႀကိမ္ေပါင္းမ်ားစြာပို၍လ်င္ျမန္၏။

ဟင္းလင္းျပင္နယ္နိမိတ္သို႔
ခ်ိဳးဖ်က္ဝင္ေရာက္ႏိုင္ခဲ့ေသာ္လည္း
ေကာင္းကင္ေလာင္ကြၽမ္းစည္ေပၚ၌
ယခင္ထက္ပိုအဆင့္ျမင့္သည့္
ဓားႏိုးထလာေအာင္လုပ္ႏိုင္ခဲ့ေသာ္လည္းပဲ
ယင္ဟန္က်န္းဟာ သူ၏အ႐ွင္ကို
လိုက္မမီႏိုင္ေသးေပ။

ယင္ဟန္က်န္း ဝမ္ရန္အယ္ကိုလိုက္မီသည့္အခ်ိန္တြင္ေတာ့ မဟာယနာအဆင့္မ်ားစြာႏွင့္ထိုအဆင့္အထက္က်င့္ၾကံသူမ်ား၏
အစီအရင္၌ ဝမ္ရန္အယ္ပိတ္မိေနၿပီျဖစ္သည္။

ထိုျဖစ္ရပ္ကိုေတြ႕သြားသည့္
ယင္ဟန္က်န္း၏မ်က္လုံးတြင္
ေဒါသမီးေတာက္ေလာင္လာၿပီး
စြမ္းအင္အရင္းအျမစ္ကိုထုတ္သုံး၍
အ႐ွင့္ေဘး၌အတူတူတိုက္ပြဲဝင္ရန္
အစီအရင္ထံသို႔ေျပးဝင္ဖို႔ဟန္ျပင္လိုက္၏။

သို႔ေပမဲ့ ထိုအခ်ိန္မွာပင္ ေအးစက္၍
စူး႐ွလွသည့္ "ေနာက္ဆုတ္"ဟူသည့္
ေအာ္သံကိုသူၾကားလိုက္ရသည္။

ယင္ဟန္က်န္းဟာ ခ်က္ခ်င္းေအးခဲသြား၏။
အစီအရင္အျပင္၌ရပ္ေနသည့္ သူ႕ဘက္သို႔ဝမ္ရန္အယ္ဟာလွည့္၍ ေက်နပ္ျပဳံးျဖင့္
"ဒီအ႐ွင္နဲ႔တိုက္ခိုက္ဖို႔အတြက္ အမွန္တရားဂိုဏ္းေတြက သူတို႔ဆီကအျမင့္ဆုံး
က်င့္ၾကံသူေတြထုတ္သုံးမယ္လို႔
မထင္ထားခဲ့ဘူး။ဒီအ႐ွင္ အရမ္းကို
ေက်နပ္တယ္။ငါ့ရဲ႕ေပ်ာ္႐ႊင္မႈကိုမဖ်က္စီးနဲ႔။"
ဟုေျပာလိုက္သံကိုသူၾကားလိုက္ရ၏။

အ႐ွင့္ေနာက္သူလိုက္ေနသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီျဖစ္သည့္အတြက္အ႐ွင့္၏ လုပ္ေဆာင္ခ်က္တိုင္း၊အမူအယာတ္ိဳင္းကို
သူေတြ႕ျမင္ခဲ့ရသည္။ထို႔‌ေၾကာင့္
ယင္ဟန္က်န္း ဝမ္ရန္အယ္ကိုနားလည္၏။အ႐ွင္ဟာတကယ့္ကိုအံ့ဩ‌ေနၿပီး
တိုက္ခိုက္ရန္စိတ္အားထက္သန္ေနတာ
ျဖစ္ေၾကာင္းသူခံစားမိသည္။

ဝမ္ရန္အယ္ဟာ ဤစစ္ပြဲအေပၚ
ေမွ်ာ္လင့္ခ်က္ျမင့္မားစြာထားသည္။
တိုက္ပြဲ၌အမွန္တရားဂိုဏ္းမ်ားမွ
မဟာယနာက်င့္ၾကံသူဆယ္ေယာက္နီးပါးႏွင့္႐ွန္႔ခ်င္းဂိုဏ္းမွေလလြင့္မေသမ်ိဳး
တစ္ခ်ိဳ႕တစ္ေလ ပါဝင္လာေလာက္သည္
ဟု သူႏွင့္ယင္ဟန္က်န္း ခန္႔မွန္းထားၾက၏။
ဆယ္ေယာက္ဟာနည္းပါးလြန္းသျဖင့္ အသက္အႏၲရာယ္ႏွင့္မၾကဳံရလွ်င္
က်င့္ၾကံဆင့္တိုးဖို႔အလြန္ခက္မည္ဟု
ဝမ္ရန္အယ္ေတြးထားခဲ့သည္။
အနည္းဆုံးေတာ့ တိုက္ပြဲ၌သာမန္
ဂိုဏ္းသား‌မ်ားပါဝင္မွာျဖစ္သည့္အတြက္
ထိုသူမ်ားဟာ သူ႕လိုအပ္ခ်က္ကို
ျဖည့္ဆည္းေပးႏိုင္သည္။

အမွန္တရားဂိုဏ္းမ်ားဘက္မွ
မဟာယနာက်င့္ၾကံသူ၁၂ေယာက္၊‌
ေလလြင့္မ‌ေသမ်ိဳး၈ေယာက္ႏွင့္
မ်ိဳးဆက္ ၁၀ ဘုန္းေတာ္ႀကီးတစ္ပါးပါတိုက္ပြဲတြင္ပါဝင္လာၿပီး
အင္အားကုန္ထုတ္သုံးလာလိမ့္မည္ဟု
သူႏွင့္ယင္ဟန္က်န္းလုံးဝကိုမထင္ထားခဲ့ေပ။

၂၁ေယာက္ေသာ အဆင့္ျမင့္က်င့္ၾကံသူမ်ားဟာ စြမ္းအားအျမင့္ဆုံးနတ္ဆိုးက်င့္ၾကံသူကိုရေအာင္ၿဖိဳခြင္းမည္ဟု သံဓိ႒ာန္ခ်ထား
ၾကၿပီးႀကိဳတင္၍မႏၲာန္အစီအရင္တစ္ခု
ဖြဲ႕စည္းထားၾကကာ ဝမ္ရန္အယ္ကို ေထာင္ေခ်ာက္ဆင္ထားၾကသည္။

စာအုပ္ထဲ၌ ႐ွန္႔ခ်န္းဂိုဏ္းတစ္ဂိုဏ္းထဲကသာ
အင္အားကုန္သုံး၍တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။သို႔ေပမဲ့ ယခုအခ်ိန္၌မူ
ထိပ္တန္းအမွန္တရားဂိုဏ္းငါးဂိုဏ္းစလုံးသည္ ၎တို႔၏ အင္အားအကုန္ထုတ္သုံး၍
ပါဝင္တိုက္ခိုက္လာခဲ့သည္။

"ဟား ဟား ဟား ဟား"ဝမ္ရန္အယ္၏
ရယ္သံဟာ ေကာင္းကင္ယံတစ္ေလွ်ာက္
ဖုံးလႊမ္းသြား၏။

ထိုရယ္သံမွဝမ္ရန္အယ္၏ေပ်ာ္႐ႊင္ေနမႈကို
ယင္ဟန္က်န္းခံစားရသည္။ဤတိုက္ပြဲ၌
အမွန္တကယ္ေသဆုံးသြားမည္ဆိုလွ်င္ေတာင္မွ သူေက်နပ္ေနပုံပင္။

ဒါဟာသူတို႔အစီအစဥ္ဆြဲထားခဲ့သလို
ျဖစ္မေနေခ်။ရန္သူေတြမ်ားလြန္းလွသည့္အတြက္ အ႐ွင့္ရဲ႕အသက္အႏၲရာယ္ကို
ထိခိုက္ေစႏိုင္သည္။

ယင္ဟန္က်န္း ရပ္ေနရင္းမ်က္လုံး
မွိတ္လိုက္သည္။ခဏအၾကာ
ျပန္ဖြင့္လိုက္သည့္သူ႕မ်က္လုံး၌ ဆုံးျဖတ္ခ်က္ျပတ္သားမႈမ်ားျဖင့္
ျပည့္ႏွက္ေနၿပီး ဓားကိုကိုင္ဆြဲရင္း
အစီအရင္ထံသို႔ တုံ႔ဆိုင္းမႈမ႐ွိ
သူဦးတည္လိုက္သည္။

ဤအႀကိမ္သည္ဝမ္ရန္အယ္၏အမိန္႔ကို
မနာခံသည့္ ပထမဆုံးအႀကိမ္ျဖစ္သည္။
သူေသမည္ဆိုလွ်င္ေတာင္မွ အ႐ွင္
မေသဆုံးခင္ သူေသသြားခ်င္သည္။
အ႐ွင္အႏၲရာယ္ၾကဳံရခ်ိန္မွာ ဘာအကူအညီမွမေပးႏိုင္ဘဲ ၾကည့္ေနရမွာမ်ိဳးသူမျဖစ္ခ်င္။

"အယ္ကိတ္ေပၚလာၿပီ။ပိုလစ္က်ဆုံးသြားရင္
အယ္ကိတ္႐ူးသြပ္သြားလိမ့္မယ္။သူတို႔
ႏွစ္ေယာက္လုံးကိုတစ္ခါတည္းအျပတ္႐ွင္းၿပီး လူေတြဆီကိုကပ္ဆိုးေတြယူေဆာင္လာမဲ့အယ္ကိတ္ရန္ကေနႀကိဳတင္ကာကြယ္
ရမယ္။" ဟုက်ိဳ႐ွီဂိုဏ္းေခါင္းေဆာင္
ေျပာလိုက္သည္။

႐ွန္႔ခ်င္းဂိုဏ္းမွေလလြင့္မေသမ်ိဳး
တစ္ဦးဟာ သူ႕အၿမႇီးသူကိုက္ထားသည့္
နဂါးပုံထုဆစ္ထားေသာေ႐ႊလက္စြပ္
တစ္ကြင္းကိုထုတ္လိုက္သည္။ထိုလက္စြပ္ဟာ ႐ွန္႔ခ်င္းဂိုဏ္း၏ မေသမ်ိဳးအသုံးအေဆာင္ပစၥည္းေနာက္တစ္ခု
ျဖစ္သည့္ နဂါးခ်ဳပ္ေႏွာင္လက္စြပ္ပင္။

နဂါးခ်ဳပ္ေႏွာင္လက္စြပ္ဟာ မေသမ်ိဳး
တစ္ေယာက္ကိုေတာင္မွခ်ဳပ္ေႏွာင္ထားႏိုင္၏။ယင္ဟန္က်န္းကိုထိေတာ့မည့္အခ်ိန္၌
ေ႐ႊေရာင္ႏွင့္အနက္ေရာင္စပ္လွံ႐ွည္ဟာ
ထိုလက္စြပ္ကို ေဒါင္ကနဲျမည္ေအာင္
႐ိုက္ထုတ္လိုက္သည္။လက္စြပ္ဟာ
နဂါးအသြင္ေျပာင္းသြားၿပီး ပုဆိန္သြားတပ္
လွံ႐ွည္ကိုခ်ဳပ္ေႏွာင္လိုက္သည္။

ထိုလွံ႐ွည္ေနာက္၌ ဝမ္ရန္အယ္႐ွိၿပီး
သူဟာယင္ဟန္က်န္းေ႐ွ႕ပိတ္ရပ္၍
ကာကြယ္လိုက္သည္။ထို႔ေနာက္
အသံနိမ့္နိမ့္ျဖင့္ "သြား"ဟုအမိန္႔‌
ေပးလိုက္သည္။

ယင္ဟန္က်န္းရဲ႕မ်က္လုံးဟာ ေတာက္ေလာင္ေနၿပီးဓားကိုတင္းတင္းၾကပ္ၾကပ္
ဆုပ္ကိုင္ကာ "အ႐ွင္"ဟုေခၚရင္း
ဝမ္ရန္အယ္နားမွ ေျခတစ္လွမ္း‌ေသာ္မွ်
သူမဆုတ္ခြာႏိုင္ေၾကာင္းျပသလိုက္သည္။

ဝမ္ရန္အယ္သူ႕ကိုနားလည္သည္။က်ိဳ႐ွီဂိုဏ္းေခါင္းေဆာင္ေျပာတာမွန္၏။ပိုလစ္က်ဆုံးသြားလွ်င္ အယ္ကိတ္က႐ူးသြပ္သြားမွာ
အေသအခ်ာပင္။သူ႕အ႐ွင္ကိုရန္သူအမ်ားႀကီးၾကားထားခဲ့ၿပီး ေနာက္ဆုတ္သြားတာမ်ိဳး
ယင္ဟန္က်န္းလုပ္မွာမဟုတ္။

"ဒီအ႐ွင္ အသက္႐ွင္လ်က္ျပန္လာပါ့မယ္လို႔မင္းကိုကတိေပးတယ္။"ဝမ္ရန္အယ္ဟာလက္ဆန္႔လိုက္ၿပီး ယင္ဟန္က်န္း
ရင္ဘတ္ေပၚတင္လိုက္သည္။

သူ႕မ်က္ႏွာႏွင့္ ယင္ဟန္က်န္းမ်က္ႏွာဟာ
အခ်ိန္မေ႐ြးႏႈတ္ခမ္းမ်ားထိသြားေတာ့မည့္အလား အလြန္အမင္းကိုနီးကပ္ေနသည္။
အ႐ွင့္ရဲ႕မ်က္လုံးကိုစိုက္ၾကည့္ေနသည့္
ယင္ဟန္က်န္းဟာအ႐ွင့္ထံမွ
"ဆယ္ႏွစ္ၾကာရင္ စြမ္းအင္တားဆီး
အစီအရင္ပ်က္စီးသြားလိမ့္မယ္။ဒီအ႐ွင္
သူတို႔ကိုဘယ္လို အႏိုင္ယူမလဲဆိုတာကို
ေစာင့္ၾကည့္ေန။"ဟုေျပာဆိုသံကို
ၾကားလိုက္ရသည္။

သူဟာ နဂါးခ်ဳပ္ေႏွာင္လက္စြပ္ႏွင့္
သတၱမသတ္ျဖတ္ျခင္းလွံ႐ွည္တို႔
ထိခတ္မႈ‌ေၾကာင့္‌ ေပၚေပါက္လာသည့္အတားအဆီးကို သိပ္သည္းလွသည့္စြမ္းအားမ်ားသုံး၍အက္ေၾကာင္းထင္‌ေအာင္
လုပ္လိုက္ကာထိုအက္ေၾကာင္းမွတစ္ဆင့္ယင္ဟန္က်န္းကို လက္ဖဝါးျဖင့္တြန္းထုတ္လိုက္သည္။

လြတ္ေျမာက္သြားသည့္ ယင္ဟန္က်န္းဟာ သူ႕ေနာက္မွအတားအဆီးခ်က္ခ်င္း
ျပန္ေကာင္းသြားၿပီး သူ႕အ႐ွင္
ရန္သူ၂၁‌ေယာက္နဲ႔အတူပိတ္မိသြားတာကိုၾကည့္႐ုံသာၾကည့္ႏိုင္ၿပီး
ဘာမွမတတ္ႏိုင္ခဲ့ေပ။သူဝမ္ရန္အယ္၏
စြမ္းအားကိုမခုခံႏိုင္ေပ။အေဝးတစ္ေနရာဆီသို႔တြန္းပို႔ေနသည့္ ထိုစြမ္းအားဟာ
အဓိကခန္းမေဆာင္ထက္ ေလဟာနယ္ေပၚေရာက္မွသာရပ္ေတာ့သည္။

"အ႐ွင္" ဟုေအာ္ေခၚလိုက္သည့္
ယင္ဟန္က်န္းအသံထဲ၌ နာက်င္မႈမ်ားစြာ
ပါဝင္ေန၏။ထို႔ေနာက္ နတ္ဆိုးဓားႏွင့္ေပါင္းစပ္ကာ ေသြးေရာင္ဓားသြားအေသးစားမ်ားအျဖစ္ေျပာင္းလဲလိုက္ၿပီး ေျမာက္ဘက္သို႔ဦးတည္ပ်ံသန္းသြားေတာ့သည္။

ခြၽမ္းယြမ္ဂိုဏ္းေျမာက္ဘက္႐ွိေတာင္မ်ား၌
ခန္းမေဆာင္သခင္မ်ားႏွင့္၎တို႔၏
အင္အားစုမ်ားဟာ နတ္အျဖစ္ေျပာင္းလဲျခင္းအဆင့္ႏွင့္ထိုအဆင့္အထက္က်င့္ၾကံသူ၁၀၀ေက်ာ္ႏွင့္တိုက္ခိုက္ေနၾကသည္။
စြမ္းအင္တားဆီးအစီအရင္အသက္ဝင္
လာေသာအခါ ႏွစ္ဘက္စလုံးသဘာဝ
ဝိဉာဥ္စြမ္းအင္မ်ားသုံးစြဲ၍မရေတာ့ေခ်။

သို႔ေပမဲ့ အမွန္တရားဂိုဏ္းသားမ်ားသည္
ႀကိဳတင္ျပင္ဆင္လာၾကသည္။တိုက္ခိုက္
ေနသည့္အင္အားစုမ်ား၏အေနာက္၌ ဟင္းလင္းျပင္နယ္နိမိတ္က်င့္ၾကံသူ
ကိုးဦးဟာ အကြာအေဝးလႊဲေျပာင္းအလံမ်ားကိုထိန္းခ်ဳပ္၍ အကြာအေဝးကြင္းဆက္မ်ားဖန္တီးကာအေဝးတစ္ေနရာမွာ႐ွိသည့္
စြမ္းအင္ရင္းျမစ္ေၾကာမွ ဝိဉာဥ္စြမ္းအင္မ်ားကိုလႊဲေျပာင္းယူေနၾကသည္။

အမွန္တရားဂိုဏ္းသားတစ္ဦးခ်င္းစီတိုင္းဟာ
အကြာအေဝးလႊဲေျပာင္းအလံမ်ားႏွင့္ခ်ိတ္ဆက္ထားသည့္ ေမွာ္ပစၥည္းမ်ားကို
သယ္ေဆာင္ထားၾကသျဖင့္ သဘာဝ
ဝိဉာဥ္စြမ္းအင္မ်ားကိုသုံးစြဲ၍ရေနသည္။
 
နတ္ဆိုးဂိုဏ္းသားမ်ား သဘာဝဝိဉာဥ္စြမ္းအင္မ်ားသုံးစြဲ၍ မရခ်ိန္၌
အမွန္တရားဂိုဏ္းသားမ်ားဟာ
သဘာဝဝိဉာဥ္စြမ္းအင္မ်ား သုံးစြဲခြင့္ရေန၏။
သူတို႔ဟာတစ္စထက္တစ္စ အားေလ်ာ့
လာမည့္ တိုက္ပြဲကိုဆင္ႏႊဲေနျခင္းျဖစ္သည္။
နတ္ဆိုးဂိုဏ္းသားမ်ား၏ ကိုယ္ပိုင္ဝိဉာဥ္စြမ္းအားမ်ားကုန္ဆုံးသြားခ်ိန္တြင္
အမွန္တရားဂိုဏ္းသားမ်ား
အႏိုင္ရ႐ွိသြားမွာပင္။

ျမႇားကဲ့သို႔လ်င္ျမန္လွသည့္ ‌ေသြးနီေရာင္ဓားသြားမ်ားစြာဟာ ေကာင္းကင္တစ္ခြင္ျဖတ္သန္း၍ပ်ံသန္းလာၾကသည္။
နတ္ဆိုးက်င့္ၾကံသူမ်ားနားကျဖတ္သန္း
သြားသည့္အခါ ဓားအခ်ိဳ႕ဟာ
ခန္းမေဆာင္သခင္ယြမ္ေဝ့ရီနံေဘးဝန္းရံၿပီး သူႏွင့္အတူအမွန္တရားဂိုဏ္းမွ
က်င့္ၾကံသူမ်ား၏တိုက္ကြက္ပုံစံကို‌ ေဖာက္ထြင္းရန္ တြန္းအားေပးေလသည္။ထို႔ေၾကာင့္ သခင္ယြမ္ေဝ့ရီဟာ အမွန္တရားဂိုဏ္းမ်ားမွက်င့္ၾကံသူမ်ား၏တိုက္ခိုက္မႈအားလုံးကိုခုခံရေတာ့သည္။

"ယင္ဟန္က်န္း ငါမင္းရဲ႕အဖြားကို
လုပ္ပစ္မယ္။" ခန္းမေဆာင္သခင္ယြမ္ဟာဒိုင္းကာကိုကိုင္ေျမႇာက္လိုက္ၿပီး
သူႏွင့္ယင္ဟန္က်င္းအားတိုက္ခိုက္လာမႈ
မ်ားကို ကသုတ္က႐ုတ္ခုခံလိုက္၏။

ယင္ဟန္က်န္းဟာ ခန္းမေဆာင္သခင္ယြမ္၏
ဆဲဆိုမႈကိုလ်စ္လ်ဴ႐ႈလိုက္သည္။
ခန္းမေဆာင္သခင္ယြမ္ဟာ ကမ႓ာေျမႀကီး
ဝိဉာဥ္ရင္းျမစ္ပိုင္႐ွင္ျဖစ္ၿပီး
က်ယ္ေျပာလွသည့္ကမ႓ာေျမႀကီးဟာ
ခုခံ‌ကာကြယ္ေပးသည့္စြမ္းရည္
ပိုင္ဆိုင္သည္။အမွန္တရားဂိုဏ္းသားမ်ား
ကာကြယ္ထားသည့္ အကြာအေဝး
လႊဲေျပာင္းအလံမ်ားကို ဆင္ျခင္တုံတရားကင္းမဲ့စြာ ယင္ဟန္က်န္းတစ္ေယာက္တည္း သြားဖ်က္စီး၍မရ။သန္မာသည့္အကာအကြယ္လိုအပ္၏။ထို႔ေၾကာင့္
သူခန္းမေဆာင္ သခင္ယြမ္ကို
ေ႐ြးခ်ယ္လိုက္တာျဖစ္သည္။

ခန္းမေဆာင္သခင္ယြမ္သည္ မဟာယနာ
အဆင့္က်င့္ၾကံသူျဖစ္သည္။သို႔ေသာ္
ယင္ဟန္က်န္း၏အမိန္႔ကိုသူနာခံရမည္
ျဖစ္ေၾကာင္းသိ၏။ယင္ဟန္က်န္းဆိုသည့္အ႐ူးသည္တိုက္ပြဲ၌ သူ႕အသက္ကိုပင္
သူပဓာနထားေလ့မ႐ွိ။ပုန္ကန္ဖို႔သာ
ႀကိဳးစားလွ်င္ ယင္ဟန္က်န္းဟာ
သူ႕ကိုအရင္ဆုံးသတ္ပစ္မွာပင္။
သတ္ပစ္ႏိုင္စြမ္းလည္း႐ွိသည္။

ယင္ဟန္က်န္းကိုဆဲဆိုေနရင္း
ခန္းမေဆာင္သခင္ယြမ္ဟာ
"မင္းတို႔အ႐ူးေကာင္ေတြကေကာ
ဘာလုပ္ေနၾကတာလဲ။ျမန္ျမန္ငါနဲ႔ကာကြယ္သူယင္ကိုလာကူေလ။မင္းတို႔
အ႐ူးေတြလို အူေၾကာင္ေၾကာင္သာ
ဆက္ရပ္ေနမယ္ဆိုရင္ ငါေတာ့
အသတ္ခံရေတာ့မွာပဲ။"ဟုေအာ္လိုက္၏။

ခန္းမေဆာင္သခင္ယြမ္၏ေအာ္သံေၾကာင့္
နတ္ဆိုးက်င့္ၾကံသူမ်ားဟာ ၎တို႔၏
အင္အားမ်ားကိုစုစည္းလိုက္ၾကၿပီး
ခံစစ္ကိုအေရးမစိုက္ေတာ့ဘဲ ယင္ဟန္က်န္း
အတြက္ လမ္းေၾကာင္းဖြင့္ေပးႏိုင္ရန္အတြက္
ထိုးစစ္ဆင္လိုက္ၾကသည္။

လြန္ေလခဲ့‌ေလၿပီးေသာႏွစ္ေတြမွာ
ဝမ္ရန္အယ္၏ နာခံတတ္ရန္ဖိအားေပးမႈကိုနတ္ဆိုးက်င့္ၾကံသူမ်ား ခံခဲ့ရသည္။
၎တို႔သာ ဒီေန႔မတိုက္ခိုက္ခဲ့ပါက
ဝမ္ရန္အယ္ သို႔မဟုတ္ ယင္ဟန္က်န္း
တစ္ေယာက္ေယာက္သာတိုက္ပြဲမွာ
မေသဘဲ႐ွင္က်န္ခဲ့လွ်င္ စစ္ေျမျပင္၌
အင္အားကုန္ထုတ္မသုံးခဲ့သူမ်ားဟာ
ေသသြားပါေစဟု ဆုေတာင္းရမည့္ဘဝသို႔
ေရာက္႐ွိသြားေပလိမ့္မည္။

စစ္ပြဲ၌ ေသဆုံးသြားေသာ္လည္း
ဝိဉာဥ္အေကာင္းပကတိက်န္ခဲ့ပါက
ခန္းမေဆာင္သခင္ခ်ိဳးဆီသြား၍
တေစၧက်င့္ၾကံသူျဖစ္လာေအာင္လုပ္‌ေပးရန္အကူအညီေတာင္း၍ရေသးသည္။
ဝမ္ရန္အယ္ကိုေဒါသထြက္ေအာင္လုပ္မိပါက
ေသခ်င္ပါသည္ဆိုလွ်င္ေတာင္မွ
ေသခြင့္ရေတာ့မွာမဟုတ္ေခ်။

နတ္ဆိုးက်င့္ၾကံသူမ်ားဟာ ေသဆုံးမွာကို
မေၾကာက္မ႐ြံ႕ဘဲ ဆက္တိုက္ထိုးစစ္ဆင္
ၾကေသာေၾကာင့္ အမွန္တရားဂိုဏ္းသားမ်ား သည္ခုခံ႐ုံသာတတ္ႏိုင္ၾက၏။အခ်ိန္ယူ၍ တိုက္ခိုက္ၿပီးေနာက္ ေသြးေရာင္ဓားသြားမ်ားတစ္ျဖစ္လဲ ယင္ဟန္က်န္းဟာအမွန္တရားဂိုဏ္းသားမ်ား၏ခံစစ္ကိုေက်ာ္ျဖတ္လာႏိုင္၏။ထိုေနရာ၌အကြာအေဝးလႊဲေျပာင္းအလံမ်ားျဖင့္ဖန္တီးထားသည့္
စြမ္းအင္အျပည့္အစီအရင္ဖြဲ႕စည္းမႈ
တစ္ခုကိုသူျမင္လိုက္ရသည္။ဓားသြား
အခ်ိဳ႕သုံး၍ အစီအရင္၏အဓိကေနရာကို
ပိတ္ဆို႔ေပးရန္ခန္းမေဆာင္သခင္ယြမ္ကိုအတင္းအၾကပ္ တြန္းအားေပး
ေစခိုင္းလိုက္သည္။

"ယင္ဟန္က်န္း ငါမင္းအဖြားကိုမလုပ္ေတာ့ဘူး။ငါတို႔ မေသဘဲအသက္သာ႐ွင္ခဲ့မယ္
ဆိုရင္ ငါမင္းကိုေသေအာင္လုပ္ပစ္မယ္။
မင္းေစာင့္ေနလိုက္စမ္းပါ။"
ခန္းမေဆာင္ သခင္ယြမ္ဟာဆဲဆိုေနရင္း
အစီအရင္၏အလယ္၌ အျပင္းအထန္
ခုခံေနရသည္။

ယင္ဟန္က်န္းမ်က္လုံးထဲ၌ ဝမ္ရန္အယ္
တစ္ေယာက္သာ႐ွိ၏။ဝမ္ရန္အယ္အတြက္ဆို
သူ႕အသက္၊အျခားသူေတြရဲ႕အသက္နဲ႔
ကမ႓ာေပၚက႐ွိ႐ွိသမွ်သက္႐ွိေတြရဲ႕
အသက္ကိုစြန္႔လႊတ္ရမည္ဆိုလွ်င္ေတာင္မွ
သူစြန္႔လႊတ္ႏိုင္၏။

အစီအရင္အလယ္၌ အျပင္းအထန္
ခုခံေနရသည့္ ယြမ္ေဝ့ရီဟာ
သူ႕ကိုယ္ပိုင္လက္နက္႐ႊမ္းဝူအခြံကို
မျဖစ္မေနထုတ္သုံးရမည့္အျဖစ္သို႔
ေရာက္႐ွိလာ၏။ဝါညစ္ညစ္သံခ်ပ္ကာဟာ
လိပ္ခြံအလား သူ႕ကိုယ္‌ကိုဝန္းရံလိုက္ၿပီး ဘက္ေပါင္းစုံကိုကာကြယ္ေပးသည္။
ထို႔အျပင္ အစီအရင္ကိုခုခံႏိုင္သည့္အ႐ြယ္အစားသို႔ ေရာက္သည္အထိ
သူ႕ခႏၶာကိုယ္ဟာလည္းတျဖည္းျဖည္း
ႀကီးထြားလာ၏။

တစ္ခ်ိန္တည္းမွာပင္ ေသြးနီေရာင္ဓားသြား
မ်ားဟာ နတ္ဆိုးစြမ္းအင္မ်ားရစ္သိုင္း
ေနသည့္ဓားသြားကိုးေခ်ာင္းအျဖစ္
စုစည္းသြားကာ က်င့္ၾကံသူကိုးေယာက္၏
ဒန္တိမ္႐ွိရာေနရာသို႔ဦးတည္သြား၏။

မည္သူတစ္ဦးတစ္ေယာက္မွ် ထိုဓားသြားမ်ား၏စြမ္းအားကိုဂ႐ုမစိုက္ဘဲမေနဝံ့။
လူတစ္ဦးတစ္ေယာက္၏ ခႏၶာကိုယ္ကို
ေဖာက္ထြင္းသြားပါက ဒန္တိမ္ထဲမွ
ခရမ္းေရာင္နန္းေတာ္မပ်က္စီးခဲ့လွ်င္‌
ေတာင္ နတ္ဆိုးစြမ္းအင္မ်ားခႏၶာကိုယ္ထဲ
ဝင္ေရာက္လာျခင္းကိုတားဆီးႏိုင္မွာမဟုတ္။

က်င့္ၾကံသူကိုးေယာက္ဟာ အလ်င္အျမန္
စြမ္းအင္မ်ားသုံးကာ ကိုယ့္ကိုကိုယ္
ကာကြယ္လိုက္ၾက၏။သို႔ေပမဲ့
ဓားကိုးေခ်ာင္းဟာ ပစ္မွတ္မေရာက္ခင္
ကြဲထြက္သြားၿပီး မူလမွကြဲထြက္လာသည့္
ဓားကိုးေခ်ာင္းဟာအကြာအေဝးလႊဲေျပာင္းအလံကိုးခု႐ွိရာသို႔ဦးတည္သြားၾကသည္။

မည္သူမွ် ယင္ဟန္က်န္းဟာသူ႕
အေသြးအသားျဖင့္ဖန္တီးထားသည့္
ဓားမ်ားျဖင့္ မေသမ်ိဳးအသုံးအေဆာင္ပစၥည္းကိုတိုက္ခိုက္လိမ့္မည္ဟုမထင္ထားခဲ့ၾကေပ။

အကြာအေဝးလႊဲေျပာင္းအလံမ်ားဟာ
မေသမ်ိဳးအသုံးအေဆာင္ပစၥည္းစစ္စစ္ေတာ့မဟုတ္။သို႔ေပမဲ့ ေမွာ္အသုံးအ‌ေဆာင္ပစၥည္းအဆင့္ထက္ေက်ာ္လြန္ကာ အဆင့္ျမင့္
သြားရန္အလားအလာအလြန္႐ွိသည္။
ထိုကဲ့သို႔ေမွာ္အသုံးအ‌ေဆာင္ပစၥည္းမ်ိဳးကို
မေသမ်ိဳးအသုံးအေဆာင္ပစၥည္း
ျဖစ္ခါနီးဟုသတ္မွတ္ၾကသည္။

ထိုလုပ္ရပ္ဟာ ေက်ာက္တုံးကိုၾကက္ဥျဖင့္
ေပါက္သလို၊ဓားသြားကိုလက္ျဖင့္
ခုခံသလိုျဖစ္ရပ္ႏွင့္အလားသဏၭာန္တူသည္။
နားအူမတတ္ဆူညံလွသည့္ေပါက္ကြဲသံ
ျဖစ္ေပၚၿပီးေနာက္ ယင္ဟန္က်န္းဟာ
ခန္းမေဆာင္သခင္ယြမ္၏လိပ္ခြံေပၚ
မတ္တပ္ရပ္လိုက္၏။ခႏၶာကိုယ္တစ္ခုလုံး
တြင္လည္းဒဏ္ရာမ်ားမွ က်ဆင္းေနသည့္ေသြးမ်ားျဖင့္စို႐ႊဲေနၿပီး လက္ထဲတြင္
ပ်က္စီးေနေသာအကြာအေဝးလႊဲေျပာင္းအလံကိုးခုကိုကိုင္ထားသည္။

"မင္းတို႔တိုက္ခ်င္ရင္ မွ်မွ်တတတိုက္။"
ယင္ဟန္က်န္းပါးစပ္ေထာင့္မွေသြးမ်ား
ယိုစီးက်ေနေသာ္ျငား သူ႕အသံကိုစစ္ေျမျပင္
တစ္ခြင္လုံးၾကားရ၏။"ခြၽမ္းယြမ္ဂိုဏ္းက
ဘယ္တုန္းကမွတိုက္ပြဲကိုမေၾကာက္ဘူး။
ငါတို႔အ႐ွင္ကလည္း သူ႕ကိုစိန္ေခၚမဲ့သူ
ဘယ္သူ႕ကိုမဆို ႀကိဳဆိုတယ္။ဒါေပမဲ့
တစ္ခုေတာ့မွတ္ထား။ငါဆိုတဲ့ယင္ဟန္က်န္းက ငါ့အ႐ွင္ကိုမသမာတဲ့နည္းေတြသုံးၿပီး
ထိခိုက္ေအာင္လုပ္ဖို႔ႀကိဳးစားတဲ့
ဘယ္သူ႕ကိုမဆိုခြင့္မလႊတ္ဘူး။"

အေရးမစိုက္စြာစုတ္ၿပဲေနေသာ
အစီအရင္ကိုးခုကိုပစ္ခ်လိုက္သျဖင့္
အလံမ်ားဟာေျမျပင္ေပၚသို႔ျပန္႔က်ဲ
က်သြား၏။က်င့္ၾကံသူကိုးေယာက္ဟာ
ယင္ဟန္က်န္းေနာက္ဆုံးလက္က်န္
အင္အားျဖင့္ မနည္းမတ္တပ္ရပ္ေနရတာကို
ေတြ႕ေသာ္ျငား အနားသို႔မကပ္ဝံ့ေခ်။

ထိုသို႔ ဆုံးျဖတ္ခ်က္ျပတ္သားသူႏွင့္ရင္ဆိုင္
ရသည့္အခါ ထိုသူဟာမိတ္ေဆြပဲျဖစ္ျဖစ္
ရန္သူပဲျဖစ္ျဖစ္ မေလးစားဘဲမေနႏိုင္ေပ။

အကြာအေဝးလႊဲေျပာင္းအစီအရင္
ပ်က္စီးသြားသျဖင့္ ယင္ဟန္က်န္းရင္ဘတ္မွေလးလံမႈတစ္ခုေပါ့ပါးသြား၏။
ႏွစ္ဘက္စလုံးသဘာဝစြမ္းအင္သုံး၍
မရေတာ့သျဖင့္အ႐ွင္႐ႈံးနိမ့္မွာမဟုတ္။

စိတ္သက္သာရာရသြားခ်ိန္၌ သူဟာ
ေျမျပင္ေပၚျပဳတ္က်သြား၏။

ခန္းမေဆာင္သခင္ယြမ္၏လိပ္ခြံ
ေပ်ာက္ကြယ္သြားၿပီးေနာက္
ယင္ဟန္က်န္းအား သူ႕လက္တစ္ဖက္ျဖင့္လွမ္းဖမ္းလိုက္၏။ထို႔ေနာက္သူတို႔၏ ကိုယ္ပိုင္အင္အားစုမ်ား႐ွိရာသို႔ ဦးတည္ကာ 'မ' ေျပးရင္းဆဲဆိုလိုက္သည္။
"မေအလိုး ဒီတိုက္ပြဲမွာ ငါရာစုႏွစ္အမ်ားႀကီး စုထားရတဲ့စြမ္းအင္အရင္းအျမစ္ေတြ
ဆုံး႐ႈံးသြားၿပီ။ယင္ဟန္က်န္း မင္းငါ့ကို ေနာက္က်အေႂကြးျပန္မဆပ္ဘူးဆိုရင္
ငါ႐ွဴယန္ယန္ဆီသြားၿပီး စြမ္းအင္စုပ္ယူၿပီး ျပန္ျဖည့္တင္းတဲ့ပညာကိုသြားသင္မယ္။
ၿပီးရင္ မင္းစြမ္းအင္ေတြေျခာက္ကပ္
သြားေအာင္ ငါစုပ္ယူပစ္မယ္။"

ယင္ဟန္က်န္းဟာ ယြမ္ေဝ့ရီ၏ဆဲဆိုသံကို
မၾကားရေပ။အားေပ်ာ့ေသာအျပဳံးေလး
တစ္ခုသူ႕ႏႈတ္ခမ္းေပၚ  ေပၚလာၿပီး
"အ႐ွင္ ကြၽန္ေတာ္ အ႐ွင့္ကို ကြၽန္ေတာ္
မေသခင္ ေသခြင့္မေပးႏိုင္ဘူး။"ဟု
တိုးညႇင္းစြာေရ႐ြတ္လိုက္သည္။

ထိုအသံကိုၾကားၿပီး ယြမ္ေဝ့ရီဟာ
"ေစာက္႐ူး"ဟုဆဲလိုက္၏။

အကြာအေဝးလႊဲေျပာင္းအလံအစီအရင္ပ်က္စီးသြားသျဖင့္ ႏွစ္ဘက္စလုံးဟာညီတူညီမွ်ျဖစ္သြား၏။တိုက္ပြဲ၏
အႏိုင္အ႐ႈံးကိုခန္႔မွန္း၍မရေတာ့ေပ။

ေျမာက္ဘက္႐ွိေတာင္မ်ား၌ နတ္ဆိုးႏွင့္
အမွန္တရားက်င့္ၾကံသူႏွစ္ဘက္စလုံးဟာ မီတာေပါင္းေျမာက္မ်ားစြာကိုယ္စီေနာက္ဆုတ္လိုက္ၾက၏။ယင္ဟန္က်န္း
ဖ်က္စီးခဲ့သည့္ တိုက္ကြက္ပုံစံကိုျပန္လည္ဖြဲ႕စည္းေနၾကၿပီး ေနာက္တစ္ႀကိမ္ထပ္တိုက္
မည့္တိုက္ပြဲ၌ ေမွာ္အသုံးအေဆာင္ပစၥည္းမ်ားကို အဆင္သင့္သုံးႏိုင္ရန္
ျပင္ဆင္ေနၾကသည္။

ခန္းမေဆာင္သခင္ယြမ္ဟာ အားစိုက္၍
ယင္ဟန္က်န္းကိုေဘးကင္းရာေနာက္တန္း
ဆီသို႔ျပန္ေခၚလာၿပီး ေဆးခန္းမသခင္ဆီေပးလိုက္ကာ"သူ႕ကိုကုေပး သူသတိျပန္
ရလာရင္ငါကိုယ္တိုင္သူ႕ကိုသတ္ပစ္မယ္။"
ဟုေျပာလိုက္၏။

ေျပာေနရင္းျဖင့္ ေသြးမ်ားအန္ထြက္လာ၏။
ေဆးခန္းမသခင္ဟာတုန္တုန္ယင္ယင္ျဖင့္
"ခန္းမေဆာင္သခင္ယြမ္ မင္းေကာပဲ
ေဆးကုခံသင့္တယ္။မင္းရဲ႕ဒဏ္ရာေတြကလည္း ျပင္းထန္တယ္။"ဟုေျပာလိုက္သည္။

"မဟုတ္တာ ငါက ယင္ဟန္က်င္းလို
အား နည္း တဲ့ ...။"
စကားမဆုံးခင္ ခရမ္းႏုေရာင္ဝတ္စုံ
တစြန္းတစကိုသူျမင္လိုက္ရၿပီး
ေမ့လဲက်သြား၏။

မိန္းမဆန္၍ ေယာက်ာ္း၊မိန္းမ မသဲကြဲေသာ
သြင္ျပင္႐ွိသည့္ ခန္းမေဆာင္သခင္ေျမာင္
ဟာ ေဆးခန္းမသခင္ကို "ငါသူ႕ခႏၶာကိုယ္ထဲ
ႏွလုံးစားကပ္ပါးေကာင္ထည့္လိုက္
တာေၾကာင့္ သူသတိလစ္သြားတာ။
ကယ္လို႔ရမဲ့လူေတြကို‌ ေခၚသြားလိုက္။
တစ္ဝက္သက္သာသြားရင္ သူတို႔ကို
တိုက္ပြဲျပန္ဝင္ခိုင္းမယ္။အသက္႐ွဴေနေသးတဲ့
ဘယ္သူမဆို အပါးခိုခြင့္မရေစရဘူး။"

ေဆးခန္းမသခင္ဟာ နဖူးမွေခြၽးမ်ားကို
သုတ္လိုက္၏။ဤသည္က အက်ိဳးေၾကာင္း မဆီေလ်ာ္ေပ။ခန္းမေဆာင္သခင္ယြမ္သတိလစ္သြားေအာင္ပဲလုပ္ဖို႔ပဲလိုတာ။
ႏွလုံးစားကပ္ပါးေကာင္လိုေၾကာက္စရာ
ဂူပိုးေကာင္သုံးရန္မလိုေပ။ခန္းမေဆာင္သခင္ေျမာင္သာစစ္ပြဲၿပီးခ်ိန္
ျပန္မဖယ္ေပးလွ်င္ ခန္းမေဆာင္သခင္ယြမ္ဟာတစ္သက္လုံးသူ႕ထိန္းခ်ဳပ္မႈကို
ခံေနရေတာ့မွာျဖစ္သည္...

"ဟမ္" ခန္းမေဆာင္သခင္ေျမာင္ဟာ
ေဆးခန္းမသခင္ကိုမ်က္ခုံးတစ္ခ်က္
ပင့္ကာၾကည့္လိုက္သည္။

သူ႕မ်က္လုံးေတြဟာ ဒီသခင္ကအခုလို
အခြင့္အေရးရဖို႔အခ်ိန္အၾကာႀကီး
ေစာင့္ခဲ့ရတာ။ဘာလို႔ငါ့ကိုေမးခြန္းေတြ
ထုတ္ေနရတာလဲ ဟူသည့္အဓိပၸာယ္
အျပည့္ႏွင့္ပင္။

ေဆးခန္းမသခင္ဟာ ဘယ္ခန္းမေဆာင္သခင္ကိုမွေဒါသထြက္ေအာင္မလုပ္ရဲေပ။
ထို႔ေၾကာင့္ ဒဏ္ရာရသူမ်ားကို ကုသေပးရန္ သူ႕တပည့္မ်ားကို မသြားခိုင္းလိုက္သည္။

ထိုအခ်ိန္၌ ဝမ္ရန္အယ္ကိုဝန္းရံထား
ၾကသည့္ ၂၁ေယာက္ေသာကြၽမ္းက်င္အဆင့္က်င့္ၾကံသူမ်ားတုံ႔ဆိုင္းသြားၾကသည္။
က်ိဳ႐ွီဂိုဏ္းေခါင္းေဆာင္ဟာ
"ပိုလစ္တစ္ခုခုကိုလုပ္ခ်င္တဲ့အခါ
အယ္ကိတ္ကလမ္းေဖာက္ေပးလိမ့္မယ္။အကြာအ‌ေဝးလႊဲေျပာင္းအစီအရင္
ပ်က္စီးသြားၿပီ။ငါတို႔ အယ္ကိတ္ကို
ဒီမွာပဲထိန္းထားရမွာ။"ဟူ၍
စိုးရိမ္ပူပန္စြာေျပာလိုက္သည္။

ဝမ္ရန္အယ္ဟာ ေက်နပ္မႈအျပည့္ျဖင့္
ျပဳံးလိုက္၏။"ဒီအ႐ွင္ရဲ႕
ေ႐ွ႕ေျပးျဖစ္ထိုက္ပါေပတယ္။"

ယင္ဟန္က်န္းဟာ သူ႕လုပ္ရပ္‌ေတြကို
သုံးၿပီး ဝမ္ရန္အယ့္အေပၚသစၥာ႐ွိမႈကို
ျပသေနသည္။

"ငါအစတည္းကအဲ့နည္းလမ္းကို
သေဘာမတူခဲ့တာ။"ဟု လ်န္႔က်န္႔ဂိုဏ္းေခါင္းေဆာင္ေျပာလိုက္သည္။
"ဝမ္ရန္အယ္နဲ႔တိုက္ဖို႔ ငါတို႔၂၁ေယာက္ေတာင္႐ွိတာပဲ။အစီအရင္ေတြဘာေတြ
ဘာလို႔ လိုမွာလဲ။ငါတို႔ သူမေျပးႏိုင္ေအာင္အတားအဆီးခ်ၿပီးတိုက္ခိုက္႐ုံပဲေလ။"

"အဲ့တာေဝာာ့ မင္းမွားသြားၿပီ လ်န္႔က်န္႔
ဂိုဏ္းေခါင္းေဆာင္။အဲ့အစီအရင္သာမ႐ွိရင္
မင္းတို႔ထဲကဘယ္သူမွ ငါ့ၿပိဳင္ဘက္
မဟုတ္ဘူး။"ဟုဝမ္ရန္အယ္ေျပာလိုက္သည္။

"ေအာမီေတာေဖာ္"ဟု ေရ႐ြတ္ၿပီး
ဝူ႐ွန္းဘုရားေက်ာင္းမွ ေက်ာင္းထိုင္ ဆရာေတာ္ဟာ သကၤန္းကိုခြၽတ္ခ်လိုက္သျဖင့္ လက္ေမာင္း၌ထိုးထားေသာ
နဂါး႐ုပ္ပုံတက္တူးေပၚလာ၏။
ကိုင္ထားသည့္လက္နက္မွ ျမင့္ျမတ္သည့္
အလင္းတန္းထြက္‌ေပၚလာၿပီးေနာက္
အၾကင္နာေမတၱာတရားအျပည့္ေလသံျဖင့္
"ဒီဘုန္းႀကီးအိုႀကီးပါ ပါမယ္ဆိုရင္ေကာ
လုံေလာက္ၿပီလား။"ဟုေမးလိုက္သည္။

"တိုက္ၾကည့္ရင္သိရမွာေပါ့။"
ဟုေျပာၿပီးဝမ္ရန္အယ္ျပဳံးလိုက္၏။ေကာင္းကင္ယံ၌အယ္ကိတ္ၾကယ္၏
အေထာက္အပံ့ေၾကာင့္ ပိုလစ္ၾကယ္ဟာ
ၿပိဳင္ဘက္ကင္းစြာထြန္းလင္းေတာက္ပေန၏။

ဝမ္ရန္အယ္၏ဝတ္႐ုံဟာလည္း
သူ႕ေဘးပတ္လည္႐ွိ တိုက္ခိုက္လိုစိတ္အျပည့္စိတ္ဆႏၵမ်ား‌ေၾကာင့္ လူးလြန္႔ေန၏။

မဟာယနာက်င့္ၾကံသူ၌ သဘာဝဝိဉာဥ္
စြမ္းအင္မ်ားသုံးစြဲခြင့္မ႐ွိခဲ့လွ်င္ေတာင္မွ
၎တို႔၏ကိုယ္ပိုင္ဝိဉာဥ္စြမ္းအင္မ်ားဟာ
အႏိႈင္းဆမဲ့၏။စစ္ပြဲဟာ ဆယ္ႏွစ္ၾကာဆက္လက္ျဖစ္ပြားေနသည္။

ဆယ္ႏွစ္ၾကာစစ္ပြဲ၌ ပိုင္လီခ်င္းေျမာင္ႏွင့္
အျခားတပည့္မ်ားဟာ ေယာင္ဝမ္တန္ႏွင့္အတူ ၎တို႔ဘက္မွဂိုဏ္းသားမ်ား၏
မေရတြက္ႏိုင္ေသာအေလာင္းမ်ားစြာကို လိုက္လံသိမ္းဆည္းရသည္။ေသဆုံးသည့္အေရအတြက္ဟာ ဒဏ္ရာရအေရအတြက္ထက္မ်ားစြာသာလြန္၏။ဒဏ္ရာရအေရအတြက္၌လည္း အျပင္းအထန္
ဒဏ္ရာရသူပိုမ်ားျပား၏။ဒဏ္ရာမျပင္းထန္ပါကလည္း ဒဏ္ရာကိုကုသၿပီးလွ်င္
တိုက္ပြဲထဲျပန္ဝင္ရ၏။

ဤစစ္ပြဲ၌ အမွန္တရားဂိုဏ္းမ်ားေကာနတ္ဆိုးဂိုဏ္းမ်ားပါအထိနာသည္။

က်င့္ၾကံသူမ်ား အသက္ဆုံး႐ႈံးသြားသျဖင့္
ေနႏွင့္ၾကယ္မ်ားေတာက္ပလာၿပီး သာမန္လူ႕ေလာက၌ ဆယ္ႏွစ္ၾကာ ဥစၥာဓန
ေပါႂကြယ္ဝ၍ေအာင္ျမင္ျဖစ္ထြန္းလာသည္။
စစ္ပြဲမ်ားရပ္တန္႔သြားကာ ေ႐ႊေခတ္သို႔
စတင္ဝင္ေရာက္လာသည့္
ေခတ္တစ္ေခတ္၏အစျဖစ္လာ၏။

ဆယ္ႏွစ္ၾကာၿပီးေနာက္ ႏွစ္ဘက္စလုံး႐ွိ
ဝိဉာဥ္စြမ္းအင္မ်ားကုန္ခမ္းလာ၏။

ခ်ိဳးဟုန္႐ႊယ္၏ အ႐ိုးစုလက္ေခ်ာင္းမ်ားဟာ
႐ႈယန္ယန္ကိုသာယာမႈခန္းမဆီမွ
ဆြဲထုတ္လာၿပီးေနာက္"အခ်ိန္နီးေနၿပီ။"
ဟုေအးစက္စက္ျဖင့္ေျပာလိုက္သည္။

႐ွဴယန္ယန္ဟာ သူ၏အဝတ္အစားမ်ားကိုဝတ္ဆင္လိုက္ၿပီး မ်က္ႏွာအုပ္ေဆာင္း
အုပ္လိုက္ကာ "ငါသိပါတယ္။ငါက
ဒီအစီအစဥ္ရဲ႕အဓိကလူတစ္ေယာက္ပဲကို။
နင္ေျပာၾကည့္ ဝိဉာဥ္စြမ္းအင္ေတြကုန္ခမ္းသြားၿပီဆို‌ေတာ့ စစ္ေျမျပင္မွာတစ္ေယာက္နဲ႔တစ္ေယာက္တံေတြးနဲ႔ေထြးၾကမွာလား။"

"ပါးစပ္ပိတ္ထား"ခ်ိဳးဟုန္႐ႊယ္
႐ွဴယန္ယန္ႏွင့္စကားေျပာရန္စိတ္မဝင္စား။
သူဟာ ႐ွဴယန္ယန္ကို စြမ္းအင္တားဆီး
အစီအရင္႐ွိရာသို႔တြန္းပို႔လိုက္၏။

႐ွဴယန္ယန္ဟာ ေလထဲ၌က်က္သေရ
အျပည့္ျဖင့္လွည့္လိုက္ၿပီးအစီအရင္႐ွိရာသို႔နတ္သမီးတစ္ပါးအလားဆင္းသက္လိုက္၏။

တစ္ခ်ိန္တည္းမွာပင္ ခ်ိဳးဟုန္႐ႊယ္ဟာ
ေသြးျမဴမ်ားကိုဖယ္႐ွားလိုက္၏။
စြမ္းအင္တားဆီးအစီအရင္ထဲမွ
ဟယ့္ဝမ္းေခ်ာင္ဟာမ်က္ႏွာအုပ္ထားသည့္အမ်ိဳးသမီးတစ္ဦးသူ႕ကိုျပဳံးျပ၍ အတားအဆီးကိုျဖတ္ေက်ာ္ၿပီး
သူ႕ဆီသို႔လက္ဆန္႔တန္းလာတာကို
ျမင္လိုက္ရသည္။

"ဘယ္လိုလုပ္.."
သူဆယ္ႏွစ္ၾကာထိန္းသိမ္းလာသည့္
အတားအဆီးဟာ နတ္ဆိုးဂိုဏ္းသားမ်ား
အလြယ္တကူဖ်က္စီးပစ္လို႔ရၿပီး
၎တို႔၏ခြင့္ျပဳခ်က္ေၾကာင့္သာ သူတို႔
ယခုထိအသက္႐ွင္ေနေသးတာျဖစ္ေၾကာင္း
သိလိုက္ရသည့္ ဟယ့္ဝမ္းေခ်ာင္ဟာ
ထိုကဲ့သို႔ျဖစ္ရပ္မ်ိဳးၾကဳံရမည္ဟု ဘယ္တုန္းကမွမထင္ထားခဲ့ေပ။

"ကြၽန္မကိုမွတ္မိေသးလား
အခ်စ္ေလး ဟယ့္"႐ွဴယန္ယန္ဟာ
မ်က္ႏွာအုပ္ကိုခြၽတ္ပစ္လိုက္ၿပီး ေႏြးေႏြးေထြးေထြးျဖင့္ခ်စ္စဖြယ္
ျပဳံးျပလိုက္ၿပီးႏူးႏူးညံ့ညံ့ေမးလိုက္၏။

"မိန္း မိန္းကေလး႐ွဴ "ဟယ့္ဝမ္းေခ်ာင္အံ့ဩသြား၏။သူ႕ဒန္တိမ္မွနာက်င္မႈတစ္ခုခံစားလိုက္ရသျဖင့္ ငုံ႔ၾကည့္လိုက္သည့္အခါ
ဒန္တိမ္ထဲသို႔ ႐ွဴယန္ယန္၏လက္ေခ်ာင္းမ်ား
ထိုးသြင္းထားတာကိုေတြ႕လိုက္ရသည္။

"ငါဘာလို႔ အကာအကြယ္အတားအဆီးထဲ
ဝင္ႏိုင္တာလဲဆိုတာကို နားမလည္ႏိုင္
ျဖစ္ေနလား။"႐ွဴယန္ယန္ဟာရယ္ေမာ၍
"ဒီကာကြယ္ေစာင့္ေ႐ွာက္သူက သူေပးထားတဲ့စြမ္းအင္အရင္းအျမစ္ကို သူလိုခ်င္တဲ့အခ်ိန္ျပန္ယူလို႔ရတယ္။မေမ့နဲ႔ ငါတို႔ေတြက
ႏွစ္ဝက္ေလာက္စုံတြဲက်င့္ၾကံခဲ့တာ။
ငါတို႔ရဲ႕စြမ္းအင္အရင္းအျမစ္တစ္ခုႏွင့္
တစ္ခုကေရာယွက္ေနၿပီးသား။တစ္ခုနဲ႔တစ္ခု
သဟဇာတလည္းျဖစ္ေနတာမလို႔
ငါသာဝင္ခ်င္တယ္ဆိုရင္ မင္းကအလိုအေလ်ာက္တံခါးဖြင့္ေပးမွာ။"

"အဲ့တာဆို ဘာလို႔ဆယ္ႏွစ္အခ်ိန္ဆြဲထားတာလဲ။"ဟယ့္ဝမ္းေခ်ာင္ ႐ွဴယန္ယန္ေျပာစကားမ်ားကိုမယုံေခ်။

"အဲ့တာ ငါတို႔ရဲ႕အ႐ွင္အမိန္႔ေၾကာင့္"
႐ွဴယန္ယန္သက္ျပင္းခ်လိုက္၏။
"သူေျပာတာေတာ့စြမ္းအင္တားဆီးအစီအရင္က အက်ိဳးအျမတ္တစ္ခုတဲ့။သဘာဝဝိဉာဥ္
စြမ္းအင္ေတြသုံးၿပီးဆယ္ႏွစ္ၾကာတိုက္ခိုက္မယ္ဆိုရင္ ဒီကမ႓ာကသဘာဝဝိဉာဥ္စြမ္းအင္ေတြခမ္းေျခာက္သြားမွာ။လယ္ကြင္း‌ေတြမွာလည္းအသီးအႏွံေတြမျဖစ္ထြန္းေတာ့ဘူး။အခုဆိုရင္အားလုံးဟာပင္ပန္းေနၿပီး
ဝိဉာဥ္စြမ္းအင္အမ်ားႀကီးသုံးႏိုင္ေတာ့မွာမဟုတ္ဘူး။ဒီအခ်ိန္က အစီအရင္ကို
ဖ်က္စီးပစ္ဖို႔အေကာင္းဆုံးအခ်ိန္ပဲ။"

သူ႕လက္ကိုအသာအယာအားစိုက္ထုတ္
လိုက္ၿပီး ဟယ့္ဝမ္းေခ်ာင္၏အေျခတည္စ
ဝိဉာဥ္ကိုဒန္တိမ္ထဲမွဆြဲထုတ္လိုက္၏။
"ဒီကာကြယ္သူေပးထားခဲ့တာေတြကို
အတိုးနဲ႔ျပန္ေပးရမယ္။အလဲအလွယ္အေနနဲ႔
မင္းရဲ႕အေျခတည္စဝိဉာဥ္ကို
ငါယူလိုက္မယ္။"

"႐ွဴ ..မင္း ..ငါ့ကိုခ်စ္ခဲ့ဖူးလား။"
ဟယ့္ဝမ္းေခ်ာင္ဟာ အေျခတည္စဝိဉာဥ္
သူ႕ခႏၶာကိုယ္ထဲမွဆြဲထုတ္ခံေနရသည့္
ၾကားက ထိုအဓိပၸာယ္မ႐ွိသည့္ေမးခြန္းကိုေမး၏။

႐ွဴယန္ယန္ျပဳံးလိုက္ၿပီး "ငါ့အတြက္ေတာ့စြမ္းအင္စုပ္ယူၿပီးျပန္ျဖည့္တင္းတာက နင္တို႔အမွန္တရားက်င့္ၾကံသူေတြ သဘာဝစြမ္းအင္ကိုစုပ္ယူၿပီးက်င့္ၾကံတာမ်ိဳးနဲ႔တူတူပဲ။
နင္က်င့္ၾကံေနတဲ့သဘာဝဝိဉာဥ္စြမ္းအင္ေတြကို နင္ခ်စ္ဖူးလို႔လား။"ဟုေအးစက္စက္
ျပန္ေျဖလိုက္သည္။

ဟယ့္ဝမ္းေခ်ာင္ဟာႏွလုံးသားကင္းမဲ့သည့္ထိုစကားမ်ားကိုမယုံဟန္ျဖင့္မ်က္လုံး
ျပဴးက်ယ္သြား၏။

"အာ ဟုတ္တယ္။ဝိဉာဥ္စြမ္းအင္ေတြေတာင္မွ
မ်ားတာေတြ နည္းတာေတြ သန္႔စင္တာေတြ
ေရာေႏွာေနတာေတြ ႐ွိေသးတာပဲ။
ဒီကာကြယ္သူအတြက္ကေတာ့ မင္းက
ပ်င္းဖို႔ေကာင္းၿပီး ကိုယ့္ကိုကိုယ္ပဲသိတဲ့
စြမ္းအင္အစုအေဝးႀကီးပဲ။ငါ့အခ်စ္ေလးေတြကိုမယွဥ္ႏိုင္ဘူး။"

သူဟာ ႐ုတ္တရက္ျပင္းထန္စြာျဖင့္
ဟယ့္ဝမ္းေခ်ာင္၏ အေျခတည္စအဆင့္
ဝိဉာဥ္ကို ခႏၶာကိုယ္ထဲမွဆြဲႏႈတ္လိုက္၏။
ဟယ့္ဝမ္းေခ်ာင္ေကာင္းကင္ေပၚက
ျပဳတ္က်လာၿပီး ဝိဉာဥ္တားဆီး
အစီအရင္လည္းပ်က္စီးသြား၏။

ခ်ိဳးဟုန္႐ႊယ္၏ ဆာေလာင္တေစၧမ်ားဟာ
ခ်က္ခ်င္းပင္ အစီအရင္ထဲ႐ွိ တပည့္မ်ား
ဆီသို႔ သြားကပ္တြယ္ေတာ့သည္။

မွတ္ခ်က္

၁။႐ႊမ္းဝူဟာတ႐ုတ္ဒ႑ာရီထဲက
ကမ႓ာေျမႀကီးရဲ႕အခ်က္အခ်ာေနရာ
ေလးခုရဲ႕အေစာင့္အေ႐ွာက္
မိုးျပာေရာင္နဂါး၊လိပ္နက္၊က်ားျဖဴနဲ႔
ဟသၤာပဒါးဌက္ တို႔ထဲက
လိပ္နက္ပဲျဖစ္ပါတယ္။

၂။ဂူဆိုတာဟာ အဆိပ္ျပင္း
ပိုးေကာင္ေတြကိုတူတူထားၿပီး
တစ္ေကာင္နဲ႔တစ္ေကာင္
ျပန္စားတာကေန ေနာက္ဆုံးက်န္ခဲ့ၿပီး
အျခားအေကာင္ေတြရဲ႕အဆိပ္ေတြကိုပါ
ရ႐ွိထားတဲ့ ပိုးေကာင္ျဖစ္ပါတယ္။
ေမွာ္ပိုးေကာင္ေတြလို႔ေျပာလည္းရပါတယ္။

၃။အေျခတည္စဝိဉာဥ္က ေမြးကင္းစကေလးငယ္အ႐ြယ္ပါ။avatarလိုမ်ိဳး

Continue Reading

You'll Also Like

9.9K 1K 15
#Gyuvin #Yujin #Gyujin
3.7K 215 20
In a world where humans and werewolves are enemies and mates are no longer a luxury afforded to werewolves, Liam is shocked when he feels that unfami...
1.3M 91.6K 23
#Book-2 in Lost Royalty series (But can be read standalone ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spr...
14K 627 17
∆You don't seem the lying kind∆ TW gang violence ---- STORYLINE WONT COMPLETELY FOLLOW THE STORYLONE OF TOKYO REVENGRRS. ALSO THIS IS VERY INSPIRED...