MINE(Completed)
Autorstwa Heki-21
15.8K 1.8K 168
**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို... Więcej
Intro
1
2
3
4
5
6
7
8
9
10
11
13
14
15
16
17
18
19
20
21
22
23
24
!!Attention plz!!
25
!Hello!
26
27
28
29
30
31
32
33
34
35
36
37
38
39
40(Final Part)
12
360 48 1
Autorstwa Heki-21
Zgy
Mine 12
"အရမ်းနာနေမှာပဲ
တောင်းပန်ပါတယ်
"ချန်းယောလ် "
"ငါ့ကြောင့်
"ချန်းယောလ်လီ ....
ငါ့ကိုကြည့်
"အင်း "
"ချန်းယောလိ လွှတ်ဉီး ဆေးထည့်ရဉီးမယ်လေ"
"တောင်းပန်ပါတယ်" တဲ့
ဉီးလေးကြီးက နားလည်ပေးပေမယ့် ကံကြမ္မာက မျက်နှာသာပေးပြီး နားလည်မပေးခဲ့ဘူးနဲ့တူပါတယ်။
"ချန်းယောလ်လီ
ပြီးတော့ သူချန်း​ယောလ်ကို ....
#Heki
Uni
Mine 12
အချုပ်ခန်းရဲ့ထောင့်နားမှာ ချန်းယောလ်က သွေးစတွေပေနေတဲ့လက်ဖဝါးနှစ်ဖက်နဲ့ ဘတ်ဟျွန်းမျက်နှာကို ဖွဖွကိုင်ရင်း
"အရမ်းနာနေမှာပဲ
တောင်းပန်ပါတယ်
ငါသာ ဒီထက်စောစောရောက်လာရင်"
ဆိုတဲ့ စကားကိုတွင်တွင်ဆိုရင်း မျက်လုံးတွေမှာ ကြမ်းတမ်းသွားလိုက်။  နူးညံ့သွားလိုက်။
"ချန်းယောလ် "
ချန်းယောလ်ရဲ့ တုန်နေတဲ့ လက်နှစ်ဖက်ကို ဘတ်ဟျွန်းလက်ဖဝါးနှစ်ဖက်နဲ့ထွေးကိုင်ရင်း သူ့နာမည်ကို ဖွဖွခေါ်တဲ့အခါ ချန်းယောလ်က မတည်မငြိမ်မျက်ဝန်းတွေနဲ့ ကြည့်လာတယ်။
နှစ်သိမ့်ပေးချင်လို့ ခေါ်လိုက်တာပေမယ့် သူက ဘတ်ဟျွန်းလက်ဆစ်တွေပေါက်ပြဲနေတာတွေကို ပွတ်သပ်ကာ သူ့အပြစ်မကင်းသလို စိတ်မကောင်းဖြစ်နေပြန်တယ်။
ချန်းယောလ်ရဲ့ အားနည်းရာ ရပ်ဝန်း ဟာ ဘတ်ဟျွန်းဖြစ်တယ်။
"ငါ့ကြောင့်
ငါသာစောစောရောက်လာခဲ့ရင်"
"ချန်းယောလ်လီ ....
ငါ့ကိုကြည့်
ငါအဆင်ပြေတယ် တွေ့လား ငါတကယ်အဆင်ပြေပါတယ်ဆို."
မျက်ရည်တွေလဲ့နေတဲ့ ချန်းယောလ် မျက်ဝန်းဝိုင်းဝိုင်းဟာ ဘတ်ဟျွန်းကို တွင်းနက်နက်ထဲမှာလို အဆုံးအစမဲ့ လမ်းပျောက်စေပါတယ်။
မငိုတတ်တဲ့ ချန်းယောလ် မျက်ဝန်းတွေဟာ ရင်ဘတ်တွေစုတ်ဖြဲခံလိုက်ရသလို နာကျင်စေတဲ့ လက်နက်ပဲ။
ညတွင်းချင်း ရောက်လာတဲ့ ဦးလေးကြီးနဲ့ ရဲတွေ အကြေအလည်ပြောဆိုနေပေမယ့် နစ်နာသူဘက်က လက်ခံဟန်မပေါ်ပေ။ ဒါလဲ ကြိုတွက်ထားပြီးသားမို့ သိပ်တော့ မအံ့သြပေ။ ခံရတာ ဘတ်ဟျွန်းတောင် မကြည့်ရဲလောက်အောင် မဟုတ်လား။ တစ်ဖက်က နစ်နာသူရဲ့ အုပ်ထိန်းသူတွေကလဲ ကြေအေးပေးဖို့ အစီအစဥ် နည်းနည်းလေးတောင် ရှိဟန်မတူ။ ရှုပ်ထွေးနေတဲ့ စိတ်တွေထဲ ချန်းယောလ်ရဲ့ ပြိုမကျလာနိုင်ခဲ့တဲ့ မျက်ရည်တွေ​က အဆိုးဆုံးဖြစ်သည်။ မကြွေခဲ့တဲ့ အရည်တွေက အစိုင်အခဲဖြစ်သွားမှာ ဘတ်ဟျွန်းကြောက်ပါတယ်။ တခါတခါ စူးစူးရဲရဲလှမ်းကြည့်တတ်တဲ့ ချန်းယောလ်ရဲ့ မျက်ဝန်းတွေကို ပိုကြောက်ပါတယ်။
တစ်ညနဲ့ နေ့ဝက်ပြီးတဲ့နောက်မှာ အချုပ်ခန်းရဲ့ ထောင့်နေရာလေးကနေ ဘတ်ဟျွန်းတို့ အိမ်ပြန်ခွင့်ရခဲ့တယ်။
"ချန်းယောလ် ဆေးရုံသွားရအောင်"
"အင်း "
ဘတ်ဟျွန်းလက်ကို တင်းနေအောင် ဆုပ်ကိုင်လို့ တစ်လမ်းလုံးတစ်ချက်တောင် မလွှတ်ပေးတာ ဆေးရုံရောက်တဲ့အထိ။ လိုက်ကာစခန်းဆီးလေးကို မလို့ ထိုင်ခိုင်းလိုက်တာ ဘတ်ဟျွန်းကို။
"သူ့ကို အရင်ကြည့်ပေးပါ "
ပေါက်ပြဲနေတ​ဲ့ ဒဏ်ရါတွေနဲ့ သွေးစတို့ရဲနေတဲ့ လက်တွေကိုကြည့်ရင် ဒေါက်တာက
"သူ့ထက် ကျောင်းသားကို အရင်စစ်ဆေးရမယ်ထင်တယ် "
"သူ့ကို အရင်ကြည့်ပေးပါ"
ထိုစကားကိုသာ တဖွဖွပြောရင်း ဘတ်ဟျွန်းလက်ဖဝါးတွေကို ဆုပ်ကိုင်ထားတာလဲ မလွှတ်။
ဘတ်ဟျွန်းကို စစ်ဆေးပြီးချန်းယောလ်လက်တွေကို ဆေးထည့်ပေးချိန်ထိ ချန်းယောလ်ကလက်တွေကို မလွှတ်ပေးသေးဘူး။ ဒေါက်တာကလဲ ကွက်ကြည့်ကွက်ကြည့်နဲ့ဖြစ်နေပြီး ဦးလေးကြီးကလဲ မျကိရိပ်ပြနေပေမယ့် ချန်းယောလ်က ဘတ်ဟျွနမျက်နှာဆီကလွဲလို့ ဘယ်သူ့မျက်နှာမှ မကြည့်နေဘူး။
"ချန်းယောလိ လွှတ်ဦး ဆေးထည့်ရဦးမယ်လေ"
တိုးတိုးကြိတ်ကြိတ် နားနားကပ်ပြောပေမယ့် သူက လေးပင်စွာ ခေါင်းယမ်းပြလာတယ်။ သူမလွှတ်ပေးချင်ဘူးတဲ့။
"ချန်းယောလ် ငါ့လက်တွေ နာနေပြီ"
ဆတ်ခနဲ လွှတ်ဟသွားတဲ့ လက်ဖျံလေးဟာ သွေးကြောတွေခုမှပွင့်သွားသလို ကျင်ခနဲ။ ရဲနေတဲ့ လက်ဆစ်တွေကို ကြည့်ပြီး သူက ခပ်တိုးတိုးဆိုတယ်
"တောင်းပန်ပါတယ်" တဲ့
ဆေးရုံကနေ အိမ်ပြန်လမ်းတစ်လျှောက်လုံး ဘာစကားတစ်ခွန်းမှ သုံးယောက်လုံးမပြောဖြစ်ဘူး။ ဦးလေးကြီးရော ချန်းယောလ်ရော ပြီးတော့ ဘတ်ဟျွန်းရော။
အိမ်ထဲဝင်သွားတည်းက သူ့အခန်းထဲ တန်းဝင်သွားတဲ့ ချန်းယောလ်က ညနေစာစားချိိန်ထိ ပြန်ထွက်မလာခဲ့။ ဘတ်ဟျွန်းကတော့ ဦးလေးကြီးကို တောင်းပန်စကားအလီလီဆိုရင်း အားနာနေရတယ်။ မည်သူမပြု မိမိမှု ပဲ မဟုတ်လား။
ဦးလေးကြီးက နားလည်ပေးပေမယ့် ကံကြမ္မာက မျက်နှာသာပေးပြီး နားလည်မပေးခဲ့ဘူးနဲ့တူပါတယ်။
နောက်နေ့မနက်စောစောမှာ ချန်းယောလ်မိဘတွေရောက်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ချန်းယောလ်ကို ကျောင်းပြောင်းဖို့တဲ့။
ထိုညက ချန်းယောလ်အခန်းဆီခေါင်းအုံးလေးပိုက်လို့ ဘတ်ဟျွန်းသွားခဲ့တယ်။ ချန်းယောလ်က ခုတင်ကို မှီပြီး ကြမ်းပြင်မှာ တစ်စုံတစ်ခုကို ရေတွက်နေတယ်။
"ချန်းယောလ်လီ
ငါဒီည ဒီမှါအိပ်လို့ရလား.."
အို ချန်းယောလ် မျက်လုံးမှာမျက်ရည်တွေပါလား။ မငိုတတ်ခဲ့တဲ့ ချန်းယောလ်ပါးပြင်မှာ မျက်ရည်စီးကြောင်းက အထီးကျန်စွာ။
တင်းကြပ်စွာ ပွေ့ဖက်လာတဲ့ လက်တံရှည်တွေကြား ဘတ်ဟျွန်း ကိုယ့်ကိုကိုယ်ပျောက်ဆုံးပစ်လိုက်တယ်။ ချန်းယောလ်ဟာ ညဖြစ်ပြီး ချန်းယောလ်သာလျှင် နေ့ဖြစ်တယ်။
ပြီးတော့ သူချန်း​ေယာလ်ကို ....
#Heki
အိပ်ပြီ။ မတရားအိပ်ချင်နေတာကို မနည်းပြူးပြဲပြီးရေးထားရတာနော်။
ခငိများလေးတို့ကို ချစ်လို့. ..
Czytaj Dalej
To Też Polubisz
674K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
256K 7.8K 39
MGA MISTERYOSONG BABAE NA NAGTATAGO BILANG MGA NERDS.... ANG MGA MAYAYABANG NA CAMPUS KING... POSIBLE KAYANG MAGING LOVE ANG WAR SA PAGITAN NILA? TUK...
574K 12.9K 40
In wich a one night stand turns out to be a lot more than that.
1M 54.6K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...