(Uni)
"လင်လင်တွေများနော် အလွမ်းသယ်လို့ကိုမပြီးနိုင်ဘူး.."
ထုံးစံအတိုင်း မိရွှန်းမတစ်ယောက်တော့မဲ့ကာရွဲ့ကာပြောနေပြန်ပါပြီ။
"နင်ကလည်း သူများကိုဆို ပြောဖို့ကြီးပဲ.."
ချမ်းမြေ့အပြစ်တင်သံဖြင့်ပြောလိုက်တော့ မိရွှန်းမက -
"ဟဲ့...ငါပြောတာမှားသလား...အဲ့မှာ ဟိုအ ကောင်ကို ကြည့်လေ ငါတို့နဲ့ဆို ရေခဲတုံးက သူ့လင်နဲ့ကြတော့ သွားကြီးဖြီးပြီး ရေပက်မ၀င်အောင်ပြောနေလိုက်ပုံများ နွားပွဲစားနဲ့တောင် လူမှားနိုင်တယ်"
"မိရွှန်းပြောတာမှန်တယ် ဟျောင့်..ငါကတော့ rsတွေဆိုကြည့်ကိုမရဘူး သောက်မြင်ကပ်ဖို့ကောင်းချက်."
ဟန်ငြိမ်းကပါ မိရွှန်းဘက်ကနေ၀င်ထောက်ခံပြန်သည်။ ဒီနှစ်ကောင်ဘာမှမဟုတ်... သူတို့FA ဖြစ်တိုင်း သူများကိုမနာလိုဖြစ်နေတာ။
"အေးပေါ့...မင်းတို့FAတွေက ဒါမျိုးဘယ်နား
လည်ပါ့မလဲ"
ချမ်းမြေ့ပြောလိုက်တော့ ဟန်ငြိမ်းနဲ့မိရွှန်းမှာ ရှူးရှူးရှားရှားဖြစ်ကာ မျက်စောင်းတစ်ထိုးထိုးနဲ့ဖြစ်နေကြတော့သည်။ ပြန်လည်ချေပစကား တော့ထွက်မလာ။ ဘယ်ထွက်လာပါ့မလဲ အမှန်တရားဆိုတော့ အရှိုက်ထိသွားပြီလေ။
ချမ်းမြေ့ မလှမ်းမကမ်းမှာဖုန်းပြောနေတဲ့ ၀ဏ္ဏကိုလှမ်းကြည့်လိုက်တော့ မိရွှန်းပြောသည်မှာ အပိုမဟုတ်မှန်းကိုလည်း လက်ခံလိုက်ရသည်။
တကယ်ကိုပင် ၀ဏ္ဏမှာ နွားပွဲစားရုပ်လုံးလုံးဖြစ်နေပြီပင်။ မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်နေပြီး လက်ကလည်းအငြိမ်မနေ.. ဖုန်းပြောလျှက်နဲ့ပင် အားတဲ့လက်က ပေါက်နေတဲ့မြက်ပင်တွေကိုနှုတ်နေသေးသည်။
သိပ်တော့မကြာပါ..ချမ်းမြေ့အထင် ၃နာရီလောက်ဖုန်းပြောအပြီးမှာတော့ ထော့နဲ့နဲ့ နှင့် ၀ဏ္ဏတစ်ယောက်ထလာတော့သည်။ အော်.... သနားစရာကောင်းလိုက်ပုံများ သုံးနာရီလောက်ကြီး ထိုင်နေမှတော့ ခြေထောက်ကျင်နေလောက်ရောပေါ့။ ချမ်းမြေ့စိတ်ပေါက်ပေါက်နဲ့တွေးလိုက်မိပါသည်။ မိရွှန်းပြောရင်လည်း ပြောချင်စရာပင်။ အပြောခံရသည်က နည်းတောင်းနည်းသေးသည်ထင်၏။
"ချမ်းမြေ့..."
အနားရောက်လာလာချင်းခေါ်လိုက်သည့် ၀ဏ္ဏ။
"အေး...ငါတော့သတိရသေးတယ်နော်"
ချမ်းမြေ့ ဘုဘောက်ကျစွာပြောလိုက်တော့ ဟန်ငြိမ်းနဲ့မိရွှန်းမှာ တခိခိနဲ့ပင်။ ဒီကောင်တွေသိနေပြီလေ... ချမ်းမြေ့လည်း ၀ဏ္ဏကိုအမြင်ကပ်နေပြီဆိုတာ။
"ဟို...ကိုကိုကလိုက်လာမလို့တဲ့"
"ဘာ.."
ချမ်းမြေ့၏ "ဘာ"ဆိုသည့်အသံကြီးမှာဟိန်းကနဲ ပင်။ထို့နောက် ချမ်းမြေ့ တစ်ယောက် ကွပ်ပစ်ပေါ်မှ ၀ရုန်းသုန်းကား မတ်တပ်ထရပ်ကာ ခါးထောက်၍ -
"အေး...တစ်မျိုးလုံးသာ ခေါ်ခဲ့လို့ပြောလိုက်"
ချမ်းမြေ့ ရွဲ့ကာပြောတော့ ဟန်ငြိမ်းနဲ့မိရွှန်းမှာ တဟားဟားအော်ရယ်တော့သည်။ ချမ်းမြေ့လည်း မိမိအားလှောင်နေသည့် နှစ်ကောင်ဘက်လှည့်ကာ-
"အေး..ရယ်မနေနဲ့ မင်းတို့ကရော မပြန်ကြသေးဘူးလား? သူများအိမ်ကို ဘယ်အချိန်ထိနေဖို့စဥ်းစားထားကြတာလဲဟမ်....အလုပ်မရှိကြဘူးလား...အားယားနေကြတာလား... ဒီကြားထဲ ကိုယ်တစ်ယောက်လာနေလို့အားမရလို့ နောက်ကတွဲလောင်းတွဲလောင်း တွေပါခေါ်လာသေး"
ချမ်းမြေ့နောက်ဆုံးစကားကို ၀ဏ္ဏအားကြည့်ရင်းပြောတော့ ၀ဏ္ဏမျက်နှာကြီးမှာမည်းမဲကနဲဖြစ်သွားပြီး မျက်စောင်းထိုးလာတော့ သည်။ အောင်မယ်ဗျာ..သူကများ လာလာချည်သေးရဲ့။ ဟိုနှစ်ကောင်ကတော့ ဗိုက်နှိပ်ကာပင် ၀ါးလုံးကွဲအောင်ရယ်နေကြတော့သည်။
"အောင်မယ်လေး..ချမ်းမြေ့ရယ်....ငါရယ်ရလွန်းလို့ အူနာနေပြီ..ဘယ်နှယ့်မိန်းမကြီးကြလို့ ရန်တွေ့နေပုံက..ကိုယ့်သူငယ်ချင်းတွေကိုပြောဆိုနေလိုက်တာလည်း ရစရာကိုမရှိတော့ဘူး"
"အော်....အလိုက်ကန်းဆိုးမသိ သူများအိမ်ပေါ်လာတက်နေတဲ့ သူငယ်ချင်းတွေဆိုတာလည်းထည့်ပြောဦးလေ...."
မိရွှန်းစကားအား ချမ်းမြေ့ပြန်ချေပတော့ ဟန်ငြိမ်းမှ မသတီစရာအသံကြီးဖြင့် -
"အချစ်ကလဲကွာ..."
"-ီးကိုအချစ်..ဒါနဲ့ ဟိတ်ကောင် မင်းလင်ကဘယ်တော့လာမှာတဲ့လဲ"
ချမ်းမြေ့ ဟန်ငြိမ်းအားပြန်ပြောရင်း ၀ဏ္ဏကိုလည်းဟောက်၍မေးလိုက်သည်။
"မနက်ဖြန်တဲ့..."
"အော်....အေးပါကွာ..နေကြပါ...ကြိုက်သလောက်သာနေကြ...တစ်မျိုးလုံးခေါ်လာမယ်ဆိုလည်းရတယ်နော်"
"ဟားဟား...မင်းကလဲ ငါတို့နေတာက မင်းကိုကူညီဖို့ပါနော် မင်းအချစ်လေးဆီကအဖြေရအောင် ဒီသူငယ်ချင်းတွေကကူညီပေးဦးမှာဗျာ..."
"ဟုတ်တယ် ဟန်ငြိမ်းပြောတဲ့အတိုင်း...."
ဟန်ငြိမ်းစကားအား မိရွှန်းကထပ်ထောက်ခံပြန်သည်။ ဒီနှစ်ကောင် အတိုင်ဖောက်ကိုညီနေရော။ ချမ်းမြေ့မှာတော့-
"အော်..အော်" ဟုသာပြောနိုင်တော့သည်။ထို့ နောက် မိရွှန်းက စိတ်ပျက်သံကြီးနှင့်....
"၀ဏ္ဏကလည်း လင်ရှိ...ချမ်းမြေ့ကလည်း မကြာခင်ရတော့မယ်ဆိုတော့ ဟန်ငြိမ်းရေ...နင်ရယ်ငါရယ်ပဲကျန်တော့တယ်"
"အဲ့တော့နင်တို့နှစ်ယောက်ယူလိုက်လေ..."
ချမ်းမြေ့ပြောတော့ နှစ်ယောက်စလုံးမှာ သံချပ်တိုက်ထားသည့်အတိုင်း ပြိုင်တူပင် -
"ယူစရာလား"
"အေး...ယူစရာ"
"သေလိုက်လေ...ချမ်းမြေ့စုတ်ရဲ့"
"အဲ့တော့နင်ကလင်မယူတော့ဘူးပေါ့ မိရွှန်းမ"
"ဟ မယူပဲနေမလား...ယူမှာပေါ့"
"တော်ပြီကွာ...လင်ယူမယ့်သူကြီးပဲ....အေး ငါကတော့မိန်းမပဲယူမှာနော်...အဲ့တော့ သွားကြ လင်ယူမယ့်ဟာတွေ ငါနဲ့လာမပေါင်းနဲ့...လိုင်းမတူဘူး"
မိရွှန်းစကားအဆုံး ခပ်တည်တည်နဲ့၀င်ပြော
သည့်ဟန်ငြိမ်းကြောင့် လေးယောက်သားမတိုင်ပင်ပါပဲ ပြိုင်တူရယ်မိတော့သည်။ ခုနက ထသတ်တော့မလိုဖြစ်သည်မှာ ဘာမှမဟုတ်သည့်အတိုင်း။ ချမ်းမြေ့တို့သူငယ်ချင်းတစ်စုမှာဤသို့ပင်။ မတည့်အတူနေ မမြင်လိုက်ရှာ သူများပင်ဖြစ်သည်။ ပြောမနာဆိုမနာများဖြစ်သည့်အလျောက်လည်း ပြောချင်သလိုပြောပြီး တစ်ယောက်နဲ့တစ်ယောက်ဖဲ့ချင်သလို ဖဲ့ကြသေးသည်။ စိတ်ထဲပါ၍တော့မဟုတ်..အထုံပါနေ၍ဖြစ်သည်။ တခြားသူများကတော့မည်သို့ထင်မည် မသိသော်လည်း ချမ်းမြေ့တို့သည်တော့ အကြောင်းသိတွေမို့ ထူးပြီးနာမနေတော့ပေ။
"ကိုချမ်း.."
ရယ်နေသောလေးယောက်မှာ ခေါ်သံကြားမှ အရယ်ရပ်သွားကာ. အသံလာရာကြည့်လိုက်တော့ ငါးဆင့်ချိုင့်ကလေးကိုင်ကာ ၀င်လာသည့် မိန်းကလေးတစ်ယောက်.....
ထိုမိန်းကလေးကိုမြင်သည်နှင့် ချမ်းမြေ့မျက်နှာမှာအနည်းငယ်တည်သွားကာ... မိရွှန်းကတော့ဖြင့်မျက်နှာကိုကိုမဲ့ရွဲ့ကာ တစ်ဖက်သို့လှည့်သွားတော့သည်။ ဟန်ငြိမ်းနဲ့၀ဏ္ဏကလည်း ရယ်နေသောမျက်နှာပိုးကိုသပ်ကာ ခပ်တည်တည်။
" ဖြူ ထမင်းလာပို့တာ..နည်းနည်းနောက်ကျသွားတယ် ဆာနေကြပြီလား"
"မြင်ပြီး..စားချင်စိတ်တောင်မရှိ"
ပွစိပွစိနဲ့ပြောလိုက်သည့်မိရွှန်းကြောင့် ဟန်ငြိမ်းနဲ့၀ဏ္ဏမှာ အသာလက်ကုတ်ကာ သတိပေးရသည်။ ဟိုကကြားသွားမှဖြင့် မကောင်းရှိတော့မယ်။
"အော်...ဟုတ် အစောကြီးရှိပါသေးတယ်ဗျ..မဆာသေးပါဘူး"
"တော်သေးတာပေါ့ ဖြူက နောက်ကျနေတယ်ထင်တာ"
"အပိုတွေ"
ထပ်ပြောပြန်သည့်မိရွှန်းမပင်။ ဒီသူငယ်ချင်းမနဲ့တော့မလွယ်....ဟိုကနည်းနည်းလှမ်းနေလို့သာမကြားရတာ ကိုယ်တွေကအကုန်ကြားနေရတယ်။အမြင်မကြည်တာကမကြည်ပေမယ့် တစ်ဖက်ကကြားသွားရင် မကောင်းဘူးမဟုတ်လား။ အားနာစရာတွေတော့ဖြစ်ကုန်တော့မယ်။ ချမ်းမြေ့စိတ်ညစ်လာသလို မိမိရှေ့မှ စောနှင်းဖြူအားကြည့်လိုက်တော့ ပိုတောင်စိတ်ညစ်သွားရသည်။ ဟုတ်တယ်...သူမနာမည်က စောနှင်းဖြူတဲ့... ချမ်းမြေ့အဘိုးရဲ့ညီမ တစ်ဖြစ်လဲ ချမ်းမြေ့ရဲ့ဒေါ်ကြီးဖြစ်သူ ဒေါ်ငွေလှိုင်ရဲ့ ယောကျာ်းဘက်က တူမတော်စပ်သူပင်။
ဖေဖေနဲ့မေမေမှာ အလုပ်ကိစ္စကြောင့် မန္တလေးသို့ခဏပြန်သွားသည်ဖြစ်၍ အဘိုးကိုလည်း အလည်အပတ်ခေါ်သွားလေရာ အိမ်မှာ ချမ်းမြေ့တို့လေးယောက်နှင့် ဦးမောင်လွင်(ချမ်းမြေ့အဘိုးရဲ့တပည့်)သာကျန်ခဲ့သည်။ ယောကျာ်းလေးတွေကြီးထဲမို့ မိရွှန်းမနဲ့မသင့်တော်၍ မိရွှန်းမအား လတ်တလော ရွာမြောက်ပိုင်းရှိ ချမ်းမြေ့ဒေါ်ကြီးဖြစ်သူ အိမ်မှာပဲ သွားအိပ်ခိုင်းဖြစ် သည်။ ခုလို နေ့လည်နေ့ခင်းမှာသာ ချမ်းမြေ့တို့ဆီရောက်လာခြင်းပင်။ ချက်ကျွေးမယ့်သူ ဘာညာလည်းမရှိတော့ အစားသောက်ကို ဒေါ်ကြီးဖြစ်သူကချက်ကျွေးသည်။ ယခုလိုပင် ချက်ပြီးလာပို့ပေးသည်။ ခက်တာက..လာလာပို့နေသူကစောနှင်းဖြူ...
သူမကလည်း မနေ့တစ်နေ့ကမှ ပြန်ရောက်လာခြင်းဖြစ်သည်ဟုဆိုသည်။ ချမ်းမြေ့ ဒေါ်ကြီးဆီသွားတော့ သူ(မ)နဲ့ဆုံတာဖြစ်သည်။ထိုကတည်းက ကိုချမ်း..ကိုချမ်းနဲ့ နောက်ဆုံး မိရွှန်းမ၏ ချဥ်ဖတ်လေးဖြစ်သွားတော့သည်။
စောနှင်းဖြူသည်ချမ်းမြေ့အားစိတ်၀င်စားနေသူဖြစ်သည်။ ဤသည်ကိုချမ်းမြေ့လည်းသတိထားမိပါ၏။ သို့ကြောင့် ချမ်းမြေ့ဘက်က ခပ်ကင်းကင်းနေဖြစ်သည်။ ကိုယ်က ချစ်ရသူရှိပြီးသားမဟုတ်လား...ပြီးတော့ တစ်ဖက်ကမိန်းကလေးဖြစ်သည်ကြောင့် သူများအမြင်မှာအထင်အမြင်တွေဘာတွေလည်းမလွဲစေချင်။ တစ်ခုခုဆို
နစ်နာဆုံးသူက မိန်းကလေးတွေပဲဖြစ်သည်ရော....ကိုယ်ကပြန်မချစ်နိုင်သည့်အတွက်ရော တကယ်ကိုခပ်ကင်းကင်းသာနေဖြစ်ပါသည်။
"ဟို ...ကိုချမ်း ချိုင့်လေး..."
ချမ်းမြေ့မှာ စောနှင်းဖြူအားကြည့်ရင်း အတွေးလွန်နေသလို စောနှင်းဖြူကလည်း စိုက်ကြည့်နေသောချမ်းမြေ့ကြောင့် ရှက်၀ဲ၀ဲနဲ့ပင် ထမင်းချိုင့်လေးအား ထိုးပေးတော့သည်။
"အာ...ဟုတ်ဟုတ်"
ချမ်းမြေ့လက်လွှဲယူလိုက်တော့ နောက်မှ ဟန်ငြိမ်းက ချမ်းမြေ့လက်မှတစ်ခါပြောင်းယူကာ ချိုင့်အားသွားလှယ်တော့သည်။ ဟွန့်.ဒီကောင်...ဒါမျိုးတော့အလိုက်သိသား......
ချမ်းမြေ့သူငယ်ချင်းဖြစ်သူအားစိတ်ထဲမှအမှတ်နည်းနည်းတော့ပေးလိုက်ပါသည်။
"ဟို...ကိုချမ်း...."
"ကိုချမ်းမြေ့မောင်! "
ပြိုင်တူထွက်လာသည့်အသံနှစ်ခု။ တစ်ခုက ချွဲသံပါပြီး တစ်ခုက နည်းနည်း အောင့်ဆောင့်နေတဲ့အသံ.....ဒါ ချမ်းမြေ့အမှတ်မမှားရင်ချစ်ရသူအသံပင်...
ဟန်ချီမှာ အလန့်တကြားကြည့်လာတဲ့ဟိုလူကြောင့် မိမိအသံ နည်းနည်းကျယ်သွားမှန်းသတိထားမိတော့သည်။ သို့သော်..ဘာလို့အော်မိမှန်းလည်း ကိုယ့်ကိုကိုယ်မသိပေ။
"အာ....ဟန်ချီ"
ဟန်ချီ ဆိုပြီး ချက်ချင်းပြုံးသွားတဲ့ ချမ်းမြေ့ကြောင့် စောနှင်းဖြူမှာမကျေနပ်ပေ။ ခုနက ကိုယ်နဲ့တုန်းကကြတော့ရုပ်တည်ကြီးနဲ့မဟုတ်လား! စောနှင်း မကျေမနပ်နှင့် နောက်သို့လှည့်ကြည့်လိုက်တော့ လှမျက်ဟန်ချီပင်။
*အော်...သူတောင်ပိုချော...အင်း ပိုလှ လာပါလား။*
တကယ်တော့ စောနှင်းကလည်း ဒီရွာသူပင်။ မိဘတွေမရှိတော့သည့်သူ(မ)က ငယ်ငယ်ကတည်းက ဦးလေးဖြစ်သူဆီမှာ နေခဲ့ရသည်။ ထို့ကြောင့် လှမျက်ဟန်ချီကို သူ(မ )ကောင်း ကောင်းသိပါသည်။ မိန်းကလေးရှုံးအောင်လှသည့် ဟန်ချီကို ငယ်ငယ်ကတောင် သူမနာလိုဖြစ်ခဲ့ရသေးသည်မဟုတ်လား။
"အော်..စောနှင်း ပြန်ရောက်နေတာလား"
"ဟုတ်တယ် ဟန်ချီ "
"အလုပ်အကိုင်ရော အဆင်ပြေရဲ့လား.."
"အင်း...ပြေပါတယ်..ခုက ခွင့်ရက်ရလို့ပြန်လာတာလေ"
"အော်..."
ချမ်းမြေ့မှာ မိမိကိုပင် အဖတ်မလုပ် စောနှင်းဖြူနှင့်သာ စကားပြောနေသော ချစ်ရသူလေးကိုအသည်းယားမိပါသည်။
*မောင့်ကိုပစ်ထားရက်လိုက်ပုံများ*
နောက်ဆုံးမနေနိုင်သည့် ချမ်းမြေ့ကပဲ -
"ဟို..ဟန်ချီ ဘာကိစ္စရှိလို့.."
ကိုယ်မေးလိုက်မှ လှည့်ကြည့်လာတဲ့ချစ်ရသူလေးက ဖိတ်စာလေးတစ်ခုအားကမ်းပေးရင်း...
"အော်...ဒါလေး လာဖိတ်တာ.."
ဟန်ချီစကားအဆုံးမှာ ချမ်းမြေ့မျက်နှာမှာ ပူပန်မှုတွေ အတောင့်လိုက်ပေါ်လာတော့သည်။
*မဟုတ်ဘူးမလား...အဲ့လိုမဖြစ်နိုင်လောက်ပါဘူး*
ချိုင့်လှယ်ပြီးပြန်ရောက်လာတဲ့ ဟန်ငြိမ်းနှင့် ၀ဏ္ဏ အပါအ၀င် တစ်ဖက်လှည့်နေတဲ့ မိရွှန်းမပင် လှည့်လာကာ မျက်လုံးပြူးကြီးတွေနဲ့ကြည့်လို့။စောနှင်းဖြူကတော့ခပ်တည်တည်။
ဟန်ချီမှာလည်း မိမအားပြူးကြည့်နေသည့် ဟိုလူ့သူငယ်ချင်းသုံးယောက်နှင့် ၀မ်းနည်းနေတဲ့ပုံစံနှင့်ကြည့်နေသော ထိုလူကြောင့် ကြောင်အသွားရတော့သည်။
တိတ်ဆိတ်နေသောအခြေနေအားဖြိုခွင်းလိုက်သူက စောနှင်းဖြူပင်။
"ဟို..ဟန်ချီ...နင်ရဲ့...."
"အင်း..."
"........."
"ဒါဆို..သွားလိုက်ပါဦးမယ်..ဆက်ဆက်လာခဲ့ကြပါဗျာ....ဟို ဧည့်သည်တွေရော.."
ပြောပြီးလှည့်ထွက်သွားသည့်ဟန်ချီ...
ဟန်ငြိမ်တို့သုံးယောက်မှာ အံ့သြမှုအပြင် သူငယ်ချင်းအတွက်စိတ်မကောင်းမှုကိုပါတစ်ဆက်တည်းခံစားလိုက်ရသည်။
ဟန်ငြိမ်းမှာ ထမင်းချိုင့်ပင်လွတ်ကျသလို ချမ်းမြေ့မှာတော့ ဖိတ်စာလေးကိုင်ကာ အကြောင်သား.....မယုံနိုင်ခြင်း.....ချစ်ရသူအားဆုံးရှုံးရတော့မည်လားဟူသော ကြေကွဲခြင်းတို့နှင့်အတူ ဝေ့သီလာသော မျက်ရည်များနှင့် ထိုနေရာ၌ပင် ဒူးထောက်ချမိလိုက်တော့သည်။
စောနှင်းဖြူကတော့ မိမိရှေ့ဒူးထောက်ချလိုက်သည့်ချမ်းမြေ့ကြောင့်လက်ရှိ အခြေနေအားနားမလည်.....ကိုချမ်းသူငယ်ချင်းသုံးယောက်ကဘာဖြစ်နေကြတာလဲ? ကိုချမ်း..ကိုချမ်းကရောဘာလို့ငို.....
"ကိုချမ်း.....ဘာ..ဘာဖြစ်"
"သွားပြီ...ပြီးသွားပြီတဲ့လား.."
"ဟို...ဘာပြီးတာလဲ...မင်္ဂလာဆောင်က မပြီးသေးဘူးလေ"
"........"
စောနှင်းဖြူမှာ ခေါင်းအားကုတ်ရင်း အခြေနေကိုနားလည်နိုင်အောင်ကြိုးစားနေရသည်။ ဖိတ်စာလေးလာပေးတာနဲ့ အဲ့လိုဖြစ်သွားရသည်လား? ကိုချမ်းကလည်း ဘာတွေပြောနေမှန်းမသိ ကိုယ်မေးတာလည်းမဖြေပဲ ဖိတ်စာကြီးသာဖက်ငိုနေလေတော့သည်။မဟုတ်ဘူး...ကိုချမ်းတင်မက ကိုချမ်းကိုကြည့်ပြီး သူ့သူငယ်ချင်းသုံးယောက်ပါငိုနေကြပြီ....
"အယ်တော့..ဘာလို့ငိုကြတာလဲလို့...ညီတစ်ယောက်လုံးမင်္ဂဆောင်တော့မယ့် ဟန်ချီတောင်အေးဆေးကို ကိုချမ်းတို့ကဘာဖြစ်ကြတာလဲ"
စောနှင်းဖြူစိတ်ညစ်ညစ်နဲ့အော်ပြောလိုက်မှ -
"ဟမ်"ဆိုပြီး အသံလေးသံထွက်လာပြီး ငိုနေသံများလည်းတိတ်ကနဲ။
"ညီ?"
မျက်ရည်ရွှဲလဲနဲ့မော့မေးလာတဲ့ချမ်းမြေ့ကြောင့်
စောနှင်းဖြူမှာခေါင်းကိုသာနာနာကုတ်ရင်း...
"အင်းလေ...ဟိုဘက်ရွာက ဟန်ချီရဲ့ ညီ၀မ်းကွဲလေးလေ အဲ့တာ မင်္ဂလာဆောင်တော့မှာ "
"ဘာ!"
ဘာကနဲထအော်ပြန်သည့် ချမ်းမြေ့ကြောင့် စောနှင်းဖြူမှာ နားပင်ပင်းပြီလားအောက်မေ့ရသည်။
"ခုနက မစောနှင်းဖြူမေးတော့ 'နင့်ရဲ့...'ဆို ဟန်ချီကလည်း 'အင်း...' ဆို"
"ဟုတ်တယ်လေ...ဖြူမေးတာက နင့်ရဲ့ညီ၀မ်းကွဲလားလို့မေးမလို့ သူကဖြတ်ပြီးအင်းလို့ဖြေသွားတာကို"
"ဟာ....ဒါဆိုမဟုတ်ဘူးပေါ့"
ပြောပြီး ပျာပျာသလဲထလိုက်သည့် ချမ်းမြေ့။ ကလေးတွေလို နှပ်တွေကိုလည်း အင်္ကျီစနဲ့ ပွတ်ပြီးဆွဲလိုက်သေးသည်။ ကျန်သုံးယောက်မှာလည်း အခုမှ သက်ပြင်းတချချနှင့် ချမ်းမြေ့အတိုင်းပင်။
"ဒါနဲ့လေ...ဘာလို့ငိုကြတာလဲဟင်"
"အာ...ဘာမှမဟုတ်ဘူး ဒီအတိုင်းငိုကြည့်တာ"
"အော်...."
"ဟိတ်ကောင် ဟန်ငြိမ်းချိုင့်..ချိုင့်ပေးလိုက်တော့"
ထိုအခါမှ ဟန်ငြိမ်းလည်း ပြာပြာသလဲနှင့် မြေကြီးပေါ်ကျနေသည့်ချိုင့်အား ကောက်ကာ စောနှင်းဖြူလက်ထဲအတင်းထိုးထည့်ပေးတော့သည်။
"မစောနှင်းဖြူပြန်တော့လေ..."
"ရှင်...ဟုတ်..ဟုတ်ကဲ့"
အတင်းနှင်လွှတ်နေသည့် ချမ်းမြေ့ကြောင့် စောနှင်းဖြူမှာ ယောင်ယောင်နနဖြင့်သာပြန်ခဲ့ရတော့သည်။ စိတ်ထဲမှာတော့ -
*ကိုချမ်းနဲ့သူ့သူငယ်ချင်းတွေက ထူးဆန်းလိုက်တာ ငိုချင်လိုငိုကြတာဆိုပဲ....ဧကန္တ ....စိတ်မနှံ့ကြတာတော့မဟုတ်ဘူးမို့လား*
တစ်ဖက်မှ ချမ်းမြေ့နဲ့သူငယ်ချင်းများမှာလည်းမိမိတို့အဖြစ်ကို ရယ်ရမလိုငိုရမလိုနှင့်ပင် ဖြစ်နေရာ ငိုလက်စနဲ့သာ ဆက်ငိုလိုက်ကြတော့သည်။ ငိုရင်းပြောသည့်စကားကတော့အတူတူပင်။ထိုတစ်ကြောင်းတည်းသောစကားမှာ -
*ငါ့ imageတွေတော့ပျက်ပါပြီ* ဟူ၍။
~ ~ ~ ~ ~ ~
ဟန်ချီ့မှာတော့ စောနှင်းဖြူစကားအားဖြတ်ပြောကာ အမြန်ထွက်လာမိသည့်အပေါ် မိမိအပြုမူတွေများရိုင်းသွားပြီလားဟု တွေးနေမိသည်။ သို့သော်..မတတ်နိုင်ပေ။ မိမိစိတ်ကိုကဘာဖြစ်နေမှန်းမသိတော့......
ညီ၀မ်းကွဲလေး မင်္ဂလာဆောင်မို့ ဖိတ်စာလေးသွားပေးတာကို မြင်လိုက်ရတဲ့မြင်ကွင်းက လူကိုစိတ်မကြည်စေတော့.....
သူငယ်ချင်းတွေနောက်ထားပြီး စောနှင်းဖြူနဲ့နှစ်ယောက်တည်းရပ်စကားပြောနေတဲ့ ဟိုလူက မိုးမမြင်လေမမြင်.....ကိုယ်လာတာကိုတောင် မမြင်....အသံပေးလိုက်မှ ကိုယ့်ကိုမြင်တာများ....
ဟန်ချီလည်း စိတ်ထဲဘ၀င်မကျသည်ကြောင့် သူ့ကိုအဖတ်မလုပ်ပဲ စောနှင်းနဲ့သာ စကားပြော ဖိတ်စာအမြန်ပေးပြီး လှည့်ထွက်လာလိုက်တယ်...အေးရော...
ခုခေတ်စကားနဲ့သာဆို ချေခဲ့ပါသည်ပေါ့......
6.7.2022(Wed)
//Hnin Satt Hmone☃️❄️
(ဟန်ချီတော့ ...မောင့်ကိုချေခဲ့ပါပြီ😂😅)
(Zawgyi)
"လင္လင္ေတြမ်ားေနာ္ အလြမ္းသယ္လို႔ကိုမၿပီးႏိုင္ဘူး.."
ထုံးစံအတိုင္း မိ႐ႊန္းမတစ္ေယာက္ေတာ့မဲ့ကာ႐ြဲ႕ကာေျပာေနျပန္ပါၿပီ။
"နင္ကလည္း သူမ်ားကိုဆို ေျပာဖို႔ႀကီးပဲ.."
ခ်မ္းေျမ့အျပစ္တင္သံျဖင့္ေျပာလိုက္ေတာ့ မိ႐ႊန္းမက -
"ဟဲ့...ငါေျပာတာမွားသလား...အဲ့မွာ ဟိုအ ေကာင္ကို ၾကည့္ေလ ငါတို႔နဲ႔ဆို ေရခဲတုံးက သူ႔လင္နဲ႔ၾကေတာ့ သြားႀကီးၿဖီးၿပီး ေရပက္မ၀င္ေအာင္ေျပာေနလိုက္ပုံမ်ား ႏြားပြဲစားနဲ႔ေတာင္ လူမွားႏိုင္တယ္"
"မိ႐ႊန္းေျပာတာမွန္တယ္ ေဟ်ာင့္..ငါကေတာ့ rsေတြဆိုၾကည့္ကိုမရဘူး ေသာက္ျမင္ကပ္ဖို႔ေကာင္းခ်က္."
ဟန္ၿငိမ္းကပါ မိ႐ႊန္းဘက္ကေန၀င္ေထာက္ခံျပန္သည္။ ဒီႏွစ္ေကာင္ဘာမွမဟုတ္... သူတို႔FA ျဖစ္တိုင္း သူမ်ားကိုမနာလိုျဖစ္ေနတာ။
"ေအးေပါ့...မင္းတို႔FAေတြက ဒါမ်ိဳးဘယ္နား
လည္ပါ့မလဲ"
ခ်မ္းေျမ့ေျပာလိုက္ေတာ့ ဟန္ၿငိမ္းနဲ႔မိ႐ႊန္းမွာ ရႉးရႉးရွားရွားျဖစ္ကာ မ်က္ေစာင္းတစ္ထိုးထိုးနဲ႔ျဖစ္ေနၾကေတာ့သည္။ ျပန္လည္ေခ်ပစကား ေတာ့ထြက္မလာ။ ဘယ္ထြက္လာပါ့မလဲ အမွန္တရားဆိုေတာ့ အရႈိက္ထိသြားၿပီေလ။
ခ်မ္းေျမ့ မလွမ္းမကမ္းမွာဖုန္းေျပာေနတဲ့ ၀ဏၰကိုလွမ္းၾကည့္လိုက္ေတာ့ မိ႐ႊန္းေျပာသည္မွာ အပိုမဟုတ္မွန္းကိုလည္း လက္ခံလိုက္ရသည္။
တကယ္ကိုပင္ ၀ဏၰမွာ ႏြားပြဲစား႐ုပ္လုံးလုံးျဖစ္ေနၿပီပင္။ ေျမႀကီးေပၚ ေဆာင့္ေၾကာင့္ထိုင္ေနၿပီး လက္ကလည္းအၿငိမ္မေန.. ဖုန္းေျပာလွ်က္နဲ႔ပင္ အားတဲ့လက္က ေပါက္ေနတဲ့ျမက္ပင္ေတြကိုႏႈတ္ေနေသးသည္။
သိပ္ေတာ့မၾကာပါ..ခ်မ္းေျမ့အထင္ ၃နာရီေလာက္ဖုန္းေျပာအၿပီးမွာေတာ့ ေထာ့နဲ႔နဲ႔ ႏွင့္ ၀ဏၰတစ္ေယာက္ထလာေတာ့သည္။ ေအာ္.... သနားစရာေကာင္းလိုက္ပုံမ်ား သုံးနာရီေလာက္ႀကီး ထိုင္ေနမွေတာ့ ေျခေထာက္က်င္ေနေလာက္ေရာေပါ့။ ခ်မ္းေျမ့စိတ္ေပါက္ေပါက္နဲ႔ေတြးလိုက္မိပါသည္။ မိ႐ႊန္းေျပာရင္လည္း ေျပာခ်င္စရာပင္။ အေျပာခံရသည္က နည္းေတာင္းနည္းေသးသည္ထင္၏။
"ခ်မ္းေျမ့..."
အနားေရာက္လာလာခ်င္းေခၚလိုက္သည့္၀ဏၰ။
"ေအး...ငါေတာ့သတိရေသးတယ္ေနာ္"
ခ်မ္းေျမ့ ဘုေဘာက္က်စြာေျပာလိုက္ေတာ့ ဟန္ၿငိမ္းနဲ႔မိ႐ႊန္းမွာ တခိခိနဲ႔ပင္။ ဒီေကာင္ေတြသိေနၿပီေလ... ခ်မ္းေျမ့လည္း ၀ဏၰကိုအျမင္ကပ္ေနၿပီဆိုတာ။
"ဟို...ကိုကိုကလိုက္လာမလို႔တဲ့"
"ဘာ.."
ခ်မ္းေျမ့၏ "ဘာ"ဆိုသည့္အသံႀကီးမွာဟိန္းကနဲ ပင္။ထို႔ေနာက္ ခ်မ္းေျမ့ တစ္ေယာက္ ကြပ္ပစ္ေပၚမွ ၀႐ုန္းသုန္းကား မတ္တပ္ထရပ္ကာ ခါးေထာက္၍ -
"ေအး...တစ္မ်ိဳးလုံးသာ ေခၚခဲ့လို႔ေျပာလိုက္"
ခ်မ္းေျမ့ ႐ြဲ႕ကာေျပာေတာ့ ဟန္ၿငိမ္းနဲ႔မိ႐ႊန္းမွာ တဟားဟားေအာ္ရယ္ေတာ့သည္။ ခ်မ္းေျမ့လည္း မိမိအားေလွာင္ေနသည့္ ႏွစ္ေကာင္ဘက္လွည့္ကာ-
"ေအး..ရယ္မေနနဲ႔ မင္းတို႔ကေရာ မျပန္ၾကေသးဘူးလား? သူမ်ားအိမ္ကို ဘယ္အခ်ိန္ထိေနဖို႔စဥ္းစားထားၾကတာလဲဟမ္....အလုပ္မရွိၾကဘူးလား...အားယားေနၾကတာလား... ဒီၾကားထဲ ကိုယ္တစ္ေယာက္လာေနလို႔အားမရလို႔ ေနာက္ကတြဲေလာင္းတြဲေလာင္း ေတြပါေခၚလာေသး"
ခ်မ္းေျမ့ေနာက္ဆုံးစကားကို ၀ဏၰအားၾကည့္ရင္းေျပာေတာ့ ၀ဏၰမ်က္ႏွာႀကီးမွာမည္းမဲကနဲျဖစ္သြားၿပီး မ်က္ေစာင္းထိုးလာေတာ့သည္။
ေအာင္မယ္ဗ်ာ..သူကမ်ား လာလာခ်ည္ေသးရဲ႕။ ဟိုႏွစ္ေကာင္ကေတာ့ ဗိုက္ႏွိပ္ကာပင္ ၀ါးလုံးကြဲေအာင္ရယ္ေနၾကေတာ့သည္။
"ေအာင္မယ္ေလး..ခ်မ္းေျမ့ရယ္....ငါရယ္ရလြန္းလို႔ အူနာေနၿပီ..ဘယ္ႏွယ့္မိန္းမႀကီးၾကလို႔ ရန္ေတြ႕ေနပုံက..ကိုယ့္သူငယ္ခ်င္းေတြကိုေျပာဆိုေနလိုက္တာလည္း ရစရာကိုမရွိေတာ့ဘူး"
"ေအာ္....အလိုက္ကန္းဆိုးမသိ သူမ်ားအိမ္ေပၚလာတက္ေနတဲ့ သူငယ္ခ်င္းေတြဆိုတာလည္းထည့္ေျပာဦးေလ...."
မိ႐ႊန္းစကားအား ခ်မ္းေျမ့ျပန္ေခ်ပေတာ့ ဟန္ၿငိမ္းမွ မသတီစရာအသံႀကီးျဖင့္ -
"အခ်စ္ကလဲကြာ..."
"-ီးကိုအခ်စ္..ဒါနဲ႔ ဟိတ္ေကာင္ မင္းလင္ကဘယ္ေတာ့လာမွာတဲ့လဲ"
ခ်မ္းေျမ့ ဟန္ၿငိမ္းအားျပန္ေျပာရင္း ၀ဏၰကိုလည္းေဟာက္၍ေမးလိုက္သည္။
"မနက္ျဖန္တဲ့..."
"ေအာ္....ေအးပါကြာ..ေနၾကပါ...ႀကိဳက္သေလာက္သာေနၾက...တစ္မ်ိဳးလုံးေခၚလာမယ္ဆိုလည္းရတယ္ေနာ္"
"ဟားဟား...မင္းကလဲ ငါတို႔ေနတာက မင္းကိုကူညီဖို႔ပါေနာ္ မင္းအခ်စ္ေလးဆီကအေျဖရေအာင္ ဒီသူငယ္ခ်င္းေတြကကူညီေပးဦးမွာဗ်ာ..."
"ဟုတ္တယ္ ဟန္ၿငိမ္းေျပာတဲ့အတိုင္း...."
ဟန္ၿငိမ္းစကားအား မိ႐ႊန္းကထပ္ေထာက္ခံျပန္သည္။ ဒီႏွစ္ေကာင္ အတိုင္ေဖာက္ကိုညီေနေရာ။ ခ်မ္းေျမ့မွာေတာ့-
"ေအာ္..ေအာ္" ဟုသာေျပာႏိုင္ေတာ့သည္။ထို႔ ေနာက္ မိ႐ႊန္းက စိတ္ပ်က္သံႀကီးႏွင့္....
"၀ဏၰကလည္း လင္ရွိ...ခ်မ္းေျမ့ကလည္း မၾကာခင္ရေတာ့မယ္ဆိုေတာ့ ဟန္ၿငိမ္းေရ...နင္ရယ္ငါရယ္ပဲက်န္ေတာ့တယ္"
"အဲ့ေတာ့နင္တို႔ႏွစ္ေယာက္ယူလိုက္ေလ..."
ခ်မ္းေျမ့ေျပာေတာ့ ႏွစ္ေယာက္စလုံးမွာ သံခ်ပ္တိုက္ထားသည့္အတိုင္း ၿပိဳင္တူပင္ -
"ယူစရာလား"
"ေအး...ယူစရာ"
"ေသလိုက္ေလ...ခ်မ္းေျမ့စုတ္ရဲ႕"
"အဲ့ေတာ့နင္ကလင္မယူေတာ့ဘူးေပါ့ မိ႐ႊန္းမ"
"ဟ မယူပဲေနမလား...ယူမွာေပါ့"
"ေတာ္ၿပီကြာ...လင္ယူမယ့္သူႀကီးပဲ....ေအး ငါကေတာ့မိန္းမပဲယူမွာေနာ္...အဲ့ေတာ့ သြားၾက လင္ယူမယ့္ဟာေတြ ငါနဲ႔လာမေပါင္းနဲ႔...လိုင္းမတူဘူး"
မိ႐ႊန္းစကားအဆုံး ခပ္တည္တည္နဲ႔၀င္ေျပာ
သည့္ဟန္ၿငိမ္းေၾကာင့္ ေလးေယာက္သားမတိုင္ပင္ပါပဲ ၿပိဳင္တူရယ္မိေတာ့သည္။ ခုနက ထသတ္ေတာ့မလိုျဖစ္သည္မွာ ဘာမွမဟုတ္သည့္အတိုင္း။ ခ်မ္းေျမ့တို႔သူငယ္ခ်င္းတစ္စုမွာဤသို႔ပင္။ မတည့္အတူေန မျမင္လိုက္ရွာ သူမ်ားပင္ျဖစ္သည္။ ေျပာမနာဆိုမနာမ်ားျဖစ္သည့္အေလ်ာက္လည္း ေျပာခ်င္သလိုေျပာၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ဖဲ့ခ်င္သလို ဖဲ့ၾကေသးသည္။ စိတ္ထဲပါ၍ေတာ့မဟုတ္..အထုံပါေန၍ျဖစ္သည္။ တျခားသူမ်ားကေတာ့မည္သို႔ထင္မည္ မသိေသာ္လည္း ခ်မ္းေျမ့တို႔သည္ေတာ့ အေၾကာင္းသိေတြမို႔ ထူးၿပီးနာမေနေတာ့ေပ။
"ကိုခ်မ္း.."
ရယ္ေနေသာေလးေယာက္မွာ ေခၚသံၾကားမွ အရယ္ရပ္သြားကာ. အသံလာရာၾကည့္လိုက္ေတာ့
ငါးဆင့္ခ်ိဳင့္ကေလးကိုင္ကာ ၀င္လာသည့္ မိန္းကေလးတစ္ေယာက္.....
ထိုမိန္းကေလးကိုျမင္သည္ႏွင့္ ခ်မ္းေျမ့မ်က္ႏွာမွာအနည္းငယ္တည္သြားကာ... မိ႐ႊန္းကေတာ့ျဖင့္မ်က္ႏွာကိုကိုမဲ့႐ြဲ႕ကာ တစ္ဖက္သို႔လွည့္သြားေတာ့သည္။ ဟန္ၿငိမ္းနဲ႔၀ဏၰကလည္း ရယ္ေနေသာမ်က္ႏွာပိုးကိုသပ္ကာ ခပ္တည္တည္။
" ျဖဴ ထမင္းလာပို႔တာ..နည္းနည္းေနာက္က်သြားတယ္ ဆာေနၾကၿပီလား"
"ျမင္ၿပီး..စားခ်င္စိတ္ေတာင္မရွိ"
ပြစိပြစိနဲ႔ေျပာလိုက္သည့္မိ႐ႊန္းေၾကာင့္ ဟန္ၿငိမ္းနဲ႔၀ဏၰမွာ အသာလက္ကုတ္ကာ သတိေပးရသည္။ ဟိုကၾကားသြားမွျဖင့္ မေကာင္းရွိေတာ့မယ္။
"ေအာ္...ဟုတ္ အေစာႀကီးရွိပါေသးတယ္ဗ်..မဆာေသးပါဘူး"
"ေတာ္ေသးတာေပါ့ ျဖဴက ေနာက္က်ေနတယ္ထင္တာ"
"အပိုေတြ"
ထပ္ေျပာျပန္သည့္မိ႐ႊန္းမပင္။ ဒီသူငယ္ခ်င္းမနဲ႔ေတာ့မလြယ္....ဟိုကနည္းနည္းလွမ္းေနလို႔သာမၾကားရတာ ကိုယ္ေတြကအကုန္ၾကားေနရတယ္။
အျမင္မၾကည္တာကမၾကည္ေပမယ့္ တစ္ဖက္ကၾကားသြားရင္ မေကာင္းဘူးမဟုတ္လား။ အားနာစရာေတြေတာ့ျဖစ္ကုန္ေတာ့မယ္။ ခ်မ္းေျမ့စိတ္ညစ္လာသလို မိမိေရွ႕မွ ေစာႏွင္းျဖဴအားၾကည့္လိုက္ေတာ့ ပိုေတာင္စိတ္ညစ္သြားရသည္။ ဟုတ္တယ္...သူမနာမည္က ေစာႏွင္းျဖဴတဲ့... ခ်မ္းေျမ့အဘိုးရဲ႕ညီမ တစ္ျဖစ္လဲ ခ်မ္းေျမ့ရဲ႕ေဒၚႀကီးျဖစ္သူ ေဒၚေငြလႈိင္ရဲ႕ ေယာက်ာ္းဘက္က တူမေတာ္စပ္သူပင္။
ေဖေဖနဲ႔ေမေမမွာ အလုပ္ကိစၥေၾကာင့္ မႏၲေလးသို႔ခဏျပန္သြားသည္ျဖစ္၍ အဘိုးကိုလည္း အလည္အပတ္ေခၚသြားေလရာ အိမ္မွာ ခ်မ္းေျမ့တို႔ေလးေယာက္ႏွင့္ ဦးေမာင္လြင္(ခ်မ္းေျမ့အဘိုးရဲ႕တပည့္)သာက်န္ခဲ့သည္။ ေယာက်ာ္းေလးေတြႀကီးထဲမို႔ မိ႐ႊန္းမနဲ႔မသင့္ေတာ္၍ မိ႐ႊန္းမအား လတ္တေလာ ႐ြာေျမာက္ပိုင္းရွိ ခ်မ္းေျမ့ေဒၚႀကီးျဖစ္သူ အိမ္မွာပဲ သြားအိပ္ခိုင္းျဖစ္ သည္။ ခုလို ေန႔လည္ေန႔ခင္းမွာသာ ခ်မ္းေျမ့တို႔ဆီေရာက္လာျခင္းပင္။ ခ်က္ေကြၽးမယ့္သူ ဘာညာလည္းမရွိေတာ့ အစားေသာက္ကို ေဒၚႀကီးျဖစ္သူကခ်က္ေကြၽးသည္။ ယခုလိုပင္ ခ်က္ၿပီးလာပို႔ေပးသည္။ ခက္တာက..လာလာပို႔ေနသူကေစာႏွင္းျဖဴ...
သူမကလည္း မေန႔တစ္ေန႔ကမွ ျပန္ေရာက္လာျခင္းျဖစ္သည္ဟုဆိုသည္။ ခ်မ္းေျမ့ ေဒၚႀကီးဆီသြားေတာ့ သူ(မ)နဲ႔ဆုံတာျဖစ္သည္။
ထိုကတည္းက ကိုခ်မ္း..ကိုခ်မ္းနဲ႔ ေနာက္ဆုံး မိ႐ႊန္းမ၏ ခ်ဥ္ဖတ္ေလးျဖစ္သြားေတာ့သည္။
ေစာႏွင္းျဖဴသည္ခ်မ္းေျမ့အားစိတ္၀င္စားေနသူျဖစ္သည္။ ဤသည္ကိုခ်မ္းေျမ့လည္းသတိထားမိပါ၏။ သို႔ေၾကာင့္ ခ်မ္းေျမ့ဘက္က ခပ္ကင္းကင္းေနျဖစ္သည္။ ကိုယ္က ခ်စ္ရသူရွိၿပီးသားမဟုတ္လား...ၿပီးေတာ့ တစ္ဖက္ကမိန္းကေလးျဖစ္သည္ေၾကာင့္ သူမ်ားအျမင္မွာအထင္အျမင္ေတြဘာေတြလည္းမလြဲေစခ်င္။ တစ္ခုခုဆို
နစ္နာဆုံးသူက မိန္းကေလးေတြပဲျဖစ္သည္ေရာ....ကိုယ္ကျပန္မခ်စ္ႏိုင္သည့္အတြက္ေရာ တကယ္ကိုခပ္ကင္းကင္းသာေနျဖစ္ပါသည္။
"ဟို ...ကိုခ်မ္း ခ်ိဳင့္ေလး..."
ခ်မ္းေျမ့မွာ ေစာႏွင္းျဖဴအားၾကည့္ရင္း အေတြးလြန္ေနသလို ေစာႏွင္းျဖဴကလည္း စိုက္ၾကည့္ေနေသာခ်မ္းေျမ့ေၾကာင့္ ရွက္၀ဲ၀ဲနဲ႔ပင္ ထမင္းခ်ိဳင့္ေလးအား ထိုးေပးေတာ့သည္။
"အာ...ဟုတ္ဟုတ္"
ခ်မ္းေျမ့လက္လႊဲယူလိုက္ေတာ့ ေနာက္မွ ဟန္ၿငိမ္းက ခ်မ္းေျမ့လက္မွတစ္ခါေျပာင္းယူကာ ခ်ိဳင့္အားသြားလွယ္ေတာ့သည္။ ဟြန္႔.ဒီေကာင္...ဒါမ်ိဳးေတာ့အလိုက္သိသား......
ခ်မ္းေျမ့သူငယ္ခ်င္းျဖစ္သူအားစိတ္ထဲမွအမွတ္နည္းနည္းေတာ့ေပးလိုက္ပါသည္။
"ဟို...ကိုခ်မ္း...."
"ကိုခ်မ္းေျမ့ေမာင္! "
ၿပိဳင္တူထြက္လာသည့္အသံႏွစ္ခု။ တစ္ခုက ခြၽဲသံပါၿပီး တစ္ခုက နည္းနည္း ေအာင့္ေဆာင့္ေနတဲ့အသံ.....ဒါ ခ်မ္းေျမ့အမွတ္မမွားရင္ခ်စ္ရသူအသံပင္...
ဟန္ခ်ီမွာ အလန္႔တၾကားၾကည့္လာတဲ့ဟိုလူေၾကာင့္ မိမိအသံ နည္းနည္းက်ယ္သြားမွန္းသတိထားမိေတာ့သည္။ သို႔ေသာ္..ဘာလို႔ေအာ္မိမွန္းလည္း ကိုယ့္ကိုယ္ကိုယ္မသိေပ။
"အာ....ဟန္ခ်ီ"
ဟန္ခ်ီ ဆိုၿပီး ခ်က္ခ်င္းၿပဳံးသြားတဲ့ ခ်မ္းေျမ့ေၾကာင့္ ေစာႏွင္းျဖဴမွာမေက်နပ္ေပ။ ခုနက ကိုယ္နဲ႔တုန္းကၾကေတာ့႐ုပ္တည္ႀကီးနဲ႔မဟုတ္လား! ေစာႏွင္း မေက်မနပ္ႏွင့္ ေနာက္သို႔လွည့္ၾကည့္လိုက္ေတာ့ လွမ်က္ဟန္ခ်ီပင္။
*ေအာ္...သူေတာင္ပိုေခ်ာ...အင္း ပိုလွ လာပါလား။*
တကယ္ေတာ့ ေစာႏွင္းကလည္း ဒီ႐ြာသူပင္။ မိဘေတြမရွိေတာ့သည့္သူ(မ)က ငယ္ငယ္ကတည္းက ဦးေလးျဖစ္သူဆီမွာ ေနခဲ့ရသည္။ ထို႔ေၾကာင့္ လွမ်က္ဟန္ခ်ီကို သူ(မ )ေကာင္း ေကာင္းသိပါသည္။ မိန္းကေလးရႈံးေအာင္လွသည့္ ဟန္ခ်ီကို ငယ္ငယ္ကေတာင္ သူမနာလိုျဖစ္ခဲ့ရေသးသည္မဟုတ္လား။
"ေအာ္..ေစာႏွင္းကို ျပန္ေရာက္ေနတာလား"
"ဟုတ္တယ္ ဟန္ခ်ီ "
"အလုပ္အကိုင္ေရာ အဆင္ေျပရဲ႕လား.."
"အင္း...ေျပပါတယ္..ခုက ခြင့္ရက္ရလို႔ျပန္လာတာေလ"
"ေအာ္..."
ခ်မ္းေျမ့မွာ မိမိကိုပင္ အဖတ္မလုပ္ ေစာႏွင္းျဖဴႏွင့္သာ စကားေျပာေနေသာ ခ်စ္ရသူေလးကိုအသည္းယားမိပါသည္။
*ေမာင့္ကိုပစ္ထားရက္လိုက္ပုံမ်ား*
ေနာက္ဆုံးမေနႏိုင္သည့္ ခ်မ္းေျမ့ကပဲ -
"ဟို..ဟန္ခ်ီ ဘာကိစၥရွိလို႔.."
ကိုယ္ေမးလိုက္မွ လွည့္ၾကည့္လာတဲ့ခ်စ္ရသူေလးက ဖိတ္စာေလးတစ္ခုအားကမ္းေပးရင္း...
"ေအာ္...ဒါေလး လာဖိတ္တာ.."
ဟန္ခ်ီစကားအဆုံးမွာ ခ်မ္းေျမ့မ်က္ႏွာမွာ ပူပန္မႈေတြ အေတာင့္လိုက္ေပၚလာေတာ့သည္။
*မဟုတ္ဘူးမလား...အဲ့လိုမျဖစ္ႏိုင္ေလာက္ပါဘူး*
ခ်ိဳင့္လွယ္ၿပီးျပန္ေရာက္လာတဲ့ ဟန္ၿငိမ္းႏွင့္ ၀ဏၰ အပါအ၀င္ တစ္ဖက္လွည့္ေနတဲ့ မိ႐ႊန္းမပင္ လွည့္လာကာ မ်က္လုံးျပဴးႀကီးေတြနဲ႔ၾကည့္လို႔။
ေစာႏွင္းျဖဴကေတာ့ခပ္တည္တည္။
ဟန္ခ်ီမွာလည္း မိမအားျပဴးၾကည့္ေနသည့္ ဟိုလူ႔သူငယ္ခ်င္းသုံးေယာက္ႏွင့္ ၀မ္းနည္းေနတဲ့ပုံစံႏွင့္ၾကည့္ေနေသာ ထိုလူေၾကာင့္ ေၾကာင္အသြားရေတာ့သည္။
တိတ္ဆိတ္ေနေသာအေျခေနအားၿဖိဳခြင္းလိုက္သူက ေစာႏွင္းျဖဴပင္။
"ဟို..ဟန္ခ်ီ...နင္ရဲ႕...."
"အင္း..."
"........."
"ဒါဆို..သြားလိုက္ပါဦးမယ္..ဆက္ဆက္လာခဲ့ၾကပါဗ်ာ....ဟို ဧည့္သည္ေတြေရာ.."
ေျပာၿပီးလွည့္ထြက္သြားသည့္ဟန္ခ်ီ...
ဟန္ၿငိမ္တို႔သုံးေယာက္မွာ အံ့ၾသမႈအျပင္ သူငယ္ခ်င္းအတြက္စိတ္မေကာင္းမႈကိုပါတစ္ဆက္တည္းခံစားလိုက္ရသည္။
ဟန္ၿငိမ္းမွာ ထမင္းခ်ိဳင့္ပင္လြတ္က်သလို ခ်မ္းေျမ့မွာေတာ့ ဖိတ္စာေလးကိုင္ကာ အေၾကာင္သား.....မယုံႏိုင္ျခင္း.....ခ်စ္ရသူအားဆုံးရႈံးရေတာ့မည္လားဟူေသာ ေၾကကြဲျခင္းတို႔ႏွင့္အတူ ေဝသီလာေသာ မ်က္ရည္မ်ားႏွင့္ ထိုေနရာ၌ပင္ ဒူးေထာက္ခ်မိလိုက္ေတာ့သည္။
ေစာႏွင္းျဖဴကေတာ့ မိမိေရွ႕ဒူးေထာက္ခ်လိုက္သည့္ခ်မ္းေျမ့ေၾကာင့္လက္ရွိ အေျခေနအား
နားမလည္.....ကိုခ်မ္းသူငယ္ခ်င္းသုံးေယာက္ကဘာျဖစ္ေနၾကတာလဲ? ကိုခ်မ္း..ကိုခ်မ္းကေရာဘာလို႔ငို.....
"ကိုခ်မ္း.....ဘာ..ဘာျဖစ္"
"သြားၿပီ...ၿပီးသြားၿပီတဲ့လား.."
"ဟို...ဘာၿပီးတာလဲ...မဂၤလာေဆာင္က မၿပီးေသးဘူးေလ"
"........"
ေစာႏွင္းျဖဴမွာ ေခါင္းအားကုတ္ရင္း အေျခေနကိုနားလည္ႏိုင္ေအာင္ႀကိဳးစားေနရသည္။ ဖိတ္စာေလးလာေပးတာနဲ႔ အဲ့လိုျဖစ္သြားရသည္လား? ကိုခ်မ္းကလည္း ဘာေတြေျပာေနမွန္းမသိ ကိုယ္ေမးတာလည္းမေျဖပဲ ဖိတ္စာႀကီးသာဖက္ငိုေနေလေတာ့သည္။မဟုတ္ဘူး...ကိုခ်မ္းတင္မက ကိုခ်မ္းကိုၾကည့္ၿပီး သူ႔သူငယ္ခ်င္းသုံးေယာက္ပါငိုေနၾကၿပီ....
"အယ္ေတာ့..ဘာလို႔ငိုၾကတာလဲလို႔...ညီတစ္ေယာက္လုံးမဂၤေဆာင္ေတာ့မယ့္ ဟန္ခ်ီေတာင္ေအးေဆးကို ကိုခ်မ္းတို႔ကဘာျဖစ္ၾကတာလဲ"
ေစာႏွင္းျဖဴစိတ္ညစ္ညစ္နဲ႔ေအာ္ေျပာလိုက္မွ -
"ဟမ္"ဆိုၿပီး အသံေလးသံထြက္လာၿပီး ငိုေနသံမ်ားလည္းတိတ္ကနဲ။
"ညီ?"
မ်က္ရည္႐ႊဲလဲနဲ႔ေမာ့ေမးလာတဲ့ခ်မ္းေျမ့ေၾကာင့္
ေစာႏွင္းျဖဴမွာေခါင္းကိုသာနာနာကုတ္ရင္း...
"အင္းေလ...ဟိုဘက္႐ြာက ဟန္ခ်ီရဲ႕ ညီ၀မ္းကြဲေလးေလ အဲ့တာ မဂၤလာေဆာင္ေတာ့မွာ "
"ဘာ!"
ဘာကနဲထေအာ္ျပန္သည့္ ခ်မ္းေျမ့ေၾကာင့္ ေစာႏွင္းျဖဴမွာ နားပင္ပင္းၿပီလားေအာက္ေမ့ရသည္။
"ခုနက မေစာႏွင္းျဖဴေမးေတာ့ 'နင့္ရဲ႕...'ဆို ဟန္ခ်ီကလည္း 'အင္း...' ဆို"
"ဟုတ္တယ္ေလ...ျဖဴေမးတာက နင့္ရဲ႕ညီ၀မ္းကြဲလားလို႔ေမးမလို႔ သူကျဖတ္ၿပီးအင္းလို႔ေျဖသြားတာကို"
"ဟာ....ဒါဆိုမဟုတ္ဘူးေပါ့"
ေျပာၿပီး ပ်ာပ်ာသလဲထလိုက္သည့္ ခ်မ္းေျမ့။ ကေလးေတြလို ႏွပ္ေတြကိုလည္း အက်ႌစနဲ႔ ပြတ္ၿပီးဆြဲလိုက္ေသးသည္။ က်န္သုံးေယာက္မွာလည္း အခုမွ သက္ျပင္းတခ်ခ်ႏွင့္ ခ်မ္းေျမ့အတိုင္းပင္။
"ဒါနဲ႔ေလ...ဘာလို႔ငိုၾကတာလဲဟင္"
"အာ...ဘာမွမဟုတ္ဘူး ဒီအတိုင္းငိုၾကည့္တာ"
"ေအာ္...."
"ဟိတ္ေကာင္ ဟန္ၿငိမ္းခ်ိဳင့္..ခ်ိဳင့္ေပးလိုက္ေတာ့"
ထိုအခါမွ ဟန္ၿငိမ္းလည္း ျပာျပာသလဲႏွင့္ ေျမႀကီးေပၚက်ေနသည့္ခ်ိဳင့္အား ေကာက္ကာ ေစာႏွင္းျဖဴလက္ထဲအတင္းထိုးထည့္ေပးေတာ့သည္။
"မေစာႏွင္းျဖဴျပန္ေတာ့ေလ..."
"ရွင္...ဟုတ္..ဟုတ္ကဲ့"
အတင္းႏွင္လႊတ္ေနသည့္ ခ်မ္းေျမ့ေၾကာင့္ ေစာႏွင္းျဖဴမွာ ေယာင္ေယာင္နနျဖင့္သာျပန္ခဲ့ရေတာ့သည္။ စိတ္ထဲမွာေတာ့ -
*ကိုခ်မ္းနဲ႔သူ႔သူငယ္ခ်င္းေတြက ထူးဆန္းလိုက္တာ ငိုခ်င္လိုငိုၾကတာဆိုပဲ....ဧကႏၲ ....စိတ္မႏွံ႔ၾကတာေတာ့မဟုတ္ဘူးမို႔လား*
တစ္ဖက္မွ ခ်မ္းေျမ့နဲ႔သူငယ္ခ်င္းမ်ားမွာလည္း
မိမိတို႔အျဖစ္ကို ရယ္ရမလိုငိုရမလိုႏွင့္ပင္ ျဖစ္ေနရာ ငိုလက္စနဲ႔သာ ဆက္ငိုလိုက္ၾကေတာ့သည္။ ငိုရင္းေျပာသည့္စကားကေတာ့အတူတူပင္။ထိုတစ္ေၾကာင္းတည္းေသာစကားမွာ -
*ငါ့ imageေတြေတာ့ပ်က္ပါ့ၿပီ* ဟူ၍။
~ ~ ~ ~ ~ ~
ဟန္ခ်ီ႕မွာေတာ့ ေစာႏွင္းျဖဴစကားအားျဖတ္ေျပာကာ အျမန္ထြက္လာမိသည့္အေပၚ မိမိအျပဳမူေတြမ်ား႐ိုင္းသြားၿပီလားဟု ေတြးေနမိသည္။ သို႔ေသာ္..မတတ္ႏိုင္ေပ။ မိမိစိတ္ကိုကဘာျဖစ္ေနမွန္းမသိေတာ့......
ညီ၀မ္းကြဲေလး မဂၤလာေဆာင္မို႔ ဖိတ္စာေလးသြားေပးတာကို ျမင္လိုက္ရတဲ့ျမင္ကြင္းက လူကိုစိတ္မၾကည္ေစေတာ့.....
သူငယ္ခ်င္းေတြေနာက္ထားၿပီး ေစာႏွင္းျဖဴနဲ႔ႏွစ္ေယာက္တည္းရပ္စကားေျပာေနတဲ့ ဟိုလူက မိုးမျမင္ေလမျမင္.....ကိုယ္လာတာကိုေတာင္ မျမင္....အသံေပးလိုက္မွ ကိုယ့္ကိုျမင္တာမ်ား....
ဟန္ခ်ီလည္း စိတ္ထဲဘ၀င္မက်သည္ေၾကာင့္ သူ႔ကိုအဖတ္မလုပ္ပဲ ေစာႏွင္းနဲ႔သာ စကားေျပာ ဖိတ္စာအျမန္ေပးၿပီး လွည့္ထြက္လာလိုက္တယ္
ေအးေရာ...
ခုေခတ္စကားနဲ႔သာဆို ေခ်ခဲ့ပါသည္ေပါ့......
6.7.2022(Wed)
//Hnin Satt Hmone☃️❄️
(ဟန္ခ်ီေတာ့ ...ေမာင့္ကိုေခ်ခဲ့ပါၿပီ😂😅)