Wild Rose(complete)

By LahPhan_85

2.3M 201K 29.3K

"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" ... More

Intro
part1(Unicode)
part1(Zawgyi)
part 2(Unicode)
part2(zawgyi)
part3(Unicode)
part3(Zawgyi)
part4(Unicode)
part4(Zawgyi)
part5(Unicode)
part5(Zawgyi)
part6(Unicode)
part6(Zawgyi)
part7(Unicode)
part7(Zawgyi)
part8(Unicode)
part8(Zawgyi)
part9(Unicode)
part9(Zawgyi)
part10(Unicode)
part10(Zawgyi)
part11(Unicode)
part11(Zawgyi)
part12(Unicode)
part12(Zawgyi)
part13(Unicode)
part13(Zawgyi)
part14(Unicode)
part14(Zawgyi)
part15(Unicode)
part15(zawgyi)
part16(Unicode)
part16(Zawgyi)
part17(Unicode)
part17(Zawgyi)
part18(Unicode)
part18(Zawgyi)
part19(Unicode)
part19(zawgyi)
part20(Zawgyi)
part21(Unicode)
part21(Zawgyi)
part22(Unicode)
part22(Zawgyi)
part23(Unicode)
Part23(Zawgyi)
part24(Unicode)
Part24(Zawgyi)
part25(Unicode)
Part25(Zawgyi)
part26(Unicode)
part26(Zawgyi)
part27(Unicode)
part27(Zawgyi)
part28(Unicode)
part28(Zawgyi)
part29(Unicode)
part29(Zawgyi)
part30(Unicode)
part30(Zawgyi)
part31(Unicode)
part31(zawgyi)
part32(Unicode)
part32(zawgyi)
part33(Unicode)
part33(zawgyi)
part34(unicode)
part34(zawgyi)
part35(Unicode)
part35(Zawgyi)
part36(Unicode)
Part36(Zawgyi)
Part37(Unicode)
Part37(Zawgyi)
Part38(Unicode)
Part38(Zawgyi)
Part39(Unicode)
Part39(Zawgyi)
Part40(Unicode)
Part40(Zawgyi)
part41(Unicode)
part41(Zawgyi)
part42(Unicode)
part42(Zawgyi)
part43(Unicode)
Part43(Zawgyi)
part44(Unicode)
Part44(Zawgyi)
Part 45(Unicode)
Part45(Zawgyi)
Part 46(Unicode)
Part46(Zawgyi)
❤🌹
part 47(Unicode)
part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Final(unicode)
Final(zawgyi)
Extra
Extra(Zawgyi)
Announce📍📍📍

part20(Unicode)

34.1K 3.1K 879
By LahPhan_85

"မင်း...အယုတ်တမာ​ကောင်..."

"ခွပ်...."

အံ့ကြိတ်၍ ပြောဆိုသံနှင့်အတူ မျက်နှာတခြမ်းပူကနဲဖြစ်သွားရကာ လူကလည်ကျသွားရသည်။ဒေါနက ပုံလဲကျသွားသော သူ့ရင်ဘတ်အပေါ်တက်ခွ၍ အင်္ကျီရင်ဘတ်အစအား ခပ်ကြမ်းကြမ်းဆွဲဆုတ်ကိုင်ကာဖြင့် မျက်နှာပေါ်သို့ နောက်ထပ်လက်သီးတချက် ပစ်သွင်းသည်။လူကဘာမှလည်း ပြန်မပြောနိုင်ပဲ ပါးစောင်းထဲမှ စေးပျစ်၍ငံကျိသောအရသာကိုသာ သတိပြုမိလိုက်၏။

"အခုအချိန်အထိ စောက်ဒုက္ခပေးလို့ မပြီးသေးဘူးလားဟမ်..."

"...."

"ငါxိုး အခုထိအသိတရားမရတဲ့ကောင် အသေသတ်မှအေးမယ်..တောက်!..."

အချိန်တွေကြာသွားခဲ့တာတောင်မှ ဒေါသတွေကြီးကာ မုန်ယိုနေသည့် ဆင်ရိုင်းလိုမျိုး ရိုင်းစိုင်းကြမ်းတမ်းတက်သည့် ဒေါန၏ပုံစံက ပြောင်းလဲမသွားပါပေ။ဟိုးအရင်တုန်းကလို ကြမ်းတမ်းနေဆဲ။သူ့အတွက်တော့ ဟိုတုန်းကလို အရိုင်းဆန်စွာ ဆွဲဆောင်မှုရှိနေဆဲပင်။ထိုးကြိတ်ခံရ၍ အသိအာရုံတွေ ဝေဝါးနေတာတောင်မှပဲ ဒေါနဟာ သူ့အတွက်တော့ သဘောကျစရာကောင်းနေဆဲပင်။ရုန်းဖယ်ချင်စိတ်တို့လည်း အလျဥ်းမရှိနေပဲ အဲ့ဒီလူရဲ့လက်ထဲမှာ သူဟာ လောကကြီးတစ်ခုလုံးကို မေ့ပစ်လိုက်ချင်၏။
အဲ့ဒီမျက်ဝန်းထဲက အမုန်းမီးပင်လယ်ထဲမှာလည်း လက်ပစ်ကူးခတ်ချင်နေခဲ့၏။ဒေါန၏ စိတ်ထဲမှာ သူ့ရဲ့ဖြစ်တည်မှုဟာ အမုန်းတရာနှင့်အတူ တည်ရှိခွင့်ရနေတယ် ဆိုတာလေးကတောင် ကျေနပ်စရာကောင်းလွန်းနေပေပြီ။ဘယ်လိုဆိုးယုတ်မှုမျိုးနှင့်ပဲဖြစ်နေပါစေ ဒေါန၏မှတ်ဉာဏ်ထဲက တစ်ထောင့်တစ်နေရာမှာတော့ သူနေထိုင်ချင်လေသည်။ဒေါနနှင့်ပတ်သတ်လာလျှင် သူ့အတ္တတွေဟာ အဆိပ်တက်နေဆဲပင်။

"အမလေး ဘာတွေဖြစ်နေကြတာလဲ ဒေါန ဘာလုပ်တာလဲ ဖယ်စမ်း...."

"ဟဲ့ ဒေါန အမေပြောနေတယ် နင်ဖယ်စမ်းလို့...."

"ဒေါန စိတ်လျှော့ လွန်မယ်နော် ကလေး ကိုယ်ပြောတာနားထောင်စမ်း...."

အသိစိတ်တွေဝေဝါးနေရာမှ ဆူဆူညံညံအော်ဟစ်သံတွေ ဝရန်တာဆီသို့ တဝုန်းဝုန်းပြေးတက်လာသံတွေဖြင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်က လှုပ်လှုပ်ခတ်ခတ်ဖြစ်လို့လာသည်။သူ့ကိုယ်ပေါ်မှ ဒေါန၏ ကိုယ်ကြီးအား မေချိုရော စစ်နိုင်းရောက အတင်းဆွဲခွာဖယ်ချ၏။ဒေါသတွေကြီးနေသော ဒေါနအား စစ်နိုင်းက နောက်ကနေသိုင်းချုပ်ဖက်ပြီး ထိန်းထားသလို မေချိုကလည်း ဒေါနရုန်းထွက်လာမှာစိုး၍ သူ့၏ရှေ့မှ ကွယ်ရပ်လေသည်။

"ဘာဖြစ်ကြတာလဲ ဘာကိစ္စနဲ့အဲ့လောက်အထိ ခြေပါလက်ပါဖြစ်ရတာလဲ..."

ဒေါ်ချိုမာဇင် သားဖြစ်သူအား ဒေါသသံဖြင့် ခပ်ဖိဖိအော်ပစ်သည်။ဘယ်လို အကြောင်းကိစ္စပဲရှိရှိ အခုလောလောဆယ် ရှင်းခန့်က ​မျက်နှာတစ်ခုလုံးဖူးယောင်၍ ပုံပျက်ပန်းပျက် လဲနေတာမဟုတ်လား။ဒေါသဖြစ်လာလျှင် လက်ပါခြေပါဖြစ်တက်တဲ့ ကိုယ့်သားရဲ့စိတ်ကိုလည်း သူမ သဘောမတွေ့နိုင်တာအမှန်။ဒေါ်ချိုမာဇင် အလိုမကျစွာတွေးနေမိပြီးမှ နေရာမှထဖို့ကြိုးစားနေသော ရှင်းခန့်အား အသာတွဲထူပေးလိုက်၏။ဦးမင်းမောင်ကတော့ ရုတ်တရက်ဖြစ်ပျက်သွားသော အခြေအနေကိုသာ အသာရပ်ကြည့်လို့နေ၏။

"ဘာဖြစ်လဲမေးကြည့်လေ အဲ့ခွေးမသား ဘာစောက်ကျင့်ယုတ်လဲ မေးကြည့် တောက်! ငါxိုးမသား..."

ဒေါန ဒေါသတကြီးဖြင့် ဆဲဆိုပစ်ပြီးမှ စစ်နိုင်းဆွဲဖက်ထားရာမှ ရုန်းထွက်၍....

"ဟျောင့် မင်းသတ္တိရှိရင် အခုတစ်ယောက်ချင်းချမယ်လား မိန်းမဉာဏ်နဲ့ ထဘီခြုံထဲက လက်သီးပုန်းပြမနေနဲ့ လာခဲ့ မင်းသတ်ချင်တယ်မှတ်လား လာသတ်စမ်း ငါxိုး..."

"ဒေါန! စိတ်လျှော့လို့ ကိုယ်ပြောနေတယ်လေ..."

စစ်နိုင်း ခပ်ဆတ်ဆတ်ဖိအော်၍ ဒေါန၏ ကိုယ်လေးအား မလွတ်တမ်းဆွဲချုပ်ဖက်ထားလိုက်ရ၏။ဒေါနကတော့ ရှုးရှုးရှားရှားဖြင့် ဒေါသတွေကြီးနေခဲ့ပြီး စစ်နိုင်း၏ရင်ဘတ်ကိုပါ တွန်းပစ်ကာဖြင့်....

"ခင်ဗျားသေတဲ့အထိ စိတ်လျှော့ထားရမှာလား စောက်ရေးမပါတာတွေ ခင်ဗျားကိုသတ်ဖို့ ခဏခဏ ကြံစည်နေတာကို ခင်ဗျားက စိတ်လျှော့နိုင်သေးလား တောက်!..."

"မဟုတ်ဘူး ကလေး ကိုယ်ပြောတာနားထောင် အရင်ဆုံးစိတ်ကိုလျှော့..."

စစ်နိုင်းပြောရင်းဖြင့် ဒေါန၏ခေါင်းလေးအား အုပ်ကိုင်ကာ ရင်ခွင်ထဲဆွဲသွင်း၍ နဖူးလေးအားနမ်းရှိုက်၏။စစ်နိုင်း၏ အပြုအမူကြောင့် ခုနက ကြမ်းတမ်းနေသော ဒေါန၏ပုံစံက အနည်းငယ်တော့ ငြိမ်သက်လို့သွား၏။မြင်ကွင်းကိုကြည့်ရင်း သူ့ရင်ထဲတစစ်စစ်ဖြင့် နာကျင်လာရသည်။ဒေါသကြီးပြီးကြမ်းတမ်းရိုင်းစိုင်းတက်တဲ့ ဒေါနဟာ ဟန်စစ်နိုင်းဆိုတဲ့ လူတစ်ယောက်ကြောင့် သူ့ရဲ့လက်သည်းတွေကို ချက်ချင်းသိမ်းပစ်လိုက်နိုင်တယ်တဲ့လား။

"အခုဘယ်လို ဖြစ်ကြတာလဲ ပြဿနာကိုနားလည်အောင် အရင်ပြော..."

ဒေါ်ချိုမာဇင်က ခပ်ဆတ်ဆတ်မေး၏။

"ဘယ်လိုဖြစ်ရမှာလဲ ကိုကိုအောက်မှာ ဖုန်းပြောနေတာကို အပေါ်ကနေ ပန်းအိုးနဲ့ပစ်ချတာ ကျွန်တော်မြင်တာမြန်လို့ပေါ့..."

ဒေါန၏ စကားကြောင့် ဝိုင်းအုံနေပါသော လူအားလုံး၏အကြည့်တို့က သူ့ထံသို့စုပြုံရောက်လာတော့၏။

"ငါ မလုပ်ဘူး...."

သူခပ်ပြတ်ပြတ် ငြင်းမိတော့....

"မင်းမလုပ်ရင် ဘယ်သူလုပ်မှာလဲ အဲ့ဒီပန်းအိုးကခြေထောက်ပေါက်ပြီး ဝရန်တာကနေ သူ့ဖာသာခုန်ချတာလား လက်ပူးလက်ကြပ်မိနေတာတောင် ဗြောင်ငြင်းချင်သေးတယ် အရှက်မရှိအောက်တန်းကျတာက အရင်ကနေအခုထိမပြောင်းလဲသေးဘူးပဲ..."

ဒေါနက ခပ်မဲ့မဲ့ပြောတော့ သူ့စိတ်ထဲဖျင်းကနဲဖြစ်သွားရသည်။ဟုတ်ပါတယ် သူက အရှက်မရှိစွာနဲ့အောက်တန်းကျခဲ့တဲ့သူပါ။ယုတ်ညံ့ဆိုးယုတ်မှုများဖြင့် သူ့၏အတွင်းသဏ္ဍန်ဟာ စက်ဆုပ်စရာကောင်းလွန်းလှ၏။သူ့၏စိတ်ဝိဉာဥ်ဟာ ပုပ်ပွနံဟောင်ပြီး ပျက်စီးယိုယွင်းနေခဲ့တာ ကိုယ်တိုင်တောင် သတီချင်စရာမရှိပေ။သို့ပေမဲ့ အခုအချိန်မှာတော့ ဒီလိုအောက်တန်းကျသည်လုပ်ရပ်တွေကို ထပ်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီးသားဖြစ်၏။သူ့၏ဖြူစင်မှုကို ပြန်မရနိုင်သည့်တိုင်အောင် သူဟာအောက်တန်းကျသည့် လူတစ်ယောက်ဖြစ်နေသည့်တိုင်အောင် ထပ်ပြီးအောက်ဆုံးအထိ မကျသွားဖို့ကို သူကြိုးစားနေထိုင်နေပါသည်။သူ့လုပ်ရပ်များအတွက် နောင်တဆိုတာမရှိခဲ့ပါ။ပူလောင်နာကျင်ရတဲ့ ခံစားချက်တွေဆီမှ သူဟာထွက်ပြေးလွတ်မြောက်ချင်ရုံသာ။ထို့ကြောင့်ပဲ သူ့ရဲ့လုပ်ရပ်တွေကို အဆုံးသတ်ပြီး ကိုယ်တိုင်ငြိမ်းချမ်းနိုင်မည့်နည်းလမ်းကို ရှာဖွေနေခဲ့တာမျိုးဖြစ်သည်။

"ငါတမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ဘူး မတော်တဆလက်နဲ့တွန်းမိသလိုဖြစ်ပြီး ကျသွားခဲ့တာ...."

ရှင်းခန့်ပြောတော့ ဒေါနက နှုတ်ခမ်းအားပုံကျအောင်တွန့်မဲ့ပစ်ပြီးမှ....

"ယုတ္တိရှိအောင်ပြောစမ်းပါ မတော်တဆတွန်းမိတယ်ဆိုတာအထိ လက်ခံပေးလို့ရပေမဲ့ ဧည့်ခန်းမှာအလှထားတဲ့ပန်းအိုးက ဝရန်တာအထိ မင်းကြံစည်ပြီး ယူလာတာမဟုတ်ရင် ခြေထောက်ပေါက်လာတာလား..."

ဒေါန၏ ဆက်တိုက်ပြောလာပါသော စကားတို့အား သူဘယ်လိုငြင်းဆန်ရမလဲ မသိတော့ပေ။ရှင်းခန့်ဆီမှ တိတ်ဆိတ်သွားတော့ ဒေါနက ပြောစမ်းဆိုသော ခပ်မဲ့မဲ့လှောင်ပြုံးတိုဖြင့် စိန်ခေါ်၏။

ဝရံတာမှာ ပန်းအိုးကဘယ်လိုများရှိနေတာလဲဆိုတဲ့ အဖြေကိုလည်း သူရှင်းမပြတက်ပေ။အရင်ထဲက သူဟာခြေလှမ်းမှားခဲ့ဖူးသူမို့ အခုတော့ အားလုံးရဲ့အကြည့်တွေထဲမှာ သူဟာအပြစ်သား။အခုအချိန်မှာ လူတိုင်းဟာ အဖြူရောင်ပေါ်က အမဲစက်ကိုသာမီးမောင်းထိုးပြီး ကြည့်ချင်နေကြသလိုမျိုးသာ။လူအားလုံး၏အကြည့်စူးစူးတွေက သူ့ကိုအနက်ရှိုင်းဆုံးပင်လယ်အောက်ခြေသို့ စုန်းစုန်းမြှုပ်အောင် ဆွဲချနေသလိုမျိုး။အခု ဝိုင်းအုံကြည့်နေကြတဲ့ လူတွေထဲမှာ သူ့၏လျှောက်လဲချက်ကို ယုံကြည်လက်ခံပေးနိုင်မည့် တစ်စုံတစ်ယောက်တောင် ရှိနေမည်မထင်ပေ။ဒီကိစ္စကို သူမကြံစည်ပါဘူး သူမလုပ်ပါဘူးဟု ငြင်းဆန်လိုက်ချင်ပေမဲ့ သူ့နှုတ်ထွက်စကားတိုင်းဟာ အရာထင်မည်မထင်ချေ။တိတ်တဆိတ်ရပ်နေသော ဖခင်ဖြစ်သူထံသို့ လှမ်းကြည့်မိတော့ ဖေဖေက သူ့အားစိတ်ပျက်နေပါသော အကြည့်တချက်ပေးပြီး မျက်နှာလွှဲ၏။

ဖခင်ဖြစ်သူ၏ အပြုအမူကြောင့် သူ့ရင်ထဲကျဥ်ကနဲ ဖြစ်သွားရ၏။သွေးရင်းသားရင်း ဖခင်အရင်းအချာကတောင် သူ့အပေါ်မှာယုံကြည်မှုမရှိတော့ဘူးတဲ့လား။ဒါဆို တခြားသူစိမ်းတွေကို သူဘယ်လိုများ အယူခံဝင်ရအုံးမှာလဲ။ရင်ထဲမှ ခံပြင်းစိတ်နှင့်နာကျင်မှုများက သူ့ကိုထုံထိုင်းစေသည်။ဘယ်သူ့ဆီမှာမှ သူ့၏ဖြူစင်မှုကို မှတ်ကျောက်တင်ဖို့ အရေးဆိုမနေချင်တော့ပေ။လူတစ်ယောက်ရဲ့ဆိုးကွက်ကိုဆိုလျှင် တယူသန်အစွဲကြီးတက်တဲ့ လူ့အသိုင်းအဝိုင်းကြီးကို သူစိတ်ပျက်သည်။စိတ်ကုန်သည်။ဒီလူတွေနှင့် အဝေးဆုံးမှာ စည်းခြားပြီးနေထိုင်တာဟာ သူ့အတွက် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်လိမ့်မည်။

"ညနေက ပန်းလဲကြတယ်မဟုတ်လား ဒီမှာ ပန်းအိုးကို ဘယ်သူကျန်ခဲ့တာလဲ..."

ဒေါ်ချိုမာဇင်က အလုပ်သမားတွေရှိရာသို့ လှမ်းမေးရင်းဖြင့် အခြေအနေကို ငြိမ်သက်စေဖို့ ဝင်ထိန်း၏။

"ဟို သမီး သမီးကျန်ခဲ့တာပါ မေချို ပန်းအိုးထိုးပြီးတော့ ဧည့်ခန်းမှာထားမလို့ပဲ အောက်မှာပွဲအတွက် အာရုံများသွားတာနဲ့ ပန်းအိုးကိုမေ့သွားတာ..."

အထွေးက ရှေ့ထွက်ရပ်ပြီး မဝံ့မရဲပြော၏။ထိုအခါမှ ဒေါ်ချိုမာဇင်က ဘဝင်ကျသလိုဖြစ်သွားပြီး....

"ကြားတယ်မှတ်လား ဒေါန အားလုံးက မတော်တဆတိုက်ဆိုင်မှုပဲ ပြီးတော့ ဒီကြွေပန်းအိုးက လူသေစေလောက်တဲ့ ပစ္စည်းမျိုးလည်းမဟုတ်ဘူး ပြဿနာကို အကျယ်အကျယ်ဖြစ်အောင် လုပ်မနေနဲ့တော့ ဒီလောက်နဲ့ပဲတော်လိုက်တော့..."

သူစိမ်းဧည့်သည်တွေ ရှိနေတာမို့ ဒေါ်ချိုမာဇင်က အခြေအနေကို အဆင်ပြေသွားအောင် ဖြန်ဖြေဖို့ကြိုးစား၏။သို့သော်လည်းဒေါန၏ မျက်လုံးထဲမှာတော့ ရွံရှာစက်ဆုပ်သော အမုန်းမီးလျှံတို့က အားကောင်းနေဆဲဖြစ်သည်။

"မတော်တဆဆိုတာကို လက်ခံနိုင်ပေမဲ့ အဲ့ဒီမတော်တဆက ဒီကောင်နဲ့ပတ်သတ်နေလို့ကို မယုံကြည်တာ..."

ဒေါနက ပြောရင်းဖြင့် ရှင်းခန့်၏ ရှေ့တည့်တည့်၌ ကပ်ရပ်ပြီး....

"မင်းသိအောင် တခါထဲပြောလိုက်မယ် မင်းဘယ်လိုပဲသေအောင် ကြံစည်ကြိုးစားနေပါစေ ငါဆိုတဲ့ကောင်က ဘယ်တော့မှ မင်းအပိုင် ဖြစ်လာမှာမဟုတ်ဘူး ကိုကို့ကို ထိခိုက်အောင်ကြံစည်နေလည်း မင်းမောရုံပဲ။ကိုကိုမရှိတာနဲ့ ငါကမင်းအပိုင်ဖြစ်လာမယ်လို့ တွေးနေတဲ့မင်းဦးနှောက်က ပုံမှန်မှဟုတ်တော့ရဲ့လား...။ငါကလေ မင်းဆိုတဲ့ကောင်ကို ရွံလွန်းလို့။တစ်မိုးအောက်ထဲမှာ အခုလိုမျိုး အတူအသက်ရှင်နေရတာကိုတောင်မှ စက်ဆုပ်လွန်းလို့။ဒီကမ္ဘာပေါ်ကနေ ငါ့ဘဝထဲကနေ မင်းဆိုတဲ့ကောင်ကို အမှုန်အမွှားလိုမျိုး ပျောက်ကွယ်သွားနိုင်ဖို့ပဲ ဆုတောင်းနေတယ်ဆိုတာယုံ။ငါက မင်းထင်ထားထက် မင်းကိုပိုပြီးမုန်းတီရွံရှာစက်ဆုပ်တယ်.."

ဒေါန၏ စကားတွေက သူ့နှလုံးသားကို ရေခဲချွန်တွေနဲ့ထိုးစိုက်ပြီး ရေခဲကန်ထဲသို့ ဆွဲနှစ်နေသကဲ့ပင်။လူတစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားရသည်။မုန်းတယ်ဆိုတာသိနေပေမဲ့ မျက်နှာတည့်တည့်ကြည့်ပြီး အပြင်းအထန်ဆုံးသော အမုန်းစကားတို့ဖြင့် ထိုးနှက်နေတာကိုတော့ ဘယ်လိုလူမျိုးက ခံနိုင်ရည်ရှိမှာတဲ့လဲ။အရှုံးကိုရင်ဝယ်ပိုက်ပြီးဘယ်လောက်ပဲ သူ့စိတ်ကို သန်မာအောင် ခံစားချက်မဲ့အောင် အေးခဲထားပေမဲ့လည်း ဒီလိုထိုးနှက်ချက်မျိုးကတော့ တစ်နည်းတဖုံဖြင့် သူ့ကိုအရှိုက်ထိစေသည်။ပြိုလဲချင်စေသည်။လူတစ်ကိုယ်လုံးဟာ ပျော်ကျပြီးအငွေ့လို ပျောက်ကွယ်လိုက်ချင်စေသည်။

လက်သီးကိုတင်းတင်းဆုပ်၍ အသက်ရှုမဝဖြစ်လာသော ခံစားချက်တို့အား ကြိုးစားဖြေဖျောက်ပြီး ပင့်သက်ကိုရှိုက်လိုက်၏။

"ငါ ဘာကိုမှကြံစည်မနေဘူး။အခုကိစ္စကလည်း မတော်တဆဖြစ်တာပဲ။မင်းနဲ့ပတ်သတ်ပြီး ငါ့မှာဘာရည်ရွယ်ချက်မှလည်း ရှိမနေဘူး ဒေါန။ယုံတာမယုံတာမင်းအပိုင်းပဲ...."

လေသံကို အနိမ့်အမြင်အတက်အကျ မရှိစေပဲ ထိန်း၍ပြောကာ မျက်နှာအမူကိုလည်း ပို၍ခံစားချက်မဲ့အေးစက်စေလိုက်၏။ပြီးတော့ အားလုံး၏အကြည့်များအောက်မှ ဝေးရာဆီသို့ ​မယိုင်မနဲ့ခိုင်မာသော ခြေလှမ်းတို့ဖြင့် ရှောင်ဖယ်ဖြစ်ခဲ့လေသည်။

                 ~~~~~

စူးကနဲထိုးလာသော ကားမီးရောင်ကြောင့် ဆိုင်းလော့ဒ်လက်ကာမိလိုက်၏။လှမ်းကြည့်လိုက်တော့ ရှင်းခန့်က ခြံရှေ့မှာ ကားကိုဖြစ်သလိုထိုးရပ်လိုက်တာကို တွေ့လိုက်ရ၏။

!ည၁နာရီကြီး ဘယ်ကများပြန်လာတာပါလိမ့်....!

သူတွေးနေဆဲ ကားပေါ်မှ ယိုင်နဲ့သောခြေလှမ်းတို့ဖြင့် ဆင်းလာပါသော ရှင်းခန့်မောင်အားတွေ့လိုက်ရ၏။လူပုံစံကလည်း အတန်ငယ်ရွဲကျနေလေသည်။

!ဒီအချိန်ကြီး ဘယ်မှာများသွားသောက်ပြီး မူးခဲ့တာပါလိမ့်!

သူရပ်ကြည့်မိနေဆဲ ရှင်းခန့်က သူရှိရာသို့ ခပ်စောင်းစောင်းလေးကြည့်လာ၏။သူ့ကိုမြင်တော့ နှုတ်ခမ်းတို့ တွန့်ကွေးသွားကာဖြင့် မပီမပြင်ပြုံး၏။ပြီးတော့ ကားတံခါးအား ဖြစ်သလိုဆွဲပိတ်ပြီး သူရှိရာသို့ လျှောက်လာတာမို့ဆိုင်တံခါးအားဖွင့်ရင်း ရပ်စောင့်နေလိုက်၏။ဘယ်လောက်တောင်မှ သောက်ထားလဲမသိပါပဲ အနားမှာလာရပ်လိုက်တာနှင့် ရေမွှေးရနံနှင့်အတူ အရက်နံ့က စူးကနဲရသည်။

"မင်း နောက်ကျလိုက်တာ...."

မျက်လုံးတွေစင်းကျနေပြီး အာလေးလျှာလေးမဖြစ်နေသော်လည်း မူးနေတယ်ဆိုတာတော့ သိသာလေသည်။

"ပုံမှန်ပါပဲ...."

ဆိုင်းလော့ဒ် မျက်နှာလွှဲ၍ ပြောပြီး တံခါးအားဖွင့်ကာ အိမ်ထဲသို့ဝင်လိုက်တော့ ရှင်းခန့်ကလည်း မဖိတ်ခေါ်ပါပဲ အနောက်အိပ်ခန်းအထဲအထိ လိုက်ဝင်လို့လာ၏။အရင်ထဲကလည်း သူစိတ်ကူးပေါက်လာလျှင် ဒီလိုပဲဝင်ထွက်နေကြမို့ သူဘာမှထွေထွေထူးထူးမပြောမိပေ။အခန်းထဲရောက်တော့ ရှင်းခန့်က သူ့အိပ်ရာပေါ်၌ ခြေပစ်လက်ပစ်ထိုင်ချ၏။ဆိုင်းလော့ဒ် အိတ်အားနေရာတကျ ချိတ်ပြီးမှ အဝတ်အစားလဲဖို့လုံးပမ်းရ၏။ရှင်းခန့်ကလည်း အိပ်ရာပေါ်၌ လက်နှစ်ဖက်ထောက်ထိုင်ပြီး သူလုပ်သမျှကို မျက်တောင်မခတ်စတမ်း လိုက်ငေးနေပြီးမှ....

"သောက်စရာဘာရှိလဲ...."

ရုတ်တရက် ခပ်တိုးတိုးမေးလာတာမို့ ဆိုင်းလော့ဒ် အင်္ကျီချွတ်နေရင်းတန်းလန်းဖြင့် လှည့်ကြည့်ပြီးမှ....

"vodkaရှိတယ် ခင်ဗျားသောက်နိုင်သေးလို့လား အခုမူးနေပြီမဟုတ်ဘူးလား..."

သူပြောလိုက်တော့ ရှင်းခန့်က နေရာမှယိုင်တိုင်တိုင်ဖြင့် ထရပ်၍...

"မမူးပါဘူး...."

ခပ်တိုးတိုး မပွင့်တပွင့်ပြောကာ ရေခဲသေတ္တာဆီသို့ လျှောက်သွား၏။ပြီးတော့ vodkaပုလင်းအားဆွဲထုတ်ကာ အဖုံးဖွင့်၍ ရေသောက်သလို အရှိန်ဖြင့်မော့ချ၏။

"ဟာ...ဟေ့...ဒီလူနဲ့တော့...."

ဆိုင်းလော့ဒ်နှုတ်ဖြင့်လည်း ဟန့်လိုက်မိပြီး အနားသို့ချက်ချင်းရောက်သွားရ၏။ရှင်းခန့်၏ လက်ထဲမှပုလင်းအား ဆွဲယူရခြင်းသို့ရောက်ပြီး....

"အချိုရည်နဲ့ စပ်အုံးလေ သေချင်လို့ဒီအတိုင်းမော့ချနေတာလား ခင်ဗျားကတော့ လုပ်လိုက်ရင်အရမ်းကြီးပဲ..."

ဆိုင်းလော့ဒ် ဆူဆူပူပူပြောလိုက်ပေမဲ့လို့ ရှင်းခန့်ကတော့အာရုံထဲရှိပုံမရပဲ ပုလင်းကိုသာပြန်ဆွဲ၍

"ရတယ် ဘာမှမဖြစ်ဘူး...."

ပြောရင်းဖြင့် သူ့လက်ထဲမှ ပုလင်းအားဆွဲယူကာ အိပ်ရာပေါ်၌ သွားပြန်ထိုင်၏။ရှင်းခန့်၏ အယ်လ်ကိုဟောဒဏ်ခံနိုင်စွမ်းကို သူသိနေတာမို့ ခေါင်းကိုသာခါယမ်း၍ အချိုရည်ပုလင်းနှင့် ခွက်အားဆွဲကာ လိုက်ခဲ့လိုက်၏။သူ့အခန်းထဲမှာက ကုတင်မရှိပဲ ဒန့်လော့မွေ့ယာအပါးလေးကို ဒီအတိုင်းနံရံထောင့်ထဲ ကပ်၍ခင်းထားတာဖြစ်သည်။နံရံအားကျောမှီထိုင်၍ ထပ်မော့နေသော ရှင်းခန့်၏နံဘေး၌ အသာဝင်ထိုင်ပြီးမှ....

"ဘာဖြစ်နေတာလဲ စိတ်ညစ်နေတာလား...."

"မညစ်ပါဘူး...."

မညစ်ဘူးလို့သာ ခပ်တိုးတိုးပြောနေတာ ရီဝေစင်းကျပြီးငေးငိုင်နေတဲ့ မျက်ဝန်းတွေထဲမှာ ထိရှနာကျင်မှုအရိပ်တွေကို တစ်စွန်းတစမြင်တွေ့နေရလေသည်။ပြီးတော့ စိတ်ထိခိုက်နာကျင်စရာမရှိပဲနှင့် ရှင်းခန့်ဟာ ဒီလိုမျိုးပုံပျက်ပန်းပျက်ရွဲကျနေမည့်သူမျိုးမဟုတ်ပေ။အမြဲတမ်းကျော့ရှင်းသပ်ရပ်ကာ ရှင်းသန့်နေတက်သည့်ပုံစံက အခုတော့ ညှိုးရော်နွမ်းလျလို့နေသည်။ထိကိုင်လိုက်တာနှင့် ကြွေကျပျက်စီးသွားတော့မည့် နှင်းပန်းလေးလိုမျိုး။

ဘယ်လိုပဲထိရှနေပါစေ ရှင်းခန့်က သူ့၏နာကျင်ရသည့်အစိုင်အခဲတို့အား သူ့ကိုဖွင့်ပြချင်သည့်ပုံစံတော့ ရှိမနေပေ။ထို့ကြောင့် သူလည်း အလိုက်တသိဖြင့် ထပ်မမေးတော့ဖို့ ဆုံးဖြတ်လိုက်ပြီးမှ ရှင်းခန့်၏လက်ထဲမှ ပုလင်းအား အသာဆွဲယူလိုက်ပြီး.....

"ပေး ကျွန်တော်စပ်ပေးမယ်...."

ပေးဆိုတော့လည်း ဗလာသက်သက် မျက်ဝန်းအသေများဖြင့် သူ့အားကြည့်လာပြီး ပုလင်းအားအသာတကြည်လွှတ်ပေး၏။နှစ်ယောက်သား အစီအစဥ်လည်းမရှိပါပဲ အမြည်းမပါ ဘာမပါဖြင့် အိပ်ရာပေါ်အတူယှဥ်ထိုင်းရင်း သောက်ဖြစ်နေကြ၏။ရှင်းခန့်က ဆေးလိပ်အားနှုတ်ခမ်းနားတေ့ကာ တစ်ရှိုက်ရှိုက်၍ အငွေ့တို့အားမှုတ်ထုတ်ပြီးမှ

"ပင်ပန်းတယ်...."

တိတ်ဆိတ်ခြင်းကို ရှင်းခန့်က အရင်ဖြိုခွင်း၏။

"အသက်ရှင်နေရတာ တကယ်ပင်ပန်းတာပဲ"

လွင့်ပျံ့နေသော ဆေးလိပ်ငွေ့များအား ဗလာမျက်ဝန်းအသေတွေဖြင့် ခပ်ငေးငေးကြည့်ရင်း သူ့ဖာသာခပ်တိုးတိုးရေရွတ်၏။ခံစားချက်မဲ့ကာ အေးစက်ထုံထိုင်းနေသော ရှင်းခန့်အား အသာအယာစောင်းငဲ့ကြည့်ပြီးမှ

"မပင်ပန်းတာဘယ်သူရှိလို့လဲ လောကကြီးထဲမှာ လူတိုင်းဟာသူ့နည်းသူ့ဟန်နဲ့ ပင်ပန်းနေကြတာချည်းပဲ ဒါကိုငြီးငြူနေလို့ အလုပ်မှမဖြစ်တာ။ဘဝဆိုတာ မပျော်စရာတွေထဲကနေ ပျော်စရာတွေကိုကြံဖန်စစ်ထုတ်ပြီး နေပျော်အောင်ရှင်သန်ရတာပဲ။မပျော်ရွှင်စရာတွေကို ကျွန်တော်တို့ငြင်းဆန်လို့မရဘူးဆို ပျော်ရွှင်စရာတွေကိုကိုယ်တိုင်ရွေးချယ်နိုင်တာပဲ။ဘဝက မနေချင်လည်း သေလို့မှမရတာ"

ဆိုင်းလော့ဒ်ပြောတော့ ရှင်းခန့်၏ ဗလာမျက်ဝန်းတို့က သူ့ဆီသို့ တဖြည်းဖြည်းချင်းရွေ့လျားလို့လာပြီး....

"ကိုယ့်လောက် နာကျင်ပင်ပန်းရတဲ့ဘဝမျိုး ဘယ်မှာရှိလို့လဲ..."

"လူတိုင်းကတော့ ကိုယ့်သောကမှ သောကလို့ထင်တက်ကြတာကိုး ခင်ဗျားရဲ့...."

ဆိုင်းလော့ဒ်က ပြောရင်းဖြင့် နံရံ၌ ခန္ဓာကိုယ်အား ခပ်လျော့လျော့မှီချပြီးမှ....

"စည်းစိမ်ချမ်းသာအပြည့်အစုံနဲ့ ခြွေရံသင်းပင်းနဲ့ လက်ညှိုးညွှန်ရာ ရေဖြစ်လို့ရနေတဲ့ ခင်ဗျားဘဝက ပင်ပန်းဆင်းရဲတယ်ဆိုရင် ကျွန်တော်တို့လို့ အကြွေးနွံနစ်ပြီး ထမင်းနပ်မှန်ဖို့ ကျားကန်နေရတဲ့ဘဝတွေဆို ဘယ်လိုများလုပ်ရပါ့တော့မလဲ...."

သူပြောတော့ ရှင်းခန့်က ခပ်မဲ့မဲ့ပြုံးကာဖြင့်....

"ကိုယ်လိုအပ်နေတာ အဲ့ဒါတွေမှမဟုတ်ပဲ...."

ရှင်းခန့်ကပြောရင်းဖြင့် ဆိုင်းလော့ဒ်၏ ပခုံးစွန်းလေး၌ ခေါင်းမှီချ၏။ရုတ်တရက်ဆန်သော အပြုအမူကြောင့် သူတွန့်ကနဲဖြစ်သွားရပြီး ရှောင်ဖယ်ဟန်ပြင်လိုက်ပေမဲ့ ရှင်းခန့်ကတော့ သူ့အင်္ကျီလက်မောင်းစအား ခပ်တင်းတင်းဆွဲ၍

"ခဏလေးပဲ တကယ်ခဏလေးပဲ အခု ကိုယ်...မှီတွယ်စရာလေး လိုအပ်နေလို့ပါ...."

တိုးလျစွာတောင်းဆို တောင်းပန်လာသည့် ရှင်းခန့်၏ဟန်ပန်လေးကြောင့် သူမငြင်းဆန်နိုင်တော့ပဲ ခပ်တောင့်တောင့်အနေအထားဖြင့်ပင် ပခုံးတစ်ဖက်အားထိုးအပ်ရခြင်းသို့ရောက်၏။ထိုအနေအထားဖြင့်ပင် နှစ်ယောက်သား ခဏလောက်ငြိမ်သက်သွားပြီးမှ...

"နွေးထွေးမှု လုံခြုံမှု ယုံကြည်မှု သိက္ခာတရားတွေကို အဲ့ဒီစည်းစိမ်တွေနဲ့ ကိုယ်ဘယ်မှာများ အလဲအထပ်လုပ်လို့ရမလဲ...."

အားနည်းဖျော့တော့စွာ ထွက်ပေါ်လာတဲ့ ရှင်းခန့်၏လေသံလေးက ကြားရသည်ဆိုရုံ တိုးတိုးညှင်းညှင်းလေးသာ။

"ကိုယ့်ရဲ့အစစ်အမှန်တိုင်းကို ထွေးပိုက်ထားပေးနိုင်မဲ့ ကိုယ့်ကို ဘယ်တော့မှလွှတ်မချမဲ့ တစ်စုံတစ်ယောက်ကို ကိုယ်ဘယ်မှာလိုက်ဝယ်လို့ရမလဲ..."

"....."

ရှင်းခန့်၏ အမေးစကားတို့ကြောင့် သူဘာပြန်ဖြေရမလဲ မသိချေ။သူ့မှာ ဖြေစရာစကားလည်းမရှိ။အခုအချိန်မှာ ဒီလူဘာကိုလိုအပ်ပြီး ဘာဖြစ်နေသလဲဆိုတာကို အနည်းငယ်တော့ နားလည်သဘောပေါက်လာသလိုရှိ၏။အသိုင်းအဝိုင်းက ဖယ်ကျဥ်ခံထားရတဲ့ လူတစ်ယောက်၏ သိမ်ငယ်မှု ပြိုလဲမှုတို့ကိုလည်း မျက်ဝါးထင်ထင်မြင်လိုက်ရသလို စာနာမိသလိုလည်းရှိလာ၏။

"ကိုယ်က...သိပ်ကိုစက်ဆုပ်စရာကောင်းတဲ့ လူတစ်ယောက်လား...."

"မဟုတ်တာ..."

ထိုစကားကိုတော့ သူအလျှင်အမြန်ငြင်းဆန်မိသည်။ရှင်းခန့် မောင်ဆိုတဲ့လူဟာ အထက်စီးဆန်တက်ပြီး တစ်ခါတရံမောက်မာသလိုရှိပေမဲ့ တခါတရံမှာ မပတ်သတ်ချင်လောက်အောင် ဖြစ်မိပေမဲ့ သူစက်ဆုပ်နေတာမျိုးတော့ မဟုတ်ချေ။

"အဟက်...."

ရှင်းခန့်က လှောင်ရယ်သလိုမျိုး ရယ်သမ်းသွေး၍ ပခုံးအားမှီထားရာမှ ဖယ်ခွာ၍....

"မင်းလည်းကိုယ့်ကို ရွံရှာစက်ဆုပ်နေခဲ့တာ မဟုတ်ဘူးလား..."

ရီဝေသောမျက်ဝန်းတို့မှာ နာကျင်ရိပ်တို့ဖြင့် ပြည့်နှက်နေသလို နီရဲနေသောနှုတ်ခမ်းလွှာတို့ဟာလည်း မီးရောင်လဲ့လဲ့အောက်မှာ လှုပ်ခတ်တုန်ယင်လို့နေ၏။မီးရောင်အောက်က မျက်နှာနုနုရဲရဲလေးအား ငေးကြည့်နေရင်း သူ့ရင်တွေဟာ မငြိမ်မသက်ဖြစ်လို့လာသည်။မှန်သည် ဟိုတုန်းက ဒီလူကို သူရွံရှာခဲ့ဖူးသည်။စက်ဆုပ်ခဲ့ဖူးသည်။မပတ်သတ်ချင်မိတဲ့စိတ်တွေလည်း မကြာခဏဖြစ်ခဲ့ဖူးသည်။ဒီလူဟာ သူ့ဘဝအတွက် နောက်ထပ်အိမ်မက်ဆိုးတစ်ခု ဖြစ်ခဲ့ဖူးသည်။အဲ့ဒီလို မုန်းတီးနေရင်း ရွံရှာနေရင်း ဒီလူ့ဆီကနေ ရုန်းမထွက်နိုင်ခဲ့တာလည်း အမှန်ပဲဖြစ်သည်။မုန်းတီးနေရင်းကနေ ဂရုဏာသက်နေမိတာဟာလည်း ဘာကြောင့်မှန်းမသိတော့ချေ။ငြင်းဆန်နေရင်းနဲ့လည်း သူ့စိတ်တွေဟာ တဖြည်းဖြည်းယိုင်နဲ့လို့လာနေလေသည်။

တစ်ယောက်က ဝေခွဲမရရှုပ်ထွေးမှုများဖြင့်။တစ်ယောက်က နာကျင်ထိရှမှုများဖြင့် အတန်ကြာမျက်ဝန်းတို့ ဆုံစည်းနေမိကြ၏။တိတ်ဆိတ်သော အခန်းငယ်ထဲမှာ တစ်ယောက်၏ အသက်ရှုသံကို တစ်ယောက်ကြားရသည့်အထိ။နှစ်ယောက်စလုံး မလှုပ်မယှက်ဖြင့် ငြိမ်သက်နေကြပြီးမှ ရှင်းခန့်၏နူးညံ့သွယ်ပျောင်းသော လက်အစုံက သူ့၏ပါးပြင်ဆီသို့ ထိကပ်၍လာ၏။ပြီးတော့ နှုတ်ခမ်းလွှာတို့အား ပွတ်သပ်လာပြီးမှ တဖြည်းဖြည်းချင်း အနားသို့တိုးကပ်လာလေသည်။

!မဟုတ်ဘူး သူဒါကိုမကြိုက်ဘူး ဒီလိုလူမျိုးတွေကို သူရွံတယ် သူကဒီလိုလူစားမျိုးမဟုတ်ဘူး...!

!တွန်းထုတ်လိုက်လေ ဖယ်ထုတ်လိုက် မင်းသိပ်စက်ဆုပ်တယ်မဟုတ်လား ထိုးချလိုက်လေ...!

ဦးနှောက်က ငြင်းဆန်နေမိပေမဲ့ သူ့၏ခန္ဓာကိုယ်ကတော့ ကျောက်ရုပ်တစ်ရုပ်လိုမျိုး လေးလံထုံထိုင်းလို့နေ၏။ဦးနှောက်အသိက အပြင်းအထန်းရုန်းကန်ငြင်းဆန်နေရင်း ခန္ဓာကိုယ်က မလိုက်ပါတော့ ရင်တွေတလှပ်လှပ်ဖြစ်လာကာ ချွေးစေးတို့စိမ့်ထွက်လို့လာ၏။သို့ပေမဲ့ သူဟာစပါးကြီးမြွေတစ်ကောင်၏ ညှို့ချက်မိနေသလိုမျိုး။နူးညံ့ချိုမြတဲ့ နှုတ်ခမ်းများ၏ အထိအတွေ့များကြားမှာ မရုန်းထွက်နိုင်ပေ။Mevius Casterသောက်ထားတာကြောင့်ထင်သည် အဲ့ဒီနှုတ်ခမ်းတွေဟာ ဒီညမှာပိုချိုလို့နေသည်။အာခံတွင်းထဲသို့ တိုးဝင်နယ်ချဲ့လာတဲ့ လျှာဖျားလေးဟာလည်း နွေးထွေးချိုမြနေ၏။ထိုလျှာဖျားလေးကို လွတ်မထွက်သွားစေဖို့ ရစ်ပတ်အပိုင်သိမ်းနေရင်း သူ့ဦးနှောက်ဆီမှ ငြင်းဆန်မှုတို့ဟာလည်း ဝေဝါးကုန်ပြီဖြစ်သည်။အခု သူ့ဦးနှောက်ထဲမှာရှိနေတာက ဒီလူကို မှန်းဆပြီး တစ်ကိုယ်ရည်အာသာဖြေခဲ့ရတဲ့ အိပ်ပျက်ညများစွာသာဖြစ်သည်။

အနမ်းတွေကို တစ်ယောက်တစ်လှည့် ဦးဆောင်ကာ အနမ်းပင်လယ်ထဲ မွတ်သိပ်စွာအပြင်းအထန် ကူးခတ်နေမိကြပြီးမှ ရှင်းခန့်က နှုတ်ခမ်းလွှာတို့အား ဖယ်ခွာပြီး....

"ဒီညတော့ မင်းကိုလိုအပ်တယ်...."

မျက်နှာချင်းဆိုင် အနီးကပ်လေသံလေးဖြင့် ပြောလာတာမို့ လေငွေ့နွေးနွေးက သူ့မျက်နှာဆီသို့ လာရိုက်ခတ်၏။တစ်ကိုယ်လုံး ရှိန်းမြနွေးထွေးလာရပြီး ခန္ဓာကိုယ်ထဲမှ အပူလှိုင်းတွေဟာလည်း တရိပ်ရိပ်တက်လာပြီဖြစ်သည်။ရှင်းခန့်မောင်ဆွဲချသွားသည့်အတိုင်း အိပ်ရာပေါ်သို့ ပါသွားခဲ့ရင်း သူ့အသိစိတ်တွေအားလုံးကို ထိုလူကသာ ဝါးမြိုလေသည်။ရင်ခွင်အောက်မှာ နှုတ်ခဲရဲရဲလေးတွေ ဟစိဟစိဖြင့် အောက်စီဂျင်ကို ရှုရှိုက်နေပါသော ထိုမျက်နှာနုနုလေးဟာ သူ့စိတ်တွေကို ပို၍အမှောင်ဖုံးစေသည်။

နှုတ်ခမ်းလွှာတွေကို အငမ်းမရကျူးကျော်မိတော့ သွယ်ပျောင်းသည့် လက်အစုံက သူ့၏လည်တိုင်သို့ ဖက်တွယ်၍လာလေသည်။အနမ်းကြမ်းကြမ်းတို့ဖြင့် တိုက်ခိုက်ပြီးချိန်မှာတော့ လည်တိုင်ဖြူဖြူလေးပေါ်ကို ဆေးခြယ်ဖို့လည်း မမေ့လျော့ခဲ့ပေ။ကိုယ်ပေါ်ရှိအဝတ်တွေဟာ ဘယ်လိုကွာကျကုန်လဲ သူမမှတ်မိတော့။သူ့အာရုံထဲမှာ ညှပ်ရိုးဖြူဖြူလေးရယ် ရင်ဘတ်ပိန်ပိန်လေးပေါ်က ချယ်ရီပွင့်လေးရယ်ကသာ ရူးသွပ်အောင် ဆွဲဆောင်လို့နေလေသည်။

"အင်း!...ဟင်း.."

ညှပ်ရိုးဖြူဖြူလေးအပေါ် အရာပေးပြီးမှ ချယ်ရီပွင့်လေးအား အားခံတွင်းထဲသို့ ငုံထွေးပြီးလျှာဖျားလေးဖြင့် ရစ်ပတ်တော့ ရှင်းခန့်ဆီမှ ငြီးငြူသံတချို့ ထွက်ပေါ်လာပြီး သူ့ဆံပင်တွေအား ကယောင်ကတမ်းဆုပ်ကိုင်၍လာ၏။ချယ်ရီပွင့်လေးမှတဆင့် ဗိုက်သားပိန်ပိန်လေးအထိ နေရာလပ်မကျန် နမ်းရှိုက်ရင်း ပေါင်တံဖြူဖြူသွယ်သွယ်လေးများကိုလည်း သွားဖြင့်ခပ်ဖိဖိကိုက်မိ၏။

"အ့!..."

နာကျင်၍ ထွက်ပေါ်လာသည့်အသံမျိုး မဟုတ်ပါပဲ တိုးညှင်းဖျော့တော့နေသည့် လေသံလေးဖြင့် အသံပြုပုံက သူ့၏စိတ်တို့ကိုပို၍ နှိုးဆွနေသလို့ပင်။အိမ်ထောင်ကျခဲ့ဖူးတဲ့ ယောက်ျားတစ်ယောက်ပေမဲ့လို့ သူ့မှာ ဒီကိစ္စနှင့်ပတ်သတ်သည့် အတွေ့အကြုံဟာနည်းပါလှသည်။ကိုယ်တိုင်ဆန္ဒမရှိခဲ့တာရယ် ဇနီးသည်၏ကျန်းမာရေးကို ငဲ့ကွက်၍ ဆင်ခြင်ခဲ့ရတာတွေရယ်ကြောင့် သူ့၏စိတ်ဆန္ဒတွေဟာ ဖွဲမီးလိုအုံဖွဲ့နေခဲ့တာဖြစ်သည်။အခုတော့ ယောက်ျားချင်းဆိုတဲ့အသိကြောင့် ညှာတာဖို့အသိတွေလည်း မှေးမှိန်ကုန်ပြီဖြစ်ကာ သူ့၏စိတ်ဆန္ဒတွေဟာ အမြင့်ဆုံးအထိ ပေါက်ကွဲထွက်ကုန်လေပြီ။

ပေါင်တံဖြူဖြူလေး၌ အမှတ်အသားပေးနေရင်းဖြင့် အက်ကွဲကြောင်းလေးအား ပွတ်သပ်ကာ ပန်းရင့်ရောင်ခရေပွင့်လေးအား တဖြည်းဖြည်းနယ်ချဲ့နေမိသည်။လက်ခလယ်ထိပ်ဖျားလေး ဝင်သည်ဆိုရုံလေးထိုးသွင်းလိုက်တော့ ရှင်းခန့်၏ ခန္ဓာကိုယ်ဆတ်ကနဲ တုန်သွားကာ မျက်နှာလေးအနည်းငယ်မဲ့သွားရ၏။

"စိတ်လျှော့ ခင်ဗျားအတင်းညှစ်မထားနဲ့...."

ဆိုင်းလော့ဒ် ပြောနေရင်းဖြင့် အာရုံပြောင်းစေရန်အလိုငှာ ဟစိဟစိ ဖြစ်နေသော နှုတ်ခမ်းလွှာတို့အား သိမ်းပိုက်ပြီးမှ နောက်ထပ်လက်တစ်ချောင့်ဖြင့် ခရေပွင့်လေးဆီသို့ နယ်ချဲ့၏။

"ဟ့..!"

ဒီတခါတော့ အော်ငြီးခွင့် မပေးနိုင်တော့ပဲ ရှင်းခန့်၏ နာကျင်မှုတို့ကိုပါ ဝါးမြိုစားသုံးပစ်သည်။လက်နှစ်ချောင်းဖြင့် အတန်ကြာအသွင်းအထုတ် လုပ်ပြီးချိန်မှာတော့ တင်းကြပ်နေသော ခရေပွင့်လေးဟာ အတန်ငယ်ပျော့ပျောင်းလာပြီဖြစ်လေသည်။ထိုအခါမှ ဆိုင်းလော့ဒ် အနမ်းတို့အား ရပ်တန့်ပေးပြီး ရင်ခွင်အောက်ရှိ လူအားစေ့စေ့ကြည့်ဖြစ်သည်။မျက်ခမ်းစပ်လေးတွေရဲပြီး မျက်ရည်ကြည်တို့ဖြင့် အရည်လဲ့နေကာ ရဲစိုနေသော နှုတ်ခမ်းပါးလေးတွေဟာလည်း တလှုပ်လှုပ်ဖြင့်။ရင်ခွင်အောက်ရှိ အဲ့ဒီလူဟာ အဆုံးစွန်ထိမိုက်ရိုင်းရမ်းကားပစ်လိုက်ချင်စရာပင်။ထိုသို့တွေးမိတော့ သူ့အောက်မှအကောင်သည်လည်း ပေါက်ထွက်မတက်တင်းမာလို့လာလေသည်။

"အားလုံးမေ့သွားအောင်လုပ်ပေး...."

တိုးညှင်းဖျော့တော့စွာ ထွက်လာပါသောထိုအသံလေး၏အဆုံးမှာတော့ သူ့စိတ်တွေဟာ အဆုံးစွန်အထိ ရူးသွပ်သွားပြီဖြစ်သည်။ချောဆီဘာညာလည်း မရှိနေ၍ တံတွေးကိုအသုံးပြုကာ နယ်ချဲ့ထားပါသော ပန်းရင့်ရောင်ရပ်ဝန်းလေးသည်လည်း ဟစိဟစိဖြင့် တစ်စုံတစ်ရာကို မျှော်လင့်နေသည့်နှယ်။သူ့ဦးနှောက်ဟာလည်း အခုအချိန်မှာ ထိုရပ်ဝန်းဆီသို့ တိုးဝင်ဖို့အသိတစ်ခုသာရှိနေတော့သည်။ထို့ကြောင့် ပေါက်ထွက်မတက်တင်းမာနေပြီဖြစ်သော အငယ်ကောင်အား အသာထိန်းကိုင်၍ ပန်းရင့်ရောင်ရပ်ဝန်းလေးဆီသို့ အရူးအမူးတိုးဝင်မိတော့၏။

"အား!....."

ရုတ်တရက်တိုးဝင်လာသော ဆိုင်းလော့ဒ်ကြောင့် အသဲခိုက်မတက်နာကျင်မှုနှင့်အတူ ဆိုင်းလော့ဒ်၏ လက်မောင်းတို့အား ကယောင်ကတမ်းဖြင့် ဆွဲကိုင်မိတော့၏။ဆိုင်းလော့ဒ်ကတော့ သူ့၏နာကျင်မှုကိုလည်း သတိမပြုမိသည့်အလား အဆုံးအထိတိုးဝင်နိုင်ဖို့သာ အကျိတ်အနယ်ကြိုးပမ်းလို့နေလေသည်။ပထမအကြိမ်တုန်းကလည်း နာကျင်ရသလို အခုဒုတိယအကြိမ်ဟာလည်း သူ့အတွက်တော့ ခက်ခဲ၏။အစိမ်းသက်သက်တိုးဝင်မှုကြောင့် သူ့ခန္ဓာကိုယ်အား ဓားထက်ထက်ဖြင့်ထိုးခွဲလိုက်သလိုမျိုး ခံစားနေရသည်။အဆုံးအထိဝင်ရောက်သွားနိုင်ချိန်မှာတော့ ဆိုင်းလော့ဒ်က လှုပ်ရှားမှုတို့အား ခတ္တရပ်တန့်ပြီး အရှိန်ယူလေသည်။

သူကတော့ နာကျင်လွန်းလို့ အရာအားလုံးကိုမေ့ရုံမက သတိပါလွတ်ချင်နေပြီဖြစ်၏။

"အ့..!"

ဆိုင်းလော့ဒ်၏ ပထမဦးဆုံးအကြိမ် အသွင်းအထုတ်ပြုမှုမှာတော့ နာကျင်မှုကြောင့် မျက်ဝန်းအိမ်မှ မျက်ရည်တို့ပေါက်ကနဲစီးကျလေသည်။နာကျင်သည်။သေမတက်နာကျင်သည်။သို့ပေမဲ့ တခြားနာကျင်မှုတွေကို မေ့ပျောက်နိုင်ဖို့ ဒီနာကျင်မှုကို သူလိုအပ်လေသည်။

"ဟား.!...အား!..."

ဆိုင်းလော့ဒ်သည့်လည်း နွေးထွေးတင်းကြပ်လှသော အထိအတွေ့တို့မှာ ရူးသွပ်မတက် စိတ်လွတ်နေခဲ့ပြီဖြစ်သည်။ပထမတော့ ဖြေးဖြေးချင်း နောက်တော့ တိုးဝင်နေရင်း တိုးဝင်နေရင်းဖြင့် သူ့ဆန္ဒမီးတွေဟာ ပို၍အားကောင်းလာကာ သူ့၏ဆောင့်ချက်တွေဟာလည်း ပို၍အားကောင်းမြန်ဆန်လို့လာ၏။သူ့အောက်မှ လူကတော့ အသံထွက်ငြီးငြူဖို့တောင် အားမရှိတော့ဘူးထင်သည်။သူဆွဲယူသည့်အတိုင်း။သူလှုပ်ခါသည့်အတိုင်း။သူ့၏ဆောင့်ချက်တွေအတိုင်းသာ လိုက်ပါလို့နေ၏။အခန်းကျဥ်လေးထဲမှာ အသားချင်းရိုက်ခတ်သံ သူ့၏သာယာစွာငြီးငြူသည့်အသံတို့ဟာ ပြည့်လျှံလို့နေလေသည်။

ဆောင့်ချက်တွေကိုလည်း အရှိန်မလျှော့စေပဲ ထောင်မတ်နေသော ရှင်းခန့်၏အကောင်ငယ်လေးအား ခပ်ကြမ်းကြမ်းပွတ်ဆွဲပေးလိုက်ချိန်မှာတော့ ရှင်းခန့်ဆီမှာ ခိုလေးလိုမျိုး ငြီးငြူသံသေးသေးလေးထွက်ပေါ်လို့လာ၏။ထို့ကြောင့် နာကျင်မှုဆီမှ သာယာမှုဆီသို့ ရောက်ရှိစေရန် ခပ်ကြမ်းကြမ်းပွတ်ဆွဲနေရင်း ထိပ်ဖျားလေးအား ပွတ်ဖိကစားလိုက်ချိန်မှာတော့....

"အ့!....ဒေါန!..."

!ဒေါန.....!

အတိုးအညှင်းဆုံး ထွက်ပေါ်လာသည့် အသံဆိုသော်ငြားလည်း သူ့နားထဲမှာတော့ မိုင်းဗုံးတစ်လုံးပေါက်ကွဲသွားသည့်အလား။ဒေါန...ဒေါနတဲ့လား။ဒီလူက...ဒီလူက သူ့ကိုအခြားတစ်ယောက်နေရာထားပြီး အာသာဖြေနေတာလား။ဒီလူက...ဒီလူကလေ...။

ထိုသို့တွေးမိလိုက်တာနှင့် အမြင့်ဆုံးထိရောက်နေသော သူ့၏ခံစားချက်တို့ ဝုန်းကနဲပုံပျက်ပန်းပျက်ကျသည်။ခန္ဓာကိုယ်ထဲရှိ အပူလှိုင်းတို့ဟာလည်း ချက်ချင်းအေးခဲတောင့်တင်းကုန်၏။

!သူက တခြားလူတစ်ယောက်အစား အစားထိုးအာသာဖြေစရာတဲ့လား...!

!ဒီလူ ဒီလူဟာ....ယုတ်မာရက်စက်လိုက်တဲ့လူ....!

ခုနကလေပေါ်လွင့်နေပါသော ခံစားချက်တို့အစား ဒေါသသွေးတို့သာ တဖျဥ်းဖျဥ်းတိုးဆောင့်လို့လာ၏။ခန္ဓာကိုယ်ပေါ်ရှိ ဆိုင်းလော့ဒ်၏ လှုပ်ရှားမှုတို့ နှေးကွေးတုံ့ဆိုင်းသွားတော့ ရှင်းခန့်၏မျက်ဝန်းတို့ ပွင့်ဟလာရသည်။

"မင်း ပြီးသွားပြီလား...."

အပြစ်ကင်းစင်ပြီး မသိနားမလည်သလို မျက်ဝန်းတွေဖြင့် မေးမြန်နေသော ရှင်းခန့်အားကြည့်ကာ ဆိုင်းလော့ဒ်၏ဒေါသစိတ်တွေ ပို၍လှိုင်းထန်လာရသည်။အခုပဲ လည်ပင်းကိုညှစ်ကိုင်ရင်း ခုနကဘယ်စောက်ကောင်ရဲ့ နာမည်ကိုငြီးလိုက်တာလဲ။ကျုပ်ကို ဘယ်စောက်ကောင်ရဲ့နေရာမှာ အစားထိုးအာသာဖြေနေတာလဲလို့ အော်ဟစ်မေးလိုက်ချင်မိသည်။

သို့သော် တကယ်တမ်းတော့ စိတ်ကူးကစိတ်ကူးပဲဖြစ်သည်။လက်တွေ့မှာတော့ ရှင်းခန့်၏ ပျော့ပျောင်းသေးသိမ်သော ခါးလေးအား ဆွဲကိုင်၍ ဆောင့်ချက်တို့အား ပို၍အားထည့်ကာ ဒေါသစိတ်တို့အား ဖွင့်ထုတ်မိ၏။

"အား! မင်း....အား ဖြေးဖြေး...."

မပီဝိုးတဝါး တောင်းပန်တိုးလျှိုးသံသည်လည်း နားဝင်ချင်စရာမကောင်း​တော့ပေ။ဒီလူဟာ သူ့မာန သူ့သိက္ခာတရားကို နည်းမျိုးစုံနဲ့ စော်ကားဖျက်ဆီးတဲ့လူ။မုန်းသည်။ရွံသည်။ဒီလူ့ကို အသည်းထဲကနေ စက်ဆုပ်ရွံရှာ၏။

ချဥ်စုတ်မုန်းတီးရွံရှာစိတ်တို့ဖြင့် ကြမ်းတမ်းရိုင်းစိုင်းစွာ ဆက်ဆံပြီးချိန်မှာတော့ သူ့၏တစ်ကိုယ်လုံးကျဥ်တက်လာကာ ထိုလူ၏အတွင်းထဲမှာပဲ မထိန်းနိုင်စွာထုတ်လွှတ်မိ၏။အကုန်အစင်ထုတ်လွှတ်ပြီးသွားတော့မှ လက်ထဲမှာကိုင်ဆုပ်ထားသော ခါးလေးအား လွှတ်ချပေးလိုက်တော့ ရှင်းခန့်တစ်ယောက် ဝါဂွမ်းစလေးလို နွမ်းဖတ်ဖြူဖျော့စွာဖြင့် အိပ်ရာပေါ်သို့ပုံကျလေတော့သည်။စိတ်ကျေနပ်စွာ ဆန္ဒတို့ပြီးမြောက်ရပေမဲ့ ရင်ထဲမှာချဥ်စုတ်တူးခါးနေသည့် ခံစားချက်တို့ကတော့ အားကောင်းနေဆဲပင်။ထို့ကြောင့်ပဲ ကုတင်ပေါ်၌ နှုတ်ခမ်းလေးဟ၍ ဝစ်လစ်စလစ်ဖြင့်ပင် အမောဖြေနေပါသော ထိုမျက်နှာအား မမြင်ချင်လှစွာဖြင့် ချက်ချင်း အနားမှလှည့်ထွက်ခဲ့မိလေတော့သည်။

                  ~~~~~

Continue Reading

You'll Also Like

5.2M 710K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
876K 57.3K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...
88.9K 7.6K 21
ချစ်မိလေတော့.... ရူးခဲ့ပြီ....။ အသာဖွဖွ ခူးဆွတ်ခဲ့တာ မင်း ကြွေစေချင်တာ မဟုတ်.... တစ်ဘဝစာအတွက်... မြတ်နိုးစွာ... နမ်းရှိုက်ချင်လို့....။ ချစ်မိလေတော့...
994K 64K 81
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်...