Hidden love " ကုမုဒြာ "( comp...

Od MikkyLay1

1.1M 58.8K 6.3K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... Více

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉
Inner Art မိတ်ဆက် ❤️
Chibi Art ❤️
📌 Book Details 📌

Chapter - 42

15.3K 834 84
Od MikkyLay1

မြို့ထဲသို့ဝင်လာယုံနှင့် ပန်းရနံ့သင်းသင်းလေးက စည်းကြိုလို့နေသည် ။ ကားလမ်းမကြီးရဲ့အလယ် ပလက်ဖောင်းပေါ်၌ ပန်းရောင်စုံစိုက်ပျိုးထားပြီး ပတ်ဝန်းကျင်အား လှပစေကာ မွှေးရနံ့တွေကြောင့် စိတ်ရွှင်လန်းစေသည် ။

ဧကရာဇ်မောင် ကားပြတင်းပေါက်ကနေပြီး လှပသည့်မြို့ရဲ့အလှကို ကြည့်ရှုနေခဲ့သည် ။ ဒီကမ္ဘာကြီးထဲက နေရာသေးသေးလေးတစ်ခုမှာ လှပတဲ့မြို့ငယ်လေးတည်ထောင်နိုင်ခဲ့ပြီး သူမြတ်နိုးရတဲ့လူရဲ့အငွှေ့အသက်ဖြစ်တဲ့ ပန်းရနံ့ကိုရရှိအောင်ဖန်တီးထားကာ အမြဲသတိရနေစေသည် ။

၄ နှစ်သာသေဆုံးနေခဲ့သည့် နှလုံးသားလေးဟာလဲ ယခုတော့စတင်လှုပ်ရှားလာပြီး အနှစ်နှစ်အလလ ရှာဖွေနေတဲ့လူကို ပြန်တွေ့ရဖို့မစောင့်နိုင်တော့ပေ ။ ထိုလူကသူဆိုတာ မသေချာသေးပေမဲ့ ဧကရာဇ်ရဲ့နှလုံးသားလေးကတော့ မရပ်မနားခုန်ပေါက်နေ၏ ။

* ငါအရမ်းကြီး မျှော်လင့်ထားလို့မဖြစ်ဘူး ... စိတ်အေးအေးထားရမယ် ... ဒါကတိုက်ဆိုင်ယုံသက်သက်ပဲဆို ငါထပ်ပြီးနာကျင်ရလိမ့်မယ် ... ဒီလောက်လွယ်လွယ်နဲ့ ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး ... ဒါပေမဲ့ သေချာအောင်သွားကြည့်တာက အကောင်းဆုံးပဲ *

အရှေ့ခန်းမှာကားမောင်းနေတဲ့ လင်းထက်က တစ်ချိန်ကမုဒြာအားအနီးကပ်စောင့်ကြည့်ပေးရတဲ့ လုံခြုံရေးခေါင်းဆောင်ဖြစ်ပြီး ခုတော့ဧကရာဇ်မောင်ယုံကြည်ရတဲ့လက်ထောက်ဖြစ်နေပြီ ။ ဧကရာဇ်မောင်သွားရသည့် ဘယ်နေရာမဆို လုံခြုံရေးအဖြစ်လိုက်ပါစောင့်ရှောက်ပေးရပြီ ကုမုဒြာကိုလဲ ကူပြီးရှာဖွေပေးရသည် ။ သူအလုပ်လုပ်လာတဲ့တစ်လျှောက်မှာ သခင်ကြီးရဲ့ ခုလိုစိတ်လှုပ်ရှားနေပုံကို မတွေ့ဖူး၍ လင်းထက်လဲအံ့ဩနေသည် ။

လုပ်ငန်းကိစ္စအကြီးကြီးတွေ ကိုင်သွယ်နေချိန်မှာတောင် နည်းနည်းလေးမှစိတ်မလှုပ်ရှားပဲ သိကျပြတ်သားစွာလုပ်ကိုင်နိုင်တဲ့ သခင်ကြီးလိုလူက မုန့်ဆိုင်ကကောင်လေးကိုတွေ့ဖို့အတွက် စိတ်တွေကနာမငြိမ်ဖြစ်နေ၍ အံ့အားသင့်နေသည် ။

" သခင်ကြီး ... ဆိုင်လိပ်စာ အသိအကျလေး ပြန်ပြောပါလား "

လင်းထက်ရဲ့အသံကြားမှ ဧကရာဇ်မောင်အသိပြန်ဝင်လာခဲ့သည် ။ ခုသူတို့က မြို့အလယ်က အဝိုင်းမှာရောက်နေပြီး လမ်းချိုးတွေကအများကြီးရှိတာကြောင့် လိပ်စာသေချာသိမှဖြစ်မည် ။ ဧကရာဇ်မောင်က ဖုန်းထဲက လိပ်စာကို တစ်ချက်ကြည့်ကာ ပြောလိုက်သည် ။

" မင်းရဲ့ညာဘက်ကလမ်းကို တည့်တည့်မောင်း ... တိုက် ၂၁ ရဲ့မြေညီထပ်မှာရှိတယ် "

" ဟုတ်ကဲ့ "

' ကျွီ '

ရုတ်တရပ်ကားက လမ်းချိုးအကွေ့ထဲသို့ ဝင်ယုံရှိသေး ဘရိတ်ကိုစောင့်နင်းလိုက်၍ ဧကရာဇ်မောင်လဲကျမသွားအောင် မနည်းထိန်းလိုက်ရသည် ။

" မင်းကားကို ဘယ်လိုမောင်းနေတာလဲ "

ဒေါသဖြင့်ဆူမယ်ကြံတော့ လင်းထက်ရဲ့မျက်နှာက ခြောက်ခြားနေပြီး ကားတံခါးအားအမြန်ဖွင့်နေသည် ။ ထိုအခါမှ တစ်စုံတစ်ရာကို တိုက်မိသွားမှန်းသဘောပေါက်လိုက်သည် ။ လင်းထက်က သတိကြီးပြီး လှုပ်ရှားမှုတိုင်း လျှင်မြန်ညှင်သာသည့်အပြင် ပါးလစ်သူမို့ ယခုလိုအက်စိဒန့်ဖြစ်တာမျိုး ရှားပါးသည် ။ သူ့အရှေ့ကိုအာရုံစိုက်ကြည့်နေပြီး အမြန်ကားရပ်လိုက်နိုင်၍မှသော်သေးသည် ။

အကြောက်အလန့်မရှိ ကားရှေ့ပြေးဝင်လာတဲ့အရာက ဘာဖြစ်မလဲ ဆင်းကြည့်လိုက်တော့ ထိုအရာဟာ ကလေးငယ်လေးတစ်ဦးဖြစ်လို့နေသည် ။ လန့်ပြီးကလေးလေးက အော်မငိုပဲ ကြောင်ကြည့်နေသည် ။ လင်းထက်လဲ ကားအရှေ့မှာ လဲကျနေတဲ့ကလေးလေးအား ပွေ့ချီလိုက်သည် ။

" ကလေးလေး ... နာသွားသေးလား "

" ...... "

" မင်းဘာကိုတိုက်မိသွားတာလဲ "

ဧကရာဇ်မောင်လဲ အနောက်ကနေလိုက်ပြီးဆင်းလာခဲ့သည် ။

" ကလေးလေးတစ်ယောက်ပါ သခင်ကြီး "

" ငါမင်းကို အစကတည်းကခေါ်မလာသင့်ဘူး ... ငါ့ဘာသာမောင်းတာကမှ အန္တရာယ်ကင်းဦးမယ် "

" ကျွန်တော်သတိလွတ်သွားတာမဟုတ်ပါဘူး ကလေးလေးက ကားရှေ့ပြေးဝင်လာတာ ... သူတစ်ခုခုကိုရှာနေတဲ့ပုံပဲ "

ထိုအခါမှ ဧကရာဇ်မောင် သူရပ်နေတဲ့ဘေးက ကားဘီးရဲ့အခြေမှာ ရောင်စုံကော်ကားလေးတစ်ခုကို တွေ့လိုက်ရသည် ။ ကားဘီးနဲ့တိုက်မိသွား၍ ခေါင်းကအနည်းငယ်တော့ ပျက်စီးသွားသည် ။ ဧကရာဇ်က ကားလေးကိုကောက်ယူလိုက်သည် ။ လင်းထက်ရဲ့ရင်ခွင်ထဲက ကလေးငယ်က လင်းထက်ပခုံးနဲ့ကွယ်နေ၍ ဧကရာဇ်မောင် မမြင်သေးပေ ။ သူကကလေးလေးရဲ့ကားများဖြစ်နေမလာ မေးကြည့်ဖို့အတွက် အရှေ့သို့လျှောက်လှမ်းလာသည် ။

ဧကရာဇ်မောင် ကလေးလေးရဲ့ မျက်နှာကိုလဲမြင်ရော သူ့ရဲ့မျက်ဝန်းတွေက ပြူးကျယ်လို့သွားလေသည် ။ သူဒီမလာခင်ကမှ ဖုန်းထဲကနေအကြိမ်ကြိမ်ကြည့်လာခဲ့တဲ့ ကလေးငယ်လေးဖြစ်လို့နေသည် ။ စကားပြောတတ်ခါစ မပီကလာပီကလာလေးနဲ့ သူ့ပါပါးရဲ့မုန့်တွေဘယ်လောက်စားကောင်းကြောင်း ပြုံးရယ်ကာပြောပြနေသည့် ကလေးလေးဖြစ်သည် ။

ထိုမျက်ဝန်းနက်ပြာရောင် ဆံနွယ်နက်နက်လေးတွေနဲ့ အသားအရေကဖွေးစွတ်နေပြီး ဂွမ်းမွေးလေးလို နူးညံ့လွန်းလှတဲ့ကလေးလေးကို ဧကဂာဇ်မောင်မျက်တောင်မခပ်ပဲ အသေအချာပင်စိုက်ကြည့်နေသည် ။ ထိုကလေးလေးကတော့ ဧကရာဇ်မောင်လက်ထဲက ကားလေးကိုမြင်ပြီး မျက်ဝန်းတွေက တောက်ပလို့လာလေတော့သည် ။

ကလေးလေးသူ့ရဲ့ကား ပျက်စီးသွားတာလဲမြင်ရောရော ချက်ချင်းရှုံ့မဲ့လို့သွားသည် ။ လင်းထက်က သူပွေ့ချီထားတဲ့ကလေးလေးက သခင်ကြီးကိုကြည့်နေရင်း မျက်နှာကတဖြေးဖြေး ရှုံ့မဲ့လာကာ ရုတ်တရပ်ငိုချလာ၍ ကြောင်အမ်းသွားသည် ။

" အီး ... ဟီး ဟီး ဟီး ... အူးဝါး ပါပါး "

" အယ် ငိုသွားတာလား ... သခင်ကြီး ကလေးကိုစိတ်ညှို့လိုက်တာလား "

ဧကရာဇ်မောင်က ပြန်ဖြေမလာပဲ ငေးကြည့်နေသလို ကလေးလေးကလဲ ခြေတွေလက်တွေရုန်းကန်ကာ ဧကရာဇ်မောင်ထံသွားဖို့ကြိုးစားနေတော့သည် ။ ဘေးနားက လမ်းသွားလမ်းလာတွေကလဲ ကလေးငိုသံကြောင့် သူတို့ထံအကြည့်ရောက်လာကြသည် ။ ဘော်ဒီဂတ်ကလဲ သူ့လက်ထဲမှာ မနေချင်တဲ့ ကလေးငယ်လေးအား ဂျိုင်းကနေမကာ ဧကရာဇ်ထံကမ်းပေးလိုက်သည် ။

" သခင်ကြီးဆီသွားချင်နေတာ ... အမြန်ခေါ်လိုက်ပါဗျာ ... အဲ့ကားကိုကျွန်တော့ပေး "

ဧကရာဇ်မောင်လဲ လက်လှမ်းကာ ကလေးလေးအား လက်တစ်ဖက်ဖြင့်ဂျိုင်းကနေမယူလိုက်ပြီး သူ့ရင်ခွင်ထဲပွေ့ချီလိုက်သည် ။ ထိုအခါမှ ကလေးကအငိုရပ်သွားသည် ။ လင်းထက်ကလဲ ကားကိုပိုက်ထားပြီး ကလေးအငိုရပ်မှ စိတ်အေးသွားတော့သည် ။

" ကျွန်တော်က သခင်ကြီးကိုကလေးလေးက ကြောက်လို့ငိုတယ်ထင်နေတာ ... သူ့ကြည့်ရတာ သခင်ကြီးကို ရင်းနီးနေသလိုပဲ ... ခုကြည့်လေ သခင်ကြီးဆီကနေ အကြည့်မခွာတော့ဘူး ... ပြုံးတောင်ပြုံးနေသေး "

အမှန်ပင် ကလေးလေးက သွားသေးသေးလေးတွေပေါ်အောင်ပြုံးပြကာ မျက်နှာချိုသွေးနေသည် ။ ကလေးလေးကလက်သေးသေးလေးတွေနဲ့ ဧကရာဇ်မောင်ရဲ့ မျက်နှာအား ထိကိုင်နေပြီး အလွန်ရင်းနီးနေပုံပေါ်သည် ။ လင်းထက်က သူ့ရဲ့သခင်နဲ့ ကလေးရဲ့တရင်းတနီးထိတွေ့မှုကြောင့် ကျောက်ရုပ်လိုတောင့်ခဲသွား၍ အဆင်ပြေလားမေးကြည့်လိုက်သည် ။

" သခင်ကြီး အဆင်ပြေရဲ့လား "

" အင်း "

" ကျွန်တော် ကလေးကိုပြန်ခေါ်လိုက်ရမလား "

" မလိုဘူး "

ဧကရာဇ်မောင်က ကလေးလေးရဲ့လက်ကို ဖမ်းကိုင်လိုက်ပြီး စကားပြောကြည့်လိုက်သည် ။

" မင်း နာမည်ဘယ်လိုခေါ်လဲ "

" ကုကု​ "

" ကုကုလေး "

" ဂျာ "

" ...... "

ကလေးလေးက သူ့နာမည်ခေါ်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဧကရာဇ်အားကြည့်ကာ ထူးလိုက်သည် ။ ချစ်စရာကလေးငယ်လေးရဲ့တုန့်ပြန်ပုံတွေကြောင့် သန်မာလှတဲ့ လူကြီး ၂ ယောက် လမ်းလည်ခေါင်မှာ အရည်ပျော်ကျမတတ်ပင်ဖြစ်နေသည် ။

" သခင်ကြီးကိုကလေးကသိနေသလိုပဲ ... သူ့ကြည့်ရတာ လုံးဝမစိမ်းဘူး "

" ငါနဲ့ဒီကလေးက တစ်ခါမမှ မဆုံဘူးတာ ... သူငါ့ကိုသိတာတော့မဖြစ်နိုင်ဘူး "

" သူ့အသိတစ်ယောက်ယောက်နဲ့ လွဲနေတာများလား ... ဒါမှမဟုတ် Tv လိုင်းတွေမှာ မြင်ဖူးလို့ သိနေတာများလား ... သခင်ကြီးရဲ့ ချောမောခန့်ညားမှုကတော့ လူကြီးတွေတင်မက ကလေးငယ်တွေ့ရဲ့အာရုံစိုက်မှုကိုပါ ရရှိနေရတာပဲ "

ဘေးနားကကြည့်နေကြတဲ့လူတွေကလဲ ကလေးလေးနဲ့လူကြီးက သိနေကြတဲ့ပုံပေါ်၍ ဘာမှမဖြစ်ကြသလို ထွက်သွားကုန်ကြသည် ။ ဧကရာဇ်မောင် ဒီကိုထွက်လာစဉ်က အလုပ်ကိစ္စကြောင့်မဟုတ်၍ သူစီးနေကြကားကိုမစီးပဲ သာမန်ကားတစ်စီးဖြင့်သာလာခဲ့ပြီး အဝတ်အစားဆံပင်ပုံစံက ပုံမှန်အတိုင်းသာပြင်ဆင်ထား၍ သူ့အားအပြင်မှာမတွေ့ဖူးတဲ့ဘယ်သူမဆို သာမန်ချောမောနေတဲ့ယောက်ျားတစ်ယောက်ဟုသာမြင်ကြပြီး ဒီမြို့ရဲ့ပိုင်ရှင်သူဌေးကြီးမှန်း ဘယ်သူမှမသိကြပေ ။

ကလေးက လင်းထက်လက်ထဲက ပျက်သွားတဲ့ကားကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေပုံပေါ်၍ ဧကရာဇ်က မေးလိုက်သည် ။

" ကလေးလေး ... မင်းရဲ့ကားကို ဦးဦးအစားပြန်ဝယ်ပေးရမလား "

" ဟုတ် "

" ဒါဆို ဆိုင်ကဘယ်နားမှာလဲ ဦးကိုပြ "

ကလေးရဲ့မျက်ဝန်းလေးတွေ လပ်သွားကာ သူတို့နဲ့အနည်းငယ်သာလှမ်းတဲ့ အရုပ်ဆိုင်လေးတစ်ခုထံ ညွှန်ပြလာသည် ။ ကလေးလေးက ထိုဆိုင်ကအရုပ်ကားလေးကို ခုပဲဝယ်ယူလာတဲ့ပုံပင် ။ ကားက ရီမုနဲ့မောင်းရပေမဲ့ ကလေးကမနှိပ်တက်လို့လမ်းမပေါ်ပြေးသွားပြီး မောင်းလာတဲ့ဧကရာဇ်တို့ကားအောက်ထိုးဝင်သွားကာ အရုပ်သစ်လေးပျက်စီးသွား၍ ကလေးကငိုနေခြင်းဖြစ်သည် ။ ဧကရာဇ်မောင်ရော လင်းထက်ပါ ကလေးလေးအားခေါ်ပြီး အရုပ်ဆိုင်ကြီးထဲသို့ ဝင်လာခဲ့ကြသည် ။

" မင်္ဂလာပါရှင့် "

ဆိုင်ရှင်အမျိုးသမီးက ကလေးပွေ့ချီထားတဲ့ ဧကရာဇ်မောင်ကိုလဲမြင်ရော ပြုံးကာဆိုလိုက်သည် ။

" သားလေးအတွက် အရုပ်လာဝယ်တာလား "

ဧကရာဇ်က ဘာမှပြန်မပြောပဲ ခေါင်းငြိမ့်ယုံသာငြိမ့်ပြလိုက်ပြီး သူမစကားကြောင့် အနည်းငယ် ပြုံးမိသွားသည် ။ ပြီးနောက် ကလေးကိုအောက်ချပေးကာ သူလိုချင်တဲ့အရုပ်တွေ ညွှန်ပြခိုင်းလိုက်သည် ။ ကလေးက ကားတွေရှိတဲ့နေရာကိုပြေးသွားပြီး လူကြီးရောကလေးပါ ဝင်ထိုင်နိုင်လောက်တဲ့ အနည်းငယ်ကြီးပြီး လက်နဲ့ကိုယ်တိုင်မောင်းလို့လဲရတဲ့ ကားတစ်စီးအား ညွှန်ပြလာသည် ။

" ဦးဦး ... သားသားဒါလိုချင်တယ် "

ဆိုင်ရှင်အမကြီးက ကားကိုယူလာကာ ရှင်းပြလာသည် ။

" ကလေးက အမြင်ကျယ်တာပဲ ... ဒီကားကအသစ်ရောက်တာမကြာသေးဘူးရှင့် ... ဘက်ထွီပါလို့ အားပြန်သွင်းရလွယ်တယ် ... ကားဘော်ဒီက ခိုင်မာလို့ ကလေးပါမက မိခင်ပါဘေးကနေဝင်ထိုင်ပြီး ထိန်းပေးလို့ရတယ် ... မိသားစုလိုက်စီးရတာမို့ ကလေးတွေအတွက် ပိုပျော်စရာကောင်းပြီး နွေးထွေးစေတယ်လေ ... ပန်းခြံတွေထဲမှာလဲ အပျော်ပတ်စီးလို့ရတယ် "

ကလေးလေးက ထိုကားကိုကြည့်ပြီး မျက်လုံးလေးတွေကလပ်နေသည် ။ ဆိုင်ရှင်အမျိုးသမီးက ကလေးလေးကိုသေချာကြည့်ရင်း မှတ်မိသွားသည် ။

" အိုး ... ဒီကလေးလေးက ပန်းကလေးမုန့်ဆိုင်က ကလေးလေးလား ... မနက်ကလေးတင် သူ့ပါပါးနဲ့ကားလာဝယ်သေးတယ် "

" သူ့ပါပါးက ဆံပင်ရှည်နဲ့တစ်ယောက်လား "

" ဟုတ်တယ်လေ ... ဒီကမောင်လေးကလဲ သူ့ဒယ်ဒီပဲမဟုတ်လား ... သားလေးရဲ့ချစ်စရာကောင်းတဲ့ပုံစံနဲ့အသားအရည်လေးက ပါပါးနဲ့တူပြီး မျက်ခုံးမျက်လုံးနဲ့သန်မာတဲ့ပုံစံကတော့ ဒယ်ဒီနဲ့တစ်ထပ်ထည်းကိုတူတာ ... ဘယ်လိုပဲကြည့်ကြည့် သားအဖတွေဆိုတာ မငြင်းနိုင်ဘူး "

သူစိမ်းတွေတောင် သိနေနိုင်တဲ့ သူတို့ရဲ့ဆက်နွယ်မှုက အလွန်ကြီးမားလှသည် ။ ဧကရာဇ်မောင် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားလာကာ ထိုဆိုင်ရှင်အား အမြန်တွေ့ချင်လာ၍ ကလေးကြိုက်တဲ့ကားအား ချက်ချင်းဝယ်လိုက်တော့သည် ။ သာမန်လူတွေအတွက် ဈေးကြီးပေမဲ့ ဧကရာဇ်အတွက်ကတော့ မပြောပလောက်ပေ ။

" ဟိုလေ ကားကိုဒီတိုင်းပဲသယ်သွားမှာလား ... ကျွန်မတို့ဝန်ထမ်းကို လိုက်ပို့ခိုင်းပေးရမလား "

" အမတို့ကို ဒုက္ခမပေးတော့ပါဘူး ... ဆိုင်ကလဲ ဒီအနီးနားမှာတင်ဆိုတော့ ကျွန်တော့တပည့်ကိုပဲ သယ်ခိုင်းလိုက်တော့မယ် "

လင်းထက်က လူတစ်ရပ်စာမကတဲ့ ကားကြီးကိုမပြီး အနောက်ကနေလိုက်လာခဲ့ရသည် ။ ဆိုင်ကလဲ မလှမ်းမကမ်းမှာ လှမ်းမြင်နေရပြီမို့ ကားနဲ့မသွားတော့ပဲ လမ်းလျှောက်လာခဲ့ကြသည် ။

ဧကရာဇ်ပေါ်က ကလေးလေးက ခြေထောက်ကိုလွှဲခါပြီး အိမ်မပြန်ချင်ပဲ ရုန်းကန်နေ၍ သူတို့ရပ်လိုက်ကြသည် ။

" ကလေးလေး ဘာဖြစ်လို့လဲ "

" ကုကုအိမ်ပြန်ချင်သေးဘူးဦးဦး "

" ဒါဆို ကုကုက ဘယ်ကိုသွားချင်တာလဲ "

" ကားသစ်ကြီးကို ပန်းခြံမှာ သွားစီးချင်တယ် ... အိမ်ပြန်ရင် ပါပါးက ကုကုကို စီးခိုင်းတော့ဝူး ... ကုကုကို ပန်းခြံလိုက်ပို့ပါနော် ဦးဦး "

မျက်နှာငယ်လေးနဲ့ တောင်းဆိုလာတဲ့ ကလေးလေးကြောင့် ဧကရာဇ်မောင် မငြင်းဆန်နိုင်တော့ပေ ။ ပန်းကလေးကိုတွေ့ချင်နေတဲ့စိတ်ကို မနည်းချုပ်တည်းလိုက်ကာ ကလေးလေးကိုလိုက်ပို့ဖို့ ဆုံးဖြတ်လိုက်တော့သည် ။

" လင်းထက် ... အနောက်ပြန်လှည့် "

" ဗျာ ... သခင်ကြီး ဆိုင်ကအရှေ့ဆိုရောက်ပြီလေ "

" ကလေးက ပန်းခြံကို အတော်လေးသွားချင်နေတဲ့ပုံပဲ ... သူစိတ်ကျေနပ်အောင် အဲ့ကားနဲ့ပန်းခြံထဲမှာ တစ်ပတ်လောက် မောင်းပေးလိုက်ကြတာပေါ့ "

" ဟုတ်ကဲ့ "

သခင်ကြီးလိုအေးဆက်တဲ့လူက ဘယ်ကမှန်းမသိတဲ့ လမ်းဘေးကကလေးလေးကို သိန်းချီတန်တဲ့ကားကြီးဝယ်ပေးတဲ့အပြင် မမောမပန်းနိုင်ပဲ ကလေးရဲ့အလိုကိုပါလိုက်ပေးနေ၍ လင်းထက်အံ့ဩနေသည် ။ သူတို့နောက်ပြန်လှည့်လာကာ အတော်ကြာလျှောက်လာပြီးမကြာခင် မြို့အပြင်က လူတွေစည်ကားနေတဲ့ပန်းခြံသို့ရောက်ရှိလာခဲ့ကြသည် ။

" ကဲ ရောက်ပါပြီဗျာ "

" ရေး ... ဦးဦးက ချစ်ဖို့ကောင်းတယ် "

ကလေးက ဧကရာဇ်ပါးကို ရုတ်တရပ်ကုန်းနမ်းပြီး ဆင်းသွားတော့ လင်းထက်က ကျောက်ရုပ်လိုရပ်နေတဲ့သခင်ကို လှုပ်နှိုးရမခက် ကလေးကိုလှမ်းဆွဲရမခက်ပင်ဖြစ်သွားသည် ။

" အာ ... သခင်ကြီးကို ကလေးကတကယ်ပဲသူ့ဒယ်ဒီထင်နေလားမသိဘူး "

ဧကရာဇ်က ပြုံးသွားပြီး ပျော်မြူးနေတဲ့ကလေးလေးကို ကားအသစ်ပေါ်တင်ပေးကာ ကားစက်နှိုးပုံ လက်ကိုကွေ့ပြီးမောင်းပုံတွေကို သင်ပြပေးနေသည် ။ နောက်ဆုံး ကျောက်ရုပ်အဖြစ် ရပ်နေရတာက လင်းထက်ဖြစ်နေသည် ။

" ဝါး ... သခင်ကြီးက ကလေးရဲ့အဖေထက်တောင်အဖေဆန်နေတယ် ... ဘယ်လိုပဲကြည့်ကြည့် သားအဖကျနေတာပဲ ... ဘယ်လိုရေစက်မျိုးပါလိမ့် "

ဧကရာဇ်နဲ့ကုကုလေးက ကားမောင်သင်ရင်း ပြုံးရယ်ကာ ပျော်နေကြသည် ။ ကုကုလေးက ကားကိုကိုယ်တိုင်မောင်းနေရ၍ အတော်လေးပျော်နေသည် ။ ကလေးကဉာဏ်ကောင်းလွန်း၍ အချိန်ခနလေးပဲသင်ပေးရပြီး လူကြီးထိန်းစရာမလိုပဲ မောင်းတတ်သွားသည် ။

" ဦးဦး ကုကုမောင်းတတ်ပြီ ... ရေး "

" တော်တယ်ကွာ "

ဧကရာဇ်က ကလေးလေးကိုချီးကျူးပေးကာ အနောက်ကနေ မမောပန်းနိုင်ပဲ တစ်ယောက်ကောက်လိုက်ကာ ကြည့်ပေးနေသည် ။ ကားအားကိုယ်တိုင်မောင်းတတ်သွား၍ ပြုံးပျော်နေတဲ့ ကလေးလေးရဲ့အပြုံးတွေက ချိုမြနေပြီး ဧကရာဇ်နှစ်တွေအကြာကြီး လွမ်းစွတ်နေရတဲ့ လူသားလေးရဲ့ကိုယ်ပွားကိုတွေ့လိုက်ရသလိုပင် ။ သူတို့အပြုံးတွေက ဆင်တူလှသည် ။

" သခင်ကြီး ... ဒီကလေးက ဂြိုလ်သားလေးလား ... ကားမောင်းတာကို ဒီလောက်မြန်မြန်ကြီးတတ်သွားတယ် "

" အင်း ... သူကဉာဏ်အရမ်းကောင်းတယ် ... ချစ်ဖို့လဲကောင်းတယ် "

" ဟုတ်တယ်နော် ... ဒါနဲ့ သူ့မိဘတွေက ဘာကြောင့်များ ကလေးကိုလွယ်လွယ်လွှတ်ထားရတာလဲ ... ကျွန်တော်တို့နဲ့တွေ့လို့သာပေါ့ ... တခြားလူတွေဆို ကလေးကချစ်စရာကောင်းလွန်းလို့ ခေါ်သွားလောက်ပြီ "

" အင်း ... ငါတောင်ခေါ်သွားချင်စိတ်ပေါက်မိတယ် ... သူတို့က တူလွန်းတယ် "

ဧကရာဇ်မောင် ကလေးလေးရဲ့ပျော်နေတဲ့မျက်နှာလေးအား ငေးကြည့်နေစဉ် ကလေးလေးက သူ့ထံလှည့်လာပြီး ကားကိုအရှိန်ဖြင့်မောင်းလာသည် ။ လင်းထက်ကလန့်သွားကာ ရှောင်လိုက်ပေမဲ့ ဧကရာဇ်ကမရှောင်ပဲရပ်နေသည် ။ ကလေးက ဧကရာဇ်ရှေ့တည့်တည့်မှာကားကိုရပ်လိုက်ကာ ထလာပြီး လက်ဖြန့်လိုက်သည် ။ ဧကရာဇ်က ကားပေါ်ကကလေးလေးကိုပွေ့ချီလိုက်တော့ ကလေးလေးက ပခုံးအားဖက်သွယ်လိုက်ကာ တိုးတိုးလေးပြောလိုက်သည် ။

" ဦးဦးကို ကုကုသဘောကျတယ် … ကုကုရဲ့သူငယ်ချင်းလုပ်ပေးပြီး ကုကုနဲ့တူတူလာကစားပေးပါလား "

" ......... "

ဧကရာဇ်ခနမျှကြောင်သွားမိပေမဲ့ ကလေးလေးရဲ့တောင်းဆိုမှုကို မငြင်းဆန်နိုင်ခဲ့ပေ ။

" ကောင်းပါပြီဗျာ "

" ဦးဦးကအကောင်းဆုံး "

စိတ်လွတ်ကိုယ်လွတ်ကိုပျော်နေတဲ့ကလေးငယ်လေးကိုကြည့်ပြီး ဧကရာဇ်အပြုံးတွေမရပ်တန့်တော့ပေ ။  နာရီကိုကြည့်လိုက်တော့မှ သူတို့ကလေးကိုခေါ်လာမိတာ ၂ နာရီလောက်ကြာသွားမှန်း သိလိုက်ရသည် ။

" သခင်ကြီး ... ကလေးကိုအမြန်ပို့မှဖြစ်မယ် ... ကလေးမိဘတွေစိတ်ပူနေလောက်ပြီ "

" အင်း ... ဆိုင်ကိုသွားကြတာပေါ့ "

သူတို့လမ်းကြားလေးထဲပြန်ဝင်လာကြတော့ ' ပန်းကလေး ' မုန့်ဆိုင်ရှေ့မှာ ရဲကား ၂ စီးရပ်နေတာကိုတွေ့လိုက်ရ၍ ကလေးပျောက်လို့ ရဲတိုင်ထားမှန်း ချက်ချင်းသဘောပေါက်သွားသည် ။

" သခင်ကြီး ဘယ်လိုလုပ်မလဲ ... ကလေးကိုရှာဖို့ ရဲတွေရောက်နေကြပြီ ... ကလေးကိုဆိုင်ရှေ့ထားခဲ့ပြီး ထွက်သွားရအောင် "

လင်းထက်က ဧကရာဇ်မောင်ဒီကိုလာရတဲ့အကြောင်းအရင်းကိုမသိပေ ။ ဆိုင်ရှေ့ရောက်နေမှတော့ ဆိုင်ရှင်ကဘယ်သူလဲဆိုတာ မသိရပဲဧကရာဇ်ပြန်မည်မဟုတ်ပေ ။

" ဘာကိုကြောက်နေတာလဲ ... ကလေးကို ငါကိုယ်တိုင်သွားပို့မယ် ... ငါကဘာအပြစ်မှကျူးလွန်မထားတဲ့အတွက် ရှောင်နေစရာမလိုဘူး "

" ဒါပေမဲ့ ဆိုင်ရှင်ကနားလည်မှုလွဲပြီး ရဲစခန်းပို့လိုက်ရင် သခင်ကြီးအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်တယ် ... ကလေးထားခဲ့ပြီး နောက်နေ့မှတစ်ခေါက်ပြန်လာရအောင် "

" ငါဂရုမစိုက်ဘူး "

လင်းထက်လဲမတားနိုင်တော့ပေ ။ သူတို့ကကလေးကို ပြန်ပေးဆွဲသွားတာမဟုတ်ပေမဲ့ မိဘထံကခွင့်ပြုချက်မပါပဲ ၂ နာရီလောက်ခေါ်သွားမိခဲ့သည် ။ မိဘတွေကဒေါသထွက်ပြီးတိုင်လျှင် ရဲတွေနဲ့ရှင်းရပြီး သတင်းစာတွေထဲထိပါလာနိုင်သည် ။ ထိုစဉ် ဧကရာဇ်မောင်က သူ့ကျောပေါ်မှာ အိပ်ပျော်နေတဲ့ ကလေးလေးနဲ့အတူ ဆိုင်ထဲသို့ ဝင်သွားလေတော့သည် ။

ရဲ ၂ ယောက်ဟာ ဆိုင်ရှင်နဲ့စကာတွေပြောနေကြပြီး ဆိုင်ရှင်ကတော့ တံခါးဝကိုကျောပေးကာ ရပ်နေသည် ။ ရွှေအိုရောင်ဆံနွယ်တွေက ဂုတ်အထိရှည်ပြီး တစ်ဝက်ကစည်းနှောင်ထားသည် ။ ဖုန်းထဲကခိုးရိုက်ထားသည့်ပုံနဲ့ ထပ်တူညီနေသည် ။ အနောက်ကနေကြည့်လျှင် ပြင်သစ်နိုင်ငံသားတစ်ယောက်နဲ့ပင်တူနေသည် ။ ခန္ဓာကိုယ်ကသွယ်သွယ်လေးနဲ့ အရပ်က 179 Cm လောက်သာရှိနေပြီး အရင်ကထက်လက်မအနည်းငယ်သာ ပိုရှည်လာသည် ။

ဧကရာဇ်မောင် ဆိုင်ထဲသို့ဝင်လာတာကိုမြင်တော့ ရဲသားတစ်ဦးက ဆိုင်ရှင်အား အသိပေးလိုက်သည် ။ ထိုအခါမှ ကျောပေးကာ ရပ်နေတဲ့ဆိုင်ရှင်လဲ အနောက်သို့လှည့်ကြည့်လာသည် ။ ဧကရာဇ်ရဲ့ရင်တွေက တလှစ်လှစ်ဖြစ်နေပြီး ထိုလူသားရဲ့မျက်နှာလေးအားမြင်ရဖို့ ရင်ခုန်စွာဖြင့်စောင့်မျှော်နေသည် ။

" ...... "

မျက်နှာလေးကိုတွေ့လိုက်ရသည့်အခါ နှလုံးခုန်သံတွေက ခနမျှရပ်တန့်လို့သွားသည် ။ ထိုလူသားလေးက သူ့စိတ်ကူးထဲကနဲ့ အတော်လေးကွဲပြားလို့နေသည် ။ ဆံနွယ်တွေက မျက်ခုံးပေါ်ထိရှည်ကာ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည် ။ မျက်ဆံတွေက နက်မှောင်မနေပဲ အပြာရောင်သန်းနေပြီး နိုင်ငံခြားသားတစ်ယောက်နှင့်ပိုပြီးတူနေသည် ။ နှုတ်ခမ်းအနားနဲ့ မျက်လုံးဘေးမှာလဲ မှဲ့သေးသေးလေးတွေရှိနေသည် ။ ထိုအရာက အရမ်းကိုဆွဲဆောင်မှုရှိသည် ။

သူတို့အကြည့်ချင်းဆုံသွားချိန်မှာ ထိုလူသားလေးရဲ့မျက်ဝန်းက သိသိသာသာပြူးကျယ်သွားကာ အံ့ဩနေသည် ။ သူ့ရဲ့ပုံစံဘယ်လိုပဲပြောင်းလဲသွားပါစေ ဧကရာဇ်နှလုံးသားထဲမှာ သိမ်းစည်းထားတဲ့ပုံရိပ်လေးတွေနဲ့တစ်သားထည်းကျနေဆဲပင် ။ ဒီလူဟာ သူရှာဖွေနေစဉ်တစ်လျှောက်လုံး မုဒြာနဲ့တစ်သားထည်းကျနေသည်ဟု ပထမဆုံးမြင်မိတဲ့သူဖြစ်သည် ။

ရဲတစ်ယောက်က ဆိုင်ရှင်ကိုမေးလိုက်သည် ။

" ခများသားက သူ့ကျောပေါ်မှာရှိနေတယ် ... ကျွန်တော်တို့ ဘာဆက်လုပ်ပေးရမလဲ ... မျက်မြင်သက်သေတွေပြောကြားချက်အရ ဒီလူတွေက ကလေးကိုခေါ်သွားတာတွေ့တယ်လို့ပြောကြတယ် ... သူ့တို့ကို စစ်မေးဖို့ စခန်းကိုခေါ်သွားစေချင်လား "

" မ ... မလိုတော့ဘူးထင်တယ် ... သားလေးလဲ အန္တရာယ်ကင်းပြီဆိုတော့ ဆရာတို့ကိုဒုက္ခပေးမိလို့ အားနာပါတယ် "

" ရပါတယ် ... ကလေးကိုနောက်ဆိုတစ်ယောက်ထည်းအပြင်တွေလျှောက်မလွှတ်နဲ့ပေါ့ ... မကောင်းတဲ့လူတွေလက်ထဲပါသွားရင် ကယ်တင်ဖို့ခက်ခဲလိမ့်မယ် "

" ဟုတ်ကဲ့ ... သတိပေးလို့ကျေးဇူးပါဆရာတို့ ... လက်ဆောင်အနေနဲ့ မုန့်လေးတွေယူသွားပါဦး "

ဆိုင်ရှင်က သတင်းတွေထဲကအတိုင်း အလွန်သဘောကောင်းပြီး အပေးအကမ်းလဲရက်ရောသည် ။ လင်းထက်က ရဲတွေနဲ့ဖြေရှင်းရမယ်ထင်ထားပေမဲ့ ဆိုင်ရှင်က သူ့တို့ကိုမတိုင်ကြားပဲ ရဲတွေလက်ကနေလွတ်မြောက်သွား၍ စိတ်အေးသွားသည် ။

ရဲတွေထွက်လာတော့ လင်းထက်ကအလိုက်သတိ ရဲတွေကိုကျေးဇူးတင်ကာ အပြင်ထိလိုက်ပို့ပေးမည်ဟုအကြောင်းပြပြီး သူတို့အား ၂ ယောက်ထည်းတွေ့ဖို့ ထားခဲ့လိုက်သည် ။ ခုချိန်မှာ ဆိုင်ထဲတွင် ကလေးကိုကျောပိုးထားတဲ့ ဧကရာဇ်မောင်နဲ့ ဆိုင်ရှင်တို့ ၂ ဦးတည်းသာ ရှိနေသည် ။

ရုတ်တရပ် ထိုလူသားက ဧကရာဇ်ထံပြေးလာကာ လက်ဖြန့်လိုက်သည် ။ ဧကရာဇ်က သူ့အားလာဖက်တော့မည်အထင်နဲ့ နှလုံးအိမ်ကခုန်ပေါက်လျှက် သူ့ရဲ့လက်ဟာလဲ လေဟာနယ်ထဲမြှောက်ပင့်ကာ ပြန်ဖက်ဖို့ပြင်လိုက်သည် ။ အနားရောက်လာချိန်မှာတော့ ထိုလူသားဟာရပ်သန့်လို့သွားပြီး ဧကရာဇ်ကျော်ပေါ်က ကလေးလေးကိုသာ ထိကိုင်လိုက်လေသည် ။

" သားလေး ဘယ်တွေလျှောက်သွားနေတာလဲ ... ပါပါးကပျောက်သွားတယ်ထင်ပြီး စိတ်ပူနေတာ "

" ......... "

ဧကရာဇ်မောင်က ရှက်ရွံ့ကာ လက်ကိုပြန်ချလိုက်ပြီး သူ့ကျောပေါ်က ကလေးအားဆိုင်ရှင်ကိုပြန်ပေးလိုက်သည် ။ ထိုအချိန်မှာပဲ ကလေးလေးကနိုးလာခဲ့ပြီး သူ့အားခေါ်နေတဲ့ ဖခင်လက်ထဲကနေရုန်းထွက်ကာ ဧကရာဇ်မောင်ရဲ့ ပခုံးကိုဖက်သွယ်ထားလေသည် ။

" ကုကုလေး ပါပါးဆီလာ "

" ဟင့်အင် "

" သား ... အဲ့လိုခေါင်းမမာရဘူးလေ ... လူစိမ်းဦးဦးကြီးကို ဒုက္ခမပေးရဘူး "

" လူစိမ်းဟုဝူး ... ကုကုသူငယ်ချင်း "

" ......... "

ဆိုင်ရှင်က ဘာပြောရမည်ပင်မသိစွံ့အနေသည် ။ စတွေ့ကတည်းက ဧကရာဇ်အကြည့်တွေကို သိသိသာသာရှောင်နေပြီး အကြည့်ချင်းလဲမစုံပေ ။ ဧကရာဇ်က ထိုလူသားရဲ့မျက်ဝန်းတွေကိုသာ အသေအခြာစိုက်ကြည့်နေ၍ အဆုံးမှာ ထိုလူသားက ဧကရာဇ်မောင်ကို ရဲရဲကြည့်လာပြီး နှုတ်ဆက်လာသည် ။

" ကျွန်တော့သားလေးကို ခေါ်လာပေးလို့ကျေးဇူးပါ လူကြီးမင်း "

" ...... "

ဘယ်လောက်ပင်ပုံစံပြောင်းနေပါစေ ၁၀ နှစ်ကျော်အတူနေလာတဲ့လူတစ်ယောက်ကို ဧကရာဇ်ဆံချည်တစ်မျှင်ကအစ မှတ်မိနေသည် ။ ထိုလူသားကတော့ သူ့အားတကယ်မမှတ်မိတော့သလို စိမ်းကားနေတော့ ဧကရာဇ်မောင်ဝမ်းနည်းသွားသည် ။ ဒါပေမဲ့ ကလေးလေးကကပ်သွယ်နေတော့ သူ့အတွက် အခွင့်အရေးများစွာ ရှိနေသည် ။

ခုထိုလူသားက ကုမုဒြာဆိုတာ ဝင်မခံသလို သူ့အားမမှတ်မိဟန်ဆောင်နေ၍ ဧကရာဇ်လွယ်လွယ်မထုတ်ဖော်သေးပဲ ရင်းနီးအောင်ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည် ။ သူသာအလျှင်အမြန်ထုတ်ဖော်မိလျှင် နောက်ထပ် သူရှာမတွေ့နိုင်တဲ့ဟိုးအဝေးကြီးကိုထွက်ပြေးသွားမှာကြောက်မိ၍ပင် ။

" လူကြီးမင်း "

ထိုအခါမှ အတွေးလွန်နေတဲ့ ဧကရာဇ်မောင် အသိပြန်ဝင်လာသည် ။

" အာ ကိုယ်သသိလွတ်သွားတယ် ... ဒါနဲ့မင်းရဲ့သားလေးကအချောလေးပဲ ... မင်းနဲ့အရမ်းတူတယ် "

" သူ့မိခင်နဲ့ပိုတူတာပါ "

" မိခင်ကရော "

" သူအပြင်ခနသွားတယ် ... လူကြီးမင်းထိုင်ပါဦး ... သားလေးကိုပွေ့ချီထားရတာ ညောင်းနေရောပေါ့ ... ကျွန်တော်မုန့်ယူလာပေးမယ် "

ချက်ချင်းပဲသူ့အနားကနေပြေးထွက်သွားသည် ။ ဒီလူသားကမုဒြာနဲ့တူပေမဲ့ သူ့ကိုယ်က ကိုယ်သင်းနံ့မရတာရယ် ကလေးမှာလဲမိခင်ရှိတယ်ဆိုတဲ့စကားကြားပြီး ဧကရာဇ်အနည်းငယ်တော့ ဒွိဟဖြစ်သွားသည် ။ မုဒြာတစ်ခြားတစ်ယောက်နဲ့များ အိမ်ထောင်ထပ်ပြုသွားမလား စိတ်ပူလာသည် ။

ဧကရာဇ်မောင် စားပွဲဝိုင်းတစ်ခုမှာဝင်ထိုင်ပြီး သူ့အပေါ်ကမဆင်းတဲ့ကလေးလေးကိုလဲ ဆက်ပြီးထိုင်နေစေသည် ။ သူ့ရဲ့အကြည့်တွေက မုန့်တွေကိုရွေးချယ်နေတဲ့ဆိုင်ရှင်ထံရောက်နေပြီး အကြည့်မလွှဲနိုင်ဖြစ်နေသည် ။ ခနနေတော့ ဆိုင်ရှင်က မုန့်မျိုးစုံပါတဲ့ပန်းကန်ကိုယူလာပြီး စားပွဲပေါ် ချပေးလိုက်သည် ။ ထိုအချိန်မှာ ကလေးလေးက ကစားလာရလို့ပင်ပန်းပြီး ပြန်အိပ်ပျော်နေလေပြီ ။

" လူကြီးမင်း သုံးဆောင်ပါဦး ... သားလေးကိုပြန်ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

" မင်းလဲ လုပ်စရာမရှိသေးရင်ထိုင်ပါလား ... ခနလောက်စကားပြောရအောင် "

အစကငြင်းဖို့ကြိုးစားပေမဲ့ အကြောင်းပြစရာအလုပ်လဲမရှိနေတော့ ဆိုင်ရှင်က ဧကရာဇ်ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည် ။ သူတို့အကြည့်စုံလိုက်တိုင်း ကြာကြာမစုံပဲ လွှဲသွားသည် ။ စကားမပြောပဲ အတော်ကြာတိတ်ဆိတ်နေ၍ ဧကရာဇ်မောင်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည် ။

" ကိုယ့်နာမည်က ဧကရာဇ်မောင် ... လုပ်ငန်းရှင်တစ်ယောက်ပါ "

" ......... "

ထိုလူသားက ဘာမှပြန်ပြောမလာပဲ ခေါင်းသာငုံ့ထား၍ ဧကရာဇ်က မေးလိုက်သည် ။

" မင်းကိုယ့်ကို သိလား "

ထိုလူသားကခေါင်းရမ်းလာသည် ။ ဧကရာဇ်က ငြင်းမယ်ဆိုတာသိနေ၍ ဆက်ပြီးပြောလာခဲ့သည် ။

" မင်းကတော့ ကိုယ်သိတဲ့တစ်ယောက်ယောက်နဲ့အရမ်းကိုတူတယ် "

မျက်နှာက ပိုပြီးအောက်ငုံ့သွား၍ မုဒြာကလိမ်ညာတဲ့နေရာမတော်ဘူးဟု ဧကရာဇ်မှတ်ချက်ပြုလိုက်သည် ။ အချိန်အတော်ကြာ လွမ်းစွတ်မှုတွေနဲ့အတူ ကမ္ဘာပတ်ပြီးရှာဖွေနေခဲ့တဲ့လူသားလေးအား တွေ့လိုက်ရချိန်မှာ မလွှတ်တမ်းပွေ့ဖက်ထားလိုက်ချင်တဲ့စိတ်ကိုမနည်းထိန်းထားရသည် ။ ဟိုးအရင်ကလို အတင်းအကြပ်မပြုမူတော့ပဲ မုဒြာသူ့ကိုလက်ခံလာတဲ့အချိန်ထိ စောင့်ဖို့ဆုံးဖြတ်လိုက်သည် ။

" မုန့်တွေစားပါဦး "

မုဒြာထံကစကားသံထွက်လာတော့မှ ဧကရာဇ် မုန့်တွေကိုယူစားလိုက်သည် ။ အရသာက သူလွမ်းစွတ်နေတဲ့ မုဒြာလုပ်ပေးနေကျမုန့်အရသာနဲ့တစ်ထပ်ထည်းဖြစ်နေသည် ။ မုန့်စားရင်းနဲ့ သူက ကလေးနဲ့တွေ့ခဲ့တဲ့အကြောင်းတွေကို ပြောပြလိုက်သည် ။

" ကလေးက လမ်းထိပ်မှာ သူ့အရုပ်ကားလေးကိုမောင်းနေရင်း ကိုယ့်ကားနဲ့တိုက်မိမလိုဖြစ်သွားတာ "

ထိုအခါ ထိုလူသားကစိုးရိပ်စွာဖြင့် မေးလာသည် ။

" ကားနဲ့ ... သားလေး တစ်ခုခုဖြစ်သွားသေးလား "

" စိတ်မပူပါနဲ့ ... ကလေးကိုမထိခိုက်မိပါဘူး ... သူ့ကားလေးတော့ပျက်စီးသွားတယ် ... အဲ့ဒါနဲ့ကိုယ်လဲ သူလိုချင်တဲ့ကားတစ်စီးပြန်ဝယ်ပေးပြီး ပန်းခြံဘက်ခနခေါ်သွားပေးတာ "

ထိုလူသားက သူနဲ့မလှမ်းမကန်းမှာရှိနေတဲ့ ကားအကြီးကြီးကိုကြည့်ပြီးအံ့ဩသွားသည် ။

" လူကြီးမင်းဝယ်ပေးတာ အဲ့ကားလား "

" ဟုတ်ပါတယ် ... ကလေးကလဲလိုချင်နေတော့ ဝယ်ပေးလိုက်တာ "

" ဈေးများမဲ့ပုံပဲ ... ဝယ်မပေးလဲရပါတယ် ... ကျွန်တော်ငွေပြန်ပေးပါ့မယ် "

" မလိုပါဘူး ... စေသနာနဲ့ဝယ်ပေးတာ "

" အလကား မယူပါရစေနဲ့ ... တန်ဖိုးငွေ ကျွန်တော်ပြန်ပေးပါ့မယ် "

ထိုစဉ် ဧကရာဇ်ရင်ခွင်ထဲကနေ နိုးလာတဲ့ကလေးလေးက သူ့ဖခင်အား စောင်းစောင်းလေးကြည့်ကာ ရန်ရှာနေတော့သည် ။

" ပါပါး သားသားကားကားကိုပြန်ယူရဘူး ... ဦးဦးကသားကိုဝယ်ပေးထားတာ "

" လူစိမ်းတွေဆီကဆို ဘာပစ္စည်းမှမယူရဘူးလို့ ပါပါးပြောထားတယ်လေ "

" လူစိမ်းဟုတ်ဝူး ... ကုကုသူငယ်ချင်း "

" သား အဲ့လိုမပြောရဘူးလေ "

ဆိုင်ရှင်က သူ့သားကိုချက်ချင်းဆွဲခေါ်ပြီး အခန်းထဲကိုသွားဖို့ပြောလိုက်သည် ။ ကလေးလေးကလဲ သူ့ကားအကြီးကြီးကိုပါယူကာ အခန်းထဲဝင်သွားလေသည် ။

ဆိုင်ရှင်က ထသွားမည်ပြင်တော့ ဧကရာဇ်မောင်က ထရပ်လိုက်ပြီး လက်ကိုလှမ်းဆွဲလိုက်သည် ။ ထိုအပြုအမူကြောင့် ထိုလူသား သိသိသာသာပင် ထိတ်လန့်သွားသည် ။

" ခများဘာလုပ်တာလဲ ... ကျွန်တော်ချပေးတဲ့မုန့်က မလုံလောက်သေးလို့လား ... လိုချင်တာရှိရင်ပြောပါ "

" ကိုယ်လိုအပ်တာ မုန့်မဟုတ်ဘူး ... မင်း "

" ဘာ ! "

" ကိုယ်ပြောချင်တာက မင်းနာမည်ကိုပြောတာ ... မင်းရဲ့အကြောင်းတွေ ကိုယ့်ကို မိတ်ဆက်မပေးရသေးဘူးလေ "

" ကျွန်တော့ကို ပန်ကလေးလို့ခေါ်ကြတယ် ... ဒီဆိုင်ကကျွန်တော့်ရဲ့ဆိုင် ... ကလေးလေးကကျွန်တော့်ရဲ့သား ... ခများကားနဲ့ကျွန်တော့သားကိုတိုက်မိမလိုဖြစ်ခဲ့ပြီး ခများကိုယ်တိုင်ပဲ သားလေးကိုပြန်လာပို့ပေးပြီးပြီဆိုတော့ ကျွန်တော်တို့မှာဘာကျေးဇူးမှမရှိတော့ဘူးထင်တယ် ... ကလေးရဲ့ကားဖိုးကိုတော့ ကျွန်တော်တစ်ခါတည်းပေးလိုက်မယ် ... မုန့်တွေကိုတော့ ခများသဘောကျရင်ယူသွားလို့ရပါတယ် ... ပြီးရင်တော့ ကျွန်တော်တို့ကို ထပ်ပြီး မနှောက်ယှက်ပါနဲ့ "

" ကိုယ်မင်းကို ဘယ်မှာနှောက်ယှက်ရသေးလို့လဲ ပန်းကလေး ... ပြီးတော့ ကားဖိုးကို ကိုယ်မယူဘူး ... မင်းပြန်ပေးချင်ရင် တစ်နေ့ကိုယ်တောင်းဆိုလာတဲ့အခါမှ ပြန်ပေးပေါ့ "

" ခများခုပဲ ကျွန်တော့ကို စိတ်အနှောက်အယှက်ပေးနေတယ် ... ခများလက် ကျွန်တော့ကိုဆွဲထားတုန်းပဲ "

" အာ ... မင်းကအထိမခံမှန်းကိုယ်မသိလို့ပါ တောင်းပန်ပါတယ် ... ဒါပေမဲ့ ကတ်စတန်မာတစ်ယောက်ကိုတော့ မလာနဲ့လို့တားလို့မရဘူးလေ ... မဟုတ်ဘူးလား ပန်းကလေး "

ဧကရာဇ်က လက်ကိုလွှတ်ပေးလိုက်တော့ သိသိသာသာအနောက်သို့ဆုတ်ကာ ရှောင်ဖယ်နေသည် ။ ဒီလိုအပြုအမူတွေက ဧကရာဇ်ကိုပိုပြီး စနောက်ဖို့တွန်းအားပေးနေသည် ။

" ခများက ဒီဆိုင်ကို ကလေးလာပို့ယုံပဲမဟုတ်လား ... ဒီလိုလမ်းဘေးကမုန့်တွေကို ခများကြိုက်မယ်လို့တော့မထင်ဘူး "

" ကိုယ်မကြိုက်ဘူးလို့ ဘာကြောင့်ပြောနိုင်တာလဲ ... မင်းကိုယ့်အကြောင်း သိနေလို့လား "

" မ ... မသိဘူး ... ဒါပေမဲ့ ခများက မုန့်မစားပဲ ကျွန်တော့ကိုပဲ ကြည့်နေတာလေ "

" ကြောက်လို့လား "

ဧကရာဇ်မောင်က တဖြေးဖြေးအရှေ့သို့တိုးကပ်လာတော့ ထိုလူသားက အနောက်သို့ဆုတ်ခွာလိုက်ကာ သိသိသာသာကို ရှောင်ဖယ်ဖို့ကြိုးစားနေသည် ။

" မင်းကစိတ်ဝင်စားစရာပဲ "

" ဘာ ... ဘာကိုစိတ်ဝင်စားတာလဲ "

ဧကရာဇ်က မုဒြာသူ့အား ကြောက်ရွံ့နေပုံပေါ်နေ၍ ဆက်ပြီးဖိအားမပေးတော့ပဲ စကားလမ်းကြောင်းလွှဲလိုက်ကာ အနောက်မှာ မုန့်မျိုးစုံထည့်ထားတဲ့ မှန်ပုံးလေးတွေကိုညွှန်ပြလိုက်ပြီး ...

" ဒီလိုမျိုး အရသာရှိတဲ့မုန့်တွေအများကြီးလုပ်နိုင်တာကိုပြောတာပါ ... ကိုယ့်ကိုအထင်မလွဲပါနဲ့ ... ကိုယ်ဒီကိုမလာခင်ကတည်းက မိတ်ဆွေတစ်ယောက်က မင်းရဲ့မုန့်တွေကိုလက်ဆောင်ပေးလို့ စားဖူးတယ် ... အရမ်းလဲအရသာရှိတယ် ... ဒါကြောင့်ကိုယ်တိုင်လာဝယ်တာ "

" ခများပြောတာအမှန်ပဲလား "

" ကိုယ်ကလိမ်စရာလား ... ကိုယ်မပြန်ခင် မုန့်တွေဝယ်ဦးမယ် ... ပြီးတော့ နောက်လဲလာဝယ်မှာမို့ ကိုယ့်ကိုတော့ နှင်မထုတ်ပါနဲ့နော် "

ဧကရာဇ်မောင်က ချက်ချင်းမျက်နှာထားကိုပြောင်းကာ အသနားခံလိုက်တော့ ပန်းကလေးရဲ့ဆက်ဆံပုံကလဲ နူးညံ့သွားသည် ။

" ကောင်းပြီ ... ခများလိုချင်တဲ့မုန့်ပြောပါ "

" အရသာရှိမဲ့ဟာတွေ အစုံထည့်ပေး ... သူငယ်ချင်းတွေကိုလဲ လက်ဆောင်ပြန်ပေးရမှာဆိုတော့ အစုံ ဆယ်ဘူးလောက်ထုတ်ပေးပါ "

" ကောင်းပါပြီ ... ခနစောင့်ပါ "

အလုပ်အတွက်ဆို သွက်လက်ကာ မျက်နှာကရွှင်မြသွားတဲ့ပန်းကလေးကိုကြည့်ပြီး ဧကရာဇ်မောင် ပြုံးလိုက်သည် ။ ပန်းကလေးဆိုတဲ့နာမည်နဲ့လိုက်အောင် မျက်နှာလေးက ပန်းပွင့်လေးလိုဖြူစင်ကာ လှပနေသည် ။

သို့ပေမဲ့ ဧကရာဇ်မောင် သူ့အနားကပ်သွားချိန်မှာ ဘာအနံ့မှမရရှိနေတာကိုတော့ အံ့ဩမိသည် ။ သူ့လက်ကိုကိုင်လိုက်စဉ်က အထိအတွေ့တွေက ရင်းနီးပေမဲ့ သူထုတ်လွှင့်တဲ့ ဖယ်ရိုမုန်းတွေအပေါ် ဘာတုန့်ပြန်မှုမှမရှိပေ ။ အမှန်တကယ် ဘီတာတစ်ယောက်နဲ့တူနေသည် ။

* ကုမုဒြာ မင်းကိုကိုယ်ရှာမတွေ့တာမဆန်းတော့ပါဘူ ... မင်းကဘီတာအသွင်ပြောင်းပြီး နေတဲ့အပြင် နာမည်နဲ့ရုပ်အသွင်အပြင်အားလုံးကိုပါ ပြောင်းလဲထားတယ် ... ဆံပင်အရှည်ထားပြီး အင်္ကျီလည်ပိတ်တွေဝတ်ထားတာက မင်းရဲ့လည်ဂုတ်ကအမှတ်အသားကြောင့်လား ... ပြီးတော့ ကုမုဒြာဆိုတာကလဲ ပန်းကလေးတစ်ပွင့်ပဲမို့ သူတို့ကအတူတူပဲဆိုတာ ကိုယ်သိတာပေါ့ ... ကိုယ့်အတွက်တော့ မင်းအသွင်ပြောင်းပြောင်း မြင်ယုံနဲ့မှတ်မိနိုင်တယ်မုဒြာ ... ဒါပေမဲ့မင်းက အပုန်းတော့ကောင်းတယ် ... ကိုယ် ၄ နှစ်လုံးကမ္ဘာပတ်ပြီးရှာနေခဲ့တာတောင် ခုမှတွေ့ရတယ် ... ကိုယ်မင်းကိုပြန်ရအောင်ကြိုးစားမှာမို့ စောင့်နေပါ ... ကိုယ့်လက်ကနေ ပြေးမထွက်သွားပါနဲ့တော့ *

" ရပါပြီလူကြီးမင်း "

ထိုအခါမှ ဧကရာဇ်မောင် အတွေးတွေပြန်ဝင်လာသည် ။ မုဒြာကမ်းပေးလာတဲ့ဘူးကိုယူလိုက်တော့ လက်ချင်းထိသွားပြီး လျှက်စစ်ကိုထိမိသလိုပူသွားပေမဲ့ ထိုလူသားလေးကတော့ ဟန်ဆောင်ကောင်းနေဆဲဖြစ်သည် ။ ဧကရာဇ်က မုဒြာလက်ကို ဖမ်းမဆွဲမိအောင် စိတ်ကိုထိန်းရင်း မေးလိုက်သည် ။

" ဘယ်လောက်ကျလဲ "

" တစ်ဘူးကိုတစ်သောင်းပါ "

" ကိုယ်ငွေသားနဲ့မရှင်းပဲ ဘဏ်အကောင့်ထဲထည့်ပေးလို့ရမလား "

" ဟုတ် ရပါတယ် "

" မင်းရဲ့နံပါတ်လေးရေးပေးပါလား "

" QR Code ပေးပါ့မယ် "

" ကိုယ်မရှက်တမ်းဝင်ခံရရင် ဒီကိုလာတော့ပိုက်ဆံအိတ်နဲ့ဖုန်းယူလာဖို့မေ့သွားတယ် ... ဒါကြောင့်ကိုယ့်အတွင်းရေးမှူးကို လှမ်းပြီးရှင်းပေးဖို့ပြောရမှာ ... မင်းနံပါတ်ထဲလွှဲပေးတာက ပိုအဆင်ပြေမယ်ထင်တယ် "

ထိုအခါမှ သူ့ရဲ့နံပါတ်ကဒ်ပြားအား ထုတ်ပေးလာသည် ။

" ကောင်းပါပြီ ... ဒါကျွန်တော့နံပါတ်ပါ "

ဧကရာဇ်မောင်က ကုမုဒြာဟာအမြဲနံပါတ်တစ်မျိုထဲသာသုံးလေ့ရှိပြီး ဘဏ်အကောင့်ကိုလဲ သူအမြဲသုံးတဲ့ဖုန်းနံပါတ်နဲ့သာဖွင့်လေ့ရှိမှန်းသိသည် ။ သူထွက်သွားတော့ သူ့ရဲ့အရာအားလုံးကို အခန်းထဲမှာထားသွား၍ ခြေယာခံမရတော့ပေ ။

ဒီတစ်နည်းကသာ မုဒြာရဲ့နံပါတ်ကို ရရှိနိုင်မည်ဖြစ်သည် ။ ခနနေတော့ ပိုက်ဆံလွှဲပြီးကြောင်း စာဝင်လာသည် ။ ဆိုင်ရှင်က ဝင်လာတဲ့ငွေပမာနကိုကြည့်ပြီး အံ့ဩသွားသည် ။

" လူကြီးမင်း နားကြားမှာနေပြီထင်တယ် ... တန်ဖိုးက တန်းသိန်းပါ ... ခု ၁၀ သိန်းဝင်လာတယ် "

" တကယ်တော့ ကိုယ်နောက်လဲမင်းဆီအမြဲလာဝယ်မှာမို့ စရံကြိုပေးတဲ့သဘောပါ ... ကိုယ်မင်းရဲ့အမြဲတမ်းဖောက်သည်တစ်ယောက်ဖြစ်ချင်တယ် "

" အဲ့လိုမျိုးလက်မခံပါဘူး ... ပြန်အမ်းငွေယူသွားပေးပါ "

" အဲ့လိုမျိုးမလုပ်ပါနဲ့ကွာ ... ကိုယ်မင်းဆိုင်ကိုနောက်လဲလာဝယ်မှာမို့ မင်းရဲ့ဖောက်သည်ဖြစ်ဖို့ကိုယ့်ကိုအခွင့်အရေးလေးတော့ပေးပါ ... သူစိမ်းဆန်ဖို့မလိုပါဘူး "

ဧကရာဇ်မောင်က ဘယ်လောက်ပြောပြောခေါင်းမာနေ၍ လက်ခံလိုက်ရသည် ။

" ကောင်းပြီ ... နောက်ဒီလိုမျိုးကြိုတင်ငွေရှင်းပေးတာတွေမလုပ်ပါနဲ့ ... ကျွန်တော့ဆိုင်ကအမြဲတမ်း ဒီနားမှာရှိနေမှာပါ "

" ဒါဆို ကိုယ်နောက်နေ့မှာပြန်လာခဲ့မယ် ... ခုတော့သွားလိုက်ပါဦးမယ် "

" ဟုတ်ကဲ့ ... အားပေးမှုအတွက်ကျေးဇူးတင်ပါတယ် "

ဒီနေ့တော့ တွေ့ဆုံယုံလောက်နဲ့ လက်လျော့ပြီး ပြန်လာခဲ့လေသည် ။ ရှေ့တစ်လှမ်းတိုးတာထက် နောက်တစ်လှမ်းဆုတ်ပေးတာက တစ်ဖက်လူရဲ့ယုံကြည်မှုကိုရရှိကာ သံသယကင်းမည်ပင် ။

ကားပေါ်ရောက်တော့ ဘော်ဒီဂတ်က မေးလာသည် ။

" သခင်ကြီး ဆိုင်ရှင်ကိုတစ်နေရာရာမှာ မြင်ဖူးသလိုပဲနော် ... သူကိုသိနေတာလား "

" အင်း ... သူ့ကငါ့နှလုံးသားထဲမှာ အမြဲရှင်သန်နေတဲ့သူလေ ... ခုတော့ပန်းကလေးအဖြစ်နဲ့ သူ့ရဲ့သရုပ်မှန်ကို ဖုန်းကွယ်ထားတယ် "

" ဘုရားရေ ... သူကသခင်လေးကုမုဒြာလား ... ဒါဆိုကလေးလေးက သခင်ငယ်လေးပေါ့ ... ဒါကြောင့် သခင်ကြီးနဲ့ရုပ်အရမ်းတူနေတာကိုး မထူးဆန်းတော့ပါဘူး "

" မင်းဘယ်သူ့ကိုမှ လျှောက်မပြောမိစေနဲ့ ... ငါသိနေမှန်းသူသိသွားရင် ငါ့ကိုထပ်ပြီးရှောင်ပုန်းနေလိမ့်မယ် "

" စိတ်ချပါသခင်ကြီး ... ဘယ်သူ့ကိုမှ လျှောက်မပြောပါဘူး "

* ကိုယ့်ဆီကနေ ၄ နှစ်တောင်ထွက်ပြေးသွားတဲ့မင်းကို နောက်ထပ် ထွက်ပြေးဖို့ ခွင့်မပြုနိုင်တော့ဘူးမုဒြာ ... မင်းကိုယ့်ဆီကနေ နောက်ထက်ဘယ်ကိုမှပြေးမထွက်စေရဘူး ... ကိုယ်မင်းကို ပိုင်ဆိုင်ဖို့အတွက် ကြိုးစားမယ် ... ခုတော့မင်းက ပန်းကလေးအဖြစ်နဲ့ပဲ ကိုယ့်ကိုစောင့်နေပါ ... မင်းလက်ခံလာတဲ့ထိကိုယ်ကြိုးစားပြမယ် *

.............................................................................................

To Be Continued ......

ၿမိဳ႕ထဲသို႔ဝင္လာယုံႏွင့္ ပန္းရနံ႕သင္းသင္းေလးက စည္းႀကိဳလို႔ေနသည္ ။ ကားလမ္းမႀကီးရဲ႕အလယ္ ပလက္ေဖာင္းေပၚ၌ ပန္းေရာင္စုံစိုက္ပ်ိဳးထားၿပီး ပတ္ဝန္းက်င္အား လွပေစကာ ေမႊးရနံ႕ေတြေၾကာင့္ စိတ္႐ႊင္လန္းေစသည္ ။

ဧကရာဇ္ေမာင္ ကားျပတင္းေပါက္ကေနၿပီး လွပသည့္ၿမိဳ႕ရဲ႕အလွကို ၾကည့္ရႈေနခဲ့သည္ ။ ဒီကမာၻႀကီးထဲက ေနရာေသးေသးေလးတစ္ခုမွာ လွပတဲ့ၿမိဳ႕ငယ္ေလးတည္ေထာင္နိုင္ခဲ့ၿပီး သူျမတ္နိုးရတဲ့လူရဲ႕အေငႊ႕အသက္ျဖစ္တဲ့ ပန္းရနံ႕ကိုရရွိေအာင္ဖန္တီးထားကာ အၿမဲသတိရေနေစသည္ ။

၄ ႏွစ္သာေသဆုံးေနခဲ့သည့္ ႏွလုံးသားေလးဟာလဲ ယခုေတာ့စတင္လႈပ္ရွားလာၿပီး အႏွစ္ႏွစ္အလလ ရွာေဖြေနတဲ့လူကို ျပန္ေတြ႕ရဖို႔မေစာင့္နိုင္ေတာ့ေပ ။ ထိုလူကသူဆိုတာ မေသခ်ာေသးေပမဲ့ ဧကရာဇ္ရဲ႕ႏွလုံးသားေလးကေတာ့ မရပ္မနားခုန္ေပါက္ေန၏ ။

* ငါအရမ္းႀကီး ေမွ်ာ္လင့္ထားလို႔မျဖစ္ဘူး ... စိတ္ေအးေအးထားရမယ္ ... ဒါကတိုက္ဆိုင္ယုံသက္သက္ပဲဆို ငါထပ္ၿပီးနာက်င္ရလိမ့္မယ္ ... ဒီေလာက္လြယ္လြယ္နဲ႕ ရွာေတြ႕ဖို႔ဆိုတာ မျဖစ္နိုင္ဘူး ... ဒါေပမဲ့ ေသခ်ာေအာင္သြားၾကည့္တာက အေကာင္းဆုံးပဲ *

အေရွ႕ခန္းမွာကားေမာင္းေနတဲ့ လင္းထက္က တစ္ခ်ိန္ကမုျဒာအားအနီးကပ္ေစာင့္ၾကည့္ေပးရတဲ့ လုံၿခဳံေရးေခါင္းေဆာင္ျဖစ္ၿပီး ခုေတာ့ဧကရာဇ္ေမာင္ယုံၾကည္ရတဲ့လက္ေထာက္ျဖစ္ေနၿပီ ။ ဧကရာဇ္ေမာင္သြားရသည့္ ဘယ္ေနရာမဆို လုံၿခဳံေရးအျဖစ္လိုက္ပါေစာင့္ေရွာက္ေပးရၿပီ ကုမုျဒာကိုလဲ ကူၿပီးရွာေဖြေပးရသည္ ။ သူအလုပ္လုပ္လာတဲ့တစ္ေလွ်ာက္မွာ သခင္ႀကီးရဲ႕ ခုလိုစိတ္လႈပ္ရွားေနပုံကို မေတြ႕ဖူး၍ လင္းထက္လဲအံ့ဩေနသည္ ။

လုပ္ငန္းကိစၥအႀကီးႀကီးေတြ ကိုင္သြယ္ေနခ်ိန္မွာေတာင္ နည္းနည္းေလးမွစိတ္မလႈပ္ရွားပဲ သိက်ျပတ္သားစြာလုပ္ကိုင္နိုင္တဲ့ သခင္ႀကီးလိုလူက မုန႔္ဆိုင္ကေကာင္ေလးကိုေတြ႕ဖို႔အတြက္ စိတ္ေတြကနာမၿငိမ္ျဖစ္ေန၍ အံ့အားသင့္ေနသည္ ။

" သခင္ႀကီး ... ဆိုင္လိပ္စာ အသိအက်ေလး ျပန္ေျပာပါလား "

လင္းထက္ရဲ႕အသံၾကားမွ ဧကရာဇ္ေမာင္အသိျပန္ဝင္လာခဲ့သည္ ။ ခုသူတို႔က ၿမိဳ႕အလယ္က အဝိုင္းမွာေရာက္ေနၿပီး လမ္းခ်ိဳးေတြကအမ်ားႀကီးရွိတာေၾကာင့္ လိပ္စာေသခ်ာသိမွျဖစ္မည္ ။ ဧကရာဇ္ေမာင္က ဖုန္းထဲက လိပ္စာကို တစ္ခ်က္ၾကည့္ကာ ေျပာလိုက္သည္ ။

" မင္းရဲ႕ညာဘက္ကလမ္းကို တည့္တည့္ေမာင္း ... တိုက္ ၂၁ ရဲ႕ေျမညီထပ္မွာရွိတယ္ "

" ဟုတ္ကဲ့ "

' ကြၽီ '

႐ုတ္တရပ္ကားက လမ္းခ်ိဳးအေကြ႕ထဲသို႔ ဝင္ယုံရွိေသး ဘရိတ္ကိုေစာင့္နင္းလိုက္၍ ဧကရာဇ္ေမာင္လဲက်မသြားေအာင္ မနည္းထိန္းလိုက္ရသည္ ။

" မင္းကားကို ဘယ္လိုေမာင္းေနတာလဲ "

ေဒါသျဖင့္ဆူမယ္ႀကံေတာ့ လင္းထက္ရဲ႕မ်က္ႏွာက ေျခာက္ျခားေနၿပီး ကားတံခါးအားအျမန္ဖြင့္ေနသည္ ။ ထိုအခါမွ တစ္စုံတစ္ရာကို တိုက္မိသြားမွန္းသေဘာေပါက္လိုက္သည္ ။ လင္းထက္က သတိႀကီးၿပီး လႈပ္ရွားမႈတိုင္း လွ်င္ျမန္ညွင္သာသည့္အျပင္ ပါးလစ္သူမို႔ ယခုလိုအက္စိဒန႔္ျဖစ္တာမ်ိဳး ရွားပါးသည္ ။ သူ႕အေရွ႕ကိုအာ႐ုံစိုက္ၾကည့္ေနၿပီး အျမန္ကားရပ္လိုက္နိုင္၍မွေသာ္ေသးသည္ ။

အေၾကာက္အလန႔္မရွိ ကားေရွ႕ေျပးဝင္လာတဲ့အရာက ဘာျဖစ္မလဲ ဆင္းၾကည့္လိုက္ေတာ့ ထိုအရာဟာ ကေလးငယ္ေလးတစ္ဦးျဖစ္လို႔ေနသည္ ။ လန႔္ၿပီးကေလးေလးက ေအာ္မငိုပဲ ေၾကာင္ၾကည့္ေနသည္ ။ လင္းထက္လဲ ကားအေရွ႕မွာ လဲက်ေနတဲ့ကေလးေလးအား ေပြ႕ခ်ီလိုက္သည္ ။

" ကေလးေလး ... နာသြားေသးလား "

" ...... "

" မင္းဘာကိုတိုက္မိသြားတာလဲ "

ဧကရာဇ္ေမာင္လဲ အေနာက္ကေနလိုက္ၿပီးဆင္းလာခဲ့သည္ ။

" ကေလးေလးတစ္ေယာက္ပါ သခင္ႀကီး "

" ငါမင္းကို အစကတည္းကေခၚမလာသင့္ဘူး ... ငါ့ဘာသာေမာင္းတာကမွ အႏၲရာယ္ကင္းဦးမယ္ "

" ကြၽန္ေတာ္သတိလြတ္သြားတာမဟုတ္ပါဘူး ကေလးေလးက ကားေရွ႕ေျပးဝင္လာတာ ... သူတစ္ခုခုကိုရွာေနတဲ့ပုံပဲ "

ထိုအခါမွ ဧကရာဇ္ေမာင္ သူရပ္ေနတဲ့ေဘးက ကားဘီးရဲ႕အေျခမွာ ေရာင္စုံေကာ္ကားေလးတစ္ခုကို ေတြ႕လိုက္ရသည္ ။ ကားဘီးနဲ႕တိုက္မိသြား၍ ေခါင္းကအနည္းငယ္ေတာ့ ပ်က္စီးသြားသည္ ။ ဧကရာဇ္က ကားေလးကိုေကာက္ယူလိုက္သည္ ။ လင္းထက္ရဲ႕ရင္ခြင္ထဲက ကေလးငယ္က လင္းထက္ပခုံးနဲ႕ကြယ္ေန၍ ဧကရာဇ္ေမာင္ မျမင္ေသးေပ ။ သူကကေလးေလးရဲ႕ကားမ်ားျဖစ္ေနမလာ ေမးၾကည့္ဖို႔အတြက္ အေရွ႕သို႔ေလွ်ာက္လွမ္းလာသည္ ။

ဧကရာဇ္ေမာင္ ကေလးေလးရဲ႕ မ်က္ႏွာကိုလဲျမင္ေရာ သူ႕ရဲ႕မ်က္ဝန္းေတြက ျပဴးက်ယ္လို႔သြားေလသည္ ။ သူဒီမလာခင္ကမွ ဖုန္းထဲကေနအႀကိမ္ႀကိမ္ၾကည့္လာခဲ့တဲ့ ကေလးငယ္ေလးျဖစ္လို႔ေနသည္ ။ စကားေျပာတတ္ခါစ မပီကလာပီကလာေလးနဲ႕ သူ႕ပါပါးရဲ႕မုန႔္ေတြဘယ္ေလာက္စားေကာင္းေၾကာင္း ၿပဳံးရယ္ကာေျပာျပေနသည့္ ကေလးေလးျဖစ္သည္ ။

ထိုမ်က္ဝန္းနက္ျပာေရာင္ ဆံႏြယ္နက္နက္ေလးေတြနဲ႕ အသားအေရကေဖြးစြတ္ေနၿပီး ဂြမ္းေမြးေလးလို ႏူးညံ့လြန္းလွတဲ့ကေလးေလးကို ဧကဂာဇ္ေမာင္မ်က္ေတာင္မခပ္ပဲ အေသအခ်ာပင္စိုက္ၾကည့္ေနသည္ ။ ထိုကေလးေလးကေတာ့ ဧကရာဇ္ေမာင္လက္ထဲက ကားေလးကိုျမင္ၿပီး မ်က္ဝန္းေတြက ေတာက္ပလို႔လာေလေတာ့သည္ ။

ကေလးေလးသူ႕ရဲ႕ကား ပ်က္စီးသြားတာလဲျမင္ေရာေရာ ခ်က္ခ်င္းရႈံ႕မဲ့လို႔သြားသည္ ။ လင္းထက္က သူေပြ႕ခ်ီထားတဲ့ကေလးေလးက သခင္ႀကီးကိုၾကည့္ေနရင္း မ်က္ႏွာကတေျဖးေျဖး ရႈံ႕မဲ့လာကာ ႐ုတ္တရပ္ငိုခ်လာ၍ ေၾကာင္အမ္းသြားသည္ ။

" အီး ... ဟီး ဟီး ဟီး ... အူးဝါး ပါပါး "

" အယ္ ငိုသြားတာလား ... သခင္ႀကီး ကေလးကိုစိတ္ညွို႔လိုက္တာလား "

ဧကရာဇ္ေမာင္က ျပန္ေျဖမလာပဲ ေငးၾကည့္ေနသလို ကေလးေလးကလဲ ေျခေတြလက္ေတြ႐ုန္းကန္ကာ ဧကရာဇ္ေမာင္ထံသြားဖို႔ႀကိဳးစားေနေတာ့သည္ ။ ေဘးနားက လမ္းသြားလမ္းလာေတြကလဲ ကေလးငိုသံေၾကာင့္ သူတို႔ထံအၾကည့္ေရာက္လာၾကသည္ ။ ေဘာ္ဒီဂတ္ကလဲ သူ႕လက္ထဲမွာ မေနခ်င္တဲ့ ကေလးငယ္ေလးအား ဂ်ိဳင္းကေနမကာ ဧကရာဇ္ထံကမ္းေပးလိုက္သည္ ။

" သခင္ႀကီးဆီသြားခ်င္ေနတာ ... အျမန္ေခၚလိုက္ပါဗ်ာ ... အဲ့ကားကိုကြၽန္ေတာ့ေပး "

ဧကရာဇ္ေမာင္လဲ လက္လွမ္းကာ ကေလးေလးအား လက္တစ္ဖက္ျဖင့္ဂ်ိဳင္းကေနမယူလိုက္ၿပီး သူ႕ရင္ခြင္ထဲေပြ႕ခ်ီလိုက္သည္ ။ ထိုအခါမွ ကေလးကအငိုရပ္သြားသည္ ။ လင္းထက္ကလဲ ကားကိုပိုက္ထားၿပီး ကေလးအငိုရပ္မွ စိတ္ေအးသြားေတာ့သည္ ။

" ကြၽန္ေတာ္က သခင္ႀကီးကိုကေလးေလးက ေၾကာက္လို႔ငိုတယ္ထင္ေနတာ ... သူ႕ၾကည့္ရတာ သခင္ႀကီးကို ရင္းနီးေနသလိုပဲ ... ခုၾကည့္ေလ သခင္ႀကီးဆီကေန အၾကည့္မခြာေတာ့ဘူး ... ၿပဳံးေတာင္ၿပဳံးေနေသး "

အမွန္ပင္ ကေလးေလးက သြားေသးေသးေလးေတြေပၚေအာင္ၿပဳံးျပကာ မ်က္ႏွာခ်ိဳေသြးေနသည္ ။ ကေလးေလးကလက္ေသးေသးေလးေတြနဲ႕ ဧကရာဇ္ေမာင္ရဲ႕ မ်က္ႏွာအား ထိကိုင္ေနၿပီး အလြန္ရင္းနီးေနပုံေပၚသည္ ။ လင္းထက္က သူ႕ရဲ႕သခင္နဲ႕ ကေလးရဲ႕တရင္းတနီးထိေတြ႕မႈေၾကာင့္ ေက်ာက္႐ုပ္လိုေတာင့္ခဲသြား၍ အဆင္ေျပလားေမးၾကည့္လိုက္သည္ ။

" သခင္ႀကီး အဆင္ေျပရဲ႕လား "

" အင္း "

" ကြၽန္ေတာ္ ကေလးကိုျပန္ေခၚလိုက္ရမလား "

" မလိုဘူး "

ဧကရာဇ္ေမာင္က ကေလးေလးရဲ႕လက္ကို ဖမ္းကိုင္လိုက္ၿပီး စကားေျပာၾကည့္လိုက္သည္ ။

" မင္း နာမည္ဘယ္လိုေခၚလဲ "

" ကုကု​ "

" ကုကုေလး "

" ဂ်ာ "

" ...... "

ကေလးေလးက သူ႕နာမည္ေခၚလိုက္ေတာ့ မ်က္လုံးဝိုင္းဝိုင္းေလးနဲ႕ ဧကရာဇ္အားၾကည့္ကာ ထူးလိုက္သည္ ။ ခ်စ္စရာကေလးငယ္ေလးရဲ႕တုန႔္ျပန္ပုံေတြေၾကာင့္ သန္မာလွတဲ့ လူႀကီး ၂ ေယာက္ လမ္းလည္ေခါင္မွာ အရည္ေပ်ာ္က်မတတ္ပင္ျဖစ္ေနသည္ ။

" သခင္ႀကီးကိုကေလးကသိေနသလိုပဲ ... သူ႕ၾကည့္ရတာ လုံးဝမစိမ္းဘူး "

" ငါနဲ႕ဒီကေလးက တစ္ခါမမွ မဆုံဘူးတာ ... သူငါ့ကိုသိတာေတာ့မျဖစ္နိုင္ဘူး "

" သူ႕အသိတစ္ေယာက္ေယာက္နဲ႕ လြဲေနတာမ်ားလား ... ဒါမွမဟုတ္ Tv လိုင္းေတြမွာ ျမင္ဖူးလို႔ သိေနတာမ်ားလား ... သခင္ႀကီးရဲ႕ ေခ်ာေမာခန႔္ညားမႈကေတာ့ လူႀကီးေတြတင္မက ကေလးငယ္ေတြ႕ရဲ႕အာ႐ုံစိုက္မႈကိုပါ ရရွိေနရတာပဲ "

ေဘးနားကၾကည့္ေနၾကတဲ့လူေတြကလဲ ကေလးေလးနဲ႕လူႀကီးက သိေနၾကတဲ့ပုံေပၚ၍ ဘာမွမျဖစ္ၾကသလို ထြက္သြားကုန္ၾကသည္ ။ ဧကရာဇ္ေမာင္ ဒီကိုထြက္လာစဥ္က အလုပ္ကိစၥေၾကာင့္မဟုတ္၍ သူစီးေနၾကကားကိုမစီးပဲ သာမန္ကားတစ္စီးျဖင့္သာလာခဲ့ၿပီး အဝတ္အစားဆံပင္ပုံစံက ပုံမွန္အတိုင္းသာျပင္ဆင္ထား၍ သူ႕အားအျပင္မွာမေတြ႕ဖူးတဲ့ဘယ္သူမဆို သာမန္ေခ်ာေမာေနတဲ့ေယာက္်ားတစ္ေယာက္ဟုသာျမင္ၾကၿပီး ဒီၿမိဳ႕ရဲ႕ပိုင္ရွင္သူေဌးႀကီးမွန္း ဘယ္သူမွမသိၾကေပ ။

ကေလးက လင္းထက္လက္ထဲက ပ်က္သြားတဲ့ကားကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနပုံေပၚ၍ ဧကရာဇ္က ေမးလိုက္သည္ ။

" ကေလးေလး ... မင္းရဲ႕ကားကို ဦးဦးအစားျပန္ဝယ္ေပးရမလား "

" ဟုတ္ "

" ဒါဆို ဆိုင္ကဘယ္နားမွာလဲ ဦးကိုျပ "

ကေလးရဲ႕မ်က္ဝန္းေလးေတြ လပ္သြားကာ သူတို႔နဲ႕အနည္းငယ္သာလွမ္းတဲ့ အ႐ုပ္ဆိုင္ေလးတစ္ခုထံ ၫႊန္ျပလာသည္ ။ ကေလးေလးက ထိုဆိုင္ကအ႐ုပ္ကားေလးကို ခုပဲဝယ္ယူလာတဲ့ပုံပင္ ။ ကားက ရီမုနဲ႕ေမာင္းရေပမဲ့ ကေလးကမႏွိပ္တက္လို႔လမ္းမေပၚေျပးသြားၿပီး ေမာင္းလာတဲ့ဧကရာဇ္တို႔ကားေအာက္ထိုးဝင္သြားကာ အ႐ုပ္သစ္ေလးပ်က္စီးသြား၍ ကေလးကငိုေနျခင္းျဖစ္သည္ ။ ဧကရာဇ္ေမာင္ေရာ လင္းထက္ပါ ကေလးေလးအားေခၚၿပီး အ႐ုပ္ဆိုင္ႀကီးထဲသို႔ ဝင္လာခဲ့ၾကသည္ ။

" မဂၤလာပါရွင့္ "

ဆိုင္ရွင္အမ်ိဳးသမီးက ကေလးေပြ႕ခ်ီထားတဲ့ ဧကရာဇ္ေမာင္ကိုလဲျမင္ေရာ ၿပဳံးကာဆိုလိုက္သည္ ။

" သားေလးအတြက္ အ႐ုပ္လာဝယ္တာလား "

ဧကရာဇ္က ဘာမွျပန္မေျပာပဲ ေခါင္းၿငိမ့္ယုံသာၿငိမ့္ျပလိုက္ၿပီး သူမစကားေၾကာင့္ အနည္းငယ္ ၿပဳံးမိသြားသည္ ။ ၿပီးေနာက္ ကေလးကိုေအာက္ခ်ေပးကာ သူလိုခ်င္တဲ့အ႐ုပ္ေတြ ၫႊန္ျပခိုင္းလိုက္သည္ ။ ကေလးက ကားေတြရွိတဲ့ေနရာကိုေျပးသြားၿပီး လူႀကီးေရာကေလးပါ ဝင္ထိုင္နိုင္ေလာက္တဲ့ အနည္းငယ္ႀကီးၿပီး လက္နဲ႕ကိုယ္တိုင္ေမာင္းလို႔လဲရတဲ့ ကားတစ္စီးအား ၫႊန္ျပလာသည္ ။

" ဦးဦး ... သားသားဒါလိုခ်င္တယ္ "

ဆိုင္ရွင္အမႀကီးက ကားကိုယူလာကာ ရွင္းျပလာသည္ ။

" ကေလးက အျမင္က်ယ္တာပဲ ... ဒီကားကအသစ္ေရာက္တာမၾကာေသးဘူးရွင့္ ... ဘက္ထြီပါလို႔ အားျပန္သြင္းရလြယ္တယ္ ... ကားေဘာ္ဒီက ခိုင္မာလို႔ ကေလးပါမက မိခင္ပါေဘးကေနဝင္ထိုင္ၿပီး ထိန္းေပးလို႔ရတယ္ ... မိသားစုလိုက္စီးရတာမို႔ ကေလးေတြအတြက္ ပိုေပ်ာ္စရာေကာင္းၿပီး ေႏြးေထြးေစတယ္ေလ ... ပန္းၿခံေတြထဲမွာလဲ အေပ်ာ္ပတ္စီးလို႔ရတယ္ "

ကေလးေလးက ထိုကားကိုၾကည့္ၿပီး မ်က္လုံးေလးေတြကလပ္ေနသည္ ။ ဆိုင္ရွင္အမ်ိဳးသမီးက ကေလးေလးကိုေသခ်ာၾကည့္ရင္း မွတ္မိသြားသည္ ။

" အိုး ... ဒီကေလးေလးက ပန္းကေလးမုန႔္ဆိုင္က ကေလးေလးလား ... မနက္ကေလးတင္ သူ႕ပါပါးနဲ႕ကားလာဝယ္ေသးတယ္ "

" သူ႕ပါပါးက ဆံပင္ရွည္နဲ႕တစ္ေယာက္လား "

" ဟုတ္တယ္ေလ ... ဒီကေမာင္ေလးကလဲ သူ႕ဒယ္ဒီပဲမဟုတ္လား ... သားေလးရဲ႕ခ်စ္စရာေကာင္းတဲ့ပုံစံနဲ႕အသားအရည္ေလးက ပါပါးနဲ႕တူၿပီး မ်က္ခုံးမ်က္လုံးနဲ႕သန္မာတဲ့ပုံစံကေတာ့ ဒယ္ဒီနဲ႕တစ္ထပ္ထည္းကိုတူတာ ... ဘယ္လိုပဲၾကည့္ၾကည့္ သားအဖေတြဆိုတာ မျငင္းနိုင္ဘူး "

သူစိမ္းေတြေတာင္ သိေနနိုင္တဲ့ သူတို႔ရဲ႕ဆက္ႏြယ္မႈက အလြန္ႀကီးမားလွသည္ ။ ဧကရာဇ္ေမာင္ ပိုၿပီးရင္ခုန္စိတ္လႈပ္ရွားလာကာ ထိုဆိုင္ရွင္အား အျမန္ေတြ႕ခ်င္လာ၍ ကေလးႀကိဳက္တဲ့ကားအား ခ်က္ခ်င္းဝယ္လိုက္ေတာ့သည္ ။ သာမန္လူေတြအတြက္ ေဈးႀကီးေပမဲ့ ဧကရာဇ္အတြက္ကေတာ့ မေျပာပေလာက္ေပ ။

" ဟိုေလ ကားကိုဒီတိုင္းပဲသယ္သြားမွာလား ... ကြၽန္မတို႔ဝန္ထမ္းကို လိုက္ပို႔ခိုင္းေပးရမလား "

" အမတို႔ကို ဒုကၡမေပးေတာ့ပါဘူး ... ဆိုင္ကလဲ ဒီအနီးနားမွာတင္ဆိုေတာ့ ကြၽန္ေတာ့တပည့္ကိုပဲ သယ္ခိုင္းလိုက္ေတာ့မယ္ "

လင္းထက္က လူတစ္ရပ္စာမကတဲ့ ကားႀကီးကိုမၿပီး အေနာက္ကေနလိုက္လာခဲ့ရသည္ ။ ဆိုင္ကလဲ မလွမ္းမကမ္းမွာ လွမ္းျမင္ေနရၿပီမို႔ ကားနဲ႕မသြားေတာ့ပဲ လမ္းေလွ်ာက္လာခဲ့ၾကသည္ ။

ဧကရာဇ္ေပၚက ကေလးေလးက ေျခေထာက္ကိုလႊဲခါၿပီး အိမ္မျပန္ခ်င္ပဲ ႐ုန္းကန္ေန၍ သူတို႔ရပ္လိုက္ၾကသည္ ။

" ကေလးေလး ဘာျဖစ္လို႔လဲ "

" ကုကုအိမ္ျပန္ခ်င္ေသးဘူးဦးဦး "

" ဒါဆို ကုကုက ဘယ္ကိုသြားခ်င္တာလဲ "

" ကားသစ္ႀကီးကို ပန္းၿခံမွာ သြားစီးခ်င္တယ္ ... အိမ္ျပန္ရင္ ပါပါးက ကုကုကို စီးခိုင္းေတာ့ဝူး ... ကုကုကို ပန္းၿခံလိုက္ပို႔ပါေနာ္ ဦးဦး "

မ်က္ႏွာငယ္ေလးနဲ႕ ေတာင္းဆိုလာတဲ့ ကေလးေလးေၾကာင့္ ဧကရာဇ္ေမာင္ မျငင္းဆန္နိုင္ေတာ့ေပ ။ ပန္းကေလးကိုေတြ႕ခ်င္ေနတဲ့စိတ္ကို မနည္းခ်ဳပ္တည္းလိုက္ကာ ကေလးေလးကိုလိုက္ပို႔ဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္ ။

" လင္းထက္ ... အေနာက္ျပန္လွည့္ "

" ဗ်ာ ... သခင္ႀကီး ဆိုင္ကအေရွ႕ဆိုေရာက္ၿပီေလ "

" ကေလးက ပန္းၿခံကို အေတာ္ေလးသြားခ်င္ေနတဲ့ပုံပဲ ... သူစိတ္ေက်နပ္ေအာင္ အဲ့ကားနဲ႕ပန္းၿခံထဲမွာ တစ္ပတ္ေလာက္ ေမာင္းေပးလိုက္ၾကတာေပါ့ "

" ဟုတ္ကဲ့ "

သခင္ႀကီးလိုေအးဆက္တဲ့လူက ဘယ္ကမွန္းမသိတဲ့ လမ္းေဘးကကေလးေလးကို သိန္းခ်ီတန္တဲ့ကားႀကီးဝယ္ေပးတဲ့အျပင္ မေမာမပန္းနိုင္ပဲ ကေလးရဲ႕အလိုကိုပါလိုက္ေပးေန၍ လင္းထက္အံ့ဩေနသည္ ။ သူတို႔ေနာက္ျပန္လွည့္လာကာ အေတာ္ၾကာေလွ်ာက္လာၿပီးမၾကာခင္ ၿမိဳ႕အျပင္က လူေတြစည္ကားေနတဲ့ပန္းၿခံသို႔ေရာက္ရွိလာခဲ့ၾကသည္ ။

" ကဲ ေရာက္ပါၿပီဗ်ာ "

" ေရး ... ဦးဦးက ခ်စ္ဖို႔ေကာင္းတယ္ "

ကေလးက ဧကရာဇ္ပါးကို ႐ုတ္တရပ္ကုန္းနမ္းၿပီး ဆင္းသြားေတာ့ လင္းထက္က ေက်ာက္႐ုပ္လိုရပ္ေနတဲ့သခင္ကို လႈပ္ႏွိုးရမခက္ ကေလးကိုလွမ္းဆြဲရမခက္ပင္ျဖစ္သြားသည္ ။

" အာ ... သခင္ႀကီးကို ကေလးကတကယ္ပဲသူ႕ဒယ္ဒီထင္ေနလားမသိဘူး "

ဧကရာဇ္က ၿပဳံးသြားၿပီး ေပ်ာ္ျမဴးေနတဲ့ကေလးေလးကို ကားအသစ္ေပၚတင္ေပးကာ ကားစက္ႏွိုးပုံ လက္ကိုေကြ႕ၿပီးေမာင္းပုံေတြကို သင္ျပေပးေနသည္ ။ ေနာက္ဆုံး ေက်ာက္႐ုပ္အျဖစ္ ရပ္ေနရတာက လင္းထက္ျဖစ္ေနသည္ ။

" ဝါး ... သခင္ႀကီးက ကေလးရဲ႕အေဖထက္ေတာင္အေဖဆန္ေနတယ္ ... ဘယ္လိုပဲၾကည့္ၾကည့္ သားအဖက်ေနတာပဲ ... ဘယ္လိုေရစက္မ်ိဳးပါလိမ့္ "

ဧကရာဇ္နဲ႕ကုကုေလးက ကားေမာင္သင္ရင္း ၿပဳံးရယ္ကာ ေပ်ာ္ေနၾကသည္ ။ ကုကုေလးက ကားကိုကိုယ္တိုင္ေမာင္းေနရ၍ အေတာ္ေလးေပ်ာ္ေနသည္ ။ ကေလးကဉာဏ္ေကာင္းလြန္း၍ အခ်ိန္ခနေလးပဲသင္ေပးရၿပီး လူႀကီးထိန္းစရာမလိုပဲ ေမာင္းတတ္သြားသည္ ။

" ဦးဦး ကုကုေမာင္းတတ္ၿပီ ... ေရး "

" ေတာ္တယ္ကြာ "

ဧကရာဇ္က ကေလးေလးကိုခ်ီးက်ဴးေပးကာ အေနာက္ကေန မေမာပန္းနိုင္ပဲ တစ္ေယာက္ေကာက္လိုက္ကာ ၾကည့္ေပးေနသည္ ။ ကားအားကိုယ္တိုင္ေမာင္းတတ္သြား၍ ၿပဳံးေပ်ာ္ေနတဲ့ ကေလးေလးရဲ႕အၿပဳံးေတြက ခ်ိဳျမေနၿပီး ဧကရာဇ္ႏွစ္ေတြအၾကာႀကီး လြမ္းစြတ္ေနရတဲ့ လူသားေလးရဲ႕ကိုယ္ပြားကိုေတြ႕လိုက္ရသလိုပင္ ။ သူတို႔အၿပဳံးေတြက ဆင္တူလွသည္ ။

" သခင္ႀကီး ... ဒီကေလးက ၿဂိဳလ္သားေလးလား ... ကားေမာင္းတာကို ဒီေလာက္ျမန္ျမန္ႀကီးတတ္သြားတယ္ "

" အင္း ... သူကဉာဏ္အရမ္းေကာင္းတယ္ ... ခ်စ္ဖို႔လဲေကာင္းတယ္ "

" ဟုတ္တယ္ေနာ္ ... ဒါနဲ႕ သူ႕မိဘေတြက ဘာေၾကာင့္မ်ား ကေလးကိုလြယ္လြယ္လႊတ္ထားရတာလဲ ... ကြၽန္ေတာ္တို႔နဲ႕ေတြ႕လို႔သာေပါ့ ... တျခားလူေတြဆို ကေလးကခ်စ္စရာေကာင္းလြန္းလို႔ ေခၚသြားေလာက္ၿပီ "

" အင္း ... ငါေတာင္ေခၚသြားခ်င္စိတ္ေပါက္မိတယ္ ... သူတို႔က တူလြန္းတယ္ "

ဧကရာဇ္ေမာင္ ကေလးေလးရဲ႕ေပ်ာ္ေနတဲ့မ်က္ႏွာေလးအား ေငးၾကည့္ေနစဥ္ ကေလးေလးက သူ႕ထံလွည့္လာၿပီး ကားကိုအရွိန္ျဖင့္ေမာင္းလာသည္ ။ လင္းထက္ကလန႔္သြားကာ ေရွာင္လိုက္ေပမဲ့ ဧကရာဇ္ကမေရွာင္ပဲရပ္ေနသည္ ။ ကေလးက ဧကရာဇ္ေရွ႕တည့္တည့္မွာကားကိုရပ္လိုက္ကာ ထလာၿပီး လက္ျဖန႔္လိုက္သည္ ။ ဧကရာဇ္က ကားေပၚကကေလးေလးကိုေပြ႕ခ်ီလိုက္ေတာ့ ကေလးေလးက ပခုံးအားဖက္သြယ္လိုက္ကာ တိုးတိုးေလးေျပာလိုက္သည္ ။

" ဦးဦးကို ကုကုသေဘာက်တယ္ … ကုကုရဲ႕သူငယ္ခ်င္းလုပ္ေပးၿပီး ကုကုနဲ႕တူတူလာကစားေပးပါလား "

" ......... "

ဧကရာဇ္ခနမွ်ေၾကာင္သြားမိေပမဲ့ ကေလးေလးရဲ႕ေတာင္းဆိုမႈကို မျငင္းဆန္နိုင္ခဲ့ေပ ။

" ေကာင္းပါၿပီဗ်ာ "

" ဦးဦးကအေကာင္းဆုံး "

စိတ္လြတ္ကိုယ္လြတ္ကိုေပ်ာ္ေနတဲ့ကေလးငယ္ေလးကိုၾကည့္ၿပီး ဧကရာဇ္အၿပဳံးေတြမရပ္တန႔္ေတာ့ေပ ။  နာရီကိုၾကည့္လိုက္ေတာ့မွ သူတို႔ကေလးကိုေခၚလာမိတာ ၂ နာရီေလာက္ၾကာသြားမွန္း သိလိုက္ရသည္ ။

" သခင္ႀကီး ... ကေလးကိုအျမန္ပို႔မွျဖစ္မယ္ ... ကေလးမိဘေတြစိတ္ပူေနေလာက္ၿပီ "

" အင္း ... ဆိုင္ကိုသြားၾကတာေပါ့ "

သူတို႔လမ္းၾကားေလးထဲျပန္ဝင္လာၾကေတာ့ ' ပန္းကေလး ' မုန႔္ဆိုင္ေရွ႕မွာ ရဲကား ၂ စီးရပ္ေနတာကိုေတြ႕လိုက္ရ၍ ကေလးေပ်ာက္လို႔ ရဲတိုင္ထားမွန္း ခ်က္ခ်င္းသေဘာေပါက္သြားသည္ ။

" သခင္ႀကီး ဘယ္လိုလုပ္မလဲ ... ကေလးကိုရွာဖို႔ ရဲေတြေရာက္ေနၾကၿပီ ... ကေလးကိုဆိုင္ေရွ႕ထားခဲ့ၿပီး ထြက္သြားရေအာင္ "

လင္းထက္က ဧကရာဇ္ေမာင္ဒီကိုလာရတဲ့အေၾကာင္းအရင္းကိုမသိေပ ။ ဆိုင္ေရွ႕ေရာက္ေနမွေတာ့ ဆိုင္ရွင္ကဘယ္သူလဲဆိုတာ မသိရပဲဧကရာဇ္ျပန္မည္မဟုတ္ေပ ။

" ဘာကိုေၾကာက္ေနတာလဲ ... ကေလးကို ငါကိုယ္တိုင္သြားပို႔မယ္ ... ငါကဘာအျပစ္မွက်ဴးလြန္မထားတဲ့အတြက္ ေရွာင္ေနစရာမလိုဘူး "

" ဒါေပမဲ့ ဆိုင္ရွင္ကနားလည္မႈလြဲၿပီး ရဲစခန္းပို႔လိုက္ရင္ သခင္ႀကီးအတြက္ ဆိုးက်ိဳးေတြျဖစ္လာနိုင္တယ္ ... ကေလးထားခဲ့ၿပီး ေနာက္ေန႕မွတစ္ေခါက္ျပန္လာရေအာင္ "

" ငါဂ႐ုမစိုက္ဘူး "

လင္းထက္လဲမတားနိုင္ေတာ့ေပ ။ သူတို႔ကကေလးကို ျပန္ေပးဆြဲသြားတာမဟုတ္ေပမဲ့ မိဘထံကခြင့္ျပဳခ်က္မပါပဲ ၂ နာရီေလာက္ေခၚသြားမိခဲ့သည္ ။ မိဘေတြကေဒါသထြက္ၿပီးတိုင္လွ်င္ ရဲေတြနဲ႕ရွင္းရၿပီး သတင္းစာေတြထဲထိပါလာနိုင္သည္ ။ ထိုစဥ္ ဧကရာဇ္ေမာင္က သူ႕ေက်ာေပၚမွာ အိပ္ေပ်ာ္ေနတဲ့ ကေလးေလးနဲ႕အတူ ဆိုင္ထဲသို႔ ဝင္သြားေလေတာ့သည္ ။

ရဲ ၂ ေယာက္ဟာ ဆိုင္ရွင္နဲ႕စကာေတြေျပာေနၾကၿပီး ဆိုင္ရွင္ကေတာ့ တံခါးဝကိုေက်ာေပးကာ ရပ္ေနသည္ ။ ေ႐ႊအိုေရာင္ဆံႏြယ္ေတြက ဂုတ္အထိရွည္ၿပီး တစ္ဝက္ကစည္းေႏွာင္ထားသည္ ။ ဖုန္းထဲကခိုးရိုက္ထားသည့္ပုံနဲ႕ ထပ္တူညီေနသည္ ။ အေနာက္ကေနၾကည့္လွ်င္ ျပင္သစ္နိုင္ငံသားတစ္ေယာက္နဲ႕ပင္တူေနသည္ ။ ခႏၶာကိုယ္ကသြယ္သြယ္ေလးနဲ႕ အရပ္က 179 Cm ေလာက္သာရွိေနၿပီး အရင္ကထက္လက္မအနည္းငယ္သာ ပိုရွည္လာသည္ ။

ဧကရာဇ္ေမာင္ ဆိုင္ထဲသို႔ဝင္လာတာကိုျမင္ေတာ့ ရဲသားတစ္ဦးက ဆိုင္ရွင္အား အသိေပးလိုက္သည္ ။ ထိုအခါမွ ေက်ာေပးကာ ရပ္ေနတဲ့ဆိုင္ရွင္လဲ အေနာက္သို႔လွည့္ၾကည့္လာသည္ ။ ဧကရာဇ္ရဲ႕ရင္ေတြက တလွစ္လွစ္ျဖစ္ေနၿပီး ထိုလူသားရဲ႕မ်က္ႏွာေလးအားျမင္ရဖို႔ ရင္ခုန္စြာျဖင့္ေစာင့္ေမွ်ာ္ေနသည္ ။

" ...... "

မ်က္ႏွာေလးကိုေတြ႕လိုက္ရသည့္အခါ ႏွလုံးခုန္သံေတြက ခနမွ်ရပ္တန႔္လို႔သြားသည္ ။ ထိုလူသားေလးက သူ႕စိတ္ကူးထဲကနဲ႕ အေတာ္ေလးကြဲျပားလို႔ေနသည္ ။ ဆံႏြယ္ေတြက မ်က္ခုံးေပၚထိရွည္ကာ မ်က္ႏွာတစ္ဝက္ကို ဖုံးအုပ္ထားသည္ ။ မ်က္ဆံေတြက နက္ေမွာင္မေနပဲ အျပာေရာင္သန္းေနၿပီး နိုင္ငံျခားသားတစ္ေယာက္ႏွင့္ပိုၿပီးတူေနသည္ ။ ႏႈတ္ခမ္းအနားနဲ႕ မ်က္လုံးေဘးမွာလဲ မွဲ႕ေသးေသးေလးေတြရွိေနသည္ ။ ထိုအရာက အရမ္းကိုဆြဲေဆာင္မႈရွိသည္ ။

သူတို႔အၾကည့္ခ်င္းဆုံသြားခ်ိန္မွာ ထိုလူသားေလးရဲ႕မ်က္ဝန္းက သိသိသာသာျပဴးက်ယ္သြားကာ အံ့ဩေနသည္ ။ သူ႕ရဲ႕ပုံစံဘယ္လိုပဲေျပာင္းလဲသြားပါေစ ဧကရာဇ္ႏွလုံးသားထဲမွာ သိမ္းစည္းထားတဲ့ပုံရိပ္ေလးေတြနဲ႕တစ္သားထည္းက်ေနဆဲပင္ ။ ဒီလူဟာ သူရွာေဖြေနစဥ္တစ္ေလွ်ာက္လုံး မုျဒာနဲ႕တစ္သားထည္းက်ေနသည္ဟု ပထမဆုံးျမင္မိတဲ့သူျဖစ္သည္ ။

ရဲတစ္ေယာက္က ဆိုင္ရွင္ကိုေမးလိုက္သည္ ။

" ခမ်ားသားက သူ႕ေက်ာေပၚမွာရွိေနတယ္ ... ကြၽန္ေတာ္တို႔ ဘာဆက္လုပ္ေပးရမလဲ ... မ်က္ျမင္သက္ေသေတြေျပာၾကားခ်က္အရ ဒီလူေတြက ကေလးကိုေခၚသြားတာေတြ႕တယ္လို႔ေျပာၾကတယ္ ... သူ႕တို႔ကို စစ္ေမးဖို႔ စခန္းကိုေခၚသြားေစခ်င္လား "

" မ ... မလိုေတာ့ဘူးထင္တယ္ ... သားေလးလဲ အႏၲရာယ္ကင္းၿပီဆိုေတာ့ ဆရာတို႔ကိုဒုကၡေပးမိလို႔ အားနာပါတယ္ "

" ရပါတယ္ ... ကေလးကိုေနာက္ဆိုတစ္ေယာက္ထည္းအျပင္ေတြေလွ်ာက္မလႊတ္နဲ႕ေပါ့ ... မေကာင္းတဲ့လူေတြလက္ထဲပါသြားရင္ ကယ္တင္ဖို႔ခက္ခဲလိမ့္မယ္ "

" ဟုတ္ကဲ့ ... သတိေပးလို႔ေက်းဇူးပါဆရာတို႔ ... လက္ေဆာင္အေနနဲ႕ မုန႔္ေလးေတြယူသြားပါဦး "

ဆိုင္ရွင္က သတင္းေတြထဲကအတိုင္း အလြန္သေဘာေကာင္းၿပီး အေပးအကမ္းလဲရက္ေရာသည္ ။ လင္းထက္က ရဲေတြနဲ႕ေျဖရွင္းရမယ္ထင္ထားေပမဲ့ ဆိုင္ရွင္က သူ႕တို႔ကိုမတိုင္ၾကားပဲ ရဲေတြလက္ကေနလြတ္ေျမာက္သြား၍ စိတ္ေအးသြားသည္ ။

ရဲေတြထြက္လာေတာ့ လင္းထက္ကအလိုက္သတိ ရဲေတြကိုေက်းဇူးတင္ကာ အျပင္ထိလိုက္ပို႔ေပးမည္ဟုအေၾကာင္းျပၿပီး သူတို႔အား ၂ ေယာက္ထည္းေတြ႕ဖို႔ ထားခဲ့လိုက္သည္ ။ ခုခ်ိန္မွာ ဆိုင္ထဲတြင္ ကေလးကိုေက်ာပိုးထားတဲ့ ဧကရာဇ္ေမာင္နဲ႕ ဆိုင္ရွင္တို႔ ၂ ဦးတည္းသာ ရွိေနသည္ ။

႐ုတ္တရပ္ ထိုလူသားက ဧကရာဇ္ထံေျပးလာကာ လက္ျဖန႔္လိုက္သည္ ။ ဧကရာဇ္က သူ႕အားလာဖက္ေတာ့မည္အထင္နဲ႕ ႏွလုံးအိမ္ကခုန္ေပါက္လွ်က္ သူ႕ရဲ႕လက္ဟာလဲ ေလဟာနယ္ထဲျမႇောက္ပင့္ကာ ျပန္ဖက္ဖို႔ျပင္လိုက္သည္ ။ အနားေရာက္လာခ်ိန္မွာေတာ့ ထိုလူသားဟာရပ္သန႔္လို႔သြားၿပီး ဧကရာဇ္ေက်ာ္ေပၚက ကေလးေလးကိုသာ ထိကိုင္လိုက္ေလသည္ ။

" သားေလး ဘယ္ေတြေလွ်ာက္သြားေနတာလဲ ... ပါပါးကေပ်ာက္သြားတယ္ထင္ၿပီး စိတ္ပူေနတာ "

" ......... "

ဧကရာဇ္ေမာင္က ရွက္႐ြံ႕ကာ လက္ကိုျပန္ခ်လိဳက္ၿပီး သူ႕ေက်ာေပၚက ကေလးအားဆိုင္ရွင္ကိုျပန္ေပးလိုက္သည္ ။ ထိုအခ်ိန္မွာပဲ ကေလးေလးကနိုးလာခဲ့ၿပီး သူ႕အားေခၚေနတဲ့ ဖခင္လက္ထဲကေန႐ုန္းထြက္ကာ ဧကရာဇ္ေမာင္ရဲ႕ ပခုံးကိုဖက္သြယ္ထားေလသည္ ။

" ကုကုေလး ပါပါးဆီလာ "

" ဟင့္အင္ "

" သား ... အဲ့လိုေခါင္းမမာရဘူးေလ ... လူစိမ္းဦးဦးႀကီးကို ဒုကၡမေပးရဘူး "

" လူစိမ္းဟုဝူး ... ကုကုသူငယ္ခ်င္း "

" ......... "

ဆိုင္ရွင္က ဘာေျပာရမည္ပင္မသိစြံ႕အေနသည္ ။ စေတြ႕ကတည္းက ဧကရာဇ္အၾကည့္ေတြကို သိသိသာသာေရွာင္ေနၿပီး အၾကည့္ခ်င္းလဲမစုံေပ ။ ဧကရာဇ္က ထိုလူသားရဲ႕မ်က္ဝန္းေတြကိုသာ အေသအျခာစိုက္ၾကည့္ေန၍ အဆုံးမွာ ထိုလူသားက ဧကရာဇ္ေမာင္ကို ရဲရဲၾကည့္လာၿပီး ႏႈတ္ဆက္လာသည္ ။

" ကြၽန္ေတာ့သားေလးကို ေခၚလာေပးလို႔ေက်းဇူးပါ လူႀကီးမင္း "

" ...... "

ဘယ္ေလာက္ပင္ပုံစံေျပာင္းေနပါေစ ၁၀ ႏွစ္ေက်ာ္အတူေနလာတဲ့လူတစ္ေယာက္ကို ဧကရာဇ္ဆံခ်ည္တစ္မွ်င္ကအစ မွတ္မိေနသည္ ။ ထိုလူသားကေတာ့ သူ႕အားတကယ္မမွတ္မိေတာ့သလို စိမ္းကားေနေတာ့ ဧကရာဇ္ေမာင္ဝမ္းနည္းသြားသည္ ။ ဒါေပမဲ့ ကေလးေလးကကပ္သြယ္ေနေတာ့ သူ႕အတြက္ အခြင့္အေရးမ်ားစြာ ရွိေနသည္ ။

ခုထိုလူသားက ကုမုျဒာဆိုတာ ဝင္မခံသလို သူ႕အားမမွတ္မိဟန္ေဆာင္ေန၍ ဧကရာဇ္လြယ္လြယ္မထုတ္ေဖာ္ေသးပဲ ရင္းနီးေအာင္ႀကိဳးစားဖို႔ ဆုံးျဖတ္လိုက္သည္ ။ သူသာအလွ်င္အျမန္ထုတ္ေဖာ္မိလွ်င္ ေနာက္ထပ္ သူရွာမေတြ႕နိုင္တဲ့ဟိုးအေဝးႀကီးကိုထြက္ေျပးသြားမွာေၾကာက္မိ၍ပင္ ။

" လူႀကီးမင္း "

ထိုအခါမွ အေတြးလြန္ေနတဲ့ ဧကရာဇ္ေမာင္ အသိျပန္ဝင္လာသည္ ။

" အာ ကိုယ္သသိလြတ္သြားတယ္ ... ဒါနဲ႕မင္းရဲ႕သားေလးကအေခ်ာေလးပဲ ... မင္းနဲ႕အရမ္းတူတယ္ "

" သူ႕မိခင္နဲ႕ပိုတူတာပါ "

" မိခင္ကေရာ "

" သူအျပင္ခနသြားတယ္ ... လူႀကီးမင္းထိုင္ပါဦး ... သားေလးကိုေပြ႕ခ်ီထားရတာ ေညာင္းေနေရာေပါ့ ... ကြၽန္ေတာ္မုန႔္ယူလာေပးမယ္ "

ခ်က္ခ်င္းပဲသူ႕အနားကေနေျပးထြက္သြားသည္ ။ ဒီလူသားကမုျဒာနဲ႕တူေပမဲ့ သူ႕ကိုယ္က ကိုယ္သင္းနံ႕မရတာရယ္ ကေလးမွာလဲမိခင္ရွိတယ္ဆိုတဲ့စကားၾကားၿပီး ဧကရာဇ္အနည္းငယ္ေတာ့ ဒြိဟျဖစ္သြားသည္ ။ မုျဒာတစ္ျခားတစ္ေယာက္နဲ႕မ်ား အိမ္ေထာင္ထပ္ျပဳသြားမလား စိတ္ပူလာသည္ ။

ဧကရာဇ္ေမာင္ စားပြဲဝိုင္းတစ္ခုမွာဝင္ထိုင္ၿပီး သူ႕အေပၚကမဆင္းတဲ့ကေလးေလးကိုလဲ ဆက္ၿပီးထိုင္ေနေစသည္ ။ သူ႕ရဲ႕အၾကည့္ေတြက မုန႔္ေတြကိုေ႐ြးခ်ယ္ေနတဲ့ဆိုင္ရွင္ထံေရာက္ေနၿပီး အၾကည့္မလႊဲနိုင္ျဖစ္ေနသည္ ။ ခနေနေတာ့ ဆိုင္ရွင္က မုန႔္မ်ိဳးစုံပါတဲ့ပန္းကန္ကိုယူလာၿပီး စားပြဲေပၚ ခ်ေပးလိုက္သည္ ။ ထိုအခ်ိန္မွာ ကေလးေလးက ကစားလာရလို႔ပင္ပန္းၿပီး ျပန္အိပ္ေပ်ာ္ေနေလၿပီ ။

" လူႀကီးမင္း သုံးေဆာင္ပါဦး ... သားေလးကိုျပန္ေခၚလာေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ "

" မင္းလဲ လုပ္စရာမရွိေသးရင္ထိုင္ပါလား ... ခနေလာက္စကားေျပာရေအာင္ "

အစကျငင္းဖို႔ႀကိဳးစားေပမဲ့ အေၾကာင္းျပစရာအလုပ္လဲမရွိေနေတာ့ ဆိုင္ရွင္က ဧကရာဇ္ရဲ႕မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္လိုက္သည္ ။ သူတို႔အၾကည့္စုံလိုက္တိုင္း ၾကာၾကာမစုံပဲ လႊဲသြားသည္ ။ စကားမေျပာပဲ အေတာ္ၾကာတိတ္ဆိတ္ေန၍ ဧကရာဇ္ေမာင္က သူ႕ကိုယ္သူ မိတ္ဆက္လိုက္သည္ ။

" ကိုယ့္နာမည္က ဧကရာဇ္ေမာင္ ... လုပ္ငန္းရွင္တစ္ေယာက္ပါ "

" ......... "

ထိုလူသားက ဘာမွျပန္ေျပာမလာပဲ ေခါင္းသာငုံ႕ထား၍ ဧကရာဇ္က ေမးလိုက္သည္ ။

" မင္းကိုယ့္ကို သိလား "

ထိုလူသားကေခါင္းရမ္းလာသည္ ။ ဧကရာဇ္က ျငင္းမယ္ဆိုတာသိေန၍ ဆက္ၿပီးေျပာလာခဲ့သည္ ။

" မင္းကေတာ့ ကိုယ္သိတဲ့တစ္ေယာက္ေယာက္နဲ႕အရမ္းကိုတူတယ္ "

မ်က္ႏွာက ပိုၿပီးေအာက္ငုံ႕သြား၍ မုျဒာကလိမ္ညာတဲ့ေနရာမေတာ္ဘူးဟု ဧကရာဇ္မွတ္ခ်က္ျပဳလိုက္သည္ ။ အခ်ိန္အေတာ္ၾကာ လြမ္းစြတ္မႈေတြနဲ႕အတူ ကမာၻပတ္ၿပီးရွာေဖြေနခဲ့တဲ့လူသားေလးအား ေတြ႕လိုက္ရခ်ိန္မွာ မလႊတ္တမ္းေပြ႕ဖက္ထားလိုက္ခ်င္တဲ့စိတ္ကိုမနည္းထိန္းထားရသည္ ။ ဟိုးအရင္ကလို အတင္းအၾကပ္မျပဳမူေတာ့ပဲ မုျဒာသူ႕ကိုလက္ခံလာတဲ့အခ်ိန္ထိ ေစာင့္ဖို႔ဆုံးျဖတ္လိုက္သည္ ။

" မုန႔္ေတြစားပါဦး "

မုျဒာထံကစကားသံထြက္လာေတာ့မွ ဧကရာဇ္ မုန႔္ေတြကိုယူစားလိုက္သည္ ။ အရသာက သူလြမ္းစြတ္ေနတဲ့ မုျဒာလုပ္ေပးေနက်မဳန႔္အရသာနဲ႕တစ္ထပ္ထည္းျဖစ္ေနသည္ ။ မုန႔္စားရင္းနဲ႕ သူက ကေလးနဲ႕ေတြ႕ခဲ့တဲ့အေၾကာင္းေတြကို ေျပာျပလိုက္သည္ ။

" ကေလးက လမ္းထိပ္မွာ သူ႕အ႐ုပ္ကားေလးကိုေမာင္းေနရင္း ကိုယ့္ကားနဲ႕တိုက္မိမလိုျဖစ္သြားတာ "

ထိုအခါ ထိုလူသားကစိုးရိပ္စြာျဖင့္ ေမးလာသည္ ။

" ကားနဲ႕ ... သားေလး တစ္ခုခုျဖစ္သြားေသးလား "

" စိတ္မပူပါနဲ႕ ... ကေလးကိုမထိခိုက္မိပါဘူး ... သူ႕ကားေလးေတာ့ပ်က္စီးသြားတယ္ ... အဲ့ဒါနဲ႕ကိုယ္လဲ သူလိုခ်င္တဲ့ကားတစ္စီးျပန္ဝယ္ေပးၿပီး ပန္းၿခံဘက္ခနေခၚသြားေပးတာ "

ထိုလူသားက သူနဲ႕မလွမ္းမကန္းမွာရွိေနတဲ့ ကားအႀကီးႀကီးကိုၾကည့္ၿပီးအံ့ဩသြားသည္ ။

" လူႀကီးမင္းဝယ္ေပးတာ အဲ့ကားလား "

" ဟုတ္ပါတယ္ ... ကေလးကလဲလိုခ်င္ေနေတာ့ ဝယ္ေပးလိုက္တာ "

" ေဈးမ်ားမဲ့ပုံပဲ ... ဝယ္မေပးလဲရပါတယ္ ... ကြၽန္ေတာ္ေငြျပန္ေပးပါ့မယ္ "

" မလိုပါဘူး ... ေစသနာနဲ႕ဝယ္ေပးတာ "

" အလကား မယူပါရေစနဲ႕ ... တန္ဖိုးေငြ ကြၽန္ေတာ္ျပန္ေပးပါ့မယ္ "

ထိုစဥ္ ဧကရာဇ္ရင္ခြင္ထဲကေန နိုးလာတဲ့ကေလးေလးက သူ႕ဖခင္အား ေစာင္းေစာင္းေလးၾကည့္ကာ ရန္ရွာေနေတာ့သည္ ။

" ပါပါး သားသားကားကားကိုျပန္ယူရဘူး ... ဦးဦးကသားကိုဝယ္ေပးထားတာ "

" လူစိမ္းေတြဆီကဆို ဘာပစၥည္းမွမယူရဘူးလို႔ ပါပါးေျပာထားတယ္ေလ "

" လူစိမ္းဟုတ္ဝူး ... ကုကုသူငယ္ခ်င္း "

" သား အဲ့လိုမေျပာရဘူးေလ "

ဆိုင္ရွင္က သူ႕သားကိုခ်က္ခ်င္းဆြဲေခၚၿပီး အခန္းထဲကိုသြားဖို႔ေျပာလိုက္သည္ ။ ကေလးေလးကလဲ သူ႕ကားအႀကီးႀကီးကိုပါယူကာ အခန္းထဲဝင္သြားေလသည္ ။

ဆိုင္ရွင္က ထသြားမည္ျပင္ေတာ့ ဧကရာဇ္ေမာင္က ထရပ္လိုက္ၿပီး လက္ကိုလွမ္းဆြဲလိုက္သည္ ။ ထိုအျပဳအမူေၾကာင့္ ထိုလူသား သိသိသာသာပင္ ထိတ္လန႔္သြားသည္ ။

" ခမ်ားဘာလုပ္တာလဲ ... ကြၽန္ေတာ္ခ်ေပးတဲ့မုန႔္က မလုံေလာက္ေသးလို႔လား ... လိုခ်င္တာရွိရင္ေျပာပါ "

" ကိုယ္လိုအပ္တာ မုန႔္မဟုတ္ဘူး ... မင္း "

" ဘာ ! "

" ကိုယ္ေျပာခ်င္တာက မင္းနာမည္ကိုေျပာတာ ... မင္းရဲ႕အေၾကာင္းေတြ ကိုယ့္ကို မိတ္ဆက္မေပးရေသးဘူးေလ "

" ကြၽန္ေတာ့ကို ပန္ကေလးလို႔ေခၚၾကတယ္ ... ဒီဆိုင္ကကြၽန္ေတာ့္ရဲ႕ဆိုင္ ... ကေလးေလးကကြၽန္ေတာ့္ရဲ႕သား ... ခမ်ားကားနဲ႕ကြၽန္ေတာ့သားကိုတိုက္မိမလိုျဖစ္ခဲ့ၿပီး ခမ်ားကိုယ္တိုင္ပဲ သားေလးကိုျပန္လာပို႔ေပးၿပီးၿပီဆိုေတာ့ ကြၽန္ေတာ္တို႔မွာဘာေက်းဇူးမွမရွိေတာ့ဘူးထင္တယ္ ... ကေလးရဲ႕ကားဖိုးကိုေတာ့ ကြၽန္ေတာ္တစ္ခါတည္းေပးလိုက္မယ္ ... မုန႔္ေတြကိုေတာ့ ခမ်ားသေဘာက်ရင္ယူသြားလို႔ရပါတယ္ ... ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ကို ထပ္ၿပီး မေႏွာက္ယွက္ပါနဲ႕ "

" ကိုယ္မင္းကို ဘယ္မွာေႏွာက္ယွက္ရေသးလို႔လဲ ပန္းကေလး ... ၿပီးေတာ့ ကားဖိုးကို ကိုယ္မယူဘူး ... မင္းျပန္ေပးခ်င္ရင္ တစ္ေန႕ကိုယ္ေတာင္းဆိုလာတဲ့အခါမွ ျပန္ေပးေပါ့ "

" ခမ်ားခုပဲ ကြၽန္ေတာ့ကို စိတ္အေႏွာက္အယွက္ေပးေနတယ္ ... ခမ်ားလက္ ကြၽန္ေတာ့ကိုဆြဲထားတုန္းပဲ "

" အာ ... မင္းကအထိမခံမွန္းကိုယ္မသိလို႔ပါ ေတာင္းပန္ပါတယ္ ... ဒါေပမဲ့ ကတ္စတန္မာတစ္ေယာက္ကိုေတာ့ မလာနဲ႕လို႔တားလို႔မရဘူးေလ ... မဟုတ္ဘူးလား ပန္းကေလး "

ဧကရာဇ္က လက္ကိုလႊတ္ေပးလိုက္ေတာ့ သိသိသာသာအေနာက္သို႔ဆုတ္ကာ ေရွာင္ဖယ္ေနသည္ ။ ဒီလိုအျပဳအမူေတြက ဧကရာဇ္ကိုပိုၿပီး စေနာက္ဖို႔တြန္းအားေပးေနသည္ ။

" ခမ်ားက ဒီဆိုင္ကို ကေလးလာပို႔ယုံပဲမဟုတ္လား ... ဒီလိုလမ္းေဘးကမုန႔္ေတြကို ခမ်ားႀကိဳက္မယ္လို႔ေတာ့မထင္ဘူး "

" ကိုယ္မႀကိဳက္ဘူးလို႔ ဘာေၾကာင့္ေျပာနိုင္တာလဲ ... မင္းကိုယ့္အေၾကာင္း သိေနလို႔လား "

" မ ... မသိဘူး ... ဒါေပမဲ့ ခမ်ားက မုန႔္မစားပဲ ကြၽန္ေတာ့ကိုပဲ ၾကည့္ေနတာေလ "

" ေၾကာက္လို႔လား "

ဧကရာဇ္ေမာင္က တေျဖးေျဖးအေရွ႕သို႔တိုးကပ္လာေတာ့ ထိုလူသားက အေနာက္သို႔ဆုတ္ခြာလိုက္ကာ သိသိသာသာကို ေရွာင္ဖယ္ဖို႔ႀကိဳးစားေနသည္ ။

" မင္းကစိတ္ဝင္စားစရာပဲ "

" ဘာ ... ဘာကိုစိတ္ဝင္စားတာလဲ "

ဧကရာဇ္က မုျဒာသူ႕အား ေၾကာက္႐ြံ႕ေနပုံေပၚေန၍ ဆက္ၿပီးဖိအားမေပးေတာ့ပဲ စကားလမ္းေၾကာင္းလႊဲလိုက္ကာ အေနာက္မွာ မုန႔္မ်ိဳးစုံထည့္ထားတဲ့ မွန္ပုံးေလးေတြကိုၫႊန္ျပလိုက္ၿပီး ...

" ဒီလိုမ်ိဳး အရသာရွိတဲ့မုန႔္ေတြအမ်ားႀကီးလုပ္နိုင္တာကိုေျပာတာပါ ... ကိုယ့္ကိုအထင္မလြဲပါနဲ႕ ... ကိုယ္ဒီကိုမလာခင္ကတည္းက မိတ္ေဆြတစ္ေယာက္က မင္းရဲ႕မုန႔္ေတြကိုလက္ေဆာင္ေပးလို႔ စားဖူးတယ္ ... အရမ္းလဲအရသာရွိတယ္ ... ဒါေၾကာင့္ကိုယ္တိုင္လာဝယ္တာ "

" ခမ်ားေျပာတာအမွန္ပဲလား "

" ကိုယ္ကလိမ္စရာလား ... ကိုယ္မျပန္ခင္ မုန႔္ေတြဝယ္ဦးမယ္ ... ၿပီးေတာ့ ေနာက္လဲလာဝယ္မွာမို႔ ကိုယ့္ကိုေတာ့ ႏွင္မထုတ္ပါနဲ႕ေနာ္ "

ဧကရာဇ္ေမာင္က ခ်က္ခ်င္းမ်က္ႏွာထားကိုေျပာင္းကာ အသနားခံလိုက္ေတာ့ ပန္းကေလးရဲ႕ဆက္ဆံပုံကလဲ ႏူးညံ့သြားသည္ ။

" ေကာင္းၿပီ ... ခမ်ားလိုခ်င္တဲ့မုန႔္ေျပာပါ "

" အရသာရွိမဲ့ဟာေတြ အစုံထည့္ေပး ... သူငယ္ခ်င္းေတြကိုလဲ လက္ေဆာင္ျပန္ေပးရမွာဆိုေတာ့ အစုံ ဆယ္ဘူးေလာက္ထုတ္ေပးပါ "

" ေကာင္းပါၿပီ ... ခနေစာင့္ပါ "

အလုပ္အတြက္ဆို သြက္လက္ကာ မ်က္ႏွာက႐ႊင္ျမသြားတဲ့ပန္းကေလးကိုၾကည့္ၿပီး ဧကရာဇ္ေမာင္ ၿပဳံးလိုက္သည္ ။ ပန္းကေလးဆိုတဲ့နာမည္နဲ႕လိုက္ေအာင္ မ်က္ႏွာေလးက ပန္းပြင့္ေလးလိုျဖဴစင္ကာ လွပေနသည္ ။

သို႔ေပမဲ့ ဧကရာဇ္ေမာင္ သူ႕အနားကပ္သြားခ်ိန္မွာ ဘာအနံ႕မွမရရွိေနတာကိုေတာ့ အံ့ဩမိသည္ ။ သူ႕လက္ကိုကိုင္လိုက္စဥ္က အထိအေတြ႕ေတြက ရင္းနီးေပမဲ့ သူထုတ္လႊင့္တဲ့ ဖယ္ရိုမုန္းေတြအေပၚ ဘာတုန႔္ျပန္မႈမွမရွိေပ ။ အမွန္တကယ္ ဘီတာတစ္ေယာက္နဲ႕တူေနသည္ ။

* ကုမုျဒာ မင္းကိုကိုယ္ရွာမေတြ႕တာမဆန္းေတာ့ပါဘူ ... မင္းကဘီတာအသြင္ေျပာင္းၿပီး ေနတဲ့အျပင္ နာမည္နဲ႕႐ုပ္အသြင္အျပင္အားလုံးကိုပါ ေျပာင္းလဲထားတယ္ ... ဆံပင္အရွည္ထားၿပီး အကၤ်ီလည္ပိတ္ေတြဝတ္ထားတာက မင္းရဲ႕လည္ဂုတ္ကအမွတ္အသားေၾကာင့္လား ... ၿပီးေတာ့ ကုမုျဒာဆိုတာကလဲ ပန္းကေလးတစ္ပြင့္ပဲမို႔ သူတို႔ကအတူတူပဲဆိုတာ ကိုယ္သိတာေပါ့ ... ကိုယ့္အတြက္ေတာ့ မင္းအသြင္ေျပာင္းေျပာင္း ျမင္ယုံနဲ႕မွတ္မိနိုင္တယ္မုျဒာ ... ဒါေပမဲ့မင္းက အပုန္းေတာ့ေကာင္းတယ္ ... ကိုယ္ ၄ ႏွစ္လုံးကမာၻပတ္ၿပီးရွာေနခဲ့တာေတာင္ ခုမွေတြ႕ရတယ္ ... ကိုယ္မင္းကိုျပန္ရေအာင္ႀကိဳးစားမွာမို႔ ေစာင့္ေနပါ ... ကိုယ့္လက္ကေန ေျပးမထြက္သြားပါနဲ႕ေတာ့ *

" ရပါၿပီလူႀကီးမင္း "

ထိုအခါမွ ဧကရာဇ္ေမာင္ အေတြးေတြျပန္ဝင္လာသည္ ။ မုျဒာကမ္းေပးလာတဲ့ဘူးကိုယူလိုက္ေတာ့ လက္ခ်င္းထိသြားၿပီး လွ်က္စစ္ကိုထိမိသလိုပူသြားေပမဲ့ ထိုလူသားေလးကေတာ့ ဟန္ေဆာင္ေကာင္းေနဆဲျဖစ္သည္ ။ ဧကရာဇ္က မုျဒာလက္ကို ဖမ္းမဆြဲမိေအာင္ စိတ္ကိုထိန္းရင္း ေမးလိုက္သည္ ။

" ဘယ္ေလာက္က်လဲ "

" တစ္ဘူးကိုတစ္ေသာင္းပါ "

" ကိုယ္ေငြသားနဲ႕မရွင္းပဲ ဘဏ္အေကာင့္ထဲထည့္ေပးလို႔ရမလား "

" ဟုတ္ ရပါတယ္ "

" မင္းရဲ႕နံပါတ္ေလးေရးေပးပါလား "

" QR Code ေပးပါ့မယ္ "

" ကိုယ္မရွက္တမ္းဝင္ခံရရင္ ဒီကိုလာေတာ့ပိုက္ဆံအိတ္နဲ႕ဖုန္းယူလာဖို႔ေမ့သြားတယ္ ... ဒါေၾကာင့္ကိုယ့္အတြင္းေရးမႉးကို လွမ္းၿပီးရွင္းေပးဖို႔ေျပာရမွာ ... မင္းနံပါတ္ထဲလႊဲေပးတာက ပိုအဆင္ေျပမယ္ထင္တယ္ "

ထိုအခါမွ သူ႕ရဲ႕နံပါတ္ကဒ္ျပားအား ထုတ္ေပးလာသည္ ။

" ေကာင္းပါၿပီ ... ဒါကြၽန္ေတာ့နံပါတ္ပါ "

ဧကရာဇ္ေမာင္က ကုမုျဒာဟာအၿမဲနံပါတ္တစ္မ်ိဳထဲသာသုံးေလ့ရွိၿပီး ဘဏ္အေကာင့္ကိုလဲ သူအၿမဲသုံးတဲ့ဖုန္းနံပါတ္နဲ႕သာဖြင့္ေလ့ရွိမွန္းသိသည္ ။ သူထြက္သြားေတာ့ သူ႕ရဲ႕အရာအားလုံးကို အခန္းထဲမွာထားသြား၍ ေျခယာခံမရေတာ့ေပ ။

ဒီတစ္နည္းကသာ မုျဒာရဲ႕နံပါတ္ကို ရရွိနိုင္မည္ျဖစ္သည္ ။ ခနေနေတာ့ ပိုက္ဆံလႊဲၿပီးေၾကာင္း စာဝင္လာသည္ ။ ဆိုင္ရွင္က ဝင္လာတဲ့ေငြပမာနကိုၾကည့္ၿပီး အံ့ဩသြားသည္ ။

" လူႀကီးမင္း နားၾကားမွာေနၿပီထင္တယ္ ... တန္ဖိုးက တန္းသိန္းပါ ... ခု ၁၀ သိန္းဝင္လာတယ္ "

" တကယ္ေတာ့ ကိုယ္ေနာက္လဲမင္းဆီအၿမဲလာဝယ္မွာမို႔ စရံႀကိဳေပးတဲ့သေဘာပါ ... ကိုယ္မင္းရဲ႕အၿမဲတမ္းေဖာက္သည္တစ္ေယာက္ျဖစ္ခ်င္တယ္ "

" အဲ့လိုမ်ိဳးလက္မခံပါဘူး ... ျပန္အမ္းေငြယူသြားေပးပါ "

" အဲ့လိုမ်ိဳးမလုပ္ပါနဲ႕ကြာ ... ကိုယ္မင္းဆိုင္ကိုေနာက္လဲလာဝယ္မွာမို႔ မင္းရဲ႕ေဖာက္သည္ျဖစ္ဖို႔ကိုယ့္ကိုအခြင့္အေရးေလးေတာ့ေပးပါ ... သူစိမ္းဆန္ဖို႔မလိုပါဘူး "

ဧကရာဇ္ေမာင္က ဘယ္ေလာက္ေျပာေျပာေခါင္းမာေန၍ လက္ခံလိုက္ရသည္ ။

" ေကာင္းၿပီ ... ေနာက္ဒီလိုမ်ိဳးႀကိဳတင္ေငြရွင္းေပးတာေတြမလုပ္ပါနဲ႕ ... ကြၽန္ေတာ့ဆိုင္ကအၿမဲတမ္း ဒီနားမွာရွိေနမွာပါ "

" ဒါဆို ကိုယ္ေနာက္ေန႕မွာျပန္လာခဲ့မယ္ ... ခုေတာ့သြားလိုက္ပါဦးမယ္ "

" ဟုတ္ကဲ့ ... အားေပးမႈအတြက္ေက်းဇူးတင္ပါတယ္ "

ဒီေန႕ေတာ့ ေတြ႕ဆုံယုံေလာက္နဲ႕ လက္ေလ်ာ့ၿပီး ျပန္လာခဲ့ေလသည္ ။ ေရွ႕တစ္လွမ္းတိုးတာထက္ ေနာက္တစ္လွမ္းဆုတ္ေပးတာက တစ္ဖက္လူရဲ႕ယုံၾကည္မႈကိုရရွိကာ သံသယကင္းမည္ပင္ ။

ကားေပၚေရာက္ေတာ့ ေဘာ္ဒီဂတ္က ေမးလာသည္ ။

" သခင္ႀကီး ဆိုင္ရွင္ကိုတစ္ေနရာရာမွာ ျမင္ဖူးသလိုပဲေနာ္ ... သူကိုသိေနတာလား "

" အင္း ... သူ႕ကငါ့ႏွလုံးသားထဲမွာ အၿမဲရွင္သန္ေနတဲ့သူေလ ... ခုေတာ့ပန္းကေလးအျဖစ္နဲ႕ သူ႕ရဲ႕သ႐ုပ္မွန္ကို ဖုန္းကြယ္ထားတယ္ "

" ဘုရားေရ ... သူကသခင္ေလးကုမုျဒာလား ... ဒါဆိုကေလးေလးက သခင္ငယ္ေလးေပါ့ ... ဒါေၾကာင့္ သခင္ႀကီးနဲ႕႐ုပ္အရမ္းတူေနတာကိုး မထူးဆန္းေတာ့ပါဘူး "

" မင္းဘယ္သူ႕ကိုမွ ေလွ်ာက္မေျပာမိေစနဲ႕ ... ငါသိေနမွန္းသူသိသြားရင္ ငါ့ကိုထပ္ၿပီးေရွာင္ပုန္းေနလိမ့္မယ္ "

" စိတ္ခ်ပါသခင္ႀကီး ... ဘယ္သူ႕ကိုမွ ေလွ်ာက္မေျပာပါဘူး "

* ကိုယ့္ဆီကေန ၄ ႏွစ္ေတာင္ထြက္ေျပးသြားတဲ့မင္းကို ေနာက္ထပ္ ထြက္ေျပးဖို႔ ခြင့္မျပဳနိုင္ေတာ့ဘူးမုျဒာ ... မင္းကိုယ့္ဆီကေန ေနာက္ထက္ဘယ္ကိုမွေျပးမထြက္ေစရဘူး ... ကိုယ္မင္းကို ပိုင္ဆိုင္ဖို႔အတြက္ ႀကိဳးစားမယ္ ... ခုေတာ့မင္းက ပန္းကေလးအျဖစ္နဲ႕ပဲ ကိုယ့္ကိုေစာင့္ေနပါ ... မင္းလက္ခံလာတဲ့ထိကိုယ္ႀကိဳးစားျပမယ္ *

.............................................................................................

To Be Continued ......

Pokračovat ve čtení

Mohlo by se ti líbit

114K 4.2K 65
'heart made of glass, my mind of stone' 'tear me to pieces, skin to bone' • season 3 & 4 • • sequel to ocean eyes • • book 2 of the rumpelstiltskin s...
2M 130K 78
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.3K 119 15
ကင်မ်ဆွန်မင်းက ကြွေရုပ်လေးလိုဘဲနူးနူးညံ့ညံ့နဲ့သိပ်လှပတာ...
5.7K 49 4
❝ you cannot break the broken ❞ ↳ (the hobbit, auj - botfa) ↳ (kili durin x fem!oc)