အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့...

By Tharaphy97

692K 116K 2.4K

The Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက... More

Story Description(Uni and Zawgyi)
ပြန်လည်​မွေးဖွားခြင်း 1.1
ပြန်လည်​မွေးဖွားခြင်း 1.2
2. အပင်များရှားပါးခြင်း
3. အလုပ် ရှာခြင်း
4. အိမ်ကို ​ခေါ်လာခြင်း
5.တသီးတခြား​နေခြင်း
6. လိင် အမျိုးအစား
7. အလုပ်
8. သီးသန့်
9. စတင်ခြင်း
10. ​လေ့ကျင့်ခြင်း
11. သူငယ်ချင်း
13. စက္ကန့်ပိုင်းအတွင်း အနိုင်ရခြင်း
14. စာအုပ်
15. မိုင်နဲ
16. ပစ္စည်း ဥစ္စာများ
17. အပင် ဌာန
18. အရှုံး​ပေးခြင်း
19. အိမ်​ပြောင်း ​နေထိုင်ခြင်း
Chapter 20
Chapter 21
Chapter . 22
Chapter 23
Chapter 24
Chapter 25
တနင်္လာနေ့ paid group စပါမယ်နော်
Hey guys!
Please Read !!!
Chapter 26 : တိုက်ခိုက်ခြင်း
Chapter 27 : ဒုတိယမြောက် အပင်ရရှိခြင်း
Chapter 28:ဧရာမခြင်္သေ့သားရဲ
Chapter 29.1 : ပြိုင်ပွဲ
Chapter 29.2 : ပြိုင်ပွဲ
Chapter 29.3 : ပြိုင်ပွဲ
Chapter 30 : ထွက်ခွာခြင်း
Chapter 31:အဖွဲ့လိုက် ပြိုင်ပွဲ အတွင်း...
Chapter 32 : လွှင့်ပစ်ခြင်း
Chapter 33 : အဆိပ်မိခြင်း
Chapter 34.1 : ​ပြောင်းပြန်ဖြစ်သွားတယ်
Chapter 34.2:ပြောင်းပြန်ဖြစ်သွားတယ်
Chapter 35 : ဆက်နွယ်ခြင်း
Chapter 36.1 Network တစ်ခုလုံး ဆဲဆိုကြခြင်း
36.2
Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း
Chapter 38 : အမှီလိုက်ခြင်း
Chapter 39 : ပုံမှန်!!!(Uni)
Chapter 39 : ပုံမွန္ !!! (ZG)
Chapter 40 : အစီအစဥ်
Chapter 41 : တတိယ​မြောက် အပင်
Chapter 42 : ပြင်ဆင်ခြင်း
Chapter 43 : ဖွင့်ပြောခြင်း
Chapter 44: တိုက်ခိုက်ခံရခြင်း
Chapter 45 : ဆင်းသက်ခြင်း
Chapter 46 : ဆက်သွယ်ခြင်း
Chapter 47.1 : စွမ်းအင် ပြန်လည်ရယူခြင်း
Chapter 47.2: စွမ်းအင်ပြန်လည် ရယူခြင်း
Chapter 48 :ထွက်ခွာခြင်း
အခန်း 49- ရောင်းဖို့မဟုတ်ဘူး
Chapter 50: ပူး​ပေါင်း ​ဆောင်ရွက်ခြင်း
Chapter 51: တွယ်ကပ်​နေခြင်း
Chapter 52 : မ​ကောင်းတဲ့ အကြံ
New Story!!! & Game!!!
Chapter 53 : သတိ​ပေးခြင်း
Chapter 54 : Live streaming
Chapter 55 : ​စောင့်ကြည့် စစ်​ဆေးခြင်း
Chapter 56 : ဖြေရှင်းခြင်း
Chapter 57 : သံသယရှိသူ
Chapter 58 : ​တွေ့၍ နှုတ်ဆက်ခြင်း
Chapter 59 : စတုတ္တ အပင်အား အသက်သွင်းခြင်း
Chapter 60 : အကုန်လုံး ရှုံးသွားတယ်
Chapter 61 : ထင်မြင်ချက်​ပေးခြင်း
Chapter 62 : Aဂြိုလ်ရဲ့ သတ္တုတွင်း
Chapter 63 : နဂါးပျံသားရဲ
Chapter 64 : ခရီးက အပြန်
Chapter 65 : အကျိုးသက်​ရောက်မှု
Chapter 66 :ပါတနာ အသစ်များ
Chapter 67 : ဖမ်းဆီးခြင်း
Chapter 68 :အိမ်ရှင်
Chapter 69 : လူစုခြင်း
Chapter 70 : အမ
Chapter 71 : ဖမ်းဆီးခြင်း
Chapter 72: ပြန်တိုက်ခိုက်ခြင်း
Chapter 73 : ရောက်ရှိခြင်း
Chapter 74 : နိုးထလာခြင်း
Chapter 75 : ဆက်နွယ်အပင်
Chapter 76 : ခြင်္သေ့ပျံ သားရဲ
Chapter 77 : ပဉ္စမမြောက် အပင်
Chapter 78 : အပြာရောင်ဂြိုလ်
Chapter 79 : တိုက်ခိုက်ခြင်း!!!
Chapter 80 : လေလံပွဲများ
Chapter 81 : လုပ်ဆောင်ချက်
Chapter 82 : ပူးပေါင်းဆောင်ရွက်ခြင်း
Chapter 83 : ဖွက်ထားခြင်း
Chapter 84 : ပြန်လည်တွေ့ဆုံခြင်း
Chapter 85 : သဘောတူညီချက်
Chapter 86 : ပင်လယ် သတ္တဝါကြီးများ
Chapter 87 : Coma
Chapter 88 : နှုတ်ဆက်ခြင်း
Chapter 89 : ကောက်ကျစ်တဲ့ အကြံဥာဏ်
Chapter 90 : သတင်းစာ ရှင်းလင်းပွဲ
Chapter 91 : စွမ်းအင်​တွေ အများကြီး ရခြင်း
Chapter 92: ကိုယ်ဝန်
Chapter 93: ဂုဏ်ယူပါတယ်!!!!
Chapter 94: ​မြေဝယ်ခြင်း
Chapter 95: ကျန်​သေးတဲ့ စွမ်းအင်
Chapter 96: ပြန်ယူခြင်း
Chapter 97: စွမ်းရည် မြှင့်တင်ခြင်း
Chapter 98: ဂြိုလ်သား သားရဲ​တွေ
Chapter 99: အ​လောင်း ​ဖျောက်ခြင်း
Chapter 100: ဆုံးဖြတ်ချက်
Chapter 101: ဝန်ထမ်း ခေါ်ယူခြင်း
Chapter 102 : စွမ်းအင်​တွေ ​​လျော့နည်းလာခြင်း
Chapter 103 : လူအများရှေ့ ချက်ပြုတ်ခြင်း
Chapter 104 :​ဖော်ထုတ်ခြင်း
Chapter 105: အ​လျော်​ပေးခြင်း
Chapter 106: ဘွဲ့ နှင်းသဘင်
Chapter 107: လက်ထပ်ခွင့် ​တောင်းခြင်း
Chapter 108: လက်ထပ်ပွဲ ကြိုတင် ပြင်ဆင်မှု
Chapter 109: လက်ထပ်ပွဲ
Chapter 110 :​နေ့တိုင်း
Chapter 111: ဘုရင်ကြီးဆီ က သင်ကြားခြင်း (Final)
Chapter 112: Extra One
Chapter 113: Extra Two
Chapter 114: Extra Three
​ကျေးဇူးတင်လွှာ
Hi👋👋👋
Hello
Attention Please!!!
Hello
Please!!!

12. ပြိုင်ပွဲစင်မြင့်

5.6K 1.1K 25
By Tharaphy97


ရှဲ့စန်း ကားခရီးသည်ထိုင်ခုံမှာ ထိုင်လိုက်ပြီး အပင်ဌာနရဲ့ စာ​မေးပွဲ အ​ကြောင်း​တွေး​နေမိသည်၊ သူ​မေးလိုက်သည်၊ " မ​နေ့က စာ​မေးပွဲ ​ဖြေခဲ့ရတယ် မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ဒီ​နေ့ထပ်သွားဖို့ လိုတာလဲ "

မိုင်နဲ လမ်း​ကြောင်းသတ်မှတ်လိုက်ပြီး ပြန်​ဖြေလာခဲ့သည်  " သတင်းအချက်အလက်ဌာနက စာ​မေးပွဲ ၃ရက် ​ဖြေရတယ် "

ရှဲ့စန်း စိတ်ထဲက​နေ တွေးလိုက်ပြီး ရယ်လိုက်သည် အဲ့ဒါဆို သူက သတင်းအချက်အလက်ဌာနက​ပေါ့ " ငါတို့ အပင်ဌာန စာ​မေးပွဲက တစ်မနက်တည်းနဲ့ ပြီးတယ် မင်းတို့ထက် လွယ်တဲ့ပုံပဲ "

မိုင်နဲ သူ့ကို စိတ်ရှုပ်​ထွေးတဲ့ မျက်လုံးနဲ့ကြည့်လာပြီး " ဌာနအားလုံးထဲမှာ အပင်ဌာနက အလွယ်ဆုံးပဲဆိုတာ မင်းမသိဘူးလား "

ရှဲ့စန်း နည်းနည်းကွယ်ပြီး ရယ်လိုက်သည်။ သူ ​မေ့သွားတာမဟုတ်ဘူး လုံးဝကို မသိတာ ။

ကားက ​ကျောင်းက ကားparkingမှာ ဆင်းလိုက်တဲ့အချိန် ရှဲ့စန်း ​ပြောလိုက်သည်  " ငါ့ စာ​မေးပွဲအခန်းက ​ဆောက်အအုံ ၈ မှာ  မင်းက​ ဘယ်မှာလဲ "

" ဆန့်ကျင်ဘက်မှာရှိတဲ့ အ​ဆောက်အအုံ ၁ မှာ "

" အဲ့ဒါဆို သပ်သပ်စီသွားရ​အောင် ငါ့ကားကို သွားကြည့်ဖို့ လို​နေ​သေးလို့ " ရှဲ့စန်း​ပြောလိုက်ပြီး  " အာ~~ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လဲကြရ​အောင် "

မိုင်နဲ ​ခေါင်းညိတ်လိုက်ကာ လဲလှယ်လိုက်ပြီး အရင်ထွက်သွားခဲ့သည်

သွားလာ​ရေး ​မြေပုံက​နေ ကားရဲ့တည်​နေရာကို ရှာ​တွေ့ခဲ့သည်  သူ့ကားက လမ်း​ပေါ်မှာ အ​တွေ့များတဲ့ ပုံစံရှိပြီး အပြာနု​ရောင်​လေးဖြစ်သည်  သွားရမယ့်​​နေ့ရာချမှတ်လိုက်ပြီး parkingက​နေ ထွက်လာခဲ့သည်  ​ကျောင်း​မြေပုံကို ဖွင့်လိုက်ပြီး စာ​မေးပွဲအခန်းရှိတဲ့ အ​ဆောက်အအုံ ၈ ကို ​မြေပုံအတိုင်း ​မောင်းသွားလိုက်သည်

သူ​ကျောင်းကို လမ်း​လျှောက်လာပြီး မကြာခင်မှာ ရှဲ့စန်း တစ်ခုခုမှား​နေ​ကြောင်း သတိထားမိလိုက်သည်  ဖြတ်သွားတဲ့ ​ကျောင်းသား​တွေက သူ့ကိုမြင်တာနဲ့လန်ုသွားကာ သူ့ကိုကြည့်ပြီး သူတို့အချင်းချင်း တစ်ခုခုကို တီးတိုး​ပြော​နေကြသည်

သူမပြတ်မသားကြားရတဲ့ စကား​တွေက " အထီးလဲမဟုတ်ဘူး အမလည်း မဟုတ်ဘူး "  "သတ်​သေတာ"  "အ​ဖော်လည်းမရှိဘူး"  "သူနဲ့ ​ဝေး​ဝေး​နေ"

သူ မျက်လုံးလှိမ့်လိုက်မိသည် 🙄🙄🙄 သူတို့စကား​တွေက လူတစ်​ယောက်ကို ​ပျောက်ကွယ်​အောင် လုပ်မိတယ်ဆိုတာ သူတို့မသိမှာစိုးတယ်

" ​ကောင်​လေး မင်းငါ့ကို ကြည့်ပြီး မျက်လုံးလှိမ့်ရဲတယ်​ပေါ့ " အနီရင့်​ရောင် ဆံပင်နဲ့ အရပ် ​ခြောက်​ပေ​ကျော်ရှိတဲ့ လူတစ်​ယောက်က ရှဲ့စန်း အ​ရှေ့မှာ လာပြီးရပ်​နေသည်။ သူ့အသံက ​ဒေါသထွက်​နေပုံ​ပေါ်သည်၊ လိ​မ္မော်ရာင်အင်္ကျီဝတ်ကာ ရင်ဘတ်​ပေါ်​အောင် ကြယ်သီးသုံးလုံးဖြုတ်ထားပြီး လူဆိုးဂိုဏ်းကဦ​လေးကြီးအ​ငွေ့အသက်​တွေ တစ်ကိုယ်လုံးအပြည့်ဖြစ်​နေသည်။

သူ့ရင်ဘတ်မှာ ဝံပု​လွေအမဲလိုက်​ခွေးပုံစံ တက်တူး(tattoo) ရှိပြီး သူက အထီးဆိုတာ ​သေချာသည်

ဒီလူက အရမ်းနီးကပ်​နေပြီး ရှဲ့စန်းက သူ့ထက် အရပ်ပု​နေသည်  ဒီပုံစံက ရှဲ့စန်းအတွက် အဆင်မ​ပြေဖြစ်​စေတဲ့အတွက် အ​နောက် တစ်လှမ်းဆုတ်ပြီး ရှင်းပြလိုက်သည်  " ငါ မင်းကိုကြည့်ပြီး မျက်လုံးလှိမ့်တာ မဟုတ်ပါဘူး "

အဲ့ဒီလူက ဆန့်ကျင်ဘက်ကို ​လျှောက်သွားပြီး သူ့​ရှေ့မှာ ရပ်လိုက်သည်  လူတစ်​ယောက်ချင်း သာမက စကား​ပြော​နေတဲ့ လူအုပ်ကြီးကို စိုက်ကြည့်လိုက်သည်  ဒီလူက သူ့အ​ရှေ့မှာ ရှိ​နေပြီး သူ့ကို ရည်ရွယ်ပြီး လုပ်တယ်လို့ နားလည်မှုလွဲသွားတာ ဖြစ်နိုင်သည်

" မင်းလုပ်တာကို ဝန်မခံရဲဘူးလား "  "မင်းကိုယ့်ကိုကိုယ် သတ်​သေခဲ့တာ​ကြောင့် ငါမင်းကို မထိချင်ဘူးဆိုတာ မင်း မသိဘူးလား မင်းငါ့ကို မျက်လုံးလှိမ့်ပြီး ကြည့်တာ အားလုံးသိကုန်ပြီဆို​တော့ မင်းနဲ့အ​ပေးအယူလုပ်ဖို့ ငါ့ကို သူတို့ ကူညီ​ပေးကြလိမ့်မယ် "

ရှဲ့စန်းအကူအညီမဲ့စွာနဲ့ " ငါမင်းကို မကြည့်ခဲ့ဘူးလို့ ​ပြောပြီးပြီ​လေ ဒါ​ပေမယ့် မင်းမှ မယုံတာ ဘယ်လိုလုပ်ချင်လို့လဲ "

" စာ​မေးပွဲပြီးရင် မင်းနဲ့ ပြိုင်ပွဲကွင်းပြင်မှာ ​တွေ့မယ် တစ်​ကျောင်းလုံးရဲ့​ရှေ့မှာ မင်းကို သင်ခန်းစာ​ပေးရမယ် အဲ့ဒါက မျှတတဲ့ တိုက်ပွဲပဲ မမျှတဘူး မ​ကျေနပ်ဘူး ခံစားရရင် ပြိုင်ပွဲပြီးတာနဲ့ ကိုယ့်ကိုကိုယ် သတ်​သေလိုက်လို့ရတယ် အဲဒါက ငါနဲ့ ဘာမှမဆိုင်ဘူး "

ရှဲ့စန်း သူတို့နှစ်​ယောက် ကို ယှဥ်ကြည့်လိုက်သည်  သူ့မှာနိုင်ဖို့ အခွင့်အ​ရေးမရှိနိုင်ဘူး ဒါ​ပေမယ့် အဲ့ဒီ့လူက ရက်စက်တဲ့ အကြည့်နဲ့ ကြည့်​နေခဲ့ပြီး သူသ​ဘောမတူခဲ့ဘူးဆိုရင် ဒီက​နေထွက်ဖို့ လွယ်မှာမဟုတ်ဘူး  အဲ့ဒါကိုစဥ်းစားပြီးတဲ့​နောက်မှာ သူ​မေးလိုက်သည် 

" မင်းမှာ ဆက်နွယ်သားရဲရှိလား "

" ရှိတာ​ပေါ့ မင်းလို အထီးလည်းမဟုတ် အမ လည်း မဟုတ်တဲ့လူ မှတ်​နေလား မင်းက ၁၈နှစ် ပြည့်ပြီး​တာ​တောင် ဆက်နွယ်သားရဲ မနိုးထလာ​သေးဘူး "

"မင်းရဲ့ ဆက်နွယ်သားရဲကို ​စော​စောရှာ​နိုင်ခဲ့တယ်​ပေါ့ အဲ့ဒါဆို မင်းရဲ့ ဆက်နွယ်သားရဲက အဆင့်မြင့်တဲ့ပုံ မ​ပေါ်ဘူး "

​ကောင်​လေးက သူ့စွမ်းရည်ကို ​မေးခွန်းထုတ်ခံလိုက်ရတဲ့အတွက် ​ဒေါသတကြီး ​အော်လိုက်သည်  "မင်း ဘာ​ပြောလိုက်တယ် "

ရှဲ့စန်း ကမ္ဘာပျက်ကာလအတွင်း သတ္တိနည်းပြီး ရက်စက်ကြမ်းကြုတ်တဲ့လူ မျိုးစုံ​တွေ့ခဲ့ဖူးသည်  သူလုပ်ခဲ့တာ မဟုတ်တဲ့အတွက် သူမ​ကြောက်ဘူး  သူ​ပြောလိုက်သည်

"ဘာပဲဖြစ်ဖြစ် မင်းက ဆက်နွယ်သားရဲနိုးထပြီးပြီဆို​တော့ ငါ့ထက် ပိုပြီး သန်မာမှာ​ပေါ့ "

" မင်းသိတယ်​ပေါ့ အဲ့ဒီ​တော့ ဘာလဲ မင်းအခု​ကြောက်​နေပြီလား " " ၁၂နာရီ ၁၅  ​ကျောင်းရဲ့  ပြိုင်ပွဲစင်မြင့်မှာ မင်းနဲ့ ပြိုင်ဖို့ စိန်​ခေါ်တယ် မင်းလက်ခံရဲလား "

" မင်းနဲ့တိုက်မယ်ဆိုရင် မင်းမှာ ဆက်နွယ်သားရဲရှိတဲ့အတွက် နှစ်​ယောက် တစ်​ယောက် တိုက်သလိုဖြစ်မ​နေဘူးလား တကယ်လို့ မင်းနိုင်သွားခဲ့တယ် ဆိုရင်​ ဂုဏ်သိက္ခာမရှိဘူး​နော် " ရှဲ့စန်းအသံက အထင်​သေးမှု​တွေရှိ​နေသည်

" မင်းနဲ့ပြိုင်ဖို့အတွက် ငါ့ရဲ့ဆက်နွယ်သားရဲကို ထုတ်ဖို့မလိုဘူး "

"အဲ့ဒါ မင်းရဲ့ ဆက်နွယ်သားရဲအဆင့်က နိမ့်​နေပြီး ငါနဲ့တိုက်ခဲ့ရင် မင်းရဲ့ဆက်နွယ်သားရဲ ရှုံးသွားမှာ​ ကြောက်​နေတာမဟုတ်ဘူးလား "

"လာ​နောက်​နေတာလား မင်းကို ရှုံးမှာ​ကြောက်​နေတယ် ဟုတ်လား ငါ့ရဲ့ဆက်နွယ်သားရဲက ​ရှေ့လက်နှစ်​ချောင်းသုံးရုံနဲ့တင် မင်းကို အနိုင်ယူနိုငိတယ် "

" ငါမယုံဘူး " ရှဲ့စန်း ပခုံးတွန့်လိုက်ပြီး " မင်းရဲ့ဆက်နွယ်သားရဲကို ငါနဲ့တိုက်ခိုင်းမယ်ဆိုရင် မင်းစိန်​ခေါ်တာလက်ခံတယ် "

"​ ​ကောင်းပြီ ၁၂နာရီ ၁၅ ​နော် ထွက်မ​ပြေးနဲ့ "

ရှဲ့စန်း သူ့လက်ကို ယမ်းပြလိုက်ပြီး " ​နေ့လည်ခင်းမှာ ​တွေ့မယ် "

သူက​အေး​​အေး​ဆေး​ဆေး တုံ့ပြန်လိုက်​တော့ သူ့​နောက်​ကျောကို ​ကြောင်​တောင်​တောင်နဲ့ စိုက်ကြည့်​​နေပြီး​နောက် ​ဒေါသထွက်စွာ​ ​ပြောလာခဲ့သည် " မင်းက ငါ့ကို အထင်​သေးရဲတယ်ဆို​တော့ ​နေ့လည်ကျရင် ငါ့အစွမ်းပြရ​သေးတာ​ပေါ့ "

ရှဲ့စန်း သူ့​နောက်က​​နေ လူ​တွေက ကြမ်းတမ်းတဲ့စကား​တွေ ​ပြော​နေခဲ့တယ်ဆိုတာ မသိခဲ့ဘူး  စာ​မေးပွဲ​ဖြေဖို့ ၁၀မိနစ်ပဲလို​တော့တယ် သူ​နောက်မကျချင်ဘူး ​ဘေးနားက​နေ တီးတိုးပြော​နေတာ​တွေကို ဂရုမစိုက်​တော့ပဲ စာ​မေးပွဲအခန်း ကို လမ်း​လျှောက်သွားခဲ့သည်

ကိုယ်​ရေးအချက်အလက် အတည်ပြုဖို့အတွက် လက်​ကောက်ကို ဝင်​ပေါက်မှာ ပွတ်ဆွဲလိုက်ပြီး အထဲဝင်လာခဲ့သည်  သူသတိထားမိတာက ဒီမှာ လူ အရမ်း မနည်းလွန်းဘူးလား

စာ​မေးပွဲ အ​ကြောင်းဖတ်လိုက်​တော့ ဒီစာ​မေးပွဲက ​ တစ်ခါတည်း အပြီး​ဖြေရမယ့် စာ​မေးပွဲဖြစ်သည်  သူ ​ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်  လူအ​ယောက် ၂၀၀​လောက်ဆန့်တဲ့ အခန်းထဲမှာ အ​ယောက် ​လေး၊ငါးဆယ်ပဲ ရှိ​နေသည်  ဖြစ်နိုင်တာက သူနဲ့ တစ်ချိန်ထဲ ​ရောက်​နေကြတာဖြစ်မယ်လို့ ကိုယ့်ဟာကိုယ်​တွေးလိုက်သည်

သူထိုင်ခုံရှာပြီး ထိုင်လိုက်တာနဲ့ စာသင်ခန်းထဲမှာ ရုတ်တရက် တီးတိုး​ပြောသံ​တွေ ထွက်လာခဲ့သည်  သူတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ သူ့ညာဘက်မှာရှိတဲ့လူက အ​နောက်ဘက်တန်းကို သွားပြီး စကား​ပြော​နေသည် 

​ကျောင်းသားက အကြည့်ချက်ချင်း​ရွှေ့လိုက်ပြီး သူ့ခုံမှာ သူပြန်လာထိုင်တဲ့ပုံက  "ငါ ဘာမှမ​ပြောခဲ့ဘူး​နော် "

ရှဲ့စန်း သူ့ပုခုံးတွန့်လိုက်ပြီး လျစ်လျူရှုလိုက်သည်

" မင်း ခန္ဓာကိုယ် အဆင်​ပြေရဲ့လား "  ဆရာက သူ့စီလမ်း​လျှောက်လာပြီး နူးညံ့တဲ့အသံနဲ့ ​မေးလာသည် 

ရှဲ့စန်း ​ခေါင်းမြန်မြန် ညိတ်ပြလိုက်သည် " ဟုတ်ကဲ့ စိုးရိမ်​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် "

အံ့အားသင့်မှုတစ်ချို့ ဆရာ့မျက်လုံးထဲ ​ပေါ်လာပြီး ​နွေး​ထွေးတဲ့အသံနဲ့ ​ပြောလာခဲ့သည်  " ​ကောင်းတယ် အနာဂတ်မှာ ဘာပဲလိုလို ဆရာ့စီ လာ​ပြောလို့ရတယ်​နော် မင်းက ငယ်​သေးတယ် စိတ်လိုက်မာန်ပါ မလုပ်မိ​စေနဲ့ "

" အင်း ကျွန်​တော်သိပါပြီ " ရှဲ့စန်း ​ခေါင်းညိတ်ပြလိုက်သည် သူက ​ကျောင်းသား​ကောင်း တစ်​ယောက်ပါ​နော်

သူ သူ့ကို စကား​ပြောတဲ့အချိန်မှာ အရင်တုန်းကလို မည်း​မှောင်​နေတဲ့အသွင်အပြင် မရှိ​တော့တဲ့အပြင် တိတ်ဆိတ်မ​နေ​တော့ဘဲ သူ့မျက်နှာအမူအရာ တည်ငြိမ်​​နေတာ မြင်ရ​တော့မှ ဆရာစိတ်ချသွားပြီး စာ​မေးပွဲအတွက် ပြင်ဆင်ဖို့ စင်​ပေါ်တက်လိုက်သည်

စာ​မေးပွဲ​ဖြေရမယ့်အချိန်​ ရောက်လာတာနဲ့ စတားနက်​ဝေါ့​ပေါ်က အဆက်အသွယ်​တွေ အကုန်ဖြတ်ချလိုက်သည် ပြီး​နောက် စားပွဲ​ပေါ်က LED မျက်နှာပြင်​ပေါ်မှာ ​မေးခွန်းစာရွက်​တွေ ​ပေါ်လာခဲ့သည်

​ဖြေဆိုသူ​တွေရဲ့ အချက်အလက်​တွေက စာရင်းသွင်းပြီးသားဆို​တော့ အ​ဖြေကို တိုက်ရိုက်ချ​ရေးနိုင်သည်

ရှဲ့စန်း စာ​မေးပွဲ​မေးခွန်းကို ကြည့်လိုက်သည် တစ်ချို့​မေးခွန်း​တွေက အပင်ဌာနက စာ​မေးပွဲ​တွေဆိုတာ မယုံနိုင်ဘူး ​မေးခွန်းစာရွက်က အ​ခြေခံ​မေးခွန်းနဲ့ ခက်ခဲတဲ့​မေးခွန်း ၂ပိုင်းခွဲခြားထားပြီး တစ်ပုဒ်ကို ၄မှတ်ကနေ ၆မှတ်အထိရှိသည် 

အ​ခြေခံ​မေးခွန်း​တွေက ပုံ​တွေကြည့်ပြီး အမျိုးအစားခွဲရတာဖြစ်သည်  အဲ့ဒါ​တွေက ကမ္ဘာ​ပေါ်မှာ ​တွေ့​နေကြ သာမန်ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ​တွေဖြစ်ကြပြီး အမျိုးမျိုး​သော ချုံနွယ်များပါဝင်သည် ဒီ​မေးခွန်း​တွေက ​ခေတ်သစ် မူလတန်း ​ကျောင်းသား​လေး​တွေ​တောင် တစ်ဝက်​လောက်မှန်​အောင် ​ဖြေနိုင်​လောက်သည်

ခက်ခဲတဲ့​မေးခွန်း​တွေက​တော့ နည်းနည်း​လေး ခက်ခဲသည်  ​ဂေါ်ဖီထုပ် လိ​မ္မော်ပင် ​ခေါင်း​လောင်းပန်း စတာ​တွေရဲ့  အပင်စိုက်ပျိုးမှု မြေဆီလွှာ၊ ​ရေ၊ ​နေ​ရောင်ခြည် စတာ​တွေနဲ့ ပတ်သက်ပြီး​ဖြေကြရသည်

ရှဲ့စန်းဟာ အပင်စိုက်ပျိုးသူအ​နေနဲ့ အလုပ်လုပ်ဖူးတဲ့အတွက် ​ခေါင်း​လောင်းပန်းအ​ကြောင်း ​ကောင်း​ကောင်းနားလည်ထားသဖြင့် ပန်းနဲ့ ပတ်သက်ပြီး ပြည့်စုံတဲ့အ​ဖြေကို ​ဖြေ​ပေးခဲ့သည်

ရှဲ့စန်းက ကွက်လပ် တစ်ခုမှမရှိ​အောင် ​ဖြေဆိုနိုင်ခဲ့သည်

သူအ​ဖြေ​တွေ ပြန်စစ်ပြီးတဲ့​နောက်မှာ [ပြန်အပ်မည်] ဆို​သော ခလုတ်ကိုနှိပ်လိုက်ပြီး အ​ဖြေစာရွက်အပ်ပြီးတာ ​သေချာတာနဲ့ စာ​မေးပွဲအခန်းထဲက​နေ ထွက်လာလိုက်သည်

" Wow~~~ သူ့အ​ဖြေစာရွက်ကို မြန်မြန်ထပ်သွားတယ် သူစာရွက်အလွတ်ကြီး ထပ်လိုက်တာလား "

"ဘယ်လိုလဲဟ "

ရှဲ့စန်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်  လူငယ်​တွေက ချစ်ဖို့တစ်ခုပဲ စဥ်းစား​​နေကြတယ် သူ့​အ​ဖြေလွှာက အပြည့်ပဲ​လေ ဘာကို စာရွက် အလွတ်ကြီးလဲ အဓိပ္ပါယ်မရှိလိုက်တာ

သူနာရီကြည့်လိုက်သည်  အခုမှ ၁၁နာရီခွဲပဲ ရှိ​သေးသည် သူ ​မြေပုံဖွင့်၍ ကန်တင်းရှာလိုက်ကာ ကြယ်ဒင်္ဂါး၁၀ပြားတန် အသင့်စား အစားအစာကို ဝယ်လိုက်ပြီး ​ထောင့်မှာ ထိုင်စားလိုက်သည်

"မင်းသိပြီးပြီလား အပင်ဌာနက အမှိုက်​ကောင်ရှဲ့ နဲ့ တိုက်ခိုက်​ရေးဌာနက အားမုံ့  ​နေ့ခင်းကျရင် တိုက်ကြမလို့တဲ့ "

" တကယ်ကြီးလား သူ(XS)​သေလမ်းရှာ​နေတာ မဟုတ်ဘူးလား "

" အဲ့တာ အမှန်ပဲ အားမုံ့က  'သူ ရှဲ့စန်းကို ပညာ​ပေးဖို့ အဆင်သင့်ဖြစ်​နေပြီ အားလုံး သွားပြီးကြည့်နိုင်တယ်လို့ ​ကျောင်းpageမှာ post တင်ထားတယ် "

"အမှိုက်ရှဲ့ သွားရဲမှာ မဟုတ်ဘူးလို့ ငါ​လောင်းတယ် "

" ငါလည်း သူသွားရဲမှာ မဟုတ်ဘူးလို့ ​လောင်းတယ် "

" သူ့ကိုယ်သူ သွားဖို့ ကတိ​ပေးထားတယ်လို့ ကြားတယ် သူသွားလိမ့်မယ်လို့ ငါ​လောင်းတယ် "

" ​ကျောင်း forum မှာ သွား​လောင်းလိုက်ဦးမယ် "

ရှဲ့စန်း မျက်လုံးပင့်သွားသည် ဒီဟာက ပိုက်ဆံရှာဖို့ အခွင့်အ​ရေးပဲ

သူတိတ်တိတ်​လေး forumဖွင့်လိုက်ပြီး ​လောင်းကစားလုပ်တဲ့​နေရာကို ကြည့်လိုက်သည် အများဆုံး​လောင်း​ကြေးက ၂၀၀၀ဖြစ်ပြီး သူ သ​ရေကျမယ်လို့ ​လောင်းထားသည် ​ကျောင်းက မတားတာ အံ့သြစရာမရှိဘူး သူ့လက်ကျန်​ငွေစစ်ကြည့်​တော့ သူ့မှာ ​လေးရာ​ကျော်ကျန်​နေ​သေးတာ​တွေ့ရသည် forumမှာ ငါးမိနစ်​လောက်ရှာကြည့်​တော့ တစ်က​နေ တစ်ရာအထိ တိုးလာ​နေဆဲဖြစ်သည် သူ့လိပ်စာမှတ်စုကို ဖွင့်ပြီး 'လူ​​ချော​လေး' လို့မှတ်ထားတဲ့ သူစီ စာပို့လိုက်သည်

[မင်း ငါ့ကို ကြယ်ဒင်္ဂါး ၁၆၀၀​လောက် ​ချေးလို့ရမလား ဒီ​နေ့ ​နေ့လည်ပြီးရင် နှစ်ဆပြန်​ပေးမယ်​လေ \\ (^ o ^)/~.]

__________________________________________

ဖတ်​ပေးတဲ့ သူနဲ့ vote​ပေးသူ အားလုံးကို ​ကျေးဇူးတင်ပါတယ် 😊😊😊

5.7.22

ကိုယ်နေလို့ သိပ်မ​ကောင်းဘူး ဖြစ်​နေလို့ပါ  ၅ပိုင်းပြည့်​အောင်​တော့ တင်​ပေးမှာပါ အားလုံး ကျန်းမာ​ရေး ဂရုစိုက်ကြပါ 😊😊

Zawgyi version

                 12. ပြိုင်ပွဲ စင်မြင့်

























































"ဘယ်လိုလဲဟ "













__________________________________________


5.7.22


Continue Reading

You'll Also Like

7.6K 1K 45
•Both Unicode And Zawgyi •Type Web Novel (CN) •Genre Adventure Comedy Shounen Ai Xuanhuan Yaoi •Author(s) Xī Zǐxù 西子绪 •Status in COO 92 chapters + 7...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
43.7K 5.8K 14
Title - THE TYRANT'S BELOVED EMPRESS Type - WEB NOVEL Author - 绣生 / Xiu Sheng Origina...
90.4K 15.5K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ