Vegas x Pete (official side s...

By NaNa-DH

146K 11.4K 1.2K

KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side story လေးပါ. I got the permission... More

Ep 1 (Edited)
Ep 2 (part A)(Edited)
Ep 2 (B) - Edited
Ep 3(A) (Edited)
Ep 3(B) (Edited)
Ep 04 (Edited)
Spoiler Alert
Ep 5 (Edited)
Ep 6 (Edited)
Ep 7 (Edited)
Ep 8 (Edited)
Ep 9🚨 (Edited)
Ep 10🚨🚨 (Edited)
Ep 11 🚨 (Edited)
Ep 12 🚨🚨(Edited)
Ep 13 🚨🚨(Edited)
Ep 14(Edited)
Ep 15 (Edited)
Ep 16 (Edited)
Ep 17 (Edited)
Ep 18 (Edited)
Ep 19 🚨🚨(Edited)
Ep 20 (Edited)
Ep 21(Edited)
Ep 22(Edited)
Ep 23(Edited)
Ep 24(Edited)
Ep 25(Edited)
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35🚨🚨
Ep 36
Ep 37
Ep 38
Ep 39
Mm Translator's Note
Ep 40
Ep 41
Ep 42 🚨
Ep 43
Ep 44
Ep 45
Ep 46
Ep 47
ETran's Note about Series & Novel
Ep 48
Ep 49
Ep 50
Ep 51
Ep 52
Ep 53
Ep 54 ဇာတ်သိမ်းပိုင်း
Extra 2
Extra 3 (A) 🚨
Extra 3(B) Final
Happy News :-)
New Story EP 01🚨🚨
About New Story
😁Great News😁
NewStory Ep 02
NewStory Ep 03🚨
NewStory Ep 04
NewStory Ep 05 💡
NewStory Ep 06
NewStory Ep 07💡
NewStory Ep 08
NewStory Ep 09
NewStory Ep 10(A)
NewStory 10(B)
NewStory Ep 11
NewStory Ep 12(A)
NewStory Ep 12(B)
NewStory Ep 13
NewStory Ep 14
NewStory Ep 15 🚨
NewStory Ep 16 - Final

Christmas Special Extra 1

1.7K 113 6
By NaNa-DH

((ဒီ extra 3ပိုင်း လေးကို မူရင်း
စာရေးဆရာ DAEMI က VegasXPete Fan တွေအတွက် လက်ဆောင်ရေးပေးခဲ့တာမို့
မူရင်းဝတ္တုလမ်းကြောင်းကို အနဲငယ်
ခွဲထွက်ထားပါတယ်..ဆိုလိူတာက Venice ပေါက်စလေး မပါ ပါဖူး))

Pete's Pov

"မဖြစ်ဖူး!! ကိုယ် လုံးဝ မင်းကိုလက်မလွှတ်နိုင်ဖူး!!"

Vegas က ရေချိုးခန်းထဲကနေ အသံကုန်အော်နေတော့ ကျတော်သက်ပြင်းသာ ချမိတော့သည်..
သူဒီလိုငြင်းမယ်ဆိုတာ ကြိုသိပီးသားပါပဲ... စိတ်ကောက်နေမဲ့ Vegas နဲ့ နားထဲကသွေးထွက်လာတော့မတတ်ဆူပူနေမဲ့ အကိုလေးKhun... သူတို့နျောက်မှာ ဘယ်သူ့ကို ကျတော်ပိုကြောက်မယ်ထင်လဲ???
အကိုလေး Khun ဆိုတာ သေချာတာပေါ့ဗျာ!!! သူလိုချင်တာ မရရင်
မုန်တိုင်းဝင်သွားသလို သောင်းကျန်း
တတ်တာ လူတိုင်းအသိပဲမလား!!
<<Pete က ပင်မအိမ်က
သက်တော်စောင့်လည်းမဟုတ်တော့တဲ့အပြင် Vegas ရဲ့ wifey ပါဖြစ်နေပီမို့ *သခင်လေး* မသုံးတော့ပဲ *အကိုလေး* ဆိုပီးပြောင်းသုံးမယ်နော်>>

အခု ကျတော် Vegas နဲ့ တစ်အိမ်
တည်းနေ လာတာ ၂လရှိခဲ့ပီ... ပထမအပတ် စ နေတုန်းကဆိုရင်
အကိုလေးKhun က လက်အောက်ခံစံအိမ်ကို နေ့တိုင်းမပျက်မကွက်ကိုလာပီး သူနဲ့အတူပြန်လိုက်လာဖို့နားချခဲ့တာ... လာတိုင်း အာပေါက်မတတ် ငြင်းလွှတ်ရတာ ရူးသွားတော့မတတ်ပဲ!!

"အကျိုးအကြောင်း ရှင်းပြဖို့ကို ငါတအားပျင်းလွန်းနေပီ"

ပင်ပန်းလွန်းတာမို့ ဆိုဖာပေါ်မှာခြေ
ပစ်လက်ပစ်သာထိုင်ချလိုက်တော့
၏... အကိုလေးKhun ကလည်း
ကျတော့ကို နားလည် မပေးနိုင်သလို Vegas ကလည်း ကျတော့်ကို မသနားဖူး... အခု ကျတော့်အဖြစ်က အရူးတျောက်ဆီကနေ တခြားတျောက်ဆီကို ကူးပြောင်းလာရသလိုပါပဲ..
သူတို့က တကယ်ကို လက်လန်ခွက်လန်တွေရယ်...
အဝေးကိုထွက်ပြေးသွားပီး ကျတော့်ကို ရှာမတွေ့တော့မှ အဲ့၂
ယောက် ရင်ကွဲနာကျပီး သေကြပစေလေနော်....
တကယ်ရူးပီး သေသွားကြပါစီဗျာ!!

ဘာလို့ငါ့ဘဝက ဒီလိုဖြတ်သန်းနေရတာလဲ?? တစ်ရက်မှာ ငါသေချာ
ပေါက် ထိုင်းနိုင်ငံရဲ့ အကြီးဆုံး စိတ်ရောဂါကုဆေးရုံရောက်မှာပဲ!! အခုဆို ငါ့ mood တွေက လည်း အ
စွန်းရောက် တစ်ယောက်လို ဖြစ်လာနေပီ!! အဲ့တာကြောင့်မို့ ကျေးဇူးပြုပီး ငါ့အပေါ် အပြုအမူတွေလည်း
ဆင်ခြင်ပေးကြပါ!! သနားကြပါအူး!!

"မင်းမလိုက်နိုင်ဖူးလို့ သူ့ကိုပြန်ပြောလိုက်!! ကိုယ့်ကို တစ်ပတ်ကြီးများတောင် ထားခဲ့မှာ မင်းရူးနေပီလား ?? မင်းမရှိပဲ ကိုယ်ဘယ်လိုနေရမှာလဲ?? ကိုယ့်အတွက်ကော ထဲ့စဉ်းစားပေးရဲ့လား Pete??"
Vegas ဒီနေ့ ပင်မအိမ်တော်နဲ့ မျက်နှာချင်းဆိုင် မိသားစု အစည်းအဝေးသွားဖို့ရှိတော့ ရေချိုးခန်းထဲက ထွက်လာပီး အဝတ်အစားလဲပြင်ဆင်နေရင်း
ပါးစပ်ကလည်း အဆက်မပြတ် ပွမ်နေတော့တာ...

"ဒါပေမဲ့ အကိုလေးKhun က ငါမ
လိုက်ခဲ့ရင် မင်းအိမ်ကို မီးတင်ရှိူ့မဲ့တဲ့... အဲ့တော့ ငါဘယ်လိုလုပ်ရတော့မှာလဲ??"
မျက်ခုံးပင့်ပြရင်း သူ့ကိုမေးကြည့်တော့ -

"အကိုကြီးက အရူးလား?"
Vegas က အဝတ်ဝတ်နေရင်း ခါး
မတ်မတ်ရပ်ကာ ပြန်မေးလာတယ်..

"မင်း ဒါကိုမေးနေစရာလိုသေး
တယ်လား? သူက မင်းရဲ့ အကိုကြီးပဲလေ"
ဆိုဖာပေါ်ခေါင်းမှီချပီး မျက်နှာကြက်ကိုပဲ စိတ်ပင်ပန်းစွာ မော့ကြည့်နေလိုက်သည်..

"ကိုယ်မင်းကို မလွှတ်ပေးန်ုင်ဖူး!! မင်း ပင်မအိမ်နဲ့ ခရစ်စမတ်ဆင်နွဲခဲ့ဖူးတာပဲကို"
Vegas အသံက နောက်ဆုံးပိုင်းတွေမှာ တီးတိုးရေရွတ်နေသလိုမျိုးလေးပဲ..

"အကိုလေးKhun က ခရစ်စမတ်ကို သူနဲ့အတူ ပင်လယ်ကမ်းခြေမှာ ဆင်နွဲရမယ်တဲ့... ငါငြင်းလိုက်ရင် သူဘယ်လောက်တောင် ရူးရူးမိုက်မိုက်တွေ လုပ်မယ်ထင်လဲ? ငါတကယ်စိတ်ပျက်နေပီ"

ခေါင်းကိုစိတ်ပျက်လက်ပျက်ခါရင်း ဆိုဖာကိုခေါင်းနဲ့ဆောင့်နေမိတော့သည်.. Vegas က အပေါ်ပိုင်းဗလာ နဲ့ ရုတ်တရက် ကျတော့်ခြေထောက် ၂ချောင်းကြား လာရပ်တော့ လန့်ပီးမော့ကြည့်မိကာမှ သူ့ဗိုက်က ကြွက်သားတွေကိုကြည့်ရင်း မျက်နှာပူလာကာ အကြည့်လွဲမိတယ်...

"ဘာဖြစ်တာလဲ ဘေဘီ? ညတိုင်း မင်းတွေ့နေကျပဲလေကွာ"
Vegas က နှုတ်ခမ်းတဖက်တွန့်ကာ ပြုံးရင်း ကျတော့်ခေါင်းပေါ်သူ့လက်တဖက်တင်ထားရင်း တခြားတဖက်က သူ့ဗိုက်ကကြွက်သားတွေပေါ် ပွတ်ပြနေသည်..

"ခွေးကောင်!!"

ကျိန်ဆဲလို့တောင်မဆုံးသေးခင်မှာပဲ Vegas က ခေါင်းငုံ့လာကာ နှုတ်ခမ်းကို ပြင်းပြင်းပြပြ ဆွဲစုပ်နမ်းလာသည်..
ဒါတွေလုပ်နေဖို့ အချိန်ကောင်း
မဟုတ်ဖူး ခွေးကောင်စုတ်ရဲ့!!
အသက်ပါရှူမရတော့တာမို့ သူ့ကို မနဲတွန်းထုတ်ပစ်ရတယ်..

အကိုလေးKhun တို့က မနက် ၅ နာရီ ခရီးစထွက်မှာမို့ ဒီနေ့ညနေ သူ့ကို အဖြေပေးရမှာ..
အလကားရယ်ပါ!! ကျတော်ဘာပြောပြော မနက် ၅နာရီ အိမ်ပေါက်ရှေ့ ရောက်လာအူးမှာပဲ..

"ကျေးဇူးပြုပီး မသွားပါနဲ့ကွာ"

Vegas က ကျတော့်ခေါင်းကို ကိုင်ထားကာ ရှေ့တိုးနောက်ငင် လုပ်နေတယ်.. သူ့ပုံစံက ရိုးသားတယ်ထင်ရ
နိုင်ပေမဲ့ Vegasအငယ်ကောင်က ကျတော့်မျက်ခွက် တဲ့တဲ့မှာလေ!!! ဘောင်းဘီတော့ ဝတ်ထားပေမဲ့ ဒီအနေအထားကြီးက ၂ယောက်စလုံးနဲ့ တအားရင်းနှီးပီးသားပုံစံ...
ကျတော့်နားရွက်ဖျားတွေရဲတက်လာတာကို တွေ့သွားတဲ့ Vegas ထံက ရီသံထွက်လာတော့မှ -

"ကျွဲစုတ်!!"
သူ့ဗိုက်ကို လက်သီးနဲ့ ဖွဖွထိုးပီး ခေါင်းပေါ်က သူ့လက်ကောက်ဝတ်ကိုဆွဲကာ ဆိုဖါပေါ်ဆွဲချထိုင်ခိုင်းလိုက်တယ်..

"ဟက်!! ဆောရီး ဘေဘီ!! မင်းအနားကပ်မိရင် အဲ့လိုမျိုးလုပ်မိတာ အကျင့်ပါနေလို့!"

"ဒီကိစ္စနဲ့ ပက်သတ်ရင် အရှက်ကိုမရှိဖူး မင်းက!!"
ဘေးနားက နောက်မှီခေါင်းအုံး ကိူဆွဲယူကာ သူ့ခေါင်းကို ထုချပစ်တော့ သူက ခေါင်းအုံးကိုလက်ထဲကနေ ဆွဲယူ အဝေးကိုလွှင့်ပစ်လိုက်တယ်.. အခုတော့ ကျတော့်လက်၂ဖက်ကလည်း ဆွဲချုပ်ခံလိုက်ရပီ..

သူ့ကိုပါးစပ်က ဆူနေပေမဲ့ လက်တွေကိုတော့ Vegasစိတ်တိုင်းကျ ချုပ်ခွင့်ပြုထားသည့်အပြင်လက်ဖမိုးတွေကို ဘယ်ပြန်ညာပြန် တရှူံ့ရှူံ့နမ်းနေတာကိုလည်း ကြည့်ပဲ ကြည့်နေလိုက်သည်..
ဘယ်နှစ်ကြိမ်လောက် နမ်းနေတာလဲမသိ!! အနဲဆုံး ၁၀ကြိမ်တော့ရှိပီ!!!
သူအခုလို ယုယပြနေတာ ကျတော့်ကို ပိုစိတ်ဖိစီးလာစေတယ်... ဘယ်လိုလုပ် တစ်ပတ်တိတိ သူနဲ့ ခွဲနိုင်တော့မှာလဲ???

Vegas ကိုမာ ဝင်ခဲ့ပီးနိုးလာခဲ့ကတည်းက ကျန်တဲ့ဘဝတစ်
လျှောက်လုံးသူနဲ့ပဲ ကုန်ဆုံးတော့
မယ်လို့ကတိပေးပီးသား... Vegas ကုမ္ပဏီသွားရင် လိုက်သွားတယ်၊ သူကျောင်းသွားရင်လည်း လိုက်စောင့်ပေးတယ်၊ တနေ့ ၃နပ် တနပ်မှမ
လွှတ်စေပဲ အတူတူစားကြတယ်... တခါတလေ အကိုလေးKhun ဂျီကျလို့ ပင်မအိမ် သွားလည်ပေးရရင်
လည်း နာရီပိုင်းပါပဲ.. Vegas က ညနေရောက်တာနဲ့ ချက်ချင်းလာခေါ်ပေးတာ... ဝန်ခံရရင် နျောက်သားက တစ်ရက်လေးတောင် ခွဲပီး မနေဖူးဘူး...

"ငါနဲ့လိုက်ခဲ့မလား ဟင်? အကိုလေးKhun ကလည်းမင်းကို ဖိတ်ခိုင်းလိူက်တယ်"

"ကိုယ်ဘလိုလုပ်လိုက်နိုင်မှာလဲ? ကုမ္ပဏီမှာ အလုပ်တွေကပုံနေတာ"
Vegas က ပြန်ဖြေပီး သူ့ရင်ခွင်ထဲ ကျတော်ပြိုကျသွားတဲ့အထိ လက်ကောက်ဝတ်ကနေဆွဲချလိုက်သည်..

Vegas အကြောင်းပြချက်ကို နှာတချက်ရှူံ့လိုက်ရင်း -
"ကုမ္ပဏီက ခရစ်စမတ်တောင်ပိတ်မှာမဟုတ်ဖူး.. ဟုတ်တယ်မလား!?"

"ဘာလို့လဲဆိုတော့ ပင်မအိမ်ကလူကုန် အားလပ်ရက်ခရီးတွေထွက်ကျ
တယ်လေ..အလုပ်တွေအကုန် ကိုယ့်အပေါ်ပိကျလာတာပေါ့"
Vegas ဆီက သက်ပြင်းမောချသံကြားလိုက်ရတော့ -

"အဲ့တာဆို ကုမ္ပဏီကြီးတခုလုံး ပိတ်ချပစ်ကွာ!!"
Vegas နဲ့ နေတာကြာလာတော့ လူက အလိုတအားလိုက်ခံရလို့ ဆိုးနေတဲ့ ကလေးလိုဖြစ်လာပီ... အထိန်းအ
ကွပ်မရှိကို ဂျီကျ ဆိုးတတ်လာနေပီ..

"ခရစ်စမတ်မှာမှ အရေးကြီးစျေး
ဝယ်သူတွေက ကုန်ပစ္စည်းတွေ လာ
ကြည့်ကြမှာလေ.. ကိုယ် ပစ်ထားခဲ့လို့ မရလို့"

Vegas ရင်ခွင်ထဲကနေရုန်းထွက်လိုက်ပီး -
"အဲ့ဧည့်သည်တွေကဘာလို့ ခရစ်စ
မတ်နေ့မှာမှ လာချင်နေရတာလဲ!!! သူတို့က ဆန်တာကလော့ မို့လို့လား ဟမ်!!?"

"ကိုယ် နှစ်သစ်ကူးနေ့တောင် နားလို့မရတာကို မင်းသိရဲ့နဲ့"
ကျတော် ကလေးဆိုးလေးလို ဖြစ်လာတာကို Vegas ကတော့ ပြုံးပြုံးကြီး သဘောကျစွာ ကြည့်နူးနေဆဲ..

"မင်းက ငါ့အတွက် အချိန်ပေးနိုင်တာလည်း မဟုတ်ပဲနဲ့!! ခရစ်စမတ်နဲ့ နှစ်သစ်ကူးကို ငါက တစ်ယောက်ထဲ ဖြတ်သန်းရမှာလား ပြော?"
ဘာလို့အခုမှ အားလပ်ရက်တွေ
အတွက် အာရုံစိုက်နေမိလဲမသိဖူး... သက်တော်စောင့်လုပ်ခဲ့တဲ့တလျှောက် တခါမှ ဒီလိုနေ့တွေအပေါ်အရေး
တောင် မစိုက်ခဲ့ဖူး...
အားလပ်ရက်လား??အိပ်မယ်...အိပ်မယ်...ဆက်အိပ်မယ် ပဲ...😎

အကိုလေးKhun နဲ့တအိမ်တည်းနေရတုန်းက ဘယ်လောက်အိပ်ချင်ချင် ခရီးထွက်ဖို့ဆိုပီးဇွတ်တွေလာနှိုးခံခဲ့ရတာ.. အခု အိမ်မတူတော့
လည်း ခရီးထွက်ဖို့ ခေါ်ခံနေရဆဲပဲ...

"ဒါဆို ကိုယ်အလုပ်ပီးတဲ့အထိ စောင့်ပီးသွားကြမယ်လေ"
Vegas က သူ့စတိုင်အပြည့်နဲ့ အေးတိအေးစက် ကျတော့်ကို စိုက်ကြည့်ပီးပြောနေပေမဲ့ သူ့ဆီကနေအဲ့သလို
အကြည့်ခံရရင်ကို ရင်ထဲနွေးပီး သဘောတွေကျနေတော့တာ...

"မင်းရဲ့နေ့စဉ်အလုပ်တွေက မနက် ၂နာရီ ၃နာရီ မှ ပီးမယ်ဆို ဘယ်လို
လုပ်ကြမလဲ?"

"Macau နဲ့ သူငယ်ချင်းလုပ်ပီး အရင်အချိန်ဖြုန်းနေလိုက်လေ"

"Macau က ဒီနှစ်ခရစ်စမတ်အတွက် သူ့သူငယ်ချင်းအိမ်မှာ ကျင်းပဖို့ ချိန်းထားပီးသား.. မင်းဆီကနေတောင်ခွင့်ပြုချက်တောင်းသွားသေးတယ်လေ.. မမှတ်မိတော့ဖူးလား? အဲ့တော့ ငါတျောက်ထဲပဲ ရှိနေမယ် ဆိုတဲ့သဘောပဲ"

"အင်းး ဟုတ်သား"
Vegas က မျက်မှောင်ကြုတ်ပီး အကြောင်းအရာတွေကို ပြန်စဉ်းစားနေတဲ့ ပုံစံ...

"တော်လိုက်တော့!! မစဉ်းစားချင်တော့ဖူး!! မင်းပြောတဲ့ အတိုင်း ငါအိမ်မှာပဲနေပီး မင်းအလုပ်ပီးတာကိုပဲ စောင့်ပေးတော့မယ်"

ကျတော့်ဆုံးဖြတ်ချက်ကြောင့် Vegas က အားနာသလို ဖြစ်သွားတာမို့ 'မလိုအပ်ကြောင်း' ပြန်နှစ်သိမ့်ပေးရသေးသည်.. အခုတော့ အကိုလေးKhun ကို ဖြောင့်ဖြဖို့ နည်းလမ်းပဲရှာရတော့မယ်..

Vegas က ကျတော့်ရဲ့ အရာရာ ဖြစ်နေတဲ့အချိန်မှာ ကျတော် သူ့ကို တစ်ပတ်လုံး ဘယ်လိုလုပ်ထားသွားနိုင်မှာလဲ? သူ့ခံစားချက်တွေကို အားလုံးထပ် ရှေ့တန်းတင်ထားပေးတာမို့ သူ မပျော်မှာ၊ ကျတော့်အတွက်စိတ်မကောင်းဖြစ်နေရမှာတွေ တခုမှ မလိုချင်.. သူ့ဘဝအတွက် အလုံခြုံဆုံးနားခိုရာလေးက ကျတော်ပဲဖြစ်နေရမယ်..
အဲ့တော့ ကိစ္စကြီးကြီး သေးသေး ကျတော့်ချစ်သူကို ဘာအတွက်မှ မခံစားစေရဖူး..

သူ့ကျောင်းစာတွေ အလုပ်တွေတအားပိနေတာတောင်မှ အားလပ်ရက်ကို ဒီလုပ်ငန်းအသိုင်းမှာ ပိတ်မရပဲ ဘာလို့အရေးကြီးလဲဆိုတာ ကျတော်
နားလည်ပါတယ်..
အကိုလေးKinn လည်း အားလပ်ရက် ထွက်လာရင်တောင် ခရီးမှာ နားရ
မယ်မထင်ဖူး..
အားလပ်ရက်တွေမှာ လူတွေကအနားယူ ပွဲတော်ဆင်နွဲချင်ကြတာမို့ ရဲတွေ၊တာဝန်ကျသူတွေက ပေါ့လျော့ကုန်ကြတယ်လေ.. ဒီအချိန်ဟာ မှောင်ခိုသမား၊မှောင်ခိုစျေးကွက်တွေအတွက် ရောင်းဝယ် လုပ်ဖို့ အကောင်းဆုံး
အချိန်ပဲ!! ကြီးကြီးမားမား ဝယ်မဲ့သူတွေက ဒီအချိန်မှာပဲ ရောက်လာပီး ဆွေးနွေးကြတာ..

ဒါကို သိနေတာကြာပီဖြစ်ပေမဲ့
အားလပ်ရက်မှာ အခုလို အလုပ်ရှုပ်နေတာကိုတော့ အသားမကျသေးဖူး.. ကျတော့်အရင် သခင်လေးက Tankhun လေ... သူက
ဘယ်အချိန်နေနေ အိမ်မှာ အားလပ်နေတဲ့လူကိုး...

         ~~~~~~~~~

"စိတ်ချပါ Vegas"

ဒီနေ့ရဲ့ အကြိမ်တစ်ရာမြှောက် သက်ပြင်းချခြင်းပဲ... မနေ့ညက Vegas အိမ်ကို ၈နာရီမှာပြန်ရောက်လာပီး အခန်းထဲပတ်လျှောက်ကာ ဂဏှာ
မငြိမ်ဖြစ်နေခဲ့တယ်...ညသန်းခေါင်
ရောက်မှ ကျတော့်ကို အကိုလေးKhun တို့နဲ့ခရီးထွက်ဖိူ့ သဘောတူကြောင်း ပြောလာခဲ့တယ်..

"ကိုယ် ဆွယ်တာ ၄ထည် ထဲ့ပေးထားတယ်"
Vegas က သူကိုယ်တိုင်ပြင်ဆင်
ထုပ်ပိုးပေးထားတဲ့ ကျတော့်
လွယ်အိတ်ကို ကမ်းပေး၏..

"ဘာလို့ ၄ထည်တောင်လဲ? ၁ထည်ဆိုရင်ကို ရပီရယ်"
ပါးစပ်ကပြောပေမဲ့ လက်ကတော့ Vegas ကမ်းပေးတဲ့ လွယ်အိတ်ကို
လှမ်းယူ ကျောမှာလွယ်ပီးသွားပီ..

"တပတ်တောင်ခွဲနေရမှာ.. ရာသီဥတုအေးလို့ဆိုပီး ရေမချိုးပဲ မနေနဲ့နော်..
ပုံမှန်ချိုး"
Vegas က ကျတော့်ကို ခြိမ်းခြောက်ပီးမှာနေသေး..

"ဟုတ်ပါပီ..ဒီတပတ်ခွဲရမယ်ဆိုတာကြီးကို ထဲ့ထဲ့မပြောပါနဲ့လား"
ကျတော် အခု အိမ်ပေါက်ဝ မှာ ရပ်နေပီဖြစ်ပေမဲ့ ဆုံးဖြတ်ချက်က မသဲကွဲ
နိုင်သေးတာမို့ ခေါင်းကိုငုံ့ထားကာ တွေးနေမိတုန်း..

ငါတကယ် ဒီခွေးကောင်ကို
တစ်ပတ်ကြီး တျောက်ထဲ ထားခဲ့လို့ရမှာလား?? သူစိတ်ဖောက်ပီး ဘေးနားကရှိနေတဲ့လူတွေကို ထသောင်းကျန်းကုန်ရင် ဘယ်လိုလုပ်မလဲ??
အဲ့သလိုဆိုငါက ရောက်နေရာကနေ ချက်ချင်းပြန်လာပီး သူ့ကို လာတားပေးရမှာလား!?
စိတ်ငြိမ်ငြိမ်ထား Pete!! မင်းရဲ့ Vegas က အခုဆို အရင်လို သွေးအေးရက်စက်တဲ့လူ မဟုတ်တော့ဖူးလေ!! သူက အရင်တုန်းကအတိုင်း စိတ်ညစ်ညူးဖို့ကောင်းအောင်လုပ်နေဆဲဆိုပေမဲ့ ပြောင်းလဲတော့လာပါပီ.. ခွေးစုတ်လေးက ဒီနေ့မှာ စိတ်တအားကြည်နေပေမဲ့ မနက်ဖြန်မှာ လူ့ဂွစာ လုပ်တတ်နေဆဲ... မကောင်းဆိုးဝါး
ဝင်ပူးဖို့ အခွံအနေနဲ့ မွေးလာတာလေ သူက!!
ငါဘာလုပ်သင့်လဲ? ငါဘာလုပ်ရမလဲ?

"ဘာလို့ခေါင်းကို ခြံစည်းရိုးနဲ့တိုက်နေရတာလဲ? အဲ့အကျင့်ကြီးကိုဖျောက်
စမ်း ဘေဘီ.. ကွကိုယ်စကားတွေပြောပီး ငြင်းခုံနေတဲ့ အကျင့်တွေကို
လည်း ဖျောက်ရမယ်"
Vegas က ကျတော့်နဖူးကို လက်ညှိုးနဲ့ တွန်းကာထိန်းထားရင်း ဆုံးမနေပီး ပါးနှစ်ဖက်ကိုလည်း ဆွဲညစ်လိုက်သေး..

"ကိုယ်မင်းကို ခရီးလိူက်သွားခွင့်ပေးထားတယ်လေကွာ... ဘာတွေ ထပ်စဉ်းစားနေရတာလဲ ကိုယ့် Pete လေး က?? ခေါင်းမမာတော့နဲ့"
သူ့အထိအတွေ့ အပြောလေးတွေက နွေးထွေးလွန်းလို့ ခရီးကိုလုံးဝ လိုက်မသွားချင်တော့ဖူး... Vegas က ကျတော် မရှိပဲ မနေနိုင်တော့သလို ကျတော်ကလည်း သူ မရှိပဲ မနေ
နိုင်တော့ဖူး..

ကားဟွန်းသံအရှည်ကြီးကို အဝေးကနေကြားလိုက်ပီး ကားကလည်း အလင်းအရှိန်နှုန်းနဲ့ကို မောင်းနေတာ... ဒီကားဟွန်း ဘယ်သူတီးနေတယ်ဆိူတာ မှန်းကြည့်ဖို့တောင် မလိုဖူး!!
ဒါပါပဲ!! ငါရူးချင်ပီ!!

အိမ်ရဲ့သံပန်းတံခါးကို လက်၂ဖက်နဲ့
ဆုပ်ကိုင်ပီး ခေါင်းကိုဆောင့်လိုက်ပေမဲ့ လုံးဝမနာသွားဖူး... Vegas က ကျတော့်နဖူးနဲ့ သံပန်းကြား သူ့လက်ဖဝါးကို ခံထားပေးတာမို့.. မျက်နှာက
လည်း 'သိနေတယ်' ဆိုတဲ့အထာနဲ့ ရီလို့..

"အစ်ကို!!! ရဲခေါ်ပီးဖမ်းခိုင်းလိုက်!! တကယ် မျိုးမစစ်ပဲ!!"
အသက်ပြင်းပြင်းရှူလိုက်ရင်း အိမ်ထဲကနေ ညအိတ်ဝတ်စုံနဲ့အပြေးအလွှားဆင်းလာတဲ့ Macau ကို လှည့်ကြည့်လိုက်တယ်..

"Macau အစောကြီးထနေတာလား?"

"အကိုPete...အဲ့မျိုးမစစ်ကောင်နဲ့
လိုက်မသွားပါနဲ့ဗျာ..အကို က အခု လက်အောက်ခံအိမ်တော်သား ဖြစ်နေပီလေဗျာ"
ဆံပင်တွေစုပ်ဖွားဖွားနဲ့ အိပ်မှုန်စုန်မွှား Macau က မျက်လုံးတောင် မနဲဖွင့်
ရင်း ကျတော့် ကိုဇွတ်ဖက်ထားကာတောင်းပန်နေတယ်..

"လက်အောက်ခံအိမ်တော်သား?? အဲ့ဒါဘာစောက်စကားလဲ?? ငါကြား
လိုက်တယ်နော်!!! Pete က ငါ့လူ!! ဘာတွေပဲဖြစ်နေ ဖြစ်နေ Pete က ငါ့အပိုင်ပဲ !! မြဲမြဲ မှတ်ထားစမ်း!!! "
Tankhun က ခေါင်းကိုမော့ချီကာ ကားထဲကဆင်းလာပီး Macau လက်ထဲက ကျတော့်ကို သူ့ဆီ
ဆွဲဆောင့် ယူပစ်တယ်..

စိတ်ညစ်တယ်လို့!! ဘာလို့ Pete အနေနဲ့ မွေးလာရတာလဲ?? ဘာလို့လဲလို့??

"ဟမ့်...အကို Pete ကိုလည်း မေးကြည့်လိုက်အူးနော် သူက ဘယ်သူနဲ့
နေချင်တာလဲဆိုတာ? အိုးး မေ့လို့... မေးစရာတောင်မလိုဖူးလေနော်.. အခု အကို Pete က ကျတော်တို့အိမ်မှာ ကျတော် ရယ် အကို ရယ် နဲ့ အတူနေနေပီ... အကို Pete နဲ့ ဇာတ်လမ်းတွဲတွေ အတူထိုင်ကြည့်ရတာ တအားအရသာ ရှိတာပဲ သိလား!!! အကို Pete က ဇာတ်ကောင်တိုင်း ဇာတ်လမ်းတိုင်းကို မှတ်မိသေးတယ်.. ဘယ်လိုဖြစ်
ဖြစ်ပါလေ အကိုကြီးKhunက ဒီခံစားချက်တွေကို ဘယ်လိုလုပ်နားလည်ပါ့မလဲ!! အကို Pete က ပင်မအိမ် မှာ ရှိတော့တာမှ မဟုတ်တာလေနော်.. ဟက်"

ကျတော်သာ အကိုလေးKhun နေရာမှာသာ ဆိုရင် သေချာတာကတော့....လုံးဝဆွံ့အသွားမှာ!!!
ထင်တဲ့ အတိုင်းပဲ Tankhun တျောက် ပါးစပ်အဟောင်းသားနဲ့ လက်သီးတွေကျစ်ကျစ်ပါအောင်ဆုပ် မျက်လုံးကြီးက ပေါက်ထွက်မတတ် ပြူးလာတော့သည်..

"ခွေးကောင် Macau!!!!!"

"အကိုလေးKhun!!!"

Macau ထံ ရိုက်ဖို့ ပြေးလာတာမို့ ရှေ့ကနေကာရင်း Tankhun ကို ထိန်းပေးရတော့သည်..

"Pete!! ငါ့ကိုလွှတ်စမ်း!!! မင်းက သူ့ကို ကာကွယ်ပေးနေတာပေါ့လေ!! မင်းလုံးဝပြောင်းလဲသွားပီလို့!!!!!!"
Tankhun က ကလေးဆိုးကြီးလို အော်ငိုရင်း ကျတော့်ပုခုံးကို ခပ်ဖွဖွထိုးချတယ်..

"ရပ်စမ်း!! ငါ့မိန်းမ ကြားထဲက နာ နေရပီ!!"
Vegas က အင်္ကျီကော်လံကနေ လှမါးဆွဲပီး ကျတော့်ကို သူ့ရင်ဘတ်ထဲ ဆွဲထဲ့ထားကာ အော်တော့်သည်..

"သူနဲ့ လမ်းခွဲပစ်!!!"
Vegas က အနောက်ကနေ ကျတော့်ခါးကို လက်၂ဖက်နဲ့ မလွတ်တမ်း ဆွဲ
ဖက်ထားတာကို Tankhun က မျက်လုံးစိမ်းတွေနဲ့ သေချာစိုက်ကြည့်ပီး သူဒီတခါပြောနေတာ တကယ်အတည်ဆိုတဲ့အတိုင်း လုပ်ပြနေတယ်...

"ဖျက်ပစ်.. ပီးရင် ငါမင်းကို ပိုကောင်းတဲ့သူ သေချာ ရှာပေးမယ်.. ခန့်ညားပီး ဘော်ဒီလှတဲ့ တျောက် ငါသိထား
တယ်... အေးစက်စက် မျက်လုံးတွေနဲ့ ကောင်တွေကို ကြိုက်တာမလား??
Dr. Top ရဲ့ သူငယ်ချင်း Dr. Thew နဲ့ တွေ့ဖူးလား?? သူက တအားခန့်ညားတယ်လေ... သူ့ကို မင်းစိတ်ဝင်စားလား??"

"ငါ့သီးခံမှုကဒါပဲ !! သွားစို့ Pete!! အိမ်ထဲပြန်ဝင်မယ်!! Macau ခြံတံခါး သော့ခတ်လိုက်တော့!!"
Vegas က ကျောပေါ်ရှိ လွယ်အိတ်ကို ချွတ်ယူပီး ကျ​တော့်လက်ကောက်
ဝတ်တစ်ဖက်ကို ဆွဲကာ အိမ်ဖက်
ပြန်ခေါ်လာတယ်..

"ဝိုးးးး ငါက စနေတာပါ"
Tankhun ရဲ့ အသံက ချက်ချင်းပျော့ကြသွားပီး ကျတော့် လက်မောင်းတဖက်ကို လှမ်းဆွဲထားတော့သည်..
ကဲ... ကျတော့်အနေအထားကိုသာ ကြည့်ကြတော့!! ကာတွန်းရုပ်တခုသာဆိုရင် ကျတော့် မျက်ဆံတွေ လည်နေတော့မှာ!! ခွေးကောင်တွေ ငါကို့ ဘာလုပ်နေကြတာလဲလို့!!!!

"တကယ်လို့ အကိုကြီးKhun သာ ကျတော့်မိန်းမ ကို ကျတော်နဲ့ လမ်းခွဲဖို့ ဘာဖို့ အကြောင်းတွေထပ်ပြောရဲ ပြောကြည့် Macau ကို Dr. Top နဲ့ ချက်ချင်းစီစဉ်ပေးလိုက်မှာ"
Vegas ကလေသံမာမာ လက်ညှိုးတထိုးထိုးနဲ့ Tankhun ကို ခြိမ်းခြောက်နေချိန် Macau ကတော့ မျက်လုံးတွေ အရောင်တလက်လက်ကို ထလို့!!

"ဟမ့်"
Tankhun က ခြိမ်းခြောက်ခံရတော့ ကျတော့်လက်မောင်းကိုလွှတ်ပေးကာ လက်ပိုက်ရပ်နေပေမဲ့ မျက်နှာက မကျေမနပ်နဲ့..

"ပေါက်ပီနော်!!? လွယ်အိတ်ပြန်လွယ်တော့"
Vegas က သူကိုယ်တိုင်ချွတ်ခဲ့တဲ့
လွယ်အိတ်ကို ကျတော့်ကျောပေါ် သေချာပြန်လွယ်ပေးနေပြန်သည်..

"အဲ့တော့ မင်းကအခု ငါ့ကို သူတို့နဲ့ထဲ့ပေးတော့မယ်ပေါ့.. သေချာရဲ့လား??"
Vegas ကိုမျက်နှာချင်းဆိုင်လှည့်မေးတော့ အေးစက်ပီး မကောင်းဆိုးဝါးပုံစံဖြစ်နေတဲ့ သူ့မျက်နှာက ကျတော့်ကိုငုံ့ကြည့်ပီး အပြုံးဖျဖျလေး ပေါ်လာကာ -

"အင်း"

"အကို Pete...မြန်မြန်တော့ ပြန်ခဲ့ဗျာ"
Vegas ဆီကနေ အကြည့်လွဲပီး Tankhun ကို တချိန်လုံး မျက်နှာပုပ်ကြီးဖြင့် ကြည့်နေတဲ့ Macau ဖက်ပြန်လှည့်လိုက်ကာ -

"အိုခေ.. ပြန်လာရင် မုန့်တွေဝယ်ခဲ့ပေးမယ်နော်"
Macau ခေါင်းကို ဖွဖွလေးပုတ်ပေး
လိုက်ရင်း ပုခုံးပေါ်က လွယ်အိတ်ကြိုးကို တင်းတင်းဆွဲကိုင်ကာ Vegas မျက်နှာကို ပြန်ကြည့်လိုက်တယ်..

"ဘာဖြစ်လို့လဲ? အဲ့လိုမျက်နှာကြီး လုပ်မနေနဲ့လေကွာ"
Vegas လက်၂ချောင်းက ကျုံ့နေသော ကျတော့်မျက်ခုံး၂ခုကို ဖွဖွလေးဖြေပေးနေသည်..

"ဒါပေမဲ့ Vegas.... တခုခုမှားတာရှိခဲ့
ရင် ငါ့ကို ချက်ချင်းဖုန်းဆက်ခေါ်ရ
မယ်နော်"
ကမ်းခြေသွားဖို့ လူကညခြေလှမ်း
တဝက်ပဲ လှမ်းရသေးတာတောင် Vegas ကို လုံးဝစိတ်မချနိုင်ဖြစ်နေတာမို့ စိတ်ပူပန်စွာ သူ့ကိုလေသံတိုး
ဖျဖျလေးနဲ့ မှာ နေရသည်..

Vegas က ပြုံးရင်း -
"ကိုယ်က ဘာဖြစ်နိုင်မှာမို့လို့လဲ!?"

"တကယ်လို့ မင်းခေါင်းကိုက်လာရင် သောက်ရမဲ့ဆေးက ငါ့ဖက်ခြမ်းအိပ်ရာဘေးက အံဆွဲထဲမှာ.. အလုပ်မသွားခင် အားရှိအောင် မနက်စာ စားသွားဖို့
လည်း လုံးဝ မမေ့ရဖူး... ပီးတော့ ယာဉ်မောင်းရင် 100 ထပ် မကျော်ရဖူး... အဲ့တာပီးတော့ -"

"ဟက်...ကွကိုယ် ကလေးလို့တောင် ခံစားလာရပီ Pete လေးရာ"
Vegas က စနိုင်သေးတယ်..

"ငါက မင်းကို စိတ်ပူလို့လေ!!"
ကျတော် ထအော်တော့သည်.. တကယ်ပါပဲ!! ခေါင်းထဲရှုပ်နေပီး သူ့ကို စိတ်ပူနေရတာကို သူက စနောက်
နိုင်သေးတယ်!! အစစအရာရာ အဆင်ပြေအောင် ကျတော်က
စီစဉ်ပေးခဲ့ပေမဲ့ စိတ်ပူလွန်းလို့ မှာ လို့ မ ဝ သေးဖူး...

"ချစ်ဖို့တအားကောင်းတာပဲ!! အဲ့တော့ ကိုယ် မင်းကို မထဲ့ပေးနိုင်တော့ဖူး!! အိမ်ထဲပြန်ဝင်ကြစို့.."
Vegas က ကျတော့်ပုခုံးကို သိုင်း
ဖက်ကာ အိမ်ဖက်ပြန်လှည့်ပြန်သည်..

"ဟေ့ ဟေ့...အဲ့လို မရဖူးလေ!!"
တချိန်လုံး တိတ်တိတ်ကလေးနေပေးနေသော Tankhun က လှုပ်လှုပ်ရှားရှားပြန်တုံ့လာတယ်..
ကျတော်နဲ့Vegas စကားပြောနေတဲ့ တောက်လျှောက် Tankhun က ဘေးကနေ အန်တဲ့ပုံတွေ လုပ်လုပ်ပြနေတာကို မျက်လုံးထောင့်ကနေ တွေ့ခဲ့သားပဲ..

"Hey!! Come on!! ကိုယ် Macau နဲ့နေခဲ့လို့ရပါတယ်... နဲနဲတော့အထီးကျန်ပေမဲ့ အဆင်ပြေမှာပါ"
Vegas က ဘာမှမဖြစ်သလို ပုခုံးတွန့်ပြရင်း ကျတော့်ကို ဆွဲဖက်လိုက်
သည်မို့ သူ့ကို တင်းတင်းကြပ်ကြပ်
ပြန်ပွေ့ဖက်လိုက်တယ်..

"အကိုPete စိတ်မပူပါနဲ့..ကျတော်သူ့ကို စောင့်ရှောက်ထားပေးမှာပါ..
သူငယ်ချင်းအိမ်ကိုလည်း တစ်ညထဲပဲ သွားမှာဆိုတော့လေ"
Macau က အပြုံးကြီးကြီးဖြင့် ကျတော့်ကို နှစ်သိမ့်ပေးတယ်..

"အိုးး အဲ့သလောက်တောင် မခွဲမခွါ
နိုင်ဖြစ်နေကြရင် တွဲချည်ထားကြလေ"
Tankhun က စိတ်မရှည်နိုင်တော့..

"အိုခေ ရတယ်လေ...အာ့"
Vegas က ရုပ်တည်နဲ့အရှက်မရှိ
ပြန်ဖြေတော့ သူ့ခြေထောက်ကို
တက်နင်းပစ်တယ်..

"မင်းငါတို့နဲ့လိုက်ခဲ့ Vegas..မဟုတ်
ရင် Pete က သေတော့မဲ့လူလို သူ့
အခွက်ကဖြစ်နေတာ"
Tankhun တောင် Pete မျက်နှာ
ပျက်နေတာကြောင့် မနေနိုင်တော့ပဲ မပြောချင်ပြောချင်နဲ့ Vegas ကို ညှိလာတယ်..

"ခများတို့ ကျတော်နဲ့အတူပစ်ထားခဲ့တဲ့အလုပ်တွေကကော?? တကယ်ဆို ခများက အကြီးဆုံးပဲ အကိုကြီး.. နဲနဲလေးများ တာဝန်ယူဖို့ မစဉ်းစားဖူးဘူးလား ဟမ်!?"

"အကုန်လွှင့်ပစ်လိုက်လေ!! အဲ့တာဆို ဘယ်သူမှ အလုပ် လုပ်စရာ မလိုတော့ဖူး!! ကုမ္ပဏီကို စျေးကွက်ထဲကနေ ထွက်သွားအောင်လုပ်ပစ်... အဖေက သတိထားတဲ့စီးပွါးရေးသမားမို့
သူပြန်ကယ်နိုင်လိမ့်မယ်... အဲ့ဒီအခါကျတော့ ဂန္ဓဝင်စီးပွါးရေးလုပ်ငန်းကြီး ပြန်ဖြစ်သွားလိမ့်မယ်.. အဲ့လိုအစက
ပြန်ဖြစ်အောင် အခု ဖျက်ဆီးပစ်၊
ရှုပ်ပစ်၊ ကာစတန်မာ တွေကို ပလစ်ထားပစ်"
ဘာကိုမှ တကယ်ဂရုမစိုက်စွာပြောချလိုက်သော Tankhun ရယ်ပါ.. ဒါကြောင့်လည်း သူ့ကို Porsche က စိတ်ပျက်စရာ Motherfucker လို့ ခေါ်တာ... Tankhun လိုလူသာ အမွေဆက်ခံရင် မိသားစုကတော့ မတွေးရဲစရာပဲ..

"အကိုကြီးလိုလူအတွက်သာဆိုရင် အစကတည်းက ကုမ္ပဏီကို ကျတော် ဖျက်ဆီးပစ်ပီးပီ"
Vegas က ပြန်တုံ့ပြန်ရင်း ခေါင်းငုံ့ကာ ကျတော့်နဖူးလေးကို အနမ်းခြွေတယ်...
"ကျတော် Pete ကို အကိုကြီးလက်ထဲအပ်လိူက်ပီ.. သူ့ကို တျောက်ထဲ စကားတွေပြောမနေစေပါနဲ့..
မဟုတ်ရင် သူလည်း အကိုကြီးလို ရူးသွားလိမ့်မယ်"
Tankhun ဒေါသတွေဖြစ်ပီး Vegas ဆီကို ပြေးရိုက်မယ်လုပ်တော့ ကြားထဲကနေ ကျတော်ကပဲ တားရပြန်သည်..

"ဟေးးး မင်းတို့က အတူလိုက်မှာလား?? အဲ့အတိုင်း မတ်တပ်ရပ်ပီးစကားပြောနေကြမှာလား?? ငါ အိမ်ထဲဝင်အိပ်တော့မလို့"
Kim က အိပ်ချင်မူးတူး အတော်
စိတ်ညစ်နေတဲ့ လေသံနဲ့ ကားထဲကနေ ခေါင်းထွက်အော်လာတော့မှ Tankhun က ကျတော့်လက်ကိုဆွဲကာ ကားဆီ ခေါ်လာသည်... Macau ကို လက်ပြရင်း Vegas ကို ခေါင်းညိမ့်ပြတော့ သူက ခပ်ဖျော့ဖျော့လေး ပြန်ပြုံးပြ၏ ....

Continue Reading

You'll Also Like

2K 212 17
အဝါရောင် နာကျင်ခြင်းများ
440K 54.4K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
131K 13.1K 58
ချစ်​တာ bae ပွစိ ပိစိရာ Anti fan ဆိုပဲ Big fan boy သာဆို ကိုကို့ဘဝ ​ရေစုန်​​မျောပြီ ........Kim Jongin........... လူရီးကို သိပ်​မကြိုက်​​ပေမယ့်​ ချ...