Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1M 55.8K 6.2K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉

Chapter - 41

12K 781 92
By MikkyLay1

၄ နှစ်ခန့်ကြာသော် ~~~

အချိန်နာရီစက်ဝန်းကြီးက နွေ ၊ မိုး ၊ ဆောင်း ဥတုသုံးပါစလုံး၌ စည်းချက်ကျကျလည်ပတ်နေပြီး ရပ်တန့်နေခြင်းမရှိခြေ ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄ နှစ်သာဆိုတဲ့ကာလကြီး ကုန်ဆုံးလို့သွားလေသည်  ။ 

အချိန်ကာလတွေပြောင်း ရာသီတွေပြောင်းလဲသွားပေမဲ့ လူတစ်ယောက်ရဲ့နှလုံးသားထဲက  တစ်စုံတစ်ယောက်ပြန်အလာကို စောင့်မျှော်နေတဲ့စိတ်ကတော့ ပြောင်းလဲမသွားခဲ့ပေ ။

" ဒီနှစ်ရဲ့ အထူးချွန်ဆုံးနဲ့ အအောင်မြင်ဆုံး ထိပ်တန်းစားရင်းဝင် Yမြို့ရဲ့တစ်ဦးတည်းသော လုပ်ငန်းရှင်ကြီး Mr.ဧကရာဇ်မောင်ကို ဖိတ်ခေါ်ပါတယ် "

ထိပ်တန်း Tv လိုင်းတစ်ခုရဲ့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ' အနာဂတ်ရဲ့ကြယ်ပွင့်လေးများ ' အစီအစဉ်မှာ ဖိတ်ကြားခံထားရတဲ့ သခင်ကြီး ဧကရာဇ်မောင်ဟာ စင်မြင့်ထက်သို့ ခန့်ညားစွာဖြင့် လျှောက်လှမ်းလို့လာသည် ။ ထိုအစီအစဉ်ဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ ပြိုင်ဆိုင်လိုစိတ် ပြင်းပြစေရန်အတွက် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ကြီးတွေရဲ့ နည်းပေးညွှန်ကြားမှုတွေနဲ့အတူ ပြိုင်ပွဲတွေယှဉ်ပြိုင်ရသည့်အစီအစဉ်တစ်ခုဖြစ်သည် ။

ဒီအပတ်ပြိုင်ပွဲ၌ ဧကရာဇ်မောင်ဟာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ပေးရပြီး လူငယ်တွေကို သင်ပြပေးကာ ယှဉ်ပြိုင်ပွဲတွေကို အဆုံးအဖြတ်ပေးရမည့် အထူးဧည့်သည်တစ်ယောက်ဖြစ်သည် ။

အချိန်တွေပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာကြီးဟာ ခေတ်မှီဖွံ့ဖြိုးလာပြီး အဆင့်အတန်းခွဲခြားမှု​တွေလျော့ကျဖို့အတွက် ' အနာဂတ်ကြယ်ပွင့်လေးများ ' အစီအစဉ်က ပတ်ဝန်ကျင်မှာရှိတဲ့ ထက်မြတ်တဲ့လူငယ်တိုင်း ဝင်ပြိုင်ခွင့်ပေးထားသည် ။ သာမာန်လူတန်းစားနဲ့ အဆင့်မြင့်အတိုင်းအဝိုင်းကလူတွေ ထိပ်တိုက်တွေ့ဆုံရပြီး အောင်မြင်မှုအတွက် အားပြိုင်ရသည့်အစီအစဉ်တစ်ခုလဲဖြစ်သည် ။

" ပြီးခဲ့တဲ့အပတ်က အနိုင်ရရှိခဲ့တဲ့ လူငယ်တွေ စင်မြင့်ပေါ်သို့တက်ရောက်ပေးပါ "

MC ရဲ့ညွှန်ကြားချက်အပြီးမှာ လူငယ်လေးတွေဟာ တက်ကြွစွာဖြင့် ဧကရာဇ်မောင်ရပ်နေတဲ့ စင်ပေါ်တက်လာကြပြီး အပြင်မှာတွေ့ရဖို့ ခဲရင်းလှတဲ့ အထူးပုဂ္ဂိုလ်ကြီးအား မျက်တောင်မခပ်တန်းကြည့်နေကြသည် ။ အရှေ့မှာရပ်နေတဲ့လူက သူတို့အတွက် အတုယူဖွယ်ကောင်းလှသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်နေသည် ။

ဒီနေရာမှာ လူငယ်တွေအားလုံး အယ်ဖာ ဘီတာ အိုမီဂါ မိန်းမ ယောက်ျား မရွေးပါဝင်နိုင်ပြီး လူတန်းစားမရွေး ကြိုးစားလျှင်အောင်မြင်မှုတို့နဲ့အတူ အမြင့်ကိုတက်လှမ်းဖို့ လက်ကမ်းပေးသည့်နေရာတစ်ခုလဲဖြစ်သည် ။ အရှေ့မှာရပ်နေတဲ့ ဧကရာဇ်မောင်ဆိုသူက သူ့ဘဝအမှန်ကို အားလုံးရှေ့မှာ ထုတ်ဖော်ပြီးနောက် အရိုးသားဆုံးနဲ့ ကြိုးစားပြီး အောင်မြင်မှုကို ရရှိလာသူတစ်ယောက်ဖြစ်သည် ။

လွန်ခဲ့တဲ့ ၄ နှစ်မတိုင်ခင်က ထိုဧကရာဇ်မောင်ဆိုတဲ့လူဟာ စိတ်ဓာတ်တွေကျပြီး သူ့ရဲ့ဘဝမှန်နဲ့ စွန့်ပြစ်ခံခဲ့ရပုံတွေကို ထုတ်ဖော်ပြောကြားလာသည် ။ သူပိုင်ဆိုင်သမျှ အရာအားလုံးကိုလဲ တစ်နေ့မှာ ပိုင်ရှင်အမှန်ကို ပြန်ပေးမည်ဟု ပြောလာခဲ့သည် ။ သို့ပေမဲ့သူဟာ ဘယ်အရာကိုမှ လက်လျော့ဖို့မတွေးပဲ မျှော်လင့်ချက်လေး မြူမှုန်မျှသာရှိနေရင်တောင်မှ ကြိုးစားကာရှေ့ဆက်ခဲ့သည် ။

သူဟာလူတွေအားလုံးအတွက် အထောက်အကူပြုပေးနိုင်တဲ့ ပရောဂျက်ကြီးကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့သည် ။ ၂ နှစ်သာအတွင်းမှာ  မြို့အတွင်း၌ အလုပ်လက်မဲ့လူဦးရေလျော့ကျလာပြီး လူအများရဲ့ နေရေးထိုင်ရေးအဆင်ပြေလာခဲ့သည် ။

အကြောင်းက လူတွေမစဉ်းစားဖူးတဲ့ လှပတဲ့မြို့လေးတစ်မြို့ကို ဖန်တီးကာ ဈေးသက်သာတဲ့ အိမ်ယာများစွာဖန်တီးထားပြီး အနားမှာအရန်သင့်အလုပ်ရရှိစေဖို့ စက်ရုံများပါတည်ဆောက်ရန်အတွက် နိုင်ငံခြားကုန်သယ်တွေနဲ့ပါဆက်သွယ်ပေးထားသည် ။ ဒီလိုနဲ့ လူအများအတွက် အထောက်အကူဖြစ်ခဲ့သည် ။

ခုဆို ထိုမြို့လေးအား ' ပန်းဝင်္ကပါမြို့တော် '  ဟုအမည်ပေးထားပြီး ဝင်မိယုံနဲ့ပြန်မထွက်ချင်လောက်တဲ့အထိ သာယာလှပကာ လူတိုင်းရဲ့စိတ်ကိုဖမ်းစားနိုင်ပြီး နေထိုင်သူတိုင်း စိတ်ရွှင်လန်းစေသည် ။ ထိုမြို့လေးရဲ့ နာမည်အကြီးဆုံးနေရာက မြို့ရဲ့အလယ်က မီးပွိုင့်မရှိတဲ့အဝိုင်း ဖြစ်ပြီး ထိုနေရာရောက်ရင် လူတိုင်းဟာ ခနမျှရပ်ပြီးမှ ရှေ့ဆက်ကြ၍ မီးပွိုင့်မလိုပဲ အသိတရားစည်းလုံးမှုတွေနဲ့ လမ်းကိုသွားလာကြသည် ။

ပန်းမြို့တော်ဆိုတဲ့အတိုင်း နေရာတိုင်းမှာ ပန်းတွေပွင့်နေပြီး မြို့ရဲ့မြောက်ဘက်စွန်းက ပန်းဥယဉ်ဟာတော့ မြို့တွင်းကလူတွေတင်မက မြို့ကြီးပေါ်ကလူတွေပါ အပန်းဖြေလာကြလေ့ရှိသည်။ မြို့ကိုစတင်တည်ထောင်ပြီး ၂ နှစ်အတွင်းမှာ စတင်ဖွင့်လှစ်ကာ ၃ နှစ်အတွင်းမှာတော့ စတင်စည်ကားလို့နေသည် ။

ရာသီဥတုက မိုးကောင်းလွန်း၍ ရေမြောင်းတွေထဲကရေတွေကို မြို့နဲ့မိုင်အနည်းငယ်ဝေးတဲ့နေရာမှာ ဆည်တည်ဆောက်ထား၍ အနီးအနားမှာဟင်းသီးဟင်းရွက်ပင်တွေကို သဘာဝအတိုင်းစိုက်ပျိုးနိုင်သည် ။ ထို့ကြောင့် အစားအစာတွေကလက်ဆက်ကာ လူသားတွေအတွက် ကျန်းမာရေးနဲ့လဲညီညွတ်လှသည် ။ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကြောင့် ပတ်ဝန်းကျင်ကလဲ စိမ်းဆိုလမ်းဆန်းကာ လေကောင်းလေသန့်တွေရရှိတဲ့နေရာတစ်ခုလဲဖြစ်သည် ။

ယခုအချိန်မှာ မြို့ကိုစတင်ဖွင့်လှစ်ပြီး လူတွေနေထိုင်တာ ၂ နှစ်ပြည့်သွားပြီဖြစ်သလို ထိုနေရာရဲ့ပိုင်ရှင် သခင်ကြီးဧကရာဇ်မောင်ဟာ အချမ်းသာဆုံးနဲ့  လူတွေရဲ့အားကျချစ်ခင်မှုကို အရရှိဆုံးလူတစ်ယောက်ဖြစ်လာခဲ့သည် ။ ဧကရာဇ်မောင်ကို ယုံကြည်ပြီး ရင်းနှီးမြှုပ်နှံသူတွေက နိုင်ငံတွင်းတင်မက ပြည်ပနိုင်ငံများထိပါတိုးလာကြပြီး ခုဆို ပြည်ပထိပါနယ်မြေချဲ့ထွန်မှုကို ပြုလုပ်လာနိုင်ခဲ့သည် ။ ဧကရာဇ်မောင်ရဲ့ လုပ်ဆောင်မှုတိုင်းက လူတွေကိုဘေးမဖြစ်စေပဲ လူတွေအတွက်အထောက်အကူပြုကာ အမြတ်အစွန်းများစွာရရှိမည်မှန်း ယုံကြည်ထားကြသည် ။ ဒါကြောင့်လဲ ဧကရာဇ်မောင်ဟာ အားလုံးရဲ့ယုံကြည်လေးစားကာ အတုယူဖွယ်လူသားတစ်ယောက်ဖြစ်လို့နေသည် ။

အစီအစဉ်ရဲ့ပြိုင်ပွဲအပြီးမှာတော့ အနိုင်ရရှိတဲ့လူငယ်တွေကို ဧကရာဇ်မောင်က စိတ်ခွန်အားဖြစ်စေမဲ့စကားတွေပြောကြားပေးခဲ့သည် ။

" မင်းတို့ရဲ့ဝါသနာ မင်းတို့ရဲ့ရွေးချယ်မှုတိုင်းက မင်းတို့ရဲ့နှလုံးသားထဲကလာတာမို့  ဘေးလူရဲ့စကားကိုနားမယောင်ပဲ မင်းတို့အကောင်းဆုံးလုပ်နိုင်ရမယ် … မင်းတို့လုပ်ရပ်တွေကမှားနေတယ်ဆိုရင် မင်းရဲ့နှလုံးသားကို မှားနေတဲ့အကြောင်းပြောပြပြီး အမှန်ကိုရှာဖွေနိုင်ရမယ် … ဒါမှအနာဂတ်ရဲ့အတောက်ပဆုံးကြယ်တစ်ပွင့်ဖြစ်လာမှာ … အဓိကက မင်းနှလုံးသားကနေဖြစ်ချင်တဲ့အရာကိုမင်းသိနေဖို့ပဲ … ဝါသနာတိုင်းကအဖိုးတန်တယ် … အောင်မြင်မှုကလူကိုမရွေးဘူး … လူကသာအောင်မြင်မှုကိုရွေးချယ်ရမှာ … မင်းရွေးချယ်တဲ့လမ်းကို မင်းအကောင်းဆုံးလုပ်ဆောင်နိုင်ရင်အောင်မြင်မှုကိုမင်းရရှိလိမ့်မယ် "

အစီအစဉ်အပြီးမှာ လူတိုင်းရဲ့ပါစပ်ဖြားက ချီးကျူးသံတွေ ဆူညံစွာထွက်ပေါ်လာပြီး စင်မြင့်ထက်ကလူအား နတ်ဘုရားသဖွယ်ကြည့်နေကြသည် ။ လူငယ်မိန်းမပျိုလေးတွေရဲ့ပါးစပ်ဖြားမှာလဲ ဧကရာဇ်မောင်ဟာ ပြောစမတ်သွင်လောက်တဲ့ လူတစ်ဦးဖြစ်လို့နေသည် ။

" ဝါး … သခင်ကြီးကအရမ်းမိုက်တာပဲ … TV ထဲမှာတောင် ဒီလောက်ထိ ဆွဲဆောင်မှုရှိနေတာ တကယ်ဆို ရုပ်ရှင်မင်းသားလုပ်သင့်တယ် … သူကငါ့ရဲ့ Idol ပဲ "

" သခင်ကြီးက ခုချိန်ထိတစ်ယောက်ထည်း နေနေတုန်းပဲလား … သူ့ပုံစံအတိုင်းဆို အဆင့်မြင့်ဆိုမီဂါတွေကို ခေါင်းခေါက်ပြီးရွေးချယ်လို့ရတာတောင် ထားသွားတဲ့လူကိုမျှော်နေတုန်းပဲ … နှမြောဖို့ကောင်းလိုက်တာ "

" နင်တို့ဘာသိလို့လဲ … သခင်ကြီးက လွန်ခဲ့တဲ့ ၄ နှစ်က စိတ်ရောဂါကို အချိန်အကြာကြီး ကုသမှုခံယူခဲ့ရတယ်လို့ပြောဖူးတယ် … သူပြောတာက သူ့ရဲ့စိတ်ရောဂါကို ပျောက်ကင်းစေတဲ့လူက သူ့နှလုံးသားထဲကလူတဲ့ … သူသေတဲ့ထိတစ်ခြားလူကို ရွေးချယ်မှာမဟုတ်လောက်ဘူး "

" ဘုရားရေ … အဲ့လိုဇာတ်လမ်းတွေရှိခဲ့တာလား …  ထားသွားတဲ့လူကဘယ်လိုလူမျိုးလဲ သိချင်လိုက်တာ "

" အဲ့လူက လူတွေရှေ့သိပ်မထွက်လို့ မြင်ရဖို့ခက်တယ် … အရင်သခင်ကြီးဟောင်းရဲ့မြေးတဲ့ … သူ့ပုံတွေကိုမဖြန့်ဖို့ ခုသခင်ကြီးကအမိန့်ထုတ်ထားတယ် … ဒါကြောင့် ဘယ်သူမှသူ့နှလုံးသားထဲကအလှလေးကို မြင်တွေ့ခွင့်မရကြဘူးလေ "

" အရမ်းမိုက်တာပဲ … အချစ်ရဆုံးသူကို ဒီလောကမှာ ကိုယ်တစ်ယောက်ထည်းပဲကြည့်ခွင့်ရှိမယ် အဲ့လိုမျိုးလား … အား "

" ပြီးတော့ သူတို့မှာ ကလေးလေးတောင်ရှိတယ်တဲ့ "

" ဒါဆို သခင်ကြီးကိုမရမှတော့ သခင်လေးကိုပဲမှန်းရတော့မှာပေါ့ ခုဆိုဘယ်အရွယ်လောက်ရှိနေပြီလဲ "

" အဲ့ဒါတော့မသိဘူး သခင်ကြီးကသူ့မိသားစုအကြောင်း ဘယ်မီဒီရာကိုမှအမေးမခံဘူး ဖော်ပြမိရင်လဲ အဲ့မီဒီရာတွေကို ထုတ်ပြစ်နိုင်တဲ့အင်အားရှိတော့ ဘယ်မီဒီရာကမှမစွန့်စားရဲဘူးလေ "

" မိုက်လိုက်တာ သူ့နှလုံးသားထဲကလူကို အပြည့်အဝကာကွယ်ထားတာပဲ ဘယ်လောက်တောင် အားကိုးချင်စရာကောင်းတဲ့အယ်ဖာလဲ "

အတိတ်ကဝမ်းနည်းစရာအဖြစ်နဲ့ အဆုံးသတ်ခဲ့ရတဲ့ ဧကရာဇ်မောင်ရဲ့ အချစ်ဇာတ်လမ်းဟာ ခုချိန်မှာ လူငယ်တွေရဲ့ပါးစပ်ဖြားမှာ ရေဗန်းစားနေတဲ့ အားကျစရာအချစ်ဇာတ်လမ်းလေးတစ်ပုတ်အဖြစ် ပြောင်းလဲသွားလေသည် ။ နှစ်တွေကြာလာသည်နှင့်အမျှ ဧကရာဇ်မောင်ရဲ့ ပြောင်းလဲသွားသည့်အရာတွေက အပြောအဆို အမူအကျင့် လုပ်ရည်ကိုင်ရည်နဲ့ စိတ်နေစိတ်ထားတွေအားလုံးပါဝင်ပြီး ရုပ်ရည်ကတော့ အဓိကပြောင်းလဲသွားသည့်အရာတစ်ခုပင် ။

အသက် ၂၇ နှစ်အရွယ်ကနေစလို့ စိတ်ရောဂါကုထုံး ကုသဖို့အတွက် ၂ နှစ်နီးပါအချိန်ယူလိုက်ရပြီး အလုပ်ကိစ္စနဲ့ကုသမှုတွေအပြီးမှာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့အတွက် Gym အမြဲကစားပြီး စိတ်တည်ငြိမ်အောင်ကြိုးစားခဲ့သည် ။ အားအင်ပြည့်ဝခြင်းက စိတ်ကိုပို၍လန်းဆန်းစေသလို ခန္ဓာကိုယ်အား ကြွက်သားတွေနဲ့လှပစေပြီး စိတ်ကျန်းမာရေးကုထုံးအတွက်လဲအသုံးဝင်သည် ။

ကုသစဉ်ပထမလတွေက ဧကရာဇ်မောင်အား သူ့ရဲ့အိမ်တော်ထံသို့ ယံယံကိုယ်တိုင်အထူးသီးသန့် လာရောက်ကုသပေးပြီး လုပ်ငန်းတွေကို ဇွဲကလာရောက် ခွဲဝေလုပ်ကိုင်ပေးသည် ။ ဧကရာဇ်မောင်စိတ်တွေတည်ငြိမ်ကာ ပုံမှန်လုပ်ကိုင်လာနိုင်ချိန်ရောက်မှ ဇွဲကဂျပန်သို့အပြီးတိုင်ထွက်ခွာသွားသည် ။

၂ နှစ်ခန့်ကြာချိန်မှာ ဧကရာဇ်မောင် ကျန်းမာရေးအရှင်း ပျောက်ကင်းသွားပြီမို့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ဦးလေးမြတ်အား ယာယီလက်ထောက်လုပ်ကိုင်ပေးရာကနေအနားယူစေပြီး မူလအိမ်တော်ထိန်းနေရာသို့ ပြန်လည်ခန့်အပ်လိုက်သည် ။  ဧကရာဇ်မောင်ရဲ့ လက်ရှိလက်ထောက်ဟာ အသက် ၂၈ အမျိုးသားဘီတာတစ်ယောက်ဖြစ်ကာ လုပ်ငန်းအတွေ့အကြုံများစွာရှိပြီး ဧကရာဇ်မောင်အပေါ်တွင်လဲ ယုံကြည်လေးစားကာ သစ္စာရှိသူတစ်ယောက်ဖြစ်သည် ။

ဧကရာဇ်မောင်ရဲ့ လက်ရှိအသက်က ၃၁ နှစ်ဖြစ်ပေမဲ့ ငယ်ရွယ်နုပျိုပြီး အရင်ကထက်လန်းဆန်းတက်ကြွကာ ချောမောခန့်ညားသူတစ်ယောက်ဖြစ်သည် ။ အရပ်က ၁၈၉ cm ( 6'2" ) ရှိပြီး လူတိုင်းကမော်ဖူးရသူတစ်ယောက်ဖြစ်သည့်အပြင် ခန္ဓာကိုယ်က ကြွက်သားအပြည့်နဲ့ခန့်ညားထည်ဝါကာ အခန်းအနားပွဲတွေတက်ရောက်လျှင် အားလုံးရဲ့အလယ်မှာထင်းကနဲမြင်တွေ့နိုင်သည့်လူတစ်ဦးဖြစ်သည် ။ ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီးနောက် သူဟာတစ်ခြားလူတစ်ယောက်ပမာ ပြောင်းလဲသွားခဲ့လေသည် ။

ပန်းရောင်စုံတွေပွင့်လန်းနေတဲ့ အိမ်တော်အတွင်း အနီရောင်ကားလေးကိုခြံရံထားတဲ့ အနက်ရောင်ကားတန်းကြီးဝင်ရောက်လာပြီး အလယ်ကအနီရောင်ကားပေါ်ကနေ ခန့်ညားသည့်အမျိုးသားဆင်းလာသည် ။ သခင်ကြီးပြန်ရောက်လာပြီမို့ အိမ်တော်အတွင်းရှိ အစေခံအားလုံးက ဦးညွှတ်ကာ အရိုသေပေးလိုက်ကြသည် ။ ထိုထဲတွင် ဦးလေးမြတ်ပါ ပါဝင်ပြီး ဦးလေးမြတ်က ပြန်လည်ဦးမော့လာကာ နှုတ်ဆက်လိုက်သည် ။

" သခင်ကြီးဧကရာဇ်မောင် … အိမ်တော်ကနေ ကြိုဆိုပါတယ် "

" ရပြီ … အားလုံးကို့အလုပ်ကိုလုပ်ကြ "

ထိုအခါမှ လူစုကွဲသွားကြပြီး ဦးလေးမြတ်သာကျန်နေတော့သည် ။ ဦးလေးမြတ်ဟာ သခင်လေးကုမုဒြာရဲ့ကြီးပြင်းလာပုံကို အနီးကပ်ကြည့်ကာ စောင့်ရှောက်လာခဲ့သူတစ်ဦးဖြစ်သလို ယခုသခင်လေးဧကရာဇ်မောင်ရဲ့ ပြောင်းလဲလာပုံကိုလဲ အနီးမြင်တွေ့ခွင့်ရသူဖြစ်သည် ။

သခင်လေးဧကရာဇ်မောင်က ယခင်ကထက်တည်ငြိမ်လာပြီး ပေါ့ပါးလန်းဆန်းနေကာ အားလုံးရဲ့အကြည့်ကိုဆွဲဆောင်နိုင်တဲ့အလှတရား ချောမောခန့်ညားမှုတွေကို ပိုင်ဆိုင်ထားသည် ။ သို့ပေမဲ့ သူ့ရဲ့မျက်ဝန်းတွေထဲမှာ လူတစ်ယောက်ကို မျှော်လင့်တကြီးရှာဖွေနေတဲ့ အရိတ်အယောင်တွေအမြဲရှိနေပြီး အိမ်တော်ကိုပြန်ရောက်လာတိုင်း လွမ်းစွတ်နေတဲ့ မျက်နှာအမူအယာတွေကပြောင်းလဲမသွားပေ ။

" သခင်ကြီး … ဒီတစ်ခေါက်ရော ရှာတွေ့ခဲ့လား "

" ကျွန်တော် နိုင်ငံခြားကမြို့ပေါင်းစုံမှာ တစ်လစီနေပြီးရှာပြီးပြီ … ခုထိအရိတ်အယောင်တောင်မတွေ့ရဘူး … သူတကယ်ပဲ ကျွန်တော့ကိုမတွေ့ချင်တော့ဘူးထင်တယ် "

" အဲ့လိုမတွေးပါနဲ့  … ခုသခင်ကြီးရဲ့သတင်းတွေက နေရာတိုင်မှာပြန့်နေတော့ သခင်လေးဒါကိုမြင်ပြီးသခင်ကြီးပြောင်းလဲသွားတာသိလောက်မှာပါ "

" အင်း … သူတွေ့ပါစေလို့ပဲဆုတောင်းရမယ် … ဒါနဲ့ဦးလေးမြတ် ကျွန်တော်မရှိတုန်း ပြင်ဦးလွင်ကအိမ်ကိုသွားပြီး စောင့်သေးလား "

" စောင့်ပါတယ် … သခင်လေးမုဒြာနဲ့သားလေးရဲ့အခန်းတွေအားလုံး သန့်ရှင်းရေးလုပ်ထားတယ် "

" အရုပ်အသစ်တွေရော ဝယ်ထည့်သေးလား … သားလေးကခုဆို ၄ နှစ်ပြည့်ပြီးပြီ … နောက်တစ်ခါသွားရင် စာလေ့ကျင့်ဖို့အတွက် အက္ခရာစာအုပ်နဲ့လေ့ကျင့်ခန်းတွက် လိုအပ်တာတွေသွားထားလိုက် … ကစားစရာအသစ်ထွက်တာတွေပါယူသွား … ကျွန်တော်ဒီကအလုပ်တွေပြီးရင် အဲ့ဒိအိမ်မှာ သွားအနားယူဦးမယ် "

" ဟုတ်ကဲ့ပါသခင်လေး "

ဦးလေးမြတ်ဟာ လှေကားထစ်တွေကနေ အပေါ်သို့တက်သွားသည့် ဧကရာဇ်အား ငေးကြည့်နေမိသည် ။ လွန်ခဲ့တဲ့နှစ်တွေက ဧကရာဇ်မောင်ဟာ အလုပ်ကပြန်ရောက်တိုင်း  အိမ်တော်တစ်လျှောက် ကုမုဒြာအား  အသည်းအသန်အော်ခေါ်ပြီးရှာဖွေနေတတ်သည် ။  အိပ်ယာနိုးထလာတိုင်း မုဒြာရဲ့နာမည်ကိုရေရွတ်နေတတ်ပြီး သူ့အားဝေရာဝစ္စပြုပေးတဲ့အိမ်ဖော်က မုဒြာမဟုတ်၍ အခန်းအပြင်တွန်းထုတ်ပြစ်ခဲ့သေးသည် ။ အဲ့ဒိနောက် ဦးလေးမြတ်ကိုယ်တိုင်ပဲ ဧကရာဇ်မောင်အား အနီးကပ်ပြုစုပေးခဲ့ရသည် ။

ပြင်ဦးလွင်ကအိမ်တော်မှာဆိုရင် ဧကရာဇ်မောင်က ကလေးတစ်ယောက်ပမာ ခြုံလေးထဲမှာ ခွေခေါက်ကာထိုင်နေပြီး မုဒြာလာအခေါ်ကိုစောင့်နေတတ်သည် ။ သူ့ကိုယ်မှာခြင်တွေကိုက်နေတာတောင် ဂရုမစိုက်ပဲ အမှောင်ထဲမှာထိုင်နေတတ်၍ နောက်ဆုံး ဦးလေးမြတ်က ဘေးကနေပြုစုရင်း စောင့်ပေးခဲ့ရသည် ။

ခုတော့ဧကရာဇ်မောင်ရဲ့စိတ်က စဉ်းစားဆင်ချင်နိုင်စွမ်းရှိလာကာ မုဒြာကိုထိုင်မစောင့်တော့ပဲ အပြင်မှာထွက်ရှာလေတော့သည် ။ အလုပ်ကိစ္စနဲ့ နိုင်ငံခြားသို့သွားလျှင် တစ်လလောက်ကြာတတ်ပြီး ရောက်ရာနေရာမှာ ရှာဖွေသည် ။ သို့ပေမဲ့ ခုချိန်ထိ ဘာသတင်းမှမရရှိခဲ့ပေ ။ ခုချိန်ထိ ဧကရာဇ်မောင်ဟာ နည်းနည်းလေးမှ ဇွဲလျော့မသွားပဲ ရောက်ရာအရပ်မှာ အမြဲတမ်းရှာဖွေနေခဲ့သည် ။

ဧကရာဇ်မောင် အိမ်တော်မှာနေတဲ့ရက်နည်းလာပေမဲ့ သူဖန်တီးထားတဲ့ သူ့ရဲ့အိမ်လေးကိုတော့ ဦးလေးမြတ်အား အမြဲသန့်ရှင်းပေးကာစောင့်ရှောက်ဖို့ မှာထားသည် ။ ခုဆိုထိုအိမ်လေးမှာ လူတွေနေနေသလိုမျိုး ပစ္စည်းတွေပြည့်နေပြီး ကလေးလေးအတွက်ကစားစရာတွေလဲ အသက်အရွယ်အလိုက်ဝယ်ပေးထား၍ ဆိုင်တစ်ခုထက်ပင်စုံလင်ပြီး ပြည့်နေလေပြီ ။

ဧကရဇ်မောင် အခန်းရှေ့ရောက်တော့ ခနမျှရပ်တန့်လိုက်ပြီးမှ တံခါးကိုဆွဲဖွင့်လိုက်သည် ။ နှစ်တွေကြာလာခဲ့ပြီမို့ လွမ်းစွတ်နေတဲ့အငွှေ့အသက်လေးဟာ လုံးဝပျောက်ကွယ်သွားလေပြီ ။ သို့ပေမဲ့ သူ့အာရုံတွေထဲကမှတ်ဉာဏ်တွေဟာ ရှင်းရှင်းလင်းလင်းကို ရှိနေသေးသည် ။ ဧကရာဇ်မောင် အခန်းထဲဝင်လာတော့ သူ့ရဲ့အရှေ့မှာ ပြုံးပြီးကြည့်နေတဲ့လူသားလေးအား ပြုံးပြလိုက်သည် ။

" မုဒြာ … ကိုယ်ပြန်ရောက်ပြီ "

ထိုလူသားလေးရဲ့အပြုံးတွေက တည်ငြိမ်ပြီးပြောင်းလဲမသွားပေ ။ ဧကရာဇ်က တဖြေးဖြေးအနားသို့ တိုးကပ်သွားပြီး ထိုလူရဲ့ပါးလေးအားနမ်းလိုက်သည် ။ အနံ့အသက်မရှိအေးဆက်ကာမာကြောနေပေမဲ့ အနားမှာရှိနေတယ်ဆိုတဲ့ခံစားချက်လေးတွေးထားတာမို့ ဧကရာဇ်မောင်ပြုံးနေဆဲပင် ။ ထိုအရာက မုဒြာရဲ့ရုပ်ပုံဖြစ်ပြီး နံရံအားကပ်ထားကာ ဧကရာဇ်မောင် တတိရတိုင် အမြဲငေးကြည့်နေတတ်သည် ။ ဧကရာဇ်မောင်က မုဒြာရဲ့ရုပ်ပုံပေါ် ခေါင်းမှီလိုက်ပြီး …

" မုဒြာ … ကိုယ်ဒီနေ့လူတွေအများကြီးရှေ့မှာ မိန့်ခွန်းပြောခဲ့တယ် … မင်းကိုယ့်ကိုမြင်နိုင်ဖို့ မျှော်လင့်ပါတယ် … မင်းသိလား မင်းပြောသလိုလောကကြီးကိုမြင်နိုင်ဖို့ အတောင်ပံဖြန့်ပြီး ပျံသန်းကြည့်လိုက်တော့ လှပတဲ့ကမ္ဘာတစ်ခုကို ကိုယ်တွေ့ခဲ့ရတယ် … အဲ့ဒိကမ္ဘာကြီးမှာ  အတောင်မစုံသေးတဲ့ငှက်ငယ်လေးတွေရှိတယ် … ကိုယ်လဲကိုယ့်တုန်းကခံစားခဲ့ရသလို စိတ်တွေလှောင်ပိတ်ခံရပြီး လမ်းမှားမသွားစေဖို့ သူတို့ကိုဆုံးမပေးနိုင်ခဲ့တယ် … မင်းရဲ့ကျေးဇူးတွေကြောင့် ကိုယ်အခုလို လူတွေအပေါ်အကူအညီဖြစ်စေတဲ့ လူကောင်းတစ်ယောက်ဖြစ်လာခဲ့ပြီ … ကိုယ်အခုလိမ်မာနေပြီမို့ မင်းပြန်လာပါတော့ကွာ "

ဧကရာဇ်မောင်က မုဒြာရဲ့ကိုယ်ပွားလေးဖြစ်တဲ့ ဒိုင်ယာရီစာအုပ်လေးအား အမြဲကိုယ်နဲ့မကွာဆောင်ထားပြီး သတိရတိုင်း စာအုပ်ထဲကသူတို့ရဲ့အမှတ်တရတွေကို ဦးနောက်ထဲဆွဲကျန်နေအောင်ဖတ်လေ့ရှိသည် ။ စာအုပ်ကိုဖတ်မိတိုင်း ငိုတလှည့်ရယ်တစ်လှည့်နဲ့ ရိုးသွားသည်ဟူ၍မရှိပေ ။

ညအိပ်လျှင်လဲ ဒိုင်ယာရီစာအုပ်လေး ဘေးမှာချထားကာ ကုမုဒြာအနားမှာရှိနေတယ်ရှိတဲ့အသိလေးနဲ့အိပ်ဆက်ပြီး အမြဲအိမ်မက်ထဲမှာ မုဒြာကိုမြင်တွေ့ခွင့်ရကာ အရင်ကလိုအိမ်မက်ဆိုးတွေလဲ မမြင်မတ်တော့ပေ ။ ကုမုဒြာထွက်ခွားသွားခြင်းက ဧကရာဇ်မောင်အတွက် အခြေအနေကောင်းတွေ အများကြီးဖြစ်ပေါ်လာစေခဲ့သည် ။

*

*

*

အလုပ်ကိစ္စဆွေးနွေးဖို့အတွက် ဧကရာဇ်မောင် ရုံသို့ရောက်လာသည် ။ ရုံးရဲ့တည်နေရာက အဖိုးရဲ့လက်ထပ်ကတည်းကဖြစ်ကာ အဆောက်အဦးတွေကအရမ်းကြာမြင့်နေပြီမို့  ပုံစံအနည်းငယ်ပျက်ရွံ့နေ၍ နေရာသစ်ပြောင်းဖို့ပါ စီစဉ်ကြသည် ။ ရုံးဝန်ထမ်းတွေအတွက်ပါ အဆင်ပြေမဲ့နေရာကိုရှာဖွေကြသည် ။

" သူဌေး … နေရာသစ်ကိစ္စ ရွေးချယ်ထားတဲ့နေရာရှိလား "

" သက်မောင် … အဲ့ဒါကိုမင်းပဲစီစဉ်လိုက် "

သက်မောင်က ဧကရာဇ်ရဲ့လက်ထောက်ဖြစ်ပြီး လုပ်သက် ၃ နှစ်ရှိလေပြီ ။ သူကအလုပ်ကြိုးစားသလို မျက်နှာရွှင်သူမို့ လူချစ်လူခင်ပေါကာ အလုပ်ထဲကလူတွေက မောင်သက်ဟုနောက်ပြောင်ကာခေါ်ကြသည် ။ သက်မောင်သူဌေးရုံးခန်းကနေထွက်လာတော့ ဝန်ထမ်းမလေးတွေက စိတ်ဝင်တစားဖြင့် မေးကြသည် ။

" ကိုမောင်သက် သူဌေးကဘယ်နေရာကိုရွေးချယ်မယ်လို့ပြောလဲ "

" တည်နေရာအတွက် ငါ့ကိုအပ်လိုက်တယ် … မင်းတို့နေချင်တဲ့နေရာရှိရင်ရွေးထား … မဲများတဲ့နေရာရွေးပြီး သူဌေးကိုတင်ပြပေးမယ် "

အားလုံးကလဲပျော်ရွှင်ကာ နေရာအသီးသီးရွေးချယ်ကြသည် ။ ထိုထဲမှာ ' ပန်းဝင်္ကပါ ' ဆိုသည့်နာမည်ပါနေ၍ သက်မောင်ကမေးလိုက်သည် ။

" ဒါကသူဌေးရဲ့မြို့တော်မဟုတ်လား … လှပေမဲ့အဲ့နေရာက ရုံးချုပ်အတွက်တော့အဆင်မပြေလောက်ဘူး … ဧည့်သည်တွေအတွက်လာဖို့ခက်တယ် … သူဌေးကလဲအမြဲခရီးထွက်နေတော့ အရေးကြီးကိစ္စနဲ့ ပြန်လာရတဲ့အခါ သူဌေးရဲ့အိမ်တော်နဲ့ရုံးကအတော်လေးဝေးသွားမှာမို့ လက်ခံမှာမဟုတ်ဘူး "

" နှမြောစရာပဲ … အဲ့နေရာမှာသာရုံးရှိရင် အခန်းကိုဈေးသက်သက်သာသာနဲ့ငှားပြီး အလုပ်ကိုနီးနီးလေးလုပ်ခွင့်ရမှာကို … ခုနေနေတဲ့နေရာကကျဉ်းပြီးဈေးလဲကြီးသေးတယ် "

" ဟုတ်တယ် … အဲ့နေရာက ပတ်ဝန်းကျင်ကသာယာပြီးလှပတယ် … လေကောင်းလေသန့်လဲရတယ် … အစားအစာတွေကလက်ဆက်တော့ ကျန်းမာရေးနဲ့လဲကိုက်ညီတယ် … ဒီမှာလောက်လဲဈေးမကြီးဘူး "

" ဘာပဲဖြစ်ဖြစ်အဲ့ဒါမင်းတို့ရဲ့ကိစ္စလေ … သူဌေးကမင်းတို့အဆင်ပြေဖို့တွေးပေးရမှာလား ရှယ်ယာဝင်လုပ်ငန်းရှင်တွေအဆင်ပြေဖို့တွေးပေးရမှာလား "

အားလုံးကလဲ မဖြစ်နိုင်တော့ဘူးမို့ စိတ်မကောင်းဖြစ်နေကြသည် ။ ထိုစဉ်သူတို့အနားသို့အမျိုးသမီးတစ်ဦးရောက်လာသည် ။ သူမကမန်နေဂျာအသစ်ဖြစ်ကာ အိမ်ထောင်ရှိအမျိုးသမီးဖြစ်​ြပီး သဘောကောင်းသူလဲဖြစ်သည် ။ သူ့သမီးလေးက TV ထဲမှာ ဧကရာဇ်မောင်ကိုတွေ့ပြီး အလွန်နှစ်သက်၍  သမီးလေးသဘောအတိုင်း လက်ဆောင်ပစ္စည်းလေးတွေယူလာခဲ့သည် ။

" အတွင်းရေးမှူးကိုသက်မောင် … အထဲမှာ သူဌေးရှိနေလား "

" အော် ညီမကလျာပါလား … သူငယ်ချင်းရဲ့မွေးနေ့ကနေပြန်ရောက်လာပြီလား "

" ဟုတ်တယ် … မနေ့ညကပဲပြန်ရောက်တာ … ဒီနေ့သူဌေးရုံးကိုလာတယ်ကြားလို့လေ ညီမသမီးလေးက သူကြိုက်တဲ့မုန့်လေးတွေကို သူဌေးအတွက်ပါ လက်ဆောင်ပေးခိုင်းနေလို့ရှင်  "

ဝန်ထမ်းမလေးတစ်ယောက်က သူမလက်ထဲမှာကိုင်ထားတဲ့ပုံးလေးကိုကြည့်ပြီး မေးလိုက်သည် ။

" အမ … အဲ့ဒါ ပန်းကလေးကွတ်ကီးနဲ့ကိတ်မျိုးစုံဆိုင်ကလား "

" ဟုတ်တယ် … ညီမလဲသိနေတာလား "

" သိတာပေါ့ … အဲ့ဆိုင်ကမုန့်တွေက အရမ်းစားကောင်းပြီးဈေးလဲသက်သာတယ် … လူတန်းစားမရွေးဝယ်စားနိုင်တယ်လေ … ဒါပေမဲ့သူကပြန်ရောင်းဖို့တော့ခွင့်ပြုမထားဘူး "

" ဟုတ်တယ် … စားဖို့အတွက်ပဲဝယ်လို့ရတာ … အွန်လိုင်းကနေမှာရင်တောင် ပို့ဆောင်ခကအခမဲ့နဲ့ အိမ်အထိလာပို့တယ် … အရမ်းတန်ပြီးအရမ်းလဲစားကောင်းတယ်လေ … အမသမီးလေးက အဲ့ဆိုင်ကမုန့်ကိုပဲမှာစားတာ  "

မုန့်အကြောင်းပြောနေချိန် ရုံးခန်းထဲကနေ ဧကရာဇ်မောင်ထွက်လာသည် ။ သူကစုရုန်းနေတဲ့ သူ့ရဲ့ဝန်ထမ်းတွေနားရောက်တော့ ရပ်တန့်လိုက်ပြီး မေးလိုက်သည် ။

" မင်းတို့ ဘာတွေဆွေးနွေးနေကြတာလဲ "

"  သူဌေး … ကျွန်မသူဌေးအတွက် မုန့်လေးတွေလက်ဆောင်ယူလာခဲ့တယ်  "

သူမက လက်ထဲက မုန့်ဘူးအား ဧကရာဇ်ထံပေးလိုက်သည် ။ ဧကရာဇ်ကလဲ မငြင်းဆိုပဲ လက်ခံလိုက်ပြီး အထဲကဘူးလေးအား ထုတ်ကြည့်လိုက်သည် ။ စိတ်ဝင်စားစရာကောင်းတာက မုန့်ဘူးလေးပေါ်က ပမှတ်တံဆိတ်ဟာ အဖြူရောင်ပန်းပွင့်ပုံဖြစ်ပြီး ' ပန်းကလေး ' ဟု နာမည်ထိုးထားသည် ။

" ပန်းကလေး "

" ဟုတ်ပါတယ် … မုန့်ဆိုင်နာမည်က ပန်းကလေးပါ "

" ဘယ်မှာရှိတာလဲ "

" ပန်းဝင်္ကပါမြို့တော်မှာ "

" အဲ့မှာဒီဆိုင်နာမည်ကို တစ်ခါမှမကြားဖူးပါဘူး "

" အဲ့ဆိုင်ဖွင့်တာ နှစ်ဝက်လောက်တော့ရှိနေပြီ … သူဌေးဒီတစ်ခေါက်ခရီးသွားတဲ့အချိန်ကစဖွင့်တာမို့ မတွေ့မိတာဖြစ်မယ်  … သူ့ရဲ့မုန့်တွေကစားကောင်းသလို ဈေးမကြီးပဲ လူတန်းစားမရွေးစားနိုင်လို့ မြို့ထဲထိပါနာမည်ကြီးတယ် … ပြီးတော့ပြန်ရောင်းခွင့်လဲမပြုထားဘူး … မှာသမျှကိုလဲ ပို့ခမယူပဲအိမ်အရောက်ပို့ပေးတယ် … ကျွန်မသမီးလေးက သူဌေးအတွက်လက်ဆောင်ပိုဝယ်ဖို့ပြောနေလို့ ကျွန်မဝယ်လာခဲ့တာ … စားကြည့်ပါလား "

ဧကရာဇ်မောင်ဟာ သိချင်စိတ်ကထိန်းမနိုင်၍ အိမ်အထိယူမသွားတော့ပဲ ထိုနေရာမှာပဲ မုန့်ဘူးကိုဖောက်လိုက်ကာ စားကြည့်လိုက်သည် ။ အရာသာကအဆင့်မြင့်ကာ နိုင်ငံခြားမှာစားဖူးခဲ့တဲ့မုန့်တွေနဲ့ပင် အရသာတူနေသည် ။  ဒီလိုလက်ရာကောင်းတဲ့လူတစ်ယောက်က မြို့ငယ်လေးမှာ ဆိုင်သေးသေးလေးဖွင့်ပြီး ဈေးထက်ဝက်လျော့ကာ ရောင်းပေးနေတာကို ဧကရာဇ်မောင်နားမလည်နိုင်ဖြစ်နေသည် ။ ဒီလက်ရာမျိုးက ဆိုင်အကြီးကြီးဖွင့်ပြီး ကိုယ်ပိုင်အမှတ်တံဆိတ်နဲ့ထုတ်လုပ်ရင်ကို အောင်မြင်နိုင်သည် ။

ထိုစဉ် ဘေးနားက ဝန်ထမ်းမလေးက ဖုန်းထဲကနေ တစ်စုံတစ်ရာအားကြည့်ကာ ပြုံးနေသည် ။ သူမက သူဌေးလဲ ထိုမုန့်ကိုကြိုက်နှစ်သက်တာမြင်တော့ ဖုန်းထဲက Vd တစ်ခုကိုပြလိုက်သည် ။

" သူဌေး ဒီမှာကြည့် … အဲ့ဒိပန်းကလေးရဲ့သားက မုန့်တွေကြော်ငြာနေတာ … အသက်က ၄ နှစ်ဆိုပေမဲ့ ငလည်လေး … စကားအရမ်းတတ်ပြီးချစ်ဖို့လဲကောင်းတယ် "

ဧကရာဇ်မောင် ဖုန်းထဲက Vd ထံအကြည့်ရောက်သွားတော့ သူ့နှလုံးအိမ်က လှုပ်ရမ်းကာ အံ့ဩသွားသည် ။ ကလေးငယ်လေးက မျက်လုံးနက်နက်နဲ့အကြည့်တွေကစူးရှနေပြီး မျက်နှာပေါက်က သူငယ်ငယ်ကနဲ့ဆင်တူနေသည် ။ မပီကလာပီကလာနဲ့ ပြောနေတဲ့ စကားသံလေးတွေက သူ့အားပျော်ရွှင်စေပြီး အမူအယာလေးတွေကချစ်ဖို့ကောင်းလွန်းနေသည် ။ ဧကရာဇ်မောင်သိချင်စိတ်တွေက ပြင်းပြလာပြီး ထိန်းမထားတော့၍ မေးကြည့်လေတော့သည် ။

" သူတို့အကြောင်းတွေ သိသလောက်ပြောပြ … ဒီကလေးရဲ့မိဘတွေက ဘယ်သူတွေလဲ … သူတို့ဘယ်ကနေရောက်လာကြတာလဲ "

အားလုံးက သူဌေးရဲ့ထိုသို့စိတ်ဝင်တစားဖြစ်နေပုံကိုမမြင်ဖူးကြ၍ အံ့ဩသွားပေမဲ့ သိသမျှကို ရှင်းပြကြသည် ။

" ဒီ Page က စထောင်တာတစ်လလောက်ပဲရှိဦးမယ် … ဒါတောင်ဝယ်ယူသူတွေက ကလေးလေးချစ်ဖို့ကောင်းလွန်းလို့ အတင်းတောင်းဆိုလို့သာ … ပန်းကလေးမုန့်ဆိုင်ပိုင်ရှင်က သူ့ရဲ့နာမည်တွေ သူ့မိသားစုမကြောင်းတွေ ဘာတစ်ခုမှဖော်ပြခြင်းမရှိဘူး … သူ့ပုံကိုလဲ အရိုက်မခံတဲ့အပြင် ဘယ်ဆိုရှယ်မှာမှတင်ခွင့်မပေးဘူး … တင်မိတဲ့သူကိုလဲ သူ့ဆိုင်ကနေ ရာသက်ပန်စားသုံးခွင့်ပိတ်မှာလို့ပြောထားတယ် … သူ့လိုသဘောကောင်းတဲ့လူကို ဘယ်သူမှမနှောက်ယှက်ချင်ကြဘူးလေ … အဲ့ဒါကြောင့်သူတို့အကြောင်းကသိဖို့ခက်တယ်  … တစ်ချို့ကတော့ သူတို့ကနိုင်ငံခြားကနေ ပြောင်းလာတာလို့လဲပြောကြတယ် "

နောက်တစ်ယောက်က ဝင်ပြောလာသည် ။

" ကျွန်မသူငယ်ချင်းတစ်ယောက် အပြင်မှာတွေ့ဖူးတာတော့ ပိုင်ရှင်ကအရမ်းချောတာတဲ့ … ဓာတ်ပုံခိုးရိုက်ချင်ပေမဲ့ စိတ်ဆိုးမှာကြောက်လို့ မရိုက်ခဲ့ရဘူး … ပြီးတော့ ကလေးလေးကလဲ ခုဆိုလူချစ်လူခင်အရမ်းပေါနေပြီ … သူ့ရဲ့ Vd တိုင်းက သောင်းနဲ့ချီနဲ့ Like တွေရနေလို့ ဆယ်လီလို့တောင်ပြောလို့ရတယ် … ဒါပေမဲ့ ဆိုင်ရှင်က ကလေးရဲ့နာမည်လေးတောင်မပြောပြဘူး "

အတိအကျမသိရတော့ ဧကရာဇ်မောင် အနည်းငယ်တော့ မကျေမနပ်ဖြစ်မိသည် ။ ထိုစဉ်  မန်နေဂျာအမက သူမသိသလောက် ပြောပြလာတော့သည် ။

" ကျွန်မသူငယ်ချင်းပြောတာတော့ ဆိုင်အနားကလူတွေက သူတို့ကို ပန်းကလေးနဲ့ကုကုလေးလို့ခေါ်ကြတယ်တဲ့ … ပန်းကလေးကဆိုင်ရှင်အမျိုးသားကိုခေါ်တာ … သူ့နာမည်အရင်းကို ဘယ်သူမှမသိကြလို့လေ  … သူ့တို့မိသားစုအကြောင်းကိုလဲ ဘယ်သူမှတော့သိသိကျကျမသိကြဘူး … ဒါပေမဲ့သူ့ရဲ့ပုံကို ကျွန်မသူငယ်ချင်း အနောက်ကနေခိုးရိုက်ထားတာတော့ရှိတယ် "

မန်နေဂျာအမက သူမဖုန်းကိုထုတ်လိုက်ပြီး အထဲကပုံလေးတစ်ပုံကိုပြလိုက်သည် ။ ထိုပုံလေးထဲကလူဟာ ဆံပင်ဂုတ်ထိရှည်ပြီး တစ်ဝက်ကစည်းထားကာ လက်ထဲမှာ ကိတ်မုန့်လေးကိုင်ထားပြီးပြုံးကာကြည့်နေသည် ။ ဘေးတစ်ဆောင်းလေးမြင်နေရတာတောင်မှ အလွန်လှပနေသည် ။

ဧကရာဇ်မောင်က မျက်နှာအနည်းငယ်ပြူးကျယ်သွားပြီး ဖုန်းထဲကထိုလူရဲ့ပုံရိတ်လေးကို ထိတွေ့ကြည့်လိုက်သည် ။

" သူက ပန်းကလေးတဲ့လား … သူ့ရဲ့သားလေးက ၄ နှစ် … နိုင်ငံခြားကနေရောက်လာတာ … ပြီးတော့နာမည်အရင်းကိုတောင်လျှို့ဝျက်ထားလိုက်သေးတယ် "

" ဟုတ်တယ် … သူကရုပ်လေးချောပြီးအရမ်းဖော်ရွေတဲ့အပြင် စေသနာလဲကောင်းပေမဲ့  အရမ်းလျှို့ဝှက်တယ် … တစ်ချို့ကနတ်သားလေးလို့တောင် တင်စားထားကြတာ … ကံဆိုးတာက သူကရိုးရိုးသာမန်ဘီတာတစ်ယောက်ဖြစ်နေတယ် … အိုမီဂါသာဆိုရင် သန်မာတဲ့အယ်ဖာနဲ့တွေ့ပြီး ဒီထက်ကောင်းတဲ့ဘဝမှာနေနိုင်မှာ "

" ဘီတာ "

ဧကရာဇ်မောင် မျက်ခုံးကြုတ်သွားသည် ။

" ဟုတ်ကဲ့ သူကဘီတာပါ … အဲ့ဒါကြောင့်ပဲ တစ်ယောက်ထည်းနေနိုင်တာပေါ့ … အိုမီဂါဆို ဒီလိုလောကကြီးမှာအရမ်းလှတဲ့အိုမီဂါလေး တစ်ယောက်ထည်း ရှင်သန်နိုင်မှာမဟုတ်ဘူး "

ဧကရာဇ်မောင်က ဖုန်းကိုမန်နေဂျာမထံပြန်ပေးလိုက်ပြီး အေးဆက်စွာမေးလိုက်သည် ။

" သူ့ရဲ့လိပ်စာသိလား "

" ဟုတ်ကဲ့ … သူဌေးက ဘာလုပ်မို့လဲ "

" မင်းပေးတဲ့လက်ဆောင်က အရမ်းစားလို့ကောင်းတယ် … ငါစားချင်လာတဲ့အခါ မှာမလို့ သူ့ဆိုင်လိပ်စာနဲ့ဖုန်းနံပါတ်လေးပြောပြနိုင်မလား "

" ဟုတ်ကဲ့ ရပါတယ် "

နောက်တစ်နေ့ရောက်တော့ အလုပ်တွေကိုတောင် ပြစ်ထားခဲ့ကာ ဧကရာဇ်မောင်တစ်ယောက် ပန်းကလေးရဲ့ဆိုင်သို့ ထွက်လာခဲ့လေသည် ။

…………………………………………………………………………………

To Be Continued ……

၄ ႏွစ္ခန႔္ၾကာေသာ္ ~~~

အခ်ိန္နာရီစက္ဝန္းႀကီးက ေႏြ ၊ မိုး ၊ ေဆာင္း ဥတုသုံးပါစလုံး၌ စည္းခ်က္က်က်လည္ပတ္ေနၿပီး ရပ္တန႔္ေနျခင္းမရွိေျခ ။ မ်က္စိတစ္မွိတ္အတြင္းမွာပင္ ၄ ႏွစ္သာဆိုတဲ့ကာလႀကီး ကုန္ဆုံးလို႔သြားေလသည္  ။ 

အခ်ိန္ကာလေတြေျပာင္း ရာသီေတြေျပာင္းလဲသြားေပမဲ့ လူတစ္ေယာက္ရဲ႕ႏွလုံးသားထဲက  တစ္စုံတစ္ေယာက္ျပန္အလာကို ေစာင့္ေမွ်ာ္ေနတဲ့စိတ္ကေတာ့ ေျပာင္းလဲမသြားခဲ့ေပ ။

" ဒီႏွစ္ရဲ႕ အထူးခြၽန္ဆုံးနဲ႕ အေအာင္ျမင္ဆုံး ထိပ္တန္းစားရင္းဝင္ Yၿမိဳ႕ရဲ႕တစ္ဦးတည္းေသာ လုပ္ငန္းရွင္ႀကီး Mr.ဧကရာဇ္ေမာင္ကို ဖိတ္ေခၚပါတယ္ "

ထိပ္တန္း Tv လိုင္းတစ္ခုရဲ႕ တိုက္ရိုက္ထုတ္လႊင့္ေနတဲ့ အစီအစဥ္တစ္ခုျဖစ္တဲ့ ' အနာဂတ္ရဲ႕ၾကယ္ပြင့္ေလးမ်ား ' အစီအစဥ္မွာ ဖိတ္ၾကားခံထားရတဲ့ သခင္ႀကီး ဧကရာဇ္ေမာင္ဟာ စင္ျမင့္ထက္သို႔ ခန႔္ညားစြာျဖင့္ ေလွ်ာက္လွမ္းလို႔လာသည္ ။ ထိုအစီအစဥ္ဟာ မ်ိဳးဆက္သစ္လူငယ္ေတြရဲ႕ ၿပိဳင္ဆိုင္လိုစိတ္ ျပင္းျပေစရန္အတြက္ ေရွ႕ေဆာင္လမ္းျပ ပုဂၢိဳလ္ႀကီးေတြရဲ႕ နည္းေပးၫႊန္ၾကားမႈေတြနဲ႕အတူ ၿပိဳင္ပြဲေတြယွဥ္ၿပိဳင္ရသည့္အစီအစဥ္တစ္ခုျဖစ္သည္ ။

ဒီအပတ္ၿပိဳင္ပြဲ၌ ဧကရာဇ္ေမာင္ဟာ ဒိုင္တစ္ေယာက္အျဖစ္ ပါဝင္ေပးရၿပီး လူငယ္ေတြကို သင္ျပေပးကာ ယွဥ္ၿပိဳင္ပြဲေတြကို အဆုံးအျဖတ္ေပးရမည့္ အထူးဧည့္သည္တစ္ေယာက္ျဖစ္သည္ ။

အခ်ိန္ေတြေျပာင္းလဲလာတာနဲ႕အမွ် ကမာၻႀကီးဟာ ေခတ္မွီဖြံ႕ၿဖိဳးလာၿပီး အဆင့္အတန္းခြဲျခားမႈ​ေတြေလ်ာ့က်ဖိဳ႕အတြက္ ' အနာဂတ္ၾကယ္ပြင့္ေလးမ်ား ' အစီအစဥ္က ပတ္ဝန္က်င္မွာရွိတဲ့ ထက္ျမတ္တဲ့လူငယ္တိုင္း ဝင္ၿပိဳင္ခြင့္ေပးထားသည္ ။ သာမာန္လူတန္းစားနဲ႕ အဆင့္ျမင့္အတိုင္းအဝိုင္းကလူေတြ ထိပ္တိုက္ေတြ႕ဆုံရၿပီး ေအာင္ျမင္မႈအတြက္ အားၿပိဳင္ရသည့္အစီအစဥ္တစ္ခုလဲျဖစ္သည္ ။

" ၿပီးခဲ့တဲ့အပတ္က အနိုင္ရရွိခဲ့တဲ့ လူငယ္ေတြ စင္ျမင့္ေပၚသို႔တက္ေရာက္ေပးပါ "

MC ရဲ႕ၫႊန္ၾကားခ်က္အၿပီးမွာ လူငယ္ေလးေတြဟာ တက္ႂကြစြာျဖင့္ ဧကရာဇ္ေမာင္ရပ္ေနတဲ့ စင္ေပၚတက္လာၾကၿပီး အျပင္မွာေတြ႕ရဖို႔ ခဲရင္းလွတဲ့ အထူးပုဂၢိဳလ္ႀကီးအား မ်က္ေတာင္မခပ္တန္းၾကည့္ေနၾကသည္ ။ အေရွ႕မွာရပ္ေနတဲ့လူက သူတို႔အတြက္ အတုယူဖြယ္ေကာင္းလွသည့္ ပုဂၢိဳလ္တစ္ဦးျဖစ္ေနသည္ ။

ဒီေနရာမွာ လူငယ္ေတြအားလုံး အယ္ဖာ ဘီတာ အိုမီဂါ မိန္းမ ေယာက္်ား မေ႐ြးပါဝင္နိုင္ၿပီး လူတန္းစားမေ႐ြး ႀကိဳးစားလွ်င္ေအာင္ျမင္မႈတို႔နဲ႕အတူ အျမင့္ကိုတက္လွမ္းဖို႔ လက္ကမ္းေပးသည့္ေနရာတစ္ခုလဲျဖစ္သည္ ။ အေရွ႕မွာရပ္ေနတဲ့ ဧကရာဇ္ေမာင္ဆိုသူက သူ႕ဘဝအမွန္ကို အားလုံးေရွ႕မွာ ထုတ္ေဖာ္ၿပီးေနာက္ အရိုးသားဆုံးနဲ႕ ႀကိဳးစားၿပီး ေအာင္ျမင္မႈကို ရရွိလာသူတစ္ေယာက္ျဖစ္သည္ ။

လြန္ခဲ့တဲ့ ၄ ႏွစ္မတိုင္ခင္က ထိုဧကရာဇ္ေမာင္ဆိုတဲ့လူဟာ စိတ္ဓာတ္ေတြက်ၿပီး သူ႕ရဲ႕ဘဝမွန္နဲ႕ စြန႔္ျပစ္ခံခဲ့ရပုံေတြကို ထုတ္ေဖာ္ေျပာၾကားလာသည္ ။ သူပိုင္ဆိုင္သမွ် အရာအားလုံးကိုလဲ တစ္ေန႕မွာ ပိုင္ရွင္အမွန္ကို ျပန္ေပးမည္ဟု ေျပာလာခဲ့သည္ ။ သို႔ေပမဲ့သူဟာ ဘယ္အရာကိုမွ လက္ေလ်ာ့ဖို႔မေတြးပဲ ေမွ်ာ္လင့္ခ်က္ေလး ျမဴမႈန္မွ်သာရွိေနရင္ေတာင္မွ ႀကိဳးစားကာေရွ႕ဆက္ခဲ့သည္ ။

သူဟာလူေတြအားလုံးအတြက္ အေထာက္အကူျပဳေပးနိုင္တဲ့ ပေရာဂ်က္ႀကီးကို ေအာင္ျမင္စြာတည္ေဆာက္နိုင္ခဲ့သည္ ။ ၂ ႏွစ္သာအတြင္းမွာ  ၿမိဳ႕အတြင္း၌ အလုပ္လက္မဲ့လူဦးေရေလ်ာ့က်လာၿပီး လူအမ်ားရဲ႕ ေနေရးထိုင္ေရးအဆင္ေျပလာခဲ့သည္ ။

အေၾကာင္းက လူေတြမစဥ္းစားဖူးတဲ့ လွပတဲ့ၿမိဳ႕ေလးတစ္ၿမိဳ႕ကို ဖန္တီးကာ ေဈးသက္သာတဲ့ အိမ္ယာမ်ားစြာဖန္တီးထားၿပီး အနားမွာအရန္သင့္အလုပ္ရရွိေစဖို႔ စက္႐ုံမ်ားပါတည္ေဆာက္ရန္အတြက္ နိုင္ငံျခားကုန္သယ္ေတြနဲ႕ပါဆက္သြယ္ေပးထားသည္ ။ ဒီလိုနဲ႕ လူအမ်ားအတြက္ အေထာက္အကူျဖစ္ခဲ့သည္ ။

ခုဆို ထိုၿမိဳ႕ေလးအား ' ပန္းဝကၤပါၿမိဳ႕ေတာ္ '  ဟုအမည္ေပးထားၿပီး ဝင္မိယုံနဲ႕ျပန္မထြက္ခ်င္ေလာက္တဲ့အထိ သာယာလွပကာ လူတိုင္းရဲ႕စိတ္ကိုဖမ္းစားနိုင္ၿပီး ေနထိုင္သူတိုင္း စိတ္႐ႊင္လန္းေစသည္ ။ ထိုၿမိဳ႕ေလးရဲ႕ နာမည္အႀကီးဆုံးေနရာက ၿမိဳ႕ရဲ႕အလယ္က မီးပြိုင့္မရွိတဲ့အဝိုင္း ျဖစ္ၿပီး ထိုေနရာေရာက္ရင္ လူတိုင္းဟာ ခနမွ်ရပ္ၿပီးမွ ေရွ႕ဆက္ၾက၍ မီးပြိုင့္မလိုပဲ အသိတရားစည္းလုံးမႈေတြနဲ႕ လမ္းကိုသြားလာၾကသည္ ။

ပန္းၿမိဳ႕ေတာ္ဆိုတဲ့အတိုင္း ေနရာတိုင္းမွာ ပန္းေတြပြင့္ေနၿပီး ၿမိဳ႕ရဲ႕ေျမာက္ဘက္စြန္းက ပန္းဥယဥ္ဟာေတာ့ ၿမိဳ႕တြင္းကလူေတြတင္မက ၿမိဳ႕ႀကီးေပၚကလူေတြပါ အပန္းေျဖလာၾကေလ့ရွိသည္။ ၿမိဳ႕ကိုစတင္တည္ေထာင္ၿပီး ၂ ႏွစ္အတြင္းမွာ စတင္ဖြင့္လွစ္ကာ ၃ ႏွစ္အတြင္းမွာေတာ့ စတင္စည္ကားလို႔ေနသည္ ။

ရာသီဥတုက မိုးေကာင္းလြန္း၍ ေရေျမာင္းေတြထဲကေရေတြကို ၿမိဳ႕နဲ႕မိုင္အနည္းငယ္ေဝးတဲ့ေနရာမွာ ဆည္တည္ေဆာက္ထား၍ အနီးအနားမွာဟင္းသီးဟင္း႐ြက္ပင္ေတြကို သဘာဝအတိုင္းစိုက္ပ်ိဳးနိုင္သည္ ။ ထို႔ေၾကာင့္ အစားအစာေတြကလက္ဆက္ကာ လူသားေတြအတြက္ က်န္းမာေရးနဲ႕လဲညီၫြတ္လွသည္ ။ ဟင္းသီးဟင္း႐ြက္စိုက္ခင္းေတြေၾကာင့္ ပတ္ဝန္းက်င္ကလဲ စိမ္းဆိုလမ္းဆန္းကာ ေလေကာင္းေလသန႔္ေတြရရွိတဲ့ေနရာတစ္ခုလဲျဖစ္သည္ ။

ယခုအခ်ိန္မွာ ၿမိဳ႕ကိုစတင္ဖြင့္လွစ္ၿပီး လူေတြေနထိုင္တာ ၂ ႏွစ္ျပည့္သြားၿပီျဖစ္သလို ထိုေနရာရဲ႕ပိုင္ရွင္ သခင္ႀကီးဧကရာဇ္ေမာင္ဟာ အခ်မ္းသာဆုံးနဲ႕  လူေတြရဲ႕အားက်ခ်စ္ခင္မႈကို အရရွိဆုံးလူတစ္ေယာက္ျဖစ္လာခဲ့သည္ ။ ဧကရာဇ္ေမာင္ကို ယုံၾကည္ၿပီး ရင္းႏွီးျမႇုပ္ႏွံသူေတြက နိုင္ငံတြင္းတင္မက ျပည္ပနိုင္ငံမ်ားထိပါတိုးလာၾကၿပီး ခုဆို ျပည္ပထိပါနယ္ေျမခ်ဲ့ထြန္မႈကို ျပဳလုပ္လာနိုင္ခဲ့သည္ ။ ဧကရာဇ္ေမာင္ရဲ႕ လုပ္ေဆာင္မႈတိုင္းက လူေတြကိုေဘးမျဖစ္ေစပဲ လူေတြအတြက္အေထာက္အကူျပဳကာ အျမတ္အစြန္းမ်ားစြာရရွိမည္မွန္း ယုံၾကည္ထားၾကသည္ ။ ဒါေၾကာင့္လဲ ဧကရာဇ္ေမာင္ဟာ အားလုံးရဲ႕ယုံၾကည္ေလးစားကာ အတုယူဖြယ္လူသားတစ္ေယာက္ျဖစ္လို႔ေနသည္ ။

အစီအစဥ္ရဲ႕ၿပိဳင္ပြဲအၿပီးမွာေတာ့ အနိုင္ရရွိတဲ့လူငယ္ေတြကို ဧကရာဇ္ေမာင္က စိတ္ခြန္အားျဖစ္ေစမဲ့စကားေတြေျပာၾကားေပးခဲ့သည္ ။

" မင္းတို႔ရဲ႕ဝါသနာ မင္းတို႔ရဲ႕ေ႐ြးခ်ယ္မႈတိုင္းက မင္းတို႔ရဲ႕ႏွလုံးသားထဲကလာတာမို႔  ေဘးလူရဲ႕စကားကိုနားမေယာင္ပဲ မင္းတို႔အေကာင္းဆုံးလုပ္နိုင္ရမယ္ … မင္းတို႔လုပ္ရပ္ေတြကမွားေနတယ္ဆိုရင္ မင္းရဲ႕ႏွလုံးသားကို မွားေနတဲ့အေၾကာင္းေျပာျပၿပီး အမွန္ကိုရွာေဖြနိုင္ရမယ္ … ဒါမွအနာဂတ္ရဲ႕အေတာက္ပဆုံးၾကယ္တစ္ပြင့္ျဖစ္လာမွာ … အဓိကက မင္းႏွလုံးသားကေနျဖစ္ခ်င္တဲ့အရာကိုမင္းသိေနဖို႔ပဲ … ဝါသနာတိုင္းကအဖိုးတန္တယ္ … ေအာင္ျမင္မႈကလူကိုမေ႐ြးဘူး … လူကသာေအာင္ျမင္မႈကိုေ႐ြးခ်ယ္ရမွာ … မင္းေ႐ြးခ်ယ္တဲ့လမ္းကို မင္းအေကာင္းဆုံးလုပ္ေဆာင္နိုင္ရင္ေအာင္ျမင္မႈကိုမင္းရရွိလိမ့္မယ္ "

အစီအစဥ္အၿပီးမွာ လူတိုင္းရဲ႕ပါစပ္ျဖားက ခ်ီးက်ဴးသံေတြ ဆူညံစြာထြက္ေပၚလာၿပီး စင္ျမင့္ထက္ကလူအား နတ္ဘုရားသဖြယ္ၾကည့္ေနၾကသည္ ။ လူငယ္မိန္းမပ်ိဳေလးေတြရဲ႕ပါးစပ္ျဖားမွာလဲ ဧကရာဇ္ေမာင္ဟာ ေျပာစမတ္သြင္ေလာက္တဲ့ လူတစ္ဦးျဖစ္လို႔ေနသည္ ။

" ဝါး … သခင္ႀကီးကအရမ္းမိုက္တာပဲ … TV ထဲမွာေတာင္ ဒီေလာက္ထိ ဆြဲေဆာင္မႈရွိေနတာ တကယ္ဆို ႐ုပ္ရွင္မင္းသားလုပ္သင့္တယ္ … သူကငါ့ရဲ႕ Idol ပဲ "

" သခင္ႀကီးက ခုခ်ိန္ထိတစ္ေယာက္ထည္း ေနေနတုန္းပဲလား … သူ႕ပုံစံအတိုင္းဆို အဆင့္ျမင့္ဆိုမီဂါေတြကို ေခါင္းေခါက္ၿပီးေ႐ြးခ်ယ္လို႔ရတာေတာင္ ထားသြားတဲ့လူကိုေမွ်ာ္ေနတုန္းပဲ … ႏွေျမာဖို႔ေကာင္းလိုက္တာ "

" နင္တို႔ဘာသိလို႔လဲ … သခင္ႀကီးက လြန္ခဲ့တဲ့ ၄ ႏွစ္က စိတ္ေရာဂါကို အခ်ိန္အၾကာႀကီး ကုသမႈခံယူခဲ့ရတယ္လို႔ေျပာဖူးတယ္ … သူေျပာတာက သူ႕ရဲ႕စိတ္ေရာဂါကို ေပ်ာက္ကင္းေစတဲ့လူက သူ႕ႏွလုံးသားထဲကလူတဲ့ … သူေသတဲ့ထိတစ္ျခားလူကို ေ႐ြးခ်ယ္မွာမဟုတ္ေလာက္ဘူး "

" ဘုရားေရ … အဲ့လိုဇာတ္လမ္းေတြရွိခဲ့တာလား …  ထားသြားတဲ့လူကဘယ္လိုလူမ်ိဳးလဲ သိခ်င္လိုက္တာ "

" အဲ့လူက လူေတြေရွ႕သိပ္မထြက္လို႔ ျမင္ရဖို႔ခက္တယ္ … အရင္သခင္ႀကီးေဟာင္းရဲ႕ေျမးတဲ့ … သူ႕ပုံေတြကိုမျဖန႔္ဖို႔ ခုသခင္ႀကီးကအမိန႔္ထုတ္ထားတယ္ … ဒါေၾကာင့္ ဘယ္သူမွသူ႕ႏွလုံးသားထဲကအလွေလးကို ျမင္ေတြ႕ခြင့္မရၾကဘူးေလ "

" အရမ္းမိုက္တာပဲ … အခ်စ္ရဆုံးသူကို ဒီေလာကမွာ ကိုယ္တစ္ေယာက္ထည္းပဲၾကည့္ခြင့္ရွိမယ္ အဲ့လိုမ်ိဳးလား … အား "

" ၿပီးေတာ့ သူတို႔မွာ ကေလးေလးေတာင္ရွိတယ္တဲ့ "

" ဒါဆို သခင္ႀကီးကိုမရမွေတာ့ သခင္ေလးကိုပဲမွန္းရေတာ့မွာေပါ့ ခုဆိုဘယ္အ႐ြယ္ေလာက္ရွိေနၿပီလဲ "

" အဲ့ဒါေတာ့မသိဘူး သခင္ႀကီးကသူ႕မိသားစုအေၾကာင္း ဘယ္မီဒီရာကိုမွအေမးမခံဘူး ေဖာ္ျပမိရင္လဲ အဲ့မီဒီရာေတြကို ထုတ္ျပစ္နိုင္တဲ့အင္အားရွိေတာ့ ဘယ္မီဒီရာကမွမစြန႔္စားရဲဘူးေလ "

" မိုက္လိုက္တာ သူ႕ႏွလုံးသားထဲကလူကို အျပည့္အဝကာကြယ္ထားတာပဲ ဘယ္ေလာက္ေတာင္ အားကိုးခ်င္စရာေကာင္းတဲ့အယ္ဖာလဲ "

အတိတ္ကဝမ္းနည္းစရာအျဖစ္နဲ႕ အဆုံးသတ္ခဲ့ရတဲ့ ဧကရာဇ္ေမာင္ရဲ႕ အခ်စ္ဇာတ္လမ္းဟာ ခုခ်ိန္မွာ လူငယ္ေတြရဲ႕ပါးစပ္ျဖားမွာ ေရဗန္းစားေနတဲ့ အားက်စရာအခ်စ္ဇာတ္လမ္းေလးတစ္ပုတ္အျဖစ္ ေျပာင္းလဲသြားေလသည္ ။ ႏွစ္ေတြၾကာလာသည္ႏွင့္အမွ် ဧကရာဇ္ေမာင္ရဲ႕ ေျပာင္းလဲသြားသည့္အရာေတြက အေျပာအဆို အမူအက်င့္ လုပ္ရည္ကိုင္ရည္နဲ႕ စိတ္ေနစိတ္ထားေတြအားလုံးပါဝင္ၿပီး ႐ုပ္ရည္ကေတာ့ အဓိကေျပာင္းလဲသြားသည့္အရာတစ္ခုပင္ ။

အသက္ ၂၇ ႏွစ္အ႐ြယ္ကေနစလို႔ စိတ္ေရာဂါကုထုံး ကုသဖို႔အတြက္ ၂ ႏွစ္နီးပါအခ်ိန္ယူလိုက္ရၿပီး အလုပ္ကိစၥနဲ႕ကုသမႈေတြအၿပီးမွာ ခႏၶာကိုယ္က်န္းမာသန္စြမ္းဖို႔အတြက္ Gym အၿမဲကစားၿပီး စိတ္တည္ၿငိမ္ေအာင္ႀကိဳးစားခဲ့သည္ ။ အားအင္ျပည့္ဝျခင္းက စိတ္ကိုပို၍လန္းဆန္းေစသလို ခႏၶာကိုယ္အား ႂကြက္သားေတြနဲ႕လွပေစၿပီး စိတ္က်န္းမာေရးကုထုံးအတြက္လဲအသုံးဝင္သည္ ။

ကုသစဥ္ပထမလေတြက ဧကရာဇ္ေမာင္အား သူ႕ရဲ႕အိမ္ေတာ္ထံသို႔ ယံယံကိုယ္တိုင္အထူးသီးသန႔္ လာေရာက္ကုသေပးၿပီး လုပ္ငန္းေတြကို ဇြဲကလာေရာက္ ခြဲေဝလုပ္ကိုင္ေပးသည္ ။ ဧကရာဇ္ေမာင္စိတ္ေတြတည္ၿငိမ္ကာ ပုံမွန္လုပ္ကိုင္လာနိုင္ခ်ိန္ေရာက္မွ ဇြဲကဂ်ပန္သို႔အၿပီးတိုင္ထြက္ခြာသြားသည္ ။

၂ ႏွစ္ခန႔္ၾကာခ်ိန္မွာ ဧကရာဇ္ေမာင္ က်န္းမာေရးအရွင္း ေပ်ာက္ကင္းသြားၿပီမို႔ အသက္အ႐ြယ္ႀကီးရင့္ၿပီျဖစ္တဲ့ ဦးေလးျမတ္အား ယာယီလက္ေထာက္လုပ္ကိုင္ေပးရာကေနအနားယူေစၿပီး မူလအိမ္ေတာ္ထိန္းေနရာသို႔ ျပန္လည္ခန႔္အပ္လိုက္သည္ ။  ဧကရာဇ္ေမာင္ရဲ႕ လက္ရွိလက္ေထာက္ဟာ အသက္ ၂၈ အမ်ိဳးသားဘီတာတစ္ေယာက္ျဖစ္ကာ လုပ္ငန္းအေတြ႕အႀကဳံမ်ားစြာရွိၿပီး ဧကရာဇ္ေမာင္အေပၚတြင္လဲ ယုံၾကည္ေလးစားကာ သစၥာရွိသူတစ္ေယာက္ျဖစ္သည္ ။

ဧကရာဇ္ေမာင္ရဲ႕ လက္ရွိအသက္က ၃၁ ႏွစ္ျဖစ္ေပမဲ့ ငယ္႐ြယ္ႏုပ်ိဳၿပီး အရင္ကထက္လန္းဆန္းတက္ႂကြကာ ေခ်ာေမာခန႔္ညားသူတစ္ေယာက္ျဖစ္သည္ ။ အရပ္က ၁၈၉ cm ( 6'2" ) ရွိၿပီး လူတိုင္းကေမာ္ဖူးရသူတစ္ေယာက္ျဖစ္သည့္အျပင္ ခႏၶာကိုယ္က ႂကြက္သားအျပည့္နဲ႕ခန႔္ညားထည္ဝါကာ အခန္းအနားပြဲေတြတက္ေရာက္လွ်င္ အားလုံးရဲ႕အလယ္မွာထင္းကနဲျမင္ေတြ႕နိုင္သည့္လူတစ္ဦးျဖစ္သည္ ။ က်န္းမာေရးျပန္လည္ေကာင္းမြန္ၿပီးေနာက္ သူဟာတစ္ျခားလူတစ္ေယာက္ပမာ ေျပာင္းလဲသြားခဲ့ေလသည္ ။

ပန္းေရာင္စုံေတြပြင့္လန္းေနတဲ့ အိမ္ေတာ္အတြင္း အနီေရာင္ကားေလးကိုၿခံရံထားတဲ့ အနက္ေရာင္ကားတန္းႀကီးဝင္ေရာက္လာၿပီး အလယ္ကအနီေရာင္ကားေပၚကေန ခန႔္ညားသည့္အမ်ိဳးသားဆင္းလာသည္ ။ သခင္ႀကီးျပန္ေရာက္လာၿပီမို႔ အိမ္ေတာ္အတြင္းရွိ အေစခံအားလုံးက ဦးၫႊတ္ကာ အရိုေသေပးလိုက္ၾကသည္ ။ ထိုထဲတြင္ ဦးေလးျမတ္ပါ ပါဝင္ၿပီး ဦးေလးျမတ္က ျပန္လည္ဦးေမာ့လာကာ ႏႈတ္ဆက္လိုက္သည္ ။

" သခင္ႀကီးဧကရာဇ္ေမာင္ … အိမ္ေတာ္ကေန ႀကိဳဆိုပါတယ္ "

" ရၿပီ … အားလုံးကို႔အလုပ္ကိုလုပ္ၾက "

ထိုအခါမွ လူစုကြဲသြားၾကၿပီး ဦးေလးျမတ္သာက်န္ေနေတာ့သည္ ။ ဦးေလးျမတ္ဟာ သခင္ေလးကုမုျဒာရဲ႕ႀကီးျပင္းလာပုံကို အနီးကပ္ၾကည့္ကာ ေစာင့္ေရွာက္လာခဲ့သူတစ္ဦးျဖစ္သလို ယခုသခင္ေလးဧကရာဇ္ေမာင္ရဲ႕ ေျပာင္းလဲလာပုံကိုလဲ အနီးျမင္ေတြ႕ခြင့္ရသူျဖစ္သည္ ။

သခင္ေလးဧကရာဇ္ေမာင္က ယခင္ကထက္တည္ၿငိမ္လာၿပီး ေပါ့ပါးလန္းဆန္းေနကာ အားလုံးရဲ႕အၾကည့္ကိုဆြဲေဆာင္နိုင္တဲ့အလွတရား ေခ်ာေမာခန႔္ညားမႈေတြကို ပိုင္ဆိုင္ထားသည္ ။ သို႔ေပမဲ့ သူ႕ရဲ႕မ်က္ဝန္းေတြထဲမွာ လူတစ္ေယာက္ကို ေမွ်ာ္လင့္တႀကီးရွာေဖြေနတဲ့ အရိတ္အေယာင္ေတြအၿမဲရွိေနၿပီး အိမ္ေတာ္ကိုျပန္ေရာက္လာတိုင္း လြမ္းစြတ္ေနတဲ့ မ်က္ႏွာအမူအယာေတြကေျပာင္းလဲမသြားေပ ။

" သခင္ႀကီး … ဒီတစ္ေခါက္ေရာ ရွာေတြ႕ခဲ့လား "

" ကြၽန္ေတာ္ နိုင္ငံျခားကၿမိဳ႕ေပါင္းစုံမွာ တစ္လစီေနၿပီးရွာၿပီးၿပီ … ခုထိအရိတ္အေယာင္ေတာင္မေတြ႕ရဘူး … သူတကယ္ပဲ ကြၽန္ေတာ့ကိုမေတြ႕ခ်င္ေတာ့ဘူးထင္တယ္ "

" အဲ့လိုမေတြးပါနဲ႕  … ခုသခင္ႀကီးရဲ႕သတင္းေတြက ေနရာတိုင္မွာျပန႔္ေနေတာ့ သခင္ေလးဒါကိုျမင္ၿပီးသခင္ႀကီးေျပာင္းလဲသြားတာသိေလာက္မွာပါ "

" အင္း … သူေတြ႕ပါေစလို႔ပဲဆုေတာင္းရမယ္ … ဒါနဲ႕ဦးေလးျမတ္ ကြၽန္ေတာ္မရွိတုန္း ျပင္ဦးလြင္ကအိမ္ကိုသြားၿပီး ေစာင့္ေသးလား "

" ေစာင့္ပါတယ္ … သခင္ေလးမုျဒာနဲ႕သားေလးရဲ႕အခန္းေတြအားလုံး သန႔္ရွင္းေရးလုပ္ထားတယ္ "

" အ႐ုပ္အသစ္ေတြေရာ ဝယ္ထည့္ေသးလား … သားေလးကခုဆို ၄ ႏွစ္ျပည့္ၿပီးၿပီ … ေနာက္တစ္ခါသြားရင္ စာေလ့က်င့္ဖို႔အတြက္ အကၡရာစာအုပ္နဲ႕ေလ့က်င့္ခန္းတြက္ လိုအပ္တာေတြသြားထားလိုက္ … ကစားစရာအသစ္ထြက္တာေတြပါယူသြား … ကြၽန္ေတာ္ဒီကအလုပ္ေတြၿပီးရင္ အဲ့ဒိအိမ္မွာ သြားအနားယူဦးမယ္ "

" ဟုတ္ကဲ့ပါသခင္ေလး "

ဦးေလးျမတ္ဟာ ေလွကားထစ္ေတြကေန အေပၚသို႔တက္သြားသည့္ ဧကရာဇ္အား ေငးၾကည့္ေနမိသည္ ။ လြန္ခဲ့တဲ့ႏွစ္ေတြက ဧကရာဇ္ေမာင္ဟာ အလုပ္ကျပန္ေရာက္တိုင္း  အိမ္ေတာ္တစ္ေလွ်ာက္ ကုမုျဒာအား  အသည္းအသန္ေအာ္ေခၚၿပီးရွာေဖြေနတတ္သည္ ။  အိပ္ယာနိုးထလာတိုင္း မုျဒာရဲ႕နာမည္ကိုေရ႐ြတ္ေနတတ္ၿပီး သူ႕အားေဝရာဝစၥျပဳေပးတဲ့အိမ္ေဖာ္က မုျဒာမဟုတ္၍ အခန္းအျပင္တြန္းထုတ္ျပစ္ခဲ့ေသးသည္ ။ အဲ့ဒိေနာက္ ဦးေလးျမတ္ကိုယ္တိုင္ပဲ ဧကရာဇ္ေမာင္အား အနီးကပ္ျပဳစုေပးခဲ့ရသည္ ။

ျပင္ဦးလြင္ကအိမ္ေတာ္မွာဆိုရင္ ဧကရာဇ္ေမာင္က ကေလးတစ္ေယာက္ပမာ ၿခဳံေလးထဲမွာ ေခြေခါက္ကာထိုင္ေနၿပီး မုျဒာလာအေခၚကိုေစာင့္ေနတတ္သည္ ။ သူ႕ကိုယ္မွာျခင္ေတြကိုက္ေနတာေတာင္ ဂ႐ုမစိုက္ပဲ အေမွာင္ထဲမွာထိုင္ေနတတ္၍ ေနာက္ဆုံး ဦးေလးျမတ္က ေဘးကေနျပဳစုရင္း ေစာင့္ေပးခဲ့ရသည္ ။

ခုေတာ့ဧကရာဇ္ေမာင္ရဲ႕စိတ္က စဥ္းစားဆင္ခ်င္နိုင္စြမ္းရွိလာကာ မုျဒာကိုထိုင္မေစာင့္ေတာ့ပဲ အျပင္မွာထြက္ရွာေလေတာ့သည္ ။ အလုပ္ကိစၥနဲ႕ နိုင္ငံျခားသို႔သြားလွ်င္ တစ္လေလာက္ၾကာတတ္ၿပီး ေရာက္ရာေနရာမွာ ရွာေဖြသည္ ။ သို႔ေပမဲ့ ခုခ်ိန္ထိ ဘာသတင္းမွမရရွိခဲ့ေပ ။ ခုခ်ိန္ထိ ဧကရာဇ္ေမာင္ဟာ နည္းနည္းေလးမွ ဇြဲေလ်ာ့မသြားပဲ ေရာက္ရာအရပ္မွာ အၿမဲတမ္းရွာေဖြေနခဲ့သည္ ။

ဧကရာဇ္ေမာင္ အိမ္ေတာ္မွာေနတဲ့ရက္နည္းလာေပမဲ့ သူဖန္တီးထားတဲ့ သူ႕ရဲ႕အိမ္ေလးကိုေတာ့ ဦးေလးျမတ္အား အၿမဲသန႔္ရွင္းေပးကာေစာင့္ေရွာက္ဖို႔ မွာထားသည္ ။ ခုဆိုထိုအိမ္ေလးမွာ လူေတြေနေနသလိုမ်ိဳး ပစၥည္းေတြျပည့္ေနၿပီး ကေလးေလးအတြက္ကစားစရာေတြလဲ အသက္အ႐ြယ္အလိုက္ဝယ္ေပးထား၍ ဆိုင္တစ္ခုထက္ပင္စုံလင္ၿပီး ျပည့္ေနေလၿပီ ။

ဧကရဇ္ေမာင္ အခန္းေရွ႕ေရာက္ေတာ့ ခနမွ်ရပ္တန႔္လိုက္ၿပီးမွ တံခါးကိုဆြဲဖြင့္လိုက္သည္ ။ ႏွစ္ေတြၾကာလာခဲ့ၿပီမို႔ လြမ္းစြတ္ေနတဲ့အေငႊ႕အသက္ေလးဟာ လုံးဝေပ်ာက္ကြယ္သြားေလၿပီ ။ သို႔ေပမဲ့ သူ႕အာ႐ုံေတြထဲကမွတ္ဉာဏ္ေတြဟာ ရွင္းရွင္းလင္းလင္းကို ရွိေနေသးသည္ ။ ဧကရာဇ္ေမာင္ အခန္းထဲဝင္လာေတာ့ သူ႕ရဲ႕အေရွ႕မွာ ၿပဳံးၿပီးၾကည့္ေနတဲ့လူသားေလးအား ၿပဳံးျပလိုက္သည္ ။

" မုျဒာ … ကိုယ္ျပန္ေရာက္ၿပီ "

ထိုလူသားေလးရဲ႕အၿပဳံးေတြက တည္ၿငိမ္ၿပီးေျပာင္းလဲမသြားေပ ။ ဧကရာဇ္က တေျဖးေျဖးအနားသို႔ တိုးကပ္သြားၿပီး ထိုလူရဲ႕ပါးေလးအားနမ္းလိုက္သည္ ။ အနံ႕အသက္မရွိေအးဆက္ကာမာေၾကာေနေပမဲ့ အနားမွာရွိေနတယ္ဆိုတဲ့ခံစားခ်က္ေလးေတြးထားတာမို႔ ဧကရာဇ္ေမာင္ၿပဳံးေနဆဲပင္ ။ ထိုအရာက မုျဒာရဲ႕႐ုပ္ပုံျဖစ္ၿပီး နံရံအားကပ္ထားကာ ဧကရာဇ္ေမာင္ တတိရတိုင္ အၿမဲေငးၾကည့္ေနတတ္သည္ ။ ဧကရာဇ္ေမာင္က မုျဒာရဲ႕႐ုပ္ပုံေပၚ ေခါင္းမွီလိုက္ၿပီး …

" မုျဒာ … ကိုယ္ဒီေန႕လူေတြအမ်ားႀကီးေရွ႕မွာ မိန႔္ခြန္းေျပာခဲ့တယ္ … မင္းကိုယ့္ကိုျမင္နိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္ … မင္းသိလား မင္းေျပာသလိုေလာကႀကီးကိုျမင္နိုင္ဖို႔ အေတာင္ပံျဖန႔္ၿပီး ပ်ံသန္းၾကည့္လိုက္ေတာ့ လွပတဲ့ကမာၻတစ္ခုကို ကိုယ္ေတြ႕ခဲ့ရတယ္ … အဲ့ဒိကမာၻႀကီးမွာ  အေတာင္မစုံေသးတဲ့ငွက္ငယ္ေလးေတြရွိတယ္ … ကိုယ္လဲကိုယ့္တုန္းကခံစားခဲ့ရသလို စိတ္ေတြေလွာင္ပိတ္ခံရၿပီး လမ္းမွားမသြားေစဖို႔ သူတို႔ကိုဆုံးမေပးနိုင္ခဲ့တယ္ … မင္းရဲ႕ေက်းဇူးေတြေၾကာင့္ ကိုယ္အခုလို လူေတြအေပၚအကူအညီျဖစ္ေစတဲ့ လူေကာင္းတစ္ေယာက္ျဖစ္လာခဲ့ၿပီ … ကိုယ္အခုလိမ္မာေနၿပီမို႔ မင္းျပန္လာပါေတာ့ကြာ "

ဧကရာဇ္ေမာင္က မုျဒာရဲ႕ကိုယ္ပြားေလးျဖစ္တဲ့ ဒိုင္ယာရီစာအုပ္ေလးအား အၿမဲကိုယ္နဲ႕မကြာေဆာင္ထားၿပီး သတိရတိုင္း စာအုပ္ထဲကသူတို႔ရဲ႕အမွတ္တရေတြကို ဦးေနာက္ထဲဆြဲက်န္ေနေအာင္ဖတ္ေလ့ရွိသည္ ။ စာအုပ္ကိုဖတ္မိတိုင္း ငိုတလွည့္ရယ္တစ္လွည့္နဲ႕ ရိုးသြားသည္ဟူ၍မရွိေပ ။

ညအိပ္လွ်င္လဲ ဒိုင္ယာရီစာအုပ္ေလး ေဘးမွာခ်ထားကာ ကုမုျဒာအနားမွာရွိေနတယ္ရွိတဲ့အသိေလးနဲ႕အိပ္ဆက္ၿပီး အၿမဲအိမ္မက္ထဲမွာ မုျဒာကိုျမင္ေတြ႕ခြင့္ရကာ အရင္ကလိုအိမ္မက္ဆိုးေတြလဲ မျမင္မတ္ေတာ့ေပ ။ ကုမုျဒာထြက္ခြားသြားျခင္းက ဧကရာဇ္ေမာင္အတြက္ အေျခအေနေကာင္းေတြ အမ်ားႀကီးျဖစ္ေပၚလာေစခဲ့သည္ ။

*

*

*

အလုပ္ကိစၥေဆြးေႏြးဖို႔အတြက္ ဧကရာဇ္ေမာင္ ႐ုံသို႔ေရာက္လာသည္ ။ ႐ုံးရဲ႕တည္ေနရာက အဖိုးရဲ႕လက္ထပ္ကတည္းကျဖစ္ကာ အေဆာက္အဦးေတြကအရမ္းၾကာျမင့္ေနၿပီမို႔  ပုံစံအနည္းငယ္ပ်က္႐ြံ႕ေန၍ ေနရာသစ္ေျပာင္းဖို႔ပါ စီစဥ္ၾကသည္ ။ ႐ုံးဝန္ထမ္းေတြအတြက္ပါ အဆင္ေျပမဲ့ေနရာကိုရွာေဖြၾကသည္ ။

" သူေဌး … ေနရာသစ္ကိစၥ ေ႐ြးခ်ယ္ထားတဲ့ေနရာရွိလား "

" သက္ေမာင္ … အဲ့ဒါကိုမင္းပဲစီစဥ္လိုက္ "

သက္ေမာင္က ဧကရာဇ္ရဲ႕လက္ေထာက္ျဖစ္ၿပီး လုပ္သက္ ၃ ႏွစ္ရွိေလၿပီ ။ သူကအလုပ္ႀကိဳးစားသလို မ်က္ႏွာ႐ႊင္သူမို႔ လူခ်စ္လူခင္ေပါကာ အလုပ္ထဲကလူေတြက ေမာင္သက္ဟုေနာက္ေျပာင္ကာေခၚၾကသည္ ။ သက္ေမာင္သူေဌး႐ုံးခန္းကေနထြက္လာေတာ့ ဝန္ထမ္းမေလးေတြက စိတ္ဝင္တစားျဖင့္ ေမးၾကသည္ ။

" ကိုေမာင္သက္ သူေဌးကဘယ္ေနရာကိုေ႐ြးခ်ယ္မယ္လို႔ေျပာလဲ "

" တည္ေနရာအတြက္ ငါ့ကိုအပ္လိုက္တယ္ … မင္းတို႔ေနခ်င္တဲ့ေနရာရွိရင္ေ႐ြးထား … မဲမ်ားတဲ့ေနရာေ႐ြးၿပီး သူေဌးကိုတင္ျပေပးမယ္ "

အားလုံးကလဲေပ်ာ္႐ႊင္ကာ ေနရာအသီးသီးေ႐ြးခ်ယ္ၾကသည္ ။ ထိုထဲမွာ ' ပန္းဝကၤပါ ' ဆိုသည့္နာမည္ပါေန၍ သက္ေမာင္ကေမးလိုက္သည္ ။

" ဒါကသူေဌးရဲ႕ၿမိဳ႕ေတာ္မဟုတ္လား … လွေပမဲ့အဲ့ေနရာက ႐ုံးခ်ဳပ္အတြက္ေတာ့အဆင္မေျပေလာက္ဘူး … ဧည့္သည္ေတြအတြက္လာဖို႔ခက္တယ္ … သူေဌးကလဲအၿမဲခရီးထြက္ေနေတာ့ အေရးႀကီးကိစၥနဲ႕ ျပန္လာရတဲ့အခါ သူေဌးရဲ႕အိမ္ေတာ္နဲ႕႐ုံးကအေတာ္ေလးေဝးသြားမွာမို႔ လက္ခံမွာမဟုတ္ဘူး "

" ႏွေျမာစရာပဲ … အဲ့ေနရာမွာသာ႐ုံးရွိရင္ အခန္းကိုေဈးသက္သက္သာသာနဲ႕ငွားၿပီး အလုပ္ကိုနီးနီးေလးလုပ္ခြင့္ရမွာကို … ခုေနေနတဲ့ေနရာကက်ဥ္းၿပီးေဈးလဲႀကီးေသးတယ္ "

" ဟုတ္တယ္ … အဲ့ေနရာက ပတ္ဝန္းက်င္ကသာယာၿပီးလွပတယ္ … ေလေကာင္းေလသန႔္လဲရတယ္ … အစားအစာေတြကလက္ဆက္ေတာ့ က်န္းမာေရးနဲ႕လဲကိုက္ညီတယ္ … ဒီမွာေလာက္လဲေဈးမႀကီးဘူး "

" ဘာပဲျဖစ္ျဖစ္အဲ့ဒါမင္းတို႔ရဲ႕ကိစၥေလ … သူေဌးကမင္းတို႔အဆင္ေျပဖို႔ေတြးေပးရမွာလား ရွယ္ယာဝင္လုပ္ငန္းရွင္ေတြအဆင္ေျပဖို႔ေတြးေပးရမွာလား "

အားလုံးကလဲ မျဖစ္နိုင္ေတာ့ဘူးမို႔ စိတ္မေကာင္းျဖစ္ေနၾကသည္ ။ ထိုစဥ္သူတို႔အနားသို႔အမ်ိဳးသမီးတစ္ဦးေရာက္လာသည္ ။ သူမကမန္ေနဂ်ာအသစ္ျဖစ္ကာ အိမ္ေထာင္ရွိအမ်ိဳးသမီးျဖစ္​ၿပီး သေဘာေကာင္းသူလဲျဖစ္သည္ ။ သူ႕သမီးေလးက TV ထဲမွာ ဧကရာဇ္ေမာင္ကိုေတြ႕ၿပီး အလြန္ႏွစ္သက္၍  သမီးေလးသေဘာအတိုင္း လက္ေဆာင္ပစၥည္းေလးေတြယူလာခဲ့သည္ ။

" အတြင္းေရးမႉးကိုသက္ေမာင္ … အထဲမွာ သူေဌးရွိေနလား "

" ေအာ္ ညီမကလွ်ာပါလား … သူငယ္ခ်င္းရဲ႕ေမြးေန႕ကေနျပန္ေရာက္လာၿပီလား "

" ဟုတ္တယ္ … မေန႕ညကပဲျပန္ေရာက္တာ … ဒီေန႕သူေဌး႐ုံးကိုလာတယ္ၾကားလို႔ေလ ညီမသမီးေလးက သူႀကိဳက္တဲ့မုန႔္ေလးေတြကို သူေဌးအတြက္ပါ လက္ေဆာင္ေပးခိုင္းေနလို႔ရွင္  "

ဝန္ထမ္းမေလးတစ္ေယာက္က သူမလက္ထဲမွာကိုင္ထားတဲ့ပုံးေလးကိုၾကည့္ၿပီး ေမးလိုက္သည္ ။

" အမ … အဲ့ဒါ ပန္းကေလးကြတ္ကီးနဲ႕ကိတ္မ်ိဳးစုံဆိုင္ကလား "

" ဟုတ္တယ္ … ညီမလဲသိေနတာလား "

" သိတာေပါ့ … အဲ့ဆိုင္ကမုန႔္ေတြက အရမ္းစားေကာင္းၿပီးေဈးလဲသက္သာတယ္ … လူတန္းစားမေ႐ြးဝယ္စားနိုင္တယ္ေလ … ဒါေပမဲ့သူကျပန္ေရာင္းဖို႔ေတာ့ခြင့္ျပဳမထားဘူး "

" ဟုတ္တယ္ … စားဖို႔အတြက္ပဲဝယ္လို႔ရတာ … အြန္လိုင္းကေနမွာရင္ေတာင္ ပို႔ေဆာင္ခကအခမဲ့နဲ႕ အိမ္အထိလာပို႔တယ္ … အရမ္းတန္ၿပီးအရမ္းလဲစားေကာင္းတယ္ေလ … အမသမီးေလးက အဲ့ဆိုင္ကမုန႔္ကိုပဲမွာစားတာ  "

မုန႔္အေၾကာင္းေျပာေနခ်ိန္ ႐ုံးခန္းထဲကေန ဧကရာဇ္ေမာင္ထြက္လာသည္ ။ သူကစု႐ုန္းေနတဲ့ သူ႕ရဲ႕ဝန္ထမ္းေတြနားေရာက္ေတာ့ ရပ္တန႔္လိုက္ၿပီး ေမးလိုက္သည္ ။

" မင္းတို႔ ဘာေတြေဆြးေႏြးေနၾကတာလဲ "

"  သူေဌး … ကြၽန္မသူေဌးအတြက္ မုန႔္ေလးေတြလက္ေဆာင္ယူလာခဲ့တယ္  "

သူမက လက္ထဲက မုန႔္ဘူးအား ဧကရာဇ္ထံေပးလိုက္သည္ ။ ဧကရာဇ္ကလဲ မျငင္းဆိုပဲ လက္ခံလိုက္ၿပီး အထဲကဘူးေလးအား ထုတ္ၾကည့္လိုက္သည္ ။ စိတ္ဝင္စားစရာေကာင္းတာက မုန႔္ဘူးေလးေပၚက ပမွတ္တံဆိတ္ဟာ အျဖဴေရာင္ပန္းပြင့္ပုံျဖစ္ၿပီး ' ပန္းကေလး ' ဟု နာမည္ထိုးထားသည္ ။

" ပန္းကေလး "

" ဟုတ္ပါတယ္ … မုန႔္ဆိုင္နာမည္က ပန္းကေလးပါ "

" ဘယ္မွာရွိတာလဲ "

" ပန္းဝကၤပါၿမိဳ႕ေတာ္မွာ "

" အဲ့မွာဒီဆိုင္နာမည္ကို တစ္ခါမွမၾကားဖူးပါဘူး "

" အဲ့ဆိုင္ဖြင့္တာ ႏွစ္ဝက္ေလာက္ေတာ့ရွိေနၿပီ … သူေဌးဒီတစ္ေခါက္ခရီးသြားတဲ့အခ်ိန္ကစဖြင့္တာမို႔ မေတြ႕မိတာျဖစ္မယ္  … သူ႕ရဲ႕မုန႔္ေတြကစားေကာင္းသလို ေဈးမႀကီးပဲ လူတန္းစားမေ႐ြးစားနိုင္လို႔ ၿမိဳ႕ထဲထိပါနာမည္ႀကီးတယ္ … ၿပီးေတာ့ျပန္ေရာင္းခြင့္လဲမျပဳထားဘူး … မွာသမွ်ကိုလဲ ပို႔ခမယူပဲအိမ္အေရာက္ပို႔ေပးတယ္ … ကြၽန္မသမီးေလးက သူေဌးအတြက္လက္ေဆာင္ပိုဝယ္ဖို႔ေျပာေနလို႔ ကြၽန္မဝယ္လာခဲ့တာ … စားၾကည့္ပါလား "

ဧကရာဇ္ေမာင္ဟာ သိခ်င္စိတ္ကထိန္းမနိုင္၍ အိမ္အထိယူမသြားေတာ့ပဲ ထိုေနရာမွာပဲ မုန႔္ဘူးကိုေဖာက္လိုက္ကာ စားၾကည့္လိုက္သည္ ။ အရာသာကအဆင့္ျမင့္ကာ နိုင္ငံျခားမွာစားဖူးခဲ့တဲ့မုန႔္ေတြနဲ႕ပင္ အရသာတူေနသည္ ။  ဒီလိုလက္ရာေကာင္းတဲ့လူတစ္ေယာက္က ၿမိဳ႕ငယ္ေလးမွာ ဆိုင္ေသးေသးေလးဖြင့္ၿပီး ေဈးထက္ဝက္ေလ်ာ့ကာ ေရာင္းေပးေနတာကို ဧကရာဇ္ေမာင္နားမလည္နိုင္ျဖစ္ေနသည္ ။ ဒီလက္ရာမ်ိဳးက ဆိုင္အႀကီးႀကီးဖြင့္ၿပီး ကိုယ္ပိုင္အမွတ္တံဆိတ္နဲ႕ထုတ္လုပ္ရင္ကို ေအာင္ျမင္နိုင္သည္ ။

ထိုစဥ္ ေဘးနားက ဝန္ထမ္းမေလးက ဖုန္းထဲကေန တစ္စုံတစ္ရာအားၾကည့္ကာ ၿပဳံးေနသည္ ။ သူမက သူေဌးလဲ ထိုမုန႔္ကိုႀကိဳက္ႏွစ္သက္တာျမင္ေတာ့ ဖုန္းထဲက Vd တစ္ခုကိုျပလိုက္သည္ ။

" သူေဌး ဒီမွာၾကည့္ … အဲ့ဒိပန္းကေလးရဲ႕သားက မုန႔္ေတြေၾကာ္ျငာေနတာ … အသက္က ၄ ႏွစ္ဆိုေပမဲ့ ငလည္ေလး … စကားအရမ္းတတ္ၿပီးခ်စ္ဖို႔လဲေကာင္းတယ္ "

ဧကရာဇ္ေမာင္ ဖုန္းထဲက Vd ထံအၾကည့္ေရာက္သြားေတာ့ သူ႕ႏွလုံးအိမ္က လႈပ္ရမ္းကာ အံ့ဩသြားသည္ ။ ကေလးငယ္ေလးက မ်က္လုံးနက္နက္နဲ႕အၾကည့္ေတြကစူးရွေနၿပီး မ်က္ႏွာေပါက္က သူငယ္ငယ္ကနဲ႕ဆင္တူေနသည္ ။ မပီကလာပီကလာနဲ႕ ေျပာေနတဲ့ စကားသံေလးေတြက သူ႕အားေပ်ာ္႐ႊင္ေစၿပီး အမူအယာေလးေတြကခ်စ္ဖို႔ေကာင္းလြန္းေနသည္ ။ ဧကရာဇ္ေမာင္သိခ်င္စိတ္ေတြက ျပင္းျပလာၿပီး ထိန္းမထားေတာ့၍ ေမးၾကည့္ေလေတာ့သည္ ။

" သူတို႔အေၾကာင္းေတြ သိသေလာက္ေျပာျပ … ဒီကေလးရဲ႕မိဘေတြက ဘယ္သူေတြလဲ … သူတို႔ဘယ္ကေနေရာက္လာၾကတာလဲ "

အားလုံးက သူေဌးရဲ႕ထိုသို႔စိတ္ဝင္တစားျဖစ္ေနပုံကိုမျမင္ဖူးၾက၍ အံ့ဩသြားေပမဲ့ သိသမွ်ကို ရွင္းျပၾကသည္ ။

" ဒီ Page က စေထာင္တာတစ္လေလာက္ပဲရွိဦးမယ္ … ဒါေတာင္ဝယ္ယူသူေတြက ကေလးေလးခ်စ္ဖို႔ေကာင္းလြန္းလို႔ အတင္းေတာင္းဆိုလို႔သာ … ပန္းကေလးမုန႔္ဆိုင္ပိုင္ရွင္က သူ႕ရဲ႕နာမည္ေတြ သူ႕မိသားစုမေၾကာင္းေတြ ဘာတစ္ခုမွေဖာ္ျပျခင္းမရွိဘူး … သူ႕ပုံကိုလဲ အရိုက္မခံတဲ့အျပင္ ဘယ္ဆိုရွယ္မွာမွတင္ခြင့္မေပးဘူး … တင္မိတဲ့သူကိုလဲ သူ႕ဆိုင္ကေန ရာသက္ပန္စားသုံးခြင့္ပိတ္မွာလို႔ေျပာထားတယ္ … သူ႕လိုသေဘာေကာင္းတဲ့လူကို ဘယ္သူမွမေႏွာက္ယွက္ခ်င္ၾကဘူးေလ … အဲ့ဒါေၾကာင့္သူတို႔အေၾကာင္းကသိဖို႔ခက္တယ္  … တစ္ခ်ိဳ႕ကေတာ့ သူတို႔ကနိုင္ငံျခားကေန ေျပာင္းလာတာလို႔လဲေျပာၾကတယ္ "

ေနာက္တစ္ေယာက္က ဝင္ေျပာလာသည္ ။

" ကြၽန္မသူငယ္ခ်င္းတစ္ေယာက္ အျပင္မွာေတြ႕ဖူးတာေတာ့ ပိုင္ရွင္ကအရမ္းေခ်ာတာတဲ့ … ဓာတ္ပုံခိုးရိုက္ခ်င္ေပမဲ့ စိတ္ဆိုးမွာေၾကာက္လို႔ မရိုက္ခဲ့ရဘူး … ၿပီးေတာ့ ကေလးေလးကလဲ ခုဆိုလူခ်စ္လူခင္အရမ္းေပါေနၿပီ … သူ႕ရဲ႕ Vd တိုင္းက ေသာင္းနဲ႕ခ်ီနဲ႕ Like ေတြရေနလို႔ ဆယ္လီလို႔ေတာင္ေျပာလို႔ရတယ္ … ဒါေပမဲ့ ဆိုင္ရွင္က ကေလးရဲ႕နာမည္ေလးေတာင္မေျပာျပဘူး "

အတိအက်မသိရေတာ့ ဧကရာဇ္ေမာင္ အနည္းငယ္ေတာ့ မေက်မနပ္ျဖစ္မိသည္ ။ ထိုစဥ္  မန္ေနဂ်ာအမက သူမသိသေလာက္ ေျပာျပလာေတာ့သည္ ။

" ကြၽန္မသူငယ္ခ်င္းေျပာတာေတာ့ ဆိုင္အနားကလူေတြက သူတို႔ကို ပန္းကေလးနဲ႕ကုကုေလးလို႔ေခၚၾကတယ္တဲ့ … ပန္းကေလးကဆိုင္ရွင္အမ်ိဳးသားကိုေခၚတာ … သူ႕နာမည္အရင္းကို ဘယ္သူမွမသိၾကလို႔ေလ  … သူ႕တို႔မိသားစုအေၾကာင္းကိုလဲ ဘယ္သူမွေတာ့သိသိက်က်မသိၾကဘူး … ဒါေပမဲ့သူ႕ရဲ႕ပုံကို ကြၽန္မသူငယ္ခ်င္း အေနာက္ကေနခိုးရိုက္ထားတာေတာ့ရွိတယ္ "

မန္ေနဂ်ာအမက သူမဖုန္းကိုထုတ္လိုက္ၿပီး အထဲကပုံေလးတစ္ပုံကိုျပလိုက္သည္ ။ ထိုပုံေလးထဲကလူဟာ ဆံပင္ဂုတ္ထိရွည္ၿပီး တစ္ဝက္ကစည္းထားကာ လက္ထဲမွာ ကိတ္မုန႔္ေလးကိုင္ထားၿပီးၿပဳံးကာၾကည့္ေနသည္ ။ ေဘးတစ္ေဆာင္းေလးျမင္ေနရတာေတာင္မွ အလြန္လွပေနသည္ ။

ဧကရာဇ္ေမာင္က မ်က္ႏွာအနည္းငယ္ျပဴးက်ယ္သြားၿပီး ဖုန္းထဲကထိုလူရဲ႕ပုံရိတ္ေလးကို ထိေတြ႕ၾကည့္လိုက္သည္ ။

" သူက ပန္းကေလးတဲ့လား … သူ႕ရဲ႕သားေလးက ၄ ႏွစ္ … နိုင္ငံျခားကေနေရာက္လာတာ … ၿပီးေတာ့နာမည္အရင္းကိုေတာင္လွ်ို႔ဝ်က္ထားလိုက္ေသးတယ္ "

" ဟုတ္တယ္ … သူက႐ုပ္ေလးေခ်ာၿပီးအရမ္းေဖာ္ေ႐ြတဲ့အျပင္ ေစသနာလဲေကာင္းေပမဲ့  အရမ္းလွ်ို႔ဝွက္တယ္ … တစ္ခ်ိဳ႕ကနတ္သားေလးလို႔ေတာင္ တင္စားထားၾကတာ … ကံဆိုးတာက သူကရိုးရိုးသာမန္ဘီတာတစ္ေယာက္ျဖစ္ေနတယ္ … အိုမီဂါသာဆိုရင္ သန္မာတဲ့အယ္ဖာနဲ႕ေတြ႕ၿပီး ဒီထက္ေကာင္းတဲ့ဘဝမွာေနနိုင္မွာ "

" ဘီတာ "

ဧကရာဇ္ေမာင္ မ်က္ခုံးၾကဳတ္သြားသည္ ။

" ဟုတ္ကဲ့ သူကဘီတာပါ … အဲ့ဒါေၾကာင့္ပဲ တစ္ေယာက္ထည္းေနနိုင္တာေပါ့ … အိုမီဂါဆို ဒီလိုေလာကႀကီးမွာအရမ္းလွတဲ့အိုမီဂါေလး တစ္ေယာက္ထည္း ရွင္သန္နိုင္မွာမဟုတ္ဘူး "

ဧကရာဇ္ေမာင္က ဖုန္းကိုမန္ေနဂ်ာမထံျပန္ေပးလိုက္ၿပီး ေအးဆက္စြာေမးလိုက္သည္ ။

" သူ႕ရဲ႕လိပ္စာသိလား "

" ဟုတ္ကဲ့ … သူေဌးက ဘာလုပ္မို႔လဲ "

" မင္းေပးတဲ့လက္ေဆာင္က အရမ္းစားလို႔ေကာင္းတယ္ … ငါစားခ်င္လာတဲ့အခါ မွာမလို႔ သူ႕ဆိုင္လိပ္စာနဲ႕ဖုန္းနံပါတ္ေလးေျပာျပနိုင္မလား "

" ဟုတ္ကဲ့ ရပါတယ္ "

ေနာက္တစ္ေန႕ေရာက္ေတာ့ အလုပ္ေတြကိုေတာင္ ျပစ္ထားခဲ့ကာ ဧကရာဇ္ေမာင္တစ္ေယာက္ ပန္းကေလးရဲ႕ဆိုင္သို႔ ထြက္လာခဲ့ေလသည္ ။

…………………………………………………………………………………

To Be Continued ……

Continue Reading

You'll Also Like

934K 13.6K 36
Ivy Williams had always aspired to complete her university journey without any interruptions or complications. However, not even two months into her...
95.9K 2.2K 21
Title ~ ထာဝရ မင်း Author ~ Hnin~Yhine All episode ~ 16.( Both Unicode and Zawgyi) # fifth 26.7.2021>>>> 15.8.2021( 21 days) pic f...
782K 20.7K 43
Limited Time SALE: 40% off! Unlock the next part for 3 Coins or the whole story for 30 Coins only until May 5. While moonlighting as a stripper, Emer...
3.1M 129K 59
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...